မြင့်ဝေ
Unicode
မြင့်ဝေ။ မြင့်ဝေသည် အမျိုးသမီးတစ်ယောက်ဖြစ်သည်။
၁)
မြင့်မွေးလာခါစတွင် မေမေက အပင်မြင့်မှာ ဝေနေသည့် ပန်းများကို ကြည့်ရင်း မြင့်ဝေဟု အမည်ပေးခဲ့သည်။
" မေမေ မြင့် ဒီနေ့ ပန်းတွေအကုန်ရောင်းကုန်ခဲ့တယ်သိလား"
မြင့်က နှင်းဆီပန်းတစ်ပွင့်ကို နားရွက်နောက်တွင်ထိုးထားသည်။ နှုတ်ခမ်းသားခပ်ညိုညိုပေါ်တွင် အနီရောင်နှုတ်ခမ်းဆိုးဆေးများ တင်ကပ်နေ၏။ သနပ်ခါး ပါးကွက်ကြားကြီးများမှာ နေပူထဲ ၅နာရီလောက်လျှောက်ပြီးသည့်တိုင်မပျက်သေးချေ။
မေမေက မြင့် နားရွက်ပေါ်မှ နှင်းဆီပန်းကို အမြန်ဆွဲဖြုတ်လိုက်ရင်း ခပ်တိုးတိုးဟောက်လိုက်သည်။
" နင့်အဖေမမြင်စေနဲ့ ပုဆိုးကိုပြင်၀တ်ဦး"
မေမေသည် ဤသို့ပင်ဖြစ်၏။ နှင်းဆီပန်းမှာလည်း မြင့်ကြိုက်တတ်မှန်းသိ၍ မနက် ပန်းသွားရောင်းချိန်တည်းက သူကိုယ်တိုင်ပန်ပေးလိုက်ခြင်းဖြစ်သည်။
မြင့်က ပန်းတင်သည့်ထမ်းပိုးကို တံခါးဘေးတွင်ချလိုက်ရင်း နှုတ်ခမ်းဆိုးဆေးများကို လက်ဖြင့် ပွတ်ဖျက်လိုက်သည်။
ထို့နောက် ပုဆိုးကို သေသေချာချာပြန်ထိုးဝတ်လိုက်၏။
သို့သော် မြင့်ပျော်ပါသည်။
ဤအချိန်ပိုင်းမျှသော ကာလလောက်တွင် သူနေချင်သည့်အတိုင်း နေလိုက်ရသည်ကိုပင် ကျေနပ်ပါ၏။
ထို့နောက် သားအမိငါးယောက် ထမင်းဝိုင်းပတ်လည်ထိုင်ရင်း ဖခင်ကြီးကိုစောင့်ကြသည်။ အသားအမိငါးယောက်ဟူဆိုရခြင်းမှာ အိမ်တွင် မေမေနှင့် မြင့်အပြင် ညီမလေးနှစ်ယောက်နှင့် ညီတစ်ယောက်ရှိသေးခြင်းကြောင့်ပင်။
" ဖေကြီးပြန်လာပြီး ဟေး..."
အငယ်လေးနှစ်ယောက်က ထအော်သည်။
အလတ်မက ဖေဖေ့ ထမင်းပန်းကန်ထဲသို့ ငါးဟင်းတစ်ဖက် ဦးချသည်။ မြင့်က ဖေဖေလက်ထဲမှ ပစ္စည်း၀စ္စယများကို သွားကူသယ်သည်။
" သားကြီးတို့ဖို့ ဟောဒီမှာ ခေါက်ဆွဲကြော်ပါခင်ဗျ"
ဖေဖေက ပြုံးရင်း မြင့် ပခုံးကိုဖက်ကာ အားလုံးဆီသို့ ခေါက်ဆွဲကြော်ဗူးကို မြှောက်ပြနေသည်။
ထိုခါမှ မေမေက ခေါက်ဆွဲကြော်ကို ပန်းကန်ထဲထည့်ရင်း ထမင်းဝိုင်းထဲချပေး၏။
မိသားစုထမင်းဝိုင်းတွင် ဟင်းလျာမျိုးစုံရှိမနေပါ။
ငါးဟင်းတစ်ခွက်နှင့် ငါးပိရည်တို့စရာများသာရှိသည်။
ထို့အပြင် ဖေဖေ၀ယ်လာသည့် ခေါက်ဆွဲကြော်လည်းရှိသည်မဟုတ်လား။
မြင့်ပျော်ပါ၏။
၂)
မြင့် ယနေ့ သူ့လုပ်စာထဲမှ ဖယ်ထားသောငွေသားအချို့နှင့် နှုတ်ခမ်းနီအသစ်စက်စက်တစ်ဗူး ထပ်၀ယ်ခဲ့သည်။
အရောင်ကား ပန်းဆီရောင်ပင်။
ပန်းဆီရောင်နှုတ်ခမ်းဆိုးဆေးအောက်တွင် မြင့်၏ ခပ်ညိုညို အသားအရည်မှာထင်းနေ၏။ မိတ်ကပ်မကြိုက်သူမို့ သနပ်ခါးကိုသာ စွဲလိမ်းဖြစ်ခဲ့သည်။ မြင့်သည် ပိန်သည်။ ပါးသည်။
ကျစ်လျစ်စွာ ပတ်၀တ်ထားသော ပုဆိုးသည် မြင့်၏ တင်ပါးလုံးလုံးကို ပို၍ ထင်သာစေ၏။ တီရှပ်အဖြူရောင်၏ ရင်ဘက်တွင် မေမေထိုးပေးထားသော ပန်းထိုးခရေပုံလေးရှိနေ၏။
ဆိုရလျှင် ဤသို့ ပြင်ပြင်ဆင်ဆင်နေသည့်အခါမျိုးတွင် မြင့်သည်လှသည်။ ကျက်သရေရှိသည်။
မြင့် ဒီလိုထင်သာမက မေမေလည်း ထင်သည်။
တစ်ခါက မေမေရှေ့တွင် ဤသို့၀တ်ပြဖူးသည်။ ထိုစဉ်က မေမေ့ကို ပထမဆုံး၀န်ခံခဲ့သည့်နေ့ဖြစ်၏။
" ငါ့သားလေးက လှလိုက်တာ "
ထိုစကားကို မြင့်မှတ်မိသည်။ မေမေ့ မျက်လုံးရွှဲကြီးတွေထဲတွင် မြင့်ပုံရိပ်မှာ ထင်ဟပ်နေခဲ့၏။
ယနေ့ ထိုသို ထပ်၀တ်ဖြစ်ခဲ့သည်မှာ ဖေဖေ့ကို ၀န်ခံဖို့ပင်ဖြစ်ပါ၏။ မြင့် ဖေဖေ့ကို မဖုံးကွယ်ချင်ပါ။
ယနေ့ ပန်းရောင်းမထွက်ဘဲ ညီမလေး၏ ဆံပင်ကို ဖြီးသင်ပေးနေမိသည်။ ခဏအကြာတွင် ဖေဖေ နေ့လယ်စာစားဖို့ အိမ်ပြန်လာလိမ့်မည်။ ထိုအခါတွင် မြင့် ဖေဖေ့ကို အကြောင်းစုံ အမှန်အတိုင်းပြောပြမည်။
မြင့်၏ နှလုံးခုန်သံသည် ကျယ်သထက်ကျယ်လာသည်။ သွယ်လျသော လက်များသည် တုန်ယင်နေ၏။
ဖေဖေပြန်လာပြီ။
"သားကြီးရေ လာ..."
