Pomegranate Dreams
Unicode
အိပ်မက်လား
တကယ်လားဆိုတာကို သေချာခွဲခြားလို့မရဘူး။ ကျွန်တော့်မျက်လုံးတွေကိုဖွင့်လိုက်တော့
ကုတင်တစ်ခုရဲ့အောက်မှာရှိနေတယ်။ကုတင်ကလှုပ်နေတယ်။ပြီးတော့ညဉ်းသံတွေကြားရတယ်။
ခဏအကြာကျတော့ မိန်းမတစ်ယောက်ရဲ့အသံကိုကြားရတယ်။
"ရှင်နဲ့ကျွန်မ
ချစ်မှု့ပြုတာ ဒါနောက်ဆုံးပဲ...
ရှင့် ပစ္စည်းကို
ကျွန်မ မကြည့်ချင်တော့ဘူး...နောက်...ကျွန်မဆီကို ဘယ်တော့မှပြန်မလာနဲ့"
ဆိုပြီး
သူ့ရဲ့ပါတနာကိုပြောနေတဲ့အသံ။ သူ့ပါတနာဆီကတော့ ဘာအသံမှထွက်မလာဘူး။ နောက်တော့
တံခါးပိတ်သံကြားရတယ်။ သူက ကုတင်ပေါ်ကဆင်းပြီး သူ့အဝတ်တွေကိုဝတ်နေတယ်။ ပြီးတော့ သူ
ဆိုဖာပေါ်မှာထိုင်နေတယ်။တီဗီဖွင့်သံကြားလိုက်ရတယ်။ချန်နယ်တစ်ခုမှာrockသီချင်းတစ်ပုဒ်လာနေတယ်။ ကျွန်တော့်မျက်နှာကိုဘေးနည်းနည်းလှည့်ပြီး
တီဗီကိုခိုးကြည့်လိုက်တယ်။ "The White Stripes" ရဲ့ "The Hardest Button to Button" သီချင်းလာနေတယ်။
သူ..ကျွန်တော့်ကိုမြင်သွားတယ်။
"မင်းရှိနေတယ်ဆိုတာကို
ငါသိတယ်..
မင်းရောက်လာမှာကိုမျှော်နေတာ..ထွက်လာခဲ့"
ကျွန်တော်လည်းကုတင်အောက်ကနေထွက်ပြီးသူနဲ့မျက်နှာချင်းဆိုင်ကဆိုဖာမှာထိုင်လိုက်တယ်။
သူက ကျွန်တော်ထက်တော့အသက်ကြီးပုံရတယ်။ဆံပင်ကအပြာရောင်ဆိုးထားတယ်။မျက်ခွံတွေကိုအစိမ်းရောင်ခြယ်ထားတယ်
ငွေရောင်အမှုန်ကလေးတွေနဲ့။ နှုတ်ခမ်းသားတွေကိုတော့ လိမ္မော်ရောင် lip gloss ဆိုးထားတယ်။ပါးနှစ်ဖက်ကိုတော့မက်မွန်သီးအရောင်လေးခြယ်ထားတယ်။သူ့အသားအရေကတော်တော်ဖြူတယ်။အဲ့တာကြောင့်သူ့မျက်နှာကိုခြယ်မှုန်းထားတဲ့အရောင်တွေက တော်တော်လေးကိုထင်ပေါ်နေတယ်။
"ဒီနေ့ ငါတို့
အလုပ်နှစ်ခုလုပ်ရမယ်
လောလောဆယ် မင်းငါ့နောက်လိုက်ခဲ့"
သူ
ကျွန်တော့်ကိုရေချိုးခန်းထဲခေါ်သွားတယ်။ ရေချိုးခန်းထဲမှာ လူတစ်ယောက်သေနေတာကိုတွေ့တယ်။ သွေးတွေလည်းရေချိုးခန်းရဲ့နေရာအနှံ့အပြားမှာရှိတယ်။DeadBodyကနေပုတ်တဲ့အနံ့တွေဘာတွေတော့မရဘူး။ ကြည့်ရတာ
အဲ့လူသေတာမကြာသေးဘူးထင်တယ်။
"ငါတို့မှာအချိန်မရှိဘူး …
မြန်မြန်လုပ်ကြရအောင်"
ပြီးတော့သူက ဓါး
တွေ၊ တူတွေ၊ ခရင်းတွေ၊ ဇလုံတွေ၊ ပန်းကန်တွေ၊ အသားကြိတ် စက်တွေရောယူလာတယ်။သန့်ရှင်းရေးလုပ်မယ့်ပစ္စည်းတွေပါယူလာတယ်။
သူကကျွန်တော့်လက်ထဲကို ဓါးမထက်ထက်တစ်ချောင်းကို လက်ထဲထိုးပေးတယ်။
"မင်းဘာလုပ်ရမလဲဆိုတာကိုသိတယ်မလား…
