Dark forest
Unicode
ဘာလို့ ဒီကျက်သရေမရှိတဲ့စကားလုံးကို လူတွေ အရသာတွေ့နေတာလဲ။ နားသယ်စပ်က ဆံပင်တွေကို ဆွဲဆုပ်ကိုင်ရင်း ဆူဇီတစ်ယောက် တော်ကြပါတော့လို့ ပြောလိုက်တယ်။ ဆူဇီ့နားထဲမှာ စကားလုံးတွေကို သိမ်းထားတဲ့သေတ္တာတစ်ခုရှိမယ်ဆို အဲ့ဒီသေတ္တာထဲမှာ ‘’အိမ်မှာပဲနေ’’ တွေနဲ့ပဲပြည့်နေလိမ့်မယ်။
၂၀၁၁ခုနှစ်၊ အရှေ့ပိုင်းကာလတွေဟာ ဆူဇီမဖတ်ချင်ဆုံးပုံပြင်စာအုပ်။ အဲ့ခုနှစ်တွေကို ပြန်သွားလိုက်မိရင် သူမ ကြာကြာမနေနိုင်ဘူး။ ရမ္မက်မီးစာအုပ်ကို စာမျက်နှာနည်းနည်းထက်ပိုပြီး ဆက်မဖတ်နိုင်သလိုမျိုး။ တော်ရုံစိတ်အခြေနေနဲ့ ကာဖ်ကာရဲ့၀တ္ထုတွေကို မဖတ်ရဲသလိုမျိုး။ ၂၀၁၁ မတိုင်ခင်နှစ်တွေက မိနစ်တိုင်းဟာ ဆူဇီအကြာကြီး ပြန်မစဉ်းစားရဲတဲ့ တောအုပ်ကြီးပေါ့။
အစိမ်းရင့်ရောင်ဝါးပင်တွေ ပြည့်နေတဲ့တောအုပ်ကြီးဖြစ်ပြီးတော့ ဝါးရုံတွေဟာ လှိုဏ်ဂူတွေလိုဖြစ်နေတယ်။ နေပျောက်ထိုးလို့မရအောင်ပိတ်ပိန်းစွတ်စိုနေပြီး အထက်ကောင်းကင်ဟာ တိမ်စိုင်ပိုက်ကွန်တွေနဲ့ ဝါးရုံကိုအုပ်ထားတယ်။အမြဲစွတ်စိုနေပြီး မီးခိုးရောင်မြူတွေကရစ်ပတ်ထားသေးတယ်။ တဖြည်းဖြည်းဆူဇီအသက်ရှူရ ခက်လာတယ်။ ဒီတောထဲကြာကြာပြန်မသွားနိုင်ခဲ့လို့ အမြဲတမ်းရှောင်တိမ်းနေခဲ့တာ။
ဘာတဲ့ ... စတေးဟုမ်း ဟုတ်လား။
ကားသံကြားတာနဲ့ မူးယစ်လာသလိုမျိုး "အိမ်မှာနေပါ" ဆိုတဲ့အသံကြားတာနဲ့ နုန်းချိလာပြန်ရော။
တုတ်ကောက်ခဲ့လိုက်။အသံက တောအုပ်ထဲကအသံပဲ။ခြေသလုံးသေးသေးလေးပေါ် အရှိန်ဟုန်နဲ့ကျလာတဲ့ ဝါးခြမ်းပြားရဲ့ အသံကိုနားထောင်ရင်း နာကျင်မှုနဲ့ ရောပြီး တစ်ချက် ဟက်ခနဲရယ်လိုက်တယ်။
အသက်၂၀ကျော်မှ၊ မဟုတ်သေးဘူး၊ အဲ့အရင် ၂၀၁၁ကုန်ပြီးထဲက ဆူဇီ ရယ်တတ်လာတာ။ သူပျော်နေလို့လား၊၀မ်းနည်းနေလား ဘေးလူတွေ မသိနိုင်ဘူး။ ဘယ်လောက်ဆိုးရွားတဲ့ကိစ္စဖြစ်ဖြစ် သူမရယ်ချင်ရယ်တာပဲ။
ခုလည်းဝါးခြမ်းပြားနဲ့ခြေသလုံးထိတဲ့အသံကို ပြန်ကြားယောင်ပြီး သူမရယ်နေတယ်။ အားလုံးက တောအုပ်ထဲကကိစ္စတွေပဲ။ အိမ်မှာနေဆိုတဲ့စကားလုံးကို ပုန်ကန်ရင်း ထွက်ခဲ့တဲ့အသံတွေ။ အသံသွင်းထားပြီးရေတွက်မယ်ဆိုရင် တစ်ချက်နှစ်ချက်ကစလို့ အကြိမ်ပေါင်းတစ်သိန်းလောက်ရှိမလား။ပိုသွားပြီထင်တယ်။လိုတာလည်းဖြစ်နိုင်တာပဲ။ ဆူဇီအနေနဲ့မမှတ်မိနိုင်တဲ့ ကာလတွေအားလုံးမှာ အချက်ရေ ဘယ်လောက်ရှိခဲ့လဲ ဘယ်သူမှ မသိနိုင်ဘူး။
ဆူဇီ့ခြေသလုံးလေးတွေ နေရာမှာ ကျောက်သားတွေအစားထိုးထားမယ်ဆိုရင်တောင် အားလုံးအမှုန့်ဖြစ်သွားနိုင်တယ်လို့ သူမတွေးမိတယ်။ ဒီလိုဆိုတော့လည်း ငါ့ခြေသလုံးတွေက ဘုရားသခင်ဖန်ဆင်းထားတဲ့ ပျော့ပျောင်းပြီးခံနိုင်ရည်အရှိဆုံး အထူးလက်ဆောင်တွေဖြစ်မယ်လို့ သူမတွေးလိုက်တယ်။ ဝါးခြမ်းပြားတွေကိုလည်း ဘုရားသခင်ပဲဖန်ဆင်းခဲ့တာနေမှာပေါ့။ဒီလိုပါပဲဘယ်သူ့ကိုမှထူးပြီးကျေးဇူးတင်ဖို့မလိုဘူး။ဘုရားသခင်ပဲဖြစ်ဖြစ်၊ ခွေးတစ်ကောင်ပဲဖြစ်ဖြစ်ပေါ့။ အားလုံးက Give and Takeတွေ ချည်းပဲလေ။
ညဘက်မှာ ဆူဇီစာရေးချင်လာတယ်။ ဘာအကြောင်းရေးမလဲရွေးတိုင်းမှာ တောအုပ်ကို အရင်တွေးမိတာပဲ။ အသက်နှစ်ဆယ်ကျော်ကောင်မလေးတစ်ယောက်အနေနဲ့ ရည်းစားထားတဲ့အကြောင်း ရေးရမလား။ အို ...အရေးမပါတာ...ဒါတွေရေးလဲ အပိုပဲ...။ ရေးချင်တဲ့စိတ်လည်းမရှိဘူး။ သူတကယ်ရေးချင်တာက တောအုပ်အကြောင်းပဲ။ တောအုပ်ထဲကနေ အကြောင်းအရာတွေတခုပြီးတခု တစ်ရှူးဘောက်စ်ထဲက တစ်ရှူးစတွေဆွဲနှုတ်သလိုမျိုးယူနိူင်တယ်။ကျွမ်းကျင်ထက်မြက်တဲ့ ခွဲစိတ်ဆရာ၀န်တစ်ယောက် လူ့ခန္ဓာကိုအသေးစိတ် ခွဲစိတ်ပြသလိုမျိုး တောအုပ်ထဲက စိတ်အခြေနေကို သူမ ခွဲစိတ်ပြနိုင်တယ်။ဒါပေမယ့် သူမ မကြိုးစားဘူး။တိတိကျကျဆို မကြိုးစားရဲတာ။
ဒီညတော့ဆူဇီ သူ့ကိုယ်သူအထင်ကြီးလောက်တဲ့ စာမျိုးရေးချင်နေတယ် ။ လုံး၀အမိုက်စားစာမူမျိုးပေါ့။ အကြိမ်ကြိမ် စာစရေးဖို့သူမတွေးတောပြီး သူမဘာသာမေးခွန်းတွေထုတ်နေမိတယ် ။
"ငါဘာရေးမှာလဲ...
