နှလုံးသား သန္နိဋ္ဌာန်

Unicode



(၁)

နေကတော်တော်ကိုပူနေပြီ။ လူသွားလူလာလည်းကျဲလာသည်။ နဖူးပေါ်စီးကျနေသော ချွေးစက်ကို မြင့်မိုးအောင် အသာသပ်ရင်း လမ်းမဘက်ကိုသာ ​ငေး၍ကြည့်နေမိပြန်သည်။ ရင်ထဲတွင်လည်း ပြောမပြတတ်သော သိမ်ငယ်မှုက ကြီးစိုးနလန်ထူနေသည်။ စိတ်ဓာတ်လည်း အတော်ကျ​နေသည်။

" ဒါက တစ်အုပ်ဘယ်လောက်လဲ"

မြင့်မိုးအောင်က စာအုပ်၏ တန်ဖိုးကိုလှန်ကြည့်၍...

" နှစ်ထောင်ပါ အန်တီ "

ဝယ်သူ၏မျက်နှာ ရုပ်ခနဲ ညှိုးကျသွားပြီး

" ဟင်း...မင့်ဟာကလည်း စျေးကြီးလိုက်တာကွယ်၊ ဘယ့်နှယ့်...စာအုပ်လေးတစ်အုပ်ကိုများ နှစ်ထောင်တဲ့ "

" မဟုတ်ပါဘူးအန်တီ၊ ဒါ ကျွန်တော်မူရင်းစျေးအတိုင်းပဲရောင်းတာပါ၊ ဆယ်အုပ်လောက်ရောင်းမှ တစ်ထောင်နှစ်ထောင်မြတ်တာပါအန်တီရယ်"

စာအုပ်ဝယ်သူက ခနဲ့ပြုံးပြုံးကာ မဝယ်ချင့်ဝယ်ချင်ဖြင့် စာအုပ်ကို ဝယ်သွားလေသည်။ မြင့်မိုးအောင်လည်း သက်ပြင်းသာချနိုင်တော့သည်။ သူတို့ရပ်ကွက်တွင် စာဖတ်သည့်သူ အတော်ရှားသည်။ ဒါကိုလည်း သူတွေးပြီးသားပင်။ သူစာအုပ်စရောင်းမည်ဆိုကတည်းက ဒီလို ဝယ်သူရှားမည့်အကြောင်း၊ ပင်ပန်းမည့်အကြောင်း စသည်ကို တွေးထားခဲ့ပြီး ဖြစ်သည်။

သူ့ဆိုင်အနောက်ရှိ အင်္ကျီဆိုင်ကျပြန်တော့လည်း လူအတော်ပင်စည်လေသည်။ တော်ကြာ ရောက်လာလိုက်၊ တော်ကြာရောက်လာလိုက်။ ဝင်သွားမစဲ တသည်းသည်း။ သူ့စာအုပ်ဆိုင်လေးကိုကား တချို့ကတော့ ငဲ့ကြည့်သွားကြသည်။ တချို့မှာတော့ လှည့်တောင်မကြည့်။

သူတို့ရပ်ကွက်က ငါးရက်တစ်စျေးခင်းသည်။ စျေးနေ့တွင် သူစာအုပ်ရောင်းသည်။ စာအုပ်ရောင်းရန် ဆိုင်ကြီးကြီးကျယ်ကျယ်မလို။ လမ်းဘေးအထည်ဆိုင်တစ်ဆိုင်ရှေ့တွင် မိုးကာခင်း၍ စာအုပ်များကို စုပုံရောင်းချခြင်းပင်ဖြစ်သည်။ တချို့စာအုပ်များကိုတော့ အသစ်ဝယ်သည်။ တချို့ သူဖတ်ပြီးသား စာအုပ်များကို လျှော့စျေးဖြင့် ပြန်ရောင်းသည်။ အိမ်တွင်ရှိသော စာအုပ်စင်မှာ ယခုတော့ အဖော်မဲ့ရတော့ချေမည်။ သို့သော်လည်း ဝမ်းရေးအတွက်လိုလာတော့ မိတ်ကောင်းဆွေကောင်းများဖြစ်သော စာအုပ်များကိုလည်း မြင့်မိုးအောင် မမှုနိုင်ချေတော့။ ရောင်းရတော့​ပေမည်တကား။

