From Lesbian to Let's-be-honest
Unicode
Let's be honest....။ ဆိုတော့ အမှန်အတိုင်းပြောရရင် ဒီအကြောင်းအရာကို ရေးဖို့ စိတ်ကူးထားတာ
အတော်ကြာခဲ့ပါပြီ။ ဘာလို့ မရေးဖြစ်လဲဆို အဓိက က ရေးစရာ platform မရှိလို့ပါဘဲ။ အားလုံးသိကြတဲ့အတိုင်း အာဏာသိမ်းပြီးနောက်ပိုင်း မဂ္ဂဇင်း၊ ဂျာနယ်တိုက်တွေ အတော်များများ ပိတ်သွားခဲ့တော့ စာပေလောကအတွက် နစ်နာသလို ကလောင်သစ်တွေလည်း လက်ရည်သွေးဖို့ အတော် ခက်ခဲသွားတယ်ပြောရမှာပါ။ အခုပြိုင်ပွဲကတော့ စာရေးသူတွေအတွက် လက်ရည်သွေးဖို့ အခွင့်အရေးကောင်းဖြစ်သလို မိမိရေးသားထားတဲ့ အကြောင်းအရာဟာ တော်လှန်ရေးအတွက်လည်း တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်စေမှာမို့ ဒီဆောင်းပါးကို ရေးဖို့အတွက် ဒီ့ထက်အဆင်ပြေတဲ့နေရာ မရှိတော့ဘူးလို့တောင် ပြောရပါမယ်။
Lesbian...။ အမျိုးသမီးချင်း စိတ်ဝင်းစားသူ။ ခေတ်လူငယ်တွေအတွက် ဒီဝေါဟာရက မစိမ်းဘူးလို့ ပြောရပါမယ်။ Gender equality ၊ human rights စတဲ့ စကားလုံးတွေ အသုံးများတွင်ကျယ်တဲ့ ခုခေတ်ကာလမှာ conservative ဖြစ်လွန်းပါတယ်ဆိုတဲ့ ဒီနိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာတောင် LGBT ဆိုတဲ့ စကားလုံးကို မသိတဲ့သူ အရင်ကထက်လျော့နည်းလာပြီလို့ပြောနိုင်ပါတယ်။ အာဏာသိမ်းပြီးခါစ ဆန္ဒပြပွဲတွေမှာ သက်တန့်ရောင် အလံတွေဝှေ့ရမ်းပြီး အားလုံးနဲ့အတူ ချီတက်ခဲ့ကြတဲ့ LGBTအဖွဲ့အစည်းတွေရဲ့ ပုံရိပ်တွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုချိန်ထိလည်း ပြောက်ကျားဆန္ဒပြပွဲတွေမှာ သက်တန့်အလံတွေကို မြင်တွေ့နိုင်ပါသေးတယ်။ ဒီတော်လှန်ရေးဟာ အာဏာရှင်စနစ်ကိုသာမက အမျိုးသမီးတွေ၊ လူနည်းစု တိုင်းရင်းသားတွေ၊ LGBTတွေအပေါ်မှာထားတဲ့ ဒီလူ့အဖွဲ့အစည်းရဲ့ ဆွေးမြေ့နေတဲ့ အမြင်ဟောင်း အတွေးအခေါ်ဟောင်းတွေကိုပါ တော်လှန်ပစ်ရမယ့် တော်လှန်ရေးပါ။
ထို့အတူ အခုနောက်ပိုင်း နိုင်ငံတကာ စာပေလောကမှာသာမက မြန်မာစာပေလောကမှာပါ LGBTကို အခြေပြုရေးသားထားတဲ့ စာပေအရေးအသားတွေ အများအပြား ပေါ်ထွက်လာတာကိုတွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီအပြောင်းအလဲဟာ အားရစရာဖြစ်ပေမယ့် ဆွမ်းဆန်ထဲကြွက်ချေးပါဆိုသလို စာပေအရေးအသားကောင်းတွေကြားထဲမှာ ရောနှောပါလာမယ့် ကြွက်ချေးနဲ့တူတဲ့ လူမှုဘဝကို အဆိပ်အတောက်
ဖြစ်စေတဲ့ အရာတွေကို စာဖတ်သူတွေက အသိဉာဏ်ပညာနဲ့ ရှောင်ရှားကြရမှာပါ။ စာရေးသူတွေကိုယ်တိုင်ကလည်း အကျိုးမပြုနိုင်သေးရင်တောင် အဆိပ်အတောက်ဖြစ်စေမယ့် အရေးအသားတွေကို မဖြန့်ဝေခြင်းအားဖြင့် မိမိကလောင်အပေါ်၊ မိမိရဲ့စာဖတ်သူ ပရိသတ်အပေါ်မှာ လေးစားမှု ရှိရမှာဖြစ်ပါတယ်။
LGBTအခြေပြု စာပေအရေးအသား မည်မျှပင် များပြားလာသည်ဆိုစေကာမူ နိုင်ငံတကာမှာရော မြန်မာမှာပါ တူညီနေတဲ့အချက်ကတော့ အမျိုးသမီးချင်းစိတ်ဝင်စားသူ(Lesbian) ကိုအခြေပြုရေးသားထားတဲ့ စာအုပ်၊ စာပေဟာ အမျိုးသားချင်းစိတ်ဝင်စားသူ(gay)ကို အခြေပြုရေးသားထားတဲ့ စာပေနဲ့ ယှဉ်ကြည့်ရင် အတော်လေး ပမာဏအရ နည်းပါးတာကို တွေ့ရပါတယ်။ မြန်မာမှာဆိုရင် lesbianနဲ့ပတ်သက်ပြီး ထုတ်ဝေထားပြီးသား စာအုပ်အရေအတွက်ဟာ လက်ချိုးရေလို့ရတဲ့ပမာဏအထိကို နည်းပါးနေသေးတာဖြစ်ပါတယ်။ နိုင်ငံတကာ စာပေလောကမှာတော့ မြန်မာမှာလောက် မနည်းပေမယ့် အရေးအသားကောင်းကောင်းနဲ့ ထုတ်ဝေထားတဲ့ စာအုပ်အရေအတွက်ဟာ စိတ်ကြိုက်ရွေးချယ်ခွင့် ရအောင်အထိ ပမာဏမများပြားသေးတာ ငြင်းမရတဲ့ အမှန်တရားပါ။