ဘယ်သူ့အကြောင်းလဲ...
ဘယ်သူ့အကြောင်းကိုမှ ငါကောင်းကောင်းမသိဘူး ...
ငါ့အကြောင်းပဲငါသိတာမလား...
ငါ့အကြောင်းတောင်ငါသေချာ မသိဘူးပဲ...
အို...ဘာဖြစ်ဖြစ် ငါသွားကြည့်မယ်။ တောအုပ်ထဲကနေ့တစ်နေ့ကို ငါပြန်သွားကြည့်မယ်။ ငါလုပ်နိုင်မှာပါ။ ငါတောအုပ်ထဲမှာ အသက်ရှူကျပ်တာကို တောင့်ခံထားနိုင်ပါတယ်...။
တဖြည်းဖြည်းမျက်စိမှိတ်ထားပြီး ၂၀၁၁ခုနှစ်မတိုင်ခင်ကာလဆီ သူပြန်သွားတယ်။ ထုံးစံတိုင်းမြူတွေဆိုင်းနေတဲ့ အစိမ်းနက်ရောင် ဝါးရုံတောကြီးထဲ လက်သီးဆုပ်ပြီး စ၀င်လိုက်တော့တယ်။
ရယ်သံလွင်လွင်လေးတွေကို ဆူဇီ စကြားရတယ်။ ကန်သင်းရိုး ခပ်ကျယ်ကျယ်မှာ လမ်းလေးပေါက်နေပြီး၊ အဲ့လမ်းသေးသေးလေးပေါ်မှာ ကောင်လေးတစ်ယောက် စက်ဘီးစီးနေပြီး ဆူဇီက နောက်ကလိုက်တက်လိုက်တယ်။ မနက်ပိုင်း ခရီးတိုလေးတစ်ခု အတူသွားခဲ့ကြပြီး၊ တစ်ယောက်ကိုတစ်ယောက်ဖေးမခဲ့ကြတော့သူတို့ပိုရင်းနှီးလာခဲ့တယ်။ နှစ်ယောက်လုံးလည်းပျော်ခဲ့သလို ညနေခင်းရောက်တော့လည်း အတူစက်ဘီး စီးဖြစ်ကြပြန်တယ်။အဲ့ဒီတုန်းက ဆူဇီ လေးတန်းပဲရှိသေးတာရယ်။ ကောင်လေးက ခုနှစ်တန်း။ သူ့ကို အစ်ကိုကြီးလို သူမချစ်တယ်။
ဆူဇီ့ပတ်၀န်းကျင်မှာ ကောင်လေးက အရိုးသားဆုံးနဲ့ သူမအပေါ်အကြင်နာဆုံးပဲ။ သူမအတွက်အပျော်ဆုံးညနေခင်းတစ်ခုဖြစ်ခဲ့တယ် ။ အဲ့ဒီညမှာ သူမအေးချမ်းစွာ အိပ်ယာ၀င်တယ်။ ဆူဇီ့အတွက် အပျော်ဆုံးနေ့ပါပဲ။မိုးလင်းကနေမိုးချုပ်ထိအိမ်မှာနေဆိုတဲ့ စကားလုံးကိုမကြားခဲ့ရသလို အပြင်လည်းပျော်ပျော်ကြီးထွက်ခဲ့ရသေးပေါ့။ ‘’ကြယ်ကလေးတွေရယ် ဂွတ်နိုက်ပါ’’လို့ပြောရင်း သူမအိပ်မောကျသွားခဲ့တယ် ။
လန်းဆန်းတက်ကြွစွာ နောက်နေ့မနက်ခင်းကို ဆူဇီ နိုးလာခဲ့တယ်။ အချိန်ဟာရွေ့လျားနေပြီး မနက်ခုနှစ်နာရီခွဲလောက်ရောက်တဲ့ချိန်မှာ ဆူဇီရဲ့ဆွေမျိုးနီးစပ်၊ ဆူဇီ့အိမ်မှာအလုပ်လုပ်တဲ့အဘကြီးတစ်ယောက် မနက်စာအိမ်လာစားရင်း ဆူဇီ့ကို မေးတယ်။ သမီး၊ အဘစောင်တွေဘယ်မှာလဲတဲ့။ မနေ့က သမီးတို့ တဲကိုလာတယ်လေတဲ့။
တာလဘက်အမိုးအောက်ကစပါးအိတ်တွေကြားထဲ ကျသွားတာဖြစ်လိမ့်မယ် အဘလို့ ဆူဇီဖြေလိုက်တယ်။ အဲ့ဒီအချိန်မှာ ဆူဇီ့အဖေက၀င်မေးတယ်။ ဘာကိစ္စနဲ့အဲ့ဒီစောင်တွေက အဲ့ထဲကျရတာလဲတဲ့။ တောထဲမှာမိုးသိပ်ရွာပြီး လေသိပ်ထန်တော့ အရမ်းအေးလို့ သမီးတို့ ယူခြုံတာလို့ဆူဇီဖြေတယ်။ ဘယ်သူနဲ့လဲတဲ့။ ဟိုကောင်လေးနဲ့လို့ဖြေတယ်။
ဦးလေးသွားတော့လို့ ဆူဇီ့အဖေက အဘကို ပြန်ခိုင်းလိုက်ပြီး အိမ်တံခါးကို ဆွဲပိတ်ပြီး အပေါ်ကန့်လန့်ထိုးလိုက်တယ် ။ ဆူဇီ့ကို စရိုက်တော့တာပဲ။ တံမြက်စည်းနဲ့၊နောက်ဘာနဲ့လဲ မသိတော့ဘူး။ ဆူဇီရုတ်တရက် တအားနဲ့အရိုက်ခံရတယ်။ ဆူဇီ့ကျောတွေ ခြေသလုံးတွေ။ အို...နောက်ဆုံး ဆူဇီ့ပါးနုနုလေးကို ဖြန်းခနဲတစ်ချက်ရိုက်ခံရတယ်။ သူမဘ၀မှာ ပထမဆုံး ပါးရိုက်ခံရတာပဲ။ ဆူဇီ ဘာမှတွေးမရဘူး။ ဆူဇီ ဘာအမှားလုပ်ထားလို့လဲ။ ဒီကိစ္စက လုံး၀မတူဘူး။ အရင်က အပြစ်လို့သူတို့သတ်မှတ်ထားတာလုပ်ရင် အပြစ်ဆိုတာကြီးကို ပြောပြောပြီးရိုက်တယ်။ အခု ဘာမှာမပြောဘူး။ ကြည့်စမ်း ပါးတောင်ရိုက်ခံလိုက်ရသေးတယ်။ ဘာအကြောင်းနဲ့မှန်းမသိရိုက်ခံနေရမှန်းမသိပေမယ့် ဆူဇီမျက်ရည်စက်လက်နဲ့ ‘’အမလေး... ကြောက်ပါပြီ ပါပါးရယ်... တော်ပါတော့’’လို့ သူမလက်အုပ်ချီပြီးပြောတယ်။မရပါဘူး၊ဆူဇီ့မာမားက ဘာမှ၀င်မပြောဘူး။ ပြောခွင့်မရှိဘူး။ ဆူဇီသူ့မိဘတွေကိုမုန်းတယ်။
