ရှေ့ဆက်တို့အတူ
Unicode
ငြိမ်းစိတ်တွေ ထိန်းချုပ်လို့ မရနိုင်တော့ပေ။ သည့်ကြောင့်ပဲ နေရာမှ ငေါက်ကနဲထကာ ဦးတည်ရာမဲ့ ပြေးလွှားနေမိသည်။ ရောက်ရှိသည့်နေရာသည် အဘယ်သို့သော နေရာမှန်း ငြိမ်း ခွဲခြားနိုင်စွမ်း မရှိတော့။ သည့်ကြောင့် ကားဟွန်းသံတွေ ညံကုန်သည်။ ဟယ် အို အမလေ့ ဆိုသည့် အာမေဋိတ်သံတွေလည်း ပတ်ဝန်းကျင်တစ်ခွင် လွင့်လို့။ ထို့အတူ ''မသာမ နင်သေချင်တာ ကိုယ့်ဘာသာအေးဆေးသေလေ သူများကို ဘာလို့ ဒုက္ခပေးပြီး သေချင်တာလဲ'' ။ ''ဒါ နင့်လင်ငယ်နဲ့ ပလူးတဲ့ပန်းခြံမဟုတ်ဘူး'' ဆိုသည့် ဆဲဆိုသံတွေလည်း ညံလို့။ သို့တိုင် ငြိမ်းကတော့ မကြားမိ။ ဦးတည်ရာမဲ့သို့သာ ပြေးလွှားနေဆဲမို့ တစ်ဖက်ယာဉ်ကြောမှ အရှိန်ပြင်းပြင်းမောင်းလာသည့် ကားနှင့် တိုက်မိပြီး ငြိမ်းကိုယ်လေး လွင့်စင်သွားသည်။ ထိုအခါမှ ငြိမ်းသည် စိတ်တွေ အသိမဲ့နေခဲ့သည်ကို ကိုယ်တိုင် သတိထားမိတော့သည်။ သို့တိုင် ထိုသို့ သတိထားမိလိုက်ချိန်လေးသည် စက္ကန့်ပိုင်းမျှသာ။
***
ငြိမ်းမျက်လုံးတွေ ဖွင့်မရ။ မနည်းအားယူပြီး ဖွင့်သော်လည်း ဘာကြောင့်များ ဖွင့်မရပါလိမ့်။ ထိုခဏ ငြိမ်းအသိစိတ် ဖျတ်ကနဲ ပွင့်သွားသည်။ အို မောင့်လုပ်ရပ်ကြောင့် ငြိမ်းတစ်ယောက် အသိစိတ်တွေမဲ့ပြီး ယာဉ်တိုက်ခံခဲ့လိုက်ရတာပဲ။
ဒါဟာ မောင့်ကြောင့်။ မောင့်ကို နာကျည်းလွန်းလှသည်။ မောင့်မျက်နှာကြီးကို ကုတ်ဖဲ့ပစ်ချင်လောက်အောင် မုန်းလွန်းလှသည်။ သည့်ကြောင့် မောင့်မျက်နှာကို မြင်ချင်လှသည်။ သို့တိုင် ငြိမ်းသည် အတိတ်ကိုသာ စိတ်အစဉ်ဖြင့် မြင်ယောင်နိုင်ရရုံသာ။
***
ချစ်သူသက်တမ်း သုံးနှစ်မျှ ကြာခဲ့ပြီး ချစ်သူဘဝကနေ လွတ်မြောက်ခဲ့ချိန်မှ မောင့်အကြောင်း သိလိုက်ရခြင်းကို ငြိမ်းကိုယ်ငြိမ်း အပြစ်တင်မိသည်။ ငြိမ်း ဘာကြောင့်များ သည်လောက်တောင် အ,ခဲ့ရပါလိမ့်။ မောင့်ဘက်က မောင့်အကြောင်းတွေ ရိပ်မိရစေမည့် လုပ်ရပ်တွေ တွေ့မြင်ခဲ့ရပါလျက်နှင့် ဘာကြောင့် အရိပ်အကဲလေးတောင်မျှ မသိခဲ့ရပါလိမ့်။
မောင် သည်လိုလူစားဖြစ်နေလိမ့်မယ်လို့လည်း နည်းနည်းလေးမှ မယုံကြည်နိုင်မိ။ အို့ တကယ်တော့ မောင်ဟာ သိုးရေခြုံထားတဲ့ ဝံပုလွေထက်ပင် ယုတ်မာပက်စက်ပြီး ဟန်ဆောင်ကောင်းလွန်းလှခြင်းပင်။ မောင်ဟာ သိုးမွေးကလေးလို နူးညံ့သူတစ်ယောက်အဖြစ် ဟန်ဆောင်ကောင်းခဲ့သည်မှန်း ငြိမ်းသိလိုက်ရချိန်မှာ အရာရာဟာ ပြန်ပြင်လို့ မရနိုင်လောက်အောင် နောက်ကျသွားခဲ့ပြီပဲ။
သည့်ကြောင့်ပဲ မောင့်ရဲ့ ဟန်ဆောင်ကောင်းမှုတွေကိုပဲ တစိမ့်စိမ့်မြင်ယောင်ရင်း ငြိမ်း ကျိတ်မနိုင် ခဲမရဖြစ်စွာသာ တတ်နိုင်တော့သည်။
***
လူတစ်ယောက်ကို ယခုမှတွေ့လျှင်သာ ချောမောနေတတ်သည်။ နေ့တိုင်းမြင်ပါများလျှင် သူ့ရဲ့ချောမောမှုတွေက ရိုးသွားမှာတဲ့။ ဟင့်အင်း ဒီစကားတွေက သူများတွေအတွက်တော့ ဟုတ်ချင်ဟုတ်လိမ့်မည်။ ငြိမ်းအတွက်တော့ မမှန်ကန်နိုင်။ ထိုသူဟာ မောင်သာပဲပေါ့။ မောင်ဟာ ငြိမ်းရဲ့ ထာဝရတစ်သက်တာစာ ချောမောနေမည့်အလှပိုင်ရှင်ဟု မောင့်ကို ပထမဆုံး မြင်လိုက်ရချိန်မှာ ငြိမ်းသတ်မှတ်လိုက်သည်။
ငြိမ်းတို့စက်ရုံကြီးဆီ မောင်ပြောင်းလာခဲ့သည်လေ။ တချို့ဆို လုပ်ဖော်ကိုင်ဖက်တွေနှင့် ရန်ဖြစ်လို့၊ အမှားတစ်ခုခုလုပ်မိလို့ ပြစ်ဒဏ်ပေးသည့်အနေနှင့် နယ်ပြောင်း ခံကြရသည်။ မောင့်ကျမှ အတွေ့အကြုံလိုချင်လို့၊ နယ်ပေါင်းစုံ ရောက်ဖူးချင်လို့ သည်ကို ပြောင်းလာခဲ့သည်တဲ့။ အဲသည်လို ထူးဆန်းနေကတည်းက မောင့်ကို သံသယဝင်ခဲ့သင့်တာ။ သြော် ပြန်တွေးတော့ မောင်ဟာ ဆင်ခြင်ကလေးတွေလည်း လှပစွာ ပေးတတ်ခဲ့သေးသည်ပဲ။
မောင့်စရိုက်တွေက တည်ငြိမ်အေးစက်လွန်းလိုက်တာကွယ်။ ထို့အတူ မောင့်စိတ်ဓာတ်ဟာလည်း သိုးမွေးကလေးလို နူးညံ့နေရှာမှာပဲ။ မောင်ဟာ ရောက်စတုန်းက တစ်ကိုယ်တည်းပဲ နေတတ်ခဲ့သည်လေ။ နယ်မြေဒေသသစ်၊ ပတ်ဝန်းကျင်သစ်မှာ အသိအကျွမ်းမရှိတဲ့ မောင့်အတွက် အရာရာဟာ သူစိမ်းဆန်နေမှာပါပဲ။ စက်ပစ္စည်းတွေနှင့် လည်ပတ်ရသည့် ငြိမ်းတို့စက်ရုံမှာ အလုပ်တွေပါးလို့ ရုံးထဲ စုရုံးထိုင်နေကြချိန်ဆို မောင်ဟာ လူအများစုနှင့် မနေတတ်သူလို အပြင်ဘက်မှာသာ တစ်ကိုယ်တည်း ပတ်ဝန်းကျင်ကို ဆွေးလို့ ငေးလို့။ တစ်ခါတစ်ခါ မောင်တာဝန်ကျရာ စက်ပစ္စည်းကြီးရဲ့ ဘေးမှာပဲ အိပ်လို့၊ လှဲလို့။ မောင့်ကို သည်လိုမြင်ရခိုက်မှာ မောင့်အတွက် စကားပြောဖော်အဖြစ် ငြိမ်း ဖြစ်ပေးလိုက်ချင်ခဲ့သည်။ သို့သော် ငြိမ်းက မိန်းကလေးပေကိုး။ မိန်းကလေးတန်မဲ့ ယောကျ်ားတစ်ယောက်ကို အရမ်းကာရော မရောနှောသင့်ဘူးမဟုတ်လား။ သည့်ကြောင့် မောင့်ကိုကြည့်ရင်း ငြိမ်း စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်ခဲ့သည်။
ကြာလာတော့ မောင့်မျက်နှာ ရွှင်ပျလာသလိုပင်။ အနေကြာတော့ မောင်ဟာလည်း လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနှင့် ခင်မင်လာခဲ့ပြီပဲ။ ခါတိုင်းလို အလုပ်ပါးချိန်မှာ မောင်ဟာ တစ်ကိုယ်တည်း မဟုတ်တတ်တော့။ ဖုန်းတစ်လုံးတည်းနှင့် လေးယောက် ကစားရသည့် Ludo King ကစားပွဲမှာ မောင်ပါဝင်လာခဲ့ပြီ။ ငြိမ်းသူငယ်ချင်းတွေနှင့်လည်း မောင်ဟာ သိကျွမ်းလာပြီ။ ငြိမ်းလည်း မောင့်ကို သုံးလေးခါလောက် ပြုံးပြခဲ့ပြီးပြီ။ မောင့်ဆီကလည်း ပြန်လည်အပြုံးကို ငြိမ်းရရှိခဲ့ပြီးပါပြီ။ ထိုစဉ်တုန်း ငြိမ်းရင်ထဲ ဘယ်လောက် ချမ်းမြေ့ခဲ့ရသည်ဆိုတာ မောင့်ကို ပြောမပြတတ်လောက်အောင်ပဲ။ အဲလောက်တောင်ပဲ မောင့်အပြုံးတွေက ငြိမ်းရင်တွေကို ချမ်းမြေ့စေနိုင်တာ။
ငြိမ်းတို့ရုံးကို မောင်ပြောင်းလာတာ ပျော်မည်ထင်ပါသည်။ ငြိမ်းတို့ ရုံးသူရုံးသားတွေဟာ စေတနာသဒ္ဓါတရားများလည်း ထက်သန်ကြသေးသည်ကိုး။ တစ်ယောက်ယောက်၏မွေးနေ့မို့၊ တစ်ယောက်ယောက်၏ ရာထူးတိုးလို့၊ တစ်ယောက်ယောက် ထီပေါက်လို့ စသဖြင့် အကြောင်းအမျိုးမျိုးရှိလာလျှင် တစ်ရုံးလုံးကို မုန့်ဟင်းခါး၊ ကြက်သားပလာတာ စသဖြင့် ကျွေးမွေးတတ်ကြသည်လေ။ အဲသည်တုန်းက မောင်နှင့် ငြိမ်းတို့ ခင်မင်မှုတွေ တိုးခဲ့သည်။ မောင့်ကို ငြိမ်းကိုယ်တိုင် ခူးခပ်ပေးခဲ့သည်လေ။ မောင်ဟာလည်း စားလိုက်တာ ပလုတ်ပလောင်းပါပဲ။ မဝသေးရင် ထပ်ထည့်ပေးမယ်၊ အားမနာနဲ့ ဝအောင်စားနော်ဆိုတဲ့ ငြိမ်းရဲ့ ချိုသာတဲ့စကားသံကြောင့် မောင့်အပြုံးတွေက ချိုမြလို့။ စားလို့ကောင်းရဲ့လားဆိုတော့ ကောင်းတယ် ကျွန်တော့်တစ်သက် သည်လောက်ကောင်းတဲ့ မုန့်ဟင်းခါး မစားဖူးဘူး။ ဟင်းရည်လေးက ကြည်လင်ပြီး ချိုနေတာပဲ။ ဘယ်လိုများချက်ထားပါလိမ့်၊ ကျွန်တော့်တစ်သက် တသသစွဲနေမယ့် အရသာမျိုးပဲ ဆိုတော့ ငြိမ်းက ဒါ ကျွန်မတို့ အဖွဲ့တွေ ချက်တာလေ ဆိုတော့ မောင်က တော်လိုက်တာဗျာ။ အားရပါးရ စားပါ့မယ်တဲ့။ အဲသည်ကတည်းကစပြီး မောင်နှင့် ငြိမ်းတို့ ခင်မင်မှုတွေ တိုးလာခဲ့သည်။
ထိုတစ်နေ့ကိုတော့ ငြိမ်းတစ်သက် မေ့နိုင်တော့မည်မဟုတ်ပေ။ ထိုနေ့လေးကြောင့်ပဲ မောင်နှင့်ငြိမ်းတို့ ချစ်သူတွေ ဖြစ်ဖို့ အစပျိုးခဲ့သည်ထင်တာပဲ။ လူသစ်ကလေး မောင့်မှာ ရုံးသွားရုံးပြန်အတွက် ဆိုင်ကယ်မရှိခဲ့ပေဘူးလေ။ သည်တော့ မောင်တစ်ယောက် ခြေကျင်လျှောက်ပေါ့။ မောင့်အဆောင်က ရုံးနှင့် လမ်းလျှောက်လျှင် ၁၅ မိနစ်မျှ ကွာဝေးသည်။ သို့တိုင် ဝန်ထမ်းတိုင်းလိုလိုက ဆိုင်ကယ်ရှိကြတော့ အားလုံးက လမ်းကြုံတင်ခေါ်တတ်သည်မို့ မောင် ခြေကျင်ရုံးတက်တာ မြင်ရခဲပါသည်။
တစ်နေ့ ရုံးအသွား လမ်းမှာ မောင်တစ်ယောက် ခြေကျင်လျှောက်နေသည်ကို ငြိမ်းတွေ့လိုက်ရသည်။ ငြိမ်းဆိုင်ကယ်နှင့် တင်ခေါ်လိုက်ရမည်လား။ လူတွေမြင်လျှင် တစ်မျိုးထင်သွားမှာလည်း စိုးသည်။ လူတွေကိုက အနောက် သန်တတ်ကြပါဘိနှင့်။ တင်မခေါ်ဘဲ ဖြတ်မောင်းသွားလျှင် မောင်က တင်မခေါ်ရကောင်းလားဆိုပြီး စိတ်ကွက်သွားမှာလည်း စိုးသည်။ နောက်မှာ ဆိုင်ကယ်ကြုံများ လာမလား ငြိမ်းလှည့်ကြည့်လိုက်သည်။ ရောက်မလာ။ ငြိမ်းဆိုင်ကယ်ကတော့ တဖြည်းဖြည်းနှင့် မောင့်အနားရောက်လာပြီ။ မတတ်နိုင်တော့။ လမ်းကြုံလိုက်မလားဆိုပြီး ဆိုင်ကယ်ကို ရပ်ပေးသည်။ မောင်က ပြုံးရွှင်စွာ အေးဟု ပြောပြီး ရှေ့ကမောင်းသည်။ မောင့်အနောက် ငြိမ်းတက်ထိုင်လိုက်ခါမှ လူကြုံတွေက ရောက်လာရသည်လို့။ ငြိမ်း ရှက်လှသည်။
ရုံးရောက်ခါမှ အခြေအနေက ပိုဆိုး။ အနောက်သန်သည့် ကောင်မက မောင် ရှေ့မှာ ရှိနေတုန်း နင်တို့နှစ်ယောက် မနက်က လိုက်ဖက်လိုက်တာနော် ဟု နောက်သည်။ ငြိမ်းသည် မနေနိုင် မောင့်မျက်နှာကို ဖျတ်ကနဲ့ ကြည့်ပြီး အို ကောင်မနော် ဟု ပခုံးကို ပုတ်ရိုက်ပြီး ရှက်လှစွာနှင့် မျက်နှာကို လက်ဝါးဖြင့် ကာထားလိုက်မိသည်။ မောင်ကတော့ တစ်ချက်ကလေး ပြုံးကာ လှည့်ထွက်သွားသည်။ သို့သော် မောင့်အပြုံးသည် တစ်မျိုး။ ဝမ်းသာသွားသည့်အပြုံးလား၊ စိတ်မကောင်းဖြစ်သွားသည့်အပြုံးလား။ ငြိမ်းမဝေခွဲတတ်။ မောင့်အပြုအမူကြောင့် ငြိမ်းစိတ်တွေပင် တစ်မျိုးဖြစ်သွားရသည်။ အနောက်သန်သည့်ကောင်မကို ငြိမ်း အပြစ်တင်လိုက်မိသည်။ ညည်းနော်ဟု အထွန့်တက်လိုက်တော့လည်း ကောင်မက ဟဲ့ ငါက တကယ်လိုက်ဖက်တယ်မြင်လို့ မြင်တဲ့အတိုင်းပြောတာ ညည်းတို့ ယူလိုက်ကြပါလားအေ ဟုပင် ထပ်ပြီး ပြတ်သားလိုက်ပြန်သေးသည်။
ထိုညက ငြိမ်းအိပ်မပျော်ခဲ့။ နေ့ခင်းက ကောင်မက မောင်နှင့်ငြိမ်းကို နောက်ပြောင်ခဲ့သည်ကို တစိမ့်စိမ့်တွေးနေမိသည်။ အမှန်အတိုင်းပြောရလျှင် နောက်ပြောင်သည့်ကောင်မကို ငြိမ်း ရှက်ဟန်လေးဆောင်ခဲ့ပေမယ့် ကျေးဇူးတင်နေမိသည်။ လိုက်ဖက်တယ်ဟု ပြောသည်ကိုတော့ ငြိမ်း သဘောကျမဆုံး။ ထိုခဏ ထိုစဉ်က မောင် ဖြစ်ပျက်သွားသည့် မျက်နှာအမူအရာကြောင့် ငြိမ်း ဇဝေဇဝါဖြစ်သွားခဲ့ရသည်။ မောင့်အမူအရာက သဘောကျသည်လည်းမဟုတ်။ သဘောမကျသည်လည်းမဟုတ်။ ဘယ်လိုကြီးများပါလိမ့်။ မောင့်စရိုက်တွေက ပဟေဠိ ဆန်လွန်းလိုက်တာကွယ်။
***
တစ်နေ့တွင် ငြိမ်းတို့ ရုံးသူရုံးသားတွေရဲ့ ပါးစပ်ဖျားမှာ ပေါက်ကွဲသံတွေညံနေခဲ့ကြပေမယ့် ငြိမ်းအတွက်တော့ မောင်နှင့်ပတ်သက်ပြီး အခွင့်အရေးကောင်းတစ်ခု ရပြီဆိုပြီး ဝမ်းသာကျေနပ်နေခဲ့မိသည်။ ရွေးကောက်ပွဲကာလ နီးစပ်နေချိန်လေးမှာ ဝန်ထမ်းတွေအားလုံး နိုင်ငံရေးမလုပ်ရ၊ ဖေ့ဘွတ်ခ်ပေါ် နိုင်ငံရေးအကြောင်း မတင်ရဟု အမိန့်စာထွက်လာခဲ့သည်။ ဝန်ထမ်းတွေအားလုံး၏ ဖုန်းနံပါတ်၊ ဗိုက်ဗာနံပါတ်၊ ဖေ့ဘွတ်ခ်အကောင့်၊ အီးမေးလ်အကောင့်၊ အင်စတာ့ဂရမ်အကောင့် စသဖြင့် ဆိုရှယ်နက်ဝါ့သ်အကောင့်များကို စာရင်းဇယား ကောက်ယူမည်တဲ့။ ဖုန်းလည်း ရုံးကို ယူလာခွင့် မရှိတော့ဘူးတဲ့။ သည့်ကြောင့် မကျေနပ်ချက်များ ထွက်လာခဲ့သည်။ ဝန်ထမ်းတွေကို မဲပေးခွင့်တော့ပေးပြီး ဘာကြောင့် နိုင်ငံရေးကျတော့ မလုပ်ရဘူးလဲ။ သူတို့ကို မဲမပေးမှာ ကြောက်နေတာ။ ဝန်ထမ်းတွေကို သည်လိုချုပ်ချယ်မှတော့ ဘယ်ဝန်ထမ်းက သူတို့ကို မဲပေးတော့မှာလဲ။ ပြီးတော့ ဖုန်းမယူရဘူးဆိုတော့ ရုံးတက်နေတုန်း အိမ်က ကိစ္စတစ်ခုခုရှိလာရင် ဘယ်လိုလုပ်ဆက်သွယ်ရတော့မတုန်း စသဖြင့် တစ်ယောက်တစ်မျိုး မကျေနပ်သံများ ထွက်လာခဲ့သည်။
သည့်အရင်တုန်းကလည်း ဝန်ထမ်းတွေပါးစပ်ဖျားမှာ ပေါက်ကွဲသံတွေ ညံခဲ့ဖူးပါသည်။ သည့်အရင်က သည်စက်ရုံကြီးဟာ စက်မှုဝန်ကြီးဋ္ဌာနလက်အောက်မှာပါ။ များမကြားမီ သည်စက်ရုံကြီးကို အာဏာရှင်တွေ အုပ်ချုပ်တော့မည်တဲ့။ သည်စက်ရုံမှာ ဆက်လက်မနေချင်သူတွေ နယ်ပြောင်းလိုက ပြောင်းနိုင်သည်တဲ့။ သည်အမိန့်ကြောင့် ဝန်ထမ်းတွေ မျက်ရည်နှင့် မျက်ခွက် ဖြစ်ကြရသည်။ ငြိမ်းလည်း ငိုခဲ့ရသည်။ ပြောင်းသူအချို့နှင့် အလုပ်ထွက်သွားသူတွေရှိကြပါသည်။ တချို့ကျတော့ မွေးရပ်မြေနှင့်ဝေးလို့၊ နေသားကျနေပြီဖြစ်သည့် သည်နေရာနှင့် မခွဲခွာချင်ကြသဖြင့် အောင့်အည်းသည်းခံကာ နေခဲ့ရသည်။ ငြိမ်းကတော့ ဘယ်မှာနေရနေရ ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် အလုပ်မပြုတ်လျှင် တော်ပြီဆိုပြီး နေမြဲတိုင်း နေခဲ့သည်။ အခုတော့ ချုပ်ချယ်မှုတွေ စတင်ခံစားလာခဲ့ကြရပြီ။
မောင့်ကို မသိမသာလေး ကြည့်လိုက်တော့ မောင်က နားထောင်ရုံပဲထောင်မည် ဖွင့်တော့မပြောဘူးဆိုသည့်သဘောမျိုးဖြင့် တိတ်ဆိတ်နေသည်။ အားလုံးက မကျေမနပ် ပေါက်ကွဲနေကြချိန်မှာ မောင်တစ်ယောက်တည်းကျမှ တိတ်ဆိတ်နေခြင်းက သည်အမိန့်ကို သဘောကျခြင်းများလား။ မောင်က သူငယ်ချင်းတွေနှင့် ဆန့်ကျင်ဘက်လူစားများလားကွယ်။
ငြိမ်းဝမ်းသာရသည့် အကြောင်းရင်းကား အမိန့်အတိုင်း ငြိမ်းတာဝန်အရ စာရင်းကောက်ချိန်မှာ မောင့်ဖေ့ဘွတ်ခ်အကောင့်လေးကို သိခွင့်ရလိုက်ခြင်းပင်။
***
မောင့်ဖေ့ဘွတ်ခ် - facebook အကောင့်လေးသိလိုက်ရချိန်ကလည်း မောင့်ပဟေဠိစိတ်ဓာတ်ကို တွေ့ခဲ့ရသည်။ ဖေ့ဘုတ်ခ် ဆာ့ချ် - search မှာ မောင့်နာမည် မြတ်မင်းမောင်လို့ ရိုက်ရှာလိုက်တော့ မောင့်ပုံလေးနှင့် မောင့်အကောင့်ကို တန်းတွေ့လိုက်ရသည်။ မောင့်အကောင့်ကိုတွေ့တွေ့ချင်း မောင့်ပါစင်နယ် - personal က ငြိမ်းမျက်စိရှေ့ရောက်လာတော့ ငြိမ်းကြည့်လိုက်ရသည်။ အလို မောင်က အင်္ဂလိပ်စာနှင့် ကျောင်းပြီးထားတာပါလား။ အို မောင့်မြို့ကလည်း အဝေးကြီးမှာပါလား။ မြန်မာနိုင်ငံရဲ့ တောင်အစပ်မှာရှိသည့် သည်အရပ်ကို မြန်မာပြည်ရဲ့ မြောက်အစပ်အရပ်မှာရှိသည့် မောင်က ဘာလို့များ ရွေးပြောင်းလာခဲ့ရသည်လဲ။ သည့်ကြောင့်လည်း မောင်ရောက်လာခါစက မျက်စိသူငယ် နားသူငယ်ဖြစ်ခဲ့တာမဆန်း။ အသက်ကလည်း ငြိမ်းထက် နှစ်နှစ်ငယ်နေသေးသည်။ သည့်ကြောင့်ပဲ ငြိမ်းစိတ်ထဲကနေ မောင့်ကို မောင်ဟု ခေါ်ဝေါ်သမုတ်ခဲ့မိသည်။
မောင့်ပုံတွေ ငေးနေမိသဖြင့် ငြိမ်း ဖရန့်ရီကွတ်စ် - friend request မလုပ်မိ။ မောင့်ကိုသာ ငေးနေမိသည်။ မောင့်ပုံတွေကိုလည်း ခွင့်ပြုချက်မရှိဘဲ ဆေ့ - save လုပ်မိသည်။ ကွန်မန့် - comment တွင်လည်း မိန်းကလေးအများစုက မောင့်ကို မင်းသားလိုလို ရုပ်ရည်ကို အမွှန်းတင်သည့် စာသားများစွာဖြင့်။ မောင်ကလည်း ထိုကွန်မန့်တွေကို ရီပလေး - replay မပေးဖြစ်တောင် ကွန်မန့်တိုင်းကို လက်ဖ် - Love ပေးလေ့ရှိတာတွေ့လိုက်ရသည်။ အို မောင်က မျက်နှာများသူလားကွယ်။ ပြီးမှ မောင့်ကို အဒ်ရီကွတ်စ်လုပ်ဖို့ သတိရသဖြင့် လုပ်လိုက်မိသည်။ တိုက်ဆိုင်စွာပင် မောင်က ချက်ချင်း ကွန်ဖိုင်းလုပ်လိုက်တာ တွေ့ရသည်။ မောင်ကလည်း ကွန်ဖိုင်းလုပ်ပြီးပြီးချင်း ငြိမ်းဝေါလ်ထဲ ဝင်ကြည့်လိုက်သည်ထင့်။ ငြိမ်းပရိုဖိုင်ပုံလေးကို Love ပေးလိုက်သည်ကို နို့တိပိကေးရှင်း - notifications မှာ တွေ့လိုက်ရသည်။ ထို နို့တီဖိကေးရှင်းလေးကို ငြိမ်းကြည့်လိုက်တော့ Love လေးကနေ ချက်ချင်း လိုက်က် - Like ပြောင်းသွားသဖြင့် ငြိမ်းတွေဝေသွားရသည်။ မောင်များ Like ကို Love နှင့် မှားနှိပ်မိလေသလား။ မမှားနိုင်ပါ။ Like ပေးလျှင် ထိလိုက်ရုံသာ။ Love ပေးလျှင် Like ကိုဖိထားပြီးမှ Love ဘက်သို့ ရွှေ့ပြီး ပေးရသည်ပဲလေ။ ဒါဖြင့် မောင်ဟာ ငြိမ်းကို ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေးပြီးမှ မချစ်သင့်မှန်းသိလို့ Like ပြောင်းလိုက်လေသလားကွယ်။ မောင် ဘာတွေများ တွေဝေနေခဲ့လေသလဲ။ ငြိမ်း တစ်ထစ်ချ ယူဆလိုက်သည်က မောင်ဟာလည်း ငြိမ်းကိုချစ်နေတယ်ဆိုတာ သေချာတယ်ဆိုတာပါပဲ။
မောင်နှင့်ငြိမ်း ဖေ့ဘွတ်ခ်မှာ ဖရန့် - friend တွေဖြစ်သွားခါမှ သူ့ပို့စ် - post လေးတွေ ကိုယ်စ ကိုယ့်ပို့စ်လေးတွေ သူနောက်နှင့် ခင်မင်မှုတွေ ဆထက်တိုးခဲ့သည်။ သို့တိုင် မက်ဆေ့ဂျာ - messenger မှာတော့ စကားမပြောဖြစ်ကြ။ မောင့်ကိုစကားသွားပြောဖို့ရာ ငြိမ်းမဝံ့ရဲ။ တကယ်ဆိုလျှင် ယောကျ်ားလေးဖြစ်သည့်မောင်က စကားလေးတော့ လာပြောသင့်ပါသည်။ မောင်လည်း ငြိမ်းလိုပဲ ဖြစ်နေခဲ့လေသလား။
***
တစ်ခုသော ညကလေးကိုလည်း ငြိမ်း ထာဝရ မေ့ပျောက်နိုင်မည်မထင်ပေ။ အဲသည်ညက စက်ရုံနှစ်ပတ်လည်ည။ စက်ရုံမှူးကြီးက ဝန်ထမ်းတွေကို ပျော်စေချင်သည့်အနေနှင့် နေ့လယ်ပိုင်း ထမင်းကျွေးသည်။ ညနေပိုင်း လက်ဆောင်ပစ္စည်းများ မဲဖောက်သည်။ ညပိုင်းမှာ စင်မြင့်ကြီးပေါ် ဆောင်းဘောက်ကြီးများ တင်ပြီး သီချင်းဆိုကြသည်။ အကောင်းဆုံးသီဆိုနိုင်သူကို ပထမ ဒုတိယ တတိယရွေးချယ်ပြီး ဆုချသည်။ မောင်နှင့်ငြိမ်းကတော့ ပရိသတ်သက်သက်မျှသာ။ မြူးကြွသည့် တီးလုံးတီးကွက်များကြားမှာ ဝန်ထမ်းအားလုံး မြူးမြူးကြွကြွ ကခုန်ကြသည်။ မောင်သည်လည်း ကခုန်နေတာ မြင်လိုက်ရတော့ ငြိမ်းသည်လည်း မနေနိုင် မောင့်အနား မသိမသာလေး တိုးကပ်သွားပြီး ကခုန်သည်။ ကခုန်ရင်းက ငြိမ်းသည် မောင့်ကို မတော်တဆတိုက်မိဟန်လေး လုပ်ပြလိုက်သဖြင့် မောင်က လှည့်ကြည့်သည်။ မောင်သည် ငြိမ်းကို မြင်တော့ မြူးကြွကြွတီးကွက်နှင့်အပြိုင် အစွမ်းကုန်ပြုံးပြသည်။ ပြီးမှ မောင်သည် ငြိမ်းနှင့်အတူ ကခုန်တော့သည်။ ထိုအခိုက် ငြိမ်းသည် မနေနိုင် မောင့်ပါးကို နမ်းလိုက်မိသည်။ မောင်သည် အံ့သြစွာကြည့်ပြီး ငြိမ်းက ပြုံးပြတော့ မောင်ပါ အစွမ်းကုန်ပြုံးပြခဲ့သည်။ ထိုညက မောင်စိတ်မဆိုးတာ မနက်ဖြန်မှာ သိလိုက်ခဲ့ရသည်။
အဘယ်ကြောင့်မူ မနက်ဖြန် ငြိမ်း မက်ဆင်ဂျာလေးကို ဖွင့်လိုက်ချိန်မှာ မောင့်စကားလေးကို မထင်မှတ်ဘဲ တွေ့လိုက်ရသောကြောင့်လေ။ သည်လိုကျတော့ မောင်က အကင်းပါးသား။ အလိုက်သိတတ်သား။ မိန်းကလေးဘက်ကစပြီး ချစ်ရေးမဆိုသင့်မှန်း သိသည်ကြောင့် မောင်ကပဲ အလိုက်သိစွာ အလျင်ဦးဆုံး ဖွင့်ပြောလာခဲ့သည်လေ။ နင် ငါ့ကို ချစ်နေတယ်မဟုတ်လားတဲ့။ ငြိမ်းလည်း ရှက်ရှက်နှင့် အင်း ဟု ဖြေလိုက်ရသည်။ ဒီမေးခွန်းလေးကို ဖြေနေစဉ်ဟာ မောင့်ရှေ့မှာ မဟုတ်ပေမယ့် ငြိမ်းသည် ရင်ခုန်စိတ်လှုပ်ရှားလွန်းစွာ တစ်ကိုယ်လုံး တုန်နေခဲ့သည်။ မောင့်ရှေ့မှာသာဆိုလျှင် မျက်နှာချင်းပင် ဆိုင်ရဲမည်မဟုတ်။ မောင်က ငါလည်း နင့်ကို ချစ်တယ်တဲ့။ မောင့်စကားကြီးက မောင့်စကားရဲ့နောက်မှာ ဒါပေမယ့်ဆိုတာကြီး ထည့်တော့မလိုလို။ ငြိမ်းသည် မောင်က ဒါပေမယ့် လို့ ဖွင့်ပြောလာမှာ သိပ်ကြောက်နေခဲ့မိသည်။ သို့သော် မောင်သည် ဒါပေမယ့်လို့ ပြောမလာခဲ့။ ဒါဖြင့် မောင်က ငြိမ်းကို ချစ်တယ်လို့ ဖွင့်ပြောလိုက်သည်ပေါ့။ အို ငြိမ်းတစ်သက် သည်လောက် ပျော်စရာကောင်းသည့်နေ့မျိုး မကြုံဖူးခဲ့။
***
မောင်နှင့်ငြိမ်း ချစ်သူတွေ ဖြစ်ခွင့်ရခဲ့ပေမယ့် ငြိမ်း ထင်သလောက် မပျော်ရွှင်ခဲ့ရ။ ချစ်သူသက်တမ်း သုံးနှစ်ကျော် ကြာမြင့်ခဲ့သည့်တိုင် ချစ်သူဘဝက မကျွတ်လွတ်ခဲ့ပေ။ စည်းလည်းမကျော်ခဲ့။ သည်လိုကျတော့ အခွင့်အရေးမယူတတ်သည့် မောင့်စိတ်ဓာတ်က လေးစားစရာ။ ချစ်သူဘဝက ကျွတ်လွတ်ဖို့ရာက မောင့်အပေါ်မှာသာ မူတည်သည်။ မောင်သည် လက်ထပ်ဖို့ရာ ဘယ်တုန်းကမျှ ဖွင့်ဟမလာခဲ့။ မောင်သည် တစ်ခါတစ်ခါ လေးစားဖို့ကောင်းပေမယ့် သည်လိုအချိန်ဆွဲနေပုံကြီးကကျတော့ မုန်းတီးဖို့ ကောင်းလွန်းလှသည်။ နင် သည်းမခံနိုင်တော့ရင် ငါနဲ့ဆက်မတွဲချင်လည်း ရတယ်ဆိုသည့်သဘောမျိုးသာ နေသည်။ သို့သော် ငြိမ်းသည် မောင့်ကို ချစ်သည့်စိတ်နှင့် သည်းခံခဲ့သည်။
ဖေ့ဘွတ်ခ်ပေါ်က ဆောင်းပါးလေးကို ငြိမ်း မထင်မှတ်ဘဲ ဖတ်လိုက်ရသည့်အခါမှ ငြိမ်းသည် မောင့်အကြောင်းကို သိလိုက်ရသည်။ မောင်သည် ဂမ်မိုဖိုဘီးယား - gamophobia ရောဂါသည် ဖြစ်နေခဲ့သည်ကိုး။ သည့်ကြောင့် ငြိမ်းသည် မောင့်ကို -
''မောင် ငြိမ်းကိုလက်ထပ်ရမှာ ကြောက်သလားဟင်''
လို့ မေးလိုက်တော့ မောင်က မေးခွန်းပင် ပြန်ထုတ်လိုက်သေးသည်။
''ဘာလဲ ငြိမ်းက မောင်နဲ့ လက်ထပ်ချင်နေပြီလား''
တဲ့။ မောင့်မေးခွန်းကြီးက ခံပြင်းစရာ။ ချစ်သူတွေအဖြစ် တွဲနေခဲ့တာဖြင့် သုံးနှစ်ကျော်နေခဲ့ပြီ။ မောင့်မှာ ဘာတွေအချိန်ဆွဲစရာ ရှိနေခဲ့လို့လဲ။ မောင်ရော ငြိမ်းရော ကိုယ်ပိုင်လစာ ရှိနေပြီပဲ။ မိသားစုလေးတစ်ခု ထူထောင်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီလေ။ ဘာမျှ နောက်ဆံတင်းစရာအကြောင်းလည်း မရှိတော့။
''ဟုတ်တယ်မောင်။ ငြိမ်းတို့တွဲနေတာကြာပြီ။ သူငယ်ချင်းတွေလည်း မေးနေကြပြီ။ ညည်းတို့ ဘာတွေအချိန်ဆွဲနေကြတာလဲတဲ့။ ဒီအချိန် ညည်းတို့ လက်ထပ်ပြီးလို့ ကလေးတစ်ယောက်တောင် ရနေသင့်ပြီတဲ့''
ငြိမ်းစကားကြောင့် မောင်သည် ဆွေးဆွေးငေးငေးကြီးဖြစ်သွားသည်။ ပြီးလျှင် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီးမှ တစ်ခွန်းတည်းသော စကားကို ပြတ်သားစွာ ပြောသည်။
''ဟုတ်တယ်ငြိမ်း မောင်ကကြောက်နေတာပါ။ ငြိမ်းနဲ့လက်ထပ်လိုက်ရင် မောင်က အပြစ်သားတစ်ယောက်ဖြစ်နေမှာကို ကြောက်နေတာ ဟိုးအရင်ကတည်းကပါ။ အခုတော့ ငြိမ်းက လက်ထပ်ချင်ပြီဆိုရင်လည်း လက်ထပ်ကြတာပေါ့လေ။ မောင် မကြောက်တော့ဖို့ အားခဲထားတာလည်း ကြာလှပြီ''
မောင့်စကားကြားတော့ ငြိမ်းသည် မချင့်မရဲဖြစ်ရသည်။ မောင်က ဘာကိုကြောက်ရသည်လဲ၊ ငြိမ်းနှင့် လက်ထပ်လိုက်တာက ဘာကြောင့် မောင့်ကို အပြစ်သားတစ်ယောက်လို ဖြစ်စေရသည်လဲ။ သို့သော် မောင့်ကို မမေးတော့ပါ။ ငြိမ်းဆန္ဒကို ဖြည့်စွမ်းပေးသည့် မောင့်ကို ငြိမ်း ချစ်မက်စွာ ပွေ့ဖက်လိုက်သည်။
***
မောင်နှင့်ငြိမ်းတို့ ဝန်ထမ်းပေါင်းတစ်ရာကျော်ရှိသည့် စက်ရုံလေးထဲမှာပဲ လက်ထပ်ခဲ့ကြသည်။ မောင်သည် လက်မထပ်ခင်က ဘယ်လောက်ပင် စည်းကို ထိန်းသိမ်းခဲ့သည်မပြောနှင့် မင်္ဂလာဦးညမှာပင် ထိန်းသိမ်းနိုင်ခဲ့သည်။ ဘယ်လင်မယားမဆို ကျန်းမာရေးကို ကြိုကြိုတင်တင်စစ်ဆေးထားပါမှ လင်မယားနှစ်ယောက်စလုံး ကျန်းမာပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ထူထောင်နိုင်မှာ။ အရင်ဆုံး အားတဲ့တစ်နေ့ ဆေးစစ်သွားကြတာပေါ့ အဲ့ကျမှငြိမ်းသဘော ဆိုပြီး နှစ်သိမ့်သည်။ ဒါတွေကို လက်မထပ်ခင်က မောင် ဘာကြောင့် မပြောခဲ့သည်လဲ။ လက်မထပ်ခင်ကတည်းက လုပ်ထားသင့်သည့် ကိစ္စပဲမဟုတ်လား။ ထားပါတော့ လက်မထပ်ခင်ကနေ လက်ထပ်ပြီးအထိ စည်းကို စောင့်ထိန်းနိုင်ခဲ့ကြမှတော့ ကိစ္စမရှိ။ မောင်နှင့်လက်ထပ်ခွင့်ရဖို့ သုံးနှစ်ကျော်စောင့်ဆိုင်းခဲ့ရသည်ပဲ။ ငြိမ်း ဘာကြောင့် မစောင့်နိုင်ရမည်လဲ။ စောင့်လက်စနှင့် ဆက်လက်စောင့်လိုက်ပါဦးမည်။
****
ငြိမ်းစိတ်တွေ ထိန်းချုပ်လို့ မရနိုင်တော့ပေ။ သည့်ကြောင့်ပဲ နေရာမှ ငေါက်ကနဲထကာ ဦးတည်ရာမဲ့ ပြေးလွှားနေမိသည်။ ရောက်ရှိသည့်နေရာသည် အဘယ်သို့သော နေရာမှန်း ငြိမ်း ခွဲခြားနိုင်စွမ်း မရှိတော့။
ဟုတ်သည်လေ။ မောင်က ငြိမ်းကို အဲသည်လောက်အထိ အသိစိတ်ကင်းမဲ့သွားရလောက်အောင် ရက်စက်လွန်းအားကြီးခဲ့သည်ကိုး။ မောင် သည်လိုလူစားဖြစ်နေလိမ့်မယ်လို့လည်း နည်းနည်းလေးမှ မယုံကြည်နိုင်မိ။ အို့ တကယ်တော့ မောင်ဟာ သိုးရေခြုံထားတဲ့ ဝံပုလွေထက်ပင် ယုတ်မာပက်စက်ပြီး ဟန်ဆောင်ကောင်းလွန်းလှခြင်းပင်။ မောင်ဟာ သိုးမွေးကလေးလို နူးညံ့သူတစ်ယောက်အဖြစ် ဟန်ဆောင်ကောင်းခဲ့သည်မှန်း သည်နေ့မှ ငြိမ်းသိခဲ့ရသည်။
မောင်သည် ဆေးခန်းက ဆရာဝန်မလေးနှင့် ခင်မင်ရင်းနှီးနေသည်။ မောင် ဘာကြောင့် ဆရာဝန်မလေးနှင့် ရင်းနှီးရသည်လဲ။ မောင့်ကို မေးချင်ပေမယ့် ဆေးခန်းမှာမို့ အခွင့်က မသာ။ သည်အထိတော့ မောင့်ကိုသံသယမဝင်သေး။ မောင်နှင့်ငြိမ်း ဆေးအတူစစ်၊ သွေးအတူဖောက်တော့ အဖြေမသိရခင်မှာ ဆရာဝန်မလေး၏ စိတ်ရှည်ရှည်ရှင်းပြမှုတွေကို လင်မယားမို့ နှစ်ယောက်အတူ နားထောင်ခဲ့ရသည်။ ရောဂါကို စောစောစစ် စောစောသိရတာက သိပ်ကိုကောင်းမွန်သည့်အလုပ်ဖြစ်ကြောင်း၊ ရောဂါရှိခဲ့လျှင်လည်း လူကို မသေစေနိုင်သည့် ဆေးဝါးတွေပေါ်နေပြီဖြစ်ကြောင်း၊ ရောဂါပိုးရှိသူနှင့် အတူနေထိုင်သူကို ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်သည့် PrEP ဆေးဝါးများလည်း ပေါ်နေပြီဖြစ်ကြောင်း၊ ပိုးရှိသူလည်း ဆရာဝန်နှင့် သေချာတိုင်ပင်လျှင် ကလေးရယူနိုင်ကြောင်း၊ ပျော်ရွှင်စရာကောင်းသည့် မိသားစုဘဝလေးကို ထူထောင်နိုင်ကြောင်း စသဖြင့် ပြည့်ပြည့်စုံစုံရှင်းပြသည်။ ငြိမ်းသည် ပိုးကင်းစင်ခဲ့သည့်အဖြေကို ရခဲ့သည်။ အဖြေကြောင့် ငြိမ်း အင်မတန်ပျော်ရွှင်ခဲ့သည်။ သည့်အတွက် မောင်လည်း ပျော်ရွှင်သင့်သည်။ သို့သော် မောင်ကတော့ ပြုံးယောင်ပင်မပြ။ မောင့်အဖြေအတွက် မောင်သောကများ ရောက်နေလေသလား။ မောင်သည် ငြိမ်းဘက်သို့ လှည့်လာပြီး တိုးညင်းစွာ ပြောသည်။
''မောင် ပိုးမကင်းရင် ငြိမ်းက မောင့်ကို ဆက်ချစ်နိုင်ပါ့မလားဟင်''
ဘာကြောင့် မချစ်နိုင်ရမည်လဲ။ မောင်ဘာဖြစ်ဖြစ် ငြိမ်းချစ်နိုင်သည်။ လက်ခံနိုင်သည်။ သည့်ကြောင့် ငြိမ်းသည် မောင့်ကို ပြုံးရွှင်စွာ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။ မောင်တစ်ခုခု ဖြစ်ခဲ့လျှင်လည်း နှစ်သိမ့်ပေးဖို့ရာ အဆင်သင့်။
ငြိမ်း ခေါင်းညိတ်အဖြေကို သိလိုက်ရတော့ မောင်သည် ဆရာဝန်မလေးကို ဖြည်းညင်းစွာ မေးလိုက်သည်။ ''ကျွန်တော် ကလေးယူလို့ရလောက်တဲ့ ပိုးကောင်ရေအခြေအနေ ဘယ်လိုရှိလဲဟင်ဆရာမ''
မောင့်မေးခွန်းကြောင့် ငြိမ်းသည် ကြောင်သွားရသည်။ ဆရာဝန်မလေးကတော့ -
''ပိုးကောင်ရေကတော့ ဆေးသောက်မှန်ကန်လို့ ကလေးယူလို့ရလောက်တဲ့အထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ကျွန်မ အရင်က သေချာပြောပြထားဖူးတာ မမေ့ပါဘူးနော်။ ကလေးယူမယ့်ညမှာ မိန်းမကိုယ် ပေါက်ပြဲရင် ကူးနိုင်ချေရှိလို့ မထိုးသွင်းဘဲ သုက်ကိုပဲ ထည့်သွင်းစေချင်ရင်ပါတယ်''
''ဟုတ် စိတ်ချပါဆရာမ။ ကျွန်တော် အမြဲမှတ်ထားပါတယ်''
မောင်သည် ဆရာဝန်မလေးကို ထိုစကားပြောပြီးနောက် ငြိမ်းဘက်သို့ ရွှင်မြူးစွာ လှည့်ကြည့်သည်။ ငြိမ်းအပြုအမူကြောင့် မောင့်အပြုံးသည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
''ဒါ ဒါဖြင့် မောင်က့''
ဒါဖြင့် မောင်က ငြိမ်းကို လျှိုဝှက်ချက်အကြီးကြီးကို လျှိုဝှက်ထားခဲ့သည်ပေါ့။
''အို ငြိမ်း ဇွတ်မလုပ်နဲ့။ စိတ်အေးအေးထား မောင်နဲ့ဆရာမ သေချာရှင်းပြမယ်''
သို့ပါသော်လည်း ငြိမ်းသည် မောင့်ဆင်ခြေကို လက်မခံ။ ခေါင်းကိုသာ တွင်တွင်ခါရမ်းပြီး -
''နင် နင် ငါ့ကို့''
ငြိမ်းစိတ်တွေ ထိန်းချုပ်လို့ မရနိုင်တော့ပေ။ သည့်ကြောင့်ပဲ နေရာမှ ငေါက်ကနဲထကာ ဦးတည်ရာမဲ့ ပြေးလွှားနေမိသည်။ ရောက်ရှိသည့်နေရာသည် အဘယ်သို့သော နေရာမှန်း ငြိမ်း ခွဲခြားနိုင်စွမ်း မရှိတော့။ သည့်ကြောင့် ကားဟွန်းသံတွေ ညံကုန်သည်။ '' ဟယ် အို အမလေ့ '' ဆိုသည့် အာမေဋိတ်သံတွေလည်း ပတ်ဝန်းကျင်တစ်ခွင် လွင့်လို့။
***
ငြိမ်းအနည်းငယ် ထူထောင်လာတော့ မောင်က ငြိမ်းကို တွေ့ခွင့်တောင်းသည်။ ဖုန်းဆက်သည်။ ဖေ့ဘွတ်ခ်မှာလည်း မက်ဆေ့ပို့သည်။ သို့သော် ငြိမ်းက အတွေ့မခံ။ ဖုန်းကို ဘလက်က် လစ်က် - black list လုပ်ပစ်သည်။ မက်ဆင်ဂျာကို ဘလော့ - block လုပ်ပစ်သည်။ ငြိမ်းက မောင့်ကို စိတ်နာစွာ တရားစွဲဖို့ ပြင်ဆင်နေသည်ကို မောင် ကြားသိထားသောကြောင့်ဖြစ်ရမည်။ သို့သော် မောင်သည် ဇွဲမလျှော့ အကောင့်တစ်ခုခုဖွင့်ပြီး ငြိမ်းထံမက်ဆေ့ပို့သည်။
''ဘာအကြောင်းရင်းကြောင့် တရားစွဲမှာလဲ။ ဘာပုဒ်မတပ်မှာလဲငြိမ်း။ ငြိမ်းသူငယ်ချင်းတွေကိုရော ဘယ်လိုပြောမှာလဲ။ ကျေးဇူးပြုပြီး မောင့်အကြောင်း သူငယ်ချင်းတွေကို မပြောပါနဲ့နော်။ မောင်တောင်းဆိုပါတယ်''
ဘယ်ရမလဲ။ လုပ်တုန်းကတော့ လုပ်ရဲပြီး ခံတော့ မခံရဲဘူးပေါ့။ ဒါမျိုးက လိမ်လည်လက်ထပ်မှုနှင့် ဘာမျှမခြား။ အမျိုးသမီးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမြောက်သည်။ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိ။ ငြိမ်းသည် ခေါင်းမာစွာ သူငယ်ချင်းအချို့ကို ပြောပြပစ်လိုက်သည်။ သေချာပါသည်။ နှုတ်ဖွာတတ်သည့် သူငယ်ချင်းတွေ၏ စရိုက်ကြောင့် စက်ရုံလေးမှာ မောင့်အကြောင်းတွေ ပလူပျံနေမှာပင်။ သူငယ်ချင်းတို့၏ ရှောင်ဖယ်ဖယ်လုပ်ရပ်များကို မောင်မြင်သွားသောကြောင့် သူငယ်ချင်းတွေကို ပြောပြလိုက်ပြီဆိုတာ မောင်သိသွားခဲ့သောကြောင့် ဖြစ်မည်ထင်သည် ရှည်လျားသော မက်ဆေ့ကြီးကို ပို့လာခဲ့သည်။
''မောင် အတန်တန်တောင်းဆိုတဲ့ကြားက ငြိမ်းက ခေါင်းမာစွာနဲ့ ပြောလိုက်ပြီပဲ။ ငြိမ်းစကားရဲ့ အကျိုးဆက်တွေကို မောင် ခံနေရပါပြီ။ ငြိမ်းထင်သလို မောင်ဟာ ပွေရှုပ်သူမဟုတ်ရပါဘူး။ KTV မှာ မူးနေတဲ့သူငယ်ချင်းတွေက ဇွတ်ဆွယ်လို့ မောင်အတန်တန်ငြင်းတဲ့ကြားက အကာအကွယ်မပါဘဲ ဆက်ဆံခဲ့မိတယ်။ ''ပညာရှိ သတိဖြစ်ခဲ'' ဖြစ်ခဲ့ရတာပါငြိမ်း။ မောင့်လုပ်ရပ်ကြောင့် မသင်္ကာလို့ ဆေးစစ်ခဲ့တယ်။ ကံဆိုးစွာ မောင့်မှာ HIV ပိုးတွေ့ခဲ့တယ်။ မောင့်မှာ ဒီပိုးရှိတာ သူငယ်ချင်းတွေ မသိပါဘူး။ မောင် ဘယ်သူ့ကိုမှ အသိမပေးရဲဘူး။ တစ်ချိန်ချိန်ကျ တစ်နည်းနည်းနဲ့ သိသွားမှာစိုးလို့ ဘယ်သူမှမသိခင် ဒီကို လာပြီး ဇာတ်မြှုပ်ခဲ့တာပါ။ ဒီနေရာလေးက လုံခြုံအေးချမ်းမယ်ထင်ခဲ့ပေမယ့် မိခင်နေရာလောက်တောင် မကောင်းတော့တာသိလိုက်ရပြီ။ တကယ်တော့ ငြိမ်းကို မောင် ပြောပြခဲ့သင့်ပါတယ်။ မပြောပြမိတာကတော့ မောင့်အမှားပါပဲ။ မောင်တောင်းပန်ပါတယ်။ တကယ်တော့ ငြိမ်းကို မောင် အစောကြီးကတည်းက ပြောပြဖို့ စိတ်ကူးခဲ့ပါတယ်။ ဒါပေမယ့် မောင်မပြောရဲဘူး။ ငြိမ်းက လက်မခံမှာ မောင်စိုးရိမ်တယ်။ မောင်က ငြိမ်းကို သိပ်ချစ်နေမိပြီလေ။ ငြိမ်းကို မောင် လက်မလွှတ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ဒီအခြေအနေထိ ဖြစ်သွားခဲ့ရတာပါငြိမ်း။ တကယ်ဆို မောင်လိုလူစားတစ်ယောက်ရဲ့ဘဝထဲ ငြိမ်းကို ဆွဲမသွင်းသင့်ဘူး။ အဲဒီလို မောင့်ကိုယ်မောင် အမြဲသတိပေးခဲ့တယ်။ သုံးနှစ်ကျော် ကြာခဲ့တဲ့အထိပေါ့။ မောင်ဟာ အဖေအမေမရှိ ဦးလေး ဒေါ်လေးတွေနဲ့ နေရတဲ့ တစ်ကောင်ကြွက်ဆိုတော့ မောင့်မျိုးဆက်လေးကိုတော့ မောင်ချန်ထားချင်တယ်။ မိသားစုဘဝလေးကိုလည်း ထူထောင်ချင်တယ်။ ငြိမ်းနဲ့အတူပေါ့။ အဲဒီနေ့က ဆရာဝန်မက အကြောင်းစုံရှင်းပြခဲ့တာ ငြိမ်းသိတယ်မလား။ အဲ့အကြောင်းတွေ မောင်အစောကြီးကတည်းက သိထားပြီးသားပါ။ အခုခေတ်က ဆေးဝါးတွေ တိုးတက်နေပြီမို့ မောင့်အတွက် မျှော်လင့်ချက်လေးတွေ ရှိလာတာသိလိုက်ရတယ်။ အဲဒီအချိန် ငြိမ်းကလည်း လက်ထပ်ဖို့ ပူဆာလာတော့ အဲဒီမျှော်လင့်ချက်လေး ဖြစ်လာဖို့အတွက် ငြိမ်းကို အသုံးချခဲ့မိတာပါ။ ငြိမ်းက လက်မခံလို့ တရားစွဲမယ်ဆိုလည်း စွဲပါ။ သို့သော် မောင် တရားရုံးကို ရောက်လာနိုင်မှာမဟုတ်ဘူးဆိုတာတော့ သေချာတယ်''
မောင့်စကားတွေကို တွေ့လိုက်ရတော့ ငြိမ်းသည် မထင်မှတ်လောက်အောင် အံ့သြတုန်လှုပ်သွားတာ သတိထားမိလိုက်သည်။ မျက်ရည်များကလည်း ပိုးပိုးပေါက်ပေါက်။ လက်ထဲက ဖုန်းကလေးပင် ကြမ်းပြင်ပေါ် လွတ်ကျလို့ အစိပ်စိပ်အမြွာမြွာ။ မောင် တရားရုံးကို ရောက်လာနိုင်မှာ မဟုတ်တော့ဘူးဆိုတာ သေချာတယ်ဆိုတဲ့ မောင့်စကားက ဘာအဓိပ္ပာယ်များပါလဲ။ ဟင့်အင်း မဖြစ်ရဘူး။ မောင့်ကို ဘယ်မှ ထွက်သွားခွင့်မပြု။
ငြိမ်းသည် ကိုယ့်ကိုယ်ကိုယ် အသိစိတ်ဝင်အောင်ထိန်းပြီး ဖုန်းလေးကို ပြန်ကောက်သည်။ ကံကောင်းစွာ ဖုန်းမှန်ကွဲသွားပေမယ့် သုံးလို့ရသေးသည်။ မောင့်ကို ဖုန်းခေါ်ရမည်။ ရှာစမ်း မောင့်ဖုန်းနံပါတ်။ အို မောင့်နံပါတ်ကို ဘလက်က်လစ်စ်လုပ်ပစ်လိုက်ခဲ့ပြီးပြီပဲ။ ဘယ်လိုများ ပြန်လုပ်ရပါ့။ ငြိမ်း ဖုန်းခေါ်ဖို့ လက်လျှော့လိုက်သည်။ မက်ဆင်ဂျာမှာ မောင်ပို့သည့်အချိန်ကို ကြည့်သည်။ မိနစ် ၂၀ မျှသာ ကြာသေးသည်။ ဒါဖြင့် မောင့်ကို ပြန်ခေါ်ဖို့ရာ အချိန်မီနိုင်သေးသည်။ သူငယ်ချင်းထံ အမောတကောပြေးပြီး မောင့်ဖုန်းနံပါတ်ရှိလားမေးသည်။ သူငယ်ချင်းက ရှိသလားမသိဘူးဆိုပြီး ရှာသည်။ ကံကောင်းစွာ မောင့်ဖုန်းနံပါတ်ရှိနေသည်။ ငြိမ်း လျင်မြန်စွာ ခေါ်လိုက်သည်။ ဖုန်းလိုင်းဝင်သွားသည်။ မောင်သည် တော်တော်နှင့်မကိုင်။ ငြိမ်းသည် စိတ်လှုပ်ရှားစွာ ကိုင်စမ်းပါမောင် ကျေးဇူးပြုပြီးကိုင်စမ်းပါဟု ညည်းသည်။ သုံးမိနစ်မျှကြာမှ မောင်ဖုန်းကိုင်တော့သည်။ ငြိမ်းသည် မောင့် ထူးသံကိုပင် နားမထောင်တော့ဘဲ့
''မောင် ဘယ်မှာလဲ။ မောင့်ကို ငြိမ်းခွင့်လွှတ်တယ်။ ကျေးဇူးပြုပြီး ဘယ်မှ ထွက်မသွားပါနဲ့မောင်။ ပြော ဘယ်မှာလဲ။ ငြိမ်း အခုချက်ချင်းလာခဲ့မယ်။ ပြောပါ''
အလောတကြီး ပြောနေမိသည်။
''မောင် မြသီတာဆည်မှာ''
အို မောင့်အသံက စိုးရိမ်စဖွယ် တိုးဖျော့ခြောက်ကပ်လွန်းလှသည်။
''ဟင် မြသီတာဆည် မောင်ဘာလုပ်မလို့လဲ။ ဘာမှမလုပ်နဲ့။ မောင်တစ်ခုခုဖြစ်ရင် မောင့်ကိုရော ငြိမ်းကိုယ်ငြိမ်းရော လုံးဝခွင့်မလွှတ်ဘူး''
ငြိမ်းသည် ဆိုင်ကယ်မောင်းနိုင်လောက်အောင် မကျန်းမာသေးသဖြင့် သူငယ်ချင်းအား မြသီတာဆည်သို့ လိုက်ပို့ခိုင်းသည်။ ဆည်ပေါ်ရောက်တော့ မောင်သည် ခုံတန်းလေးပေါ်မှာ ထိုင်နေသည်။ ငြိမ်းသည် မောင့်ထံ အပြေးကလေးလှမ်းပြီး ပွေ့ဖက်လိုက်သည်။ အို မောင့်ကိုယ်အောက်ပိုင်းက စိုရွှဲလို့ပါလား။ သည်လိုသိလိုက်ရတော့ ငြိမ်းရင်ကို ပိုနင့်သည်။ ငိုကြီးချက်မနှင့် မောင့်ကို ပွေ့ဖက်ပြီး မောင့်ရင်ဘတ်ကြီးကို ခပ်နာနာထုသည်။
***
သည်လိုနှင့် ငါးနှစ်မျှ ကြာမြင့်ခဲ့ပြီ။ မြတ်မင်းမောင်နှင့် ကြည်ဖြူငြိမ်းတို့ပင် လေးနှစ်အရွယ် သားလေးတစ်ယောက် ထွန်းကားခဲ့ပေပြီ။ ကံကောင်းထောက်မစွာပင် ငြိမ်းနှင့် သားကလေးသည်လည်း ပိုးကင်စင်ခဲ့သည်။ ငြိမ်း၏အမှားကြောင့် မောင့်အကြောင်း လူတွေ သိသွားခဲ့ပေမယ့် မောင်လိုလူစားတွေလည်း ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ထူထောင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပေပြီ။ သားကလေးသည် မောင်လိုလူစားတစ်ယောက်၏ သားကလေးမဖြစ်နိုင်ပါဘူးဟု သံသယဝင်ချင်လျှင်တော့ ဝင်နိုင်ကြတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်မူ သားကလေးသည် မောင်နှင့် လုံးဝချွတ်စွပ် တူနေခဲ့သည်ကိုး။
