Emily in My Room



Unicode




Emily in My Room




Warning : PG-13




(၁)




ဝက်သစ်ချသားနဲ့လုပ်ထားတဲ့ သစ်သားအိမ်ကလေးထဲမှာ မီးလင်းဖိုသေးသေးလေးဟာ တငွေ့ငွေ့တောက်လောက်နေတယ်။ ည... ညဟာ မိုးရေစက်တွေအောက်မှာ စိုရွှဲမှောင်မိုက်နေတယ်။ မီးလင်းဖိုရဲ့မနီးမဝေးမှာတော့ ဆွယ်တာအညိုရောင်ကိုဝတ်ထားတဲ့ အမျိုးသမီးငယ်တယောက်ဟာ စာအုပ်တအုပ်ကို သဲကြီးမဲကြီးထိုင်ဖတ်နေတယ်။ သူဟာ မိုးချုန်းနေတာကိုလည်းမကြား ၊ လေတွေတိုက်နေတာကိုလည်း သတိမပြုမိ။




ရုတ်တရက် တံခါးခေါက်သံတခု ထွက်ပေါ်လာတယ်။

မေမေလား မဟုတ်နိုင်ပါဘူး။ သူ့ကိုယ်သူမေးရင်း သူကိုယ်တိုင်ပဲ စိတ်ထဲကနေဖြေလိုက်တယ်။ မေမေက နောက် ၂ ရက်လောက်နေမှပြန်လာမှာလို့ပြောသွားတာ။ တံခါးဖွင့်လိုက်တော့ မိုးရေတွေရွှဲစိုနေတ‌ဲ့မိန်းကလေးတယောက်။

သူအလန့်တကြားနဲ့ တံခါးကိုပိတ်မလို့လုပ်လိုက်တယ်။ မတော်လို့ သူ့ကိုဒုက္ခပေးမယ့်သူဆိုရင် ဘယ်လိုလုပ်မလဲ။ အိမ်မှာကလည်းသူတယောက်တည်းလေ။




"မပိတ်နဲ့ မေပယ်လ် တံခါးကိုမပိတ်လိုက်နဲ့"




"ဟင် နင်က ငါ့နာမည်ကိုဘယ်လိုသိနေတာလဲ။ နင်... နင်ဘယ်သူလဲ"

သူတုန်လှုပ်တဲ့အသံနဲ့မေးလိုက်တော့ အဲ့ဒီမိန်းကလေးက ခပ်ရွှင်ရွှင်ပြုံးပြရင်း




"ငါက အမ်မလီပါ၊ နင်တို့အိမ်ရဲ့အနောက်ဘက်တောအုပ်ကနေ ဒီကိုရောက်လာတာ"




သူ့စကားတွေကယုံနိုင်စရာမရှိ။ မိန်းကလေးတယောက်တည်း မိုးတွေရွာနေတဲ့ညမှောင်မှောင်ကြီးမှာ တောအုပ်ကိုဖြတ်လာသတဲ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နောက်ပြီးသူ့ရဲ့အဝတ်အစားတွေကိုကြည့်ပါဦး။ အဖြူရောင်အင်္ကျီခပ်ပါးပါးကိုဝတ်ထားတော့ အတွင်းသားတွေကို အတိုင်းသားမြင်နေရတယ်။




"ငါက ဒုက္ခပေးမယ့်သူတယောက်လို့ နင်တွေးနေတာမလား။ စိတ်ချပါ ငါက နင့်ကိုအဖော်ပြုပေးရုံပါပဲ။ အခုလောလောဆယ် အိမ်မှာက နင်တယောက်တည်းလေ ဟုတ်တယ်မလား"

သူနည်းနည်းယုံကြည်ချင်လာတယ်။ ပြီးတော့ တခိုက်ခိုက်တုန်နေတဲ့ကောင်မလေးကို သနားစိတ်ဝင်သွားတာလည်းပါတာပေါ့။




သူက အမ်မလီ့ကို တဘက်ရယ် ညအိပ်ဝတ်စုံတစုံရယ် ထုတ်ပေးပြီးတော့ ထိုင်ခုံပေါ်ကစောင့်နေလိုက်တယ်။ အမ်မလီက ရွှေအိုရောင်ဆံပင်နဲ့ လိုက်ဖက်လွန်းပြီးသိပ်လှနေတာ။ သူ အမ်မလီ့ကို အားကျသလိုငေးနေမိတယ်။ အမ်မလီ့မျက်လုံးတွေက အရောင်တမျိုးနဲ့လင်းနေတာလို့ထင်ရတယ်။




"နင့်အသက်ဘယ်လောက်ရှိပြီလဲ အမ်မလီ"




"၂၁ နင်နဲ့အသက်အတူတူပဲလေ မေပယ်လ်ရဲ့"




"ငါက နင့်အကြောင်းတွေ တခုမှမသိရဘဲ နင်က ငါ့အကြောင်းတွေဘာလို့သိနေတာလဲ"




မေပယ်လ့်မျက်နှာက ဒေါသအရောင်လေးပေါ်လာတယ်။

အမ်မလီကတော့ သူ့ပုံစံအတိုင်း လွတ်လပ်ပွင့်လင်းတဲ့ပုံစံနဲ့ရယ်လိုက်ပြီး




"ငါ့ကို အမ်မလီလို့ပဲ သိထားရင်ရပါပြီ"




အပြင်မှာ မိုးဟာပိုသည်းလာတယ်။ ယူကလစ်ပင်တွေယိမ်းထိုးနေတာကို မှန်တံခါးကနေ မြင်နေရတယ်။




"......"




မိုးသံနဲ့ အမ်မလီဘာမေးလိုက်မှန်းသေချာမသိ။




"နင် ဒီမြို့ကဘယ်နေရာတွေရောက်ဖူးလဲလို့မေးတာ"




မေပယ်လ်က ပြုံးလိုက်တယ်။ အမ်မလီမသိသေးတဲ့အကြောင်းတွေလည်းရှိသားပဲ။




"ငါလား အိမ်အနောက်တောအုပ်အစပ်ရယ် အိမ်ရှေ့ကဥယျာဉ်ရယ် အနောက်က ထင်းတွေ အာလူးတွေလှောင်ထားတဲ့အခန်းရယ်ရောက်ဖူးတယ်လေ"




"ဟင် အဲ့ဒါဆို နင်က အိမ်ခြံထဲကနေအပြင်ကိုမရောက်ဖူးသေးတာပေါ့"




မေပယ်လ်ပြုံးပဲပြံုးနေလိုက်တယ်။ ဘာလုပ်မှာလဲ အပြင်လောကက အန္တရာယ်များတယ်။ သူ့မှာ အမေဝယ်ဝယ်လာတတ်တဲ့ စာအုပ်တွေရှိတယ်။ အိမ်ရှေ့ဥယျာဉ်ထဲက ပန်းပွင့်လေးတွေရှိတယ်။ အနောက်ကတောအုပ်ကိုတော့ အမေကမသွားခိုင်းတာမို့ သူမသွားဖူးဘူး။ တခါတလေ ထင်းခြောက်ကောက်ဖို့ တောအုပ်အစပ်နားဟိုဟိုဒီဒီတော့ရောက်ဖူးတယ်။

အမ်မလီတွေးနေရင်းမှ တခုသတိရသွားပြီး




"နင်တောအုပ်ထဲကနေ ဖြတ်လာခဲ့တာဆိုတော့ အထဲမှာဘာရှိလဲ ငါ့ကိုပြောပြပါလား"




"တောအုပ်ထဲမှာလား။ ပန်းပွင့်အဆန်းလေးတွေရှိတယ်"




ပန်းပွင့်ဆိုတော့ မေပယ်လ်က အားရဝမ်းသာဖြစ်သွားပြီး ကြမ်းပြင်ပေါ်မှာချထားတဲ့ခြေနှစ်ဖက်ကို ခုံပေါ်လက်နှစ်ဖက်နဲ့စုတင်လိုက်တယ်။




"ဟုတ်လား ဘယ်လိုပုံစံမျိုးလေးတွေလဲ"




"နင်မြင်ရင် သိပ်သဘောကျမှာဟ လိုက်ခဲ့ပါလား"




မေပယ်လ်တွေတွေလေးဖြစ်သွားပြီး အသာအယာခေါင်းခါတယ်။




"ကဲပါ သိပ်တွေးမနေနဲ့ အိပ်ရာဝင်ကြမယ်လေ ၊ ငါ့မှာအစီအစဉ်တွေရှိသေးတယ်၊ မနက်ဖြန်မှဆက်ပြောကြတာပေါ့"




"ဟင့်အင်း ငါစာအုပ်ဆက်ဖတ်ဦးမလို့ နင်အိပ်ချင်အိပ်လေ ငါအိပ်ရာပြင်ပြီးသား"




အမ်မလီက ခေါင်းကိုခါယမ်းပြီး သူ့လက်ကစာအုပ်ကိုဆွဲလုတယ်။ ပြီးတော့ စာအုပ်စင်ပေါ်တင်ထားပြီး သူ့ကိုအိပ်ခန်းထဲဆွဲခေါ်သွားတယ်။




(၂)




နေရောင်ခြည်ဟာ ဖျော့တော့တဲ့အနွေးငွေ့ငွေ့နဲ့ ခန်းဆီးစကြားကနေ သူ့မျက်နှာပေါ်ကျရောက်လာတယ်။ သူ့မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ မယုံကြည်နိုင်စရာမြင်ကွင်း ရုတ်တရက်လန့်အော်မယ်လုပ်ပြီးမှ မျက်လုံးတွေကိုပွတ်သပ်ကြည့်လိုက်တော့ သူအမြင်မှားတာမှန်းသိသွားတယ်။ အမ်မလီက သူ့မျက်နှာနဲ့တူနေတာမဟုတ်ရပါဘူး။




မေပယ်လ်က နိုးတာနဲ့ မျက်နှာအရင်မသစ်သေးဘဲ ကော်ဖီထဖျော်တယ်။ ဒါမနက်တိုင်းသူလုပ်တတ်တဲ့အကျင့်။ ကော်ဖီနံ့သင်းသင်းနဲ့ မနက်ခင်းကို စတင်ရတာ သိပ်ကိုအရသာရှိတာပဲ။ ဒီမနက်တော့ ကော်ဖီကနှစ်ခွက်ပေါ့။




အမ်မလီက တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာပါ။ အသက်တူတယ်သာပြောတာ အမ်မလီက သူ့ထက်အပူအပင်ကင်းပြီး ငယ်ရွယ်တဲ့ပုံပေါက်တယ်။ အမ်မလီက မေမေ သူ့အတွက်ငှားပေးခဲ့တဲ့အဖော်ပဲလား။ ဒါကြောင့်လည်း သူ့အကြောင်းတွေသိနေတာပဲနေမှာပေါ့။ အဖော်ဆိုတော့ သူ့စိတ်ထဲမှာ မိန်းမကြီးတယောက်ယောက်ဖြစ်လိမ့်မယ်လို့တွေးထားတာ။ ဒါလည်းကောင်းပါတယ်လေ သက်တူရွယ်တူချင်းဆိုတော့ ပိုပြီးပြောရကောင်းတာပေါ့။




မနက် (၁၀) နာရီကျော်မှ အမ်မလီက အိပ်ရာထတယ်။ မေမေသာရှိရင် အဆူခံရမှာသေချာတယ်။ မေမေက နည်းနည်းရှေးရိုးဆန်တယ်။ ဒါကြောင့်လည်း သူ့မှာ အဲ့ဒီအမူအကျင့်တွေ ကပ်ပါလာတယ်ထင်ရဲ့။




အမ်မလီနိုးလာပြီ။




"စီးကရက်ရှိလား မေပယ်လ်"




‌သူက နှာခေါင်းရှုံ့ပြီး ခေါင်းခါပြလိုက်တယ်။ စီးကရက်နဲ့မိန်းကလေး ဘယ်လိုမှဆက်စပ်လို့မရ။