မြင့် ဖေဖေ့လက်သမားအိတ်ကို ကူဆွဲပေးရန် ပြေးသွားလိုက်သည်။ တုန်ယင်နေသော လက်များသည် အိတ်ကို အနိုင်နိုင်မထား၏။
ဖေဖေက ပြောလက်စ စကားကို ရပ်ပစ်လိုက်ပြီး မြင့်ကို ခေါင်းအစခြေအဆုံးကြည့်နေသည်။
မြင့်၏ နှုတ်ခမ်းရဲများမှာ ပွင်ချည်ပတ်ချည်ဖြစ်နေ၏။
မည်သို့စပြောရမည်ကို သူမသိ။
" ဖေ...ဖေ "
ခေါ်လိုက်သော်လည်း မြင့်အသံမှာ တိုးညှင်းလှသည်။ ဖေဖေက လက်ထဲမှ အထုတ်ငယ်တစ်ထုတ်ကို သတိလက်လွတ်ဖြစ်စွာလွှတ်ချလိုက်မိ၏။
" မြင့်လေ မြင့် ဒီလို နေချင်တယ်"
ဖေဖေက မည်သည့် တုံ့ပြန်မှုမျှမလုပ်။ မဟုတ်။ မည်သို့တုံ့ပြန်ရမည်ပင်သူမသိချေ။ မြင့်သည် ဖေဖေအားကိုးရသော သားကြီးဖြစ်သည်။ သားဦးလည်းဖြစ်သည်။
အတော်လေးကြာကာမှ ဖေဖေက သတိ၀င်သည့်ဟန်ဖြင့် အောက်ပြုတ်ကျသွားသော အထုတ်ကို ပြန်ကောက်ကာ မြင့်လက်ထဲထိုးပေးလိုက်သည်။
ဤသည်မှာ ယောက်ျားစီးဖိနပ်တစ်ရံဖြစ်ပါ၏။
ထိုနေ့ထမင်းစားဝိုင်းသည် ဟင်းစုံသည်။
အသားဟင်း၊ အရွက်ဟင်း စသည်ဖြင့် အမယ်ငါးမျိုးလောက်ရှိသည်။ မြင့်၏ စက်ချုပ်ရုံမှ လစာထုတ်ရက်ဖြစ်သောကြောင့်ပင် လတစ်လတွင် ဤကဲ့သို့နေ့တိုင်း ဟင်းကောင်း ထမင်းကောင်းစားရသည်။
သို့သော် မည်သူမျှ မစားနိုင်ကြ။ ထမင်းဝိုင်းသည် သာမန်ထက် အတော်လေးတိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
၃)
ရက်သတ္တပါတ် နှစ်ခုစာကြာသွားသည့်တိုင် ထမင်းဝိုင်းမှအစ ပျဉ်ထောင်အိမ်ခပ်ကျဉ်းကျဉ်းသည် တိတ်ဆိတ်နေခဲ့၏။
မြင့်က ဖေဖေ၀ယ်ပေးသည့် ဖိနပ်အသစ်ကို ထုတ်စီးခဲ့သည်။ ရှပ်အင်္ကျီကို ကြယ်သီးနှစ်လုံးဖြုတ်၀တ်ကာ ပုဆိုးကိုလည်း ကျစ်ကျစ်ပါအောင် သေချာ၀တ်ထား၏။
မြင့်ဝေသည် ဖေဖေ့၏ သားကြီးဖြစ်သည်။
" မြင့်ဝေ"
နှစ်ပါတ်အတွင်းတွင် ပထမဆုံးအကြိမ် ဖေဖေက စခေါ်ခဲ့ခြင်း။ မြင့်က ဖေဖေရှိရာကွပ်ပျစ်ဆီသို့ ခပ်ငြိမ်ငြိမ်သွားလိုက်ရင်း ဘေးတွင်ထိုင်လိုက်သည်။
" သား တကယ် အဲ့လိုနေချင်တာလား"
မြင့်က ခေါင်းငြိမ့်လိုက်သည်။ ဖေဖေ့၏ မျက်လုံးထဲတွင် မျက်ရည်စများတင်ကပ်နေ၏။
" ဖေကြီးကလေ သားကို သန်မာစေချင်တယ်။ ငါ့သားလေးက ပိန်လည်းပိန်၊ အားလည်းမသန်နဲ့ အခုလိုကလည်းဖြစ်နေရင် သားကိုယ်သားကာကွယ်နိုင်မှာမဟုတ်ဘူး။ ဒီလိုဆိုလည်း ဆက်နေချင်လား"
မြင့်က ထပ်ပြီးခေါင်းငြိမ့်လိုက်ပြန်သည်။
" ဒါဆို ရပါပြီ။ ငါ့သားနေချင်တာကို ဖေကြီးက ဘယ်တားလို့ရမှာလဲ။ လာ သွားကြမယ်"
ဖေဖေက မြင့်လက်ကိုဆွဲရင်း အိမ်မှထွက်လာခဲ့သည်။
ထို့နောက်အင်္ကျီချုပ်ဆိုင်ထဲ၀င်ရင်း မြင့်စိတ်ကြိုက်၊ မြင့်ကိုယ်တိုင်းနှင့် ဗမာ၀မ်းဆက်တစ်ထည် အပ်ခဲ့ကြသည်။
ဖေဖေက မြင့်ကို သိပ်ချစ်သည်။
၄)
တစ်နှစ်အကြာတွင် မြင့်၏အလှမှာပို၍ပီပြင်လာသည်။ တိုနှံ့နှ့ ဆံပင်များမှာ ယခုမူ လည်ပင်းထိ ဝေ့ဝိုက်ကျနေ၏။
ယခုအချိန်တွင် မြင့်၌ ဗမာ၀တ်စုံ၀မ်းဆက် ၃စုံပင်ရှိနေခဲ့ပြီ။
မြင့်၏ ဘ၀သည် ဤနှစ်ထဲတွင် အတော့်ကို ပျော်စရာကောင်းခဲ့၏။ ဖေဖေက မြင့်အတွက် ကြုံလျှင်ကြုံသလို နှုတ်ခမ်းဆိုးဆေး၊ လက်သည်းနီ စသည်ဖြင့်၀ယ်လာပေးရှိသည်။
မြင့်တို့မိသားစုသည် မချမ်းသာပါ။ ပညာလည်း မတတ်ကြပါ။ ဖေဖေသည် ကြုံရာအလုပ်လုပ်သည်။ တစ်ခါတစ်ရံ ပန်းရံလိုက်သည်။ မြင့်က ပန်းရောင်းသည်။ အပ်ချုပ်ရုံတွင် အချိန်ပိုင်းလုပ်သည်။
မေမေက အိမ်ရှေ့တွင် အကြော်ရောင်းသည်။
သုံဦးသား၏၀င်ငွေဖြင့် တစ်ရက်စာဖူလှုံရန် မေမေက သေချာပြင်ဆင်ရသည်။ မြင့်တို့မိသားစုသည် သေချာပေါက် မချမ်းသာပါ။
သို့သော် မြင့်ကို ဖေဖေနှင့် မေမေက ချစ်ကြသည်။
ပတ်၀န်းကျင်က မည်သို့ပင် နှိမ့်ချပါစေ။ မြင့် ဖေဖေတို့ချစ်ရုံနှင့်ပင် လုံလောက်သည်ဟု မြင့်ထင်၏။
ယနေ့လည်း မြင့်သည် အလှကြီးလှနေသည်။ အပ်ချုပ်ရုံမှပြန်လျှင် ညနေ ၆နာရီလောက်ဖြစ်သဖြင့် မှောင်နေတတ်သည်။ များသောအားဖြင့် ဖေဖေက မြင့်ကို လာကြိုတတ်သည်။ ယခုမူ ၆နာရီခွဲသည့်တိုင် ဖေဖေရောက်မလာ။ ထို့ကြောင့် မြင့် တစ်ယောက်တည်း အိမ်သို့ ပြန်ခဲ့သည်။
အိမ်ပြန်လမ်းသည် မှောင်နေ၏။
ဘက်စ်ကားမှတ်တိုင်တွင် မြင့်တစ်ယောက်တည်းသာ ရှိသည်။
အချိန်ကား ၇နာရီ ၄၅မိနစ်။
" ဟိတ် တစ်ယောက်တည်းလား"
မြင့်ရှေ့တွင် ကားတစ်စီးလာရပ်သည်။ ဘက်စ်ကားမှတ်တိုင်တွင် မြင့်တစ်ယောက်တည်းရှိသည်မှာသေချာ၏။ ထိုသူသည် မြင့်ကို ပြောနေခြင်းဖြစ်သည်။
မြင့်က မကြားချင်ယောင်ဆောင်ကာ တစ်ဖက်သို့လှည့်လိုက်၏။
ခဏအကြာတွင် ကားတံခါးဖွင့်သံနှင့်အတူ လူတစ်ယောက် ကားပေါ်မှဆင်းလာသည်။ ထို့နောက် မြင့်ဘေး ကပ်ရပ်တွင်ထိုင်ချလိုက်၏။ ထိုသူက မြင့်ကို ပခုံးမှကိုင်၍ ဆွဲလှည့်လိုက်သည်။
" အာ ကျစ် အခြောက်မကြီးပဲ "
ထိုသို့ရေရွတ်လိုက်ပြီး မြင့်ကို ဆောင့်တွန်းပစ်လိုက်သည်။
မြင့်ခန္ဓာကိုယ်ခပ်ပါးပါးမှာ အထိန်းအကွပ်မဲ့စွာ မြေကြီးပေါ်သို့ပြုတ်ကျသွား၏။
" ရွံလိုက်တာ ယောက်ျားကြီးတန်မဲ့နဲ့"
ထိုသူက မြင့်ကို အချက်ပေါင်းများစွာ ဆောင့်ကန်သည်။
မြင့် နံရိုးများကျိုးကြေသွားပြီဟုပင်ထင်ရ၏။
အတော်လေး ဆဲဆို ဆောင့်ကန်ပြီးကာမှ ကားအနက်ရောင်မှာ မောင်းထွက်သွားတော့သည်။
ဤသည်မှာ တစ်နှစ်အတွင်း တတိယအကြိမ်ဖြစ်သည်။
၅)
မေမေက မြင့် ဒဏ်ရာရပြီးပြန်လာတိုင်း ဆေးလူးပေးလေ့ရှိသည်။ ဖေဖေကတော့ " နောက်နေ့ ဖေကြီးလာကြိုမယ်" ဟုသာ ကတိပေးသံသွယ်ယှက်စွာပြောလေ့ရှိသည်။
တစ်ခါတစ်ရံတွင် ဖေဖေက ဒေါသဖြစ်စွာ မြင့်ကို ဆူသည်။
" ဒီလိုအမြဲဖြစ်နေရင် မင်းဒီလိုဆက်မနေနဲ့တော့ မြင့်ဝေ
တစ်ခုခုဆို ဘယ်သူမှမကာကွယ်ပေးနိုင်ဘူး"
ထိုသို့ဆိုလာသည့်အခါမျိုးတွင် မြင့်က ခပ်ပါးပါးနှုတ်ခမ်းများကို စေ့စေ့ပိတ်ထားကာ ပြန်မပြော နားမထောင်ပုံစံမျိုးလုပ်တတ်သည်။
၉နာရီ ၅၀မိနစ်။
စတုတ္ထအကြိမ်မြောက်ဖြစ်သည်။ လမ်းမီးရောင်အောက်တွင်
မြင့် မျက်နှာမှာ ရောင်ကိုင်းနေ၏။ ဤသည်မှာ မြင့် ပြန်မလုပ်၍ ခံရခြင်းမျိူးမဟုတ်ပါ။ မြင့်သည် အမျိုးသမီးဖြစ်ချင်သည်မှန်သော်လည်း ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်သည်။
ထိုသူသုံးယောက်နှင့် မြင့်မှာ အ၀တ်အစားမှလွဲမည်ကဲ့သို့မျှမကွာခြားနေ။
အားမမျှခြင်းကြောင့်သာ ဖြစ်ပါ၏။
ယနေ့ညတွင် ထိုသူသုံးယောက်မှာ ခါတိုင်းညများကကဲ့သို့ ရပ်သွားခြင်းမရှိပါ။
" ချီး... "
နှစ်ယောက်က မြင့်ကို ချုပ်ထားသည်။ တစ်ယောက်က မြင့် မျက်နှာကို ထိုးသည်။
" အ မလုပ်ပါနဲ့"
ထိုသူက မြင့်၏ ရင်ဖုံးကို ဆွဲချွတ်ပစ်လိုက်သည်။
မြင့်၏ ရင်ဘက်မှာ မီးရောင်အောက်တွင် ထင်းနေ၏။
ရင်သားမှာ ပြားကပ်သည်မှန်သော်လည်း နို့သီးခေါင်းလေးများမှာ စူနေ၏။ မြင့် အသည်းခိုက်စွာ အော်ဟစ်ပစ်လိုက်သည်။
ထိုသူက မြင့်၏ ညာဘက်နို့ကို ကိုက်ဆွဲလိုက်ခြင်းဖြစ်၏။
" အာ ချီးထဲမှပဲ... သောက်ပါးစပ်ပေါက်ကို ပိတ်ထားကြလေကွာ "
" အော်မနေစမ်းနဲ့ ခံချင်လို့ ဒီလို၀တ်ထားတာမလား"
မြင့်ကို မြေကြီးပေါ်တွင် မှောက်ယက်အနေအထားဖြင့် ချုပ်ထားကြသည်။ လူပြတ်လေ့ရှိသော ဘက်စ်ကားမှတ်တိုင်မှာ ယခုလည်း သက်ရှိဟူ၍ ခွေးတစ်ကောင် ကြောင်တစ်မြှီးပင် မမြင်ရပါ။
မြင့်၏ တစ်ကိုယ်လုံးသည် ဗလာကျင်းကာ သဲများလူးနေ၏။
" အ ..."