အရင်နေ့ကကိစ္စကိုသူပြန်တွေးကြည့်တယ်။ မနေ့က သူ့ကို အိမ်ကနေ တောထဲကအလုပ်သမားဘကြီးဆီ ထမင်းသွားပို့ခိုင်းတယ်။ဆူဇီတို့လယ်တွေဟာ ရွာနဲ့အတော်ဝေးမှာရှိတာ။ မိုးတွင်းကာလ မိုးများတဲ့အချိန် လယ်ထဲသွားရတာ ဆူဇီသိပ်ကြိုက်တယ်။ ဆူဇီနဲ့စက်ဘီးစီးတဲ့ကောင်လေးကလည်း ဆူဇီတို့လယ်နားမှာရှိတဲ့ သူတို့လယ်တွေဆီကို သွားဖို့ရှိတော့ အဖော်ရသွားပြီးတူတူသွားဖြစ်ခဲ့ကြတယ်။
ဆူဇီတို့ လယ်ထဲမှာ တင်းကုတ်ကြီးတစ်လုံးရှိပြီး(တင်းကုတ်ဆိုတာ တဲအကြီးစားပါပဲ) အဲ့အောက်မှာစပါးအိတ်တွေစီထားတယ်။ စပါးအိတ်တွေပေါ်မှာ တင်းကုတ် ထုပ်တန်းပေါ်ကနေ ဆွဲချထားပြီး လူအိပ်လို့ရတဲ့တာလဘက်တဲလေးလုပ်ထားတယ်။ အဘစပါးစောင့်ရင်း အိပ်လို့ရအောင်လုပ်ထားတာ။ ဆူဇီရယ် ကောင်လေးရယ် တင်းကုတ်ထဲမှာ ရောက်တာနဲ့နားကြတယ်။ ဘဘရေ ထမင်းထုပ်ရောက်ပြီလို့ ဆူဇီလှမ်းအော်လိုက်တော့ ‘’အေး...အေး သမီး’’လို့ တင်းကုတ်နဲ့ခပ်ဝေးဝေးက လယ်တစ်ကွက်ထဲလယ်ထွန်နေရင်း အဘကပြန်အော်ပြောတယ်။
ဆူဇီရယ် ကောင်လေးရယ် တင်းကုတ်ကျယ်ကြီးထဲမှာဆော့ကြ။ ထုပ်တန်းတွေပေါ်တက်၊ အမိုးစွန်းက ဝါးလုံးတွေပေါ်ကနေ ဇောက်ထိုးတွဲလွဲခိုချ။ အရူးအမူးပါပဲ။ ယောကျာ်းလျာလေးလိုနေလေ့ရှိတဲ့ဆူဇီတစ်ယောက် အဲ့ဒီ့လိုမျောက်ဆန်ရတာကို သိပ်ပျော်တာပဲ။
မကြာဘူး မိုးတွေမည်းပြီးရွာ၊ လေတွေတအားနဲ့တိုက်ပါရော။ တစစတိုးပြီးအေးလာတော့ ဆူဇီတို့နှစ်ယောက် ခိုက်ခိုက်တုန်အောင်ချမ်းလာတယ်။ အဘကတော့ခပ်ဝေးဝေးမှာ မိုးကာ၀တ်ပြီးထွန်တုန်းပဲ။ နောက်တော့ တင်းကုတ်ကြီးအောက်က စပါးအိတ်တွေပေါ်ထိုးထားတဲ့မိုးကာတဲကလေးထဲ၀င်ဖို့ ကောင်လေးကို ခေါ်လိုက်တယ်။ ကောင်လေးကို စောင်တစ်ထည်ပေးလိုက်ပြီး သူမစောင်တစ်ထည်ယူခြုံတယ်။ ‘’ဒီထဲမှာ လေလုံတယ်၊ ဇိမ်ပဲ၊ အရမ်းနွေးတာပဲ’’ လို့ကောင်လေးကို ဆူဇီပြောလိုက်တယ်။ ‘’ဟုတ်တယ်ဟ၊ ဒါပေမယ့် ထွက်မှထင်တယ်’’လို့ စိုးရိမ်တဲ့မျက်နှာနဲ့ ဆူဇီ့ကိုပြောတယ်။ ဘာလို့လဲဆိုတော့ လူတွေတမျိုးထင်လိမ့်မယ်တဲ့ ။ဆူဇီကောင်လေးပြောတာကို နားမလည်ဘူး။လူတွေကဘာထင်မှာလဲလို့တွေးမိတယ်။ ဘေးနားမှာ လယ်ထွန်နေတဲ့ လယ်သမားတွေက မြင်ရင်လို့ပြောတာဖြစ်မယ်။ ဘာဖြစ်လဲလို့ ဆူဇီပြောလိုက်တော့ ကောင်လေးအတွန့်မတက်တော့ဘူး။
အတော်လေးကြာတော့ အဘရောက်လာပြီး ထမင်းစားသောက်ပြီးတော့ ဆူဇီ့ကို သမီးပြန်တော့လို့ ပြောတယ်။ ဟုတ် ဆိုပြီး ဘေးလယ်မှာအလုပ်စလုပ်နေပြီဖြစ်တဲ့ ကောင်လေးကို ငါပြန်တော့မယ်ဟေ့ ဆိုပြီးအော်ပြီး အိမ်ပြန်ခဲ့လိုက်တယ်။ လမ်းမှာ ကန်သင်းရိုးပေါ်ကချော်ကျပြီး ထမင်းကျန်ဟင်းကျန်တွေမှောက်ကျကုန်တယ်။ ဘေးနားမှာ Comet(ကောမက်) ဆေးအိတ်ခွံကြီးရှိနေတာသတိထားမိတယ်။
အဲ့ဒီ့နေ့ညနေမှာ စာသင်ကျောင်းဘက်ရောက်ဖြစ်တော့ ကောင်လေးစက်ဘီးစီးနေတာ တွေ့လို့ ကောင်လေးနဲ့စက်ဘီးအတူ ပျော်ပျော်ကြီး လိုက်စီးခဲ့ကြတယ်။ ဘာမကောင်းမှုမှလည်းမလုပ်ခဲ့သလို ဘာအပြစ်တင်စရာကိစ္စမှ ကျူးလွန်ခဲ့တာမရှိဘူး။ ဆူဇီအားလုံးကိုပြန်တွေးလိုက်တော့ သူအပြစ်ကင်းတာ သေချာသွားတယ်။ အံကိုတင်းတင်းကြိတ်ထားပြီး မျက်ရည်တွေတသွင်သွင်စီးကျနေတယ်။ သူ့ပါပါးက ထပ်မေးတယ်။ ထမင်းထွက်ကျတယ်မလား၊ အဲ့နားမှာဘာရှိသလဲတဲ့။ ကောမက်အိတ်ခွံရှိတယ် လို့ဖြေလိုက်တယ်။ ဒါနဲ့ဘာဆိုင်လို့လဲ။ ဘာမှ ဆူဇီတွေးမရတော့ဘူး။ နောက်ဆုံး ပွင့်နေတဲ့ပြတင်းပေါက်ကနေခုန်ချပြီး ထွက်ပြေးတယ်။
