ဘုံခန်းလည်း မြှောက်လွန်းသည် ငရဲခန်းလည်း ခြောက်လွန်းသည်
Unicode
ဘုံခန်းလည်း
မြှောက်လွန်းသည်
ငရဲခန်းလည်း
ခြောက်လွန်းသည်
(၁)
တတီတီ မြည်နေသော ဖုန်းအသံကို
လျစ်လျူရှုရင်း နားကို လက်ဖြင့်အုပ်၊ မျက်စိကို စုံမှိတ်ကာ ကျွန်မ အတင်းဆက်အိပ်နေမိသည်။
ယမန်နေ့ညက အချိန်ပိုဆင်းရ၍ ညဆယ့်တစ်နာရီထိုးလုထိုးခင်မှ အိပ်ရာဝင်ရသဖြင့် ကျွန်မ လုံးဝ
မထချင်ပါချေ။
“မြသွေး...
ဝတ်ရည်... တံခါးဖွင့်။”
ခြံတံခါးဆီမှ
အသံစူးစူးကလေး ထွက်လာသည်နှင့် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းကြီး ရောက်လာပြီ ဖြစ်ကြောင်း
ကျွန်မ သိလိုက်သည်။ သို့သော် သူ့အသံကိုပင် မကြားဟန်ပြုကာ ကျွန်မ ဆက်အိပ်ပစ်လိုက်သည်။
“မြသွေး...
ဝတ်ရည်... မထသေးဘူးလား။ မြသွေးရေ... ဝတ်ရည်ရေ...
ထတော့”
အသံဆာဆာက ဒုတိယအကြိမ် ထွက်လာပြန်၏။
ကျွန်မ မထချင်သေးသော်လည်း ပြန်မအိပ်နိုင်တော့ပါချေ။ ကျွန်မနံဘေးအခန်းတွင် အိပ်နေသော
ဝတ်ရည်လည်း ဆက်အိပ်၍ ရတော့မည် မထင်ပေ။
“မြသွေး... ဝတ်ရည်...
ဒီမှာ လူသစ်တွေ ရောက်ပြီ။ ထတော့လို့။” အပြင်ဘက်ဆီမှ
အသံသည် ဤတစ်ကြိမ်၌မူ စိတ်ဆိုးဟန်ဖြင့် စူစူဆောင့်ဆောင့် ဖြစ်လာ၏။ အဆုံး၌ ကျွန်မသည်
သိပ်မများလှသည့် ဆံနွယ်ရှည်များကို ခေါင်းအုံးနံဘေးမှ ခေါင်းစည်းကြိုးဖြင့် စည်းနှောင်ကာ
အခန်းအပြင်ဘက်သို့ ထွက်ခဲ့ရတော့သည်။
ကျွန်မတို့နေရသည့်အိမ်ကလေးက သိပ်တော့ မကျယ်ဝန်းလှသော်လည်း ဧည့်ခန်းနေရာ၊ မီးဖိုခန်း၊
အိမ်သာ၊ ရေချိုးခန်း စသည်ဖြင့် သတ်သတ်မှတ်မှတ် ရှိသည်။ ကျွန်မက အိမ်တံခါးကို တွန်းဖွင့်လိုက်သည်တွင်
ခြံရှေ့တွင် ရပ်နေသော မိန်းကလေးသုံးယောက်နှင့် အမျိုးသမီးကြီးတစ်ယောက်ကို မြင်လိုက်ရ၏။
‘ဒါလေးတွေက ဆရာ ပြောထားတဲ့ လူသစ်ကလေးတွေပဲ ဖြစ်ရမယ်။ ခိုင်းစရာ
လူတော့ ရလာပြီပေါ့လေ။’ ကျွန်မ တစ်ကိုယ်တည်း တွေးလိုက်ပြီး ကျောက်ပြားခင်းထားသည့်လမ်းအတိုင်း
ခြံဝင်းတံခါးဆီ လျှောက်လာ၏။ သွပ်ပြားဖြင့် ရိုက်ကပ်ထားသော ခြံဝင်းတံခါးကြောင့် လူသစ်မိန်းကလေးနှစ်ယောက်၏
ပုံပန်းသဏ္ဌာန်ကို ကျွန်မ သေသေချာချာ မမြင်ရသေးပေ။ ခြံဝင်းတံခါး အောက်ခြေအဟကလေးမှ တစ်စွန်းတစ်စ
ပေါ်နေသော ဒေါက်မြင့်ဖိနပ်အဖြူတစ်ရံနှင့် အနက်တစ်ရံကိုသာ ကျွန်မ မြင်ရသည်။
“အစောကြီး ရှိသေးတာကို။
လာလေ... ခြံထဲဝင်။”
ကျွန်မက ခြံဝင်းတံခါးကို ဖွင့်လိုက်ပြီး
လောကွတ်ပြုသည်။
“အခုထိ အိပ်နေတာလား
မြသွေးရယ်။ ဒီမှာ လူသစ်တွေ။ ဒီအန်တီက သူတို့အမေ။”
ကျွန်မလုပ်ဖော်ကိုင်ဖက်ဟောင်း နန္ဒာက
လူသစ်ကောင်မလေးနှစ်ယောက်ကို မိတ်ဆက်ပေးရင်း လောကွတ်ပြုသည်။ ထိုအခါမှ ကျွန်မရှေ့တွင်
ရပ်နေသော ကောင်မလေးနှစ်ယောက်ကို သေချာကြည့်မိသည်။ နှစ်ယောက်လုံးက ဆံပင်ကုတ်ဝဲကလေးများနှင့်
ဖြစ်ပြီး တစ်ယောက်က အနက်ရောင် ဘောင်းဘီရှည်နှင့် တီရှပ်တစ်ထည် ဝတ်ထား၏။ နောက်တစ်ယောက်က
ပန်းနုရောင် ဘောင်းဘီရှည်နှင့် တီရှပ်တစ်ထည် ဝတ်ထား၏။ နှစ်ယောက်ပေါင်းမှ တစ်မျက်နှာသာ
ပိုင်ဆိုင်ထားသော အမြွှာများ ဖြစ်သော်လည်း သူတို့မျက်နှာကလေးများက တော်တော်လေး အချိုးအစားကျနပြီး
လူရည်သန့်ကလေးများမှန်း သိသာလွန်းလှ၏။ ခန္ဓာကိုယ်အချိုးအဆက်မှာလည်း ပြည့်ပြည့် ဖောင်းဖောင်းကလေးများ
ဖြစ်၍ ကျွန်မတူမလေး ကြည့်နေကျ ဂျပန်ကာတွန်းကားထဲမှ ကောင်မလေးများနှင့်ပင် ဆင်လှသည်ဟု
တွေးလိုက်မိသေးသည်။ ထိုနှစ်ယောက်လုံးရော သူတို့အမေရောကပါ မျက်ဆံ ညိုဖျော့ဖျော့များ
ရှိပြီး အသားအရည်က ဝါဖန့်ဖန့် ဖြစ်နေ၏။
“လာလေ... ဆရာက
ပြောထားတယ်။ အိမ်ထဲဝင်။”
ကျွန်မက နှုတ်ဆက်လိုက်ရာ ထိုကလေးမလေးနှစ်ယောက်က
ပြုံးရယ်ကာ ခေါင်းညိတ်သည်။
“ဟုတ်ကဲ့ မမ။”
ကျွန်မကို ပြန်ဖြေပြီး သူတို့လက်ဆွဲသေတ္တာကို သူတို့ဆွဲ၍ ခြံထဲ ဝင်လာကြသည်။ သူတို့ပစ္စည်းပစ္စယများက
များလွန်းလှ၍ အဆောင်နေရင်း အလုပ်လာလုပ်သည်ဟုပင် မထင်ရဘဲ တစ်အိုးတစ်အိမ် ထူထောင်ရန်
အိမ်ပြောင်းလာသည်နှင့်ပင် တူနေသေးသည်။ သူတို့အမေဆိုသူက အိမ်ထဲ ဝင်ရင်း ကျွန်မကို အပ်သည်။
“သမီးရေ... ညီမလေးတွေကို
စောင့်ရှောက်ပေးပါဦး။ သူတို့တစ်ခါမှ အလုပ်ထွက်မလုပ်ဖူးဘူး။”
“စိတ်ချပါ အန်တီ။ ဒီမှာက မိန်းကလေးတွေချည်းပဲ
နေတာ။ ဆရာကလဲ တအားသဘောကောင်းတာ။ စိတ်ချနော်။” ကျွန်မက
ရယ်လျက် ပြန်ဖြေသည်။ စိတ်ထဲတွင်မူ ‘အမေချစ်ကလေးတွေ
ငါ နှိပ်ကွပ်ပစ်လိုက်ဦးမယ်’ ဟူသော အတွေးသေးသေးကလေး ဝင်နေမိ၏။ ထိုအချိန်မှာပင် ဝတ်ရည်က သူ့အခန်းထဲမှ
ထွက်လာပြီး ထိုကလေးမနှစ်ယောက်ကို မေးသည်။
“အမြွှာတွေလား။ ရုပ်ချင်းတူလိုက်တာ။”
“ဟုတ်ကဲ့။ သမီးတို့က ဘယ်မှာ အိပ်ရမှာလဲ။”
“ဒီအခန်းကတော့ အစ်မအိပ်တာ။ မြသွေးအခန်းက
ကျယ်တယ်။ သုံးယောက် အတူတူ အိပ်ပေါ့။” ဝတ်ရည်က ပြန်ဖြေသည်နှင့်
ထိုကလေးမလေးနှစ်ယောက်က ကျွန်မအိပ်သည့် အခန်းအတွင်းသို့ သူတို့လက်ဆွဲသေတ္တာများနှင့်
ကျောပိုးအိတ်များကို ထည့်လိုက်လေသည်။
“အခန်းက အလင်းရောင် မရဘူး။ ပုံဆွဲလို့
ရမှာ မဟုတ်ဘူး။”
“အင်း...လေဝင်လေထွက်လဲ
မကောင်းဘူး။”
“ကြမ်းက
ကျွံချင်သလိုဖြစ်နေတယ်။”
“ခြင်ထောင်ထောင်ဖို့
ကြိုးတန်းမရှိဘူး။ စာရေးဖို့ စားပွဲခုံ မရှိဘူး။”
ထိုအမြွှာနှစ်ယောက်က ကျွန်မအခန်းအတွင်းကို
လှည့်ပတ်ကြည့်ရင်း တတွတ်တွတ် ပြောပါတော့သည်။ ထိုအခါမှ ကျွန်မသည် လေးနှစ်တာလုံး နေခဲ့သော
အခန်းက ထိုမျှ ဆိုးဝါးနေပါကလားဟု အတွေးဝင်မိတော့သည်။
(၂)
“ဒါက... မမအတွက်။
ဆံပင်ရှည်မယ် ထင်လို့။” ကလေးမတစ်ယောက်က ကျွန်မကို ကျောက်စီဆံထိုးတစ်ချောင်း ကမ်းပေးရင်း
ရယ်လျက်ဆိုသည်။ ကျောက်စီဆံထိုး၏ ပုံစံနှင့် အရောင်အသွေးကို ကြည့်ရုံမျှဖြင့် အနည်းဆုံးတော့
လေးငါးထောင် တန်မည်ဖြစ်ကြောင်း ကျွန်မ တွေးမိသဖြင့် ပြုံးပြုံးကြီး လက်ခံထားလိုက်တော့သည်။
“ကျေးဇူးပဲနော်။ မမ အလုပ်သွားတော့မယ်။
ညီမလေးတို့ ဝတ်ရည်နဲ့ လိုက်ခဲ့ကြတော့။” ကျွန်မက သူတို့ကို
နှုတ်ဆက်ရင်းအလုပ်ကို သွားမည်ပြုရာ အကြီးဖြစ်ဟန်တူသည့် ကလေးမက မျက်ခုံးပင့်သည်။
“အခုမှ ရှစ်နာရီနှစ်ဆယ်ပဲ ရှိသေးတာ။
အလုပ်ချိန်က ကိုးနာရီမှ စမှာ။ လမ်းလျှောက်တာ ငါးမိနစ် ဖယ်လိုက်ရင် သုံးဆယ့်ငါးမိနစ်
စောနေတယ်။”
“မမက စောစောသွားတာ။ ဟိုမှာ ကြမ်းတိုက်၊
တံမြက်စည်းလှည်းဘာညာ လုပ်ရဦးမယ်လေ။ ညီမလေးတို့ ဝတ်ရည်နဲ့ လိုက်ခဲ့လိုက်။”
“မနက်စာ မစားရသေးဘူးမလား။”
နောက်တစ်ယောက်က ထပ်မေးပြန်သည်။
“အင်း.. ကိတ်မုန့်ပါတယ်။
ဟိုရောက်မှ စားတော့မယိ။”
ကျွန်မက ထမင်းချိုင့်ခြင်းထဲ ထိုးထည့်ထားသော
ကိတ်မုန့်သေးသေးလေးကို ထိုးပြ၍ ပြန်ဖြေရင်း ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ ဆေးခန်းဖွင့်ချိန်က
ကိုးနာရီမှ ညခုနစ်နာရီအထိသာ ဖြစ်သော်လည်း ကျွန်မက အမြဲ စောစောသွားပြီး လုပ်စရာရှိသည်ကို
ကြိုလုပ်ထားတတ်သည်။ ထို့ကြောင့်လည်း ဆရာက ကျွန်မကို အင်မတန် ယုံကြည်ကိုးစားနေခြင်း
