အလွမ်းနဲ့ နွေ
Unicode
"ကိုကိုရေ...... ခဒီမှာ"
သင်တန်းရှေ့မှာ လာကြိုတဲ့ ကိုကို့ကို မြင်တော့ လက်ကိုအသာဝှေ့ ယမ်းပြလိုက်သည်။သူ့အပျော်ရွင်ဆုံးအချိန်ကိုပြပါဆို
သင်တန်းရှေ့မှာ ကိုကို့ကို မြင်ရတဲ့အချိန်ပါပဲ။မူပိုင် ပါးချိုင့် နက်ကြီး ပေါ်လာအောင်ရီမောလိုက်တဲ့အခါ သူ့တစ်ယောက်တည်း အတွက်သာဆို ဘယ်လောက်ကောင်းလိုက်မလဲ တွေးမိတာအကြိမ်ကြိမ်ပါပဲ။
"ခကလေး ဘာလို့ကြာနေတာလဲ ကိုကိုက ခကိုအကြာကြီး စောင့်နေရတာ "
"ဆရာအိမ်စာပေးနေလို့ ကိုကို ပြီးတော့ ခ ဗိုက်ဆာပြီကိုကို "
ဒါကတော့ သူတို့နှစ်ယောက်ရဲ့ နေ့စဉ်သုံးလက်သုံးစကားပင်။ဘေးကကပ်လျောက်လာတဲ့ကိုကိုဟာ ဒီသင်တန်းမှာတော့ နာမည်ကြီး တစ်ယောက်သာ။ကောင်မလေးကြားမှာ ရေပန်းစားတဲ့ကိုကိုကြောင့် ကိုကို့ဘေးက ကျွန်တော့ပါ နာမည်ကြီးစာရင်းထဲပါလာသည်။ ကိုကို့ညီ မဖြစ်ချင်တဲ့ကျွန်တော့်ကို ကိုကို့ညီ မလို့ လာကပ်တဲ့ မဒီတွေကိုကျွန်တော်မကြည်တာမဆန်းတော့ ဘူးမလား ။
"ခ ....... ခ လို့ "
"ဗျာ ဗျာ "
"ဒီတစ်ပတ်ပိတ်ရက် ဘာလုပ်မှာလဲ လို့ မေးနေတာလေ "
ကိုကိုက မျက်နှာတည်တည်နှင့် သူ့ကိုကြည့်နေဘေသည်။ သူအတွေးရေယာဉ်မှာ ဘယ်လောက်မျောပါနေသလဲ မသိ မျက်နှာကို အစွမ်းကုန် ပြုံးကာ ကို့ကိုပါးကို လိမ်ဆွဲလိုက်သည်။
"ကိုကိုကလည်း ခမကြားလိုက်လို့ပါ .....နော် ခဘာမှမလုပ်ဖူးလေ အိမ်မှာပဲ ရှိနေမှာပေါ့ အဲ့လို မျက်နှာကြီးမတည်ထားပါနဲ့ ကိုကိုနဲ့ တကယ်မလိုက်ဘူး "
ရီစစနဲ့ပြောတော့ ကိုကိုက ပြုံးတယ် ၊ဒါပါပဲ ကိုကိုက ဘယ်တော့မှ စိတ်မဆိုးတက်တဲ့ လူသားတစ်ယောက်သာ။ဒါဟာ ကျွန်တော့်တစ်ယောက်အပေါ်မှာသာဖြစ်တဲ့ ကံကောင်းမှုတစ်ခုလို့ထင်သည်။
💬ခ ကိုကိုတိုင်ပင်စရာရှိလို့ အောက်ခဏဆင်းခဲ့ .....💬
ည၇နာရီကျော်ကျော်ချိန်တွင် ဖုန်းထဲဝင်လာသောMassageတစ်ခုကြောင့် ကျွန်တော်ပြုံးကာအောက်ထပ်သို့ဆင်းလာခဲ့သည်။ ကိုကိုက ခြံထဲကဒန်းလေးပေါ်မှာထိုင်နေသဖြင့် အနားသို့ အမြန်ပြေးသွားလိုက်သည်။
"ခ "
"ဗျာ ကိုကို"
"ကိုကိုလေ ကိုကိုတို့အတန်းက ပွင့်လွှာအောင်ကို သဘောကျလို့ အဲ့တာ ဘယ်လိုဖွင့်ပြောရမလဲဟင်"
ပြုံးနေတဲ့နှုတ်ခမ်းပါးက သိသိသာသာပြေလျော့သွားသည်။မျက်ဝန်းညိုထဲက တစ်လက်လက်ထနေတဲ့အရည်ကြည်လေးတွေက အောက်ကိုအရှိန်ဖြင့်ခုန်ဆင်းနေကြသည်။သို့သော် နှင်းဆီပန်းကို အကြောင်းမဲ့ငေးနေတဲ့ ကိုကိုကတော့ သူ့ရဲ့ မျက်ရည်ကိုမြင်မည်မထင်ပါ။
"ခလည်းမသိဘူးလေ ကိုကိုရ ကိုကို့ဘာသာကြိုးစားပေါ့ ခ အိပ်တော့မယ် ကိုကိုလည်း ပြန်တော့ စက်ဘီးဖြေးဖြေးစီးပြန်နော်"
အခန်းတံခါးပိတ်ပြီးသည်နှင့် အရုပ်ကြိုးပျက် ထိုင်ချလိုက်သည်။ကိုကို့ကို သူချစ်ခဲ့တာ ရင်ခုန်တက်စအရွယ်ကတည်းက။ကိုကိုကတော့ သူ့အပေါ်ညီလေးတစ်ယောက်သာ။ယောကျာ်းတစ်ယောက် ယောကျာ်းတစ်ယောက်ကို ရင်ခုန်ခွင့်မရှိဘူးလား။ ချစ်ခွင့်မရှိဘူးလား။
မှားယွင်းတဲ့ချစ်ခြင်းလို့ ပြောကြတဲ့လူတွေကို သူမေးလိုက်ချင်တယ် ဘယ်ဟာကများ မှားယွင်းတဲ့ချစ်ခြင်းပါလဲလို့ .........
