အဖြေမဲ့ပုစ္ဆာ

 Unicode

 

ဒီဇင်ဘာလရဲ့ဆောင်းလေညှင်း တချို့က ကျွန်တော့အခန်းရဲ့ လိုက်ကာစကို ကခုန်သွားစေ၏...မသေမသပ် ညို့မှိုင်းမှိုင်းကင်းဗတ်စပေါ်က စုတ်ချက်တွေလည်း ခြောက်သွေ့နေလေရဲ့.... နီယွန်ရောင်အိပ်ခန်းမီးလေးအောက်မှာ ကိုရီးယား pianist Yiruma ရဲ့ Kiss the rain song ကို အသံအဆုံးထိဖွင့်ထားတယ်...တီးလုံးသံကြားထဲ လွင့်မျောလျက် ဝိုင်တစ်ခွက်ကို လက်ထဲကိုင်ထားမိပေမဲ့ ထုံကျင်လာသည်အထိ မမြည်းစမ်းနိုင်ခဲ့ဘူး...

အမှန်တကယ် ကျွန်ေတာ့်ရဲ့ မျက်လုံးအစုံက ဝါကျင့်ကျင့်ဒိုင်ယာရီအဟောင်းထက်မှာ ...ဝေခွဲမရတာထက် စာရင် ရူးမိုက်ခဲ့တာလို့ ပြောရမယ် ပင်လယ်ပြင်ထဲကျပျောက်သွားတဲ့ပစ္စည်းရှာသလို အဖြေကို ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ပုစ္ဆာတစ်ခုကို မက်တွယ်မိဖူးတယ်... ဒီလိုနဲ့ပဲ အတိတ်မှာရစ်တွယ်ခဲ့မိဖူးတဲ့ ကျွန်တော်ကစာရွက်တချို့ကို လွင့်ပျံသွားစေတဲ့အခါ.....

 

ရင်းနှီးနေသောခံစားချက်တစ်ချို့သည် တွန်းတိုက်ကာ ကျီစယ်နေ၏ ...နှလုံးသား အားစုတ်ဖြဲထားသလိုနာကျင်ရသော ခံစားတချို့သည် ပြုံးပြနေသည်...ခြေမွထား၍ တွန့်ကြေနေသော စက္ကူတစ်ရွက်လို ကျွန်တော့်ဝင်သက်ထွက်သက်များသည် မှားယွင်းနေသည်... ပိန်းပိတ်အောင် မဲမှောင်နေသော ဒီမြူခိုးတိမ်တိုက်များကြားတွင် အသက်မဲ့နေသောအရုပ်တစ်ရုပ်လို ...အမှန် အမှားမခွဲခြားနိုင်သော အရူးတစ်ယောက်လို... အရှုံးများစွာ ပွေ့ပိုက်နေခဲ့သလား ကျွန်တော်ကပဲ အနိုင်ယူခဲ့လား မကွဲမပြားနှင့်... ကျွန်တော်သည် နေ့မှန်းမသိ ညမှန်းမသိ အဖြူရောင်လဟာပြင်တွင် အသိစိတ်တို့မဲ့ကာ မေ့မျောလျက်....

 

ရပ်မနေနဲ့ မမြင်သွားစေနဲ့ လို့တိတ်တဆိတ်သာကိုယ့်ကိုယ်ကို သတိပေးရင်း ကိုယ်စေရာမနာခံတော့တဲ့ ခြေတစ်စုံက ဒီနေရာမှာ ကော်နဲ့ကပ်ထားသလို မြဲမြံနေလို့ ...

ချစ်လှစွာသော ဒီလူသားတစ်ယောက် ကိုယ့်ရှေ့ရောက်လာခြင်းဟာ ကံကြမ္မာတစ်ခုသာဆိုလျှင် အသည်းပေါက်အောင်စူးစူးနစ်နစ်ချစ်ခဲ့မိအောင် ကြည့်မိခဲ့သော ကိုယ့်မျက်ဝန်းတစ်စုံကသာ အပြစ်ဖြစ်ပါလိမ့်မည် ...

 

ခိုးဝှက်ကာသိမ်းထားရသော သူ့ရဲ့ပုံရိပ်ဟာ ကိုယ့်ရင်ဘတ်ထဲမှာ အချိန်အတော်ကြာအောင် စွဲထင်နေခဲ့သည် ငယ်ငယ်ကတည်းကချစ်ခဲ့ရ၍ ကလေးတစ်ယောက်ရဲ့ ပုံရိပ်ဆိုသည့်တိုင် တွေးမိတိုင်းမပြောင်းလဲ...သီချင်းတစ်ပုဒ်ကို ကြိုက်ပြီဆို ဖန်တလဲလဲနားထောင်ပြီး fav list မှ ထုတ်ပစ်ခဲ့သော ကိုယ်သည် သူ့ ကိုတော့ အကြိမ်ကြိမ်မေးလိုက်တိုင်း ခေါင်းညိတ်ရစမြဲ ...

 

ဘာကိုမှ အစွဲအလမ်းမကြီးတတ်သော ကိုယ် သည် ဒီလူသားရှေ့တွင်အကြိမ်ကြိမ်အခါခါ ပြိုလဲရသည် ...မျက်ဝန်းလေးများဆုံတွေ့မိလျှင် မနေတတ်မထိုင်တတ်အောင် အကြည့်လွှဲရသည် အကြိမ်ကြိမ်အခါခါ စိတ်ကူးနှင့်ခိုးနမ်းရသော ထိုမျက်ဝန်းနက်နက်ကလေးများအား တစ်နေ့မှမတွေ့ရလျှင်ဖြင့် မနေနိုင်ခဲ့....

 

ရွေ့လျားနေသော ရာသီစက်ဝန်းကလေးများသည် ကျွန်တော့်၏ နာကျင်မှုများကို ဖြေသိမ့်ဟန်ရှိသည် ...ဒဏ်ရာတွေ ကျက်လား မကျက်လား မသိခင် ကျွန်တော်အဖြေလည်းမရှာခဲ့... မိုင်ပေါင်းများစွာဝေးကွာတော့လည်း ဝေးကွာသည့်အတိုင်းပင်နေခဲ့သည် နေမြင့်အောင်ရူးခဲ့ရသည့် ထိုအချစ်ဦးသည် လွန်စွာမှ ပြုစားနိုင်အောင် အဆိပ်ပြင်းပါသည် ...

 

တစ်စုံတစ်ယောက်က ဘာကြောင့် သဘောကျလဲမေးခဲ့လျှင် ဒီမေးခွန်းအတွက် ကျွန်တော့်မှာအဖြေမရှိပါ... ထူးခြားသောအကြောင်းအရင်းတသီးတသန့်မရှိပါပဲလျက် ''မြတ်မင်းခန့်'' ဆိုသော လူသားကို ဟိုးအရင် ကျွန်တော်ဘေးနား စာလာသင်တည်းက တိုးတိတ်စွာသဘောကျမိရသည် ...

 

အသားအရည်ညိုစိမ့်စိမ့် နှင့်စူးရှတောက်ပသည့်မျက်ဝန်းအစုံကိုပိုင်ဆိုင်ထားသော  မြတ်မင်းခန့် သည် စကားပြောနည်းသူဖြစ်သော်လည်း သူ့အသံကို နှစ်သက်မိသည့်ကျွန်တော်ကတော့ သူစကားပြောလာရန် ပေါက်ပေါက်ဖောက်သလိုစကားပြောလေ့ရှိသည် ...ထိုအချိန်တည်းက'' ​​​မြတ်မင်းခန့် ''သည် ''တိမ်လွှာရှင်း ''ရဲ့ နှလုံးသားထဲမှာ ကမ္ဗည်းထိုးထားသော  ပိုင်ရှင်တစ်ယောက်ကဲ့သို့....

 

"မောင် ''

မေ့အသံ မေလည်းမရှိပါဘဲလျက် မေ့ အသံကြားနေရသည်ပါလား

ကျွန်တော်လွမ်းနေရသော မေ့ အသံကို

မေ အနားမှာမရှိပါဘဲလျက် ကြားယောင်နေရသည် ကျွန်တော် ချစ်သော မေ့ ကိုထားပြီးတခြားတစ်ယောက်ကို ကြည့်နေမိသော ကျွန်တော့်ကို မေ စိတ်ဆိုးနေမလား...

 

သတိဝင်လာပြီးနောက် ယောင်နနနှင့်တစ်စုံတစ်ယောက်ရဲ့ နောက်ကျောကို ခိုးကြည့်နေရမှ ပြန်လှည့်လိုက်မိသည်

"တိမ်လွှာရှင်း ''ဆိုသော ကျွန်တော်သည် သာမန်ဆင်ခြေဖုံးရပ်ကွက်ကခပ်တေတေ ကောင်လေးတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မှောင်မိုက်နေေသာ ဘဝထဲတွင် အသက်ရှင်နေရသူ တစ်ယောက်...ငယ်ငယ်က ဆိုလျှင် မိသားစု အခြေအနေများက အဆင်မပြေတော့ တစ်ယောက်တည်းနေရသည်မှာ များသည် ...ပိုက်ဆံသာရှိပြီး မေတ္တာငတ်နေသော တိမ်လွှာရှင်း၏ ဘဝတွင် သူငယ်ချင်းများသာ ရှိနေသော်လည်း ရောရောနှောနှော မနေတတ်သည့်အကျင့်ကြောင့် ဘယ်သူနှင့်မှပေါင်းလို့ မရပဲ ယောကျ်ားလေးဆန်ဆန် နေတတ်သော ''လွမ်းငွေ့ဝေ'' ဆိုသည့် သူငယ်ချင်းမလေး တစ်ယောက်သာ ရှိသည်... မြတ်မင်းခန့်ကတော့ မဖိတ်ခေါ်ပဲ သူ့ဘဝထဲဝင်ရောက်လာသည့် ဧည့်သည်တစ်ယောက်...

 

အချိန်ကာလအတော်ကြာ မွေးရပ်မြေကို ရှောင်နေမိသော ကျွန်တော်သည် ကျွန်တော့် မေမေ အမြဲတမ်း စိတ်နှစ်ကာ ပြင်ဆင်ခဲ့သော ဒီကော်ဖီဆိုင်ထဲခြေချမိသည်နှင့် ဆယ်နှစ်တာအေးချမ်းတည်ငြိမ်မှုများ ပျောက်ဆုံးရသည်

 

ဟိုးအရင်တိုင်းပဲ ဘာမှမပြောင်းလဲပါ ဆယ်စုနှစ်တစ်ခုကျော်ကြာသည့်တိုင်ကျွန်တော်ချစ်ရသော မြတ်မင်းခန့် မျက်ဝန်းအစုံသည် စူးရှတောက်ပနေဆဲ... သူ့မျက်ဝန်းသည် တော်တော်ညို့ချက်ပြင်းလှသည်ဆိုရမည် နှုတ်ခမ်းနီမလေးတွေအကြိုက်မျက်ဝန်းပြာများမရှိသော်လည်း မျက်ဝန်းညိုညိုလေးများ၏ အကြည့်အောက်မှာ ကျွန်တော်ကတော့ဖြင့် အကြိမ်ကြိမ်ကျဆုံး အရှုံးပေးကာ အကြည့်လွှဲရပါသည်... ဟိုးအရင်ကဆိုလျှင်တော့ ခိုးခိုးကြည့်ရသည့် ထိုမျက်ဝနး်ကလေးများနှင့်ဆုံမိလျှင် မကြည့်ဝံ့သဖြင့် မျက်နှာလွှဲရပေမဲ့ ဒီနေ့တော့ အကြာကြီးပြန်လည်စိုက်ကြည့်နေမိပါသည် ထိုခွန်အားများလည်း ဘယ်ကပေါ်ပေါက်လာမှန်းကျွန်တော်မသိ သေချာတာတစ်ခုကတော့ ကျွန်တော်က သူ့အတွက်ဆို အရှုံးသမားတစ်ယောက်သက်သက်...

 

ဆယ်ကျော်သက်တို့အချစ်ဦး ကိုရူးကြချိန် ကျွန်တော်တော့ မြတ်မင်းခန့်ကို ရူးခဲ့သည် ...ပထမဦးဆုံး စတွေ့မိသော အချိန်က အဝါရောင်စွပ်ကျယ်လေးနှင့် အသားရောင်ဘောင်းဘီကိုဝတ်ထားသော ကလေးသာသာ ပုံရိပ်သည်ပင် မှတ်ဉာဏ်ထဲမှာ မသိမသာသိန်းထားမိသေးသည်... ယောကျ်ားလေးတစ်ယောက်ကို ယောကျ်ားလေးတစ်ယောက်က သဘောကျ ခြင်းကို အခြောက် ဟု ခေါင်းစဥ်တပ်လျှင် ကျွန်တော်သည် ယောကျ်ားတိုင်းကို သဘောမကျတတ်ပဲ မြတ်မင်းခန့်တစ်ယောက်တည်းကိုသာ သဘောကျသည်မို့ ချေပစရာအဖြေမရှိ...

 

ပြောင်းလဲလာသည့်ရာသီအလီလီမှာ ကျွန်တော်ကတော့ မြတ်မင်းခန့်ကို တိုး၍ တိုး၍ သဘောကျရသည်...ချစ်မိသွားသည်က ဘယ်အချိန်ကလဲ မေးလျှင်မဖြေတတ်တော့သော ကျွန်တော်သည် မြတ်မင်းခန့် မိန်းကလေး အပေါင်းအသင်းများနှင့် ေရာထွေးနေသည်ကို မနှစ်သက်သည်ကတော့အမှန်...သို့သော် ကျွန်တော်နှင့်ဆိုလျှင်

သူငယ်ချင်းရယ်လည်း မဟုတ် ရင်းရင်းနှီးနှီးလည်း မရှိပဲ မေးထူးခေါ်ပြော ဆက်ဆံရေးတွင် လိုလားစွာ ရင်ခုန်မိပါသည်

 

တိမ်လွှာရှင်း ကိုယ်တိုင်ရေးထားသောတစ်ဖတ်သတ်ဇာတ်လမ်းထဲ

တွင် ဇာတ်ဆောင်ကဖြင့် တိမ်လွှာရှင်း တစ်ယောက်သာပါမည်ထင်တယ် မြတ်မင်းခန့်ဆိုသော ဇာတ်ကောင်မှာ တိမ်လွှာကိုယ်တိုင်ပင် အလုံးစုံမသိနိုင်သော လှို့ဝှက်သောပန်းချီကားတစ်ချပ်သာသာ ဖြစ်ပါလိမ့်မည် စာရေးဆရာ ဆုခြည်ကို၏ ''Expect'' ထဲက ချစ်ခြင်းမျိုးဖြင့် ချစ်နေပါသည်ဆိုသည့်တိုင် တိမ်လွှာရှင်းဆိုသည်မှာ Lowkey သီချင်းထဲက မရေရာသည့်မျှော်လင့်ချက် အရိပ်နောက်က ဇာတ်ကောင်သက်သက်...

 

"ယောကျား်ချင်းကြိုက်တယ်တဲ့လား အဆင့်အတန်းမရှိလိုက်တာ " မြတ်မင်းခန့် နှုတ်ဖျားမှ တစ်စစီ ထွက်လာတဲ့စကားသံတချို့ ကျွန်တော်မယုံနိုင်သလို ယုံကြည်ဖို့အားမရှိခဲ့ ကျွန်တော့်မျက်နာကို စေ့စေ့ကြည့်ပြီး ချစ်ရသူ၏ နှုတ်ဖျားမှ ထွက်လာသော ထိုစကားလုံးတို့ကို ရင်ဆိုင်ဖို့ ကျွန်တော် ခွန်အားမပြည့်စုံပါ လေဟာနယ်ထဲရောက်သွားသလိုခံစားချက်မျိုးနဲ့ ကျွန်တော်ရင်ဘတ်အစုံက မွန်းကျပ်လို့နေပါသည် တုံ့ပြန်ဖို့ စကားလုံးမရှိသလို ဖြေရှင်းချက်ပေးဖို့လည်း မရှိ...

 

ကျွန်တော့်ရဲ့ ခြေအစုံကသူ့အရှေ့မှာ ဒူးထောက်လျက်

တိမ်လွှာရှင်းသည် မြတ်မင်းခန့်နှင့်ပတ်သတ်လာလျှင်

နှစ်ခါမတွေးရအောင် အရှုံးသမားဖြစ်နေတာမျိုး...

