တော်လှန်အောင်မြင်မယ့်နေ့

Unicode 


ဖေဖေနဲ့မေမေ နောက်တစ်ပတ်ကြရင် နွယ်တို့အဖွဲ့ကလေ နယ်ဘက်က စစ်ဘေးရှောင်တွေဆီ သွားပြီး ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်တဲ့ ဆေးဝါးတွေ သွားထောက်ပံ့မယ်လို့ပြောတယ်၊ အရင်နှစ်ခေါက်ကလည်း သမီးမလိုက်နိုင်တာဆိုတော့ ဒီတစ်ခေါက်တော့ နွယ် လိုက်သွားမယ်နော်”

မန္တလေး သူနာပြုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မြခက်နွယ် မှ မိဘများထံ စစ်ရှောင်စခန်းများသို့ သွားခွင့်ပြုရန် တောင်းဆိုနေခြင်း ဖြစ်သည်။

အာဏာသိမ်းမှု စတင်ကတည်းက တတ်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို သပိတ်များကို အကြမ်းဖက် ဖြိုခွင်းချိန်တွင် ဒဏ်ရာရသူများကို ကုသပေးသည့် ဆေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည်။ လူငယ်များစုပေါင်း ဖွဲ့စည်းထားသည့် အသင်းအဖွဲ့တွင် ပါဝင်ပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို တတ်အားသရွေ့ ပါဝင် ဆောင်ရွက်နေသူဖြစ်သည်။တစ်ဦးတည်းသော သမီးဖြစ်သူပီပီ မိဘများကလည်း အလိုလိုက်ကာ နွယ့် သဘော အတိုင်း ခွင့်ပြုထားကြသော်လည်း တစ်နယ်သို့ သွားမည်ကိုကား စိုးရိမ်ပူပန်ကာ ခွင့်မပြုကြပေ။ ထို့အတွက် ကြောင့်လည်း မြခက်နွယ် တစ်ယောက် ဒီတစ်ချီတော့ မရအရ ရအောင်ပြောကာ သွားရမည့် အရေးကို တောင်းဆိုနေခြင်းဖြစ်သည်။

“မြရေ မင်း သမီးနွယ်ကတော့ ဘယ်သူနဲ့ တူမှန်းမသိပါဘူး သူဇွတ်မလုပ်ခင် ကိုယ်တို့ ဒီတစ်ခေါက်တော့ ခွင့်ပြုလိုက်ကြမလား”

“ရှင်နဲ့တူတာပေါ့ အဲ့တာ ဘယ်သူနဲ့ တူရမှာတုန်း အရင်က ရှင့်ပုံစံနဲ့ တစ်ပုံစံတည်း၊ ရှင်တို့သားအဖ နှစ်ယောက် ကြိတ်ကြံပြီးပြီမလား ၊ ကျွန်မက ခွင့်ပြုရတော့မှာပေါ့၊ မိနွယ် ညည်းလည်း တစ်ယောက်တည်း ရှိတယ် ဆိုပြီး အလိုလိုက်ထားတာ ညည်းလုပ်ချင်တာချည်း လုပ်မနေနဲ့၊ ဟိုဟာတွေကလူ စိတ်ရှိကြတာ မဟုတ်ဘူး၊ ပြည်သူကို အနိုင်ရဖို့ လုပ်နိုင်သမျှ အဆိုးရွားဆုံးကိစ္စတွေလည်း လုပ်ကြမှာဘဲ၊ ကိုယ်က သတိထားပြီး ရှောင်ဖို့ဘဲ ၊ ဒီတစ်ခေါက်တော့ ခွင့်ပြုလိုက်မယ်၊ နောက်တစ်ခေါက်တော့ မရတော့ဘူးနော်”

မြခက်နွယ်၏မိဘ နှစ်ပါးဖြစ်သူ ဒေါ်မြမြသီနှင့် ဦးခက်အောင်တို့ ၏ ပြောစကားများ….

“ဟုတ်ကဲ့ပါ မေမေရဲ့ ၊ သမီးပြန်လာတာနဲ့ မေမေ့ နားမှာ နေပြီး မေမေ့ကိုဘဲ ပြုစုတော့မှာ၊ မေမေ့နားမှာ အိမ်ပြင်မထွက်ဘဲ နှစ်ရက်လောက်နေမယ်နော်”ခွင့်ပြုချက်ရပြီးနောက် နွယ်တစ်ယောက် သူမ၏မိခင်အား စနောက်နေသည်။

“ကဲ ရှင့်သမီးကိုကြည့်တော့ ပြန်လာရင်တောင် နှစ်ရက်လောက်ဘဲ အိမ်မှာနေမယ်ဆိုတော့ ပြီးတာနဲ့ သူလုပ်ချင်တာ ဆက်လုပ်ဦးမှာဆိုတဲ့ သဘောဘဲ ဦးခက်အောင်ရေ တစ်ခုခုဆို ရှင်တို့သားအဖ နှစ်ယောက်ကို အိမ်ပေါ်က နှင်ချမှာနော်”ဟု ဒေါ်မြမြသီက ကြိမ်းလေသည်။.