မြင့် အော်ချိန်မရလိုက်။ ပါးစပ်ထဲတွင် တစ်စုံတစ်ခုဖြင့် ပြည့်ကြပ်သွားသည်။ မည်သည့်အရာဖြစ်ကြောင်း စဉ်းစားဖို့ မမှီလိုက်ခင်မှာတင် ခန္ဓာကိုယ်အောက်ပိုင်းထဲသို့ တစ်စုံတစ်ခုတိုး၀င်လာသည်ကို ခံစားလိုက်ရ၏။ ထို့နောက် မြင့်ကိုယ်ထဲသို့ ခပ်နွေးနွေး အရည်များ၀င်လာသည်ကို ခံစားရသည်။ စအိုတစ်ခုလုံးစုတ်ပြဲသွားပြီထင်ရ၏။
အရက်ပုလင်းဖြစ်သည်။
အပြင်သို့ ပြန်စိမ့်ထွက်ကျရန် ထွက်ပေါက်မရှိလောက်အောင် ပြည့်ကြပ်နေ၏။
မြင့် အမြင်အာရုံကို မျက်ရည်များဖြင့် ကွယ်သွားသည်။
ရုန်းနေသော်လည်း လှုပ်လို့ပင် မရ။
" ဟားဟား လာပြီနော် "
ဒီတစ်ကြိမ်တွင် အရက်ပုလင်းမဟုတ်တော့ပါ။
နာကျင်မှုကြောင့် မြင့်မျက်လုံးတွေ ပြာလာသည်။
ထိုနောက် ကမ္ဘာလောကကြီးတစ်ခုလုံးမဲမှောင်သွား၏။
၆)
မြင့် စက်ချုပ်ရုံမှ ထွက်လိုက်သည်။ ဖေဖေက လည်း ထွက်ခိုင်းသည်။
" ဒီကိစ္စကို မင်းအမေမသိစေနဲ့နော်။ ဖေကြီး ရှာကျွေးပါ့မယ် သားအိမ်မှာပဲနေတော့ "
ထိုနေ့မနက်တွင် ဖေဖေက လာကြိုရင်း မျက်ရည်ဝဲနေသော မျက်လုံးကြီးများနှင့်ပြောခဲ့သည့်စကားဖြစ်သည်။ မြင့်တို့ မိသားစုသည် ပညာမတတ်ပါ။ ရဲစခန်းဟူသည် တိုင်ရကောင်းမှန်းလည်းမသိပါ။ သို့သော် ဖေဖေသည် ဖေဖေပီသပါ၏။ ဒါနှင့်ပင် လုံလောက်ပြီဟု မြင့်ထင်သည်။ သို့မဟုတ် ဖေဖေသည် ဤကိစ္စ လူသိမည်ကို ရှက်နေခြင်းလည်းဖြစ်နိုင်ပါ၏။ မထူးပါ။ မြင့်လည်းရှက်သည်ပင်။
သို့သော် မြင့်၏ စိတ်အစုံပြန်လည်ကောင်းမွန်လာဖို့ အတော် အချိန်ယူလိုက်ရ၏။ အ၀တ်အစားပင် မချွတ်ရဲလောက်အောင်ထိ မြင့်ကြောက်သည်။ လူပြတ်သည့် နေရာများသွားရမည်ကိုကြောက်သည်။ ထို့အဖြစ်အပျက်ကြီးပြီးသည့်နောက်တွင် နှစ်ပတ်လောက် အဖျားကြီးဖျားခဲ့ပြီး ၃လလောက်ထိ အခန်းထဲမှပင် မထွက်နိုင်ခဲ့ပေ။
မေမေက ချောင်ထိုးခံထားရသော ဗမာ၀မ်းဆက်များကိုကြည့်ရင်း မြင့်ကို ဘာများဖြစ်သလဲဟု မေးလေ့ရှိသည်။ ထိုအခါများတွင် မေမေကိုဖက်ကာ ငိုချပစ်လိုက်ချင်၏။ အကြောင်းစုံကို ပြောပြပစ်လိုက်ချင်၏။
သို့သော် မည်သည့်နေရာက စပြောရမည်ကို မြင့်မသိသလို မေမေ့ကို စိတ်လည်းမညစ်စေချင်။
အထူးသဖြင့် ထိုနေ့ညမှ မြင်ကွင်းများကို မြင့်မျက်လုံးထဲပြန်ပုံဖော်ရမည်ကို မြင့်ကြောက်နေမိပါ၏။
ထို့ကြောင့်ပင် မြင့်၏ နှုတ်ခမ်းဆိုးဆေးများ၊ လက်သည်းဆိုးဆေးများ၊ သနပ်ခါးဗူးများ စသည်ဖြင့် အရာအားလုံးကို ချောင်ထဲဝဲခဲ့၏။
၇)
" မြင့်ရေ အိမ်ရှေ့ထွက်ခဲ့ပါဦး "
ကမ္ဘာပေါ်တွင် မြင့်ကို မြင့်ဟု ခေါ်သည့် တစ်ဦးတည်းသော သူ။ သာအောင်။
ဟုတ်သည်။ သာအောင်သည် မြင့်၏ ချစ်သူ။
အောင်နှင့် မြင့်တို့တွေ့ဆုံပုံက ရိုးရှင်းပါသည်။ ဈေးတွင် ဈေးမ၀ယ်တတ်သည့်အောင်က မြင့်ကိုတွေ့ကာ အကူအညီတောင်းခဲ့ခြင်း။ တွေ့ရဖန်များလာသည့်အခါ ပိုရင်းနှီးလာကြပြီး အောင်က မြင့်ကို ချစ်ရေးဆိုခဲ့သည်။
အောင်သည် တက္ကသိုလ်ကျောင်းသားဖြစ်သည်။
မြင့်ထက် ၅နှစ်မျှငယ်သည်။ မြင့်စကားနားထောင်သည်။ မြင့်ကို ချောသည်၊ လှသည်ဟု ချီးကျူးတတ်သည်။ ဘ၀တွင် ဖေဖေနှင့်မေမေထံမှလွဲ ချီးကျူးမခံရခဲ့သော မြင့်ဝေသည် သာအောင့်ကို သိပ်ချစ်၏။
" အာ လာပြန်ပြီလားကွာ၊ မနက်စာ နေ့တိုင်း ၀ယ်ပေးစရာမလိုပါဘူး"
အောင့်လက်ထဲမှ မုန့်ဟင်းငါးထုပ် လေးထုပ်ကို ယူလိုက်ရင်း မြင့်က ဆူဆူအောင့်အောင့်နှင့်ပြောသည်။ အမှန်မှာ မြင့်သည် အားနာနေခြင်း။ အောင်က မြင့်ကို ဂရုစိုက်ပေး၊ ချစ်ပေးသည့်အပြင် မိသားစုကိုပါကောင်းပေးသည်။
" သဘက်ခါကျရင် အောင်တို့ ၈လပြည့်အနေနဲ့ ရုပ်ရှင်သွားကြမလား မြင့် "
အောင်က ဆိုင်ကယ်ပေါ်ပြန်တက်ရင်း ဆို၏။
" အင်း သွားကြမယ်လေ ခုတော့ ဂရုစိုက်ပြန်နော် အောင် သေချာကြည့်မောင်း။"
အောင့်နှဖူးကို ခပ်ဖွဖွနမ်းလိုက်ရင်း ဆိုင်ကယ်ဦးထုပ်ကို ဆောင်းပေးလိုက်သည်။ အောင်တစ်ယောက် အပြုံးကြီးပြုံးကာ ပြန်သွား၏။
၈)
မြင့်ဆံပင်တွေက အတော့်ကို ရှည်နေ၏။ မြင့်က ယောက်ျားဆန်ဆန်ပြောင်းလဲနေခဲ့သော်လည်း ဆံပင်များရှည်လာမှုကိုတော့ မတားမြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် အခုလိုအခြေအနေတွင် မြင့်ဆံနွယ်များသည် ဗမာ၀တ်စုံ၀မ်းဆက်နှင့်လိုက်ဖက်နေပြန်သည်။
အောင်က မြင့်ကို လမ်းတစ်လျှောက်လုံး ခေါင်းအစခြေအဆုံးကြည့်ကာပြုံးနေသည်။ မြင့်ကို ဤအ၀တ်အစားမျိုး၊ ဤအဆင်အပြင်မျိုးဖြင့် မမြင်ခဲ့ဖူးပါ။ မြင့်သည် ပိန်ပိန်ပါးပါး ခပ်သေးသေး ကောင်လေးဖြစ်သည်ကလွဲ ဤမျှကျက်သရေရှိသည့် အလှမျိုးပိုင်ဆိုင်ထားသည်ကို အောင်မသိခဲ့ပါ။ ထို့ကြောင့် အောင်က အထူးတဆန်းဖြစ်နေခြင်း။
" အောင့်မိန်းမက လှလိုက်တာကွာ"
ရုပ်ရှင်ရုံထဲရောက်သည့်တိုင် အောင်က ရုပ်ရှင်ကို မကြည့်။ မြင့်ကိုသာ ကြည့်ရင်း ပြုံးဖြီးနေသည်။ မြင့်၏ ပါးနှစ်ဖက်မှာ မီးရောင်မှိန်မှိန်အောက် နီမြန်းနေ၏။
" အောင်ကွာ "
မြင့်၏ ပါးကို နမ်းလိုက်ခြင်းဖြစ်သည်။ အောင်က အောင်နိုင်သူကြီးကဲ့သို့ တဟီးဟီးရယ်ရင်း ရုပ်ရှင်ပြန်ကြည့်ကာ မသိချင်ယောင်ဆောင်နေ၏။