နှစ်ဦးသဘောတူ ချစ်နေရင် မြတ်နိုးနေရင် ချစ်ခြင်းမည်တာပဲမဟုတ်လား ... ယောကျာ်းနဲ့မိနိးမမှ မိန်းမနဲ့ယောကျာ်းမှ ချစ်ခြင်းဖြစ်တာမျိုးမှ မဟုတ်တာ။အိမ်တွင်းအကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ၊ဗိုက်ကြီးမှတာဝန်မယူတက်တဲ့ယောကျာ်းတွေ ဒါတွေကျတော့ ဘာလို့ မှားယွင်းတဲ့ချစ်ခြင်းလို့ မခေါ်ခဲ့ကြတာလဲဟင်........ဒါမျိုးကမှ မှားယွင်းတဲ့ချစ်ခြင်းတွေမလား။
အရင်က ကိုယ်ရနေကြ ဂရုစိုက်မှုတွေက တစ်ပါးသူဆီ အစားထိုးသွားတဲ့အခါ ခံစားချက်တွေက ယိုင်နဲ့လာတယ်။ အရင်က ကျွန်တော်ရနေကြ ဂရုစိုက်မှူတွေက လေတိုက်လိုက်လို့များနေရာပြောင်းသွားလေသလားကိုကိုရာ။
"ကိုကို စနေနေ့ကြ အန်တီမေမေတို့ ခြံထဲ ခဏသွားရအောင်"
"အိုကေညနေလောက် ကိုကိုလာခေါ်မယ်လေ ခ အိမ်ကစောင့်နေနှင့် စက်ဘီးထုတ်ထားနော် မစီးတာကြာနေပြီမလား ဖုန်တွေတက်နေလောက်ပြီ "
"ဟုတ်ကိုကို အန်တီမေမေ ခြံထဲ ဒူးရင်းသီး သီးနေပြီမလား ဟားဟား"
"သြော် မောင်သစ်ခတို့က အိမ်မှာသာနေတာ ဒူးရင်းသီး သီးချိန်ကြတန်းသိတာနော် "
"မနေ့က အန်တီမေမေက လာပို့သွားတယ်လေ ခက စားချင်တာ မေမေက ဆွမ်းကပ်ထားတာကို "
"အဲ့တာကြောင့် သွားချင်တာပေါ့ အဆိုးလေး "
ခေါင်းကို ဖွဖွလေးပုတ်ပေးရင်း ဆံပင်ကို ပွတ်ပေးတဲ့အခါ ကြည်နူးတွေက အလျှံအပယ်။ ကိုယ့်အပိုင်မဟုတ်ဘူးဆိုတာသိပေမယ့် ဒီဂရုစိုက်မှုတွေကိုတော့ ကျွန်တော်အပိုင်ရတဲ့အထိ လောဘကြီးချင်လိုက်တာကိုကိုရာ။
"မာမီသား ခ နဲ့ ခြံထဲကိုသွားအုံးမယ် နော် "
"ညနေတောင်ရောက်နေပြီ အေးအေးဂရုစိုက်သွားကြ မတည့်တာတွေမကျွေးနဲ့နော် မနေ့က နေမကောင်းချင်ဘူးလို့ပြောတယ်"
"ဟုတ် သားဂရုစိုက်လိုက်ပါ့မယ် မာမီ "
ခုံပေါ်တင်ထားတဲ့ဖုန်းက မြည်လာသဖြင့် သွင်မိုးသစ်ထကိုင်လိုက်သည်။ပြီးနောက်စက်ဘီးကိုထုတ်၍ မေမေ့ကိုနှုတ်ဆက်ကာ အလောတကြီး ထွက်သွားတော့သည်။
"လွှာ အဆင်ပြေရဲ့လား "
"ပြေပါတယ် သစ်ရဲ့ ခြေထောက်နည်းနည်းခေါက်သွားတာပါ"
"ဟိုမှာလွှာသူငယ်ချင်းတွေလည်းပါတယ် လာသစ် သူတို့နဲ့မိတ်ဆက်ပေးမယ် ..ဟေ့ ဒါ တို့ကောင်လေးလေ သွင်မိုးသစ်တဲ့ မိုက်တယ်မလား"
"ဘယ်ချိန်စားရတော့မလဲ ဟေ့"
"မကြာခင်ပေါ့ "
သူငယ်ချင်းတွေအမေးကိုလွှာဖြေပြီးသည်နှင့်ပြုံးပြကာ အအေးကိုသောက်နေတော့သည်။ သစ်လက်ထဲကအအေးကလွတ်ကျသဖြင့် လွှာက ဖုန်းကိုအရင်ယူပြီး ခါလိုက်သည်။ပြီးနောက်တစ်ရှူးနှင့်သုပ်ကာ အိပ်ထဲထည့်ပေးလိုက်သည်။ လွှာကိုပြန်ပို့ပြီးသည်နှင့် သူအိမ်ကိုပြန်လာခဲ့တော့သည်။
ပြန်လာသည့် လမ်းတစ်လျောက် ဒီအကြောင်းတွေသာထပ်ခါထပ်ခါတွေးနေမိသည်။တစ်နေ့တစ်ခြား အရောင်ပြောင်းလဲနေသည့် သူ့နှလုံးသားကို သူသိသည်။ ကလေးဘဝကစလို့ အတူကြီးပြင်လာတဲ့ ခရဲ့ ခံစားချက်ကို သူမသိတာမှမဟုတ်။ဒါပေမယ့် ကြမ်းတမ်းတဲ့လောကဓံထဲကို ခကို ဆွဲမသွင်းရက်ပေ။
