အဖြည့်ခံလူသား
Unicode
အခန်း(၁)
လမိုက်ညတွေမှာ အမဲရောင်အခန်းကျဥ်းလေးက ကျွန်တော့် အဖော်ပဲပေါ့။အဲလိုညတွေဆို မီးရောင်မရှိတာကြိုက်တယ်။ကျွန်တော်ရဲ့စိတ်အမဲရောင်တွေကို တစ်ခါတလေ အဖော်မမဲ့စေချင်ဘူး။ပြီးတော့ တစ်လမှာတစ်ခါရောက်လာမယ့် လပြည့်ညတွေကို ပိုအမှတ်ရနေစေချင်လို့လေ။တကယ်တော့ လပြည့်ညတွေကို သိပ်ကြိုက်ပါတယ်။လပြည့်ညမှာ
လမင်းကိုကြည့်ပြီး မပြည့်တဲ့ဆုတွေတောင်းမိပြန်တယ်။လကွယ်ညက ကျွန်တော်ရဲ့ဘဝအမှန်ဆိုရင် လပြည့်ညက စိတ်ကူးယဥ်ညတစ်ညပေါ့။နှစ်ခုစလုံးက အရေးပါတယ်။လင်းထိန်နေတဲ့လမင်းကိုကြည့်ပြီး ဆုတစ်ခုတောင်းနေတတ်တယ်။
"ယောကျ်ားလေးတစ်ယောက်ဖြစ်ပါရစေ"လို့လေ။ဘာလို့လဲဆိုရင် မေမေကိုကာကွယ်ပေးချင်လို့ ယောကျ်ားတစ်ယောက်ဖြစ်ချင်တယ်။ပြီးတော့ ဖေဖေကို မုန်းလို့မိန်းမဘဝကိုမလိုချင်ဘူး။ငယ်ငယ်ကတည်းက ယောကျ်ားလေးတစ်ယောက်လို ခံယူထားတယ်။ယောကျ်ားလေးတွေက မိန်းကလေးတွေထက် အရာရာသာလွန်တယ်လို့ သတ်မှတ်ထားကြတယ်မဟုတ်လား။ဒါပေမယ့် ကံတရားကပေးတဲ့ လက်ဆောင်တွေက ကျွန်တော်ရဲ့ဘဝကို ခါးသီးစေတယ်။အဲဒီခါးသီးတာတွေကို နာကြည်းရတာလည်း ရင်မောလှပါပြီ။
"ဟဲ့...အထွန်း တံခါးဖွင့်စမ်း"
ဒီအသံကို ကျွန်တော် အလွတ်မှတ်မိတာပေါ့။ကျွန်တော်ရဲ့ရင်ဘတ်ထဲက ပထမဆုံးဘုရင်မပေါ့။ဒုတိယဘုရင်မရှိသေးတယ်။အဲဒီသူက ကျွန်တော် ခိုးချစ်နေရတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက ကျွန်တော်နဲ့ကံမစပ်ပါဘူး။မေမေကို ချစ်ပေမယ့် သူနဲ့တူတူမနေခဲ့ရဘူး။မမဝါကိုချစ်ပေမယ့် ချစ်ခွင့်မရပြန်ဘူး။အချစ်တွေကို စိတ်တိုင်းကျ ခြယ်လှယ်ခွင့်မရတဲ့ကျွန်တော်က ဆိုးပေပေယောကျ်ားလျာတစ်ယောက်ဖြစ်လာတာ မဆန်းပါဘူးလေ။ခုလည်း ဘာတရားတွေလာဟောပြီး ကျွန်တော် နှလုံးသားကို အဆိပ်ထုတ်သလိုလို၊အဆိပ်ခတ်သလိုလို လာလုပ်မယ်မသိသေးဘူးလေ။
မေမေက ကျွန်တော်ကိုမုန်းတယ်လေ။သူလို သမီးကောင်းလေးမဖြစ်ရကောင်းလားဆိုပြီးပေါ့။သူလို ယောကျ်ားတစ်ယောက်စွန့်ပစ်လို့ ကျွန်တော်ကို မွေးခဲ့တာမျိုး မဖြစ်ချင်ဘူး။
"နင် တံခါးဖွင့်နော်...မဟုတ်ရင် နင်နဲ့ငါ သေခန်းပြတ်ပဲ"
ဒီလိုပြောတာ ဒုတိယမြောက်လို့ထင်တယ်။ပထမတစ်ခါတုန်းက ကျွန်တော်အတွက် မလိုလားတဲ့ပထွေးဆိုတဲ့လူကို ခေါ်လာတုန်းကပေါ့။အဲဒီကတည်းက တစ်ယောက်တည်း ရွက်လွှင့်နေခဲ့လိုက်တယ်။ကျွန်တော်က ကမ်းမတွေ့တဲ့ရွက်လှေတစ်စင်းပေါ့။ဘယ်ကမ်းမှာ ကပ်ရပါ့မလဲဆိုတာ မရေရာဘူး။တကယ်တမ်းဆို ကျွန်တော်က ပင်လယ်ပျော်ခရီးသွားလေးမဟုတ်ဘူး။မေတ္တာငတ်နေလို့ ဓားမြလိုက်တိုက်နေတဲ့ ကပ်စရာကမ်းမရှိတဲ့ ပင်လယ်ဓားမြလေးပါ။မဖြစ်နိုင်မှန်းသိရက်နဲ့ တစ်ခါတလေ မေတ္တာတွေကို မျှော်လင့်စောင့်စားနေမိတယ်။ခုလည်း မေမေများ ကျွန်တော်ကို စိုးရိမ်လေမလားလို့ မျှော်ရင်း ဒဏ်ရာတွေကို ဆေးမထည့်ဘဲ ငုတ်တုတ်ထိုင်နေမိတာ။မှောင်မဲနေတဲ့ အခန်းထဲမှာ ပြန့်ကျဲနေတဲ့ပစ္စည်းတွေကို ခြေထောက်နဲ့တရွတ်တိုက်ပြီး အခန်းတံခါးဆီ လာခဲ့တယ်။တံခါးကို ထုသံက ရင်ဘတ်ကို တအုန်းအုန်းထုနှက်နေသလိုပဲ။တံခါးကို ဖွင့်ပေးလိုက်တယ်။အခန်းမီးကို ချက်ချင်းဖွင့်နေတယ်။ပြီးတော့ အားမပါတဲ့ရိုက်ချက်တစ်ခုက ပါးဆီကျရောက်လာတယ်။အားမပါပေမယ့် ဒဏ်ရာကို ဆားနဲ့ပက်လိုက်သလို နာလိုက်တာ။
"ဖက်...."
ဒါပေမယ့် မေမေရဲ့မိန်းမပီသလှတဲ့ လက်သည်းချွန်ချွန်တွေက နှုတ်ခမ်းထောင့်နားခြစ်ဖြဲသွားတယ်။အရင်က ရထားတဲ့မျက်နှာက ဒဏ်ရာတွေနဲ့ကျွန်တော် တော်တော် ကြည့်ကောင်းသွားမယ်ထင်တယ်။
"မေမေ နှုတ်ဆက်တာ ကြမ်းလှပါလား"
"နင့်လုပ်ပုံကရော ဟုတ်လို့လား...မိန်းကလေးဖြစ်ပြီး ဘာလို့ ယောကျ်ားလေးတွေနဲ့ရန်ဖြစ်ထိုးသတ်ရတာလဲ"
"အမေ့ကို အမေ့သားအချစ်တော်က ပြောလိုက်တာမဟုတ်လား...သူကိုတောင် အမေ့သားဖြစ်နေလို့ ညှာပေးလိုက်တာ....ယောကျ်ားမဆန်လိုက်တာ ကတုန်းကတိုက်နဲ့"
"နင်ကတော့ ယောကျ်ားဆန်တယ်ပေါ့"
မေမေရဲ့ရွဲ့လုံးတွေကို ကျွန်တော် မယှဥ်ဝံ့ပါဘူး။
သူတို့ရဲ့စံနဲ့ဆို ကျွန်တော်ယောကျ်ားမဟုတ်ပါဘူး။ဒါပေမယ့် ဘယ်သူဘာပြောပြော ကျွန်တော်စိတ်နဲ့နေထိုင်မှုပုံစံက ယောကျ်ားတစ်ယောက်ဖြစ်နေရင်ပြီးပြီ။အပေါ်ယံပဲ ကြည့်ပြီး နာမည်ပေးတတ်တဲ့ထဲမှာ မေမေ ပါနေလို့ ဝမ်းနည်းလို့မဆုံးဘူး။ယောကျ်ားဆန်ဖို့ ယောကျ်ားတစ်ယောက်ဖြစ်နေဖို့မလိုဘူးဆိုတာ မေမေ သိရင် သိပ်ကောင်းမယ်။မေမေအတွက် ယောကျ်ားတစ်ယောက်ဖြစ်ချင်ခဲ့တာ မေမေမသိဘူး။မေမေအတွက် ကျွန်တော်က နာရတဲ့အတိတ်ဖြစ်နေတော့ မေမေ့ကိုချစ်တဲ့ကျွန်တော်အချစ်တွေက မျက်မုန်းကျိုးစရာဖြစ်နေခဲ့တာလား။
"ဘာလို့ရန်ဖြစ်တာလဲလို့ မမေးတော့ဘူးလား"
"မေးနေစရာလိုလို့လား...အမြဲတမ်းပြဿနာဖြစ်ချင်နေတာမဟုတ်ဘူးလား"