သို့နှင့် နွယ်တစ်ယောက် အိမ်မှ ထွက်လာခဲ့သည်။ နွယ်တို့ အုပ်စုတွင် မိန်းကလေးနှစ်ယောက်၊ ယောကျာ်းလေး သုံးယောက် ပါဝင်လေသည်။ နွယ်တစ်ယောက် စစ်ရှောင်စခန်း စစချင်းရောက်စက မနေတတ် မထိုင်တတ်ဖြစ် သလို မြင်တွေ့ရသည့် မြင်ကွင်းများကြောင့် စိတ်နှလုံးမချမ်းမြေ့လျက်ရှိသည်။ သူမတို့ ယူလာခဲ့သည့် ဆေးဝါး အရေအတွက်မှာလည်း မလောက်ငှပေ။ ထိုကြောင့် ပထမဦးစားပေး လူနာများအား အလေးထားက တတ်စွမ်းသရွေ့ ကူညီ ဆောင်ရွက်ခဲ့ကြသည်။ တစ်ရက်နှစ်ရက်ကြာတော့ နွယ်တစ်ယောက် နေသားကျလာ သည်။ စခန်းရှိ လူများက နွယ့်အား ဆရာမလေးဟု တလေးတစားခေါ်ကြသလို သူတို့မျက်လုံး များတွင် နွယ်တို့အား အားကိုးမျှော်လင့်သည့် မျှော်လင့်ချက်များတောက်ပနေကြသည်။ နွယ် မှာ တစ်ဦးတည်း ကြီးပြင်းလာသူမို့ အပေါင်းအသင်း ခင်မင်တတ်သူဖြစ်ရာ လူတိုင်းနှင့် အဆင်ပြေနေတော့သည်။ ကလေးငယ် များနှင့် မွေးဖွားပြီးခါစ မိခင်များအား အခြေခံကျန်းမာရေး အသိပေးရာတွင် နွယ်နှင့် အပြေလည်ကြီး ပြေလည် နေသည်။ ကလေးများနှင့်လည်း  အဖွဲ့ကျနေလေသည်။ ထိုနေ့က မိုးကောင်းကင်သည် သတိပေးသည့်နှယ် အကြည်မသာ မနက်လင်းစကတည်းက ပြိုတော့မည့်နှယ် မိုးမရွာသွန်းသေးဘဲ အုံ့ဆိုင်းလျက်ရှိသည်။ ကလေးမ တစ်ချို့ တောထဲတွင် ဟင်းရွက်ခူးသွားရန်ပြင်တော့ ဟိုနေ့ကလို မစားသင့်သည့် အပင်ကို ချက်စားမိ၍ ပြဿနာ တက်သည်ဖြစ်ရာ ထိုသို့ မဖြစ်စေရန် သူမ က လိုက်သွားလေသည်။ တောထဲ သို့ရောက်ပြီး တအောင့်အကြာ စူးရှသည့် အရက်နံ့ကို သူမ နှာခေါင်းဝမှ ရတစ်ချက် မရတစ်ချက် ရလိုက်သည်။ နောက်ပြန်လှည့် ကြည့်တော့ တစ်ဦးမှ မရှိ။ သူမ အနည်းငယ် ကြောက်စိတ်ဝင်လာကာ ကလေးမ များအား ပြန်ကြစို့ဟု ဆိုကာ ရသမျှ ဟင်းသီးဟင်းရွက်များအား ယူလာသော ပုဆိုးစုတ်ထဲ စုထည့်ကာ သူမက နောက်ဆုံးမှ နေ၍ ကလေးမများအား ကာကွယ်ပေးတော့မည် စစ်သူကြီး တစ်ဦးပမာ နောက်ဆုံးမှ နေကာ လိုက်ပါလိုက်ခဲ့သည်။

ထိုအချိန် သူမအား နောက်မှ ရုတ်တရက်လှမ်းဆွဲ လိုက်သည့် လက်ကြမ်းကြီးများ၊ သူမ အပေါ် လွှမ်းမိုး သွားသော စူးပြီးပြင်းရှသည့် စက်စုပ်ဖွယ်အနံ့၊သူမရုန်းကန်ရင်း နောက်ပြန်ကြည့်လိုက်တော့ မျက်ထောင့်နီကြီး များဖြင့် သူမအားအတင်းအဓမ္မဆွဲနေသည့် လူယုတ်မလူ့ဘီးလူးသဖွယ်ကြောက်မက်ဖွယ်ကောင်းသော စစ်သား သုံးကောင်…..သူမရှေ့မှ ကလေးမများသည်လည်း သစ်ရွက်ခြောက်သံတို့နှင့် သူမအားတရွတ်တိုက် ဆွဲခေါ်သံ များကြောင့် နောက်လှည့်ကြည့်ရာ လွန်စွာထိတ်လန့်လျက် အော်ဟစ်ငိုယိုထွက်ပြေးသူများနှင့် ကြောင်ကြည့်သူ များရှိရာ သူမက အားကုန်ခြစ်၍