ငါတို့အရင်တုန်းကလုပ်သလိုမျိုးပဲလေ"
ကျွန်တော် တော်တော်ကြောင်သွားတယ်။
ဒါပေမယ့် ကျွန်တော့် ရဲ့ခန္ဓာကိုယ်က ဘာမှထူးထူးခြားခြားမခံစားရဘူး။ ကျွန်တော့် ခန္ဓာကိုယ်က ဒီအလုပ်ကို
အသားကျနေပုံရတယ်။ ကျွန်တော့်ဦးနှောက်က အခုလိုသာတွေးနေတာ.. ကျွန်တော့်ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကတော့ ဦးနှောက်ရဲ့ထိန်းချုပ်မှုကို မလိုက်နာဘူး။ ကျွန်တော် ဓါးမကို ကိုင်
ပြီးအဲ့လူရဲ့ ခေါင်းကိုစခုတ်တယ်။ အဲ့ လူ ရဲ့ အသားတွေကို ဇလုံထဲထည့်တယ်။ ရေနဲ့ဆေးတယ်။
ဒယ်အိုးထဲမီးပူပူနဲ့ နူးအောင်ပြုတ်ထားတယ်။
ကိုယ်တွင်းကလီစာတွေကိုတော့ ရေနဲ့သေချာဆေးပြီး ကြိတ်စက် ထဲထည့်ကြိတ်တယ်။
အရိုးတွေကိုတော့ လွှနဲ့အရင် လှီးဖြတ်တယ်။ ပြီးမှ တူနဲ့ ခွဲပြီး အဲ့ထဲကရလာတဲ့ အဆီတွေနဲ့အသားတွေကို ပုလင်းထဲထည့်ထားလိုက်တယ်။ အရိုး
လွတ်တွေကိုတော့ အိုးတစ်ခုနဲ့ပြုတ်တယ်။
ပြုတ်ထားတဲ့အသားတွေနဲ့ အရိုးလွတ်တွေနူးပြီဆိုရင်
ကြိတ်စက်ထဲရောထည့်ပြီး ကြိတ်တယ်။ ရလာတာတွေကို အလုံးလေးတွေ လုံးလိုက်တယ်။ ပြီးတော့ မုန့်ဘူးအလွတ်ထဲကို အဲ့အလုံးတွေထည့်တယ်။ ကလီစာတွေနဲ့
ရိုးတွင်းခြင်ဆီထဲကရတဲ့ အသားနဲ့ အဆီကိုတော့ သူကသေချာဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားတယ်။
ခုနကအသားလုံးတွေ ထည့်ထားတဲ့မုန့်ဘူးတွေကို အိတ်ကြီးထဲထည့်လိုက်တယ်။
သူနဲ့ကျွန်တော် မြို့စွန်က မြစ်တစ်ခုဆီကို ကားနဲ့သွားကြတယ်။ အဲ့ကိုရောက်တော့
ကားကိုမြစ်နံဘေးနား ရပ်ထားလိုက်ပြီး
မုန့်ဘူးထဲက အသားလုံးတွေကို မြစ်ထဲပစ်ချကြတယ်။
တစ်လုံးချင်းစီပစ်ချတယ်။ မြစ်ထဲကို အဲ့အသားလုံးတွေကျသွားတဲ့ အသံကဘယ်လိုလဲမသိဘူး နားထောင်လို့ကောင်းတယ်။ "ဗွက်"
ဆိုပြီးအသားလုံးနဲ့ ရေမျက်နှာပြင်ရိုက်ပြီး ထွက်လာတဲ့အသံ..အသံလေးလေးကြီး။ အသားလုံးတွေကို
ပစ်ချလို့အပြီးမှာတော့ ကျွန်တော်တို့ တိုက်ခန်းဆီကိုပြန်ကြတယ်။ ပြန်တော့ မိုးတော်တော်ချုပ်နေပြီ။
မိုးလည်းနည်းနည်းရွာနေတယ်။ ကားထဲမှာသူက "Modern English" ရဲ့ "I Melt With You" သီချင်းဖွင့်ထားတယ်။
သူကအဲ့သီချင်းကို ကားမောင်းရင်း လိုက်ဆိုနေတယ်။ သူ့ခေါင်း
ကို တငြိမ့်ငြိမ့်လေးလှုပ်နေပြီး
ခန္ဓာကိုယ်ကလည်း စည်းချက်နဲ့အညီ လိုက်လှုပ်ရှားနေတယ်။
" I'll stop the
world and melt with you (I'll stop the world)