 

မြင်နေရသည့်မြတ်မင်းခန့် မျက်နှာက မပြတ်သားပဲ ဝေဝါးနေသည် အညိုးကြီးစွာ ပွင့်အ လာသော စကားလုံးများကို ပြန်လည်ချေပဖို့ရာ ကျွန်တော့်အသံကထွက်မလာ...လေးနစ်နေသောအရာတစ်ခုတစ်ဆို့နေသလို ကျွန်တော့်လည်ချောင်းမှ အသံကိုထွက်မလာစေပဲ ပူပြင်းပြင်းခံစားချက်တစ်ချို့ကို မြိုချနေရသည် မွန်းကြပ်မှုက တိုးလာသလို အသက်ရှူသံတွေရပ်သွားပြီပါထင်ရသည် အရာအားလုံးက မြူခိုးထဲ ရစ်ထွေးနေသည့်ဝယ် ဝိုးတဝါးနှင့်...

 

ရောထွေးနေသည့်အရာများကို ကျွန်တော်မုန်းသည် ...အဖြေရှာမရသော ပုစ္ဆာများကို ကျွန်တော်မုန်းသည်... သို့သော်မြတ်မင်းခန့်အတွက် သီးသန့်ဖန်တီးထားသော အချစ်ဝဲဂယက်ထဲတွင် အဖြေရှာမတွေ့ပဲ တဝဲလည်လည် ဖြစ်နေရသည်ကိုတော့ ကျွန်တော် နှစ်သက်ခဲ့ဖူးသည်... မပိုင်ဆိုင်ရလည်း ဖြစ်သည်ဟုအချစ်ကို တခြားသူတို့အဓိပ္ပါယ်ဖွဲ့ဆိုကြချိန်တွင် လှောင်ရယ်ခဲ့သောကျွန်တော်သည် ဒီလူသားကိုတော့ တည်ရှိမှုကလေးကို သိရသည်ကိုပင် ရင်တထိတ်ထိတ်ခုန်ကာ ပျော်ရွှင်နေရသည်အထိ ရူးခဲ့ဖူးပါသည်...

 

မလှပသောအတိတ်ကို နာကျင်စွာ တမ်းတမိသော ကိုယ့်ကိုယ်ကို သိပ်မုန်းလှသည်တွင် သူရှိရာအရပ်သို့ မျက်နှာမူမိသည်နှင့် ဟိုးအရင်ကအတိုင်း လတ်လတ်ဆတ်ဆတ်နိုးထလာသော ခံစားချက်များကို ဥပေက္ခာပြုမိသည်... အမှတ်သည်းခြေမရှိသော သူတစ်ယောက်ကဲ့သို့ ဒဏ်ရာများ ထိုးနှက်ချက်များနှင့် ပြည့်နှက်နေသော ကျွန်တော့် နှလုံးသားအရိုင်းလေးသည် ခံနိုင်ရည်မရှိသည့်ကြားမှ တစ်ဖက်လူလက်ခံလား လက်မခံလား မသိဘဲ နာကျင်မှုသာ အဖြေထွက်နေသော အချစ်ကို ရူးမိုက်စွာမြည်းစမ်းခဲ့ချင်ဖူးသည်...

မရေရာ မသေချာသော unseen questions များကို ဖြေရမှာ မုန်းလှပါသည်

 

ဘယ်အရာက ကျွန်တော်တို့ကိုဝေးကွာစေခဲ့တာလဲ အဖြေရှာမရ...

ဘယ်နေရာက စပြီးမှားယွင်းခဲ့မိတာလဲ ကျွန်တော်မသိခဲ့ ...ငယ်သူငယ်ချင်းဖြစ်သည့်အလျောက် အချိန်တစ်ခုထိကျွန်တော်တို ရင်းရင်းနှီးနှီးရှိခဲ့သေးသည် စနောက်ရယ်နှင့် တကယ့်သူငယ်ချင်းများကဲ့သို့... ယောကျ်ားလေးချင်းမို့ မြတ်မင်းခန့်

သတိမမူမိတာဆိုတော့လည်း မဟုတ်နိုင်ပါ တစ်စုံတစ်ခုကိုလိုချင်ပြီဆို အတ္တမကြီးပဲ အစအရာရာတွေးတောဆင်ခြင်မိသော ကျွန်တော်သည် သူ့၏ bff တစ်ယောက်ကို ထိုအကြောင်းတွေရင်ဖွင့်ဖူးပါသည်  အနည်းဆုံးတော့ မြတ်မင်းခန့်ဆိုသော လူသားက ကျွန်တော့ ပထမဦးဆုံး အချစ်ဦးဖြစ်သည်ကို ခန့်မှန်းမိလောက်ပါသည်...

 

အမှန်စင်စစ် တိမ်လွှာရှင်း ဆိုေသာကျွန်တော်သည် သူ့ကို အသည်းပေါက်အောင်ချစ်မြတ်နိုးပြီး အနားမှာထားချင်လှသည်... မာနတွေချနင်းပြီး တံတိုင်းတွေရဲ့အလွန်မှာ သူ့ကိုဖွင့်ပြောကာ သူ့မျက်နာ တစ်ချိန်လုံးထိုင်ကြည့်ချင်သည်... ဂျစ်ကန်ကန်နှင့် ထိုလူသား စိတ်ညစ်နေလျှင် အတတ်နိုင်ဆုံးထွေးပွေ့ပြီးဟာသတွေပြောကာ ကမ္ဘကြီးကို မေ့ထားစေချင်သည် ကျွန်တော်ဆိုသည့်ကောင်လေးက ရှိသမျှရင်းပြီး အရာအားလုံးမေ့ကာ မြတ်မင်းခန့် ထံပြေးထွက်ပြီး ခစားချင်တာမျိုး...

 

သို့သော် အရာအားလုံးအဆင်ပြေနေလျက်နှင့် ကျွန်တော့်ရဲ့ တစ်ဖတ်သတ်အချစ်ကို အဆင့်မရှိဘူး ဆိုသော စကားမျိုးပြောပြီးနှိမ်ချလိုက်ခြင်းကိုတော့ သေလောက်အောက်မုန်းပါသည်

 

မသိချင်ယောင်ဆောင်ပြီး သူငယ်ချင်းအနေနဲ့ပဲ နေဖို့ကို အစတည်းက ကျွန်တော်ကရွေးချယ်ခဲ့ပြီးသားပါ မပွင့်လင်းသေးတဲ့ လောကကြီးထဲမှာ သူက ဘာတွေကို မာနထားပြီး ကျွန်တော့်ရဲ့ အချစ်ကို စျေးချလိုက်တာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ ကျွန်တော်သိချင်လှသည် သို့သော် သို့သော် သူနဲ့တော့ မတွေ့ချင်ပါ...သူပြောခဲ့သောစကားကိုလည်း ကျွန်တော်ကိုယ်တိုင်ကြားရခြင်း မဟုတ်ခဲ့...

 

ကျွန်တော့်ကိုဖုန်းဆက်နှိုးသော မေ့ဖုန်းသံ ကြားတော့ မက်နေဆဲအိပ်မက်လား ပုံရိပ်လား မသဲမကွဲ ကြားမှ ကျွန်တော်နိုးထသည်

""နေကောင်းအောင်နေနော် မောင် အဝေးမှာနေရတာ ပင်ပန်းပေမဲ့သည်းခံလိုက်ဦးနော် " မေ့ အသံတိုးလျလျတွင် ကျွန်တော်ရင်ခုန်မိပါသည်... ေမ သည် မှေးမှိန်နေသော ကျွန်တော့ဘဝကို အလင်းပေးသူ... မေ သည် ပိန်ပိန်သေးသေးကလေး သို့သော်လည်း မေ နှင့် ဆုံခဲ့သည့် ငါးနှစ်တာကာလအတွင်းတွင် စကားလေးတခွန်းပြောလိုက်ရုံနှင့် ကျွန်တော်ကျဆုံးပါသည် ပြုံးဖို့ မေ့နေခဲ့မိသော ကျွန်တော့်ကို ပျော်ရွှင်စေခဲ့သော မေ့ ရဲ့ မျက်နှာဝိုင်းဝိုင်းလေးထက်မှာ အပြုံးပန်းကို ထာဝစဥ် မြင်တွေ့နိုင်ဖို့ လူတိုင်း၏ ေပျာ်ရွှင်မှုတိုင်းကို ခိုးလို့ရရင် ခိုးယူချင်မိသည်အထိ ...

 

"မေ သည် ကျွန်တော့်ဘဝအလင်းရောင်''

 

ကျွန်ေတ့်ာမေမေ၏ ကော်ဖီဆိုင်ကလေးသည် သေးငယ်ယောင်ပေါ်သော်လည်း သပ်သပ်ရပ်ရပ်ကလေးနှင့် လူတိုင်း ကော်ဖီဝင်သောက်က စကားစမြည် ပြောရန် နားခိုရန် နှစ်သက်ကြသည်... အရာရာကိုစူးစမ်းချင်ကြသော ဆယ်ကျော်သက်များအတွက် ကိုယ်တိုင်ကော်ဖီစေ့ ကို ကြိတ်နိုင်ရန် နေရာကလေးလည်း မေမေ ကပြုလုပ်ပေးထားသည်... အသက်အရွယ်အားဖြင့် အနည်းငယ်ကြီးသော်လည်း လူငယ်အကြိုက် ဆိုင်ခန်းအပြင်အဆင်ကို မေမေ ကိုယ်တိုင် လုပ်ထားသည် ခေတ်လူငယ်အကြိုက် nude color ဟုခေါ်သော အရောင်ဖျော့ဖျော့ကလေးများဖြင့် ပရိဘောဂများကို သေချာနေရာချ ပြီး စားပွဲခုံလေးများကိုလည်း အဝိုင်းတစ်မျိုး လေးထောင့် တစ်နေရာဖြင့် ေသသေချာချာရွေးချယ်ထားသည် ေရွှအိုရောင်မီးဆိုင်းကလေးများကိုလည်း နေရာအနှံ့ဆင်ထားပြီး ပန်းချီကားသိပ်ကြိုက်သောမေမေသည် ပြည်တွင်းဖြစ် artists များ၏ လက်ရာအစုံကို ခင်းကျင်းထားတတ်သည်... ငယ်ငယ်တည်းက ဖေဖေ နှင့် ဆက်ဆံရေးအဆင်မပြေပဲ ပိုက်ဆံပဲ ပေးထားကာ သားသမီးမေတ္တာမပေးနိုင်သော အဖေဖြစ်သူအစား မေမေ့ကို ဂရုစိုက်ဖို့ သူတာဝန်ယူရပြန်သည်

 

 

"နင်...အဆင်ပြေရဲ့လား ကိုရှင်း''

အသံကြောင့် ခေါင်းငုံ့နေရာမှ မော့ကြည့်မိသည် လွမ်းငွေ့ဝေ နဲ့ တွေ့ဖို့ချိန်းထားပြီး သူ့ ရှေ့တွင် ငေးမှိုင်နေသည်ကို အားနာမိသည်

သူမသည် ကျွန်တော့်၏တစ်ဦးတည်းသော မိန်းကလေး ငယ်သူငယ်ချင်းဖြစ်သော်လည်း ညီမလေးအရင်းကဲ့သို့တန်ဖိုးထားရသူ တစ်ယောက်ပင် မွေးရပ်မြေပြန်ရောက်တာအနည်းငယ်ကြာလေတော့ အသားကျလာပြီထင်ရချိန်ေဝ ့ကိုဆက်သွယ်မိသည်ကျွန်တော့်အကြောင်းဖြစ်ကြောင်းကုန်စင်သိလေသူမို့ စောစောမဆက်သွယ်ခဲ့ခြင်းကိုပင် အပြစ်တင်လေသည် သူနှင့်အတူ ထိုင်ဝိုင်းလေးတစ်ခုမှာ ဝင်ထိုင်ရင်း ...

 

ရှေ့မျက်နာချင်းဆိုင်မှ မြတ်မင်းခန့် လှုပ်ရှားမှုကို သတိလက်လွတ်ငေးမောမိပြန်သည် ...အဖေဆရာဝန် အမေဆရာဝန် နှင့် ဆရာဝန်မိသားစုမှ မြတ်မင်းခန့်ကို ဆရာဝန်ဖြစ်လာလိမ့်မည်ဟု တွေးထင်မိခဲ့သော်လည်း လက်ရှိတွင်မူ သာမန်ဘွဲ့တစ်ခုသာယူထားပြီး မိသားစု ဆေးဆိုင်တွင် ဝင်ကူနေသော သူ့ကို နေ့တိုင်းတွေ့နေရသည်မှာ မွန်းကျပ်လှသည် သူနေသောအိမ်ကမူဝေးသော်လည်း ဆေးဆိုင်မှာ ကော်ဖီဆိုင်နှင့် မျက်နာချင်းဆိုင် မျက်စောင်းထိုးလောက်တွင် ရှိနေသည်မို့ တခါတရံ သူ့လှုပ်ရှားမှု အသေးစိတ်ကိုပါ မြင်နေရသည်... ချစ်သည်လား မုန်းသည်လား မသဲကွဲချိန်တွင် ဝဘြက်ရင်အုံမှ စူးအောင့်လာသလို နာကျင်လျက်

ဘာဖြစ်လို့လဲ ဆိုသည့် မေးခွန်း၏ မွန်းကြပ်မှုသည် ရင်ဘတ်မှတစ်ဆင့်လည်ချောင်းတလျှောက်ဆို့နင့်နေသည်ဟုထင်ရသည် တစ်စုံတစ်ခုကိုမြိုသိပ်ထားရတာ လွန်စွာမှပင်ပန်းလှပါသည်..

 

"အင်း ပြေပါတယ် "

 

သက်ပြင်းချသံ ခပ်တိုးတိုး ကြားထဲမှ မရေမရာအဖြေတစ်ခု

 

" စိတ် ကိုမေးနေတာ ''

 

ကျွန်တော့်အကြောင်း အလုံးစုံသိနေသာ မိန်းမသားတစ်ယောက်၏ တိုက်ရိုက်အမေးတွင် တင်းထားလေသမျှ ကျွန်တော် လဲပြိုမိပါသည်

 

"ငါ မျက်ဝန်းမေ ကို အရမ်းချစ်တယ် သူမရှိရင် မနေနိုင်ဘူး ထင်တယ် ဒါပေမဲ့ တစ်ခါတစ်ခါ ငါ့ကိုထိုးနှက်နေတဲ့ခံစားချက်တွေကို ငါနာမည်မတပ်တပ်ဘူး ''

 

ဘေးဝိုင်းတွင် အအေးသောက်နေသော ကလေးမ တစ်သိုက်၏ ရယ်သံများ အတိုင်းသားကြားနေရသည်...

ယတိပြတ်ပြီးဆုံးသွားသော စကားသံနောက်တွင် သက်ပြင်သံတိုးတိုးနှစ်ချက် ကြားရသည်...

 

"ဒီရက်ပိုင်း နင်စိတ်အဆင်မပြေဘူးလို့ မေ ပြောတယ် သူကတော့

နင့်မေမေကြောင့်လိုထင်နေတယ် မေကလည်း ငါ့သူငယ်ချင်း နင်ကလည်း ငါ့သူငယ်ချင်း ဒါပေမဲ့ ငါဘယ်သူ့အကြောင်းပိုသိမယ်ထင်လဲ ကိုရှင်း ''

 

သူ့စကားလုံးအဆုံး ကျွန်တော် ဘာပြောရမှန်းမသိတော့ပါ လေမုန်တိုင်းအသေးစား တိုက်ခတ်နေသော ကျွန်တော်တို့နှစ်ယောက်ကြားမှာ တောင်းပန်ပါတယ် ပြောရမဲ့ ဆက်ဆံရေးမျိုးမဟုတ်ခဲ့ လွမ်းငွေ့ဝေ ဆိုသော သူမသည် ကျွန်တော်မြတ်မင်းခန့်

အပေါ်ထားရှိသော ခံစားချက်ကိုသိပြီးတည်းက ကျွန်တော်ကို အကောင်းဆုံးစောင့်ရှောက်ပေးခဲ့သည် ...ပုံစံမကျတဲ့နည်းလမ်းမျိုးစုံသုံးပြီး ချဥ်းကပ်ဖို့ကြိုးစားတော့လည်း လိုက်ပါခဲ့ခြင်းသာ... ငယ်စဥ်မို့ နှလုံးသားနု၍လားမသိ အချစ်ကလွဲ၍ ဘာမှမမြင်တော့ပဲ အများအမြင်လည်း ဂရုမစိုက်နိုင် နီးကပ်မှုမရှိသည့်မြတ်မင်းခန့်

အိမ်ရှေ့သွားနိုင်ဖို့ အစီအစဥ်မကျသည့် လမ်းတစ်လျှောက် စက်ဘီးစီးမည်ဆိုလည်း လိုက်ပို့ပေးတာပဲ တစ်နေရာနှင့်တစ်နေရာ ဝေးသော မတူသည့်ကျောင်းအား လည်ပတ်မည်ဆိုသော်လည်း အရောက်ပို့ပေးတာပဲ ...တစ်နည်းအားဖြင့်မြတ်မင်းခန့် ကိုယ်တိုင်ပင်

မသိသော သူကောင်မလေးတွေနဲ့ တွဲနေသည်ဆိုသည့် အကြောင်းများတဆင့်ကြားကာ လဲပြိုလေတော ဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့သူက လွမ်းငွေ့ဝေ...