ဒီလို ရွေးချယ်စရာ နည်းပါးတဲ့အထဲကမှ ရသပိုင်းအရည်အသွေး အပြည့်ပါဝင်တဲ့ သမိုင်းနောက်ခံ lesbianစာအုပ် တစ်အုပ်ကတော့ သမိုင်းကိုစိတ်ဝင်စားသူ တစ်ယောက်အတွက် တွေးစရာအတော်ပေးနိုင်တယ် ပြောရပါမယ်။ စာအုပ်ရဲ့အမည်က The Mercies ဖြစ်ပြီး စာရေးဆရာမ Kiran Millwood Hargrave ရဲ့ 2020ခုနှစ်ထုတ် လက်ရာဖြစ်ပါတယ်။ နာမည်ကျော် Northern Light တွေရှိရာ တိုင်းပြည်၊ မြန်မာလူထုနဲ့ အနီးစပ်ဆုံးကိုပြောပြရရင်
ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ တယ်လီနော အခြေစိုက်ရာ နော်ဝေနိုင်ငံရဲ့ ၁၇ရာစုကာလကို
နောက်ခံရေးသားထားတာပါ။ 1617ခုနှစ် ဘုရင် Christian IV လက်ထက် နော်ဝေနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း Vardo ဒေသမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး အမျိုးသမီးနှစ်ဦးရဲ့ သံယောဇဉ်ကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ သို့ပေမယ့် ဒီဆောင်းပါးမှာ အဓိကထား ဆွေးနွေးချင်တာကနောက်ခံသမိုင်းဖြစ်ပါတယ်။
နော်ဝေနိုင်ငံရဲ့ အရှေ့မြောက်ဘက်ဆုံးမှာရှိပြီး နော်ဝေနှင့် Sámiလူမျိုး အနည်းငယ်တို့ စုပေါင်းနေထိုင်ကြတဲ့ အဲ့ဒီ့ဒေသဟာ ဝေးလံခေါင်သီပြီး သီခြားဖြစ်နေတဲ့ ကျွန်းတစ်ကျွန်းလည်းဖြစ်ပါတယ်။ ကျွန်းမှာနေထိုင်ကြသူ အမျိုးသားအများစုဟာ ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ပြီး မိသားစုကိုရှာဖွေကျွေးမွေးကြပါတယ်။ နော်ဝေလူမျိုးများက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပြီး Sámiလူမျိုးများက ရိုးရာအဆောင်လက်ဖွဲ့ စတာတွေနဲ့ မြန်မာအခေါ် နတ်ကိုးကွယ်ကြသူများဖြစ်ပါတယ်။ သို့ပေမယ့် ပင်လယ်ပြင်ထွက်ရတဲ့အခါမျိုးနဲ့ တချို့သော ကိစ္စရပ်များမှာ Sámiတို့ရဲ့ အဆောင်လက်ဖွဲ့များကို နော်ဝေလူမျိုးများကပါ အန္တာရာယ်ကင်းစေဖို့ ရည်ရွယ်ချက်နဲ့ ဝတ်ဆင် ဆောင်ယူသွားလေ့ရှိကြပါတယ်။ ဒီလိုမျိုး မတူကွဲပြားမှုတွေကို ဟန်ချက်ညီညီ ထိန်းကြောင်းေနေတဲ့ အဖွဲ့အစည်းဟာ 1617ခုနှစ်မှာ ငါးဖမ်းထွက်ကြတဲ့ အမျိုးသား၄၀ကျော် တပြိုင်တည်းသေဆုံးစေခဲ့တဲ့ မုန်တိုင်းတိုက်ခိုက်မှုအပြီး ပြိုကွဲခဲ့ရပါတော့တယ်။
အကြောင်းရင်းကတော့ ဘာသာရေးအယူသီးသူအဖြစ် နာမည်ကြီးတဲ့ ဘုရင်Christian IVဟာ သာသနာပြုမင်းအဖြစ် မှတ်ကျောက်တင်ရေး တစ်နည်းအားဖြင့် သူ့အာဏာစက်ချဲ့ထွင်ရေး နဲ့ ခရစ်ယာန်နိုင်ငံတည်ထောင်ရေး စီမံကိန်းမှာ အဖုအထစ်ဖြစ်နေတဲ့ Sámiတွေရဲ့ရိုးရာကိုးကွယ်မှုကို နိုင်ငံအရှေ့မြောက်ပိုင်းကနေ ဖယ်ရှားပစ်ဖို့အတွက်အဲ့ဒီ့ဖြစ်ရပ်ကို အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးချခဲ့လို့ဘဲဖြစ်ပါတယ်။ သူတို့ရဲ့ ရိုးရာကိုးကွယ်မှုကို စွန့်လွှတ်ဖို့ငြင်းဆန်တဲ့ Sámiလူမျိုးအများစုဟာ မတရားဥပဒေတွေအောက်မှာ စုန်းတွေအဖြစ် စွပ်စွဲ နှိပ်ကွပ်ခံကြရပြီး သူတို့နေထိုင်ရာ