ဖြူစင်လွန်းတဲ့ကလေးကို ပတ်ဝန်းကျင်ပါးစပ်ဖျားကြောင့်
မနာကျင်စေချင်။အချစ်ကိုတွေးမိပြန်တော့ နှလုံးသားက
အောင့်တက်လာသည်။ ကိုကိုတို့ ဒီနေရာမှာပဲ ခံစားချက်ကို
ရပ်ရတော့မယ် ခ။
အိမ်နားရောက်ခါနီးမှ ရုတ်တရက်မိုးကသည်းလာသဖြင့် အမြန်ပြေးဝင်လိုက်တော့သည်။ အိမ်ထဲကမေမေကထဘက်ထွက်လာပေးရင် မေးတော့သည်။
"ခကိုရောသေချာပို့ခဲ့လား သား ခရော မိုးမိသေးလား"
"မေမေသားအပြင်ကအခုမှရောက်တာ အခုမိုးတောင်ချုပ်နေပြီ နောက်နေ့မှပဲ ခကို နောက်နေ့မှပဲ လိုက်ပို့တော့မလားလို့ "
"သားဆီဖုန်းခေါ်လို့မရလို့တဲ့ သူမေမေဆီခေါ်တာလေ သူသွားနှင့်ပြီတဲ့ လွဲကုန်ပြီပေါ့ ဟဲ့ မိုးကသည်းနေတာ အခုကားထုတ်စမ်း"
တစ်လမ်းကျော်က ခြံဟာ ဒီနေ့မှ ပိုဝေးလေသလား။ ရောက်ရောက်ခြင်း ချက်ချင်းပင်မိုးရေထဲ ပြေးကာ ရှာတော့သည်။မှောင်နေတဲ့အရှိန်ရယ် မိုးသည်းတဲ့အရှိန်ရယ်ကြောင့် အတော်ကြာမှ ခကိုတွေ့သည်။
"မမလေးတို့ ဘာလိုလို့လဲဗျ ........"
"ခလာသေးလား "
"ဟုတ် လာသေးတာဗျ မေးတာလည်းမဖြေတော့ ကျွန်တော်တို့လည်း အကိုလေးနဲ့လာတာထင်ပြီး မကြည့်ထားမိတာ
မိုးရွာတော့ ပြန်သွားပြီထင်နေတာ မမလေး"
'နင်တို့ဟာလေ ကလေးကတစ်ယောက်တည်းလား နှစ်ယောက်လား သေချာဂရုစိုက်မှပေါ့ ငါမပြော...."
စကားမဆုံးသေးခင်မှာပဲ သားက ခ ချီလာတာမြင်ရသဖြင့် ကားပေါ်အတူတွဲတင်ပေးကာ သူပါတစ်ခါတည်း လိုက်လာခဲ့တော့သည်။
ဆေးချိတ်ထားတဲ့ လက်ဖဝါးနုနုလေးကို ကိုင်ကာ ငိုကျွေးနေမိသည်။ ဆေးရုံတက်ရမည်ဖြစ်သဖြင့် မိဘများက အိမ်သို့ပြန်ကာ လိုအပ်တာများသွားယူနေသည်။နှစ်ယောက်တည်းကျန်ခဲ့သောကြောင့် သူငိုနေတာကို မည်သူမှမသိနိုင်ကြပေ။
အပ်စိုက်ဝင်နေတဲ့လက်နေရာလေးကို ခပ်ဖွဖွလေး ပွတ်ကာ
ကိုယ့်ကိုကိုသာအပြစ်တင်နေမိသည်။ သူ့ကြောင့် သူ့ကြောင့်သာ သူသာဖုန်းကြိုဆက်ခဲ့ရင် ကလေးကသွားစောင့်နေမှာမှမဟုတ်တာ အရာအားလုံးသူ့ကြောင့်သာ။
"ခ သက်သာရဲ့လား"
"ဟုတ် သက်သာပါတယ် "
ကိုကိုလို့အတွင်တွင်ခေါ်နေသည့်နှုတ်ခမ်းပါးက ကိုကိုမပါတော့တဲ့အခါ နေရခက်လှသည်။ စိတ်ဆိုးနေသည်ထက် ခပုံစံမှာညိုှးနွမ်းနေသည်။ ဒီလောက်ပဲ ကိုကို့ကို စိတိဆိုးလိုက်ပါကလေးရေ။ချစ်နေရတာထက် နာကျည်းနေရတာ ကလေးအတွက်ပိုအဆင်ပြေမယ်မလား။ ဒီလိုပဲမကောင်းတဲ့ ကိုကို့ကို ဆက်ပြီး မုန်းနေလိုက်ပါ ။
"ကိုကို လက်ထပ်တော့မယ် ခ"
အံသြရိပ်သမ်းနေတဲ့ မျက်ဝန်းညိုက ချက်ချင်းအရောင်ပြောင်းသွားသည်။အရည်ကြည်ဝေ့နေတဲ့ မျက်ဝန်းများက ဆေးရုံနံရံကိုသာ စိုက်ကြည့်နေသည်။ခရဲ့ မျက်ရည်ကို မြင်ရတာလောက်နာကျင်ရတာ ကိုကိုဘဝမှာမရှိဘူး ခလေးရဲ့......