ဖြစ်သည်။
ကျွန်မ ကိတ်မုန့်စားပြီး တံမြက်စည်းလှည်းနေသည့်အချိန်တွင်
ဝတ်ရည်နှင့် ထိုအမြွှာနှစ်ယောက် ဆေးခန်းသို့ ရောက်လာ၏။ ကလေးမနှစ်ယောက်က သူတို့ကျောပိုးအိတ်များကို
နေရာချလိုက်ပြီးသည်နှင့် ကျွန်မထံ လာပြီးမေးတော့သည်။
“မမ သမီးတို့ ဘာလုပ်ရမလဲ။”
“အခန်းတွေအကုန်လုံး တံမြက်စည်း လှည်းရမယ်။
အရင် တံမြက်စည်း လှည်းပြီးတော့ ကြမ်းတိုက်တံနဲ့ တိုက်ရမယ်။ နေ့တိုင်း လှည်းရမယ်။ မှန်တွေ
အကုန် တစ်ရှူးအစိုနဲ့ သုတ်ရမယ်။ ဆိုဖာတွေကိုလဲ တိုက်ရမယ်။ မှတ်ထားနော်။ နေ့တိုင်း လုပ်ရမှာ။”
ကျွန်မမှာ နဂိုကတည်းက အသစ်ဖြစ်နေ၍
ဖိထားချင်သည့် ဓာတ်ခံကလေးက ရှိနေလေရာ ထိုကလေးမနှစ်ယောက်ကို လေသံအေးအေးဖြင့် စခိုင်းတော့သည်။
ကျွန်မလေသံက ညင်သာနေသည့်တိုင် အမိန့်ဆန်သည့် အငွေ့အသက်များ ပါနေကြောင်း ကျွန်မဘာသာ
ကောင်းကောင်းသိပါသည်။ ထိုကလေးမ နှစ်ယောက်မူ ပြုံးရယ်လျက်ပင် တံမြက်စည်း စလှည်းတော့၏။
သူတို့လုပ်သည်က သာမန်ထက် အနည်းငယ် နှေးကွေးနေသော်လည်း အဆင်တော့ ပြေနေပါသေးသည်။
“ဆေးခန်းဖွင့်ချိန်က ကိုးနာရီကနေ ညခုနစ်နာရီအထိပေါ့။
ခုနစ်နာရီပြီးရင် ပြီးပြီပေါ့။” အကြီးလား အငယ်လားမသိသည့် ကလေးမတစ်ယောက်က တံမြက်စည်းလှည်းရင်း
စကားစသည်။
“ခုနစ်နာရီဆိုပေမဲ့ လူနာမပြတ်ရင် ညဘက်အထိ
လုပ်ရတယ်။ တစ်ခါတလေ ညကိုးနာရီလောက်အထိ လုပ်ရတဲ့ရက်တွေရှိတယ်။”
ကျွနိမက ခပ်အေးအေး ရှင်းပြသည်။
“ဟင်... ညကိုးနာရီအထိ။”
တစ်ယောက်က တအံ့တသြ ပြောသည်။
“အိုဗာတိုင်ကြေးက တစ်နာရီ ဘယ်လောက်လဲ။
ညကိုးနာရီအထိဆိုရင် နှစ်နာရီတောင် ပိုနေပြီ။” နောက်တစ်ယောက်က
ထပ်မေးသည်။ ထိုတစ်ယောက်က ကျွန်မအဆောင်က ထွက်ထွက်ချင်း သုံးဆယ့်ငါးမိနစ်ပိုနေကြောင်း
ပြောသည့် ကလေးမ ဖြစ်မည်ဟု ကျွန်မ တွက်ဆမိသည်။ တစ်ဆက်တည်းမှာပင်
‘ဒီကလေးမ ဒီနေ့မှ အလုပ်စဆင်းတာကိုတောင် တွက်ကပ်လိုက်တာ' ဟုလည်း မှတ်ချက်ချလိုက်တော့သည်။
“အိုဗာတိုင်ကြေး မပေးဘူး။ လစာအတိုင်းပဲ။
ငါတို့လုပ်လာတာ လေးနှစ်လောက်တောင် ရှိနေပြီ။ ညီမလေးတို့လဲ နောက်နှစ်နှစ်လောက်ဆိုရင်
လစာနှစ်သိန်းကျော် ရမှာပါ။”
ကျွန်မက သူတို့ကို ချွေးသိပ်ရင်း
ကျွန်မ လစာ နှစ်သိန်းကျော် ရကြောင်း ကပ်ကြွားသည်။ အာဏာအသိမ်းခံထားရသည့် အခြေအနေ၊ ရောဂါဘယများ
ထူပြောနေသည့် ကာလ၊ အလုပ်အကိုင်ရှားပါးသည့် ခေတ်အခါမျိုးတွင် အလုပ်ဝင်ဝင်ချင်း တစ်လတစ်သိန်းခွဲရသည်ကပင်
ထိုကလေးမနှစ်ယောက်အတွက် အတော် တွက်ချေကိုက်နေပြီ ဖြစ်ရာ သူတို့ကျေနပ်လိမ့်မည်ဟု ကျွန်မ
ထင်သည်။
“မမ ဒီမှာလုပ်တာ လေးနှစ်ရှိပြီမလား။
အဲ့ဒါမှ နှစ်သိန်းကျော် ရတာမလား။”
ကလေးမတစ်ယောက်က တံမြက်စည်းကို ပြန်သိမ်းရင်း
မေးပြန်သည်။ သူ့မေးခွန်းကြောင့် ကျွန်မက သူတို့နှစ်ယောက်က ကျွန်မကို ခွာရာ လာတိုင်းချင်နေသည်ဟု
ထင်လိုက်မိပြန်သည်။
“အင်းလေ.. ညီမလေးတို့က
အခုမှစတော့ တစ်သိန်းခွဲပဲ ရတာပေါ့။ မမတို့နဲ့တော့ တွက်ကပ်လို့ မရဘူးလေ။ ညီမလေးတို့လဲ
သုံးလေးနှစ်နေရင် လစာတိုးလာမှာပေါ့။”
ကျွန်မက သူတို့ကို မသိမသာ ဖိနှိပ်ရင်း
အမှိုက်ပုံးတွင် စွပ်ရန် အိတ်တစ်လုံး ထုတ်ပေးသည်။
“အမှိုက်ပုံးမှာ စွပ်လိုက်။ နောက်လဲ
နေ့တိုင်းလဲရမယ်။ ဒီမှာ အိတ်တွေ ယူရမယ်။ မသိရင် လာမေး။”
သူတို့နှစ်ယောက်က ကျွန်မကို ခေါင်းညိတ်ပြပြီး
အမှိုက်ပုံးတွင် အိတ်ကို စွပ်သည်။ သို့သော် လုံးဝ အဆင်မပြေ၊ စောင်းရွဲ့နေပြီး နံဘေးတွင်
ဟနေ၏။ အမှိုက်အိတ်ပင် တည့်အောင် မစွပ်တတ်သော ထိုကလေးမနှစ်ယောက်ကို ကျွန်မစိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။
သို့သော် အပြင်ပန်းတွင်မူ စေတနာထားတတ်သော စီနီယာမမအသွင်ဖြင့် အမှိုက်အိတ်ကို စွပ်ပြလိုက်သည်၊
သူတို့ကိုလည်း နောက်ကို သေချာလုပ်ရန် မှာလိုက်သေးသည်။ လက်သင်ကလေးများကို ဆရာကြီး လုပ်ရသည်က
အင်မတန် ပျော်စရာကောင်းသည်။
(၃)
ကိုးနာရီ ထိုးပြီးနောက် ဆေးခန်းပိုင်ရှင်
ဆရာဝန်ရော၊ အခြားဆရာဝန်များရော၊ အလုပ်သမားများပါ ရောက်လာကြပြီး ဆေးခန်းကလည်း လူရှုပ်လာတော့သည်။
ကျွန်မက လူသစ်ကလေးမနှစ်ယောက်ကို ဓာတ်မှန်ခန်းထဲ ခေါ်သွားရင်း လုပ်စရာရှိသည်များကို
သင်ပြပေးသည်။ တစ်ဆက်တည်းမှာပင် ဤဆေးခန်းမှာ နာမည်ကြီး အရေပြား အထူးကုဆေးခန်း ဖြစ်၍
လူကုံထံများသာ လာကြောင်း၊ ဆရာဝန်များနှင့် ဆေးခန်းပိုင်ရှင်မှာလည်း လူကုံထံများပင်
ဖြစ်၍ အင်မတန် ဂရုစိုက်ရန် လိုကြောင်း၊ လူနာက မှားနေလျှင်ပင် ဝန်ထမ်းကသာ အလျှော့ပေးရမည်
ဖြစ်ကြောင်း သြဝါဒချွေတော့သည်။
ကျွန်မ အလုပ်စဝင်စဥ်အခါကလည်း ကျွန်မ၏စီနီယာက
ကျွန်မကို ထိုကဲ့သို့ပင် သင်ကြားသည်၊ ဖိနှိပ်သည်၊ လေးနှစ်တာမျှ အလုပ်လုပ်ပြီးနောက်
ကျွန်မသည်လည်း အလားတူလုပ်ရပ်မျိုး လုပ်လာနိုင်ခဲ့လေပြီ။ အမြွှာညီအစ်မ နှစ်ယောက်ကမူ
ကျွန်မ၏ အပြုအမူများအပေါ် သိပ်နှစ်ခြိုက်လှဟန် မတူ။ သို့သော် ကျွန်မပြောသမျှ ဟုတ်ကဲ့လိုက်ရင်း
ပြုံးနေသဖြင့် အဆင်ပြေနေသည်ဟု ထင်ခဲ့မိသည်။
လူနာများကလည်း တစ်စတစ်စများလာသည်၊
ဆရာဝန်များမှာလည်း အလုပ်ရှုပ်လာပြီး ကျွန်မ၏ စာရင်းကိုင်နေရာကလေးမှာလည်း လူမပြတ်တော့ပေ။
အမြွှာညီအစ်မနှစ်ယောက်ကိုလည်း ဆေးခန်းအတွင်းမှ လူတိုင်းက လက်တိုလက်တောင်း ခိုင်းကြလေရာ
သူတို့ခမျာလည်း ဗျာများနေတော့သည်။ ဤသို့ဖြင့် နေ့လည်ဆယ့်နှစ်နာရီ ထိုးသွားလေသည်။ လူနာများကလည်း
စစ်ဆေးခန်းများအတွင်းတွင် ရှိနေကြပြီး ကျွန်မတို့လည်း အလုပ်သက်သာသွား၏။ ထိုအခိုက် ကလေးမတစ်ယောက်က
ကျွန်မအနားကပ်လာပြီး ခပ်တိုးတိုး မေးသည်။
“မမရေ နေ့လည်စာစားချိန်က ဘယ်တော့လဲ။”
“သီးသန့်မရှိဘူး။ အချိန်ရရင် စားကြတယ်။
လူနာများတဲ့နေ့ဆိုရင်တော့ နေ့လည်သုံးနာရီလောက်မှ စားရတဲ့အခါတွေလဲ ရှိတယ်။”
ကျွန်မ ပြန်ဖြေလိုက်ရာ ထိုကလေးမနှစ်ယောက်က
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တစ်စုံတစ်ရာကို ခပ်တိုးတိုး ကပ်ပြောသည်။ နှာခေါင်းစည်း
အုပ်ထားသည့်အတွက် သူတို့၏မျက်နှာအမူအရာကို မမြင်ရသည့်တိုင် နှစ်ယောက်လုံး အတော်လေး
စိတ်ညစ်သွားမှန်း ကျွန်မ ရိပ်မိပါ၏။ ‘ဒါအစပဲ ရှိသေးတယ်။
ကလေးမတို့ရေ’ ဟူ၍ ကျွန်မစိတ်ထဲတွင်
သူတို့ကို လှောင်ရယ်နေမိသည်။ ထို့နောက် ကျွန်မကလည်း ကျွန်မဘာသာ အလုပ်များနေသဖြင့် သူတို့ကို
သတိမထားမိတော့ပေ။
ညနေခင်း လေးနာရီခန့်တွင်မူ ဆေးခန်းပိုင်ရှင်လည်းဖြစ်၊
ကျွန်မကျေးဇူးရှင်လည်း ဖြစ်သည့်ဆရာဝန်က သူတို့နှစ်ယောက်ကို နားနေခန်းထဲ ခေါ်ကာ စကားအနည်းငယ်
ပြောသည်။ မည်သည့်စကားတို့ကို မည်သို့မည်ပုံပြောကြသည် မသိသော်လည်း သူတို့သုံးယောက် ပြန်ထွက်လာသည့်အခါ
ထိုအမြွှာညီအစ်မ၏ မျက်ဝန်းများက အတော်လေး ခက်ထန်နေ၏။ ဆေးခန်းပိုင်ရှင် ဆရာဝန်က ကောင်တာတွင်
လက်ထောက်လိုက်ပြီး တစ်ပတ်စာ ခွဲတမ်းချရန် စကားစသည်။
“မြသွေး...