ဒေသတွေကိုလည်း စွန့်ခွာခဲ့ကြရပါတယ်။ အဖမ်းဆီးခံရသူများဟာလည်း ရိုက်နှက်ခြင်း၊ အစာအငတ်ထားခြင်း၊ သံပူနဲ့ကပ်ခြင်းစသဖြင့် ရက်ရက်စက်စက်နှိပ်စက်ခံရပြီးတဲ့အခါ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ကြရပါတယ်။
ဒီလူမဆန်တဲ့ ရက်စက်မှုတွေဟာ Sámiလူမျိုးများ အပေါ်မှာသာမက နော်ဝေလူမျိုးများအပေါ်မှာပါ သက်ရောက်ခဲ့ပါတယ်။ ဘုရင့်ကိုယ်စားလှယ်အဖြစ် အရှေ့မြောက်ဒေသကိုရောက်ရှိလာတဲ့ ရေတပ်အရာရှိဟောင်း Køning လက်ထက်မှာ စုန်းအဖြစ်သတ်မှတ်ခံရသူကို စီရင်တဲ့အဖြစ်အပျက် ၅၂ခုကျော်ရှိခဲ့ပြီး အမျိုးသား ၁၄ဦးနဲ့ အမျိုးသမီး ၇၇ဦး ရက်စက်စွာ မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ကြရပါတယ်။ အဲ့ဒီ့ထဲက အမျိုးသားအားလုံးဟာ Sámiလူမျိုးများဖြစ်ပြီး အမျိုးသမီးအားလုံးကတော့ နော်ဝေလူမျိုးများဖြစ်ကြပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေဟာ
ဘာသာတရားကိုမလေးမစား ပြောဆိုခြင်း၊ ဘုရားကျောင်းပုံမှန်မတက်ခြင်း၊ အမျိုးသားဝတ် ဘောင်းဘီဝတ်ဆင်ခြင်းစတဲ့ အခြေအမြစ်မရှိတဲ့အချက်တွေနဲ့ စွပ်စွဲခံကြရတာပါ။ အဲ့ဒီ့ထဲကမှ 1621ခုနှစ်မှာ စီရင်တဲ့အဖြစ်အပျက်တစ်ခုမှာဆိုရင် အမျိုးသမီး၈ဦးဟာ 1617ခုနှစ်က Vardoမှာဖြစ်ခဲ့တဲ့မုန်တိုင်းဟာ သူတို့တွေကြောင့်ဖြစ်ရတာဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခြင်းခံခဲ့ကြရပါတယ်။ ဒါတွေဟာ လူတွေကိုရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေဟာ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီ့ခေတ်ဘုရင်တွေရဲ့အတ၊္တ ခပ်ရိုင်းရိုင်းပြောရရင် သူတို့တစ်တွေရဲ့ အရူးထမှုကနေ အရင်းခံလာတာဘဲဖြစ်ပါတယ်။ နောက်တစ်ခါ အဲ့ဒီ့ ငါယုံကြည်ရာ ဘာသာတရားကို ငါ့တိုင်းပြည်ကလူတွေကလည်း လိုက်ယုံကြည်ကြရမယ်ဆိုတဲ့ အတ္တဟာ ကိုးကွယ်ယုံကြည်ရာ အယူအဆမတူသူတွေ
များလာတဲ့အခါ ငါ့အာဏာစက်ကိုထိပါးလာမှာလားဆိုတဲ့ အကြောက်တရားကနေ လာတာဘဲဖြစ်ပါတယ်။ ဒါကို ဘုရင်
Christian IVရဲ့ ယုံကြည်ရာမတူသူ Sámiလူမျိုးတွေကို ဦးတည်ဖိနှိပ်မှုကနေ မြင်နိုင်ပါတယ်။ ဆိုလိုတာက တိုင်းပြည်ကလူတွေအားလုံး ဘာသာတစ်ခုတည်းကို ကိုးကွယ်ယုံကြည်ကြတဲ့အခါ အုပ်ချုပ်သူတွေအနေနဲ့ လူတွေကို အကြောက်တရားနဲ့ထိန်းချုပ်ထားဖို့ ပိုမိုလွယ်ကူသွားပါတယ်။ အမှန်တကယ်တော့ အုပ်ချုပ်သူတွေအတွက် ဘာသာတရားဟာ အုပ်ချုပ်ခံတွေကို အကြောက်တရားထည့်ဖို့ အညင်သာဆုံးနဲ့ လွယ်ကူအဆင်ပြေဆုံး နည်းလမ်းတစ်ခုမျှသာ ဖြစ်ပါတယ်။
မြန်မာပြည်မှာလည်း ဒီလိုဖြစ်ရပ်တွေ ဒီဘက်ခေတ်အထိကို ဖြစ်ပျက်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အထက်ကပြောခဲ့တဲ့
The Merciesကိုဖတ်ပြီး အဓိက ဆက်စပ် တွေးမိတာကတော့ အနော်ရထာဘဲဖြစ်ပါတယ်။ ငယ်ငယ်
ကျောင်းသားဘဝ မြန်မာ့သမိုင်းသင်ရိုးမှာ ပထမမြန်မာနိုင်ငံတော်ကို စတင်ထည်ထောင်ခဲ့တဲ့ အနော်ရထာဟာ ဗုဒ္ဓဘာသာကို ပုဂံကိုဗဟိုပြုပြီး ဘယ်လိုပြန့်ပွားအောင်လုပ်ခဲ့ကြောင်း စတဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး
လုပ်ဆောင်ခဲ့တာတွေကို လေးစားအားကျအတုယူစရာ တစ်ခုသဖွယ် သင်ကြားခံခဲ့ရတာကို မှတ်မိကြမှာပါ။