ပြေးတယ်
ပြေးတယ်
ပြေးစရာမရှိဘူး
ပြေးစရာမရှိဘူး ဆိုတဲ့အတွေးနဲ့ သူမရင်ဘတ်တစ်ခုလုံး နာကျင်စူးအောင့်လို့။
နောက်ဆုံးသူမအဘွားအိမ်ကို ရောက်အောင်ပြေးတော့ ဆူဇီ ဆက်အရိုက်မခံရတော့ဘူး။ အဲ့ဒီ့မှာမေးခွန်းအသစ်တစ်မျိုးကို သယ်ဆောင်လာတဲ့ သူမမာမားရောက်လာပြီး ကျိတ်ပြီး မေးတယ် "နင်တိုအတူလုပ်ခဲ့တာလား"တဲ့။
စောင်တွေထဲမှာ အတူအိပ်ခဲ့တာလား(အဲ့ဒီ့အဓိပ္ပါယ်ကို သူမသူငယ်ချင်းတွေဆီကနေ ပေါက်ကရပြောကြရင်း ကြားဖူးထားလို့ သူမနားလည်တာတောင် မကြာသေးတဲ့စကားလုံး)ကို မေးခံရတဲ့လေးတန်းအရွယ်ကောင်မလေးက ခေါင်းကိုယမ်း လိုက်တယ်။ သမီးတို့ ဘာမှမဖြစ်ခဲ့ဘူး၊ မိုးခိုရုံပဲ လို့ဖြေတယ်။
ဘာကြောင့်ရိုက်တယ်ဆိုတာကို ဆူဇီသိရသွားတယ်။ ဘာလို့ငါ့ကို မေးမြန်းတာတောင် မလုပ်ဘဲ အပြစ်သားလိုချက်ချင်းဆက်ဆံရတာလဲ။ ငါ့မှာ ဒီလိုတန်ပြန်မေးခွန်းတွေတောင် မေးခွင့်မှမရှိတဲ့ဘ၀ပဲလို့ သူမဘာသာတွေးမိပြီး စို့တက်လာတယ်။
ဒီကိစ္စမှာ ဆူဇီ့မာမားမေးတာကို မဟုတ်ဘူး၊ ဘာမှမလုပ်ခဲ့ဘူးချည်း ဆူဇီအကြိမ်ကြိမ်ပြောခဲ့ရတယ်။ အကြိမ်ကြိမ်ပြောခဲ့ရတယ်ဆိုတာ သူ့မာမားက အကြိမ်ကြိမ်စွပ်စွဲတဲ့ပုံစံနဲ့ မေးနေလို့။ ဆူဇီ့နှလုံးသားတစ်ခုလုံး သိပ်နာကျင်လာတယ်။
ကောင်လေးပြောတဲ့အသံကိုသူပြန်ကြားနေရတယ်။ လူတွေတမျိုးထင်နေအုံးမယ်၊ မကောင်းဘူးတဲ့။ ခုတော့ဆူဇီနားလည်လိုက်ပါပြီ။ ကောင်လေးကိုလည်း ပိုတိုးလို့ လေးစားချစ်ခင်သွားတယ်။ သူမရဲ့ဘယ်နေရာကိုမှ ကောင်လေးကမထိမတို့ခဲ့ပေမယ့် ကောင်လေးနဲ့ ဆူဇီဝေးဝေးနေလိုက်ရတယ်။ ကောင်လေးနဲ့မတွေ့ဖြစ်အောင် ရှောင်ခဲ့ရတယ်။
ဆူဇီလက်ပ်တော့ထဲ အဲ့ဒီအကြောင်းရာတွေရေးထည့်နေပြီး တဟားဟားနဲ့ထရယ်လိုက်တယ် ။ရေးထားပြီးသားတွေကိုဆေ့ဗ်လိုက်ပြီး လက်ပ်တော့ပ်ကို ပိတ်လိုက်တယ်။ အ၀တ်စားတွေအားလုံးချွတ်ပြီးရေချိုး သန့်စင်လိုက်တယ်။ တောအုပ်ရဲ့အနံ့သက်တွေဘာတစ်ခုမှ ကျန်မနေအောင်လေ။ တောအုပ်ကို သူမဘယ်လောက်ရွံလိုက်သလဲ။ တောအုပ်ထဲသွားလိုက်မိလို့ သူမစိတ်ဟာ အုံ့မှိုင်းနုန်းခွေလို့နေတယ်။
ဘီယာအေးအေးတစ်ဗူးဖောက်သောက်ပြီး တစ်ချက်တစ်ချက် ထရယ်တယ်။
သူမ တောအုပ်မူးနေတာလေ...။
ဆွန်းမေရီ
Zawgyi
"အိမ္မွာပဲေန" ။၂၀၂၀မွာ လူတိုင္းေျပာေနက် စကားလုံး။ အိမ္မွာပဲေန။ အိမ္မွာပဲေန။ အိမ္မွာပဲေန။
ဘာလို႔ ဒီက်က္သေရမရွိတဲ့စကားလုံးကို လူေတြ အရသာေတြ႕ေနတာလဲ။ နားသယ္စပ္က ဆံပင္ေတြကို ဆြဲဆုပ္ကိုင္ရင္း ဆူဇီတစ္ေယာက္ ေတာ္ၾကပါေတာ့လို႔ ေျပာလိုက္တယ္။ ဆူဇီ့နားထဲမွာ စကားလုံးေတြကို သိမ္းထားတဲ့ေသတၱာတစ္ခုရွိမယ္ဆို အဲ့ဒီေသတၱာထဲမွာ ‘’အိမ္မွာပဲေန’’ ေတြနဲ႔ပဲျပည့္ေနလိမ့္မယ္။
၂၀၁၁ခုႏွစ္၊ အေရွ႕ပိုင္းကာလေတြဟာ ဆူဇီမဖတ္ခ်င္ဆုံးပုံျပင္စာအုပ္။ အဲ့ခုႏွစ္ေတြကို ျပန္သြားလိုက္မိရင္ သူမ ၾကာၾကာမေနႏိုင္ဘူး။ ရမၼက္မီးစာအုပ္ကို စာမ်က္ႏွာနည္းနည္းထက္ပိုၿပီး ဆက္မဖတ္ႏိုင္သလိုမ်ိဳး။ ေတာ္႐ုံစိတ္အေျခေနနဲ႔ ကာဖ္ကာရဲ႕၀တၳဳေတြကို မဖတ္ရဲသလိုမ်ိဳး။ ၂၀၁၁ မတိုင္ခင္ႏွစ္ေတြက မိနစ္တိုင္းဟာ ဆူဇီအၾကာႀကီး ျပန္မစဥ္းစားရဲတဲ့ ေတာအုပ္ႀကီးေပါ့။
