အိပ်မက်တွေကို ကျောက်ချထားသည်
Unicode
“ ကိုကို အဖေ အရက်တွေ သောက်လာတယ်၊
ပြီးတော့ မမလည်း
ငိုနေတယ် “
အစ်ကိုဖြစ်သူ
အလုပ်အပြန်ကို
အိမ်ရှေ့ထွက်ကြိုရှာတဲ့
ညီငယ်ရဲ့စကားကြောင့်
ဘုန်းမြတ်ဟာ
သက်ပြင်းတစ်ချက်ခိုးချမိသည်။
အဖေဟာ မမစကားဆို
သိပ်နားထောင်သည်။
မမကြောင့် အဖေဟာ
အရက်ဖြတ်သည်။ ဆေးလိပ်ဖြတ်သည်။
ခုတော့
ထိုအရာများဟာ မေ့မေ့ပျောက်ပျောက်။
“ ကောင်းမြတ်
ဒီအကြော်ထုပ်ကို ယူပြီး
နောက်ဖေးမှာ
မမကို ထမင်းပွဲကူပြင်ပေးလိုက်နော် “
ကောင်းမြတ်ဟာ
အငယ်ဆုံးရယ်လို့ ဆိုးနွဲ့ခြင်း ကင်းသည်။
အစ်ကိုအစ်မတွေရဲ့
ရောရောနှောနှော မနေတတ်။
တစ်ယောက်တည်းနေချိန်
များသည်။
၇
တန်းကျောင်းသားအရွယ်က လူကြီးလိုပင် ပြုမူတတ်နေသေးသည်။
ညီဖြစ်သူကို
နောက်ဖေးကို လွှတ်ပြီး
ဘုန်းမြတ်ဟာ
အိမ်ရှေ့ခန်းက အဖေဆီ လာခဲ့သည်။
အမေကိုတော့
မတွေ့။
မမနှင့်အတူ
နောက်ဖေးရောက်နေခြင်း ဖြစ်နိုင်သည်။
“ အဖေ
ဘာလို့အရက်တွေ သောက်လာတာလဲဗျာ။
လာ ထမင်းသွားစားရအောင် “
ထမင်းဝိုင်းဟာ
တိတ်ဆိတ်လျက်။
ဇွန်းသံ
ပန်းကန်သံသည်သာ ထွက်ပြူလာတတ်သည်။
ဟင်းကတော့
ဖွယ်ဖွယ်ရာရာရယ်လို့ မဟုတ်။
ချဉ်ပေါင်ကို
ငရုတ်သီးစိမ်းနဲ့ ခပ်စပ်စပ်ချက်ထားတာ တစ်ခွက်၊
ကြက်သားကို
မွှပြီး ကြက်သွန်နီနဲ့ ကြော်ထားတာ တစ်ခွက်၊
အလုပ်ကအပြန်
ဝယ်လာတဲ့ အကြော်။
ထမင်းစားသောက်ပြီးတော့
အဖေက
အိပ်ယာစောဝင်သည်။
မမလည်း
သူ့အခန်းထဲ ဝင်သွားလေပြီ။
အမေကတော့
လျှော်ပြီးသားအဝတ်အချို့ကို မီးပူတိုက်လျက်။
အမေ့နားက
ဖြတ်လျှောက်မိတော့
မင်းအစ်မနဲ့
စကားပြောကြည့်အုံး ဟု ခပ်တိုးတိုးဆိုသည်။
ဒီနေ့တော့
အငယ်ကောင်ကို စာပြပေးနိုင်မည် မထင်။
“ မမ ငါ
ဝင်လာပြီနော် “
မမဟာ အိပ်ခန်း
ပြတင်းပေါက်မှ တဆင့်
ကောင်းကင်ကို
မော့ငေးကြည့်လျက်။
ဒါဟာ မျက်ရည်တွေ
ကျဆင်းမလာဖို့
တားဆီးတဲ့
မမရဲ့တစ်ခုတည်းသော နည်းလမ်းပင်။
“ မမ
ဘယ်လိုဖြစ်တယ် ဆိုတာ ပြောပြ “
မမဆီက
အတန်ကြာသည်အထိ စကားသံထွက်မလာ။
စကားလုံးတွေထဲ
ရှိုက်သံ မပါလို၍ အားတင်းနေဟန်ပင်။
“ ဘုန်းမြတ် ငါကလေ
အကြီးတစ်ယောက်ဖြစ်ပြီး
အငယ်ဖြစ်တဲ့
နင့်ကို အကူအညီမပေးနိုင်တဲ့အပြင်
ငါ့ရဲ့
ဝန်တွေကိုပါ ကူထမ်းရစေတယ်။
အဖေပြောတာ
မှန်တယ်၊
ငါက နင်တို့
ညီအစ်ကို နှစ်ယောက်အပေါ်မှာ
တကယ်
တာဝန်မကျေဘူး။ “
လေပြေတစ်ချက်ဟာ
အေးချမ်းစွာ
မမရဲ့
ဆံနွယ်တွေကို တိုးဝှေ့ကျီစယ်သွားကြသည်။
နွေဦးရဲ့ လေဟာ
နေ့ဘက်မှာ ပူသလိုရှိပေမယ့်
ညအရောက်တွင်
အေးချမ်းသွားတတ်သည်။
“ မမရယ်
ငါက
နင့်ရဲ့ဝန်ကို ကူထမ်းတယ်လို့လည်း မဟုတ်ပါဘူး
ငါလည်း
လိပ်ပြာမလုံလို့ ကျောင်းမတက်ဘဲ
အပြင်အလုပ်
ထွက်လုပ်တာပါ၊
နင်က
မိန်းကလေးလေဟာ
ငါ့လို
အလုပ်ဖြစ်ရင်ပြီးရော လုပ်လို့ ဘယ်ကောင်းမလဲ၊
ပြီးတော့ ငါကလည်း
ဒီအိမ်မှာ သားအကြီးပါ “
ည ၈
နာရီဝန်းကျင်မို့ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်မနေ။
ဘေးအိမ်က
သီချင်းသံကို သဲ့သဲ့ကြားနေရသည်။
သီချင်းဟာ
လေးဖြူရဲ့ “ ယုံကြည်ရာ “။
တစ်နည်းအားဖြင့်
ယုံကြည်ရာကို
အားတင်းလျှောက်နေတဲ့သူတွေအတွက်
ခွန်အားတစ်ခု
ဒါမှမဟုတ် တွန်းအားတစ်ခု။
2020 ဟာ
မိသားစုဝင်တွေကို အချိန်ရှည်ကြာစွာ
စုံလင်စေခဲ့တဲ့
ခုနှစ်တစ်ခု။
သာမာန်ထက် ပိုခဲ့တဲ့
အရာဟာ
ရောဂါဆန်းတစ်ခု
ဒါမှမဟုတ် Virus အထူးအဆန်းတစ်ခု။
လက်ဆေးခြင်းကို
အကြိမ်များများ လုပ်ဖြစ်ခဲ့တဲ့ ကာလတစ်ခု။
2021 ကတော့
ထူးခြားသည် ဆိုတာထက်
ရက်စက်ကြမ်းတမ်းသည်။
ခက်ခဲသည်။ ပင်ပန်းသည်။
ဘဝတွေ
အသက်တွေနဲ့ရင်းပြီး ရွေးချယ်မှုအချို့ကို ပြုလုပ်ရသည်။
အိမ်မှာလည်း
မထင်ထားတဲ့ ပြောင်းလဲမှုတွေ စတင်သည်။
2020
မှာကျောင်းမတက်ရလို့ ကျောင်းတက်ချင်နေကြတဲ့