You've seen the
difference and it's getting better all the time (let's stop the world)
There's nothing you and
I won't do (let's stop the world)
I'll stop the world
and melt with you "
ပြီးတော့သူနောက်တစ်ပုဒ်ဖွင့်လိုက်တယ်။
"The Psychedelic
Furs" ရဲ့ "Love My Way" သီချင်းကိုဖွင့်ပြီး ခုနကလိုပဲ
သူလိုက်ဆိုပြီးကနေတယ်။
" There's emptiness behind their eyes
There's dust in all their hearts
They just want to steal us all
And take us all apart
But not in
Love my way, it's a new road
I follow where my mind goes "
သူကကျွန်တော့်ဘက်ကိုလှည့်ကြည့်ပြီး
"မင်းရောဒီသီချင်းတွေကိုကြားရတာ
ကချင်တဲ့စိတ်မဖြစ်ဘူးလား"
"အင်း ကချင်တယ်
သိမ့်ကိုပေါက်ကွဲပြီးကချင်တယ်"
"အခုလည်း ကလို့ရပါတယ်
မင်းကလည်း"
သူ့တိုက်ခန်းရောက်တော့ ကျွန်တော်တို့
ဧည့်ခန်းထဲကဆိုဖာပေါ်မှာပဲ ချစ်တင်းနှောကြတယ်။ သူရဲ့အသားတွေက ကျွန်တော်တို့ဆီက
စီးတီးမတ်တွေမှာရောင်းတဲ့ ဂျပန်တို့ဖူးနဲ့တူတယ်။ သူ့အသားတွေကိုထိမိလိုက်တိုင်း
ကျွန်တော့်ရဲ့လက်ချောင်းတွေက သူ့ရဲ့တို့ဖူးလိုနူးညံ့နေတဲ့အသားလေးတွေထဲကို
နစ်ဝင်သွားသလိုခံစားရတယ်။ သူ့ခန္ဓာကိုယ်ကတော်တော်နွေးတယ်။ ဘာအနံ့အသက်မှမရှိဘူး။
သူနဲ့ကျွန်တော်ဖြေးဖြေးချင်းပဲခရီးဆက်ခဲ့ကြတယ်။ ကိစ္စပြီးသွားတော့
သူရေချိုးခန်းထဲဝင်သွားတယ်။ သူအဝတ်လဲနေတုန်း..ကျွန်တော် ရေခဲသေတ္တာထဲက
အေးစိမ့်နေတဲ့ ဘီယာပုလင်းကိုယူပြီး ဇိမ်ခံသောက်နေလိုက်တယ်။
"Cigarettes after sex?"
" Band လား အဲ့ Band က ကျွန်တော့် favourite လေ"
"CAS band ကိုမသိဘူး ငါပြောတာက sex လုပ်ပြီးရင် စီးကရက် သောက်ရတာကပိုကောင်းတာမဟုတ်ဘူးလား ရပါတယ်
မင်းဘီယာသောက်ပြီး စီးကရက် သောက်ပေါ့" လို့ပြောပြီး Mevius ဆေးလိပ်ဘူးထဲက စီးကရက် တစ်လိပ်ကိုယူပြီးမီးညှိနေတယ်။
"မင်းပုံဆွဲတက်လား ငါ့ကိုဆွဲပေး
ငါ့နောက်ဖက်ခန္ဓာကိုယ်မှာ ဆွဲပေး"
လို့ သူကဆက်ပြောပြီး naked နဲ့ဆိုဖာပေါ်မှောက်လှဲလိုက်ပြီး စီးကရက် ဆက်သောက်နေတယ်။
ကျွန်တော်လည်းပုံအရမ်းမဆွဲတက်ပါဘူး။ ဒါပေမယ့် သူတောင်းဆိုတော့လည်းဆွဲကြည့်ချင်တယ်။
ပုံမဆွဲခင် ကျွန်တော် "Natacha Atlas" ရဲ့ "Gafsa" သီချင်းကိုဖွင့်ထားလိုက်တယ်။
"တော်တော်စီးမြောလို့ကောင်းတာပဲ" ...