အိမ်ပြန်ရောက်တော့ ရောင်းရသည့်စာအုပ်ကို မြင့်မိုးအောင်ပြန်တွက်ကြည့်သည်။ ဆယ်အုပ်ကျော်ပဲ ရောင်းရလေသည်။ ပင်ပန်းတာနှင့် အမြတ်က မတန်လိုက်လေခြင်း။ သူ့ခမျာတော့ မနက်ခင်းစောစောစီးစီးကြီး စာအုပ်အိတ်ကြီးတွေကို အိမ်နှင့်စျေး အသွားအပြန်သယ်ရသည်။ ပြီးတော့ နေပူပူမှာ ချွေးဒီးဒီးကျအောင် ထိုင်ရောင်းရသည်။ ရင်တင်းကျပ်စွာဖြင့် ဝယ်သူကို မျှော်ရသည်။ ဝယ်သူတစ်ယောက်လောက်များ သူ့ဆိုင်လေးရှေ့ရောက်လာလျှင် သူ့ခမျာ ရွှေတုံးကြီးရသလို ပျော်ရသည်။ အင်း... ဘဝပေးအခြေအနေပဲပေါ့လေ။

ဖေ့စ်ဘွတ်ခ် ကိုဖွင့်လိုက်သည်နှင့် တန်းခနဲပေါ်လာသည်က သူ့သူငယ်ချင်းတစ်ယောက်။ ကျောင်းတွင် fresher welcome ဆိုပဲ။ မြင့်မိုးအောင် မျက်ရည်စို့လာသည်။

" မင်းသွားမှာလား ရဝေ "

" လုံးဝမသွားဘူးသားကြီး၊ အမေတို့အတင်းလွှတ်ရင် pdf ထဲဝင်ပစ်မယ် "

မြင့်မိုးအောင်က ရဝေကို ဖျတ်ခနဲတစ်ချက်ကြည့်လိုက်သည်။ ရ​ဝေပုံစံက ပျော့တိပျော့ဖတ်။ ရေတစ်ပုံးတောင်မဆွဲနိုင်သည့်ကောင်။ ဒါကိုသူက pdf ထဲဝင်မည်ဆိုတော့ သေနတ်တောင်နိုင်ပါ့မလားဟု တွေးမိကာ ပြုံးမိသေးသည်။

" မိဘအမိန့်ကိုမင်းက လွန်ဆန်ရဲလို့လား "

" လွန်ဆန်ရဲသပါ့။ နေရာတကာ လာချုပ်ချယ်တာတော့ ဘယ်သူကလက်ခံမှာလဲ"

" အေးပါကွာ...အေးပါ၊ fighting "

ထိုစဥ်က ရ​ဝေအပြောကြီးခဲ့သည်များကို မြင့်မိုးအောင်ပြန်တွေးရင်း ရဝေကို တဖြည်းဖြည်းရွံလာသည်။ မသွားဘူး၊ မိဘက အတင်းလွှတ်ရင်တောင် မသွားဘူးဟုဆိုသည့်သူက အခုတော့ ကျောင်းမှာ ပျော်ပါးနေသည်။ ဪ... လောကကြီးမှာ အပြောကြီးတဲ့သူတွေက ပိုပြီး မယုံရတာပါတကား။

(၂)

ဖွာကျသွားသော မြေကြီးအစိုင်အခဲများကို ကြည့်ရင်း မြင့်မိုးအောင် တွေးနေမိသည်။ မြေကြီးများသည် ပေါက်တူး၏ အကျတွင် ပထမတော့ ငြိမ်နေသေးသည်။ သို့သော် နောက်ထပ်အကျတွင် ပြိုစပြုလာသည်။ နောက်အကျတွင်တော့ အားလုံး ပြိုပျက်လွင့်စင်သွားလေသည်။ လူတွေလည်း အဲဒီတိုင်းပါပဲ။ ပထမတော့ စည်းလုံးသေးသည်။ နောက်တော့လည်း အားလုံးတကွဲတပြား ဖြစ်ကုန်တော့တာပါပဲလား။ အဲဒီထဲတွင် မြေကြီး၏ အတွင်းဆုံးရောက်နေသော မြေကြီးများကသာ ပေါက်တူးဒဏ်ကို ကြံ့ကြံခံနိုင်လေသည်။ ပြီးတော့ အပင်များအတွက် မြေဩဇာကလည်း အနှီမြေဆီမြေနှစ်ကပင်ရလေသည်။ သူသည်လည်း အဲဒီမြေအမျိုးအစားပင်ဖြစ်လေသည်။

အလုပ်မရှိ၍ ကြုံရာကျဘန်းလုပ်မည်ဆိုကာ တစ်သက်နှင့်တစ်ကိုယ် တွေးပင်မတွေးထားဖူးသော အလုပ်များကို မြင့်မိုးအောင် လုပ်လာရသည်။ သူနေသည်က တောကျကျရွာ။ အလုပ်အင်မတန်ရှားသည်။ ရန်ကုန်သို့ အလုပ်တက်လုပ်မည် ဆိုတော့ အမေက စိတ်မချ၍ မလွှတ်။ ယခုလည်း ပေါင်းပေါက်တဲ့။ နေပူပူမှာ လက်ပန်းကျအောင် ပေါက်ရသော အလုပ်။ တော်ရုံတန်ရုံလူလုပ်နိုင်မည် မဟုတ်သော အလုပ်။ မြင့်မိုးအောင်လည်း မလုပ်နိုင်ပါ။ သို့ရာတွင် အလုပ်မရှိသဖြင့် အားတင်းကာ လုပ်ရခြင်း ဖြစ်လေ၏။ အလုပ်ဆိုသည်မှ ပျဥ်းမနားတွင် သူအင်တာဗျူးဖြေခဲ့သော အရိပ်တစ်ခုက မြင့်မိုးအောင် အတွေးထဲသို့ ဝင်ရောက်လာခဲ့ချေပြန်သည်။

