အရူးများကမ္ဘာ
Unicode
ကျွန်တော်ဒီဆေးရုံကိုရောက်တာ အတော်တော့ကြာပြီဗျ။ စစရောက်ချင်းတုန်းကအခြေအနေတွေကိုပြန်တောင်မစဥ်းစားချင်ပေမယ့် ခုချိန်မှာတော့ တော်တော်ကြီးကိုအသားကျနေပါပြီ။သူများတွေကတော့ဒါကိုဆေးရုံလို့ခေါ်ချင်မှခေါ်ကြမှာပါ အရူးထောင်လို့ခေါ်ချင်လည်းခေါ်နိုင်ပါတယ်။ဒါပေမယ့် ကျွန်တော့်အတွက်တော့ဒါဟာ ဆေးရုံပါပဲ ။အရူးတွေဆိုတာလည်း ကျွန်တော့်အတွက်တော့ရောဂါသည်တွေပါ။သူတို့ဟာ လူနာတွေပါပဲ။သူတို့ဟာ နေမကောင်းဖြစ်နေတဲ့လူနာအတိုင်းပဲ ဆက်ဆံခံရသင့်တယ်။တစ်ချို့အရူးတွေမှာလေ သာမန်လူတစ်ယောက်ထက်ပိုနွေးထွေးတဲ့ နှလုံးသားတွေ ပိုကောင်းတဲ့ စိတ်ရင်းတွေရှိတယ်ဆိုရင် ခင်ဗျားတို့ယုံနိုင်ကြမလားမသိဘူး။ကျွန်တော်ဒီအလုပ် လုပ်ခဲ့တာကို ဘယ်တော့မှနောင်တမရခဲ့ဘူး။
အခန်းတစ်ခန်းထဲမှာအင်္ကျီဖြူဖြူဝတ်ထားတဲ့လူတစ်ယောက်ထိုင်နေတယ်။သူ့ကြည့်ရတာ တစ်စုံတစ်ခုကို အလေးအနက်တွေးတောနေပုံပေါက်ပေမယ့် ကျွန်တော့်အမြင်မှာတော့ဒါဟာ သာမန်ပါပဲ။ ကျွန်တော် အခန်းထဲကိုတံခါးခေါက်ပြီးဝင်သွားလိုက်တယ်။ ထိုလူက ကျွန်တော့်ကိုကြည့်ပြီး သာမာန်လူတစ်ယောက်လို ထိုင်ပါဆိုပြီး သူ့ရှေ့က ထိုင်ခုံတစ်ခုကို ညွှန်ပြလိုက်တယ်။ကျတော်လည်းဝင်ထိုင်လိုက်ပြီးတော့ ထိုလူက
'' ကျွန်တော့် နာမည် .....ပါ ခင်ဗျား ကျွန်တော့်ကို ဒေါက်တာလို့ပဲခေါ်နိုင်ပါတယ်''
ပထမတော့ကျွန်တော်ကြောင်သွားတာပေါ့။ နောက်တော့မှ ဒီလူနာက ဆရာဝန်ရူးရူးတာဖြစ်နိုင်တယ်လို့တွေးမိပြီး စိတ်ပညာအရ သူ့ကိုနားလည်နိုင်ဖို့ အလိုက်အလျာက် သရုပ်ဆောင်ကြည့်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။ ထိုလူနာက ကျွန်တော့်ကို ဘယ်လိုနေပါဘယ်လိုထိုင်ပါ ဘာညာနဲ့ ဆရာကြီးလုပ်ပြီးတော့ ဆေးတစ်ချို့ပါပေးသေးသည်။အတော့ကိုဂွကျတဲ့စိတ်ရောဂါသည်ပဲဗျ ဒီညတော့ ခေါင်းခြောက်တော့မှာပဲလို့ကျွန်တော်တွေးလိုက်မိတယ်။ ကျွန်တော်တို့စကားပြောပြီးသွားတော့ ကျွန်တော့်အဆောင်ကိုပြန်ဖို့ လူနာတစ်ယောက်ကပဲလာခေါ်သည်။ဒီစိတ်ကျန်းမာရေးဆေးရုံကအတော်ထူးဆန်းတယ်ဗျ လူနာတွေ ဘယ်လောက် ရူးလဲဆိုတာနဲ့ ခွဲခြားထားပြီး သိပ်မရူးတဲ့ သူတွေဆိုရင် ဒီဆေးရုံက အလုပ်တွေပြန်လုပ်ရတယ်။ ဒါကိုတော့ကျွန်တော့်စိတ်ထဲ ဘဝင်မကျလှဘူး။ပြီးတော့ လူနာတွေကိုဆရာဝန်ဆီ ခေါ်လာမယ့်အစား ဆရာဝန်ကလူနာတွေကိုလိုက်တွေ့နေရတယ်။တစ်မျိုးပါပဲ။လူနာတွေရဲ့စိတ်ရောဂါတွေကလည်းမရိုးရပါဘူး တစ်မျိုးပြီး တစ်မျိုး အထူးဆန်းတွေချည်းပဲ။ ကျွန်တော့်ကိုလာခေါ်တဲ့လူနာဆိုရင် သူ့ရောဂါက မှန်တစ်ချပ်ကိုစွဲလမ်းနေတာ။အဲ့လေးထောင့်ပုံမှန်လေးကိုကြည့်ပြီး ငိုလိုက်ရယ်လိုက်နဲ့ပေါ့။တံဆိပ်လေးတွေကို ဘဝတစ်ခုလို တပ်မက်နေတဲ့စိတ်ရောဂါမျိုးတွေလည်းရှိတယ်။အိပ်မက်တွေစိတ်ကူးတွေထဲမှာပဲ ရှင်သန်နေတဲ့လူနာမျိုးတွေလည်းရှိတယ်။ကြားသမျှအမိန့် နှစ်ခါမစဥ်းစားတဲ့ရောဂါမျိုးတွေလည်းရှိတယ်။နောက်ထပ်နောက်ထပ်အများကြီးပါပဲ။အများစုကတော့ စိတ်ကျရောဂါသည်တွေပေါ့။ကျွန်တော်တစ်နေ့ကျရင် သူတို့အကုန်လုံးကိုလုံးဝကောင်းသွားတဲ့ထိ ကုသပေးနိုင်ရမယ်လို့ ယုံကြည်ထားဆဲပါ။
ဒီနေ့ဆေးရုံကြီးကခြောက်ကပ်နေသလိုပဲ။ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတယ်။ အမြဲတွေ့နေကျ လူနာတွေလည်းဘယ်သွားနေကြလဲမသိဘူး။ ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ အပြင်သွားအုံးမယ်တွေးပြီး ဆေးရုံမှာဝတ်နေကျ အဝတ်စား မဟုတ်တာတွေဝတ်ပြီးတစ်ယောက်တည်းထွက်လာခဲ့တယ်။ကျွန်တော်ဆေးရုံအပြင်ကိုမထွက်ခဲ့တာတောင်တော်တော်ကြာပြီပဲဗျ။ ဘာလို့မထွက်ခဲ့မှန်း ပြန်စဥ်းစားလို့ကိုမရဘူး။အတော်ကြာဆို အထွက်ပေါက်တောင် ဘယ်လိုသွားရမှန်း မေ့သွားလို့ ကျတော် တစ်ယောက်ထဲ စမ်းတဝါးဝါးလျှောက်သွားနေခဲ့တယ်။ လျှောက်လမ်းတစ်ခုပြီးတိုင်း တစ်ခုပြီးတိုင်းမှာ ကျွန်တော်မတွေ့ဖူးသေးတဲ့ လူနာတွေအများကြီးပဲရှိသေးပါလားဆိုတာသိလိုက်ရတယ် ။လှေကားထစ်တစ်ထစ်ဆင်းတိုင်း တစ်ထစ်ဆင်းတိုင်း စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်နေသလို ဖြစ်လာတယ်။အစိမ်းရောင်နံရံတွေနဲ့ မျက်နှာကျက်က ပင့်ကူမျှင်တွေဟာ ကျွန်တော့်ကို ခြောက်ခြားလာစေတယ်။ကျွန်တော်အဆောင်နဲ့ ဆေးခန်းနဲ့ကိုပဲ ကူးနေတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ တစ်နေရာအရောက်မှာ ကျွန်တော်မြင်ဖူးနေကျလူနာတစ်ယောက်ကို အခန်းရှေ့မှာငုတ်တုပ်ထိုင်နေတာ တွေ့လိုက်တာနဲ့ သူ့ကိုပဲကျွန်တော် သွားမေးလိုက်တယ် ။
''ထွက်ပေါက်ကို ဘယ်လိုသွားရလဲဗျ''
''ဒီရှေ့ကလှေကားကနေ တစ်ထပ်ဆင်းသွားပြီးတော့ ဘယ်ဘက်ချိုးလိုက်ပါ ''
ထိုလူနာက ဖြေပြီးတော့မှ ကျွန်တော့ကို တစ်ချက်စိုက်ကြည့်နေသည်။ကျွန်တော်လည်း ဂရုစိုက်မနေဘဲ ထိုလူနာပြောသည့်အတိုင်း သွားနေပြီးမှ ကျေးဇူးတင်ပါတယ်လို့ပြောဖို့သတိရလို့လှည့်ကြည့်လိုက်တော့ သူ့ကိုမတွေ့တော့။ ထိုလူပြောသလိုလှေကားကနေဆင်းပြီး ဘယ်ဘက်ချိုးလိုက်တဲ့အခါ တံခါးတစ်ခုကို တွေ့လိုက်ရတယ်။ကျွန်တော်တံခါးကိုဖွင့်ဖို့လက်လှမ်းနေတုန်းလေးမှာပဲ ရုတ်တရက်ကြမ်းပြင်ပေါ် လှဲသိပ်ပြီး ချုပ်ထားတာခံလိုက်ရပါလေရော။ကျွန်တော်ကြက်သေသွားသလားပဲ။နောက်ကိုလှည့်ကြည့်လိုက်တဲ့ချိန်မှာ နောက်ထပ်လူလေးငါးယောက်လောက်ပြေးလာတာလည်းတွေ့ရတယ်။ကျွန်တော် ကျွန်တော့်ကိုချုပ်ထားတဲ့အရူးရဲ့လက်ကို ကိုက်လိုက်တယ်။ရုန်းရင်းဆန်ခက်ဖြစ်နေတုန်းမှာပဲ နောက်ထပ် အရူးနှစ်ယောက်လောက်က ကျွန်တော့်ကို ချုပ်ထားလိုက်ကြပြီ။ပြန်ရုန်းဖို့ကြိုးစားပေမယ့် လူအင်အားမမျှတော့တာကျွန်တော်သိလိုက်ပါတယ်။
''ကယ်ကြပါအုံး ကျွန်တော့်ကို အရူးတွေဝိုင်းချုပ်ထားလိုက်ကြပြီ လာကြပါအုံး လုပ်ကြပါအုန်း၊
အရူးတွေငါ့ကို လွှတ်နော် လွှတ်ကြစမ်း''