တကယ်တော့ မေမေ့စကားက မေးခွန်းမဟုတ်တဲ့တဖက်ပိတ်အဖြေဖြစ်နေပါလား။ကျွန်တော်ကို အဲလောက်မုန်းလား။ကျွန်တော်ကို အဖေမရှိဘဲမွေးခဲ့တဲ့သူ၊မိမခင် ဖမခင်လို့ တောင်မဟုတ်မြောက်မဟုတ်ဖြစ်နေတဲ့သူလို့ပြောတဲ့လူတွေကို ခဝါချခေါင်းငုံ့ပေးရမှာလား။ဝေးသေးမယ်။မေမေအတွက် ကျွန်တော့်ဖြစ်တည်မှုအတွက် တုန့်ပြန်တာက ရိုင်းချင်ရိုင်းလိမ့်မယ်။အဲဒါက ကျွန်တော် ဖြည့်ဆည်းပေးနိုင်တဲ့ မေမေအတွက် ဂုဏ်သိက္ခာကယ်ဆယ်ရေးပဲ။ကျွန်တော်မှားချင်မှားမယ်။ကျွန်တော်က အဖြည့်ခံလူသားတစ်ဦးပဲလေ။မိဘတွေ ရမ္မက်ပြေဖို့ သားကောင်ဖြစ်လာတယ်။သူတို့အမျက်တွေ ချွန်ထက်ဖို့ ကျွန်တော်က ဓားသွေးကျောက်ပဲ။သူတို့မာနတွေ မြင့်မားဖို့ ခံပြင်းရတဲ့ရင်တွင်း မီးတောက်ကို မျိုသိပ်ရတော့ ခံစားချက်မီးခိုးငွေ့တွေကပဲ အပြင်ကို ကန်ထွက်လာတယ်။မီးခိုးငွေ့ရဲ့ရိုက်ခက်ဒဏ်ကြောင့် မျက်ရည်စတွေ ကျလာတယ်။
"အော်...ယောကျ်ားလေးဖြစ်ချင်တာပြောတယ်...မျက်ရည်တော့လွယ်သားပဲ"
မေမေ မသိရှာသေးတာကိုး။အဲဒီမျက်ရည်တွေက ရင်တွင်းမီးရဲ့သက်သေတွေဆိုတာပေါ့။သူတို့လို ဒေါသအဖြစ်မဖောက်ခွဲရတဲ့ မီးတွေက မျက်ရည်အဖြစ် ထိုးဖောက်လာတယ်ဆိုတာ နားမလည်ဘူး။မျက်ရည်ကျတယ်ဆိုတာ ယောကျ်ားမို့၊မိန်းမမို့ဆိုပြီး ခွဲတမ်းချထားလို့ရလား။ခံစားတတ်တဲ့သူတိုင်း မျက်ရည်ကျကြပါတယ်။
"ဒဏ်ရာတွေ ဆေးထည့်ရအောင်"
ကျွန်တော် ထင်တဲ့အတိုင်း မေမေက အဆိပ်ထုတ်သလိုလို အဆိပ်ခတ်သလိုလိုလာလုပ်နေတယ်။ကျွန်တော် မုန်းမိအောင်လုပ်နေတာလား။ငရဲခန်းက ညတွေကို တုန်နေအောင် ကြောက်နေပါပြီ။ငရဲဆိုတာကိုလည်း မမြင်ရပေမယ့် ကြောက်တတ်နေပါပြီ။မသေခင် ငရဲကတင် ပူလွန်းလို့ပါ။
"မေမေ ပြန်လိုက်ပါတော့...ဆေးထည့်ပေးလည်း ပျောက်မယ့်ဒဏ်ရာက ပျောက်မှာပါ...မပျောက်မယ့်ဒဏ်ရာက မပျောက်တော့ပါဘူး"
မျက်နှာက အညိုအမဲတွေက ရက်နည်းနည်းကြာရင် ပျောက်သွားမှာပါ။မပျောက်မယ့်ဒဏ်ရာကတော့ သူတို့စိတ်ချမ်းသာဖို့ပေးထားတာမို့ သိမ်းထားလိုက်ပါ့မယ်။ကျွန်တော်က သူတို့ပေးထားတာတွေကို သိမ်းထားရတဲ့မီးခံသေတ္တာလေးပေါ့။မေမေ နာကြင်တာတွေကို ကျွန်တော်ဆီမှာ လာသိမ်းလှည့်ပါ။မေမေရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပါရစေ။
-----------------------------------
အခန်း(၂)
ကျွန်တော်တစ်ယောက်တည်း နေတတ်အောင် ကြိုးစားဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ဘာအလုပ်လုပ်လည်းမမေးနဲ့။လူတွေ စိတ်ထွက်ပေါက်တစ်ခုဖြစ်တဲ့အလုပ်လုပ်တယ်။တချို့က ဝါသနာပါလို့ ကျွန်တော်ဆီ လာကြတယ်။တချို့ကျ နာကြင်စရာတွေ ခံစားချက်တွေကို ထုတ်ဖော်ဖို့ လာကြတယ်။ကျွန်တော် ကိုယ်တိုင်ကလည်း သူတို့ခံစားချက်တွေကို ထုတ်ဖော်ပေးဖို့ လိုလိုလားလားလက်ခံတတ်တယ်။တချို့က အသည်းကွဲလို့ဆိုပြီး လာတတ်ကြတယ်။အဲဒီထဲမှာ မမဝါလည်းပါတယ်။သူ့အသည်းတစ်ခါကွဲတိုင်း တစ်ခါလာတယ်။
"မမဝါ..ဒီတစ်ခါ အသည်းကွဲပြန်ပြီလား"
"ဆိုပါတော့...ဒါပေမယ့် ဒီတစ်ခါတော့ တက်တူးထိုးပေးရုံတင်မဟုတ်ဘူး။ခဏလောက် ငါ့ရည်စားအဖြစ်ဟန်ဆောင်ပေး"
လက်ပြင်နှစ်ဖက်မှာ အသည်းကွဲခဲ့တဲ့မှတ်တမ်းတွေကို ကျွန်တော် ကိုယ်တိုင်ရေးခြယ်ပေးခဲ့ရတယ်။တချို့ကနာမည်တွေ၊တချို့က သကေင်္တတွေပေါ့။လူတစ်ယောက်က အသည်းအခါခါကွဲလည်း သေရိုးထုံးစံမှမရှိတာ။တကယ်တော့ အသည်းကွဲတယ်ဆိုတာ နာမည်ခံသက်သက်ပဲ။ခံစားချက်တွေ ကွဲပြဲကုန်တာကို ဆိုလိုတာပါပဲ။ခံစားရတာကို လေကြီးလေကျယ်ပြောကြတာ ထင်တယ်။
"ဘာလို့လဲ"
"အဲကောင်က သူကိုသူအထင်ကြီးလွန်းလို့ ရွဲ့ချင်လို့"
တခြားတစ်ယောက် အရွဲ့တိုက်ဖို့ ကျွန်တော်က တစ်ခါသုံးစက္ကူအဖြစ်နဲ့ အသုံးချခံရရင်တောင် ကိုယ်ချစ်တဲ့သူတွေအတွက်ဆို လည်စင်းပေးမယ့်သူပါ။
မမဝါရဲ့မာနလေးတွေ အရောင်ပြောင်ဖို့ ကျွန်တော်က ဘဒက်တစ်ခုဖြစ်ချင်ဖြစ်ပါစေတော့။သူရဲ့ကျောပြင်ဆီ အသေသပ်ဆုံး တက်တူးတစ်ခု ထပ်တိုးပေးလိုက်တယ်။ကျွန်တော်ဆီမှာလည်း ပြည့်နှက်နေတဲ့တက်တူးတွေရှိတယ်။လူတကာ နှာခေါင်းရှုံ့ကြည့်တဲ့တက်တူးတွေ body piercingတွေ ဒုနဲ့ဒေးပဲ။ဒါတွေက ကျွန်တော်ရဲ့ရင်တွင်းမီးတွေကို ပုံဖော်တဲ့သရုပ်ပြမို့ကျေနပ်တယ်။ကျွန်တော်က ဘဝနာတဲ့ကောင်တစ်ကောင်ဆိုတာ မမေ့တော့ဘူးလေ။
"နင် အလိုက်လေး နေပေးရုံပဲသိလား...သူတို့က နင်ကို ဘယ်သူမှယောကျ်ားလျာလို့သိတာမဟုတ်ဘူး"
ကျွန်တော်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော်က ယောကျ်ားလေးပေါ့။ကျွန်တော် ခိုးချစ်နေရတဲ့သူက လက်တွေကို ခိုင်ခိုင်တွဲထားတယ်။ကြင်နာယုယနေလိုက်ပုံများ အိပ်မက်လားထင်ရလောက်တယ်။ဖြစ်နိုင်ရင် ကျွန်တော်ရဲ့ဘဝဇာတ်ခုံကို ပစ္စုပ္ပန်မှာ ရပ်ဖြစ်ထားချင်မိတယ်။ဒါက ခဏတာ စိတ်ကူးယဥ်သက်သက်ဇာတ်လမ်းပါပဲ။သူ့လူကို ရွဲ့စောင်းပြီးတဲ့အချိန် တွဲထားတဲ့လက်တွေ ပြုတ်ကျသွားတယ်။