အစိမ္းရင့္ေရာင္ဝါးပင္ေတြ ျပည့္ေနတဲ့ေတာအုပ္ႀကီးျဖစ္ၿပီးေတာ့ ဝါး႐ုံေတြဟာ လႈိဏ္ဂူေတြလိုျဖစ္ေနတယ္။ ေနေပ်ာက္ထိုးလို႔မရေအာင္ပိတ္ပိန္းစြတ္စိုေနၿပီး အထက္ေကာင္းကင္ဟာ တိမ္စိုင္ပိုက္ကြန္ေတြနဲ႔ ဝါး႐ုံကိုအုပ္ထားတယ္။အၿမဲစြတ္စိုေနၿပီး မီးခိုးေရာင္ျမဴေတြကရစ္ပတ္ထားေသးတယ္။ တျဖည္းျဖည္းဆူဇီအသက္ရႉရ ခက္လာတယ္။ ဒီေတာထဲၾကာၾကာျပန္မသြားႏိုင္ခဲ့လို႔ အၿမဲတမ္းေရွာင္တိမ္းေနခဲ့တာ။
ဘာတဲ့ ... စေတးဟုမ္း ဟုတ္လား။
ကားသံၾကားတာနဲ႔ မူးယစ္လာသလိုမ်ိဳး "အိမ္မွာေနပါ" ဆိုတဲ့အသံၾကားတာနဲ႔ ႏုန္းခ်ိလာျပန္ေရာ။
တုတ္ေကာက္ခဲ့လိုက္။အသံက ေတာအုပ္ထဲကအသံပဲ။ေျခသလုံးေသးေသးေလးေပၚ အရွိန္ဟုန္နဲ႔က်လာတဲ့ ဝါးျခမ္းျပားရဲ႕ အသံကိုနားေထာင္ရင္း နာက်င္မႈနဲ႔ ေရာၿပီး တစ္ခ်က္ ဟက္ခနဲရယ္လိုက္တယ္။
အသက္၂၀ေက်ာ္မွ၊ မဟုတ္ေသးဘူး၊ အဲ့အရင္ ၂၀၁၁ကုန္ၿပီးထဲက ဆူဇီ ရယ္တတ္လာတာ။ သူေပ်ာ္ေနလို႔လား၊၀မ္းနည္းေနလား ေဘးလူေတြ မသိႏိုင္ဘူး။ ဘယ္ေလာက္ဆိုး႐ြားတဲ့ကိစၥျဖစ္ျဖစ္ သူမရယ္ခ်င္ရယ္တာပဲ။
ခုလည္းဝါးျခမ္းျပားနဲ႔ေျခသလုံးထိတဲ့အသံကို ျပန္ၾကားေယာင္ၿပီး သူမရယ္ေနတယ္။ အားလုံးက ေတာအုပ္ထဲကကိစၥေတြပဲ။ အိမ္မွာေနဆိုတဲ့စကားလုံးကို ပုန္ကန္ရင္း ထြက္ခဲ့တဲ့အသံေတြ။ အသံသြင္းထားၿပီးေရတြက္မယ္ဆိုရင္ တစ္ခ်က္ႏွစ္ခ်က္ကစလို႔ အႀကိမ္ေပါင္းတစ္သိန္းေလာက္ရွိမလား။ပိုသြားၿပီထင္တယ္။လိုတာလည္းျဖစ္ႏိုင္တာပဲ။ ဆူဇီအေနနဲ႔မမွတ္မိႏိုင္တဲ့ ကာလေတြအားလုံးမွာ အခ်က္ေရ ဘယ္ေလာက္ရွိခဲ့လဲ ဘယ္သူမွ မသိႏိုင္ဘူး။
ဆူဇီ့ေျခသလုံးေလးေတြ ေနရာမွာ ေက်ာက္သားေတြအစားထိုးထားမယ္ဆိုရင္ေတာင္ အားလုံးအမႈန႔္ျဖစ္သြားႏိုင္တယ္လို႔ သူမေတြးမိတယ္။ ဒီလိုဆိုေတာ့လည္း ငါ့ေျခသလုံးေတြက ဘုရားသခင္ဖန္ဆင္းထားတဲ့ ေပ်ာ့ေပ်ာင္းၿပီးခံႏိုင္ရည္အရွိဆုံး အထူးလက္ေဆာင္ေတြျဖစ္မယ္လို႔ သူမေတြးလိုက္တယ္။ ဝါးျခမ္းျပားေတြကိုလည္း ဘုရားသခင္ပဲဖန္ဆင္းခဲ့တာေနမွာေပါ့။ဒီလိုပါပဲဘယ္သူ႔ကိုမွထူးၿပီးေက်းဇူးတင္ဖို႔မလိုဘူး။ဘုရားသခင္ပဲျဖစ္ျဖစ္၊ ေခြးတစ္ေကာင္ပဲျဖစ္ျဖစ္ေပါ့။ အားလုံးက Give and Takeေတြ ခ်ည္းပဲေလ။
ညဘက္မွာ ဆူဇီစာေရးခ်င္လာတယ္။ ဘာအေၾကာင္းေရးမလဲေ႐ြးတိုင္းမွာ ေတာအုပ္ကို အရင္ေတြးမိတာပဲ။ အသက္ႏွစ္ဆယ္ေက်ာ္ေကာင္မေလးတစ္ေယာက္အေနနဲ႔ ရည္းစားထားတဲ့အေၾကာင္း ေရးရမလား။ အို ...အေရးမပါတာ...ဒါေတြေရးလဲ အပိုပဲ...။ ေရးခ်င္တဲ့စိတ္လည္းမရွိဘူး။ သူတကယ္ေရးခ်င္တာက ေတာအုပ္အေၾကာင္းပဲ။ ေတာအုပ္ထဲကေန အေၾကာင္းအရာေတြတခုၿပီးတခု တစ္ရႉးေဘာက္စ္ထဲက တစ္ရႉးစေတြဆြဲႏႈတ္သလိုမ်ိဳးယူႏိူင္တယ္။ကြၽမ္းက်င္ထက္ျမက္တဲ့ ခြဲစိတ္ဆရာ၀န္တစ္ေယာက္ လူ႔ခႏၶာကိုအေသးစိတ္ ခြဲစိတ္ျပသလိုမ်ိဳး ေတာအုပ္ထဲက စိတ္အေျခေနကို သူမ ခြဲစိတ္ျပႏိုင္တယ္။ဒါေပမယ့္ သူမ မႀကိဳးစားဘူး။တိတိက်က်ဆို မႀကိဳးစားရဲတာ။
ဒီညေတာ့ဆူဇီ သူ႔ကိုယ္သူအထင္ႀကီးေလာက္တဲ့ စာမ်ိဳးေရးခ်င္ေနတယ္ ။ လုံး၀အမိုက္စားစာမူမ်ိဳးေပါ့။ အႀကိမ္ႀကိမ္ စာစေရးဖို႔သူမေတြးေတာၿပီး သူမဘာသာေမးခြန္းေတြထုတ္ေနမိတယ္ ။
"ငါဘာေရးမွာလဲ...