***
Htwin
Zawgyi
ၿငိမ္းစိတ္ေတြ ထိန္းခ်ဳပ္လို႔ မရႏိုင္ေတာ့ေပ။ သည့္ေၾကာင့္ပဲ ေနရာမွ ေငါက္ကနဲထကာ ဦးတည္ရာမဲ့ ေျပးလႊားေနမိသည္။ ေရာက္ရွိသည့္ေနရာသည္ အဘယ္သို႔ေသာ ေနရာမွန္း ၿငိမ္း ခြဲျခားႏိုင္စြမ္း မရွိေတာ့။ သည့္ေၾကာင့္ ကားဟြန္းသံေတြ ညံကုန္သည္။ ဟယ္ အို အမေလ့ ဆိုသည့္ အာေမဋိတ္သံေတြလည္း ပတ္ဝန္းက်င္တစ္ခြင္ လြင့္လို႔။ ထို႔အတူ ''မသာမ နင္ေသခ်င္တာ ကိုယ့္ဘာသာေအးေဆးေသေလ သူမ်ားကို ဘာလို႔ ဒုကၡေပးၿပီး ေသခ်င္တာလဲ'' ။ ''ဒါ နင့္လင္ငယ္နဲ႔ ပလူးတဲ့ပန္းၿခံမဟုတ္ဘူး'' ဆိုသည့္ ဆဲဆိုသံေတြလည္း ညံလို႔။ သို႔တိုင္ ၿငိမ္းကေတာ့ မၾကားမိ။ ဦးတည္ရာမဲ့သို႔သာ ေျပးလႊားေနဆဲမို႔ တစ္ဖက္ယာဥ္ေၾကာမွ အရွိန္ျပင္းျပင္းေမာင္းလာသည့္ ကားႏွင့္ တိုက္မိၿပီး ၿငိမ္းကိုယ္ေလး လြင့္စင္သြားသည္။ ထိုအခါမွ ၿငိမ္းသည္ စိတ္ေတြ အသိမဲ့ေနခဲ့သည္ကို ကိုယ္တိုင္ သတိထားမိေတာ့သည္။ သို႔တိုင္ ထိုသို႔ သတိထားမိလိုက္ခ်ိန္ေလးသည္ စကၠန႔္ပိုင္းမွ်သာ။
***
ၿငိမ္းမ်က္လုံးေတြ ဖြင့္မရ။ မနည္းအားယူၿပီး ဖြင့္ေသာ္လည္း ဘာေၾကာင့္မ်ား ဖြင့္မရပါလိမ့္။ ထိုခဏ ၿငိမ္းအသိစိတ္ ဖ်တ္ကနဲ ပြင့္သြားသည္။ အို ေမာင့္လုပ္ရပ္ေၾကာင့္ ၿငိမ္းတစ္ေယာက္ အသိစိတ္ေတြမဲ့ၿပီး ယာဥ္တိုက္ခံခဲ့လိုက္ရတာပဲ။
ဒါဟာ ေမာင့္ေၾကာင့္။ ေမာင့္ကို နာက်ည္းလြန္းလွသည္။ ေမာင့္မ်က္ႏွာႀကီးကို ကုတ္ဖဲ့ပစ္ခ်င္ေလာက္ေအာင္ မုန္းလြန္းလွသည္။ သည့္ေၾကာင့္ ေမာင့္မ်က္ႏွာကို ျမင္ခ်င္လွသည္။ သို႔တိုင္ ၿငိမ္းသည္ အတိတ္ကိုသာ စိတ္အစဥ္ျဖင့္ ျမင္ေယာင္ႏိုင္ရ႐ုံသာ။
***
ခ်စ္သူသက္တမ္း သုံးႏွစ္မွ် ၾကာခဲ့ၿပီး ခ်စ္သူဘဝကေန လြတ္ေျမာက္ခဲ့ခ်ိန္မွ ေမာင့္အေၾကာင္း သိလိုက္ရျခင္းကို ၿငိမ္းကိုယ္ၿငိမ္း အျပစ္တင္မိသည္။ ၿငိမ္း ဘာေၾကာင့္မ်ား သည္ေလာက္ေတာင္ အ,ခဲ့ရပါလိမ့္။ ေမာင့္ဘက္က ေမာင့္အေၾကာင္းေတြ ရိပ္မိရေစမည့္ လုပ္ရပ္ေတြ ေတြ႕ျမင္ခဲ့ရပါလ်က္ႏွင့္ ဘာေၾကာင့္ အရိပ္အကဲေလးေတာင္မွ် မသိခဲ့ရပါလိမ့္။
ေမာင္ သည္လိုလူစားျဖစ္ေနလိမ့္မယ္လို႔လည္း နည္းနည္းေလးမွ မယုံၾကည္ႏိုင္မိ။ အို႔ တကယ္ေတာ့ ေမာင္ဟာ သိုးေရၿခဳံထားတဲ့ ဝံပုေလြထက္ပင္ ယုတ္မာပက္စက္ၿပီး ဟန္ေဆာင္ေကာင္းလြန္းလွျခင္းပင္။ ေမာင္ဟာ သိုးေမြးကေလးလို ႏူးညံ့သူတစ္ေယာက္အျဖစ္ ဟန္ေဆာင္ေကာင္းခဲ့သည္မွန္း ၿငိမ္းသိလိုက္ရခ်ိန္မွာ အရာရာဟာ ျပန္ျပင္လို႔ မရႏိုင္ေလာက္ေအာင္ ေနာက္က်သြားခဲ့ၿပီပဲ။
သည့္ေၾကာင့္ပဲ ေမာင့္ရဲ႕ ဟန္ေဆာင္ေကာင္းမႈေတြကိုပဲ တစိမ့္စိမ့္ျမင္ေယာင္ရင္း ၿငိမ္း က်ိတ္မႏိုင္ ခဲမရျဖစ္စြာသာ တတ္ႏိုင္ေတာ့သည္။
***
လူတစ္ေယာက္ကို ယခုမွေတြ႕လွ်င္သာ ေခ်ာေမာေနတတ္သည္။ ေန႔တိုင္းျမင္ပါမ်ားလွ်င္ သူ႔ရဲ႕ေခ်ာေမာမႈေတြက ႐ိုးသြားမွာတဲ့။ ဟင့္အင္း ဒီစကားေတြက သူမ်ားေတြအတြက္ေတာ့ ဟုတ္ခ်င္ဟုတ္လိမ့္မည္။ ၿငိမ္းအတြက္ေတာ့ မမွန္ကန္ႏိုင္။ ထိုသူဟာ ေမာင္သာပဲေပါ့။ ေမာင္ဟာ ၿငိမ္းရဲ႕ ထာဝရတစ္သက္တာစာ ေခ်ာေမာေနမည့္အလွပိုင္ရွင္ဟု ေမာင့္ကို ပထမဆုံး ျမင္လိုက္ရခ်ိန္မွာ ၿငိမ္းသတ္မွတ္လိုက္သည္။
ၿငိမ္းတို႔စက္႐ုံႀကီးဆီ ေမာင္ေျပာင္းလာခဲ့သည္ေလ။ တခ်ိဳ႕ဆို လုပ္ေဖာ္ကိုင္ဖက္ေတြႏွင့္ ရန္ျဖစ္လို႔၊ အမွားတစ္ခုခုလုပ္မိလို႔ ျပစ္ဒဏ္ေပးသည့္အေနႏွင့္ နယ္ေျပာင္း ခံၾကရသည္။ ေမာင့္က်မွ အေတြ႕အႀကဳံလိုခ်င္လို႔၊ နယ္ေပါင္းစုံ ေရာက္ဖူးခ်င္လို႔ သည္ကို ေျပာင္းလာခဲ့သည္တဲ့။ အဲသည္လို ထူးဆန္းေနကတည္းက ေမာင့္ကို သံသယဝင္ခဲ့သင့္တာ။ ေၾသာ္ ျပန္ေတြးေတာ့ ေမာင္ဟာ ဆင္ျခင္ကေလးေတြလည္း လွပစြာ ေပးတတ္ခဲ့ေသးသည္ပဲ။
ေမာင့္စ႐ိုက္ေတြက တည္ၿငိမ္ေအးစက္လြန္းလိုက္တာကြယ္။ ထို႔အတူ ေမာင့္စိတ္ဓာတ္ဟာလည္း သိုးေမြးကေလးလို ႏူးညံ့ေနရွာမွာပဲ။ ေမာင္ဟာ ေရာက္စတုန္းက တစ္ကိုယ္တည္းပဲ ေနတတ္ခဲ့သည္ေလ။ နယ္ေျမေဒသသစ္၊ ပတ္ဝန္းက်င္သစ္မွာ အသိအကြၽမ္းမရွိတဲ့ ေမာင့္အတြက္ အရာရာဟာ သူစိမ္းဆန္ေနမွာပါပဲ။ စက္ပစၥည္းေတြႏွင့္ လည္ပတ္ရသည့္ ၿငိမ္းတို႔စက္႐ုံမွာ အလုပ္ေတြပါးလို႔ ႐ုံးထဲ စု႐ုံးထိုင္ေနၾကခ်ိန္ဆို ေမာင္ဟာ လူအမ်ားစုႏွင့္ မေနတတ္သူလို အျပင္ဘက္မွာသာ တစ္ကိုယ္တည္း ပတ္ဝန္းက်င္ကို ေဆြးလို႔ ေငးလို႔။ တစ္ခါတစ္ခါ ေမာင္တာဝန္က်ရာ စက္ပစၥည္းႀကီးရဲ႕ ေဘးမွာပဲ အိပ္လို႔၊ လွဲလို႔။ ေမာင့္ကို သည္လိုျမင္ရခိုက္မွာ ေမာင့္အတြက္ စကားေျပာေဖာ္အျဖစ္ ၿငိမ္း ျဖစ္ေပးလိုက္ခ်င္ခဲ့သည္။ သို႔ေသာ္ ၿငိမ္းက မိန္းကေလးေပကိုး။ မိန္းကေလးတန္မဲ့ ေယာက်္ားတစ္ေယာက္ကို အရမ္းကာေရာ မေရာေႏွာသင့္ဘူးမဟုတ္လား။ သည့္ေၾကာင့္ ေမာင့္ကိုၾကည့္ရင္း ၿငိမ္း စိတ္မေကာင္းျဖစ္႐ုံသာ တတ္ႏိုင္ခဲ့သည္။
ၾကာလာေတာ့ ေမာင့္မ်က္ႏွာ ႐ႊင္ပ်လာသလိုပင္။ အေနၾကာေတာ့ ေမာင္ဟာလည္း လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းေတြႏွင့္ ခင္မင္လာခဲ့ၿပီပဲ။ ခါတိုင္းလို အလုပ္ပါးခ်ိန္မွာ ေမာင္ဟာ တစ္ကိုယ္တည္း မဟုတ္တတ္ေတာ့။ ဖုန္းတစ္လုံးတည္းႏွင့္ ေလးေယာက္ ကစားရသည့္ Ludo King ကစားပြဲမွာ ေမာင္ပါဝင္လာခဲ့ၿပီ။ ၿငိမ္းသူငယ္ခ်င္းေတြႏွင့္လည္း ေမာင္ဟာ သိကြၽမ္းလာၿပီ။ ၿငိမ္းလည္း ေမာင့္ကို သုံးေလးခါေလာက္ ၿပဳံးျပခဲ့ၿပီးၿပီ။ ေမာင့္ဆီကလည္း ျပန္လည္အၿပဳံးကို ၿငိမ္းရရွိခဲ့ၿပီးပါၿပီ။ ထိုစဥ္တုန္း ၿငိမ္းရင္ထဲ ဘယ္ေလာက္ ခ်မ္းေျမ့ခဲ့ရသည္ဆိုတာ ေမာင့္ကို ေျပာမျပတတ္ေလာက္ေအာင္ပဲ။ အဲေလာက္ေတာင္ပဲ ေမာင့္အၿပဳံးေတြက ၿငိမ္းရင္ေတြကို ခ်မ္းေျမ့ေစႏိုင္တာ။
ၿငိမ္းတို႔႐ုံးကို ေမာင္ေျပာင္းလာတာ ေပ်ာ္မည္ထင္ပါသည္။ ၿငိမ္းတို႔ ႐ုံးသူ႐ုံးသားေတြဟာ ေစတနာသဒၶါတရားမ်ားလည္း ထက္သန္ၾကေသးသည္ကိုး။ တစ္ေယာက္ေယာက္၏ေမြးေန႔မို႔၊ တစ္ေယာက္ေယာက္၏ ရာထူးတိုးလို႔၊ တစ္ေယာက္ေယာက္ ထီေပါက္လို႔ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးရွိလာလွ်င္ တစ္႐ုံးလုံးကို မုန႔္ဟင္းခါး၊ ၾကက္သားပလာတာ စသျဖင့္ ေကြၽးေမြးတတ္ၾကသည္ေလ။ အဲသည္တုန္းက ေမာင္ႏွင့္ ၿငိမ္းတို႔ ခင္မင္မႈေတြ တိုးခဲ့သည္။ ေမာင့္ကို ၿငိမ္းကိုယ္တိုင္ ခူးခပ္ေပးခဲ့သည္ေလ။ ေမာင္ဟာလည္း စားလိုက္တာ ပလုတ္ပေလာင္းပါပဲ။ မဝေသးရင္ ထပ္ထည့္ေပးမယ္၊ အားမနာနဲ႔ ဝေအာင္စားေနာ္ဆိုတဲ့ ၿငိမ္းရဲ႕ ခ်ိဳသာတဲ့စကားသံေၾကာင့္ ေမာင့္အၿပဳံးေတြက ခ်ိဳျမလို႔။ စားလို႔ေကာင္းရဲ႕လားဆိုေတာ့ ေကာင္းတယ္ ကြၽန္ေတာ့္တစ္သက္ သည္ေလာက္ေကာင္းတဲ့ မုန႔္ဟင္းခါး မစားဖူးဘူး။ ဟင္းရည္ေလးက ၾကည္လင္ၿပီး ခ်ိဳေနတာပဲ။ ဘယ္လိုမ်ားခ်က္ထားပါလိမ့္၊ ကြၽန္ေတာ့္တစ္သက္ တသသစြဲေနမယ့္ အရသာမ်ိဳးပဲ ဆိုေတာ့ ၿငိမ္းက ဒါ ကြၽန္မတို႔ အဖြဲ႕ေတြ ခ်က္တာေလ ဆိုေတာ့ ေမာင္က ေတာ္လိုက္တာဗ်ာ။ အားရပါးရ စားပါ့မယ္တဲ့။ အဲသည္ကတည္းကစၿပီး ေမာင္ႏွင့္ ၿငိမ္းတို႔ ခင္မင္မႈေတြ တိုးလာခဲ့သည္။
ထိုတစ္ေန႔ကိုေတာ့ ၿငိမ္းတစ္သက္ ေမ့ႏိုင္ေတာ့မည္မဟုတ္ေပ။ ထိုေန႔ေလးေၾကာင့္ပဲ ေမာင္ႏွင့္ၿငိမ္းတို႔ ခ်စ္သူေတြ ျဖစ္ဖို႔ အစပ်ိဳးခဲ့သည္ထင္တာပဲ။ လူသစ္ကေလး ေမာင့္မွာ ႐ုံးသြား႐ုံးျပန္အတြက္ ဆိုင္ကယ္မရွိခဲ့ေပဘူးေလ။ သည္ေတာ့ ေမာင္တစ္ေယာက္ ေျခက်င္ေလွ်ာက္ေပါ့။ ေမာင့္အေဆာင္က ႐ုံးႏွင့္ လမ္းေလွ်ာက္လွ်င္ ၁၅ မိနစ္မွ် ကြာေဝးသည္။ သို႔တိုင္ ဝန္ထမ္းတိုင္းလိုလိုက ဆိုင္ကယ္ရွိၾကေတာ့ အားလုံးက လမ္းႀကဳံတင္ေခၚတတ္သည္မို႔ ေမာင္ ေျခက်င္႐ုံးတက္တာ ျမင္ရခဲပါသည္။
တစ္ေန႔ ႐ုံးအသြား လမ္းမွာ ေမာင္တစ္ေယာက္ ေျခက်င္ေလွ်ာက္ေနသည္ကို ၿငိမ္းေတြ႕လိုက္ရသည္။ ၿငိမ္းဆိုင္ကယ္ႏွင့္ တင္ေခၚလိုက္ရမည္လား။ လူေတြျမင္လွ်င္ တစ္မ်ိဳးထင္သြားမွာလည္း စိုးသည္။ လူေတြကိုက အေနာက္ သန္တတ္ၾကပါဘိႏွင့္။ တင္မေခၚဘဲ ျဖတ္ေမာင္းသြားလွ်င္ ေမာင္က တင္မေခၚရေကာင္းလားဆိုၿပီး စိတ္ကြက္သြားမွာလည္း စိုးသည္။ ေနာက္မွာ ဆိုင္ကယ္ႀကဳံမ်ား လာမလား ၿငိမ္းလွည့္ၾကည့္လိုက္သည္။ ေရာက္မလာ။ ၿငိမ္းဆိုင္ကယ္ကေတာ့ တျဖည္းျဖည္းႏွင့္ ေမာင့္အနားေရာက္လာၿပီ။ မတတ္ႏိုင္ေတာ့။ လမ္းႀကဳံလိုက္မလားဆိုၿပီး ဆိုင္ကယ္ကို ရပ္ေပးသည္။ ေမာင္က ၿပဳံး႐ႊင္စြာ ေအးဟု ေျပာၿပီး ေရွ႕ကေမာင္းသည္။ ေမာင့္အေနာက္ ၿငိမ္းတက္ထိုင္လိုက္ခါမွ လူႀကဳံေတြက ေရာက္လာရသည္လို႔။ ၿငိမ္း ရွက္လွသည္။
႐ုံးေရာက္ခါမွ အေျခအေနက ပိုဆိုး။ အေနာက္သန္သည့္ ေကာင္မက ေမာင္ ေရွ႕မွာ ရွိေနတုန္း နင္တို႔ႏွစ္ေယာက္ မနက္က လိုက္ဖက္လိုက္တာေနာ္ ဟု ေနာက္သည္။ ၿငိမ္းသည္ မေနႏိုင္ ေမာင့္မ်က္ႏွာကို ဖ်တ္ကနဲ႔ ၾကည့္ၿပီး အို ေကာင္မေနာ္ ဟု ပခုံးကို ပုတ္႐ိုက္ၿပီး ရွက္လွစြာႏွင့္ မ်က္ႏွာကို လက္ဝါးျဖင့္ ကာထားလိုက္မိသည္။ ေမာင္ကေတာ့ တစ္ခ်က္ကေလး ၿပဳံးကာ လွည့္ထြက္သြားသည္။ သို႔ေသာ္ ေမာင့္အၿပဳံးသည္ တစ္မ်ိဳး။ ဝမ္းသာသြားသည့္အၿပဳံးလား၊ စိတ္မေကာင္းျဖစ္သြားသည့္အၿပဳံးလား။ ၿငိမ္းမေဝခြဲတတ္။ ေမာင့္အျပဳအမူေၾကာင့္ ၿငိမ္းစိတ္ေတြပင္ တစ္မ်ိဳးျဖစ္သြားရသည္။ အေနာက္သန္သည့္ေကာင္မကို ၿငိမ္း အျပစ္တင္လိုက္မိသည္။ ညည္းေနာ္ဟု အထြန႔္တက္လိုက္ေတာ့လည္း ေကာင္မက ဟဲ့ ငါက တကယ္လိုက္ဖက္တယ္ျမင္လို႔ ျမင္တဲ့အတိုင္းေျပာတာ ညည္းတို႔ ယူလိုက္ၾကပါလားေအ ဟုပင္ ထပ္ၿပီး ျပတ္သားလိုက္ျပန္ေသးသည္။
ထိုညက ၿငိမ္းအိပ္မေပ်ာ္ခဲ့။ ေန႔ခင္းက ေကာင္မက ေမာင္ႏွင့္ၿငိမ္းကို ေနာက္ေျပာင္ခဲ့သည္ကို တစိမ့္စိမ့္ေတြးေနမိသည္။ အမွန္အတိုင္းေျပာရလွ်င္ ေနာက္ေျပာင္သည့္ေကာင္မကို ၿငိမ္း ရွက္ဟန္ေလးေဆာင္ခဲ့ေပမယ့္ ေက်းဇူးတင္ေနမိသည္။ လိုက္ဖက္တယ္ဟု ေျပာသည္ကိုေတာ့ ၿငိမ္း သေဘာက်မဆုံး။ ထိုခဏ ထိုစဥ္က ေမာင္ ျဖစ္ပ်က္သြားသည့္ မ်က္ႏွာအမူအရာေၾကာင့္ ၿငိမ္း ဇေဝဇဝါျဖစ္သြားခဲ့ရသည္။ ေမာင့္အမူအရာက သေဘာက်သည္လည္းမဟုတ္။ သေဘာမက်သည္လည္းမဟုတ္။ ဘယ္လိုႀကီးမ်ားပါလိမ့္။ ေမာင့္စ႐ိုက္ေတြက ပေဟဠိ ဆန္လြန္းလိုက္တာကြယ္။
***
တစ္ေန႔တြင္ ၿငိမ္းတို႔ ႐ုံးသူ႐ုံးသားေတြရဲ႕ ပါးစပ္ဖ်ားမွာ ေပါက္ကြဲသံေတြညံေနခဲ့ၾကေပမယ့္ ၿငိမ္းအတြက္ေတာ့ ေမာင္ႏွင့္ပတ္သက္ၿပီး အခြင့္အေရးေကာင္းတစ္ခု ရၿပီဆိုၿပီး ဝမ္းသာေက်နပ္ေနခဲ့မိသည္။ ေ႐ြးေကာက္ပြဲကာလ နီးစပ္ေနခ်ိန္ေလးမွာ ဝန္ထမ္းေတြအားလုံး ႏိုင္ငံေရးမလုပ္ရ၊ ေဖ့ဘြတ္ခ္ေပၚ ႏိုင္ငံေရးအေၾကာင္း မတင္ရဟု အမိန႔္စာထြက္လာခဲ့သည္။ ဝန္ထမ္းေတြအားလုံး၏ ဖုန္းနံပါတ္၊ ဗိုက္ဗာနံပါတ္၊ ေဖ့ဘြတ္ခ္အေကာင့္၊ အီးေမးလ္အေကာင့္၊ အင္စတာ့ဂရမ္အေကာင့္ စသျဖင့္ ဆိုရွယ္နက္ဝါ့သ္အေကာင့္မ်ားကို စာရင္းဇယား ေကာက္ယူမည္တဲ့။ ဖုန္းလည္း ႐ုံးကို ယူလာခြင့္ မရွိေတာ့ဘူးတဲ့။ သည့္ေၾကာင့္ မေက်နပ္ခ်က္မ်ား ထြက္လာခဲ့သည္။ ဝန္ထမ္းေတြကို မဲေပးခြင့္ေတာ့ေပးၿပီး ဘာေၾကာင့္ ႏိုင္ငံေရးက်ေတာ့ မလုပ္ရဘူးလဲ။ သူတို႔ကို မဲမေပးမွာ ေၾကာက္ေနတာ။ ဝန္ထမ္းေတြကို သည္လိုခ်ဳပ္ခ်ယ္မွေတာ့ ဘယ္ဝန္ထမ္းက သူတို႔ကို မဲေပးေတာ့မွာလဲ။ ၿပီးေတာ့ ဖုန္းမယူရဘူးဆိုေတာ့ ႐ုံးတက္ေနတုန္း အိမ္က ကိစၥတစ္ခုခုရွိလာရင္ ဘယ္လိုလုပ္ဆက္သြယ္ရေတာ့မတုန္း စသျဖင့္ တစ္ေယာက္တစ္မ်ိဳး မေက်နပ္သံမ်ား ထြက္လာခဲ့သည္။
သည့္အရင္တုန္းကလည္း ဝန္ထမ္းေတြပါးစပ္ဖ်ားမွာ ေပါက္ကြဲသံေတြ ညံခဲ့ဖူးပါသည္။ သည့္အရင္က သည္စက္႐ုံႀကီးဟာ စက္မႈဝန္ႀကီး႒ာနလက္ေအာက္မွာပါ။ မ်ားမၾကားမီ သည္စက္႐ုံႀကီးကို အာဏာရွင္ေတြ အုပ္ခ်ဳပ္ေတာ့မည္တဲ့။ သည္စက္႐ုံမွာ ဆက္လက္မေနခ်င္သူေတြ နယ္ေျပာင္းလိုက ေျပာင္းႏိုင္သည္တဲ့။ သည္အမိန႔္ေၾကာင့္ ဝန္ထမ္းေတြ မ်က္ရည္ႏွင့္ မ်က္ခြက္ ျဖစ္ၾကရသည္။ ၿငိမ္းလည္း ငိုခဲ့ရသည္။ ေျပာင္းသူအခ်ိဳ႕ႏွင့္ အလုပ္ထြက္သြားသူေတြရွိၾကပါသည္။ တခ်ိဳ႕က်ေတာ့ ေမြးရပ္ေျမႏွင့္ေဝးလို႔၊ ေနသားက်ေနၿပီျဖစ္သည့္ သည္ေနရာႏွင့္ မခြဲခြာခ်င္ၾကသျဖင့္ ေအာင့္အည္းသည္းခံကာ ေနခဲ့ရသည္။ ၿငိမ္းကေတာ့ ဘယ္မွာေနရေနရ ဘယ္သူပဲအုပ္ခ်ဳပ္အုပ္ခ်ဳပ္ အလုပ္မျပဳတ္လွ်င္ ေတာ္ၿပီဆိုၿပီး ေနၿမဲတိုင္း ေနခဲ့သည္။ အခုေတာ့ ခ်ဳပ္ခ်ယ္မႈေတြ စတင္ခံစားလာခဲ့ၾကရၿပီ။
ေမာင့္ကို မသိမသာေလး ၾကည့္လိုက္ေတာ့ ေမာင္က နားေထာင္႐ုံပဲေထာင္မည္ ဖြင့္ေတာ့မေျပာဘူးဆိုသည့္သေဘာမ်ိဳးျဖင့္ တိတ္ဆိတ္ေနသည္။ အားလုံးက မေက်မနပ္ ေပါက္ကြဲေနၾကခ်ိန္မွာ ေမာင္တစ္ေယာက္တည္းက်မွ တိတ္ဆိတ္ေနျခင္းက သည္အမိန႔္ကို သေဘာက်ျခင္းမ်ားလား။ ေမာင္က သူငယ္ခ်င္းေတြႏွင့္ ဆန႔္က်င္ဘက္လူစားမ်ားလားကြယ္။
ၿငိမ္းဝမ္းသာရသည့္ အေၾကာင္းရင္းကား အမိန႔္အတိုင္း ၿငိမ္းတာဝန္အရ စာရင္းေကာက္ခ်ိန္မွာ ေမာင့္ေဖ့ဘြတ္ခ္အေကာင့္ေလးကို သိခြင့္ရလိုက္ျခင္းပင္။
***
ေမာင့္ေဖ့ဘြတ္ခ္ - facebook အေကာင့္ေလးသိလိုက္ရခ်ိန္ကလည္း ေမာင့္ပေဟဠိစိတ္ဓာတ္ကို ေတြ႕ခဲ့ရသည္။ ေဖ့ဘုတ္ခ္ ဆာ့ခ်္ - search မွာ ေမာင့္နာမည္ ျမတ္မင္းေမာင္လို႔ ႐ိုက္ရွာလိုက္ေတာ့ ေမာင့္ပုံေလးႏွင့္ ေမာင့္အေကာင့္ကို တန္းေတြ႕လိုက္ရသည္။ ေမာင့္အေကာင့္ကိုေတြ႕ေတြ႕ခ်င္း ေမာင့္ပါစင္နယ္ - personal က ၿငိမ္းမ်က္စိေရွ႕ေရာက္လာေတာ့ ၿငိမ္းၾကည့္လိုက္ရသည္။ အလို ေမာင္က အဂၤလိပ္စာႏွင့္ ေက်ာင္းၿပီးထားတာပါလား။ အို ေမာင့္ၿမိဳ႕ကလည္း အေဝးႀကီးမွာပါလား။ ျမန္မာႏိုင္ငံရဲ႕ ေတာင္အစပ္မွာရွိသည့္ သည္အရပ္ကို ျမန္မာျပည္ရဲ႕ ေျမာက္အစပ္အရပ္မွာရွိသည့္ ေမာင္က ဘာလို႔မ်ား ေ႐ြးေျပာင္းလာခဲ့ရသည္လဲ။ သည့္ေၾကာင့္လည္း ေမာင္ေရာက္လာခါစက မ်က္စိသူငယ္ နားသူငယ္ျဖစ္ခဲ့တာမဆန္း။ အသက္ကလည္း ၿငိမ္းထက္ ႏွစ္ႏွစ္ငယ္ေနေသးသည္။ သည့္ေၾကာင့္ပဲ ၿငိမ္းစိတ္ထဲကေန ေမာင့္ကို ေမာင္ဟု ေခၚေဝၚသမုတ္ခဲ့မိသည္။
ေမာင့္ပုံေတြ ေငးေနမိသျဖင့္ ၿငိမ္း ဖရန႔္ရီကြတ္စ္ - friend request မလုပ္မိ။ ေမာင့္ကိုသာ ေငးေနမိသည္။ ေမာင့္ပုံေတြကိုလည္း ခြင့္ျပဳခ်က္မရွိဘဲ ေဆ့ - save လုပ္မိသည္။ ကြန္မန႔္ - comment တြင္လည္း မိန္းကေလးအမ်ားစုက ေမာင့္ကို မင္းသားလိုလို ႐ုပ္ရည္ကို အမႊန္းတင္သည့္ စာသားမ်ားစြာျဖင့္။ ေမာင္ကလည္း ထိုကြန္မန႔္ေတြကို ရီပေလး - replay မေပးျဖစ္ေတာင္ ကြန္မန႔္တိုင္းကို လက္ဖ္ - Love ေပးေလ့ရွိတာေတြ႕လိုက္ရသည္။ အို ေမာင္က မ်က္ႏွာမ်ားသူလားကြယ္။ ၿပီးမွ ေမာင့္ကို အဒ္ရီကြတ္စ္လုပ္ဖို႔ သတိရသျဖင့္ လုပ္လိုက္မိသည္။ တိုက္ဆိုင္စြာပင္ ေမာင္က ခ်က္ခ်င္း ကြန္ဖိုင္းလုပ္လိုက္တာ ေတြ႕ရသည္။ ေမာင္ကလည္း ကြန္ဖိုင္းလုပ္ၿပီးၿပီးခ်င္း ၿငိမ္းေဝါလ္ထဲ ဝင္ၾကည့္လိုက္သည္ထင့္။ ၿငိမ္းပ႐ိုဖိုင္ပုံေလးကို Love ေပးလိုက္သည္ကို ႏို႔တိပိေကးရွင္း - notifications မွာ ေတြ႕လိုက္ရသည္။ ထို ႏို႔တီဖိေကးရွင္းေလးကို ၿငိမ္းၾကည့္လိုက္ေတာ့ Love ေလးကေန ခ်က္ခ်င္း လိုက္က္ - Like ေျပာင္းသြားသျဖင့္ ၿငိမ္းေတြေဝသြားရသည္။ ေမာင္မ်ား Like ကို Love ႏွင့္ မွားႏွိပ္မိေလသလား။ မမွားႏိုင္ပါ။ Like ေပးလွ်င္ ထိလိုက္႐ုံသာ။ Love ေပးလွ်င္ Like ကိုဖိထားၿပီးမွ Love ဘက္သို႔ ေ႐ႊ႕ၿပီး ေပးရသည္ပဲေလ။ ဒါျဖင့္ ေမာင္ဟာ ၿငိမ္းကို ခ်စ္တယ္ဆိုတဲ့အဓိပၸာယ္ေပးၿပီးမွ မခ်စ္သင့္မွန္းသိလို႔ Like ေျပာင္းလိုက္ေလသလားကြယ္။ ေမာင္ ဘာေတြမ်ား ေတြေဝေနခဲ့ေလသလဲ။ ၿငိမ္း တစ္ထစ္ခ် ယူဆလိုက္သည္က ေမာင္ဟာလည္း ၿငိမ္းကိုခ်စ္ေနတယ္ဆိုတာ ေသခ်ာတယ္ဆိုတာပါပဲ။
ေမာင္ႏွင့္ၿငိမ္း ေဖ့ဘြတ္ခ္မွာ ဖရန႔္ - friend ေတြျဖစ္သြားခါမွ သူ႔ပို႔စ္ - post ေလးေတြ ကိုယ္စ ကိုယ့္ပို႔စ္ေလးေတြ သူေနာက္ႏွင့္ ခင္မင္မႈေတြ ဆထက္တိုးခဲ့သည္။ သို႔တိုင္ မက္ေဆ့ဂ်ာ - messenger မွာေတာ့ စကားမေျပာျဖစ္ၾက။ ေမာင့္ကိုစကားသြားေျပာဖို႔ရာ ၿငိမ္းမဝံ့ရဲ။ တကယ္ဆိုလွ်င္ ေယာက်္ားေလးျဖစ္သည့္ေမာင္က စကားေလးေတာ့ လာေျပာသင့္ပါသည္။ ေမာင္လည္း ၿငိမ္းလိုပဲ ျဖစ္ေနခဲ့ေလသလား။
***
တစ္ခုေသာ ညကေလးကိုလည္း ၿငိမ္း ထာဝရ ေမ့ေပ်ာက္ႏိုင္မည္မထင္ေပ။ အဲသည္ညက စက္႐ုံႏွစ္ပတ္လည္ည။ စက္႐ုံမႉးႀကီးက ဝန္ထမ္းေတြကို ေပ်ာ္ေစခ်င္သည့္အေနႏွင့္ ေန႔လယ္ပိုင္း ထမင္းေကြၽးသည္။ ညေနပိုင္း လက္ေဆာင္ပစၥည္းမ်ား မဲေဖာက္သည္။ ညပိုင္းမွာ စင္ျမင့္ႀကီးေပၚ ေဆာင္းေဘာက္ႀကီးမ်ား တင္ၿပီး သီခ်င္းဆိုၾကသည္။ အေကာင္းဆုံးသီဆိုႏိုင္သူကို ပထမ ဒုတိယ တတိယေ႐ြးခ်ယ္ၿပီး ဆုခ်သည္။ ေမာင္ႏွင့္ၿငိမ္းကေတာ့ ပရိသတ္သက္သက္မွ်သာ။ ျမဴးႂကြသည့္ တီးလုံးတီးကြက္မ်ားၾကားမွာ ဝန္ထမ္းအားလုံး ျမဴးျမဴးႂကြႂကြ ကခုန္ၾကသည္။ ေမာင္သည္လည္း ကခုန္ေနတာ ျမင္လိုက္ရေတာ့ ၿငိမ္းသည္လည္း မေနႏိုင္ ေမာင့္အနား မသိမသာေလး တိုးကပ္သြားၿပီး ကခုန္သည္။ ကခုန္ရင္းက ၿငိမ္းသည္ ေမာင့္ကို မေတာ္တဆတိုက္မိဟန္ေလး လုပ္ျပလိုက္သျဖင့္ ေမာင္က လွည့္ၾကည့္သည္။ ေမာင္သည္ ၿငိမ္းကို ျမင္ေတာ့ ျမဴးႂကြႂကြတီးကြက္ႏွင့္အၿပိဳင္ အစြမ္းကုန္ၿပဳံးျပသည္။ ၿပီးမွ ေမာင္သည္ ၿငိမ္းႏွင့္အတူ ကခုန္ေတာ့သည္။ ထိုအခိုက္ ၿငိမ္းသည္ မေနႏိုင္ ေမာင့္ပါးကို နမ္းလိုက္မိသည္။ ေမာင္သည္ အံ့ၾသစြာၾကည့္ၿပီး ၿငိမ္းက ၿပဳံးျပေတာ့ ေမာင္ပါ အစြမ္းကုန္ၿပဳံးျပခဲ့သည္။ ထိုညက ေမာင္စိတ္မဆိုးတာ မနက္ျဖန္မွာ သိလိုက္ခဲ့ရသည္။
အဘယ္ေၾကာင့္မူ မနက္ျဖန္ ၿငိမ္း မက္ဆင္ဂ်ာေလးကို ဖြင့္လိုက္ခ်ိန္မွာ ေမာင့္စကားေလးကို မထင္မွတ္ဘဲ ေတြ႕လိုက္ရေသာေၾကာင့္ေလ။ သည္လိုက်ေတာ့ ေမာင္က အကင္းပါးသား။ အလိုက္သိတတ္သား။ မိန္းကေလးဘက္ကစၿပီး ခ်စ္ေရးမဆိုသင့္မွန္း သိသည္ေၾကာင့္ ေမာင္ကပဲ အလိုက္သိစြာ အလ်င္ဦးဆုံး ဖြင့္ေျပာလာခဲ့သည္ေလ။ နင္ ငါ့ကို ခ်စ္ေနတယ္မဟုတ္လားတဲ့။ ၿငိမ္းလည္း ရွက္ရွက္ႏွင့္ အင္း ဟု ေျဖလိုက္ရသည္။ ဒီေမးခြန္းေလးကို ေျဖေနစဥ္ဟာ ေမာင့္ေရွ႕မွာ မဟုတ္ေပမယ့္ ၿငိမ္းသည္ ရင္ခုန္စိတ္လႈပ္ရွားလြန္းစြာ တစ္ကိုယ္လုံး တုန္ေနခဲ့သည္။ ေမာင့္ေရွ႕မွာသာဆိုလွ်င္ မ်က္ႏွာခ်င္းပင္ ဆိုင္ရဲမည္မဟုတ္။ ေမာင္က ငါလည္း နင့္ကို ခ်စ္တယ္တဲ့။ ေမာင့္စကားႀကီးက ေမာင့္စကားရဲ႕ေနာက္မွာ ဒါေပမယ့္ဆိုတာႀကီး ထည့္ေတာ့မလိုလို။ ၿငိမ္းသည္ ေမာင္က ဒါေပမယ့္ လို႔ ဖြင့္ေျပာလာမွာ သိပ္ေၾကာက္ေနခဲ့မိသည္။ သို႔ေသာ္ ေမာင္သည္ ဒါေပမယ့္လို႔ ေျပာမလာခဲ့။ ဒါျဖင့္ ေမာင္က ၿငိမ္းကို ခ်စ္တယ္လို႔ ဖြင့္ေျပာလိုက္သည္ေပါ့။ အို ၿငိမ္းတစ္သက္ သည္ေလာက္ ေပ်ာ္စရာေကာင္းသည့္ေန႔မ်ိဳး မႀကဳံဖူးခဲ့။
***
ေမာင္ႏွင့္ၿငိမ္း ခ်စ္သူေတြ ျဖစ္ခြင့္ရခဲ့ေပမယ့္ ၿငိမ္း ထင္သေလာက္ မေပ်ာ္႐ႊင္ခဲ့ရ။ ခ်စ္သူသက္တမ္း သုံးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့သည့္တိုင္ ခ်စ္သူဘဝက မကြၽတ္လြတ္ခဲ့ေပ။ စည္းလည္းမေက်ာ္ခဲ့။ သည္လိုက်ေတာ့ အခြင့္အေရးမယူတတ္သည့္ ေမာင့္စိတ္ဓာတ္က ေလးစားစရာ။ ခ်စ္သူဘဝက ကြၽတ္လြတ္ဖို႔ရာက ေမာင့္အေပၚမွာသာ မူတည္သည္။ ေမာင္သည္ လက္ထပ္ဖို႔ရာ ဘယ္တုန္းကမွ် ဖြင့္ဟမလာခဲ့။ ေမာင္သည္ တစ္ခါတစ္ခါ ေလးစားဖို႔ေကာင္းေပမယ့္ သည္လိုအခ်ိန္ဆြဲေနပုံႀကီးကက်ေတာ့ မုန္းတီးဖို႔ ေကာင္းလြန္းလွသည္။ နင္ သည္းမခံႏိုင္ေတာ့ရင္ ငါနဲ႔ဆက္မတြဲခ်င္လည္း ရတယ္ဆိုသည့္သေဘာမ်ိဳးသာ ေနသည္။ သို႔ေသာ္ ၿငိမ္းသည္ ေမာင့္ကို ခ်စ္သည့္စိတ္ႏွင့္ သည္းခံခဲ့သည္။
ေဖ့ဘြတ္ခ္ေပၚက ေဆာင္းပါးေလးကို ၿငိမ္း မထင္မွတ္ဘဲ ဖတ္လိုက္ရသည့္အခါမွ ၿငိမ္းသည္ ေမာင့္အေၾကာင္းကို သိလိုက္ရသည္။ ေမာင္သည္ ဂမ္မိုဖိုဘီးယား - gamophobia ေရာဂါသည္ ျဖစ္ေနခဲ့သည္ကိုး။ သည့္ေၾကာင့္ ၿငိမ္းသည္ ေမာင့္ကို -
''ေမာင္ ၿငိမ္းကိုလက္ထပ္ရမွာ ေၾကာက္သလားဟင္''
လို႔ ေမးလိုက္ေတာ့ ေမာင္က ေမးခြန္းပင္ ျပန္ထုတ္လိုက္ေသးသည္။
''ဘာလဲ ၿငိမ္းက ေမာင္နဲ႔ လက္ထပ္ခ်င္ေနၿပီလား''
တဲ့။ ေမာင့္ေမးခြန္းႀကီးက ခံျပင္းစရာ။ ခ်စ္သူေတြအျဖစ္ တြဲေနခဲ့တာျဖင့္ သုံးႏွစ္ေက်ာ္ေနခဲ့ၿပီ။ ေမာင့္မွာ ဘာေတြအခ်ိန္ဆြဲစရာ ရွိေနခဲ့လို႔လဲ။ ေမာင္ေရာ ၿငိမ္းေရာ ကိုယ္ပိုင္လစာ ရွိေနၿပီပဲ။ မိသားစုေလးတစ္ခု ထူေထာင္ဖို႔ အဆင္သင့္ ျဖစ္ေနခဲ့ၿပီေလ။ ဘာမွ် ေနာက္ဆံတင္းစရာအေၾကာင္းလည္း မရွိေတာ့။
''ဟုတ္တယ္ေမာင္။ ၿငိမ္းတို႔တြဲေနတာၾကာၿပီ။ သူငယ္ခ်င္းေတြလည္း ေမးေနၾကၿပီ။ ညည္းတို႔ ဘာေတြအခ်ိန္ဆြဲေနၾကတာလဲတဲ့။ ဒီအခ်ိန္ ညည္းတို႔ လက္ထပ္ၿပီးလို႔ ကေလးတစ္ေယာက္ေတာင္ ရေနသင့္ၿပီတဲ့''
ၿငိမ္းစကားေၾကာင့္ ေမာင္သည္ ေဆြးေဆြးေငးေငးႀကီးျဖစ္သြားသည္။ ၿပီးလွ်င္ သက္ျပင္းရွည္ႀကီးကို မႈတ္ထုတ္ၿပီးမွ တစ္ခြန္းတည္းေသာ စကားကို ျပတ္သားစြာ ေျပာသည္။
''ဟုတ္တယ္ၿငိမ္း ေမာင္ကေၾကာက္ေနတာပါ။ ၿငိမ္းနဲ႔လက္ထပ္လိုက္ရင္ ေမာင္က အျပစ္သားတစ္ေယာက္ျဖစ္ေနမွာကို ေၾကာက္ေနတာ ဟိုးအရင္ကတည္းကပါ။ အခုေတာ့ ၿငိမ္းက လက္ထပ္ခ်င္ၿပီဆိုရင္လည္း လက္ထပ္ၾကတာေပါ့ေလ။ ေမာင္ မေၾကာက္ေတာ့ဖို႔ အားခဲထားတာလည္း ၾကာလွၿပီ''
ေမာင့္စကားၾကားေတာ့ ၿငိမ္းသည္ မခ်င့္မရဲျဖစ္ရသည္။ ေမာင္က ဘာကိုေၾကာက္ရသည္လဲ၊ ၿငိမ္းႏွင့္ လက္ထပ္လိုက္တာက ဘာေၾကာင့္ ေမာင့္ကို အျပစ္သားတစ္ေယာက္လို ျဖစ္ေစရသည္လဲ။ သို႔ေသာ္ ေမာင့္ကို မေမးေတာ့ပါ။ ၿငိမ္းဆႏၵကို ျဖည့္စြမ္းေပးသည့္ ေမာင့္ကို ၿငိမ္း ခ်စ္မက္စြာ ေပြ႕ဖက္လိုက္သည္။
***
ေမာင္ႏွင့္ၿငိမ္းတို႔ ဝန္ထမ္းေပါင္းတစ္ရာေက်ာ္ရွိသည့္ စက္႐ုံေလးထဲမွာပဲ လက္ထပ္ခဲ့ၾကသည္။ ေမာင္သည္ လက္မထပ္ခင္က ဘယ္ေလာက္ပင္ စည္းကို ထိန္းသိမ္းခဲ့သည္မေျပာႏွင့္ မဂၤလာဦးညမွာပင္ ထိန္းသိမ္းႏိုင္ခဲ့သည္။ ဘယ္လင္မယားမဆို က်န္းမာေရးကို ႀကိဳႀကိဳတင္တင္စစ္ေဆးထားပါမွ လင္မယားႏွစ္ေယာက္စလုံး က်န္းမာၿပီး ေပ်ာ္႐ႊင္ခ်မ္းေျမ့တဲ့ မိသားစုဘဝေလးကို ထူေထာင္ႏိုင္မွာ။ အရင္ဆုံး အားတဲ့တစ္ေန႔ ေဆးစစ္သြားၾကတာေပါ့ အဲ့က်မွၿငိမ္းသေဘာ ဆိုၿပီး ႏွစ္သိမ့္သည္။ ဒါေတြကို လက္မထပ္ခင္က ေမာင္ ဘာေၾကာင့္ မေျပာခဲ့သည္လဲ။ လက္မထပ္ခင္ကတည္းက လုပ္ထားသင့္သည့္ ကိစၥပဲမဟုတ္လား။ ထားပါေတာ့ လက္မထပ္ခင္ကေန လက္ထပ္ၿပီးအထိ စည္းကို ေစာင့္ထိန္းႏိုင္ခဲ့ၾကမွေတာ့ ကိစၥမရွိ။ ေမာင္ႏွင့္လက္ထပ္ခြင့္ရဖို႔ သုံးႏွစ္ေက်ာ္ေစာင့္ဆိုင္းခဲ့ရသည္ပဲ။ ၿငိမ္း ဘာေၾကာင့္ မေစာင့္ႏိုင္ရမည္လဲ။ ေစာင့္လက္စႏွင့္ ဆက္လက္ေစာင့္လိုက္ပါဦးမည္။
****
ၿငိမ္းစိတ္ေတြ ထိန္းခ်ဳပ္လို႔ မရႏိုင္ေတာ့ေပ။ သည့္ေၾကာင့္ပဲ ေနရာမွ ေငါက္ကနဲထကာ ဦးတည္ရာမဲ့ ေျပးလႊားေနမိသည္။ ေရာက္ရွိသည့္ေနရာသည္ အဘယ္သို႔ေသာ ေနရာမွန္း ၿငိမ္း ခြဲျခားႏိုင္စြမ္း မရွိေတာ့။
ဟုတ္သည္ေလ။ ေမာင္က ၿငိမ္းကို အဲသည္ေလာက္အထိ အသိစိတ္ကင္းမဲ့သြားရေလာက္ေအာင္ ရက္စက္လြန္းအားႀကီးခဲ့သည္ကိုး။ ေမာင္ သည္လိုလူစားျဖစ္ေနလိမ့္မယ္လို႔လည္း နည္းနည္းေလးမွ မယုံၾကည္ႏိုင္မိ။ အို႔ တကယ္ေတာ့ ေမာင္ဟာ သိုးေရၿခဳံထားတဲ့ ဝံပုေလြထက္ပင္ ယုတ္မာပက္စက္ၿပီး ဟန္ေဆာင္ေကာင္းလြန္းလွျခင္းပင္။ ေမာင္ဟာ သိုးေမြးကေလးလို ႏူးညံ့သူတစ္ေယာက္အျဖစ္ ဟန္ေဆာင္ေကာင္းခဲ့သည္မွန္း သည္ေန႔မွ ၿငိမ္းသိခဲ့ရသည္။
ေမာင္သည္ ေဆးခန္းက ဆရာဝန္မေလးႏွင့္ ခင္မင္ရင္းႏွီးေနသည္။ ေမာင္ ဘာေၾကာင့္ ဆရာဝန္မေလးႏွင့္ ရင္းႏွီးရသည္လဲ။ ေမာင့္ကို ေမးခ်င္ေပမယ့္ ေဆးခန္းမွာမို႔ အခြင့္က မသာ။ သည္အထိေတာ့ ေမာင့္ကိုသံသယမဝင္ေသး။ ေမာင္ႏွင့္ၿငိမ္း ေဆးအတူစစ္၊ ေသြးအတူေဖာက္ေတာ့ အေျဖမသိရခင္မွာ ဆရာဝန္မေလး၏ စိတ္ရွည္ရွည္ရွင္းျပမႈေတြကို လင္မယားမို႔ ႏွစ္ေယာက္အတူ နားေထာင္ခဲ့ရသည္။ ေရာဂါကို ေစာေစာစစ္ ေစာေစာသိရတာက သိပ္ကိုေကာင္းမြန္သည့္အလုပ္ျဖစ္ေၾကာင္း၊ ေရာဂါရွိခဲ့လွ်င္လည္း လူကို မေသေစႏိုင္သည့္ ေဆးဝါးေတြေပၚေနၿပီျဖစ္ေၾကာင္း၊ ေရာဂါပိုးရွိသူႏွင့္ အတူေနထိုင္သူကို ေရာဂါမကူးစက္ေအာင္ ႀကိဳတင္ကာကြယ္သည့္ PrEP ေဆးဝါးမ်ားလည္း ေပၚေနၿပီျဖစ္ေၾကာင္း၊ ပိုးရွိသူလည္း ဆရာဝန္ႏွင့္ ေသခ်ာတိုင္ပင္လွ်င္ ကေလးရယူႏိုင္ေၾကာင္း၊ ေပ်ာ္႐ႊင္စရာေကာင္းသည့္ မိသားစုဘဝေလးကို ထူေထာင္ႏိုင္ေၾကာင္း စသျဖင့္ ျပည့္ျပည့္စုံစုံရွင္းျပသည္။ ၿငိမ္းသည္ ပိုးကင္းစင္ခဲ့သည့္အေျဖကို ရခဲ့သည္။ အေျဖေၾကာင့္ ၿငိမ္း အင္မတန္ေပ်ာ္႐ႊင္ခဲ့သည္။ သည့္အတြက္ ေမာင္လည္း ေပ်ာ္႐ႊင္သင့္သည္။ သို႔ေသာ္ ေမာင္ကေတာ့ ၿပဳံးေယာင္ပင္မျပ။ ေမာင့္အေျဖအတြက္ ေမာင္ေသာကမ်ား ေရာက္ေနေလသလား။ ေမာင္သည္ ၿငိမ္းဘက္သို႔ လွည့္လာၿပီး တိုးညင္းစြာ ေျပာသည္။
''ေမာင္ ပိုးမကင္းရင္ ၿငိမ္းက ေမာင့္ကို ဆက္ခ်စ္ႏိုင္ပါ့မလားဟင္''
ဘာေၾကာင့္ မခ်စ္ႏိုင္ရမည္လဲ။ ေမာင္ဘာျဖစ္ျဖစ္ ၿငိမ္းခ်စ္ႏိုင္သည္။ လက္ခံႏိုင္သည္။ သည့္ေၾကာင့္ ၿငိမ္းသည္ ေမာင့္ကို ၿပဳံး႐ႊင္စြာ ေခါင္းတဆတ္ဆတ္ ညိတ္ျပလိုက္သည္။ ေမာင္တစ္ခုခု ျဖစ္ခဲ့လွ်င္လည္း ႏွစ္သိမ့္ေပးဖို႔ရာ အဆင္သင့္။
ၿငိမ္း ေခါင္းညိတ္အေျဖကို သိလိုက္ရေတာ့ ေမာင္သည္ ဆရာဝန္မေလးကို ျဖည္းညင္းစြာ ေမးလိုက္သည္။ ''ကြၽန္ေတာ္ ကေလးယူလို႔ရေလာက္တဲ့ ပိုးေကာင္ေရအေျခအေန ဘယ္လိုရွိလဲဟင္ဆရာမ''
ေမာင့္ေမးခြန္းေၾကာင့္ ၿငိမ္းသည္ ေၾကာင္သြားရသည္။ ဆရာဝန္မေလးကေတာ့ -
''ပိုးေကာင္ေရကေတာ့ ေဆးေသာက္မွန္ကန္လို႔ ကေလးယူလို႔ရေလာက္တဲ့အထိ ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ ကြၽန္မ အရင္က ေသခ်ာေျပာျပထားဖူးတာ မေမ့ပါဘူးေနာ္။ ကေလးယူမယ့္ညမွာ မိန္းမကိုယ္ ေပါက္ၿပဲရင္ ကူးႏိုင္ေခ်ရွိလို႔ မထိုးသြင္းဘဲ သုက္ကိုပဲ ထည့္သြင္းေစခ်င္ရင္ပါတယ္''
''ဟုတ္ စိတ္ခ်ပါဆရာမ။ ကြၽန္ေတာ္ အၿမဲမွတ္ထားပါတယ္''
ေမာင္သည္ ဆရာဝန္မေလးကို ထိုစကားေျပာၿပီးေနာက္ ၿငိမ္းဘက္သို႔ ႐ႊင္ျမဴးစြာ လွည့္ၾကည့္သည္။ ၿငိမ္းအျပဳအမူေၾကာင့္ ေမာင့္အၿပဳံးသည္ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားခဲ့သည္။
''ဒါ ဒါျဖင့္ ေမာင္က့''
ဒါျဖင့္ ေမာင္က ၿငိမ္းကို လွ်ိဳဝွက္ခ်က္အႀကီးႀကီးကို လွ်ိဳဝွက္ထားခဲ့သည္ေပါ့။
''အို ၿငိမ္း ဇြတ္မလုပ္နဲ႔။ စိတ္ေအးေအးထား ေမာင္နဲ႔ဆရာမ ေသခ်ာရွင္းျပမယ္''
သို႔ပါေသာ္လည္း ၿငိမ္းသည္ ေမာင့္ဆင္ေျခကို လက္မခံ။ ေခါင္းကိုသာ တြင္တြင္ခါရမ္းၿပီး -
''နင္ နင္ ငါ့ကို႔''
ၿငိမ္းစိတ္ေတြ ထိန္းခ်ဳပ္လို႔ မရႏိုင္ေတာ့ေပ။ သည့္ေၾကာင့္ပဲ ေနရာမွ ေငါက္ကနဲထကာ ဦးတည္ရာမဲ့ ေျပးလႊားေနမိသည္။ ေရာက္ရွိသည့္ေနရာသည္ အဘယ္သို႔ေသာ ေနရာမွန္း ၿငိမ္း ခြဲျခားႏိုင္စြမ္း မရွိေတာ့။ သည့္ေၾကာင့္ ကားဟြန္းသံေတြ ညံကုန္သည္။ '' ဟယ္ အို အမေလ့ '' ဆိုသည့္ အာေမဋိတ္သံေတြလည္း ပတ္ဝန္းက်င္တစ္ခြင္ လြင့္လို႔။
***
ၿငိမ္းအနည္းငယ္ ထူေထာင္လာေတာ့ ေမာင္က ၿငိမ္းကို ေတြ႕ခြင့္ေတာင္းသည္။ ဖုန္းဆက္သည္။ ေဖ့ဘြတ္ခ္မွာလည္း မက္ေဆ့ပို႔သည္။ သို႔ေသာ္ ၿငိမ္းက အေတြ႕မခံ။ ဖုန္းကို ဘလက္က္ လစ္က္ - black list လုပ္ပစ္သည္။ မက္ဆင္ဂ်ာကို ဘေလာ့ - block လုပ္ပစ္သည္။ ၿငိမ္းက ေမာင့္ကို စိတ္နာစြာ တရားစြဲဖို႔ ျပင္ဆင္ေနသည္ကို ေမာင္ ၾကားသိထားေသာေၾကာင့္ျဖစ္ရမည္။ သို႔ေသာ္ ေမာင္သည္ ဇြဲမေလွ်ာ့ အေကာင့္တစ္ခုခုဖြင့္ၿပီး ၿငိမ္းထံမက္ေဆ့ပို႔သည္။
''ဘာအေၾကာင္းရင္းေၾကာင့္ တရားစြဲမွာလဲ။ ဘာပုဒ္မတပ္မွာလဲၿငိမ္း။ ၿငိမ္းသူငယ္ခ်င္းေတြကိုေရာ ဘယ္လိုေျပာမွာလဲ။ ေက်းဇူးျပဳၿပီး ေမာင့္အေၾကာင္း သူငယ္ခ်င္းေတြကို မေျပာပါနဲ႔ေနာ္။ ေမာင္ေတာင္းဆိုပါတယ္''
ဘယ္ရမလဲ။ လုပ္တုန္းကေတာ့ လုပ္ရဲၿပီး ခံေတာ့ မခံရဲဘူးေပါ့။ ဒါမ်ိဳးက လိမ္လည္လက္ထပ္မႈႏွင့္ ဘာမွ်မျခား။ အမ်ိဳးသမီးတစ္ေယာက္ကို စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေျမာက္သည္။ ဘယ္လိုမွ ခြင့္လႊတ္ႏိုင္စရာအေၾကာင္းမရွိ။ ၿငိမ္းသည္ ေခါင္းမာစြာ သူငယ္ခ်င္းအခ်ိဳ႕ကို ေျပာျပပစ္လိုက္သည္။ ေသခ်ာပါသည္။ ႏႈတ္ဖြာတတ္သည့္ သူငယ္ခ်င္းေတြ၏ စ႐ိုက္ေၾကာင့္ စက္႐ုံေလးမွာ ေမာင့္အေၾကာင္းေတြ ပလူပ်ံေနမွာပင္။ သူငယ္ခ်င္းတို႔၏ ေရွာင္ဖယ္ဖယ္လုပ္ရပ္မ်ားကို ေမာင္ျမင္သြားေသာေၾကာင့္ သူငယ္ခ်င္းေတြကို ေျပာျပလိုက္ၿပီဆိုတာ ေမာင္သိသြားခဲ့ေသာေၾကာင့္ ျဖစ္မည္ထင္သည္ ရွည္လ်ားေသာ မက္ေဆ့ႀကီးကို ပို႔လာခဲ့သည္။
''ေမာင္ အတန္တန္ေတာင္းဆိုတဲ့ၾကားက ၿငိမ္းက ေခါင္းမာစြာနဲ႔ ေျပာလိုက္ၿပီပဲ။ ၿငိမ္းစကားရဲ႕ အက်ိဳးဆက္ေတြကို ေမာင္ ခံေနရပါၿပီ။ ၿငိမ္းထင္သလို ေမာင္ဟာ ေပြရႈပ္သူမဟုတ္ရပါဘူး။ KTV မွာ မူးေနတဲ့သူငယ္ခ်င္းေတြက ဇြတ္ဆြယ္လို႔ ေမာင္အတန္တန္ျငင္းတဲ့ၾကားက အကာအကြယ္မပါဘဲ ဆက္ဆံခဲ့မိတယ္။ ''ပညာရွိ သတိျဖစ္ခဲ'' ျဖစ္ခဲ့ရတာပါၿငိမ္း။ ေမာင့္လုပ္ရပ္ေၾကာင့္ မသကၤာလို႔ ေဆးစစ္ခဲ့တယ္။ ကံဆိုးစြာ ေမာင့္မွာ HIV ပိုးေတြ႕ခဲ့တယ္။ ေမာင့္မွာ ဒီပိုးရွိတာ သူငယ္ခ်င္းေတြ မသိပါဘူး။ ေမာင္ ဘယ္သူ႔ကိုမွ အသိမေပးရဲဘူး။ တစ္ခ်ိန္ခ်ိန္က် တစ္နည္းနည္းနဲ႔ သိသြားမွာစိုးလို႔ ဘယ္သူမွမသိခင္ ဒီကို လာၿပီး ဇာတ္ျမႇဳပ္ခဲ့တာပါ။ ဒီေနရာေလးက လုံၿခဳံေအးခ်မ္းမယ္ထင္ခဲ့ေပမယ့္ မိခင္ေနရာေလာက္ေတာင္ မေကာင္းေတာ့တာသိလိုက္ရၿပီ။ တကယ္ေတာ့ ၿငိမ္းကို ေမာင္ ေျပာျပခဲ့သင့္ပါတယ္။ မေျပာျပမိတာကေတာ့ ေမာင့္အမွားပါပဲ။ ေမာင္ေတာင္းပန္ပါတယ္။ တကယ္ေတာ့ ၿငိမ္းကို ေမာင္ အေစာႀကီးကတည္းက ေျပာျပဖို႔ စိတ္ကူးခဲ့ပါတယ္။ ဒါေပမယ့္ ေမာင္မေျပာရဲဘူး။ ၿငိမ္းက လက္မခံမွာ ေမာင္စိုးရိမ္တယ္။ ေမာင္က ၿငိမ္းကို သိပ္ခ်စ္ေနမိၿပီေလ။ ၿငိမ္းကို ေမာင္ လက္မလႊတ္ႏိုင္ခဲ့ဘူး။ ဒါ့ေၾကာင့္ ဒီအေျခအေနထိ ျဖစ္သြားခဲ့ရတာပါၿငိမ္း။ တကယ္ဆို ေမာင္လိုလူစားတစ္ေယာက္ရဲ႕ဘဝထဲ ၿငိမ္းကို ဆြဲမသြင္းသင့္ဘူး။ အဲဒီလို ေမာင့္ကိုယ္ေမာင္ အၿမဲသတိေပးခဲ့တယ္။ သုံးႏွစ္ေက်ာ္ ၾကာခဲ့တဲ့အထိေပါ့။ ေမာင္ဟာ အေဖအေမမရွိ ဦးေလး ေဒၚေလးေတြနဲ႔ ေနရတဲ့ တစ္ေကာင္ႂကြက္ဆိုေတာ့ ေမာင့္မ်ိဳးဆက္ေလးကိုေတာ့ ေမာင္ခ်န္ထားခ်င္တယ္။ မိသားစုဘဝေလးကိုလည္း ထူေထာင္ခ်င္တယ္။ ၿငိမ္းနဲ႔အတူေပါ့။ အဲဒီေန႔က ဆရာဝန္မက အေၾကာင္းစုံရွင္းျပခဲ့တာ ၿငိမ္းသိတယ္မလား။ အဲ့အေၾကာင္းေတြ ေမာင္အေစာႀကီးကတည္းက သိထားၿပီးသားပါ။ အခုေခတ္က ေဆးဝါးေတြ တိုးတက္ေနၿပီမို႔ ေမာင့္အတြက္ ေမွ်ာ္လင့္ခ်က္ေလးေတြ ရွိလာတာသိလိုက္ရတယ္။ အဲဒီအခ်ိန္ ၿငိမ္းကလည္း လက္ထပ္ဖို႔ ပူဆာလာေတာ့ အဲဒီေမွ်ာ္လင့္ခ်က္ေလး ျဖစ္လာဖို႔အတြက္ ၿငိမ္းကို အသုံးခ်ခဲ့မိတာပါ။ ၿငိမ္းက လက္မခံလို႔ တရားစြဲမယ္ဆိုလည္း စြဲပါ။ သို႔ေသာ္ ေမာင္ တရား႐ုံးကို ေရာက္လာႏိုင္မွာမဟုတ္ဘူးဆိုတာေတာ့ ေသခ်ာတယ္''
ေမာင့္စကားေတြကို ေတြ႕လိုက္ရေတာ့ ၿငိမ္းသည္ မထင္မွတ္ေလာက္ေအာင္ အံ့ၾသတုန္လႈပ္သြားတာ သတိထားမိလိုက္သည္။ မ်က္ရည္မ်ားကလည္း ပိုးပိုးေပါက္ေပါက္။ လက္ထဲက ဖုန္းကေလးပင္ ၾကမ္းျပင္ေပၚ လြတ္က်လို႔ အစိပ္စိပ္အႁမြာႁမြာ။ ေမာင္ တရား႐ုံးကို ေရာက္လာႏိုင္မွာ မဟုတ္ေတာ့ဘူးဆိုတာ ေသခ်ာတယ္ဆိုတဲ့ ေမာင့္စကားက ဘာအဓိပၸာယ္မ်ားပါလဲ။ ဟင့္အင္း မျဖစ္ရဘူး။ ေမာင့္ကို ဘယ္မွ ထြက္သြားခြင့္မျပဳ။
ၿငိမ္းသည္ ကိုယ့္ကိုယ္ကိုယ္ အသိစိတ္ဝင္ေအာင္ထိန္းၿပီး ဖုန္းေလးကို ျပန္ေကာက္သည္။ ကံေကာင္းစြာ ဖုန္းမွန္ကြဲသြားေပမယ့္ သုံးလို႔ရေသးသည္။ ေမာင့္ကို ဖုန္းေခၚရမည္။ ရွာစမ္း ေမာင့္ဖုန္းနံပါတ္။ အို ေမာင့္နံပါတ္ကို ဘလက္က္လစ္စ္လုပ္ပစ္လိုက္ခဲ့ၿပီးၿပီပဲ။ ဘယ္လိုမ်ား ျပန္လုပ္ရပါ့။ ၿငိမ္း ဖုန္းေခၚဖို႔ လက္ေလွ်ာ့လိုက္သည္။ မက္ဆင္ဂ်ာမွာ ေမာင္ပို႔သည့္အခ်ိန္ကို ၾကည့္သည္။ မိနစ္ ၂၀ မွ်သာ ၾကာေသးသည္။ ဒါျဖင့္ ေမာင့္ကို ျပန္ေခၚဖို႔ရာ အခ်ိန္မီႏိုင္ေသးသည္။ သူငယ္ခ်င္းထံ အေမာတေကာေျပးၿပီး ေမာင့္ဖုန္းနံပါတ္ရွိလားေမးသည္။ သူငယ္ခ်င္းက ရွိသလားမသိဘူးဆိုၿပီး ရွာသည္။ ကံေကာင္းစြာ ေမာင့္ဖုန္းနံပါတ္ရွိေနသည္။ ၿငိမ္း လ်င္ျမန္စြာ ေခၚလိုက္သည္။ ဖုန္းလိုင္းဝင္သြားသည္။ ေမာင္သည္ ေတာ္ေတာ္ႏွင့္မကိုင္။ ၿငိမ္းသည္ စိတ္လႈပ္ရွားစြာ ကိုင္စမ္းပါေမာင္ ေက်းဇူးျပဳၿပီးကိုင္စမ္းပါဟု ညည္းသည္။ သုံးမိနစ္မွ်ၾကာမွ ေမာင္ဖုန္းကိုင္ေတာ့သည္။ ၿငိမ္းသည္ ေမာင့္ ထူးသံကိုပင္ နားမေထာင္ေတာ့ဘဲ့
''ေမာင္ ဘယ္မွာလဲ။ ေမာင့္ကို ၿငိမ္းခြင့္လႊတ္တယ္။ ေက်းဇူးျပဳၿပီး ဘယ္မွ ထြက္မသြားပါနဲ႔ေမာင္။ ေျပာ ဘယ္မွာလဲ။ ၿငိမ္း အခုခ်က္ခ်င္းလာခဲ့မယ္။ ေျပာပါ''
အေလာတႀကီး ေျပာေနမိသည္။
''ေမာင္ ျမသီတာဆည္မွာ''
အို ေမာင့္အသံက စိုးရိမ္စဖြယ္ တိုးေဖ်ာ့ေျခာက္ကပ္လြန္းလွသည္။
''ဟင္ ျမသီတာဆည္ ေမာင္ဘာလုပ္မလို႔လဲ။ ဘာမွမလုပ္နဲ႔။ ေမာင္တစ္ခုခုျဖစ္ရင္ ေမာင့္ကိုေရာ ၿငိမ္းကိုယ္ၿငိမ္းေရာ လုံးဝခြင့္မလႊတ္ဘူး''
ၿငိမ္းသည္ ဆိုင္ကယ္ေမာင္းႏိုင္ေလာက္ေအာင္ မက်န္းမာေသးသျဖင့္ သူငယ္ခ်င္းအား ျမသီတာဆည္သို႔ လိုက္ပို႔ခိုင္းသည္။ ဆည္ေပၚေရာက္ေတာ့ ေမာင္သည္ ခုံတန္းေလးေပၚမွာ ထိုင္ေနသည္။ ၿငိမ္းသည္ ေမာင့္ထံ အေျပးကေလးလွမ္းၿပီး ေပြ႕ဖက္လိုက္သည္။ အို ေမာင့္ကိုယ္ေအာက္ပိုင္းက စို႐ႊဲလို႔ပါလား။ သည္လိုသိလိုက္ရေတာ့ ၿငိမ္းရင္ကို ပိုနင့္သည္။ ငိုႀကီးခ်က္မႏွင့္ ေမာင့္ကို ေပြ႕ဖက္ၿပီး ေမာင့္ရင္ဘတ္ႀကီးကို ခပ္နာနာထုသည္။
***
သည္လိုႏွင့္ ငါးႏွစ္မွ် ၾကာျမင့္ခဲ့ၿပီ။ ျမတ္မင္းေမာင္ႏွင့္ ၾကည္ျဖဴၿငိမ္းတို႔ပင္ ေလးႏွစ္အ႐ြယ္ သားေလးတစ္ေယာက္ ထြန္းကားခဲ့ေပၿပီ။ ကံေကာင္းေထာက္မစြာပင္ ၿငိမ္းႏွင့္ သားကေလးသည္လည္း ပိုးကင္စင္ခဲ့သည္။ ၿငိမ္း၏အမွားေၾကာင့္ ေမာင့္အေၾကာင္း လူေတြ သိသြားခဲ့ေပမယ့္ ေမာင္လိုလူစားေတြလည္း ေပ်ာ္႐ႊင္ဖြယ္ မိသားစုဘဝေလးကို ထူေထာင္ႏိုင္ေၾကာင္း သက္ေသျပႏိုင္ခဲ့ေပၿပီ။ သားကေလးသည္ ေမာင္လိုလူစားတစ္ေယာက္၏ သားကေလးမျဖစ္ႏိုင္ပါဘူးဟု သံသယဝင္ခ်င္လွ်င္ေတာ့ ဝင္ႏိုင္ၾကေတာ့မည္မဟုတ္ေပ။ အဘယ္ေၾကာင့္မူ သားကေလးသည္ ေမာင္ႏွင့္ လုံးဝခြၽတ္စြပ္ တူေနခဲ့သည္ကိုး။
***
Htwin
Done 🍀
ReplyDeleteDone,😍
ReplyDelete🍁🌸Done✅
ReplyDeleteDone 💪
ReplyDeleteသာယာချမ်းမြေ့ကြပါစေ 🍀
ReplyDeleteDone
ReplyDelete