ဘုန်းမြတ်တို့
မောင်နှမ သုံးယောက်လုံး ကျောင်းမတက်ကြ။
အကြီးဆုံးသမီးဖြစ်တဲ့
ရှင်ယွန်းမြတ် ဟာ
သူနာပြုကျောင်းသူ
အထူးသဖြင့် final ကျောင်းသူတစ်ယောက်။
ကျောင်းပြီးလျှင်
အလုပ်တစ်ခုက အသင့်ကြိုနေသည်။
တက္ကသိုလ်တွေက
သင်ပေးတဲ့ပညာဟာ
လက်တွေ့ဘဝမှာ
အသုံးချနိုင်ဖို့ ခက်ခဲလွန်းတဲ့ ဒီနိုင်ငံမှာ
ကျောင်းပြီးလျှင်
ချက်ချင်းအလုပ်ရမည့်ကိစ္စမှာ စိတ်ဝင်စားစရာ။
မပြေလည်တဲ့ကြားက
ပြည့်စုံအောင်ထားပေးတဲ့
အဖေနဲ့ အမေကို
အားနာရသည်။
ကိုယ့်အောက်မှာလည်း
၁၀ တန်းမောင်လေးတစ်ယောက်နှင့်
၇ တန်းတက်မည့်
မောင်လေးလည်းရှိသည်။
သူမသည် အိမ်ရဲ့
ထောက်တိုင်တစ်ခုအဖြစ်
မကြာခင်
ရပ်တည်နိုင်တော့မည်မှာ အသေအချာပင်။
မျှော်လင့်ထားတိုင်း
ဖြစ်မလာတတ်တဲ့ ကံတရားကို
သူမ
ကောင်းကောင်းသိနားလည်သည်။
သို့သော် သူမ၏
ဖခင်ကတော့ ကျောင်းဆက်မတက်တဲ့
သူမကို နားလည်ဟန်
မပေါ်။
အတိအကျပြောရလျှင်
နားလည်ပေမယ့်
အငယ်တွေကို
ပြန်ကြည့်စေချင်ပုံပေါ်သည်။
သူမဟာ
ခေါင်းမာသည်။
ဘယ်ကိစ္စမဆို
ရွေးချယ်ပြီးလျှင်
ဆုံးအောင်လျှောက်ဖို့
ခံယူထားသူဖြစ်သည်။
ကျောင်းဆက်မတက်ဘဲ
အမေနဲ့အတူ စျေးကူရောင်းသည်။
၁၀ တန်းတက်မည့်
မောင်လေးက
အသိတစ်ယောက်ရဲ့ Car Workshop
မှာ အလုပ်ဝင်သည်။
အငယ်ကောင်ကိုမူ
အကြီးနှစ်ယောက်က
အချိန်ရရင် ရသလို
စာသင်ပေးကြသည်။
အဆင်ပြေသလိုနှင့်
မပြေခဲ့သော အပိုင်းအခြားများပင်ဖြစ်သည်။
ရှင်ယွန်းမြတ်နဲ့
အတန်းတူထဲက ကျောင်းတက်ကြသူအချို့
သင်တန်းဆင်းလို့
လုပ်ငန်းခွင် ဝင်ကြသည်။
ထိုနေ့က သူမ၏အဖေ
အလုပ်အပြန် အရက်သောက်လာသည်။
သူမ၏အဖေဟာ
သူမတို့မောင်နှမတွေ
ကျောင်းမတက်ကြတာကို
သဘောမကျပေမယ့်
မည်သည့်အရာမှတော့
ထုတ်ဖော်မပြောပေ။
သူတို့လျှောက်မည့်လမ်း
သူတို့ဘာသာရွေးချယ်ကြပါစေ ဟူသည့်
အမေ့ စကားကြောင့်လည်းဖြစ်နိုင်သည်။
“ ယွန်းမြတ်
သမီးကို အဖေက အများကြီးမပြောချင်ဘူးကွ
ငါ့သမီးရဲ့
ဦးနှောက်က သာမန်လူတွေထက် ပိုတွေးနိုင်တယ်
အဝေးကြီးကိုလည်း
မြင်နိုင်တယ်
ဒါပေမယ့်
ဟိုးအဝေးကြီးက ကိစ္စက ကြီးကျယ်လွန်းတယ်
သမီးတစ်ယောက်တည်း
လုပ်လို့လည်း မပြောင်းလဲနိုင်ဘူး၊
အဲကိစ္စကြီးကို
တာဝန်ယူရင်း အနီးက တာဝန်တွေကိုတော့
သမီးက
ကျေအောင်မထမ်းနိုင်တော့ဘူး “
ထိုနေ့ကတော့
အရက်ကြောင့်ထင်ရဲ့
ခပ်လေးလေးအဖေ့အသံမှာ
အက်ကွဲသံ အချို့ကပ်ပါလာတယ်။
နောက်ဆုံးတစ်ခွန်းက
သူမအထိပါ ကူးစက်အက်ကွဲစေတယ်
အချစ်ဆုံးသမီးမို့
အန္တရာယ်တွေနဲ့ ဝေးစေချင်တယ် တဲ့။
အငယ်တွေအပေါ်
တာဝန်မကျေဘူး ဆိုသည့်စကားဟာ
ဘုန်းမြတ်
အလုပ်သွားတိုင်း အပြစ်ရှိသလို ခံစားရမှုကို
ကြီးထွား
ရှင်သန်စေသည်။
တစ်ကိုယ်ကောင်းဆန်တယ်လို့
ခံစားရစေသည်။
ဂုဏ်ယူစရာကို
ရှာဖွေယူရရင်တော့
အိမ်အတွက်
တာဝန်မကျေတဲ့ လူပိုတစ်ယောက်ဟာ
နိုင်ငံ့အတွက် သဲတစ်ပွင့်လောက်တော့
တန်ဖိုးရှိကောင်းပါရဲ့။
ဘုန်းမြတ်
နားရက်။
ကောင်းမြတ်ကတော့
စာမကြည့်ရလျှင် ခါတိုင်းလိုပင်
ချောင်တစ်ခုခုမှာ
Game ထိုင်ဆော့နေနိုင်သည်။
နေ့လည်ဘက်မို့
လေပူဟာ အားမနာစွာ
လူတွေကို
တိုးတိုက်လျက်။
အမေ့ကုန်စုံဆိုင်လေးဟာလည်း
နေ့လည်ဘက်
နေပူကျဲထဲမှာ ဝယ်သူပါးလျက်။
“ မမ
ဒါတွေအားလုံးပြီးလို့ ငြိမ်းချမ်းသွားရင်
ဘာအရင်လုပ်မှာလဲ “
“ ဒါတွေ
အားလုံးပြီးသွားရင်လို့ တွေးရင်
စိတ်ထဲ
မလုံမလဲဖြစ်ရတယ် ဘုန်းမြတ်ရဲ့
တချို့တွေက
အိမ်ကို ဘယ်တော့မှ ပြန်မလာနိုင်ကြတော့ဘူး
ငါတို့ ဘဝထဲကနေ
ထွက်သွားနှင့်ကြပြီလေ “
ယွန်းမြတ်ရော
ဘုန်းမြတ်ပါ
အိမ်ရှေ့သရက်ပင်အောက်က
သစ်ရွက်ခြောက်တွေကို
အလိုလို
ငေးစိုက်ကြည့်နေမိသည်။
လေပူကိုတောင်
ဥပေက္ခာ ပြုလျက်ပင်။
ရင်ထဲအပူက
ပိုပူသည် မဟုတ်လား။