"ဂုဏ်ယူပါတယ်ကိုကို"
အမှတ်တရတွေအများကြီးကြားမှာ ကျွန်တော်မရူးချင်ဘူးကိုကို ။ကိုကို့လက်သွယ်သွယ်ကို ကိုင်ပြီး ဘေးမှာရပ်နေမယ့်အမျိုးသမီးကိုကြောင့်လည်း မသိမ်ငယ်ချင်ဘူး။ ဂုဏ်ယူစွာ ပြောနေကြမယ့် လူအများရဲ့စကားသံတွေကိုလည်း နားထောင်နိုင်စွမ်းမရှိပြန်ဘူး။
ထွက်သွားတဲ့သူနဲ့ ကျန်ရစ်နေခဲ့ရတဲ့သူ ဘယ်သူက ပိုနာကျင်ရသလဲဆိုတာမေးခွန်းမျိုးကျွန်တော့်ကိုမေးရင်တော့ နှစ်ယောက်လုံးထပ်တူ နာကျင်ရမှာလို့ပဲကျွန်တော်ထင်တယ်။
သတ္တိမရှိတဲ့သူက ထွက်သွားဖို့ကိုရွေးပြီး သတ္တိရှိတဲ့သူက ကျန်ရစ်နေခဲ့မယ် ....
***********************************
ဆေးရုံကဆင်းဆင်းချင်း အဖေ့အမေရဲနယ်မြို့ငယ်လေးကို ကျွန်တော်ထွက်ပြေးလာခဲ့သည်။ ကိုကိုနဲ့ ပတ်သတ်ပြီး အမှတ်တရကောင်းတွေကိုသာ နှလုံးသားထဲမြုပ်နှံထားချင်သဖြင့် လက်ထပ်ဖိတ်စာတောင် ကျွန်တော်မကြည့်ခဲ့ပါ။
အရင်ကနွေရက်တွေကတော့ ပျော်ရွင်ခြင်း တွေနဲ့ပျော်စရာအတိနဲ့ပေါ့။ကိုကိုမရှိတဲ့နောက်ပိုင်းမှာ နွေရက်တွေနဲ့ကျွန်တော်ကနေသားမကျတော့ဘူး။ကျွန်တော့်အတွက်တော့ မိုးနဲ့ကော်ဖီဟာလိုက်ဖက်ညီသလို အလွမ်းနဲ့ နွေဟာလည်း ထပ်တူညီရတာပါပဲ။ ရှောင်ပြေးလာတဲ့နွေရာသီတိုင်းကို
ကျွန်တော့် ထည့်မရေတွက်ချင်တော့ဘူး ကိုကိုရယ်
ဒီနေ့လည်း ကိုကို့ကို သိပ်ချစ်ရပြန်တာပဲ .......
ကော်ဖီခါခါးတစ်ခွက်နဲ့ နွေရာသီတစ်ပတ်ကို ပြန်ရောက်လာလည်း အလွမ်းနဲ့နွေကတော့ နှစ်တိုင်းကျော်ဖြတ်နေရအုံးမှာပါပဲ.......
