သိပ်ချစ်ရတဲ့ ဖေဖေသို့
Unicode
သမီး ထ ထ ဖေဖေတို့ရဲ့သင်္ဘောမှောက်လို့ တဲ့
အဲ့ကတည်းက ကြိုးစားတည်ဆောက်ခဲ့တဲ့ မိသားစုရဲ့အခြေအနေဟာ ယိုင်နဲ့သွားခဲ့ရတာပဲ
ဆယ်တန်းကျူရှင်လခတွေ နပ်မမှန်ခဲ့ဘူး
ဒါကြောင့်လည်း စာမေးပွဲပြီးပြီးခြင်း ဝန်ထမ်းဆိုတဲ့ နယ်ပယ်ထဲခြေစုံပစ်ဝင်ခဲ့ရတယ် ။ ။
ဖေဖေ့ကိုယ်စားမိသားစုတာဝန်ကို ပုခုံးတစ်ဖက်ဝင်ထမ်းပေးတဲ့ ငါ့သမီးကြီးကို ကျေးဇူးတင် အားနာရပါတယ် တဲ့
ဖေဖေအမြဲပြောနေကြ စကားတခွန်း
ဖက်စုံတော်ပြီး နေရာတကာလူဝင်ဆန့်ခဲ့တဲ့ ကျွန်မဖေဖေဟာ မပြည့်စုံမူတွေကြောင့် သူငယ်ချင်းတွေကို ရှောင်လာတယ် မိသားစုဝမ်းရေး နဲ့ နေထိုင်ရေးတွေကြောင့် လူတကာကိုအောက်ကျို့မျက်နှာငယ်ခဲ့ရတာတွေကို မကြည့်ရက်ခဲ့တဲ့ ကျွန်မအတွက်တော့ ပြည်ပထွက်ပိုက်ဆံရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တခုက လွဲပြီး ဘာအားကိုးစရာမှ ရှိမနေခဲ့ဘူး
ဖေဖေမလွှတ်ချင်ဘူးသမီးရယ် ငါ့သားသမီးတွေကို ငါ့ရင်ခွင်ကလွဲပြီးဘယ်နေရာမှာမှ မထားချင်ဘူး မခွဲနိုင်ဘူး တဲ့
ခေါင်းမာမာနဲ့အတိုက်အခံလုပ် စကားတွေများကြပြီး ပြောထွက်ခဲ့ရတဲ့စကားလုံးတွေအတွက် အခုထိနောင်တရဆဲပါ ဖေဖေ တောင်းပန်ပါတယ်
သင်တန်းကြေးအတွက် လိုနေတဲ့သုံးသောင်းအတွက်တောင် ဘယ်မှာမှရှာမရတော့လို့ နောက်ဆုတ်လိုက်ဖို့အကြိမ်ကြိမ်တွေး မျက်ရည်တွေနဲ့ငိုခဲ့ရလည်း နာကြည်းအောင်လုပ်ခဲ့ကြတဲ့ လူတချို့ကြောင့် ငါ့ဖေဖေကိုဒီဘဝက ရအောင်ဆွဲထုတ်မယ် စိတ်တခုထဲနဲ့
မရတဲ့စာတွေ တစ်နေ့ငါးနာရီလောက် ငိုပြီးထိုင်ကျက်ခဲ့တယ်
အလုပ် interview ဖြေတဲ့နေ့ကအိမ်ကိုအသိမပေးခဲ့ဘူး မအောင်ခဲ့ရင် အရမ်းယုံကြည်လွန်းပြီး မျှော်လင့်ထားတဲ့မိဘတွေရဲ့ စိတ်ကို ဖျက်စီးမိမှာစိုးလို့ ဒါပေမယ့်မမျှော်လင့်ထားပဲ အောင်ခဲ့ရတယ် ဖုန်းနဲ့အသိလှမ်းပေးပြီး အိမ်ကိုအပြေးပြန်ခဲ့တော့ ဖေဖေဟာကျွန်မကိုပြေးဖက်ပြီး ရိူက်ကြီးတငင်ငိုခဲ့တယ်
ငါ့သမီးကြီးလုပ်နိုင်ခဲ့ပြီ တဲ့
သွားရတော့မယ်ဖြစ်လိုက် ရောဂါတွေဖြစ်လို့နောက်ဆုတ်လိုက်နဲ့ အားလုံးကထင်ကြတာ ဒေါသကြီးတဲ့ ကျွန်မဖေဖေပေါက်ကွဲနေပြီ လို့