"မမဝါ...ကျွန်တော်ကရော တကယ်ချစ်သူဖြစ်ခွင့်မရှိဘူးလား"
မမျိုသိပ်နိုင်တဲ့စကားတွေက ရုတ်တရက် ထွက်ကျလာတယ်။တားဆီးချိန် ဘယ်ရလိုက်ပါ့မလဲ။ငါးစာပြခံထားရတဲ့ငါးလို အတုကို အစစ်လိုတပ်မက်လာလို့ အငမ်းမရ ငါးစာနောက်လိုက်ခဲ့မိတယ်။တကယ်တော့ ကျွန်တော်အတွက်က ငါးစားမရတဲ့ ငါးမျှားချိတ်မိတဲ့ငါးလေးတစ်ကောင်ပေါ့။အသံတွေတိတ်ဆိတ်သွားတဲ့ မမဝါရဲ့မျက်နှာမှာ အားတုံ့အားနာဟန်လေးတွေ ယှက်သန်းနေတယ်။သူလည်း ကျွန်တော်ရဲ့ဘဝကို လက်ခံတယ်ထင်ရပေမယ့် လက်မခံနိုင်ဘူးလေ။
"မမဝါ အားနာပါတယ်။မမဝါ လုပ်ရပ်တွေက မင်းကို မျှော်လင့်ချက်ပေးသလိုများဖြစ်သွားလား။မမဝါက ပတ်ဝန်းကျင်က လက်ခံတဲ့အနေအထားရှိတဲ့သူကိုပဲရွေးဖို့ ဆုံးဖြတ်ထားလို့ပါ"
စကားရဲ့ဆိုလိုရင်း အဓိပ္ပါယ်ကို ခက်ဆစ်မဖွင့်ကြည့်လည်း ကျွန်တော်သိလိုက်တယ်။အများအမြင်မှာ သူ့ချစ်သူက ယောကျ်ားတစ်ယောက်ဖြစ်နေဖို့ လိုတယ်ပေါ့။ကံကပေးတဲ့အရာတွေသာ မပြောင်းလဲဘဲ အရာအားလုံးပြောင်းလဲနေတဲ့ ကျွန်တော်ကို ယောကျ်ားလို့ မမြင်နိုင်ဘူးပေါ့။ဟုတ်မှာပါလေ။ကျွန်တော်တို့က စည်းကမ်းကြီးလွန်းလို့ လူအသိုက်အဝန်းမှာ ရှိနေတာဆိုတော့ မမဝါ မမှားပါဘူး။
"ဒါဆို ကျွန်တော် ယောကျ်ားတစ်ယောက်ဖြစ်ခဲ့ရင် လက်ခံနိုင်တယ်ပေါ့"
ခေါင်းမခါသလို ခေါင်းလည်းမညိတ်ပါဘူး။ဒါပေမယ့် မျက်ဝန်းထဲက အကြည့်တွေက ကျွန်တော်စကားကို ထောက်ခံနေသယောင်ယောင်။ကျွန်တော်ရဲ့ အကြည့်တွေကို မရောက်တော့မယ့်အနာဂတ်ကို ငေးကြည့်ရင်း တရိပ်ရိပ်နဲ့ပြုံးလိုက်တယ်။အစအဆုံးတွေးကြည့်လိုက်တော့ ကျွန်တော်က တစ်ယောက်ထဲပါပဲ။သန်မာချင်ယောင်ဆောင်နေခဲ့တဲ့ လူကြောက်တစ်ယောက်ပဲ။ကျွန်တော် အနာဂတ်အတွက် ကိုယ်တိုင်ဆေးခြယ်ဖို့မေ့နေခဲ့ပါလား။သူများတွေ တပ်ပေးတဲ့အရှုံးသမားခေါင်းစဥ်နဲ့ပဲ ပျော်မနေချင်တော့ဘူး။ဝဋ်ကြွေးတွေကို ဒီဘဝဒီမျှနဲ့ပဲ တစ်ခန်းရပ်သင့်နေပြီလေ။
-----------------------------
အခန်း(၃)
မှန်ထဲမှာကြည့်တိုင်း ကျွန်တော်က အရှုံးသမားတစ်ယောက်လို မမြင်ချင်တော့ဘူး။လူရွှင်တော်တစ်ယောက်လို မျက်နှာနှစ်ဖက်နဲ့ ရှင်သန်ရမယ့်ဘဝကို စွန့်လွှတ်တော့မယ်။ကျွန်တော်မွေးတဲ့ ဧပြီလမှာ ကျွန်တော်ဘဝအသစ်ကို ပြန်လည်မွေးဖွားဖို့ဆုံးဖြတ်လိုက်တယ်။ဘဝသစ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တစ်ယောက်တည်းနေတော့မယ်။ကျွန်တော်ရဲ့အလုပ်ခန်းကိုလည်း ရောင်းလိုက်ပြီ။တိုက်ခန်းကိုလည်း ရောင်းပြီးနေပြီ။လိုချင်တဲ့ဘဝတစ်ခုအတွက် အရင်က နီနီထွန်းဆိုတဲ့ အတိတ်ကို ပစ်ထားခဲ့တော့မယ်။
ကျွန်တော်ရဲ့စိတ်ဓာတ်တွေရော ခန္ဓာကိုယ်ကိုပါ ပြင်ဆင်ရင် လူအထင်သေးမခံရတော့ဘူးလို့ မိုက်မဲနေတဲ့ကျွန်တော့်စိတ်တွေရော ကျွန်တော်မလိုချင်တဲ့ ဒီခန္ဓာအစိတ်အပိုင်းတွေကို စွန့်ပစ်ဖို့ ထိုင်းမှာအလုပ်လုပ်ရင်း အရာရာကို အသစ်ဖြစ်ဖို့ ခြေလှမ်းစခဲ့တယ်။မမဝါကြောင့် ဆုံးဖြတ်ခဲ့တာမဟုတ်ပေမယ့် သူတကယ်ပြန်ချစ်လာရင်တော့ ပျော်ရမှာပေါ့။ဒါပေမယ့် ကျွန်တော်လို ဘာမှ မသေချာတဲ့သူတစ်ယောက်ကို ဘယ်သူက ချစ်နိုင်ပါ့မလဲ။အဲဒီတော့ ကျွန်တော်အတွက် ကျွန်တော် ရှင်သန်မှရမယ်။
အိပ်ရာက နိုးထလာတဲ့ကျွန်တော် အနာဂတ်တွေအတွက် အစီအစဥ်တွေချရင်း လန်းဆန်းနေတယ်။ဒီနေ့ ဖေဖော်ဝါရီ ၁ရက်နေ့။တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က ထူးဆန်းနေတယ်။ခါတိုင်း ဒီအချိန်ဆို ကားသံတွေ လူသံတွေ ဆူညံနေတာ။ပြတင်းပေါက်ကနေ အပြင်ငေးကြည့်နေတော့ အလိုလိုထူးဆန်းနေတယ်။ဖုန်းဖွင့်ကြည့်တော့လည်း ဖုန်းလိုင်းတွေမမိပြန်ဘူး။ကျွန်တော်ရဲ့စိတ်ထဲထူးဆန်းသွားတယ်။ဘေးအခန်းကို စပ်စုကြည့်ဖို့ ထွက်လာခဲ့တယ်။တံခါးကို မထုရဲ၊ထုရဲ ထုလိုက်တယ်။ကျွန်တော်က လူတွေနဲ့မျက်လုံးချင်းဆုံကြည့်ဖို့ကို ဘယ်ချိန်က ကြောက်တတ်ခဲ့မှန်းမသိတော့။ကျွန်တော်ရဲ့ပုံစံကိုလည်း ပတ်ဝန်းကျင်ကလူတွေက နှာခေါင်းရှုံ့ကြည့်တတ်လို့လေ။
"ဘာလဲ"
"ဟိုလေ...ဖုန်းတွေဆက်မရလို့ ညီမတို့များအဲလိုဖြစ်လား"
"နင် မသိဘူးလား။ဒီနေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ကြေငြာထားတယ်လေ"
ဆွံ့အသွားသလို နှလုံးခုန်သံတွေပါ ရပ်တန့်သွားလေသလား။ကျွန်တော်တစ်သက်မှာတစ်ခါသာ ကြားဖူးပေမယ့် တချိန်က ခေတ်ဆိုးအကြောင်း ကြားဖူးထားပြီးပြီ။အရာရာနောက်ကောက်ကျနေတဲ့ ကျွန်တော်တို့ကို တိပ်ခွေတစ်ခုလို လွယ်လွယ် ပြန်ရစ်ပစ်ခံလိုက်ရတဲ့အဖြစ်မို့ ရင်နာတယ်။မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို ခံစားနေရတယ်။အခန်းကို ပြန်လာပြီး ပြက္ခဒိန်မှာ မှတ်ထားတဲ့ရက်လေးကို ငေးရင်း ငိုချင်လာတယ်။အပြင်မှာ သာယာနေတဲ့ကောင်းကင်ပြာကို ပြည့်ပြီး သိမ်ငယ်မိပြန်တယ်။တစ်မိုးအောက်တည်း ရှင်သန်တာချင်းတူရင်တောင် ကျွန်တော်တို့တတွေ နိမ့်ကျလိုက်တာ။မဖြစ်ချင်တာကို တွန်းလှန်တတ်တဲ့ကျွန်တော်အတွက် ဒီလုပ်ရပ်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်တယ်။ကျွန်တော်တို့တွေ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြရတော့မယ်။