အခု နင်တို့ ခြောက်ယောက်အတွက် တစ်ပတ်စာ ဘယ်လောက်ပေးရမလဲ။”
“အရင်က လေးယောက်တုန်းက သောင်းနှစ်ထောင်ဆိုတော့
သောင်းရှစ်ထောင်လောက်တော့ ပေးရမယ် ဆရာ။”
ကျွန်မက ပြန်ဖြေသည်။ သို့သော် ကျွန်မဆရာက
ပြန်မဖြေရသေးခင် ကလေးမတစ်ယောက်က ကောင်တာပေါ် လက်ထောက်ကာ ဖြတ်ပြောသည်။
“ခနလေး... ဆရာက
လူခြောက်ယောက် တစ်ပတ်စာ ဟင်းဝယ်ချက်ဖို့ သောင်းရှစ်ထောင်ပေးတယ်ဆိုတော့ တစ်ယောက်ကို
သုံးထောင်ပဲ ပေးတာပေါ့။ ရန်ကုန်မှာ ကြက်သားက တစ်သောင်းဈေး၊ ဝက်သားက နှစ်သောင်းကျော်တယ်။
ဆရာက သမီးတို့ကို တမင်အသားမစားခိုင်းတာနဲ့ အတူတူပဲပေါ့။”
ကလေးမ၏ စကားပြောဆိုပုံမှာ အချက်ကျကျရှိပြီး
ပြတ်ပြတ်သားသား လေသံမျိုး ဖြစ်၍ ကျွန်မမှာ မျက်လုံးပြူးရတော့သည်။ သူက ချက်ချင်းလက်ငင်း
အလုပ်ပြုတ်ချင်နေဟန် တူသော်လည်း ကျွန်မကမူ ရရာအလုပ်ကလေးကို ဖက်တွယ်ထားချင်၏။ ဆရာက တစ်ချက်တွေဝေသွားပြီး
စားစရိတ်ကို သူ ပြန်ချင့်ချိန်မည်ဟု ပြောကာ အပြင်ထွက်သွား၏။ ကျွန်မစိတ်ထဲတွင်မူ
‘ဒီကလေးမတွေက ကလန်ကဆန်နဲ့။ ဆရာ့စေတနာကို နားမလည်တတ်လိုက်တာ' ဟု တွေးလိုက်မိသည်။
အမှန်အတိုင်း ဝန်ခံရလျှင် ဆရာက လေးယောက်အတူစားရန် တစ်သောင်းနှစ်ထောင် ပေးလျှင်လည်း
ကျွန်မက ဖြတ်ယူထားပြီး သူတို့ကို ဟင်းချက်ကျွေးမည်ဖြစ်၍ ကျွန်မအတွက် အပိုဝင်ငွေရနိုင်သဖြင့်
ထိုငွေကို ကျွန်မ မက်သည်။
(၄)
ညရှစ်နာရီခွဲမှ အလုပ်က ပြီးသွားသည်။
ကျွန်မတို့ အဆောင်နေ လေးယောက်က အတူပြန်ရပြီး ကျန်နှစ်ယောက်က လိုင်းကားဖြင့် ပြန်သွား၏။
ကျွန်မက ရှေ့က ခပ်သွက်သွက် လျှောက်သည်၊ ထိုအမြွှာညီအစ်မနှင့် ဝတ်ရည်က နောက်က လိုက်လျှောက်သည်။
အဆောင် (အဆောင်ဟု ခေါ်ရသော်လည်း လေးယောက်နေရသော အိမ်ခန်းအသေးစားကလေး)သို့
ရောက်သည်နှင့် ကျွန်မက ရေချိုး၊ အဝတ်လျှော်သည်။ အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးကလည်း
နှစ်ဆယ့်လေးနာရီ မရတော့သဖြင့် ကျွန်မတို့အဆောင်ကလေးက မှောင်နှင့်မည်းမည်း ဖြစ်နေ၏။
ကျွန်မ ရေချိုးပြီး အခန်းထဲ ဝင်လာချိန်တွင်
ညကိုးနာရီ ခွဲလု နေလေပြီ။ အမြွှာနှစ်ယောက်က သူတို့ပါလာသည့် ထမင်းချိုင့်များကို ဖွင့်၍
ညစာစားနေကြပြီး သူတို့မိဘများနှင့်လည်း ဖုန်းပြောကြဟန်တူသည်၊ အခန်းက မှောင်လွန်း၍ ဖုန်းတစ်လုံးကို
မီးဖွင့်ထားရပြီး ကျန်တစ်လုံးဖြင့် ဖုန်းပြောနေသည်ကို ကျွန်မ မသိမသာ ခိုးကြည့်မိသေးသည်။
မိဘကို လွမ်း၍ ထင်၏၊ ရှိုက်သံခပ်တိုးတိုးက တစ်ချက်တစ်ချက် ထွက်လာတတ်သည်။ ထိုအချိန်မှာပင်
မီးပြန်လာသည်။
ကျွန်မလည်း မီးလာသည့်အခိုက် မနက်ထမင်းချိုင့်အတွက်
ထမင်း၊ ဟင်းချက်ရန် မီးဖိုချောင်ထဲ ပြန်ဝင်လာသည်။ ကျွန်မက ဟင်းချက်နေသည့်အချိန်မှာပင်
ထိုအမြွှာနှစ်ယောက်က ကျွန်မရှိရာသို့ လျှောက်လာပြီး စကားစသည်။
“မနက်ဖြန် ပြန်တော့မယ်။ အလုပ်ထွက်ပြီ။”
“ဟင်... နင်တို့ဟာကလဲ
ချက်ချင်းကြီးပါလား။ ဒီမနက်ပဲ ရောက်ပြီး ဒီညထွက်တယ်ဆိုတော့ဟယ်။”
ကျွန်မက
တအံ့တသြ မေးသည်။ ကျွန်မက သူတို့ကို အနည်းငယ်လောက် ဖိနှိပ်ရန် စိတ်ကူးရှိသော်လည်း အလုပ်တော့
မထွက်စေချင်ပေ။ ကျွန်မကို ကူညီရန် လူလိုသည်။
“ဘာလို့လဲ။ လစာနည်းလို့လား။ ဘာအဆင်မပြေလို့လဲ။”
“ဟုတ်တယ်။”
“မဟုတ်ဘူး။”
အမြွှာနှစ်ယောက်က ပြိုင်တူဖြေသည်။
“ဟုတ်တယ်ဆိုတာက ပေးရတဲ့လုပ်အားနဲ့အချိန်ရယ်
ပြန်ရတဲ့လုပ်အားခရယ်က တွက်ချေမကိုက်ဘူး။”
“မဟုတ်ဘူးဆိုတာက လစာက ပျမ်းမျှပမာဏပဲ။”
သူတို့နှစ်ယောက် ရှင်းပြသောအခါမှ
ကျွန်မမှာ ပို၍ ခေါင်းရှုပ်သွားရပါတော့သည်။
“ဘယ်လို ပေးရတဲ့လုပ်အားနဲ့အချိန်လဲ။
ငါ့ကို ရှုပ်အောင် လုပ်နေတာပဲ။”
“မမပဲ တွက်ကြည့်လေ။ မနက်ကိုးနာရီကနေ
ညခုနစ်နာရီအထိ အလုပ်ချိန်က ဆယ်နာရီရှိတယ်။ ထမင်းစားဖို့ နားချိန်သီးသန့်မရှိဘူး။ အိုဗာတိုင်ကြေးမပေးဘူး။
ပေးတဲ့လစာက တစ်လကို တစ်သိန်းခွဲ။ တစ်ရက်ကိုငါးထောင်၊ တစ်နာရီကို ငါးရာပဲ ပေးတယ်။ ကိုက်လို့လား။”
ကလေးမတစ်ယောက်က ရှင်းပြသည်တွင် ကျွန်မ
တွေဝေသွားတော့သည်။ တစ်နာရီလုပ်အားခက ငါးရာကျပ်သာရပြီး လာသမျှ ဆရာဝန်၊ လူနာ၊ လူနာရှင်
ဟူသမျှကို မျက်နှာအောက်ချ၍ ဆက်ဆံရသည်၊ အချိန်ပိုကြေးမတောင်းရဲ၊ မလောက်ငသည့် စားစရိတ်အကြောင်း
မည်သူကမျှ ထုတ်မပြောရဲသည်က အတော်လေးတော့ စိတ်ပျက်စရာကောင်းသည်ဟု ကျွန်မ တွေးမိသည်။
တစ်ဆက်တည်းမှာပင် ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးတွင် နေစရာ နေရာပေး၊ ဆန်နှင့်ဆီ ပေးသည့်အပြင်
ဟင်းစားဝယ်ရန် အပိုငွေပေး၍ လစာပါရသည့် အလုပ်မျိုး နောက်တစ်နေရာ မရှိနိုင်တော့ဟူ၍လည်း
တွေးမိပြန်၏။
“နင်တို့က အဲ့လိုတွက်နေတာကိုး။
အစကတည်းက လစာ ဒီလောက် ရမယ်ဆိုတာ သိပြီး လာလုပ်တာ မဟုတ်ဘူးလားလို့။”
“ဟုတ်တယ်။ ဒါပေမဲ့ သမီးတို့က အချိန်အတိအကျ
တွက်ပြီးသား။ ညခုနစ်နာရီ အလုပ်သိမ်းမယ်၊ ရှစ်နာရီအထိ ထမင်းစား၊ ရေချိုးဘာညာနဲ့ ကုန်သွားမယ်။
ကျန်တာ သမီးတို့ ကိုယ်ပိုင်အချိန်လေ။ အခုပုံစံမျိုးဆို သမီးတို့က ဒီလို အခန်းကျဥ်းလေးနဲ့
ဆေးခန်းကြားမှာပဲ အိုသေသေသွားလိမ့်မယ်။ မမရော တွက်ကြည့်ပါလား။ အဆင်ပြေလို့လား။”
တစ်ယောက်က
ပြောသည်တွင် ကျန်တစ်ယောက်က သူ့ဖုန်းကို ဖွင့်၍ ဂဏန်းပေါင်းစက်ထဲ ဝင်သည်။
“မမလစာ နှစ်သိန်းလေးသောင်းလား။ အဲ့ဒါကို
သုံးဆယ်နဲ့စား။”
“မဟုတ်ဘူး။ နှစ်သိန်းတစ်သောင်း။”
ကျွန်မက ကမန်းကတမ်း အမှန်အတိုင်းပြောလိုက်ရာ နှစ်ယောက်လုံးက ကျွန်မကို မျက်မှောင်ကြုတ်၍
ကြည့်သည်။
“အခြေခံလစာက တစ်ရက်ကို ရှစ်ထောင် သတ်မှတ်ထားတာနော်။
မမက တကယ်မသိဘူးလား။ ထားပါတော့လေ။”
တစ်ယောက်က ရေရွတ်လိုက်ရာ နောက်တစ်ယောက်က
ဖုန်းကို ပိတ်သည်။
“ဂဏန်းပေါင်းစက်တောင် မလိုတော့ဘူး။
တစ်ရက်ကို ခုနစ်ထောင်ပဲ ရတယ်။ တစ်ရက်ကို ဆယ့်တစ်နာရီလောက် အလုပ်လုပ်ရတော့ တစ်နာရီလုပ်ခက
ခုနစ်ရာတောင် မပြည့်ချင်ဘူးပဲ။ တန်လို့လား။”
ကျွန်မ ပြန်ပြောစရာစကား ရှာမတွေ့တော့ပေ။
ကျွန်မ၏တစ်နာရီလုပ်ခက ထိုမျှလောက်သာ ရှိနေခဲ့မှန်း တစ်ကြိမ်မျှ မတွေးခဲ့ဖူးသကဲ့သို့
တွက်လည်း မတွက်ခဲ့ဖူးပေ။ ဆရာက ကျွန်မတို့အပေါ်
ကောင်းလွန်းသည်၊ အလုပ်ရှင် အလုပ်သမားကဲ့သို့ပင် သဘောမထားဘဲ မိသားစုအရင်းအချာနှယ် သဘောထားသည်ဟုသာ
ထင်ခဲ့ဖူးသည်။
“ဒါပေမဲ့ နေစရာရော၊ စားစရာရော ရတယ်လေကွယ်။
ဒီကာလကြီး အလုပ်က ရှားတာနဲ့ အဆင်ပြေအောင်နေရမှာပဲ။ ပြီးတော့ ဒီအလုပ်က အဲယားကွန်းခန်းလေးထဲမှာ
အေးဆေးနေရုံပဲ။ သက်သာပါတယ်။”
“မနက်စာ
စားချိန်မရှိဘူး။ နေ့လည် ထမင်းစားနားချိန်မရှိဘူး။ ကိုယ်ပိုင်အချိန်မရှိဘူး။ ညဆယ့်တစ်နာရီအထိ
အိပ်ရာမဝင်ရသေးဘူး။ အလုပ်သမားအခွင့်အရေးတွေ အကုန်ချိုးဖောက်ခံနေရတာကို သက်သာတယ်လို့
ထင်တာလား။ နေစရာ၊ စားစရာပေးတယ်ဆိုတာက အဲ့လိုတွေ ချိုးဖောက်ထားလို့ပဲလေ။”
ထိုကလေးမ စကားကြောင့် ကျွန်မက တွေဝေနေသည့်အချိန်မှာပင်
မီးဖိုပေါ်မှ ကန်စွန်းရွက်ချဥ်ရည်အိုးက ဆူလာသည်။ ကျွန်မက ကပြာကယာဖြင့် အိုးဖုံးကို
ဖွင့်လိုက်ရာ အမြွာညီအစ်မက ဝိုင်းအုံကြည့်လာပြီး မေးပြန်သည်။
“ကန်စွန်းရွက်အချဥ်ရည်လား။”
“အင်း”
“ဘာလို့ ညကြီးချက်နေတာလဲ။ ဗိုက်ဆာလို့လား။”
“မနက်ဖြန်
ထမင်းချိုင့်အတွက်လေ။ မီးလာတဲ့အချိန်လေး ချက်ထားရတာ။”
“သြော်... နောက်ထပ်
ဘာဟင်းချက်မှာလဲ မမ။”
“ဟိုတစ်နေ့က ဝယ်ထားတဲ့ ကြက်သားနှစ်ထောင်ဖိုး
ကြော်ထားတာ ရှိတယ်။ အဲ့ဒါပဲ ပြန်ထည့်သွားရမယ်။”
“ကြက်သားနှစ်ထောင်ဖိုးကို
သုံးရက်တောင် စားတာပေါ့။ အစားအသောက်က ခန္ဓာကိုယ်အတွက် အရေးကြီးတယ်လေ မမရယ်။”
ကလေးမတစ်ယောက်က ကျွန်မကို စိတ်ပူဟန် ပြောလာလေရာ ကျွန်မပြုံးလိုက်မိသည်။ ဤအဆောင်အိုအိုကလေးတွင်
နေထိုင်စားသောက်လာသည့် လေးနှစ်တာလုံး ကျွန်မတစ်ခါမျှ အစားအသောက်က အရေးကြီးကြောင်း မတွေးခဲ့ဖူးပေ။
ရသည့်ငွေဖြင့် လောက်ငအောင် ဝယ်စားလိုက်ရသည်က များသည်။
“ကန်စွန်းရွက်တစ်စည်း ငါးရာ ဖြစ်နေတဲ့အချိန်
ကြက်သားစားနိုင်တာတောင် တော်လှပေါ့။ တစ်လလုံး တစ်သိန်းနဲ့လောက်အောင် စားရတယ်လေ ကလေးမရယ်။
လကုန်လို့ လစာရရင်တော့ တစ်သိန်းလောက် ကျန်မယ်လေ။ မမက အဲ့ဒါကိုစုမယ်၊ ပြီးရင် လင်ယူမယ်၊
တစ်အိုးတစ်အိမ်ထူထောင်မယ်၊ မမစိတ်ကူးက ဒါပဲ။ အခုတော့ ချွေတာရမှာပေါ့။”
သူတို့နှစ်ယောက်က
ကျွန်မကို ကြည့်၍ မချိပြုံးပြုံးသည်။ ထိုအချိန်မှာပင် မိုးက တအုန်းအုန်း ရွာလာလေရာ
ကျွန်မမှာ အဝတ်ပြေးရုတ်ရသည်။ အိမ်အတွင်းတွင်သာ လှန်းထားသော်လည်း ခေါင်မိုးက ပေါက်နေသဖြင့်
ရေက တစ်စက်စက် ကျနေသည်။ ထိုရေများက မီးဖိုခန်းအတွင်းထိ စီးလာလေရာ ကျွန်မက ရေပုံးတစ်လုံးကို
ဆွဲယူပြီး ရေခံလိုက်ရသည်။ သို့သော် မီးဖိုခန်း၏ ကြမ်းပြင်ကမူ စိုစိစိုစိ ဖြစ်သွားတော့သည်။
“ဟူး... ငါ တကယ်
စိတ်ညစ်တာပဲ။ မီးမပျက်လို့ တော်သေးတယ်။ အဝတ်တွေတော့ အခန်းထဲမှာ ခနထားရမှာပဲ။”
“သြော်... ဘုံခန်းလဲ
မြှောက်လွန်း၊ ငရဲခန်းလဲ ခြောက်လွန်းလှပါကလား။”
အမြွှာတစ်ယောက်က ရေရွတ်လိုက်ရာ ကျန်တစ်ယောက်က
ခေါင်းညိတ် ထောက်ခံသည်။ ကျွန်မကမူ သူ့စကားကို နားမလည်လေရာ မျက်နှာကို မဲ့ပစ်လိုက်တော့သည်။
“နင်တို့ကလဲ..