Zawgyi
"ကိုကိုေရ...... ခဒီမွာ"
သင္တန္းေရွ႕မွာ လာႀကိဳတဲ့ ကိုကို႔ကို ျမင္ေတာ့ လက္ကိုအသာေဝွ႔ ယမ္းျပလိုက္သည္။သူ႔အေပ်ာ္႐ြင္ဆုံးအခ်ိန္ကိုျပပါဆို
သင္တန္းေရွ႕မွာ ကိုကို႔ကို ျမင္ရတဲ့အခ်ိန္ပါပဲ။မူပိုင္ ပါးခ်ိဳင့္ နက္ႀကီး ေပၚလာေအာင္ရီေမာလိုက္တဲ့အခါ သူ႔တစ္ေယာက္တည္း အတြက္သာဆို ဘယ္ေလာက္ေကာင္းလိုက္မလဲ ေတြးမိတာအႀကိမ္ႀကိမ္ပါပဲ။
"ခကေလး ဘာလို႔ၾကာေနတာလဲ ကိုကိုက ခကိုအၾကာႀကီး ေစာင့္ေနရတာ "
"ဆရာအိမ္စာေပးေနလို႔ ကိုကို ၿပီးေတာ့ ခ ဗိုက္ဆာၿပီကိုကို "
ဒါကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ေန႔စဥ္သုံးလက္သုံးစကားပင္။ေဘးကကပ္ေလ်ာက္လာတဲ့ကိုကိုဟာ ဒီသင္တန္းမွာေတာ့ နာမည္ႀကီး တစ္ေယာက္သာ။ေကာင္မေလးၾကားမွာ ေရပန္းစားတဲ့ကိုကိုေၾကာင့္ ကိုကို႔ေဘးက ကြၽန္ေတာ့ပါ နာမည္ႀကီးစာရင္းထဲပါလာသည္။ ကိုကို႔ညီ မျဖစ္ခ်င္တဲ့ကြၽန္ေတာ့္ကို ကိုကို႔ညီ မလို႔ လာကပ္တဲ့ မဒီေတြကိုကြၽန္ေတာ္မၾကည္တာမဆန္းေတာ့ ဘူးမလား ။
"ခ ....... ခ လို႔ "
"ဗ်ာ ဗ်ာ "
"ဒီတစ္ပတ္ပိတ္ရက္ ဘာလုပ္မွာလဲ လို႔ ေမးေနတာေလ "
ကိုကိုက မ်က္ႏွာတည္တည္ႏွင့္ သူ႔ကိုၾကည့္ေနေဘသည္။ သူအေတြးေရယာဥ္မွာ ဘယ္ေလာက္ေမ်ာပါေနသလဲ မသိ မ်က္ႏွာကို အစြမ္းကုန္ ၿပဳံးကာ ကို႔ကိုပါးကို လိမ္ဆြဲလိုက္သည္။
"ကိုကိုကလည္း ခမၾကားလိုက္လို႔ပါ .....ေနာ္ ခဘာမွမလုပ္ဖူးေလ အိမ္မွာပဲ ရွိေနမွာေပါ့ အဲ့လို မ်က္ႏွာႀကီးမတည္ထားပါနဲ႔ ကိုကိုနဲ႔ တကယ္မလိုက္ဘူး "
ရီစစနဲ႔ေျပာေတာ့ ကိုကိုက ၿပဳံးတယ္ ၊ဒါပါပဲ ကိုကိုက ဘယ္ေတာ့မွ စိတ္မဆိုးတက္တဲ့ လူသားတစ္ေယာက္သာ။ဒါဟာ ကြၽန္ေတာ့္တစ္ေယာက္အေပၚမွာသာျဖစ္တဲ့ ကံေကာင္းမႈတစ္ခုလို႔ထင္သည္။
💬ခ ကိုကိုတိုင္ပင္စရာရွိလို႔ ေအာက္ခဏဆင္းခဲ့ .....💬
ည၇နာရီေက်ာ္ေက်ာ္ခ်ိန္တြင္ ဖုန္းထဲဝင္လာေသာMassageတစ္ခုေၾကာင့္ ကြၽန္ေတာ္ၿပဳံးကာေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ ကိုကိုက ၿခံထဲကဒန္းေလးေပၚမွာထိုင္ေနသျဖင့္ အနားသို႔ အျမန္ေျပးသြားလိုက္သည္။
"ခ "
"ဗ်ာ ကိုကို"
"ကိုကိုေလ ကိုကိုတို႔အတန္းက ပြင့္လႊာေအာင္ကို သေဘာက်လို႔ အဲ့တာ ဘယ္လိုဖြင့္ေျပာရမလဲဟင္"
ၿပဳံးေနတဲ့ႏႈတ္ခမ္းပါးက သိသိသာသာေျပေလ်ာ့သြားသည္။မ်က္ဝန္းညိဳထဲက တစ္လက္လက္ထေနတဲ့အရည္ၾကည္ေလးေတြက ေအာက္ကိုအရွိန္ျဖင့္ခုန္ဆင္းေနၾကသည္။သို႔ေသာ္ ႏွင္းဆီပန္းကို အေၾကာင္းမဲ့ေငးေနတဲ့ ကိုကိုကေတာ့ သူ႔ရဲ႕ မ်က္ရည္ကိုျမင္မည္မထင္ပါ။
"ခလည္းမသိဘူးေလ ကိုကိုရ ကိုကို႔ဘာသာႀကိဳးစားေပါ့ ခ အိပ္ေတာ့မယ္ ကိုကိုလည္း ျပန္ေတာ့ စက္ဘီးေျဖးေျဖးစီးျပန္ေနာ္"
အခန္းတံခါးပိတ္ၿပီးသည္ႏွင့္ အ႐ုပ္ႀကိဳးပ်က္ ထိုင္ခ်လိုက္သည္။ကိုကို႔ကို သူခ်စ္ခဲ့တာ ရင္ခုန္တက္စအ႐ြယ္ကတည္းက။ကိုကိုကေတာ့ သူ႔အေပၚညီေလးတစ္ေယာက္သာ။ေယာက်ာ္းတစ္ေယာက္ ေယာက်ာ္းတစ္ေယာက္ကို ရင္ခုန္ခြင့္မရွိဘူးလား။ ခ်စ္ခြင့္မရွိဘူးလား။
မွားယြင္းတဲ့ခ်စ္ျခင္းလို႔ ေျပာၾကတဲ့လူေတြကို သူေမးလိုက္ခ်င္တယ္ ဘယ္ဟာကမ်ား မွားယြင္းတဲ့ခ်စ္ျခင္းပါလဲလို႔ .........