“ပြေးပြေးပြေး……ပြေးတော့ ဆရာမ နောက်က လိုက်ခဲ့မယ် ရောက်တာနဲ့ လူကြီးတွေနဲ့ ဆရာမဆီပြန်လာခဲ့”

ကလေးမများ လွှတ်သွားကြသော်လည်း နွယ် ရှိသမျှအင်အားတို့ သုံးကာ ရုန်းကန်သော်လည်း အရာမထင်..

ထိုစဉ် မိုးတို့ကား ရွာချလာလေတော့သည်။

မေမေနှင့် ဖေဖေ ရုပ်ပုံတို့ တရိပ်ရိပ် နွယ့် အာရုံထဲ ဝင်ရောက်လာသည်။ နွယ်မှာ ထရပ်ရန်ပင် အားအင်တို့မဲ့လေပြီ….ခန္ဓာကိုယ် တစ်ခုလုံး တစ်ဆစ်နာကျင်ကိုက်ခဲ သလို မိုးစက်တို့ကား မိဘတို့ကို စိုးရိမ်ပူပန် အောင် ပြုလုပ်သည့် သမီးကို အပြစ်ပေးသည့်နှယ် တစ်စက်ချင်း အသားပေါ်ကျသည်က နာကျင်လွန်းလှပေ သည်။လောကတစ်ခွင် အေးစိမ့်၍ မည်းမှောင်နေသော်လည်း ကောင်းကင်ပြင်တွင် နွယ်နှင့် အဖော်ပြုပေးမည့် ကြယ်လေးများနှင့် လမင်းကြီးမှာလည်း မပေါ်လာပေ……

သစ်ရွက်ခြောက်တို့အား လူအစုလိုက် နင်းသည့်အသံပါလား….နွယ့်ကို လာကယ်ကြပြီ ထင်တယ်… နွယ့်အနား မလာကြနဲ့ဦး….ဟိုလူယုတ်မာတွေမှာ သေနတ်တွေနဲ့ နွယ့်ကိုတောင် အဲ့သေနတ်တွေနဲ့ ရိုက်ခဲ့သေး တယ်၊သူတို့ ကျေနပ်အားရတော့ နွယ့်ကို နွယ့်ကို ပစ်သွားကြသေးတယ်၊မလာကြပါနဲ့………

“ဆရာမလေး ကို တွေ့ပြီဟေ့ စိတ်မကောင်းစရာက အသက်မရှိရှာတော့ဘူး”…..

နောက်နေ့တွင်ကား….

စစ်ရှောင်စခန်းတွင် လုပ်အားပေးသွားသည့် အသက်(၁၈)နှစ်အရွယ် သူပြုနာတက္ကသိုလ်ကျောင်းသူ တစ်ဦးအား အကြမ်းဖက်မုဒိန်းစစ်တပ်မှ စစ်တပ်မှ စစ်သားများက အဓမ္မပြုကျင့်ပြီး သေနတ်ဖြင့် ပစ်သတ်ကာ တောတွင်း တစ်နေရာတွင် စွန့်ပစ်သွား……

“မြ မြ မြရယ် သတိထားဦးမှပေါ့မြရယ်… “ဒေါ်မြမြသီ တစ်ယောက် အိပ်ရာထဲ  လဲနေလေပြီ၊သူမတွင် ရှိသမျှ ပစ္စည်းဥစ္စာတို့ကို ပုံအောပေးလျှင်တောင်မှ သမီးနွယ်ကို မြင်တွေ့ခွင့်ရတော့မဉ် မဟုတ်။ ထိုထက် ဆိုးသည်က သမီးလေး ဘယ်လောက်တောင် ကြောက်နေရှာခဲ့မလဲ။

“ကိုရယ် မြတို့ဘာအပြစ်များကျူးလွန်မိလို့ ကိုယ့်သမီးအလောင်းကိုတောင် ပြန်ယူခွင့်မရှိရတာလည်း၊ သမီးနွယ် တစ်ယောက် ဘယ်လောက်တောင် ခိုက်ခိုက်တုန်အောင် ချမ်းနေလိုက်မလဲ၊ မြ ဒီတိုင်းတော့ သမီးကို တစ်ယောက်ထဲ မထားနိုင်ဘူး၊ သမီးလေးကလည်း မြတို့ကို စောင့်နေလိမ့်မယ်”

“မြရယ် စကားတွေ အများကြီး မပြောပါနဲ့ မောနေရော့မယ်” ဦးခက်အောင် တစ်ယောက် သမီးကို ပူပူနွေးနွေး ဆုံးရှုံးရသည့် အပေါ်၌ ဇနီးသည်မှာလည်း သမီးသတင်းကြားကြားချင်း သွေးများတက်ကာ နှလုံးဖောက်လာသည် နှင့် အရေးပေါ် အခြေအနေ….

