ငါတို့အတူတူ

Unicode



လေယာဥ်သံတွေ၊ ပစ်သံခတ်သံတွေ စဲသွားပြန်ပြီ။ ထိုအသံတွေနဲ့အတူ မိုးသံလေသံတွေပါ

တဖြည်းဖြည်း ငြိမ်ကျသွားပြီ။ မြန်မာပြည်ရဲ့တောင်ပိုင်းတစ်နေရာက တောအုပ်လေးထဲမှာတော့

အမှန်တရားတစ်ခုကို မျက်ကွယ် မပြုနိုင်ခဲ့တဲ့ လူငယ်တစ်စု။ ထိုလူငယ်လေးတွေလည်း စိတ်မောလူမော

ခြေကုန်လက်ပမ်းကျလျက်…။

အားအင်ကုန်ခမ်းနေပေမယ့် မျက်၀န်းတွေထဲမှာတော့ မျှော်လင့်ချက်ရောင်ခြည်တွေ

တောက်ပနေတဲ့ လူငယ်လေး ၇ ယောက်။ မိမိတို့လွယ်ထားတဲ့ ကျောပိုးအိတ်တွေကို ခေါင်းခုသူက ခု၊

ကျောမှီသူကမှီနှင့် မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲချလိုက်ကြပါတယ်။ တချို့က ကျောပိုးအိတ်ထဲက

ဖုန်းလေးတွေထုတ်ပြီး သူတို့နှောင်ကြိုးတွေဆီကို ဆက်သွယ်လို့ရသူက ဆက်သွယ်နေကြတယ်။

တချို့လည်း ခဏငြိမ်သွားတဲ့ ဒီအချိန်လေးမှာ ဘယ်အရာကိုမှ မတွေးနိုင်တော့ဘဲ မျက်စိမှိတ်ပြီးသာ

အနားယူနေကြပြန်တယ်။ တချို့ကတော့ ကျောပိုးအိတ်ထဲက လက်ကျန်ခေါက်ဆွဲခြောက်လေးတွေကို

ရေနဲ့မျှောချနေတယ်။ သူတို့ဘေးနားက တ၀ီ၀ီ မြည်နေတဲ့ ခြင်တွေ ယင်တွေကိုလည်း မမှုနိုင်၊

ဘယ်အချိန် ဘယ်လိုအန္တရာယ်ရောက်လာမယ်မှန်းမသိတဲ့ တောရဲ့သဘာ၀ကိုလည်း မမှုနိုင်။

ဒီလူသားတွေဟာ ဘယ်တုန်းကမှ ဒီလို တောတောင်ထဲမှာ အပင်ပန်းဆင်းရဲခံပြီး နိုင်ငံအတွက်

ရှေ့ထွက်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့တဲ့သူတွေ။ ကျောင်းတက်နေဆဲ လူငယ်လေးတွေ။

မိသားစုအတွက် ဦးဆောင်နေရတဲ့ လူလတ်ပိုင်းတွေ။ ပညာတတ်တွေ၊ ဆရာ၀န်တွေ၊ ကျောင်းဆရာ

ဆရာမတွေ၊ အင်ဂျင်နီယာတွေ၊ စာရေးဆရာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စသဖြင့်

နယ်ပယ်အသီးသီးက တရားမျှတမှု ကိုလိုလားတဲ့သူတွေသာ…။ ဒီလူတွေအားလုံးမှာ

နှောင်ကြိုးတွေနှင့်…။ ဒီလူတွေအားလုံးမှာ အနာဂတ်တွေနှင့်…။ အရာရာကို သူတို့စွန့်လွှတ်ခဲ့ပြီး

ဒီနေရာမှာလာဆုံနေကြပြီ။ အမှန်တရားအတွက်။ စစ်မှန်တဲ့ လွတ်လပ်မှုအတွက်။

ဒီနိုင်ငံတော်ရှေ့ရေးအတွက်။ ငါတို့ စတေးခဲ့ရတာတွေအားလုံးအတွက် မရ,ရအောင် ငါတို့ပြန်ယူရမယ်။

ဘယ်တော့မှကမ္ဘာမကြေမယ့် မျက်နှာဆိုးတွေဆီ စိတ်ရောက်သွားတဲ့အခိုက် ကျွန်တော် ‘တောက်…’

တစ်ချက်ကို နာနာကျည်းကျည်းခေါက်မိလိုက်ပါတယ်။

‘ကိုကြီး ခဏနားဦးလေ’




ဘေးနားကညီလေးရဲ့ သတိပေးသံကြောင့် ကျွန်တော့်အတွေးတွေကို ရပ်လိုက်ပြီး ဖုန်းတစ်ချက်

ဖွင့်ကြည့် လိုက်တယ်။ ဖုန်း wallpaper ပေါ်မှာ ကျွန်တော်ချစ်ရတဲ့မိသားစုလေး။ သမီးလေးရဲ့မျက်နှာကို

မြင်လိုက်ရရင်ပဲ ကျွန်တော့်ရဲ့မာကြောခတ်ထန်နေတဲ့ ညစ်ကျယ်ကျယ် စိတ်အခြေအနေက

ချက်ချင်းဆိုသလို ကန်ရေပြင်ကြီးလို ငြိမ်သက်သွားရတယ်။ ကျွန်တော် သိပ်ချစ်တဲ့

သမီးဦးရတနာလေး။ ကျွန်တော်တို့ဇနီးမောင်နှံရဲ့ ရင်နစ်သဲချာ သမီးလေး ဖူးဖူး…။ ကျွန်တော်မရှိတဲ့