တကယ်တန်းက ကျွန်မမသွားရသေးလေ ပျော်လေသူဟာ ဖေဖေပါ ကျွန်မလည်းထပ်တူပါပဲ သွားချင်လွန်းလို့ရွေးခဲ့ရတာမဟုတ်ပဲ မဖြစ်လို့ကိုသွားဖို့လုပ်ခဲ့ရတာကိုး။ ။
သွားရဖို့အခြေနေထိ ဘာမှထိထိရောက်ရောက်မလုပ်ပေးနိုင်လို့ မျက်နှာမကောင်းတဲ့ ကျွန်မမိဘတွေက မဖြစ်ဖြစ်အောင်တော့ရှာကြံ ဖန်တီးဖြည့်ဆည်းပေးရှာတယ် မိသားစုထမင်း
ဝိုင်းလေးနောက်ဆုံးတူတူစားပြီး ဖေဖေတစ်ယောက်ပဲ လိုက်ပို့ခွင့်ရရှာလို့ ငိုခဲ့ရတဲ့ကျွန်မက
တစ်လမ်းလုံးလည်း လုံးဝမအိပ်ပဲ ငိုလာခဲ့တာ
အလုပ်ကပြန်ရောက်လို့မှ မိဘတွေမျက်နှာမမြင်ရရင် စိတ်မအေးတဲ့ကျွန်မကို ဖေဖေကလည်း မီးစိမ်းလေးမြင်တာနဲ့ စာလှမ်းပို့တယ်
သမီးရောက်ပြီ တဲ့
ငိုချင်လာရင် အိမ်ကိုအရင်ဖုန်းခေါ်တယ် ရယ်မောဖုန်းပြောပြီးမှ အားရပါးရငိုတဲ့ ကျွန်မကို ဖေဖေက ပျော်နေတယ်ထင်ပြီး စိတ်ချမ်းသာခဲ့ရတယ်
ငွေတောင်လေးလပဲ လွှဲလိုက်ရသေးတဲ့ ကျွန်မအတွက် ငါးကြိမ်မြောက်လွှဲရတဲ့ ငွေလောက်ရင်နာခဲ့ရတာ မရှိဘူး
“ဖေဖေ့နာရေးအတွက်" တဲ့
သိလား ရင်တွေဘယ်လောက်ကွဲခဲ့ရလဲ
ညကအထိဖုန်းပြော စနောက်နေခဲ့တဲ့ ကျွန်မဖေဖေဟာ covid Third wave ရဲ့ရိုက်ခတ်မူ
ကြောင့် ကျွန်မကိုတောင်မနူတ်ဆက်ခဲ့လိုက်ရဘူး
နှလုံးရောဂါအခံကြောင့် အိပ်နေရင်းနဲ့ပဲထွက်သွားခဲ့ရတယ် အဲ့အချိန်တွေတုန်းကရင်ကွဲခဲ့ရတဲ့ သားသမီးတွေထဲမှာ ကျွန်မပါခဲ့ရတယ်
နောက်ဆုံးအချိန်ကို ဖုန်းမျက်နှာပြင်သေးသေးလေးထဲကပဲ ကန်တော့ခွင့်ရလိုက်တယ် မီးမစိမ်းတော့ထဲအကောင့်လေးထဲ စကားတွေလှမ်းပြောနေရင်း သတိရစိတ်ကိုဖြေနေရတယ်
နောက်ဆုံးမြင်လိုက်ရတဲ့ ပုံရိပ်တွေ ပြန်မြင်ယောင်လာတိုင်း မဟုတ်ဘူးလို့အရူးလိုထအော်ရင်း လက်မခံနိုင်ခဲ့လည်း တကယ်ကြီးကို ကြုံနေရပြီ ဖေဖေဆုံးလို့ဆိုတဲ့အိပ်မက်မက်ပြီး လန့်နိုးလာလည်း အရင်လို ဪ အိပ်မက်ပဲ တော်ပါသေးရဲ့လို့ တွေးလို့မရတော့ပဲ ငါဖေဖေတကယ်မရှိတော့ပါလားဆိုတဲ့ အတွေးကြီးကလေ အမြဲရင်ကွဲရတယ်
နိုင်ငံရပ်ခြားမှာပိုက်ဆံရှာနေရလည်း အဓိကရည်ရွယ်ထားသူကြီးမရှိတော့လို့ မိသားစုရဲ့အိပ်မက်တွေလည်းတစီကိုကျိုးပဲ့လို့.......
ဆောင်းပါးလား ဟင့်အင်း ဖေဖေ့ကိုလွမ်းလို့
ရေးတဲ့စာပါ..........
Zawgyi
သမီး ထ ထ ေဖေဖတို႔ရဲ႕သေဘၤာေမွာက္လို႔ တဲ့
အဲ့ကတည္းက ႀကိဳးစားတည္ေဆာက္ခဲ့တဲ့ မိသားစုရဲ႕အေျခအေနဟာ ယိုင္နဲ႔သြားခဲ့ရတာပဲ
ဆယ္တန္းက်ဴရွင္လခေတြ နပ္မမွန္ခဲ့ဘူး
ဒါေၾကာင့္လည္း စာေမးပြဲၿပီးၿပီးျခင္း ဝန္ထမ္းဆိုတဲ့ နယ္ပယ္ထဲေျခစုံပစ္ဝင္ခဲ့ရတယ္ ။ ။
ေဖေဖ့ကိုယ္စားမိသားစုတာဝန္ကို ပုခုံးတစ္ဖက္ဝင္ထမ္းေပးတဲ့ ငါ့သမီးႀကီးကို ေက်းဇူးတင္ အားနာရပါတယ္ တဲ့
ေဖေဖအၿမဲေျပာေနၾက စကားတခြန္း
ဖက္စုံေတာ္ၿပီး ေနရာတကာလူဝင္ဆန႔္ခဲ့တဲ့ ကြၽန္မေဖေဖဟာ မျပည့္စုံမူေတြေၾကာင့္ သူငယ္ခ်င္းေတြကို ေရွာင္လာတယ္ မိသားစုဝမ္းေရး နဲ႔ ေနထိုင္ေရးေတြေၾကာင့္ လူတကာကိုေအာက္က်ိဳ႕မ်က္ႏွာငယ္ခဲ့ရတာေတြကို မၾကည့္ရက္ခဲ့တဲ့ ကြၽန္မအတြက္ေတာ့ ျပည္ပထြက္ပိုက္ဆံရွာမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္တခုက လြဲၿပီး ဘာအားကိုးစရာမွ ရွိမေနခဲ့ဘူး
ေဖေဖမလႊတ္ခ်င္ဘူးသမီးရယ္ ငါ့သားသမီးေတြကို ငါ့ရင္ခြင္ကလြဲၿပီးဘယ္ေနရာမွာမွ မထားခ်င္ဘူး မခြဲႏိုင္ဘူး တဲ့
ေခါင္းမာမာနဲ႔အတိုက္အခံလုပ္ စကားေတြမ်ားၾကၿပီး ေျပာထြက္ခဲ့ရတဲ့စကားလုံးေတြအတြက္ အခုထိေနာင္တရဆဲပါ ေဖေဖ ေတာင္းပန္ပါတယ္
သင္တန္းေၾကးအတြက္ လိုေနတဲ့သုံးေသာင္းအတြက္ေတာင္ ဘယ္မွာမွရွာမရေတာ့လို႔ ေနာက္ဆုတ္လိုက္ဖို႔အႀကိမ္ႀကိမ္ေတြး မ်က္ရည္ေတြနဲ႔ငိုခဲ့ရလည္း နာၾကည္းေအာင္လုပ္ခဲ့ၾကတဲ့ လူတခ်ိဳ႕ေၾကာင့္ ငါ့ေဖေဖကိုဒီဘဝက ရေအာင္ဆြဲထုတ္မယ္ စိတ္တခုထဲနဲ႔
မရတဲ့စာေတြ တစ္ေန႔ငါးနာရီေလာက္ ငိုၿပီးထိုင္က်က္ခဲ့တယ္
အလုပ္ interview ေျဖတဲ့ေန႔ကအိမ္ကိုအသိမေပးခဲ့ဘူး မေအာင္ခဲ့ရင္ အရမ္းယုံၾကည္လြန္းၿပီး ေမွ်ာ္လင့္ထားတဲ့မိဘေတြရဲ႕ စိတ္ကို ဖ်က္စီးမိမွာစိုးလို႔ ဒါေပမယ့္မေမွ်ာ္လင့္ထားပဲ ေအာင္ခဲ့ရတယ္ ဖုန္းနဲ႔အသိလွမ္းေပးၿပီး အိမ္ကိုအေျပးျပန္ခဲ့ေတာ့ ေဖေဖဟာကြၽန္မကိုေျပးဖက္ၿပီး ႐ိူက္ႀကီးတငင္ငိုခဲ့တယ္
ငါ့သမီးႀကီးလုပ္ႏိုင္ခဲ့ၿပီ တဲ့
သြားရေတာ့မယ္ျဖစ္လိုက္ ေရာဂါေတြျဖစ္လို႔ေနာက္ဆုတ္လိုက္နဲ႔ အားလုံးကထင္ၾကတာ ေဒါသႀကီးတဲ့ ကြၽန္မေဖေဖေပါက္ကြဲေနၿပီ လို႔
တကယ္တန္းက ကြၽန္မမသြားရေသးေလ ေပ်ာ္ေလသူဟာ ေဖေဖပါ ကြၽန္မလည္းထပ္တူပါပဲ သြားခ်င္လြန္းလို႔ေ႐ြးခဲ့ရတာမဟုတ္ပဲ မျဖစ္လို႔ကိုသြားဖို႔လုပ္ခဲ့ရတာကိုး။ ။
သြားရဖို႔အေျခေနထိ ဘာမွထိထိေရာက္ေရာက္မလုပ္ေပးႏိုင္လို႔ မ်က္ႏွာမေကာင္းတဲ့ ကြၽန္မမိဘေတြက မျဖစ္ျဖစ္ေအာင္ေတာ့ရွာႀကံ ဖန္တီးျဖည့္ဆည္းေပးရွာတယ္ မိသားစုထမင္း
ဝိုင္းေလးေနာက္ဆုံးတူတူစားၿပီး ေဖေဖတစ္ေယာက္ပဲ လိုက္ပို႔ခြင့္ရရွာလို႔ ငိုခဲ့ရတဲ့ကြၽန္မက
တစ္လမ္းလုံးလည္း လုံးဝမအိပ္ပဲ ငိုလာခဲ့တာ
အလုပ္ကျပန္ေရာက္လို႔မွ မိဘေတြမ်က္ႏွာမျမင္ရရင္ စိတ္မေအးတဲ့ကြၽန္မကို ေဖေဖကလည္း မီးစိမ္းေလးျမင္တာနဲ႔ စာလွမ္းပို႔တယ္
သမီးေရာက္ၿပီ တဲ့
ငိုခ်င္လာရင္ အိမ္ကိုအရင္ဖုန္းေခၚတယ္ ရယ္ေမာဖုန္းေျပာၿပီးမွ အားရပါးရငိုတဲ့ ကြၽန္မကို ေဖေဖက ေပ်ာ္ေနတယ္ထင္ၿပီး စိတ္ခ်မ္းသာခဲ့ရတယ္
ေငြေတာင္ေလးလပဲ လႊဲလိုက္ရေသးတဲ့ ကြၽန္မအတြက္ ငါးႀကိမ္ေျမာက္လႊဲရတဲ့ ေငြေလာက္ရင္နာခဲ့ရတာ မရွိဘူး
“ေဖေဖ့နာေရးအတြက္" တဲ့
သိလား ရင္ေတြဘယ္ေလာက္ကြဲခဲ့ရလဲ
ညကအထိဖုန္းေျပာ စေနာက္ေနခဲ့တဲ့ ကြၽန္မေဖေဖဟာ covid Third wave ရဲ႕႐ိုက္ခတ္မူ
ေၾကာင့္ ကြၽန္မကိုေတာင္မႏူတ္ဆက္ခဲ့လိုက္ရဘူး
ႏွလုံးေရာဂါအခံေၾကာင့္ အိပ္ေနရင္းနဲ႔ပဲထြက္သြားခဲ့ရတယ္ အဲ့အခ်ိန္ေတြတုန္းကရင္ကြဲခဲ့ရတဲ့ သားသမီးေတြထဲမွာ ကြၽန္မပါခဲ့ရတယ္
ေနာက္ဆုံးအခ်ိန္ကို ဖုန္းမ်က္ႏွာျပင္ေသးေသးေလးထဲကပဲ ကန္ေတာ့ခြင့္ရလိုက္တယ္ မီးမစိမ္းေတာ့ထဲအေကာင့္ေလးထဲ စကားေတြလွမ္းေျပာေနရင္း သတိရစိတ္ကိုေျဖေနရတယ္
ေနာက္ဆုံးျမင္လိုက္ရတဲ့ ပုံရိပ္ေတြ ျပန္ျမင္ေယာင္လာတိုင္း မဟုတ္ဘူးလို႔အ႐ူးလိုထေအာ္ရင္း လက္မခံႏိုင္ခဲ့လည္း တကယ္ႀကီးကို ႀကဳံေနရၿပီ ေဖေဖဆုံးလို႔ဆိုတဲ့အိပ္မက္မက္ၿပီး လန႔္ႏိုးလာလည္း အရင္လို ဪ အိပ္မက္ပဲ ေတာ္ပါေသးရဲ႕လို႔ ေတြးလို႔မရေတာ့ပဲ ငါေဖေဖတကယ္မရွိေတာ့ပါလားဆိုတဲ့ အေတြးႀကီးကေလ အၿမဲရင္ကြဲရတယ္
ႏိုင္ငံရပ္ျခားမွာပိုက္ဆံရွာေနရလည္း အဓိကရည္႐ြယ္ထားသူႀကီးမရွိေတာ့လို႔ မိသားစုရဲ႕အိပ္မက္ေတြလည္းတစီကိုက်ိဳးပဲ့လို႔.......
ေဆာင္းပါးလား ဟင့္အင္း ေဖေဖ့ကိုလြမ္းလို႔
ေရးတဲ့စာပါ..........
Done 🍀
ReplyDelete✍️✍️✍️
ReplyDelete🍁Done😓✅
ReplyDeleteDone 💪
ReplyDeleteအဖေ့ဆီရေးတဲ့ အလွမ်းစာလေး..
ReplyDeleteစိတ်မကောင်းဖြစ်ရပါတယ်
ဒီစာမူလေးကို မြင်ရတော့ ကိုယ်လည်း ဆုံးသွားတာကြာပြီးဖြစ်တဲ့ အဖေ့ကို လွမ်းမိပါတယ်။
ReplyDeleteဘာလို့ရင်နာစရာပဲဖတ်နေရပါလိမ့်
ReplyDeleteသြော်....အာဏာသိမ်းတဲ့အာဏာရူး
doneမင်မင်