" ဘယ်နေရာလုပ်ချင်လို့လဲ"

" လိုတဲ့နေရာလုပ်ခိုင်းပါဗျ၊ ကျွန်တော်အလုပ်ရရင် ပြီးရောပါ"

" ကျောင်းကကော"

" ဒီအခြေအနေအတိုင်းပဲဆိုရင်တော့ ဆက်မတက်တော့ပါဘူး"

" ဆယ်တန်းအောင်ပြီးသားလား"

" အောင်ပြီးသားပါ"

ဂုဏ်ထူးသုံးဘာသာပါသည်ကို ထည့်ပြောရန် လွှတ်ခနဲ ပါးစပ်ကမထွက်မီ ပါးစပ်က ဖျတ်ခနဲပိတ်လိုက်ရသည်။ တော်ကြာ သူ့ကိုယ်သူ ကြွားရာရောက်သွားလိမ့်မည်။

" ဘယ်တက်နေတာလဲ"

" နည်းပညာတက္ကသိုလ် ပထမနှစ်ပါ"

" ကောင်းပြီ... အဆင်ပြေရင် လှမ်းဆက်သွယ်လိုက်ပါ့မယ်၊ ဒါပေမဲ့ ဦးတို့အလုပ်က ဘွဲ့ရဆိုပိုကောင်းတယ် "

ထိုကတည်းက မြင့်မိုးအောင် အလုပ်လိုက်မလျှောက်တော့။ အလုပ်ရှင်များသည် သူတို့လို ကျောင်းမတက်သည့် ကျောင်းသားများကို အလုပ်ပေးမည့်နေနေသာသာ အလုပ်လာလုပ်မှာတောင် ကြောက်နေသလားမသိ။ တစ်ခါလာလည်း ဘွဲ့ရ၊ တစ်ခါလာလည်း ဘွဲ့ရနှင့်။ မြင့်မိုးအောင်သက်ပြင်းကို ဟူးခနဲချလိုက်သည်။

နေကတစ်စတစ်စမြင့်လာသည်။ မောလည်းမောနေသည်။ အာခေါင်တွေလည်း ခြောက်လာသဖြင့် ပေါက်တူးကိုချကာ အနီးရှိသစ်ပင်ရိပ်တစ်ခုသို့သွား၍ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ရေသောက်လိုက်သည်။ သူထိုင်တော့ ဘေးကအတူလုပ်နေသည့် ဦးလေးကြီးများကပါ လာထိုင်ကြသည်။

" ဒီတော့ မင်းက ဒီအလုပ်ပဲလုပ်တော့မယ်ပေါ့"

" ဒါတော့ မပြောတတ်သေးဘူး ဦးလေး၊ဒီအလုပ်လေးရှိနေလို့ ကျွန်တော်ပျော်နေသေးတာ "

ဦးလေးကြီးက မြင့်မိုး​အောင်အား ကရုဏာသက်သော မျက်လုံးများဖြင့်

" အမှန်တော့ ငါ့တူတို့လိုအရွယ်တွေက တက္ကသိုလ်စာသင်ခန်းထဲရောက်နေသင့်တဲ့အရွယ်"

" ဒါတော့ မှန်တာပေါ့ဦးလေးရာ၊ ဒါပေမဲ့ အခုချိန်မှာ စာသင်ခန်းထဲသွားရမှာ ကျွန်တော်သိပ်ရှက်တယ်"

" ငါ့တူသူငယ်ချင်းတွေကကော"

" သူတို့တော့ ရောက်နေကြတဲ့သူတွေများပါတယ်၊ တချို့ကတော့ ဂျပန်တို့ ကိုရီးယားတို့ သွားကြတော့မယ်တဲ့"

" ကျောင်းမတက်မဲ့အတူတူ ငါ့တူလည်း ဂျပန်မသွားဘူးလား "

" သွားချင်တာပေါ့ဗျာ၊ ဂျပန်သွားဖို့က ပိုက်ဆံသိပ်ကုန်မှာ၊ အဲဒီလောက်ပိုက်ဆံက မရှိဘူးလေ၊ ဘာပဲဖြစ်ဖြစ် ဒီအရေးတော်ပုံသာအောင်ရင် ကျွန်တော်တို့တိုင်းပြည်လည်း တက်လမ်းတွေပဲ လာတော့မှာပါ"

