ည
Unicode
လူအုပ်ကြီး ရောက်လာမယ်
ဆိုတဲ့သတင်းက ဘယ်ကနေ စ လာမှန်း ဘယ်သူမှမသိကြဘူး။ နေဝင်ဖျိုးဖျအချိန်ကတည်းက ပါးစပ်သတင်းလို
ဟိုတစ်စ ဒီတစ်စ ပျံ့နှံ့ရင်း အမှောင်ထုနဲ့အတူ တဖြည်းဖြည်း အတည်သတင်းဖြစ်လာနေတယ်။
သတင်းကို တချို့က အားရသလိုမျိုး၊ တချို့က စိတ်ရှုပ်သလိုမျိုး၊ တချို့က မရေရာသလိုမျိုး
အစုံအလင် ခံစားချက်တွေနဲ့ ပြောနေကြတယ်။ တကယ်ရောက်လာမယ်ဆိုရင် မကြောက်ဘူး
ဆိုတဲ့လူတော့ ရှိကြမယ်မထင်။ ဘယ်သူမဆို အနည်းနဲ့အများ အထိနာကြမှာပဲ သေချာပေါက်ပဲ။
“ဒီညက ပျော်ဘွယ်မြို့ရဲ့ အလှည့်ပဲ။
ဒီမြို့မှာရှိတဲ့ ဗလီတွေနဲ့ ကုလားအိမ်တွေ ဒီည အဖျက်ခံရလိမ့်မယ်။ လူအုပ်ကြီးက အခု
ယင်းတော်အထိ ရောက်နေပြီ”
သတင်းစကားက သူတို့ နားထဲ အခါခါ အထပ်ထပ် ပဲ့တင်သံထပ်နေတာကလွဲရင် ညက
တိတ်ဆိတ်လွန်းနေတယ်။ အမှောင်ထု ထူထဲလာတာနဲ့အမျှ တိတ်ဆိတ်ခြင်းကလည်း အားအင်ကြီးမားလာတယ်။ လေတိုးသံ ခပ်သဲ့သဲ့၊
ဒါမှမဟုတ် အိမ်မြှောင်စုတ်ထိုးသံကိုတောင် ကြားမနေရတဲ့ညက ရှိပြီးသား
ထိတ်လန့်ခြင်းတွေကို ပိုပိုပြီး အရောင်တင်ပေးသလိုပဲ။ အခုအချိန်မှာ အသံတစ်ခုခုသာ
ကြားနေရမယ်ဆိုရင် သတင်းစကားသံကို ပြန်ကြားယောင်ရင်း ဖြစ်လာနေတဲ့
ကြောက်ရွံခြင်းတွေ သက်သာရာရမလား တွေးမိပေမယ့် လူတစ်စုရဲ့ ညာသံပေး
စူးစူးဝါးဝါးအော်ဟစ်သံ ဖြစ်နေမှာကိုတော့ သူတို့ တကယ် ကြောက်ကြတယ်။
ခြံတံခါးကို သူတို့ သေချာစွာ သော့ အထပ်ထပ်
ခတ်ထားတယ်။ တကယ်လို့ လူအုပ်ကြီးက ခြံဝန်းထဲထိ ဝင်မလာပဲ အပြင်ကနေ မီးတုတ်နဲ့သာ
ပစ်သွားခဲ့ရင် ဒီလို သော့ခတ်ထားတာက ပိုဆိုးနေမှာလား ဆိုတာ သူတို့ တွေးမရ ဖြစ်ခဲ့ရသေးတယ်။
လိုက်သတ်လို့ ပြေးလွှားပုန်းရှောင်ရတာနဲ့၊ မီးနဲ့အတူ လောင်ကျွမ်းရတာ ထဲမှာ ဘယ်ဟာက လွတ်မြောက်နိုင်ခြေ
ပိုရှိမလဲ သူတို့ မသိ။
ဘယ်လိုဖြစ်ဖြစ် ငါတို့အတွက် မလုံခြုံဘူး၊
တကယ်ဖြစ်ရင် သေမှာပဲ လို့ သူတို့ထဲက အကြီးဆုံးလူကသာ ပိတ်မပြောခဲ့ရင် သူတို့ဟာ
ဖြစ်တန်ခြေအမျိုးမျိုးကို တွက်ချနေလိမ့်ဦးမယ်၊ လုံခြုံမယ်ထင်တဲ့ အစီအစဉ်တွေကို
ထပ်ရွေးချယ်နေလိမ့်ဦးမယ်။ ထိုလူကြီး မိန်းမကတော့ သူ့စကားကို စောဒက တက်လိုဟန်ရှိပေမယ့်
ရှင်ကလည်း ဆိုတာလောက်နဲ့တင် ဘာမှ ဆက်မပြောတော့ဘူး။ အလ္လာ့အလိုတော်အရပေါ့လေ လို့
ထပ်ပြောပြီး သားသမီးတွေကို ကျစ်ကျစ်ပါအောင် ဖက်ထားတယ်။ ဘာမှကြောက်စရာမလိုဘူး၊
