မှန်တစ်ချပ်ရဲ့နောက်ကွယ်

Unicode




“ ကဗျာလေးတွေဟာ ချစ်ဖို့ကောင်းတာပဲ “ လို့ ပြောပြချင်ပေမယ့် ပြောပြခွင့်မရခဲ့ပါဘူး ။ တစ်ခါမှ

မသိကျွမ်းဘူးတဲ့ကောင်လေးတစ်ယောက်က သဘာဝအလှဟာ သိပ်ကိုလှပတဲ့အကြောင်း ၊

ကဗျာလေးတွေဟာ ချစ်ဖို့ကောင်းကြောင်း အမြဲတမ်းလာပြောပေးခဲ့တယ်။

ဒါတွေဟာ တစ်ခဏလေးအတွင်းမှာ အိမ်မက်လိုပျောက်ကွယ်သွားခဲ့ပါတယ် ။ အရာအားလုံးခဏပါပဲ။

အခုလည်း စာအုပ်ဖတ်ရင်း မဆီမဆိုင် သူ့အကြောင်းတွေးနေမိပြန်ပေါ့။

ခက်ပါရဲ့ သတိရခြင်းဆိုတာကို ဘယ်အချိန်ထိ ငါသယ်သွားရမှာလဲ။ “ဟူး “ ဟု ဝေတစ်ယောက်

အလွမ်းတွေကိုလေနဲ့အတူမှုတ်ထုတ်လိုက်သည်။



“ဟဲ့ နင်ဘာတွေ တွေးနေတာလဲ ရုပ်ကလဲ မှိုင်လို့”

“မဟုတ်ပါဘူးဟာ အိမ်အကြောင်းတွေးမိလာလို့ပါ” တကယ်လည်းဟုတ်ပါတယ် လုံးလည်ချာလည်

လိုက်နေတဲ့ကိုယ့်မိသားစုအရေးတွေးနေမိတာပါပဲ။

“အေးဟာ ငါတို့တွေလည်း မိသားစုအတွက်တွေးပြီး ကိုယ့်ကိုယ်ရေးကိုယ်တာကိစ္စတာတွေ

တောင် မေ့နေပါပြီ” လို့ အစုကရယ်မောပြီးပြောလိုက်တယ်။

တောင့်တင်းတဲ့မိသားစုက ဆင်းသက်လာတဲ့သူတွေမဟုတ်ကြတော့ ဝေတို့သူငယ်ချင်းတွေဟာ

ဘဝကိုတတ်နိုင်သလောက်မိသားစုနဲ့အတူရုန်းကန်ရင်းအသက်ရှင်နေကြရသူတွေပါ။

ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြုံရပါစေ ဝေတို့သူငယ်ချင်းတွေဟာ

ပပျော်ပျော်နေတတ်ကြတဲ့သူတွေပါ။ တစ်ယောက်အဆင်မပြေရင်တစ်ယောက်ကအမြဲဖေးမကူညီပေးတတ်ကြတယ်။

ဒါတွေဟာလည်း ဝေတို့အတွက် အဆင်မပြေတဲ့ဘဝတွေထဲက ခွနအားတစ်ခုဆိုရမယ်။



ဒီလိုနဲ့ တစ်နေ့မှာ သူငယ်ချင်းအေးကို က “နင်သိပြီးပြီလား ဇာနည်တောင် ဖူးပြည့်ကို

ချစ်ခွင့်ပန်ထားတယ်နော် “ လို့ ပြောလိုက်တဲ့ချိန် ဝေ့ရင်ထဲမှာဗလောင်တွေဆူလို့ပေါ့။

“ဟုတ်လား ကောင်းတာပေါ့” လို့ ဝေမဆိုင်းမတွပြန်ဖြေတဲ့စကားတွေထဲမှာ ဝေရဲ့မျက်ဝန်းထဲက

မျက်ရည်တွေကို သူငယ်ချင်းဖြစ်သူ အေးကိုတစ်ယောက်မမြင်နိုင်ခဲ့ပါဘူး။



တစ်ကယ်တော့ ဝေ နဲ့ ဇာနည် တို့ဟာ အရင်ထဲကသိတဲ့သူငယ်ချင်းတွေမဟုတ်ကြပါဘူး။

အေးကိုကတစ်ဆင့်ခင်ရတဲ့သူငယ်ချင်းပါ။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဇာနည်ဟာ ဝေကို ဖေ့စ်ဘွတ်အကောင့်လာအပ်ခဲ့တယ်။