ယနေ့သည် မြင့်အတွက်အပျော်ဆုံးနေ့ဖြစ်သည်။ အောင်က မြင့်ကို ဤအခြေအနေနှင့်လည်း လက်ခံပေးသည်။ ချစ်ပေးသည်။
မြင့်က သူ့ကိုယ်သူ ကံအကောင်းဆုံးဟုပင်ထင်သည်။
ဖေဖေ၊ မေမေတို့က လက်ခံသည်။
အောင်ကလည်း လက်ခံသည်။
မြင့်ဘ၀တွင် ပတ်၀န်ကျင်မှ လူတိုင်း၏ အပြောခံအဆိုခံရသည်။ အဆဲခံရသည်။
မေမေတို့ အချစ်များနှင့်ယှဉ်လျှင် အရာရာကို ကျော်ဖြတ်နိုင်မည်ဟု မြင့်ထင်၏။
၉)
အရာရာကို မေ့ပစ်နိုင်ခဲ့ပြီဟု ထင်ခဲ့သော်လည်း မြင့်ဝေ မှားသွားခဲ့ဟန်တူပါသည်။
မြင့် မျက်လုံးတွေ ဝေဝါးလာသည်။
မျက်လုံးထဲတွင် လမ်းမီးရောင်ကိုမြင်နေရ၏။
ကျောကုန်းတစ်လျှောက် ပျံကြဲနေသော အနမ်းများအောက်တွင် မြင့် မူးဝေလာသည်။
အသက်ရှူကြပ်လာသလိုလည်း ခံစားရသည်။
ခပ်ဝါးဝါး ဆဲဆိုသံများကို ကြားရတစ်ချက် မကြားရတစ်ချက်ဖြစ်နေ၏။
" မြင့် ဖင်လေးက လုံးကျစ်နေတာပဲ"
အောင့်စကားသံဖြစ်သော်လည်း မြင့်တွင် အသိစိတ်ကပ်မနေ။
" ဟာ ဒီအခြောက်ကတော့ ရှယ်ပဲဟေ့"
" အောင် မထိန်းထားချင်တော့ဘူး"
" ချီး… မင်းတို့ပါ လာလုပ်ကြည့်ကြကွာ မိုက်တယ် "
မြင့် နားထဲတွင် အသံများရောထွေးနေသည်။
လမ်းမီးလား၊ မျက်နှာကြက်က မီးသီးလားလည်း မသဲကွဲချေ။
အောင်က မြင့် နောက်ကျောဘက်မှနေ၍ လက်ကောက်၀တ်ကို မွေ့ရာပေါ် ဖိကပ်ထားသည်။ ခပ်ဖွဖွသာဖြစ်သော်လည်း
မြင့်တစ်ယောက် ရုန်းဖို့ပင်သတိမရပါ။
အဖြစ်အပျက်များမှာရောထွေးနေ၏။
မျက်လုံးဝိုင်းကြီးများထဲမှ မျက်ရည်များစီးကျလာသည်။
" ဟင် မြင့်…။ မြင့် ဘာဖြစ်တာလဲ"
မြင့်မှာ သတိမရှိတော့ချေ။ အောင်က အလန့်တကြားထထိုင်ရင်း မြင့် ခန္ဓာကိုယ်ခပ်သေးသေးကို ပွေ့ပြီး ကုတင်ပေါ်သို့ အတည့်ပြန်တင်လိုက်၏။
မြင့် တကယ်ကို သတိလစ်သွားချေပြီ။
၁၀)
စိတ်ကျန်းမာရေးဆေးရုံကြီး၏ တစ်ခုသော အဆောင်တွင် မြင့်ဝေဟူသော ကောင်လေးတစ်ယောက်ရှိသည်။ မြင့်ဝေသည် အမှောင်ထဲတွင် နေရသည်ကိုကြိုက်သည်။
ကြိုက်သည်ဟုလည်းမဟုတ်ပါ မီးအလင်းရောင်များကို ကြောက်သည့်အတွက်ကြောင့်သာ အမှောင်ထဲနေရခြင်းဖြစ်သည်။
မေမေနှင့် ညီမနှစ်ယောက်က မြင့်ကို တစ်ပါတ်တစ်ခါ လာကြည့်လေ့ရှိသည်။ မေမေလာသည့် အခါ မြင့်ပျော်သည်။ တစ်ခါတစ်လေ အသိစိတ်၀င်နေသည့်အခါမျိုးတွင် မြင့်က " ဖေဖေရော" ဟုမေးတတ်သည်။ တကယ်တမ်း ဖေဖေလိုက်လာလျှင် မြင့်က တွေ့ရာပစ္စည်းနှင့်ကောက်ပေါက်ကာ ထွက်ပြေးလေ့ရှိသည်။
ထိုတစ်ရက်သောနေ့မှစ၍ မြင့်နှင့် အောင် ပြန်မတွေ့ခဲ့ကြသည်မှာ ၂နှစ်ခန့်ကြာခဲ့ပြီဖြစ်သည်။ မေမေက တစ်ပါတ်တစ်ခါ လာကြည့်သည်ဟုဆိုလျှင် အောင်က တစ်ရက်တစ်ခါလာကြည့်တတ်သည်။ မြင့်နှင့်တော့ မတွေ့ပါ။
နောက်ဆုံးတစ်ခေါက် မြင့် အောင့်ကိုမြင်သွားသည့်အချိန်ကို အောင်မှတ်မိနေ၏။ မြင့်က သူ့ကို ရွံရှာစက်ဆုပ်သွားသည်ဟု အောင်ထင်သည်။
မြင့်၏ မှတ်ဉာဏ်ထဲတွင် အောင်သည် မည်သို့သော ပုံစံဖြင့် ရှိနေသည်ကို မည်သူမျှမသိပါ။ တစ်ခါတစ်ရံတွင် "အောင်" ဟုတမ်းတရင်း ကြိတ်ငိုနေတတ်သည်ကိုလည်း မည်သူမျှမသိပါ။
ဤဇာတ်လမ်းသည် အမျိုးသမီးဖြစ်ချင်ခဲ့သော ယောက်ျားသားတစ်ယောက်အကြောင်းဖြစ်ပါသည်။
မြင့်ဝေသည် အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့သလားမသိပါ။ သို့သော် သာအောင့်ကိုတော့ ရင်နှင့်တမျှ ချစ်ခဲ့သည်မှာသေချာ၏။ သာအောင်ကလည်း ချစ်ခဲ့သည်မှာ သေချာ၏။
ထိုတွင် သူတို့နှစ်ဦး မည်သည့်နေရာမှစ၍ ဝေးခဲ့ကြပါသနည်း။
ဟေဇယ်(သစ်အယ်သီး)
Zawgyi
ျမင့္ေဝ။ ျမင့္ေဝသည္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။
၁)
ျမင့္ေမြးလာခါစတြင္ ေမေမက အပင္ျမင့္မွာ ေဝေနသည့္ ပန္းမ်ားကို ၾကည့္ရင္း ျမင့္ေဝဟု အမည္ေပးခဲ့သည္။
" ေမေမ ျမင့္ ဒီေန႔ ပန္းေတြအကုန္ေရာင္းကုန္ခဲ့တယ္သိလား"
ျမင့္က ႏွင္းဆီပန္းတစ္ပြင့္ကို နား႐ြက္ေနာက္တြင္ထိုးထားသည္။ ႏႈတ္ခမ္းသားခပ္ညိဳညိဳေပၚတြင္ အနီေရာင္ႏႈတ္ခမ္းဆိုးေဆးမ်ား တင္ကပ္ေန၏။ သနပ္ခါး ပါးကြက္ၾကားႀကီးမ်ားမွာ ေနပူထဲ ၅နာရီေလာက္ေလွ်ာက္ၿပီးသည့္တိုင္မပ်က္ေသးေခ်။
ေမေမက ျမင့္ နား႐ြက္ေပၚမွ ႏွင္းဆီပန္းကို အျမန္ဆြဲျဖဳတ္လိုက္ရင္း ခပ္တိုးတိုးေဟာက္လိုက္သည္။
" နင့္အေဖမျမင္ေစနဲ႔ ပုဆိုးကိုျပင္၀တ္ဦး"
ေမေမသည္ ဤသို႔ပင္ျဖစ္၏။ ႏွင္းဆီပန္းမွာလည္း ျမင့္ႀကိဳက္တတ္မွန္းသိ၍ မနက္ ပန္းသြားေရာင္းခ်ိန္တည္းက သူကိုယ္တိုင္ပန္ေပးလိုက္ျခင္းျဖစ္သည္။
ျမင့္က ပန္းတင္သည့္ထမ္းပိုးကို တံခါးေဘးတြင္ခ်လိုက္ရင္း ႏႈတ္ခမ္းဆိုးေဆးမ်ားကို လက္ျဖင့္ ပြတ္ဖ်က္လိုက္သည္။
ထို႔ေနာက္ ပုဆိုးကို ေသေသခ်ာခ်ာျပန္ထိုးဝတ္လိုက္၏။
သို႔ေသာ္ ျမင့္ေပ်ာ္ပါသည္။
ဤအခ်ိန္ပိုင္းမွ်ေသာ ကာလေလာက္တြင္ သူေနခ်င္သည့္အတိုင္း ေနလိုက္ရသည္ကိုပင္ ေက်နပ္ပါ၏။
ထို႔ေနာက္ သားအမိငါးေယာက္ ထမင္းဝိုင္းပတ္လည္ထိုင္ရင္း ဖခင္ႀကီးကိုေစာင့္ၾကသည္။ အသားအမိငါးေယာက္ဟူဆိုရျခင္းမွာ အိမ္တြင္ ေမေမႏွင့္ ျမင့္အျပင္ ညီမေလးႏွစ္ေယာက္ႏွင့္ ညီတစ္ေယာက္ရွိေသးျခင္းေၾကာင့္ပင္။
" ေဖႀကီးျပန္လာၿပီး ေဟး..."
