ကံကြမ္မာလား၊ မှန်တာလား
Unicode
ဆယ်တန်းအောင်စာရင်းထွက်ပြီး တစ်ပတ်အကြာတွင် ယုမောင် သူ့အမေနဲ့ တက္ကသိုလ်လျှောက်ထားမည့် ကိစ္စအကြောင်း ဆွေးနွေးနေသည်။ ယုမောင်တို့အိမ်မှာ တစ်ခုခုတိုင်ပင်ဆွေးနွေးတိုင်း ယုမောင်အဖေ မပါသည်ကများ၏။ ရဲ၀န်ထမ်းဖြစ်သဖြင့် စခန်း၌သာ အချိန်ကုန်နေလေ့ရှိသည်။
“မင်း တပ်မတော်ဆေးတက္ကသိုလ် တက်ချင်လား။ ဒါမှမဟုတ် ရေကြောင်းကောလိပ်တက်ချင်လား။ အဲ့နှစ်ခုက အဆင်အပြေဆုံးပဲလို့ အမေတော့ထင်တယ်။ မင်း အရင်ကပြောတဲ့ ဆေးတက္ကသိုလ်ဆိုတာလဲ ခုအမေတို့စီးပွားရေးအခြေအနေနဲ့ မထားနိုင်တာ မင်းလဲအသိပါ။ နည်းပညာတက္ကသိုလ်ကျတော့လဲ လူတွေအရမ်းများလွန်းတယ်။ တစ်နှစ်တစ်နှစ်ကို ဒီနိုင်ငံမှာ နည်းပညာကျောင်းဆင်းတွေက ရာချီနေတာဆိုတော့ အလုပ်အကိုင်ရဖို့အတွက် ခက်ခဲလိမ့်မယ်ထင်တယ်။”
“သားကတော့ ဆေးကျောင်းတက်ဖို့မဖြစ်နိုင်မယ့်အတူတူ အဝေးသင်လေးတက်ပြီး ကိုယ်ဝါသနာပါတာလေးပဲ လုပ်ချင်တော့တယ်။”
“ ခုလိုခေတ်ထဲမှာ အသက်မွေး၀မ်းကျောင်းပညာမှမတတ်ရင် ဘွဲ့ရထားလဲ ဘယ်နေရာမှာမှ လုပ်ကိုင်စားဖို့ မလွယ်ဘူး။ အမေပြောသလိုကျောင်းတွေ မတက်ချင်ဘူးဆိုရင်တော့ မင်းဘာသာမင်း အပြင်မှာအတွေ့အကြုံယူပြီး စီးပွားရေးလုပ်ချင်တယ်ဆိုလဲ မင်းသဘောပဲ။ အဝေးသင်တက်ဖို့တော့ မပြောနဲ့။ အဲ့လိုတွေတက်ပြီး လူငယ်တွေ ပျက်စီးနေကြတာ အများကြီးပဲ။ အလကားသက်သက် အချိန်တွေ၊ငွေတွေ ဖြုန်းတီးပစ်နေသလိုပဲ။”
“သားစီးပွားရေးချည်းပဲလဲ မလုပ်ချင်သေးဘူး။ သားစဉ်းစားတာက သားရဲ့ဝါသနာနဲ့ ကိုက်ညီမယ့်အလုပ်မျိုးပေါ့။ ကျောင်းကမတက်ရလဲ ဘာမှမဖြစ်ပါဘူး။ အလုပ်ကို ဝါသနာမပါတဲ့ဟာမျိုးတော့ သားမလုပ်ချင်ဘူး။”
“မင်းဝါသနာဆိုတာက ကဗျာတွေ၊စာတွေ အကြောင်းကိုပြောတာလား။ အဲ့တာတွေက ဝါသနာအရတော့ အမေဘာမှမပြောပေမယ့် မင်းဘ၀အတွက်တော့ ဘာအာမခံချက်မှ ရှိတဲ့ဟာတွေမဟုတ်ဘူးလေ။”
“ဒါပေမယ့် သားမှကျန်တဲ့အလုပ်တွေ မလုပ်ချင်တာ။ သားလုပ်ချင်တာကိုပြောရမယ်ဆိုရင် စာတွေရေးချင်တယ်။ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ တပ်အပ်မပြောနိုင်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ကြိုးစားကြည့်ချင်သေးတယ် အမေ။”