တစ်နေ့ ဇာနည်ဟာ ဝေ့ကို သူရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုရှဲပေးဖို့ အကူညီတောင်းရင်း

ခင်မင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ဟာ တစ်ယောက်အကြိုက် တစ်ယောက်သိခဲ့ကြတယ်။

ဇာနည့်ကို ဝေ ပိုပြီးခင်တွယ်လာတဲ့အရာဖြစ်လာတာကတော့

ဆောင်းပါးပြိုင်ပွဲဝင်ပြိုင်ဖို့လာပြောခဲ့ရာက စတာပါပဲ ။ဝေဟာစာဖတ်ရတာအလွန်ကြိုက်တဲ့သူဖြစ်တယ်။

ဇာနည်ဟာ ဝေ့ကို ကဗျာလင့်ခ်လေးတွေလာလာပို့ပေးခဲ့တယ် ။ ဝေကြိုက်တတ်တဲ့ စာရေးဆရာ

ရေးထားတဲ့စာတွေ တွေ့ရင်အမြဲလာပို့ပေးတာပေါ့ ။ သူကဗျာလေးတွေပို့ပေးတိုင်း နင်ကြိုက်မယ်

ထင်လို့ ၊ ငါဒီကဗျာလေးကိုအရမ်းသဘောကျတာလို့ ပြောတတ်သေးတာ။ နောက်တစ်ခုက

ဝေဟာ သဘာဝတရားကြီးကိုအရမ်းချစ်တာ ။ သူပျင်းလို့ဓာတ်ပုံရိုက်ထွက်ပြီးတိုင်း နင်က

Landscape ကြိုက်တတ်တာဆိုပြီး ပုံတွေလာပို့ပေးတတ်သေးတာ။နင်ဟာ ချစ်ဖို့ကောင်းတာပဲသိလား။

ငါ့အကြိုက်တွေသိတတ်တယ်ဆိုပြီး ဝေ တွေးပြီး ပြုံးနေခဲ့ရတယ်။ ပျော်တယ်ဆိုတာလည်း

ရင်ခုန်ဖို့ကောင်းတယ်နော် ဇာနည်။



နင် ဆရာချမ်းမြေ့ဝင်းရဲ့ တစ်+တစ်=သုံး စာအုပ်ကိုအရမ်းဖတ်ချင်နေတာပဲတဲ့ ။ ငါစုထားတဲ့မုန့်ဖိုးလေးနဲ

နင့်ကိုဝယ်ပေးခဲ့တယ် ။ အမှတ်တရအနေနဲ့ ပို့စ်ကဒ်လေးတစ်စောင်ပါထည့်ပေးလိုက်သေးတယ်။

“ဝေ နင်ကလက်ရေးလှတာပဲတဲ့ “

“လက်ရေးလှ သလို ငါလည်းလှတယ်လေ “ ပြောတော့

“ဟုတ်ပါတယ်တဲ့ဗျာ” တဲ့ ။ ငါ့မှာလေ ပျော်လိုက်ရတယ်ဆိုတာ ။ ဒီကမ္ဘာမှာ ငါသိပ်ကံကောင်းတာပဲလို့

ငါ့ကိုယ်ငါဂုဏ်ယူမိတယ်။



အပျော်တွေကလည်း အကြာကြီးလည်း မခံစားလိုက်ရပါဘူးဟာ ။ နင် ချစ်သူကောင်မလေးရသွားပြီတဲ့။

ငါ့မှာဝမ်းနည်းပြီး ပျော်လိုက်ရတဲ့ဖြစ်ခြင်းဆိုတာလေ။ဝမ်းနည်းပြီးပျော်တယ်ဆိုတာ တစ်မျိုးပဲလို့