ဒါပေမယ့် အရည်းကြီးတွေကို လူဝတ်လဲစေတာတွေ၊ လိုက်နာဖို့ငြင်းဆန်သူတွေကို နယ်နှင်ဏ်ပေးတာတွေဟာ ကျောင်းသားလူငယ်တွေ အတွက် ဂုဏ်ယူစွာ မှတ်သားသင့်တဲ့အရာတွေ ဟုတ်ပါရဲ့လား။ အရည်းကြီးအယူဝါဒမှာ လက်သင့်မခံနိုင်စရာ ထုံးထမ်းတွေ ရှိတာမှန်ပေမယ့် ဒါတွေကို သီးသန့် ကန့်သတ်တားမြစ်နိုင်ရဲ့နဲ့ အပြုတ်ဖြုတ်ရေးမူနဲ့ လုပ်ဆောင်ခဲ့တာဟာ အဲ့ဒီ့ကာလတုန်းက လူတွေအပေါ် အရည်းကြီးတွေရဲ့ ဩဇာသက်ရောက်မှု ကြီးထွားလာတာကို စိုးရိမ်တဲ့အတွက် ဟန့်တားလိုက်ခြင်းလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
နောက်တစ်ခါ သထုံကို သူတို့အဆို ဘာသာရေးအကြောင်းပြချက်နဲ့ လူသတ်စစ်ပွဲ နွှဲခဲ့ကြသူတွေဟာ တခြားသော စစ်ဖြစ်ရာအရပ်က ကိုးကွယ်မှုမတူသူတွေကိုလည်း ၎င်းတို့ယုံကြည်ရာ ကိုးကွယ်မှုတွေကို စွန့်လွှတ်စေခဲ့မယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဆိုတော့ သက်ဦးဆံပိုင်ဘုရင်တွေ သူတို့ခေတ်မှာ လုပ်ချင်တာလုပ်ကြတာ ဆန်းသလားဆိုပြီး ခပ်ရွတ်ရွတ် မေးစရာရှိပါတယ်။ ဒါကို ရှင်းအောင်ပြောရရင် အာဏာရဖို့ ညီအစ်ကိုချင်း၊ သားအဖချင်း အပြန်အလှန်သတ်ဖို့ ဝန်မလေးတဲ့၊ ကိုယ့်သွေးရင်းတွေကိုတောင် အစုလိုက်အပြုံလိုက် တုတ်နဲ့ရိုက်သတ်ခဲ့တဲ့ သမိုင်းအပြည့်နဲ့ အဲ့ဒီဘုရင်ဆိုတဲ့လူတန်းစားတွေ လုပ်ချင်တာလုပ်လေ့ရှိကြတာ သိပ်အံ့ဩစရာမဟုတ်ပေမယ့် အဲ့ဒီထဲကအမှားတွေကို အမှန်သဖွယ် လက်ဆင့်ကမ်း သင်ကြားနေတာကတော့ ဆန်းနေတယ်ဆိုတာ အဓိကထား ထောက်ပြလိုရင်း ဖြစ်ပါတယ်။
ဒီလိုမျိုး လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ကန့်သတ်တားမြစ်တာဟာ ယခုခေတ် အသုံးအနှုန်းနဲ့ပြောရရင် လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပါတယ်။ ဒါဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်သာဖြစ်ပါတယ်။ ဒါကိုမှ အဲ့ဒီ့လုပ်ရပ်တွေကို အခါးပေါ်သကာအုပ် ချိုသယောင်လုပ်ပြီး ငယ်ရွယ်သူကလေးအရွယ်တွေကို ဂုဏ်ယူစရာအဖြစ် သင်ကြားပေးခြင်းဟာ ကလေးတွေရဲ့ ဦးနှောက်ထဲကို သမိုင်းအမှားတွေ အလိမ်အညာတွေ ရိုက်ထည့်ပေးနေခြင်းသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် လူတိုင်းဟာ မိမိဆန္ဒနဲ့အညီ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး သူတို့ရဲ့ရပိုင်ခွင့်ကို လေးစားမှုရှိရမယ်ဆိုတဲ့ သဘောတရားအစား ငါကိုးကွယ်တဲ့ဘာသာ၊ ငါ့လူမျိုးကသာ ပိုပြီးသာလွန်မြင့်မြတ်တယ်ဆိုတဲ့ လူမျိုးကြီးဝါဒကို ရည်ရွယ်ချက်ရှိရှိ မျိုးစေ့ချပေးနေခြင်းဖြစ်ပါတယ်။
အတိတ်သမိုင်းဆိုတာဟာ မျိုးဆက်သစ်တွေ သင်ယူလေ့လာရမယ့် ဖြစ်ရပ်မှန်တွေပါ။ ဒါကြောင့်မို့ အမှန်နဲ့အမှားကို ကွဲပြားစွာ မှတ်တမ်းတင်ဖို့ လွန်စွာအရေးကြီးပါတယ်။ သို့မှသာ မှန်ကန်တဲ့လုပ်ရပ်တွေကို အတုယူနိုင်မှာဖြစ်သလို မှားခဲ့တဲ့လုပ်ရပ်တွေကိုလည်း သင်ခန်းစာယူပြီး ထပ်မမှားကြဖို့ ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ မမှန်ကန်တဲ့လုပ်ရပ်တွေကို အမှန်တွေသဖွယ် လက်ဆင့်ကမ်းခဲ့တဲ့ မရိုးသားသူတွေကြောင့် ယခုအချိန်အထိ နိုင်ငံရဲ့သမိုင်းစာမျက်နှာဟာ အမှားများစွာနဲ့ အကျည်းတန်ဆဲ ဖြစ်နေတာကို ဝမ်းနည်းဖွယ် တွေ့မြင်ရပါတယ်။ ဒါကြောင့်မို့လို့ ယခုတော်လှန်ရေးမှာလည်း အမှန်နဲ့အမှားဖြစ်ရပ်တွေ အားလုံးကို ရိုးသားစွာ မှတ်တမ်းတင်ဖို့ အလွန်အရေးကြီးကြောင်း ယခုဆောင်းပါးနဲ့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။