စကားများ ဗလုံးဗထွေးပြောရင်း နှုတ်မှလည်း သမီးနွယ်ကို တဖွဖွရွတ်ရင်း ဒေါ်မြမြသီ တစ်ယောက် ဦးခက်အောင် လက်ပေါ်တွင်ပင် ဆုံးပါးသွားလေသည်။

ဦးခက်အောင်ကား အာဏာရှင် လက်ထက် က ခေတ်သစ် မပဋာ အဖြစ်နှင့် တူနေသည်။

အော်…..

သမီးအလောင်းမြေကျတာမှ မကြာ သပိတ်ပင် မသွပ်ရသေး ဇနီးသည် အသုဘ ကို ပြင်ဆင်နေရသည်။

အသုဘ ပြင်နေစဉ် အချိန်တွင်း အိမ်ရှေ့ဘက်မှ ဆူညံသံများ ကြားသည်နှင့် ထွက်ကြည့်ရာ စစ်သားနှင့် ရဲများက “ဦးခက်အောင် ခင်ဗျားကို အကြမ်းဖက်အဖွဲ့ ထောက်ပံ့မှုနှင့် ၈၈မျိုးဆက်တွေနဲ့ ပေါင်းပြီး နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော်မှု နဲ့ ဖမ်းဆီးတယ်” ဟုဆိုကာ ဇနီးသည် အလောင်းကိုမှ မြေမချရသေး….

လက်ထိပ်ခတ်ကာ ဆွဲခေါ်သွားလေသည်…………..

သမီးနွယ်နဲ့ မြရေ

ကိုတို့တွေအတွက် အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသလို အချိန်ကိုက်ပါပေတယ်….

ကို မြတို့ကို အမျှမဝေနိုင်ခဲ့ရင် တစ်နေ့ တော်လှန်ရင်းကျဆုံးသွားတဲ့သူတွေကို အမျှဝေတဲ့ ချိန်မှ သာဓု ခေါ်ကြစို့ကွယ်………………………




Zawgyi


“ေဖေဖနဲ႔ေမေမ ေနာက္တစ္ပတ္ၾကရင္ ႏြယ္တို႔အဖြဲ႕ကေလ နယ္ဘက္က စစ္ေဘးေရွာင္ေတြဆီ သြားၿပီး က်န္းမာေရးစစ္ေဆးေပးၿပီး လိုအပ္တဲ့ ေဆးဝါးေတြ သြားေထာက္ပံ့မယ္လို႔ေျပာတယ္၊ အရင္ႏွစ္ေခါက္ကလည္း သမီးမလိုက္ႏိုင္တာဆိုေတာ့ ဒီတစ္ေခါက္ေတာ့ ႏြယ္ လိုက္သြားမယ္ေနာ္”


မႏၲေလး သူနာျပဳတကၠသိုလ္ ဒုတိယႏွစ္ေက်ာင္းသူ ျမခက္ႏြယ္ မွ မိဘမ်ားထံ စစ္ေရွာင္စခန္းမ်ားသို႔ သြားခြင့္ျပဳရန္ ေတာင္းဆိုေနျခင္း ျဖစ္သည္။


အာဏာသိမ္းမႈ စတင္ကတည္းက တတ္ႂကြလႈပ္ရွားသူ တစ္ဦးျဖစ္သလို သပိတ္မ်ားကို အၾကမ္းဖက္ ၿဖိဳခြင္းခ်ိန္တြင္ ဒဏ္ရာရသူမ်ားကို ကုသေပးသည့္ ေဆးအဖြဲ႕တြင္ ပါဝင္သူတစ္ဦးျဖစ္သည္။ လူငယ္မ်ားစုေပါင္း ဖြဲ႕စည္းထားသည့္ အသင္းအဖြဲ႕တြင္ ပါဝင္ၿပီး အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားကို တတ္အားသေ႐ြ႕ ပါဝင္ ေဆာင္႐ြက္ေနသူျဖစ္သည္။တစ္ဦးတည္းေသာ သမီးျဖစ္သူပီပီ မိဘမ်ားကလည္း အလိုလိုက္ကာ ႏြယ့္ သေဘာ အတိုင္း ခြင့္ျပဳထားၾကေသာ္လည္း တစ္နယ္သို႔ သြားမည္ကိုကား စိုးရိမ္ပူပန္ကာ ခြင့္မျပဳၾကေပ။ ထို႔အတြက္ ေၾကာင့္လည္း ျမခက္ႏြယ္ တစ္ေယာက္ ဒီတစ္ခ်ီေတာ့ မရအရ ရေအာင္ေျပာကာ သြားရမည့္ အေရးကို ေတာင္းဆိုေနျခင္းျဖစ္သည္။