နင်ထင်မှာပဲနော်။ဒီလိုပါ။ နင်ကံကောင်းသွားတာကို ပြောတာ ဇာနည်။

နင်သဘောကျတဲ့ကောင်မလေးဟာ အရာရာပြည့်စုံခဲ့တယ်။ ပညာ ၊ ရုပ်ရည် ၊ ငွေကြေး အားလုံးဟာ

ပြည့်စုံသူပါ။ ဝမ်းနည်းတယ်ဆိုတာ ငါ့အတွက်ပါ ။ ငါနင့်ကိုမချစ်ခဲ့ရလို့လေ။နင့်ကိုသိပ်ချစ်ခဲ့တဲ့

ကောင်မလေးတစ်ယောက်ရဲ့အချစ်ကိုနင်မရခဲ့လို့လေ။

တစ်ကယ်တမ်းပြန်တွေးကြည့်ရင်လဲ ဝေ

ဆိုတဲ့ ကောင်မလေးကိုသာ သဘောကျခဲ့မယ်ဆိုရင် နင်စိတ်ညစ်နေရမှာပဲလေ။

ဘာလို့လဲဆိုတော့ ဝေ ဟာ အမြဲတမ်းစိတ်ဓာတ်ကျပြီး အချစ်ငတ်နေတဲ့ မိန်းကလေးတစ်ဦးဖြစ်နေလို့ပဲ။

ဒါပေမယ့် ဝေ ဟာ စိတ်နှလုံးသားဖြူစင်ပြီး ချစ်တတ်တဲ့ကောင်မလေးပါ။



ငါ သဘောကျနေတဲ့ ကောင်လေး ချစ်သူကောင်မလေး ရသွားပြီ အစု ။ ငိုလိုက်စမ်းပါ ဝေ ရာ ။

နင်တစ်ဝကြီးငိုစမ်းလိုက်စမ်းပါတဲ့ အစုက ဝေ့ လက်ဖဝါးတွေကို စုပ်နယ်ပြီး အားပေးနေရှာတယ် ။

ဒါဆို သူ့ကို ငါမချစ်ရတော့ဘူး ငါ့ဘဝရဲ့ အဆင်မပြေမှုတွေ မပြောပြရတော့ဘူးပေါ့နော် ။

ငါ လေ ငါ ငါ့ဘဝရဲ့ အဆင်မပြေမှုတွေကို ငါကိုယ်တိုင်ဘယ်လိုဖြတ်ကျော်ခဲ့ရလဲဆိုတာ

သူ့ကို ပြောပြချင်ခဲ့တာ ။ သူ့ကိုဘယ်လောက်ထိ ချစ်ကြောင်းပြောပြချင်ခဲ့တာ။



အစုရယ် ငါအားရအောင် ငိုပြီးရင် ငါမငိုတော့ဘူးနော်။

ငါရပ်တည်နိုင်ပါတယ် ။ အမြဲတမ်း အချစ်ကံခေနေတဲ့ ငါ့အတွက်တော့ သူ့ကိုလည်း ငါအပိုင်

မတွက်ထားပါဘူး ။ ငါသူ့ကို သိပ်ချစ်တာပဲ လို့ ငါ့ဘဝမှာ မပြောခဲ့ရတဲ့အတွက် ငါ

ကြေကွဲမိရုံလေးပါ ။



ဝေ လေ သူ့ကိုမေးချင်တာက ဘာဖြစ်လို့ ဝေ့အကြိုက်တွေပဲ ရွေးပြီး ပို့ပေးခဲ့တာလဲ။

ဝေ့ကိုကော ချစ်မိသေးလား ၊ ဝေ သူ့ကိုချစ်ခဲ့တာကိုကော ရိပ်မိခဲ့လား ဆိုတာပဲ။

ဒါပေမယ့် ဝေ မမေးချင်တော့ ပါဘူး ။အရာအားလုံးဟာ ပြီးသွားပြီပဲ။ ဒီမေးခွန်းတွေကို ဝေ သေတဲ့အထိ

ဝေ့ ရင်ထဲမှာပဲ သိမ်းသွားမှာပါ။

သူခုလိုလေး ပျော်နေတာကို မြင်ရတာ ဝေ ကျေနပ်ပါတယ်။



အချစ်ဆိုတာကို လူအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ဖွဲ့ဆိုကြတယ်။ ဝေလည်း အချစ်ဆိုတာ