ႏွစ္ဦးသေဘာတူ ခ်စ္ေနရင္ ျမတ္ႏိုးေနရင္ ခ်စ္ျခင္းမည္တာပဲမဟုတ္လား ... ေယာက်ာ္းနဲ႔မိနိးမမွ မိန္းမနဲ႔ေယာက်ာ္းမွ ခ်စ္ျခင္းျဖစ္တာမ်ိဳးမွ မဟုတ္တာ။အိမ္တြင္းအၾကမ္းဖက္ခံရတဲ့အမ်ိဳးသမီးေတြ၊ဗိုက္ႀကီးမွတာဝန္မယူတက္တဲ့ေယာက်ာ္းေတြ ဒါေတြက်ေတာ့ ဘာလို႔ မွားယြင္းတဲ့ခ်စ္ျခင္းလို႔ မေခၚခဲ့ၾကတာလဲဟင္........ဒါမ်ိဳးကမွ မွားယြင္းတဲ့ခ်စ္ျခင္းေတြမလား။
အရင္က ကိုယ္ရေနၾက ဂ႐ုစိုက္မႈေတြက တစ္ပါးသူဆီ အစားထိုးသြားတဲ့အခါ ခံစားခ်က္ေတြက ယိုင္နဲ႔လာတယ္။ အရင္က ကြၽန္ေတာ္ရေနၾက ဂ႐ုစိုက္မႉေတြက ေလတိုက္လိုက္လို႔မ်ားေနရာေျပာင္းသြားေလသလားကိုကိုရာ။
"ကိုကို စေနေန႔ၾက အန္တီေမေမတို႔ ၿခံထဲ ခဏသြားရေအာင္"
"အိုေကညေနေလာက္ ကိုကိုလာေခၚမယ္ေလ ခ အိမ္ကေစာင့္ေနႏွင့္ စက္ဘီးထုတ္ထားေနာ္ မစီးတာၾကာေနၿပီမလား ဖုန္ေတြတက္ေနေလာက္ၿပီ "
"ဟုတ္ကိုကို အန္တီေမေမ ၿခံထဲ ဒူးရင္းသီး သီးေနၿပီမလား ဟားဟား"
"ေၾသာ္ ေမာင္သစ္ခတို႔က အိမ္မွာသာေနတာ ဒူးရင္းသီး သီးခ်ိန္ၾကတန္းသိတာေနာ္ "
"မေန႔က အန္တီေမေမက လာပို႔သြားတယ္ေလ ခက စားခ်င္တာ ေမေမက ဆြမ္းကပ္ထားတာကို "
"အဲ့တာေၾကာင့္ သြားခ်င္တာေပါ့ အဆိုးေလး "
ေခါင္းကို ဖြဖြေလးပုတ္ေပးရင္း ဆံပင္ကို ပြတ္ေပးတဲ့အခါ ၾကည္ႏူးေတြက အလွ်ံအပယ္။ ကိုယ့္အပိုင္မဟုတ္ဘူးဆိုတာသိေပမယ့္ ဒီဂ႐ုစိုက္မႈေတြကိုေတာ့ ကြၽန္ေတာ္အပိုင္ရတဲ့အထိ ေလာဘႀကီးခ်င္လိုက္တာကိုကိုရာ။
"မာမီသား ခ နဲ႔ ၿခံထဲကိုသြားအုံးမယ္ ေနာ္ "
"ညေနေတာင္ေရာက္ေနၿပီ ေအးေအးဂ႐ုစိုက္သြားၾက မတည့္တာေတြမေကြၽးနဲ႔ေနာ္ မေန႔က ေနမေကာင္းခ်င္ဘူးလို႔ေျပာတယ္"
"ဟုတ္ သားဂ႐ုစိုက္လိုက္ပါ့မယ္ မာမီ "
ခုံေပၚတင္ထားတဲ့ဖုန္းက ျမည္လာသျဖင့္ သြင္မိုးသစ္ထကိုင္လိုက္သည္။ၿပီးေနာက္စက္ဘီးကိုထုတ္၍ ေမေမ့ကိုႏႈတ္ဆက္ကာ အေလာတႀကီး ထြက္သြားေတာ့သည္။
"လႊာ အဆင္ေျပရဲ႕လား "
"ေျပပါတယ္ သစ္ရဲ႕ ေျခေထာက္နည္းနည္းေခါက္သြားတာပါ"
"ဟိုမွာလႊာသူငယ္ခ်င္းေတြလည္းပါတယ္ လာသစ္ သူတို႔နဲ႔မိတ္ဆက္ေပးမယ္ ..ေဟ့ ဒါ တို႔ေကာင္ေလးေလ သြင္မိုးသစ္တဲ့ မိုက္တယ္မလား"