ငါ နားလည်အောင် ပြောစမ်းပါ။”
“ဘွဲ့ရပညာမတတ်တွေနဲ့ ပညာတတ်ကိုယ်ချင်းစာစိတ်မရှိတွေကြောင့်
လူတန်းစားကွာဟမှု ကြီးနေတယ်လို့ ပြောချင်တာပါ။”
ခေါင်းညိတ်ထောက်ခံသည့်တစ်ယောက်က ဝင်ရှင်းပြလိုက်မှ
ကျွန်မ ငိုချင်လာတော့သည်။ ကျွန်မ အမှန်တကယ်ပင် နားမလည်ပေ၊ သူတို့နှစ်ယောက်က မည်သည်ကို
ပြောချင်သည်နည်း။
“ငါ စိတ်ညစ်တယ်။ ဘာတွေပြောနေတာလဲ။
အရှေ့မှာအလုပ်ထွက်သွားတဲ့ အစ်မကလဲ ငါ့ကို ပြောသွားသေးတယ်။ ညီမလေး လူက ငွေနောက်မလိုက်နဲ့၊
ငွေက လူနောက်လိုက်အောင်လုပ်တဲ့။”
“သူ ပြောတာ မှန်တယ် မမ။ ငယ်ရွယ်မှုနဲ့အချိန်ဆိုတာ
ပြန်ဝယ်လို့ မရဘူး။ မမ ကိုယ်ပိုင်အလုပ်တစ်ခု စလုပ်သင့်တယ်။”
ကျွန်မ သူတို့ပြောသည်က မှန်သည်ဟု စတင်တွေးလာမိသည်။
သို့သော် ကိုယ်ပိုင်အလုပ်တစ်ခု စတင်ရလောက်အောင် ကျွန်မသတ္တိမကောင်း၊ ထမင်းငတ်သွားနိုင်သည့်လမ်းကို
စွန့်စားပြီး မလျှောက်ရဲသဖြင့် ဆင်ခြေတစ်ခု ခပ်မြန်မြန် ပေးလိုက်၏။
“ဒါပေမဲ့ ဆရာတို့ကလဲ မိသားစုလို ဖြစ်နေပြီလေ။
မမက ဒီအလုပ်မှာလဲ ကြာနေပြီကိုး။ နင်တို့ကလဲ အခုထွက်ဦးမယ်။ ငါကတော့ ကျန်ခဲ့မယ် ဟူး”
“သမီးတို့ အစက လကုန်မှ ထွက်မလားလို့။”
“လကုန်မှ ထွက်တာ ပိုဆိုးတယ်။ ငါတို့ကို
တစ်လလောက် ဒုက္ခလာပေးနေသလိုပဲ။ ပြီးတော့ ဆရာက နင်တို့ကို လစာအလကား ပေးလိုက်ရသလို ဖြစ်နေမှာပေါ့။”
“အဲ့လိုပြောကြေးဆိုရင် သမီးတို့လဲ
နာရီသုံးရာလောက် အလကား ဖြုန်းတီးလိုက်တာပဲလေ။ တစ်ခုလိုချင်လို့ တစ်ခုပေးရတာကိုများ။
သူက လုပ်အားကို ဝယ်တယ်၊ သမီးတို့က ရောင်းတယ် ဒါပဲ။” ကလေးမတစ်ယောက်
စိတ်ဆိုးသွားဟန် အသံမာဆတ်ဆတ်ဖြင့် ပြန်ပြောသည်။
“ငါတော့ နင်တို့လိုလူမျိုး တစ်ခါမှ
မတွေ့ဖူးသေးဘူး။ တကယ်ပြောတာ... တစ်သက်နဲ့တစ်ကိုယ် နင်တို့လိုအတွေးအခေါ်တွေနဲ့လူမျိုး ပထမဆုံးမြင်ဖူးတာပဲ။
နင်တို့မှာ အပေါင်းအသင်းရော ရှိရဲ့လား။”
ကျွန်မက စိတ်တိုလာသည့်အလျောက် ပြောမိသည်။
ထိုနှစ်ယောက်က စိတ်ဆိုးသွားဟန်ဖြင့် ပက်ခနဲပြန်ပြောသည်။
“အဲ့ဒါ မမ တွေ့ဖူးတဲ့လူ မစုံသေးလို့လေ။
ပြီးတော့ သမီးတို့က ဘယ်သူနဲ့မှ မပေါင်းဘူး။”
“မမ အပြင်ကို ထွက်ကြည့်သင့်တယ်။ စေတနာနဲ့
ပြောတာ။”
ထိုနှစ်ယောက်က ကျွန်မကို စကားဆက်မပြောလိုဟန်ဖြင့်
အခန်းထဲ ဝင်သွားလေသည်။ နောက်တစ်နေ့ နံနက်ခင်းစောစောတွင် သူတို့အမေဖြစ်သူက ပြုံးစစ မျက်နှာပေးဖြင့်
လာကြိုသည်။ ကျွန်မကိုလည်း သူ့ကလေးများက လုပ်ချင်သည် ဆို၍သာ လွှတ်လိုက်ရကြောင်း၊ သူနှင့်တစ်ခါမျှ
မခွဲဖူးကြောင်း ပြောပြသွားသေးသည်။ ထိုနေ့ အလုပ်ချိန်၌
ကျွန်မက ကျွန်မအလုပ်ရှင် စိတ်ပြေစေဖို့အရေး ထိုညီအစ်မနှင့် ပြောဆိုခဲ့သည့်စကားများကို
ပြန်လည်ဖောက်သည်ချရင်း သူတို့နှစ်ယောက်ကို မကောင်းပြောခဲ့ပါသေးသည်။ ကျွန်မအတွက် အလုပ်မြဲရန်နှင့်
အလုပ်ရှင်နှင့် အဆင်ပြေရန်ကသာ ပထမဦးစားပေး ဖြစ်နေသည့်အပြင် လေးနှစ်တာ ခင်မင်ခဲ့သည့်
ကျွန်မဆရာကသာ မှန်ကန်သည်ဟု ယူဆထားခဲ့သည်။ နောက်တစ်ပတ်အတွက် ဟင်းချက်စရာ ဝယ်ရန် ပိုက်ဆံပေးသည့်အခါတွင်မူ
ဆရာက ကျွန်မတို့ကို တစ်ယောက်လျှင် ငါးထောင်ကျ ပေး၍ ကျွန်မက ထိုညီအစ်မကို ပြေးသတိရလိုက်မိပါသေးသည်။
သို့သော် ကျေးဇူးတင်ရကောင်းမှန်း မသိသေးသကဲ့သို့ ကိုယ့်အခွင့်အရေးကိုယ်
တောင်းဆိုခွင့်ရှိမှန်းလည်း မသိသေးပေ။ ဆရာ့ကိုသာ သဘောကောင်းလွန်းသည်ဟု တွေးနေမိသည်။
(၅)
အချိန်ငါးလ ကြာသွားခဲ့သည်။ ကျွန်မအလုပ်ကလည်း
ပိုနေမြဲ ကျားနေမြဲ ဖြစ်နေပြီး လူသစ်အချို့လည်း ထပ်ရောက်လာသည်။ သို့သော် ထိုအမြွှာနှစ်ယောက်ကဲ့သို့
လူ့ဂွစာကလေးများတော့ ထပ်ပါမလာတော့ပေ။ မည်သူကမျှ တစ်နာရီလုပ်ခအကြောင်း မတွက်ပြသကဲ့သို့
အချိန်ပိုကြေး တောင်းရန်လည်း စောဒကမတက်ဝံ့ကြပေ။ အဆောင်၏ ခေါင်မိုးက မိုးယိုနေဆဲ ဖြစ်ပြီး
ချဥ်ပေါင်နှင့် ကန်စွန်းရွက်က ကျွန်မနှင့် ဝတ်ရည်အတွက် ပင်တိုင်ဟင်းလျာ ဖြစ်နေဆဲပင်။
မနက်ခင်း နေရောင်ခြည်ကို ခံစားရန်လည်း သတိမရသကဲ့သို့ အပြင်ဘက်ကို ထွက်ကြည့်ရန်လည်း
ကျွန်မ မတွေးမိပေ။ ကျွန်မက ဝန်ထမ်းအားလုံး၏
အကြီးဆုံးဖြစ်နေ၍ အတော်လေး အာဏာရှိသည်ဟု ခံစားရပြီး ဆရာကလည်း ကျွန်မကို ယုံကြည်သည်။
ကျွန်မ၏ ဘဝခရီးလမ်းကြီးကလည်း အင်မတန်ပင် သာသာယာယာရှိလှသည်ဟု ထင်မိသည်။
တစ်ရက်တွင်မူ ဆရာက ကျွန်မကို ဆေးပစ္စည်းဆိုင်တစ်ခုဆီ
ခေါ်သွားပြီး အပြန်တွင် သူ့သမီးကလေးအတွက် အရုပ်ဝယ်ရန် အရုပ်ဆိုင်ရှေ့တွင် ကားကို ရပ်လိုက်လေသည်။
“မြသွေး... လာ။ နင်က
မိန်းကလေးဆိုတော့ ရွေးတတ်တယ်။”
ဆရာက ခေါ်သည်နှင့် ကျွန်မကလည်း အခွင့်ကြုံခိုက်
ဝင်ကြည့်ပစ်လိုက်မည်ဟု တေးကာ အရုပ်ဆိုင်ထဲ ဝင်လာခဲ့သည်။ လက်အဆစ်၊ ခြေအဆစ်များပါ ချိုး၍
ရပြီး အင်မတန်လှသော အရုပ်များကြောင့် ကျွန်မမှာ ငေးမောကြည့်နေမိတော့သည်။ ဆရာက သူ့သမီးလေးအတွက်
ရွေးခိုင်းရာ ကျွန်မလည်း အလှဆုံးထင်ရသည့် အရုပ်ကလေးကို ထိုးပြလိုက်တော့သည်။ အရုပ်ကလေးမှာ
ဘိုမရုပ်ကလေး ဖြစ်ပြီး ကော်အကောင်းစားဖြင့် လုပ်ထားသည်ဟု ကျွန်မ ထင်သည်။
ဆရာက ကောင်တာတွင် ငွေရှင်းပြီးသည်နှင့်
အရုပ်ဘူးကို ကျွန်မလက်ထဲ ထည့်သည်။
“ သေချာကိုင်နော်။
BJD တွေက ဈေးကြီးတယ်။”
“ဟုတ်ကဲ့ပါ ဆရာ။ ဘယ်လောက်ပေးရသလဲဟင်။”
ဆရာပြောသည့် ဘီဂျေဒီဆိုသည်ကို ကျွန်မ မသိသော်လည်း အရုပ်ကလေးက လှပလွန်းသည့်အလျောက်
စပ်စုမိသည်။
“သုံးဆယ့်ခုနစ်သိန်း။ အဲ့ဒါကြောင့်
သေချာကိုင်လို့ ပြောတာ။”
ဆရာက ပြန်ဖြေပြီး ကားဆီ လျှောက်သွား၏။
ကျွန်မကမူ လမ်းပင် မလျှောက်နိုင်တော့ဘဲ တောင့်တောင့်ကြီး ရပ်ကာ လက်ထဲမှ အရုပ်ကို ငုံ့ကြည့်မိသည်။ တစ်ဆက်တည်းမှာပင် အမြွှာညီအစ်မပြောသွားသည့် စကားကို ပြန်၍ ရေရွတ်လိုက်မိသည်။
“သြော်... ဘုံခန်းလဲ မြှောက်လွန်း၊
ငရဲခန်းလဲ ခြောက်လွန်းလှပါကလား။”
******
အမ်ကာမိုင်း
14.May.22
###
Zawgyi
ဘုံခန္းလည္း ေျမႇာက္လြန္းသည္
ငရဲခန္းလည္း ေျခာက္လြန္းသည္
(၁)
တတီတီ ျမည္ေနေသာ ဖုန္းအသံကို လ်စ္လ်ဴရႈရင္း နားကို လက္ျဖင့္အုပ္၊ မ်က္စိကို စုံမွိတ္ကာ ကြၽန္မ အတင္းဆက္အိပ္ေနမိသည္။ ယမန္ေန႔ညက အခ်ိန္ပိုဆင္းရ၍ ညဆယ့္တစ္နာရီထိုးလုထိုးခင္မွ အိပ္ရာဝင္ရသျဖင့္ ကြၽန္မ လုံးဝ မထခ်င္ပါေခ်။
“ျမေသြး... ဝတ္ရည္... တံခါးဖြင့္။”
ၿခံတံခါးဆီမွ အသံစူးစူးကေလး ထြက္လာသည္ႏွင့္ ကြၽန္မ၏ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းႀကီး ေရာက္လာၿပီ ျဖစ္ေၾကာင္း ကြၽန္မ သိလိုက္သည္။ သို႔ေသာ္ သူ႔အသံကိုပင္ မၾကားဟန္ျပဳကာ ကြၽန္မ ဆက္အိပ္ပစ္လိုက္သည္။
“ျမေသြး... ဝတ္ရည္... မထေသးဘူးလား။ ျမေသြးေရ... ဝတ္ရည္ေရ... ထေတာ့”
အသံဆာဆာက ဒုတိယအႀကိမ္ ထြက္လာျပန္၏။ ကြၽန္မ မထခ်င္ေသးေသာ္လည္း ျပန္မအိပ္ႏိုင္ေတာ့ပါေခ်။ ကြၽန္မနံေဘးအခန္းတြင္ အိပ္ေနေသာ ဝတ္ရည္လည္း ဆက္အိပ္၍ ရေတာ့မည္ မထင္ေပ။