အမ်မလီက လွတ်လပ်ပွင့်လင်းတဲ့ပုံစံပေါက်ပေမယ့်

သူ မကြိုက်တဲ့အမူအရာလေးတွေလည်း ရှိနေပြန်တယ်။

အမ်မလီက မီးဖိုချောင်ကို အင်္ကျီတထည်နဲ့ ထသွားတယ်။ ညဝတ်ဘောင်းဘီကို အိပ်နေရင်းချွတ်ချထားပုံရ။ သူကမျက်နှာလွှဲသွားတော့ အမ်မလီက မခိုးမခန့်ပုံစံမျိုးနဲ့ရယ်ပြီး ပေါင်မုန့်ညိုတချပ်ကို မြေပဲထောပတ်နဲ့သုတ်ပြီးစားလိုက်တယ်။




အမ်မလီက ဟိုဟိုဒီဒီကြည့်နေရင်းနဲ့ Walkman ကိုတွေ့တော့ ထပြီးသွားဖွင့်လိုက်တယ်။ Classic သီချင်းသံတခုထွက်လာတော့ နှာခေါင်းရှုံ့တယ်။




" နင် မပျင်းဘူးလား မေပယ်လ် ၊ နေ့တိုင်း နင်ဒါတွေပဲ နားထောင်တာလား။ ခေတ်ကပြောင်းလဲနေပြီဟ"




"ဒါက ငါ့အကြိုက်ပုံစံပဲလေ"




"တခြားအရာတွေကို မစမ်းကြည့်ဘဲ ဒါကနင့်အကြိုက်ပါလို့ နင်လက်ခံလိုက်တာလား"




"ငါခေတ်ပေါ်ဂီတကို နားထောင်ဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့်တချို့ဟာတွေက နည်းနည်းရိုင်းတယ်ဟ"




အမ်မလီက သူ့ကိုစိတ်ပျက်သွားတဲ့ပုံစံမျိုးနဲ့ကြည့်နေတယ်။ နောက်ထပ်တိပ်ခွေတခုထည့်လိုက်တော့ သူလည်းကြိုက်တဲ့ သီချင်း။

အမ်မလီက ခန္ဓာကိုယ်တခုလုံး ယိမ်းညွှတ်ပြီးကတယ်။




"You're be like heaven to touch I wanna hold you so much..."

(Can't Take My Eyes Off You by Frankie Valli)




သူက စာသားကို လိုက်ဆိုတော့ အမ်မလီက လက်ကမ်းပေးတယ်။




"ဟင့်အင်း အမ်မလီ ငါမလုပ်..."




ထုံးစံအတိုင်းသူ့လက်ကိုဆွဲယူပြီး သူနဲ့အတူကခိုင်းတယ်။

"နင့်ရှေ့မှာ ယောင်္ကျားတယောက်ရောက်နေတယ်လို့ သဘောထား"




"ငါ ငါ အဲ့လိုစိတ်ကူးမယဉ်တတ်ဘူး"




"သေချာလို့လား မေပယ်လ်"




ရုတ်တရက် အမ်မလီက သူ့ခုတင်အောက်ကစာအုပ်တအုပ်ကိုဆွဲထုတ်လိုက်တယ်။

သူ့မျက်နှာဟာ ဒေါသကြောင့် ရဲရဲတွတ်အောင်နီလာတယ်။ ပြီးတော့ အမ်မလီ့ဆီက စာအုပ်ကိုဆွဲလုတယ်။

သူ့လက်ထဲကိုပါလာတာ လူကြီးဖတ်အပြာရုပ်ပြစာအုပ်တအုပ်။




"နင် သူများအိမ်ကိုလာပြီး ပိုင်ရှင်မသိအောင် အိမ်ကပစ္စည်းတွေကိုယူကိုင်တတ်တာပဲလား ၊ အဲ့ဒါတော်တော်ရိုင်းတဲ့အပြုအမူနော်"




အမ်မလီ့မျက်နှာပျက်သွားတယ်။ ဒါပေမယ့် ခဏလေး အဲ့ဒီအမူအရာက တကယ့်ကိုမှ ခဏလေးရယ်။ ပြီးတော့ ဘာမှဂရုမစိုက်သလို ရယ်မောပြီး သံစဉ်အလိုက်ကနေလိုက်‌တယ်။ သူဟာ အဲ့ဒီပုံစံကို အတော်လေးစိတ်ပျက်နေသလို တချိန်တည်းမှာပဲ စိတ်ထဲကနေ သဘောလည်းကျနေတယ်။ ဘာကြောင့်မှန်းမသိ သူ့လိုမျိုးနေကြည့်ချင်စိတ်တွေပေါ်လာတယ်။




ရုတ်တရက်




"ဟင်"

သူ အာမေဍိတ်အသံနဲ့အတူ အဲ့ဒီအရာနောက်ပြေးလိုက်ဖို့ကြိုးစားတယ်။ မြင်းဖြူတကောင်တောအုပ်ထဲဝင်ပြေးသွားတာ။




"နင်တွေ့လိုက်လား"




သူက အားတက်သရောအသံနဲ့မေးတော့




"ဘာလဲ မေပယ်လ် နင်ဘာမေးတာလဲ"




"မြင်းဖြူလေ နင်တွေ့လိုက်လားလို့"




"မြင်းဖြူကဘယ်လိုလုပ်ရှိမှာလဲ။ ရှိရင်တောင် ငါသိမှာပေါ့။ ငါက တောအုပ်ဟိုဘက်အခြမ်းကနေလာတာကို"




"မဟုတ်ဘူး ရှိတယ် ၊ ငါခဏခဏတွေ့နေရတာကြာပြီ ၊ ‌ငါမြင်လိုက်ရင် တောအုပ်ထဲပြေးဝင်သွားတာချည်း"




"တကယ်လို့ပြေးသွားတယ်ဆိုရင်တောင် အနည်းဆုံးခွာသံတော့ကြားရမှာပေါ့"




အမ်မလီ သူ့ကိုမယုံမှန်းသိပါတယ်။ ကိစ္စမရှိပါဘူး။ တနေ့တော့ အဲ့ဒီမြင်းဖြူကို အမ်မလီတွေ့အောင်ပြမှပဲ။ မြင်းဖြူကိစ္စကို ဘာဖြစ်လို့ အမ်မလီကိုပြောဖြစ်တာလဲ သူ့ကိုယ်သူတောင်မသိဘူး။ မေမေကိုတောင် သူမပြောပြဖူးတာ။ အချိန်ဆိုလေးအတွင်းမှာ သူ အမ်မလီ့ကို ရင်းနှီးသွားတာတော့ သေချာတယ်။




(၃)




နောက်တနေ့... မေမေရောက်မယ့်နေ့ပေါ့။ အမ်မလီ့ကိုမှာထားရသေးတယ် အိပ်ရာကစောစောထရမယ့်အကြောင်းကိုပေါ့။ သူနိုးလာတော့ အမ်မလီမရှိတော့ပါဘူး။ တအိမ်လုံးအနှံ့လိုက်ရှာပေမယ့် ဘယ်နေရာမှာမှ ရှာမတွေ့။ မေမေ့ကိုမတွေ့ချင်တာပဲလားမသိ။ ကောင်းတော့ကောင်းပါတယ်လေ သူ့ပုံစံနဲ့ မေမေနဲ့လည်း အဆင်ပြေမှာမဟုတ်ဘူး။ ဒါနဲ့များတောင် မေမေက ဘာလို့ သူ့အတွက်အဖော်လုပ်ဖို့ ငှားခဲ့သေးတာလဲမသိ။




မေမေပြန်လာရင် သူ့အတွက်စာအုပ်တအုပ်မဟုတ်တအုပ်တော့ပါမှာပဲ။ သူအတွေးနဲ့တင် ကြိုပျော်နေပြီ။ ရာသီဥတုကတော့ သိပ်မကြည်လင်ပါဘူး။ တိမ်တွေက ခပ်မှိုင်းမှိုင်း။ အိမ်ရှေ့က ဒေလီယာပန်းပင်တွေလှုပ်ယိမ်းနေတယ်။




မေမေလာတော့ သူကမေမေ့ကိုပြေးဖက်တယ်။ မေမေက သူ့ခေါင်းကိုခပ်ဖွဖွပုတ်လိုက်ရင်း သူ့မျက်လုံးတွေကိုနားလည်နေတဲ့ပုံစံနဲ့ပြုံးလိုက်ပြီး စာအုပ်သုံးအုပ်ထုတ်ပေးတယ်။




ဒီလိုနဲ့ မေမေက သိုးမွေးဆွယ်တာထိုးလိုက် သူကတော့ အဲ့ဒီစာအုပ်တွေနဲ့ အချိန်ကုန်လိုက်နဲ့ တပတ်လောက်ကြာသွားတယ်။

ည... မိုးတွေသည်းတဲ့ည ၊ လျှပ်စီးတွေလက်တဲ့ည ၊ တောအုပ်ထဲကသစ်ပင်တွေယိမ်းကနေတဲ့ည ၊ ‌သူ မအိပ်နိုင်သေးဘူး။ မိုးရွာတဲ့အသံကြောင့် ကောင်းကောင်းအိပ်မပျော်။




ရုတ်တရက်အသံတခုကိုကြားလိုက်ရတယ်။

မှန်ပြတင်းကို တခုခုကရိုက်‌ေနတဲ့အသံမျိုး ။ သစ်ပင်များလား မဖြစ်နိုင်ပါဘူး။ သစ်ပင်ဆိုရင်လည်း အဲ့ဒီရိုက်တဲ့အသံက လေနဲ့အတူစည်းချက်ညီညီဖြစ်နေမှာပေါ့။ ဒါက တယောက်ယောက်ထုရိုက်‌ေနတဲ့အသံမျိုး။ သူ လိုက်ကာစကိုဖယ်ကြည့်လိုက်တော့ ပြတင်းပေါက်အပြင်ဘက်မှာရပ်နေတဲ့ အမ်မလီ။

ပြတင်းပေါက်ကိုဖွင့်ပေးလိုက်တော့ အမ်မလီက ကျော်ခွပြီးဝင်လာတယ်။ အမ်မလီ့မှာ ရေစိုခံအိတ်တလုံးလည်းပါလာသေးတယ်။




"ရော့ မေပယ်လ် နင့်အတွက်"




စီးကရက်တဗူး။ သူမှ စီးကရက်မသောက်တတ်ပဲလေ။ အမ်မလီကလည်း သူ့မျက်နှာအမူအယာကိုသိတဲ့အလား သူအရင်တလိပ်ယူပြီးတော့




"လာ ငါပြမယ်"




ပြတင်းပေါက်နားမှာ နှစ်ယောက်သားရပ်လိုက်ကြတယ်။ သူ စီးကရက်ကိုယူရမှာ ချီတုံချတုံဖြစ်နေတယ်။ အမ်မလီက ဗူးထဲကတလိပ်ကိုနှိုက်ယူပြီး သူ့နှုတ်ခမ်းနားတေ့ပေးတယ်။




"ခဏလေး ငါပြန်လာခဲ့မယ်"




သူမေမေ့အခန်းကိုသွားကြည့်လိုက်တော့ မဲမှောင်နေတယ်။ မေမေအိပ်ပျော်နေပြီထင်ရဲ့။




သူ့အခန်းဟာ ဂျက်ဇ်ဂီတသံနဲ့အတူ အရောင်တမျိုးတောက်ပနေတယ်။ အမ်မလီ့အနားကပ်သွားလိုက်ပြီး သူတို့ ပြတင်းဝကနေ မိုးရေတွေကိုငေးကြည့်ကြတယ်။ စီးကရက်တွေ တလိပ်ပြီးတလိပ်။

မကြာခင်မှာဘဲ မိုးတိတ်သွားတယ်။




"ငါတို့အပြင်ထွက်ရအောင် မေပယ်လ်"




"ဟင် အခုအချိန်ကြီး"




"ငါရှိတာပဲဟာ ဘာဖြစ်လဲ ၊ ပြီးတော့နင် တောအုပ်ထဲမရောက်ဖူးဘူးမလား ၊ အဲ့တောအုပ်ရဲ့အလွန်မှာ ဘာရှိလဲရောနင်မသိချင်ဘူးလား"




"ပင်လယ်ရှိမှန်းတော့ငါသိတယ်။ ညညဆို အဝေးက ရေလှိုင်းပုတ်တဲ့အသံတွေ ငါကြားရတယ်"




"နင်မှန်တယ် ၊ အဲ့ဒါထက်ပိုတဲ့အရာတွေရှိသေးတယ်သိလား ၊ နင်မြင်ရင်သိပ်သဘောကျမှာ"




သူ့စိတ်က ခပ်ပါပါဖြစ်နေပါပြီ။ သူတခါမှ အပြင်ကိုမရောက်ဖူးတာလည်းပါတာပေါ့။ ပြီးတော့ ကံကောင်းရင် မြင်းဖြူနဲ့လည်းတွေ့ရင်တွေ့ရမှာလေ။

သူလိုက်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ နှစ်ယောက်သားအပြင်ကိုရောက်သွားကြပြီ။




လဟာ တိမ်လိပ်မဲမဲတွေကြားကနေ တစွန်းတစထွက်ပေါ်လာတယ်။ ယူကလစ်ပင်တွေကြားကဖြာကျနေတဲ့လရောင်ဟာ သိပ်လှတာပါပဲ။ သူတို့သစ်မြစ်တခုကို ဖြတ်ကျော်လိုက်တဲ့အချိန်မှာတော့ အလင်းရောင်လေးတွေပျံနေတာတွေ့ရတယ်။




"ပိုးစုန်းကြူးတွေ..."