" တချို့သူငယ်ချင်းတွေတောင် တက်တာ ငါ့တူလည်း အမှန်က တက်သင့်တယ်၊ တကယ်လို့သာမနိုင်ခဲ့ရင် ငါ့တူကြိုးစားခဲ့သမျှက နှမြောစရာကြီး "

" ကျွန်​တော့် ကျောင်းသားဘဝကို ဆုံးရှုံးရမယ်ဆိုရင်​တောင် ဆုံးရှုံးပစေ​တော့ဗျာ။ လူတိုင်းက မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာ မဟုတ်လား။ အသာစံဖို့တော့ အနာခံရမှာပေါ့ဗျာ။ အခု ကျွန်တော်ကျောင်းမတက်တော့ဘူးဆိုတာက မပြောပလောက်တဲ့ စွန့်လွှတ်မှုလေးသာသာပါ။ တခြားသူတွေဆိုရင် ရွတ်ရွတ်ချွံချွံ ခက်ခက်ခဲခဲတိုက်ပွဲဝင်နေကြရတယ်။ တချို့များဆို အသက်တွေတောင် ဆုံးရှုံးခဲ့ပြီးပြီ။။ အိမ်တွေ ယာတွေ မီးရှို့ခံခဲ့ရပြီးပြီ..."

မြင့်မိုးအောင် ရေဘူးကိုမော့ကာ အားရပါးရသောက်လိုက်သည်။ ဘေးနားရှိ ဦးလေးကြီးများကတော့ ဝိုင်းကြည့်နေကြကာ သူ့စကားကိုသာ မျှော်နေကြသည်။

"အနာဂတ်ကို ဖန်တီးတာက ပစ္စုပ္ပန်ပါ၊ ကျွန်တော်နေရအုံးမဲ့ သက်တမ်းတစ်လျှောက် ကျွန်တော့်ကိုယ် ကျွန်တော် လိပ်ပြာသန့်ချင်တယ်၊ ပြီးတော့ ကျွန်တော် အခုလို CDM ကျောင်းသားဖြစ်ရတာလည်း ဂုဏ်ယူတယ်။ လူတိုင်း CDM လုပ်နိုင်တာမှမဟုတ်တာ၊ ကျွန်တော်ကတော့ အဆုံးထိ CDM လုပ်သွားမယ်၊ ဒါက ကျွန်တော့်နှလုံးသားကလာတဲ့ သန္နိဋ္ဌာန်ပဲ"

မြင့်မိုးအောင်ပြောရင်း စိတ်ဓာတ်များ တဖြည်းဖြည်း တက်ကြွလာကာ မျက်ရည်များပင် စို့လာသည်။ ဦးလေးကြီးများကလည်း နားထောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။ ပြီးမှ မြင့်မိုးအောင်က ဟူးခနဲသက်ပြင်းကိုချကာ..

" ကိုင်း....ဆက်ပေါက်ကြတာပေါ့ဗျာ"

နေသည် ပူသထက်ပူလာပေသည်။ ပိုပြီးလည်း ပင်ပန်းလာသည်။ သို့သော် ဒီပင်ပန်းမှုကို ကြံ့ကြံခံနိုင်ရပေမည်။ ဒါမှသာ နောင်တစ်ချိန်မှာ စိမ်းစိုဝဖြီးသော သီးနှံကောင်းများ ထွက်လာပေမည် မဟုတ်တုံလော။





Zawgyi


(၁)

ေနကေတာ္ေတာ္ကိုပူေနၿပီ။ လူသြားလူလာလည္းက်ဲလာသည္။ နဖူးေပၚစီးက်ေနေသာ ေခြၽးစက္ကို ျမင့္မိုးေအာင္ အသာသပ္ရင္း လမ္းမဘက္ကိုသာ ​ေငး၍ၾကည့္ေနမိျပန္သည္။ ရင္ထဲတြင္လည္း ေျပာမျပတတ္ေသာ သိမ္ငယ္မႈက ႀကီးစိုးနလန္ထူေနသည္။ စိတ္ဓာတ္လည္း အေတာ္က်​ေနသည္။

" ဒါက တစ္အုပ္ဘယ္ေလာက္လဲ"

ျမင့္မိုးေအာင္က စာအုပ္၏ တန္ဖိုးကိုလွန္ၾကည့္၍...