"ဟုတ်တယ် အဲ့တာကြောင့်
ဖွင့်ထားတာလေ"
ကျွန်တော်
သူ့နောက်ကျောပေါ်မှာပန်းပွင့်အချပ်ကြီးကြီးတွေဆွဲလိုက်တယ်။
အရောင်ကိုနုနုကလေးတွေပဲသုံးလိုက်တယ်။ ပြီးတော့ ကျွန်တော့်
ဖုန်းနဲ့ဓါတ်ပုံရိုက်ထားလိုက်တယ်..ပန်းပွင့်တွေနဲ့ သူ့ခန္ဓာကိုယ်လေးကိုပေါ့။
သူ့ကိုကြည့်လိုက်တော့ သူကအိပ်ပျော်နေပြီ။ ကျွန်တော်လည်း နည်းနည်းမူးလာတာနဲ့
ကြမ်းပြင်ပေါ်မှာပဲ မှေးခနဲအိပ်ပျော်သွားတယ်။
...
ကျွန်တော့်ကိုတစ်ယောက်ယောက်ကလှုပ်နှိုးနေတဲ့အသံကြားရတယ်
ဝါးတားတားပဲ.. မျက်လုံးကိုအားနဲ့ဖွင့်ကြည့်မယ်ကြံတော့ ဖွင့်မရဘူး။
"ဟေ့ကောင် ဘာသီချင်းဖွင့်မှာလဲ?”
“ 'တာရာ' ရဲ့ 'တမ်းတခွင့်ပြုပါ' လေးလုပ်ကွာ "
“ မဟုတ်ဘူး 'ခိုင်ထူး' ရဲ့ 'သိလား' သီချင်းကိုတီးကြမယ်လေ"
ဆိုတဲ့စကားသံတွေကို
ကျွန်တော်ကြားရတယ်။ ကျွန်တော့်မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်လိုက်တော့
သူငယ်ချင်းသုံးယောက်က 'ခိုင်ထူး' ရဲ့ 'သိလား' သီချင်းကိုဂစ်တာတီးပြီးဆိုနေကြပြီ။
ကျွန်တော်လည်းအိပ်ချင်မူးတူးနဲ့ ဘယ်အချိန်ရှိသွားပြီလဲဆိုတာကိုသိချင်လို့
ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်မှာ
ကျွန်တော်ဆွဲပေးထားတဲ့
သူ့ကျောပေါ်ကပန်းပွင့်တွေနဲ့အတူ
သူ့ခန္ဓာကိုယ်လေးကိုတွေ့ရတယ်။ ။
Ryu Amanda
May 13,2022
Zawgyi
အိပ္မက္လား တကယ္လားဆိုတာကို ေသခ်ာခြဲျခားလို႔မရဘူး။ ကြၽန္ေတာ့္မ်က္လုံးေတြကိုဖြင့္လိုက္ေတာ့ ကုတင္တစ္ခုရဲ႕ေအာက္မွာရွိေနတယ္။ကုတင္ကလႈပ္ေနတယ္။ၿပီးေတာ့ညဥ္းသံေတြၾကားရတယ္။ ခဏအၾကာက်ေတာ့ မိန္းမတစ္ေယာက္ရဲ႕အသံကိုၾကားရတယ္။
"ရွင္နဲ႔ကြၽန္မ ခ်စ္မႈ႕ျပဳတာ ဒါေနာက္ဆုံးပဲ...