“ျမေသြး... ဝတ္ရည္... ဒီမွာ လူသစ္ေတြ ေရာက္ၿပီ။ ထေတာ့လို႔။” အျပင္ဘက္ဆီမွ အသံသည္ ဤတစ္ႀကိမ္၌မူ စိတ္ဆိုးဟန္ျဖင့္ စူစူေဆာင့္ေဆာင့္ ျဖစ္လာ၏။ အဆုံး၌ ကြၽန္မသည္ သိပ္မမ်ားလွသည့္ ဆံႏြယ္ရွည္မ်ားကို ေခါင္းအုံးနံေဘးမွ ေခါင္းစည္းႀကိဳးျဖင့္ စည္းေႏွာင္ကာ အခန္းအျပင္ဘက္သို႔ ထြက္ခဲ့ရေတာ့သည္။ ကြၽန္မတို႔ေနရသည့္အိမ္ကေလးက သိပ္ေတာ့ မက်ယ္ဝန္းလွေသာ္လည္း ဧည့္ခန္းေနရာ၊ မီးဖိုခန္း၊ အိမ္သာ၊ ေရခ်ိဳးခန္း စသည္ျဖင့္ သတ္သတ္မွတ္မွတ္ ရွိသည္။ ကြၽန္မက အိမ္တံခါးကို တြန္းဖြင့္လိုက္သည္တြင္ ၿခံေရွ႕တြင္ ရပ္ေနေသာ မိန္းကေလးသုံးေယာက္ႏွင့္ အမ်ိဳးသမီးႀကီးတစ္ေယာက္ကို ျမင္လိုက္ရ၏။
‘ဒါေလးေတြက ဆရာ ေျပာထားတဲ့ လူသစ္ကေလးေတြပဲ ျဖစ္ရမယ္။ ခိုင္းစရာ လူေတာ့ ရလာၿပီေပါ့ေလ။’ ကြၽန္မ တစ္ကိုယ္တည္း ေတြးလိုက္ၿပီး ေက်ာက္ျပားခင္းထားသည့္လမ္းအတိုင္း ၿခံဝင္းတံခါးဆီ ေလွ်ာက္လာ၏။ သြပ္ျပားျဖင့္ ႐ိုက္ကပ္ထားေသာ ၿခံဝင္းတံခါးေၾကာင့္ လူသစ္မိန္းကေလးႏွစ္ေယာက္၏ ပုံပန္းသဏၭာန္ကို ကြၽန္မ ေသေသခ်ာခ်ာ မျမင္ရေသးေပ။ ၿခံဝင္းတံခါး ေအာက္ေျခအဟကေလးမွ တစ္စြန္းတစ္စ ေပၚေနေသာ ေဒါက္ျမင့္ဖိနပ္အျဖဴတစ္ရံႏွင့္ အနက္တစ္ရံကိုသာ ကြၽန္မ ျမင္ရသည္။
“အေစာႀကီး ရွိေသးတာကို။ လာေလ... ၿခံထဲဝင္။”
ကြၽန္မက ၿခံဝင္းတံခါးကို ဖြင့္လိုက္ၿပီး ေလာကြတ္ျပဳသည္။
“အခုထိ အိပ္ေနတာလား ျမေသြးရယ္။ ဒီမွာ လူသစ္ေတြ။ ဒီအန္တီက သူတို႔အေမ။”
ကြၽန္မလုပ္ေဖာ္ကိုင္ဖက္ေဟာင္း နႏၵာက လူသစ္ေကာင္မေလးႏွစ္ေယာက္ကို မိတ္ဆက္ေပးရင္း ေလာကြတ္ျပဳသည္။ ထိုအခါမွ ကြၽန္မေရွ႕တြင္ ရပ္ေနေသာ ေကာင္မေလးႏွစ္ေယာက္ကို ေသခ်ာၾကည့္မိသည္။ ႏွစ္ေယာက္လုံးက ဆံပင္ကုတ္ဝဲကေလးမ်ားႏွင့္ ျဖစ္ၿပီး တစ္ေယာက္က အနက္ေရာင္ ေဘာင္းဘီရွည္ႏွင့္ တီရွပ္တစ္ထည္ ဝတ္ထား၏။ ေနာက္တစ္ေယာက္က ပန္းႏုေရာင္ ေဘာင္းဘီရွည္ႏွင့္ တီရွပ္တစ္ထည္ ဝတ္ထား၏။ ႏွစ္ေယာက္ေပါင္းမွ တစ္မ်က္ႏွာသာ ပိုင္ဆိုင္ထားေသာ အႁမႊာမ်ား ျဖစ္ေသာ္လည္း သူတို႔မ်က္ႏွာကေလးမ်ားက ေတာ္ေတာ္ေလး အခ်ိဳးအစားက်နၿပီး လူရည္သန္႔ကေလးမ်ားမွန္း သိသာလြန္းလွ၏။ ခႏၶာကိုယ္အခ်ိဳးအဆက္မွာလည္း ျပည့္ျပည့္ ေဖာင္းေဖာင္းကေလးမ်ား ျဖစ္၍ ကြၽန္မတူမေလး ၾကည့္ေနက် ဂ်ပန္ကာတြန္းကားထဲမွ ေကာင္မေလးမ်ားႏွင့္ပင္ ဆင္လွသည္ဟု ေတြးလိုက္မိေသးသည္။ ထိုႏွစ္ေယာက္လုံးေရာ သူတို႔အေမေရာကပါ မ်က္ဆံ ညိဳေဖ်ာ့ေဖ်ာ့မ်ား ရွိၿပီး အသားအရည္က ဝါဖန္႔ဖန္႔ ျဖစ္ေန၏။
“လာေလ... ဆရာက ေျပာထားတယ္။ အိမ္ထဲဝင္။”
ကြၽန္မက ႏႈတ္ဆက္လိုက္ရာ ထိုကေလးမေလးႏွစ္ေယာက္က ၿပဳံးရယ္ကာ ေခါင္းညိတ္သည္။
“ဟုတ္ကဲ့ မမ။” ကြၽန္မကို ျပန္ေျဖၿပီး သူတို႔လက္ဆြဲေသတၱာကို သူတို႔ဆြဲ၍ ၿခံထဲ ဝင္လာၾကသည္။ သူတို႔ပစၥည္းပစၥယမ်ားက မ်ားလြန္းလွ၍ အေဆာင္ေနရင္း အလုပ္လာလုပ္သည္ဟုပင္ မထင္ရဘဲ တစ္အိုးတစ္အိမ္ ထူေထာင္ရန္ အိမ္ေျပာင္းလာသည္ႏွင့္ပင္ တူေနေသးသည္။ သူတို႔အေမဆိုသူက အိမ္ထဲ ဝင္ရင္း ကြၽန္မကို အပ္သည္။
“သမီးေရ... ညီမေလးေတြကို ေစာင့္ေရွာက္ေပးပါဦး။ သူတို႔တစ္ခါမွ အလုပ္ထြက္မလုပ္ဖူးဘူး။”
“စိတ္ခ်ပါ အန္တီ။ ဒီမွာက မိန္းကေလးေတြခ်ည္းပဲ ေနတာ။ ဆရာကလဲ တအားသေဘာေကာင္းတာ။ စိတ္ခ်ေနာ္။” ကြၽန္မက ရယ္လ်က္ ျပန္ေျဖသည္။ စိတ္ထဲတြင္မူ ‘အေမခ်စ္ကေလးေတြ ငါ ႏွိပ္ကြပ္ပစ္လိုက္ဦးမယ္’ ဟူေသာ အေတြးေသးေသးကေလး ဝင္ေနမိ၏။ ထိုအခ်ိန္မွာပင္ ဝတ္ရည္က သူ႔အခန္းထဲမွ ထြက္လာၿပီး ထိုကေလးမႏွစ္ေယာက္ကို ေမးသည္။
“အႁမႊာေတြလား။ ႐ုပ္ခ်င္းတူလိုက္တာ။”
“ဟုတ္ကဲ့။ သမီးတို႔က ဘယ္မွာ အိပ္ရမွာလဲ။”
“ဒီအခန္းကေတာ့ အစ္မအိပ္တာ။ ျမေသြးအခန္းက က်ယ္တယ္။ သုံးေယာက္ အတူတူ အိပ္ေပါ့။” ဝတ္ရည္က ျပန္ေျဖသည္ႏွင့္ ထိုကေလးမေလးႏွစ္ေယာက္က ကြၽန္မအိပ္သည့္ အခန္းအတြင္းသို႔ သူတို႔လက္ဆြဲေသတၱာမ်ားႏွင့္ ေက်ာပိုးအိတ္မ်ားကို ထည့္လိုက္ေလသည္။
“အခန္းက အလင္းေရာင္ မရဘူး။ ပုံဆြဲလို႔ ရမွာ မဟုတ္ဘူး။”
“အင္း...ေလဝင္ေလထြက္လဲ မေကာင္းဘူး။”
“ၾကမ္းက ကြၽံခ်င္သလိုျဖစ္ေနတယ္။”
“ျခင္ေထာင္ေထာင္ဖို႔ ႀကိဳးတန္းမရွိဘူး။ စာေရးဖို႔ စားပြဲခုံ မရွိဘူး။”
ထိုအႁမႊာႏွစ္ေယာက္က ကြၽန္မအခန္းအတြင္းကို လွည့္ပတ္ၾကည့္ရင္း တတြတ္တြတ္ ေျပာပါေတာ့သည္။ ထိုအခါမွ ကြၽန္မသည္ ေလးႏွစ္တာလုံး ေနခဲ့ေသာ အခန္းက ထိုမွ် ဆိုးဝါးေနပါကလားဟု အေတြးဝင္မိေတာ့သည္။
(၂)
“ဒါက... မမအတြက္။ ဆံပင္ရွည္မယ္ ထင္လို႔။” ကေလးမတစ္ေယာက္က ကြၽန္မကို ေက်ာက္စီဆံထိုးတစ္ေခ်ာင္း ကမ္းေပးရင္း ရယ္လ်က္ဆိုသည္။ ေက်ာက္စီဆံထိုး၏ ပုံစံႏွင့္ အေရာင္အေသြးကို ၾကည့္႐ုံမွ်ျဖင့္ အနည္းဆုံးေတာ့ ေလးငါးေထာင္ တန္မည္ျဖစ္ေၾကာင္း ကြၽန္မ ေတြးမိသျဖင့္ ၿပဳံးၿပဳံးႀကီး လက္ခံထားလိုက္ေတာ့သည္။
“ေက်းဇူးပဲေနာ္။ မမ အလုပ္သြားေတာ့မယ္။ ညီမေလးတို႔ ဝတ္ရည္နဲ႔ လိုက္ခဲ့ၾကေတာ့။” ကြၽန္မက သူတို႔ကို ႏႈတ္ဆက္ရင္းအလုပ္ကို သြားမည္ျပဳရာ အႀကီးျဖစ္ဟန္တူသည့္ ကေလးမက မ်က္ခုံးပင့္သည္။
“အခုမွ ရွစ္နာရီႏွစ္ဆယ္ပဲ ရွိေသးတာ။ အလုပ္ခ်ိန္က ကိုးနာရီမွ စမွာ။ လမ္းေလွ်ာက္တာ ငါးမိနစ္ ဖယ္လိုက္ရင္ သုံးဆယ့္ငါးမိနစ္ ေစာေနတယ္။”
“မမက ေစာေစာသြားတာ။ ဟိုမွာ ၾကမ္းတိုက္၊ တံျမက္စည္းလွည္းဘာညာ လုပ္ရဦးမယ္ေလ။ ညီမေလးတို႔ ဝတ္ရည္နဲ႔ လိုက္ခဲ့လိုက္။”
“မနက္စာ မစားရေသးဘူးမလား။” ေနာက္တစ္ေယာက္က ထပ္ေမးျပန္သည္။
“အင္း.. ကိတ္မုန္႔ပါတယ္။ ဟိုေရာက္မွ စားေတာ့မယိ။”
ကြၽန္မက ထမင္းခ်ိဳင့္ျခင္းထဲ ထိုးထည့္ထားေသာ ကိတ္မုန္႔ေသးေသးေလးကို ထိုးျပ၍ ျပန္ေျဖရင္း ခပ္သုတ္သုတ္ ထြက္လာခဲ့သည္။ ေဆးခန္းဖြင့္ခ်ိန္က ကိုးနာရီမွ ညခုနစ္နာရီအထိသာ ျဖစ္ေသာ္လည္း ကြၽန္မက အၿမဲ ေစာေစာသြားၿပီး လုပ္စရာရွိသည္ကို ႀကိဳလုပ္ထားတတ္သည္။ ထို႔ေၾကာင့္လည္း ဆရာက ကြၽန္မကို အင္မတန္ ယုံၾကည္ကိုးစားေနျခင္း ျဖစ္သည္။
ကြၽန္မ ကိတ္မုန္႔စားၿပီး တံျမက္စည္းလွည္းေနသည့္အခ်ိန္တြင္ ဝတ္ရည္ႏွင့္ ထိုအႁမႊာႏွစ္ေယာက္ ေဆးခန္းသို႔ ေရာက္လာ၏။ ကေလးမႏွစ္ေယာက္က သူတို႔ေက်ာပိုးအိတ္မ်ားကို ေနရာခ်လိုက္ၿပီးသည္ႏွင့္ ကြၽန္မထံ လာၿပီးေမးေတာ့သည္။
“မမ သမီးတို႔ ဘာလုပ္ရမလဲ။”
“အခန္းေတြအကုန္လုံး တံျမက္စည္း လွည္းရမယ္။ အရင္ တံျမက္စည္း လွည္းၿပီးေတာ့ ၾကမ္းတိုက္တံနဲ႔ တိုက္ရမယ္။ ေန႔တိုင္း လွည္းရမယ္။ မွန္ေတြ အကုန္ တစ္ရႉးအစိုနဲ႔ သုတ္ရမယ္။ ဆိုဖာေတြကိုလဲ တိုက္ရမယ္။ မွတ္ထားေနာ္။ ေန႔တိုင္း လုပ္ရမွာ။”
ကြၽန္မမွာ နဂိုကတည္းက အသစ္ျဖစ္ေန၍ ဖိထားခ်င္သည့္ ဓာတ္ခံကေလးက ရွိေနေလရာ ထိုကေလးမႏွစ္ေယာက္ကို ေလသံေအးေအးျဖင့္ စခိုင္းေတာ့သည္။ ကြၽန္မေလသံက ညင္သာေနသည့္တိုင္ အမိန္႔ဆန္သည့္ အေငြ႕အသက္မ်ား ပါေနေၾကာင္း ကြၽန္မဘာသာ ေကာင္းေကာင္းသိပါသည္။ ထိုကေလးမ ႏွစ္ေယာက္မူ ၿပဳံးရယ္လ်က္ပင္ တံျမက္စည္း စလွည္းေတာ့၏။ သူတို႔လုပ္သည္က သာမန္ထက္ အနည္းငယ္ ေႏွးေကြးေနေသာ္လည္း အဆင္ေတာ့ ေျပေနပါေသးသည္။
“ေဆးခန္းဖြင့္ခ်ိန္က ကိုးနာရီကေန ညခုနစ္နာရီအထိေပါ့။ ခုနစ္နာရီၿပီးရင္ ၿပီးၿပီေပါ့။” အႀကီးလား အငယ္လားမသိသည့္ ကေလးမတစ္ေယာက္က တံျမက္စည္းလွည္းရင္း စကားစသည္။