" ႏွစ္ေထာင္ပါ အန္တီ "

ဝယ္သူ၏မ်က္ႏွာ ႐ုပ္ခနဲ ညႇိဳးက်သြားၿပီး

" ဟင္း...မင့္ဟာကလည္း ေစ်းႀကီးလိုက္တာကြယ္၊ ဘယ့္ႏွယ့္...စာအုပ္ေလးတစ္အုပ္ကိုမ်ား ႏွစ္ေထာင္တဲ့ "

" မဟုတ္ပါဘူးအန္တီ၊ ဒါ ကြၽန္ေတာ္မူရင္းေစ်းအတိုင္းပဲေရာင္းတာပါ၊ ဆယ္အုပ္ေလာက္ေရာင္းမွ တစ္ေထာင္ႏွစ္ေထာင္ျမတ္တာပါအန္တီရယ္"

စာအုပ္ဝယ္သူက ခနဲ႔ၿပဳံးၿပဳံးကာ မဝယ္ခ်င့္ဝယ္ခ်င္ျဖင့္ စာအုပ္ကို ဝယ္သြားေလသည္။ ျမင့္မိုးေအာင္လည္း သက္ျပင္းသာခ်ႏိုင္ေတာ့သည္။ သူတို႔ရပ္ကြက္တြင္ စာဖတ္သည့္သူ အေတာ္ရွားသည္။ ဒါကိုလည္း သူေတြးၿပီးသားပင္။ သူစာအုပ္စေရာင္းမည္ဆိုကတည္းက ဒီလို ဝယ္သူရွားမည့္အေၾကာင္း၊ ပင္ပန္းမည့္အေၾကာင္း စသည္ကို ေတြးထားခဲ့ၿပီး ျဖစ္သည္။

သူ႔ဆိုင္အေနာက္ရွိ အက်ႌဆိုင္က်ျပန္ေတာ့လည္း လူအေတာ္ပင္စည္ေလသည္။ ေတာ္ၾကာ ေရာက္လာလိုက္၊ ေတာ္ၾကာေရာက္လာလိုက္။ ဝင္သြားမစဲ တသည္းသည္း။ သူ႔စာအုပ္ဆိုင္ေလးကိုကား တခ်ိဳ႕ကေတာ့ ငဲ့ၾကည့္သြားၾကသည္။ တခ်ိဳ႕မွာေတာ့ လွည့္ေတာင္မၾကည့္။

သူတို႔ရပ္ကြက္က ငါးရက္တစ္ေစ်းခင္းသည္။ ေစ်းေန႔တြင္ သူစာအုပ္ေရာင္းသည္။ စာအုပ္ေရာင္းရန္ ဆိုင္ႀကီးႀကီးက်ယ္က်ယ္မလို။ လမ္းေဘးအထည္ဆိုင္တစ္ဆိုင္ေရွ႕တြင္ မိုးကာခင္း၍ စာအုပ္မ်ားကို စုပုံေရာင္းခ်ျခင္းပင္ျဖစ္သည္။ တခ်ိဳ႕စာအုပ္မ်ားကိုေတာ့ အသစ္ဝယ္သည္။ တခ်ိဳ႕ သူဖတ္ၿပီးသား စာအုပ္မ်ားကို ေလွ်ာ့ေစ်းျဖင့္ ျပန္ေရာင္းသည္။ အိမ္တြင္ရွိေသာ စာအုပ္စင္မွာ ယခုေတာ့ အေဖာ္မဲ့ရေတာ့ေခ်မည္။ သို႔ေသာ္လည္း ဝမ္းေရးအတြက္လိုလာေတာ့ မိတ္ေကာင္းေဆြေကာင္းမ်ားျဖစ္ေသာ စာအုပ္မ်ားကိုလည္း ျမင့္မိုးေအာင္ မမႈႏိုင္ေခ်ေတာ့။ ေရာင္းရေတာ့​ေပမည္တကား။

အိမ္ျပန္ေရာက္ေတာ့ ေရာင္းရသည့္စာအုပ္ကို ျမင့္မိုးေအာင္ျပန္တြက္ၾကည့္သည္။ ဆယ္အုပ္ေက်ာ္ပဲ ေရာင္းရေလသည္။ ပင္ပန္းတာႏွင့္ အျမတ္က မတန္လိုက္ေလျခင္း။ သူ႔ခမ်ာေတာ့ မနက္ခင္းေစာေစာစီးစီးႀကီး စာအုပ္အိတ္ႀကီးေတြကို အိမ္ႏွင့္ေစ်း အသြားအျပန္သယ္ရသည္။ ၿပီးေတာ့ ေနပူပူမွာ ေခြၽးဒီးဒီးက်ေအာင္ ထိုင္ေရာင္းရသည္။ ရင္တင္းက်ပ္စြာျဖင့္ ဝယ္သူကို ေမွ်ာ္ရသည္။ ဝယ္သူတစ္ေယာက္ေလာက္မ်ား သူ႔ဆိုင္ေလးေရွ႕ေရာက္လာလွ်င္ သူ႔ခမ်ာ ေ႐ႊတုံးႀကီးရသလို ေပ်ာ္ရသည္။ အင္း... ဘဝေပးအေျခအေနပဲေပါ့ေလ။