အငယ္ေလးႏွစ္ေယာက္က ထေအာ္သည္။
အလတ္မက ေဖေဖ့ ထမင္းပန္းကန္ထဲသို႔ ငါးဟင္းတစ္ဖက္ ဦးခ်သည္။ ျမင့္က ေဖေဖလက္ထဲမွ ပစၥည္း၀စၥယမ်ားကို သြားကူသယ္သည္။
" သားႀကီးတို႔ဖို႔ ေဟာဒီမွာ ေခါက္ဆြဲေၾကာ္ပါခင္ဗ်"
ေဖေဖက ၿပဳံးရင္း ျမင့္ ပခုံးကိုဖက္ကာ အားလုံးဆီသို႔ ေခါက္ဆြဲေၾကာ္ဗူးကို ေျမႇာက္ျပေနသည္။
ထိုခါမွ ေမေမက ေခါက္ဆြဲေၾကာ္ကို ပန္းကန္ထဲထည့္ရင္း ထမင္းဝိုင္းထဲခ်ေပး၏။
မိသားစုထမင္းဝိုင္းတြင္ ဟင္းလ်ာမ်ိဳးစုံရွိမေနပါ။
ငါးဟင္းတစ္ခြက္ႏွင့္ ငါးပိရည္တို႔စရာမ်ားသာရွိသည္။
ထို႔အျပင္ ေဖေဖ၀ယ္လာသည့္ ေခါက္ဆြဲေၾကာ္လည္းရွိသည္မဟုတ္လား။
ျမင့္ေပ်ာ္ပါ၏။
၂)
ျမင့္ ယေန႔ သူ႔လုပ္စာထဲမွ ဖယ္ထားေသာေငြသားအခ်ိဳ႕ႏွင့္ ႏႈတ္ခမ္းနီအသစ္စက္စက္တစ္ဗူး ထပ္၀ယ္ခဲ့သည္။
အေရာင္ကား ပန္းဆီေရာင္ပင္။
ပန္းဆီေရာင္ႏႈတ္ခမ္းဆိုးေဆးေအာက္တြင္ ျမင့္၏ ခပ္ညိဳညိဳ အသားအရည္မွာထင္းေန၏။ မိတ္ကပ္မႀကိဳက္သူမို႔ သနပ္ခါးကိုသာ စြဲလိမ္းျဖစ္ခဲ့သည္။ ျမင့္သည္ ပိန္သည္။ ပါးသည္။
က်စ္လ်စ္စြာ ပတ္၀တ္ထားေသာ ပုဆိုးသည္ ျမင့္၏ တင္ပါးလုံးလုံးကို ပို၍ ထင္သာေစ၏။ တီရွပ္အျဖဴေရာင္၏ ရင္ဘက္တြင္ ေမေမထိုးေပးထားေသာ ပန္းထိုးခေရပုံေလးရွိေန၏။
ဆိုရလွ်င္ ဤသို႔ ျပင္ျပင္ဆင္ဆင္ေနသည့္အခါမ်ိဳးတြင္ ျမင့္သည္လွသည္။ က်က္သေရရွိသည္။
ျမင့္ ဒီလိုထင္သာမက ေမေမလည္း ထင္သည္။
တစ္ခါက ေမေမေရွ႕တြင္ ဤသို႔၀တ္ျပဖူးသည္။ ထိုစဥ္က ေမေမ့ကို ပထမဆုံး၀န္ခံခဲ့သည့္ေန႔ျဖစ္၏။
" ငါ့သားေလးက လွလိုက္တာ "
ထိုစကားကို ျမင့္မွတ္မိသည္။ ေမေမ့ မ်က္လုံး႐ႊဲႀကီးေတြထဲတြင္ ျမင့္ပုံရိပ္မွာ ထင္ဟပ္ေနခဲ့၏။
ယေန႔ ထိုသို ထပ္၀တ္ျဖစ္ခဲ့သည္မွာ ေဖေဖ့ကို ၀န္ခံဖို႔ပင္ျဖစ္ပါ၏။ ျမင့္ ေဖေဖ့ကို မဖုံးကြယ္ခ်င္ပါ။
ယေန႔ ပန္းေရာင္းမထြက္ဘဲ ညီမေလး၏ ဆံပင္ကို ၿဖီးသင္ေပးေနမိသည္။ ခဏအၾကာတြင္ ေဖေဖ ေန႔လယ္စာစားဖို႔ အိမ္ျပန္လာလိမ့္မည္။ ထိုအခါတြင္ ျမင့္ ေဖေဖ့ကို အေၾကာင္းစုံ အမွန္အတိုင္းေျပာျပမည္။
ျမင့္၏ ႏွလုံးခုန္သံသည္ က်ယ္သထက္က်ယ္လာသည္။ သြယ္လ်ေသာ လက္မ်ားသည္ တုန္ယင္ေန၏။
ေဖေဖျပန္လာၿပီ။
"သားႀကီးေရ လာ..."
ျမင့္ ေဖေဖ့လက္သမားအိတ္ကို ကူဆြဲေပးရန္ ေျပးသြားလိုက္သည္။ တုန္ယင္ေနေသာ လက္မ်ားသည္ အိတ္ကို အႏိုင္ႏိုင္မထား၏။
ေဖေဖက ေျပာလက္စ စကားကို ရပ္ပစ္လိုက္ၿပီး ျမင့္ကို ေခါင္းအစေျခအဆုံးၾကည့္ေနသည္။
ျမင့္၏ ႏႈတ္ခမ္းရဲမ်ားမွာ ပြင္ခ်ည္ပတ္ခ်ည္ျဖစ္ေန၏။
မည္သို႔စေျပာရမည္ကို သူမသိ။
" ေဖ...ေဖ "
ေခၚလိုက္ေသာ္လည္း ျမင့္အသံမွာ တိုးညႇင္းလွသည္။ ေဖေဖက လက္ထဲမွ အထုတ္ငယ္တစ္ထုတ္ကို သတိလက္လြတ္ျဖစ္စြာလႊတ္ခ်လိုက္မိ၏။
" ျမင့္ေလ ျမင့္ ဒီလို ေနခ်င္တယ္"
ေဖေဖက မည္သည့္ တုံ႔ျပန္မႈမွ်မလုပ္။ မဟုတ္။ မည္သို႔တုံ႔ျပန္ရမည္ပင္သူမသိေခ်။ ျမင့္သည္ ေဖေဖအားကိုးရေသာ သားႀကီးျဖစ္သည္။ သားဦးလည္းျဖစ္သည္။
အေတာ္ေလးၾကာကာမွ ေဖေဖက သတိ၀င္သည့္ဟန္ျဖင့္ ေအာက္ျပဳတ္က်သြားေသာ အထုတ္ကို ျပန္ေကာက္ကာ ျမင့္လက္ထဲထိုးေပးလိုက္သည္။
ဤသည္မွာ ေယာက္်ားစီးဖိနပ္တစ္ရံျဖစ္ပါ၏။
ထိုေန႔ထမင္းစားဝိုင္းသည္ ဟင္းစုံသည္။
အသားဟင္း၊ အ႐ြက္ဟင္း စသည္ျဖင့္ အမယ္ငါးမ်ိဳးေလာက္ရွိသည္။ ျမင့္၏ စက္ခ်ဳပ္႐ုံမွ လစာထုတ္ရက္ျဖစ္ေသာေၾကာင့္ပင္ လတစ္လတြင္ ဤကဲ့သို႔ေန႔တိုင္း ဟင္းေကာင္း ထမင္းေကာင္းစားရသည္။
သို႔ေသာ္ မည္သူမွ် မစားႏိုင္ၾက။ ထမင္းဝိုင္းသည္ သာမန္ထက္ အေတာ္ေလးတိတ္ဆိတ္ၿငိမ္သက္ေနခဲ့၏။
၃)
ရက္သတၱပါတ္ ႏွစ္ခုစာၾကာသြားသည့္တိုင္ ထမင္းဝိုင္းမွအစ ပ်ဥ္ေထာင္အိမ္ခပ္က်ဥ္းက်ဥ္းသည္ တိတ္ဆိတ္ေနခဲ့၏။
ျမင့္က ေဖေဖ၀ယ္ေပးသည့္ ဖိနပ္အသစ္ကို ထုတ္စီးခဲ့သည္။ ရွပ္အက်ႌကို ၾကယ္သီးႏွစ္လုံးျဖဳတ္၀တ္ကာ ပုဆိုးကိုလည္း က်စ္က်စ္ပါေအာင္ ေသခ်ာ၀တ္ထား၏။
ျမင့္ေဝသည္ ေဖေဖ့၏ သားႀကီးျဖစ္သည္။
" ျမင့္ေဝ"
ႏွစ္ပါတ္အတြင္းတြင္ ပထမဆုံးအႀကိမ္ ေဖေဖက စေခၚခဲ့ျခင္း။ ျမင့္က ေဖေဖရွိရာကြပ္ပ်စ္ဆီသို႔ ခပ္ၿငိမ္ၿငိမ္သြားလိုက္ရင္း ေဘးတြင္ထိုင္လိုက္သည္။
" သား တကယ္ အဲ့လိုေနခ်င္တာလား"
ျမင့္က ေခါင္းၿငိမ့္လိုက္သည္။ ေဖေဖ့၏ မ်က္လုံးထဲတြင္ မ်က္ရည္စမ်ားတင္ကပ္ေန၏။
" ေဖႀကီးကေလ သားကို သန္မာေစခ်င္တယ္။ ငါ့သားေလးက ပိန္လည္းပိန္၊ အားလည္းမသန္နဲ႔ အခုလိုကလည္းျဖစ္ေနရင္ သားကိုယ္သားကာကြယ္ႏိုင္မွာမဟုတ္ဘူး။ ဒီလိုဆိုလည္း ဆက္ေနခ်င္လား"
ျမင့္က ထပ္ၿပီးေခါင္းၿငိမ့္လိုက္ျပန္သည္။
" ဒါဆို ရပါၿပီ။ ငါ့သားေနခ်င္တာကို ေဖႀကီးက ဘယ္တားလို႔ရမွာလဲ။ လာ သြားၾကမယ္"
ေဖေဖက ျမင့္လက္ကိုဆြဲရင္း အိမ္မွထြက္လာခဲ့သည္။