“အချိန်မကုန်ချင်စမ်းပါနဲ့ သားရာ။ အမေပြောနေရတာ မင်းဘ၀အတွက်တင်မဟုတ်ဘူး။ မင်းလဲ သိပြီးသားပါ။ မပြောချင်ပေမယ့်လဲ ပြောရမှာပဲ အမေတို့အိမ်ကိုပေါင်ထားတာ အတိုးချည်းပဲ တစ်လကိုဆယ်သိန်းနီးပါးပေးနေရတယ်။ အရင်လိုစီးပွားရေးတွေကလဲ မလည်ပတ်တော့ဘူး။ ပြီးတော့ မင်းအဖေကလဲ အသက်ကြီးနေပြီ။ အမေလဲ ကျန်းမာရေးက အရင်လိုမကောင်းတော့ဘူး။ မင်းဝါသနာကို အမေတို့မြေတောင်မြှောက်ပေးချင်ရင်တောင် မလုပ်ပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ်သား။ အမေတို့မရှိရင် မင်းဘ၀ကိုမင်းကျောင်းရမှာ။ အနည်းဆုံးတော့ မင်းမှာ အာမခံချက်ရှိတဲ့အလုပ်လေးတစ်ခု ရသွားတာကို အမေတို့မြင်ချင်ရတယ်။ အမေတို့ကို စိတ်ချမ်းသာစေချင်ရင်ပေါ့”
ယုမောင် ဘာမှပြန်မပြောတော့ပါ။ အဲ့တာ ရွေးချယ်ခွင့်မရှိဘူးဆိုတာကို ယုမောင် သဘောပေါက်လိုက်သည်။ ခြောက်ဘာသာဂုဏ်ထူးနှင့် ဆယ်တန်းအောင်ပြီး ရွေးချယ်စရာကျောင်း နည်းနေသည်မှာ ရယ်စရာတော့ ကောင်းသည်။ ယုမောင်ရဲ့ ကံလို့ပဲသတ်မှတ်ရမလား၊ ယုမောင် ကိုယ်တိုင် ၀ါသနာပါရာကိုစွန့်စားဖို့ သရဲဘောကြောင်နေတာလား မစဉ်းစားတတ်တော့။ သေချာတာကတော့ လွတ်လပ်မှုဆိုတာကို ယုမောင်စပြီး တွေးမိနေသည်။
“နင် ဘယ်ကျောင်းကို တက်မယ်လို့ စဉ်းစားထားလဲ”
မေရီ သောက်လက်စဘီယာခွက်ကို လက်သည်းဖြင့်ခေါက်ရင်း မေးလိုက်သည်။
“နင်ကော ငါ့ကို ဘယ်ကျောင်းတက်စေချင်တာလဲ” မေရီ မေးတာကို မဖြေဘဲ ပြန်မေးလိုက်သည်။
“နင်က ခြောက်ဘာသာနဲ့အောင်တာလေဟယ်။ နင်တက်ချင်တဲ့ ဘယ်ကျောင်းမဆို တက်လို့ရတာပဲ မဟုတ်ဘူးလား။ အရင်တုန်းကတော့ ဆေးကျောင်းတက်မှာလို့ နင်ပြောတယ်လေ။ ခုအမှတ်မှီတာပဲဟာ ဘာပူစရာလိုလို့လဲ။”
ယုမောင် ရီလိုက်မိသည်။ မေရီပြောသလို ရိုးရှင်းခဲ့ရင် ကောင်းမှာလို့လဲ တွေးနေသည်။ ယုမောင် အမေရဲ့ကျန်းမာရေးချူချာလာတာကြောင့် အလုပ်ထဲမလိုက်နိုင်တော့ဘဲ အိမ်ကနေသာ လူယုံတစ်ယောက်နှင့် စီစဉ်ညွှန်ကြားနေရသည်။ ယုမောင်အဖေမှာလဲ ရဲအလုပ်တစ်ခုသာသိပြီး ယုမောင်အမေရဲ့ စီးပွားရေးလုပ်ငန်းများတွင် အားကိုးလို့မရ။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်တိုင်မကြီးကြပ်နိုင်မှုကြောင့်ရော ကံအကြောင်းတရားများအရပါ ယုမောင်တို့အိမ်ကို ပေါင်ထားရတဲ့အဆင့်အထိ ရောက်မှန်းမသိ ရောက်လာခဲ့ရသည်။ ထိုအကြောင်းများကို မေရီ့ကို ယုမောင် မပြောပြမိပါ။ တမင်ဖုံးကွယ်ထားတာမျိုး မဟုတ်ပေမယ့် သူများကို ကိုယ့်ဒုက္ခအကြောင်းပြောရမှာ ယုမောင် ၀န်လေးသည်။
“ငါ ဆေးကျောင်းမတက်ချင်ပါဘူး။အရင်ကတော့ ငါ့ကိုယ်ငါ ဆရာ၀န်ဖြစ်ချင်တယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ငါမဖြစ်ချင်ပါဘူး တကယ်တော့။”