Let's be honest!!
နိုင်မာ
Zawgyi
Let's be honest....။ ဆိုေတာ့ အမွန္အတိုင္းေျပာရရင္ ဒီအေၾကာင္းအရာကို ေရးဖို႔ စိတ္ကူးထားတာ
အေတာ္ၾကာခဲ့ပါၿပီ။ ဘာလို႔ မေရးျဖစ္လဲဆို အဓိက က ေရးစရာ platform မရွိလို႔ပါဘဲ။ အားလုံးသိၾကတဲ့အတိုင္း အာဏာသိမ္းၿပီးေနာက္ပိုင္း မဂၢဇင္း၊ ဂ်ာနယ္တိုက္ေတြ အေတာ္မ်ားမ်ား ပိတ္သြားခဲ့ေတာ့ စာေပေလာကအတြက္ နစ္နာသလို ကေလာင္သစ္ေတြလည္း လက္ရည္ေသြးဖို႔ အေတာ္ ခက္ခဲသြားတယ္ေျပာရမွာပါ။ အခုၿပိဳင္ပြဲကေတာ့ စာေရးသူေတြအတြက္ လက္ရည္ေသြးဖို႔ အခြင့္အေရးေကာင္းျဖစ္သလို မိမိေရးသားထားတဲ့ အေၾကာင္းအရာဟာ ေတာ္လွန္ေရးအတြက္လည္း တစ္ဖက္တစ္လွမ္းကေန အေထာက္အကူျဖစ္ေစမွာမို႔ ဒီေဆာင္းပါးကို ေရးဖို႔အတြက္ ဒီ့ထက္အဆင္ေျပတဲ့ေနရာ မရွိေတာ့ဘူးလို႔ေတာင္ ေျပာရပါမယ္။
Lesbian...။ အမ်ိဳးသမီးခ်င္း စိတ္ဝင္းစားသူ။ ေခတ္လူငယ္ေတြအတြက္ ဒီေဝါဟာရက မစိမ္းဘူးလို႔ ေျပာရပါမယ္။ Gender equality ၊ human rights စတဲ့ စကားလုံးေတြ အသုံးမ်ားတြင္က်ယ္တဲ့ ခုေခတ္ကာလမွာ conservative ျဖစ္လြန္းပါတယ္ဆိုတဲ့ ဒီႏိုင္ငံရဲ႕ လူ႔အဖြဲ႕အစည္းမွာေတာင္ LGBT ဆိုတဲ့ စကားလုံးကို မသိတဲ့သူ အရင္ကထက္ေလ်ာ့နည္းလာၿပီလို႔ေျပာႏိုင္ပါတယ္။ အာဏာသိမ္းၿပီးခါစ ဆႏၵျပပြဲေတြမွာ သက္တန႔္ေရာင္ အလံေတြေဝွ႔ရမ္းၿပီး အားလုံးနဲ႔အတူ ခ်ီတက္ခဲ့ၾကတဲ့ LGBTအဖြဲ႕အစည္းေတြရဲ႕ ပုံရိပ္ေတြကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အခုခ်ိန္ထိလည္း ေျပာက္က်ားဆႏၵျပပြဲေတြမွာ သက္တန႔္အလံေတြကို ျမင္ေတြ႕ႏိုင္ပါေသးတယ္။ ဒီေတာ္လွန္ေရးဟာ အာဏာရွင္စနစ္ကိုသာမက အမ်ိဳးသမီးေတြ၊ လူနည္းစု တိုင္းရင္းသားေတြ၊ LGBTေတြအေပၚမွာထားတဲ့ ဒီလူ႔အဖြဲ႕အစည္းရဲ႕ ေဆြးေျမ့ေနတဲ့ အျမင္ေဟာင္း အေတြးအေခၚေဟာင္းေတြကိုပါ ေတာ္လွန္ပစ္ရမယ့္ ေတာ္လွန္ေရးပါ။
ထို႔အတူ အခုေနာက္ပိုင္း ႏိုင္ငံတကာ စာေပေလာကမွာသာမက ျမန္မာစာေပေလာကမွာပါ LGBTကို အေျချပဳေရးသားထားတဲ့ စာေပအေရးအသားေတြ အမ်ားအျပား ေပၚထြက္လာတာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ဒီအေျပာင္းအလဲဟာ အားရစရာျဖစ္ေပမယ့္ ဆြမ္းဆန္ထဲႂကြက္ေခ်းပါဆိုသလို စာေပအေရးအသားေကာင္းေတြၾကားထဲမွာ ေရာေႏွာပါလာမယ့္ ႂကြက္ေခ်းနဲ႔တူတဲ့ လူမႈဘဝကို အဆိပ္အေတာက္
ျဖစ္ေစတဲ့ အရာေတြကို စာဖတ္သူေတြက အသိဉာဏ္ပညာနဲ႔ ေရွာင္ရွားၾကရမွာပါ။ စာေရးသူေတြကိုယ္တိုင္ကလည္း အက်ိဳးမျပဳႏိုင္ေသးရင္ေတာင္ အဆိပ္အေတာက္ျဖစ္ေစမယ့္ အေရးအသားေတြကို မျဖန႔္ေဝျခင္းအားျဖင့္ မိမိကေလာင္အေပၚ၊ မိမိရဲ႕စာဖတ္သူ ပရိသတ္အေပၚမွာ ေလးစားမႈ ရွိရမွာျဖစ္ပါတယ္။
LGBTအေျချပဳ စာေပအေရးအသား မည္မွ်ပင္ မ်ားျပားလာသည္ဆိုေစကာမူ ႏိုင္ငံတကာမွာေရာ ျမန္မာမွာပါ တူညီေနတဲ့အခ်က္ကေတာ့ အမ်ိဳးသမီးခ်င္းစိတ္ဝင္စားသူ(Lesbian) ကိုအေျချပဳေရးသားထားတဲ့ စာအုပ္၊ စာေပဟာ အမ်ိဳးသားခ်င္းစိတ္ဝင္စားသူ(gay)ကို အေျချပဳေရးသားထားတဲ့ စာေပနဲ႔ ယွဥ္ၾကည့္ရင္ အေတာ္ေလး ပမာဏအရ နည္းပါးတာကို ေတြ႕ရပါတယ္။ ျမန္မာမွာဆိုရင္ lesbianနဲ႔ပတ္သက္ၿပီး ထုတ္ေဝထားၿပီးသား စာအုပ္အေရအတြက္ဟာ လက္ခ်ိဳးေရလို႔ရတဲ့ပမာဏအထိကို နည္းပါးေနေသးတာျဖစ္ပါတယ္။ ႏိုင္ငံတကာ စာေပေလာကမွာေတာ့ ျမန္မာမွာေလာက္ မနည္းေပမယ့္ အေရးအသားေကာင္းေကာင္းနဲ႔ ထုတ္ေဝထားတဲ့ စာအုပ္အေရအတြက္ဟာ စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ ရေအာင္အထိ ပမာဏမမ်ားျပားေသးတာ ျငင္းမရတဲ့ အမွန္တရားပါ။