"ဘယ္ခ်ိန္စားရေတာ့မလဲ ေဟ့"
"မၾကာခင္ေပါ့ "
သူငယ္ခ်င္းေတြအေမးကိုလႊာေျဖၿပီးသည္ႏွင့္ၿပဳံးျပကာ အေအးကိုေသာက္ေနေတာ့သည္။ သစ္လက္ထဲကအေအးကလြတ္က်သျဖင့္ လႊာက ဖုန္းကိုအရင္ယူၿပီး ခါလိုက္သည္။ၿပီးေနာက္တစ္ရႉးႏွင့္သုပ္ကာ အိပ္ထဲထည့္ေပးလိုက္သည္။ လႊာကိုျပန္ပို႔ၿပီးသည္ႏွင့္ သူအိမ္ကိုျပန္လာခဲ့ေတာ့သည္။
ျပန္လာသည့္ လမ္းတစ္ေလ်ာက္ ဒီအေၾကာင္းေတြသာထပ္ခါထပ္ခါေတြးေနမိသည္။တစ္ေန႔တစ္ျခား အေရာင္ေျပာင္းလဲေနသည့္ သူ႔ႏွလုံးသားကို သူသိသည္။ ကေလးဘဝကစလို႔ အတူႀကီးျပင္လာတဲ့ ခရဲ႕ ခံစားခ်က္ကို သူမသိတာမွမဟုတ္။ဒါေပမယ့္ ၾကမ္းတမ္းတဲ့ေလာကဓံထဲကို ခကို ဆြဲမသြင္းရက္ေပ။
ျဖဴစင္လြန္းတဲ့ကေလးကို ပတ္ဝန္းက်င္ပါးစပ္ဖ်ားေၾကာင့္
မနာက်င္ေစခ်င္။အခ်စ္ကိုေတြးမိျပန္ေတာ့ ႏွလုံးသားက
ေအာင့္တက္လာသည္။ ကိုကိုတို႔ ဒီေနရာမွာပဲ ခံစားခ်က္ကို
ရပ္ရေတာ့မယ္ ခ။
အိမ္နားေရာက္ခါနီးမွ ႐ုတ္တရက္မိုးကသည္းလာသျဖင့္ အျမန္ေျပးဝင္လိုက္ေတာ့သည္။ အိမ္ထဲကေမေမကထဘက္ထြက္လာေပးရင္ ေမးေတာ့သည္။
"ခကိုေရာေသခ်ာပို႔ခဲ့လား သား ခေရာ မိုးမိေသးလား"
"ေမေမသားအျပင္ကအခုမွေရာက္တာ အခုမိုးေတာင္ခ်ဳပ္ေနၿပီ ေနာက္ေန႔မွပဲ ခကို ေနာက္ေန႔မွပဲ လိုက္ပို႔ေတာ့မလားလို႔ "
"သားဆီဖုန္းေခၚလို႔မရလို႔တဲ့ သူေမေမဆီေခၚတာေလ သူသြားႏွင့္ၿပီတဲ့ လြဲကုန္ၿပီေပါ့ ဟဲ့ မိုးကသည္းေနတာ အခုကားထုတ္စမ္း"
တစ္လမ္းေက်ာ္က ၿခံဟာ ဒီေန႔မွ ပိုေဝးေလသလား။ ေရာက္ေရာက္ျခင္း ခ်က္ခ်င္းပင္မိုးေရထဲ ေျပးကာ ရွာေတာ့သည္။ေမွာင္ေနတဲ့အရွိန္ရယ္ မိုးသည္းတဲ့အရွိန္ရယ္ေၾကာင့္ အေတာ္ၾကာမွ ခကိုေတြ႕သည္။
"မမေလးတို႔ ဘာလိုလို႔လဲဗ် ........"
"ခလာေသးလား "
"ဟုတ္ လာေသးတာဗ် ေမးတာလည္းမေျဖေတာ့ ကြၽန္ေတာ္တို႔လည္း အကိုေလးနဲ႔လာတာထင္ၿပီး မၾကည့္ထားမိတာ
မိုး႐ြာေတာ့ ျပန္သြားၿပီထင္ေနတာ မမေလး"
'နင္တို႔ဟာေလ ကေလးကတစ္ေယာက္တည္းလား ႏွစ္ေယာက္လား ေသခ်ာဂ႐ုစိုက္မွေပါ့ ငါမေျပာ...."