“ျမေရ မင္း သမီးႏြယ္ကေတာ့ ဘယ္သူနဲ႔ တူမွန္းမသိပါဘူး သူဇြတ္မလုပ္ခင္ ကိုယ္တို႔ ဒီတစ္ေခါက္ေတာ့ ခြင့္ျပဳလိုက္ၾကမလား”


“ရွင္နဲ႔တူတာေပါ့ အဲ့တာ ဘယ္သူနဲ႔ တူရမွာတုန္း အရင္က ရွင့္ပုံစံနဲ႔ တစ္ပုံစံတည္း၊ ရွင္တို႔သားအဖ ႏွစ္ေယာက္ ႀကိတ္ႀကံၿပီးၿပီမလား ၊ ကြၽန္မက ခြင့္ျပဳရေတာ့မွာေပါ့၊ မိႏြယ္ ညည္းလည္း တစ္ေယာက္တည္း ရွိတယ္ ဆိုၿပီး အလိုလိုက္ထားတာ ညည္းလုပ္ခ်င္တာခ်ည္း လုပ္မေနနဲ႔၊ ဟိုဟာေတြကလူ စိတ္ရွိၾကတာ မဟုတ္ဘူး၊ ျပည္သူကို အႏိုင္ရဖို႔ လုပ္ႏိုင္သမွ် အဆိုး႐ြားဆုံးကိစၥေတြလည္း လုပ္ၾကမွာဘဲ၊ ကိုယ္က သတိထားၿပီး ေရွာင္ဖို႔ဘဲ ၊ ဒီတစ္ေခါက္ေတာ့ ခြင့္ျပဳလိုက္မယ္၊ ေနာက္တစ္ေခါက္ေတာ့ မရေတာ့ဘူးေနာ္”


ျမခက္ႏြယ္၏မိဘ ႏွစ္ပါးျဖစ္သူ ေဒၚျမျမသီႏွင့္ ဦးခက္ေအာင္တို႔ ၏ ေျပာစကားမ်ား….


“ဟုတ္ကဲ့ပါ ေမေမရဲ႕ ၊ သမီးျပန္လာတာနဲ႔ ေမေမ့ နားမွာ ေနၿပီး ေမေမ့ကိုဘဲ ျပဳစုေတာ့မွာ၊ ေမေမ့နားမွာ အိမ္ျပင္မထြက္ဘဲ ႏွစ္ရက္ေလာက္ေနမယ္ေနာ္”ခြင့္ျပဳခ်က္ရၿပီးေနာက္ ႏြယ္တစ္ေယာက္ သူမ၏မိခင္အား စေနာက္ေနသည္။


“ကဲ ရွင့္သမီးကိုၾကည့္ေတာ့ ျပန္လာရင္ေတာင္ ႏွစ္ရက္ေလာက္ဘဲ အိမ္မွာေနမယ္ဆိုေတာ့ ၿပီးတာနဲ႔ သူလုပ္ခ်င္တာ ဆက္လုပ္ဦးမွာဆိုတဲ့ သေဘာဘဲ ဦးခက္ေအာင္ေရ တစ္ခုခုဆို ရွင္တို႔သားအဖ ႏွစ္ေယာက္ကို အိမ္ေပၚက ႏွင္ခ်မွာေနာ္”ဟု ေဒၚျမျမသီက ႀကိမ္းေလသည္။.