“ခုနစ္နာရီဆိုေပမဲ့ လူနာမျပတ္ရင္ ညဘက္အထိ လုပ္ရတယ္။ တစ္ခါတေလ ညကိုးနာရီေလာက္အထိ လုပ္ရတဲ့ရက္ေတြရွိတယ္။” ကြၽနိမက ခပ္ေအးေအး ရွင္းျပသည္။
“ဟင္... ညကိုးနာရီအထိ။” တစ္ေယာက္က တအံ့တၾသ ေျပာသည္။
“အိုဗာတိုင္ေၾကးက တစ္နာရီ ဘယ္ေလာက္လဲ။ ညကိုးနာရီအထိဆိုရင္ ႏွစ္နာရီေတာင္ ပိုေနၿပီ။” ေနာက္တစ္ေယာက္က ထပ္ေမးသည္။ ထိုတစ္ေယာက္က ကြၽန္မအေဆာင္က ထြက္ထြက္ခ်င္း သုံးဆယ့္ငါးမိနစ္ပိုေနေၾကာင္း ေျပာသည့္ ကေလးမ ျဖစ္မည္ဟု ကြၽန္မ တြက္ဆမိသည္။ တစ္ဆက္တည္းမွာပင္ ‘ဒီကေလးမ ဒီေန႔မွ အလုပ္စဆင္းတာကိုေတာင္ တြက္ကပ္လိုက္တာ' ဟုလည္း မွတ္ခ်က္ခ်လိုက္ေတာ့သည္။
“အိုဗာတိုင္ေၾကး မေပးဘူး။ လစာအတိုင္းပဲ။ ငါတို႔လုပ္လာတာ ေလးႏွစ္ေလာက္ေတာင္ ရွိေနၿပီ။ ညီမေလးတို႔လဲ ေနာက္ႏွစ္ႏွစ္ေလာက္ဆိုရင္ လစာႏွစ္သိန္းေက်ာ္ ရမွာပါ။”
ကြၽန္မက သူတို႔ကို ေခြၽးသိပ္ရင္း ကြၽန္မ လစာ ႏွစ္သိန္းေက်ာ္ ရေၾကာင္း ကပ္ႂကြားသည္။ အာဏာအသိမ္းခံထားရသည့္ အေျခအေန၊ ေရာဂါဘယမ်ား ထူေျပာေနသည့္ ကာလ၊ အလုပ္အကိုင္ရွားပါးသည့္ ေခတ္အခါမ်ိဳးတြင္ အလုပ္ဝင္ဝင္ခ်င္း တစ္လတစ္သိန္းခြဲရသည္ကပင္ ထိုကေလးမႏွစ္ေယာက္အတြက္ အေတာ္ တြက္ေခ်ကိုက္ေနၿပီ ျဖစ္ရာ သူတို႔ေက်နပ္လိမ့္မည္ဟု ကြၽန္မ ထင္သည္။
“မမ ဒီမွာလုပ္တာ ေလးႏွစ္ရွိၿပီမလား။ အဲ့ဒါမွ ႏွစ္သိန္းေက်ာ္ ရတာမလား။”
ကေလးမတစ္ေယာက္က တံျမက္စည္းကို ျပန္သိမ္းရင္း ေမးျပန္သည္။ သူ႔ေမးခြန္းေၾကာင့္ ကြၽန္မက သူတို႔ႏွစ္ေယာက္က ကြၽန္မကို ခြာရာ လာတိုင္းခ်င္ေနသည္ဟု ထင္လိုက္မိျပန္သည္။
“အင္းေလ.. ညီမေလးတို႔က အခုမွစေတာ့ တစ္သိန္းခြဲပဲ ရတာေပါ့။ မမတို႔နဲ႔ေတာ့ တြက္ကပ္လို႔ မရဘူးေလ။ ညီမေလးတို႔လဲ သုံးေလးႏွစ္ေနရင္ လစာတိုးလာမွာေပါ့။”
ကြၽန္မက သူတို႔ကို မသိမသာ ဖိႏွိပ္ရင္း အမႈိက္ပုံးတြင္ စြပ္ရန္ အိတ္တစ္လုံး ထုတ္ေပးသည္။
“အမႈိက္ပုံးမွာ စြပ္လိုက္။ ေနာက္လဲ ေန႔တိုင္းလဲရမယ္။ ဒီမွာ အိတ္ေတြ ယူရမယ္။ မသိရင္ လာေမး။”
သူတို႔ႏွစ္ေယာက္က ကြၽန္မကို ေခါင္းညိတ္ျပၿပီး အမႈိက္ပုံးတြင္ အိတ္ကို စြပ္သည္။ သို႔ေသာ္ လုံးဝ အဆင္မေျပ၊ ေစာင္း႐ြဲ႕ေနၿပီး နံေဘးတြင္ ဟေန၏။ အမႈိက္အိတ္ပင္ တည့္ေအာင္ မစြပ္တတ္ေသာ ထိုကေလးမႏွစ္ေယာက္ကို ကြၽန္မစိတ္ထဲမွ ေလွာင္ရယ္လိုက္မိသည္။ သို႔ေသာ္ အျပင္ပန္းတြင္မူ ေစတနာထားတတ္ေသာ စီနီယာမမအသြင္ျဖင့္ အမႈိက္အိတ္ကို စြပ္ျပလိုက္သည္၊ သူတို႔ကိုလည္း ေနာက္ကို ေသခ်ာလုပ္ရန္ မွာလိုက္ေသးသည္။ လက္သင္ကေလးမ်ားကို ဆရာႀကီး လုပ္ရသည္က အင္မတန္ ေပ်ာ္စရာေကာင္းသည္။
(၃)
ကိုးနာရီ ထိုးၿပီးေနာက္ ေဆးခန္းပိုင္ရွင္ ဆရာဝန္ေရာ၊ အျခားဆရာဝန္မ်ားေရာ၊ အလုပ္သမားမ်ားပါ ေရာက္လာၾကၿပီး ေဆးခန္းကလည္း လူရႈပ္လာေတာ့သည္။ ကြၽန္မက လူသစ္ကေလးမႏွစ္ေယာက္ကို ဓာတ္မွန္ခန္းထဲ ေခၚသြားရင္း လုပ္စရာရွိသည္မ်ားကို သင္ျပေပးသည္။ တစ္ဆက္တည္းမွာပင္ ဤေဆးခန္းမွာ နာမည္ႀကီး အေရျပား အထူးကုေဆးခန္း ျဖစ္၍ လူကုံထံမ်ားသာ လာေၾကာင္း၊ ဆရာဝန္မ်ားႏွင့္ ေဆးခန္းပိုင္ရွင္မွာလည္း လူကုံထံမ်ားပင္ ျဖစ္၍ အင္မတန္ ဂ႐ုစိုက္ရန္ လိုေၾကာင္း၊ လူနာက မွားေနလွ်င္ပင္ ဝန္ထမ္းကသာ အေလွ်ာ့ေပးရမည္ ျဖစ္ေၾကာင္း ၾသဝါဒေခြၽေတာ့သည္။
ကြၽန္မ အလုပ္စဝင္စဥ္အခါကလည္း ကြၽန္မ၏စီနီယာက ကြၽန္မကို ထိုကဲ့သို႔ပင္ သင္ၾကားသည္၊ ဖိႏွိပ္သည္၊ ေလးႏွစ္တာမွ် အလုပ္လုပ္ၿပီးေနာက္ ကြၽန္မသည္လည္း အလားတူလုပ္ရပ္မ်ိဳး လုပ္လာႏိုင္ခဲ့ေလၿပီ။ အႁမႊာညီအစ္မ ႏွစ္ေယာက္ကမူ ကြၽန္မ၏ အျပဳအမူမ်ားအေပၚ သိပ္ႏွစ္ၿခိဳက္လွဟန္ မတူ။ သို႔ေသာ္ ကြၽန္မေျပာသမွ် ဟုတ္ကဲ့လိုက္ရင္း ၿပဳံးေနသျဖင့္ အဆင္ေျပေနသည္ဟု ထင္ခဲ့မိသည္။
လူနာမ်ားကလည္း တစ္စတစ္စမ်ားလာသည္၊ ဆရာဝန္မ်ားမွာလည္း အလုပ္ရႈပ္လာၿပီး ကြၽန္မ၏ စာရင္းကိုင္ေနရာကေလးမွာလည္း လူမျပတ္ေတာ့ေပ။ အႁမႊာညီအစ္မႏွစ္ေယာက္ကိုလည္း ေဆးခန္းအတြင္းမွ လူတိုင္းက လက္တိုလက္ေတာင္း ခိုင္းၾကေလရာ သူတို႔ခမ်ာလည္း ဗ်ာမ်ားေနေတာ့သည္။ ဤသို႔ျဖင့္ ေန႔လည္ဆယ့္ႏွစ္နာရီ ထိုးသြားေလသည္။ လူနာမ်ားကလည္း စစ္ေဆးခန္းမ်ားအတြင္းတြင္ ရွိေနၾကၿပီး ကြၽန္မတို႔လည္း အလုပ္သက္သာသြား၏။ ထိုအခိုက္ ကေလးမတစ္ေယာက္က ကြၽန္မအနားကပ္လာၿပီး ခပ္တိုးတိုး ေမးသည္။
“မမေရ ေန႔လည္စာစားခ်ိန္က ဘယ္ေတာ့လဲ။”
“သီးသန္႔မရွိဘူး။ အခ်ိန္ရရင္ စားၾကတယ္။ လူနာမ်ားတဲ့ေန႔ဆိုရင္ေတာ့ ေန႔လည္သုံးနာရီေလာက္မွ စားရတဲ့အခါေတြလဲ ရွိတယ္။”
ကြၽန္မ ျပန္ေျဖလိုက္ရာ ထိုကေလးမႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ တစ္စုံတစ္ရာကို ခပ္တိုးတိုး ကပ္ေျပာသည္။ ႏွာေခါင္းစည္း အုပ္ထားသည့္အတြက္ သူတို႔၏မ်က္ႏွာအမူအရာကို မျမင္ရသည့္တိုင္ ႏွစ္ေယာက္လုံး အေတာ္ေလး စိတ္ညစ္သြားမွန္း ကြၽန္မ ရိပ္မိပါ၏။ ‘ဒါအစပဲ ရွိေသးတယ္။ ကေလးမတို႔ေရ’ ဟူ၍ ကြၽန္မစိတ္ထဲတြင္ သူတို႔ကို ေလွာင္ရယ္ေနမိသည္။ ထို႔ေနာက္ ကြၽန္မကလည္း ကြၽန္မဘာသာ အလုပ္မ်ားေနသျဖင့္ သူတို႔ကို သတိမထားမိေတာ့ေပ။
ညေနခင္း ေလးနာရီခန္႔တြင္မူ ေဆးခန္းပိုင္ရွင္လည္းျဖစ္၊ ကြၽန္မေက်းဇူးရွင္လည္း ျဖစ္သည့္ဆရာဝန္က သူတို႔ႏွစ္ေယာက္ကို နားေနခန္းထဲ ေခၚကာ စကားအနည္းငယ္ ေျပာသည္။ မည္သည့္စကားတို႔ကို မည္သို႔မည္ပုံေျပာၾကသည္ မသိေသာ္လည္း သူတို႔သုံးေယာက္ ျပန္ထြက္လာသည့္အခါ ထိုအႁမႊာညီအစ္မ၏ မ်က္ဝန္းမ်ားက အေတာ္ေလး ခက္ထန္ေန၏။ ေဆးခန္းပိုင္ရွင္ ဆရာဝန္က ေကာင္တာတြင္ လက္ေထာက္လိုက္ၿပီး တစ္ပတ္စာ ခြဲတမ္းခ်ရန္ စကားစသည္။
“ျမေသြး... အခု နင္တို႔ ေျခာက္ေယာက္အတြက္ တစ္ပတ္စာ ဘယ္ေလာက္ေပးရမလဲ။”
“အရင္က ေလးေယာက္တုန္းက ေသာင္းႏွစ္ေထာင္ဆိုေတာ့ ေသာင္းရွစ္ေထာင္ေလာက္ေတာ့ ေပးရမယ္ ဆရာ။”
ကြၽန္မက ျပန္ေျဖသည္။ သို႔ေသာ္ ကြၽန္မဆရာက ျပန္မေျဖရေသးခင္ ကေလးမတစ္ေယာက္က ေကာင္တာေပၚ လက္ေထာက္ကာ ျဖတ္ေျပာသည္။
“ခနေလး... ဆရာက လူေျခာက္ေယာက္ တစ္ပတ္စာ ဟင္းဝယ္ခ်က္ဖို႔ ေသာင္းရွစ္ေထာင္ေပးတယ္ဆိုေတာ့ တစ္ေယာက္ကို သုံးေထာင္ပဲ ေပးတာေပါ့။ ရန္ကုန္မွာ ၾကက္သားက တစ္ေသာင္းေဈး၊ ဝက္သားက ႏွစ္ေသာင္းေက်ာ္တယ္။ ဆရာက သမီးတို႔ကို တမင္အသားမစားခိုင္းတာနဲ႔ အတူတူပဲေပါ့။”
ကေလးမ၏ စကားေျပာဆိုပုံမွာ အခ်က္က်က်ရွိၿပီး ျပတ္ျပတ္သားသား ေလသံမ်ိဳး ျဖစ္၍ ကြၽန္မမွာ မ်က္လုံးျပဴးရေတာ့သည္။ သူက ခ်က္ခ်င္းလက္ငင္း အလုပ္ျပဳတ္ခ်င္ေနဟန္ တူေသာ္လည္း ကြၽန္မကမူ ရရာအလုပ္ကေလးကို ဖက္တြယ္ထားခ်င္၏။ ဆရာက တစ္ခ်က္ေတြေဝသြားၿပီး စားစရိတ္ကို သူ ျပန္ခ်င့္ခ်ိန္မည္ဟု ေျပာကာ အျပင္ထြက္သြား၏။ ကြၽန္မစိတ္ထဲတြင္မူ ‘ဒီကေလးမေတြက ကလန္ကဆန္နဲ႔။ ဆရာ့ေစတနာကို နားမလည္တတ္လိုက္တာ' ဟု ေတြးလိုက္မိသည္။ အမွန္အတိုင္း ဝန္ခံရလွ်င္ ဆရာက ေလးေယာက္အတူစားရန္ တစ္ေသာင္းႏွစ္ေထာင္ ေပးလွ်င္လည္း ကြၽန္မက ျဖတ္ယူထားၿပီး သူတို႔ကို ဟင္းခ်က္ေကြၽးမည္ျဖစ္၍ ကြၽန္မအတြက္ အပိုဝင္ေငြရႏိုင္သျဖင့္ ထိုေငြကို ကြၽန္မ မက္သည္။
(၄)