ရယူပိုင်ဆိုင်ခြင်းမှ မဟုတ်ဘဲ စွန့်လွှတ်အချစ်လည်း အချစ်ပဲ ဆိုတဲ့

ဝေ့လိုလူတွေဘယ်လောက်များရှိလောက်မလဲနော် ။ ရှိရင် သူတို့ကိုပြောချင်တာက ဝေတို့ဟာ

မောင်ချောနွယ်ကဗျာထဲကလို “ မရောက်သေးတဲ့ တစ်နေ့ဆိုတာမှာ မွေ့လျော်ခဲ့တယ်…။ ကျွန်တော့်မှာ

ရိုးသားမှုနဲ့ နှလုံးသားအစစ်ကလွဲလို့ ဘာမှ အားကိုး အားထားစရာမရှိခဲ့ပါဘူး”



ရူးရူးမိုက်မိုက်ချစ်နေကြတဲ့ ချစ်သူတွေရဲ့နောက်ကွယ်မှာ သူတို့ကို တိတ်တိတ်လေး ခိုးချစ်နေရတဲ့

သိပ်ချစ်တတ်တဲ့သူတွေရှိနေခဲ့တယ်ဆိုတာ ……….။



Zawgyi




“ ကဗ်ာေလးေတြဟာ ခ်စ္ဖို႔ေကာင္းတာပဲ “ လို႔ ေျပာျပခ်င္ေပမယ့္ ေျပာျပခြင့္မရခဲ့ပါဘူး ။ တစ္ခါမွ

မသိကြၽမ္းဘူးတဲ့ေကာင္ေလးတစ္ေယာက္က သဘာဝအလွဟာ သိပ္ကိုလွပတဲ့အေၾကာင္း ၊

ကဗ်ာေလးေတြဟာ ခ်စ္ဖို႔ေကာင္းေၾကာင္း အၿမဲတမ္းလာေျပာေပးခဲ့တယ္။

ဒါေတြဟာ တစ္ခဏေလးအတြင္းမွာ အိမ္မက္လိုေပ်ာက္ကြယ္သြားခဲ့ပါတယ္ ။ အရာအားလုံးခဏပါပဲ။

အခုလည္း စာအုပ္ဖတ္ရင္း မဆီမဆိုင္ သူ႔အေၾကာင္းေတြးေနမိျပန္ေပါ့။

ခက္ပါရဲ႕ သတိရျခင္းဆိုတာကို ဘယ္အခ်ိန္ထိ ငါသယ္သြားရမွာလဲ။ “ဟူး “ ဟု ေဝတစ္ေယာက္

အလြမ္းေတြကိုေလနဲ႔အတူမႈတ္ထုတ္လိုက္သည္။



“ဟဲ့ နင္ဘာေတြ ေတြးေနတာလဲ ႐ုပ္ကလဲ မႈိင္လို႔”

“မဟုတ္ပါဘူးဟာ အိမ္အေၾကာင္းေတြးမိလာလို႔ပါ” တကယ္လည္းဟုတ္ပါတယ္ လုံးလည္ခ်ာလည္

လိုက္ေနတဲ့ကိုယ့္မိသားစုအေရးေတြးေနမိတာပါပဲ။

“ေအးဟာ ငါတို႔ေတြလည္း မိသားစုအတြက္ေတြးၿပီး ကိုယ့္ကိုယ္ေရးကိုယ္တာကိစၥတာေတြ

ေတာင္ ေမ့ေနပါၿပီ” လို႔ အစုကရယ္ေမာၿပီးေျပာလိုက္တယ္။

ေတာင့္တင္းတဲ့မိသားစုက ဆင္းသက္လာတဲ့သူေတြမဟုတ္ၾကေတာ့ ေဝတို႔သူငယ္ခ်င္းေတြဟာ

ဘဝကိုတတ္ႏိုင္သေလာက္မိသားစုနဲ႔အတူ႐ုန္းကန္ရင္းအသက္ရွင္ေနၾကရသူေတြပါ။

ဘယ္ေလာက္ပဲ စိတ္ညစ္စရာေတြနဲ႔ႀကဳံရပါေစ ေဝတို႔သူငယ္ခ်င္းေတြဟာ

ပေပ်ာ္ေပ်ာ္ေနတတ္ၾကတဲ့သူေတြပါ။ တစ္ေယာက္အဆင္မေျပရင္တစ္ေယာက္ကအၿမဲေဖးမကူညီေပးတတ္ၾကတယ္။