ဘယ္သူ႔အေၾကာင္းလဲ...
ဘယ္သူ႔အေၾကာင္းကိုမွ ငါေကာင္းေကာင္းမသိဘူး ...
ငါ့အေၾကာင္းပဲငါသိတာမလား...
ငါ့အေၾကာင္းေတာင္ငါေသခ်ာ မသိဘူးပဲ...
အို...ဘာျဖစ္ျဖစ္ ငါသြားၾကည့္မယ္။ ေတာအုပ္ထဲကေန႔တစ္ေန႔ကို ငါျပန္သြားၾကည့္မယ္။ ငါလုပ္ႏိုင္မွာပါ။ ငါေတာအုပ္ထဲမွာ အသက္ရႉက်ပ္တာကို ေတာင့္ခံထားႏိုင္ပါတယ္...။
တျဖည္းျဖည္းမ်က္စိမွိတ္ထားၿပီး ၂၀၁၁ခုႏွစ္မတိုင္ခင္ကာလဆီ သူျပန္သြားတယ္။ ထုံးစံတိုင္းျမဴေတြဆိုင္းေနတဲ့ အစိမ္းနက္ေရာင္ ဝါး႐ုံေတာႀကီးထဲ လက္သီးဆုပ္ၿပီး စ၀င္လိုက္ေတာ့တယ္။
ရယ္သံလြင္လြင္ေလးေတြကို ဆူဇီ စၾကားရတယ္။ ကန္သင္း႐ိုး ခပ္က်ယ္က်ယ္မွာ လမ္းေလးေပါက္ေနၿပီး၊ အဲ့လမ္းေသးေသးေလးေပၚမွာ ေကာင္ေလးတစ္ေယာက္ စက္ဘီးစီးေနၿပီး ဆူဇီက ေနာက္ကလိုက္တက္လိုက္တယ္။ မနက္ပိုင္း ခရီးတိုေလးတစ္ခု အတူသြားခဲ့ၾကၿပီး၊ တစ္ေယာက္ကိုတစ္ေယာက္ေဖးမခဲ့ၾကေတာ့သူတို႔ပိုရင္းႏွီးလာခဲ့တယ္။ ႏွစ္ေယာက္လုံးလည္းေပ်ာ္ခဲ့သလို ညေနခင္းေရာက္ေတာ့လည္း အတူစက္ဘီး စီးျဖစ္ၾကျပန္တယ္။အဲ့ဒီတုန္းက ဆူဇီ ေလးတန္းပဲရွိေသးတာရယ္။ ေကာင္ေလးက ခုႏွစ္တန္း။ သူ႔ကို အစ္ကိုႀကီးလို သူမခ်စ္တယ္။
ဆူဇီ့ပတ္၀န္းက်င္မွာ ေကာင္ေလးက အ႐ိုးသားဆုံးနဲ႔ သူမအေပၚအၾကင္နာဆုံးပဲ။ သူမအတြက္အေပ်ာ္ဆုံးညေနခင္းတစ္ခုျဖစ္ခဲ့တယ္ ။ အဲ့ဒီညမွာ သူမေအးခ်မ္းစြာ အိပ္ယာ၀င္တယ္။ ဆူဇီ့အတြက္ အေပ်ာ္ဆုံးေန႔ပါပဲ။မိုးလင္းကေနမိုးခ်ဳပ္ထိအိမ္မွာေနဆိုတဲ့ စကားလုံးကိုမၾကားခဲ့ရသလို အျပင္လည္းေပ်ာ္ေပ်ာ္ႀကီးထြက္ခဲ့ရေသးေပါ့။ ‘’ၾကယ္ကေလးေတြရယ္ ဂြတ္ႏိုက္ပါ’’လို႔ေျပာရင္း သူမအိပ္ေမာက်သြားခဲ့တယ္ ။
လန္းဆန္းတက္ႂကြစြာ ေနာက္ေန႔မနက္ခင္းကို ဆူဇီ ႏိုးလာခဲ့တယ္။ အခ်ိန္ဟာေ႐ြ႕လ်ားေနၿပီး မနက္ခုႏွစ္နာရီခြဲေလာက္ေရာက္တဲ့ခ်ိန္မွာ ဆူဇီရဲ႕ေဆြမ်ိဳးနီးစပ္၊ ဆူဇီ့အိမ္မွာအလုပ္လုပ္တဲ့အဘႀကီးတစ္ေယာက္ မနက္စာအိမ္လာစားရင္း ဆူဇီ့ကို ေမးတယ္။ သမီး၊ အဘေစာင္ေတြဘယ္မွာလဲတဲ့။ မေန႔က သမီးတို႔ တဲကိုလာတယ္ေလတဲ့။
တာလဘက္အမိုးေအာက္ကစပါးအိတ္ေတြၾကားထဲ က်သြားတာျဖစ္လိမ့္မယ္ အဘလို႔ ဆူဇီေျဖလိုက္တယ္။ အဲ့ဒီအခ်ိန္မွာ ဆူဇီ့အေဖက၀င္ေမးတယ္။ ဘာကိစၥနဲ႔အဲ့ဒီေစာင္ေတြက အဲ့ထဲက်ရတာလဲတဲ့။ ေတာထဲမွာမိုးသိပ္႐ြာၿပီး ေလသိပ္ထန္ေတာ့ အရမ္းေအးလို႔ သမီးတို႔ ယူၿခဳံတာလို႔ဆူဇီေျဖတယ္။ ဘယ္သူနဲ႔လဲတဲ့။ ဟိုေကာင္ေလးနဲ႔လို႔ေျဖတယ္။
ဦးေလးသြားေတာ့လို႔ ဆူဇီ့အေဖက အဘကို ျပန္ခိုင္းလိုက္ၿပီး အိမ္တံခါးကို ဆြဲပိတ္ၿပီး အေပၚကန႔္လန႔္ထိုးလိုက္တယ္ ။ ဆူဇီ့ကို စ႐ိုက္ေတာ့တာပဲ။ တံျမက္စည္းနဲ႔၊ေနာက္ဘာနဲ႔လဲ မသိေတာ့ဘူး။ ဆူဇီ႐ုတ္တရက္ တအားနဲ႔အ႐ိုက္ခံရတယ္။ ဆူဇီ့ေက်ာေတြ ေျခသလုံးေတြ။ အို...ေနာက္ဆုံး ဆူဇီ့ပါးႏုႏုေလးကို ျဖန္းခနဲတစ္ခ်က္႐ိုက္ခံရတယ္။ သူမဘ၀မွာ ပထမဆုံး ပါး႐ိုက္ခံရတာပဲ။ ဆူဇီ ဘာမွေတြးမရဘူး။ ဆူဇီ ဘာအမွားလုပ္ထားလို႔လဲ။ ဒီကိစၥက လုံး၀မတူဘူး။ အရင္က အျပစ္လို႔သူတို႔သတ္မွတ္ထားတာလုပ္ရင္ အျပစ္ဆိုတာႀကီးကို ေျပာေျပာၿပီး႐ိုက္တယ္။ အခု ဘာမွာမေျပာဘူး။ ၾကည့္စမ္း ပါးေတာင္႐ိုက္ခံလိုက္ရေသးတယ္။ ဘာအေၾကာင္းနဲ႔မွန္းမသိ႐ိုက္ခံေနရမွန္းမသိေပမယ့္ ဆူဇီမ်က္ရည္စက္လက္နဲ႔ ‘’အမေလး... ေၾကာက္ပါၿပီ ပါပါးရယ္... ေတာ္ပါေတာ့’’လို႔ သူမလက္အုပ္ခ်ီၿပီးေျပာတယ္။မရပါဘူး၊ဆူဇီ့မာမားက ဘာမွ၀င္မေျပာဘူး။ ေျပာခြင့္မရွိဘူး။ ဆူဇီသူ႔မိဘေတြကိုမုန္းတယ္။