“အဲ့တာဆို ငါမေးတာဖြေလေ။ ဘယ်ကျောင်း တက်မှာလဲလို့။” မေရီ စိတ်မရှည်တဲ့ပုံစံဖြင့် မေးလိုက်သည်။
ယုမောင် မေရီ့လက်အား ဆုပ်ကိုင်လိုက်သည်။ စီးကရက်ကိုဖွာပြီး စဉ်းစားနေသည့်ပုံ လုပ်ပြီးမှ -
“ငါ ရေကြောင်းကောလိပ် တက်မှာ”
မေရီနဲ့ စကားပြောခဲ့တာကို ပြန်စဉ်းစားရင်း ယုမောင် တံမြက်စည်းလှည်းနေသည်။ ရေကြောင်းကောလိပ် ပထမနှစ်ကျောင်းသားများမှာ ကျောင်း၀င်းတွင်းမှာပဲ နေရပြီး ကျောင်းသန့်ရှင်းရေးလုပ်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများ လေ့ကျင့်ခြင်း တို့ကို နေ့စဉ်လုပ်ကြရသည်။ ယုမောင် တံမြက်စည်းလှည်းပြီး ရေချိုးကာ ထမင်းစားခန်း၀င်ခါနီး ဖုန်းအားကိုင်မိလိုက်သည်။ ဒီနေ့နဲ့ဆို မေရီဖုန်းမဆက်တာ တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ ယုမောင် ဖုန်းဆက်ပြီးမေးလျှင်လဲ အကြောင်းပြချက်တစ်ခုခုတော့ ရလာမည်။ ဒါပေမယ့် ပြဿနာဖြစ်ပြီး ဒေါသထွက်ရတာက ပိုများနေလိမ့်မည်။ ဖုန်းကို ပြန်ချပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ရေကြောင်းကောလိပ် ပထမနှစ်ကျောင်းသားဘ၀ကို ယုမောင် ထူးထူးခြားခြား ခံစားလို့မရခဲ့ပါ။ စာသင်နှစ်၀က်လောက်ရောက်ချိန်မှာ ကိုဗစ် 19 ရောဂါ ပျံ့နှံ့မှုကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေနဲ့အတူ ယုမောင်တို့ကျောင်းလဲ ယာယီပိတ်လိုက်ရသည်။ ယုမောင် ကိုယ့်မြို့ကိုယ် ပြန်ရောက်လာခဲ့သည်။ မေရီကတော့ ယုမောင်တို့မြို့မှာ မရှိတော့ပါ။ မန္တလေးက သူ့အဖွားဆီမှာ သွားနေပြီး ဂျပန်စာသင်နေကြောင်း ကြားရသည်။ ယုမောင်တို့မြို့မှာလဲ ဂျပန်စာသင်တန်းများရှိပါသည်။ ဒါပေမယ့် ဘာကြောင့် ဒီမြို့မှာမတက်တာလဲလို့တော့ မမေးဖြစ်တော့ပါ။ သူ့ရဲ့ လွတ်လပ်ခွင့်ပါပဲလို့ တွေးမိပြန်သည်။
ရောဂါပိုးပျံ့နှံ့မှုကြောင့် စာသင်ကျောင်းတွေ ယာယီပိတ်ခဲ့ရပေမယ့် စစ်အာဏာသိမ်းမှုဖြစ်တဲ့အခါမှာတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ကြသည်။ ယုမောင်အဖေလဲ လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။ ယုမောင်အမေနဲ့ ယုမောင်လဲ အိမ်ပေါင်ထားရာမှ အတိုးမပေးနိုင်တော့သည့်အတွက် အိမ်ဆုံးပြီး အမျိုးတွေဆီမှာ အတူတူပြောင်းနေကြရသည်။ ယုမောင်အမေမှာ ကျန်းမာရေးပြန်ကောင်းလာပေမယ့် ယောက်ျားကွယ်လွန်သွားတဲ့အခါ စိတ်ဓာတ်များလဲ အရင်ကလို မခိုင်မာတော့ပါ။ မိသားစုစီးပွားရေးကို ယုမောင်အမေ ဦးမဆောင်နိုင်တော့တဲ့အခါ ထိုတာ၀န်မှာ ယုမောင်ခေါင်းပေါ်ကို ရောက်လာသည်။
ထိုကာလတွေမှာ ယုမောင်အလုပ်လုပ်ရင်း တော်လှန်ရေးရဲဘော်များအတွက် ရန်ပုံငွေရှာတဲ့ ကိစ္စများမှာလဲ တက်တက်ကြွကြွပါ၀င်နေသည်။ ယုမောင်အမေ သိတဲ့အခါ မျက်ရည်ကျသည်။ မျက်ရည်ကျတဲ့အကြောင်းမှာ ယုမောင်အဖေနှင့်ပတ်သက်၍ဖြစ်သည်။ ယုမောင်အဖေမှာ ကွယ်လွန်ပြီးဖြစ်သော်လဲ သူမြတ်နိုးသည့် ရဲ၀န်ထမ်းအလုပ်အား သားဖြစ်သူက တိုက်ခိုက်နေသည်ကို မြင်နေရသောကြောင့်ဖြစ်သည်။ ယုမောင် အတတ်နိုင်ဆုံး ကြိုးစားရှင်းပြသော်လည်း ပြဿနာဖြစ်ပြီး အဆုံးသတ်သွားရတာချည်းပဲများသည်။ ထိုကဲ့သို့ အခြေအနေတွေတစ်ခုပြီးတစ်ခုက ယုမောင်ပေါ်ကို တိမ်တွေလို တရိပ်ရိပ်ဖြတ်သန်းပြီး လွတ်လပ်မှုဆိုတာလဲ ပျင်းရင်တွေးသည့်အကြောင်းအရာတစ်ခုအနေနဲ့ပဲ ယုမောင်ခေါင်းထဲမှာ ရှိတော့သည်။
ထိုညနေမှာ လေပြေအေးကလေး တိုက်နေသည်။ ပတ်၀န်းကျင်မှာ အနီ၊ အစိမ်း၊ အဝါ ရောင်စုံများနှင့် ပန်ချီကားဆန်တယ်လို့ တွေးနေမိသည်။ ဗိုက်ကဒဏ်ရာမှာ သွေးထွက်လွန်ပြီး လမ်းမလျှောက်နိုင်တော့။ ယုမောင်လိုပဲ အခြားရဲဘော်တွေလဲ ဒဏ်ရာကိုယ်စီ ညည်းတွားနေကြသည်။ ဒဏ်ရာကို လက်နဲ့အုပ်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ဒီလိုအချိန်မျိုးကို ခဏခဏ အိပ်မက်မက်ဖူးသော်လည်း တကယ်ကြုံလာတဲ့အခါမှာ ယုမောင် တုန်လှုပ်မိနေသေးသည်။ ယုမောင်ဘ၀ထဲက ပုံရိပ်တွေ တစ်ခုပြီးတစ်ခု မှတ်မိသလောက် ပြန်စဉ်းစားကြည့်သည်။ မေရီ့ရဲ့မျက်နှာ၊ ယုမောင် မိဘတွေရဲ့မျက်နှာ၊ ယုမောင်ရှေ့မှာတင် ကျသွားတဲ့ ရဲဘော်တွေရဲ့မျက်နှာ။ ပြီးတော့ အဖြစ်အပျက်တွေ ယုမောင်အဖေရဲ့ ဈာပနပွဲအကြောင်း၊ တော်လှန်ရေးရဲဘော်လုပ်တော့မယ်လို့ပြောတော့ အမေနဲ့ ပြဿနာဖြစ်ခဲ့တာတွေ၊ မေရီနဲ့ သူ့အမျိုးသားရဲ့ မင်္ဂလာပွဲအကြောင်းတွေ၊ ယုမောင်ရေးတဲ့ တော်လှန်ရေးကဗျာတစ်ပုဒ်ကြောင့် နာမည်ကြီးပြီး ၀ရမ်းထုတ်ခံရတာတွေ။
အားလုံးဟာ ယုမောင်ကိုယ်တိုင် ရွေးချယ်ခဲ့တာမှ ဟုတ်ရဲ့လားလို့ သံသယ၀င်နေမိသည်။ ယုမောင်က ဘ၀ကိုကျောင်းနေတာလား၊ ဘ၀က ယုမောင်ကိုကျောင်းနေတာလား မသဲကွဲတော့ပါ။ သေခါနီး ဒဿနကလဲ ဒီလောက်ပဲလားလို့ တွေးပြီး ဟားတိုက်ရီချင်လာသည်။ နောက်ဆုံးတော့ ယုမောင် တွေးနေတာကို ရပ်လိုက်သည်။ မျက်စိရှေ့က ညနေခင်းဟာ တနွဲ့နွဲ့နောနေသည်။ နောက်ဆုံးအကြိမ်အဖြစ် ညနေခင်းကို ကြည့်လိုက်သည်။ ထို့နောက် ယုမောင်ရှာဖွေခဲ့တဲ့ လွတ်လပ်မှုဟာ ယုမောင်ရဲ့ ဖြစ်တည်မှုကို သိမ်းပိုက်သွားသည်။