ဒါေတြဟာလည္း ေဝတို႔အတြက္ အဆင္မေျပတဲ့ဘဝေတြထဲက ခြနအားတစ္ခုဆိုရမယ္။



ဒီလိုနဲ႔ တစ္ေန႔မွာ သူငယ္ခ်င္းေအးကို က “နင္သိၿပီးၿပီလား ဇာနည္ေတာင္ ဖူးျပည့္ကို

ခ်စ္ခြင့္ပန္ထားတယ္ေနာ္ “ လို႔ ေျပာလိုက္တဲ့ခ်ိန္ ေဝ့ရင္ထဲမွာဗေလာင္ေတြဆူလို႔ေပါ့။

“ဟုတ္လား ေကာင္းတာေပါ့” လို႔ ေဝမဆိုင္းမတြျပန္ေျဖတဲ့စကားေတြထဲမွာ ေဝရဲ႕မ်က္ဝန္းထဲက

မ်က္ရည္ေတြကို သူငယ္ခ်င္းျဖစ္သူ ေအးကိုတစ္ေယာက္မျမင္ႏိုင္ခဲ့ပါဘူး။



တစ္ကယ္ေတာ့ ေဝ နဲ႔ ဇာနည္ တို႔ဟာ အရင္ထဲကသိတဲ့သူငယ္ခ်င္းေတြမဟုတ္ၾကပါဘူး။

ေအးကိုကတစ္ဆင့္ခင္ရတဲ့သူငယ္ခ်င္းပါ။

လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က ဇာနည္ဟာ ေဝကို ေဖ့စ္ဘြတ္အေကာင့္လာအပ္ခဲ့တယ္။

တစ္ေန႔ ဇာနည္ဟာ ေဝ့ကို သူ႐ိုက္ထားတဲ့ဓာတ္ပုံေလးေတြကိုရွဲေပးဖို႔ အကူညီေတာင္းရင္း

ခင္မင္ခဲ့ၾကတယ္။ တျဖည္းျဖည္းနဲ႔ သူတို႔ဟာ တစ္ေယာက္အႀကိဳက္ တစ္ေယာက္သိခဲ့ၾကတယ္။

ဇာနည့္ကို ေဝ ပိုၿပီးခင္တြယ္လာတဲ့အရာျဖစ္လာတာကေတာ့

ေဆာင္းပါးၿပိဳင္ပြဲဝင္ၿပိဳင္ဖို႔လာေျပာခဲ့ရာက စတာပါပဲ ။ေဝဟာစာဖတ္ရတာအလြန္ႀကိဳက္တဲ့သူျဖစ္တယ္။

ဇာနည္ဟာ ေဝ့ကို ကဗ်ာလင့္ခ္ေလးေတြလာလာပို႔ေပးခဲ့တယ္ ။ ေဝႀကိဳက္တတ္တဲ့ စာေရးဆရာ

ေရးထားတဲ့စာေတြ ေတြ႕ရင္အၿမဲလာပို႔ေပးတာေပါ့ ။ သူကဗ်ာေလးေတြပို႔ေပးတိုင္း နင္ႀကိဳက္မယ္

ထင္လို႔ ၊ ငါဒီကဗ်ာေလးကိုအရမ္းသေဘာက်တာလို႔ ေျပာတတ္ေသးတာ။ ေနာက္တစ္ခုက

ေဝဟာ သဘာဝတရားႀကီးကိုအရမ္းခ်စ္တာ ။ သူပ်င္းလို႔ဓာတ္ပုံ႐ိုက္ထြက္ၿပီးတိုင္း နင္က

Landscape ႀကိဳက္တတ္တာဆိုၿပီး ပုံေတြလာပို႔ေပးတတ္ေသးတာ။နင္ဟာ ခ်စ္ဖို႔ေကာင္းတာပဲသိလား။

ငါ့အႀကိဳက္ေတြသိတတ္တယ္ဆိုၿပီး ေဝ ေတြးၿပီး ၿပဳံးေနခဲ့ရတယ္။ ေပ်ာ္တယ္ဆိုတာလည္း

ရင္ခုန္ဖို႔ေကာင္းတယ္ေနာ္ ဇာနည္။



နင္ ဆရာခ်မ္းေျမ့ဝင္းရဲ႕ တစ္+တစ္=သုံး စာအုပ္ကိုအရမ္းဖတ္ခ်င္ေနတာပဲတဲ့ ။ ငါစုထားတဲ့မုန္႔ဖိုးေလးနဲ

နင့္ကိုဝယ္ေပးခဲ့တယ္ ။ အမွတ္တရအေနနဲ႔ ပို႔စ္ကဒ္ေလးတစ္ေစာင္ပါထည့္ေပးလိုက္ေသးတယ္။

“ေဝ နင္ကလက္ေရးလွတာပဲတဲ့ “

“လက္ေရးလွ သလို ငါလည္းလွတယ္ေလ “ ေျပာေတာ့

“ဟုတ္ပါတယ္တဲ့ဗ်ာ” တဲ့ ။ ငါ့မွာေလ ေပ်ာ္လိုက္ရတယ္ဆိုတာ ။ ဒီကမာၻမွာ ငါသိပ္ကံေကာင္းတာပဲလို႔

ငါ့ကိုယ္ငါဂုဏ္ယူမိတယ္။



အေပ်ာ္ေတြကလည္း အၾကာႀကီးလည္း မခံစားလိုက္ရပါဘူးဟာ ။ နင္ ခ်စ္သူေကာင္မေလးရသြားၿပီတဲ့။

ငါ့မွာဝမ္းနည္းၿပီး ေပ်ာ္လိုက္ရတဲ့ျဖစ္ျခင္းဆိုတာေလ။ဝမ္းနည္းၿပီးေပ်ာ္တယ္ဆိုတာ တစ္မ်ိဳးပဲလို႔

နင္ထင္မွာပဲေနာ္။ဒီလိုပါ။ နင္ကံေကာင္းသြားတာကို ေျပာတာ ဇာနည္။

နင္သေဘာက်တဲ့ေကာင္မေလးဟာ အရာရာျပည့္စုံခဲ့တယ္။ ပညာ ၊ ႐ုပ္ရည္ ၊ ေငြေၾကး အားလုံးဟာ

ျပည့္စုံသူပါ။ ဝမ္းနည္းတယ္ဆိုတာ ငါ့အတြက္ပါ ။ ငါနင့္ကိုမခ်စ္ခဲ့ရလို႔ေလ။နင့္ကိုသိပ္ခ်စ္ခဲ့တဲ့

ေကာင္မေလးတစ္ေယာက္ရဲ႕အခ်စ္ကိုနင္မရခဲ့လို႔ေလ။

တစ္ကယ္တမ္းျပန္ေတြးၾကည့္ရင္လဲ ေဝ

ဆိုတဲ့ ေကာင္မေလးကိုသာ သေဘာက်ခဲ့မယ္ဆိုရင္ နင္စိတ္ညစ္ေနရမွာပဲေလ။

ဘာလို႔လဲဆိုေတာ့ ေဝ ဟာ အၿမဲတမ္းစိတ္ဓာတ္က်ၿပီး အခ်စ္ငတ္ေနတဲ့ မိန္းကေလးတစ္ဦးျဖစ္ေနလို႔ပဲ။

ဒါေပမယ့္ ေဝ ဟာ စိတ္ႏွလုံးသားျဖဴစင္ၿပီး ခ်စ္တတ္တဲ့ေကာင္မေလးပါ။



ငါ သေဘာက်ေနတဲ့ ေကာင္ေလး ခ်စ္သူေကာင္မေလး ရသြားၿပီ အစု ။ ငိုလိုက္စမ္းပါ ေဝ ရာ ။

နင္တစ္ဝႀကီးငိုစမ္းလိုက္စမ္းပါတဲ့ အစုက ေဝ့ လက္ဖဝါးေတြကို စုပ္နယ္ၿပီး အားေပးေနရွာတယ္ ။

ဒါဆို သူ႔ကို ငါမခ်စ္ရေတာ့ဘူး ငါ့ဘဝရဲ႕ အဆင္မေျပမႈေတြ မေျပာျပရေတာ့ဘူးေပါ့ေနာ္ ။

ငါ ေလ ငါ ငါ့ဘဝရဲ႕ အဆင္မေျပမႈေတြကို ငါကိုယ္တိုင္ဘယ္လိုျဖတ္ေက်ာ္ခဲ့ရလဲဆိုတာ

သူ႔ကို ေျပာျပခ်င္ခဲ့တာ ။ သူ႔ကိုဘယ္ေလာက္ထိ ခ်စ္ေၾကာင္းေျပာျပခ်င္ခဲ့တာ။



အစုရယ္ ငါအားရေအာင္ ငိုၿပီးရင္ ငါမငိုေတာ့ဘူးေနာ္။

ငါရပ္တည္ႏိုင္ပါတယ္ ။ အၿမဲတမ္း အခ်စ္ကံေခေနတဲ့ ငါ့အတြက္ေတာ့ သူ႔ကိုလည္း ငါအပိုင္

မတြက္ထားပါဘူး ။ ငါသူ႔ကို သိပ္ခ်စ္တာပဲ လို႔ ငါ့ဘဝမွာ မေျပာခဲ့ရတဲ့အတြက္ ငါ

ေၾကကြဲမိ႐ုံေလးပါ ။



ေဝ ေလ သူ႔ကိုေမးခ်င္တာက ဘာျဖစ္လို႔ ေဝ့အႀကိဳက္ေတြပဲ ေ႐ြးၿပီး ပို႔ေပးခဲ့တာလဲ။

ေဝ့ကိုေကာ ခ်စ္မိေသးလား ၊ ေဝ သူ႔ကိုခ်စ္ခဲ့တာကိုေကာ ရိပ္မိခဲ့လား ဆိုတာပဲ။

ဒါေပမယ့္ ေဝ မေမးခ်င္ေတာ့ ပါဘူး ။အရာအားလုံးဟာ ၿပီးသြားၿပီပဲ။ ဒီေမးခြန္းေတြကို ေဝ ေသတဲ့အထိ

ေဝ့ ရင္ထဲမွာပဲ သိမ္းသြားမွာပါ။

သူခုလိုေလး ေပ်ာ္ေနတာကို ျမင္ရတာ ေဝ ေက်နပ္ပါတယ္။



အခ်စ္ဆိုတာကို လူအမ်ိဳးမ်ိဳးက ပုံစံအမ်ိဳးမ်ိဳးနဲ႔ဖြဲ႕ဆိုၾကတယ္။ ေဝလည္း အခ်စ္ဆိုတာ

ရယူပိုင္ဆိုင္ျခင္းမွ မဟုတ္ဘဲ စြန္႔လႊတ္အခ်စ္လည္း အခ်စ္ပဲ ဆိုတဲ့

ေဝ့လိုလူေတြဘယ္ေလာက္မ်ားရွိေလာက္မလဲေနာ္ ။ ရွိရင္ သူတို႔ကိုေျပာခ်င္တာက ေဝတို႔ဟာ

ေမာင္ေခ်ာႏြယ္ကဗ်ာထဲကလို “ မေရာက္ေသးတဲ့ တစ္ေန႔ဆိုတာမွာ ေမြ႕ေလ်ာ္ခဲ့တယ္…။ ကြၽန္ေတာ့္မွာ

႐ိုးသားမႈနဲ႔ ႏွလုံးသားအစစ္ကလြဲလို႔ ဘာမွ အားကိုး အားထားစရာမရွိခဲ့ပါဘူး”



႐ူး႐ူးမိုက္မိုက္ခ်စ္ေနၾကတဲ့ ခ်စ္သူေတြရဲ႕ေနာက္ကြယ္မွာ သူတို႔ကို တိတ္တိတ္ေလး ခိုးခ်စ္ေနရတဲ့

သိပ္ခ်စ္တတ္တဲ့သူေတြရွိေနခဲ့တယ္ဆိုတာ ……….။

Comments

Post a Comment