ထို႔ေနာက္အက်ႌခ်ဳပ္ဆိုင္ထဲ၀င္ရင္း ျမင့္စိတ္ႀကိဳက္၊ ျမင့္ကိုယ္တိုင္းႏွင့္ ဗမာ၀မ္းဆက္တစ္ထည္ အပ္ခဲ့ၾကသည္။
ေဖေဖက ျမင့္ကို သိပ္ခ်စ္သည္။
၄)
တစ္ႏွစ္အၾကာတြင္ ျမင့္၏အလွမွာပို၍ပီျပင္လာသည္။ တိုႏွံ႔ႏွ႔ ဆံပင္မ်ားမွာ ယခုမူ လည္ပင္းထိ ေဝ့ဝိုက္က်ေန၏။
ယခုအခ်ိန္တြင္ ျမင့္၌ ဗမာ၀တ္စုံ၀မ္းဆက္ ၃စုံပင္ရွိေနခဲ့ၿပီ။
ျမင့္၏ ဘ၀သည္ ဤႏွစ္ထဲတြင္ အေတာ့္ကို ေပ်ာ္စရာေကာင္းခဲ့၏။ ေဖေဖက ျမင့္အတြက္ ႀကဳံလွ်င္ႀကဳံသလို ႏႈတ္ခမ္းဆိုးေဆး၊ လက္သည္းနီ စသည္ျဖင့္၀ယ္လာေပးရွိသည္။
ျမင့္တို႔မိသားစုသည္ မခ်မ္းသာပါ။ ပညာလည္း မတတ္ၾကပါ။ ေဖေဖသည္ ႀကဳံရာအလုပ္လုပ္သည္။ တစ္ခါတစ္ရံ ပန္းရံလိုက္သည္။ ျမင့္က ပန္းေရာင္းသည္။ အပ္ခ်ဳပ္႐ုံတြင္ အခ်ိန္ပိုင္းလုပ္သည္။
ေမေမက အိမ္ေရွ႕တြင္ အေၾကာ္ေရာင္းသည္။
သုံဦးသား၏၀င္ေငြျဖင့္ တစ္ရက္စာဖူလႈံရန္ ေမေမက ေသခ်ာျပင္ဆင္ရသည္။ ျမင့္တို႔မိသားစုသည္ ေသခ်ာေပါက္ မခ်မ္းသာပါ။
သို႔ေသာ္ ျမင့္ကို ေဖေဖႏွင့္ ေမေမက ခ်စ္ၾကသည္။
ပတ္၀န္းက်င္က မည္သို႔ပင္ ႏွိမ့္ခ်ပါေစ။ ျမင့္ ေဖေဖတို႔ခ်စ္႐ုံႏွင့္ပင္ လုံေလာက္သည္ဟု ျမင့္ထင္၏။
ယေန႔လည္း ျမင့္သည္ အလွႀကီးလွေနသည္။ အပ္ခ်ဳပ္႐ုံမွျပန္လွ်င္ ညေန ၆နာရီေလာက္ျဖစ္သျဖင့္ ေမွာင္ေနတတ္သည္။ မ်ားေသာအားျဖင့္ ေဖေဖက ျမင့္ကို လာႀကိဳတတ္သည္။ ယခုမူ ၆နာရီခြဲသည့္တိုင္ ေဖေဖေရာက္မလာ။ ထို႔ေၾကာင့္ ျမင့္ တစ္ေယာက္တည္း အိမ္သို႔ ျပန္ခဲ့သည္။
အိမ္ျပန္လမ္းသည္ ေမွာင္ေန၏။
ဘက္စ္ကားမွတ္တိုင္တြင္ ျမင့္တစ္ေယာက္တည္းသာ ရွိသည္။
အခ်ိန္ကား ၇နာရီ ၄၅မိနစ္။
" ဟိတ္ တစ္ေယာက္တည္းလား"
ျမင့္ေရွ႕တြင္ ကားတစ္စီးလာရပ္သည္။ ဘက္စ္ကားမွတ္တိုင္တြင္ ျမင့္တစ္ေယာက္တည္းရွိသည္မွာေသခ်ာ၏။ ထိုသူသည္ ျမင့္ကို ေျပာေနျခင္းျဖစ္သည္။
ျမင့္က မၾကားခ်င္ေယာင္ေဆာင္ကာ တစ္ဖက္သို႔လွည့္လိုက္၏။
ခဏအၾကာတြင္ ကားတံခါးဖြင့္သံႏွင့္အတူ လူတစ္ေယာက္ ကားေပၚမွဆင္းလာသည္။ ထို႔ေနာက္ ျမင့္ေဘး ကပ္ရပ္တြင္ထိုင္ခ်လိုက္၏။ ထိုသူက ျမင့္ကို ပခုံးမွကိုင္၍ ဆြဲလွည့္လိုက္သည္။
" အာ က်စ္ အေျခာက္မႀကီးပဲ "
ထိုသို႔ေရ႐ြတ္လိုက္ၿပီး ျမင့္ကို ေဆာင့္တြန္းပစ္လိုက္သည္။
ျမင့္ခႏၶာကိုယ္ခပ္ပါးပါးမွာ အထိန္းအကြပ္မဲ့စြာ ေျမႀကီးေပၚသို႔ျပဳတ္က်သြား၏။
" ႐ြံလိုက္တာ ေယာက္်ားႀကီးတန္မဲ့နဲ႔"
ထိုသူက ျမင့္ကို အခ်က္ေပါင္းမ်ားစြာ ေဆာင့္ကန္သည္။
ျမင့္ နံ႐ိုးမ်ားက်ိဳးေၾကသြားၿပီဟုပင္ထင္ရ၏။
အေတာ္ေလး ဆဲဆို ေဆာင့္ကန္ၿပီးကာမွ ကားအနက္ေရာင္မွာ ေမာင္းထြက္သြားေတာ့သည္။
ဤသည္မွာ တစ္ႏွစ္အတြင္း တတိယအႀကိမ္ျဖစ္သည္။
၅)
ေမေမက ျမင့္ ဒဏ္ရာရၿပီးျပန္လာတိုင္း ေဆးလူးေပးေလ့ရွိသည္။ ေဖေဖကေတာ့ " ေနာက္ေန႔ ေဖႀကီးလာႀကိဳမယ္" ဟုသာ ကတိေပးသံသြယ္ယွက္စြာေျပာေလ့ရွိသည္။
တစ္ခါတစ္ရံတြင္ ေဖေဖက ေဒါသျဖစ္စြာ ျမင့္ကို ဆူသည္။
" ဒီလိုအၿမဲျဖစ္ေနရင္ မင္းဒီလိုဆက္မေနနဲ႔ေတာ့ ျမင့္ေဝ
တစ္ခုခုဆို ဘယ္သူမွမကာကြယ္ေပးႏိုင္ဘူး"
ထိုသို႔ဆိုလာသည့္အခါမ်ိဳးတြင္ ျမင့္က ခပ္ပါးပါးႏႈတ္ခမ္းမ်ားကို ေစ့ေစ့ပိတ္ထားကာ ျပန္မေျပာ နားမေထာင္ပုံစံမ်ိဳးလုပ္တတ္သည္။
၉နာရီ ၅၀မိနစ္။
စတုတၳအႀကိမ္ေျမာက္ျဖစ္သည္။ လမ္းမီးေရာင္ေအာက္တြင္
ျမင့္ မ်က္ႏွာမွာ ေရာင္ကိုင္းေန၏။ ဤသည္မွာ ျမင့္ ျပန္မလုပ္၍ ခံရျခင္းမ်ိဴးမဟုတ္ပါ။ ျမင့္သည္ အမ်ိဳးသမီးျဖစ္ခ်င္သည္မွန္ေသာ္လည္း ေယာက္်ားစစ္စစ္တစ္ေယာက္ျဖစ္သည္။
ထိုသူသုံးေယာက္ႏွင့္ ျမင့္မွာ အ၀တ္အစားမွလြဲမည္ကဲ့သို႔မွ်မကြာျခားေန။
အားမမွ်ျခင္းေၾကာင့္သာ ျဖစ္ပါ၏။
ယေန႔ညတြင္ ထိုသူသုံးေယာက္မွာ ခါတိုင္းညမ်ားကကဲ့သို႔ ရပ္သြားျခင္းမရွိပါ။
" ခ်ီး... "
ႏွစ္ေယာက္က ျမင့္ကို ခ်ဳပ္ထားသည္။ တစ္ေယာက္က ျမင့္ မ်က္ႏွာကို ထိုးသည္။
" အ မလုပ္ပါနဲ႔"
ထိုသူက ျမင့္၏ ရင္ဖုံးကို ဆြဲခြၽတ္ပစ္လိုက္သည္။
ျမင့္၏ ရင္ဘက္မွာ မီးေရာင္ေအာက္တြင္ ထင္းေန၏။
ရင္သားမွာ ျပားကပ္သည္မွန္ေသာ္လည္း ႏို႔သီးေခါင္းေလးမ်ားမွာ စူေန၏။ ျမင့္ အသည္းခိုက္စြာ ေအာ္ဟစ္ပစ္လိုက္သည္။
ထိုသူက ျမင့္၏ ညာဘက္ႏို႔ကို ကိုက္ဆြဲလိုက္ျခင္းျဖစ္၏။
" အာ ခ်ီးထဲမွပဲ... ေသာက္ပါးစပ္ေပါက္ကို ပိတ္ထားၾကေလကြာ "
" ေအာ္မေနစမ္းနဲ႔ ခံခ်င္လို႔ ဒီလို၀တ္ထားတာမလား"
ျမင့္ကို ေျမႀကီးေပၚတြင္ ေမွာက္ယက္အေနအထားျဖင့္ ခ်ဳပ္ထားၾကသည္။ လူျပတ္ေလ့ရွိေသာ ဘက္စ္ကားမွတ္တိုင္မွာ ယခုလည္း သက္ရွိဟူ၍ ေခြးတစ္ေကာင္ ေၾကာင္တစ္ျမႇီးပင္ မျမင္ရပါ။
ျမင့္၏ တစ္ကိုယ္လုံးသည္ ဗလာက်င္းကာ သဲမ်ားလူးေန၏။
" အ ..."