သူ့အသံကစိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုရောနေတယ်။ သူရောက်နေတာအိပ်မက်ကမ္ဘာပဲလား။

သူဖတ်ဖူးတဲ့စာအုပ်တွေထဲက ပုံပြင်ကမ္ဘာတခုပဲလား။ အဲ့ဒီညကတော့ မြင်းဖြူကိုမတွေ့ခဲ့ပါဘူး။ ပန်းပွင့်အဆန်းတွေကိုလည်း ကြည့်ဖို့မအားခဲ့ဘူး။ အမ်မလီက တနေရာရာကိုရောက်ချင်ဇောနဲ့ ခပ်သွက်သွက်လျှောက်နေတာကြောင့် နောက်ကနေအပြေးကလေးလိုက်ခဲ့ရတယ်။

လူသွားလမ်းတခုရယ် လူတချို့ရယ်ကိုမြင်လိုက်ရတော့ သူနည်းနည်းခေါင်းကိုက်ချင်လာတယ်။ အမ်မလီက သူ့လက်ကိုဆွဲရင်း လမ်းကူးတယ်။ သူတို့ဦးတည်နေတာ Convenience Store တခုကိုပါ။




"နင် ဘာလုပ်မလို့လဲ အမ်မလီ"




"ဘရမ်ဒီဝယ်မလို့လေ အခု ပင်လယ်နားသွားသောက်ကြမလို့"




သူလည်းဘာမှမပြောသာတော့ဘဲ လိုက်ခဲ့ရတော့တယ်။ သူမမြင်ဖူးတဲ့ ပစ္စည်းအထူးအဆန်းတွေကိုကြည့်ရင်း သူ့မှာ အံ့တွေဩလို့။ အမ်မလီက ဘရမ်ဒီပုလင်းဝယ်ပြီးပြန်လာတော့ သူအကြံတခုရသွားတယ်။

"နင် ဝယ်စရာရှိရင် ဝယ်လေ မေပယ်လ်"




သူတို့လိုချင်တာအသီးသီးရပြီးတဲ့နောက်မှာ ပင်လယ်နားကိုဆင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ လရောင်ဟာ လင်းလင်းရှင်းရှင်းထွက်ပေါ်လာတယ်။ ကမ်းစပ်ဟာ လရောင်အောက်မှာ သလင်းကျောက်ကလေးတွေစီခင်းထားသလို တလဲ့လဲ့တောက်ပနေတယ်။

သူလေပြည်ညှင်းတွေကိုစတင်ခံစားရတယ်။ ပြီးတော့ လွတ်လပ်မှု ၊ နောက်ပြီးတော့ ပြေးလွှားသွားချင်စိတ်တွေ။ သူ ရေလှိုင်းတွေနဲ့အတူဆော့တယ်။ ပြီးတော့ လရောင်အောက်မှာ သူ့ခြေချင်းဝတ်တွေကို လှည့်ရင်းကတယ်။ သူ့လက်ဖျားတွေဟာ လေပြည်ညှင်းနဲ့အလိုက်သင့်ယိမ်းနွဲ့ပျော့ပြောင်း။ သူဟာ ဟိုအဝေးဆီကလာခဲ့သလို ဟိုးအဝေးဆီကို ပြန်ရောက်သွားသလို ခံစားချက်မျိုး။ သူ့နှလုံးသားတခုလုံးဟာ တုန်ရီလှုပ်ခတ်။ သူငိုတယ် ဒါပေမယ့် ဒါဟာ ပျော်လို့ငိုမှန်းသူ့ကိုယ်သူသိတယ်။




သူကလို့စိတ်ကျေနပ်တဲ့အခါ အမ်မလီ့ဆီကို လျှောက်သွားလိုက်တယ်။ အမ်မလီက ကျောက်ဖျာတခုပေါ်မှာထိုင်ရင်း သူ့ကိုစောင့်နေတာ။ ဘရမ်ဒီပုလင်းက ဖောက်ပြီးနေပြီ ဒါပေမယ့် တငုံမှတောင်မသောက်ရသေးပါဘူး။ တယောက်တလှည့်သောက်ပြီးကြပြီးတဲ့နောက်တော့ အမ်မလီက ပုလင်းကို ပင်လယ်ထဲပစ်မလို့လုပ်တယ်။




"မပစ်နဲ့ဦး အမ်မလီ ငါလုပ်စရာရှိသေးလို့"




သူက ခုနကဝယ်လာတဲ့ ပို့စ်ကတ်သေးသေးလေးနဲ့ဘောပင်ကိုထုတ်လိုက်တယ်။ သူ့ဒူး‌ေပါ်မှာ ပို့စ်ကတ်ကိုတင်ပြီး တခုခုရေးလိုက်ပြီး‌တဲ့နောက်မှာတော့ ဘရမ်ဒီပုလင်းထဲထည့် အဖုံးပိတ်ပြီး အမ်မလီ့ကိုပေးလိုက်တယ်။




"ရပြီ ပင်လယ်ထဲပစ်ချလိုက်တော့"




"နင်အထဲမှာဘာရေးထားလဲ"




သူ မဖြေ။

သူတို့မျက်လုံးတွေဟာ ပင်လယ်ဖြစ်သွားပြီး

သူတို့ဆံပင်‌ေတွဟာ လှိုင်းတွေလို လူးလွန့်နေတယ်။




(၄)




အဲ့ဒီလိုနဲ့ အမ်မလီဟာ ညတိုင်းရောက်လာပြီး သူနဲ့အတူအိမ်ကနေခိုးထွက် ညဖက်ကြီးတမြို့လုံးအနှံ့လျှောက်သွားနေတတ်တယ်။ သူဟာ အခု ဆေးလိပ်သောက်တတ်ပြီ။ အရက်ဘီယာသောက်တတ်ခဲ့ပြီ။ တီရှပ်တွေလည်းဝတ်တတ်ခဲ့ပြီ။ ကြာလာတော့ မေမေက ရိပ်မိသွားတယ်ထင်ပါတယ်။ သူ့ပြတင်းပေါက်ကို အပြင်ကနေ သစ်သားနှစ်ချောင်းကန့်လန့်ဖြတ်သံရိုက်ပြီး အသေပိတ်ပစ်လိုက်တယ်။ သူဘယ်ကိုသွားသွား မေမေက မျက်စိဒေါက်ထောက်ကြည့်နေတော့တာ။




"မေမေရယ် သမီးမြင်းဖြူလေးကိုကြည့်ချင်လို့ အပြင်ခဏပေးထွက်ပါ၊ သမီးဘယ်မှထွက်မပြေးပါဘူး"




"ဘယ်မြင်းဖြူမှမရှိဘူး လျှောက်ပြောမနေနဲ့"




တရက်ကတော့ မေမေကသဘောကောင်းတယ်။ သူ့ကို တောထဲအထိလိုက်ပို့တယ်။ မေမေနဲ့အတူတူသွားရတော့ သူလည်းပျော်တာပေါ့။ အိမ်အပြန်စားဖို့တောင် သူက တောထဲကဘယ်ရီသီးနည်းနည်းခူးနေလိုက်သေးတယ်။ အနီရောင်ဘယ်ရီသီးတွေက ခူးသူမရှိတော့ နေရာတော်တော်များများမှာရှိနေတာ။

မြက်ခင်းတခုနားကိုရောက်တော့ သူတွေ့ချင်တဲ့မြင်းဖြူလေးကိုတွေ့လိုက်ရတယ်။ ဒီနေရာမှာ အမ်မလီပါရှိနေရင်သိပ်ကောင်းမှာပဲ။ မေမေနဲ့အမ်မလီ့ကို မြင်းဖြူတကယ်ရှိကြောင်းပြချင်တာ။




"ဟိုမှာ‌ တွေ့လားမေမေ ၊ မြင်းဖြူလေး မြက်စားနေတာ"

မြင်းဖြူက မြက်စားနေရာကနေ သူ့ကိုတချက်လှည့်ကြည့်ပြီး ဟီသံပေးတယ်။ မေမေက နေရာအနှံ့ကိုရှာပြီး




"မတွေ့ပါဘူး ဘယ်မှာလဲ နင့်မြင်းဖြူက"




"ဟိုမှာလေ မေမေရဲ့ ဟီသံတောင်ပေးနေတာကို"




သူလက်ညှိုးထိုးနေတဲ့အချိန်မှာပဲ မြင်းဖြူဟာ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတာ။ သူမျက်လုံးတောင် သူမယုံနိုင် ဒါကိုသူလက်မခံချင်ပါ။

မေမေက လေပြည်ဆန်နေရာကနေ ရုတ်တရက်မုန်တိုင်းအဖြစ်ပြောင်းသွားတယ်။




"လာစမ်း နင်ထွက်ပြေးချင်လို့အကြံအဖန်လုပ်နေတာ"




သူ့ခန္ဓာကိုယ်လေးဟာ ပေါ့ပါးစွာနဲ့ မေမေ့နောက်ကိုလိုက်ပါသွားရတယ်။ အိမ်ရောက်တော့ မေမေကအပြင်တံခါးမကြီးကို သော့ခတ်ထားလိုက်တော့တယ်။

သူကလည်း မေမေ့ကိုရွဲ့တဲ့အနေနဲ့ ဘရာစီယာ တထည်နဲ့တအိမ်လုံးအနှံ့ပတ်သွားပစ်လိုက်တယ်။ "နင် ရူးနေတာ နင်ရူးနေတာ" ဆိုပြီး မေမေက သူ့ကို လိမ္မော်ရောင်ဆေးပုလင်းထဲက ဆေးလုံးတွေအတင်းခွံ့တယ်။ သူကလည်း ဝတ်လစ်စလစ်နဲ့ တအိမ်လုံးပတ်‌ေပြးနေတော့တယ်။ "တကယ်က မေမေရူးနေတာ"လို့ သူကပြန်အော်တယ်။




ညတညမှာတော့ သူဟာ အိပ်ရာပေါ်မှာ မအိပ်နိုင်သေးဘဲ တိတ်တိတ်လေးငိုနေခဲ့တယ်။ သူအမ်မလီ့ကို မတွေ့ရတာ (၂) ပတ်ကျော်ပြီ။ ရုတ်တရက်အသံတခုကိုကြားရတယ်။ အိမ်အပြင်ဘက်ကလာတဲ့အသံမဟုတ်။ သူ့အခန်းတံခါးကနေလာတဲ့အသံလည်းမဟုတ်။ ခဏကြာတော့ မြေကြီးဟာ တုန်လာသလိုပဲ။ ရုတ်တရက်မြေကြီးအောက်ထဲက သူ့နာမည်ကိုခေါ်တဲ့အသံမျိုးကြားတော့ သူလန့်အော်မိတော့မလို့။ သေချာနားထောင်ကြည့်မှ အမ်မလီ့အသံဖြစ်နေတယ်။ သူကြားနေရတာ သူ့အဝတ်ဗီရိုအောက်တည့်တည့်က။ သူက သစ်သားချောင်းသုံးလေးချောင်းကို အပေါ်ကနေကူခွာလိုက်တယ်။ ကံကောင်းတာတခုက မေမေက အိပ်ပျော်သွားရင် တော်ရုံနဲ့မနိုးတော့တာပဲ။