သို႔ႏွင့္ ႏြယ္တစ္ေယာက္ အိမ္မွ ထြက္လာခဲ့သည္။ ႏြယ္တို႔ အုပ္စုတြင္ မိန္းကေလးႏွစ္ေယာက္၊ ေယာက်ာ္းေလး သုံးေယာက္ ပါဝင္ေလသည္။ ႏြယ္တစ္ေယာက္ စစ္ေရွာင္စခန္း စစခ်င္းေရာက္စက မေနတတ္ မထိုင္တတ္ျဖစ္ သလို ျမင္ေတြ႕ရသည့္ ျမင္ကြင္းမ်ားေၾကာင့္ စိတ္ႏွလုံးမခ်မ္းေျမ့လ်က္ရွိသည္။ သူမတို႔ ယူလာခဲ့သည့္ ေဆးဝါး အေရအတြက္မွာလည္း မေလာက္ငွေပ။ ထိုေၾကာင့္ ပထမဦးစားေပး လူနာမ်ားအား အေလးထားက တတ္စြမ္းသေ႐ြ႕ ကူညီ ေဆာင္႐ြက္ခဲ့ၾကသည္။ တစ္ရက္ႏွစ္ရက္ၾကာေတာ့ ႏြယ္တစ္ေယာက္ ေနသားက်လာ သည္။ စခန္းရွိ လူမ်ားက ႏြယ့္အား ဆရာမေလးဟု တေလးတစားေခၚၾကသလို သူတို႔မ်က္လုံး မ်ားတြင္ ႏြယ္တို႔အား အားကိုးေမွ်ာ္လင့္သည့္ ေမွ်ာ္လင့္ခ်က္မ်ားေတာက္ပေနၾကသည္။ ႏြယ္ မွာ တစ္ဦးတည္း ႀကီးျပင္းလာသူမို႔ အေပါင္းအသင္း ခင္မင္တတ္သူျဖစ္ရာ လူတိုင္းႏွင့္ အဆင္ေျပေနေတာ့သည္။ ကေလးငယ္ မ်ားႏွင့္ ေမြးဖြားၿပီးခါစ မိခင္မ်ားအား အေျခခံက်န္းမာေရး အသိေပးရာတြင္ ႏြယ္ႏွင့္ အေျပလည္ႀကီး ေျပလည္ ေနသည္။ ကေလးမ်ားႏွင့္လည္း  အဖြဲ႕က်ေနေလသည္။ ထိုေန႔က မိုးေကာင္းကင္သည္ သတိေပးသည့္ႏွယ္ အၾကည္မသာ မနက္လင္းစကတည္းက ၿပိဳေတာ့မည့္ႏွယ္ မိုးမ႐ြာသြန္းေသးဘဲ အုံ႔ဆိုင္းလ်က္ရွိသည္။ ကေလးမ တစ္ခ်ိဳ႕ ေတာထဲတြင္ ဟင္း႐ြက္ခူးသြားရန္ျပင္ေတာ့ ဟိုေန႔ကလို မစားသင့္သည့္ အပင္ကို ခ်က္စားမိ၍ ျပႆနာ တက္သည္ျဖစ္ရာ ထိုသို႔ မျဖစ္ေစရန္ သူမ က လိုက္သြားေလသည္။ ေတာထဲ သို႔ေရာက္ၿပီး တေအာင့္အၾကာ စူးရွသည့္ အရက္နံ႔ကို သူမ ႏွာေခါင္းဝမွ ရတစ္ခ်က္ မရတစ္ခ်က္ ရလိုက္သည္။ ေနာက္ျပန္လွည့္ ၾကည့္ေတာ့ တစ္ဦးမွ မရွိ။ သူမ အနည္းငယ္ ေၾကာက္စိတ္ဝင္လာကာ ကေလးမ မ်ားအား ျပန္ၾကစို႔ဟု ဆိုကာ ရသမွ် ဟင္းသီးဟင္း႐ြက္မ်ားအား ယူလာေသာ ပုဆိုးစုတ္ထဲ စုထည့္ကာ သူမက ေနာက္ဆုံးမွ ေန၍ ကေလးမမ်ားအား ကာကြယ္ေပးေတာ့မည္ စစ္သူႀကီး တစ္ဦးပမာ ေနာက္ဆုံးမွ ေနကာ လိုက္ပါလိုက္ခဲ့သည္။


ထိုအခ်ိန္ သူမအား ေနာက္မွ ႐ုတ္တရက္လွမ္းဆြဲ လိုက္သည့္ လက္ၾကမ္းႀကီးမ်ား၊ သူမ အေပၚ လႊမ္းမိုး သြားေသာ စူးၿပီးျပင္းရွသည့္ စက္စုပ္ဖြယ္အနံ႔၊သူမ႐ုန္းကန္ရင္း ေနာက္ျပန္ၾကည့္လိုက္ေတာ့ မ်က္ေထာင့္နီႀကီး မ်ားျဖင့္ သူမအားအတင္းအဓမၼဆြဲေနသည့္ လူယုတ္မလူ႔ဘီးလူးသဖြယ္ေၾကာက္မက္ဖြယ္ေကာင္းေသာ စစ္သား သုံးေကာင္…..သူမေရွ႕မွ ကေလးမမ်ားသည္လည္း သစ္႐ြက္ေျခာက္သံတို႔ႏွင့္ သူမအားတ႐ြတ္တိုက္ ဆြဲေခၚသံ မ်ားေၾကာင့္ ေနာက္လွည့္ၾကည့္ရာ လြန္စြာထိတ္လန႔္လ်က္ ေအာ္ဟစ္ငိုယိုထြက္ေျပးသူမ်ားႏွင့္ ေၾကာင္ၾကည့္သူ မ်ားရွိရာ သူမက အားကုန္ျခစ္၍


“ေျပးေျပးေျပး……ေျပးေတာ့ ဆရာမ ေနာက္က လိုက္ခဲ့မယ္ ေရာက္တာနဲ႔ လူႀကီးေတြနဲ႔ ဆရာမဆီျပန္လာခဲ့”


ကေလးမမ်ား လႊတ္သြားၾကေသာ္လည္း ႏြယ္ ရွိသမွ်အင္အားတို႔ သုံးကာ ႐ုန္းကန္ေသာ္လည္း အရာမထင္..