အမားရှိတယ် လို့လည်း ငိုသံပါကြီးနဲ့ ပြောတယ်။ အလ္လာ့အလိုတော်က မချိမဆန့်
သေဆုံးခြင်းမဟုတ်ဖို့ သူတို့ တောင်းဆုပြုကြတယ်။
ဟိုဘက်နေ့က မိတ္ထီလာအရေးအခင်း video
file တစ်ခု သူတို့
ကြည့်လိုက်ရသေးတယ်။ File က CD ခွေ အဖြစ်နဲ့ သူတို့တွေကြားထဲ
လက်သိပ်ထိုး ပျံ့နှံ့လာတယ်။ လူတွေဟာ လူသားအချင်းချင်း အညှိုးတကြီး ရိုက်နှက်သတ်ဖြတ်နေကြတယ်။
ဗလီကျောင်းတော်တွေကို ဖျက်ဆီးနေကြတယ်။ ဓါးတွေ၊ တုတ်တွေ၊ မီးတုတ်တွေနဲ့
ဒေါသတကြီးဖြစ်နေတဲ့ လူတွေကိုကြည့်ရင်း ဒါ ရုပ်ရှင်မဟုတ်ဘူးဆိုတဲ့အသိက သူတို့ ကျောရိုးမကြီးအထိ
ထိတ်လန့်ခြင်းတွေ စိမ့်တက်လာတယ်။ ငါတို့ကို သူတို့ အဲလောက်အထိ မုန်းတီးနေတာပဲလို့ နာနာကျင်ကျင်
နားလည်လာတယ်။ ကလေးတွေ မကြည့်နဲ့လို့ အော်ဟစ်ရင်း သူတို့ကိုယ်တိုင်လည်း မျက်လုံးတွေကို
စေ့ပိတ်ထားကြရတယ်။ ဘယ်လိုမှ မကြည့်ရက်ဘူး၊ မကြည့်နိုင်ဘူး။
လုံခြုံရေးအဖွဲ့တွေက အရေးအခင်းက
သူတို့နဲ့ မဆိုင်သလိုပဲ။ ထိခိုက်သေဆုံးနေတဲ့လူတွေထက် ထိခိုက်အောင် လုပ်နေသူတွေကို
ပို အကွယ်အကာပေးသလို ရှိနေကြတယ်။ အဲဒီမြင်ကွင်းလောက် အံ့ဩစရာနဲ့ နာကျင်စရာကောင်းတာ
ဘာရှိနိုင်ဦးမှာလဲ။ သူတို့ ဘယ်သူ့ကို အားကိုးရမှာလဲ။
ကြည့်ခဲ့ရတဲ့
အဖြစ်အပျက်လိုမျိုး ငါတို့တွေ ဒီညကြုံရတော့မှာလား။
ဖြစ်ပေါ်လာတဲ့
စိတ်နာကျင်မှုနဲ့ စိတ်မလုံခြုံမှုက ဒီညမှာ သူတို့ကို အဆုံးစွန်အထိ
ကြောက်ရွံ့တုန်လှုပ်စေတယ်။ ကြောက်ရွံ့စိတ်ကြောင့် တာတေလန်အောင်ဆိုးတဲ့ သူတို့ရဲ့
အငယ်ဆုံးကလေးတောင် ဘာသံမှထွက်မလာဘူး။ ဂျီမကျနိုင်ဘူး။ သူ့အမေရင်ခွင်ထဲ
အတင်းတိုးဝင်ရင်း ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိတယ်။
အိမ်နီးနားချင်းတချို့နဲ့
အိမ်နားက ဘုန်းကြီးကျောင်းက ဆရာတော်က တစ်ခုခုဆို သူတို့ဆီ ပြေးခဲ့ဖို့ ပြောထားတယ်။
ဒါပေမယ့် ကြောက်စိတ်က ပိုကြီးမားနေတော့ သူတို့စကားတွေကို ဘယ်လိုမှ
ယုံကြည်မပေးနိုင်။ လူအုပ်ကြီး ရောက်လာရင် အလွယ်တကူ သတ်ဖြတ်လို့ရအောင် သူတို့ကို
စုပေးထားတာလည်း ဖြစ်နိုင်တယ်လေ။ သံသယစိတ်က ဟိုးအရင်ကတည်းက ခင်ရာဆွေမျိုးလို့
ရှိနေခဲ့တဲ့ သူတို့ရဲ့ စည်းလုံးမှုကို ဖျက်ဆီးပစ်နေသလိုပဲ။ (အဲဒါ
ကာကွယ်ပေးလိုစိတ်အပြည့်နဲ့ ပြောတာမှန်း နောင် ပြန်ဆန်းစစ်မိချိန်မှာ သဘောပေါက်ပြီး
သူတို့ အားတုံ့အားနာနဲ့ ကျေးဇူးတင်မိပါတယ်။)
သေမှာကို မကြောက်တဲ့လူ
ဘယ်သူရှိမှာလဲ။ အထူးသဖြင့် မချိမဆန့် သေရမှာမျိုး၊ ကိုယ့်မျက်စိရှေ့မှာတင် ကိုယ်
ချစ်ရတဲ့သူတွေ သေဆုံးကုန်မှာမျိုးကိုပေါ့။ တစ်သက်လုံးရှာထားခဲ့ရတဲ့
အဖိုးတန်ပစ္စည်းတချို့နဲ့ အရေးကြီး စာရွက်စာတမ်းတွေ စုထည့်ထားတဲ့ အိတ်ကို
ကိုင်ရင်း သူတို့တွေ နည်းနည်းလေးတောင် မငိုက်မျဉ်းနိုင်ကြဘူး။ ခဏလောက်
ကျောခင်းဖို့တောင် မစဉ်းစားနိုင်ကြဘူး။
ကြောက်စိတ်တွေက
ရင်ဘတ်ထဲ များပြားလွန်းလာချိန် စိတ်ထဲထူပူလာပြီး သူတို့ ငိုချင်သလိုလို၊
ရယ်ချင်သလိုလို။ တဖြည်းဖြည်းနဲ့ သူတို့က ကြောက်လန့်လွန်းပါတယ် ဆိုတဲ့
လူအုပ်ကြီးရဲ့ အသံကိုပါ မျှော်လင့်နေသလို ဖြစ်လာတယ်။ လာမယ်၊ မလာဘူး ဆိုတဲ့
လိပ်ခဲတည်းလည်း အခြေအနေကြီးကို စိတ်ကုန် မုန်းတီးလာတာကြောင့် ဖြစ်မယ်။ သူတို့ထဲက အကြီးဆုံးလူက ခြံတံခါးနားသွားပြီး
ပိန်းပိတ်နေတဲ့ အမှောင်ထုထဲကို ကဲ ကြည့်လိုက်၊ သက်ပြင်းချလိုက်နဲ့။ လာမယ်ဆိုလည်း
လာပါတော့လား။ လာမယ့်ဘေးသာ ပြေးတွေ့လိုက်ချင်တယ် လို့လည်း ရေရွတ်နေသေးတယ်။
အဲဒီညဟာ တိတ်ဆိတ်တယ်။
ညှတာမှုကင်းမဲ့တယ်။ ရှည်လျားလွန်းတယ်။ ကြားခဲ့ရတဲ့ သတင်းစကားတွေလို လူအုပ်ကြီး
တကယ်ရောက်မလာပေမယ့် ထိုညက သူတို့စိတ်ထဲမှာ အနာတရအဖြစ်နဲ့ ထင်ကျန်နေခဲ့တယ်။ ပြန်တွေးတိုင်းလည်း
မရိုးနိုင်အောင် ထိတ်လန့်ရတယ်။
မနက်လင်းတော့ အိမ်နားက
အဒေါ်ကြီးက ညက အိပ်မရတဲ့အကြောင်းနဲ့ သူကြောက်ရွံ့နေတဲ့အကြောင်း သူတို့ကို ပြောပြတယ်။
နိုင်ငံပိုင် ရုပ်သံကနေ ဟောပြောသွားတဲ့ ဆရာတော်ရဲ့ လေသံအတိုင်း ဧည့်သည်က
ဧည့်သည်လိုနေရင် ဒီလိုတွေ ဖြစ်လာစရာ မရှိဘူးပေါ့ဟယ် လို့လည်း ပြောသေးတယ်။
သူတို့တွေဟာ “ငါတို့ရဲ့
မွေးရပ်မြေပေါ်မှာ ငါတို့က ဧည့်သည်ပဲ” ဆိုတဲ့အသိနဲ့ သိမ်ငယ်လာတယ်။ ငါတို့က
ညှာတာခြင်းမခံရဘူးလို့ သဘောပေါက်လာတယ်။ ငါတို့အသက်တွေကို သူတို့
တန်ဖိုးမထားနိုင်ကြဘူး လို့ နားလည်လာတယ်။ ဘယ်လောက်တောင် ခံရခက်တဲ့ နာကျင်မှုလဲ။
အမှန်တော့ အဲဒီလို
မဟုတ်ဘူး။ အသက်တွေ တန်ဖိုးအထားမခံရတာက လူမျိုးရေးကြောင့်မဟုတ်ဘူး၊ ဘာသာရေးကြောင့်လည်းမဟုတ်ဘူး။
အဖွဲ့အစည်းတစ်ခုရဲ့ အာဏာတည်မြဲလိုမှုကြောင့်ပဲ ဆိုတာ ၂၀၂၁
အာဏာသိမ်းပွဲပြီးတဲ့နောက်ပိုင်း ပိုပိုပြီး နားလည်လာတယ်။ မှောင်မိုက်လွန်းတဲ့ညမှာ
လျှပ်ပျက်လိုက်သလို ထင်ထင်သာသာ ရှိလာတယ်။