အမ်မလီက မီးအိမ်တလုံးလက်ကဆွဲပြီး သူ့အခန်းထဲကို မြေကြီးထဲကနေတက်လာတယ်။




"နင်ဘယ်လိုလုပ် မြေကြီးထဲကထွက်လာတာလဲ အမ်မလီ"




"ဒါလား ၊ ဟီး ငါနင်တို့အိမ်အနောက်က အာလူးတွေလှောင်တဲ့အခန်းနောက်မှာ ယုန်တွင်းဟောင်းတခုတွေ့တယ်ဟ။ အဲ့ဒီကနေ ငါဆက်တူးရင်း ဒီကိုရောက်လာတာ"




သူဝမ်းသာသွားပြီး




"နင်မောနေမှာပေါ့ ငါရေသွားယူလိုက်ဦးမယ်"




"အေး‌အေး ငါစောင့်နေမယ်"




အမ်မလီက ပြောလည်းပြောရင်း သူ့မှာပါလာတဲ့တူရွင်းကို ခုတင်ခြေရင်းမှာချထားလိုက်တယ်။ သူမေမေ့အခန်းကိုကြည့်တော့ မည်းမှောင်နေတာနဲ့ စိတ်ချလက်ချပဲမီးဖိုချောင်ကိုဝင်ခဲ့လိုက်တယ်။ ရုတ်တရက် အော်သံနက်နက်ကြီးကြားလိုက်ရတော့ သူအလန့်တကြားနဲ့ သူ့အခန်းကိုပြေးသွားလိုက်တယ်။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူလက်ထဲကဖန်ခွက်ဟာလွတ်ကျသွားပြီး ဖန်ကွဲစတွေတောင် ခြေထောက်ကိုလာစင်တယ်။ ဒါကို သူဂရုမစိုက်အား။




သူ့ရှေ့မှာ မြင်နေရတာ ဗိုက်ကိုတူရွင်းကြီးစိုက်ဝင်ပြီး သွေးတွေမြင်မကောင်းအောင်ထွက်နေတဲ့ အမ်မလီ။ အမ်မလီက တခုခုကိုဆုပ်ကိုင်ထားပြီး သူ့ကိုတခုခုပြောနေတယ်။ မေမေက အမ်မလီ့ကိုတားဖို့ကြိုးစားနေတယ်။ အမ်မလီက သူ့ဒိုင်ယာရီစာအုပ်ကို သူ့ဆီပစ်ပေးတယ်။




"ပြေးတော့ မေပယ်လ် ပြေး နင့်အမေဆီကလွတ်အောင်ပြေး"




မေမေက အမ်မလီ့ကိုတားနေရာကနေ သူ့ကိုဖမ်းချုပ်ဖို့ပြေးလာတယ်။ အမ်မလီက မေမေ့ကိုအတင်းဖက်ထားတယ်။




"ယုန်တွင်း ယုန်...."




စကားမဆုံးလိုက်ဘူး အမ်မလီအသက်ထွက်သွားပြီ။ ဒါပေမယ့် သူကမေမေ့ကိုကျစ်ကျစ်ပါအောင်ဖက်ထားတာ။ သူလည်းဘာကိုမှ ဂရုစိုက်မနေတော့ဘဲ ယုန်တွင်းထဲခုန်ဆင်းလိုက်တယ်။ သူ့လက်ထဲမှာ ဒိုင်ယာရီစာအုပ်တအုပ်ပဲပါလာတယ်။ သူမှောင်မည်းနေတဲ့တွင်းထဲကနေပြေးတယ်။ ခလုတ်တိုက် လဲနေပေမယ့် သူမရပ်ရဲ။ မေမေသူ့နာမည်ခေါ်နေတာကို သူကြားနေရတယ်။ တောအုပ်ထဲက လရောင်နဲ့လင်းနေတာတွေကိုလည်း မကြည့်အား။




သူမျက်ရည်တွေနဲ့ ပင်လယ်ကမ်းစပ်ကိုရောက်အောင်ပြေးနေတယ်။

သူ့လက်ထဲက ဒိုင်ယာရီစာအုပ်ကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ ရေလှိုင်းသံတွေဟာ ဝမ်းနည်းစရာကောင်းနေသလိုပဲ။ လရောင်ဟာ ဒီနေ့မှ ပိုပြီးလင်းနေတယ်။

သူ့အတွေးတွေအားလုံးရှုပ်ထွေးနေတယ်။ ရုတ်တရက်ပဲ လှိုင်းလုံး‌ေတွ‌ေပါ်မှာ မြင်းဖြူပေါ်လာတယ်။ တောအုပ်ထဲကမြင်းဖြူ ၊ သူဝမ်းသာအားရ ရေထဲပြေးဆင်းသွားတယ်။ မြင်းဖြူကရေထဲကို တဖြည်းဖြည်းငုပ်လျှိုးသွားတယ်။




× × × ×




ကျောက်ဖျာပေါ်မှာ ဒိုင်ယာရီစာအုပ်တအုပ်ရှိတယ်။ လေတွေတိုက်လာတော့ စာရွက်‌ေတွက တဖျတ်ဖျတ်လှုပ်နေတယ်။




သူ ရေနက်ထဲကိုရောက်တဲ့အခါ သူဟာ ငယ်ဘဝကိုရောက်သွားတယ်။ သူတို့နေတဲ့ငယ်ဘဝရဲ့မြို့လေးဟာ အေးချမ်းနေရာကနေ ရုတ်တရက်ဗုံးသံတွေနဲ့ ဆူညံပေါက်ကွဲ ၊ မြင်ကွင်းတွေ အော်သံတွေ သူအသေးစိတ်မြင်နေကြားနေရ။

စစ်သားငယ်ငယ်နှစ်ယောက်ဟာ အခန်းတံခါးကိုခြေထောက်နဲ့ အကြမ်းပတမ်းဆောင့်ဖွင့်တယ်။ မေမေက သူ့ကိုပြေးဖို့ပြောနေပေမယ့် ‌ေသနတ်နဲ့ချိန်ထားတော့ သူမပြေးရဲ။ စစ်သားတယောက်က မေမေ့အနားကိုတိုးကပ်လာတယ်။ သူမကြည့်ရဲခဲ့တဲ့မြင်ကွင်း။ မေမေဟာ နာကျင်မှုနဲ့အော်နေတယ်။ သူ့မျက်စိရှေ့မှာ ကြမ်းကြမ်းတမ်းတမ်းပြုကျင်ခံလိုက်ရတဲ့မေမေဟာ ‌ေသွးလွန်ပြီးသေသွားတယ်။ သူဟာ ဖမ်းချုပ်ထားတဲ့စစ်သားလက်ကိုကိုက်ချလိုက်ရင်း လွတ်အောင်ပြေးတယ်။ မီးတွေ မီးတွေ အရာအားလုံးကိုဝါးမျိုသွားခဲ့ပြီ။

ရုတ်တရက် သူ့အိပ်ခန်းထဲကိုရောက်လာတယ်။ "အမ်မလီ့ကိုသတ်လိုက်တာသူမဟုတ်ဘူး။ သူမဟုတ်ပါဘူး။" မေမေက သူ့ကိုငြင်းဖို့ကြိုးစားတယ်။ အမ်မလီမျက်နှာဟာ တဖြည်းဖြည်းသူဖြစ်သွားတယ်။ မေမေ့မျက်နှာဟာလည်း သူကိုယ်တိုင်ပဲဖြစ်သွားတယ်။ အဲ့ဒီရုပ်ပုံနှစ်ခုဟာ ရေပူဖောင်းလေးတွေအဖြစ်ပြောင်းပြီး သူ့ရင်အုံထဲကို ဝင်လာတယ်။ သူ့မျက်လုံးတွေကို မှိတ်ချလိုက်ပြီ။




နေရောင်ခြည်ဟာ ပင်လယ်ကို ပတ္တမြားသွေးခြယ်သထားတယ်။ ကမ်းခြေကို ပုလင်းလေးတလုံးဟာမျောလာတယ်။ ကလေးတယောက်က ဆယ်ယူပြီးအထဲက စာကိုဖတ်ကြည့်လိုက်တယ်။




"ငါအမြဲတမ်းအမ်မလီအဖြစ်ပဲနေချင်တယ်"




အဲ့ဒီကလေးက ခေါင်းကိုကုတ်ရင်း စာရွက်လေးကိုလုံးချေပြီးတော့ ပင်လယ်ထဲကိုပစ်ချတယ်။ စာရွက်လုံးလေးဟာ တလိမ့်လိမ့်နဲ့မျောရင်း ရေ‌ေအာက်ထဲကို ရောက်သွားတယ်။




ဒိုင်ယာရီစာအုပ်ထဲမှာ ဘာတွေရေးထားမလဲဆိုတာ ခင်ဗျားတို့သိချင်နေကြလိမ့်မယ်လို့ထင်ပါတယ်။




"ဒါဟာ ကျွန်မမမှတ်မိချင်တော့တဲ့ မှတ်ဉာဏ်များအကြောင်းပါပဲ။ အဖြစ်အပျက်တွေက တကယ်တည်ရှိခဲ့တယ်။ ကျွန်မရဲ့သိစိတ်ထဲမှာတော့ အဲ့ဒီအဖြစ်အပျက်တွေကို ငြင်းဆန်ရင်း နေထိုင်ပစ်လိုက်ချင်တယ်။ နောက်ဘဝဆိုတာ တကယ်ရှိလားလို့ ကျွန်မတွေးခဲ့ဖူးတယ်။ တကယ်လို့ နောက်ဘဝသာရှိခဲ့ရင်တော့ ကျွန်မစိတ်ဒဏ်ရာတွေနဲ့ အိပ်မပျော်ပါရစေနဲ့လို့သာ ဆုတောင်းပါတယ်။"




The End






















Zawgyi







Emily in My Room




Warning : PG-13




(၁)




ဝက္သစ္ခ်သားနဲ႔လုပ္ထားတဲ့ သစ္သားအိမ္ကေလးထဲမွာ မီးလင္းဖိုေသးေသးေလးဟာ တေငြ႕ေငြ႕ေတာက္ေလာက္ေနတယ္။ ည... ညဟာ မိုးေရစက္ေတြေအာက္မွာ စို႐ႊဲေမွာင္မိုက္ေနတယ္။ မီးလင္းဖိုရဲ႕မနီးမေဝးမွာေတာ့ ဆြယ္တာအညိဳေရာင္ကိုဝတ္ထားတဲ့ အမ်ိဳးသမီးငယ္တေယာက္ဟာ စာအုပ္တအုပ္ကို သဲႀကီးမဲႀကီးထိုင္ဖတ္ေနတယ္။ သူဟာ မိုးခ်ဳန္းေနတာကိုလည္းမၾကား ၊ ေလေတြတိုက္ေနတာကိုလည္း သတိမျပဳမိ။




႐ုတ္တရက္ တံခါးေခါက္သံတခု ထြက္ေပၚလာတယ္။

ေမေမလား မဟုတ္ႏိုင္ပါဘူး။ သူ႔ကိုယ္သူေမးရင္း သူကိုယ္တိုင္ပဲ စိတ္ထဲကေနေျဖလိုက္တယ္။ ေမေမက ေနာက္ ၂ ရက္ေလာက္ေနမွျပန္လာမွာလို႔ေျပာသြားတာ။ တံခါးဖြင့္လိုက္ေတာ့ မိုးေရေတြ႐ႊဲစိုေနတ‌ဲ့မိန္းကေလးတေယာက္။

သူအလန႔္တၾကားနဲ႔ တံခါးကိုပိတ္မလို႔လုပ္လိုက္တယ္။ မေတာ္လို႔ သူ႔ကိုဒုကၡေပးမယ့္သူဆိုရင္ ဘယ္လိုလုပ္မလဲ။ အိမ္မွာကလည္းသူတေယာက္တည္းေလ။




"မပိတ္နဲ႔ ေမပယ္လ္ တံခါးကိုမပိတ္လိုက္နဲ႔"




"ဟင္ နင္က ငါ့နာမည္ကိုဘယ္လိုသိေနတာလဲ။ နင္... နင္ဘယ္သူလဲ"