ခုဆို
ထမင်းစားချိန်ဟာ အရင်လိုဆူညံမနေတော့။
အဖေနဲ့အမေရဲ့အလုပ်အကြောင်း
တစ်ခွန်းစ နှစ်ခွန်းစ။
အဖေနဲ့ မမ
စကားမပြောတာ နှစ်ပတ်လောက်ရှိပြီ
မမဟာ အဖေ့ကို
ရှောင်နေတတ်သည်။
အပြစ်ရှိသလို
ခံစားချက်က မမကို ရိုက်နှက်နေ၍ ဖြစ်မည်။
“ မမ သားကို
ဒီနားလေး ထပ်ရှင်းပြပါအုံး၊
တော်သေးတာပါ့
မမရှိလို့ မဟုတ်ရင် ဘယ်သူ့သွားမေးရမလဲ”
“ ရော့ မမက အသားများများစားရမယ်၊
မမလို
ခန္ဓာကိုယ်သေးသေးလေးက
အသားများများစားပေးမှ
အဆင်ပြေမှာ “
“ မမ ဒီကားက
အရမ်းရယ်ရတာ သိလား၊
သားနဲ့အတူ
ကြည့်မယ်မဟုတ်လားဟင် “
တစ်ကိုယ်တော်ကောင်းမြတ်ဟာ
ခုရက်ပိုင်း မမနား တကပ်ကပ်။
နားမလည်သော
စာများရှိလျှင် မမဆီသာ ပြေးတတ်သည်။
ထမင်းဝိုင်းမှာလည်း
သူကသာ မမထက်အကြီး ဖြစ်နေတတ်သည်။
မမရဲ့အတွေးတွေကို
ဖြတ်တောက်ပေးချင်ပုံပေါ်သည်။
မမပြုံးရယ်နေတာကို
မြင်ချင်ပုံရသည်။
မမတစ်ယောက်တည်း
ငြိမ်နေပြီဆို
ကောင်းမြတ်ဟာ
တစ်ချောင်ချောင်ကနေ ပေါ်လာတတ်စမြဲ။
ညီနှစ်အစ်ကို
မောင်နှမတွေဆိုတာ မချိုသာဖြစ်ကြရင်တောင်
နွေးထွေးစောင့်ရှောက်ပေးကြတယ်
မဟုတ်လား။
မေတ္တာတရားဟာ
ကျယ်ဝန်းလုံခြုံလှသည်။
“ ယွန်းမြတ်
ဘုန်းမြတ်သက်သာရဲ့လား၊ သမီးနားလိုက်လေ၊
အမေ
ရေပတ်ဆက်တိုက်လိုက်မယ် “
ဒီနေ့တော့ သူကသာ
ဒီအိမ်ရဲ့သားကြီး ဟု ဆိုသည့်
ဘုန်းမြတ်တစ်ယောက်
ဖျားလေပြီ။
Fever ဟာ 102’F ပင်ရှိသည်။
မနေ့က အလုပ်မှာ
နေပူထဲ ရေအကိုင်များသွား၍ ဖြစ်မည်။
“ ရပါတယ် အမေရဲ့၊
သမီးပဲ ဆက်လုပ်လိုက်မယ်။
အမေက မနက်ဖြန်
ဆိုင်လည်းဖွင့်ရအုံးမှာ။
ကျောင်းတုန်းက
ဆေးရုံမှာ လက်တွေ့ဆင်းရတဲ့ လတွေဆို
ညလုံးပေါက်
မအိပ်ဘဲနေတဲ့ ညတွေတောင်ရှိသေး “
အမေဟာ
နားလည်တဲ့မျက်လုံး၊ သနားတဲ့အကြည့်တွေနဲ့
ငေးကြည့်နေတာကို
မျက်လုံးထောင့်ကနေ သူမမြင်လိုက်သည်။
ထိုအကြည့်တွေကို
သူမ တုန့်ပြန်မကြည့်ရဲ။
သေချာပေါက်
မျက်ရည်တွေ စီးဆင်းလာလိမ့်မည်သာ။
အချိန်ဟာ
မစောတော့။
လကွေးကွေးဟာ
အနောက်အရပ်သို့ ခရီးနှင်လျက်။
ဆေးကြောင့်ရော၊
ရေပတ်တင်ပေးခြင်းကြောင့်ပါ
ဘုန်းမြတ်
အဖျားကျသွားလေပြီ။
ယွန်းမြတ်မှာ
မအိပ်နိုင်သေး။
အိပ်ပျော်နေတဲ့
မောင်ဖြစ်သူကို ကြည့်ရင်း အားနာသလိုလို။
ဘယ်လောက်ပဲ
သားအကြီးပါဆိုပေမယ့်
၁၀
တန်းကျောင်းသားအရွယ်ဟာ နုနယ်လွန်းသည်။
သို့သော်
အသက်စွန့် အနစ်နာခံသွားသူများထဲတွင်
၁၀တန်းကျောင်းသား
ဟူသည့် အသက်အရွယ်အပိုင်းအခြားထက်
ငယ်ရွယ်သူများပင်
ပါဝင်နေသည်။
သက်ပြင်းတိုးတိုး
ခိုးချမိရင်း ခုတင်ဘေးကနေ
တံခါးပိတ်ရန်
ပြတင်းပေါက်ဆီ ခြေလှမ်းစမိသည်။
ကောင်းကင်ဟာ
ကြည်လင်လျက်။
ကြယ်တွေဟာ
လကွေးကွေးကို ဝန်းရံလျက်။
ဆရာအောင်ချိမ့်
စာတွေ သဘောတကျလှရှိသည်။
“ အစအစအရာရာ
အဆင်မပြေပေမယ့်
ကမ္ဘာကြီးဟာ
လှလိုက်တာကွာ “ တဲ့။
“ မမ၊
မအိပ်သေးဘူးလား “
အသံလာရာ
လှည့်ကြည့်တော့
ဘုန်းမြတ်
တရေးနိုးနေပြီ ဖြစ်သည်။
“ သက်သာရဲ့လား”
ဘုန်းမြတ်
ခေါင်းငြိမ့်တာကို မြင်တော့မှ စိတ်သက်သာရာရသည်။
ယွန်းမြတ်ဟာ
တံခါးပေါင်ကို မှီရင်း
ဘုန်းမြတ်ကို
လေသံတိုးတိုးနဲ့ မေးသည်။
“ နင့် အိပ်မက်က
ဘာလဲ “
“ ငါက
သင်္ဘောတစ်စီးနဲ့ ကမ္ဘာပတ်ချင်တာ၊
အသစ်အဆန်းတွေ၊
စွန့်စားခန်းတွေက ပျော်စရာကောင်းတယ် “
လူတစ်ယောက်ရဲ့မျက်လုံး
အတောက်ပဆုံးအချိန်ဟာ
သူ့အိပ်မက်တွေကို
ပြောပြနေတဲ့ အချိန်ပဲ တဲ့။
ဟုတ်လိမ့်မည်။
ဘုန်းမြတ်ဟာ သူ့အိပ်မက်တွေကို
ပြောပြနေချိန်မှာ
အပြုံးဟာ အမှောင်ထဲမှာ ထင်းနေခဲ့ပြီး
မျက်လုံးဟာ
ကောင်းကင်က ကြယ်တွေလို တောက်တောက်ပပ။
“ မမ ဒါဆို
နင့်ရဲ့ အိပ်မက်ကရော “
“ ငါက နင်နဲ့
ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့်
ငါက နင့်လို