ထိုစဥ္ မိုးတို႔ကား ႐ြာခ်လာေလေတာ့သည္။


ေမေမႏွင့္ ေဖေဖ ႐ုပ္ပုံတို႔ တရိပ္ရိပ္ ႏြယ့္ အာ႐ုံထဲ ဝင္ေရာက္လာသည္။ ႏြယ္မွာ ထရပ္ရန္ပင္ အားအင္တို႔မဲ့ေလၿပီ….ခႏၶာကိုယ္ တစ္ခုလုံး တစ္ဆစ္နာက်င္ကိုက္ခဲ သလို မိုးစက္တို႔ကား မိဘတို႔ကို စိုးရိမ္ပူပန္ ေအာင္ ျပဳလုပ္သည့္ သမီးကို အျပစ္ေပးသည့္ႏွယ္ တစ္စက္ခ်င္း အသားေပၚက်သည္က နာက်င္လြန္းလွေပ သည္။ေလာကတစ္ခြင္ ေအးစိမ့္၍ မည္းေမွာင္ေနေသာ္လည္း ေကာင္းကင္ျပင္တြင္ ႏြယ္ႏွင့္ အေဖာ္ျပဳေပးမည့္ ၾကယ္ေလးမ်ားႏွင့္ လမင္းႀကီးမွာလည္း မေပၚလာေပ……


သစ္႐ြက္ေျခာက္တို႔အား လူအစုလိုက္ နင္းသည့္အသံပါလား….ႏြယ့္ကို လာကယ္ၾကၿပီ ထင္တယ္… ႏြယ့္အနား မလာၾကနဲ႔ဦး….ဟိုလူယုတ္မာေတြမွာ ေသနတ္ေတြနဲ႔ ႏြယ့္ကိုေတာင္ အဲ့ေသနတ္ေတြနဲ႔ ႐ိုက္ခဲ့ေသး တယ္၊သူတို႔ ေက်နပ္အားရေတာ့ ႏြယ့္ကို ႏြယ့္ကို ပစ္သြားၾကေသးတယ္၊မလာၾကပါနဲ႔………


“ဆရာမေလး ကို ေတြ႕ၿပီေဟ့ စိတ္မေကာင္းစရာက အသက္မရွိရွာေတာ့ဘူး”…..


ေနာက္ေန႔တြင္ကား….


စစ္ေရွာင္စခန္းတြင္ လုပ္အားေပးသြားသည့္ အသက္(၁၈)ႏွစ္အ႐ြယ္ သူျပဳနာတကၠသိုလ္ေက်ာင္းသူ တစ္ဦးအား အၾကမ္းဖက္မုဒိန္းစစ္တပ္မွ စစ္တပ္မွ စစ္သားမ်ားက အဓမၼျပဳက်င့္ၿပီး ေသနတ္ျဖင့္ ပစ္သတ္ကာ ေတာတြင္း တစ္ေနရာတြင္ စြန႔္ပစ္သြား……


“ျမ ျမ ျမရယ္ သတိထားဦးမွေပါ့ျမရယ္… “ေဒၚျမျမသီ တစ္ေယာက္ အိပ္ရာထဲ  လဲေနေလၿပီ၊သူမတြင္ ရွိသမွ် ပစၥည္းဥစၥာတို႔ကို ပုံေအာေပးလွ်င္ေတာင္မွ သမီးႏြယ္ကို ျမင္ေတြ႕ခြင့္ရေတာ့မဥ္ မဟုတ္။ ထိုထက္ ဆိုးသည္က သမီးေလး ဘယ္ေလာက္ေတာင္ ေၾကာက္ေနရွာခဲ့မလဲ။


“ကိုရယ္ ျမတို႔ဘာအျပစ္မ်ားက်ဴးလြန္မိလို႔ ကိုယ့္သမီးအေလာင္းကိုေတာင္ ျပန္ယူခြင့္မရွိရတာလည္း၊ သမီးႏြယ္ တစ္ေယာက္ ဘယ္ေလာက္ေတာင္ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေနလိုက္မလဲ၊ ျမ ဒီတိုင္းေတာ့ သမီးကို တစ္ေယာက္ထဲ မထားႏိုင္ဘူး၊ သမီးေလးကလည္း ျမတို႔ကို ေစာင့္ေနလိမ့္မယ္”


“ျမရယ္ စကားေတြ အမ်ားႀကီး မေျပာပါနဲ႔ ေမာေနေရာ့မယ္” ဦးခက္ေအာင္ တစ္ေယာက္ သမီးကို ပူပူေႏြးေႏြး ဆုံးရႈံးရသည့္ အေပၚ၌ ဇနီးသည္မွာလည္း သမီးသတင္းၾကားၾကားခ်င္း ေသြးမ်ားတက္ကာ ႏွလုံးေဖာက္လာသည္ ႏွင့္ အေရးေပၚ အေျခအေန….


စကားမ်ား ဗလုံးဗေထြးေျပာရင္း ႏႈတ္မွလည္း သမီးႏြယ္ကို တဖြဖြ႐ြတ္ရင္း ေဒၚျမျမသီ တစ္ေယာက္ ဦးခက္ေအာင္ လက္ေပၚတြင္ပင္ ဆုံးပါးသြားေလသည္။


ဦးခက္ေအာင္ကား အာဏာရွင္ လက္ထက္ က ေခတ္သစ္ မပဋာ အျဖစ္ႏွင့္ တူေနသည္။


ေအာ္…..


သမီးအေလာင္းေျမက်တာမွ မၾကာ သပိတ္ပင္ မသြပ္ရေသး ဇနီးသည္ အသုဘ ကို ျပင္ဆင္ေနရသည္။


အသုဘ ျပင္ေနစဥ္ အခ်ိန္တြင္း အိမ္ေရွ႕ဘက္မွ ဆူညံသံမ်ား ၾကားသည္ႏွင့္ ထြက္ၾကည့္ရာ စစ္သားႏွင့္ ရဲမ်ားက “ဦးခက္ေအာင္ ခင္ဗ်ားကို အၾကမ္းဖက္အဖြဲ႕ ေထာက္ပံ့မႈႏွင့္ ၈၈မ်ိဳးဆက္ေတြနဲ႔ ေပါင္းၿပီး ႏိုင္ငံကို မတည္မၿငိမ္ ျဖစ္ေအာင္ လႈံ႕ေဆာ္မႈ နဲ႔ ဖမ္းဆီးတယ္” ဟုဆိုကာ ဇနီးသည္ အေလာင္းကိုမွ ေျမမခ်ရေသး….


လက္ထိပ္ခတ္ကာ ဆြဲေခၚသြားေလသည္…………..


သမီးႏြယ္နဲ႔ ျမေရ


ကိုတို႔ေတြအတြက္ အျဖစ္အပ်က္ေတြက ျမန္ဆန္လြန္းလွသလို အခ်ိန္ကိုက္ပါေပတယ္….


ကို ျမတို႔ကို အမွ်မေဝႏိုင္ခဲ့ရင္ တစ္ေန႔ ေတာ္လွန္ရင္းက်ဆုံးသြားတဲ့သူေတြကို အမွ်ေဝတဲ့ ခ်ိန္မွ သာဓု ေခၚၾကစို႔ကြယ္………………………

Comments

  1. ဒီ အာဏာရှင် စနစ်ဆိုးကြီးအမြန်ဆုံးအမြစ်ပြတ်အောင်တွန်းလှန်နိုင်ပါစေတော်လှန်ရေးအတွက်တထောင့်တနေရာကပါဝင်ကြသူတိုင်းဘေးကင်းပါစေ ပေးခဲ့ရတဲ့အသက်ဝိဉာဉ်တွေလည်းအမြန်ဆုံးငြိမ်းချမ်းစွာဘဝကူးနိုင်ကြမယ့်ရက်အမြန်ဆုံးအမြန်ဆုံး ရောက်ရှိပါစေ 😰✊

    ReplyDelete
  2. တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ လူတွေအားလုံး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ ကျန်ခဲ့တဲ့လူတွေက ဒီပွဲအောင်မြင်အောင် ဆက်ကြိုးစားသွားပါမယ်။

    ReplyDelete
  3. အ‌‌ပေါ်ကညီမတွေ အားလုံးသက်ရှည် ကျန်းမာပါစေ 🙏🙏🙏
    ကျွန်တော်လဲ ကားမောင်းလိုက် ကလစ်လိုက် ဘေ တောင်းလိုက် ကလစ်လိုက်နဲ့ ပြည်သူ မှ ပြည်သူ နိုင်သလောက် ကူနေပါတယ် ခင်ဗျာ🐝

    ReplyDelete
  4. တော်လှန်ရေးအောင်မှဖြစ်မယ်
    အောင်ကိုအောင်ရမယ်✊

    ReplyDelete

Post a Comment