တဖြည်းဖြည်းကြမ်းတမ်းလာတဲ့ လမ်းတွေကို မြင်နေပေမယ့် နောက်မဆုတ်တဲ့ခြေလှမ်းတွေက ညီညွတ်မှုကိုမြင်နေရတယ်။ရင်တွင်းမီးတွေက လူတိုင်းဆီမှာ တောက်လောင်နေတယ်။မတရားမှုကို လက်မခံဘူးဆိုတာ သိသာထင်ရှားနေတယ်။အမျိုးအမည်တာကွဲသွားပေမယ့် ကျွန်တော်တို့ မျှော်လင့်ချက်တွေကို လွယ်လွယ်လေးနဲ့အဖျက်ခံလိုက်ရတာ တူတယ်လေ။ရင်ထဲက စကားလုံးတွေကို နှုတ်ကရေရွတ်ရင်း ခြေဖဝါးနုနုတွေ ကြမ်းတမ်းတဲ့မြေပြင်နဲ့အံတုခဲ့ကြတယ်။ကျယ်လောင်တဲ့ခြိမ်းခြောက်သံတွေကြောင့် မတရားမှုတွေ ကြောက်လှန့်ပါစေ။ကျွန်တော်တို့ကိုလည်း အသံပေါင်းစုံနဲ့တုန်လှုပ်စေခဲ့တယ်။မတရားဖြိုခွဲတာတွေကြောင့် လှုပ်လှုပ်ရှားရှားတွေ သွားခဲ့တယ်။
"ညီမလေး...ကျွန်တော် ဖိနပ် ယူစီးလိုက်ပါ...တော်ကြာ နောက်ရက်ဆက်မလျှောက်နိုင်ဘဲ နေမယ်"
ကျွန်တော်ကို မော့ကြည့်တဲ့ကောင်မလေးကို သိနေတယ်။ကျွန်တော်ကို နှာခေါင်းရှုံ့ခဲ့တဲ့အိမ်နီးချင်းပေါ့။ပြီးတော့ သူ့မျက်ဝန်းတွေထဲမှာ ကျွန်တော်လိုချင်တဲ့ မျှတမှုတွေ တွေ့လိုက်ရတယ်။ကျွန်တော်ကို လူလို့သတ်မှတ်တဲ့သဘောပေါ့။အရေးကြုံလာရင် ဘယ်လောက်ဘဲ အသားအရောင်၊အဆင့်အတန်းတွေ ကွဲကွဲ ရင်ဘတ်ချင်းနီးရင်ပြီးပြီ။
"ကျေးဇူးပါ အစ်ကို"
ကျွန်တော်ရဲ့ရင်ထဲမှာ ဖျတ်ခနဲ လင်းလက်သွားတဲ့လျှပ်စီးလို ကြည်နူးတာတွေကနေ အားအင်တွေ ပြည့်လျှံလာတယ်။ကျွန်တော်ရဲ့အသိစိတ်တွေထဲကနေ နှိုးဆော်ပေးလိုက်တာက ဒီတိုက်ပွဲကို အဆုံးထိ နိုင်အောင်တိုက်ပါတဲ့။ယောကျ်ားတစ်ယောက်ဖြစ်ခွင့်မရခဲ့ရင်တောင် အနာဂတ်မှာ ကျွန်တော် မသိမ်ငယ်တော့ဘူးဆိုတာ သိလိုက်တယ်။အားလုံးက တန်းတူညီမျှတာကို တကယ်သိသွားကြပြီလေ။မျှတတဲ့ အသိုက်အဝန်းလေးတစ်ခုကို မြင်ရတော့မယ် ထင်တယ်။
----------------------------------
အခန်း(၄)
ဆုံးဖြတ်ချက်တစ်ခုရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေ ပြည့်နှက်နေတယ်။ကျွန်တော် ဒီဆုံးဖြတ်ကို ဆုံးဖြတ်ဖို့ တချို့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။လူငယ်ဘဝနဲ့ ဖြတ်သန်းသင့်သလောက်ဖြတ်သန်းပြီးပြီ။ခုအချိန် ကျောပိုးအိတ်တစ်လုံးကပဲ ကျွန်တော် အဖော်ဖြစ်ရင် လုံလောက်ပြီ။ကျွန်တော်ရဲ့ အလိုရမ္မက်တွေ သိမ်းလိုက်ရင်ပေါ့။မသေချာတဲ့အနာဂတ်ကို စိတ်ကူးယဥ်နေတာထက်စာရင် သေချာတဲ့ပစ္စုပ္ပန်ကိုပဲ လက်ရဖမ်းဆုပ်လိုက်တော့မယ်။တဖြည်းဖြည်း ကျောခိုင်းထွက်လာတဲ့အခန်းကို ပြန်လှည့်မကြည့်တော့ဘူး။ကျွန်တော်လို လူငယ်တွေလည်း အိမ်နဲ့ဝေးတဲ့ နေရာမှာ တရားမျှတမှုဆိုတဲ့အရာတစ်ခုအတွက် ရောက်ကုန်ကြပြီ။
"အထွန်း...အထွန်းနင်ဘယ်သွားမလို့လဲ။မသွားရဘူး...ငါမလွှတ်ဘူးနော်"
ကျွန်တော်ရဲ့လက်ကို နောက်မှ အမိအရဖမ်းဆုပ်ရင်း မျက်ရည်ကျနေတဲ့မေမေကို မြင်ရလို့ပျော်လိုက်တာ။
မေမေရဲ့မျက်ရည်တွေက ကျွန်တော်အတွက်အချစ်တွေဖြစ်နေလို့လေ။ပျော်စရာတွေက ခုမှ စုပြုံရောက်လာရတာလဲ။
"ကျွန်တော်အတွက်ဆိုတာထက် လူငယ်ဘဝကို ကောင်ကောင်းမဖြတ်သန်းရသေးတဲ့ မေမေသားအငယ်ကောင်တို့လိုကလေးတွေအတွက် ကျွန်တော်တို့ လူငယ်တွေ ကျွန်တော်နိုင်တဲ့နေရာက တာဝန်ကျေမှဖြစ်မယ်...မေမေ နားလည်ပေးပါ"
မေမေရဲ့လက်တွေက ကျွန်တော်ကို ရစ်သိုင်းဖွဲ့ထားတယ်။ကျွန်တော် ကျေနပ်လိုက်တာ။မေတ္တာငွေ့တွေနဲ့ ဆုပ်ထွေးထားလို့လားမသိဘူး။ဝဲတက်လာတဲ့မျက်ရည်တွေထဲမှာ နာကြည်းဆိပ်တွေ မပါတော့ဘူး။တစ်ခါလောက် ထွေးဖက်ထားချင်လိုက်တာ။အဲလိုသာ လုပ်မိရင် စံပယ်ကြီးချက်ငြိတာလို ထွက်ခွာနိုင်မှာမဟုတ်ဘူး။မလွှတ်တမ်းကိုင်ထားတဲ့ လက်တွေကို ဖြုတ်လိုက်တယ်။ဝေးရာကို ခြေလှမ်းကျဲကျဲနဲ့ ထွက်လာခဲ့တယ်။ကျွန်တော်တို့စိတ်တွေ လွတ်လပ်တဲ့တစ်နေ့ ပြန်လာမှာပါ။ဒါပေမယ့် အဲဒီအချိန်က ဘယ်တော့လဲ ကျွန်တော်မသိဘူး။ပြန်မလာနိုင်ခဲ့ရင်လည်း မေမေကို လည်တဆန့်ဆန့်ဖြစ်မနေစေချင်ဘူး။အဲဒီတော့ ကျွန်တော် ပြန်လာပါမယ်လို့ ကတိတွေ မပေးဖြစ်တော့ဘူး။လစ်လပ်နေရာတိုင်းကို ဖြည့်ဆည်းနေတတ်တဲ့ အကျင့်လေးနဲ့ ကျွန်တော်နေသားကျနေပါပြီ။ခုလည်း ကျွန်တော်တို့ဘဝတွေနဲ့ရင်းပြီး မျှတမှုအတွက် တိုက်ပွဲဝင်နေအုံးမယ်။
ကျွန်တော် အဖြည့်ခံလုပ်ပေးခဲ့လို့ လူတစ်ယောက် ဒါမှမဟုတ် လူတချို့ အဆင်ပြေမယ်ဆိုရင် ကျေနပ်ပါပြီ။
Zawgyi
အခန္း(၁)
လမိုက္ညေတြမွာ အမဲေရာင္အခန္းက်ဥ္းေလးက ကြၽန္ေတာ့္ အေဖာ္ပဲေပါ့။အဲလိုညေတြဆို မီးေရာင္မရွိတာႀကိဳက္တယ္။ကြၽန္ေတာ္ရဲ႕စိတ္အမဲေရာင္ေတြကို တစ္ခါတေလ အေဖာ္မမဲ့ေစခ်င္ဘူး။ၿပီးေတာ့ တစ္လမွာတစ္ခါေရာက္လာမယ့္ လျပည့္ညေတြကို ပိုအမွတ္ရေနေစခ်င္လို႔ေလ။တကယ္ေတာ့ လျပည့္ညေတြကို သိပ္ႀကိဳက္ပါတယ္။လျပည့္ညမွာ
လမင္းကိုၾကည့္ၿပီး မျပည့္တဲ့ဆုေတြေတာင္းမိျပန္တယ္။လကြယ္ညက ကြၽန္ေတာ္ရဲ႕ဘဝအမွန္ဆိုရင္ လျပည့္ညက စိတ္ကူးယဥ္ညတစ္ညေပါ့။ႏွစ္ခုစလုံးက အေရးပါတယ္။လင္းထိန္ေနတဲ့လမင္းကိုၾကည့္ၿပီး ဆုတစ္ခုေတာင္းေနတတ္တယ္။
"ေယာက်္ားေလးတစ္ေယာက္ျဖစ္ပါရေစ"လို႔ေလ။ဘာလို႔လဲဆိုရင္ ေမေမကိုကာကြယ္ေပးခ်င္လို႔ ေယာက်္ားတစ္ေယာက္ျဖစ္ခ်င္တယ္။ၿပီးေတာ့ ေဖေဖကို မုန္းလို႔မိန္းမဘဝကိုမလိုခ်င္ဘူး။ငယ္ငယ္ကတည္းက ေယာက်္ားေလးတစ္ေယာက္လို ခံယူထားတယ္။ေယာက်္ားေလးေတြက မိန္းကေလးေတြထက္ အရာရာသာလြန္တယ္လို႔ သတ္မွတ္ထားၾကတယ္မဟုတ္လား။ဒါေပမယ့္ ကံတရားကေပးတဲ့ လက္ေဆာင္ေတြက ကြၽန္ေတာ္ရဲ႕ဘဝကို ခါးသီးေစတယ္။အဲဒီခါးသီးတာေတြကို နာၾကည္းရတာလည္း ရင္ေမာလွပါၿပီ။
"ဟဲ့...အထြန္း တံခါးဖြင့္စမ္း"
ဒီအသံကို ကြၽန္ေတာ္ အလြတ္မွတ္မိတာေပါ့။ကြၽန္ေတာ္ရဲ႕ရင္ဘတ္ထဲက ပထမဆုံးဘုရင္မေပါ့။ဒုတိယဘုရင္မရွိေသးတယ္။အဲဒီသူက ကြၽန္ေတာ္ ခိုးခ်စ္ေနရတဲ့ အမ်ိဳးသမီးတစ္ေယာက္ေပါ့။ဒါေပမယ့္ သူတို႔ႏွစ္ေယာက္စလုံးက ကြၽန္ေတာ္နဲ႔ကံမစပ္ပါဘူး။ေမေမကို ခ်စ္ေပမယ့္ သူနဲ႔တူတူမေနခဲ့ရဘူး။မမဝါကိုခ်စ္ေပမယ့္ ခ်စ္ခြင့္မရျပန္ဘူး။အခ်စ္ေတြကို စိတ္တိုင္းက် ျခယ္လွယ္ခြင့္မရတဲ့ကြၽန္ေတာ္က ဆိုးေပေပေယာက်္ားလ်ာတစ္ေယာက္ျဖစ္လာတာ မဆန္းပါဘူးေလ။ခုလည္း ဘာတရားေတြလာေဟာၿပီး ကြၽန္ေတာ္ ႏွလုံးသားကို အဆိပ္ထုတ္သလိုလို၊အဆိပ္ခတ္သလိုလို လာလုပ္မယ္မသိေသးဘူးေလ။
ေမေမက ကြၽန္ေတာ္ကိုမုန္းတယ္ေလ။သူလို သမီးေကာင္းေလးမျဖစ္ရေကာင္းလားဆိုၿပီးေပါ့။သူလို ေယာက်္ားတစ္ေယာက္စြန္႔ပစ္လို႔ ကြၽန္ေတာ္ကို ေမြးခဲ့တာမ်ိဳး မျဖစ္ခ်င္ဘူး။
"နင္ တံခါးဖြင့္ေနာ္...မဟုတ္ရင္ နင္နဲ႔ငါ ေသခန္းျပတ္ပဲ"
ဒီလိုေျပာတာ ဒုတိယေျမာက္လို႔ထင္တယ္။ပထမတစ္ခါတုန္းက ကြၽန္ေတာ္အတြက္ မလိုလားတဲ့ပေထြးဆိုတဲ့လူကို ေခၚလာတုန္းကေပါ့။အဲဒီကတည္းက တစ္ေယာက္တည္း ႐ြက္လႊင့္ေနခဲ့လိုက္တယ္။ကြၽန္ေတာ္က ကမ္းမေတြ႕တဲ့႐ြက္ေလွတစ္စင္းေပါ့။ဘယ္ကမ္းမွာ ကပ္ရပါ့မလဲဆိုတာ မေရရာဘူး။တကယ္တမ္းဆို ကြၽန္ေတာ္က ပင္လယ္ေပ်ာ္ခရီးသြားေလးမဟုတ္ဘူး။ေမတၱာငတ္ေနလို႔ ဓားျမလိုက္တိုက္ေနတဲ့ ကပ္စရာကမ္းမရွိတဲ့ ပင္လယ္ဓားျမေလးပါ။မျဖစ္ႏိုင္မွန္းသိရက္နဲ႔ တစ္ခါတေလ ေမတၱာေတြကို ေမွ်ာ္လင့္ေစာင့္စားေနမိတယ္။ခုလည္း ေမေမမ်ား ကြၽန္ေတာ္ကို စိုးရိမ္ေလမလားလို႔ ေမွ်ာ္ရင္း ဒဏ္ရာေတြကို ေဆးမထည့္ဘဲ ငုတ္တုတ္ထိုင္ေနမိတာ။ေမွာင္မဲေနတဲ့ အခန္းထဲမွာ ျပန္႔က်ဲေနတဲ့ပစၥည္းေတြကို ေျခေထာက္နဲ႔တ႐ြတ္တိုက္ၿပီး အခန္းတံခါးဆီ လာခဲ့တယ္။တံခါးကို ထုသံက ရင္ဘတ္ကို တအုန္းအုန္းထုႏွက္ေနသလိုပဲ။တံခါးကို ဖြင့္ေပးလိုက္တယ္။အခန္းမီးကို ခ်က္ခ်င္းဖြင့္ေနတယ္။ၿပီးေတာ့ အားမပါတဲ့႐ိုက္ခ်က္တစ္ခုက ပါးဆီက်ေရာက္လာတယ္။အားမပါေပမယ့္ ဒဏ္ရာကို ဆားနဲ႔ပက္လိုက္သလို နာလိုက္တာ။
"ဖက္...."
ဒါေပမယ့္ ေမေမရဲ႕မိန္းမပီသလွတဲ့ လက္သည္းခြၽန္ခြၽန္ေတြက ႏႈတ္ခမ္းေထာင့္နားျခစ္ၿဖဲသြားတယ္။အရင္က ရထားတဲ့မ်က္ႏွာက ဒဏ္ရာေတြနဲ႔ကြၽန္ေတာ္ ေတာ္ေတာ္ ၾကည့္ေကာင္းသြားမယ္ထင္တယ္။
"ေမေမ ႏႈတ္ဆက္တာ ၾကမ္းလွပါလား"
"နင့္လုပ္ပုံကေရာ ဟုတ္လို႔လား...မိန္းကေလးျဖစ္ၿပီး ဘာလို႔ ေယာက်္ားေလးေတြနဲ႔ရန္ျဖစ္ထိုးသတ္ရတာလဲ"
"အေမ့ကို အေမ့သားအခ်စ္ေတာ္က ေျပာလိုက္တာမဟုတ္လား...သူကိုေတာင္ အေမ့သားျဖစ္ေနလို႔ ညႇာေပးလိုက္တာ....ေယာက်္ားမဆန္လိုက္တာ ကတုန္းကတိုက္နဲ႔"
"နင္ကေတာ့ ေယာက်္ားဆန္တယ္ေပါ့"
ေမေမရဲ႕႐ြဲ႕လုံးေတြကို ကြၽန္ေတာ္ မယွဥ္ဝံ့ပါဘူး။
သူတို႔ရဲ႕စံနဲ႔ဆို ကြၽန္ေတာ္ေယာက်္ားမဟုတ္ပါဘူး။ဒါေပမယ့္ ဘယ္သူဘာေျပာေျပာ ကြၽန္ေတာ္စိတ္နဲ႔ေနထိုင္မႈပုံစံက ေယာက်္ားတစ္ေယာက္ျဖစ္ေနရင္ၿပီးၿပီ။အေပၚယံပဲ ၾကည့္ၿပီး နာမည္ေပးတတ္တဲ့ထဲမွာ ေမေမ ပါေနလို႔ ဝမ္းနည္းလို႔မဆုံးဘူး။ေယာက်္ားဆန္ဖို႔ ေယာက်္ားတစ္ေယာက္ျဖစ္ေနဖို႔မလိုဘူးဆိုတာ ေမေမ သိရင္ သိပ္ေကာင္းမယ္။ေမေမအတြက္ ေယာက်္ားတစ္ေယာက္ျဖစ္ခ်င္ခဲ့တာ ေမေမမသိဘူး။ေမေမအတြက္ ကြၽန္ေတာ္က နာရတဲ့အတိတ္ျဖစ္ေနေတာ့ ေမေမ့ကိုခ်စ္တဲ့ကြၽန္ေတာ္အခ်စ္ေတြက မ်က္မုန္းက်ိဳးစရာျဖစ္ေနခဲ့တာလား။
"ဘာလို႔ရန္ျဖစ္တာလဲလို႔ မေမးေတာ့ဘူးလား"
"ေမးေနစရာလိုလို႔လား...အၿမဲတမ္းျပႆနာျဖစ္ခ်င္ေနတာမဟုတ္ဘူးလား"
တကယ္ေတာ့ ေမေမ့စကားက ေမးခြန္းမဟုတ္တဲ့တဖက္ပိတ္အေျဖျဖစ္ေနပါလား။ကြၽန္ေတာ္ကို အဲေလာက္မုန္းလား။ကြၽန္ေတာ္ကို အေဖမရွိဘဲေမြးခဲ့တဲ့သူ၊မိမခင္ ဖမခင္လို႔ ေတာင္မဟုတ္ေျမာက္မဟုတ္ျဖစ္ေနတဲ့သူလို႔ေျပာတဲ့လူေတြကို ခဝါခ်ေခါင္းငုံ႔ေပးရမွာလား။ေဝးေသးမယ္။ေမေမအတြက္ ကြၽန္ေတာ့္ျဖစ္တည္မႈအတြက္ တုန္႔ျပန္တာက ႐ိုင္းခ်င္႐ိုင္းလိမ့္မယ္။အဲဒါက ကြၽန္ေတာ္ ျဖည့္ဆည္းေပးႏိုင္တဲ့ ေမေမအတြက္ ဂုဏ္သိကၡာကယ္ဆယ္ေရးပဲ။ကြၽန္ေတာ္မွားခ်င္မွားမယ္။ကြၽန္ေတာ္က အျဖည့္ခံလူသားတစ္ဦးပဲေလ။မိဘေတြ ရမၼက္ေျပဖို႔ သားေကာင္ျဖစ္လာတယ္။သူတို႔အမ်က္ေတြ ခြၽန္ထက္ဖို႔ ကြၽန္ေတာ္က ဓားေသြးေက်ာက္ပဲ။သူတို႔မာနေတြ ျမင့္မားဖို႔ ခံျပင္းရတဲ့ရင္တြင္း မီးေတာက္ကို မ်ိဳသိပ္ရေတာ့ ခံစားခ်က္မီးခိုးေငြ႕ေတြကပဲ အျပင္ကို ကန္ထြက္လာတယ္။မီးခိုးေငြ႕ရဲ႕႐ိုက္ခက္ဒဏ္ေၾကာင့္ မ်က္ရည္စေတြ က်လာတယ္။
"ေအာ္...ေယာက်္ားေလးျဖစ္ခ်င္တာေျပာတယ္...မ်က္ရည္ေတာ့လြယ္သားပဲ"
ေမေမ မသိရွာေသးတာကိုး။အဲဒီမ်က္ရည္ေတြက ရင္တြင္းမီးရဲ႕သက္ေသေတြဆိုတာေပါ့။သူတို႔လို ေဒါသအျဖစ္မေဖာက္ခြဲရတဲ့ မီးေတြက မ်က္ရည္အျဖစ္ ထိုးေဖာက္လာတယ္ဆိုတာ နားမလည္ဘူး။မ်က္ရည္က်တယ္ဆိုတာ ေယာက်္ားမို႔၊မိန္းမမို႔ဆိုၿပီး ခြဲတမ္းခ်ထားလို႔ရလား။ခံစားတတ္တဲ့သူတိုင္း မ်က္ရည္က်ၾကပါတယ္။
"ဒဏ္ရာေတြ ေဆးထည့္ရေအာင္"
ကြၽန္ေတာ္ ထင္တဲ့အတိုင္း ေမေမက အဆိပ္ထုတ္သလိုလို အဆိပ္ခတ္သလိုလိုလာလုပ္ေနတယ္။ကြၽန္ေတာ္ မုန္းမိေအာင္လုပ္ေနတာလား။ငရဲခန္းက ညေတြကို တုန္ေနေအာင္ ေၾကာက္ေနပါၿပီ။ငရဲဆိုတာကိုလည္း မျမင္ရေပမယ့္ ေၾကာက္တတ္ေနပါၿပီ။မေသခင္ ငရဲကတင္ ပူလြန္းလို႔ပါ။
"ေမေမ ျပန္လိုက္ပါေတာ့...ေဆးထည့္ေပးလည္း ေပ်ာက္မယ့္ဒဏ္ရာက ေပ်ာက္မွာပါ...မေပ်ာက္မယ့္ဒဏ္ရာက မေပ်ာက္ေတာ့ပါဘူး"
မ်က္ႏွာက အညိဳအမဲေတြက ရက္နည္းနည္းၾကာရင္ ေပ်ာက္သြားမွာပါ။မေပ်ာက္မယ့္ဒဏ္ရာကေတာ့ သူတို႔စိတ္ခ်မ္းသာဖို႔ေပးထားတာမို႔ သိမ္းထားလိုက္ပါ့မယ္။ကြၽန္ေတာ္က သူတို႔ေပးထားတာေတြကို သိမ္းထားရတဲ့မီးခံေသတၱာေလးေပါ့။ေမေမ နာၾကင္တာေတြကို ကြၽန္ေတာ္ဆီမွာ လာသိမ္းလွည့္ပါ။ေမေမရဲ႕ဆႏၵေတြကို ျဖည့္ဆည္းပါရေစ။
-----------------------------------
အခန္း(၂)
ကြၽန္ေတာ္တစ္ေယာက္တည္း ေနတတ္ေအာင္ ႀကိဳးစားဖို႔ဆိုတာ လြယ္တဲ့ကိစၥေတာ့မဟုတ္ဘူး။ဘာအလုပ္လုပ္လည္းမေမးနဲ႔။လူေတြ စိတ္ထြက္ေပါက္တစ္ခုျဖစ္တဲ့အလုပ္လုပ္တယ္။တခ်ိဳ႕က ဝါသနာပါလို႔ ကြၽန္ေတာ္ဆီ လာၾကတယ္။တခ်ိဳ႕က် နာၾကင္စရာေတြ ခံစားခ်က္ေတြကို ထုတ္ေဖာ္ဖို႔ လာၾကတယ္။ကြၽန္ေတာ္ ကိုယ္တိုင္ကလည္း သူတို႔ခံစားခ်က္ေတြကို ထုတ္ေဖာ္ေပးဖို႔ လိုလိုလားလားလက္ခံတတ္တယ္။တခ်ိဳ႕က အသည္းကြဲလို႔ဆိုၿပီး လာတတ္ၾကတယ္။အဲဒီထဲမွာ မမဝါလည္းပါတယ္။သူ႔အသည္းတစ္ခါကြဲတိုင္း တစ္ခါလာတယ္။
"မမဝါ..ဒီတစ္ခါ အသည္းကြဲျပန္ၿပီလား"
"ဆိုပါေတာ့...ဒါေပမယ့္ ဒီတစ္ခါေတာ့ တက္တူးထိုးေပး႐ုံတင္မဟုတ္ဘူး။ခဏေလာက္ ငါ့ရည္စားအျဖစ္ဟန္ေဆာင္ေပး"
လက္ျပင္ႏွစ္ဖက္မွာ အသည္းကြဲခဲ့တဲ့မွတ္တမ္းေတြကို ကြၽန္ေတာ္ ကိုယ္တိုင္ေရးျခယ္ေပးခဲ့ရတယ္။တခ်ိဳ႕ကနာမည္ေတြ၊တခ်ိဳ႕က သေကတၤေတြေပါ့။လူတစ္ေယာက္က အသည္းအခါခါကြဲလည္း ေသ႐ိုးထုံးစံမွမရွိတာ။တကယ္ေတာ့ အသည္းကြဲတယ္ဆိုတာ နာမည္ခံသက္သက္ပဲ။ခံစားခ်က္ေတြ ကြဲၿပဲကုန္တာကို ဆိုလိုတာပါပဲ။ခံစားရတာကို ေလႀကီးေလက်ယ္ေျပာၾကတာ ထင္တယ္။
"ဘာလို႔လဲ"
"အဲေကာင္က သူကိုသူအထင္ႀကီးလြန္းလို႔ ႐ြဲ႕ခ်င္လို႔"
တျခားတစ္ေယာက္ အ႐ြဲ႕တိုက္ဖို႔ ကြၽန္ေတာ္က တစ္ခါသုံးစကၠဴအျဖစ္နဲ႔ အသုံးခ်ခံရရင္ေတာင္ ကိုယ္ခ်စ္တဲ့သူေတြအတြက္ဆို လည္စင္းေပးမယ့္သူပါ။
မမဝါရဲ႕မာနေလးေတြ အေရာင္ေျပာင္ဖို႔ ကြၽန္ေတာ္က ဘဒက္တစ္ခုျဖစ္ခ်င္ျဖစ္ပါေစေတာ့။သူရဲ႕ေက်ာျပင္ဆီ အေသသပ္ဆုံး တက္တူးတစ္ခု ထပ္တိုးေပးလိုက္တယ္။ကြၽန္ေတာ္ဆီမွာလည္း ျပည့္ႏွက္ေနတဲ့တက္တူးေတြရွိတယ္။လူတကာ ႏွာေခါင္းရႈံ႕ၾကည့္တဲ့တက္တူးေတြ body piercingေတြ ဒုနဲ႔ေဒးပဲ။ဒါေတြက ကြၽန္ေတာ္ရဲ႕ရင္တြင္းမီးေတြကို ပုံေဖာ္တဲ့သ႐ုပ္ျပမို႔ေက်နပ္တယ္။ကြၽန္ေတာ္က ဘဝနာတဲ့ေကာင္တစ္ေကာင္ဆိုတာ မေမ့ေတာ့ဘူးေလ။
"နင္ အလိုက္ေလး ေနေပး႐ုံပဲသိလား...သူတို႔က နင္ကို ဘယ္သူမွေယာက်္ားလ်ာလို႔သိတာမဟုတ္ဘူး"
ကြၽန္ေတာ္နဲ႔မရင္းႏွီးတဲ့ပတ္ဝန္းက်င္မွာ ကြၽန္ေတာ္က ေယာက်္ားေလးေပါ့။ကြၽန္ေတာ္ ခိုးခ်စ္ေနရတဲ့သူက လက္ေတြကို ခိုင္ခိုင္တြဲထားတယ္။ၾကင္နာယုယေနလိုက္ပုံမ်ား အိပ္မက္လားထင္ရေလာက္တယ္။ျဖစ္ႏိုင္ရင္ ကြၽန္ေတာ္ရဲ႕ဘဝဇာတ္ခုံကို ပစၥဳပၸန္မွာ ရပ္ျဖစ္ထားခ်င္မိတယ္။ဒါက ခဏတာ စိတ္ကူးယဥ္သက္သက္ဇာတ္လမ္းပါပဲ။သူ႔လူကို ႐ြဲ႕ေစာင္းၿပီးတဲ့အခ်ိန္ တြဲထားတဲ့လက္ေတြ ျပဳတ္က်သြားတယ္။
"မမဝါ...ကြၽန္ေတာ္ကေရာ တကယ္ခ်စ္သူျဖစ္ခြင့္မရွိဘူးလား"
မမ်ိဳသိပ္ႏိုင္တဲ့စကားေတြက ႐ုတ္တရက္ ထြက္က်လာတယ္။တားဆီးခ်ိန္ ဘယ္ရလိုက္ပါ့မလဲ။ငါးစာျပခံထားရတဲ့ငါးလို အတုကို အစစ္လိုတပ္မက္လာလို႔ အငမ္းမရ ငါးစာေနာက္လိုက္ခဲ့မိတယ္။တကယ္ေတာ့ ကြၽန္ေတာ္အတြက္က ငါးစားမရတဲ့ ငါးမွ်ားခ်ိတ္မိတဲ့ငါးေလးတစ္ေကာင္ေပါ့။အသံေတြတိတ္ဆိတ္သြားတဲ့ မမဝါရဲ႕မ်က္ႏွာမွာ အားတုံ႔အားနာဟန္ေလးေတြ ယွက္သန္းေနတယ္။သူလည္း ကြၽန္ေတာ္ရဲ႕ဘဝကို လက္ခံတယ္ထင္ရေပမယ့္ လက္မခံႏိုင္ဘူးေလ။
"မမဝါ အားနာပါတယ္။မမဝါ လုပ္ရပ္ေတြက မင္းကို ေမွ်ာ္လင့္ခ်က္ေပးသလိုမ်ားျဖစ္သြားလား။မမဝါက ပတ္ဝန္းက်င္က လက္ခံတဲ့အေနအထားရွိတဲ့သူကိုပဲေ႐ြးဖို႔ ဆုံးျဖတ္ထားလို႔ပါ"
စကားရဲ႕ဆိုလိုရင္း အဓိပၸါယ္ကို ခက္ဆစ္မဖြင့္ၾကည့္လည္း ကြၽန္ေတာ္သိလိုက္တယ္။အမ်ားအျမင္မွာ သူ႔ခ်စ္သူက ေယာက်္ားတစ္ေယာက္ျဖစ္ေနဖို႔ လိုတယ္ေပါ့။ကံကေပးတဲ့အရာေတြသာ မေျပာင္းလဲဘဲ အရာအားလုံးေျပာင္းလဲေနတဲ့ ကြၽန္ေတာ္ကို ေယာက်္ားလို႔ မျမင္ႏိုင္ဘူးေပါ့။ဟုတ္မွာပါေလ။ကြၽန္ေတာ္တို႔က စည္းကမ္းႀကီးလြန္းလို႔ လူအသိုက္အဝန္းမွာ ရွိေနတာဆိုေတာ့ မမဝါ မမွားပါဘူး။
"ဒါဆို ကြၽန္ေတာ္ ေယာက်္ားတစ္ေယာက္ျဖစ္ခဲ့ရင္ လက္ခံႏိုင္တယ္ေပါ့"
ေခါင္းမခါသလို ေခါင္းလည္းမညိတ္ပါဘူး။ဒါေပမယ့္ မ်က္ဝန္းထဲက အၾကည့္ေတြက ကြၽန္ေတာ္စကားကို ေထာက္ခံေနသေယာင္ေယာင္။ကြၽန္ေတာ္ရဲ႕ အၾကည့္ေတြကို မေရာက္ေတာ့မယ့္အနာဂတ္ကို ေငးၾကည့္ရင္း တရိပ္ရိပ္နဲ႔ၿပဳံးလိုက္တယ္။အစအဆုံးေတြးၾကည့္လိုက္ေတာ့ ကြၽန္ေတာ္က တစ္ေယာက္ထဲပါပဲ။သန္မာခ်င္ေယာင္ေဆာင္ေနခဲ့တဲ့ လူေၾကာက္တစ္ေယာက္ပဲ။ကြၽန္ေတာ္ အနာဂတ္အတြက္ ကိုယ္တိုင္ေဆးျခယ္ဖို႔ေမ့ေနခဲ့ပါလား။သူမ်ားေတြ တပ္ေပးတဲ့အရႈံးသမားေခါင္းစဥ္နဲ႔ပဲ ေပ်ာ္မေနခ်င္ေတာ့ဘူး။ဝဋ္ေႂကြးေတြကို ဒီဘဝဒီမွ်နဲ႔ပဲ တစ္ခန္းရပ္သင့္ေနၿပီေလ။
-----------------------------
အခန္း(၃)
မွန္ထဲမွာၾကည့္တိုင္း ကြၽန္ေတာ္က အရႈံးသမားတစ္ေယာက္လို မျမင္ခ်င္ေတာ့ဘူး။လူ႐ႊင္ေတာ္တစ္ေယာက္လို မ်က္ႏွာႏွစ္ဖက္နဲ႔ ရွင္သန္ရမယ့္ဘဝကို စြန္႔လႊတ္ေတာ့မယ္။ကြၽန္ေတာ္ေမြးတဲ့ ဧၿပီလမွာ ကြၽန္ေတာ္ဘဝအသစ္ကို ျပန္လည္ေမြးဖြားဖို႔ဆုံးျဖတ္လိုက္တယ္။ဘဝသစ္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ တစ္ေယာက္တည္းေနေတာ့မယ္။ကြၽန္ေတာ္ရဲ႕အလုပ္ခန္းကိုလည္း ေရာင္းလိုက္ၿပီ။တိုက္ခန္းကိုလည္း ေရာင္းၿပီးေနၿပီ။လိုခ်င္တဲ့ဘဝတစ္ခုအတြက္ အရင္က နီနီထြန္းဆိုတဲ့ အတိတ္ကို ပစ္ထားခဲ့ေတာ့မယ္။
ကြၽန္ေတာ္ရဲ႕စိတ္ဓာတ္ေတြေရာ ခႏၶာကိုယ္ကိုပါ ျပင္ဆင္ရင္ လူအထင္ေသးမခံရေတာ့ဘူးလို႔ မိုက္မဲေနတဲ့ကြၽန္ေတာ့္စိတ္ေတြေရာ ကြၽန္ေတာ္မလိုခ်င္တဲ့ ဒီခႏၶာအစိတ္အပိုင္းေတြကို စြန္႔ပစ္ဖို႔ ထိုင္းမွာအလုပ္လုပ္ရင္း အရာရာကို အသစ္ျဖစ္ဖို႔ ေျခလွမ္းစခဲ့တယ္။မမဝါေၾကာင့္ ဆုံးျဖတ္ခဲ့တာမဟုတ္ေပမယ့္ သူတကယ္ျပန္ခ်စ္လာရင္ေတာ့ ေပ်ာ္ရမွာေပါ့။ဒါေပမယ့္ ကြၽန္ေတာ္လို ဘာမွ မေသခ်ာတဲ့သူတစ္ေယာက္ကို ဘယ္သူက ခ်စ္ႏိုင္ပါ့မလဲ။အဲဒီေတာ့ ကြၽန္ေတာ္အတြက္ ကြၽန္ေတာ္ ရွင္သန္မွရမယ္။
အိပ္ရာက ႏိုးထလာတဲ့ကြၽန္ေတာ္ အနာဂတ္ေတြအတြက္ အစီအစဥ္ေတြခ်ရင္း လန္းဆန္းေနတယ္။ဒီေန႔ ေဖေဖာ္ဝါရီ ၁ရက္ေန႔။တိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္က ထူးဆန္းေနတယ္။ခါတိုင္း ဒီအခ်ိန္ဆို ကားသံေတြ လူသံေတြ ဆူညံေနတာ။ျပတင္းေပါက္ကေန အျပင္ေငးၾကည့္ေနေတာ့ အလိုလိုထူးဆန္းေနတယ္။ဖုန္းဖြင့္ၾကည့္ေတာ့လည္း ဖုန္းလိုင္းေတြမမိျပန္ဘူး။ကြၽန္ေတာ္ရဲ႕စိတ္ထဲထူးဆန္းသြားတယ္။ေဘးအခန္းကို စပ္စုၾကည့္ဖို႔ ထြက္လာခဲ့တယ္။တံခါးကို မထုရဲ၊ထုရဲ ထုလိုက္တယ္။ကြၽန္ေတာ္က လူေတြနဲ႔မ်က္လုံးခ်င္းဆုံၾကည့္ဖို႔ကို ဘယ္ခ်ိန္က ေၾကာက္တတ္ခဲ့မွန္းမသိေတာ့။ကြၽန္ေတာ္ရဲ႕ပုံစံကိုလည္း ပတ္ဝန္းက်င္ကလူေတြက ႏွာေခါင္းရႈံ႕ၾကည့္တတ္လို႔ေလ။
"ဘာလဲ"
"ဟိုေလ...ဖုန္းေတြဆက္မရလို႔ ညီမတို႔မ်ားအဲလိုျဖစ္လား"
"နင္ မသိဘူးလား။ဒီေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီလို႔ေၾကျငာထားတယ္ေလ"
ဆြံ႕အသြားသလို ႏွလုံးခုန္သံေတြပါ ရပ္တန္႔သြားေလသလား။ကြၽန္ေတာ္တစ္သက္မွာတစ္ခါသာ ၾကားဖူးေပမယ့္ တခ်ိန္က ေခတ္ဆိုးအေၾကာင္း ၾကားဖူးထားၿပီးၿပီ။အရာရာေနာက္ေကာက္က်ေနတဲ့ ကြၽန္ေတာ္တို႔ကို တိပ္ေခြတစ္ခုလို လြယ္လြယ္ ျပန္ရစ္ပစ္ခံလိုက္ရတဲ့အျဖစ္မို႔ ရင္နာတယ္။ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ဆုံးသြားသလို ခံစားေနရတယ္။အခန္းကို ျပန္လာၿပီး ျပကၡဒိန္မွာ မွတ္ထားတဲ့ရက္ေလးကို ေငးရင္း ငိုခ်င္လာတယ္။အျပင္မွာ သာယာေနတဲ့ေကာင္းကင္ျပာကို ျပည့္ၿပီး သိမ္ငယ္မိျပန္တယ္။တစ္မိုးေအာက္တည္း ရွင္သန္တာခ်င္းတူရင္ေတာင္ ကြၽန္ေတာ္တို႔တေတြ နိမ့္က်လိုက္တာ။မျဖစ္ခ်င္တာကို တြန္းလွန္တတ္တဲ့ကြၽန္ေတာ္အတြက္ ဒီလုပ္ရပ္ကို ဆန္႔က်င္ဖို႔ ဆုံးျဖတ္လိုက္တယ္။ကြၽန္ေတာ္တို႔ေတြ လုပ္သင့္လုပ္ထိုက္တာကို လုပ္ၾကရေတာ့မယ္။
တျဖည္းျဖည္းၾကမ္းတမ္းလာတဲ့ လမ္းေတြကို ျမင္ေနေပမယ့္ ေနာက္မဆုတ္တဲ့ေျခလွမ္းေတြက ညီၫြတ္မႈကိုျမင္ေနရတယ္။ရင္တြင္းမီးေတြက လူတိုင္းဆီမွာ ေတာက္ေလာင္ေနတယ္။မတရားမႈကို လက္မခံဘူးဆိုတာ သိသာထင္ရွားေနတယ္။အမ်ိဳးအမည္တာကြဲသြားေပမယ့္ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ခ်က္ေတြကို လြယ္လြယ္ေလးနဲ႔အဖ်က္ခံလိုက္ရတာ တူတယ္ေလ။ရင္ထဲက စကားလုံးေတြကို ႏႈတ္ကေရ႐ြတ္ရင္း ေျခဖဝါးႏုႏုေတြ ၾကမ္းတမ္းတဲ့ေျမျပင္နဲ႔အံတုခဲ့ၾကတယ္။က်ယ္ေလာင္တဲ့ၿခိမ္းေျခာက္သံေတြေၾကာင့္ မတရားမႈေတြ ေၾကာက္လွန္႔ပါေစ။ကြၽန္ေတာ္တို႔ကိုလည္း အသံေပါင္းစုံနဲ႔တုန္လႈပ္ေစခဲ့တယ္။မတရားၿဖိဳခြဲတာေတြေၾကာင့္ လႈပ္လႈပ္ရွားရွားေတြ သြားခဲ့တယ္။
"ညီမေလး...ကြၽန္ေတာ္ ဖိနပ္ ယူစီးလိုက္ပါ...ေတာ္ၾကာ ေနာက္ရက္ဆက္မေလွ်ာက္ႏိုင္ဘဲ ေနမယ္"
ကြၽန္ေတာ္ကို ေမာ့ၾကည့္တဲ့ေကာင္မေလးကို သိေနတယ္။ကြၽန္ေတာ္ကို ႏွာေခါင္းရႈံ႕ခဲ့တဲ့အိမ္နီးခ်င္းေပါ့။ၿပီးေတာ့ သူ႔မ်က္ဝန္းေတြထဲမွာ ကြၽန္ေတာ္လိုခ်င္တဲ့ မွ်တမႈေတြ ေတြ႕လိုက္ရတယ္။ကြၽန္ေတာ္ကို လူလို႔သတ္မွတ္တဲ့သေဘာေပါ့။အေရးႀကဳံလာရင္ ဘယ္ေလာက္ဘဲ အသားအေရာင္၊အဆင့္အတန္းေတြ ကြဲကြဲ ရင္ဘတ္ခ်င္းနီးရင္ၿပီးၿပီ။
"ေက်းဇူးပါ အစ္ကို"
ကြၽန္ေတာ္ရဲ႕ရင္ထဲမွာ ဖ်တ္ခနဲ လင္းလက္သြားတဲ့လွ်ပ္စီးလို ၾကည္ႏူးတာေတြကေန အားအင္ေတြ ျပည့္လွ်ံလာတယ္။ကြၽန္ေတာ္ရဲ႕အသိစိတ္ေတြထဲကေန ႏႈိးေဆာ္ေပးလိုက္တာက ဒီတိုက္ပြဲကို အဆုံးထိ ႏိုင္ေအာင္တိုက္ပါတဲ့။ေယာက်္ားတစ္ေယာက္ျဖစ္ခြင့္မရခဲ့ရင္ေတာင္ အနာဂတ္မွာ ကြၽန္ေတာ္ မသိမ္ငယ္ေတာ့ဘူးဆိုတာ သိလိုက္တယ္။အားလုံးက တန္းတူညီမွ်တာကို တကယ္သိသြားၾကၿပီေလ။မွ်တတဲ့ အသိုက္အဝန္းေလးတစ္ခုကို ျမင္ရေတာ့မယ္ ထင္တယ္။
----------------------------------
အခန္း(၄)
ဆုံးျဖတ္ခ်က္တစ္ခုရဲ႕ေနာက္ကြယ္မွာ အေၾကာင္းအရာေတြ ျပည့္ႏွက္ေနတယ္။ကြၽန္ေတာ္ ဒီဆုံးျဖတ္ကို ဆုံးျဖတ္ဖို႔ တခ်ိဳ႕ေျခလွမ္းေတြကို ရပ္တန္႔လိုက္တယ္။လူငယ္ဘဝနဲ႔ ျဖတ္သန္းသင့္သေလာက္ျဖတ္သန္းၿပီးၿပီ။ခုအခ်ိန္ ေက်ာပိုးအိတ္တစ္လုံးကပဲ ကြၽန္ေတာ္ အေဖာ္ျဖစ္ရင္ လုံေလာက္ၿပီ။ကြၽန္ေတာ္ရဲ႕ အလိုရမၼက္ေတြ သိမ္းလိုက္ရင္ေပါ့။မေသခ်ာတဲ့အနာဂတ္ကို စိတ္ကူးယဥ္ေနတာထက္စာရင္ ေသခ်ာတဲ့ပစၥဳပၸန္ကိုပဲ လက္ရဖမ္းဆုပ္လိုက္ေတာ့မယ္။တျဖည္းျဖည္း ေက်ာခိုင္းထြက္လာတဲ့အခန္းကို ျပန္လွည့္မၾကည့္ေတာ့ဘူး။ကြၽန္ေတာ္လို လူငယ္ေတြလည္း အိမ္နဲ႔ေဝးတဲ့ ေနရာမွာ တရားမွ်တမႈဆိုတဲ့အရာတစ္ခုအတြက္ ေရာက္ကုန္ၾကၿပီ။
"အထြန္း...အထြန္းနင္ဘယ္သြားမလို႔လဲ။မသြားရဘူး...ငါမလႊတ္ဘူးေနာ္"
ကြၽန္ေတာ္ရဲ႕လက္ကို ေနာက္မွ အမိအရဖမ္းဆုပ္ရင္း မ်က္ရည္က်ေနတဲ့ေမေမကို ျမင္ရလို႔ေပ်ာ္လိုက္တာ။
ေမေမရဲ႕မ်က္ရည္ေတြက ကြၽန္ေတာ္အတြက္အခ်စ္ေတြျဖစ္ေနလို႔ေလ။ေပ်ာ္စရာေတြက ခုမွ စုၿပဳံေရာက္လာရတာလဲ။
"ကြၽန္ေတာ္အတြက္ဆိုတာထက္ လူငယ္ဘဝကို ေကာင္ေကာင္းမျဖတ္သန္းရေသးတဲ့ ေမေမသားအငယ္ေကာင္တို႔လိုကေလးေတြအတြက္ ကြၽန္ေတာ္တို႔ လူငယ္ေတြ ကြၽန္ေတာ္ႏိုင္တဲ့ေနရာက တာဝန္ေက်မွျဖစ္မယ္...ေမေမ နားလည္ေပးပါ"
ေမေမရဲ႕လက္ေတြက ကြၽန္ေတာ္ကို ရစ္သိုင္းဖြဲ႕ထားတယ္။ကြၽန္ေတာ္ ေက်နပ္လိုက္တာ။ေမတၱာေငြ႕ေတြနဲ႔ ဆုပ္ေထြးထားလို႔လားမသိဘူး။ဝဲတက္လာတဲ့မ်က္ရည္ေတြထဲမွာ နာၾကည္းဆိပ္ေတြ မပါေတာ့ဘူး။တစ္ခါေလာက္ ေထြးဖက္ထားခ်င္လိုက္တာ။အဲလိုသာ လုပ္မိရင္ စံပယ္ႀကီးခ်က္ၿငိတာလို ထြက္ခြာႏိုင္မွာမဟုတ္ဘူး။မလႊတ္တမ္းကိုင္ထားတဲ့ လက္ေတြကို ျဖဳတ္လိုက္တယ္။ေဝးရာကို ေျခလွမ္းက်ဲက်ဲနဲ႔ ထြက္လာခဲ့တယ္။ကြၽန္ေတာ္တို႔စိတ္ေတြ လြတ္လပ္တဲ့တစ္ေန႔ ျပန္လာမွာပါ။ဒါေပမယ့္ အဲဒီအခ်ိန္က ဘယ္ေတာ့လဲ ကြၽန္ေတာ္မသိဘူး။ျပန္မလာႏိုင္ခဲ့ရင္လည္း ေမေမကို လည္တဆန္႔ဆန္႔ျဖစ္မေနေစခ်င္ဘူး။အဲဒီေတာ့ ကြၽန္ေတာ္ ျပန္လာပါမယ္လို႔ ကတိေတြ မေပးျဖစ္ေတာ့ဘူး။လစ္လပ္ေနရာတိုင္းကို ျဖည့္ဆည္းေနတတ္တဲ့ အက်င့္ေလးနဲ႔ ကြၽန္ေတာ္ေနသားက်ေနပါၿပီ။ခုလည္း ကြၽန္ေတာ္တို႔ဘဝေတြနဲ႔ရင္းၿပီး မွ်တမႈအတြက္ တိုက္ပြဲဝင္ေနအုံးမယ္။
ကြၽန္ေတာ္ အျဖည့္ခံလုပ္ေပးခဲ့လို႔ လူတစ္ေယာက္ ဒါမွမဟုတ္ လူတခ်ိဳ႕ အဆင္ေျပမယ္ဆိုရင္ ေက်နပ္ပါၿပီ။
Done 🍀
ReplyDeleteDone
ReplyDeleteကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ . အရမ်းကြေကွဲမိပါတယ် ။
ReplyDeleteNice✍👍❤
ReplyDeleteDone 💪
ReplyDelete♥️✍️
ReplyDeleteDone 💪💪💪
ReplyDeleteDone
ReplyDelete