နှစ်ခါမရသော

 Unicode


 နှစ်ခါမရသော

---------------------

 

ဘဝမှာ နှစ်ခါရဖူးချင်တဲ့အရာတွေ ရှိဖူးလား။

ပြန်မရချင်တဲ့ အရာတွေကော ရှိဖူးလား။

ကျွန်မကတော့ အရာအားလုံးကို နှစ်ခါ ပြန်ရချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မဘဝက

ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လုပ်ချင်တဲ့အရာတိုင်းကို နှစ်ခါပြန်လုပ်ဖို့ အခွင့်အရေး မရှိတော့ဘူးလေ။

မကြာခင်မှာ ကျွန်မဟာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ်။

ဘယ်ဆီကိုလဲ ကျွန်မ မသိဘူး။

ကောင်းကင်လား မြေကြီးလား။

ကျွန်မရဲ့လက်ကျန်အချိန်က မကြာဆို နှစ်လ သို့မဟုတ် သုံးလပဲ ကျန်တော့တယ်။

ကျွန်မမှာ ရှင်သန်နေဖို့ အချိန်မရှိတော့ဘူးလို့ ဆရာဝန်တွေပြောတာ ကျွန်မ ကြားမိတယ်။

 

ဟုတ်ပါတယ်။

ကျွန်မက ရင်သားကင်ဆာ ရောဂါသည်တစ်ယောက်လေ။ကင်ဆာဆိုတော့ အသက်ရှင်ဖို့

မျှော်လင့်ချက်မဲ့ပြီပေါ့။ ရောဂါစဖြစ်တော့ သာမန်ရောဂါတစ်ခုပဲဆိုပြီး ကျွန်မ သတိမမူနေခဲ့မိတယ်။

နောက်ဆုံး ကျွန်မ သိလိုက်တာက ရင်သားကင်ဆာနောက်ဆုံးအဆင့်တဲ့။ ကျွန်မ အမျိုးသားကတော့

ငိုနေလေရဲ့။ သူက ကျွန်မကို ပြောတယ်"မိန်းမကို ရောဂါပျောက်အောင် အစွမ်းကုန်ကုပေးမယ်၊ ပိုက်ဆံတွေ ကုန်စမ်းပါစေ၊ မိန်းမ အားမငယ်နဲ့" တဲ့ ကျွန်မ ငိုလို့မရဘူး။

အတင်းငိုချင်ပင်မယ့် မျက်ရည်က  ကျမလာခဲ့ဘူး။

ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ အေးစက်တောင့်တင်းမာကျောလျက်။ ကျွန်မဟာ ကြွေတော့မည့် ပန်းတစ်ပွင့်သာ။

 

ကျွန်မမှာ သားကြီးနဲ့ သမီးငယ်နှစ်ယောက်လည်း

ရှိသေးတယ်။ ကျွန်မမှာ ချုပ်ပေးစရာ အထည်တွေလည်း ရှိသေးတယ်။ ဖောက်သည်တွေနဲ့ ကျွန်မရဲ့ စက်ချုပ်လုပ်ငန်းကို ကျွန်မ အပျက်မခံချင်ဘူးကွယ်။ ကျွန်မ ဝမ်းနည်းမိတယ်။

ရောဂါဖြစ်ပြီး သိသိသာသာ ကျွန်မဆံပင်တွေ

 ကျွတ်ကျလာတယ်။ နောက်ဆုံး ကျွန်မရဲ့ တင်းပါးထိဖြာကျတဲ့ဆံပင်တွေ ကုန်သွားတယ်။

 အခုတော့ သူတို့က ကျွန်မကို

စိန်ကုတုံးလို့ ချစ်စနိုးခေါ်နေကြပြီ။ စိန်ကုတုံးတဲ့   လမ်းလျှောက်ရင် ယိုင်နဲ့နဲ့ နဲ့ ကျွန်မဟာ မသေခင်မှာ နာနေရပြီ။

 