သူတုန္လႈပ္တဲ့အသံနဲ႔ေမးလိုက္ေတာ့ အဲ့ဒီမိန္းကေလးက ခပ္႐ႊင္႐ႊင္ၿပဳံးျပရင္း




"ငါက အမ္မလီပါ၊ နင္တို႔အိမ္ရဲ႕အေနာက္ဘက္ေတာအုပ္ကေန ဒီကိုေရာက္လာတာ"




သူ႔စကားေတြကယုံႏိုင္စရာမရွိ။ မိန္းကေလးတေယာက္တည္း မိုးေတြ႐ြာေနတဲ့ညေမွာင္ေမွာင္ႀကီးမွာ ေတာအုပ္ကိုျဖတ္လာသတဲ့။ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။ ေနာက္ၿပီးသူ႔ရဲ႕အဝတ္အစားေတြကိုၾကည့္ပါဦး။ အျဖဴေရာင္အက်ႌခပ္ပါးပါးကိုဝတ္ထားေတာ့ အတြင္းသားေတြကို အတိုင္းသားျမင္ေနရတယ္။




"ငါက ဒုကၡေပးမယ့္သူတေယာက္လို႔ နင္ေတြးေနတာမလား။ စိတ္ခ်ပါ ငါက နင့္ကိုအေဖာ္ျပဳေပး႐ုံပါပဲ။ အခုေလာေလာဆယ္ အိမ္မွာက နင္တေယာက္တည္းေလ ဟုတ္တယ္မလား"

သူနည္းနည္းယုံၾကည္ခ်င္လာတယ္။ ၿပီးေတာ့ တခိုက္ခိုက္တုန္ေနတဲ့ေကာင္မေလးကို သနားစိတ္ဝင္သြားတာလည္းပါတာေပါ့။




သူက အမ္မလီ့ကို တဘက္ရယ္ ညအိပ္ဝတ္စုံတစုံရယ္ ထုတ္ေပးၿပီးေတာ့ ထိုင္ခုံေပၚကေစာင့္ေနလိုက္တယ္။ အမ္မလီက ေ႐ႊအိုေရာင္ဆံပင္နဲ႔ လိုက္ဖက္လြန္းၿပီးသိပ္လွေနတာ။ သူ အမ္မလီ့ကို အားက်သလိုေငးေနမိတယ္။ အမ္မလီ့မ်က္လုံးေတြက အေရာင္တမ်ိဳးနဲ႔လင္းေနတာလို႔ထင္ရတယ္။




"နင့္အသက္ဘယ္ေလာက္ရွိၿပီလဲ အမ္မလီ"




"၂၁ နင္နဲ႔အသက္အတူတူပဲေလ ေမပယ္လ္ရဲ႕"




"ငါက နင့္အေၾကာင္းေတြ တခုမွမသိရဘဲ နင္က ငါ့အေၾကာင္းေတြဘာလို႔သိေနတာလဲ"




ေမပယ္လ့္မ်က္ႏွာက ေဒါသအေရာင္ေလးေပၚလာတယ္။

အမ္မလီကေတာ့ သူ႔ပုံစံအတိုင္း လြတ္လပ္ပြင့္လင္းတဲ့ပုံစံနဲ႔ရယ္လိုက္ၿပီး




"ငါ့ကို အမ္မလီလို႔ပဲ သိထားရင္ရပါၿပီ"




အျပင္မွာ မိုးဟာပိုသည္းလာတယ္။ ယူကလစ္ပင္ေတြယိမ္းထိုးေနတာကို မွန္တံခါးကေန ျမင္ေနရတယ္။




"......"




မိုးသံနဲ႔ အမ္မလီဘာေမးလိုက္မွန္းေသခ်ာမသိ။




"နင္ ဒီၿမိဳ႕ကဘယ္ေနရာေတြေရာက္ဖူးလဲလို႔ေမးတာ"




ေမပယ္လ္က ၿပဳံးလိုက္တယ္။ အမ္မလီမသိေသးတဲ့အေၾကာင္းေတြလည္းရွိသားပဲ။




"ငါလား အိမ္အေနာက္ေတာအုပ္အစပ္ရယ္ အိမ္ေရွ႕ကဥယ်ာဥ္ရယ္ အေနာက္က ထင္းေတြ အာလူးေတြေလွာင္ထားတဲ့အခန္းရယ္ေရာက္ဖူးတယ္ေလ"




"ဟင္ အဲ့ဒါဆို နင္က အိမ္ၿခံထဲကေနအျပင္ကိုမေရာက္ဖူးေသးတာေပါ့"




ေမပယ္လ္ၿပဳံးပဲၿပံဳးေနလိုက္တယ္။ ဘာလုပ္မွာလဲ အျပင္ေလာကက အႏၲရာယ္မ်ားတယ္။ သူ႔မွာ အေမဝယ္ဝယ္လာတတ္တဲ့ စာအုပ္ေတြရွိတယ္။ အိမ္ေရွ႕ဥယ်ာဥ္ထဲက ပန္းပြင့္ေလးေတြရွိတယ္။ အေနာက္ကေတာအုပ္ကိုေတာ့ အေမကမသြားခိုင္းတာမို႔ သူမသြားဖူးဘူး။ တခါတေလ ထင္းေျခာက္ေကာက္ဖို႔ ေတာအုပ္အစပ္နားဟိုဟိုဒီဒီေတာ့ေရာက္ဖူးတယ္။

အမ္မလီေတြးေနရင္းမွ တခုသတိရသြားၿပီး




"နင္ေတာအုပ္ထဲကေန ျဖတ္လာခဲ့တာဆိုေတာ့ အထဲမွာဘာရွိလဲ ငါ့ကိုေျပာျပပါလား"




"ေတာအုပ္ထဲမွာလား။ ပန္းပြင့္အဆန္းေလးေတြရွိတယ္"




ပန္းပြင့္ဆိုေတာ့ ေမပယ္လ္က အားရဝမ္းသာျဖစ္သြားၿပီး ၾကမ္းျပင္ေပၚမွာခ်ထားတဲ့ေျခႏွစ္ဖက္ကို ခုံေပၚလက္ႏွစ္ဖက္နဲ႔စုတင္လိုက္တယ္။




"ဟုတ္လား ဘယ္လိုပုံစံမ်ိဳးေလးေတြလဲ"




"နင္ျမင္ရင္ သိပ္သေဘာက်မွာဟ လိုက္ခဲ့ပါလား"




ေမပယ္လ္ေတြေတြေလးျဖစ္သြားၿပီး အသာအယာေခါင္းခါတယ္။




"ကဲပါ သိပ္ေတြးမေနနဲ႔ အိပ္ရာဝင္ၾကမယ္ေလ ၊ ငါ့မွာအစီအစဥ္ေတြရွိေသးတယ္၊ မနက္ျဖန္မွဆက္ေျပာၾကတာေပါ့"




"ဟင့္အင္း ငါစာအုပ္ဆက္ဖတ္ဦးမလို႔ နင္အိပ္ခ်င္အိပ္ေလ ငါအိပ္ရာျပင္ၿပီးသား"




အမ္မလီက ေခါင္းကိုခါယမ္းၿပီး သူ႔လက္ကစာအုပ္ကိုဆြဲလုတယ္။ ၿပီးေတာ့ စာအုပ္စင္ေပၚတင္ထားၿပီး သူ႔ကိုအိပ္ခန္းထဲဆြဲေခၚသြားတယ္။




(၂)




ေနေရာင္ျခည္ဟာ ေဖ်ာ့ေတာ့တဲ့အေႏြးေငြ႕ေငြ႕နဲ႔ ခန္းဆီးစၾကားကေန သူ႔မ်က္ႏွာေပၚက်ေရာက္လာတယ္။ သူ႔မ်က္လုံးေတြဖြင့္ၾကည့္လိုက္ေတာ့ မယုံၾကည္ႏိုင္စရာျမင္ကြင္း ႐ုတ္တရက္လန႔္ေအာ္မယ္လုပ္ၿပီးမွ မ်က္လုံးေတြကိုပြတ္သပ္ၾကည့္လိုက္ေတာ့ သူအျမင္မွားတာမွန္းသိသြားတယ္။ အမ္မလီက သူ႔မ်က္ႏွာနဲ႔တူေနတာမဟုတ္ရပါဘူး။




ေမပယ္လ္က ႏိုးတာနဲ႔ မ်က္ႏွာအရင္မသစ္ေသးဘဲ ေကာ္ဖီထေဖ်ာ္တယ္။ ဒါမနက္တိုင္းသူလုပ္တတ္တဲ့အက်င့္။ ေကာ္ဖီနံ႔သင္းသင္းနဲ႔ မနက္ခင္းကို စတင္ရတာ သိပ္ကိုအရသာရွိတာပဲ။ ဒီမနက္ေတာ့ ေကာ္ဖီကႏွစ္ခြက္ေပါ့။




အမ္မလီက တကယ့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနတာပါ။ အသက္တူတယ္သာေျပာတာ အမ္မလီက သူ႔ထက္အပူအပင္ကင္းၿပီး ငယ္႐ြယ္တဲ့ပုံေပါက္တယ္။ အမ္မလီက ေမေမ သူ႔အတြက္ငွားေပးခဲ့တဲ့အေဖာ္ပဲလား။ ဒါေၾကာင့္လည္း သူ႔အေၾကာင္းေတြသိေနတာပဲေနမွာေပါ့။ အေဖာ္ဆိုေတာ့ သူ႔စိတ္ထဲမွာ မိန္းမႀကီးတေယာက္ေယာက္ျဖစ္လိမ့္မယ္လို႔ေတြးထားတာ။ ဒါလည္းေကာင္းပါတယ္ေလ သက္တူ႐ြယ္တူခ်င္းဆိုေတာ့ ပိုၿပီးေျပာရေကာင္းတာေပါ့။




မနက္ (၁၀) နာရီေက်ာ္မွ အမ္မလီက အိပ္ရာထတယ္။ ေမေမသာရွိရင္ အဆူခံရမွာေသခ်ာတယ္။ ေမေမက နည္းနည္းေရွး႐ိုးဆန္တယ္။ ဒါေၾကာင့္လည္း သူ႔မွာ အဲ့ဒီအမူအက်င့္ေတြ ကပ္ပါလာတယ္ထင္ရဲ႕။




အမ္မလီႏိုးလာၿပီ။




"စီးကရက္ရွိလား ေမပယ္လ္"




‌သူက ႏွာေခါင္းရႈံ႕ၿပီး ေခါင္းခါျပလိုက္တယ္။ စီးကရက္နဲ႔မိန္းကေလး ဘယ္လိုမွဆက္စပ္လို႔မရ။

အမ္မလီက လြတ္လပ္ပြင့္လင္းတဲ့ပုံစံေပါက္ေပမယ့္

သူ မႀကိဳက္တဲ့အမူအရာေလးေတြလည္း ရွိေနျပန္တယ္။

အမ္မလီက မီးဖိုေခ်ာင္ကို အက်ႌတထည္နဲ႔ ထသြားတယ္။ ညဝတ္ေဘာင္းဘီကို အိပ္ေနရင္းခြၽတ္ခ်ထားပုံရ။ သူကမ်က္ႏွာလႊဲသြားေတာ့ အမ္မလီက မခိုးမခန႔္ပုံစံမ်ိဳးနဲ႔ရယ္ၿပီး ေပါင္မုန႔္ညိဳတခ်ပ္ကို ေျမပဲေထာပတ္နဲ႔သုတ္ၿပီးစားလိုက္တယ္။




အမ္မလီက ဟိုဟိုဒီဒီၾကည့္ေနရင္းနဲ႔ Walkman ကိုေတြ႕ေတာ့ ထၿပီးသြားဖြင့္လိုက္တယ္။ Classic သီခ်င္းသံတခုထြက္လာေတာ့ ႏွာေခါင္းရႈံ႕တယ္။




" နင္ မပ်င္းဘူးလား ေမပယ္လ္ ၊ ေန႔တိုင္း နင္ဒါေတြပဲ နားေထာင္တာလား။ ေခတ္ကေျပာင္းလဲေနၿပီဟ"




"ဒါက ငါ့အႀကိဳက္ပုံစံပဲေလ"




"တျခားအရာေတြကို မစမ္းၾကည့္ဘဲ ဒါကနင့္အႀကိဳက္ပါလို႔ နင္လက္ခံလိုက္တာလား"




"ငါေခတ္ေပၚဂီတကို နားေထာင္ဖို႔ႀကိဳးစားပါေသးတယ္။ ဒါေပမယ့္တခ်ိဳ႕ဟာေတြက နည္းနည္း႐ိုင္းတယ္ဟ"




အမ္မလီက သူ႔ကိုစိတ္ပ်က္သြားတဲ့ပုံစံမ်ိဳးနဲ႔ၾကည့္ေနတယ္။ ေနာက္ထပ္တိပ္ေခြတခုထည့္လိုက္ေတာ့ သူလည္းႀကိဳက္တဲ့ သီခ်င္း။

အမ္မလီက ခႏၶာကိုယ္တခုလုံး ယိမ္းၫႊတ္ၿပီးကတယ္။




"You're be like heaven to touch I wanna hold you so much..."