ျမင့္ ေအာ္ခ်ိန္မရလိုက္။ ပါးစပ္ထဲတြင္ တစ္စုံတစ္ခုျဖင့္ ျပည့္ၾကပ္သြားသည္။ မည္သည့္အရာျဖစ္ေၾကာင္း စဥ္းစားဖို႔ မမွီလိုက္ခင္မွာတင္ ခႏၶာကိုယ္ေအာက္ပိုင္းထဲသို႔ တစ္စုံတစ္ခုတိုး၀င္လာသည္ကို ခံစားလိုက္ရ၏။ ထို႔ေနာက္ ျမင့္ကိုယ္ထဲသို႔ ခပ္ေႏြးေႏြး အရည္မ်ား၀င္လာသည္ကို ခံစားရသည္။ စအိုတစ္ခုလုံးစုတ္ၿပဲသြားၿပီထင္ရ၏။
အရက္ပုလင္းျဖစ္သည္။
အျပင္သို႔ ျပန္စိမ့္ထြက္က်ရန္ ထြက္ေပါက္မရွိေလာက္ေအာင္ ျပည့္ၾကပ္ေန၏။
ျမင့္ အျမင္အာ႐ုံကို မ်က္ရည္မ်ားျဖင့္ ကြယ္သြားသည္။
႐ုန္းေနေသာ္လည္း လႈပ္လို႔ပင္ မရ။
" ဟားဟား လာၿပီေနာ္ "
ဒီတစ္ႀကိမ္တြင္ အရက္ပုလင္းမဟုတ္ေတာ့ပါ။
နာက်င္မႈေၾကာင့္ ျမင့္မ်က္လုံးေတြ ျပာလာသည္။
ထိုေနာက္ ကမာၻေလာကႀကီးတစ္ခုလုံးမဲေမွာင္သြား၏။
၆)
ျမင့္ စက္ခ်ဳပ္႐ုံမွ ထြက္လိုက္သည္။ ေဖေဖက လည္း ထြက္ခိုင္းသည္။
" ဒီကိစၥကို မင္းအေမမသိေစနဲ႔ေနာ္။ ေဖႀကီး ရွာေကြၽးပါ့မယ္ သားအိမ္မွာပဲေနေတာ့ "
ထိုေန႔မနက္တြင္ ေဖေဖက လာႀကိဳရင္း မ်က္ရည္ဝဲေနေသာ မ်က္လုံးႀကီးမ်ားႏွင့္ေျပာခဲ့သည့္စကားျဖစ္သည္။ ျမင့္တို႔ မိသားစုသည္ ပညာမတတ္ပါ။ ရဲစခန္းဟူသည္ တိုင္ရေကာင္းမွန္းလည္းမသိပါ။ သို႔ေသာ္ ေဖေဖသည္ ေဖေဖပီသပါ၏။ ဒါႏွင့္ပင္ လုံေလာက္ၿပီဟု ျမင့္ထင္သည္။ သို႔မဟုတ္ ေဖေဖသည္ ဤကိစၥ လူသိမည္ကို ရွက္ေနျခင္းလည္းျဖစ္ႏိုင္ပါ၏။ မထူးပါ။ ျမင့္လည္းရွက္သည္ပင္။
သို႔ေသာ္ ျမင့္၏ စိတ္အစုံျပန္လည္ေကာင္းမြန္လာဖို႔ အေတာ္ အခ်ိန္ယူလိုက္ရ၏။ အ၀တ္အစားပင္ မခြၽတ္ရဲေလာက္ေအာင္ထိ ျမင့္ေၾကာက္သည္။ လူျပတ္သည့္ ေနရာမ်ားသြားရမည္ကိုေၾကာက္သည္။ ထို႔အျဖစ္အပ်က္ႀကီးၿပီးသည့္ေနာက္တြင္ ႏွစ္ပတ္ေလာက္ အဖ်ားႀကီးဖ်ားခဲ့ၿပီး ၃လေလာက္ထိ အခန္းထဲမွပင္ မထြက္ႏိုင္ခဲ့ေပ။
ေမေမက ေခ်ာင္ထိုးခံထားရေသာ ဗမာ၀မ္းဆက္မ်ားကိုၾကည့္ရင္း ျမင့္ကို ဘာမ်ားျဖစ္သလဲဟု ေမးေလ့ရွိသည္။ ထိုအခါမ်ားတြင္ ေမေမကိုဖက္ကာ ငိုခ်ပစ္လိုက္ခ်င္၏။ အေၾကာင္းစုံကို ေျပာျပပစ္လိုက္ခ်င္၏။
သို႔ေသာ္ မည္သည့္ေနရာက စေျပာရမည္ကို ျမင့္မသိသလို ေမေမ့ကို စိတ္လည္းမညစ္ေစခ်င္။
အထူးသျဖင့္ ထိုေန႔ညမွ ျမင္ကြင္းမ်ားကို ျမင့္မ်က္လုံးထဲျပန္ပုံေဖာ္ရမည္ကို ျမင့္ေၾကာက္ေနမိပါ၏။
ထို႔ေၾကာင့္ပင္ ျမင့္၏ ႏႈတ္ခမ္းဆိုးေဆးမ်ား၊ လက္သည္းဆိုးေဆးမ်ား၊ သနပ္ခါးဗူးမ်ား စသည္ျဖင့္ အရာအားလုံးကို ေခ်ာင္ထဲဝဲခဲ့၏။
၇)
" ျမင့္ေရ အိမ္ေရွ႕ထြက္ခဲ့ပါဦး "
ကမာၻေပၚတြင္ ျမင့္ကို ျမင့္ဟု ေခၚသည့္ တစ္ဦးတည္းေသာ သူ။ သာေအာင္။
ဟုတ္သည္။ သာေအာင္သည္ ျမင့္၏ ခ်စ္သူ။
ေအာင္ႏွင့္ ျမင့္တို႔ေတြ႕ဆုံပုံက ႐ိုးရွင္းပါသည္။ ေဈးတြင္ ေဈးမ၀ယ္တတ္သည့္ေအာင္က ျမင့္ကိုေတြ႕ကာ အကူအညီေတာင္းခဲ့ျခင္း။ ေတြ႕ရဖန္မ်ားလာသည့္အခါ ပိုရင္းႏွီးလာၾကၿပီး ေအာင္က ျမင့္ကို ခ်စ္ေရးဆိုခဲ့သည္။
ေအာင္သည္ တကၠသိုလ္ေက်ာင္းသားျဖစ္သည္။
ျမင့္ထက္ ၅ႏွစ္မွ်ငယ္သည္။ ျမင့္စကားနားေထာင္သည္။ ျမင့္ကို ေခ်ာသည္၊ လွသည္ဟု ခ်ီးက်ဴးတတ္သည္။ ဘ၀တြင္ ေဖေဖႏွင့္ေမေမထံမွလြဲ ခ်ီးက်ဴးမခံရခဲ့ေသာ ျမင့္ေဝသည္ သာေအာင့္ကို သိပ္ခ်စ္၏။
" အာ လာျပန္ၿပီလားကြာ၊ မနက္စာ ေန႔တိုင္း ၀ယ္ေပးစရာမလိုပါဘူး"
ေအာင့္လက္ထဲမွ မုန႔္ဟင္းငါးထုပ္ ေလးထုပ္ကို ယူလိုက္ရင္း ျမင့္က ဆူဆူေအာင့္ေအာင့္ႏွင့္ေျပာသည္။ အမွန္မွာ ျမင့္သည္ အားနာေနျခင္း။ ေအာင္က ျမင့္ကို ဂ႐ုစိုက္ေပး၊ ခ်စ္ေပးသည့္အျပင္ မိသားစုကိုပါေကာင္းေပးသည္။
" သဘက္ခါက်ရင္ ေအာင္တို႔ ၈လျပည့္အေနနဲ႔ ႐ုပ္ရွင္သြားၾကမလား ျမင့္ "
ေအာင္က ဆိုင္ကယ္ေပၚျပန္တက္ရင္း ဆို၏။
" အင္း သြားၾကမယ္ေလ ခုေတာ့ ဂ႐ုစိုက္ျပန္ေနာ္ ေအာင္ ေသခ်ာၾကည့္ေမာင္း။"
ေအာင့္ႏွဖူးကို ခပ္ဖြဖြနမ္းလိုက္ရင္း ဆိုင္ကယ္ဦးထုပ္ကို ေဆာင္းေပးလိုက္သည္။ ေအာင္တစ္ေယာက္ အၿပဳံးႀကီးၿပဳံးကာ ျပန္သြား၏။
၈)
ျမင့္ဆံပင္ေတြက အေတာ့္ကို ရွည္ေန၏။ ျမင့္က ေယာက္်ားဆန္ဆန္ေျပာင္းလဲေနခဲ့ေသာ္လည္း ဆံပင္မ်ားရွည္လာမႈကိုေတာ့ မတားျမစ္ႏိုင္ခဲ့ပါ။ ထို႔ေၾကာင့္ အခုလိုအေျခအေနတြင္ ျမင့္ဆံႏြယ္မ်ားသည္ ဗမာ၀တ္စုံ၀မ္းဆက္ႏွင့္လိုက္ဖက္ေနျပန္သည္။
ေအာင္က ျမင့္ကို လမ္းတစ္ေလွ်ာက္လုံး ေခါင္းအစေျခအဆုံးၾကည့္ကာၿပဳံးေနသည္။ ျမင့္ကို ဤအ၀တ္အစားမ်ိဳး၊ ဤအဆင္အျပင္မ်ိဳးျဖင့္ မျမင္ခဲ့ဖူးပါ။ ျမင့္သည္ ပိန္ပိန္ပါးပါး ခပ္ေသးေသး ေကာင္ေလးျဖစ္သည္ကလြဲ ဤမွ်က်က္သေရရွိသည့္ အလွမ်ိဳးပိုင္ဆိုင္ထားသည္ကို ေအာင္မသိခဲ့ပါ။ ထို႔ေၾကာင့္ ေအာင္က အထူးတဆန္းျဖစ္ေနျခင္း။