အဲဒီအဖွဲ့အစည်းဟာ လူတွေကို
ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုး ဖြစ်ရတာဟာ အရာအားလုံးထက် ပိုမြင့်မြတ်တယ်လို့ နှစ်ပေါင်းများစွာ
ဂျင်းသိပ်ထားနိုင်ခဲ့တယ်။ ဘာသာခြားတွေဟာ ဗုဒ္ဓမြတ်စွာဘုရားကို ဗုဒ္ဓဘာသာတွေရဲ့
ရင်ဘတ်ထဲကနေ ဆွဲထုတ်ဖျက်ဆီးပစ်နိုင်လိမ့်မယ်လို့ ယုံကြည်လာအောင် အကြောက်တရား
ထည့်ပေးနိုင်ခဲ့တယ်။ လူမျိုးခြား၊ ဘာသာခြားတွေကို တဆင့်နိမ့်အမြင်နဲ့ ထင်မြင်လာအောင်၊
သူတို့ကို ထိခိုက်အောင်လုပ်ရင် ဘာအပြစ်မှ မရှိသလိုထင်အောင် ဆွယ်တရားဟောနိုင်ခဲ့တယ်။
အဖွဲ့အစည်းအပေါ် စူးစိုက်လာမယ့် လူတွေရဲ့အာရုံကို တခြားနေရာရောက်အောက် အမြဲလွှဲထားနိုင်ခဲ့တယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့
အဲဒီအဖွဲ့အစည်းရဲ့ မျက်နှာဖုံးက အလိုလို ကွာကျလာတယ်။ အဲဒီအဖွဲ့အစည်းက ဗလီတွေကိုတင်
မဟုတ် ဘုန်းကြီးကျောင်းနဲ့ စေတီတွေကိုပါ ဖျက်ဆီး မီးရှို့ပစ်တယ်။ မော်လဝီနဲ့
သင်းအုပ်ဆရာတွေတင်မဟုတ် ဘုန်းကြီးတွေပါ ဆဲဆို ပစ်သတ်ခံကြရတယ်။ တိုင်းရင်းသားနဲ့ ဘာသာခြားတွေတင်မဟုတ်
ဗမာလူမျိုးစစ်စစ်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်းပါ ကြေမွနေအောင် ဖျက်ဆီးခံရတယ်။
ထိုအဖွဲ့အစည်းကြောင့်
လူဘယ်နှဦးလောက်များ သူတို့ကြုံဖူးခဲ့တဲ့ ညတွေလို ကြုံခဲ့ရသေးပါလိမ့်။ စိတ်
မလုံခြုံရတဲ့ ကူကယ်ရာမဲ့ ညမျိုး။ အသက်ဝလင်အောင် မရှူနိုင်တဲ့ ညမျိုး။ ညဘက်မှာ
စိတ်လုံလုံ ခြုံခြုံနဲ့ မအိပ်စက်နိုင်တဲ့ဘဝတွေကို ဘယ်လိုကြောင့် ကောင်းတယ်လို့
သတ်မှတ်လို့ ရနိုင်ဦးမှာလဲ။
ဒီလိုညတွေ ထပ်မကြုံရဖို့ဆိုရင်တော့
သေချာတာက သူတို့တွေ စည်းလုံးဖို့နဲ့ မဆုတ်မနစ် တော်လှန်နေဖို့ လိုမယ်။ သူတို့တွေ
ဘာပဲကြုံခဲ့ရပါစေ သူတို့မျိုးဆက်တွေအတွက် သွေး မအေးလိုက်ဖို့ လိုတယ်။
အရေးကြီးတာက ကလေးတွေ အသက်ကို
လွတ်လွတ်လပ်လပ်နဲ့ ဝဝလင်လင် ရှူနိုင်ကြရမယ်။
Zawgy
လူအုပ္ႀကီး ေရာက္လာမယ္ ဆိုတဲ့သတင္းက ဘယ္ကေန စ လာမွန္း ဘယ္သူမွမသိၾကဘူး။ ေနဝင္ဖ်ိဳးဖ်အခ်ိန္ကတည္းက ပါးစပ္သတင္းလို ဟိုတစ္စ ဒီတစ္စ ပ်ံ႕ႏွံ႔ရင္း အေမွာင္ထုနဲ႔အတူ တျဖည္းျဖည္း အတည္သတင္းျဖစ္လာေနတယ္။ သတင္းကို တခ်ိဳ႕က အားရသလိုမ်ိဳး၊ တခ်ိဳ႕က စိတ္ရႈပ္သလိုမ်ိဳး၊ တခ်ိဳ႕က မေရရာသလိုမ်ိဳး အစုံအလင္ ခံစားခ်က္ေတြနဲ႔ ေျပာေနၾကတယ္။ တကယ္ေရာက္လာမယ္ဆိုရင္ မေၾကာက္ဘူး ဆိုတဲ့လူေတာ့ ရွိၾကမယ္မထင္။ ဘယ္သူမဆို အနည္းနဲ႔အမ်ား အထိနာၾကမွာပဲ ေသခ်ာေပါက္ပဲ။