(Can't Take My Eyes Off You by Frankie Valli)




သူက စာသားကို လိုက္ဆိုေတာ့ အမ္မလီက လက္ကမ္းေပးတယ္။




"ဟင့္အင္း အမ္မလီ ငါမလုပ္..."




ထုံးစံအတိုင္းသူ႔လက္ကိုဆြဲယူၿပီး သူနဲ႔အတူကခိုင္းတယ္။

"နင့္ေရွ႕မွာ ေယာက်ၤားတေယာက္ေရာက္ေနတယ္လို႔ သေဘာထား"




"ငါ ငါ အဲ့လိုစိတ္ကူးမယဥ္တတ္ဘူး"




"ေသခ်ာလို႔လား ေမပယ္လ္"




႐ုတ္တရက္ အမ္မလီက သူ႔ခုတင္ေအာက္ကစာအုပ္တအုပ္ကိုဆြဲထုတ္လိုက္တယ္။

သူ႔မ်က္ႏွာဟာ ေဒါသေၾကာင့္ ရဲရဲတြတ္ေအာင္နီလာတယ္။ ၿပီးေတာ့ အမ္မလီ့ဆီက စာအုပ္ကိုဆြဲလုတယ္။

သူ႔လက္ထဲကိုပါလာတာ လူႀကီးဖတ္အျပာ႐ုပ္ျပစာအုပ္တအုပ္။




"နင္ သူမ်ားအိမ္ကိုလာၿပီး ပိုင္ရွင္မသိေအာင္ အိမ္ကပစၥည္းေတြကိုယူကိုင္တတ္တာပဲလား ၊ အဲ့ဒါေတာ္ေတာ္႐ိုင္းတဲ့အျပဳအမူေနာ္"




အမ္မလီ့မ်က္ႏွာပ်က္သြားတယ္။ ဒါေပမယ့္ ခဏေလး အဲ့ဒီအမူအရာက တကယ့္ကိုမွ ခဏေလးရယ္။ ၿပီးေတာ့ ဘာမွဂ႐ုမစိုက္သလို ရယ္ေမာၿပီး သံစဥ္အလိုက္ကေနလိုက္‌တယ္။ သူဟာ အဲ့ဒီပုံစံကို အေတာ္ေလးစိတ္ပ်က္ေနသလို တခ်ိန္တည္းမွာပဲ စိတ္ထဲကေန သေဘာလည္းက်ေနတယ္။ ဘာေၾကာင့္မွန္းမသိ သူ႔လိုမ်ိဳးေနၾကည့္ခ်င္စိတ္ေတြေပၚလာတယ္။




႐ုတ္တရက္




"ဟင္"

သူ အာေမဍိတ္အသံနဲ႔အတူ အဲ့ဒီအရာေနာက္ေျပးလိုက္ဖို႔ႀကိဳးစားတယ္။ ျမင္းျဖဴတေကာင္ေတာအုပ္ထဲဝင္ေျပးသြားတာ။




"နင္ေတြ႕လိုက္လား"




သူက အားတက္သေရာအသံနဲ႔ေမးေတာ့




"ဘာလဲ ေမပယ္လ္ နင္ဘာေမးတာလဲ"




"ျမင္းျဖဴေလ နင္ေတြ႕လိုက္လားလို႔"




"ျမင္းျဖဴကဘယ္လိုလုပ္ရွိမွာလဲ။ ရွိရင္ေတာင္ ငါသိမွာေပါ့။ ငါက ေတာအုပ္ဟိုဘက္အျခမ္းကေနလာတာကို"




"မဟုတ္ဘူး ရွိတယ္ ၊ ငါခဏခဏေတြ႕ေနရတာၾကာၿပီ ၊ ‌ငါျမင္လိုက္ရင္ ေတာအုပ္ထဲေျပးဝင္သြားတာခ်ည္း"




"တကယ္လို႔ေျပးသြားတယ္ဆိုရင္ေတာင္ အနည္းဆုံးခြာသံေတာ့ၾကားရမွာေပါ့"




အမ္မလီ သူ႔ကိုမယုံမွန္းသိပါတယ္။ ကိစၥမရွိပါဘူး။ တေန႔ေတာ့ အဲ့ဒီျမင္းျဖဴကို အမ္မလီေတြ႕ေအာင္ျပမွပဲ။ ျမင္းျဖဴကိစၥကို ဘာျဖစ္လို႔ အမ္မလီကိုေျပာျဖစ္တာလဲ သူ႔ကိုယ္သူေတာင္မသိဘူး။ ေမေမကိုေတာင္ သူမေျပာျပဖူးတာ။ အခ်ိန္ဆိုေလးအတြင္းမွာ သူ အမ္မလီ့ကို ရင္းႏွီးသြားတာေတာ့ ေသခ်ာတယ္။




(၃)




ေနာက္တေန႔... ေမေမေရာက္မယ့္ေန႔ေပါ့။ အမ္မလီ့ကိုမွာထားရေသးတယ္ အိပ္ရာကေစာေစာထရမယ့္အေၾကာင္းကိုေပါ့။ သူႏိုးလာေတာ့ အမ္မလီမရွိေတာ့ပါဘူး။ တအိမ္လုံးအႏွံ႔လိုက္ရွာေပမယ့္ ဘယ္ေနရာမွာမွ ရွာမေတြ႕။ ေမေမ့ကိုမေတြ႕ခ်င္တာပဲလားမသိ။ ေကာင္းေတာ့ေကာင္းပါတယ္ေလ သူ႔ပုံစံနဲ႔ ေမေမနဲ႔လည္း အဆင္ေျပမွာမဟုတ္ဘူး။ ဒါနဲ႔မ်ားေတာင္ ေမေမက ဘာလို႔ သူ႔အတြက္အေဖာ္လုပ္ဖို႔ ငွားခဲ့ေသးတာလဲမသိ။




ေမေမျပန္လာရင္ သူ႔အတြက္စာအုပ္တအုပ္မဟုတ္တအုပ္ေတာ့ပါမွာပဲ။ သူအေတြးနဲ႔တင္ ႀကိဳေပ်ာ္ေနၿပီ။ ရာသီဥတုကေတာ့ သိပ္မၾကည္လင္ပါဘူး။ တိမ္ေတြက ခပ္မႈိင္းမႈိင္း။ အိမ္ေရွ႕က ေဒလီယာပန္းပင္ေတြလႈပ္ယိမ္းေနတယ္။




ေမေမလာေတာ့ သူကေမေမ့ကိုေျပးဖက္တယ္။ ေမေမက သူ႔ေခါင္းကိုခပ္ဖြဖြပုတ္လိုက္ရင္း သူ႔မ်က္လုံးေတြကိုနားလည္ေနတဲ့ပုံစံနဲ႔ၿပဳံးလိုက္ၿပီး စာအုပ္သုံးအုပ္ထုတ္ေပးတယ္။




ဒီလိုနဲ႔ ေမေမက သိုးေမြးဆြယ္တာထိုးလိုက္ သူကေတာ့ အဲ့ဒီစာအုပ္ေတြနဲ႔ အခ်ိန္ကုန္လိုက္နဲ႔ တပတ္ေလာက္ၾကာသြားတယ္။

ည... မိုးေတြသည္းတဲ့ည ၊ လွ်ပ္စီးေတြလက္တဲ့ည ၊ ေတာအုပ္ထဲကသစ္ပင္ေတြယိမ္းကေနတဲ့ည ၊ ‌သူ မအိပ္ႏိုင္ေသးဘူး။ မိုး႐ြာတဲ့အသံေၾကာင့္ ေကာင္းေကာင္းအိပ္မေပ်ာ္။




႐ုတ္တရက္အသံတခုကိုၾကားလိုက္ရတယ္။

မွန္ျပတင္းကို တခုခုက႐ိုက္‌ေနတဲ့အသံမ်ိဳး ။ သစ္ပင္မ်ားလား မျဖစ္ႏိုင္ပါဘူး။ သစ္ပင္ဆိုရင္လည္း အဲ့ဒီ႐ိုက္တဲ့အသံက ေလနဲ႔အတူစည္းခ်က္ညီညီျဖစ္ေနမွာေပါ့။ ဒါက တေယာက္ေယာက္ထု႐ိုက္‌ေနတဲ့အသံမ်ိဳး။ သူ လိုက္ကာစကိုဖယ္ၾကည့္လိုက္ေတာ့ ျပတင္းေပါက္အျပင္ဘက္မွာရပ္ေနတဲ့ အမ္မလီ။

ျပတင္းေပါက္ကိုဖြင့္ေပးလိုက္ေတာ့ အမ္မလီက ေက်ာ္ခြၿပီးဝင္လာတယ္။ အမ္မလီ့မွာ ေရစိုခံအိတ္တလုံးလည္းပါလာေသးတယ္။




"ေရာ့ ေမပယ္လ္ နင့္အတြက္"




စီးကရက္တဗူး။ သူမွ စီးကရက္မေသာက္တတ္ပဲေလ။ အမ္မလီကလည္း သူ႔မ်က္ႏွာအမူအယာကိုသိတဲ့အလား သူအရင္တလိပ္ယူၿပီးေတာ့




"လာ ငါျပမယ္"




ျပတင္းေပါက္နားမွာ ႏွစ္ေယာက္သားရပ္လိုက္ၾကတယ္။ သူ စီးကရက္ကိုယူရမွာ ခ်ီတုံခ်တုံျဖစ္ေနတယ္။ အမ္မလီက ဗူးထဲကတလိပ္ကိုႏႈိက္ယူၿပီး သူ႔ႏႈတ္ခမ္းနားေတ့ေပးတယ္။




"ခဏေလး ငါျပန္လာခဲ့မယ္"




သူေမေမ့အခန္းကိုသြားၾကည့္လိုက္ေတာ့ မဲေမွာင္ေနတယ္။ ေမေမအိပ္ေပ်ာ္ေနၿပီထင္ရဲ႕။




သူ႔အခန္းဟာ ဂ်က္ဇ္ဂီတသံနဲ႔အတူ အေရာင္တမ်ိဳးေတာက္ပေနတယ္။ အမ္မလီ့အနားကပ္သြားလိုက္ၿပီး သူတို႔ ျပတင္းဝကေန မိုးေရေတြကိုေငးၾကည့္ၾကတယ္။ စီးကရက္ေတြ တလိပ္ၿပီးတလိပ္။

မၾကာခင္မွာဘဲ မိုးတိတ္သြားတယ္။




"ငါတို႔အျပင္ထြက္ရေအာင္ ေမပယ္လ္"




"ဟင္ အခုအခ်ိန္ႀကီး"




"ငါရွိတာပဲဟာ ဘာျဖစ္လဲ ၊ ၿပီးေတာ့နင္ ေတာအုပ္ထဲမေရာက္ဖူးဘူးမလား ၊ အဲ့ေတာအုပ္ရဲ႕အလြန္မွာ ဘာရွိလဲေရာနင္မသိခ်င္ဘူးလား"




"ပင္လယ္ရွိမွန္းေတာ့ငါသိတယ္။ ညညဆို အေဝးက ေရလႈိင္းပုတ္တဲ့အသံေတြ ငါၾကားရတယ္"




"နင္မွန္တယ္ ၊ အဲ့ဒါထက္ပိုတဲ့အရာေတြရွိေသးတယ္သိလား ၊ နင္ျမင္ရင္သိပ္သေဘာက်မွာ"




သူ႔စိတ္က ခပ္ပါပါျဖစ္ေနပါၿပီ။ သူတခါမွ အျပင္ကိုမေရာက္ဖူးတာလည္းပါတာေပါ့။ ၿပီးေတာ့ ကံေကာင္းရင္ ျမင္းျဖဴနဲ႔လည္းေတြ႕ရင္ေတြ႕ရမွာေလ။

သူလိုက္ဖို႔ဆုံးျဖတ္လိုက္တဲ့အခ်ိန္မွာပဲ ႏွစ္ေယာက္သားအျပင္ကိုေရာက္သြားၾကၿပီ။




လဟာ တိမ္လိပ္မဲမဲေတြၾကားကေန တစြန္းတစထြက္ေပၚလာတယ္။ ယူကလစ္ပင္ေတြၾကားကျဖာက်ေနတဲ့လေရာင္ဟာ သိပ္လွတာပါပဲ။ သူတို႔သစ္ျမစ္တခုကို ျဖတ္ေက်ာ္လိုက္တဲ့အခ်ိန္မွာေတာ့ အလင္းေရာင္ေလးေတြပ်ံေနတာေတြ႕ရတယ္။




"ပိုးစုန္းၾကဴးေတြ..."