ရွင့္ ပစၥည္းကို ကြၽန္မ မၾကည့္ခ်င္ေတာ့ဘူး...ေနာက္...ကြၽန္မဆီကို ဘယ္ေတာ့မွျပန္မလာနဲ႔"
ဆိုၿပီး သူ႔ရဲ႕ပါတနာကိုေျပာေနတဲ့အသံ။ သူ႔ပါတနာဆီကေတာ့ ဘာအသံမွထြက္မလာဘူး။ ေနာက္ေတာ့ တံခါးပိတ္သံၾကားရတယ္။ သူက ကုတင္ေပၚကဆင္းၿပီး သူ႔အဝတ္ေတြကိုဝတ္ေနတယ္။ ၿပီးေတာ့ သူ ဆိုဖာေပၚမွာထိုင္ေနတယ္။တီဗီဖြင့္သံၾကားလိုက္ရတယ္။ခ်န္နယ္တစ္ခုမွာrockသီခ်င္းတစ္ပုဒ္လာေနတယ္။ ကြၽန္ေတာ့္မ်က္ႏွာကိုေဘးနည္းနည္းလွည့္ၿပီး တီဗီကိုခိုးၾကည့္လိုက္တယ္။ "The White Stripes" ရဲ႕ "The Hardest Button to Button" သီခ်င္းလာေနတယ္။ သူ..ကြၽန္ေတာ့္ကိုျမင္သြားတယ္။
"မင္းရွိေနတယ္ဆိုတာကို ငါသိတယ္..
မင္းေရာက္လာမွာကိုေမွ်ာ္ေနတာ..ထြက္လာခဲ့"
ကြၽန္ေတာ္လည္းကုတင္ေအာက္ကေနထြက္ၿပီးသူနဲ႔မ်က္ႏွာခ်င္းဆိုင္ကဆိုဖာမွာထိုင္လိုက္တယ္။ သူက ကြၽန္ေတာ္ထက္ေတာ့အသက္ႀကီးပုံရတယ္။ဆံပင္ကအျပာေရာင္ဆိုးထားတယ္။မ်က္ခြံေတြကိုအစိမ္းေရာင္ျခယ္ထားတယ္ ေငြေရာင္အမႈန္ကေလးေတြနဲ႔။ ႏႈတ္ခမ္းသားေတြကိုေတာ့ လိေမၼာ္ေရာင္ lip gloss ဆိုးထားတယ္။ပါးႏွစ္ဖက္ကိုေတာ့မက္မြန္သီးအေရာင္ေလးျခယ္ထားတယ္။သူ႔အသားအေရကေတာ္ေတာ္ျဖဴတယ္။အဲ့တာေၾကာင့္သူ႔မ်က္ႏွာကိုျခယ္မႈန္းထားတဲ့အေရာင္ေတြက ေတာ္ေတာ္ေလးကိုထင္ေပၚေနတယ္။
"ဒီေန႔ ငါတို႔ အလုပ္ႏွစ္ခုလုပ္ရမယ္
ေလာေလာဆယ္ မင္းငါ့ေနာက္လိုက္ခဲ့"
သူ ကြၽန္ေတာ့္ကိုေရခ်ိဳးခန္းထဲေခၚသြားတယ္။ ေရခ်ိဳးခန္းထဲမွာ လူတစ္ေယာက္ေသေနတာကိုေတြ႕တယ္။ ေသြးေတြလည္းေရခ်ိဳးခန္းရဲ႕ေနရာအႏွံ႔အျပားမွာရွိတယ္။DeadBodyကေနပုတ္တဲ့အနံ႔ေတြဘာေတြေတာ့မရဘူး။ ၾကည့္ရတာ အဲ့လူေသတာမၾကာေသးဘူးထင္တယ္။
"ငါတို႔မွာအခ်ိန္မရွိဘူး …
ျမန္ျမန္လုပ္ၾကရေအာင္"
ၿပီးေတာ့သူက ဓါး ေတြ၊ တူေတြ၊ ခရင္းေတြ၊ ဇလုံေတြ၊ ပန္းကန္ေတြ၊ အသားႀကိတ္ စက္ေတြေရာယူလာတယ္။သန႔္ရွင္းေရးလုပ္မယ့္ပစၥည္းေတြပါယူလာတယ္။ သူကကြၽန္ေတာ့္လက္ထဲကို ဓါးမထက္ထက္တစ္ေခ်ာင္းကို လက္ထဲထိုးေပးတယ္။