တစ်နှစ်ကျော်ဆိုတဲ့အချိန်အတွင်းမှာ သူလေးလည်း ကြီးပြင်းလာခဲ့ပြီ။ ဖေဖေမရှိတဲ့အချိန်

မေမေ့အရိပ်အောက်က သမီးလေး။ ပိုပြီးတောင် နူးညံ့သိမ်မွေ့ ချစ်စဖွယ်ကလေးလေး ဖြစ်နေသလိုပါပဲ။

ကျွန်တော့်လို လူကြမ်းဖေဖေကြီးနဲ့ ပြန်ဆုံရရင် သမီးလေးဘာပြောမလဲ။ သမီးလေး ကျွန်တော့်ကို

အရင်လိုမှ ချစ်ပါဦးမလား။ အနေစိမ်းသွားလေမလား။ ဇနီးကတော့ ပြောပါတယ်… ‘ရှင်စိတ်မပူပါနဲ့

ကိုယ်ရွေးထားတဲ့ လမ်းကိုသာ ဘေးရန်ကင်းအောင်လျှောက်ပါ’ တဲ့။ ဒီလို တစ်ချက်ကလေးမှ

မငြိုငြင်ဘဲ ကျွန်တော့်အလိုကျ ပါရမီဖြည့်ပေးခဲ့လို့လည်း ချစ်ဇနီးလေးကို ကျေးဇူးတင်ရပါတယ်။

ကျွန်တော် နောက်ဆုံး အချိန်ထိ ရွေးချယ်ပြီးသား ဒီလမ်းကြမ်းကြီးကို ဆုံးအောင်ဆက်လျှောက်မှာပါ။

ဒါပေမယ့်ဗျာ …. ကျွန်တော် အိမ်ပြန်ချင်တယ်။ ကျွန့်တော့်ရိပ်မြုံလေးဆီ ကျွန်တော်ပြန်ချင်နေတယ်။

သားလေးတောင် နှစ်နှစ်ပြည့်တော့မယ်တဲ့။ အင်းပေါ့လေ ကျွန်တော်ထွက်ခဲ့တာပဲ

တစ်နှစ်ကျော်ခဲ့ပြီ ဆိုတော့ ကျွန်တော့်မျက်စိရှေ့မှာ မွေးခါစ လသားလေးက အခုတော့

နှစ်နှစ်ပြည့်မွေးနေ့ကိုတောင် ရောက်လာခဲ့ ပြီပေါ့။ ဖေဖေ့ရဲ့နီတာရဲလေးရေ… သားလေးရဲ့ လှုပ်တုတ်

လှုပ်တုတ် ပုံရိပ်လေးတွေကို စိတ်ကူးပုံဖော်ပြီး ဖေဖေ နေ့တိုင်းမြင်ယောင်ကြည့်ခဲ့ပါတယ်ကွာ။

သားလေးမွေးနေ့ကိုတော့ ဖုန်းစခရင်ထဲကပဲ ဆုတောင်းပေးလိုက် ရပါတယ်။ အခက်အခဲတွေ

များပြားလွန်းတဲ့ကြားကပဲ ဒီနေ့လေးမှာ ဖုန်းလိုင်းမိနေခဲ့တဲ့အတွက် အင်တာနက် ကွန်နရှင်ကြီးကို

အခါခါကျေးဇူးတင်မိတယ်။ ဖေကြီး သားလေးရဲ့ ပြုံးရယ်နေတဲ့ မျက်နှာလေးကို တွေ့ခွင့် ရလိုက်ပြီလေ။

ဖေဖေမရှိတဲ့နေ့တွေမှာ ကျန်းမာပျော်ရွှင်အောင် ထားပေးနိုင်တဲ့ သားတို့မေမေကို ကျေးဇူးတင်

လိုက်တာကွာ။ တစ်ချိန်ကျရင် ‘ရန်သူတွေကို ဘယ်လိုချေမှုန်းခဲ့တာကွ…’ အစချီပြီး ဖေကြီးရဲ့

ငရဲတွင်းထဲက ပုံပြင်တွေကို နားထောင်ပေးကြမယ်မဟုတ်လား။ ပြောသာပြောရတယ်… ကျွန်တော့်

မိသားစုလေးကို အေးမြမှုတွေပဲပေးချင်ခဲ့တာပါ။ ပူစရာရှိရင် ကျွန်တော်ပဲ ပူပေးမယ်ပြောပြီး

အခုကျတော့ ကတိမတည်တဲ့ ယောကျ်ား၊ ကတိမတည်တဲ့ အဖေအဖြစ် တောကြိုအုံကြားမှာ

နာနာကျင်ကျင်ပါပဲ။ ပြောရင်းနဲ့ကို ကျွန်တော် အိမ်ပြန်ချင်ပြီဗျာ။




“ကို့သမီးက သူ့အဖေကိုသတိရလို့ အခုတလော ညတိုင်းကျိတ်ငိုနေတာ”

“သမီးက သိတတ်နေပြီလေကွာ… ကိုလည်းသတိရတာပေါ့ မကြာတော့ပါဘူး။

ကိုယ်တို့ပြန်လာရတော့မှာပါ”

လိုင်းရတုန်းလေး မိန်းမနဲ့ စာပို့ပြီးစကားပြောဖြစ်တော့ ပိုပြီးတောင်သတိရပြန်ရော။

သူတို့သားအမိတွေ ကျွန်တော့်ကြောင့် စိတ်သောကတွေများနေရပြီ။ ကျွန်တော် တာ၀န်မကျေခဲ့ဘူး။

ပြန်ဆုံကြရင်တော့ ကျွန်တော့် မိသားစုလေးအနားက ဘယ်ကိုမှထွက်မသွားတော့ဘူးဗျာ။

အနီးဆုံးတွေနဲ့ပဲ နီးအောင်နေတော့မယ်။

“ကိုရေ သမီးလေးကို CDM ဆရာမလေးတစ်ယောက်က စာသင်ပေးနေတယ်သိလား”

အင်း… ကျွန်တော်တို့ဘ၀တွေကလည်း တစ်ဦးနဲ့တစ်ဦးဖေးမလို့ ချို့ချို့တဲ့တဲ့၊ စိုးတထိတ်ထိတ်နဲ့

အာဏာရူးလက်ကလွတ်မြောက်ဖို့ကြိုးစားရတာ ခက်ခဲလိုက်ကြတာဗျာ။ အချင်းချင်းမှ မကူရင်လည်း

အားလုံးဟာ ပြိုကျဖို့ပဲရှိတော့တယ်။ အဘက်ဘက်က လျော့ရဲဆုတ်ယုတ်လာတဲ့နိုင်ငံမှာ

ကျွန်တော်တို့အတွက်ကတော့ ဘာမှမထူးတော့ပေမယ့်

ကျွန်တော့်တို့မျိုးဆက်သစ်လေးတွေအတွက်တော့ စွမ်းနိုင်သလောက် ရုန်းခဲ့ရမှာပေါ့။

တစ်ခါတလေတော့လည်း စုတ်ပြတ်ပုပ်အက်နေတဲ့ ဒီနိုင်ငံကြီးထဲကနေ

ကျွန်တော့်ရဲ့အိုအေစစ်လေးတွေ ကို ခေါ်ထုတ်သွားချင်တော့တာပါပဲ။ တကယ့်လက်တွေ့ဘ၀ကတော့

အိပ်စရာရယ်လို့ ကြုံရာ၊ စားစရာရယ်လို့ ရရာ၊ ၀တ်စရာရယ်လို့ ယူနီဖောင်းအစုတ်တစ်စုံနဲ့

အခြေခံလိုအပ်ချက်တွေတောင် မိုင်းနပ်စ် (-) ရောက်နေတဲ့ ကောင်က ရောက်ရာမှာပဲ သက်ပြင်းချ၊

သူတို့လေးတွေကို တိုးတိုးတိတ်တိတ်လွမ်းရင်း ဘယ်အချိန်ကျလာမယ်မှန်း မသိတဲ့

ခေါင်းပေါ်ကအန္တရာယ်တွေနဲ့ ဘယ်အချိန်ထပေါက်မယ်မှန်းမသိတဲ့ မြေကြီးထဲကအန္တရာယ်တွေကြား

ခွေးတိုးပေါက်ကရောက်ရောက်လာတဲ့ ခွေးဆိုးတွေကို ရင်ဆိုင်နေရတာပါပဲ။ ခဏအနားရချိန်လေးတော့

အိုအေစစ် လေးတွေရဲ့မျက်နှာလေးတွေကို ပုံဖော်တမ်းတရင်းပေါ့ဗျာ…။ ပြောရင်းနဲ့ကို ကျွန်တော်

အိမ်ပြန်ချင်နေပါပြီ။

‘အုန်း’… ‘အုန်း’… ‘ဒိုင်း’

ဖုန်းလေးကို ကျောပိုးအိတ်ထဲ အမြန်ထည့်ပြီး Ready position နဲ့ အပြေးအလွှား

လူစုလိုက်ကြတယ်။




‘ဟိုကောင်တွေ လာပြီထင်တယ်’

‘သတိထားကြနော်’

‘ဟေ့ရောင်… ဟိုအငယ်ကောင် မင်း ဒီဘက်လာကပ်နေ’

‘အစ်ကိုကြီး ကျွန်တော်ရှေ့တက်မယ်’

ခဏအတွင်း ဆူညံသွားတဲ့ ကျွန်တော်တို့အဖွဲ့လေး။ လက်နက်မပြည့်စုံတဲ့ကြားက

ရှေ့တန်းလိုက်ဖို့ဆို အလုအယက်စာရင်းပေးတတ်တဲ့ ဒီကောင်တွေ။ လိုက်ခွင့်ရပြီဆို ပျော်နေကြပြီး

သူတို့အသက်ကိုအပ်နှင်းထားတဲ့၊ သူတို့အနာဂတ်ကို မငဲ့ကွက်တဲ့၊ နှောင်ကြိုးတွေကို

ကြိုတောင်းပန်ထားတဲ့၊ အမှန်တရားကိုချစ်တဲ့ကောင်တွေ…။ ဘယ်လောက်ပေပေတေတေနေရပါစေ၊

ဘယ်လိုပဲဖြစ်သလို ငတ်တစ်လှဲ့ပြတ်တစ်လှည့်စားသောက်နေရပါစေ…

မကောင်းဆိုး၀ါးတွေအသံကြားသည်နှင့် တက်ကြွလန်းဆန်းလာတတ်တဲ့ ကျွန်တော့်ကောင်တွေပါပဲ။

ကျွန်တော် ချစ်ရတဲ့ ညီလေးတွေ…။ အိုးစားဖက်တွေပေါ့ဗျာ။

ကျွန်တော့်ရဲဘော်တွေရဲ့အသက်တွေက အများကြီးတန်ဖိုးရှိတယ်ဗျ။ သူတို့မှာ

အနာဂတ်ရှိသေးတယ် လေဗျာ။ သူတို့နှောင်ကြိုးတွေနဲ့ ဘ၀လှလှလေးတစ်ခုတော့

တည်ဆောက်ချင်ကြမှာပေါ့။ သူတို့မှာ….

‘အစ်ကိုကြီး …. အတင့်မရဲနဲ့ကွ… သတိထား’

မိသားစုကိုလွမ်းလို့ ငိုနေတဲ့မျက်၀န်းတွေက အခုတော့လည်း အားမာန်အပြည့်၊

ခြေကုန်လက်ပမ်းကျလို့ ကြုံသလိုလဲလျောင်းနေတဲ့ကောင်တွေက တက်ကြွလန်းဆန်းလို့…။

အာဏာရူးအသံရှိရာကို နာကျင်ပြုံးတွေနဲ့ ချီတက်နေကြပြီ။

ကျွန်တော်တို့ရဲ့ အမှန်တရားဆီသို့ ခြေလှမ်းတွေ…။

ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲက သွေးနီနီတွေ…။

ကျွန်တော်တို့မှာ အသက်အပိုမပါပါဘူး။ အသက်ကိုပဓာနမထားဘဲ ရွေးချယ်ခဲ့တဲ့ဒီလမ်း။

ဘယ်တော့မှ နောက်မဆုတ်ဘူး။ အာဏာရူးတွေမပြုတ်မချင်း ကျွန်တော်တို့ကတော့

ဆန့်ကျင်တော်လှန်နေရဦးမှာပဲ။ ဒီစစ်ပွဲကြီးပြီးရင်တော့ သားရယ်၊ သမီးရယ်၊

ဇနီးရယ်ရှိတဲ့အိမ်လေးဆီကို ကျွန်တော် ပြန်ချင်သေးတယ်ဗျာ။ လွတ်လပ်ပျော်ရွှင်နေတဲ့




ကျွန်တော်တို့နိုင်ငံတော်ကြီးကို ပိုင်ဆိုင်ရတဲ့အချိန်မှပဲ နှောင်ကြိုးတွေရှိတဲ့အရပ်ကို ညီအစ်ကိုတွေ

အတူတူ အရောက်ပြန်လာခဲ့ပါ့မယ်။ အခုအချိန်မှာတော့ …

ဘယ်လောက်ကြာကြာ ရင်ဆိုင်ရမလဲ။ ကျွန်တော်တို့ အဆုံးထိရင်ဆိုင်သွားကြမယ်။

ဘယ်လောက်ခက်ခဲကြမ်းတမ်းမလဲ။ ကျွန်တော်တို့ အဆုံးထိကျော်ြဖတ်သွားကြမယ်။

“ငါတို့အတူတူ” ဆိုတဲ့စိတ်နဲ့ ခင်ဗျားတို့ရဲ့အားပေးမှုကို ကျွန်တော်တို့လိုအပ်ပါတယ်ဗျာ…။

‘ဒုန်း….’

“တရားသောစစ် နိုင်ကိုနိုင်ရမည်’’

နိုင်ကိုနိုင်ရမည်…။ နိုင်ကိုနိုင်ရမည်…။ နိုင်ကိုနိုင်ရမည်…။






Zawgyi





ေလယာဥ္သံေတြ၊ ပစ္သံခတ္သံေတြ စဲသြားျပန္ၿပီ။ ထိုအသံေတြနဲ႔အတူ မိုးသံေလသံေတြပါ

တျဖည္းျဖည္း ၿငိမ္က်သြားၿပီ။ ျမန္မာျပည္ရဲ႕ေတာင္ပိုင္းတစ္ေနရာက ေတာအုပ္ေလးထဲမွာေတာ့

အမွန္တရားတစ္ခုကို မ်က္ကြယ္ မျပဳႏိုင္ခဲ့တဲ့ လူငယ္တစ္စု။ ထိုလူငယ္ေလးေတြလည္း စိတ္ေမာလူေမာ

ေျခကုန္လက္ပမ္းက်လ်က္…။

အားအင္ကုန္ခမ္းေနေပမယ့္ မ်က္၀န္းေတြထဲမွာေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြ

ေတာက္ပေနတဲ့ လူငယ္ေလး ၇ ေယာက္။ မိမိတို႔လြယ္ထားတဲ့ ေက်ာပိုးအိတ္ေတြကို ေခါင္းခုသူက ခု၊

ေက်ာမွီသူကမွီႏွင့္ ေျမျပင္ေပၚမွာ ေျခပစ္လက္ပစ္လွဲခ်လိုက္ၾကပါတယ္။ တခ်ိဳ႕က ေက်ာပိုးအိတ္ထဲက

ဖုန္းေလးေတြထုတ္ၿပီး သူတို႔ေႏွာင္ႀကိဳးေတြဆီကို ဆက္သြယ္လို႔ရသူက ဆက္သြယ္ေနၾကတယ္။

တခ်ိဳ႕လည္း ခဏၿငိမ္သြားတဲ့ ဒီအခ်ိန္ေလးမွာ ဘယ္အရာကိုမွ မေတြးႏိုင္ေတာ့ဘဲ မ်က္စိမွိတ္ၿပီးသာ

အနားယူေနၾကျပန္တယ္။ တခ်ိဳ႕ကေတာ့ ေက်ာပိုးအိတ္ထဲက လက္က်န္ေခါက္ဆြဲေျခာက္ေလးေတြကို

ေရနဲ႔ေမွ်ာခ်ေနတယ္။ သူတို႔ေဘးနားက တ၀ီ၀ီ ျမည္ေနတဲ့ ျခင္ေတြ ယင္ေတြကိုလည္း မမႈႏိုင္၊

ဘယ္အခ်ိန္ ဘယ္လိုအႏၲရာယ္ေရာက္လာမယ္မွန္းမသိတဲ့ ေတာရဲ႕သဘာ၀ကိုလည္း မမႈႏိုင္။

ဒီလူသားေတြဟာ ဘယ္တုန္းကမွ ဒီလို ေတာေတာင္ထဲမွာ အပင္ပန္းဆင္းရဲခံၿပီး ႏိုင္ငံအတြက္

ေရွ႕ထြက္ရလိမ့္မယ္လို႔ အိပ္မက္ေတာင္ မမက္ဖူးခဲ့တဲ့သူေတြ။ ေက်ာင္းတက္ေနဆဲ လူငယ္ေလးေတြ။

မိသားစုအတြက္ ဦးေဆာင္ေနရတဲ့ လူလတ္ပိုင္းေတြ။ ပညာတတ္ေတြ၊ ဆရာ၀န္ေတြ၊ ေက်ာင္းဆရာ

ဆရာမေတြ၊ အင္ဂ်င္နီယာေတြ၊ စာေရးဆရာေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ စသျဖင့္

နယ္ပယ္အသီးသီးက တရားမွ်တမႈ ကိုလိုလားတဲ့သူေတြသာ…။ ဒီလူေတြအားလုံးမွာ

ေႏွာင္ႀကိဳးေတြႏွင့္…။ ဒီလူေတြအားလုံးမွာ အနာဂတ္ေတြႏွင့္…။ အရာရာကို သူတို႔စြန႔္လႊတ္ခဲ့ၿပီး

ဒီေနရာမွာလာဆုံေနၾကၿပီ။ အမွန္တရားအတြက္။ စစ္မွန္တဲ့ လြတ္လပ္မႈအတြက္။

ဒီႏိုင္ငံေတာ္ေရွ႕ေရးအတြက္။ ငါတို႔ စေတးခဲ့ရတာေတြအားလုံးအတြက္ မရ,ရေအာင္ ငါတို႔ျပန္ယူရမယ္။

ဘယ္ေတာ့မွကမာၻမေၾကမယ့္ မ်က္ႏွာဆိုးေတြဆီ စိတ္ေရာက္သြားတဲ့အခိုက္ ကြၽန္ေတာ္ ‘ေတာက္…’

တစ္ခ်က္ကို နာနာက်ည္းက်ည္းေခါက္မိလိုက္ပါတယ္။

‘ကိုႀကီး ခဏနားဦးေလ’




ေဘးနားကညီေလးရဲ႕ သတိေပးသံေၾကာင့္ ကြၽန္ေတာ့္အေတြးေတြကို ရပ္လိုက္ၿပီး ဖုန္းတစ္ခ်က္

ဖြင့္ၾကည့္ လိုက္တယ္။ ဖုန္း wallpaper ေပၚမွာ ကြၽန္ေတာ္ခ်စ္ရတဲ့မိသားစုေလး။ သမီးေလးရဲ႕မ်က္ႏွာကို

ျမင္လိုက္ရရင္ပဲ ကြၽန္ေတာ့္ရဲ႕မာေၾကာခတ္ထန္ေနတဲ့ ညစ္က်ယ္က်ယ္ စိတ္အေျခအေနက

ခ်က္ခ်င္းဆိုသလို ကန္ေရျပင္ႀကီးလို ၿငိမ္သက္သြားရတယ္။ ကြၽန္ေတာ္ သိပ္ခ်စ္တဲ့

သမီးဦးရတနာေလး။ ကြၽန္ေတာ္တို႔ဇနီးေမာင္ႏွံရဲ႕ ရင္နစ္သဲခ်ာ သမီးေလး ဖူးဖူး…။ ကြၽန္ေတာ္မရွိတဲ့

တစ္ႏွစ္ေက်ာ္ဆိုတဲ့အခ်ိန္အတြင္းမွာ သူေလးလည္း ႀကီးျပင္းလာခဲ့ၿပီ။ ေဖေဖမရွိတဲ့အခ်ိန္

ေမေမ့အရိပ္ေအာက္က သမီးေလး။ ပိုၿပီးေတာင္ ႏူးညံ့သိမ္ေမြ႕ ခ်စ္စဖြယ္ကေလးေလး ျဖစ္ေနသလိုပါပဲ။

ကြၽန္ေတာ့္လို လူၾကမ္းေဖေဖႀကီးနဲ႔ ျပန္ဆုံရရင္ သမီးေလးဘာေျပာမလဲ။ သမီးေလး ကြၽန္ေတာ့္ကို

အရင္လိုမွ ခ်စ္ပါဦးမလား။ အေနစိမ္းသြားေလမလား။ ဇနီးကေတာ့ ေျပာပါတယ္… ‘ရွင္စိတ္မပူပါနဲ႔

ကိုယ္ေ႐ြးထားတဲ့ လမ္းကိုသာ ေဘးရန္ကင္းေအာင္ေလွ်ာက္ပါ’ တဲ့။ ဒီလို တစ္ခ်က္ကေလးမွ

မၿငိဳျငင္ဘဲ ကြၽန္ေတာ့္အလိုက် ပါရမီျဖည့္ေပးခဲ့လို႔လည္း ခ်စ္ဇနီးေလးကို ေက်းဇူးတင္ရပါတယ္။

ကြၽန္ေတာ္ ေနာက္ဆုံး အခ်ိန္ထိ ေ႐ြးခ်ယ္ၿပီးသား ဒီလမ္းၾကမ္းႀကီးကို ဆုံးေအာင္ဆက္ေလွ်ာက္မွာပါ။

ဒါေပမယ့္ဗ်ာ …. ကြၽန္ေတာ္ အိမ္ျပန္ခ်င္တယ္။ ကြၽန႔္ေတာ့္ရိပ္ၿမဳံေလးဆီ ကြၽန္ေတာ္ျပန္ခ်င္ေနတယ္။

သားေလးေတာင္ ႏွစ္ႏွစ္ျပည့္ေတာ့မယ္တဲ့။ အင္းေပါ့ေလ ကြၽန္ေတာ္ထြက္ခဲ့တာပဲ

တစ္ႏွစ္ေက်ာ္ခဲ့ၿပီ ဆိုေတာ့ ကြၽန္ေတာ့္မ်က္စိေရွ႕မွာ ေမြးခါစ လသားေလးက အခုေတာ့

ႏွစ္ႏွစ္ျပည့္ေမြးေန႔ကိုေတာင္ ေရာက္လာခဲ့ ၿပီေပါ့။ ေဖေဖ့ရဲ႕နီတာရဲေလးေရ… သားေလးရဲ႕ လႈပ္တုတ္

လႈပ္တုတ္ ပုံရိပ္ေလးေတြကို စိတ္ကူးပုံေဖာ္ၿပီး ေဖေဖ ေန႔တိုင္းျမင္ေယာင္ၾကည့္ခဲ့ပါတယ္ကြာ။

သားေလးေမြးေန႔ကိုေတာ့ ဖုန္းစခရင္ထဲကပဲ ဆုေတာင္းေပးလိုက္ ရပါတယ္။ အခက္အခဲေတြ

မ်ားျပားလြန္းတဲ့ၾကားကပဲ ဒီေန႔ေလးမွာ ဖုန္းလိုင္းမိေနခဲ့တဲ့အတြက္ အင္တာနက္ ကြန္နရွင္ႀကီးကို

အခါခါေက်းဇူးတင္မိတယ္။ ေဖႀကီး သားေလးရဲ႕ ၿပဳံးရယ္ေနတဲ့ မ်က္ႏွာေလးကို ေတြ႕ခြင့္ ရလိုက္ၿပီေလ။

ေဖေဖမရွိတဲ့ေန႔ေတြမွာ က်န္းမာေပ်ာ္႐ႊင္ေအာင္ ထားေပးႏိုင္တဲ့ သားတို႔ေမေမကို ေက်းဇူးတင္

လိုက္တာကြာ။ တစ္ခ်ိန္က်ရင္ ‘ရန္သူေတြကို ဘယ္လိုေခ်မႈန္းခဲ့တာကြ…’ အစခ်ီၿပီး ေဖႀကီးရဲ႕

ငရဲတြင္းထဲက ပုံျပင္ေတြကို နားေထာင္ေပးၾကမယ္မဟုတ္လား။ ေျပာသာေျပာရတယ္… ကြၽန္ေတာ့္

မိသားစုေလးကို ေအးျမမႈေတြပဲေပးခ်င္ခဲ့တာပါ။ ပူစရာရွိရင္ ကြၽန္ေတာ္ပဲ ပူေပးမယ္ေျပာၿပီး

အခုက်ေတာ့ ကတိမတည္တဲ့ ေယာက်္ား၊ ကတိမတည္တဲ့ အေဖအျဖစ္ ေတာႀကိဳအုံၾကားမွာ

နာနာက်င္က်င္ပါပဲ။ ေျပာရင္းနဲ႔ကို ကြၽန္ေတာ္ အိမ္ျပန္ခ်င္ၿပီဗ်ာ။




“ကို႔သမီးက သူ႔အေဖကိုသတိရလို႔ အခုတေလာ ညတိုင္းက်ိတ္ငိုေနတာ”

“သမီးက သိတတ္ေနၿပီေလကြာ… ကိုလည္းသတိရတာေပါ့ မၾကာေတာ့ပါဘူး။

ကိုယ္တို႔ျပန္လာရေတာ့မွာပါ”

လိုင္းရတုန္းေလး မိန္းမနဲ႔ စာပို႔ၿပီးစကားေျပာျဖစ္ေတာ့ ပိုၿပီးေတာင္သတိရျပန္ေရာ။

သူတို႔သားအမိေတြ ကြၽန္ေတာ့္ေၾကာင့္ စိတ္ေသာကေတြမ်ားေနရၿပီ။ ကြၽန္ေတာ္ တာ၀န္မေက်ခဲ့ဘူး။

ျပန္ဆုံၾကရင္ေတာ့ ကြၽန္ေတာ့္ မိသားစုေလးအနားက ဘယ္ကိုမွထြက္မသြားေတာ့ဘူးဗ်ာ။

အနီးဆုံးေတြနဲ႔ပဲ နီးေအာင္ေနေတာ့မယ္။

“ကိုေရ သမီးေလးကို CDM ဆရာမေလးတစ္ေယာက္က စာသင္ေပးေနတယ္သိလား”

အင္း… ကြၽန္ေတာ္တို႔ဘ၀ေတြကလည္း တစ္ဦးနဲ႔တစ္ဦးေဖးမလို႔ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့၊ စိုးတထိတ္ထိတ္နဲ႔

အာဏာ႐ူးလက္ကလြတ္ေျမာက္ဖို႔ႀကိဳးစားရတာ ခက္ခဲလိုက္ၾကတာဗ်ာ။ အခ်င္းခ်င္းမွ မကူရင္လည္း

အားလုံးဟာ ၿပိဳက်ဖို႔ပဲရွိေတာ့တယ္။ အဘက္ဘက္က ေလ်ာ့ရဲဆုတ္ယုတ္လာတဲ့ႏိုင္ငံမွာ

ကြၽန္ေတာ္တို႔အတြက္ကေတာ့ ဘာမွမထူးေတာ့ေပမယ့္

ကြၽန္ေတာ့္တို႔မ်ိဳးဆက္သစ္ေလးေတြအတြက္ေတာ့ စြမ္းႏိုင္သေလာက္ ႐ုန္းခဲ့ရမွာေပါ့။

တစ္ခါတေလေတာ့လည္း စုတ္ျပတ္ပုပ္အက္ေနတဲ့ ဒီႏိုင္ငံႀကီးထဲကေန

ကြၽန္ေတာ့္ရဲ႕အိုေအစစ္ေလးေတြ ကို ေခၚထုတ္သြားခ်င္ေတာ့တာပါပဲ။ တကယ့္လက္ေတြ႕ဘ၀ကေတာ့

အိပ္စရာရယ္လို႔ ႀကဳံရာ၊ စားစရာရယ္လို႔ ရရာ၊ ၀တ္စရာရယ္လို႔ ယူနီေဖာင္းအစုတ္တစ္စုံနဲ႔

အေျခခံလိုအပ္ခ်က္ေတြေတာင္ မိုင္းနပ္စ္ (-) ေရာက္ေနတဲ့ ေကာင္က ေရာက္ရာမွာပဲ သက္ျပင္းခ်၊

သူတို႔ေလးေတြကို တိုးတိုးတိတ္တိတ္လြမ္းရင္း ဘယ္အခ်ိန္က်လာမယ္မွန္း မသိတဲ့

ေခါင္းေပၚကအႏၲရာယ္ေတြနဲ႔ ဘယ္အခ်ိန္ထေပါက္မယ္မွန္းမသိတဲ့ ေျမႀကီးထဲကအႏၲရာယ္ေတြၾကား

ေခြးတိုးေပါက္ကေရာက္ေရာက္လာတဲ့ ေခြးဆိုးေတြကို ရင္ဆိုင္ေနရတာပါပဲ။ ခဏအနားရခ်ိန္ေလးေတာ့

အိုေအစစ္ ေလးေတြရဲ႕မ်က္ႏွာေလးေတြကို ပုံေဖာ္တမ္းတရင္းေပါ့ဗ်ာ…။ ေျပာရင္းနဲ႔ကို ကြၽန္ေတာ္

အိမ္ျပန္ခ်င္ေနပါၿပီ။

‘အုန္း’… ‘အုန္း’… ‘ဒိုင္း’

ဖုန္းေလးကို ေက်ာပိုးအိတ္ထဲ အျမန္ထည့္ၿပီး Ready position နဲ႔ အေျပးအလႊား

လူစုလိုက္ၾကတယ္။




‘ဟိုေကာင္ေတြ လာၿပီထင္တယ္’

‘သတိထားၾကေနာ္’

‘ေဟ့ေရာင္… ဟိုအငယ္ေကာင္ မင္း ဒီဘက္လာကပ္ေန’

‘အစ္ကိုႀကီး ကြၽန္ေတာ္ေရွ႕တက္မယ္’

ခဏအတြင္း ဆူညံသြားတဲ့ ကြၽန္ေတာ္တို႔အဖြဲ႕ေလး။ လက္နက္မျပည့္စုံတဲ့ၾကားက

ေရွ႕တန္းလိုက္ဖို႔ဆို အလုအယက္စာရင္းေပးတတ္တဲ့ ဒီေကာင္ေတြ။ လိုက္ခြင့္ရၿပီဆို ေပ်ာ္ေနၾကၿပီး

သူတို႔အသက္ကိုအပ္ႏွင္းထားတဲ့၊ သူတို႔အနာဂတ္ကို မငဲ့ကြက္တဲ့၊ ေႏွာင္ႀကိဳးေတြကို

ႀကိဳေတာင္းပန္ထားတဲ့၊ အမွန္တရားကိုခ်စ္တဲ့ေကာင္ေတြ…။ ဘယ္ေလာက္ေပေပေတေတေနရပါေစ၊

ဘယ္လိုပဲျဖစ္သလို ငတ္တစ္လွဲ႔ျပတ္တစ္လွည့္စားေသာက္ေနရပါေစ…

မေကာင္းဆိုး၀ါးေတြအသံၾကားသည္ႏွင့္ တက္ႂကြလန္းဆန္းလာတတ္တဲ့ ကြၽန္ေတာ့္ေကာင္ေတြပါပဲ။

ကြၽန္ေတာ္ ခ်စ္ရတဲ့ ညီေလးေတြ…။ အိုးစားဖက္ေတြေပါ့ဗ်ာ။

ကြၽန္ေတာ့္ရဲေဘာ္ေတြရဲ႕အသက္ေတြက အမ်ားႀကီးတန္ဖိုးရွိတယ္ဗ်။ သူတို႔မွာ

အနာဂတ္ရွိေသးတယ္ ေလဗ်ာ။ သူတို႔ေႏွာင္ႀကိဳးေတြနဲ႔ ဘ၀လွလွေလးတစ္ခုေတာ့

တည္ေဆာက္ခ်င္ၾကမွာေပါ့။ သူတို႔မွာ….

‘အစ္ကိုႀကီး …. အတင့္မရဲနဲ႔ကြ… သတိထား’

မိသားစုကိုလြမ္းလို႔ ငိုေနတဲ့မ်က္၀န္းေတြက အခုေတာ့လည္း အားမာန္အျပည့္၊

ေျခကုန္လက္ပမ္းက်လို႔ ႀကဳံသလိုလဲေလ်ာင္းေနတဲ့ေကာင္ေတြက တက္ႂကြလန္းဆန္းလို႔…။

အာဏာ႐ူးအသံရွိရာကို နာက်င္ၿပဳံးေတြနဲ႔ ခ်ီတက္ေနၾကၿပီ။

ကြၽန္ေတာ္တို႔ရဲ႕ အမွန္တရားဆီသို႔ ေျခလွမ္းေတြ…။

ကြၽန္ေတာ္တို႔ရဲ႕ ရင္ဘတ္ထဲက ေသြးနီနီေတြ…။

ကြၽန္ေတာ္တို႔မွာ အသက္အပိုမပါပါဘူး။ အသက္ကိုပဓာနမထားဘဲ ေ႐ြးခ်ယ္ခဲ့တဲ့ဒီလမ္း။

ဘယ္ေတာ့မွ ေနာက္မဆုတ္ဘူး။ အာဏာ႐ူးေတြမျပဳတ္မခ်င္း ကြၽန္ေတာ္တို႔ကေတာ့

ဆန႔္က်င္ေတာ္လွန္ေနရဦးမွာပဲ။ ဒီစစ္ပြဲႀကီးၿပီးရင္ေတာ့ သားရယ္၊ သမီးရယ္၊

ဇနီးရယ္ရွိတဲ့အိမ္ေလးဆီကို ကြၽန္ေတာ္ ျပန္ခ်င္ေသးတယ္ဗ်ာ။ လြတ္လပ္ေပ်ာ္႐ႊင္ေနတဲ့




ကြၽန္ေတာ္တို႔ႏိုင္ငံေတာ္ႀကီးကို ပိုင္ဆိုင္ရတဲ့အခ်ိန္မွပဲ ေႏွာင္ႀကိဳးေတြရွိတဲ့အရပ္ကို ညီအစ္ကိုေတြ

အတူတူ အေရာက္ျပန္လာခဲ့ပါ့မယ္။ အခုအခ်ိန္မွာေတာ့ …

ဘယ္ေလာက္ၾကာၾကာ ရင္ဆိုင္ရမလဲ။ ကြၽန္ေတာ္တို႔ အဆုံးထိရင္ဆိုင္သြားၾကမယ္။

ဘယ္ေလာက္ခက္ခဲၾကမ္းတမ္းမလဲ။ ကြၽန္ေတာ္တို႔ အဆုံးထိေက်ာ္ျဖတ္သြားၾကမယ္။

“ငါတို႔အတူတူ” ဆိုတဲ့စိတ္နဲ႔ ခင္ဗ်ားတို႔ရဲ႕အားေပးမႈကို ကြၽန္ေတာ္တို႔လိုအပ္ပါတယ္ဗ်ာ…။

‘ဒုန္း….’

“တရားေသာစစ္ ႏိုင္ကိုႏိုင္ရမည္’’

ႏိုင္ကိုႏိုင္ရမည္…။ ႏိုင္ကိုႏိုင္ရမည္…။ ႏိုင္ကိုႏိုင္ရမည္…။

Comments

  1. တရားသောစစ် မုချနိုင်ရမည်။ ပေးဆပ်သူတွေအားလုံး ဘေးကင်းကင်းနဲ့အောင်နိုင်ကြပါစေ✊🙏⛳

    ReplyDelete
  2. "တရားသောစစ် နိုင်ကိုနိုင်ရမည်’’

    နိုင်ကိုနိုင်ရမည်…။ နိုင်ကိုနိုင်ရမည်…။ နိုင်ကိုနိုင်ရမည်…။

    ReplyDelete
  3. ငါတို့သေချာပေါက်နိုင်မှာ အိမ်ပြန်ပြီး မိသားစုတွေနဲ့တွေ့ရအုံးမှာ
    fighting💪

    ReplyDelete
  4. ငါတို့အားလုံးအတူတူပါ
    အဆုံးထိသွားမယ်
    အောင်ပွဲရသည်အထိ ✊

    ReplyDelete

Post a Comment