ယုဝေ
Zawgyi
ဆယ္တန္းေအာင္စာရင္းထြက္ၿပီး တစ္ပတ္အၾကာတြင္ ယုေမာင္ သူ႔အေမနဲ႔ တကၠသိုလ္ေလွ်ာက္ထားမည့္ ကိစၥအေၾကာင္း ေဆြးေႏြးေနသည္။ ယုေမာင္တို႔အိမ္မွာ တစ္ခုခုတိုင္ပင္ေဆြးေႏြးတိုင္း ယုေမာင္အေဖ မပါသည္ကမ်ား၏။ ရဲ၀န္ထမ္းျဖစ္သျဖင့္ စခန္း၌သာ အခ်ိန္ကုန္ေနေလ့ရွိသည္။
“မင္း တပ္မေတာ္ေဆးတကၠသိုလ္ တက္ခ်င္လား။ ဒါမွမဟုတ္ ေရေၾကာင္းေကာလိပ္တက္ခ်င္လား။ အဲ့ႏွစ္ခုက အဆင္အေျပဆုံးပဲလို႔ အေမေတာ့ထင္တယ္။ မင္း အရင္ကေျပာတဲ့ ေဆးတကၠသိုလ္ဆိုတာလဲ ခုအေမတို႔စီးပြားေရးအေျခအေနနဲ႔ မထားႏိုင္တာ မင္းလဲအသိပါ။ နည္းပညာတကၠသိုလ္က်ေတာ့လဲ လူေတြအရမ္းမ်ားလြန္းတယ္။ တစ္ႏွစ္တစ္ႏွစ္ကို ဒီႏိုင္ငံမွာ နည္းပညာေက်ာင္းဆင္းေတြက ရာခ်ီေနတာဆိုေတာ့ အလုပ္အကိုင္ရဖို႔အတြက္ ခက္ခဲလိမ့္မယ္ထင္တယ္။”
“သားကေတာ့ ေဆးေက်ာင္းတက္ဖို႔မျဖစ္ႏိုင္မယ့္အတူတူ အေဝးသင္ေလးတက္ၿပီး ကိုယ္ဝါသနာပါတာေလးပဲ လုပ္ခ်င္ေတာ့တယ္။”
“ ခုလိုေခတ္ထဲမွာ အသက္ေမြး၀မ္းေက်ာင္းပညာမွမတတ္ရင္ ဘြဲ႕ရထားလဲ ဘယ္ေနရာမွာမွ လုပ္ကိုင္စားဖို႔ မလြယ္ဘူး။ အေမေျပာသလိုေက်ာင္းေတြ မတက္ခ်င္ဘူးဆိုရင္ေတာ့ မင္းဘာသာမင္း အျပင္မွာအေတြ႕အႀကဳံယူၿပီး စီးပြားေရးလုပ္ခ်င္တယ္ဆိုလဲ မင္းသေဘာပဲ။ အေဝးသင္တက္ဖို႔ေတာ့ မေျပာနဲ႔။ အဲ့လိုေတြတက္ၿပီး လူငယ္ေတြ ပ်က္စီးေနၾကတာ အမ်ားႀကီးပဲ။ အလကားသက္သက္ အခ်ိန္ေတြ၊ေငြေတြ ျဖဳန္းတီးပစ္ေနသလိုပဲ။”
“သားစီးပြားေရးခ်ည္းပဲလဲ မလုပ္ခ်င္ေသးဘူး။ သားစဥ္းစားတာက သားရဲ႕ဝါသနာနဲ႔ ကိုက္ညီမယ့္အလုပ္မ်ိဳးေပါ့။ ေက်ာင္းကမတက္ရလဲ ဘာမွမျဖစ္ပါဘူး။ အလုပ္ကို ဝါသနာမပါတဲ့ဟာမ်ိဳးေတာ့ သားမလုပ္ခ်င္ဘူး။”
“မင္းဝါသနာဆိုတာက ကဗ်ာေတြ၊စာေတြ အေၾကာင္းကိုေျပာတာလား။ အဲ့တာေတြက ဝါသနာအရေတာ့ အေမဘာမွမေျပာေပမယ့္ မင္းဘ၀အတြက္ေတာ့ ဘာအာမခံခ်က္မွ ရွိတဲ့ဟာေတြမဟုတ္ဘူးေလ။”
“ဒါေပမယ့္ သားမွက်န္တဲ့အလုပ္ေတြ မလုပ္ခ်င္တာ။ သားလုပ္ခ်င္တာကိုေျပာရမယ္ဆိုရင္ စာေတြေရးခ်င္တယ္။ ေအာင္ျမင္မလား မေအာင္ျမင္ဘူးလားဆိုတာေတာ့ တပ္အပ္မေျပာႏိုင္ဘူး။ ဒါေပမယ့္ အနည္းဆုံးေတာ့ ႀကိဳးစားၾကည့္ခ်င္ေသးတယ္ အေမ။”
“အခ်ိန္မကုန္ခ်င္စမ္းပါနဲ႔ သားရာ။ အေမေျပာေနရတာ မင္းဘ၀အတြက္တင္မဟုတ္ဘူး။ မင္းလဲ သိၿပီးသားပါ။ မေျပာခ်င္ေပမယ့္လဲ ေျပာရမွာပဲ အေမတို႔အိမ္ကိုေပါင္ထားတာ အတိုးခ်ည္းပဲ တစ္လကိုဆယ္သိန္းနီးပါးေပးေနရတယ္။ အရင္လိုစီးပြားေရးေတြကလဲ မလည္ပတ္ေတာ့ဘူး။ ၿပီးေတာ့ မင္းအေဖကလဲ အသက္ႀကီးေနၿပီ။ အေမလဲ က်န္းမာေရးက အရင္လိုမေကာင္းေတာ့ဘူး။ မင္းဝါသနာကို အေမတို႔ေျမေတာင္ေျမႇာက္ေပးခ်င္ရင္ေတာင္ မလုပ္ေပးႏိုင္တဲ့ အေျခအေနျဖစ္ေနတယ္သား။ အေမတို႔မရွိရင္ မင္းဘ၀ကိုမင္းေက်ာင္းရမွာ။ အနည္းဆုံးေတာ့ မင္းမွာ အာမခံခ်က္ရွိတဲ့အလုပ္ေလးတစ္ခု ရသြားတာကို အေမတို႔ျမင္ခ်င္ရတယ္။ အေမတို႔ကို စိတ္ခ်မ္းသာေစခ်င္ရင္ေပါ့”
ယုေမာင္ ဘာမွျပန္မေျပာေတာ့ပါ။ အဲ့တာ ေ႐ြးခ်ယ္ခြင့္မရွိဘူးဆိုတာကို ယုေမာင္ သေဘာေပါက္လိုက္သည္။ ေျခာက္ဘာသာဂုဏ္ထူးႏွင့္ ဆယ္တန္းေအာင္ၿပီး ေ႐ြးခ်ယ္စရာေက်ာင္း နည္းေနသည္မွာ ရယ္စရာေတာ့ ေကာင္းသည္။ ယုေမာင္ရဲ႕ ကံလို႔ပဲသတ္မွတ္ရမလား၊ ယုေမာင္ ကိုယ္တိုင္ ၀ါသနာပါရာကိုစြန႔္စားဖို႔ သရဲေဘာေၾကာင္ေနတာလား မစဥ္းစားတတ္ေတာ့။ ေသခ်ာတာကေတာ့ လြတ္လပ္မႈဆိုတာကို ယုေမာင္စၿပီး ေတြးမိေနသည္။
“နင္ ဘယ္ေက်ာင္းကို တက္မယ္လို႔ စဥ္းစားထားလဲ”
ေမရီ ေသာက္လက္စဘီယာခြက္ကို လက္သည္းျဖင့္ေခါက္ရင္း ေမးလိုက္သည္။
“နင္ေကာ ငါ့ကို ဘယ္ေက်ာင္းတက္ေစခ်င္တာလဲ” ေမရီ ေမးတာကို မေျဖဘဲ ျပန္ေမးလိုက္သည္။
“နင္က ေျခာက္ဘာသာနဲ႔ေအာင္တာေလဟယ္။ နင္တက္ခ်င္တဲ့ ဘယ္ေက်ာင္းမဆို တက္လို႔ရတာပဲ မဟုတ္ဘူးလား။ အရင္တုန္းကေတာ့ ေဆးေက်ာင္းတက္မွာလို႔ နင္ေျပာတယ္ေလ။ ခုအမွတ္မွီတာပဲဟာ ဘာပူစရာလိုလို႔လဲ။”
ယုေမာင္ ရီလိုက္မိသည္။ ေမရီေျပာသလို ႐ိုးရွင္းခဲ့ရင္ ေကာင္းမွာလို႔လဲ ေတြးေနသည္။ ယုေမာင္ အေမရဲ႕က်န္းမာေရးခ်ဴခ်ာလာတာေၾကာင့္ အလုပ္ထဲမလိုက္ႏိုင္ေတာ့ဘဲ အိမ္ကေနသာ လူယုံတစ္ေယာက္ႏွင့္ စီစဥ္ၫႊန္ၾကားေနရသည္။ ယုေမာင္အေဖမွာလဲ ရဲအလုပ္တစ္ခုသာသိၿပီး ယုေမာင္အေမရဲ႕ စီးပြားေရးလုပ္ငန္းမ်ားတြင္ အားကိုးလို႔မရ။ အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ္တိုင္မႀကီးၾကပ္ႏိုင္မႈေၾကာင့္ေရာ ကံအေၾကာင္းတရားမ်ားအရပါ ယုေမာင္တို႔အိမ္ကို ေပါင္ထားရတဲ့အဆင့္အထိ ေရာက္မွန္းမသိ ေရာက္လာခဲ့ရသည္။ ထိုအေၾကာင္းမ်ားကို ေမရီ႕ကို ယုေမာင္ မေျပာျပမိပါ။ တမင္ဖုံးကြယ္ထားတာမ်ိဳး မဟုတ္ေပမယ့္ သူမ်ားကို ကိုယ့္ဒုကၡအေၾကာင္းေျပာရမွာ ယုေမာင္ ၀န္ေလးသည္။
“ငါ ေဆးေက်ာင္းမတက္ခ်င္ပါဘူး။အရင္ကေတာ့ ငါ့ကိုယ္ငါ ဆရာ၀န္ျဖစ္ခ်င္တယ္လို႔ ထင္ခဲ့ဖူးတယ္။ ဒါေပမယ့္ ငါမျဖစ္ခ်င္ပါဘူး တကယ္ေတာ့။”
“အဲ့တာဆို ငါေမးတာေျဖေလ။ ဘယ္ေက်ာင္း တက္မွာလဲလို႔။” ေမရီ စိတ္မရွည္တဲ့ပုံစံျဖင့္ ေမးလိုက္သည္။
ယုေမာင္ ေမရီ႕လက္အား ဆုပ္ကိုင္လိုက္သည္။ စီးကရက္ကိုဖြာၿပီး စဥ္းစားေနသည့္ပုံ လုပ္ၿပီးမွ -
“ငါ ေရေၾကာင္းေကာလိပ္ တက္မွာ”
ေမရီနဲ႔ စကားေျပာခဲ့တာကို ျပန္စဥ္းစားရင္း ယုေမာင္ တံျမက္စည္းလွည္းေနသည္။ ေရေၾကာင္းေကာလိပ္ ပထမႏွစ္ေက်ာင္းသားမ်ားမွာ ေက်ာင္း၀င္းတြင္းမွာပဲ ေနရၿပီး ေက်ာင္းသန႔္ရွင္းေရးလုပ္ျခင္း၊ ကိုယ္ကာယေလ့က်င့္ခန္းမ်ား ေလ့က်င့္ျခင္း တို႔ကို ေန႔စဥ္လုပ္ၾကရသည္။ ယုေမာင္ တံျမက္စည္းလွည္းၿပီး ေရခ်ိဳးကာ ထမင္းစားခန္း၀င္ခါနီး ဖုန္းအားကိုင္မိလိုက္သည္။ ဒီေန႔နဲ႔ဆို ေမရီဖုန္းမဆက္တာ တစ္ပတ္ျပည့္ၿပီ ျဖစ္သည္။ ယုေမာင္ ဖုန္းဆက္ၿပီးေမးလွ်င္လဲ အေၾကာင္းျပခ်က္တစ္ခုခုေတာ့ ရလာမည္။ ဒါေပမယ့္ ျပႆနာျဖစ္ၿပီး ေဒါသထြက္ရတာက ပိုမ်ားေနလိမ့္မည္။ ဖုန္းကို ျပန္ခ်ၿပီး ထမင္းစားခန္းသို႔ ထြက္သြားလိုက္သည္။
ေရေၾကာင္းေကာလိပ္ ပထမႏွစ္ေက်ာင္းသားဘ၀ကို ယုေမာင္ ထူးထူးျခားျခား ခံစားလို႔မရခဲ့ပါ။ စာသင္ႏွစ္၀က္ေလာက္ေရာက္ခ်ိန္မွာ ကိုဗစ္ 19 ေရာဂါ ပ်ံ႕ႏွံ႔မႈေၾကာင့္ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ေက်ာင္းေတြနဲ႔အတူ ယုေမာင္တို႔ေက်ာင္းလဲ ယာယီပိတ္လိုက္ရသည္။ ယုေမာင္ ကိုယ့္ၿမိဳ႕ကိုယ္ ျပန္ေရာက္လာခဲ့သည္။ ေမရီကေတာ့ ယုေမာင္တို႔ၿမိဳ႕မွာ မရွိေတာ့ပါ။ မႏၲေလးက သူ႔အဖြားဆီမွာ သြားေနၿပီး ဂ်ပန္စာသင္ေနေၾကာင္း ၾကားရသည္။ ယုေမာင္တို႔ၿမိဳ႕မွာလဲ ဂ်ပန္စာသင္တန္းမ်ားရွိပါသည္။ ဒါေပမယ့္ ဘာေၾကာင့္ ဒီၿမိဳ႕မွာမတက္တာလဲလို႔ေတာ့ မေမးျဖစ္ေတာ့ပါ။ သူ႔ရဲ႕ လြတ္လပ္ခြင့္ပါပဲလို႔ ေတြးမိျပန္သည္။
ေရာဂါပိုးပ်ံ႕ႏွံ႔မႈေၾကာင့္ စာသင္ေက်ာင္းေတြ ယာယီပိတ္ခဲ့ရေပမယ့္ စစ္အာဏာသိမ္းမႈျဖစ္တဲ့အခါမွာေတာ့ ရက္အကန႔္အသတ္မရွိ ပိတ္ထားခဲ့ၾကသည္။ ယုေမာင္အေဖလဲ လူႀကီးေရာဂါျဖင့္ ကြယ္လြန္သြားသည္။ ယုေမာင္အေမနဲ႔ ယုေမာင္လဲ အိမ္ေပါင္ထားရာမွ အတိုးမေပးႏိုင္ေတာ့သည့္အတြက္ အိမ္ဆုံးၿပီး အမ်ိဳးေတြဆီမွာ အတူတူေျပာင္းေနၾကရသည္။ ယုေမာင္အေမမွာ က်န္းမာေရးျပန္ေကာင္းလာေပမယ့္ ေယာက္်ားကြယ္လြန္သြားတဲ့အခါ စိတ္ဓာတ္မ်ားလဲ အရင္ကလို မခိုင္မာေတာ့ပါ။ မိသားစုစီးပြားေရးကို ယုေမာင္အေမ ဦးမေဆာင္ႏိုင္ေတာ့တဲ့အခါ ထိုတာ၀န္မွာ ယုေမာင္ေခါင္းေပၚကို ေရာက္လာသည္။
ထိုကာလေတြမွာ ယုေမာင္အလုပ္လုပ္ရင္း ေတာ္လွန္ေရးရဲေဘာ္မ်ားအတြက္ ရန္ပုံေငြရွာတဲ့ ကိစၥမ်ားမွာလဲ တက္တက္ႂကြႂကြပါ၀င္ေနသည္။ ယုေမာင္အေမ သိတဲ့အခါ မ်က္ရည္က်သည္။ မ်က္ရည္က်တဲ့အေၾကာင္းမွာ ယုေမာင္အေဖႏွင့္ပတ္သက္၍ျဖစ္သည္။ ယုေမာင္အေဖမွာ ကြယ္လြန္ၿပီးျဖစ္ေသာ္လဲ သူျမတ္ႏိုးသည့္ ရဲ၀န္ထမ္းအလုပ္အား သားျဖစ္သူက တိုက္ခိုက္ေနသည္ကို ျမင္ေနရေသာေၾကာင့္ျဖစ္သည္။ ယုေမာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားရွင္းျပေသာ္လည္း ျပႆနာျဖစ္ၿပီး အဆုံးသတ္သြားရတာခ်ည္းပဲမ်ားသည္။ ထိုကဲ့သို႔ အေျခအေနေတြတစ္ခုၿပီးတစ္ခုက ယုေမာင္ေပၚကို တိမ္ေတြလို တရိပ္ရိပ္ျဖတ္သန္းၿပီး လြတ္လပ္မႈဆိုတာလဲ ပ်င္းရင္ေတြးသည့္အေၾကာင္းအရာတစ္ခုအေနနဲ႔ပဲ ယုေမာင္ေခါင္းထဲမွာ ရွိေတာ့သည္။
ထိုညေနမွာ ေလေျပေအးကေလး တိုက္ေနသည္။ ပတ္၀န္းက်င္မွာ အနီ၊ အစိမ္း၊ အဝါ ေရာင္စုံမ်ားႏွင့္ ပန္ခ်ီကားဆန္တယ္လို႔ ေတြးေနမိသည္။ ဗိုက္ကဒဏ္ရာမွာ ေသြးထြက္လြန္ၿပီး လမ္းမေလွ်ာက္ႏိုင္ေတာ့။ ယုေမာင္လိုပဲ အျခားရဲေဘာ္ေတြလဲ ဒဏ္ရာကိုယ္စီ ညည္းတြားေနၾကသည္။ ဒဏ္ရာကို လက္နဲ႔အုပ္ၿပီး မ်က္လုံးမွိတ္ထားလိုက္သည္။ ဒီလိုအခ်ိန္မ်ိဳးကို ခဏခဏ အိပ္မက္မက္ဖူးေသာ္လည္း တကယ္ႀကဳံလာတဲ့အခါမွာ ယုေမာင္ တုန္လႈပ္မိေနေသးသည္။ ယုေမာင္ဘ၀ထဲက ပုံရိပ္ေတြ တစ္ခုၿပီးတစ္ခု မွတ္မိသေလာက္ ျပန္စဥ္းစားၾကည့္သည္။ ေမရီ႕ရဲ႕မ်က္ႏွာ၊ ယုေမာင္ မိဘေတြရဲ႕မ်က္ႏွာ၊ ယုေမာင္ေရွ႕မွာတင္ က်သြားတဲ့ ရဲေဘာ္ေတြရဲ႕မ်က္ႏွာ။ ၿပီးေတာ့ အျဖစ္အပ်က္ေတြ ယုေမာင္အေဖရဲ႕ ဈာပနပြဲအေၾကာင္း၊ ေတာ္လွန္ေရးရဲေဘာ္လုပ္ေတာ့မယ္လို႔ေျပာေတာ့ အေမနဲ႔ ျပႆနာျဖစ္ခဲ့တာေတြ၊ ေမရီနဲ႔ သူ႔အမ်ိဳးသားရဲ႕ မဂၤလာပြဲအေၾကာင္းေတြ၊ ယုေမာင္ေရးတဲ့ ေတာ္လွန္ေရးကဗ်ာတစ္ပုဒ္ေၾကာင့္ နာမည္ႀကီးၿပီး ၀ရမ္းထုတ္ခံရတာေတြ။
အားလုံးဟာ ယုေမာင္ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တာမွ ဟုတ္ရဲ႕လားလို႔ သံသယ၀င္ေနမိသည္။ ယုေမာင္က ဘ၀ကိုေက်ာင္းေနတာလား၊ ဘ၀က ယုေမာင္ကိုေက်ာင္းေနတာလား မသဲကြဲေတာ့ပါ။ ေသခါနီး ဒႆနကလဲ ဒီေလာက္ပဲလားလို႔ ေတြးၿပီး ဟားတိုက္ရီခ်င္လာသည္။ ေနာက္ဆုံးေတာ့ ယုေမာင္ ေတြးေနတာကို ရပ္လိုက္သည္။ မ်က္စိေရွ႕က ညေနခင္းဟာ တႏြဲ႕ႏြဲ႕ေနာေနသည္။ ေနာက္ဆုံးအႀကိမ္အျဖစ္ ညေနခင္းကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ယုေမာင္ရွာေဖြခဲ့တဲ့ လြတ္လပ္မႈဟာ ယုေမာင္ရဲ႕ ျဖစ္တည္မႈကို သိမ္းပိုက္သြားသည္။
ယုေဝ
Done 🍀
ReplyDelete👍👍👍
ReplyDeleteDone
ReplyDeleteယုမောင်ရဲ့ နောက်ဆုံးချိန်လေးကို ဖတ်ရတာ ရင်ထဲမကောင်းဘူး။ 😟
ReplyDeleteDone
ReplyDeleteDone 💪
ReplyDelete