ရေလမ်းက သင်္ဘောတစ်စီးနဲ့ မဟုတ်ဘူး။
ကျောပိုးအိတ်
တစ်လုံးပါမယ်။
ကင်မရာ
တစ်လုံးပါမယ်။
သဘောကျဆုံး
စာရေးဆရာရဲ့ စာအုပ်တစ်အုပ်ပါမယ်။
အသစ်အဆန်းတွေ
ရေးမှတ်ထားဖို့ မှတ်စုတစ်အုပ်ပါမယ်။
Coffee တွေ ပါမယ်။
အဲလိုခရီးကို တစ်ယောက်တည်းထွက်ချင်တာ။
အခြားသူတွေလို
အချစ်နဲ့ ခရီးမထွက်ချင်ဘူး။
ခရီးသွားရင်း
အချစ်ကို ရှာမှာ။
နေရာသစ်တစ်ခုရောက်တိုင်း
သစ်ပင်တစ်ပင်စိုက်မှာ။
နင့်ဆီမှာရော
ဒုတိယ၊ တတိယ၊ စတုတ္ထမြောက်
အိပ်မက်တွေရှိလား၊
ငါ့ဆီမှာတော့ ရှိတယ်
ဒုတိယတစ်ခုက
ငွေတွေ အများကြီးရှာချင်တယ်
တတိယတစ်ခုက
သူငယ်ချင်းတွေစုပြီး
ရှားပါးခေါင်လွန်းလှတဲ့
တောင်တန်းဒေသတွေဆီမှာ
အခမဲ့ဆေးပေးခန်းလေး
ဖွင့်ချင်တယ်
စတုတ္ထတစ်ခုကတော့
ငါတစ်ဦးတည်းအတွက် ဖြစ်တယ်
အိမ်ရှေ့မှာ
ကံ့ကော်ပင်တွေ စိုက်ချင်တယ်။ “
အိပ်မက်တွေဟာ
အတွေးနဲ့တင် အပန်းပြေစေတယ်
ဘုန်းမြတ်ဆီကတော့
တုံ့ပြန်သံ မထွက်လာ။
ဆေးရှိန်ကြောင့်
ထင်ပါရဲ့၊ နောက်တစ်ကြိမ် အိပ်ပျော်သွားပြီ။
“ ရှပ် ... ရှပ်
... “
အခန်းရဲ့အပြင်က
ခြေသံတစ်ခု။
သေချာပေါက်
ကောင်းမြတ်ပဲ ဖြစ်လိမ့်မည်။
လူကြီးလေးလို
ပြုမူနေတတ်တဲ့ ထိုကောင်လေးဟာ
ညမှာ အိပ်ရင်း
လမ်းထလျှောက်တတ်ပါသတဲ့။
ထိခိုက်မိမှာ
စိုးတဲ့စိတ်တဲ့ တံခါးရွက်ကို တွန်းဖွင့်မိတော့
လူအရိပ်အယောင်
မတွေ့ရ။
သူ့အခန်းထဲ
ပြန်ရောက်သွားပြီ ထင်ပါရဲ့။
နောက်တစ်ပတ်ကြာတော့
ဘုန်းမြတ်ဟာ
အလုပ်ပြန်ဆင်းဖို့ ပြင်ဆင်နေပြီ။
“ သားရေ ဘုန်းမြတ်
ထမင်းချိုင့်ရပြီနော် “
မနက်ခင်းမှာ
အမေ့အသံဟာ နိုးကြားတက်ကြွလျက်။
သင်္ဘောကြီး
စီးပြီး
ကမ္ဘာပတ်ချင်တဲ့
၁၀တန်းကျောင်းသားလေးဟာ
ထမင်းချိုင့်ဆွဲလျက်
အလုပ်ဆီ ဦးတည်လျက်။
ငွေတွေ
အများကြီးရှာချင်တဲ့ ကောင်မလေးကတော့
အမေ့ကုန်စုံဆိုင်လေးရဲ့
ကောင်တာမှာ
အံဆွဲထဲက
အကြွေတွေကို ရေတွက်လျက်။
အငယ်ကောင်ရဲ့အိပ်မက်ဟာ
Gammer တစ်ယောက်များဖြစ်နေမလား
ယွန်းမြတ်
တွေးရင်း ပြုံးမိသည်။
သူက Game ဆော့ရင် ထမင်းမေ့ ဟင်းမေ့
မဟုတ်လား။
သူမရဲ့
စတုတ္ထအိပ်မက်ဟာ ပြည့်သွားပြီးဖြစ်သည်။
ဘုန်းမြတ်နေမကောင်းဖြစ်တဲ့
ညရဲ့ နောက်မနက်မှာ
အဖေ စျေးက
ကံ့ကော်ပင်ပေါက်တွေ ဝယ်လာသည်။
ထိုညက
ခြေသံပိုင်ရှင်ဟာ အဖေပင် ဖြစ်သည်။
အတွေးထဲမှာ
အဲဒီ့မနက်က ပြောခဲ့တဲ့ အဖေစကားကို
ကြားယောင်လာမိသည်။
“
သမီးရဲ့အိပ်မက်တွေကို
အဖေ
တတ်နိုင်သလောက် ကူဖြည့်ပေးချင်တယ်
ဆုပေးပွဲတွေမှာ
စတုတ္ထဆုကို စပေးလေ့ရှိတယ်မဟုတ်လား
သမီးရဲ့
တတိယအိပ်မက် ဒုတိယအိပ်မက်
ပြီးတော့ ပထမ
အိပ်မက်တွေလည်း ဆက်မက်ခွင့်ရမှာပါ။
သမီးသာ
နောက်မဆုတ်ဘဲ ရှေ့ဆက်လျှောက်ရင်ပေါ့၊
သမီးရဲ့
စတုတ္ထမြောက်အိပ်မက်လေးပဲ ဖြည့်ဆည်းပေးနိုင်လို့
အဖေ
တကယ်အားနာပါတယ်ကွယ် “
မျက်ရည်ဟာ အတားအဆီးမဲ့။
ဒီအိမ်မှာ
ဒီအဖေနဲ့ ဒီသမီး စကားသေချာမပြောဖြစ်တာဟာ
ကာလအသေးလေးတစ်ခု
ရှိခဲ့ပြီးမဟုတ်လား။
အဲ့ဒီနေ့က
သူမတို့တစ်မိသားစုလုံး မျက်ရည်ကျရသည်။
ညနေဘက်
ကံ့ကော်ပင်တွေ စိုက်တော့
အားလုံးရဲ့
အပြုံးဟာ လှပစိုစွတ်လို့ နေခဲ့ပြန်သည်။
အိပ်မက်တွေမှာ
စွန့်စားခန်းတွေ ပါသည်။
ရင်ခုန်
စိတ်လှုပ်ရှားဖွယ်တွေ ပါသည်။
အိပ်မက်တွေဟာ
နူးညံ့သည်။ လှပသည်။
သို့သော်
ထိုကောင်မလေးနှင့် ကောင်လေးမှာ
ထိုအိပ်မက်တွေကို
ယာယီအားဖြင့် ကျောက်ချထားရသည်။
-
ThelThel
(အိပ်မက်တွေကို ကျောက်ချထားသည်)
Zawgyi
“ ကိုကို အေဖ အရက္ေတြ ေသာက္လာတယ္၊
ၿပီးေတာ့ မမလည္း ငိုေနတယ္ “
အစ္ကိုျဖစ္သူ အလုပ္အျပန္ကို
အိမ္ေရွ႕ထြက္ႀကိဳရွာတဲ့ ညီငယ္ရဲ႕စကားေၾကာင့္
ဘုန္းျမတ္ဟာ သက္ျပင္းတစ္ခ်က္ခိုးခ်မိသည္။
အေဖဟာ မမစကားဆို သိပ္နားေထာင္သည္။