"မင္းဘာလုပ္ရမလဲဆိုတာကိုသိတယ္မလား…
ငါတို႔အရင္တုန္းကလုပ္သလိုမ်ိဳးပဲေလ"
ကြၽန္ေတာ္ ေတာ္ေတာ္ေၾကာင္သြားတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ ရဲ႕ခႏၶာကိုယ္က ဘာမွထူးထူးျခားျခားမခံစားရဘူး။ ကြၽန္ေတာ့္ ခႏၶာကိုယ္က ဒီအလုပ္ကို အသားက်ေနပုံရတယ္။ ကြၽန္ေတာ့္ဦးေႏွာက္က အခုလိုသာေတြးေနတာ.. ကြၽန္ေတာ့္ခႏၶာကိုယ္ရဲ႕ တုန႔္ျပန္မႈကေတာ့ ဦးေႏွာက္ရဲ႕ထိန္းခ်ဳပ္မႈကို မလိုက္နာဘူး။ ကြၽန္ေတာ္ ဓါးမကို ကိုင္ ၿပီးအဲ့လူရဲ႕ ေခါင္းကိုစခုတ္တယ္။ အဲ့ လူ ရဲ႕ အသားေတြကို ဇလုံထဲထည့္တယ္။ ေရနဲ႔ေဆးတယ္။ ဒယ္အိုးထဲမီးပူပူနဲ႔ ႏူးေအာင္ျပဳတ္ထားတယ္။ ကိုယ္တြင္းကလီစာေတြကိုေတာ့ ေရနဲ႔ေသခ်ာေဆးၿပီး ႀကိတ္စက္ ထဲထည့္ႀကိတ္တယ္။ အ႐ိုးေတြကိုေတာ့ လႊနဲ႔အရင္ လွီးျဖတ္တယ္။ ၿပီးမွ တူနဲ႔ ခြဲၿပီး အဲ့ထဲကရလာတဲ့ အဆီေတြနဲ႔အသားေတြကို ပုလင္းထဲထည့္ထားလိုက္တယ္။ အ႐ိုး လြတ္ေတြကိုေတာ့ အိုးတစ္ခုနဲ႔ျပဳတ္တယ္။ ျပဳတ္ထားတဲ့အသားေတြနဲ႔ အ႐ိုးလြတ္ေတြႏူးၿပီဆိုရင္ ႀကိတ္စက္ထဲေရာထည့္ၿပီး ႀကိတ္တယ္။ ရလာတာေတြကို အလုံးေလးေတြ လုံးလိုက္တယ္။ ၿပီးေတာ့ မုန႔္ဘူးအလြတ္ထဲကို အဲ့အလုံးေတြထည့္တယ္။ ကလီစာေတြနဲ႔ ႐ိုးတြင္းျခင္ဆီထဲကရတဲ့ အသားနဲ႔ အဆီကိုေတာ့ သူကေသခ်ာဘူးထဲထည့္ၿပီး ေရခဲေသတၱာထဲထည့္ထားတယ္။ ခုနကအသားလုံးေတြ ထည့္ထားတဲ့မုန႔္ဘူးေတြကို အိတ္ႀကီးထဲထည့္လိုက္တယ္။ သူနဲ႔ကြၽန္ေတာ္ ၿမိဳ႕စြန္က ျမစ္တစ္ခုဆီကို ကားနဲ႔သြားၾကတယ္။ အဲ့ကိုေရာက္ေတာ့ ကားကိုျမစ္နံေဘးနား ရပ္ထားလိုက္ၿပီး မုန႔္ဘူးထဲက အသားလုံးေတြကို ျမစ္ထဲပစ္ခ်ၾကတယ္။ တစ္လုံးခ်င္းစီပစ္ခ်တယ္။ ျမစ္ထဲကို အဲ့အသားလုံးေတြက်သြားတဲ့ အသံကဘယ္လိုလဲမသိဘူး နားေထာင္လို႔ေကာင္းတယ္။ "ဗြက္" ဆိုၿပီးအသားလုံးနဲ႔ ေရမ်က္ႏွာျပင္႐ိုက္ၿပီး ထြက္လာတဲ့အသံ..အသံေလးေလးႀကီး။ အသားလုံးေတြကို
ပစ္ခ်လို႔အၿပီးမွာေတာ့ ကြၽန္ေတာ္တို႔ တိုက္ခန္းဆီကိုျပန္ၾကတယ္။ ျပန္ေတာ့ မိုးေတာ္ေတာ္ခ်ဳပ္ေနၿပီ။ မိုးလည္းနည္းနည္း႐ြာေနတယ္။ ကားထဲမွာသူက "Modern English" ရဲ႕ "I Melt With You" သီခ်င္းဖြင့္ထားတယ္။ သူကအဲ့သီခ်င္းကို ကားေမာင္းရင္း လိုက္ဆိုေနတယ္။ သူ႔ေခါင္း
ကို တၿငိမ့္ၿငိမ့္ေလးလႈပ္ေနၿပီး ခႏၶာကိုယ္ကလည္း စည္းခ်က္နဲ႔အညီ လိုက္လႈပ္ရွားေနတယ္။
" I'll stop the world and melt with you (I'll stop the world)
You've seen the difference and it's getting better all the time (let's stop the world)
There's nothing you and I won't do (let's stop the world)
I'll stop the world and melt with you "
ၿပီးေတာ့သူေနာက္တစ္ပုဒ္ဖြင့္လိုက္တယ္။ "The Psychedelic Furs" ရဲ႕ "Love My Way" သီခ်င္းကိုဖြင့္ၿပီး ခုနကလိုပဲ သူလိုက္ဆိုၿပီးကေနတယ္။
" There's emptiness behind their eyes
There's dust in all their hearts
They just want to steal us all
And take us all apart
But not in
Love my way, it's a new road
I follow where my mind goes "
သူကကြၽန္ေတာ့္ဘက္ကိုလွည့္ၾကည့္ၿပီး
"မင္းေရာဒီသီခ်င္းေတြကိုၾကားရတာ ကခ်င္တဲ့စိတ္မျဖစ္ဘူးလား"
"အင္း ကခ်င္တယ္ သိမ့္ကိုေပါက္ကြဲၿပီးကခ်င္တယ္"
"အခုလည္း ကလို႔ရပါတယ္ မင္းကလည္း"
သူ႔တိုက္ခန္းေရာက္ေတာ့ ကြၽန္ေတာ္တို႔ ဧည့္ခန္းထဲကဆိုဖာေပၚမွာပဲ ခ်စ္တင္းေႏွာၾကတယ္။ သူရဲ႕အသားေတြက ကြၽန္ေတာ္တို႔ဆီက စီးတီးမတ္ေတြမွာေရာင္းတဲ့ ဂ်ပန္တို႔ဖူးနဲ႔တူတယ္။ သူ႔အသားေတြကိုထိမိလိုက္တိုင္း ကြၽန္ေတာ့္ရဲ႕လက္ေခ်ာင္းေတြက သူ႔ရဲ႕တို႔ဖူးလိုႏူးညံ့ေနတဲ့အသားေလးေတြထဲကို နစ္ဝင္သြားသလိုခံစားရတယ္။ သူ႔ခႏၶာကိုယ္ကေတာ္ေတာ္ေႏြးတယ္။ ဘာအနံ႔အသက္မွမရွိဘူး။ သူနဲ႔ကြၽန္ေတာ္ေျဖးေျဖးခ်င္းပဲခရီးဆက္ခဲ့ၾကတယ္။ ကိစၥၿပီးသြားေတာ့ သူေရခ်ိဳးခန္းထဲဝင္သြားတယ္။ သူအဝတ္လဲေနတုန္း..ကြၽန္ေတာ္ ေရခဲေသတၱာထဲက ေအးစိမ့္ေနတဲ့ ဘီယာပုလင္းကိုယူၿပီး ဇိမ္ခံေသာက္ေနလိုက္တယ္။
"Cigarettes after sex?"