သူ႔အသံကစိတ္လႈပ္ရွားမႈနဲ႔ေပ်ာ္႐ႊင္မႈေရာေနတယ္။ သူေရာက္ေနတာအိပ္မက္ကမာၻပဲလား။

သူဖတ္ဖူးတဲ့စာအုပ္ေတြထဲက ပုံျပင္ကမာၻတခုပဲလား။ အဲ့ဒီညကေတာ့ ျမင္းျဖဴကိုမေတြ႕ခဲ့ပါဘူး။ ပန္းပြင့္အဆန္းေတြကိုလည္း ၾကည့္ဖို႔မအားခဲ့ဘူး။ အမ္မလီက တေနရာရာကိုေရာက္ခ်င္ေဇာနဲ႔ ခပ္သြက္သြက္ေလွ်ာက္ေနတာေၾကာင့္ ေနာက္ကေနအေျပးကေလးလိုက္ခဲ့ရတယ္။

လူသြားလမ္းတခုရယ္ လူတခ်ိဳ႕ရယ္ကိုျမင္လိုက္ရေတာ့ သူနည္းနည္းေခါင္းကိုက္ခ်င္လာတယ္။ အမ္မလီက သူ႔လက္ကိုဆြဲရင္း လမ္းကူးတယ္။ သူတို႔ဦးတည္ေနတာ Convenience Store တခုကိုပါ။




"နင္ ဘာလုပ္မလို႔လဲ အမ္မလီ"




"ဘရမ္ဒီဝယ္မလို႔ေလ အခု ပင္လယ္နားသြားေသာက္ၾကမလို႔"




သူလည္းဘာမွမေျပာသာေတာ့ဘဲ လိုက္ခဲ့ရေတာ့တယ္။ သူမျမင္ဖူးတဲ့ ပစၥည္းအထူးအဆန္းေတြကိုၾကည့္ရင္း သူ႔မွာ အံ့ေတြဩလို႔။ အမ္မလီက ဘရမ္ဒီပုလင္းဝယ္ၿပီးျပန္လာေတာ့ သူအႀကံတခုရသြားတယ္။

"နင္ ဝယ္စရာရွိရင္ ဝယ္ေလ ေမပယ္လ္"




သူတို႔လိုခ်င္တာအသီးသီးရၿပီးတဲ့ေနာက္မွာ ပင္လယ္နားကိုဆင္းဖို႔ဆုံးျဖတ္လိုက္ၾကတယ္။ လေရာင္ဟာ လင္းလင္းရွင္းရွင္းထြက္ေပၚလာတယ္။ ကမ္းစပ္ဟာ လေရာင္ေအာက္မွာ သလင္းေက်ာက္ကေလးေတြစီခင္းထားသလို တလဲ့လဲ့ေတာက္ပေနတယ္။

သူေလျပည္ညႇင္းေတြကိုစတင္ခံစားရတယ္။ ၿပီးေတာ့ လြတ္လပ္မႈ ၊ ေနာက္ၿပီးေတာ့ ေျပးလႊားသြားခ်င္စိတ္ေတြ။ သူ ေရလႈိင္းေတြနဲ႔အတူေဆာ့တယ္။ ၿပီးေတာ့ လေရာင္ေအာက္မွာ သူ႔ေျခခ်င္းဝတ္ေတြကို လွည့္ရင္းကတယ္။ သူ႔လက္ဖ်ားေတြဟာ ေလျပည္ညႇင္းနဲ႔အလိုက္သင့္ယိမ္းႏြဲ႕ေပ်ာ့ေျပာင္း။ သူဟာ ဟိုအေဝးဆီကလာခဲ့သလို ဟိုးအေဝးဆီကို ျပန္ေရာက္သြားသလို ခံစားခ်က္မ်ိဳး။ သူ႔ႏွလုံးသားတခုလုံးဟာ တုန္ရီလႈပ္ခတ္။ သူငိုတယ္ ဒါေပမယ့္ ဒါဟာ ေပ်ာ္လို႔ငိုမွန္းသူ႔ကိုယ္သူသိတယ္။




သူကလို႔စိတ္ေက်နပ္တဲ့အခါ အမ္မလီ့ဆီကို ေလွ်ာက္သြားလိုက္တယ္။ အမ္မလီက ေက်ာက္ဖ်ာတခုေပၚမွာထိုင္ရင္း သူ႔ကိုေစာင့္ေနတာ။ ဘရမ္ဒီပုလင္းက ေဖာက္ၿပီးေနၿပီ ဒါေပမယ့္ တငုံမွေတာင္မေသာက္ရေသးပါဘူး။ တေယာက္တလွည့္ေသာက္ၿပီးၾကၿပီးတဲ့ေနာက္ေတာ့ အမ္မလီက ပုလင္းကို ပင္လယ္ထဲပစ္မလို႔လုပ္တယ္။




"မပစ္နဲ႔ဦး အမ္မလီ ငါလုပ္စရာရွိေသးလို႔"




သူက ခုနကဝယ္လာတဲ့ ပို႔စ္ကတ္ေသးေသးေလးနဲ႔ေဘာပင္ကိုထုတ္လိုက္တယ္။ သူ႔ဒူး‌ေပၚမွာ ပို႔စ္ကတ္ကိုတင္ၿပီး တခုခုေရးလိုက္ၿပီး‌တဲ့ေနာက္မွာေတာ့ ဘရမ္ဒီပုလင္းထဲထည့္ အဖုံးပိတ္ၿပီး အမ္မလီ့ကိုေပးလိုက္တယ္။




"ရၿပီ ပင္လယ္ထဲပစ္ခ်လိုက္ေတာ့"




"နင္အထဲမွာဘာေရးထားလဲ"




သူ မေျဖ။

သူတို႔မ်က္လုံးေတြဟာ ပင္လယ္ျဖစ္သြားၿပီး

သူတို႔ဆံပင္‌ေတြဟာ လႈိင္းေတြလို လူးလြန႔္ေနတယ္။




(၄)




အဲ့ဒီလိုနဲ႔ အမ္မလီဟာ ညတိုင္းေရာက္လာၿပီး သူနဲ႔အတူအိမ္ကေနခိုးထြက္ ညဖက္ႀကီးတၿမိဳ႕လုံးအႏွံ႔ေလွ်ာက္သြားေနတတ္တယ္။ သူဟာ အခု ေဆးလိပ္ေသာက္တတ္ၿပီ။ အရက္ဘီယာေသာက္တတ္ခဲ့ၿပီ။ တီရွပ္ေတြလည္းဝတ္တတ္ခဲ့ၿပီ။ ၾကာလာေတာ့ ေမေမက ရိပ္မိသြားတယ္ထင္ပါတယ္။ သူ႔ျပတင္းေပါက္ကို အျပင္ကေန သစ္သားႏွစ္ေခ်ာင္းကန႔္လန႔္ျဖတ္သံ႐ိုက္ၿပီး အေသပိတ္ပစ္လိုက္တယ္။ သူဘယ္ကိုသြားသြား ေမေမက မ်က္စိေဒါက္ေထာက္ၾကည့္ေနေတာ့တာ။




"ေမေမရယ္ သမီးျမင္းျဖဴေလးကိုၾကည့္ခ်င္လို႔ အျပင္ခဏေပးထြက္ပါ၊ သမီးဘယ္မွထြက္မေျပးပါဘူး"




"ဘယ္ျမင္းျဖဴမွမရွိဘူး ေလွ်ာက္ေျပာမေနနဲ႔"




တရက္ကေတာ့ ေမေမကသေဘာေကာင္းတယ္။ သူ႔ကို ေတာထဲအထိလိုက္ပို႔တယ္။ ေမေမနဲ႔အတူတူသြားရေတာ့ သူလည္းေပ်ာ္တာေပါ့။ အိမ္အျပန္စားဖို႔ေတာင္ သူက ေတာထဲကဘယ္ရီသီးနည္းနည္းခူးေနလိုက္ေသးတယ္။ အနီေရာင္ဘယ္ရီသီးေတြက ခူးသူမရွိေတာ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာရွိေနတာ။

ျမက္ခင္းတခုနားကိုေရာက္ေတာ့ သူေတြ႕ခ်င္တဲ့ျမင္းျဖဴေလးကိုေတြ႕လိုက္ရတယ္။ ဒီေနရာမွာ အမ္မလီပါရွိေနရင္သိပ္ေကာင္းမွာပဲ။ ေမေမနဲ႔အမ္မလီ့ကို ျမင္းျဖဴတကယ္ရွိေၾကာင္းျပခ်င္တာ။




"ဟိုမွာ‌ ေတြ႕လားေမေမ ၊ ျမင္းျဖဴေလး ျမက္စားေနတာ"

ျမင္းျဖဴက ျမက္စားေနရာကေန သူ႔ကိုတခ်က္လွည့္ၾကည့္ၿပီး ဟီသံေပးတယ္။ ေမေမက ေနရာအႏွံ႔ကိုရွာၿပီး




"မေတြ႕ပါဘူး ဘယ္မွာလဲ နင့္ျမင္းျဖဴက"




"ဟိုမွာေလ ေမေမရဲ႕ ဟီသံေတာင္ေပးေနတာကို"




သူလက္ညႇိဳးထိုးေနတဲ့အခ်ိန္မွာပဲ ျမင္းျဖဴဟာ တျဖည္းျဖည္းေမွးမွိန္ေပ်ာက္ကြယ္သြားတာ။ သူမ်က္လုံးေတာင္ သူမယုံႏိုင္ ဒါကိုသူလက္မခံခ်င္ပါ။

ေမေမက ေလျပည္ဆန္ေနရာကေန ႐ုတ္တရက္မုန္တိုင္းအျဖစ္ေျပာင္းသြားတယ္။




"လာစမ္း နင္ထြက္ေျပးခ်င္လို႔အႀကံအဖန္လုပ္ေနတာ"




သူ႔ခႏၶာကိုယ္ေလးဟာ ေပါ့ပါးစြာနဲ႔ ေမေမ့ေနာက္ကိုလိုက္ပါသြားရတယ္။ အိမ္ေရာက္ေတာ့ ေမေမကအျပင္တံခါးမႀကီးကို ေသာ့ခတ္ထားလိုက္ေတာ့တယ္။

သူကလည္း ေမေမ့ကို႐ြဲ႕တဲ့အေနနဲ႔ ဘရာစီယာ တထည္နဲ႔တအိမ္လုံးအႏွံ႔ပတ္သြားပစ္လိုက္တယ္။ "နင္ ႐ူးေနတာ နင္႐ူးေနတာ" ဆိုၿပီး ေမေမက သူ႔ကို လိေမၼာ္ေရာင္ေဆးပုလင္းထဲက ေဆးလုံးေတြအတင္းခြံ႕တယ္။ သူကလည္း ဝတ္လစ္စလစ္နဲ႔ တအိမ္လုံးပတ္‌ေျပးေနေတာ့တယ္။ "တကယ္က ေမေမ႐ူးေနတာ"လို႔ သူကျပန္ေအာ္တယ္။