မမေၾကာင့္ အေဖဟာ အရက္ျဖတ္သည္။ ေဆးလိပ္ျဖတ္သည္။
ခုေတာ့ ထိုအရာမ်ားဟာ ေမ့ေမ့ေပ်ာက္ေပ်ာက္။
“ ေကာင္းျမတ္ ဒီအေၾကာ္ထုပ္ကို ယူၿပီး
ေနာက္ေဖးမွာ မမကို ထမင္းပြဲကူျပင္ေပးလိုက္ေနာ္ “
ေကာင္းျမတ္ဟာ အငယ္ဆုံးရယ္လို႔ ဆိုးႏြဲ႕ျခင္း ကင္းသည္။
အစ္ကိုအစ္မေတြရဲ႕ ေရာေရာေႏွာေႏွာ မေနတတ္။
တစ္ေယာက္တည္းေနခ်ိန္ မ်ားသည္။
၇ တန္းေက်ာင္းသားအ႐ြယ္က လူႀကီးလိုပင္ ျပဳမူတတ္ေနေသးသည္။
ညီျဖစ္သူကို ေနာက္ေဖးကို လႊတ္ၿပီး
ဘုန္းျမတ္ဟာ အိမ္ေရွ႕ခန္းက အေဖဆီ လာခဲ့သည္။
အေမကိုေတာ့ မေတြ႕။
မမႏွင့္အတူ ေနာက္ေဖးေရာက္ေနျခင္း ျဖစ္ႏိုင္သည္။
“ အေဖ ဘာလို႔အရက္ေတြ ေသာက္လာတာလဲဗ်ာ။
လာ ထမင္းသြားစားရေအာင္ “
ထမင္းဝိုင္းဟာ တိတ္ဆိတ္လ်က္။
ဇြန္းသံ ပန္းကန္သံသည္သာ ထြက္ျပဴလာတတ္သည္။
ဟင္းကေတာ့ ဖြယ္ဖြယ္ရာရာရယ္လို႔ မဟုတ္။
ခ်ဥ္ေပါင္ကို င႐ုတ္သီးစိမ္းနဲ႔ ခပ္စပ္စပ္ခ်က္ထားတာ တစ္ခြက္၊
ၾကက္သားကို မႊၿပီး ၾကက္သြန္နီနဲ႔ ေၾကာ္ထားတာ တစ္ခြက္၊
အလုပ္ကအျပန္ ဝယ္လာတဲ့ အေၾကာ္။
ထမင္းစားေသာက္ၿပီးေတာ့
အေဖက အိပ္ယာေစာဝင္သည္။
မမလည္း သူ႔အခန္းထဲ ဝင္သြားေလၿပီ။
အေမကေတာ့ ေလွ်ာ္ၿပီးသားအဝတ္အခ်ိဳ႕ကို မီးပူတိုက္လ်က္။
အေမ့နားက ျဖတ္ေလွ်ာက္မိေတာ့
မင္းအစ္မနဲ႔ စကားေျပာၾကည့္အုံး ဟု ခပ္တိုးတိုးဆိုသည္။
ဒီေန႔ေတာ့ အငယ္ေကာင္ကို စာျပေပးႏိုင္မည္ မထင္။
“ မမ ငါ ဝင္လာၿပီေနာ္ “
မမဟာ အိပ္ခန္း ျပတင္းေပါက္မွ တဆင့္
ေကာင္းကင္ကို ေမာ့ေငးၾကည့္လ်က္။
ဒါဟာ မ်က္ရည္ေတြ က်ဆင္းမလာဖို႔
တားဆီးတဲ့ မမရဲ႕တစ္ခုတည္းေသာ နည္းလမ္းပင္။
“ မမ ဘယ္လိုျဖစ္တယ္ ဆိုတာ ေျပာျပ “
မမဆီက အတန္ၾကာသည္အထိ စကားသံထြက္မလာ။
စကားလုံးေတြထဲ ရႈိက္သံ မပါလို၍ အားတင္းေနဟန္ပင္။
“ ဘုန္းျမတ္ ငါကေလ အႀကီးတစ္ေယာက္ျဖစ္ၿပီး
အငယ္ျဖစ္တဲ့ နင့္ကို အကူအညီမေပးႏိုင္တဲ့အျပင္
ငါ့ရဲ႕ ဝန္ေတြကိုပါ ကူထမ္းရေစတယ္။
အေဖေျပာတာ မွန္တယ္၊
ငါက နင္တို႔ ညီအစ္ကို ႏွစ္ေယာက္အေပၚမွာ
တကယ္ တာဝန္မေက်ဘူး။ “
ေလေျပတစ္ခ်က္ဟာ ေအးခ်မ္းစြာ
မမရဲ႕ ဆံႏြယ္ေတြကို တိုးေဝွ႔က်ီစယ္သြားၾကသည္။
ေႏြဦးရဲ႕ ေလဟာ ေန႔ဘက္မွာ ပူသလိုရွိေပမယ့္
ညအေရာက္တြင္ ေအးခ်မ္းသြားတတ္သည္။
“ မမရယ္
ငါက နင့္ရဲ႕ဝန္ကို ကူထမ္းတယ္လို႔လည္း မဟုတ္ပါဘူး
ငါလည္း လိပ္ျပာမလုံလို႔ ေက်ာင္းမတက္ဘဲ
အျပင္အလုပ္ ထြက္လုပ္တာပါ၊
နင္က မိန္းကေလးေလဟာ
ငါ့လို အလုပ္ျဖစ္ရင္ၿပီးေရာ လုပ္လို႔ ဘယ္ေကာင္းမလဲ၊
ၿပီးေတာ့ ငါကလည္း ဒီအိမ္မွာ သားအႀကီးပါ “
ည ၈ နာရီဝန္းက်င္မို႔ ပတ္ဝန္းက်င္ဟာ တိတ္ဆိတ္မေန။
ေဘးအိမ္က သီခ်င္းသံကို သဲ့သဲ့ၾကားေနရသည္။
သီခ်င္းဟာ ေလးျဖဴရဲ႕ “ ယုံၾကည္ရာ “။
တစ္နည္းအားျဖင့္
ယုံၾကည္ရာကို အားတင္းေလွ်ာက္ေနတဲ့သူေတြအတြက္
ခြန္အားတစ္ခု ဒါမွမဟုတ္ တြန္းအားတစ္ခု။
2020 ဟာ မိသားစုဝင္ေတြကို အခ်ိန္ရွည္ၾကာစြာ
စုံလင္ေစခဲ့တဲ့ ခုႏွစ္တစ္ခု။
သာမာန္ထက္ ပိုခဲ့တဲ့ အရာဟာ
ေရာဂါဆန္းတစ္ခု ဒါမွမဟုတ္ Virus အထူးအဆန္းတစ္ခု။
လက္ေဆးျခင္းကို အႀကိမ္မ်ားမ်ား လုပ္ျဖစ္ခဲ့တဲ့ ကာလတစ္ခု။
2021 ကေတာ့ ထူးျခားသည္ ဆိုတာထက္
ရက္စက္ၾကမ္းတမ္းသည္။ ခက္ခဲသည္။ ပင္ပန္းသည္။
ဘဝေတြ အသက္ေတြနဲ႔ရင္းၿပီး ေ႐ြးခ်ယ္မႈအခ်ိဳ႕ကို ျပဳလုပ္ရသည္။
အိမ္မွာလည္း မထင္ထားတဲ့ ေျပာင္းလဲမႈေတြ စတင္သည္။
2020 မွာေက်ာင္းမတက္ရလို႔ ေက်ာင္းတက္ခ်င္ေနၾကတဲ့
ဘုန္းျမတ္တို႔ ေမာင္ႏွမ သုံးေယာက္လုံး ေက်ာင္းမတက္ၾက။
အႀကီးဆုံးသမီးျဖစ္တဲ့ ရွင္ယြန္းျမတ္ ဟာ
သူနာျပဳေက်ာင္းသူ အထူးသျဖင့္ final ေက်ာင္းသူတစ္ေယာက္။
ေက်ာင္းၿပီးလွ်င္ အလုပ္တစ္ခုက အသင့္ႀကိဳေနသည္။
တကၠသိုလ္ေတြက သင္ေပးတဲ့ပညာဟာ
လက္ေတြ႕ဘဝမွာ အသုံးခ်ႏိုင္ဖို႔ ခက္ခဲလြန္းတဲ့ ဒီႏိုင္ငံမွာ