" ေအာင့္မိန္းမက လွလိုက္တာကြာ"
႐ုပ္ရွင္႐ုံထဲေရာက္သည့္တိုင္ ေအာင္က ႐ုပ္ရွင္ကို မၾကည့္။ ျမင့္ကိုသာ ၾကည့္ရင္း ၿပဳံးၿဖီးေနသည္။ ျမင့္၏ ပါးႏွစ္ဖက္မွာ မီးေရာင္မွိန္မွိန္ေအာက္ နီျမန္းေန၏။
" ေအာင္ကြာ "
ျမင့္၏ ပါးကို နမ္းလိုက္ျခင္းျဖစ္သည္။ ေအာင္က ေအာင္ႏိုင္သူႀကီးကဲ့သို႔ တဟီးဟီးရယ္ရင္း ႐ုပ္ရွင္ျပန္ၾကည့္ကာ မသိခ်င္ေယာင္ေဆာင္ေန၏။
ယေန႔သည္ ျမင့္အတြက္အေပ်ာ္ဆုံးေန႔ျဖစ္သည္။ ေအာင္က ျမင့္ကို ဤအေျခအေနႏွင့္လည္း လက္ခံေပးသည္။ ခ်စ္ေပးသည္။
ျမင့္က သူ႔ကိုယ္သူ ကံအေကာင္းဆုံးဟုပင္ထင္သည္။
ေဖေဖ၊ ေမေမတို႔က လက္ခံသည္။
ေအာင္ကလည္း လက္ခံသည္။
ျမင့္ဘ၀တြင္ ပတ္၀န္က်င္မွ လူတိုင္း၏ အေျပာခံအဆိုခံရသည္။ အဆဲခံရသည္။
ေမေမတို႔ အခ်စ္မ်ားႏွင့္ယွဥ္လွ်င္ အရာရာကို ေက်ာ္ျဖတ္ႏိုင္မည္ဟု ျမင့္ထင္၏။
၉)
အရာရာကို ေမ့ပစ္ႏိုင္ခဲ့ၿပီဟု ထင္ခဲ့ေသာ္လည္း ျမင့္ေဝ မွားသြားခဲ့ဟန္တူပါသည္။
ျမင့္ မ်က္လုံးေတြ ေဝဝါးလာသည္။
မ်က္လုံးထဲတြင္ လမ္းမီးေရာင္ကိုျမင္ေနရ၏။
ေက်ာကုန္းတစ္ေလွ်ာက္ ပ်ံႀကဲေနေသာ အနမ္းမ်ားေအာက္တြင္ ျမင့္ မူးေဝလာသည္။
အသက္ရႉၾကပ္လာသလိုလည္း ခံစားရသည္။
ခပ္ဝါးဝါး ဆဲဆိုသံမ်ားကို ၾကားရတစ္ခ်က္ မၾကားရတစ္ခ်က္ျဖစ္ေန၏။
" ျမင့္ ဖင္ေလးက လုံးက်စ္ေနတာပဲ"
ေအာင့္စကားသံျဖစ္ေသာ္လည္း ျမင့္တြင္ အသိစိတ္ကပ္မေန။
" ဟာ ဒီအေျခာက္ကေတာ့ ရွယ္ပဲေဟ့"
" ေအာင္ မထိန္းထားခ်င္ေတာ့ဘူး"
" ခ်ီး… မင္းတို႔ပါ လာလုပ္ၾကည့္ၾကကြာ မိုက္တယ္ "
ျမင့္ နားထဲတြင္ အသံမ်ားေရာေထြးေနသည္။
လမ္းမီးလား၊ မ်က္ႏွာၾကက္က မီးသီးလားလည္း မသဲကြဲေခ်။
ေအာင္က ျမင့္ ေနာက္ေက်ာဘက္မွေန၍ လက္ေကာက္၀တ္ကို ေမြ႕ရာေပၚ ဖိကပ္ထားသည္။ ခပ္ဖြဖြသာျဖစ္ေသာ္လည္း
ျမင့္တစ္ေယာက္ ႐ုန္းဖို႔ပင္သတိမရပါ။
အျဖစ္အပ်က္မ်ားမွာေရာေထြးေန၏။
မ်က္လုံးဝိုင္းႀကီးမ်ားထဲမွ မ်က္ရည္မ်ားစီးက်လာသည္။
" ဟင္ ျမင့္…။ ျမင့္ ဘာျဖစ္တာလဲ"
ျမင့္မွာ သတိမရွိေတာ့ေခ်။ ေအာင္က အလန႔္တၾကားထထိုင္ရင္း ျမင့္ ခႏၶာကိုယ္ခပ္ေသးေသးကို ေပြ႕ၿပီး ကုတင္ေပၚသို႔ အတည့္ျပန္တင္လိုက္၏။
ျမင့္ တကယ္ကို သတိလစ္သြားေခ်ၿပီ။
၁၀)
စိတ္က်န္းမာေရးေဆး႐ုံႀကီး၏ တစ္ခုေသာ အေဆာင္တြင္ ျမင့္ေဝဟူေသာ ေကာင္ေလးတစ္ေယာက္ရွိသည္။ ျမင့္ေဝသည္ အေမွာင္ထဲတြင္ ေနရသည္ကိုႀကိဳက္သည္။
ႀကိဳက္သည္ဟုလည္းမဟုတ္ပါ မီးအလင္းေရာင္မ်ားကို ေၾကာက္သည့္အတြက္ေၾကာင့္သာ အေမွာင္ထဲေနရျခင္းျဖစ္သည္။
ေမေမႏွင့္ ညီမႏွစ္ေယာက္က ျမင့္ကို တစ္ပါတ္တစ္ခါ လာၾကည့္ေလ့ရွိသည္။ ေမေမလာသည့္ အခါ ျမင့္ေပ်ာ္သည္။ တစ္ခါတစ္ေလ အသိစိတ္၀င္ေနသည့္အခါမ်ိဳးတြင္ ျမင့္က " ေဖေဖေရာ" ဟုေမးတတ္သည္။ တကယ္တမ္း ေဖေဖလိုက္လာလွ်င္ ျမင့္က ေတြ႕ရာပစၥည္းႏွင့္ေကာက္ေပါက္ကာ ထြက္ေျပးေလ့ရွိသည္။
ထိုတစ္ရက္ေသာေန႔မွစ၍ ျမင့္ႏွင့္ ေအာင္ ျပန္မေတြ႕ခဲ့ၾကသည္မွာ ၂ႏွစ္ခန႔္ၾကာခဲ့ၿပီျဖစ္သည္။ ေမေမက တစ္ပါတ္တစ္ခါ လာၾကည့္သည္ဟုဆိုလွ်င္ ေအာင္က တစ္ရက္တစ္ခါလာၾကည့္တတ္သည္။ ျမင့္ႏွင့္ေတာ့ မေတြ႕ပါ။
ေနာက္ဆုံးတစ္ေခါက္ ျမင့္ ေအာင့္ကိုျမင္သြားသည့္အခ်ိန္ကို ေအာင္မွတ္မိေန၏။ ျမင့္က သူ႔ကို ႐ြံရွာစက္ဆုပ္သြားသည္ဟု ေအာင္ထင္သည္။
ျမင့္၏ မွတ္ဉာဏ္ထဲတြင္ ေအာင္သည္ မည္သို႔ေသာ ပုံစံျဖင့္ ရွိေနသည္ကို မည္သူမွ်မသိပါ။ တစ္ခါတစ္ရံတြင္ "ေအာင္" ဟုတမ္းတရင္း ႀကိတ္ငိုေနတတ္သည္ကိုလည္း မည္သူမွ်မသိပါ။
ဤဇာတ္လမ္းသည္ အမ်ိဳးသမီးျဖစ္ခ်င္ခဲ့ေသာ ေယာက္်ားသားတစ္ေယာက္အေၾကာင္းျဖစ္ပါသည္။
ျမင့္ေဝသည္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ခဲ့သလားမသိပါ။ သို႔ေသာ္ သာေအာင့္ကိုေတာ့ ရင္ႏွင့္တမွ် ခ်စ္ခဲ့သည္မွာေသခ်ာ၏။ သာေအာင္ကလည္း ခ်စ္ခဲ့သည္မွာ ေသခ်ာ၏။
ထိုတြင္ သူတို႔ႏွစ္ဦး မည္သည့္ေနရာမွစ၍ ေဝးခဲ့ၾကပါသနည္း။
ေဟဇယ္(သစ္အယ္သီး)
Done
ReplyDelete❣️🤎
ReplyDeleteရဲဘော်တို့ရေ you tube မှာ YGN Donation Channelလေးကို subscribe လေး ကူညီပေးပါဦးနော်🙏💪💪
ReplyDeleteDone✅
ReplyDelete🌧️🌧️
ReplyDelete🏙️🏙️
💛
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDelete🐝
ReplyDeleteDone
ReplyDeleteDone
ReplyDelete