ညတညမွာေတာ့ သူဟာ အိပ္ရာေပၚမွာ မအိပ္ႏိုင္ေသးဘဲ တိတ္တိတ္ေလးငိုေနခဲ့တယ္။ သူအမ္မလီ့ကို မေတြ႕ရတာ (၂) ပတ္ေက်ာ္ၿပီ။ ႐ုတ္တရက္အသံတခုကိုၾကားရတယ္။ အိမ္အျပင္ဘက္ကလာတဲ့အသံမဟုတ္။ သူ႔အခန္းတံခါးကေနလာတဲ့အသံလည္းမဟုတ္။ ခဏၾကာေတာ့ ေျမႀကီးဟာ တုန္လာသလိုပဲ။ ႐ုတ္တရက္ေျမႀကီးေအာက္ထဲက သူ႔နာမည္ကိုေခၚတဲ့အသံမ်ိဳးၾကားေတာ့ သူလန႔္ေအာ္မိေတာ့မလို႔။ ေသခ်ာနားေထာင္ၾကည့္မွ အမ္မလီ့အသံျဖစ္ေနတယ္။ သူၾကားေနရတာ သူ႔အဝတ္ဗီ႐ိုေအာက္တည့္တည့္က။ သူက သစ္သားေခ်ာင္းသုံးေလးေခ်ာင္းကို အေပၚကေနကူခြာလိုက္တယ္။ ကံေကာင္းတာတခုက ေမေမက အိပ္ေပ်ာ္သြားရင္ ေတာ္႐ုံနဲ႔မႏိုးေတာ့တာပဲ။




အမ္မလီက မီးအိမ္တလုံးလက္ကဆြဲၿပီး သူ႔အခန္းထဲကို ေျမႀကီးထဲကေနတက္လာတယ္။




"နင္ဘယ္လိုလုပ္ ေျမႀကီးထဲကထြက္လာတာလဲ အမ္မလီ"




"ဒါလား ၊ ဟီး ငါနင္တို႔အိမ္အေနာက္က အာလူးေတြေလွာင္တဲ့အခန္းေနာက္မွာ ယုန္တြင္းေဟာင္းတခုေတြ႕တယ္ဟ။ အဲ့ဒီကေန ငါဆက္တူးရင္း ဒီကိုေရာက္လာတာ"




သူဝမ္းသာသြားၿပီး




"နင္ေမာေနမွာေပါ့ ငါေရသြားယူလိုက္ဦးမယ္"




"ေအး‌ေအး ငါေစာင့္ေနမယ္"




အမ္မလီက ေျပာလည္းေျပာရင္း သူ႔မွာပါလာတဲ့တူ႐ြင္းကို ခုတင္ေျခရင္းမွာခ်ထားလိုက္တယ္။ သူေမေမ့အခန္းကိုၾကည့္ေတာ့ မည္းေမွာင္ေနတာနဲ႔ စိတ္ခ်လက္ခ်ပဲမီးဖိုေခ်ာင္ကိုဝင္ခဲ့လိုက္တယ္။ ႐ုတ္တရက္ ေအာ္သံနက္နက္ႀကီးၾကားလိုက္ရေတာ့ သူအလန႔္တၾကားနဲ႔ သူ႔အခန္းကိုေျပးသြားလိုက္တယ္။ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ သူလက္ထဲကဖန္ခြက္ဟာလြတ္က်သြားၿပီး ဖန္ကြဲစေတြေတာင္ ေျခေထာက္ကိုလာစင္တယ္။ ဒါကို သူဂ႐ုမစိုက္အား။




သူ႔ေရွ႕မွာ ျမင္ေနရတာ ဗိုက္ကိုတူ႐ြင္းႀကီးစိုက္ဝင္ၿပီး ေသြးေတြျမင္မေကာင္းေအာင္ထြက္ေနတဲ့ အမ္မလီ။ အမ္မလီက တခုခုကိုဆုပ္ကိုင္ထားၿပီး သူ႔ကိုတခုခုေျပာေနတယ္။ ေမေမက အမ္မလီ့ကိုတားဖို႔ႀကိဳးစားေနတယ္။ အမ္မလီက သူ႔ဒိုင္ယာရီစာအုပ္ကို သူ႔ဆီပစ္ေပးတယ္။




"ေျပးေတာ့ ေမပယ္လ္ ေျပး နင့္အေမဆီကလြတ္ေအာင္ေျပး"




ေမေမက အမ္မလီ့ကိုတားေနရာကေန သူ႔ကိုဖမ္းခ်ဳပ္ဖို႔ေျပးလာတယ္။ အမ္မလီက ေမေမ့ကိုအတင္းဖက္ထားတယ္။




"ယုန္တြင္း ယုန္...."




စကားမဆုံးလိုက္ဘူး အမ္မလီအသက္ထြက္သြားၿပီ။ ဒါေပမယ့္ သူကေမေမ့ကိုက်စ္က်စ္ပါေအာင္ဖက္ထားတာ။ သူလည္းဘာကိုမွ ဂ႐ုစိုက္မေနေတာ့ဘဲ ယုန္တြင္းထဲခုန္ဆင္းလိုက္တယ္။ သူ႔လက္ထဲမွာ ဒိုင္ယာရီစာအုပ္တအုပ္ပဲပါလာတယ္။ သူေမွာင္မည္းေနတဲ့တြင္းထဲကေနေျပးတယ္။ ခလုတ္တိုက္ လဲေနေပမယ့္ သူမရပ္ရဲ။ ေမေမသူ႔နာမည္ေခၚေနတာကို သူၾကားေနရတယ္။ ေတာအုပ္ထဲက လေရာင္နဲ႔လင္းေနတာေတြကိုလည္း မၾကည့္အား။




သူမ်က္ရည္ေတြနဲ႔ ပင္လယ္ကမ္းစပ္ကိုေရာက္ေအာင္ေျပးေနတယ္။

သူ႔လက္ထဲက ဒိုင္ယာရီစာအုပ္ကိုေတာ့ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတယ္။ ေရလႈိင္းသံေတြဟာ ဝမ္းနည္းစရာေကာင္းေနသလိုပဲ။ လေရာင္ဟာ ဒီေန႔မွ ပိုၿပီးလင္းေနတယ္။

သူ႔အေတြးေတြအားလုံးရႈပ္ေထြးေနတယ္။ ႐ုတ္တရက္ပဲ လႈိင္းလုံး‌ေတြ‌ေပၚမွာ ျမင္းျဖဴေပၚလာတယ္။ ေတာအုပ္ထဲကျမင္းျဖဴ ၊ သူဝမ္းသာအားရ ေရထဲေျပးဆင္းသြားတယ္။ ျမင္းျဖဴကေရထဲကို တျဖည္းျဖည္းငုပ္လွ်ိဳးသြားတယ္။




× × × ×




ေက်ာက္ဖ်ာေပၚမွာ ဒိုင္ယာရီစာအုပ္တအုပ္ရွိတယ္။ ေလေတြတိုက္လာေတာ့ စာ႐ြက္‌ေတြက တဖ်တ္ဖ်တ္လႈပ္ေနတယ္။




သူ ေရနက္ထဲကိုေရာက္တဲ့အခါ သူဟာ ငယ္ဘဝကိုေရာက္သြားတယ္။ သူတို႔ေနတဲ့ငယ္ဘဝရဲ႕ၿမိဳ႕ေလးဟာ ေအးခ်မ္းေနရာကေန ႐ုတ္တရက္ဗုံးသံေတြနဲ႔ ဆူညံေပါက္ကြဲ ၊ ျမင္ကြင္းေတြ ေအာ္သံေတြ သူအေသးစိတ္ျမင္ေနၾကားေနရ။

စစ္သားငယ္ငယ္ႏွစ္ေယာက္ဟာ အခန္းတံခါးကိုေျခေထာက္နဲ႔ အၾကမ္းပတမ္းေဆာင့္ဖြင့္တယ္။ ေမေမက သူ႔ကိုေျပးဖို႔ေျပာေနေပမယ့္ ‌ေသနတ္နဲ႔ခ်ိန္ထားေတာ့ သူမေျပးရဲ။ စစ္သားတေယာက္က ေမေမ့အနားကိုတိုးကပ္လာတယ္။ သူမၾကည့္ရဲခဲ့တဲ့ျမင္ကြင္း။ ေမေမဟာ နာက်င္မႈနဲ႔ေအာ္ေနတယ္။ သူ႔မ်က္စိေရွ႕မွာ ၾကမ္းၾကမ္းတမ္းတမ္းျပဳက်င္ခံလိုက္ရတဲ့ေမေမဟာ ‌ေသြးလြန္ၿပီးေသသြားတယ္။ သူဟာ ဖမ္းခ်ဳပ္ထားတဲ့စစ္သားလက္ကိုကိုက္ခ်လိုက္ရင္း လြတ္ေအာင္ေျပးတယ္။ မီးေတြ မီးေတြ အရာအားလုံးကိုဝါးမ်ိဳသြားခဲ့ၿပီ။

႐ုတ္တရက္ သူ႔အိပ္ခန္းထဲကိုေရာက္လာတယ္။ "အမ္မလီ့ကိုသတ္လိုက္တာသူမဟုတ္ဘူး။ သူမဟုတ္ပါဘူး။" ေမေမက သူ႔ကိုျငင္းဖို႔ႀကိဳးစားတယ္။ အမ္မလီမ်က္ႏွာဟာ တျဖည္းျဖည္းသူျဖစ္သြားတယ္။ ေမေမ့မ်က္ႏွာဟာလည္း သူကိုယ္တိုင္ပဲျဖစ္သြားတယ္။ အဲ့ဒီ႐ုပ္ပုံႏွစ္ခုဟာ ေရပူေဖာင္းေလးေတြအျဖစ္ေျပာင္းၿပီး သူ႔ရင္အုံထဲကို ဝင္လာတယ္။ သူ႔မ်က္လုံးေတြကို မွိတ္ခ်လိုက္ၿပီ။




ေနေရာင္ျခည္ဟာ ပင္လယ္ကို ပတၱျမားေသြးျခယ္သထားတယ္။ ကမ္းေျခကို ပုလင္းေလးတလုံးဟာေမ်ာလာတယ္။ ကေလးတေယာက္က ဆယ္ယူၿပီးအထဲက စာကိုဖတ္ၾကည့္လိုက္တယ္။




"ငါအၿမဲတမ္းအမ္မလီအျဖစ္ပဲေနခ်င္တယ္"




အဲ့ဒီကေလးက ေခါင္းကိုကုတ္ရင္း စာ႐ြက္ေလးကိုလုံးေခ်ၿပီးေတာ့ ပင္လယ္ထဲကိုပစ္ခ်တယ္။ စာ႐ြက္လုံးေလးဟာ တလိမ့္လိမ့္နဲ႔ေမ်ာရင္း ေရ‌ေအာက္ထဲကို ေရာက္သြားတယ္။




ဒိုင္ယာရီစာအုပ္ထဲမွာ ဘာေတြေရးထားမလဲဆိုတာ ခင္ဗ်ားတို႔သိခ်င္ေနၾကလိမ့္မယ္လို႔ထင္ပါတယ္။




"ဒါဟာ ကြၽန္မမမွတ္မိခ်င္ေတာ့တဲ့ မွတ္ဉာဏ္မ်ားအေၾကာင္းပါပဲ။ အျဖစ္အပ်က္ေတြက တကယ္တည္ရွိခဲ့တယ္။ ကြၽန္မရဲ႕သိစိတ္ထဲမွာေတာ့ အဲ့ဒီအျဖစ္အပ်က္ေတြကို ျငင္းဆန္ရင္း ေနထိုင္ပစ္လိုက္ခ်င္တယ္။ ေနာက္ဘဝဆိုတာ တကယ္ရွိလားလို႔ ကြၽန္မေတြးခဲ့ဖူးတယ္။ တကယ္လို႔ ေနာက္ဘဝသာရွိခဲ့ရင္ေတာ့ ကြၽန္မစိတ္ဒဏ္ရာေတြနဲ႔ အိပ္မေပ်ာ္ပါရေစနဲ႔လို႔သာ ဆုေတာင္းပါတယ္။"






The End

Comments

Post a Comment