ေက်ာင္းၿပီးလွ်င္ ခ်က္ခ်င္းအလုပ္ရမည့္ကိစၥမွာ စိတ္ဝင္စားစရာ။
မေျပလည္တဲ့ၾကားက ျပည့္စုံေအာင္ထားေပးတဲ့
အေဖနဲ႔ အေမကို အားနာရသည္။
ကိုယ့္ေအာက္မွာလည္း ၁၀ တန္းေမာင္ေလးတစ္ေယာက္ႏွင့္
၇ တန္းတက္မည့္ ေမာင္ေလးလည္းရွိသည္။
သူမသည္ အိမ္ရဲ႕ ေထာက္တိုင္တစ္ခုအျဖစ္
မၾကာခင္ ရပ္တည္ႏိုင္ေတာ့မည္မွာ အေသအခ်ာပင္။
ေမွ်ာ္လင့္ထားတိုင္း ျဖစ္မလာတတ္တဲ့ ကံတရားကို
သူမ ေကာင္းေကာင္းသိနားလည္သည္။
သို႔ေသာ္ သူမ၏ ဖခင္ကေတာ့ ေက်ာင္းဆက္မတက္တဲ့
သူမကို နားလည္ဟန္ မေပၚ။
အတိအက်ေျပာရလွ်င္ နားလည္ေပမယ့္
အငယ္ေတြကို ျပန္ၾကည့္ေစခ်င္ပုံေပၚသည္။
သူမဟာ ေခါင္းမာသည္။
ဘယ္ကိစၥမဆို ေ႐ြးခ်ယ္ၿပီးလွ်င္
ဆုံးေအာင္ေလွ်ာက္ဖို႔ ခံယူထားသူျဖစ္သည္။
ေက်ာင္းဆက္မတက္ဘဲ အေမနဲ႔အတူ ေစ်းကူေရာင္းသည္။
၁၀ တန္းတက္မည့္ ေမာင္ေလးက
အသိတစ္ေယာက္ရဲ႕ Car Workshop မွာ အလုပ္ဝင္သည္။
အငယ္ေကာင္ကိုမူ အႀကီးႏွစ္ေယာက္က
အခ်ိန္ရရင္ ရသလို စာသင္ေပးၾကသည္။
အဆင္ေျပသလိုႏွင့္ မေျပခဲ့ေသာ အပိုင္းအျခားမ်ားပင္ျဖစ္သည္။
ရွင္ယြန္းျမတ္နဲ႔ အတန္းတူထဲက ေက်ာင္းတက္ၾကသူအခ်ိဳ႕
သင္တန္းဆင္းလို႔ လုပ္ငန္းခြင္ ဝင္ၾကသည္။
ထိုေန႔က သူမ၏အေဖ အလုပ္အျပန္ အရက္ေသာက္လာသည္။
သူမ၏အေဖဟာ သူမတို႔ေမာင္ႏွမေတြ
ေက်ာင္းမတက္ၾကတာကို သေဘာမက်ေပမယ့္
မည္သည့္အရာမွေတာ့ ထုတ္ေဖာ္မေျပာေပ။
သူတို႔ေလွ်ာက္မည့္လမ္း သူတို႔ဘာသာေ႐ြးခ်ယ္ၾကပါေစ ဟူသည့္
အေမ့ စကားေၾကာင့္လည္းျဖစ္ႏိုင္သည္။
“ ယြန္းျမတ္ သမီးကို အေဖက အမ်ားႀကီးမေျပာခ်င္ဘူးကြ
ငါ့သမီးရဲ႕ ဦးေႏွာက္က သာမန္လူေတြထက္ ပိုေတြးႏိုင္တယ္
အေဝးႀကီးကိုလည္း ျမင္ႏိုင္တယ္
ဒါေပမယ့္ ဟိုးအေဝးႀကီးက ကိစၥက ႀကီးက်ယ္လြန္းတယ္
သမီးတစ္ေယာက္တည္း လုပ္လို႔လည္း မေျပာင္းလဲႏိုင္ဘူး၊
အဲကိစၥႀကီးကို တာဝန္ယူရင္း အနီးက တာဝန္ေတြကိုေတာ့
သမီးက ေက်ေအာင္မထမ္းႏိုင္ေတာ့ဘူး “
ထိုေန႔ကေတာ့ အရက္ေၾကာင့္ထင္ရဲ႕
ခပ္ေလးေလးအေဖ့အသံမွာ အက္ကြဲသံ အခ်ိဳ႕ကပ္ပါလာတယ္။
ေနာက္ဆုံးတစ္ခြန္းက သူမအထိပါ ကူးစက္အက္ကြဲေစတယ္
အခ်စ္ဆုံးသမီးမို႔ အႏၲရာယ္ေတြနဲ႔ ေဝးေစခ်င္တယ္ တဲ့။
အငယ္ေတြအေပၚ တာဝန္မေက်ဘူး ဆိုသည့္စကားဟာ
ဘုန္းျမတ္ အလုပ္သြားတိုင္း အျပစ္ရွိသလို ခံစားရမႈကို
ႀကီးထြား ရွင္သန္ေစသည္။
တစ္ကိုယ္ေကာင္းဆန္တယ္လို႔ ခံစားရေစသည္။
ဂုဏ္ယူစရာကို ရွာေဖြယူရရင္ေတာ့
အိမ္အတြက္ တာဝန္မေက်တဲ့ လူပိုတစ္ေယာက္ဟာ
ႏိုင္ငံ့အတြက္ သဲတစ္ပြင့္ေလာက္ေတာ့ တန္ဖိုးရွိေကာင္းပါရဲ႕။
ဘုန္းျမတ္ နားရက္။
ေကာင္းျမတ္ကေတာ့ စာမၾကည့္ရလွ်င္ ခါတိုင္းလိုပင္
ေခ်ာင္တစ္ခုခုမွာ Game ထိုင္ေဆာ့ေနႏိုင္သည္။
ေန႔လည္ဘက္မို႔ ေလပူဟာ အားမနာစြာ
လူေတြကို တိုးတိုက္လ်က္။
အေမ့ကုန္စုံဆိုင္ေလးဟာလည္း
ေန႔လည္ဘက္ ေနပူက်ဲထဲမွာ ဝယ္သူပါးလ်က္။
“ မမ ဒါေတြအားလုံးၿပီးလို႔ ၿငိမ္းခ်မ္းသြားရင္
ဘာအရင္လုပ္မွာလဲ “
“ ဒါေတြ အားလုံးၿပီးသြားရင္လို႔ ေတြးရင္
စိတ္ထဲ မလုံမလဲျဖစ္ရတယ္ ဘုန္းျမတ္ရဲ႕
တခ်ိဳ႕ေတြက အိမ္ကို ဘယ္ေတာ့မွ ျပန္မလာႏိုင္ၾကေတာ့ဘူး
ငါတို႔ ဘဝထဲကေန ထြက္သြားႏွင့္ၾကၿပီေလ “
ယြန္းျမတ္ေရာ ဘုန္းျမတ္ပါ
အိမ္ေရွ႕သရက္ပင္ေအာက္က သစ္႐ြက္ေျခာက္ေတြကို
အလိုလို ေငးစိုက္ၾကည့္ေနမိသည္။
ေလပူကိုေတာင္ ဥေပကၡာ ျပဳလ်က္ပင္။
ရင္ထဲအပူက ပိုပူသည္ မဟုတ္လား။
ခုဆို ထမင္းစားခ်ိန္ဟာ အရင္လိုဆူညံမေနေတာ့။
အေဖနဲ႔အေမရဲ႕အလုပ္အေၾကာင္း တစ္ခြန္းစ ႏွစ္ခြန္းစ။
အေဖနဲ႔ မမ စကားမေျပာတာ ႏွစ္ပတ္ေလာက္ရွိၿပီ
မမဟာ အေဖ့ကို ေရွာင္ေနတတ္သည္။
အျပစ္ရွိသလို ခံစားခ်က္က မမကို ႐ိုက္ႏွက္ေန၍ ျဖစ္မည္။
“ မမ သားကို ဒီနားေလး ထပ္ရွင္းျပပါအုံး၊
ေတာ္ေသးတာပါ့ မမရွိလို႔ မဟုတ္ရင္ ဘယ္သူ႔သြားေမးရမလဲ”