 

"ငါက အချစ်ခံဖို့ ထိုက်တန်တယ်မဟုတ်လား ဝေ...

မေ့ အပေါ်မှာ မတရားသလို ဖြစ်နေမိပြီလား... ''

 

ချပေးထားတဲ့ Espresso ကော်ဖီခွက်လေးမှာ အငွေ့ပျံမနေတော့... တိတ်ဆိတ်သွားမှူဟာ ဘယ်လောက်ကြာနေလဲမရေတွက်...

 

"မပွင့်လင်းမှုက မပြတ်သားစေတာပဲ ကိုရှင်း ''

 

စကားလုံးနည်းပေမဲ့ ဝေ့ အသံတွင် ပြတ်သားမှုတို့ကို ရှင်းရှင်းလင်းလင်းမြင်နေရသည် ...ဝေ ပြောတာမှန်ပါသည် ကျွန်တော်တို့နှစ်ယောက်၏ ဆက်ဆံရေးနှင့် ပတ်သတ်လျှင် ဟိုးအရင်တည်းက ဘယ်အရာမှ ရှင်းလင်းမှုမရှိ တိမ်လွှာရှင်း ဆိုသောကောင်လေး၏ အချစ်ကို မြတ်မင်းခန့် သိလား မသိလား မည်သူမှ သေချာမသိ မြတ်မင်းခန့်ကရော တိမ်လွှာရှင်း အပေါ်ဘယ်လို သဘောထားလဲ ဘယ်သူမှမသိ... ဝေးကွာမှုအရရော ဆက်ဆံရေးအရပါ တစ်ဆင့်စကားတောင်မဟုတ် တဆင့်အကြောင်းနှင့်ပင်တိမ်လွှာ့ နှလုံးသားထဲ သံမှိုစိုက်ခံရလိုက် ပန်းပွင့်လိုက်နှင့်သာ ...

တစ်နည်းအားဖြင့် ပြောရလျှင် မြတ်မင်းခန့် ဆိုသည်မှာ God-knowing character လိုမျိုး ဘုရားသခင်ကလွဲ၍ ဘယ်သူမှ မြတ်မင်းခန့်အကြောင်း တိတိကျကျ သိလိမ့်မည်မဟုတ်...

 

"အစကတော့ သူ့တည်ရှိနေမှုကို သိနေရတာ စိတ်ပင်ပန်းလွန်းလို့...

အနှောင့်အယှက်ဖြစ်ရလွန်းလို့ မသိချင်ယောင်ဆောင်ခဲ့ တယ်

ဒါပေမဲ့  တဖြည်းဖြည်း ငါ့ကိုယ်ငါတောင် မသိလိုက်ပဲ သတိလက်လွတ်ငေးကြည့်နေတတ်ခဲ့တယ် တနေ့တခေါက်မှမကြည့်ရရင်မနေနိုင်တဲ့ပန်းချီကားလိုမျိုး သူမရှိနေဘူးဆို ငါဟာတာတာ ဖြစ်နေတတ်ပြီ... ''

 

ကျွန်တော် ပွင့်အန်သမျှ အားလုံး သဘောထားကြီးစွာနဲ့ ဖက်တွယ်ပေးမည့် မိန်းကလေးအပေါ် ထိန်းချုပ်ထားသမျှ ငိုစွက်သံရောကာ ပြောနေမိသည်... မြစ်တို့ကိုမစီးဆင်းပါနှင့်ဟု တား၍မရနိုင် မီးတောင်ရှင်ကို ပေါက်ကွဲရကောင်းလားဟု အပြစ်တင်၍ မရနိုင်သကဲ့သို့ တစ်ဖက်လူအပေါ် မသိမသာ ပြန်လည်တိမ်းညွတ်နေသော မိမိစိတ်ကို ကိုယ်တိုင်သာ သတ်ပစ်လိုက်ချင်မိသည်အထိ ကျွန်တော့်၏ အချစ်ဦးသည်လွန်စွာမှ ပြုစားတတ်ပါသည်...

 

"မွန်းကျပ်ပြီး ခံစားနေရမဲ့အစား ရုန်းထွက်ပြီး

အဖြေရှာလိုက်ရင်ရော  ''

 

အနည်းငယ်ပျော့သွားသော လေသံတွင် ကျွန်တော့ဝေဒနါများကို

ေလျာ့ကျ စေချင်သော ကရုဏာတို့ကို ခံစားမိသည် ဝေ ပြောချင်သော မျက်နှာချင်းဆိုင်တွေ့ပြီး ဖွင့်ပြောပြလိုက်ပါလားဟု ဆိုလိုသည်ကိုလည်း သဘောပေါက်မိလိုက်သည် ...

 

"မေ့ ကိုအဆုံးရှုံးမခံနိုင်ဘူး ဝေ... ငါအရမ်းတကိုယ်ကောင်းဆန်နေမိပြီလားဟင် ''

 

ဖြေရခက်၍ထင်ပါသည် ဝေ တိုးတိုးကလေးသက်ပြင်းခိုးရှိုက်သည်

ဝေ့ ဘက်ကကြည့်လျှင် မျက်ဝန်းမေ ဆိုသည်မှာလည်း သူချစ်ရသော သူငယ်ချင်း တိမ်လွှာရှင်းသည်လည်း ငယ်သူငယ်ချင်း...

အချစ်ဦးကို ရှောင်ပြေးပြီး တစ်ကိုယ်တည်းနိုင်ငံခြားသွား ကျောင်းတက်မည်ဟု တိမ်လွှာရှင်း ဆုံးဖြတ်လိုက်သည့်အချိန်တွင် မလွှတ်ချင်သော်လည်း ထိုင်းနိုင်ငံတွင် ရှိနေသော သူငယ်ချင်းတစ်ယောက်နှင့် မိတ်ဆက်ပေးပြီး စိတ်ချခဲ့ရသည်... နှစ်နည်းနည်းအကြာ ထိုသူငယ်ချင်းနှင့် တိမ်လွှာရှင်း တို့ချစ်သူဖြစ်နေကြပြီ ဆိုတာကို သိပြီးတော့ လွန်စွာပျော်ရွှင်ရသည်

 

အိမ်နီးနားချင်း ငယ်သူငယ်ချင်းအနေနှင့် မိသားစုကြောင့် တိမ်လွှာ

စိတ်ဒဏ်ရာရသည်ကအစ မြတ်မင်းခန့်အပေါ် ထားရှိသော အချစ်အဆုံး လွမ်းငွေ့ဝေ သတိမူမိသည်... တိမ်လွှာရှင်းဆိုသော ယောကျ်ားတစ်ယောက်အပေါ် မောင်လေးတစ်ယောက်ကဲ့သို့ ဟိုးအရင်ကတည်းက နွေးထွေးရစ်တွယ်စေခဲ့သည် ...အများအမြင်တွေ မှတ်ချက်တွေဂရုမစိုက်ပဲ တိမ်လွှာ လိုအပ်လျှင်လိုအပ်သလို အမြဲအသင့်ရှိပေးကာ ရှေ့မှာ မားမားမတ်မတ် ရပ်တည်ခဲ့ပေးလျက် ဒဏ်ရာများစွာကို ကုစားပေးခဲ့သော အစ်မတစ်ယောက်ကဲ့သို့...

 

အခု သူ့ရှေ့မှာ မြင်နေရသော တိမ်လွှာရှင်း ကို ကြည့်နေသည်နှင့်ပင် ခံစားချက်များကို အတိုင်းသားမြင်နေရသည် တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ချင်တာမျိုးမဟုတ်ပါပဲနှင့် ချစ်ခွင့်လေးတောင် ရရှိဖို့ခက်ခဲကြောင်း တစ်နည်းအားဖြင့် အောင်စ သာသာ အလေးချိန်ရှိသော နှလုံးသားသည် မည်သူ့တစ်ဦးတစ်ယောက်၏ စေခိုင်းချက်ကိုမျှလက်ခံမည့်အရာ မဟုတ်ကြောင်း သိလိုက်ရသည်

 

"တစ်ခါတစ်ခါ နှလုံးသားအလိုကို လက်ခံလိုက်ပါ ''

 

"ဒါပေမဲ့ မေ...''

 

"ဒါပေမဲ့တွေ  ဘာတွေ ထားလိုက်ကိုရှင်း... မေ က သဘောထားသေးသိမ်တဲ့မိန်းကလေးမဟုတ်တော့ ရှင်းပြလိုက်ရင် အဆင်ပြေသွားမှာ နင်ပျော်ရွှင်တာပဲ သူလိုချင်မှာ ငါသိတယ်''

 

ကျွန်တော် စကားမဆက်နိုင်ခင် ဝင်ပြောတဲ့ေဝ ့စကားလုံးတွေကြောင့် တွေတွေကလေးဖြစ်သွားသည်...တစ်ယောက်တည်း ကူကယ်ရာမဲ့ အမှောင်ယံညတွေဝယ် လမ်းပြနေချိန် ကြယ်ပွင့်ကလေးဖြစ်ပေးခဲ့ဖူးသော မေ့ ကို သူ ရက်စက်ရမည်လား... တွေးပင်မတွေးနိုင်လောက်အောင် မေ နာကျင်ကာ ရွံမုန်းသွားမည်ကို မခံစားနိုင်...

 

"တီ တီ တီ....''

 

အေးစက်နေသော ကျွန်တော်တို့နှစ်ယောက်အား ဖုန်းသံက သတိဝင်လာစေသည် လေသံဖျော့တော့တော့နှင့် အဖေ့၏ မည်သူနှင့်ရမှန်းမသိသော အမ တစ်ယောက် စကားလုံးအဆုံးတွင် တုန်ယင်ယင်နှင့် ကျွန်တော်လဲပြိုသည် မေမေ တရှောင်ရှောင်ဖြစ်နေသည်မှာ ကြာနေသော်လည်း ယခုကဲ့သို့မြန်မြန်ဆန်ဆန် ကျွန်တော့်ကိုထားခဲ့မည်ဟု မထင်... ထိုင်းမှာနေစဥ်က ဖုန်းဆက်တိုင်း မေမေ ပြောပြောနေသော ''ကိုယ့်ကလေး အရင်းမဟုတ်တဲ့ကလေးတွေက ကိုယ့်ကိုကပ်နေပြီးတော့ မေ့သားလေးက ရှောင်ဖယ်နေပါလား ''တဲ့...

 

ထိုစကားလေးကြားတုန်းကတော့ ရယ်သွမ်းကာ ဟာသနှော၍ ရည်ရွယ်ချက်အစစ်ကို ဖျောက်ပစ်ရသည်... ေမမေ့ ရင်ခွင်နားပြန်ကာတိုးတော့ ''မေမေ က လောကဓံကို အရှုံးပေးတော့မှာ မေ့သားလေးကို စောင့်နေတာတဲ့ '' ...ကျွန်တော့် ကမ္ဘာကအလင်းရောင်သဲ့သဲ့ကလေးတစ်ခု ပြန်လည်ပျောက်ကွယ်တော့မည်ထင်ပါ့...

 

"ဘာဖြစ်လို့လဲ တိမ်လွှာရှင်း ''

 

ရှိသမျှအားနှင့် ကျုံး ရင်း ဝေနဲ့အတူ ဆိုင်အမြန်ပိတ်ကာ အလင်းအလျှင် နှင့် ပြေးမိတော့ ဘယ်လိုသတိထားမိသွားမှန်းမသိတဲ့ မြတ်မင်းခန့်ကမေးလာသည် ...နာမည်အပြည့်အစုံခေါ်သံကြားရတာ ကောင်းပေမဲ့ စကားပြန်ပြောချင်စိတ် အလျှင်းရှိမနေ...

ပြန်မဖြေသည့်အပြင် မျက်နာလွှဲကာ ရှေ့ဆက်မည်အလုပ် ကျွန်တော့လက်မောင်း ကို သူဆုပ်ကိုင်ကာ ထပ်မေးပြန်သည်

 

"ကိုရှင်း မေမေ ဆုံးလို့ မြတ်မင်းခန် နင်လိုက်မလား''

 

ကျွန်တော်ခံစားရခက်မှုကို နားလည်နေသည့်အလား ဝေ ဝင်ဖြေပေးမှ လေမုန်တိုင်းအသေးစားလေးပြိုဆင်း သွားသည်...

မျက်နာချင်းဆိုင်ရပ်နေလုနီးပါးဖြစ်နေသော မြတ်မင်းခန့်မျက်နာမှာ ပြောင်းလဲသွားမှုမရှိဘဲ တစ်ချိန်က အရူးအမူးရူးသွပ်ခဲ့ရသော ပုံရိပ်အတိုင်း... ကျွန်တော့်ကို သူ ဆွဲသွားသည်လား သူ့လက်ဆွဲရာအတိုင်းအလိုက်သင့် လိုက်သွားသလားကျွန်တော်မသိတော့...

မြူခိုးတွေဝေနေသည့် ထို မနက်ခင်းမှာ ကျွန်တော်နှင့် အတူ တချိန်လုံးသူရှိနေပေးခဲ့သည်...

 

"ဘာဆက်လုပ်မယ်စဥ်းစားထားလဲ ကိုရှင်း ''

 

မိသားစုများသာ တသီးတသန့်ခေါ်ကြသည့် ထိုနာမည်ကို ဖေဖေ့ ထံမှ ဆယ်နှစ်တာအချိန်အတွင်းတွင် ပထမဆုံးပြန်ကြားရခြင်းဖြစ်ပြီး တဆက်တည်းမှာပင် ငယ်စဥ်က တခြားသူများကို ခွဲမပေးရသည့် ဖေဖေ့ ကိုပြန်လိုချင်လာမိသည် ...ကုမ္ပဏီသူဌေးသားတစ်ယောက်ဖြစ်သော်လည်း ဖေဖေသည် တစ်ရွာတစ်ကျီဆောက်တတ်သည့် အကျင့်ကလေးကရှိလေတော့ မေမေသည် တစ်ဦးတည်းသော သား တိမ်လွှာ စိတ်အားငယ်မှာစိုး၍ မေမေ့ ဇာတိမြေကလေးမှာ အေးအေးလူလူ လာနေသည်မှာ အနှစ်သုံးဆယ်နီးပါးဖြစ်နေလေပြီ

 

"စဥ်းစားဆဲပါ အဖေ ''

 

တချို့လမ်းခုလတ်တွေက ရွေးချယ်စရာနည်းတယ် အဖေ

 

………………………………………………………………………

 

 

ဒီနေ့လည်း မြူခိုးဝေနေပြန်ပြီ ဒီဇင်ဘာလ၏ ဆောင်းလေအေးတချို့သည် မျက်နာပြင်ထက်တွန်းတိုက် ကျီစယ်နေ၏ မှုန်မှိုင်းနေသော ကောင်းကင်အောက်မှ မြတ်မင်းခန့်၏ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်

 

ထိုစူးရှတောက်ပနေတဲ့မျက်ဝန်းတစ်စုံအတွက် ခံနိုင်ရည်တွေကျဆုံးခဲ့ရတယ် နှုတ်ခမ်းပါးရအနားသတ်အပြုံးမှာ နစ်မျောမိခဲ့ဖူးတယ်

အချိန်အတော်ကြာသည့်တိုင် အချစ်ကျော့ကွင်းထဲတိုးဝင်နေမိသူက သားကောင်မဟုတ်တဲ့ မုဆိုးတစ်ယောက်ဖြစ်နေပါရောလား...

 

တီတီတီ....

 

"တစ်ခုခုဖြစ်လို့လား ''

 

အသံပိုင်ရှင်က မြတ်မင်းခန့်ရယ်ပါ အမှန်တော့ကျွန်တော်ရပ်နေသည်က သူရှိနေသော နေရာရဲ့မျက်နာချင်းဆိုင်လမ်းမ တစ်ဖက်တစ်ချက်မှာရပ်နေတာကြာသွား၍ သတိထားမိသွားသည်ထင်သည်...

နေရောင်ခြည်ကို အမြဲငေးမောရတဲ့နေကြာပန်းလိုမျိုး တိမ်လွှာရှင်းသည် မြတ်မင်းခန့်ကို အမြဲတမ်းငေးကြည့်နေရရင်တောင် မမောနိုင်ပါ တိုးလို့ရစ်လို့ ရင်မှာငြိတွယ်ကာ တိတ်တခိုးသာ သိမ်းထားရင်း ...

 

"ဘာမှမဖြစ်ဘူး ထွက်မလာနဲ့ ''

 

တံခါးတွန်းဖွင့်ကာလာဖို့ ပြင်နေတဲ့ မြတ်မင်းခန့်ကိုအမြန်တားလိုက်ရသည် အဝေးကမြင်နေရတာ အကြောင်းမရှိပေမဲ့ မျက်နှာချင်းဆိုင်ဖို့ ကျွန်တော့်တွင် ခွန်အားတစိုးတစိမှမရှိ... အချစ်ဆိုသည့်အရာကို မြည်းစမ်းခဲ့ချိန်ကပင် နာမည်လေးကြားရုံနှင့် ရင်တထိတ်ထိတ်နှင့်ခုန်နေရသည် အဝေးကနေတိတ်တခိုး ကြည့်ရတာကို သဘောကျပေမဲ့ တခါမှ မျက်နာချင်းဆိုင်ခဲ့တာမျိုးလည်းမရှိ...

အသံလေးကြားရရုံနဲ့တင် ရှိသမျှ ခွန်အားတို့ လဲပြိုဆင်းကာ အရာအားလုံးထားပစ်ချင်ခဲ့ပြီး ထိုအသံနောက်သို့ တည့်တည့်မတ်မတ် လိုက်သွားချင်သည်အထိ အချစ်ဦးသည် အလွန်တရာ အဆိပ်ပြင်းပါသည်

 

"ကော်ဖီဆိုင်မဖွင့်တော့ဘူးလား ''

 

မြတ်မင်းခန့် အသံတိုးတိုးလေးထပ်ကြားရသည် အမှန်အတိုင်းပြောရလျှင် ထိုအသံလေးများကို နားထောင်ချင်သည့်အချိန်ပြန်နားထောင်လို့ရအောင် အမြတ်တနိုးသိမ်းထားချင်မိသည်

 

"အင်း ငါပန်းချီပြန်ဆွဲတော့မလို့''

 

နှစ်ပေါင်းများစွာ သိမ်းထားသော ဝါသနာအပေါ်စုပုံရင်း အချိန်ကုန်ဆုံးစေခြင်းသာ အကောင်းဆုံးဆေးဖြစ်မည်ဟု ထင်မိသည်ဒီလိုနဲ့ပဲ အချိန်အတော်ကြာ ဖုန်းလည်းမချပဲ တစ်ယောက်နှင့်တစ်ယောက် အကြာကြီး ရပ်ကြည့်နေမိသည်အပြင်လူတစ်ယောက်ကြည့်လျှင်တောင် ပြောစရာအများကြီးရှိနေသည်ကို မပြောဖြစ်ကြပဲ မြိုသိပ်ထားကြသူနှစ်ယောက် မှန်း သိကြပါလိမ့်မည်

 

"ငါ လက်ထပ်တော့မယ် ''

"Thank for being my first love ''

 

သက်ပြင်းချသံ နှစ်ချက်အပြီး စကားနှစ်ခွန်းထပ်တူကျသွားသော်လည်း အဓိပ္ပါယ်ကတော့ လားရာတစ်စက်မှမတူ

 

"ဟင် အင်း ဂုဏ်ပြုပါတယ်

ငါမလာနိုင်ရင် ခွင့်လွှတ်... ''

 

ဆို့နစ်သွားသော ခံစားချက်ကိုမျိုချရင်း အတတ်နိုင်ဆုံးထိန်းကာ စကားပြန်ပြောခဲ့ပြီး တိမ်လွှာရှင်း ပြေးထွက်လာခဲ့သည်နောက်ဆုံးအချိန်ထိ ငါ့ခံစားချက်တွေကို မမြင်ခဲ့တဲ့ မင်းနိုင်ပါတယ် မြတ်မင်းခန့်အချစ်ဥိးအပေါ် နောက်ဆုံးအချိန်ထိ စိတ်မဖြတ်နိုင်ပဲ မျှော်လင့်ချက်ကြိုးမျှင်လေးတန်းခဲ့မိတဲ့ငါက အဆုံးထိရှုံးနေဆဲပါ...အဆိုးဆုံးကတော့ ရှိသမျှ ခွန်အားသုံးပြီး Thank for being my first love လို့ ဖွင့်ပြောခဲ့တာကို မသိချင်ယောင်ဆောင်ကာ ဘာမှမပြောပဲနဲ့ ရှိရင်းစွဲနေရာမှာပဲ နေနိုင်ခဲ့တာ မင်းနိုင်ပါတယ် မြတ်မင်းခန့် ...သေချာတာတစ်ခုကတော့ မြတ်မင်းခန့်ရဲ့ side ကို နောက်ဆုံးအချိန်ထိ တိမ်လွှာ မမြင်နိုင်ခဲ့ပါ

 

"မောင် ''

 

ဘယ်နှစ်ခေါက်မှန်းမသိ လဲပြိုခဲ့မိသော ဒီတစ်ခါတွင်တော့ အားနာစိတ် ရှက်ရွံ့စိတ်တို့ဖြင့် နာကျင်မှုကို ဆယ်ဆတိုးစေသည်ထင်ရသည်ဝေဝါးနေသည့်ကျွန်တော့်မျက်လုံးအစုံရှေ့တွင် မေ့ ကိုပင် ရှင်းရှင်းလင်းလင်းမမြင်ရသို့သော် ဒီတစ်ခါတော့ ကျွန်တော်ကျရှုံးမှုသည် ''မေ့ ''ရှေ့တွင် ရေစက်ရေမှုန်လေးကဲ့သို့..

 

"ငိုချလိုက် မောင်စိတ်ထဲမသိမ်းထားနဲ့မောင် နေလို့မကောင်းပဲ ဖြစ်နေမယ် ငိုသာချလိုက် မေ ရှိတယ်နော်''

 

မေ့ ရဲ့ တတွတ်တွတ်ရေရွတ်သံကြားရတာ လွမ်းငွေ့ဝေ ထံမှ အကြောင်းစုံကြားပြီးပြီထင်ပါသည်...တစ်စုံတစ်ယောက်မနာကျင်ဖို့ တစ်စုံတစ်ခုကို မလုပ်ဖို့ဆုံးဖြတ်လိုက်ခြင်းသည် အချစ် ဟုခေါင်းစဥ်တပ်ဖို့ လုံလောက်ပြီလား ကျွန်တော်မသိခင် တစ်စုံတစ်ယောက်ကတော့ ကျွန်တော့်ရဲ့ imperfections & perfections များကို မြတ်နိုးခဲ့ပြီး တတ်နိုင်သမျှ ထွေးပွေ့ခဲ့လေသည်

 

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ အချစ်လေပွေထဲမှာ ပိတ်မိနေတတ်ပြီး နာကျင်စရာများကို ရစ်တွယ်မက်မောတတ်ကြပါသည် တခါတရံ အဖြေမဲ့ပုစ္ဆာများကို အဖြေမဲ့သည့်အတိုင်း ထားသင့်ပြီး ယတိပြတ်ပြည်ဖုံးကားမချနိုင်ရင်တောင် အသားကျနေဖို့လိုပါလိမ့်မည်

 

………………………………………………………………………..

 

"တီ တီ…''

 

"သြစတေးလျ Flight Ticket ပါမြတ်မင်းခန့်

အားလုံးကနေရှောင်ပြေးသွားတော့လည်း ငါပဲလိုက်ခဲ့ပါမယ်

မောင်လေးကို တစ်ယောက်တည်းမထားချင်ဘူးလေ ''

ဆိုသည့် လျှာလေးတစ်လစ်ထုတ်ထားသည့် အီမိုဂျီနှင့် အချစ်ရဆုံးသူငယ်ချင်းလွမ်းငွေ့ဝေ

ဖမ်းဆုပ်ထားချင်သည့် အရာတစ်ခုကို ပြပါဆိုလျှင်တော့ အဖြူရောင်သံယောဇဥ်တစ်ခုသာ ကျန်မည်ထင်ပါသည်

ထပ်ပြီးတော့ ဘယ်အရောင်ကိုမှအရောင်မဆိုးချင်မိတာမို့

 

သူပြောသလိုပါပဲ တခြားအရာများထက်ကိုယ့်နှလုံးသားကို မလိမ်ညာချင်တာကြောင့် မသေချာသေးသည့်တွယ်ဖက်ထားချင်သည့်သံယောဇဥ်အမျှင်များကို ဖြတ်တောက်ခဲ့ ပြီး အားလုံးနှင့်အဝေးတနေရာတွင်နှလုံးသားကို နစ်မြုပ်လျက် နေထိုင်ခဲ့သည်မှာ အချိန်ကြာမြင့်နေလေပြီ

 

တီ တီ

 

ဒီတစ်ခါတော့ လွမ်းငွေ့ဝေ ထံမှ … Call me back ဆိုသော မယ်မင်းကြီးမ ကြောင့် စိတ်ရှည်ရှည်နှင့် ပြန်ခေါ်လိုက်ရပါသည် ..

 

"Hey ကိုရှင်း ငါပြောစရာရှိ…''

 

"အင်း...ပြော''

 

"မြတ်မင်းခန့် ဘာကြောင့်လဲမသိဘူး လက်ထပ်ပွဲ ကိုဖျက်လိုက်တယ်တဲ့ ''

 

"ဟုတ်လား''

 

အရင်ကထက်တည်ငြိမ်သော လေသံနဲ့ပြန်ဖြေလိုက်တာမို့ ကိုယ့်ကိုယ်တောင် အံ့သြမိသွားသည် သူနဲ့ပတ်သတ်လာလျှင် အမြဲ ကတုန်ကယင် နဲ့မဟုတ်လား

 

"နင် အခုဘယ်လိုနေလဲ သူ့ကိုသတိရသေးလား''

 

"သတိမရတော့ဘူး ပြောရင် ငါလိမ်တာပေါ့ဒါပေမဲ့ အချစ်ဦးဆိုတာ အိပ်မက်တစ်ခုလိုမျိုးပဲ လွမ်းဆွေးနာကျင်စရာတွေနဲ့ပြည့်နှက်နေတဲ့ ပုံပြင်တစ်ပုဒ်...အရမ်းနှစ်သက်သဘောကျပေမဲ့ နောက်တစ်ခေါက် ထက်မဖတ်ချင်တော့တဲ့ ပုံပြင်လေးပါပဲ ''. ..

 

"အချစ်ဦးဆိုတာ နာကျင်စရာအတိတ်ရဲ့ နှစ်သက်ဖွယ် အမှတ်တရ တပိုင်းတစ ပါပဲ အကြောင်းတိုက်ဆိုင်လို့ တွေးမိတဲ့အခါ စဥ်းစားပြီးရင် ပျောက်ကွယ်သွားတာမျိုး ...မချစ်ဘူးလားမေးရင် တော့ သေလောက်အောင်ချစ်ခဲ့တာပေါ့ ဒါပေမဲ့ မှတ်ဥာဏ်အနေနဲ့ပဲ ''

 

………………………………………………………………………..

 

 

ကိုယ်တိုင်ရေးဆွဲထားတဲ့ ကျွန်တော့်ရဲ့ပန်းချီကားလေးတွေက ကျွန်တော့ရဲ့ ကိုယ်ပိုင် ကော်ဖီဆိုင်ကလေးရဲ့ နံရံလေးတွေထက်မှာ နေရာယူထားတယ်ကျွန်တော်နဲ့နေရပ်နေတဲ့ ဆုံမှတ်ကလေးက ပန်းချီကားလေးထဲမှာ ဘတ်စ်ကားမှတ်တိုင်တစ်ခုဘေးနား မှာ ခေါင်းငိုက်စိုက်ပြီး တစ်ခုခုကို ရပ်စောင့်နေတဲ့ကောင်လေးတစ်ယောက်မြူခိုးတွေဝေနေတဲ့ကောင်းကင်အောက်က အဖြူရောင်ကောင်ကလေးပန်းချီကားထောင့်စွန်းအောက်က စကားစုတစ်စုကတော့

 

"အဖြေမဲ့ပုစ္ဆာ'' တဲ့

 

(Bl,normal ဟူ၍ ရည်ညွှန်းရေးသားခြင်းမဟုတ်ပဲ စာရေးသူ၏ ခံစားချက်တပိုင်းတစကို လူတိုင်းတွင်ပုံစံမျိုးစုံဖြင့်  တည်ရှိတတ်သော အချစ်ဦးအချစ်ကို

ဖော်ညွှန်းလို၍ဇာတ်အိမ်တည်၍ရေးသားထားခြင်းကြောင့် အမှားတစ်စုံတစ်ရာပါပါက စိတ်တိုင်းမကျပါက တောင်းပန်အပ်ပါသည်ရှင်)

 

 



Zawgyi


ဒီဇင္ဘာလရဲ႕ေဆာင္းေလညႇင္း တခ်ိဳ႕က ကြၽန္ေတာ့အခန္းရဲ႕ လိုက္ကာစကို ကခုန္သြားေစ၏...မေသမသပ္ ညိဳ႕မႈိင္းမႈိင္းကင္းဗတ္စေပၚက စုတ္ခ်က္ေတြလည္း ေျခာက္ေသြ႕ေနေလရဲ႕.... နီယြန္ေရာင္အိပ္ခန္းမီးေလးေအာက္မွာ ကိုရီးယား pianist Yiruma ရဲ႕ Kiss the rain song ကို အသံအဆုံးထိဖြင့္ထားတယ္...တီးလုံးသံၾကားထဲ လြင့္ေမ်ာလ်က္ ဝိုင္တစ္ခြက္ကို လက္ထဲကိုင္ထားမိေပမဲ့ ထုံက်င္လာသည္အထိ မျမည္းစမ္းႏိုင္ခဲ့ဘူး...


အမွန္တကယ္ ကြၽန္​ေတာ့္ရဲ႕ မ်က္လုံးအစုံက ဝါက်င့္က်င့္ဒိုင္ယာရီအေဟာင္းထက္မွာ ...ေဝခြဲမရတာထက္ စာရင္ ႐ူးမိုက္ခဲ့တာလို႔ ေျပာရမယ္ ပင္လယ္ျပင္ထဲက်ေပ်ာက္သြားတဲ့ပစၥည္းရွာသလို အေျဖကို ရွင္းရွင္းလင္းလင္းျမင္ေနရတဲ့ ပုစာၦတစ္ခုကို မက္တြယ္မိဖူးတယ္... ဒီလိုနဲ႔ပဲ အတိတ္မွာရစ္တြယ္ခဲ့မိဖူးတဲ့ ကြၽန္ေတာ္ကစာ႐ြက္တခ်ိဳ႕ကို လြင့္ပ်ံသြားေစတဲ့အခါ.....


 


ရင္းႏွီးေနေသာခံစားခ်က္တစ္ခ်ိဳ႕သည္ တြန္းတိုက္ကာ က်ီစယ္ေန၏ ...ႏွလုံးသား အားစုတ္ၿဖဲထားသလိုနာက်င္ရေသာ ခံစားတခ်ိဳ႕သည္ ၿပဳံးျပေနသည္...ေျခမြထား၍ တြန္႔ေၾကေနေသာ စကၠဴတစ္႐ြက္လို ကြၽန္ေတာ့္ဝင္သက္ထြက္သက္မ်ားသည္ မွားယြင္းေနသည္... ပိန္းပိတ္ေအာင္ မဲေမွာင္ေနေသာ ဒီျမဴခိုးတိမ္တိုက္မ်ားၾကားတြင္ အသက္မဲ့ေနေသာအ႐ုပ္တစ္႐ုပ္လို ...အမွန္ အမွားမခြဲျခားႏိုင္ေသာ အ႐ူးတစ္ေယာက္လို... အရႈံးမ်ားစြာ ေပြ႕ပိုက္ေနခဲ့သလား ကြၽန္ေတာ္ကပဲ အႏိုင္ယူခဲ့လား မကြဲမျပားႏွင့္... ကြၽန္ေတာ္သည္ ေန႔မွန္းမသိ ညမွန္းမသိ အျဖဴေရာင္လဟာျပင္တြင္ အသိစိတ္တို႔မဲ့ကာ ေမ့ေမ်ာလ်က္....


 


ရပ္မေနနဲ႔ မျမင္သြားေစနဲ႔ လို႔တိတ္တဆိတ္သာကိုယ့္ကိုယ္ကို သတိေပးရင္း ကိုယ္ေစရာမနာခံေတာ့တဲ့ ေျခတစ္စုံက ဒီေနရာမွာ ေကာ္နဲ႔ကပ္ထားသလို ၿမဲၿမံေနလို႔ ...


ခ်စ္လွစြာေသာ ဒီလူသားတစ္ေယာက္ ကိုယ့္ေရွ႕ေရာက္လာျခင္းဟာ ကံၾကမၼာတစ္ခုသာဆိုလွ်င္ အသည္းေပါက္ေအာင္စူးစူးနစ္နစ္ခ်စ္ခဲ့မိေအာင္ ၾကည့္မိခဲ့ေသာ ကိုယ့္မ်က္ဝန္းတစ္စုံကသာ အျပစ္ျဖစ္ပါလိမ့္မည္ ...


 


ခိုးဝွက္ကာသိမ္းထားရေသာ သူ႔ရဲ႕ပုံရိပ္ဟာ ကိုယ့္ရင္ဘတ္ထဲမွာ အခ်ိန္အေတာ္ၾကာေအာင္ စြဲထင္ေနခဲ့သည္ ငယ္ငယ္ကတည္းကခ်စ္ခဲ့ရ၍ ကေလးတစ္​ေယာက္ရဲ႕ ပုံရိပ္ဆိုသည့္တိုင္ ေတြးမိတိုင္းမေျပာင္းလဲ...သီခ်င္းတစ္ပုဒ္ကို ႀကိဳက္ၿပီဆို ဖန္တလဲလဲနားေထာင္ၿပီး fav list မွ ထုတ္ပစ္ခဲ့ေသာ ကိုယ္သည္ သူ႔ ကိုေတာ့ အႀကိမ္ႀကိမ္ေမးလိုက္တိုင္း ေခါင္းညိတ္ရစၿမဲ ...


 


ဘာကိုမွ အစြဲအလမ္းမႀကီးတတ္ေသာ ကိုယ္ သည္ ဒီလူသားေရွ႕တြင္အႀကိမ္ႀကိမ္အခါခါ ၿပိဳလဲရသည္ ...မ်က္ဝန္းေလးမ်ားဆုံေတြ႕မိလွ်င္ မေနတတ္မထိုင္တတ္ေအာင္ အၾကည့္လႊဲရသည္ အႀကိမ္ႀကိမ္အခါခါ စိတ္ကူးႏွင့္ခိုးနမ္းရေသာ ထိုမ်က္ဝန္းနက္နက္ကေလးမ်ားအား တစ္ေန႔မွမေတြ႕ရလွ်င္ျဖင့္ မေနႏိုင္ခဲ့....


 


ေ႐ြ႕လ်ားေနေသာ ရာသီစက္ဝန္းကေလးမ်ားသည္ ကြၽန္ေတာ့္၏ နာက်င္မႈမ်ားကို ေျဖသိမ့္ဟန္ရွိသည္ ...ဒဏ္ရာေတြ က်က္လား မက်က္လား မသိခင္ ကြၽန္ေတာ္အေျဖလည္းမရွာခဲ့... မိုင္ေပါင္းမ်ားစြာေဝးကြာေတာ့လည္း ေဝးကြာသည့္အတိုင္းပင္ေနခဲ့သည္ ေနျမင့္ေအာင္႐ူးခဲ့ရသည့္ ထိုအခ်စ္ဦးသည္ လြန္စြာမွ ျပဳစားႏိုင္ေအာင္ အဆိပ္ျပင္းပါသည္ ...


 


တစ္စုံတစ္ေယာက္က ဘာေၾကာင့္ သေဘာက်လဲေမးခဲ့လွ်င္ ဒီေမးခြန္းအတြက္ ကြၽန္ေတာ့္မွာအေျဖမရွိပါ... ထူးျခားေသာအေၾကာင္းအရင္းတသီးတသန္႔မရွိပါပဲလ်က္ ''ျမတ္မင္းခန္႔'' ဆိုေသာ လူသားကို ဟိုးအရင္ ကြၽန္ေတာ္ေဘးနား စာလာသင္တည္းက တိုးတိတ္စြာသေဘာက်မိရသည္ ...


 


အသားအရည္ညိဳစိမ့္စိမ့္ ႏွင့္စူးရွေတာက္ပသည့္မ်က္ဝန္းအစုံကိုပိုင္ဆိုင္ထားေသာ  ျမတ္မင္းခန္႔ သည္ စကားေျပာနည္းသူျဖစ္ေသာ္လည္း သူ႔အသံကို ႏွစ္သက္မိသည့္ကြၽန္ေတာ္ကေတာ့ သူစကားေျပာလာရန္ ေပါက္ေပါက္ေဖာက္သလိုစကားေျပာေလ့ရွိသည္ ...ထိုအခ်ိန္တည္းက'' ​​​ျမတ္မင္းခန္႔ ''သည္ ''တိမ္လႊာရွင္း ''ရဲ႕ ႏွလုံးသားထဲမွာ ကမၺည္းထိုးထားေသာ  ပိုင္ရွင္တစ္ေယာက္ကဲ့သို႔....


 


"ေမာင္ ''


ေမ့အသံ ေမလည္းမရွိပါဘဲလ်က္ ေမ့ အသံၾကားေနရသည္ပါလား


ကြၽန္ေတာ္လြမ္းေနရေသာ ေမ့ အသံကို


ေမ အနားမွာမရွိပါဘဲလ်က္ ၾကား​ေယာင္ေနရသည္ ကြၽန္ေတာ္ ခ်စ္ေသာ ေမ့ ကိုထားၿပီးတျခားတစ္​ေယာက္ကို ၾကည့္ေနမိေသာ ကြၽန္ေတာ့္ကို ေမ စိတ္ဆိုးေနမလား...


 


သတိဝင္လာၿပီးေနာက္ ေယာင္နနႏွင့္တစ္စုံတစ္ေယာက္ရဲ႕ ေနာက္ေက်ာကို ခိုးၾကည့္ေနရမွ ျပန္လွည့္လိုက္မိသည္


"တိမ္လႊာရွင္း ''ဆိုေသာ ကြၽန္ေတာ္သည္ သာမန္ဆင္ေျခဖုံးရပ္ကြက္ကခပ္ေတေတ ေကာင္ေလးတစ္ေယာက္ျဖစ္ခဲ့ဖူးၿပီး ေမွာင္မိုက္ေန​ေသာ ဘဝထဲတြင္ အသက္ရွင္ေနရသူ တစ္ေယာက္...ငယ္ငယ္က ဆိုလွ်င္ မိသားစု အေျခအေနမ်ားက အဆင္မေျပေတာ့ တစ္ေယာက္တည္းေနရသည္မွာ မ်ားသည္ ...ပိုက္ဆံသာရွိၿပီး ေမတၱာငတ္ေနေသာ တိမ္လႊာရွင္း၏ ဘဝတြင္ သူငယ္ခ်င္းမ်ားသာ ရွိေနေသာ္လည္း ေရာေရာေႏွာေႏွာ မေနတတ္သည့္အက်င့္ေၾကာင့္ ဘယ္သူႏွင့္မွေပါင္းလို႔ မရပဲ ေယာက်္ားေလးဆန္ဆန္ ေနတတ္ေသာ ''လြမ္းေငြ႕ေဝ'' ဆိုသည့္ သူငယ္ခ်င္းမေလး တစ္ေယာက္သာ ရွိသည္... ျမတ္မင္းခန္႔ကေတာ့ မဖိတ္ေခၚပဲ သူ႔ဘဝထဲဝင္ေရာက္လာသည့္ ဧည့္သည္တစ္ေယာက္...


 


အခ်ိန္ကာလအေတာ္ၾကာ ေမြးရပ္ေျမကို ေရွာင္ေနမိေသာ ကြၽန္ေတာ္သည္ ကြၽန္ေတာ့္ ေမေမ အၿမဲတမ္း စိတ္ႏွစ္ကာ ျပင္ဆင္ခဲ့ေသာ ဒီေကာ္ဖီဆိုင္ထဲေျခခ်မိသည္ႏွင့္ ဆယ္ႏွစ္တာေအးခ်မ္းတည္ၿငိမ္မႈမ်ား ေပ်ာက္ဆုံးရသည္…


 


ဟိုးအရင္တိုင္းပဲ ဘာမွမေျပာင္းလဲပါ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာသည့္တိုင္ကြၽန္ေတာ္ခ်စ္ရေသာ ျမတ္မင္းခန္႔ ၏ မ်က္ဝန္းအစုံသည္ စူးရွေတာက္ပေနဆဲ... သူ႔မ်က္ဝန္းသည္ ေတာ္ေတာ္ညိဳ႕ခ်က္ျပင္းလွသည္ဆိုရမည္ ႏႈတ္ခမ္းနီမေလးေတြအႀကိဳက္မ်က္ဝန္းျပာမ်ားမရွိေသာ္လည္း မ်က္ဝန္းညိဳညိဳေလးမ်ား၏ အၾကည့္ေအာက္မွာ ကြၽန္ေတာ္ကေတာ့ျဖင့္ အႀကိမ္ႀကိမ္က်ဆုံး အရႈံးေပးကာ အၾကည့္လႊဲရပါသည္... ဟိုးအရင္ကဆိုလွ်င္ေတာ့ ခိုးခိုးၾကည့္ရသည့္ ထိုမ်က္ဝနး္ကေလးမ်ားႏွင့္ဆုံမိလွ်င္ မၾကည့္ဝံ့သျဖင့္ မ်က္ႏွာလႊဲရေပမဲ့ ဒီေန႔ေတာ့ အၾကာႀကီးျပန္လည္စိုက္ၾကည့္ေနမိပါသည္ ထိုခြန္အားမ်ားလည္း ဘယ္ကေပၚေပါက္လာမွန္းကြၽန္ေတာ္မသိ ေသခ်ာတာတစ္ခုကေတာ့ ကြၽန္ေတာ္က သူ႔အတြက္ဆို အရႈံးသမားတစ္ေယာက္သက္သက္...


 


ဆယ္ေက်ာ္သက္တို႔အခ်စ္ဦး ကို႐ူးၾကခ်ိန္ ကြၽန္ေတာ္ေတာ့ ျမတ္မင္းခန္႔ကို ႐ူးခဲ့သည္ ...ပထမဦးဆုံး စေတြ႕မိေသာ အခ်ိန္က အဝါေရာင္စြပ္က်ယ္ေလးႏွင့္ အသားေရာင္ေဘာင္းဘီကိုဝတ္ထားေသာ ကေလးသာသာ ပုံရိပ္သည္ပင္ မွတ္ဉာဏ္ထဲမွာ မသိမသာသိန္းထားမိေသးသည္... ေယာက်္ားေလးတစ္ေယာက္ကို ေယာက်္ားေလးတစ္ေယာက္က သေဘာက် ျခင္းကို အေျခာက္ ဟု ေခါင္းစဥ္တပ္လွ်င္ ကြၽန္ေတာ္သည္ ေယာက်္ားတိုင္းကို သေဘာမက်တတ္ပဲ ျမတ္မင္းခန္႔တစ္ေယာက္တည္းကိုသာ သေဘာက်သည္မို႔ ေခ်ပစရာအေျဖမရွိ...


 


ေျပာင္းလဲလာသည့္ရာသီအလီလီမွာ ကြၽန္ေတာ္ကေတာ့ ျမတ္မင္းခန္႔ကို တိုး၍ တိုး၍ သေဘာက်ရသည္...ခ်စ္မိသြားသည္က ဘယ္အခ်ိန္ကလဲ ေမးလွ်င္မေျဖတတ္ေတာ့ေသာ ကြၽန္ေတာ္သည္ ျမတ္မင္းခန္႔ မိန္းကေလး အေပါင္းအသင္းမ်ားႏွင့္ ေရာေထြးေနသည္ကို မႏွစ္သက္သည္ကေတာ့အမွန္...သို႔ေသာ္ ကြၽန္ေတာ္ႏွင့္ဆိုလွ်င္


သူငယ္ခ်င္းရယ္လည္း မဟုတ္ ရင္းရင္းႏွီးႏွီးလည္း မရွိပဲ ေမးထူးေခၚေျပာ ဆက္ဆံေရးတြင္ လိုလားစြာ ရင္ခုန္မိပါသည္


 


တိမ္လႊာရွင္း ကိုယ္တိုင္ေရးထားေသာတစ္ဖတ္သတ္ဇာတ္လမ္းထဲ


တြင္ ဇာတ္​ေဆာင္ကျဖင့္ တိမ္လႊာရွင္း တစ္ေယာက္သာပါမည္ထင္တယ္ ျမတ္မင္းခန္႔ဆိုေသာ ဇာတ္ေကာင္မွာ တိမ္လႊာကိုယ္တိုင္ပင္ အလုံးစုံမသိႏိုင္ေသာ လႈိ႕ဝွက္ေသာပန္းခ်ီကားတစ္ခ်ပ္သာသာ ျဖစ္ပါလိမ့္မည္ စာေရးဆရာ ဆုျခည္ကို၏ ''Expect'' ထဲက ခ်စ္ျခင္းမ်ိဳးျဖင့္ ခ်စ္ေနပါသည္ဆိုသည့္တိုင္ တိမ္လႊာရွင္းဆိုသည္မွာ Lowkey သီခ်င္းထဲက မေရရာသည့္ေမွ်ာ္လင့္ခ်က္ အရိပ္ေနာက္က ဇာတ္ေကာင္သက္သက္...


 


"ေယာက်ား္ခ်င္းႀကိဳက္တယ္တဲ့လား အဆင့္အတန္းမရွိလိုက္တာ " ျမတ္မင္းခန္႔ ၏ ႏႈတ္ဖ်ားမွ တစ္စစီ ထြက္လာတဲ့စကားသံတခ်ိဳ႕ ကြၽန္ေတာ္မယုံႏိုင္သလို ယုံၾကည္ဖို႔အားမရွိခဲ့ ကြၽန္ေတာ့္မ်က္နာကို ေစ့ေစ့ၾကည့္ၿပီး ခ်စ္ရသူ၏ ႏႈတ္ဖ်ားမွ ထြက္လာေသာ ထိုစကားလုံးတို႔ကို ရင္ဆိုင္ဖို႔ ကြၽန္ေတာ္ ခြန္အားမျပည့္စုံပါ ေလဟာနယ္ထဲေရာက္သြားသလိုခံစားခ်က္မ်ိဳးနဲ႔ ကြၽန္ေတာ္ရင္ဘတ္အစုံက မြန္းက်ပ္လို႔ေနပါသည္ တုံ႔ျပန္ဖို႔ စကားလုံးမရွိသလို ေျဖရွင္းခ်က္ေပးဖို႔လည္း မရွိ...


 


ကြၽန္ေတာ့္ရဲ႕ ေျခအစုံက ​သူ႔​အေရွ႕မွာ ဒူးေထာက္လ်က္


တိမ္လႊာရွင္းသည္ ျမတ္မင္းခန္႔ႏွင့္ပတ္သတ္လာလွ်င္


ႏွစ္ခါမေတြးရေအာင္ အရႈံးသမားျဖစ္ေနတာမ​်ိဳး...


 


ျမင္ေနရသည့္ျမတ္မင္းခန္႔ မ်က္ႏွာက မျပတ္သားပဲ ေဝဝါးေနသည္ အညိဳးႀကီးစြာ ပြင့္အ လာေသာ စကားလုံးမ်ားကို ျပန္လည္ေခ်ပဖို႔ရာ ကြၽန္ေတာ့္အသံကထြက္မလာ...ေလးနစ္ေနေသာအရာတစ္ခုတစ္ဆို႔ေနသလို ကြၽန္ေတာ့္လည္ေခ်ာင္းမွ အသံကိုထြက္မလာေစပဲ ပူျပင္းျပင္းခံစားခ်က္တစ္ခ်ိဳ႕ကို ၿမိဳခ်ေနရသည္ မြန္းၾကပ္မႈက တိုးလာသလို အသက္ရႉသံေတြရပ္သြားၿပီပါထင္ရသည္ အရာအားလုံးက ျမဴခိုးထဲ ရစ္ေထြးေနသည့္ဝယ္ ဝိုးတဝါးႏွင့္...


 


ေရာေထြးေနသည့္အရာမ်ားကို ကြၽန္ေတာ္မုန္းသည္ ...အေျဖရွာမရေသာ ပုစာၦမ်ားကို ကြၽန္ေတာ္မုန္းသည္... သို႔ေသာ္ျမတ္မင္းခန္႔အတြက္ သီးသန္႔ဖန္တီးထားေသာ အခ်စ္ဝဲဂယက္ထဲတြင္ အေျဖရွာမေတြ႕ပဲ တဝဲလည္လည္ ျဖစ္ေနရသည္ကိုေတာ့ ကြၽန္ေတာ္ ႏွစ္သက္ခဲ့ဖူးသည္... မပိုင္ဆိုင္ရလည္း ျဖစ္သည္ဟုအခ်စ္ကို တျခားသူတို႔အဓိပၸါယ္ဖြဲ႕ဆိုၾကခ်ိန္တြင္ ေလွာင္ရယ္ခဲ့ေသာကြၽန္ေတာ္သည္ ဒီလူသားကိုေတာ့ တည္ရွိမႈကေလးကို သိရသည္ကိုပင္ ရင္တထိတ္ထိတ္ခုန္ကာ ေပ်ာ္႐ႊင္ေနရသည္အထိ ႐ူးခဲ့ဖူးပါသည္...


 


မလွပေသာအတိတ္ကို နာက်င္စြာ တမ္းတမိေသာ ကိုယ့္ကိုယ္ကို သိပ္မုန္းလွသည္တြင္ သူရွိရာအရပ္သို႔ မ်က္ႏွာမူမိသည္ႏွင့္ ဟိုးအရင္ကအတိုင္း လတ္လတ္ဆတ္ဆတ္ႏိုးထလာေသာ ခံစားခ်က္မ်ားကို ဥေပကၡာျပဳမိသည္... အမွတ္သည္းေျခမရွိေသာ သူတစ္ေယာက္ကဲ့သို႔ ဒဏ္ရာမ်ား ထိုးႏွက္ခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနေသာ ကြၽန္ေတာ့္ ႏွလုံးသားအ႐ိုင္းေလးသည္ ခံႏိုင္ရည္မရွိသည့္ၾကားမွ တစ္ဖက္လူလက္ခံလား လက္မခံလား မသိဘဲ နာက်င္မႈသာ အေျဖထြက္ေနေသာ အခ်စ္ကို ႐ူးမိုက္စြာျမည္းစမ္းခဲ့ခ်င္ဖူးသည္...


မေရရာ မေသခ်ာေသာ unseen questions မ်ားကို ေျဖရမွာ မုန္းလွပါသည္


 


ဘယ္အရာက ကြၽန္ေတာ္တို႔ကိုေဝးကြာေစခဲ့တာလဲ အေျဖရွာမရ...


ဘယ္ေနရာက စၿပီးမွားယြင္းခဲ့မိတာလဲ ကြၽန္ေတာ္မသိခဲ့ ...ငယ္သူငယ္ခ်င္းျဖစ္သည့္အေလ်ာက္ အခ်ိန္တစ္ခုထိကြၽန္ေတာ္တို​့ ရင္းရင္းႏွီးႏွီးရွိခဲ့ေသးသည္ စေနာက္ရယ္ႏွင့္ တကယ့္သူငယ္ခ်င္းမ်ားကဲ့သို႔... ေယာက်္ားေလးခ်င္းမို႔ ျမတ္မင္းခန္႔


သတိမမူမိတာဆိုေတာ့လည္း မဟုတ္ႏိုင္ပါ တစ္စုံတစ္ခုကိုလိုခ်င္ၿပီဆို အတၱမႀကီးပဲ အစအရာရာေတြးေတာဆင္ျခင္မိေသာ ကြၽန္ေတာ္သည္ သူ႔၏ bff တစ္ေယာက္ကို ထိုအေၾကာင္းေတြရင္ဖြင့္ဖူးပါသည္  အနည္းဆုံးေတာ့ ျမတ္မင္းခန္႔ဆိုေသာ လူသားက ကြၽန္ေတာ့ ပထမဦးဆုံး အခ်စ္ဦးျဖစ္သည္ကို ခန္႔မွန္းမိေလာက္ပါသည္...


 


အမွန္စင္စစ္ တိမ္လႊာရွင္း ဆို​ေသာကြၽန္ေတာ္သည္ သူ႔ကို အသည္းေပါက္ေအာင္ခ်စ္ျမတ္ႏိုးၿပီး အနားမွာထားခ်င္လွသည္... မာနေတြခ်နင္းၿပီး တံတိုင္းေတြရဲ႕အလြန္မွာ သူ႔ကိုဖြင့္ေျပာကာ သူ႔မ်က္နာ တစ္ခ်ိန္လုံးထိုင္ၾကည့္ခ်င္သည္... ဂ်စ္ကန္ကန္ႏွင့္ ထိုလူသား စိတ္ညစ္ေနလွ်င္ အတတ္ႏိုင္ဆုံးေထြးေပြ႕ၿပီးဟာသေတြေျပာကာ ကမၻႀကီးကို ေမ့ထားေစခ်င္သည္ ကြၽန္ေတာ္ဆိုသည့္ေကာင္ေလးက ရွိသမွ်ရင္းၿပီး အရာအားလုံးေမ့ကာ ျမတ္မင္းခန္႔ ထံေျပးထြက္ၿပီး ခစားခ်င္တာမ်ိဳး...


 


သို႔ေသာ္ အရာအားလုံးအဆင္ေျပေနလ်က္ႏွင့္ ကြၽန္ေတာ့္ရဲ႕ တစ္ဖတ္သတ္အခ်စ္ကို အဆင့္မရွိဘူး ဆိုေသာ စကားမ်ိဳးေျပာၿပီးႏွိမ္ခ်လိုက္ျခင္းကိုေတာ့ ေသေလာက္ေအာက္မုန္းပါသည္


 


မသိခ်င္ေယာင္ေဆာင္ၿပီး သူငယ္ခ်င္းအေနနဲ႔ပဲ ေနဖို႔ကို အစတည္းက ကြၽန္ေတာ္ကေ႐ြးခ်ယ္ခဲ့ၿပီးသားပါ မပြင့္လင္းေသးတဲ့ ေလာကႀကီးထဲမွာ သူက ဘာေတြကို မာနထားၿပီး ကြၽန္ေတာ့္ရဲ႕ အခ်စ္ကို ေစ်းခ်လိုက္တာလဲဆိုတဲ့ ေမးခြန္းရဲ႕ အေျဖကိုေတာ့ ကြၽန္ေတာ္သိခ်င္လွသည္ သို႔ေသာ္ သို႔ေသာ္ သူနဲ႔ေတာ့ မေတြ႕ခ်င္ပါ...သူေျပာခဲ့ေသာစကားကိုလည္း ကြၽန္ေတာ္ကိုယ္တိုင္ၾကားရျခင္း မဟုတ္ခဲ့...


 


ကြၽန္ေတာ့္ကိုဖုန္းဆက္ႏႈိးေသာ ေမ့ဖုန္းသံ ၾကားေတာ့ မက္ေနဆဲအိပ္မက္လား ပုံရိပ္လား မသဲမကြဲ ၾကားမွ ကြၽန္ေတာ္ႏိုးထသည္


""ေနေကာင္းေအာင္ေနေနာ္ ေမာင္ အေဝးမွာေနရတာ ပင္ပန္းေပမဲ့သည္းခံလိုက္ဦးေနာ္ " ေမ့ ၏ အသံတိုးလ်လ်တြင္ ကြၽန္ေတာ္ရင္ခုန္မိပါသည္... ေမ သည္ ေမွးမွိန္ေနေသာ ကြၽန္ေတာ့ဘဝကို အလင္းေပးသူ... ေမ သည္ ပိန္ပိန္ေသးေသးကေလး သို႔ေသာ္လည္း ေမ ႏွင့္ ဆုံခဲ့သည့္ ငါးႏွစ္တာကာလအတြင္းတြင္ စကားေလးတခြန္းေျပာလိုက္႐ုံႏွင့္ ကြၽန္ေတာ္က်ဆုံးပါသည္ ၿပဳံးဖို႔ ေမ့ေနခဲ့မိေသာ ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္ေစခဲ့ေသာ ေမ့ ရဲ႕ မ်က္ႏွာဝိုင္းဝိုင္းေလးထက္မွာ အၿပဳံးပန္းကို ထာဝစဥ္ ျမင္ေတြ႕ႏိုင္ဖို႔ လူတိုင္း၏ ေပ်ာ္႐ႊင္မႈတိုင္းကို ခိုးလို႔ရရင္ ခိုးယူခ်င္မိသည္အထိ ...


 


"ေမ သည္ ကြၽန္ေတာ့္ဘဝအလင္းေရာင္''


 


ကြၽန္​ေတ့္ာေမေမ၏ ေကာ္ဖီဆိုင္ကေလးသည္ ေသးငယ္ေယာင္ေပၚေသာ္လည္း သပ္သပ္ရပ္ရပ္ကေလးႏွင့္ လူတိုင္း ေကာ္ဖီဝင္ေသာက္က စကားစျမည္ ေျပာရန္ နားခိုရန္ ႏွစ္သက္ၾကသည္... အရာရာကိုစူးစမ္းခ်င္ၾကေသာ ဆယ္ေက်ာ္သက္မ်ားအတြက္ ကိုယ္တိုင္ေကာ္ဖီေစ့ ကို ႀကိတ္ႏိုင္ရန္ ေနရာကေလးလည္း ေမေမ ကျပဳလုပ္ေပးထားသည္... အသက္အ႐ြယ္အားျဖင့္ အနည္းငယ္ႀကီးေသာ္လည္း လူငယ္အႀကိဳက္ ဆိုင​္ခန္းအျပင္အဆင္ကို ေမေမ ကိုယ္တိုင္ လုပ္ထားသည္ ေခတ္လူငယ္အႀကိဳက္ nude color ဟုေခၚေသာ အေရာင္ေဖ်ာ့ေဖ်ာ့ကေလးမ်ားျဖင့္ ပရိေဘာဂမ်ားကို ေသခ်ာေနရာခ် ၿပီး စားပြဲခုံေလးမ်ားကိုလည္း အဝိုင္းတစ္မ်ိဳး ေလးေထာင့္ တစ္ေနရာျဖင့္ ေသေသခ်ာခ်ာေ႐ြးခ်ယ္ထားသည္ ေ႐ႊအိုေရာင္မီးဆိုင္းကေလးမ်ားကိုလည္း ေနရာအႏွံ႔ဆင္ထားၿပီး ပန္းခ်ီကားသိပ္ႀကိဳက္ေသာေမေမသည္ ျပည္တြင္းျဖစ္ artists မ်ား၏ လက္ရာအစုံကို ခင္းက်င္းထားတတ္သည္... ငယ္ငယ္တည္းက ေဖေဖ ႏွင့္ ဆက္ဆံေရးအဆင္မေျပပဲ ပိုက္ဆံပဲ ေပးထားကာ သားသမီးေမတၱာမေပးႏိုင္ေသာ အေဖျဖစ္သူအစား ေမေမ့ကို ဂ႐ုစိုက္ဖို႔ သူတာဝန္ယူရျပန္သည္


 


 


"နင္...အဆင္ေျပရဲ႕လား ကိုရွင္း''


အသံေၾကာင့္ ေခါင္းငုံ႔ေနရာမွ ေမာ့ၾကည့္မိသည္ လြမ္းေငြ႕ေဝ နဲ႔ ေတြ႕ဖို႔ခ်ိန္းထားၿပီး သူ႔ ေရွ႕တြင္ ေငးမႈိင္ေနသည္ကို အားနာမိသည္


သူမသည္ ကြၽန္ေတာ့္၏တစ္ဦးတည္းေသာ မိန္းကေလး ငယ္သူငယ္ခ်င္းျဖစ္ေသာ္လည္း ညီမေလးအရင္းကဲ့သို႔တန္ဖိုးထားရသူ တစ္ေယာက္ပင္ ေမြးရပ္ေျမျပန္ေရာက္တာအနည္းငယ္ၾကာေလေတာ့ အသားက်လာၿပီထင္ရခ်ိန္ ​ေဝ ့ကိုဆက္သြယ္မိသည္ ​ကြၽန္ေတာ့္အေၾကာင္းျဖစ္ေၾကာင္းကုန္စင္သိေလသူမို႔ ေစာေစာမဆက္သြယ္ခဲ့ျခင္းကိုပင္ အျပစ္တင္ေလသည္ သူႏွင့္အတူ ထိုင္ဝိုင္းေလးတစ္ခုမွာ ဝင္ထိုင္ရင္း ...


 


ေရွ႕မ်က္နာခ်င္းဆိုင္မွ ျမတ္မင္းခန္႔ ၏ လႈပ္ရွားမႈကို သတိလက္လြတ္ေငးေမာမိျပန္သည္ ...အေဖဆရာဝန္ အေမဆရာဝန္ ႏွင့္ ဆရာဝန္မိသားစုမွ ျမတ္မင္းခန္႔ကို ဆရာဝန္ျဖစ္လာလိမ့္မည္ဟု ေတြးထင္မိခဲ့ေသာ္လည္း လက္ရွိတြင္မူ သာမန္ဘြဲ႕တစ္ခုသာယူထားၿပီး မိသားစု ေဆးဆိုင္တြင္ ဝင္ကူေနေသာ သူ႔ကို ေန႔တိုင္းေတြ႕ေနရသည္မွာ မြန္းက်ပ္လွသည္ သူေနေသာအိမ္ကမူေဝးေသာ္လည္း ေဆးဆိုင္မွာ ေကာ္ဖီဆိုင္ႏွင့္ မ်က္နာခ်င္းဆိုင္ မ်က္ေစာင္းထိုးေလာက္တြင္ ရွိေနသည္မို႔ တခါတရံ သူ႔လႈပ္ရွားမႈ အေသးစိတ္ကိုပါ ျမင္ေနရသည္... ခ်စ္သည္လား မုန္းသည္လား မသဲကြဲခ်ိန္တြင္ ဝၾဘက္ရင္အုံမွ စူးေအာင့္လာသလို နာက်င္လ်က္


ဘာျဖစ္လို႔လဲ ဆိုသည့္ ေမးခြန္း၏ မြန္းၾကပ္မႈသည္ ရင္ဘတ္မွတစ္ဆင့္လည္ေခ်ာင္းတေလွ်ာက္ဆို႔နင့္ေနသည္ဟုထင္ရသည္ တစ္စုံတစ္ခုကိုၿမိဳသိပ္ထားရတာ လြန္စြာမွပင္ပန္းလွပါသည္..


 


"အင္း ေျပပါတယ္ "


 


သက္ျပင္းခ်သံ ခပ္တိုးတိုး ၾကားထဲမွ မေရမရာအေျဖတစ္ခု


 


" စိတ္ ကိုေမးေနတာ ''


 


ကြၽန္ေတာ့္အေၾကာင္း အလုံးစုံသိေနသာ မိန္းမသားတစ္ေယာက္၏ တိုက္႐ိုက္အေမးတြင္ တင္းထားေလသမွ် ကြၽန္ေတာ္ လဲၿပိဳမိပါသည္


 


"ငါ မ်က္ဝန္းေမ ကို အရမ္းခ်စ္တယ္ သူမရွိရင္ မေနႏိုင္ဘူး ထင္တယ္ ဒါေပမဲ့ တစ္ခါတစ္ခါ ငါ့ကိုထိုးႏွက္ေနတဲ့ခံစားခ်က္ေတြကို ငါနာမည္မတပ္တပ္ဘူး ''


 


ေဘးဝိုင္းတြင္ အေအးေသာက္ေနေသာ ကေလးမ တစ္သိုက္၏ ရယ္သံမ်ား အတိုင္းသားၾကားေနရသည္...


ယတိျပတ္ၿပီးဆုံးသြားေသာ စကားသံေနာက္တြင္ သက္ျပင္သံတိုးတိုးႏွစ္ခ်က္ ၾကားရသည္...


 


"ဒီရက္ပိုင္း နင္စိတ္အဆင္မေျပဘူးလို႔ ေမ ေျပာတယ္ သူကေတာ့


နင့္ေမေမေၾကာင့္လိုထင္ေနတယ္ ေမကလည္း ငါ့သူငယ္ခ်င္း နင္ကလည္း ငါ့သူငယ္ခ်င္း ဒါေပမဲ့ ငါဘယ္သူ႔အေၾကာင္းပိုသိမယ္ထင္လဲ ကိုရွင္း ''


 


သူ႔စကားလုံးအဆုံး ကြၽန္ေတာ္ ဘာေျပာရမွန္းမသိေတာ့ပါ ေလမုန္တိုင္းအေသးစား တိုက္ခတ္ေနေသာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ ေတာင္းပန္ပါတယ္ ေျပာရမဲ့ ဆက္ဆံေရးမ်ိဳးမဟုတ္ခဲ့ လြမ္းေငြ႕ေဝ ဆိုေသာ သူမသည္ ကြၽန္ေတာ္ ​ျမတ္မင္းခန္႔


အေပၚထားရွိေသာ ခံစားခ်က္ကိုသိၿပီးတည္းက ကြၽန္ေတာ္ကို အေကာင္းဆုံးေစာင့္ေရွာက္ေပးခဲ့သည္ ...ပုံစံမက်တဲ့နည္းလမ္းမ်ိဳးစုံသုံးၿပီး ခ်ဥ္းကပ္ဖို႔ႀကိဳးစားေတာ့လည္း လိုက္ပါခဲ့ျခင္းသာ... ငယ္စဥ္မို႔ ႏွလုံးသားႏု၍လားမသိ အခ်စ္ကလြဲ၍ ဘာမွမျမင္ေတာ့ပဲ အမ်ားအျမင္လည္း ဂ႐ုမစိုက္ႏိုင္ နီးကပ္မႈမရွိသည့္ ​ျမတ္မင္းခန္႔


၏ အိမ္ေရွ႕သြားႏိုင္ဖို႔ အစီအစဥ္မက်သည့္ လမ္းတစ္ေလွ်ာက္ စက္ဘီးစီးမည္ဆိုလည္း လိုက္ပို႔ေပးတာပဲ တစ္ေနရာႏွင့္တစ္ေနရာ ေဝးေသာ မတူသည့္ေက်ာင္းအား လည္ပတ္မည္ဆိုေသာ္လည္း အေရာက္ပို႔ေပးတာပဲ ...တစ္နည္းအားျဖင့္ ​ျမတ္မင္းခန္႔ ကိုယ္တိုင္ပင္


မသိေသာ သူေကာင္မေလးေတြနဲ႔ တြဲေနသည္ဆိုသည့္ အေၾကာင္းမ​်ားတဆင့္ၾကားကာ လဲၿပိဳေလေတာ​့ ေဘးမွာ မားမားမတ္မတ္ရပ္တည္ေပးခဲ့သူက လြမ္းေငြ႕ေဝ...


 


"ငါက အခ်စ္ခံဖို႔ ထိုက္တန္တယ္မဟုတ္လား ေဝ...


ေမ့ အေပၚမွာ မတရားသလို ျဖစ္​ေနမိ​ၿပီလား... ''


 


ခ်ေပးထားတဲ့ Espresso ေကာ္ဖီခြက္ေလးမွာ အေငြ႕ပ်ံမေနေတာ့... တိတ္ဆိတ္သြားမႉဟာ ဘယ္ေလာက္ၾကာေနလဲမေရတြက္...


 


"မပြင့္လင္းမႈက မျပတ္သားေစတာပဲ ကိုရွင္း ''


 


စကားလုံးနည္းေပမဲ့ ေဝ့ ၏ အသံတြင္ ျပတ္သားမႈတို႔ကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္ ...ေဝ ေျပာတာမွန္ပါသည္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္၏ ဆက္ဆံေရးႏွင့္ ပတ္သတ္လွ်င္ ဟိုးအရင္တည္းက ဘယ္အရာမွ ရွင္းလင္းမႈမရွိ တိမ္လႊာရွင္း ဆိုေသာေကာင္ေလး၏ အခ်စ္ကို ျမတ္မင္းခန္႔ သိလား မသိလား မည္သူမွ ေသခ်ာမသိ ျမတ္မင္းခန္႔ကေရာ တိမ္လႊာရွင္း အေပၚဘယ္လို သေဘာထားလဲ ဘယ္သူမွမသိ... ေဝးကြာမႈအရေရာ ဆက္ဆံေရးအရပါ တစ္ဆင့္စကားေတာင္မဟုတ္ တဆင့္အေၾကာင္းႏွင့္ပင္တိမ္လႊာ့ ႏွလုံးသားထဲ သံမႈိစိုက္ခံရလိုက္ ပန္းပြင့္လိုက္ႏွင့္သာ ...


တစ္နည္းအားျဖင့္ ေျပာရလွ်င္ ျမတ္မင္းခန္႔ ဆိုသည္မွာ God-knowing character လိုမ်ိဳး ဘုရားသခင္ကလြဲ၍ ဘယ္သူမွ ျမတ္မင္းခန္႔အေၾကာင္း တိတိက်က် သိလိမ့္မည္မဟုတ္...


 


"အစကေတာ့ သူ႔တည္ရွိေနမႈကို သိေနရတာ စိတ္ပင္ပန္းလြန္းလို႔...


အေႏွာင့္အယွက္ျဖစ္ရလြန္းလို႔ မသိခ်င္ေယာင္ေဆာင္ခဲ့ တယ္


ဒါေပမဲ့  တျဖည္းျဖည္း ငါ့ကိုယ္ငါေတာင္ မသိလိုက္ပဲ သတိလက္လြတ္ေငးၾကည့္ေနတတ္ခဲ့တယ္ တေန႔တေခါက္မွမၾကည့္ရရင္မေနႏိုင္တဲ့ပန္းခ်ီကားလိုမ်ိဳး သူမရွိေနဘူးဆို ငါဟာတာတာ ျဖစ္ေနတတ္ၿပီ... ''


 


ကြၽန္ေတာ္ ပြင့္အန္သမွ် အားလုံး သေဘာထားႀကီးစြာနဲ႔ ဖက္တြယ္ေပးမည့္ မိန္းကေလးအေပၚ ထိန္းခ်ဳပ္ထားသမွ် ငိုစြက္သံေရာကာ ေျပာေနမိသည္... ျမစ္တို႔ကိုမစီးဆင္းပါႏွင့္ဟု တား၍မရႏိုင္ မီးေတာင္ရွင္ကို ေပါက္ကြဲရေကာင္းလားဟု အျပစ္တင္၍ မရႏိုင္သကဲ့သို႔ တစ္ဖက္လူအေပၚ မသိမသာ ျပန္လည္တိမ္းၫြတ္ေနေသာ မိမိစိတ္ကို ကိုယ္တိုင္သာ သတ္ပစ္လိုက္ခ်င္မိသည္အထိ ကြၽန္ေတာ့္၏ အခ်စ္ဦးသည္ ​လြန္စြာမွ ျပဳစားတတ္ပါသည္...


 


"မြန္းက်ပ္ၿပီး ခံစားေနရမဲ့အစား ႐ုန္းထြက္ၿပီး


အေျဖရွာလိုက္ရင္ေရာ  ''


 


အနည္းငယ္ေပ်ာ့သြားေသာ ေလသံတြင္ ကြၽန္ေတာ့ေဝဒနါမ်ားကို


​ေလ်​ာ့က် ေစခ်င္ေသာ က႐ုဏာတို႔ကို ခံစားမိသည္ ေဝ ေျပာခ်င္ေသာ မ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး ဖြင့္ေျပာျပလိုက္ပါလားဟု ဆိုလိုသည္ကိုလည္း သေဘာေပါက္မိလိုက္သည္ ...


 


"ေမ့ ကိုအဆုံးရႈံးမခံႏိုင္ဘူး ေဝ... ငါအရမ္းတကိုယ္ေကာင္းဆန္ေနမိၿပီလားဟင္ ''


 


ေျဖရခက္၍ထင္ပါသည္ ေဝ တိုးတိုးကေလးသက္ျပင္းခိုးရႈိက္သည္


ေဝ့ ဘက္ကၾကည့္လွ်င္ မ်က္ဝန္းေမ ဆိုသည္မွာလည္း သူခ်စ္ရေသာ သူငယ္ခ်င္း တိမ္လႊာရွင္းသည္လည္း ငယ္သူငယ္ခ်င္း...


အခ်စ္ဦးကို ေရွာင္ေျပးၿပီး တစ္ကိုယ္တည္းႏိုင္ငံျခားသြား ေက်ာင္းတက္မည္ဟု တိမ္လႊာရွင္း ဆုံးျဖတ္လိုက္သည့္အခ်ိန္တြင္ မလႊတ္ခ်င္ေသာ္လည္း ထိုင္းႏိုင္ငံတြင္ ရွိေနေသာ သူငယ္ခ်င္းတစ္ေယာက္ႏွင့္ မိတ္ဆက္ေပးၿပီး စိတ္ခ်ခဲ့ရသည္... ႏွစ္နည္းနည္းအၾကာ ထိုသူငယ္ခ်င္းႏွင့္ တိမ္လႊာရွင္း တို႔ခ်စ္သူျဖစ္ေနၾကၿပီ ဆိုတာကို သိၿပီးေတာ့ လြန္စြာေပ်ာ္႐ႊင္ရသည္


 


အိမ္နီးနားခ်င္း ငယ္သူငယ္ခ်င္းအေနႏွင့္ မိသားစုေၾကာင့္ တိမ္လႊာ


စိတ္ဒဏ္ရာရသည္ကအစ ျမတ္မင္းခန္႔အေပၚ ထားရွိေသာ အခ်စ္အဆုံး လြမ္းေငြ႕ေဝ သတိမူမိသည္... တိမ္လႊာရွင္းဆိုေသာ ေယာက်္ားတစ္ေယာက္အေပၚ ေမာင္ေလးတစ္ေယာက္ကဲ့သို႔ ဟိုးအရင္ကတည္းက ေႏြးေထြးရစ္တြယ္ေစခဲ့သည္ ...အမ်ားအျမင္ေတြ မွတ္ခ်က္ေတြဂ႐ုမစိုက္ပဲ တိမ္လႊာ လိုအပ္လွ်င္လိုအပ္သလို အၿမဲအသင့္ရွိေပးကာ ေရွ႕မွာ မားမားမတ္မတ္ ရပ္တည္ခဲ့ေပးလ်က္ ဒဏ္ရာမ်ားစြာကို ကုစားေပးခဲ့ေသာ အစ္မတစ္ေယာက္ကဲ့သို႔...


 


အခု သူ႔ေရွ႕မွာ ျမင္ေနရေသာ တိမ္လႊာရွင္း ကို ၾကည့္ေနသည္ႏွင့္ပင္ ခံစားခ်က္မ်ားကို အတိုင္းသားျမင္ေနရသည္ တစ္စုံတစ္ေယာက္ကို ပိုင္ဆိုင္ခ်င္တာမ်ိဳးမဟုတ္ပါပဲႏွင့္ ခ်စ္ခြင့္ေလးေတာင္ ရရွိဖို႔ခက္ခဲေၾကာင္း တစ္နည္းအားျဖင့္ ၇ ေအာင္စ သာသာ အေလးခ်ိန္ရွိေသာ ႏွလုံးသားသည္ မည္သူ႔တစ္ဦးတစ္ေယာက္၏ ေစခိုင္းခ်က္ကိုမွ်လက္ခံမည့္အရာ မဟုတ္ေၾကာင္း သိလိုက္ရသည္


 


"တစ္ခါတစ္ခါ ႏွလုံးသားအလိုကို လက္ခံလိုက္ပါ ''


 


"ဒါေပမဲ့ ေမ...''


 


"ဒါေပမဲ့ေတြ  ဘာေတြ ထားလိုက္ကိုရွင္း... ေမ က သေဘာထားေသးသိမ္တဲ့မိန္းကေလးမဟုတ္ေတာ့ ရွင္းျပလိုက္ရင္ အဆင္ေျပသြားမွာ နင္ေပ်ာ္႐ႊင္တာပဲ သူလိုခ်င္မွာ ငါသိတယ္''


 


ကြၽန္ေတာ္ စကားမဆက္ႏိုင္ခင္ ဝင္ေျပာတဲ့ ​ေဝ ့စကားလုံးေတြေၾကာင့္ ေတြေတြကေလးျဖစ္သြားသည္...တစ္ေယာက္တည္း ကူကယ္ရာမဲ့ အေမွာင္ယံညေတြဝယ္ လမ္းျပေနခ်ိန္ ၾကယ္ပြင့္ကေလးျဖစ္ေပးခဲ့ဖူးေသာ ေမ့ ကို သူ ရက္စက္ရမည္လား... ေတြးပင္မေတြးႏိုင္ေလာက္ေအာင္ ေမ နာက်င္ကာ ႐ြံမုန္းသြားမည္ကို မခံစားႏိုင္...


 


"တီ တီ တီ....''


 


ေအးစက္ေနေသာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အား ဖုန္းသံက သတိဝင္လာေစသည္ ေလသံေဖ်ာ့ေတာ့ေတာ့ႏွင့္ အေဖ့၏ မည္သူႏွင့္ရမွန္းမသိေသာ အမ တစ္ေယာက္ စကားလုံးအဆုံးတြင္ တုန္ယင္ယင္ႏွင့္ ကြၽန္ေတာ္လဲၿပိဳသည္ ေမေမ တေရွာင္ေရွာင္ျဖစ္ေနသည္မွာ ၾကာေနေသာ္လည္း ယခုကဲ့သို႔ျမန္ျမန္ဆန္ဆန္ ကြၽန္ေတာ့္ကိုထားခဲ့မည္ဟု မထင္... ထိုင္းမွာေနစဥ္က ဖုန္းဆက္တိုင္း ေမေမ ေျပာေျပာေနေသာ ''ကိုယ့္ ​ကေလး အရင္းမဟုတ္တဲ့ကေလးေတြက ကိုယ့္ကိုကပ္ေနၿပီးေတာ့ ေမ့သားေလးက ေရွာင္ဖယ္ေနပါလား ''တဲ့...


 


ထိုစကားေလးၾကားတုန္းကေတာ့ ရယ္သြမ္းကာ ဟာသေႏွာ၍ ရည္႐ြယ္ခ်က္အစစ္ကို ေဖ်ာက္ပစ္ရသည္... ေမေမ့ ရင္ခြင္နားျပန္ကာတိုးေတာ့ ''ေမေမ က ေလာကဓံကို အရႈံးေပးေတာ့မွာ ေမ့သားေလးကို ေစာင့္ေနတာတဲ့ '' ...ကြၽန္ေတာ့္ ကမာၻကအလင္းေရာင္သဲ့သဲ့ကေလးတစ္ခု ျပန္လည္ေပ်ာက္ကြယ္ေတာ့မည္ထင္ပါ့...


 


"ဘာျဖစ္လို႔လဲ တိမ္လႊာရွင္း ''


 


ရွိသမွ်အားႏွင့္ က်ဳံး ထ ရင္း ေဝနဲ႔အတူ ဆိုင္အျမန္ပိတ္ကာ အလင္းအလွ်င္ ႏွင့္ ေျပးမိေတာ့ ဘယ္လိုသတိထားမိသြားမွန္းမသိတဲ့ ျမတ္မင္းခန္႔ကေမးလာသည္ ...နာမည္အျပည့္အစုံေခၚသံၾကားရတာ ေကာင္းေပမဲ့ စကားျပန္ေျပာခ်င္စိတ္ အလွ်င္းရွိမေန...


ျပန္မေျဖသည့္အျပင္ မ်က္နာလႊဲကာ ေရွ႕ဆက္မည္အလုပ္ ကြၽန္ေတာ့လက္ေမာင္း ကို သူဆုပ္ကိုင္ကာ ထပ္ေမးျပန္သည္


 


"ကိုရွင္း ေမေမ ဆုံးလို႔ ျမတ္မင္းခန္​့ နင္လိုက္မလား''


 


ကြၽန္ေတာ္ခံစားရခက္မႈကို နားလည္ေနသည့္အလား ေဝ ဝင္ေျဖေပးမွ ေလမုန္တိုင္းအေသးစားေလးၿပိဳဆင္း သြားသည္...


မ်က္နာခ်င္းဆိုင္ရပ္ေနလုနီးပါးျဖစ္ေနေသာ ျမတ္မင္းခန္႔မ်က္နာမွာ ေျပာင္းလဲသြားမႈမရွိဘဲ တစ္ခ်ိန္က အ႐ူးအမူး႐ူးသြပ္ခဲ့ရေသာ ပုံရိပ္အတိုင္း... ကြၽန္ေတာ့္ကို သူ ဆြဲသြားသည္လား သူ႔လက္ဆြဲရာအတိုင္းအလိုက္သင့္ လိုက္သြားသလားကြၽန္ေတာ္မသိေတာ့...


ျမဴခိုးေတြေဝေနသည့္ ထို မနက္ခင္းမွာ ကြၽန္ေတာ္ႏွင့္ အတူ တခ်ိန္လုံးသူရွိေနေပးခဲ့သည္...


 


"ဘာဆက္လုပ္မယ္စဥ္းစားထားလဲ ကိုရွင္း ''


 


မိသားစုမ်ားသာ တသီးတသန္႔ေခၚၾကသည့္ ထိုနာမည္ကို ေဖေဖ့ ထံမွ ဆယ္ႏွစ္တာအခ်ိန္အတြင္းတြင္ ပထမဆုံးျပန္ၾကားရျခင္းျဖစ္ၿပီး တဆက္တည္းမွာပင္ ငယ္စဥ္က တျခားသူမ်ားကို ခြဲမေပးရသည့္ ေဖေဖ့ ကိုျပန္လိုခ်င္လာမိသည္ ...ကုမၸဏီသူေဌးသားတစ္ေယာက္ျဖစ္ေသာ္လည္း ေဖေဖသည္ တစ္႐ြာတစ္က်ီေဆာက္တတ္သည့္ အက်င့္ကေလးကရွိေလေတာ့ ေမေမသည္ တစ္ဦးတည္းေသာ သား တိမ္လႊာ စိတ္အားငယ္မွာစိုး၍ ေမေမ့ ဇာတိေျမကေလးမွာ ေအးေအးလူလူ လာေနသည္မွာ အႏွစ္သုံးဆယ္နီးပါးျဖစ္ေနေလၿပီ


 


"စဥ္းစားဆဲပါ အေဖ ''


 


တခ်ိဳ႕လမ္းခုလတ္ေတြက ေ႐ြးခ်ယ္စရာနည္းတယ္ အေဖ…


 


………………………………………………………………………


 


 


ဒီေန႔လည္း ျမဴခိုးေဝေနျပန္ၿပီ ဒီဇင္ဘာလ၏ ေဆာင္းေလေအးတခ်ိဳ႕သည္ မ်က္နာျပင္ထက္တြန္းတိုက္ က်ီစယ္ေန၏ မႈန္မႈိင္းေနေသာ ေကာင္းကင္ေအာက္မွ ျမတ္မင္းခန္႔၏ မ်က္ႏွာကိုေတာ့ ရွင္းရွင္းလင္းလင္း ျမင္ေနရသည္


 


ထိုစူးရွေတာက္ပေနတဲ့မ်က္ဝန္းတစ္စုံအတြက္ ခံႏိုင္ရည္ေတြက်ဆုံးခဲ့ရတယ္ ႏႈတ္ခမ္းပါးရ​အနားသတ္အၿပဳံးမွာ နစ္ေမ်ာမိခဲ့ဖူးတယ္


အခ်ိန္အေတာ္ၾကာသည့္တိုင္ အခ်စ္ေက်ာ့ကြင္းထဲတိုးဝင္ေနမိသူက သားေကာင္မဟုတ္တဲ့ မုဆိုးတစ္ေယာက္ျဖစ္ေနပါေရာလား...


 


တီတီတီ....


 


"တစ္ခုခုျဖစ္လို႔လား ''


 


အသံပိုင္ရွင္က ျမတ္မင္းခန္႔ရယ္ပါ အမွန္ေတာ့ကြၽန္ေတာ္ရပ္ေနသည္က သူရွိေနေသာ ေနရာရဲ႕မ်က္နာခ်င္းဆိုင္လမ္းမ တစ္ဖက္တစ္ခ်က္မွာ… ရပ္ေနတာၾကာသြား၍ သတိထားမိသြားသည္ထင္သည္...


ေနေရာင္ျခည္ကို အၿမဲေငးေမာရတဲ့ေနၾကာပန္းလိုမ်ိဳး တိမ္လႊာရွင္းသည္ ျမတ္မင္းခန္႔ကို အၿမဲတမ္းေငးၾကည့္ေနရရင္ေတာင္ မေမာႏိုင္ပါ တိုးလို႔ရစ္လို႔ ရင္မွာၿငိတြယ္ကာ တိတ္တခိုးသာ သိမ္းထားရင္း ...


 


"ဘာမွမျဖစ္ဘူး ထြက္မလာနဲ႔ ''


 


တံခါးတြန္းဖြင့္ကာ ​လာဖို႔ ျပင္ေနတဲ့ ျမတ္မင္းခန္႔ကို ​အျမန္တားလိုက္ရသည္ အေဝးကျမင္ေနရတာ အေၾကာင္းမရွိေပမဲ့ မ်က္ႏွာခ်င္းဆိုင္ဖို႔ ကြၽန္ေတာ့္တြင္ ခြန္အားတစိုးတစိမွမရွိ... အခ်စ္ဆိုသည့္အရာကို ျမည္းစမ္းခဲ့ခ်ိန္ကပင္ နာမည္ေလးၾကား႐ုံႏွင့္ ရင္တထိတ္ထိတ္ႏွင့္ခုန္ေနရသည္ အေဝးကေနတိတ္တခိုး ၾကည့္ရတာကို သေဘာက်ေပမဲ့ တခါမွ မ်က္နာခ်င္းဆိုင္ခဲ့တာမ်ိဳးလည္းမရွိ...


အသံေလးၾကားရ႐ုံနဲ႔တင္ ရွိသမွ် ခြန္အားတို႔ လဲၿပိဳဆင္းကာ အရာအားလုံးထားပစ္ခ်င္ခဲ့ၿပီး ထိုအသံေနာက္သို႔ တည့္တည့္မတ္မတ္ လိုက္သြားခ်င္သည္အထိ အခ်စ္ဦးသည္ အလြန္တရာ အဆိပ္ျပင္းပါသည္


 


"ေကာ္ဖီဆိုင္မဖြင့္ေတာ့ဘူးလား ''


 


ျမတ္မင္းခန္႔ အသံတိုးတိုးေလးထပ္ၾကားရသည္ အမွန္အတိုင္းေျပာရလွ်င္ ထိုအသံေလးမ်ားကို နားေထာင္ခ်င္သည့္အခ်ိန္ျပန္နားေထာင္လို႔ရေအာင္ အျမတ္တႏိုးသိမ္းထားခ်င္မိသည္ …


 


"အင္း ငါပန္းခ်ီျပန္ဆြဲေတာ့မလို႔''


 


ႏွစ္ေပါင္းမ်ားစြာ သိမ္းထားေသာ ဝါသနာအေပၚစုပုံရင္း အခ်ိန္ကုန္ဆုံးေစျခင္းသာ အေကာင္းဆုံးေဆးျဖစ္မည္ဟု ထင္မိသည္… ဒီလိုနဲ႔ပဲ အခ်ိန္အေတာ္ၾကာ ဖုန္းလည္းမခ်ပဲ တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကာႀကီး ရပ္ၾကည့္ေနမိသည္… အျပင္လူတစ္ေယာက္ၾကည့္လွ်င္ေတာင္ ေျပာစရာအမ်ားႀကီးရွိေနသည္ကို မေျပာျဖစ္ၾကပဲ ၿမိဳသိပ္ထားၾကသူႏွစ္ေယာက္ မွန္း သိၾကပါလိမ့္မည္…


 


"ငါ လက္ထပ္ေတာ့မယ္ ''


"Thank for being my first love ''


 


သက္ျပင္းခ်သံ ႏွစ္ခ်က္အၿပီး စကားႏွစ္ခြန္းထပ္တူက်သြားေသာ္လည္း အဓိပၸါယ္ကေတာ့ လားရာတစ္စက္မွမတူ…


 


"ဟင္ အင္း ဂုဏ္ျပဳပါတယ္


ငါမလာႏိုင္ရင္ ခြင့္လႊတ္... ''


 


ဆို႔နစ္သြားေသာ ခံစားခ်က္ကိုမ်ိဳခ်ရင္း အတတ္ႏိုင္ဆုံးထိန္းကာ စကားျပန္ေျပာခဲ့ၿပီး တိမ္လႊာရွင္း ေျပးထြက္လာခဲ့သည္… ေနာက္ဆုံးအခ်ိန္ထိ ငါ့ခံစားခ်က္ေတြကို မျမင္ခဲ့တဲ့ မင္းႏိုင္ပါတယ္ ျမတ္မင္းခန္႔… အခ်စ္ဥိးအေပၚ ေနာက္ဆုံးအခ်ိန္ထိ စိတ္မျဖတ္ႏိုင္ပဲ ေမွ်ာ္လင့္ခ်က္ႀကိဳးမွ်င္ေလးတန္းခဲ့မိတဲ့ငါက အဆုံးထိရႈံးေနဆဲပါ...အဆိုးဆုံးကေတာ့ ရွိသမွ် ခြန္အားသုံးၿပီး Thank for being my first love လို႔ ဖြင့္ေျပာခဲ့တာကို မသိခ်င္ေယာင္ေဆာင္ကာ ဘာမွမေျပာပဲနဲ႔ ရွိရင္းစြဲေနရာမွာပဲ ေနႏိုင္ခဲ့တာ မင္းႏိုင္ပါတယ္ ျမတ္မင္းခန္႔ ...ေသခ်ာတာတစ္ခုကေတာ့ ျမတ္မင္းခန္႔ရဲ႕ side ကို ေနာက္ဆုံးအခ်ိန္ထိ တိမ္လႊာ မျမင္ႏိုင္ခဲ့ပါ…


 


"ေမာင္ ''


 


ဘယ္ႏွစ္ေခါက္မွန္းမသိ လဲၿပိဳခဲ့မိေသာ ဒီတစ္ခါတြင္ေတာ့ အားနာစိတ္ ရွက္႐ြံ႕စိတ္တို႔ျဖင့္ နာက်င္မႈကို ဆယ္ဆတိုးေစသည္ထင္ရသည္… ေဝဝါးေနသည့္ကြၽန္ေတာ့္မ်က္လုံးအစုံေရွ႕တြင္ ေမ့ ကိုပင္ ရွင္းရွင္းလင္းလင္းမျမင္ရ… သို႔ေသာ္ ဒီတစ္ခါေတာ့ ကြၽန္ေတာ္က်ရႈံးမႈသည္ ''ေမ့ ''ေရွ႕တြင္ ေရစက္ေရမႈန္ေလးကဲ့သို႔..


 


"ငိုခ်လိုက္ ေမာင္… စိတ္ထဲမသိမ္းထားနဲ႔… ေမာင္ ေနလို႔မေကာင္းပဲ ျဖစ္ေနမယ္ ငိုသာခ်လိုက္ ေမ ရွိတယ္ေနာ္''


 


ေမ့ ရဲ႕ တတြတ္တြတ္ေရ႐ြတ္သံၾကားရတာ လြမ္းေငြ႕ေဝ ထံမွ အေၾကာင္းစုံၾကားၿပီးၿပီထင္ပါသည္...တစ္စုံတစ္ေယာက္မနာက်င္ဖို႔ တစ္စုံတစ္ခုကို မလုပ္ဖို႔ဆုံးျဖတ္လိုက္ျခင္းသည္ အခ်စ္ ဟုေခါင္းစဥ္တပ္ဖို႔ လုံေလာက္ၿပီလား ကြၽန္ေတာ္မသိခင္ တစ္စုံတစ္ေယာက္ကေတာ့ ကြၽန္ေတာ့္ရဲ႕ imperfections & perfections မ်ားကို ျမတ္ႏိုးခဲ့ၿပီး တတ္ႏိုင္သမွ် ေထြးေပြ႕ခဲ့ေလသည္


 


တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ဟာ အခ်စ္ေလေပြထဲမွာ ပိတ္မိေနတတ္ၿပီး နာက်င္စရာမ်ားကို ရစ္တြယ္မက္ေမာတတ္ၾကပါသည္ တခါတရံ အေျဖမဲ့ပုစာၦမ်ားကို အေျဖမဲ့သည့္အတိုင္း ထားသင့္ၿပီး ယတိျပတ္ျပည္ဖုံးကားမခ်ႏိုင္ရင္ေတာင္ အသားက်ေနဖို႔လိုပါလိမ့္မည္…


 


………………………………………………………………………..


 


"တီ တီ…''


 


"ၾသစေတးလ် Flight Ticket ပါျမတ္မင္းခန္႔


အားလုံးကေနေရွာင္ေျပးသြားေတာ့လည္း ငါပဲလိုက္ခဲ့ပါမယ္


ေမာင္ေလးကို တစ္ေယာက္တည္းမထားခ်င္ဘူးေလ ''


ဆိုသည့္ လွ်ာေလးတစ္လစ္ထုတ္ထားသည့္ အီမိုဂ်ီႏွင့္ အခ်စ္ရဆုံးသူငယ္ခ်င္းလြမ္းေငြ႕ေဝ


ဖမ္းဆုပ္ထားခ်င္သည့္ အရာတစ္ခုကို ျပပါဆိုလွ်င္ေတာ့ အျဖဴေရာင္သံေယာဇဥ္တစ္ခုသာ က်န္မည္ထင္ပါသည္


ထပ္ၿပီးေတာ့ ဘယ္အေရာင္ကိုမွအေရာင္မဆိုးခ်င္မိတာမို႔


 


သူေျပာသလိုပါပဲ တျခားအရာမ်ားထက္ကိုယ့္ႏွလုံးသားကို မလိမ္ညာခ်င္တာေၾကာင့္ မေသခ်ာေသးသည့္ …တြယ္ဖက္ထားခ်င္သည့္… သံေယာဇဥ္အမွ်င္မ်ားကို ျဖတ္ေတာက္ခဲ့ ၿပီး အားလုံးႏွင့္အေဝးတေနရာတြင္ႏွလုံးသားကို နစ္ျမဳပ္လ်က္ ေနထိုင္ခဲ့သည္မွာ အခ်ိန္ၾကာျမင့္ေနေလၿပီ


 


တီ တီ…


 


ဒီတစ္ခါေတာ့ လြမ္းေငြ႕ေဝ ထံမွ … Call me back ဆိုေသာ မယ္မင္းႀကီးမ ေၾကာင့္ စိတ္ရွည္ရွည္ႏွင့္ ျပန္ေခၚလိုက္ရပါသည္ ..


 


"Hey ကိုရွင္း ငါေျပာစရာရွိ…''


 


"အင္း...ေျပာ''


 


"ျမတ္မင္းခန္႔ ဘာေၾကာင့္လဲမသိဘူး လက္ထပ္ပြဲ ကိုဖ်က္လိုက္တယ္တဲ့ ''


 


"ဟုတ္လား''


 


အရင္ကထက္တည္ၿငိမ္ေသာ ေလသံနဲ႔ျပန္ေျဖလိုက္တာမို႔ ကိုယ့္ကိုယ္ေတာင္ အံ့ၾသမိသြားသည္ သူနဲ႔ပတ္သတ္လာလွ်င္ အၿမဲ ကတုန္ကယင္ နဲ႔မဟုတ္လား…


 


"နင္ အခုဘယ္လိုေနလဲ သူ႔ကိုသတိရေသးလား''


 


"သတိမရေတာ့ဘူး ေျပာရင္ ငါလိမ္တာေပါ့… ဒါေပမဲ့ အခ်စ္ဦးဆိုတာ အိပ္မက္တစ္ခုလိုမ်ိဳးပဲ လြမ္းေဆြးနာက်င္စရာေတြနဲ႔ျပည့္ႏွက္ေနတဲ့ ပုံျပင္တစ္ပုဒ္...အရမ္းႏွစ္သက္သေဘာက်ေပမဲ့ ေနာက္တစ္ေခါက္ ထက္မဖတ္ခ်င္ေတာ့တဲ့ ပုံျပင္ေလးပါပဲ ''. ..


 


"အခ်စ္ဦးဆိုတာ နာက်င္စရာအတိတ္ရဲ႕ ႏွစ္သက္ဖြယ္ အမွတ္တရ တပိုင္းတစ ပါပဲ အေၾကာင္းတိုက္ဆိုင္လို႔ ေတြးမိတဲ့အခါ စဥ္းစားၿပီးရင္ ေပ်ာက္ကြယ္သြားတာမ်ိဳး ...မခ်စ္ဘူးလားေမးရင္ ေတာ့ ေသေလာက္ေအာင္ခ်စ္ခဲ့တာေပါ့ ဒါေပမဲ့ မွတ္ဥာဏ္အေနနဲ႔ပဲ ''


 


………………………………………………………………………..


 


 


ကိုယ္တိုင္ေရးဆြဲထားတဲ့ ကြၽန္ေတာ့္ရဲ႕ပန္းခ်ီကားေလးေတြက ကြၽန္ေတာ့ရဲ႕ ကိုယ္ပိုင္ ေကာ္ဖီဆိုင္ကေလးရဲ႕ နံရံေလးေတြထက္မွာ ေနရာယူထားတယ္… ကြၽန္ေတာ္နဲ႔ေနရပ္ေနတဲ့ ဆုံမွတ္ကေလးက ပန္းခ်ီကားေလးထဲမွာ ဘတ္စ္ကားမွတ္တိုင္တစ္ခုေဘးနား မွာ ေခါင္းငိုက္စိုက္ၿပီး တစ္ခုခုကို ရပ္ေစာင့္ေနတဲ့ေကာင္ေလးတစ္ေယာက္…ျမဴခိုးေတြေဝေနတဲ့ေကာင္းကင္ေအာက္က အျဖဴေရာင္ေကာင္ကေလး… ပန္းခ်ီကားေထာင့္စြန္းေအာက္က စကားစုတစ္စုကေတာ့


 


"အေျဖမဲ့ပုစာၦ'' တဲ့…


 


(Bl,normal ဟူ၍ ရည္ၫႊန္းေရးသားျခင္းမဟုတ္ပဲ စာေရးသူ၏ ခံစားခ်က္တပိုင္းတစကို လူတိုင္းတြင္ပုံစံမ်ိဳးစုံ​ျဖင့္  တည္ရွိတတ္ေသာ အခ်စ္ဦးအခ်စ္ကို


ေဖာ္ၫႊန္းလို၍ဇာတ္အိမ္တည္၍ေရးသားထားျခင္းေၾကာင့္ အမွားတစ္စုံတစ္ရာပါပါက စိတ္တိုင္းမက်ပါက ေတာင္းပန္အပ္ပါသည္ရွင္)

Comments

  1. ရဲဘော်တို့ရေ you tube မှာ YGN Donation Channelလေးကို subscribe လေး ကူညီပေးပါဦးနော်🙏💪💪

    ReplyDelete
  2. "ဘာကိုမှ အစွဲအလမ်းမကြီးတတ်သော ကိုယ် သည် ဒီလူသားရှေ့တွင်အကြိမ်ကြိမ်အခါခါ ပြိုလဲရသည်"တဲ့။ ရင်ထဲထိတဲ့ စာသားလေး။ 💛

    ReplyDelete

Post a Comment