" Band လား အဲ့ Band က ကြၽန္ေတာ့္ favourite ေလ"
"CAS band ကိုမသိဘူး ငါေျပာတာက sex လုပ္ၿပီးရင္ စီးကရက္ ေသာက္ရတာကပိုေကာင္းတာမဟုတ္ဘူးလား ရပါတယ္ မင္းဘီယာေသာက္ၿပီး စီးကရက္ ေသာက္ေပါ့" လို႔ေျပာၿပီး Mevius ေဆးလိပ္ဘူးထဲက စီးကရက္ တစ္လိပ္ကိုယူၿပီးမီးညႇိေနတယ္။
"မင္းပုံဆြဲတက္လား ငါ့ကိုဆြဲေပး ငါ့ေနာက္ဖက္ခႏၶာကိုယ္မွာ ဆြဲေပး"
လို႔ သူကဆက္ေျပာၿပီး naked နဲ႔ဆိုဖာေပၚေမွာက္လွဲလိုက္ၿပီး စီးကရက္ ဆက္ေသာက္ေနတယ္။ ကြၽန္ေတာ္လည္းပုံအရမ္းမဆြဲတက္ပါဘူး။ ဒါေပမယ့္ သူေတာင္းဆိုေတာ့လည္းဆြဲၾကည့္ခ်င္တယ္။ ပုံမဆြဲခင္ ကြၽန္ေတာ္ "Natacha Atlas" ရဲ႕ "Gafsa" သီခ်င္းကိုဖြင့္ထားလိုက္တယ္။
"ေတာ္ေတာ္စီးေျမာလို႔ေကာင္းတာပဲ" ...
"ဟုတ္တယ္ အဲ့တာေၾကာင့္ ဖြင့္ထားတာေလ"
ကြၽန္ေတာ္ သူ႔ေနာက္ေက်ာေပၚမွာပန္းပြင့္အခ်ပ္ႀကီးႀကီးေတြဆြဲလိုက္တယ္။ အေရာင္ကိုႏုႏုကေလးေတြပဲသုံးလိုက္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ ဖုန္းနဲ႔ဓါတ္ပုံ႐ိုက္ထားလိုက္တယ္..ပန္းပြင့္ေတြနဲ႔ သူ႔ခႏၶာကိုယ္ေလးကိုေပါ့။ သူ႔ကိုၾကည့္လိုက္ေတာ့ သူကအိပ္ေပ်ာ္ေနၿပီ။ ကြၽန္ေတာ္လည္း နည္းနည္းမူးလာတာနဲ႔
ၾကမ္းျပင္ေပၚမွာပဲ ေမွးခနဲအိပ္ေပ်ာ္သြားတယ္။
...
ကြၽန္ေတာ့္ကိုတစ္ေယာက္ေယာက္ကလႈပ္ႏႈိးေနတဲ့အသံၾကားရတယ္ ဝါးတားတားပဲ.. မ်က္လုံးကိုအားနဲ႔ဖြင့္ၾကည့္မယ္ႀကံေတာ့ ဖြင့္မရဘူး။
"ေဟ့ေကာင္ ဘာသီခ်င္းဖြင့္မွာလဲ?”
“ 'တာရာ' ရဲ႕ 'တမ္းတခြင့္ျပဳပါ' ေလးလုပ္ကြာ "
“ မဟုတ္ဘူး 'ခိုင္ထူး' ရဲ႕ 'သိလား' သီခ်င္းကိုတီးၾကမယ္ေလ"
ဆိုတဲ့စကားသံေတြကို ကြၽန္ေတာ္ၾကားရတယ္။ ကြၽန္ေတာ့္မ်က္လုံးေတြကို ေျဖးေျဖးခ်င္းဖြင့္လိုက္ေတာ့ သူငယ္ခ်င္းသုံးေယာက္က 'ခိုင္ထူး' ရဲ႕ 'သိလား' သီခ်င္းကိုဂစ္တာတီးၿပီးဆိုေနၾကၿပီ။ ကြၽန္ေတာ္လည္းအိပ္ခ်င္မူးတူးနဲ႔ ဘယ္အခ်ိန္ရွိသြားၿပီလဲဆိုတာကိုသိခ်င္လို႔ ဖုန္းကိုဖြင့္ၾကည့္လိုက္ေတာ့ ဖုန္းမ်က္ႏွာျပင္မွာ ကြၽန္ေတာ္ဆြဲေပးထားတဲ့
သူ႔ေက်ာေပၚကပန္းပြင့္ေတြနဲ႔အတူ သူ႔ခႏၶာကိုယ္ေလးကိုေတြ႕ရတယ္။ ။
Ryu Amanda
May 13,2022
Done 🍀
ReplyDelete👌👌
ReplyDeleteDone💫
ReplyDeletePsychological horrorပုံစံမျိုးလေးထည့်ရေးထားတာ မိုက်တယ်။
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteDone
ReplyDelete