ကျွန်တော်အသံကုန်ခြစ်ပြီးအော်နေလိုက်မိတယ် ဒါပေမယ့် အသံကြားလို့ထပ်ရောက်လာသမျှလူတွေကလည်း အရူးတွေပဲဖြစ်နေတယ်။ကျွန်တော်ရှိသမျှအားအကုန်သုံးပြီးရုန်းကန်နေတုန်းမှာပဲ ဆေးထိုးအပ်တစ်ခုနဲ့အထိုးခံလိုက်ရတာကိုခံစားလိုက်ရတယ်။ကျွန်တော့်အားအင်တွေချိနဲ့လာပြီ။တစ်ကိုယ်လုံးလည်းကိုက်ခဲလာတယ်။ကျတော်နာကျင်နေပြီ။ကိုယ်ကယ်တင်ဖို့ကြိုးစားခဲ့တဲ့လူတွေလက်ထဲမှာ ဇာတ်သိမ်းရတော့မှာပါလားဆိုတဲ့အသိက အနာကျင်ဆုံးပဲ။အာရုံတွေဝေဝါးလာတယ်။ကျွန်တော့်မျက်လုံးနှစ်လုံးမပိတ်ခင်လေးမှာ ကျွန်တော့်ကိုဆေးထိုးလိုက်တဲ့အရူးဟာ အကျီအဖြူနဲ့ ဆရာဝန်ရူးရူးနေတဲ့လူနာဆိုတာကို နောက်ဆုံးမြင်လိုက်ရတယ်။ကျွန်တော့်မျက်လုံးတွေမှောင်အတိကျသွားတယ်။ကျွန်တော်မေ့မျောမသွားခင်အချိန်လေးမှာ အရူးနှစ်ယောက်အချင်းချင်းပြောနေတာကြားလိုက်ပါသေးတယ်။
''ဒီလူကဘာရောဂါလဲ''
''သူကလွဲရင် တစ်လောကလုံးကို အရူးလို့မြင်တဲ့ရောဂါပါ''

Zawgyi
ကြၽန္ေတာ္ဒီေဆး႐ုံကိုေရာက္တာ အေတာ္ေတာ့ၾကာၿပီဗ်။ စစေရာက္ခ်င္းတုန္းကအေျခအေနေတြကိုျပန္ေတာင္မစဥ္းစားခ်င္ေပမယ့္ ခုခ်ိန္မွာေတာ့ ေတာ္ေတာ္ႀကီးကိုအသားက်ေနပါၿပီ။သူမ်ားေတြကေတာ့ဒါကိုေဆး႐ုံလို႔ေခၚခ်င္မွေခၚၾကမွာပါ အ႐ူးေထာင္လို႔ေခၚခ်င္လည္းေခၚႏိုင္ပါတယ္။ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ဒါဟာ ေဆး႐ုံပါပဲ ။အ႐ူးေတြဆိုတာလည္း ကြၽန္ေတာ့္အတြက္ေတာ့ေရာဂါသည္ေတြပါ။သူတို႔ဟာ လူနာေတြပါပဲ။သူတို႔ဟာ ေနမေကာင္းျဖစ္ေနတဲ့လူနာအတိုင္းပဲ ဆက္ဆံခံရသင့္တယ္။တစ္ခ်ိဳ႕အ႐ူးေတြမွာေလ သာမန္လူတစ္ေယာက္ထက္ပိုေႏြးေထြးတဲ့ ႏွလုံးသားေတြ ပိုေကာင္းတဲ့ စိတ္ရင္းေတြရွိတယ္ဆိုရင္ ခင္ဗ်ားတို႔ယုံႏိုင္ၾကမလားမသိဘူး။ကြၽန္ေတာ္ဒီအလုပ္ လုပ္ခဲ့တာကို ဘယ္ေတာ့မွေနာင္တမရခဲ့ဘူး။
အခန္းတစ္ခန္းထဲမွာအက်ႌျဖဴျဖဴဝတ္ထားတဲ့လူတစ္ေယာက္ထိုင္ေနတယ္။သူ႔ၾကည့္ရတာ တစ္စုံတစ္ခုကို အေလးအနက္ေတြးေတာေနပုံေပါက္ေပမယ့္ ကြၽန္ေတာ့္အျမင္မွာေတာ့ဒါဟာ သာမန္ပါပဲ။ ကြၽန္ေတာ္ အခန္းထဲကိုတံခါးေခါက္ၿပီးဝင္သြားလိုက္တယ္။ ထိုလူက ကြၽန္ေတာ့္ကိုၾကည့္ၿပီး သာမာန္လူတစ္ေယာက္လို ထိုင္ပါဆိုၿပီး သူ႔ေရွ႕က ထိုင္ခုံတစ္ခုကို ၫႊန္ျပလိုက္တယ္။က်ေတာ္လည္းဝင္ထိုင္လိုက္ၿပီးေတာ့ ထိုလူက
'' ကြၽန္ေတာ့္ နာမည္ .....ပါ ခင္ဗ်ား ကြၽန္ေတာ့္ကို ေဒါက္တာလို႔ပဲေခၚႏိုင္ပါတယ္''
ပထမေတာ့ကြၽန္ေတာ္ေၾကာင္သြားတာေပါ့။ ေနာက္ေတာ့မွ ဒီလူနာက ဆရာဝန္႐ူး႐ူးတာျဖစ္ႏိုင္တယ္လို႔ေတြးမိၿပီး စိတ္ပညာအရ သူ႔ကိုနားလည္ႏိုင္ဖို႔ အလိုက္အလ်ာက္ သ႐ုပ္ေဆာင္ၾကည့္မယ္ဆိုၿပီးဆုံးျဖတ္လိုက္တယ္။ ထိုလူနာက ကြၽန္ေတာ့္ကို ဘယ္လိုေနပါဘယ္လိုထိုင္ပါ ဘာညာနဲ႔ ဆရာႀကီးလုပ္ၿပီးေတာ့ ေဆးတစ္ခ်ိဳ႕ပါေပးေသးသည္။အေတာ့ကိုဂြက်တဲ့စိတ္ေရာဂါသည္ပဲဗ် ဒီညေတာ့ ေခါင္းေျခာက္ေတာ့မွာပဲလို႔ကြၽန္ေတာ္ေတြးလိုက္မိတယ္။ ကြၽန္ေတာ္တို႔စကားေျပာၿပီးသြားေတာ့ ကြၽန္ေတာ့္အေဆာင္ကိုျပန္ဖို႔ လူနာတစ္ေယာက္ကပဲလာေခၚသည္။ဒီစိတ္က်န္းမာေရးေဆး႐ုံကအေတာ္ထူးဆန္းတယ္ဗ် လူနာေတြ ဘယ္ေလာက္ ႐ူးလဲဆိုတာနဲ႔ ခြဲျခားထားၿပီး သိပ္မ႐ူးတဲ့ သူေတြဆိုရင္ ဒီေဆး႐ုံက အလုပ္ေတြျပန္လုပ္ရတယ္။ ဒါကိုေတာ့ကြၽန္ေတာ့္စိတ္ထဲ ဘဝင္မက်လွဘူး။ၿပီးေတာ့ လူနာေတြကိုဆရာဝန္ဆီ ေခၚလာမယ့္အစား ဆရာဝန္ကလူနာေတြကိုလိုက္ေတြ႕ေနရတယ္။တစ္မ်ိဳးပါပဲ။လူနာေတြရဲ႕စိတ္ေရာဂါေတြကလည္းမ႐ိုးရပါဘူး တစ္မ်ိဳးၿပီး တစ္မ်ိဳး အထူးဆန္းေတြခ်ည္းပဲ။ ကြၽန္ေတာ့္ကိုလာေခၚတဲ့လူနာဆိုရင္ သူ႔ေရာဂါက မွန္တစ္ခ်ပ္ကိုစြဲလမ္းေနတာ။အဲ့ေလးေထာင့္ပုံမွန္ေလးကိုၾကည့္ၿပီး ငိုလိုက္ရယ္လိုက္နဲ႔ေပါ့။တံဆိပ္ေလးေတြကို ဘဝတစ္ခုလို တပ္မက္ေနတဲ့စိတ္ေရာဂါမ်ိဳးေတြလည္းရွိတယ္။အိပ္မက္ေတြစိတ္ကူးေတြထဲမွာပဲ ရွင္သန္ေနတဲ့လူနာမ်ိဳးေတြလည္းရွိတယ္။ၾကားသမွ်အမိန္႔ ႏွစ္ခါမစဥ္းစားတဲ့ေရာဂါမ်ိဳးေတြလည္းရွိတယ္။ေနာက္ထပ္ေနာက္ထပ္အမ်ားႀကီးပါပဲ။အမ်ားစုကေတာ့ စိတ္က်ေရာဂါသည္ေတြေပါ့။ကြၽန္ေတာ္တစ္ေန႔က်ရင္ သူတို႔အကုန္လုံးကိုလုံးဝေကာင္းသြားတဲ့ထိ ကုသေပးႏိုင္ရမယ္လို႔ ယုံၾကည္ထားဆဲပါ။
ဒီေန႔ေဆး႐ုံႀကီးကေျခာက္ကပ္ေနသလိုပဲ။ ကြၽန္ေတာ္တစ္ေယာက္တည္းျဖစ္ေနတယ္။ အၿမဲေတြ႕ေနက် လူနာေတြလည္းဘယ္သြားေနၾကလဲမသိဘူး။ ကြၽန္ေတာ္လည္း ပ်င္းပ်င္းရွိတာနဲ႔ အျပင္သြားအုံးမယ္ေတြးၿပီး ေဆး႐ုံမွာဝတ္ေနက် အဝတ္စား မဟုတ္တာေတြဝတ္ၿပီးတစ္ေယာက္တည္းထြက္လာခဲ့တယ္။ကြၽန္ေတာ္ေဆး႐ုံအျပင္ကိုမထြက္ခဲ့တာေတာင္ေတာ္ေတာ္ၾကာၿပီပဲဗ်။ ဘာလို႔မထြက္ခဲ့မွန္း ျပန္စဥ္းစားလို႔ကိုမရဘူး။အေတာ္ၾကာဆို အထြက္ေပါက္ေတာင္ ဘယ္လိုသြားရမွန္း ေမ့သြားလို႔ က်ေတာ္ တစ္ေယာက္ထဲ စမ္းတဝါးဝါးေလွ်ာက္သြားေနခဲ့တယ္။ ေလွ်ာက္လမ္းတစ္ခုၿပီးတိုင္း တစ္ခုၿပီးတိုင္းမွာ ကြၽန္ေတာ္မေတြ႕ဖူးေသးတဲ့ လူနာေတြအမ်ားႀကီးပဲရွိေသးပါလားဆိုတာသိလိုက္ရတယ္ ။ေလွကားထစ္တစ္ထစ္ဆင္းတိုင္း တစ္ထစ္ဆင္းတိုင္း စိတ္ထဲမွာ တစ္ခုခုကို စိုးရိမ္ေနသလို ျဖစ္လာတယ္။အစိမ္းေရာင္နံရံေတြနဲ႔ မ်က္ႏွာက်က္က ပင့္ကူမွ်င္ေတြဟာ ကြၽန္ေတာ့္ကို ေျခာက္ျခားလာေစတယ္။ကြၽန္ေတာ္အေဆာင္နဲ႔ ေဆးခန္းနဲ႔ကိုပဲ ကူးေနတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ။ တစ္ေနရာအေရာက္မွာ ကြၽန္ေတာ္ျမင္ဖူးေနက်လူနာတစ္ေယာက္ကို အခန္းေရွ႕မွာငုတ္တုပ္ထိုင္ေနတာ ေတြ႕လိုက္တာနဲ႔ သူ႔ကိုပဲကြၽန္ေတာ္ သြားေမးလိုက္တယ္ ။
''ထြက္ေပါက္ကို ဘယ္လိုသြားရလဲဗ်''
''ဒီေရွ႕ကေလွကားကေန တစ္ထပ္ဆင္းသြားၿပီးေတာ့ ဘယ္ဘက္ခ်ိဳးလိုက္ပါ ''
ထိုလူနာက ေျဖၿပီးေတာ့မွ ကြၽန္ေတာ့ကို တစ္ခ်က္စိုက္ၾကည့္ေနသည္။ကြၽန္ေတာ္လည္း ဂ႐ုစိုက္မေနဘဲ ထိုလူနာေျပာသည့္အတိုင္း သြားေနၿပီးမွ ေက်းဇူးတင္ပါတယ္လို႔ေျပာဖို႔သတိရလို႔လွည့္ၾကည့္လိုက္ေတာ့ သူ႔ကိုမေတြ႕ေတာ့။ ထိုလူေျပာသလိုေလွကားကေနဆင္းၿပီး ဘယ္ဘက္ခ်ိဳးလိုက္တဲ့အခါ တံခါးတစ္ခုကို ေတြ႕လိုက္ရတယ္။ကြၽန္ေတာ္တံခါးကိုဖြင့္ဖို႔လက္လွမ္းေနတုန္းေလးမွာပဲ ႐ုတ္တရက္ၾကမ္းျပင္ေပၚ လွဲသိပ္ၿပီး ခ်ဳပ္ထားတာခံလိုက္ရပါေလေရာ။ကြၽန္ေတာ္ၾကက္ေသသြားသလားပဲ။ေနာက္ကိုလွည့္ၾကည့္လိုက္တဲ့ခ်ိန္မွာ ေနာက္ထပ္လူေလးငါးေယာက္ေလာက္ေျပးလာတာလည္းေတြ႕ရတယ္။ကြၽန္ေတာ္ ကြၽန္ေတာ့္ကိုခ်ဳပ္ထားတဲ့အ႐ူးရဲ႕လက္ကို ကိုက္လိုက္တယ္။႐ုန္းရင္းဆန္ခက္ျဖစ္ေနတုန္းမွာပဲ ေနာက္ထပ္ အ႐ူးႏွစ္ေယာက္ေလာက္က ကြၽန္ေတာ့္ကို ခ်ဳပ္ထားလိုက္ၾကၿပီ။ျပန္႐ုန္းဖို႔ႀကိဳးစားေပမယ့္ လူအင္အားမမွ်ေတာ့တာကြၽန္ေတာ္သိလိုက္ပါတယ္။
''ကယ္ၾကပါအုံး ကြၽန္ေတာ့္ကို အ႐ူးေတြဝိုင္းခ်ဳပ္ထားလိုက္ၾကၿပီ လာၾကပါအုံး လုပ္ၾကပါအုန္း၊
အ႐ူးေတြငါ့ကို လႊတ္ေနာ္ လႊတ္ၾကစမ္း''
ကြၽန္ေတာ္အသံကုန္ျခစ္ၿပီးေအာ္ေနလိုက္မိတယ္ ဒါေပမယ့္ အသံၾကားလို႔ထပ္ေရာက္လာသမွ်လူေတြကလည္း အ႐ူးေတြပဲျဖစ္ေနတယ္။ကြၽန္ေတာ္ရွိသမွ်အားအကုန္သုံးၿပီး႐ုန္းကန္ေနတုန္းမွာပဲ ေဆးထိုးအပ္တစ္ခုနဲ႔အထိုးခံလိုက္ရတာကိုခံစားလိုက္ရတယ္။ကြၽန္ေတာ့္အားအင္ေတြခ်ိနဲ႔လာၿပီ။တစ္ကိုယ္လုံးလည္းကိုက္ခဲလာတယ္။က်ေတာ္နာက်င္ေနၿပီ။ကိုယ္ကယ္တင္ဖို႔ႀကိဳးစားခဲ့တဲ့လူေတြလက္ထဲမွာ ဇာတ္သိမ္းရေတာ့မွာပါလားဆိုတဲ့အသိက အနာက်င္ဆုံးပဲ။အာ႐ုံေတြေဝဝါးလာတယ္။ကြၽန္ေတာ့္မ်က္လုံးႏွစ္လုံးမပိတ္ခင္ေလးမွာ ကြၽန္ေတာ့္ကိုေဆးထိုးလိုက္တဲ့အ႐ူးဟာ အက်ီအျဖဴနဲ႔ ဆရာဝန္႐ူး႐ူးေနတဲ့လူနာဆိုတာကို ေနာက္ဆုံးျမင္လိုက္ရတယ္။ကြၽန္ေတာ့္မ်က္လုံးေတြေမွာင္အတိက်သြားတယ္။ကြၽန္ေတာ္ေမ့ေမ်ာမသြားခင္အခ်ိန္ေလးမွာ အ႐ူးႏွစ္ေယာက္အခ်င္းခ်င္းေျပာေနတာၾကားလိုက္ပါေသးတယ္။
''ဒီလူကဘာေရာဂါလဲ''
''သူကလြဲရင္ တစ္ေလာကလုံးကို အ႐ူးလို႔ျမင္တဲ့ေရာဂါပါ''
🤩🤩
ReplyDelete😄😆Clicked🌸
ReplyDelete🐝
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDelete🌃🌉
ReplyDeleteDone
ReplyDelete🔥
ReplyDeleteDone
ReplyDeleteDone
ReplyDelete