ညရွစ္နာရီခြဲမွ အလုပ္က ၿပီးသြားသည္။ ကြၽန္မတို႔ အေဆာင္ေန ေလးေယာက္က အတူျပန္ရၿပီး က်န္ႏွစ္ေယာက္က လိုင္းကားျဖင့္ ျပန္သြား၏။ ကြၽန္မက ေရွ႕က ခပ္သြက္သြက္ ေလွ်ာက္သည္၊ ထိုအႁမႊာညီအစ္မႏွင့္ ဝတ္ရည္က ေနာက္က လိုက္ေလွ်ာက္သည္။ အေဆာင္ (အေဆာင္ဟု ေခၚရေသာ္လည္း ေလးေယာက္ေနရေသာ အိမ္ခန္းအေသးစားကေလး)သို႔ ေရာက္သည္ႏွင့္ ကြၽန္မက ေရခ်ိဳး၊ အဝတ္ေလွ်ာ္သည္။ အာဏာသိမ္းၿပီးေနာက္ လွ်ပ္စစ္မီးကလည္း ႏွစ္ဆယ့္ေလးနာရီ မရေတာ့သျဖင့္ ကြၽန္မတို႔အေဆာင္ကေလးက ေမွာင္ႏွင့္မည္းမည္း ျဖစ္ေန၏။
ကြၽန္မ ေရခ်ိဳးၿပီး အခန္းထဲ ဝင္လာခ်ိန္တြင္ ညကိုးနာရီ ခြဲလု ေနေလၿပီ။ အႁမႊာႏွစ္ေယာက္က သူတို႔ပါလာသည့္ ထမင္းခ်ိဳင့္မ်ားကို ဖြင့္၍ ညစာစားေနၾကၿပီး သူတို႔မိဘမ်ားႏွင့္လည္း ဖုန္းေျပာၾကဟန္တူသည္၊ အခန္းက ေမွာင္လြန္း၍ ဖုန္းတစ္လုံးကို မီးဖြင့္ထားရၿပီး က်န္တစ္လုံးျဖင့္ ဖုန္းေျပာေနသည္ကို ကြၽန္မ မသိမသာ ခိုးၾကည့္မိေသးသည္။ မိဘကို လြမ္း၍ ထင္၏၊ ရႈိက္သံခပ္တိုးတိုးက တစ္ခ်က္တစ္ခ်က္ ထြက္လာတတ္သည္။ ထိုအခ်ိန္မွာပင္ မီးျပန္လာသည္။
ကြၽန္မလည္း မီးလာသည့္အခိုက္ မနက္ထမင္းခ်ိဳင့္အတြက္ ထမင္း၊ ဟင္းခ်က္ရန္ မီးဖိုေခ်ာင္ထဲ ျပန္ဝင္လာသည္။ ကြၽန္မက ဟင္းခ်က္ေနသည့္အခ်ိန္မွာပင္ ထိုအႁမႊာႏွစ္ေယာက္က ကြၽန္မရွိရာသို႔ ေလွ်ာက္လာၿပီး စကားစသည္။
“မနက္ျဖန္ ျပန္ေတာ့မယ္။ အလုပ္ထြက္ၿပီ။”
“ဟင္... နင္တို႔ဟာကလဲ ခ်က္ခ်င္းႀကီးပါလား။ ဒီမနက္ပဲ ေရာက္ၿပီး ဒီညထြက္တယ္ဆိုေတာ့ဟယ္။”
ကြၽန္မက တအံ့တၾသ ေမးသည္။ ကြၽန္မက သူတို႔ကို အနည္းငယ္ေလာက္ ဖိႏွိပ္ရန္ စိတ္ကူးရွိေသာ္လည္း အလုပ္ေတာ့ မထြက္ေစခ်င္ေပ။ ကြၽန္မကို ကူညီရန္ လူလိုသည္။
“ဘာလို႔လဲ။ လစာနည္းလို႔လား။ ဘာအဆင္မေျပလို႔လဲ။”
“ဟုတ္တယ္။” “မဟုတ္ဘူး။”
အႁမႊာႏွစ္ေယာက္က ၿပိဳင္တူေျဖသည္။
“ဟုတ္တယ္ဆိုတာက ေပးရတဲ့လုပ္အားနဲ႔အခ်ိန္ရယ္ ျပန္ရတဲ့လုပ္အားခရယ္က တြက္ေခ်မကိုက္ဘူး။”
“မဟုတ္ဘူးဆိုတာက လစာက ပ်မ္းမွ်ပမာဏပဲ။”
သူတို႔ႏွစ္ေယာက္ ရွင္းျပေသာအခါမွ ကြၽန္မမွာ ပို၍ ေခါင္းရႈပ္သြားရပါေတာ့သည္။
“ဘယ္လို ေပးရတဲ့လုပ္အားနဲ႔အခ်ိန္လဲ။ ငါ့ကို ရႈပ္ေအာင္ လုပ္ေနတာပဲ။”
“မမပဲ တြက္ၾကည့္ေလ။ မနက္ကိုးနာရီကေန ညခုနစ္နာရီအထိ အလုပ္ခ်ိန္က ဆယ္နာရီရွိတယ္။ ထမင္းစားဖို႔ နားခ်ိန္သီးသန္႔မရွိဘူး။ အိုဗာတိုင္ေၾကးမေပးဘူး။ ေပးတဲ့လစာက တစ္လကို တစ္သိန္းခြဲ။ တစ္ရက္ကိုငါးေထာင္၊ တစ္နာရီကို ငါးရာပဲ ေပးတယ္။ ကိုက္လို႔လား။”
ကေလးမတစ္ေယာက္က ရွင္းျပသည္တြင္ ကြၽန္မ ေတြေဝသြားေတာ့သည္။ တစ္နာရီလုပ္အားခက ငါးရာက်ပ္သာရၿပီး လာသမွ် ဆရာဝန္၊ လူနာ၊ လူနာရွင္ ဟူသမွ်ကို မ်က္ႏွာေအာက္ခ်၍ ဆက္ဆံရသည္၊ အခ်ိန္ပိုေၾကးမေတာင္းရဲ၊ မေလာက္ငသည့္ စားစရိတ္အေၾကာင္း မည္သူကမွ် ထုတ္မေျပာရဲသည္က အေတာ္ေလးေတာ့ စိတ္ပ်က္စရာေကာင္းသည္ဟု ကြၽန္မ ေတြးမိသည္။ တစ္ဆက္တည္းမွာပင္ ရန္ကုန္ၿမိဳ႕ကဲ့သို႔ ေနရာမ်ိဳးတြင္ ေနစရာ ေနရာေပး၊ ဆန္ႏွင့္ဆီ ေပးသည့္အျပင္ ဟင္းစားဝယ္ရန္ အပိုေငြေပး၍ လစာပါရသည့္ အလုပ္မ်ိဳး ေနာက္တစ္ေနရာ မရွိႏိုင္ေတာ့ဟူ၍လည္း ေတြးမိျပန္၏။
“နင္တို႔က အဲ့လိုတြက္ေနတာကိုး။ အစကတည္းက လစာ ဒီေလာက္ ရမယ္ဆိုတာ သိၿပီး လာလုပ္တာ မဟုတ္ဘူးလားလို႔။”
“ဟုတ္တယ္။ ဒါေပမဲ့ သမီးတို႔က အခ်ိန္အတိအက် တြက္ၿပီးသား။ ညခုနစ္နာရီ အလုပ္သိမ္းမယ္၊ ရွစ္နာရီအထိ ထမင္းစား၊ ေရခ်ိဳးဘာညာနဲ႔ ကုန္သြားမယ္။ က်န္တာ သမီးတို႔ ကိုယ္ပိုင္အခ်ိန္ေလ။ အခုပုံစံမ်ိဳးဆို သမီးတို႔က ဒီလို အခန္းက်ဥ္းေလးနဲ႔ ေဆးခန္းၾကားမွာပဲ အိုေသေသသြားလိမ့္မယ္။ မမေရာ တြက္ၾကည့္ပါလား။ အဆင္ေျပလို႔လား။”
တစ္ေယာက္က ေျပာသည္တြင္ က်န္တစ္ေယာက္က သူ႔ဖုန္းကို ဖြင့္၍ ဂဏန္းေပါင္းစက္ထဲ ဝင္သည္။
“မမလစာ ႏွစ္သိန္းေလးေသာင္းလား။ အဲ့ဒါကို သုံးဆယ္နဲ႔စား။”
“မဟုတ္ဘူး။ ႏွစ္သိန္းတစ္ေသာင္း။” ကြၽန္မက ကမန္းကတမ္း အမွန္အတိုင္းေျပာလိုက္ရာ ႏွစ္ေယာက္လုံးက ကြၽန္မကို မ်က္ေမွာင္ၾကဳတ္၍ ၾကည့္သည္။
“အေျခခံလစာက တစ္ရက္ကို ရွစ္ေထာင္ သတ္မွတ္ထားတာေနာ္။ မမက တကယ္မသိဘူးလား။ ထားပါေတာ့ေလ။”
တစ္ေယာက္က ေရ႐ြတ္လိုက္ရာ ေနာက္တစ္ေယာက္က ဖုန္းကို ပိတ္သည္။
“ဂဏန္းေပါင္းစက္ေတာင္ မလိုေတာ့ဘူး။ တစ္ရက္ကို ခုနစ္ေထာင္ပဲ ရတယ္။ တစ္ရက္ကို ဆယ့္တစ္နာရီေလာက္ အလုပ္လုပ္ရေတာ့ တစ္နာရီလုပ္ခက ခုနစ္ရာေတာင္ မျပည့္ခ်င္ဘူးပဲ။ တန္လို႔လား။”
ကြၽန္မ ျပန္ေျပာစရာစကား ရွာမေတြ႕ေတာ့ေပ။ ကြၽန္မ၏တစ္နာရီလုပ္ခက ထိုမွ်ေလာက္သာ ရွိေနခဲ့မွန္း တစ္ႀကိမ္မွ် မေတြးခဲ့ဖူးသကဲ့သို႔ တြက္လည္း မတြက္ခဲ့ဖူးေပ။ ဆရာက ကြၽန္မတို႔အေပၚ ေကာင္းလြန္းသည္၊ အလုပ္ရွင္ အလုပ္သမားကဲ့သို႔ပင္ သေဘာမထားဘဲ မိသားစုအရင္းအခ်ာႏွယ္ သေဘာထားသည္ဟုသာ ထင္ခဲ့ဖူးသည္။
“ဒါေပမဲ့ ေနစရာေရာ၊ စားစရာေရာ ရတယ္ေလကြယ္။ ဒီကာလႀကီး အလုပ္က ရွားတာနဲ႔ အဆင္ေျပေအာင္ေနရမွာပဲ။ ၿပီးေတာ့ ဒီအလုပ္က အဲယားကြန္းခန္းေလးထဲမွာ ေအးေဆးေန႐ုံပဲ။ သက္သာပါတယ္။”
“မနက္စာ စားခ်ိန္မရွိဘူး။ ေန႔လည္ ထမင္းစားနားခ်ိန္မရွိဘူး။ ကိုယ္ပိုင္အခ်ိန္မရွိဘူး။ ညဆယ့္တစ္နာရီအထိ အိပ္ရာမဝင္ရေသးဘူး။ အလုပ္သမားအခြင့္အေရးေတြ အကုန္ခ်ိဳးေဖာက္ခံေနရတာကို သက္သာတယ္လို႔ ထင္တာလား။ ေနစရာ၊ စားစရာေပးတယ္ဆိုတာက အဲ့လိုေတြ ခ်ိဳးေဖာက္ထားလို႔ပဲေလ။”
ထိုကေလးမ စကားေၾကာင့္ ကြၽန္မက ေတြေဝေနသည့္အခ်ိန္မွာပင္ မီးဖိုေပၚမွ ကန္စြန္း႐ြက္ခ်ဥ္ရည္အိုးက ဆူလာသည္။ ကြၽန္မက ကျပာကယာျဖင့္ အိုးဖုံးကို ဖြင့္လိုက္ရာ အႁမြာညီအစ္မက ဝိုင္းအုံၾကည့္လာၿပီး ေမးျပန္သည္။
“ကန္စြန္း႐ြက္အခ်ဥ္ရည္လား။”
“အင္း”
“ဘာလို႔ ညႀကီးခ်က္ေနတာလဲ။ ဗိုက္ဆာလို႔လား။”
“မနက္ျဖန္ ထမင္းခ်ိဳင့္အတြက္ေလ။ မီးလာတဲ့အခ်ိန္ေလး ခ်က္ထားရတာ။”
“ေၾသာ္... ေနာက္ထပ္ ဘာဟင္းခ်က္မွာလဲ မမ။”
“ဟိုတစ္ေန႔က ဝယ္ထားတဲ့ ၾကက္သားႏွစ္ေထာင္ဖိုး ေၾကာ္ထားတာ ရွိတယ္။ အဲ့ဒါပဲ ျပန္ထည့္သြားရမယ္။”
“ၾကက္သားႏွစ္ေထာင္ဖိုးကို သုံးရက္ေတာင္ စားတာေပါ့။ အစားအေသာက္က ခႏၶာကိုယ္အတြက္ အေရးႀကီးတယ္ေလ မမရယ္။” ကေလးမတစ္ေယာက္က ကြၽန္မကို စိတ္ပူဟန္ ေျပာလာေလရာ ကြၽန္မၿပဳံးလိုက္မိသည္။ ဤအေဆာင္အိုအိုကေလးတြင္ ေနထိုင္စားေသာက္လာသည့္ ေလးႏွစ္တာလုံး ကြၽန္မတစ္ခါမွ် အစားအေသာက္က အေရးႀကီးေၾကာင္း မေတြးခဲ့ဖူးေပ။ ရသည့္ေငြျဖင့္ ေလာက္ငေအာင္ ဝယ္စားလိုက္ရသည္က မ်ားသည္။
“ကန္စြန္း႐ြက္တစ္စည္း ငါးရာ ျဖစ္ေနတဲ့အခ်ိန္ ၾကက္သားစားႏိုင္တာေတာင္ ေတာ္လွေပါ့။ တစ္လလုံး တစ္သိန္းနဲ႔ေလာက္ေအာင္ စားရတယ္ေလ ကေလးမရယ္။ လကုန္လို႔ လစာရရင္ေတာ့ တစ္သိန္းေလာက္ က်န္မယ္ေလ။ မမက အဲ့ဒါကိုစုမယ္၊ ၿပီးရင္ လင္ယူမယ္၊ တစ္အိုးတစ္အိမ္ထူေထာင္မယ္၊ မမစိတ္ကူးက ဒါပဲ။ အခုေတာ့ ေခြၽတာရမွာေပါ့။”
