မိုးယိုနေတဲ့တဲကုတ်လေး
Unicode
မိုးယိုနေတဲ့တဲကုတ်လေးဟာ အခုဆိုရင်အထီးကျန်ပြီး၊ ပြာအဖြစ်အပြောင်းခံလိုက်ရတယ်။ ကျွန်တော့်ရင်ထဲမှာ လောင်နေတဲ့မီးဟာလည်း ကံကံ၏အကျိုးလို့မှတ်ယူပြီး အတင်းဖြေသိမ့်လိုက်ရတယ်။
မိုးရာသီမှာ ဆိုကျွန်တော်တို့တဲကုတ်လေးက မိုးမလုံလို့မိုးယိုနေတတ်ပါတယ်။ မိုးယိုနေတဲ့တဲကုတ်လေးဟာ ကျဉ်းမြောင်းပေမယ့် အနည်းဆုံးတော့အထောက်အကူပေးပါတယ်။ အပေါက်အဖာပေါင်းများစွာရှိနေပေမယ့် လည်းမချမ်းအေးလှပါဘူး။ အဲ့ဒါကကျွန်တော်တို့သားအဖရဲ့မေတ္တာလေးနဲ့နွေးထွေးနေလို့ပေါ့။ ကျွန်တော့်
အမေဆုံးပြီးကတည်းက ကျွန်တော့်ဘဝမှာအဖေနေရာရော၊ အမေနေရာပါ အဖေတစ်ယောက်ထဲ တာဝန်ယူထားရတာပေါ့။ ကျွန်တော့်အဖေအမြဲပြောတယ်။ ပညာတတ်ကြီးဖြစ်အောင်လုပ်၊ ပညာတတ်ကြီးဖြစ်မှ အဖေ့လိုမပင်ပန်းရမှာတဲ့။ အဖေကအလယ်တန်းနဲ့ကျောင်းထွက်ခဲ့ရပြီး မိသားစုအတွက်ရှုန်းကန်နေခဲ့ရတာမလို့ ကျောင်းမပြီးလိုက်ရဘူး။ ဒါပေမဲ့အဖေကစာဖတ်တာဝါသနာပါတယ်။ဒါကြောင့်မို့ ညနေစောင်းလို့ ဈေးလှည်းသိမ်းပြီးတိုင်း ရပ်ကွက်စာကြည့်တိုက်ကို သွားလေ့ရှိတယ်။ ကျွန်တော်ကအဖေ့ရဲ့တစ်ဉီးတည်သောသား
နဲ့တစ်ခုတည်းသောမျော်လင့်ချက်ပဲ။ ဒါကြောင့်ကျွန်တော်လည်းကြိုးစားပါတယ်။ အခုလိုရောဂါကပ်ဘေးတွေနဲ့ နိုင်ငံရေးအခြေအနေတွေက မကောင်းလည်း အဖေကဈေးရောင်းထွက်တာပဲ။ နေပူပူ၊မိုးရွာရွာ ဘယ်လိုရာသီဉတုမျိုးကမှ အဖေ့ကိုမတားဆီးနိုင်ဘူး။ အဖေအမြဲပြောနေကြစကားရှိတယ်။ အဲဒါက လက်လုပ်မှပါးစပ်လုပ်ရမှာတဲ့။ ဒီစကားကိုအရင်ကကျွန်တော်နားထောင်နေရပေမယ့် နားမလည်ခဲ့ဘူး။ အသက်အရွယ်နဲ့ဘဝကပေးတဲ့ သင်ခန်းစာတွေကြောင့် ကျွန်တော်လည်းရင့်ကျက်ပြီး နားလည်လာပါပြီ။ ဒါပေမဲ့ဒီကာလမှာ ဈေးရောင်းထွက်ရတာဟာ စစ်မြေပြင်ကိုစွန့်စားသွားနေရသလိုပဲ။ ဘယ်အချိန်မှာ
ဘယ်လိုအန္တရာယ်တွေ ကျရောက်လာမလဲမသိတာမလို့ ရင်တထိတ်ထိတ်ပဲ။ ကိုဗစ်တွေကြောင့်ကျောင်း ပိတ်ထားရတာမလို့ ကျွန်တော်အဖေ့ကိုကူပြီး ဈေးရောင်းပေးတယ်။ မနေ့ကအဖေနဲ့အတူတ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရောင်းတာအချိန်တွေက ဘယ်လိုမှန်းမသိဘဲကုန်သွားတယ်။လူလည်းပန်းပြီး
ခြေထောက်တွေလည်းနာလှပြီ။ ဒါပေမဲ့အဖေ့ကြည့်ရတာ ဘာမှမဖြစ်တဲ့ပုံပဲ။ ဒီနေ့တော့ကျွန်တော်ခြေထောက်တွေနာနေလို့ ဈေးလိုက်မရောင်းနိုင်ဘူး။ အဖေတစ်ယောက်ထဲလှည်း
နဲ့ထွက်ရောင်းတယ်။ အဖေ့ကိုတစ်ယောက်ထဲသာ သွာရောင်းတာ ကျွန်တော်ကတော့ရင်တပူပူနဲ့ပဲ။ အဖေကမဟုတ်ရင်မခံစိတ်ရှိတယ်။ သူတစ်ပါးအနိုင်ကျင့်ခံနေရတာမြင်ရင် ကျော်မသွားတတ်သူ။ ဒါကြောင့်မလို့ ပိုစိတ်ပူမိတယ်။ ဟိုအကောင်တွေနဲ့တွေ့မှဖြင့်ဆိုပြီး ရင်တမမနဲ့။ ရွာထိပ်မှာ သူတို့တပ်လာဆွဲထားတယ်။ သူတို့တွေကသနပ်ကြီးတကားကားနဲ့မျက်လုံးကြီးအပြူး သားတွေနဲ့ စောင့်ကြည့်နေတယ်။ လာသမျှကိုဖမ်းစားမယ့် ဘီးလူးကြီးတွေကြနေတာပဲ။
ရုတ်တရက်သေနပ်သံကြီး"ဒိုင်းဒိုင်း"ကြားတော့ကျွန်တော့နှလုံးတွေပြုတ်ကျမတက်ထိတ်
လန့်ပူလောင်နေတယ်။ဒီအချိန်ခေါင်းထဲမှာပေါ်လာတာ"အဖေ.........အဖေ"ဆိုပြီးကျွန်တော်ကိုယ့်ကိုကိုမှန်းမသိအောင်သွေးပျက်နေတယ်။လှေကားခြေရင်းမှာထိုင်ရင်းဆေးလိမ်းနေတဲ့ကျွန်တော့်ကိုဘေးအိမ်ကဒေါ်စွာမိက"ဟဲ့ဟိုကောင်တွေတို့လမ်းထဲဝင်လာပြီအိမ်ထဲဝင်နေတော့"ဆိုပြီးအော်ပြောနေတယ်။တစ်ရွာလုံးကလည်းရုတ်ရုတ်သဲသဲပဲ။ကျွန်တော့်မျက်လုံးထဲမှာအဖေ့ကိုပဲမြင်ယောင်နေပြီးကျောက်ရုပ်ကြီးလိုတောင့်တောင့်ကြီးဖြစ်နေပြီးဆေးလိမ်းနေတာကိုတောင်မေ့ရလောက်ပဲ။ ကျွန်တော်ရုတ်တရက်သတိဝင်လာပြီး အိမ်ထဲပြေးဝင်လိုက်တယ်။တံ ခါးကိုစောင့်ပိတ်ပြီးကျောနဲ့မှီထားလိုက်တယ်။ အခွင့်မသာပေလို့။ ဖြစ်နိုင်ရင်ကျွန်တော်ခုချက်ချင်းအဖေ့ဆီ ပြေးသွားလိုက်ချင်တယ်။ ဒါပေမဲ့အဖေဘယ်ဆီများရောက်နေလဲ ကျွန်တော်မသိ။ ခဏအကြာကျွန်တော်တို့အိမ်ရှေ့မှာ ပြန်ပြီးရုတ်ရုတ်သဲသဲ ဖြစ်နေလို့ ထွက်ကြည့်တော့ ရွာထိပ်မှာသေနပ်ဒဏ်ရာရတဲ့သူတွေ အလောင်းကိုသယ်လာကြတာ။ နောက်တစ်ကြိမ်အဖေများလားဆိုပြီး စိတ်ကမှန်းဆမိပြန်တယ်။အနားကိုကပ်သွားပေမဲ့ကျွန်တော်မကြည့်ရက်ဘူး။ခဏနေအလောင်းပိုင်ရှင်အနားရောက်လာပြီးငိုနေတာကိုတွေ့တော့မှကျွန်တော့်အဖေမဟုတ်ဘူးဆိုတာသိပြီးအနည်းငယ်တော့စိတ်သက်သာရာရလိုက်တယ်။သေဆုံးသူမိသားစုအတွက်တော့ကျွန်တော်လည်းထပ်တူကြေကွဲရပါတယ်။အထူးသဖြင့်အပြစ်မရှိတဲ့ဆယ်ကျ်ာသက်လေးမို့ပိုပြီးနှမျောမိပြီးရင်နာရတယ်။သူ့မှာရွှေရောင်အနာဂတ်တွေအမျာကြီးရှိပါသေးတယ်။လူမဆန်လိုက်တာလို့ပါးစပ်ကနာကျည်းစွာတဖွဖွပြောရင်းလက်သီးဆုပ်လျက်ကျွန်တော့်အဖေဈေးသွားရောင်းနေကြ
နေရာတွေကိုလိုက်ရှာခဲ့တယ်။ဒါပေမယ့်ဘယ်မှာမှမတွေ့။အဖေအိမ်များပြန်ရောက်နေမလားလို့စိတ်ကမှန်းဆမိပြီးအိမ်ကိုအပြေးသွားပေမယ့်မျော်လင့်ထားတာနဲ့တလွဲစီဖြစ်ပြန်တယ်။အိမ်ကခြောက်ကပ်နေပြီးခြံထဲမှာတဲကလေးတစ်လုံတည်းငိုင်ငိုင်လေးဖြစ်နေတယ်။ဒီအချိန်ခေါင်းထဲမှာပေါ်လာတာကျွန်တော်အိမ်ပြန်လာပြီဆိုခြံရှေ့ထွက်ရပ်ပြီးကြိုနေတတ်တဲ့ကျွန်တော့်အဖေ။အပြုံးများစွာနဲ့အဖေဘယ်များရောက်နေလဲ။တစ်ချိန်ကနွေးထွေးခဲ့တဲ့တဲကလေးအခုတော့အထီးကျန်သွားပြီပေါ့။ဒီနေ့ညအဖေအိမ်ပြန်မလာဘူး။ဘေးအိမ်ကဒေါ်စွာမိကမင်းအဖေပြန်လာမှာပါတဲ့၊အရမ်းစိတ်မပူပါနဲ့တဲ့။ဘယ်သူဘာပြောပြောကျွန်တော့်ရင်ထဲမှာတိုက်နေတဲ့မုန်တိုင်းကိုဘယ်သူမှမတားဆီးနိုင်ဘူး။အဖေ
မပါတဲ့ညထမင်းဝိုင်းလေးကိုကျွန်တော်ဝင်ထိုင်နေမိ၏။ဒါပေမဲ့ကျွန်တော်မစားနိုင်။ထမင်းစားရင်ကျွန်တော့်ကိုအမြဲဦးစားပေးတဲ့အဖေ့ပုံရိပ်တွေခပ်ရေးရေးလေးပေါ်လာပြန်တယ်။အမှန်တကယ်ဖြစ်ရင်ကောင်းမယ်လို့တွေးရင်းပျောက်ကွယ်သွားပြန်တယ်။နေ့တွေညတွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့တယ်။အဖေပြန်မလာဘူး။ကျွန်တော်လည်းအဖေ့ကိုတစ်လမ်းဝင်တစ်လမ်း ထွက်နဲ့ရပ်ကွက်တွေတစ်ခုပြီးတစ်ခုလိုက်ရှာပေမဲ့မတွေ့ခဲ့။အဲဒီနေ့ကအဖေစောစောပြန်လာ
မယ်ဆိုပြီးလက်ပြထွက်သွားတာအဲဒီနေ့ကနောက်ဆုံးများဖြစ်နေမလား။မဖြစ်နိုင်တာ"ဖွဖွ....ဖွဖွ"ဆိုပြီးကိုယ့်ကိုကိုယ်စိတ်ပြန်ဖြေနေမိပြန်တယ်။နဂိုကတည်းကရှိတာမှသားအဖနှစ်ယောက်ထဲအခုတော့၊ဘယ်လိုကံကြမ္မာဆိုးတွေများလဲ။ဘာလို့ကျွန်တော်တို့ကိုမှလဲ။ကံကိုအပြစ်တင်နေပေမဲ့ကျွန်တော့်ဘဝကပြောင်းလဲမသွား။ကျွန်တော်ရွာလူကြီးဆီရောက်ခဲ့တယ်။ကျွန်တော်တို့လိုငွေကြေးမရှိတဲ့သူအဖို့သူတို့ဘာမှမလုပ်ပေးနိုင်ဘူးတဲ့။
ဒီစကားကကျွန်တော့်အရှိုက်ကိုလာထိတယ်။ဒီစကားကကျွန်တော်ပထမဆုံးနာကျဥ်းစိတ်ဖြစ်ပေါ်လာတဲ့စကားပဲ။အခုဆိုဒီမိုးမလုံ၊လေမလုံအိမ်လေးမှာကျွန်တော်တစ်ယောက်ထဲမျက်ရည်တွေနဲ့ဖုံးလွမ်းနေတယ်။ဘယ်အချိန်မှာများပြန်နွေးထွေးလာနိုင်မလဲ။ကျွန်တော်နဲ့အဖေပေါင်းမှတစ်ဘဝဖြစ်တာ။အခုတော့တစ်ကောင်ကြွက်ဖြစ်နေပြီ။အဖေ့သတင်းအစအနဘယ်မှာမှမရ။ကျွန်တော်အပြင်းပြဆုံးဆန္ဒတစ်ခုကိုပြောပါဆိုရင်အဖေအဆင်ပြေရဲ့လား၊အသက်ရှင်နေရဲ့လားဆိုတာသိချင်တယ်။ကျွန်တော့်ဘဝရှေ့ဆက်ဖို့ဒီအဖြေလေးတစ်ခု ပဲသိချင်တာပါ။ဘယ်သူများကူညီနိုင်မလဲ ကျွန်တော်မသိဘူး။ကျွန်တော်တို့လိုခြေသလုံးအိမ်တိုင်များကိုကူညီနိုင်တဲ့သူဒီကမ္ဘာမှာမှမဟုတ်ဘူး၊ဒီနယ်မြို့လေးမှာတောင်မရှိနိုင် တော့ ဘူးလား။
တစ်ညမှာအမြဲတိတ်ဆိတ်ပြီးငြိမ်းချမ်းလှတဲ့ကျွန်တော်တို့ရွာကလေး ရုတ်တရက်အတုံးအရုံးနဲ့ အုံးအုံးကြွကြွဖြစ်ပြီးပူညံပွက်လောရိုက်နေ၏။မကြာခင်ဆိုသလိုပဲထိုအပူများကျွန်တော်တို့ထံသို့ကူးစက်လာပြီ။ကျွန်တော်အိမ်မက်များမက်နေတယ်ထင်နေခဲ့ပေမဲ့အဖေကျွန်တော့်ကိုလာနိုးနေသ လိုခံစားမိတာတော့အမှန်ပင်။
ကျွန်တော်နိုးတော့ကျွန်တော့်အိမ်တစ်ခြမ်းမီးကျွမ်းနေပြီ။အဖေပြန်လာတာအိမ်မက်ပါပဲ။အိမ်မက်ကအိမ်မက်ပါပဲ။လက်တွေ့ဖြစ်မလာခဲ့ဘူးလေ။အဖေကကျွန်တော့်အိမ်မက်ထဲမှာ၊လက်တွေ့ကကျွန်တော်ဒီအိမ်ပေါ်ကအမြန်ဆင်းပြေးဖို့ပဲ။အဖေ့ဗီဒိုကိုအလောတကြီးဖွင့်ကာလိုအပ်တာလေးယူပြီးအသက်လုပြေးရတယ်။ဒီအချိန်မှာအရေးပေါ်ကြုံရင်ယူရမယ့်ပစ္စည်းတွေအကြောင်းအဖေပြောပြဖူးတာကိုသွားသတိရမိတယ်။ကျွန်တော့်အတွက်အရာရာစဥ်းစားပေးတဲ့
အဖေအဆင်မှပြေနေရဲ့လား။စဥ်းစားလို့မှမဆုံးသေးဘူးဘေးအိမ်ကဒေါ်စွာမိကကျွန်တော့်လက်ကိုအတင်းဆွဲပြီး"တစ်ရွာလုံးဟိုအကောင်တွေမီးရှို့လို့ဘေးလွတ်ရာကိုအမြန်သိမ်းရှောင်ရမယ်အမြန်လာ"ဆိုပြီးကျွန်တော့်ကိုဒရွတ်ကြီးဆွဲခေါ်သွားတယ်။ကျွန်တော်ကတော့စိတ်နဲ့လူနဲ့မကပ်။ကျွန်တော်ပြေးသာပြေးရတယ်ခေါင်းထဲမှာလွတ်မြောက်ရမယ်ဆိုတဲ့အတွေးတဆိုးတစိမျှပေါ်မလာ။အဖေဘာဖြစ်မှန်းမသိတဲ့ကျွန်တော့်အဖို့အသက်ရှင်နေဖို့အကြောင်းရှိသေးရဲ့လား။အဖေပြန်လာလို့ကျွန်တော့်ကိုမတွေ့ရင်ဘယ့်နှယ့်လုပ်မလဲ၊လို့တွေးရင်းမျက်ရည်တွေစီးကျလာတယ်။ အတွေးတွေအကြာကြီးမချဲ့နိုင်ဘူး။ကျွန်တော်တို့ဘေးလွှတ်ရာကိုသွားပြီးတောခိုနေကြရတယ်။မိုးမလုံတဲ့အိမ်လေးကိုကျွန်တော်သတိရတယ်။အဖေပြန်လာမယ့်အချိန်ထိကျွန်တော်အဲ့ဒီအိမ်လေးမှာစောင့်နေချင်တယ်။ဒါပေမဲ့
အဖေ့ရဲဆန္ဒတွေအရဆိုရင်ဒီလိုဖြစ်စေချင်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိတယ်။ကျွန်တော်အဖေ့ကိုဆက်ဆက်ရှာမယ်။တဲစုတ်လေးတောင်မှမိုးရာသီမှာအနည်းဆုံးမိုးရေကိုကာကွယ်ပေးပြီး၊ဆောင်းရာသီမှာလေအေးတွေရဲ့တိုက်ခတ်မူဒဏ်ကိုလည်းကြံကြံခံနိုင်တယ်၊နွေရာသီမှာလည်းလေဝင်လေထွက်ကောင်းတယ်။ဒီတဲစုတ်လေးတောင်မှသုံးရာသီလုံးအကျိုးပြုနိုင်တယ်။ကျွန်တော်လည်းပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်တဲလေးလိုမျိုးနေထိုင်ပါ့မယွ။ကျွန်တော်မျော်နေပါ့မယ်အဖေ။အဖေပြန်လာမယ့်အချိန်ထိပေါ့။ဒီအိမ်လေးမှာတစ်နေ့ပြန်ဆုံမယ်။ပြာဖြစ်သွားတဲ့မိုးမလုံတဲ့၊တဲလေးနေရာမှာမိုးလုံလေလုံခိုင်ခံတဲ့အိမ်လေးကျွန်တော်တို့ပြန်ဆောက်ကြမယ်။ဒီကပ်ဘေးကြီးပြီးတဲ့တစ်နေ့၊တော်လှန်ရေးကြီးအောင်တဲ့တစ်နေ့ပေါ့။ကျွန်တော့်စိတ်မှန်းနဲ့အဖေ့ကိုပြောနေပေမဲ့၊ကျွန်တော့်အဖေဘယ်မှာလဲ။ဘယ်သူများကျွန်တော့်ကိုအဖြေပေးနိုင်မလဲ။
Zawgyi
😓 Done✊
ReplyDelete🌧️🌧️
ReplyDeleteမအလကြင်စိုးတသိုက်
ReplyDeleteမြန်မြန်သေမှအေးမှာ
Done 🍀
ReplyDeleteDone
ReplyDeleteDone 💪
ReplyDeleteDone ✊
ReplyDeleteDone
ReplyDeletedone
ReplyDelete