စကားမဆုံးေသးခင္မွာပဲ သားက ခ ခ်ီလာတာျမင္ရသျဖင့္ ကားေပၚအတူတြဲတင္ေပးကာ သူပါတစ္ခါတည္း လိုက္လာခဲ့ေတာ့သည္။
ေဆးခ်ိတ္ထားတဲ့ လက္ဖဝါးႏုႏုေလးကို ကိုင္ကာ ငိုေကြၽးေနမိသည္။ ေဆး႐ုံတက္ရမည္ျဖစ္သျဖင့္ မိဘမ်ားက အိမ္သို႔ျပန္ကာ လိုအပ္တာမ်ားသြားယူေနသည္။ႏွစ္ေယာက္တည္းက်န္ခဲ့ေသာေၾကာင့္ သူငိုေနတာကို မည္သူမွမသိႏိုင္ၾကေပ။
အပ္စိုက္ဝင္ေနတဲ့လက္ေနရာေလးကို ခပ္ဖြဖြေလး ပြတ္ကာ
ကိုယ့္ကိုကိုသာအျပစ္တင္ေနမိသည္။ သူ႔ေၾကာင့္ သူ႔ေၾကာင့္သာ သူသာဖုန္းႀကိဳဆက္ခဲ့ရင္ ကေလးကသြားေစာင့္ေနမွာမွမဟုတ္တာ အရာအားလုံးသူ႔ေၾကာင့္သာ။
"ခ သက္သာရဲ႕လား"
"ဟုတ္ သက္သာပါတယ္ "
ကိုကိုလို႔အတြင္တြင္ေခၚေနသည့္ႏႈတ္ခမ္းပါးက ကိုကိုမပါေတာ့တဲ့အခါ ေနရခက္လွသည္။ စိတ္ဆိုးေနသည္ထက္ ခပုံစံမွာညိဳွးႏြမ္းေနသည္။ ဒီေလာက္ပဲ ကိုကို႔ကို စိတိဆိုးလိုက္ပါကေလးေရ။ခ်စ္ေနရတာထက္ နာက်ည္းေနရတာ ကေလးအတြက္ပိုအဆင္ေျပမယ္မလား။ ဒီလိုပဲမေကာင္းတဲ့ ကိုကို႔ကို ဆက္ၿပီး မုန္းေနလိုက္ပါ ။
"ကိုကို လက္ထပ္ေတာ့မယ္ ခ"
အံၾသရိပ္သမ္းေနတဲ့ မ်က္ဝန္းညိဳက ခ်က္ခ်င္းအေရာင္ေျပာင္းသြားသည္။အရည္ၾကည္ေဝ့ေနတဲ့ မ်က္ဝန္းမ်ားက ေဆး႐ုံနံရံကိုသာ စိုက္ၾကည့္ေနသည္။ခရဲ႕ မ်က္ရည္ကို ျမင္ရတာေလာက္နာက်င္ရတာ ကိုကိုဘဝမွာမရွိဘူး ခေလးရဲ႕......
"ဂုဏ္ယူပါတယ္ကိုကို"
အမွတ္တရေတြအမ်ားႀကီးၾကားမွာ ကြၽန္ေတာ္မ႐ူးခ်င္ဘူးကိုကို ။ကိုကို႔လက္သြယ္သြယ္ကို ကိုင္ၿပီး ေဘးမွာရပ္ေနမယ့္အမ်ိဳးသမီးကိုေၾကာင့္လည္း မသိမ္ငယ္ခ်င္ဘူး။ ဂုဏ္ယူစြာ ေျပာေနၾကမယ့္ လူအမ်ားရဲ႕စကားသံေတြကိုလည္း နားေထာင္ႏိုင္စြမ္းမရွိျပန္ဘူး။
ထြက္သြားတဲ့သူနဲ႔ က်န္ရစ္ေနခဲ့ရတဲ့သူ ဘယ္သူက ပိုနာက်င္ရသလဲဆိုတာေမးခြန္းမ်ိဳးကြၽန္ေတာ့္ကိုေမးရင္ေတာ့ ႏွစ္ေယာက္လုံးထပ္တူ နာက်င္ရမွာလို႔ပဲကြၽန္ေတာ္ထင္တယ္။
သတၱိမရွိတဲ့သူက ထြက္သြားဖို႔ကိုေ႐ြးၿပီး သတၱိရွိတဲ့သူက က်န္ရစ္ေနခဲ့မယ္ ....
***********************************
ေဆး႐ုံကဆင္းဆင္းခ်င္း အေဖ့အေမရဲနယ္ၿမိဳ႕ငယ္ေလးကို ကြၽန္ေတာ္ထြက္ေျပးလာခဲ့သည္။ ကိုကိုနဲ႔ ပတ္သတ္ၿပီး အမွတ္တရေကာင္းေတြကိုသာ ႏွလုံးသားထဲျမဳပ္ႏွံထားခ်င္သျဖင့္ လက္ထပ္ဖိတ္စာေတာင္ ကြၽန္ေတာ္မၾကည့္ခဲ့ပါ။
အရင္ကေႏြရက္ေတြကေတာ့ ေပ်ာ္႐ြင္ျခင္း ေတြနဲ႔ေပ်ာ္စရာအတိနဲ႔ေပါ့။ကိုကိုမရွိတဲ့ေနာက္ပိုင္းမွာ ေႏြရက္ေတြနဲ႔ကြၽန္ေတာ္ကေနသားမက်ေတာ့ဘူး။ကြၽန္ေတာ့္အတြက္ေတာ့ မိုးနဲ႔ေကာ္ဖီဟာလိုက္ဖက္ညီသလို အလြမ္းနဲ႔ ေႏြဟာလည္း ထပ္တူညီရတာပါပဲ။ ေရွာင္ေျပးလာတဲ့ေႏြရာသီတိုင္းကို
ကြၽန္ေတာ့္ ထည့္မေရတြက္ခ်င္ေတာ့ဘူး ကိုကိုရယ္
ဒီေန႔လည္း ကိုကို႔ကို သိပ္ခ်စ္ရျပန္တာပဲ .......
ေကာ္ဖီခါခါးတစ္ခြက္နဲ႔ ေႏြရာသီတစ္ပတ္ကို ျပန္ေရာက္လာလည္း အလြမ္းနဲ႔ေႏြကေတာ့ ႏွစ္တိုင္းေက်ာ္ျဖတ္ေနရအုံးမွာပါပဲ.......
👍
ReplyDeleteDone 🍀
ReplyDeleteClicked💫
ReplyDeleteDone 💪
ReplyDelete🍃🍂
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDelete