ဖေဖေပြောပြတဲ့ သံပုံးတီးပုံပြင်
Unicode
‘ဖေဖေပြောပြတဲ့ သံပုံးတီးပုံပြင်'
သံပုံးတီး၍ မကောင်းဆိုးရွားများကို နှင်ထုတ်ကြသည်ဟု ပြောဆိုသည်များကို ကြားဖူးပါသည်။သို့သော် ဤ ဓလေ့ဖြစ်ပေါ်လာပုံ၏ မူလအစကို ဘွားဘွားမှ ဖေဖေ့အားပြောပြခဲ့ပြီး ကျမတို့ခေတ်တွင် သံပုံးကိုယ်တိုင်တီးဖို့ကြုံလာသောအချိန်တွင် ဖေဖေက ပြောပြခဲ့ခြင်း ဖြစ်ပါသည်။
အချိန်ကား... ဒုတိယကမ္ဘာစစ်ပြီးခါစအချိန်...
ယခုပုံပြင်တည်ခဲ့သော ရွာကလေးမှာ ထူးဆန်းသော သရဲတစ်ယောက်ရှိသည်။ ထိုသရဲ၏ အမည်မှာ ‘ထီးခေါင်ပိုး'။
ထီးခေါင်ပိုးသည် လူ့ဘဝတုန်းကလည်း ထိုရွာသားသာ ဖြစ်ခဲ့သည်။ သူသရဲဖြစ်သွားပြီးနောက်တွင်လည်း လူများကို အသံပေးနိုင်ခြင်းမှာ သူ၏ထူးခြားချက်ဖြစ်သည်။သူသည် သူ၏ လူ့ဘဝတုန်းက သူငယ်ချင်းများနှင့် ဆက်သွယ်ရာမှ တဖြည်းဖြည်း တစ်ရွာလုံးနှင့် ဆက်သွယ်နိုင်သော တစ်ရွာလုံး၏အချစ်တော် သရဲတစ်ယောက်ဖြစ်လာခဲ့သည်။
သူလိုချင်သည်များကိုလည်း ဆက်သွယ်တောင်းယူတတ်၍ ငါးရှာသောရွာသားများကိုလည်း ငါးကူရှာပေးတတ်သေးသည်။
တစ်နေ့တွင် ထီးခေါင်ပိုးက ရွာသားများကို အသိပေးလာသည်။''မင်းတို့ရွာကို ကပ်ဆိုးကြီးကျရောက်တော့မယ်။ မကောင်းဆိုးရွားလာနေပြီ။ငါ့ထက်တော့ အင်အားကြီးတယ်။ဒါပေမဲ့ ငါတတ်နိုင်သလောက် ပြန်ချမယ်။''
‘ဒါဆို ငါတို့က ဘာလုပ်ပေးရအုံးမလဲ' ဟု ရွာသားများက မေးသောအခါ
‘’ငါ့နာမည် ‘ထီးခေါင်ပိုး’ ကိုအော်ပြီး ညာသံပေးပြီး သံပုံးတွေ တစ်ရွာလုံး ဝိုင်းတီးပေးပါ''
‘’ဟုတ်ပြီ...ဒါဆို ငါတို့ ဝိုင်းတီးကြမယ်။တီးရမယ့်အချိန် မင်းကပြော''....။
သိပ်မကြာခင် အချိန်တွင်... ထီးခေါင်ပိုး မှ
‘’ဟာ...လာနေပြီ... လာနေပြီ...တီးကြတော့ဟေ့'' ဟု အသံပေးလာသည်။
ရွာသားများကြည့်လိုက်ရာ မီးခိုးရောင် ဖုန်လုံးကြီးများ ရွေ့လာနေသည်ကိုသာ မြင်ရသည်။ရရာ သံပုံးများကို တီး၍ ရွာသားများအားလုံးက ‘ထီးခေါင်ပိုး ‘ဟု ညာသံပေးကြသည်။
လယ်ကွင်းထဲတွင် မီးခိုးရောင်အလုံးအကြီးကြီးနှင့် အဖြူရောင်အလုံးတစ်ခု တိုက်နေကြသည်ကိုသာ မြင်ရသည်။ရွာသားများက သံပုံးကို မလွတ်တမ်း တီးနေကြပြီး စိတ်လှုပ်ရှားစွာ ထီးခေါင်ပိုး ၏နာမည်ကို အော်ဟစ်ရင်း ညာသံပေးနေကြသည်။
ခဏ အကြာတွင် မီးခိုးရောင် အလုံးကြီး ဆုတ်ခွာသွားသည်ကို အားလုံး မြင်လိုက်ကြရပြီး ထီးခေါင်ပိုး၏ အသံကို ကြားလိုက်ရသည်။
‘’ငါ နိုင်သွားပြီ''တဲ့။
သူတို့၏ ရွာကလေးမှာ ထိုအချိန်ကဖြစ်ပွားလျှက်ရှိသော ဝမ်းပျက်ဝမ်းလျှော ရောဂါဘေးများ တခြားဘေးအမျိုးမျိုး၏ဒါဏ်ကို မခံစားခဲ့ရဘဲ သာယာဝပြောလျှက် ကပ်ဆိုးကြီးမှ လွတ်ခဲ့ရသည်။
ထိုအချိန်မှစ၍ သံပုံးတီး၍ မကောင်းဆိုးရွားများကို နှင်နိုင်သည်ဟူသော အလေ့အထအား သက်ကြီးစကား သက်ငယ်ကြား၍ လက်ဆင့်ကမ်းသိရှိလာခဲ့ရပါသည်။
#Nara Rumi
Zawgyi
‘ေဖေဖေျပာျပတဲ့ သံပုံးတီးပုံျပင္'
သံပုံးတီး၍ မေကာင္းဆိုး႐ြားမ်ားကို ႏွင္ထုတ္ၾကသည္ဟု ေျပာဆိုသည္မ်ားကို ၾကားဖူးပါသည္။သို႔ေသာ္ ဤ ဓေလ့ျဖစ္ေပၚလာပုံ၏ မူလအစကို ဘြားဘြားမွ ေဖေဖ့အားေျပာျပခဲ့ၿပီး က်မတို႔ေခတ္တြင္ သံပုံးကိုယ္တိုင္တီးဖို႔ႀကဳံလာေသာအခ်ိန္တြင္ ေဖေဖက ေျပာျပခဲ့ျခင္း ျဖစ္ပါသည္။
အခ်ိန္ကား... ဒုတိယကမာၻစစ္ၿပီးခါစအခ်ိန္...
ယခုပုံျပင္တည္ခဲ့ေသာ ႐ြာကေလးမွာ ထူးဆန္းေသာ သရဲတစ္ေယာက္ရွိသည္။ ထိုသရဲ၏ အမည္မွာ ‘ထီးေခါင္ပိုး'။
ထီးေခါင္ပိုးသည္ လူ႔ဘဝတုန္းကလည္း ထို႐ြာသားသာ ျဖစ္ခဲ့သည္။ သူသရဲျဖစ္သြားၿပီးေနာက္တြင္လည္း လူမ်ားကို အသံေပးႏိုင္ျခင္းမွာ သူ၏ထူးျခားခ်က္ျဖစ္သည္။သူသည္ သူ၏ လူ႔ဘဝတုန္းက သူငယ္ခ်င္းမ်ားႏွင့္ ဆက္သြယ္ရာမွ တျဖည္းျဖည္း တစ္႐ြာလုံးႏွင့္ ဆက္သြယ္ႏိုင္ေသာ တစ္႐ြာလုံး၏အခ်စ္ေတာ္ သရဲတစ္ေယာက္ျဖစ္လာခဲ့သည္။
သူလိုခ်င္သည္မ်ားကိုလည္း ဆက္သြယ္ေတာင္းယူတတ္၍ ငါးရွာေသာ႐ြာသားမ်ားကိုလည္း ငါးကူရွာေပးတတ္ေသးသည္။
တစ္ေန႔တြင္ ထီးေခါင္ပိုးက ႐ြာသားမ်ားကို အသိေပးလာသည္။''မင္းတို႔႐ြာကို ကပ္ဆိုးႀကီးက်ေရာက္ေတာ့မယ္။ မေကာင္းဆိုး႐ြားလာေနၿပီ။ငါ့ထက္ေတာ့ အင္အားႀကီးတယ္။ဒါေပမဲ့ ငါတတ္ႏိုင္သေလာက္ ျပန္ခ်မယ္။''
‘ဒါဆို ငါတို႔က ဘာလုပ္ေပးရအုံးမလဲ' ဟု ႐ြာသားမ်ားက ေမးေသာအခါ
‘’ငါ့နာမည္ ‘ထီးေခါင္ပိုး’ ကိုေအာ္ၿပီး ညာသံေပးၿပီး သံပုံးေတြ တစ္႐ြာလုံး ဝိုင္းတီးေပးပါ''
‘’ဟုတ္ၿပီ...ဒါဆို ငါတို႔ ဝိုင္းတီးၾကမယ္။တီးရမယ့္အခ်ိန္ မင္းကေျပာ''....။
သိပ္မၾကာခင္ အခ်ိန္တြင္... ထီးေခါင္ပိုး မွ
‘’ဟာ...လာေနၿပီ... လာေနၿပီ...တီးၾကေတာ့ေဟ့'' ဟု အသံေပးလာသည္။
႐ြာသားမ်ားၾကည့္လိုက္ရာ မီးခိုးေရာင္ ဖုန္လုံးႀကီးမ်ား ေ႐ြ႕လာေနသည္ကိုသာ ျမင္ရသည္။ရရာ သံပုံးမ်ားကို တီး၍ ႐ြာသားမ်ားအားလုံးက ‘ထီးေခါင္ပိုး ‘ဟု ညာသံေပးၾကသည္။
လယ္ကြင္းထဲတြင္ မီးခိုးေရာင္အလုံးအႀကီးႀကီးႏွင့္ အျဖဴေရာင္အလုံးတစ္ခု တိုက္ေနၾကသည္ကိုသာ ျမင္ရသည္။႐ြာသားမ်ားက သံပုံးကို မလြတ္တမ္း တီးေနၾကၿပီး စိတ္လႈပ္ရွားစြာ ထီးေခါင္ပိုး ၏နာမည္ကို ေအာ္ဟစ္ရင္း ညာသံေပးေနၾကသည္။
ခဏ အၾကာတြင္ မီးခိုးေရာင္ အလုံးႀကီး ဆုတ္ခြာသြားသည္ကို အားလုံး ျမင္လိုက္ၾကရၿပီး ထီးေခါင္ပိုး၏ အသံကို ၾကားလိုက္ရသည္။
‘’ငါ ႏိုင္သြားၿပီ''တဲ့။
သူတို႔၏ ႐ြာကေလးမွာ ထိုအခ်ိန္ကျဖစ္ပြားလွ်က္ရွိေသာ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါေဘးမ်ား တျခားေဘးအမ်ိဳးမ်ိဳး၏ဒါဏ္ကို မခံစားခဲ့ရဘဲ သာယာဝေျပာလွ်က္ ကပ္ဆိုးႀကီးမွ လြတ္ခဲ့ရသည္။
ထိုအခ်ိန္မွစ၍ သံပုံးတီး၍ မေကာင္းဆိုး႐ြားမ်ားကို ႏွင္ႏိုင္သည္ဟူေသာ အေလ့အထအား သက္ႀကီးစကား သက္ငယ္ၾကား၍ လက္ဆင့္ကမ္းသိရွိလာခဲ့ရပါသည္။
#Nara Rumi
Done 🍀
ReplyDelete🥁🥁🥁
ReplyDeleteမကောင်းဆိုးရွားတွေက သံပုံးတီးသံ လုံးဝမခံနိုင်ဘူး ကိုယ်တွေ့
ReplyDeleteDone
ReplyDeleteDone 💪
ReplyDelete🍁🌸Done✅
ReplyDeleteDone
ReplyDelete