ကျွန်မ နားလည်ပါတယ်။

ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလက်ခံနိုင်အောင်

ကြိုးစားနေပါတယ်။ ကျွန်မ မငိုပါဘူးကွယ်။

ကျွန်မ အားတင်းထားပါတယ်။

တစ်ခါတစ်လေ အပျင်းပြေ ဘေးအိမ်ကိုလည်း

အလည်သွားတယ်။ ကျွန်မရဲ့ အိမ်နီးချင်းကိုလည်းသိပ်သဘောကျတယ်။ ဘာကြောင့်လည်း ဆိုတော့

 

ကျွန်မတို့အိမ်ရဲ့ အနောက်ဘက်နားမှာ အိမ်နီးချင်း အိမ်တစ်လုံးရှိတယ်။  ထိုအိမ်က  အချိန်တိုင်းလိုလို မိသားစုစကားဝိုင်း လုပ်ေလ့ရှိတယ်။မိသားစု စကားဝိုင်းဆိုလို့ လူအများကြီး စုံညီ ပြောကြဆိုကြတဲ့ စကားဝိုင်းတော့မဟုတ်ပေ။ အမေဖြစ်သူနှင့် သမီးဖြစ်သူတို့  ထိုနှစ်ယောက်တည်း သူများအကြောင်း ကိုယ့်အကြောင်း အတင်းတုတ်သော စကားဝိုင်းပေါ့။အတင်းတုတ်သည်ဆိုသော်လည်း သူများအကြောင်း ပုတ်ခတ်နေခြင်းလည်း မဟုတ်။

သာမန် အကြောင်းကိစ္စတစ်ခုခုကို ဇာချဲ့ ပြောနေသလိုမျိုးဖြစ်တယ်။

 

ကျွန်မတို့အိမ်နှင့် သူတို့အိမ်သည် ကျောပေးနီးကပ်စွာရှိ၍ တစ်ခုခုဆိုလျှင် ကြားနေရ၊ မြင်နေရတယ်။ အထူးသဖြင့် ကျွန်မအခန်းပြတင်းပေါက်နား

ဆိုလျှင် သူတို့ပြောသမျှ ၊ဆိုသမျှ မကြားချင်မှအဆုံးပေါ့။

 

နေ့စဉ်မနက်တိုင်း ထိုသားအမိနှစ်ယောက်သည် စကား ပြောလိုက် ၊ထမင်းဟင်းချက်လိုက်

နေ့စဉ် နေ့လည်တိုင်း ထိုသားအမိနှစ်ယောက်သည် ကွပ်ပျစ်ပေါ်တွင် နှစ်ယောက်အတူတူလှဲရင်း စကားပြောကြပြန်တယ်။  တစ်ခါတစ်လေ

 ထို သားအမိနှစ်ယောက်က စကားပြောရင်း ရန်ဖြစ်ကြသေးတယ်။ ရန်ဖြစ်သည်ဆိုသည်မှာ  သာမန်အငြင်းအခုန်လောက်ထင်ပါရဲ့။ ကျွန်မလေ သူတို့ပြောသမျှနားထောင်ရင်း ရယ်ရပြုံးရတယ်။

 

ညနေပိုင်းဆိုရင် အမေဖြစ်သူပဲ အိမ်မှာ ရှိနေခဲ့တယ်။ သမီးဖြစ်သူကအလုပ်ကိစ္စနဲ့ အပြင်အမြဲသွားရတယ်။  ညနေမိုးချုပ် သမီးဖြစ်သူ အိမ်ပြန်လာ သောအခါ သားအမိနှစ်ယောက် တီဗီကြည့်ရင်း၊ ဆန် စပါးလုံးရွေးရင်း ပြောကြပြန်၏။ ဘာအကြောင်းများပြောနေမှန်းသည်ကို

ကျွန်မ သေချာမသိ။ သို့သော်

သူတို့ တကယ်ပြောနိုင်ကြတယ်။

ပျင်းရိငြီးငွေ့ခြင်းလည်း မရှိကြ။

ကျွန်မ နားထောင်ရင်း ပြုံးမိတယ်

ကျွန်မ နားထောင်ရင်း အားကျမိတယ်။

 

ထို့နေ့က သက်ြန်အကျနေ့။

ထိုသားအမိနှစ်ယောက်က ဥပုဒ်စောင့်ဖိုဘ ဘုန်းကြီးကျောင်း သွားရန် ပြင်နေကြသည်။

နားကိုညံနေ၏။

သမီး " အမေ သမီး ဒီအင်္ကျီလေးဝတ်မလို့ လိုက်ဖက်ရဲ့လား။ ကြည့်ပေးပါဦး သနပ်ခါးတော့ မလိမ်းရသေးဘူး။ "

အမေ။ "လိုက်တယ် သမီးနဲ့ ဟပ်လို့ အသားမည်းတာ တစ်ခုပဲ" 

သမီး။ အဲ့ဒါ တော် မွေးပေးတာလေ။

သူတို့တွေ ပြင်ဆင်နေတဲ့အသံတွေ

ကျွန်မနားထဲ မကြားချင်လည်း ရောက်ရောက်လာ၏။ " ကျွန်မလည်း ပျော်ရွှင်စွာ အပြင်ထွက်ချင်မိ။ ရေပက်ခံချင်မိ။ "

မျက်ရည်တွေ အလိုလိုကျ။

ဘဝက ဒီလိုပါပဲလား။

 

နေ့စဉ်တိုင်း ဒီသားအမိနှစ်ယောက်သည် သူတို့မိသားစုအရေး၊ သူများအကြောင်း စသည် ပြောရင်း အချိန်ကုန်နေကြသည်။ တစ်ခါတစ်လေ ကျွန်မတွေးမိတယ်။  ထိုသားအမိနှစ်ယောက်ကဲ့သို့တွေးကြည့်လျှင် ဘဝကြီးက မည်မျှအေးချမ်းသာယာလိုက်မလဲ။ ကျွန်မလည်း ထိုသားအမိနှစ်ယောက်လို အချင်းချင်း တိုင်ပင်လိုက် ဆွေးနွေးလိုက်၊ ရင်ဖွင့်လိုက်၊ ဝမ်းနည်းလိုက် ဝမ်းသာလိုက် နေပစ်ချင်မိ။

 

တစ်ခါတစ်လေနားညည်းအောင် ပြောတတ်တဲ့ ထိုသားအမိနှစ်ယောက်ကို အမြင်ကပ်သလို

 တစ်ခါတစ်လေ ကျွန်မကို ပြုံးစေလို့ ကျေးဇူးတင်မိပြန်တယ်။  တကယ်ဆိုလျှင် ကျွန်မကိုယ်ကျွန်မပဲ သနားမိတယ်။ သူတို့လို ကြုံရာ ဆုံရာ ပြော ဖို့၊

ယခုအချိန် ကျွန်မအနားမှာ ဘယ်သူမှ မရှိပါဘဲကွယ်။စကားသံပြောဖို့လည်း အင်အားမရှိတော့။

ကျွန်မအနားမှာ အမေရှိသော်လည်း ကျမကို အမြဲသနားတဲ့မျက်ဝန်းနဲ့ ကြည့်သောအမေ့ကို မမြင်ချင်တော့။  ဆေးအနံ့စွဲနေတဲ့ ဒီအခန်းထဲ ကျွန်မ အမြန် ရုန်းထွက်ချင်လှပြီ။

 

အခွင့်အရေးရခဲ့ရင် ကျွန်မ ကြောင်ကလေးတစ်ကောင် မွေးကြည့်ချင်မိ။

ထို့နောက် ကြောင်လေးနှင့် စကားပြောကြည့်ချင်မိတယ်။ ထိုအသားမိတွေလို အသံအကျယ်ကြီး ရယ်မောချင်မိ။

ပျော်ပျော်ရွှင်ရွှင် စကားပြောပစ်ချင်မိ။

သို့သော် နှစ်ခါပြန်မရတော့။

ကျွန်မ နားလည်မိတယ်။

 

ကျွန်မတွေးရင်း ဆွေးရင်း

ဝေဒနာက တဆစ်ဆစ်နဲ့ ကိုက်ခဲနာကျင်လှပြီ။

ကျွန်မဟာ စောင့်မျှော်ခြင်းမှာ ကျွမ်းကျင်လှပါပြီ။  စကားသံတွေ မရပ်တန့်ခင်

 အချိန်မီ နှုတ်ဆက်ချင်မိ။

ကျွန်မ သွားတော့မည်။

 မကြာခင်မှာ ကောင်းကင်ကိုလား မြေကြီးကိုလား။

 

#Emerald Kay





Zawgyi


 ႏွစ္ခါမရေသာ

---------------------


ဘဝမွာ ႏွစ္ခါရဖူးခ်င္တဲ့အရာေတြ ရွိဖူးလား။

ျပန္မရခ်င္တဲ့ အရာေတြေကာ ရွိဖူးလား။

ကၽြန္မကေတာ့ အရာအားလုံးကို ႏွစ္ခါ ျပန္ရခ်င္တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကၽြန္မဘဝက

ကိုယ္ျဖစ္ခ်င္တဲ့ ၊ ကိုယ္လုပ္ခ်င္တဲ့အရာတိုင္းကို ႏွစ္ခါျပန္လုပ္ဖို႔ အခြင့္အေရး မရွိေတာ့ဘူးေလ။ 

မၾကာခင္မွာ ကၽြန္မဟာ‌ ေလာကႀကီးကို ႏႈတ္ဆက္ထြက္ခြာရေတာ့မယ္။ 

ဘယ္ဆီကိုလဲ ကၽြန္မ မသိဘူး။ 

ေကာင္းကင္လား ေျမႀကီးလား။ 

ကၽြန္မရဲ့လက္က်န္အခ်ိန္က မၾကာဆို ႏွစ္လ သို႔မဟုတ္ သုံးလပဲ က်န္‌ေတာ့တယ္။ 

ကၽြန္မမွာ ရွင္သန္ေနဖို႔ အခ်ိန္မရွိေတာ့ဘူးလို႔ ဆရာဝန္ေတြေျပာတာ ကၽြန္မ ၾကားမိတယ္။ 


ဟုတ္ပါတယ္။ 

ကၽြန္မက ရင္သားကင္ဆာ ေရာဂါသည္တစ္‌ေယာက္ေလ။ကင္ဆာဆိုေတာ့ အသက္ရွင္ဖို႔ 

ေမၽွာ္လင့္ခ်က္မဲ့ၿပီေပါ့။ ေရာဂါစျဖစ္ေတာ့ သာမန္ေရာဂါတစ္ခုပဲဆိုၿပီး ကၽြန္မ သတိမမူေနခဲ့မိတယ္။

ေနာက္ဆုံး ကၽြန္မ သိလိုက္တာက ရင္သားကင္ဆာေနာက္ဆုံးအဆင့္တဲ့။ ကၽြန္မ အမ်ိဳးသားကေတာ့ 

ငိုေနေလရဲ့။ သူက ကၽြန္မကို ေျပာတယ္"မိန္းမကို ေရာဂါေပ်ာက္ေအာင္ အစြမ္းကုန္ ကုေပးမယ္၊ ပိုက္ဆံေတြ ကုန္စမ္းပါေစ၊ မိန္းမ အားမငယ္နဲ႔" တဲ့ ကၽြန္မ ငိုလို႔မရဘူး။ 

အတင္းငိုခ်င္ပင္မယ့္ မ်က္ရည္က  က်မလာခဲ့ဘူး။ 

ကၽြန္မရဲ့ ခႏၶာကိုယ္ဟာ ေအးစက္ေတာင့္တင္းမာေက်ာလ်က္။ ကၽြန္မဟာ ေႂကြေတာ့မည့္ ပန္းတစ္ပြင့္သာ။ 


ကၽြန္မမွာ သားႀကီးနဲ႔ သမီးငယ္ႏွစ္ေယာက္လည္း 

ရွိေသးတယ္။ ကၽြန္မမွာ ခ်ဳပ္ေပးစရာ အထည္ေတြလည္း ရွိေသးတယ္။ ေဖာက္သည္ေတြနဲ႔ ကၽြန္မရဲ့ စက္ခ်ဳပ္လုပ္ငန္းကို ကၽြန္မ အပ်က္မခံခ်င္ဘူးကြယ္။ ကၽြန္မ ဝမ္းနည္းမိတယ္။

ေရာဂါျဖစ္ၿပီး သိသိသာသာ ကၽြန္မဆံပင္ေတြ

 ကၽြတ္က်လာတယ္။ ေနာက္ဆုံး ကၽြန္မရဲ့ တင္းပါးထိျဖာက်တဲ့ဆံပင္ေတြ ကုန္သြားတယ္။

 အခုေတာ့ သူတို႔က ကၽြန္မကို 

စိန္ကုတုံးလို႔ ခ်စ္စနိုးေခၚေနၾကၿပီ။ စိန္ကုတုံးတဲ့ ။  လမ္းေလၽွာက္ရင္ ယိုင္နဲ႔နဲ႔ နဲ႔ ကၽြန္မဟာ မေသခင္မွာ နာေနရၿပီ။


ကၽြန္မ နားလည္ပါတယ္။

ကိုယ့္ရဲ့ ျဖစ္တည္မႈကိုလက္ခံနိုင္ေအာင္

ႀကိဳးစားေနပါတယ္။ ကၽြန္မ မငိုပါဘူးကြယ္။

ကၽြန္မ အားတင္းထားပါတယ္။ 

တစ္ခါတစ္ေလ အပ်င္းေၿပ ေဘးအိမ္ကိုလည္း 

အလည္သြားတယ္။ ကၽြန္မရဲ့ အိမ္နီးခ်င္းကိုလည္းသိပ္သေဘာက်တယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ ။


ကၽြန္မတို႔အိမ္ရဲ့ အေနာက္ဘက္နားမွာ အိမ္နီးခ်င္း အိမ္တစ္လုံးရွိတယ္။  ထိုအိမ္က  အခ်ိန္တိုင္းလိုလို မိသားစုစကားဝိုင္း လုပ္‌ေလ့ရွိတယ္။မိသားစု စကားဝိုင္းဆိုလို႔ လူအမ်ားႀကီး စုံညီ ေျပာၾကဆိုၾကတဲ့ စကားဝိုင္းေတာ့မဟုတ္ေပ။ အေမျဖစ္သူႏွင့္ သမီးျဖစ္သူတို႔  ထိုႏွစ္ေယာက္တည္း သူမ်ားအေၾကာင္း ၊ ကိုယ့္အေၾကာင္း အတင္းတုတ္‌ေသာ စကားဝိုင္းေပါ့။အတင္းတုတ္သည္ဆိုေသာ္လည္း သူမ်ားအေၾကာင္း ပုတ္ခတ္ေနျခင္းလည္း မဟုတ္။ 

သာမန္ အေၾကာင္းကိစၥတစ္ခုခုကို ဇာခ်ဲ႕ ေျပာေနသလိုမ်ိဳးျဖစ္တယ္။ 


ကၽြန္မတို႔အိမ္ႏွင့္ သူတို႔အိမ္သည္ ေက်ာေပးနီးကပ္စြာရွိ၍ တစ္ခုခုဆိုလၽွင္ ၾကားေနရ၊ ျမင္ေနရတယ္။ အထူးသျဖင့္ ကၽြန္မအခန္းျပတင္းေပါက္နား

ဆိုလၽွင္ သူတို႔ေျပာသမၽွ ၊ဆိုသမၽွ မၾကားခ်င္မွအဆုံးေပါ့။ 


ေန႔စဥ္မနက္တိုင္း ထိုသားအမိႏွစ္ေယာက္သည္ စကား ေျပာလိုက္ ၊ထမင္းဟင္းခ်က္လိုက္ ။ 

ေန႔စဥ္ ေန႔လည္တိုင္း ထိုသားအမိႏွစ္ေယာက္သည္ ကြပ္ပ်စ္ေပၚတြင္ ႏွစ္ေယာက္အတူတူလွဲရင္း စကားေျပာၾကျပန္တယ္။  တစ္ခါတစ္ေလ

 ထို သားအမိႏွစ္ေယာက္က စကားေျပာရင္း ရန္ျဖစ္ၾကေသးတယ္။ ရန္ျဖစ္သည္ဆိုသည္မွာ  သာမန္အျငင္းအခုန္ေလာက္‌ ထင္ပါရဲ့။ ကၽြန္မ‌ေလ သူတို႔ေျပာသမၽွနားေထာင္ရင္း ရယ္ရျပဳံးရတယ္။


ညေနပိုင္းဆိုရင္ အေမျဖစ္သူပဲ အိမ္မွာ ရွိေနခဲ့တယ္။ သမီးျဖစ္သူကအလုပ္ကိစၥနဲ႔ အျပင္အျမဲသြားရတယ္။  ညေနမိုးခ်ဳပ္ သမီးျဖစ္သူ အိမ္ျပန္လာ ေသာအခါ သားအမိႏွစ္ေယာက္ တီဗီၾကည့္ရင္း၊ ဆန္ စပါးလုံးေရြးရင္း ေျပာၾကျပန္၏။ ဘာအ‌ ေၾကာင္းမ်ားေျပာေနမွန္းသည္ကို 

ကၽြန္မ ေသခ်ာမသိ။ သို႔ေသာ္

သူတို႔ တကယ္ေျပာနိုင္ၾကတယ္။

ပ်င္းရိၿငီးေငြ႕ျခင္းလည္း မရွိၾက။ 

ကၽြန္မ နားေထာင္ရင္း ျပဳံးမိတယ္

ကၽြန္မ နားေထာင္ရင္း အားက်မိတယ္။


ထို႔ေန႔က သက္ျန္အက်ေန႔။ 

ထိုသားအမိႏွစ္ေယာက္က ဥပုဒ္ေစာင့္ဖိုဘ ဘုန္းႀကီးေက်ာင္း သြားရန္ ျပင္ေနၾကသည္။ 

နားကိုညံေန၏။ 

သမီး ။ ။" အေမ သမီး ဒီအကၤ်ီေလးဝတ္မလို႔ လိုက္ဖက္ရဲ့လား။ ၾကည့္ေပးပါဦး ။ သနပ္ခါးေတာ့ မလိမ္းရေသးဘူး။ " 

အေမ။ ။"လိုက္တယ္ သမီးနဲ႔ ဟပ္လို႔ ။ အသားမည္းတာ တစ္ခုပဲ"  

သမီး။ ။ အဲ့ဒါ ေတာ္ ေမြးေပးတာေလ။ 

သူတို႔ေတြ ျပင္ဆင္ေနတဲ့အသံေတြ 

ကၽြန္မနားထဲ မၾကားခ်င္လည္း ေရာက္ေရာက္လာ၏။ "ဪ ကၽြန္မလည္း ေပ်ာ္ရႊင္စြာ အျပင္ထြက္ခ်င္မိ။ ေရပက္ခံခ်င္မိ။ " 

မ်က္ရည္ေတြ အလိုလိုက်။

ဘဝက ဒီလိုပါပဲလား။ 


ေန႔စဥ္တိုင္း ဒီသားအမိႏွစ္ေယာက္သည္ သူတို႔မိသားစုအေရး၊ သူမ်ားအေၾကာင္း စသည္ ေျပာရင္း အခ်ိန္ကုန္ေနၾကသည္။ တစ္ခါတစ္ေလ ကၽြန္မေတြးမိတယ္။  ထိုသားအမိႏွစ္ေယာက္ကဲ့သို႔ေတြးၾကည့္လၽွင္ ဘဝႀကီးက မည္မၽွေအးခ်မ္းသာယာလိုက္မလဲ။ ကၽြန္မလည္း ထိုသားအမိႏွစ္ေယာက္လို အခ်င္းခ်င္း တိုင္ပင္လိုက္ ၊ ေဆြးေႏြးလိုက္၊ ရင္ဖြင့္လိုက္၊ ဝမ္းနည္းလိုက္ ၊ ဝမ္းသာလိုက္ ေနပစ္ခ်င္မိ။ 


တစ္ခါတစ္ေလနားညည္းေအာင္ ေျပာတတ္တဲ့ ထိုသားအမိႏွစ္ေယာက္ကို အျမင္ကပ္သလို

 တစ္ခါတစ္ေလ ကၽြန္မကို ျပဳံးေစလို႔ ေက်းဇူးတင္မိျပန္တယ္။  တကယ္ဆိုလၽွင္ ကၽြန္မကိုယ္ကၽြန္မပဲ သနားမိတယ္။ သူတို႔လို ၾကဳံရာ ဆုံရာ ေျပာ ဖို႔၊ 

ယခုအခ်ိန္ ကၽြန္မအနားမွာ ဘယ္သူမွ မရွိပါဘဲကြယ္။စကားသံေျပာဖို႔လည္း အင္အားမရွိေတာ့။ 

ကၽြန္မအနားမွာ အေမရွိေသာ္လည္း က်မကို အျမဲသနားတဲ့မ်က္ဝန္းနဲ႔ ၾကည့္ေသာအေမ့ကို မျမင္ခ်င္ေတာ့။  ေဆးအနံ့စြဲေနတဲ့ ဒီအခန္းထဲ ကၽြန္မ အျမန္ ႐ုန္းထြက္ခ်င္လွၿပီ။


အခြင့္အေရးရခဲ့ရင္ ကၽြန္မ ေၾကာင္ကေလးတစ္ေကာင္ ေမြးၾကည့္ခ်င္မိ။ 

ထို႔ေနာက္ ေၾကာင္ေလးႏွင့္ စကားေျပာၾကည့္ခ်င္မိတယ္။ ထိုအသားမိေတြလို အသံအက်ယ္ႀကီး ရယ္ေမာခ်င္မိ။ 

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေျပာပစ္ခ်င္မိ။ 

သို႔ေသာ္ ႏွစ္ခါျပန္မရေတာ့။ 

ကၽြန္မ နားလည္မိတယ္။ 


ကၽြန္မေတြးရင္း ၊ ေဆြးရင္း 

ေဝဒနာက တဆစ္ဆစ္နဲ႔ ကိုက္ခဲနာက်င္လွၿပီ။ 

ကၽြန္မဟာ ေစာင့္ေမၽွာ္ျခင္းမွာ ကၽြမ္းက်င္လွပါၿပီ။  စကားသံေတြ မရပ္တန႔္ခင္

 အခ်ိန္မီ ႏႈတ္ဆက္ခ်င္မိ။ 

ကၽြန္မ သြားေတာ့မည္။

 မၾကာခင္မွာ ေကာင္းကင္ကိုလား ေျမႀကီးကိုလား။

။ ။


#Emerald Kay


Comments

  1. ထွက်သွားရမယ့်သူမှာလည်း စကားလုံးနဲ့ ဖော်မပြတတ်လောက်အောင် စိတ်ရောကိုယ်ပါ နာကျင်ခံစားနေရသလို ကျန်ခဲ့ရမယ့်သူတွေမှာလည်း ရင်ထဲမှာ နှလုံးသားတွေတစ်စစီ ကြေမွသွားသလို တိတ်တဆိတ် နာကျင်ခံစားနေရတာ။

    ReplyDelete
  2. လူတိုင်းကြုံရမယ့်လမ်း...😔
    အရဲရင့်ဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ပါစေ..

    ကိုယ်လည်း အဲလိုအချိန်ရှိလာခဲ့ရင် ဘယ်လိုဆန္ဒတွေရှိနေမလဲ မသိဘူး။

    လက်ရှိဆန္ဒကတော့ မအလကို အမှုံ့ကြိတ်ချင်တယ်


    ReplyDelete

Post a Comment