“ ေရာ့ မမက အသားမ်ားမ်ားစားရမယ္၊
မမလို ခႏၶာကိုယ္ေသးေသးေလးက
အသားမ်ားမ်ားစားေပးမွ အဆင္ေျပမွာ “
“ မမ ဒီကားက အရမ္းရယ္ရတာ သိလား၊
သားနဲ႔အတူ ၾကည့္မယ္မဟုတ္လားဟင္ “
တစ္ကိုယ္ေတာ္ေကာင္းျမတ္ဟာ ခုရက္ပိုင္း မမနား တကပ္ကပ္။
နားမလည္ေသာ စာမ်ားရွိလွ်င္ မမဆီသာ ေျပးတတ္သည္။
ထမင္းဝိုင္းမွာလည္း သူကသာ မမထက္အႀကီး ျဖစ္ေနတတ္သည္။
မမရဲ႕အေတြးေတြကို ျဖတ္ေတာက္ေပးခ်င္ပုံေပၚသည္။
မမၿပဳံးရယ္ေနတာကို ျမင္ခ်င္ပုံရသည္။
မမတစ္ေယာက္တည္း ၿငိမ္ေနၿပီဆို
ေကာင္းျမတ္ဟာ တစ္ေခ်ာင္ေခ်ာင္ကေန ေပၚလာတတ္စၿမဲ။
ညီႏွစ္အစ္ကို ေမာင္ႏွမေတြဆိုတာ မခ်ိဳသာျဖစ္ၾကရင္ေတာင္
ေႏြးေထြးေစာင့္ေရွာက္ေပးၾကတယ္ မဟုတ္လား။
ေမတၱာတရားဟာ က်ယ္ဝန္းလုံၿခဳံလွသည္။
“ ယြန္းျမတ္ ဘုန္းျမတ္သက္သာရဲ႕လား၊ သမီးနားလိုက္ေလ၊
အေမ ေရပတ္ဆက္တိုက္လိုက္မယ္ “
ဒီေန႔ေတာ့ သူကသာ ဒီအိမ္ရဲ႕သားႀကီး ဟု ဆိုသည့္
ဘုန္းျမတ္တစ္ေယာက္ ဖ်ားေလၿပီ။
Fever ဟာ 102’F ပင္ရွိသည္။
မေန႔က အလုပ္မွာ ေနပူထဲ ေရအကိုင္မ်ားသြား၍ ျဖစ္မည္။
“ ရပါတယ္ အေမရဲ႕၊ သမီးပဲ ဆက္လုပ္လိုက္မယ္။
အေမက မနက္ျဖန္ ဆိုင္လည္းဖြင့္ရအုံးမွာ။
ေက်ာင္းတုန္းက ေဆး႐ုံမွာ လက္ေတြ႕ဆင္းရတဲ့ လေတြဆို
ညလုံးေပါက္ မအိပ္ဘဲေနတဲ့ ညေတြေတာင္ရွိေသး “
အေမဟာ နားလည္တဲ့မ်က္လုံး၊ သနားတဲ့အၾကည့္ေတြနဲ႔
ေငးၾကည့္ေနတာကို မ်က္လုံးေထာင့္ကေန သူမျမင္လိုက္သည္။
ထိုအၾကည့္ေတြကို သူမ တုန္႔ျပန္မၾကည့္ရဲ။
ေသခ်ာေပါက္ မ်က္ရည္ေတြ စီးဆင္းလာလိမ့္မည္သာ။
အခ်ိန္ဟာ မေစာေတာ့။
လေကြးေကြးဟာ အေနာက္အရပ္သို႔ ခရီးႏွင္လ်က္။
ေဆးေၾကာင့္ေရာ၊ ေရပတ္တင္ေပးျခင္းေၾကာင့္ပါ
ဘုန္းျမတ္ အဖ်ားက်သြားေလၿပီ။
ယြန္းျမတ္မွာ မအိပ္ႏိုင္ေသး။
အိပ္ေပ်ာ္ေနတဲ့ ေမာင္ျဖစ္သူကို ၾကည့္ရင္း အားနာသလိုလို။
ဘယ္ေလာက္ပဲ သားအႀကီးပါဆိုေပမယ့္
၁၀ တန္းေက်ာင္းသားအ႐ြယ္ဟာ ႏုနယ္လြန္းသည္။
သို႔ေသာ္ အသက္စြန္႔ အနစ္နာခံသြားသူမ်ားထဲတြင္
၁၀တန္းေက်ာင္းသား ဟူသည့္ အသက္အ႐ြယ္အပိုင္းအျခားထက္
ငယ္႐ြယ္သူမ်ားပင္ ပါဝင္ေနသည္။
သက္ျပင္းတိုးတိုး ခိုးခ်မိရင္း ခုတင္ေဘးကေန
တံခါးပိတ္ရန္ ျပတင္းေပါက္ဆီ ေျခလွမ္းစမိသည္။
ေကာင္းကင္ဟာ ၾကည္လင္လ်က္။
ၾကယ္ေတြဟာ လေကြးေကြးကို ဝန္းရံလ်က္။
ဆရာေအာင္ခ်ိမ့္စာေတြ သေဘာတက်လွရွိသည္။
“ အစအစအရာရာ
အဆင္မေျပေပမယ့္
ကမာၻႀကီးဟာ
လွလိုက္တာကြာ “ တဲ့။
“ မမ၊ မအိပ္ေသးဘူးလား “
အသံလာရာ လွည့္ၾကည့္ေတာ့
ဘုန္းျမတ္ တေရးႏိုးေနၿပီ ျဖစ္သည္။
“ သက္သာရဲ႕လား”
ဘုန္းျမတ္ ေခါင္းၿငိမ့္တာကို ျမင္ေတာ့မွ စိတ္သက္သာရာရသည္။
ယြန္းျမတ္ဟာ တံခါးေပါင္ကို မွီရင္း
ဘုန္းျမတ္ကို ေလသံတိုးတိုးနဲ႔ ေမးသည္။
“ နင့္ အိပ္မက္က ဘာလဲ “
“ ငါက သေဘၤာတစ္စီးနဲ႔ ကမာၻပတ္ခ်င္တာ၊
အသစ္အဆန္းေတြ၊ စြန္႔စားခန္းေတြက ေပ်ာ္စရာေကာင္းတယ္ “
လူတစ္ေယာက္ရဲ႕မ်က္လုံး အေတာက္ပဆုံးအခ်ိန္ဟာ
သူ႔အိပ္မက္ေတြကို ေျပာျပေနတဲ့ အခ်ိန္ပဲ တဲ့။
ဟုတ္လိမ့္မည္။ ဘုန္းျမတ္ဟာ သူ႔အိပ္မက္ေတြကို
ေျပာျပေနခ်ိန္မွာ အၿပဳံးဟာ အေမွာင္ထဲမွာ ထင္းေနခဲ့ၿပီး
မ်က္လုံးဟာ ေကာင္းကင္က ၾကယ္ေတြလို ေတာက္ေတာက္ပပ။
“ မမ ဒါဆို နင့္ရဲ႕ အိပ္မက္ကေရာ “
“ ငါက နင္နဲ႔ ခပ္ဆင္ဆင္ပါပဲ။ ဒါေပမယ့္
ငါက နင့္လို ေရလမ္းက သေဘၤာတစ္စီးနဲ႔ မဟုတ္ဘူး။
ေက်ာပိုးအိတ္ တစ္လုံးပါမယ္။
ကင္မရာ တစ္လုံးပါမယ္။
သေဘာက်ဆုံး စာေရးဆရာရဲ႕ စာအုပ္တစ္အုပ္ပါမယ္။
အသစ္အဆန္းေတြ ေရးမွတ္ထားဖို႔ မွတ္စုတစ္အုပ္ပါမယ္။
Coffee ေတြ ပါမယ္။
အဲလိုခရီးကို တစ္ေယာက္တည္းထြက္ခ်င္တာ။
အျခားသူေတြလို အခ်စ္နဲ႔ ခရီးမထြက္ခ်င္ဘူး။
ခရီးသြားရင္း အခ်စ္ကို ရွာမွာ။
ေနရာသစ္တစ္ခုေရာက္တိုင္း သစ္ပင္တစ္ပင္စိုက္မွာ။
နင့္ဆီမွာေရာ ဒုတိယ၊ တတိယ၊ စတုတၳေျမာက္
အိပ္မက္ေတြရွိလား၊ ငါ့ဆီမွာေတာ့ ရွိတယ္
ဒုတိယတစ္ခုက ေငြေတြ အမ်ားႀကီးရွာခ်င္တယ္
တတိယတစ္ခုက သူငယ္ခ်င္းေတြစုၿပီး
ရွားပါးေခါင္လြန္းလွတဲ့ ေတာင္တန္းေဒသေတြဆီမွာ
အခမဲ့ေဆးေပးခန္းေလး ဖြင့္ခ်င္တယ္
စတုတၳတစ္ခုကေတာ့ ငါတစ္ဦးတည္းအတြက္ ျဖစ္တယ္
အိမ္ေရွ႕မွာ ကံ့ေကာ္ပင္ေတြ စိုက္ခ်င္တယ္။ “
အိပ္မက္ေတြဟာ အေတြးနဲ႔တင္ အပန္းေျပေစတယ္
ဘုန္းျမတ္ဆီကေတာ့ တုံ႔ျပန္သံ မထြက္လာ။
ေဆးရွိန္ေၾကာင့္ ထင္ပါရဲ႕၊ ေနာက္တစ္ႀကိမ္ အိပ္ေပ်ာ္သြားၿပီ။
“ ရွပ္ ... ရွပ္ ... “
အခန္းရဲ႕အျပင္က ေျခသံတစ္ခု။
ေသခ်ာေပါက္ ေကာင္းျမတ္ပဲ ျဖစ္လိမ့္မည္။
လူႀကီးေလးလို ျပဳမူေနတတ္တဲ့ ထိုေကာင္ေလးဟာ
ညမွာ အိပ္ရင္း လမ္းထေလွ်ာက္တတ္ပါသတဲ့။
ထိခိုက္မိမွာ စိုးတဲ့စိတ္တဲ့ တံခါး႐ြက္ကို တြန္းဖြင့္မိေတာ့
လူအရိပ္အေယာင္ မေတြ႕ရ။
သူ႔အခန္းထဲ ျပန္ေရာက္သြားၿပီ ထင္ပါရဲ႕။
ေနာက္တစ္ပတ္ၾကာေတာ့
ဘုန္းျမတ္ဟာ အလုပ္ျပန္ဆင္းဖို႔ ျပင္ဆင္ေနၿပီ။
“ သားေရ ဘုန္းျမတ္ ထမင္းခ်ိဳင့္ရၿပီေနာ္ “
မနက္ခင္းမွာ အေမ့အသံဟာ ႏိုးၾကားတက္ႂကြလ်က္။
သေဘၤာႀကီး စီးၿပီး
ကမာၻပတ္ခ်င္တဲ့ ၁၀တန္းေက်ာင္းသားေလးဟာ
ထမင္းခ်ိဳင့္ဆြဲလ်က္ အလုပ္ဆီ ဦးတည္လ်က္။
ေငြေတြ အမ်ားႀကီးရွာခ်င္တဲ့ ေကာင္မေလးကေတာ့
အေမ့ကုန္စုံဆိုင္ေလးရဲ႕ ေကာင္တာမွာ
အံဆြဲထဲက အေႂကြေတြကို ေရတြက္လ်က္။
အငယ္ေကာင္ရဲ႕အိပ္မက္ဟာ
Gammer တစ္ေယာက္မ်ားျဖစ္ေနမလား
ယြန္းျမတ္ ေတြးရင္း ၿပဳံးမိသည္။
သူက Game ေဆာ့ရင္ ထမင္းေမ့ ဟင္းေမ့ မဟုတ္လား။
သူမရဲ႕ စတုတၳအိပ္မက္ဟာ ျပည့္သြားၿပီးျဖစ္သည္။
ဘုန္းျမတ္ေနမေကာင္းျဖစ္တဲ့ ညရဲ႕ ေနာက္မနက္မွာ
အေဖ ေစ်းက ကံ့ေကာ္ပင္ေပါက္ေတြ ဝယ္လာသည္။
ထိုညက ေျခသံပိုင္ရွင္ဟာ အေဖပင္ ျဖစ္သည္။
အေတြးထဲမွာ အဲဒီ့မနက္က ေျပာခဲ့တဲ့ အေဖစကားကို
ၾကားေယာင္လာမိသည္။
“ သမီးရဲ႕အိပ္မက္ေတြကို
အေဖ တတ္ႏိုင္သေလာက္ ကူျဖည့္ေပးခ်င္တယ္
ဆုေပးပြဲေတြမွာ စတုတၳဆုကို စေပးေလ့ရွိတယ္မဟုတ္လား
သမီးရဲ႕ တတိယအိပ္မက္ ဒုတိယအိပ္မက္
ၿပီးေတာ့ ပထမ အိပ္မက္ေတြလည္း ဆက္မက္ခြင့္ရမွာပါ။
သမီးသာ ေနာက္မဆုတ္ဘဲ ေရွ႕ဆက္ေလွ်ာက္ရင္ေပါ့၊
သမီးရဲ႕ စတုတၳေျမာက္အိပ္မက္ေလးပဲ ျဖည့္ဆည္းေပးႏိုင္လို႔
အေဖ တကယ္အားနာပါတယ္ကြယ္ “
မ်က္ရည္ဟာ အတားအဆီးမဲ့။
ဒီအိမ္မွာ ဒီအေဖနဲ႔ ဒီသမီး စကားေသခ်ာမေျပာျဖစ္တာဟာ
ကာလအေသးေလးတစ္ခု ရွိခဲ့ၿပီးမဟုတ္လား။
အဲ့ဒီေန႔က သူမတို႔တစ္မိသားစုလုံး မ်က္ရည္က်ရသည္။
ညေနဘက္ ကံ့ေကာ္ပင္ေတြ စိုက္ေတာ့
အားလုံးရဲ႕ အၿပဳံးဟာ လွပစိုစြတ္လို႔ ေနခဲ့ျပန္သည္။
အိပ္မက္ေတြမွာ စြန္႔စားခန္းေတြ ပါသည္။
ရင္ခုန္ စိတ္လႈပ္ရွားဖြယ္ေတြ ပါသည္။
အိပ္မက္ေတြဟာ ႏူးညံ့သည္။ လွပသည္။
သို႔ေသာ္ ထိုေကာင္မေလးႏွင့္ ေကာင္ေလးမွာ
ထိုအိပ္မက္ေတြကို ယာယီအားျဖင့္ ေက်ာက္ခ်ထားရသည္။
- ThelThel
(အိပ္မက္ေတြကို ေက်ာက္ခ်ထားသည္)
Done 🍀
ReplyDeleteDone
ReplyDelete🍁🌸Done✅
ReplyDeleteDone 💪
ReplyDeleteကောင်းတယ်ဗျ
ReplyDeleteမေတ္တာတရားကိုခံစားမိတယ်
ကျနော်တို့အားလုံးဟာ ခေ
တ်ဆိုးရဲ့ သားကောင်တွေဖြစ်သလို တနည်းအားဖြင့် ခေတ်ပြောင်းမယ့် သူရဲကောင်းတွေပါ✊
အားတင်းထားကြပါဦီ
ကျနော်တို့အိပ်မက်တွေ တနေ့ဖြစ်လာမှာပါ 💪
"သမီးရဲ့ စတုတ္ထမြောက်အိပ်မက်လေးပဲ ဖြည့်ဆည်းပေးနိုင်လို့
ReplyDeleteအဖေ တကယ်အားနာပါတယ်ကွယ်"ဆိုတဲ့ အပိုင်းလေးမှာ မျက်ရည်ဝဲသွားတယ်။ ကိုယ်တို့တွေ အတူတူအဆုံးထိ အားတင်းရင်း ဆက်လျှောက်ကြတာပေါ့။
ပြောရင်တော့ဆင်ခြေပေါ့မင်မင်ရာ
ReplyDeleteလိုင်းကျပ်တာရောဖုန်းကြောင်တာရောရတဲ့ Time ကို clickနေပါတယ်
ဖတ်ရင်းမျက်ရည်တောင်ကျတယ်