ဒီလို ေ႐ြးခ်ယ္စရာ နည္းပါးတဲ့အထဲကမွ ရသပိုင္းအရည္အေသြး အျပည့္ပါဝင္တဲ့ သမိုင္းေနာက္ခံ lesbianစာအုပ္ တစ္အုပ္ကေတာ့ သမိုင္းကိုစိတ္ဝင္စားသူ တစ္ေယာက္အတြက္ ေတြးစရာအေတာ္ေပးႏိုင္တယ္ ေျပာရပါမယ္။ စာအုပ္ရဲ႕အမည္က The Mercies ျဖစ္ၿပီး စာေရးဆရာမ Kiran Millwood Hargrave ရဲ႕ 2020ခုႏွစ္ထုတ္ လက္ရာျဖစ္ပါတယ္။ နာမည္ေက်ာ္ Northern Light ေတြရွိရာ တိုင္းျပည္၊ ျမန္မာလူထုနဲ႔ အနီးစပ္ဆုံးကိုေျပာျပရရင္
ဆက္သြယ္ေရးဝန္ေဆာင္မႈကုမၸဏီ တယ္လီေနာ အေျခစိုက္ရာ ေနာ္ေဝႏိုင္ငံရဲ႕ ၁၇ရာစုကာလကို
ေနာက္ခံေရးသားထားတာပါ။ 1617ခုႏွစ္ ဘုရင္ Christian IV လက္ထက္ ေနာ္ေဝႏိုင္ငံရဲ႕ အေရွ႕ေျမာက္ပိုင္း Vardo ေဒသမွာ အမွန္တကယ္ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ကို အေျခခံၿပီး အမ်ိဳးသမီးႏွစ္ဦးရဲ႕ သံေယာဇဥ္ကို ေရးဖြဲ႕ထားျခင္းျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီေဆာင္းပါးမွာ အဓိကထား ေဆြးေႏြးခ်င္တာကေနာက္ခံသမိုင္းျဖစ္ပါတယ္။
ေနာ္ေဝႏိုင္ငံရဲ႕ အေရွ႕ေျမာက္ဘက္ဆုံးမွာရွိၿပီး ေနာ္ေဝႏွင့္ Sámiလူမ်ိဳး အနည္းငယ္တို႔ စုေပါင္းေနထိုင္ၾကတဲ့ အဲ့ဒီ့ေဒသဟာ ေဝးလံေခါင္သီၿပီး သီျခားျဖစ္ေနတဲ့ ကြၽန္းတစ္ကြၽန္းလည္းျဖစ္ပါတယ္။ ကြၽန္းမွာေနထိုင္ၾကသူ အမ်ိဳးသားအမ်ားစုဟာ ပင္လယ္ျပင္မွာ ငါးဖမ္းထြက္ၿပီး မိသားစုကိုရွာေဖြေကြၽးေမြးၾကပါတယ္။ ေနာ္ေဝလူမ်ိဳးမ်ားက ခရစ္ယာန္ဘာသာ ကိုးကြယ္ၾကၿပီး Sámiလူမ်ိဳးမ်ားက ႐ိုးရာအေဆာင္လက္ဖြဲ႕ စတာေတြနဲ႔ ျမန္မာအေခၚ နတ္ကိုးကြယ္ၾကသူမ်ားျဖစ္ပါတယ္။ သို႔ေပမယ့္ ပင္လယ္ျပင္ထြက္ရတဲ့အခါမ်ိဳးနဲ႔ တခ်ိဳ႕ေသာ ကိစၥရပ္မ်ားမွာ Sámiတို႔ရဲ႕ အေဆာင္လက္ဖြဲ႕မ်ားကို ေနာ္ေဝလူမ်ိဳးမ်ားကပါ အႏၲာရာယ္ကင္းေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဝတ္ဆင္ ေဆာင္ယူသြားေလ့ရွိၾကပါတယ္။ ဒီလိုမ်ိဳး မတူကြဲျပားမႈေတြကို ဟန္ခ်က္ညီညီ ထိန္းေၾကာင္းေေနတဲ့ အဖြဲ႕အစည္းဟာ 1617ခုႏွစ္မွာ ငါးဖမ္းထြက္ၾကတဲ့ အမ်ိဳးသား၄၀ေက်ာ္ တၿပိဳင္တည္းေသဆုံးေစခဲ့တဲ့ မုန္တိုင္းတိုက္ခိုက္မႈအၿပီး ၿပိဳကြဲခဲ့ရပါေတာ့တယ္။
အေၾကာင္းရင္းကေတာ့ ဘာသာေရးအယူသီးသူအျဖစ္ နာမည္ႀကီးတဲ့ ဘုရင္Christian IVဟာ သာသနာျပဳမင္းအျဖစ္ မွတ္ေက်ာက္တင္ေရး တစ္နည္းအားျဖင့္ သူ႔အာဏာစက္ခ်ဲ႕ထြင္ေရး နဲ႔ ခရစ္ယာန္ႏိုင္ငံတည္ေထာင္ေရး စီမံကိန္းမွာ အဖုအထစ္ျဖစ္ေနတဲ့ Sámiေတြရဲ႕႐ိုးရာကိုးကြယ္မႈကို ႏိုင္ငံအေရွ႕ေျမာက္ပိုင္းကေန ဖယ္ရွားပစ္ဖို႔အတြက္အဲ့ဒီ့ျဖစ္ရပ္ကို အစိတ္အပိုင္းတစ္ခုအျဖစ္ အသုံးခ်ခဲ့လို႔ဘဲျဖစ္ပါတယ္။ သူတို႔ရဲ႕ ႐ိုးရာကိုးကြယ္မႈကို စြန႔္လႊတ္ဖို႔ျငင္းဆန္တဲ့ Sámiလူမ်ိဳးအမ်ားစုဟာ မတရားဥပေဒေတြေအာက္မွာ စုန္းေတြအျဖစ္ စြပ္စြဲ ႏွိပ္ကြပ္ခံၾကရၿပီး သူတို႔ေနထိုင္ရာ
ေဒသေတြကိုလည္း စြန႔္ခြာခဲ့ၾကရပါတယ္။ အဖမ္းဆီးခံရသူမ်ားဟာလည္း ႐ိုက္ႏွက္ျခင္း၊ အစာအငတ္ထားျခင္း၊ သံပူနဲ႔ကပ္ျခင္းစသျဖင့္ ရက္ရက္စက္စက္ႏွိပ္စက္ခံရၿပီးတဲ့အခါ အရွင္လတ္လတ္မီးရႈိ႕သတ္ျဖတ္ျခင္းခံခဲ့ၾကရပါတယ္။
ဒီလူမဆန္တဲ့ ရက္စက္မႈေတြဟာ Sámiလူမ်ိဳးမ်ား အေပၚမွာသာမက ေနာ္ေဝလူမ်ိဳးမ်ားအေပၚမွာပါ သက္ေရာက္ခဲ့ပါတယ္။ ဘုရင့္ကိုယ္စားလွယ္အျဖစ္ အေရွ႕ေျမာက္ေဒသကိုေရာက္ရွိလာတဲ့ ေရတပ္အရာရွိေဟာင္း Køning လက္ထက္မွာ စုန္းအျဖစ္သတ္မွတ္ခံရသူကို စီရင္တဲ့အျဖစ္အပ်က္ ၅၂ခုေက်ာ္ရွိခဲ့ၿပီး အမ်ိဳးသား ၁၄ဦးနဲ႔ အမ်ိဳးသမီး ၇၇ဦး ရက္စက္စြာ မီးရႈိ႕သတ္ျဖတ္ျခင္းခံခဲ့ၾကရပါတယ္။ အဲ့ဒီ့ထဲက အမ်ိဳးသားအားလုံးဟာ Sámiလူမ်ိဳးမ်ားျဖစ္ၿပီး အမ်ိဳးသမီးအားလုံးကေတာ့ ေနာ္ေဝလူမ်ိဳးမ်ားျဖစ္ၾကပါတယ္။ အဲ့ဒီ့အမ်ိဳးသမီးေတြဟာ
ဘာသာတရားကိုမေလးမစား ေျပာဆိုျခင္း၊ ဘုရားေက်ာင္းပုံမွန္မတက္ျခင္း၊ အမ်ိဳးသားဝတ္ ေဘာင္းဘီဝတ္ဆင္ျခင္းစတဲ့ အေျခအျမစ္မရွိတဲ့အခ်က္ေတြနဲ႔ စြပ္စြဲခံၾကရတာပါ။ အဲ့ဒီ့ထဲကမွ 1621ခုႏွစ္မွာ စီရင္တဲ့အျဖစ္အပ်က္တစ္ခုမွာဆိုရင္ အမ်ိဳးသမီး၈ဦးဟာ 1617ခုႏွစ္က Vardoမွာျဖစ္ခဲ့တဲ့မုန္တိုင္းဟာ သူတို႔ေတြေၾကာင့္ျဖစ္ရတာဆိုတဲ့ စြပ္စြဲခ်က္နဲ႔ သတ္ျဖတ္ျခင္းခံခဲ့ၾကရပါတယ္။ ဒါေတြဟာ လူေတြကိုရည္႐ြယ္ခ်က္ရွိရွိ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ျခင္းျဖစ္ပါတယ္။
ဒီျဖစ္ရပ္ေတြဟာ ပြင့္ပြင့္လင္းလင္းေျပာရရင္ အဲ့ဒီ့ေခတ္ဘုရင္ေတြရဲ႕အတ၊ၱ ခပ္႐ိုင္း႐ိုင္းေျပာရရင္ သူတို႔တစ္ေတြရဲ႕ အ႐ူးထမႈကေန အရင္းခံလာတာဘဲျဖစ္ပါတယ္။ ေနာက္တစ္ခါ အဲ့ဒီ့ ငါယုံၾကည္ရာ ဘာသာတရားကို ငါ့တိုင္းျပည္ကလူေတြကလည္း လိုက္ယုံၾကည္ၾကရမယ္ဆိုတဲ့ အတၱဟာ ကိုးကြယ္ယုံၾကည္ရာ အယူအဆမတူသူေတြ
မ်ားလာတဲ့အခါ ငါ့အာဏာစက္ကိုထိပါးလာမွာလားဆိုတဲ့ အေၾကာက္တရားကေန လာတာဘဲျဖစ္ပါတယ္။ ဒါကို ဘုရင္
Christian IVရဲ႕ ယုံၾကည္ရာမတူသူ Sámiလူမ်ိဳးေတြကို ဦးတည္ဖိႏွိပ္မႈကေန ျမင္ႏိုင္ပါတယ္။ ဆိုလိုတာက တိုင္းျပည္ကလူေတြအားလုံး ဘာသာတစ္ခုတည္းကို ကိုးကြယ္ယုံၾကည္ၾကတဲ့အခါ အုပ္ခ်ဳပ္သူေတြအေနနဲ႔ လူေတြကို အေၾကာက္တရားနဲ႔ထိန္းခ်ဳပ္ထားဖို႔ ပိုမိုလြယ္ကူသြားပါတယ္။ အမွန္တကယ္ေတာ့ အုပ္ခ်ဳပ္သူေတြအတြက္ ဘာသာတရားဟာ အုပ္ခ်ဳပ္ခံေတြကို အေၾကာက္တရားထည့္ဖို႔ အညင္သာဆုံးနဲ႔ လြယ္ကူအဆင္ေျပဆုံး နည္းလမ္းတစ္ခုမွ်သာ ျဖစ္ပါတယ္။
ျမန္မာျပည္မွာလည္း ဒီလိုျဖစ္ရပ္ေတြ ဒီဘက္ေခတ္အထိကို ျဖစ္ပ်က္ေနဆဲျဖစ္ပါတယ္။ ဒါ့အျပင္ အထက္ကေျပာခဲ့တဲ့
The Merciesကိုဖတ္ၿပီး အဓိက ဆက္စပ္ ေတြးမိတာကေတာ့ အေနာ္ရထာဘဲျဖစ္ပါတယ္။ ငယ္ငယ္
ေက်ာင္းသားဘဝ ျမန္မာ့သမိုင္းသင္႐ိုးမွာ ပထမျမန္မာႏိုင္ငံေတာ္ကို စတင္ထည္ေထာင္ခဲ့တဲ့ အေနာ္ရထာဟာ ဗုဒၶဘာသာကို ပုဂံကိုဗဟိုျပဳၿပီး ဘယ္လိုျပန႔္ပြားေအာင္လုပ္ခဲ့ေၾကာင္း စတဲ့ ဘာသာေရးနဲ႔ပတ္သက္ၿပီး
လုပ္ေဆာင္ခဲ့တာေတြကို ေလးစားအားက်အတုယူစရာ တစ္ခုသဖြယ္ သင္ၾကားခံခဲ့ရတာကို မွတ္မိၾကမွာပါ။
ဒါေပမယ့္ အရည္းႀကီးေတြကို လူဝတ္လဲေစတာေတြ၊ လိုက္နာဖို႔ျငင္းဆန္သူေတြကို နယ္ႏွင္ဏ္ေပးတာေတြဟာ ေက်ာင္းသားလူငယ္ေတြ အတြက္ ဂုဏ္ယူစြာ မွတ္သားသင့္တဲ့အရာေတြ ဟုတ္ပါရဲ႕လား။ အရည္းႀကီးအယူဝါဒမွာ လက္သင့္မခံႏိုင္စရာ ထုံးထမ္းေတြ ရွိတာမွန္ေပမယ့္ ဒါေတြကို သီးသန႔္ ကန႔္သတ္တားျမစ္ႏိုင္ရဲ႕နဲ႔ အျပဳတ္ျဖဳတ္ေရးမူနဲ႔ လုပ္ေဆာင္ခဲ့တာဟာ အဲ့ဒီ့ကာလတုန္းက လူေတြအေပၚ အရည္းႀကီးေတြရဲ႕ ဩဇာသက္ေရာက္မႈ ႀကီးထြားလာတာကို စိုးရိမ္တဲ့အတြက္ ဟန႔္တားလိုက္ျခင္းလားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္။
ေနာက္တစ္ခါ သထုံကို သူတို႔အဆို ဘာသာေရးအေၾကာင္းျပခ်က္နဲ႔ လူသတ္စစ္ပြဲ ႏႊဲခဲ့ၾကသူေတြဟာ တျခားေသာ စစ္ျဖစ္ရာအရပ္က ကိုးကြယ္မႈမတူသူေတြကိုလည္း ၎တို႔ယုံၾကည္ရာ ကိုးကြယ္မႈေတြကို စြန႔္လႊတ္ေစခဲ့မယ္ဆိုတာ ေတြးၾကည့္ႏိုင္ပါတယ္။ ဆိုေတာ့ သက္ဦးဆံပိုင္ဘုရင္ေတြ သူတို႔ေခတ္မွာ လုပ္ခ်င္တာလုပ္ၾကတာ ဆန္းသလားဆိုၿပီး ခပ္႐ြတ္႐ြတ္ ေမးစရာရွိပါတယ္။ ဒါကို ရွင္းေအာင္ေျပာရရင္ အာဏာရဖို႔ ညီအစ္ကိုခ်င္း၊ သားအဖခ်င္း အျပန္အလွန္သတ္ဖို႔ ဝန္မေလးတဲ့၊ ကိုယ့္ေသြးရင္းေတြကိုေတာင္ အစုလိုက္အၿပဳံလိုက္ တုတ္နဲ႔႐ိုက္သတ္ခဲ့တဲ့ သမိုင္းအျပည့္နဲ႔ အဲ့ဒီဘုရင္ဆိုတဲ့လူတန္းစားေတြ လုပ္ခ်င္တာလုပ္ေလ့ရွိၾကတာ သိပ္အံ့ဩစရာမဟုတ္ေပမယ့္ အဲ့ဒီထဲကအမွားေတြကို အမွန္သဖြယ္ လက္ဆင့္ကမ္း သင္ၾကားေနတာကေတာ့ ဆန္းေနတယ္ဆိုတာ အဓိကထား ေထာက္ျပလိုရင္း ျဖစ္ပါတယ္။
ဒီလိုမ်ိဳး လူေတြရဲ႕ ကိုးကြယ္ယုံၾကည္မႈကို ကန႔္သတ္တားျမစ္တာဟာ ယခုေခတ္ အသုံးအႏႈန္းနဲ႔ေျပာရရင္ လြတ္လပ္စြာကိုးကြယ္ပိုင္ခြင့္ဆိုတဲ့ လူ႔အခြင့္အေရးတစ္ရပ္ကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ပါတယ္။ ဒါဟာ ရွက္စရာေကာင္းတဲ့ လုပ္ရပ္သာျဖစ္ပါတယ္။ ဒါကိုမွ အဲ့ဒီ့လုပ္ရပ္ေတြကို အခါးေပၚသကာအုပ္ ခ်ိဳသေယာင္လုပ္ၿပီး ငယ္႐ြယ္သူကေလးအ႐ြယ္ေတြကို ဂုဏ္ယူစရာအျဖစ္ သင္ၾကားေပးျခင္းဟာ ကေလးေတြရဲ႕ ဦးေႏွာက္ထဲကို သမိုင္းအမွားေတြ အလိမ္အညာေတြ ႐ိုက္ထည့္ေပးေနျခင္းသာ ျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ လူတိုင္းဟာ မိမိဆႏၵနဲ႔အညီ လြတ္လပ္စြာ ေ႐ြးခ်ယ္ပိုင္ခြင့္ရွိၿပီး သူတို႔ရဲ႕ရပိုင္ခြင့္ကို ေလးစားမႈရွိရမယ္ဆိုတဲ့ သေဘာတရားအစား ငါကိုးကြယ္တဲ့ဘာသာ၊ ငါ့လူမ်ိဳးကသာ ပိုၿပီးသာလြန္ျမင့္ျမတ္တယ္ဆိုတဲ့ လူမ်ိဳးႀကီးဝါဒကို ရည္႐ြယ္ခ်က္ရွိရွိ မ်ိဳးေစ့ခ်ေပးေနျခင္းျဖစ္ပါတယ္။
အတိတ္သမိုင္းဆိုတာဟာ မ်ိဳးဆက္သစ္ေတြ သင္ယူေလ့လာရမယ့္ ျဖစ္ရပ္မွန္ေတြပါ။ ဒါေၾကာင့္မို႔ အမွန္နဲ႔အမွားကို ကြဲျပားစြာ မွတ္တမ္းတင္ဖို႔ လြန္စြာအေရးႀကီးပါတယ္။ သို႔မွသာ မွန္ကန္တဲ့လုပ္ရပ္ေတြကို အတုယူႏိုင္မွာျဖစ္သလို မွားခဲ့တဲ့လုပ္ရပ္ေတြကိုလည္း သင္ခန္းစာယူၿပီး ထပ္မမွားၾကဖို႔ ေရွာင္ၾကဥ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီႏိုင္ငံမွာေတာ့ မမွန္ကန္တဲ့လုပ္ရပ္ေတြကို အမွန္ေတြသဖြယ္ လက္ဆင့္ကမ္းခဲ့တဲ့ မ႐ိုးသားသူေတြေၾကာင့္ ယခုအခ်ိန္အထိ ႏိုင္ငံရဲ႕သမိုင္းစာမ်က္ႏွာဟာ အမွားမ်ားစြာနဲ႔ အက်ည္းတန္ဆဲ ျဖစ္ေနတာကို ဝမ္းနည္းဖြယ္ ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္မို႔လို႔ ယခုေတာ္လွန္ေရးမွာလည္း အမွန္နဲ႔အမွားျဖစ္ရပ္ေတြ အားလုံးကို ႐ိုးသားစြာ မွတ္တမ္းတင္ဖို႔ အလြန္အေရးႀကီးေၾကာင္း ယခုေဆာင္းပါးနဲ႔ တိုက္တြန္း တင္ျပလိုက္ရပါတယ္။
Let's be honest!!
ႏိုင္မာ
ကောင်းမွန်တဲ့ အရေးအသားလေးပါပဲ။ မျှဝေပေးလို့ ကျေးဇူးပါ။
ReplyDeleteDone 🍀
ReplyDeleteGood✍
ReplyDelete👍👍👍
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete🐝
ReplyDeleteThanks for sharing
ReplyDelete