“ဒီညက ေပ်ာ္ဘြယ္ၿမိဳ႕ရဲ႕ အလွည့္ပဲ။ ဒီၿမိဳ႕မွာရွိတဲ့ ဗလီေတြနဲ႔ ကုလားအိမ္ေတြ ဒီည အဖ်က္ခံရလိမ့္မယ္။ လူအုပ္ႀကီးက အခု ယင္းေတာ္အထိ ေရာက္ေနၿပီ”
သတင္းစကားက သူတို႔ နားထဲ အခါခါ အထပ္ထပ္ ပဲ့တင္သံထပ္ေနတာကလြဲရင္ ညက တိတ္ဆိတ္လြန္းေနတယ္။ အေမွာင္ထု ထူထဲလာတာနဲ႔အမွ် တိတ္ဆိတ္ျခင္းကလည္း အားအင္ႀကီးမားလာတယ္။ ေလတိုးသံ ခပ္သဲ့သဲ့၊ ဒါမွမဟုတ္ အိမ္ေျမႇာင္စုတ္ထိုးသံကိုေတာင္ ၾကားမေနရတဲ့ညက ရွိၿပီးသား ထိတ္လန္႔ျခင္းေတြကို ပိုပိုၿပီး အေရာင္တင္ေပးသလိုပဲ။ အခုအခ်ိန္မွာ အသံတစ္ခုခုသာ ၾကားေနရမယ္ဆိုရင္ သတင္းစကားသံကို ျပန္ၾကားေယာင္ရင္း ျဖစ္လာေနတဲ့ ေၾကာက္႐ြံျခင္းေတြ သက္သာရာရမလား ေတြးမိေပမယ့္ လူတစ္စုရဲ႕ ညာသံေပး စူးစူးဝါးဝါးေအာ္ဟစ္သံ ျဖစ္ေနမွာကိုေတာ့ သူတို႔ တကယ္ ေၾကာက္ၾကတယ္။
ၿခံတံခါးကို သူတို႔ ေသခ်ာစြာ ေသာ့ အထပ္ထပ္ ခတ္ထားတယ္။ တကယ္လို႔ လူအုပ္ႀကီးက ၿခံဝန္းထဲထိ ဝင္မလာပဲ အျပင္ကေန မီးတုတ္နဲ႔သာ ပစ္သြားခဲ့ရင္ ဒီလို ေသာ့ခတ္ထားတာက ပိုဆိုးေနမွာလား ဆိုတာ သူတို႔ ေတြးမရ ျဖစ္ခဲ့ရေသးတယ္။ လိုက္သတ္လို႔ ေျပးလႊားပုန္းေရွာင္ရတာနဲ႔၊ မီးနဲ႔အတူ ေလာင္ကြၽမ္းရတာ ထဲမွာ ဘယ္ဟာက လြတ္ေျမာက္ႏိုင္ေျခ ပိုရွိမလဲ သူတို႔ မသိ။
ဘယ္လိုျဖစ္ျဖစ္ ငါတို႔အတြက္ မလုံၿခဳံဘူး၊ တကယ္ျဖစ္ရင္ ေသမွာပဲ လို႔ သူတို႔ထဲက အႀကီးဆုံးလူကသာ ပိတ္မေျပာခဲ့ရင္ သူတို႔ဟာ ျဖစ္တန္ေျခအမ်ိဳးမ်ိဳးကို တြက္ခ်ေနလိမ့္ဦးမယ္၊ လုံၿခဳံမယ္ထင္တဲ့ အစီအစဥ္ေတြကို ထပ္ေ႐ြးခ်ယ္ေနလိမ့္ဦးမယ္။ ထိုလူႀကီး မိန္းမကေတာ့ သူ႔စကားကို ေစာဒက တက္လိုဟန္ရွိေပမယ့္ ရွင္ကလည္း ဆိုတာေလာက္နဲ႔တင္ ဘာမွ ဆက္မေျပာေတာ့ဘူး။ အလႅာ့အလိုေတာ္အရေပါ့ေလ လို႔ ထပ္ေျပာၿပီး သားသမီးေတြကို က်စ္က်စ္ပါေအာင္ ဖက္ထားတယ္။ ဘာမွေၾကာက္စရာမလိုဘူး၊ အမားရွိတယ္ လို႔လည္း ငိုသံပါႀကီးနဲ႔ ေျပာတယ္။ အလႅာ့အလိုေတာ္က မခ်ိမဆန္႔ ေသဆုံးျခင္းမဟုတ္ဖို႔ သူတို႔ ေတာင္းဆုျပဳၾကတယ္။
ဟိုဘက္ေန႔က မိတၳီလာအေရးအခင္း video file တစ္ခု သူတို႔ ၾကည့္လိုက္ရေသးတယ္။ File က CD ေခြ အျဖစ္နဲ႔ သူတို႔ေတြၾကားထဲ လက္သိပ္ထိုး ပ်ံ႕ႏွံ႔လာတယ္။ လူေတြဟာ လူသားအခ်င္းခ်င္း အညႇိဳးတႀကီး ႐ိုက္ႏွက္သတ္ျဖတ္ေနၾကတယ္။ ဗလီေက်ာင္းေတာ္ေတြကို ဖ်က္ဆီးေနၾကတယ္။ ဓါးေတြ၊ တုတ္ေတြ၊ မီးတုတ္ေတြနဲ႔ ေဒါသတႀကီးျဖစ္ေနတဲ့ လူေတြကိုၾကည့္ရင္း ဒါ ႐ုပ္ရွင္မဟုတ္ဘူးဆိုတဲ့အသိက သူတို႔ ေက်ာ႐ိုးမႀကီးအထိ ထိတ္လန္႔ျခင္းေတြ စိမ့္တက္လာတယ္။ ငါတို႔ကို သူတို႔ အဲေလာက္အထိ မုန္းတီးေနတာပဲလို႔ နာနာက်င္က်င္ နားလည္လာတယ္။ ကေလးေတြ မၾကည့္နဲ႔လို႔ ေအာ္ဟစ္ရင္း သူတို႔ကိုယ္တိုင္လည္း မ်က္လုံးေတြကို ေစ့ပိတ္ထားၾကရတယ္။ ဘယ္လိုမွ မၾကည့္ရက္ဘူး၊ မၾကည့္ႏိုင္ဘူး။
လုံၿခဳံေရးအဖြဲ႕ေတြက အေရးအခင္းက သူတို႔နဲ႔ မဆိုင္သလိုပဲ။ ထိခိုက္ေသဆုံးေနတဲ့လူေတြထက္ ထိခိုက္ေအာင္ လုပ္ေနသူေတြကို ပို အကြယ္အကာေပးသလို ရွိေနၾကတယ္။ အဲဒီျမင္ကြင္းေလာက္ အံ့ဩစရာနဲ႔ နာက်င္စရာေကာင္းတာ ဘာရွိႏိုင္ဦးမွာလဲ။ သူတို႔ ဘယ္သူ႔ကို အားကိုးရမွာလဲ။
ၾကည့္ခဲ့ရတဲ့ အျဖစ္အပ်က္လိုမ်ိဳး ငါတို႔ေတြ ဒီညႀကဳံရေတာ့မွာလား။
ျဖစ္ေပၚလာတဲ့ စိတ္နာက်င္မႈနဲ႔ စိတ္မလုံၿခဳံမႈက ဒီညမွာ သူတို႔ကို အဆုံးစြန္အထိ ေၾကာက္႐ြံ႕တုန္လႈပ္ေစတယ္။ ေၾကာက္႐ြံ႕စိတ္ေၾကာင့္ တာေတလန္ေအာင္ဆိုးတဲ့ သူတို႔ရဲ႕ အငယ္ဆုံးကေလးေတာင္ ဘာသံမွထြက္မလာဘူး။ ဂ်ီမက်ႏိုင္ဘူး။ သူ႔အေမရင္ခြင္ထဲ အတင္းတိုးဝင္ရင္း ဆိတ္ဆိတ္ၿငိမ္ၿငိမ္ ရွိတယ္။
အိမ္နီးနားခ်င္းတခ်ိဳ႕နဲ႔ အိမ္နားက ဘုန္းႀကီးေက်ာင္းက ဆရာေတာ္က တစ္ခုခုဆို သူတို႔ဆီ ေျပးခဲ့ဖို႔ ေျပာထားတယ္။ ဒါေပမယ့္ ေၾကာက္စိတ္က ပိုႀကီးမားေနေတာ့ သူတို႔စကားေတြကို ဘယ္လိုမွ ယုံၾကည္မေပးႏိုင္။ လူအုပ္ႀကီး ေရာက္လာရင္ အလြယ္တကူ သတ္ျဖတ္လို႔ရေအာင္ သူတို႔ကို စုေပးထားတာလည္း ျဖစ္ႏိုင္တယ္ေလ။ သံသယစိတ္က ဟိုးအရင္ကတည္းက ခင္ရာေဆြမ်ိဳးလို႔ ရွိေနခဲ့တဲ့ သူတို႔ရဲ႕ စည္းလုံးမႈကို ဖ်က္ဆီးပစ္ေနသလိုပဲ။ (အဲဒါ ကာကြယ္ေပးလိုစိတ္အျပည့္နဲ႔ ေျပာတာမွန္း ေနာင္ ျပန္ဆန္းစစ္မိခ်ိန္မွာ သေဘာေပါက္ၿပီး သူတို႔ အားတုံ႔အားနာနဲ႔ ေက်းဇူးတင္မိပါတယ္။)
ေသမွာကို မေၾကာက္တဲ့လူ ဘယ္သူရွိမွာလဲ။ အထူးသျဖင့္ မခ်ိမဆန္႔ ေသရမွာမ်ိဳး၊ ကိုယ့္မ်က္စိေရွ႕မွာတင္ ကိုယ္ ခ်စ္ရတဲ့သူေတြ ေသဆုံးကုန္မွာမ်ိဳးကိုေပါ့။ တစ္သက္လုံးရွာထားခဲ့ရတဲ့ အဖိုးတန္ပစၥည္းတခ်ိဳ႕နဲ႔ အေရးႀကီး စာ႐ြက္စာတမ္းေတြ စုထည့္ထားတဲ့ အိတ္ကို ကိုင္ရင္း သူတို႔ေတြ နည္းနည္းေလးေတာင္ မငိုက္မ်ဥ္းႏိုင္ၾကဘူး။ ခဏေလာက္ ေက်ာခင္းဖို႔ေတာင္ မစဥ္းစားႏိုင္ၾကဘူး။
ေၾကာက္စိတ္ေတြက ရင္ဘတ္ထဲ မ်ားျပားလြန္းလာခ်ိန္ စိတ္ထဲထူပူလာၿပီး သူတို႔ ငိုခ်င္သလိုလို၊ ရယ္ခ်င္သလိုလို။ တျဖည္းျဖည္းနဲ႔ သူတို႔က ေၾကာက္လန္႔လြန္းပါတယ္ ဆိုတဲ့ လူအုပ္ႀကီးရဲ႕ အသံကိုပါ ေမွ်ာ္လင့္ေနသလို ျဖစ္လာတယ္။ လာမယ္၊ မလာဘူး ဆိုတဲ့ လိပ္ခဲတည္းလည္း အေျခအေနႀကီးကို စိတ္ကုန္ မုန္းတီးလာတာေၾကာင့္ ျဖစ္မယ္။ သူတို႔ထဲက အႀကီးဆုံးလူက ၿခံတံခါးနားသြားၿပီး ပိန္းပိတ္ေနတဲ့ အေမွာင္ထုထဲကို ကဲ ၾကည့္လိုက္၊ သက္ျပင္းခ်လိုက္နဲ႔။ လာမယ္ဆိုလည္း လာပါေတာ့လား။ လာမယ့္ေဘးသာ ေျပးေတြ႕လိုက္ခ်င္တယ္ လို႔လည္း ေရ႐ြတ္ေနေသးတယ္။
အဲဒီညဟာ တိတ္ဆိတ္တယ္။ ညႇတာမႈကင္းမဲ့တယ္။ ရွည္လ်ားလြန္းတယ္။ ၾကားခဲ့ရတဲ့ သတင္းစကားေတြလို လူအုပ္ႀကီး တကယ္ေရာက္မလာေပမယ့္ ထိုညက သူတို႔စိတ္ထဲမွာ အနာတရအျဖစ္နဲ႔ ထင္က်န္ေနခဲ့တယ္။ ျပန္ေတြးတိုင္းလည္း မ႐ိုးႏိုင္ေအာင္ ထိတ္လန္႔ရတယ္။
မနက္လင္းေတာ့ အိမ္နားက အေဒၚႀကီးက ညက အိပ္မရတဲ့အေၾကာင္းနဲ႔ သူေၾကာက္႐ြံ႕ေနတဲ့အေၾကာင္း သူတို႔ကို ေျပာျပတယ္။ ႏိုင္ငံပိုင္ ႐ုပ္သံကေန ေဟာေျပာသြားတဲ့ ဆရာေတာ္ရဲ႕ ေလသံအတိုင္း ဧည့္သည္က ဧည့္သည္လိုေနရင္ ဒီလိုေတြ ျဖစ္လာစရာ မရွိဘူးေပါ့ဟယ္ လို႔လည္း ေျပာေသးတယ္။
သူတို႔ေတြဟာ “ငါတို႔ရဲ႕ ေမြးရပ္ေျမေပၚမွာ ငါတို႔က ဧည့္သည္ပဲ” ဆိုတဲ့အသိနဲ႔ သိမ္ငယ္လာတယ္။ ငါတို႔က ညႇာတာျခင္းမခံရဘူးလို႔ သေဘာေပါက္လာတယ္။ ငါတို႔အသက္ေတြကို သူတို႔ တန္ဖိုးမထားႏိုင္ၾကဘူး လို႔ နားလည္လာတယ္။ ဘယ္ေလာက္ေတာင္ ခံရခက္တဲ့ နာက်င္မႈလဲ။
အမွန္ေတာ့ အဲဒီလို မဟုတ္ဘူး။ အသက္ေတြ တန္ဖိုးအထားမခံရတာက လူမ်ိဳးေရးေၾကာင့္မဟုတ္ဘူး၊ ဘာသာေရးေၾကာင့္လည္းမဟုတ္ဘူး။ အဖြဲ႕အစည္းတစ္ခုရဲ႕ အာဏာတည္ၿမဲလိုမႈေၾကာင့္ပဲ ဆိုတာ ၂၀၂၁ အာဏာသိမ္းပြဲၿပီးတဲ့ေနာက္ပိုင္း ပိုပိုၿပီး နားလည္လာတယ္။ ေမွာင္မိုက္လြန္းတဲ့ညမွာ လွ်ပ္ပ်က္လိုက္သလို ထင္ထင္သာသာ ရွိလာတယ္။
အဲဒီအဖြဲ႕အစည္းဟာ လူေတြကို ဗုဒၶဘာသာနဲ႔ ျမန္မာလူမ်ိဳး ျဖစ္ရတာဟာ အရာအားလုံးထက္ ပိုျမင့္ျမတ္တယ္လို႔ ႏွစ္ေပါင္းမ်ားစြာ ဂ်င္းသိပ္ထားႏိုင္ခဲ့တယ္။ ဘာသာျခားေတြဟာ ဗုဒၶျမတ္စြာဘုရားကို ဗုဒၶဘာသာေတြရဲ႕ ရင္ဘတ္ထဲကေန ဆြဲထုတ္ဖ်က္ဆီးပစ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္လာေအာင္ အေၾကာက္တရား ထည့္ေပးႏိုင္ခဲ့တယ္။ လူမ်ိဳးျခား၊ ဘာသာျခားေတြကို တဆင့္နိမ့္အျမင္နဲ႔ ထင္ျမင္လာေအာင္၊ သူတို႔ကို ထိခိုက္ေအာင္လုပ္ရင္ ဘာအျပစ္မွ မရွိသလိုထင္ေအာင္ ဆြယ္တရားေဟာႏိုင္ခဲ့တယ္။ အဖြဲ႕အစည္းအေပၚ စူးစိုက္လာမယ့္ လူေတြရဲ႕အာ႐ုံကို တျခားေနရာေရာက္ေအာက္ အၿမဲလႊဲထားႏိုင္ခဲ့တယ္။
အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ အဲဒီအဖြဲ႕အစည္းရဲ႕ မ်က္ႏွာဖုံးက အလိုလို ကြာက်လာတယ္။ အဲဒီအဖြဲ႕အစည္းက ဗလီေတြကိုတင္ မဟုတ္ ဘုန္းႀကီးေက်ာင္းနဲ႔ ေစတီေတြကိုပါ ဖ်က္ဆီး မီးရႈိ႕ပစ္တယ္။ ေမာ္လဝီနဲ႔ သင္းအုပ္ဆရာေတြတင္မဟုတ္ ဘုန္းႀကီးေတြပါ ဆဲဆို ပစ္သတ္ခံၾကရတယ္။ တိုင္းရင္းသားနဲ႔ ဘာသာျခားေတြတင္မဟုတ္ ဗမာလူမ်ိဳးစစ္စစ္ေတြ ေနထိုင္တဲ့ စစ္ကိုင္းတိုင္းပါ ေၾကမြေနေအာင္ ဖ်က္ဆီးခံရတယ္။
ထိုအဖြဲ႕အစည္းေၾကာင့္ လူဘယ္ႏွဦးေလာက္မ်ား သူတို႔ႀကဳံဖူးခဲ့တဲ့ ညေတြလို ႀကဳံခဲ့ရေသးပါလိမ့္။ စိတ္ မလုံၿခဳံရတဲ့ ကူကယ္ရာမဲ့ ညမ်ိဳး။ အသက္ဝလင္ေအာင္ မရႉႏိုင္တဲ့ ညမ်ိဳး။ ညဘက္မွာ စိတ္လုံလုံ ၿခဳံၿခဳံနဲ႔ မအိပ္စက္ႏိုင္တဲ့ဘဝေတြကို ဘယ္လိုေၾကာင့္ ေကာင္းတယ္လို႔ သတ္မွတ္လို႔ ရႏိုင္ဦးမွာလဲ။
ဒီလိုညေတြ ထပ္မႀကဳံရဖို႔ဆိုရင္ေတာ့ ေသခ်ာတာက သူတို႔ေတြ စည္းလုံးဖို႔နဲ႔ မဆုတ္မနစ္ ေတာ္လွန္ေနဖို႔ လိုမယ္။ သူတို႔ေတြ ဘာပဲႀကဳံခဲ့ရပါေစ သူတို႔မ်ိဳးဆက္ေတြအတြက္ ေသြး မေအးလိုက္ဖို႔ လိုတယ္။
အေရးႀကီးတာက ကေလးေတြ အသက္ကို လြတ္လြတ္လပ္လပ္နဲ႔ ဝဝလင္လင္ ရႉႏိုင္ၾကရမယ္။
Done 🍀
ReplyDeleteအရေးကြီးတာက ကလေးတွေ အသက်ကို လွတ်လွတ်လပ်လပ်နဲ့ ဝဝလင်လင် ရှူနိုင်ကြရမယ်။
Deleteဒီလိုညတွေ ထပ်မကြုံရဖို့ဆိုရင်တော့ သေချာတာက သူတို့တွေ စည်းလုံးဖို့နဲ့ မဆုတ်မနစ် တော်လှန်နေဖို့ လိုမယ်။ သူတို့တွေ ဘာပဲကြုံခဲ့ရပါစေ သူတို့မျိုးဆက်တွေအတွက် သွေး မအေးလိုက်ဖို့ လိုတယ်။
Deleteအဲဒီအဖွဲ့အစည်းရဲ့ မျက်နှာဖုံးက အလိုလို ကွာကျလာတယ်။
ReplyDeleteနှစ်ပေါင်းများစွာ လူတွေအပေါ် ဂုတ်သွေးစုပ် ယုတ်မာပက်စက်ခဲ့တဲ့ အဲ့ဒီအဖွဲ့အစည်းကို အဆုံးထိတော်လှန်ဖို့လိုတယ်။
ReplyDeleteဘာပဲကြုံရပါစေသူတို့မိျုးဆက်လေးတွေအတွက် သွေးမအေးလိုက်ဖို့ပဲလိုတယ် 👍✊
ReplyDeleteDone 💪
ReplyDeleteအဲဒီအဖွဲ့အစည်းရဲ့ မျက်နှာဖုံးက အလိုလို ကွာကျလာတယ်
ReplyDeleteတကယ်တမ်း သူတို့ကိုးကွယ်တာက အာဏာ
"ဒီလိုညတွေ ထပ်မကြုံရဖို့ဆိုရင်တော့ သေချာတာက သူတို့တွေ စည်းလုံးဖို့နဲ့ မဆုတ်မနစ် တော်လှန်နေဖို့ လိုမယ်။"
Deletedone
ReplyDelete