ေဖ့စ္ဘြတ္ခ္ ကိုဖြင့္လိုက္သည္ႏွင့္ တန္းခနဲေပၚလာသည္က သူ႔သူငယ္ခ်င္းတစ္ေယာက္။ ေက်ာင္းတြင္ fresher welcome ဆိုပဲ။ ျမင့္မိုးေအာင္ မ်က္ရည္စို႔လာသည္။

" မင္းသြားမွာလား ရေဝ "

" လုံးဝမသြားဘူးသားႀကီး၊ အေမတို႔အတင္းလႊတ္ရင္ pdf ထဲဝင္ပစ္မယ္ "

ျမင့္မိုးေအာင္က ရေဝကို ဖ်တ္ခနဲတစ္ခ်က္ၾကည့္လိုက္သည္။ ရ​ေဝပုံစံက ေပ်ာ့တိေပ်ာ့ဖတ္။ ေရတစ္ပုံးေတာင္မဆြဲႏိုင္သည့္ေကာင္။ ဒါကိုသူက pdf ထဲဝင္မည္ဆိုေတာ့ ေသနတ္ေတာင္ႏိုင္ပါ့မလားဟု ေတြးမိကာ ၿပဳံးမိေသးသည္။

" မိဘအမိန္႔ကိုမင္းက လြန္ဆန္ရဲလို႔လား "

" လြန္ဆန္ရဲသပါ့။ ေနရာတကာ လာခ်ဳပ္ခ်ယ္တာေတာ့ ဘယ္သူကလက္ခံမွာလဲ"

" ေအးပါကြာ...ေအးပါ၊ fighting "

ထိုစဥ္က ရ​ေဝအေျပာႀကီးခဲ့သည္မ်ားကို ျမင့္မိုးေအာင္ျပန္ေတြးရင္း ရေဝကို တျဖည္းျဖည္း႐ြံလာသည္။ မသြားဘူး၊ မိဘက အတင္းလႊတ္ရင္ေတာင္ မသြားဘူးဟုဆိုသည့္သူက အခုေတာ့ ေက်ာင္းမွာ ေပ်ာ္ပါးေနသည္။ ဪ... ေလာကႀကီးမွာ အေျပာႀကီးတဲ့သူေတြက ပိုၿပီး မယုံရတာပါတကား။

(၂)

ဖြာက်သြားေသာ ေျမႀကီးအစိုင္အခဲမ်ားကို ၾကည့္ရင္း ျမင့္မိုးေအာင္ ေတြးေနမိသည္။ ေျမႀကီးမ်ားသည္ ေပါက္တူး၏ အက်တြင္ ပထမေတာ့ ၿငိမ္ေနေသးသည္။ သို႔ေသာ္ ေနာက္ထပ္အက်တြင္ ၿပိဳစျပဳလာသည္။ ေနာက္အက်တြင္ေတာ့ အားလုံး ၿပိဳပ်က္လြင့္စင္သြားေလသည္။ လူေတြလည္း အဲဒီတိုင္းပါပဲ။ ပထမေတာ့ စည္းလုံးေသးသည္။ ေနာက္ေတာ့လည္း အားလုံးတကြဲတျပား ျဖစ္ကုန္ေတာ့တာပါပဲလား။ အဲဒီထဲတြင္ ေျမႀကီး၏ အတြင္းဆုံးေရာက္ေနေသာ ေျမႀကီးမ်ားကသာ ေပါက္တူးဒဏ္ကို ႀကံ့ႀကံခံႏိုင္ေလသည္။ ၿပီးေတာ့ အပင္မ်ားအတြက္ ေျမဩဇာကလည္း အႏွီေျမဆီေျမႏွစ္ကပင္ရေလသည္။ သူသည္လည္း အဲဒီေျမအမ်ိဳးအစားပင္ျဖစ္ေလသည္။

အလုပ္မရွိ၍ ႀကဳံရာက်ဘန္းလုပ္မည္ဆိုကာ တစ္သက္ႏွင့္တစ္ကိုယ္ ေတြးပင္မေတြးထားဖူးေသာ အလုပ္မ်ားကို ျမင့္မိုးေအာင္ လုပ္လာရသည္။ သူေနသည္က ေတာက်က်႐ြာ။ အလုပ္အင္မတန္ရွားသည္။ ရန္ကုန္သို႔ အလုပ္တက္လုပ္မည္ ဆိုေတာ့ အေမက စိတ္မခ်၍ မလႊတ္။ ယခုလည္း ေပါင္းေပါက္တဲ့။ ေနပူပူမွာ လက္ပန္းက်ေအာင္ ေပါက္ရေသာ အလုပ္။ ေတာ္႐ုံတန္႐ုံလူလုပ္ႏိုင္မည္ မဟုတ္ေသာ အလုပ္။ ျမင့္မိုးေအာင္လည္း မလုပ္ႏိုင္ပါ။ သို႔ရာတြင္ အလုပ္မရွိသျဖင့္ အားတင္းကာ လုပ္ရျခင္း ျဖစ္ေလ၏။ အလုပ္ဆိုသည္မွ ပ်ဥ္းမနားတြင္ သူအင္တာဗ်ဴးေျဖခဲ့ေသာ အရိပ္တစ္ခုက ျမင့္မိုးေအာင္ အေတြးထဲသို႔ ဝင္ေရာက္လာခဲ့ေခ်ျပန္သည္။

" ဘယ္ေနရာလုပ္ခ်င္လို႔လဲ"

" လိုတဲ့ေနရာလုပ္ခိုင္းပါဗ်၊ ကြၽန္ေတာ္အလုပ္ရရင္ ၿပီးေရာပါ"

" ေက်ာင္းကေကာ"

" ဒီအေျခအေနအတိုင္းပဲဆိုရင္ေတာ့ ဆက္မတက္ေတာ့ပါဘူး"

" ဆယ္တန္းေအာင္ၿပီးသားလား"

" ေအာင္ၿပီးသားပါ"

ဂုဏ္ထူးသုံးဘာသာပါသည္ကို ထည့္ေျပာရန္ လႊတ္ခနဲ ပါးစပ္ကမထြက္မီ ပါးစပ္က ဖ်တ္ခနဲပိတ္လိုက္ရသည္။ ေတာ္ၾကာ သူ႔ကိုယ္သူ ႂကြားရာေရာက္သြားလိမ့္မည္။

" ဘယ္တက္ေနတာလဲ"

" နည္းပညာတကၠသိုလ္ ပထမႏွစ္ပါ"

" ေကာင္းၿပီ... အဆင္ေျပရင္ လွမ္းဆက္သြယ္လိုက္ပါ့မယ္၊ ဒါေပမဲ့ ဦးတို႔အလုပ္က ဘြဲ႕ရဆိုပိုေကာင္းတယ္ "

ထိုကတည္းက ျမင့္မိုးေအာင္ အလုပ္လိုက္မေလွ်ာက္ေတာ့။ အလုပ္ရွင္မ်ားသည္ သူတို႔လို ေက်ာင္းမတက္သည့္ ေက်ာင္းသားမ်ားကို အလုပ္ေပးမည့္ေနေနသာသာ အလုပ္လာလုပ္မွာေတာင္ ေၾကာက္ေနသလားမသိ။ တစ္ခါလာလည္း ဘြဲ႕ရ၊ တစ္ခါလာလည္း ဘြဲ႕ရႏွင့္။ ျမင့္မိုးေအာင္သက္ျပင္းကို ဟူးခနဲခ်လိုက္သည္။

ေနကတစ္စတစ္စျမင့္လာသည္။ ေမာလည္းေမာေနသည္။ အာေခါင္ေတြလည္း ေျခာက္လာသျဖင့္ ေပါက္တူးကိုခ်ကာ အနီးရွိသစ္ပင္ရိပ္တစ္ခုသို႔သြား၍ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္ၿပီး ေရေသာက္လိုက္သည္။ သူထိုင္ေတာ့ ေဘးကအတူလုပ္ေနသည့္ ဦးေလးႀကီးမ်ားကပါ လာထိုင္ၾကသည္။

" ဒီေတာ့ မင္းက ဒီအလုပ္ပဲလုပ္ေတာ့မယ္ေပါ့"

" ဒါေတာ့ မေျပာတတ္ေသးဘူး ဦးေလး၊ဒီအလုပ္ေလးရွိေနလို႔ ကြၽန္ေတာ္ေပ်ာ္ေနေသးတာ "

ဦးေလးႀကီးက ျမင့္မိုး​ေအာင္အား က႐ုဏာသက္ေသာ မ်က္လုံးမ်ားျဖင့္

" အမွန္ေတာ့ ငါ့တူတို႔လိုအ႐ြယ္ေတြက တကၠသိုလ္စာသင္ခန္းထဲေရာက္ေနသင့္တဲ့အ႐ြယ္"

" ဒါေတာ့ မွန္တာေပါ့ဦးေလးရာ၊ ဒါေပမဲ့ အခုခ်ိန္မွာ စာသင္ခန္းထဲသြားရမွာ ကြၽန္ေတာ္သိပ္ရွက္တယ္"

" ငါ့တူသူငယ္ခ်င္းေတြကေကာ"

" သူတို႔ေတာ့ ေရာက္ေနၾကတဲ့သူေတြမ်ားပါတယ္၊ တခ်ိဳ႕ကေတာ့ ဂ်ပန္တို႔ ကိုရီးယားတို႔ သြားၾကေတာ့မယ္တဲ့"

" ေက်ာင္းမတက္မဲ့အတူတူ ငါ့တူလည္း ဂ်ပန္မသြားဘူးလား "

" သြားခ်င္တာေပါ့ဗ်ာ၊ ဂ်ပန္သြားဖို႔က ပိုက္ဆံသိပ္ကုန္မွာ၊ အဲဒီေလာက္ပိုက္ဆံက မရွိဘူးေလ၊ ဘာပဲျဖစ္ျဖစ္ ဒီအေရးေတာ္ပုံသာေအာင္ရင္ ကြၽန္ေတာ္တို႔တိုင္းျပည္လည္း တက္လမ္းေတြပဲ လာေတာ့မွာပါ"

" တခ်ိဳ႕သူငယ္ခ်င္းေတြေတာင္ တက္တာ ငါ့တူလည္း အမွန္က တက္သင့္တယ္၊ တကယ္လို႔သာမႏိုင္ခဲ့ရင္ ငါ့တူႀကိဳးစားခဲ့သမွ်က ႏွေျမာစရာႀကီး "

" ကြၽန္​ေတာ့္ ေက်ာင္းသားဘဝကို ဆုံးရႈံးရမယ္ဆိုရင္​ေတာင္ ဆုံးရႈံးပေစ​ေတာ့ဗ်ာ။ လူတိုင္းက ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ရွင္ေနၾကတာ မဟုတ္လား။ အသာစံဖို႔ေတာ့ အနာခံရမွာေပါ့ဗ်ာ။ အခု ကြၽန္ေတာ္ေက်ာင္းမတက္ေတာ့ဘူးဆိုတာက မေျပာပေလာက္တဲ့ စြန္႔လႊတ္မႈေလးသာသာပါ။ တျခားသူေတြဆိုရင္ ႐ြတ္႐ြတ္ခြၽံခြၽံ ခက္ခက္ခဲခဲတိုက္ပြဲဝင္ေနၾကရတယ္။ တခ်ိဳ႕မ်ားဆို အသက္ေတြေတာင္ ဆုံးရႈံးခဲ့ၿပီးၿပီ။။ အိမ္ေတြ ယာေတြ မီးရႈိ႕ခံခဲ့ရၿပီးၿပီ..."

ျမင့္မိုးေအာင္ ေရဘူးကိုေမာ့ကာ အားရပါးရေသာက္လိုက္သည္။ ေဘးနားရွိ ဦးေလးႀကီးမ်ားကေတာ့ ဝိုင္းၾကည့္ေနၾကကာ သူ႔စကားကိုသာ ေမွ်ာ္ေနၾကသည္။

"အနာဂတ္ကို ဖန္တီးတာက ပစၥဳပၸန္ပါ၊ ကြၽန္ေတာ္ေနရအုံးမဲ့ သက္တမ္းတစ္ေလွ်ာက္ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ လိပ္ျပာသန္႔ခ်င္တယ္၊ ၿပီးေတာ့ ကြၽန္ေတာ္ အခုလို CDM ေက်ာင္းသားျဖစ္ရတာလည္း ဂုဏ္ယူတယ္။ လူတိုင္း CDM လုပ္ႏိုင္တာမွမဟုတ္တာ၊ ကြၽန္ေတာ္ကေတာ့ အဆုံးထိ CDM လုပ္သြားမယ္၊ ဒါက ကြၽန္ေတာ့္ႏွလုံးသားကလာတဲ့ သႏၷိ႒ာန္ပဲ"

ျမင့္မိုးေအာင္ေျပာရင္း စိတ္ဓာတ္မ်ား တျဖည္းျဖည္း တက္ႂကြလာကာ မ်က္ရည္မ်ားပင္ စို႔လာသည္။ ဦးေလးႀကီးမ်ားကလည္း နားေထာင္ၿပီး ေခါင္းတညိတ္ညိတ္ လုပ္ေနၾကသည္။ ၿပီးမွ ျမင့္မိုးေအာင္က ဟူးခနဲသက္ျပင္းကိုခ်ကာ..

" ကိုင္း....ဆက္ေပါက္ၾကတာေပါ့ဗ်ာ"

ေနသည္ ပူသထက္ပူလာေပသည္။ ပိုၿပီးလည္း ပင္ပန္းလာသည္။ သို႔ေသာ္ ဒီပင္ပန္းမႈကို ႀကံ့ႀကံခံႏိုင္ရေပမည္။ ဒါမွသာ ေနာင္တစ္ခ်ိန္မွာ စိမ္းစိုဝၿဖီးေသာ သီးႏွံေကာင္းမ်ား ထြက္လာေပမည္ မဟုတ္တုံေလာ။

Comments

Post a Comment