အရင္ေန႔ကကိစၥကိုသူျပန္ေတြးၾကည့္တယ္။ မေန႔က သူ႔ကို အိမ္ကေန ေတာထဲကအလုပ္သမားဘႀကီးဆီ ထမင္းသြားပို႔ခိုင္းတယ္။ဆူဇီတို႔လယ္ေတြဟာ ႐ြာနဲ႔အေတာ္ေဝးမွာရွိတာ။ မိုးတြင္းကာလ မိုးမ်ားတဲ့အခ်ိန္ လယ္ထဲသြားရတာ ဆူဇီသိပ္ႀကိဳက္တယ္။ ဆူဇီနဲ႔စက္ဘီးစီးတဲ့ေကာင္ေလးကလည္း ဆူဇီတို႔လယ္နားမွာရွိတဲ့ သူတို႔လယ္ေတြဆီကို သြားဖို႔ရွိေတာ့ အေဖာ္ရသြားၿပီးတူတူသြားျဖစ္ခဲ့ၾကတယ္။
ဆူဇီတို႔ လယ္ထဲမွာ တင္းကုတ္ႀကီးတစ္လုံးရွိၿပီး(တင္းကုတ္ဆိုတာ တဲအႀကီးစားပါပဲ) အဲ့ေအာက္မွာစပါးအိတ္ေတြစီထားတယ္။ စပါးအိတ္ေတြေပၚမွာ တင္းကုတ္ ထုပ္တန္းေပၚကေန ဆြဲခ်ထားၿပီး လူအိပ္လို႔ရတဲ့တာလဘက္တဲေလးလုပ္ထားတယ္။ အဘစပါးေစာင့္ရင္း အိပ္လို႔ရေအာင္လုပ္ထားတာ။ ဆူဇီရယ္ ေကာင္ေလးရယ္ တင္းကုတ္ထဲမွာ ေရာက္တာနဲ႔နားၾကတယ္။ ဘဘေရ ထမင္းထုပ္ေရာက္ၿပီလို႔ ဆူဇီလွမ္းေအာ္လိုက္ေတာ့ ‘’ေအး...ေအး သမီး’’လို႔ တင္းကုတ္နဲ႔ခပ္ေဝးေဝးက လယ္တစ္ကြက္ထဲလယ္ထြန္ေနရင္း အဘကျပန္ေအာ္ေျပာတယ္။
ဆူဇီရယ္ ေကာင္ေလးရယ္ တင္းကုတ္က်ယ္ႀကီးထဲမွာေဆာ့ၾက။ ထုပ္တန္းေတြေပၚတက္၊ အမိုးစြန္းက ဝါးလုံးေတြေပၚကေန ေဇာက္ထိုးတြဲလြဲခိုခ်။ အ႐ူးအမူးပါပဲ။ ေယာက်ာ္းလ်ာေလးလိုေနေလ့ရွိတဲ့ဆူဇီတစ္ေယာက္ အဲ့ဒီ့လိုေမ်ာက္ဆန္ရတာကို သိပ္ေပ်ာ္တာပဲ။
မၾကာဘူး မိုးေတြမည္းၿပီး႐ြာ၊ ေလေတြတအားနဲ႔တိုက္ပါေရာ။ တစစတိုးၿပီးေအးလာေတာ့ ဆူဇီတို႔ႏွစ္ေယာက္ ခိုက္ခိုက္တုန္ေအာင္ခ်မ္းလာတယ္။ အဘကေတာ့ခပ္ေဝးေဝးမွာ မိုးကာ၀တ္ၿပီးထြန္တုန္းပဲ။ ေနာက္ေတာ့ တင္းကုတ္ႀကီးေအာက္က စပါးအိတ္ေတြေပၚထိုးထားတဲ့မိုးကာတဲကေလးထဲ၀င္ဖို႔ ေကာင္ေလးကို ေခၚလိုက္တယ္။ ေကာင္ေလးကို ေစာင္တစ္ထည္ေပးလိုက္ၿပီး သူမေစာင္တစ္ထည္ယူၿခဳံတယ္။ ‘’ဒီထဲမွာ ေလလုံတယ္၊ ဇိမ္ပဲ၊ အရမ္းေႏြးတာပဲ’’ လို႔ေကာင္ေလးကို ဆူဇီေျပာလိုက္တယ္။ ‘’ဟုတ္တယ္ဟ၊ ဒါေပမယ့္ ထြက္မွထင္တယ္’’လို႔ စိုးရိမ္တဲ့မ်က္ႏွာနဲ႔ ဆူဇီ့ကိုေျပာတယ္။ ဘာလို႔လဲဆိုေတာ့ လူေတြတမ်ိဳးထင္လိမ့္မယ္တဲ့ ။ဆူဇီေကာင္ေလးေျပာတာကို နားမလည္ဘူး။လူေတြကဘာထင္မွာလဲလို႔ေတြးမိတယ္။ ေဘးနားမွာ လယ္ထြန္ေနတဲ့ လယ္သမားေတြက ျမင္ရင္လို႔ေျပာတာျဖစ္မယ္။ ဘာျဖစ္လဲလို႔ ဆူဇီေျပာလိုက္ေတာ့ ေကာင္ေလးအတြန႔္မတက္ေတာ့ဘူး။
အေတာ္ေလးၾကာေတာ့ အဘေရာက္လာၿပီး ထမင္းစားေသာက္ၿပီးေတာ့ ဆူဇီ့ကို သမီးျပန္ေတာ့လို႔ ေျပာတယ္။ ဟုတ္ ဆိုၿပီး ေဘးလယ္မွာအလုပ္စလုပ္ေနၿပီျဖစ္တဲ့ ေကာင္ေလးကို ငါျပန္ေတာ့မယ္ေဟ့ ဆိုၿပီးေအာ္ၿပီး အိမ္ျပန္ခဲ့လိုက္တယ္။ လမ္းမွာ ကန္သင္း႐ိုးေပၚကေခ်ာ္က်ၿပီး ထမင္းက်န္ဟင္းက်န္ေတြေမွာက္က်ကုန္တယ္။ ေဘးနားမွာ Comet(ေကာမက္) ေဆးအိတ္ခြံႀကီးရွိေနတာသတိထားမိတယ္။
အဲ့ဒီ့ေန႔ညေနမွာ စာသင္ေက်ာင္းဘက္ေရာက္ျဖစ္ေတာ့ ေကာင္ေလးစက္ဘီးစီးေနတာ ေတြ႕လို႔ ေကာင္ေလးနဲ႔စက္ဘီးအတူ ေပ်ာ္ေပ်ာ္ႀကီး လိုက္စီးခဲ့ၾကတယ္။ ဘာမေကာင္းမႈမွလည္းမလုပ္ခဲ့သလို ဘာအျပစ္တင္စရာကိစၥမွ က်ဴးလြန္ခဲ့တာမရွိဘူး။ ဆူဇီအားလုံးကိုျပန္ေတြးလိုက္ေတာ့ သူအျပစ္ကင္းတာ ေသခ်ာသြားတယ္။ အံကိုတင္းတင္းႀကိတ္ထားၿပီး မ်က္ရည္ေတြတသြင္သြင္စီးက်ေနတယ္။ သူ႔ပါပါးက ထပ္ေမးတယ္။ ထမင္းထြက္က်တယ္မလား၊ အဲ့နားမွာဘာရွိသလဲတဲ့။ ေကာမက္အိတ္ခြံရွိတယ္ လို႔ေျဖလိုက္တယ္။ ဒါနဲ႔ဘာဆိုင္လို႔လဲ။ ဘာမွ ဆူဇီေတြးမရေတာ့ဘူး။ ေနာက္ဆုံး ပြင့္ေနတဲ့ျပတင္းေပါက္ကေနခုန္ခ်ၿပီး ထြက္ေျပးတယ္။
ေျပးတယ္
ေျပးတယ္
ေျပးစရာမရွိဘူး
ေျပးစရာမရွိဘူး ဆိုတဲ့အေတြးနဲ႔ သူမရင္ဘတ္တစ္ခုလုံး နာက်င္စူးေအာင့္လို႔။
ေနာက္ဆုံးသူမအဘြားအိမ္ကို ေရာက္ေအာင္ေျပးေတာ့ ဆူဇီ ဆက္အ႐ိုက္မခံရေတာ့ဘူး။ အဲ့ဒီ့မွာေမးခြန္းအသစ္တစ္မ်ိဳးကို သယ္ေဆာင္လာတဲ့ သူမမာမားေရာက္လာၿပီး က်ိတ္ၿပီး ေမးတယ္ "နင္တိုအတူလုပ္ခဲ့တာလား"တဲ့။
ေစာင္ေတြထဲမွာ အတူအိပ္ခဲ့တာလား(အဲ့ဒီ့အဓိပၸါယ္ကို သူမသူငယ္ခ်င္းေတြဆီကေန ေပါက္ကရေျပာၾကရင္း ၾကားဖူးထားလို႔ သူမနားလည္တာေတာင္ မၾကာေသးတဲ့စကားလုံး)ကို ေမးခံရတဲ့ေလးတန္းအ႐ြယ္ေကာင္မေလးက ေခါင္းကိုယမ္း လိုက္တယ္။ သမီးတို႔ ဘာမွမျဖစ္ခဲ့ဘူး၊ မိုးခို႐ုံပဲ လို႔ေျဖတယ္။
ဘာေၾကာင့္႐ိုက္တယ္ဆိုတာကို ဆူဇီသိရသြားတယ္။ ဘာလို႔ငါ့ကို ေမးျမန္းတာေတာင္ မလုပ္ဘဲ အျပစ္သားလိုခ်က္ခ်င္းဆက္ဆံရတာလဲ။ ငါ့မွာ ဒီလိုတန္ျပန္ေမးခြန္းေတြေတာင္ ေမးခြင့္မွမရွိတဲ့ဘ၀ပဲလို႔ သူမဘာသာေတြးမိၿပီး စို႔တက္လာတယ္။
ဒီကိစၥမွာ ဆူဇီ့မာမားေမးတာကို မဟုတ္ဘူး၊ ဘာမွမလုပ္ခဲ့ဘူးခ်ည္း ဆူဇီအႀကိမ္ႀကိမ္ေျပာခဲ့ရတယ္။ အႀကိမ္ႀကိမ္ေျပာခဲ့ရတယ္ဆိုတာ သူ႔မာမားက အႀကိမ္ႀကိမ္စြပ္စြဲတဲ့ပုံစံနဲ႔ ေမးေနလို႔။ ဆူဇီ့ႏွလုံးသားတစ္ခုလုံး သိပ္နာက်င္လာတယ္။
ေကာင္ေလးေျပာတဲ့အသံကိုသူျပန္ၾကားေနရတယ္။ လူေတြတမ်ိဳးထင္ေနအုံးမယ္၊ မေကာင္းဘူးတဲ့။ ခုေတာ့ဆူဇီနားလည္လိုက္ပါၿပီ။ ေကာင္ေလးကိုလည္း ပိုတိုးလို႔ ေလးစားခ်စ္ခင္သြားတယ္။ သူမရဲ႕ဘယ္ေနရာကိုမွ ေကာင္ေလးကမထိမတို႔ခဲ့ေပမယ့္ ေကာင္ေလးနဲ႔ ဆူဇီေဝးေဝးေနလိုက္ရတယ္။ ေကာင္ေလးနဲ႔မေတြ႕ျဖစ္ေအာင္ ေရွာင္ခဲ့ရတယ္။
ဆူဇီလက္ပ္ေတာ့ထဲ အဲ့ဒီအေၾကာင္းရာေတြေရးထည့္ေနၿပီး တဟားဟားနဲ႔ထရယ္လိုက္တယ္ ။ေရးထားၿပီးသားေတြကိုေဆ့ဗ္လိုက္ၿပီး လက္ပ္ေတာ့ပ္ကို ပိတ္လိုက္တယ္။ အ၀တ္စားေတြအားလုံးခြၽတ္ၿပီးေရခ်ိဳး သန႔္စင္လိုက္တယ္။ ေတာအုပ္ရဲ႕အနံ႔သက္ေတြဘာတစ္ခုမွ က်န္မေနေအာင္ေလ။ ေတာအုပ္ကို သူမဘယ္ေလာက္႐ြံလိုက္သလဲ။ ေတာအုပ္ထဲသြားလိုက္မိလို႔ သူမစိတ္ဟာ အုံ႔မႈိင္းႏုန္းေခြလို႔ေနတယ္။
ဘီယာေအးေအးတစ္ဗူးေဖာက္ေသာက္ၿပီး တစ္ခ်က္တစ္ခ်က္ ထရယ္တယ္။
သူမ ေတာအုပ္မူးေနတာေလ...။
ဆြန္းေမရီ
Good JoB
ReplyDeleteDone 🍀
ReplyDeleteအရင်ဆုံး အကျိုးအကြောင်းကို သေချာမေး စိတ်အေးအေးထားပြီး ဆူဇီပြောတာကို နားထောင်ပေးရမှာ။ တချို့မိဘတွေရဲ့ တဇွတ်ထိုးဆန်မှုတွေက ကလေးကို စိတ်ဒဏ်ရာ ရစေတယ်။
ReplyDelete♥️✍️
ReplyDeleteDone 💪
ReplyDeleteလူတော် မောင်နှမတွေကြားက လူန တစ်ယောက် 🤜🤛💪💪💪🐝
ReplyDeleteDone
ReplyDelete🌧️
ReplyDeleteDone
ReplyDelete