သူတို႔ႏွစ္ေယာက္က ကြၽန္မကို ၾကည့္၍ မခ်ိၿပဳံးၿပဳံးသည္။ ထိုအခ်ိန္မွာပင္ မိုးက တအုန္းအုန္း ႐ြာလာေလရာ ကြၽန္မမွာ အဝတ္ေျပး႐ုတ္ရသည္။ အိမ္အတြင္းတြင္သာ လွန္းထားေသာ္လည္း ေခါင္မိုးက ေပါက္ေနသျဖင့္ ေရက တစ္စက္စက္ က်ေနသည္။ ထိုေရမ်ားက မီးဖိုခန္းအတြင္းထိ စီးလာေလရာ ကြၽန္မက ေရပုံးတစ္လုံးကို ဆြဲယူၿပီး ေရခံလိုက္ရသည္။ သို႔ေသာ္ မီးဖိုခန္း၏ ၾကမ္းျပင္ကမူ စိုစိစိုစိ ျဖစ္သြားေတာ့သည္။
“ဟူး... ငါ တကယ္ စိတ္ညစ္တာပဲ။ မီးမပ်က္လို႔ ေတာ္ေသးတယ္။ အဝတ္ေတြေတာ့ အခန္းထဲမွာ ခနထားရမွာပဲ။”
“ေၾသာ္... ဘုံခန္းလဲ ေျမႇာက္လြန္း၊ ငရဲခန္းလဲ ေျခာက္လြန္းလွပါကလား။”
အႁမႊာတစ္ေယာက္က ေရ႐ြတ္လိုက္ရာ က်န္တစ္ေယာက္က ေခါင္းညိတ္ ေထာက္ခံသည္။ ကြၽန္မကမူ သူ႔စကားကို နားမလည္ေလရာ မ်က္ႏွာကို မဲ့ပစ္လိုက္ေတာ့သည္။
“နင္တို႔ကလဲ.. ငါ နားလည္ေအာင္ ေျပာစမ္းပါ။”
“ဘြဲ႕ရပညာမတတ္ေတြနဲ႔ ပညာတတ္ကိုယ္ခ်င္းစာစိတ္မရွိေတြေၾကာင့္ လူတန္းစားကြာဟမႈ ႀကီးေနတယ္လို႔ ေျပာခ်င္တာပါ။”
ေခါင္းညိတ္ေထာက္ခံသည့္တစ္ေယာက္က ဝင္ရွင္းျပလိုက္မွ ကြၽန္မ ငိုခ်င္လာေတာ့သည္။ ကြၽန္မ အမွန္တကယ္ပင္ နားမလည္ေပ၊ သူတို႔ႏွစ္ေယာက္က မည္သည္ကို ေျပာခ်င္သည္နည္း။
“ငါ စိတ္ညစ္တယ္။ ဘာေတြေျပာေနတာလဲ။ အေရွ႕မွာအလုပ္ထြက္သြားတဲ့ အစ္မကလဲ ငါ့ကို ေျပာသြားေသးတယ္။ ညီမေလး လူက ေငြေနာက္မလိုက္နဲ႔၊ ေငြက လူေနာက္လိုက္ေအာင္လုပ္တဲ့။”
“သူ ေျပာတာ မွန္တယ္ မမ။ ငယ္႐ြယ္မႈနဲ႔အခ်ိန္ဆိုတာ ျပန္ဝယ္လို႔ မရဘူး။ မမ ကိုယ္ပိုင္အလုပ္တစ္ခု စလုပ္သင့္တယ္။”
ကြၽန္မ သူတို႔ေျပာသည္က မွန္သည္ဟု စတင္ေတြးလာမိသည္။ သို႔ေသာ္ ကိုယ္ပိုင္အလုပ္တစ္ခု စတင္ရေလာက္ေအာင္ ကြၽန္မသတၱိမေကာင္း၊ ထမင္းငတ္သြားႏိုင္သည့္လမ္းကို စြန္႔စားၿပီး မေလွ်ာက္ရဲသျဖင့္ ဆင္ေျခတစ္ခု ခပ္ျမန္ျမန္ ေပးလိုက္၏။
“ဒါေပမဲ့ ဆရာတို႔ကလဲ မိသားစုလို ျဖစ္ေနၿပီေလ။ မမက ဒီအလုပ္မွာလဲ ၾကာေနၿပီကိုး။ နင္တို႔ကလဲ အခုထြက္ဦးမယ္။ ငါကေတာ့ က်န္ခဲ့မယ္ ဟူး”
“သမီးတို႔ အစက လကုန္မွ ထြက္မလားလို႔။”
“လကုန္မွ ထြက္တာ ပိုဆိုးတယ္။ ငါတို႔ကို တစ္လေလာက္ ဒုကၡလာေပးေနသလိုပဲ။ ၿပီးေတာ့ ဆရာက နင္တို႔ကို လစာအလကား ေပးလိုက္ရသလို ျဖစ္ေနမွာေပါ့။”
“အဲ့လိုေျပာေၾကးဆိုရင္ သမီးတို႔လဲ နာရီသုံးရာေလာက္ အလကား ျဖဳန္းတီးလိုက္တာပဲေလ။ တစ္ခုလိုခ်င္လို႔ တစ္ခုေပးရတာကိုမ်ား။ သူက လုပ္အားကို ဝယ္တယ္၊ သမီးတို႔က ေရာင္းတယ္ ဒါပဲ။” ကေလးမတစ္ေယာက္ စိတ္ဆိုးသြားဟန္ အသံမာဆတ္ဆတ္ျဖင့္ ျပန္ေျပာသည္။
“ငါေတာ့ နင္တို႔လိုလူမ်ိဳး တစ္ခါမွ မေတြ႕ဖူးေသးဘူး။ တကယ္ေျပာတာ... တစ္သက္နဲ႔တစ္ကိုယ္ နင္တို႔လိုအေတြးအေခၚေတြနဲ႔လူမ်ိဳး ပထမဆုံးျမင္ဖူးတာပဲ။ နင္တို႔မွာ အေပါင္းအသင္းေရာ ရွိရဲ႕လား။”
ကြၽန္မက စိတ္တိုလာသည့္အေလ်ာက္ ေျပာမိသည္။ ထိုႏွစ္ေယာက္က စိတ္ဆိုးသြားဟန္ျဖင့္ ပက္ခနဲျပန္ေျပာသည္။
“အဲ့ဒါ မမ ေတြ႕ဖူးတဲ့လူ မစုံေသးလို႔ေလ။ ၿပီးေတာ့ သမီးတို႔က ဘယ္သူနဲ႔မွ မေပါင္းဘူး။”
“မမ အျပင္ကို ထြက္ၾကည့္သင့္တယ္။ ေစတနာနဲ႔ ေျပာတာ။”
ထိုႏွစ္ေယာက္က ကြၽန္မကို စကားဆက္မေျပာလိုဟန္ျဖင့္ အခန္းထဲ ဝင္သြားေလသည္။ ေနာက္တစ္ေန႔ နံနက္ခင္းေစာေစာတြင္ သူတို႔အေမျဖစ္သူက ၿပဳံးစစ မ်က္ႏွာေပးျဖင့္ လာႀကိဳသည္။ ကြၽန္မကိုလည္း သူ႔ကေလးမ်ားက လုပ္ခ်င္သည္ ဆို၍သာ လႊတ္လိုက္ရေၾကာင္း၊ သူႏွင့္တစ္ခါမွ် မခြဲဖူးေၾကာင္း ေျပာျပသြားေသးသည္။ ထိုေန႔ အလုပ္ခ်ိန္၌ ကြၽန္မက ကြၽန္မအလုပ္ရွင္ စိတ္ေျပေစဖို႔အေရး ထိုညီအစ္မႏွင့္ ေျပာဆိုခဲ့သည့္စကားမ်ားကို ျပန္လည္ေဖာက္သည္ခ်ရင္း သူတို႔ႏွစ္ေယာက္ကို မေကာင္းေျပာခဲ့ပါေသးသည္။ ကြၽန္မအတြက္ အလုပ္ၿမဲရန္ႏွင့္ အလုပ္ရွင္ႏွင့္ အဆင္ေျပရန္ကသာ ပထမဦးစားေပး ျဖစ္ေနသည့္အျပင္ ေလးႏွစ္တာ ခင္မင္ခဲ့သည့္ ကြၽန္မဆရာကသာ မွန္ကန္သည္ဟု ယူဆထားခဲ့သည္။ ေနာက္တစ္ပတ္အတြက္ ဟင္းခ်က္စရာ ဝယ္ရန္ ပိုက္ဆံေပးသည့္အခါတြင္မူ ဆရာက ကြၽန္မတို႔ကို တစ္ေယာက္လွ်င္ ငါးေထာင္က် ေပး၍ ကြၽန္မက ထိုညီအစ္မကို ေျပးသတိရလိုက္မိပါေသးသည္။ သို႔ေသာ္ ေက်းဇူးတင္ရေကာင္းမွန္း မသိေသးသကဲ့သို႔ ကိုယ့္အခြင့္အေရးကိုယ္ ေတာင္းဆိုခြင့္ရွိမွန္းလည္း မသိေသးေပ။ ဆရာ့ကိုသာ သေဘာေကာင္းလြန္းသည္ဟု ေတြးေနမိသည္။
(၅)
အခ်ိန္ငါးလ ၾကာသြားခဲ့သည္။ ကြၽန္မအလုပ္ကလည္း ပိုေနၿမဲ က်ားေနၿမဲ ျဖစ္ေနၿပီး လူသစ္အခ်ိဳ႕လည္း ထပ္ေရာက္လာသည္။ သို႔ေသာ္ ထိုအႁမႊာႏွစ္ေယာက္ကဲ့သို႔ လူ႔ဂြစာကေလးမ်ားေတာ့ ထပ္ပါမလာေတာ့ေပ။ မည္သူကမွ် တစ္နာရီလုပ္ခအေၾကာင္း မတြက္ျပသကဲ့သို႔ အခ်ိန္ပိုေၾကး ေတာင္းရန္လည္း ေစာဒကမတက္ဝံ့ၾကေပ။ အေဆာင္၏ ေခါင္မိုးက မိုးယိုေနဆဲ ျဖစ္ၿပီး ခ်ဥ္ေပါင္ႏွင့္ ကန္စြန္း႐ြက္က ကြၽန္မႏွင့္ ဝတ္ရည္အတြက္ ပင္တိုင္ဟင္းလ်ာ ျဖစ္ေနဆဲပင္။ မနက္ခင္း ေနေရာင္ျခည္ကို ခံစားရန္လည္း သတိမရသကဲ့သို႔ အျပင္ဘက္ကို ထြက္ၾကည့္ရန္လည္း ကြၽန္မ မေတြးမိေပ။ ကြၽန္မက ဝန္ထမ္းအားလုံး၏ အႀကီးဆုံးျဖစ္ေန၍ အေတာ္ေလး အာဏာရွိသည္ဟု ခံစားရၿပီး ဆရာကလည္း ကြၽန္မကို ယုံၾကည္သည္။ ကြၽန္မ၏ ဘဝခရီးလမ္းႀကီးကလည္း အင္မတန္ပင္ သာသာယာယာရွိလွသည္ဟု ထင္မိသည္။
တစ္ရက္တြင္မူ ဆရာက ကြၽန္မကို ေဆးပစၥည္းဆိုင္တစ္ခုဆီ ေခၚသြားၿပီး အျပန္တြင္ သူ႔သမီးကေလးအတြက္ အ႐ုပ္ဝယ္ရန္ အ႐ုပ္ဆိုင္ေရွ႕တြင္ ကားကို ရပ္လိုက္ေလသည္။
“ျမေသြး... လာ။ နင္က မိန္းကေလးဆိုေတာ့ ေ႐ြးတတ္တယ္။”
ဆရာက ေခၚသည္ႏွင့္ ကြၽန္မကလည္း အခြင့္ႀကဳံခိုက္ ဝင္ၾကည့္ပစ္လိုက္မည္ဟု ေတးကာ အ႐ုပ္ဆိုင္ထဲ ဝင္လာခဲ့သည္။ လက္အဆစ္၊ ေျခအဆစ္မ်ားပါ ခ်ိဳး၍ ရၿပီး အင္မတန္လွေသာ အ႐ုပ္မ်ားေၾကာင့္ ကြၽန္မမွာ ေငးေမာၾကည့္ေနမိေတာ့သည္။ ဆရာက သူ႔သမီးေလးအတြက္ ေ႐ြးခိုင္းရာ ကြၽန္မလည္း အလွဆုံးထင္ရသည့္ အ႐ုပ္ကေလးကို ထိုးျပလိုက္ေတာ့သည္။ အ႐ုပ္ကေလးမွာ ဘိုမ႐ုပ္ကေလး ျဖစ္ၿပီး ေကာ္အေကာင္းစားျဖင့္ လုပ္ထားသည္ဟု ကြၽန္မ ထင္သည္။
ဆရာက ေကာင္တာတြင္ ေငြရွင္းၿပီးသည္ႏွင့္ အ႐ုပ္ဘူးကို ကြၽန္မလက္ထဲ ထည့္သည္။
“ ေသခ်ာကိုင္ေနာ္။ BJD ေတြက ေဈးႀကီးတယ္။”
“ဟုတ္ကဲ့ပါ ဆရာ။ ဘယ္ေလာက္ေပးရသလဲဟင္။” ဆရာေျပာသည့္ ဘီေဂ်ဒီဆိုသည္ကို ကြၽန္မ မသိေသာ္လည္း အ႐ုပ္ကေလးက လွပလြန္းသည့္အေလ်ာက္ စပ္စုမိသည္။
“သုံးဆယ့္ခုနစ္သိန္း။ အဲ့ဒါေၾကာင့္ ေသခ်ာကိုင္လို႔ ေျပာတာ။”
ဆရာက ျပန္ေျဖၿပီး ကားဆီ ေလွ်ာက္သြား၏။ ကြၽန္မကမူ လမ္းပင္ မေလွ်ာက္ႏိုင္ေတာ့ဘဲ ေတာင့္ေတာင့္ႀကီး ရပ္ကာ လက္ထဲမွ အ႐ုပ္ကို ငုံ႔ၾကည့္မိသည္။ တစ္ဆက္တည္းမွာပင္ အႁမႊာညီအစ္မေျပာသြားသည့္ စကားကို ျပန္၍ ေရ႐ြတ္လိုက္မိသည္။
“ေၾသာ္... ဘုံခန္းလဲ ေျမႇာက္လြန္း၊ ငရဲခန္းလဲ ေျခာက္လြန္းလွပါကလား။”
******
အမ္ကာမိုင္း
14.May.22
###
Done 🍀
ReplyDeleteတွေးစရာလေးတွေ ရင်ထဲမှာကျန်ခဲ့တယ်။ လူ့အခွင့်အရေးကို ပါးပါးလေးပြသွားတာပဲ။ Great!
ReplyDeleteDone
ReplyDeleteအမှန်တွေ အမှန်တွေ
ReplyDeleteစာသားတွေက ရင်ကိုထိတယ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ပြပေးသွားတယ် အရမ်းကောင်းတယ်💞❤💫
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete