Schizophrenia - Who am l (ငါဘယ်သူလဲ)
Unicode
အခန်း ( ၁ )
ကျွန်မ အခုတလော နေလို့သိပ်မကောင်းဘူး ။ လူက ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ လေးလံနေတတ်တယ် ။ ခေါင်းမကြည်သလိုလို ၊ ခေါင်းတခြမ်းကိုက်နေသလိုနဲ့ အမြဲတအုံ့နွေးနွေးဖြစ်နေတတ်တယ် ။ အလက်ဇင်လေး ဖြစ်ဖြစ် ၊ ဘိုင်အိုဂျက်ဆစ်လေး ဖြစ်ဖြစ် သောက်လိုက်ရင်တော့ ခဏသက်သာလာပါရဲ့ ။ ဒါပေမယ့် ဆေးအရှိန်ပြယ်သွားရင်
မူးနောက်နောက်က ပြန်ဖြစ်လာပြန်ရော ။ စိတ်ညစ်ပါတယ် ဆေးခန်းလေးတော့ သွားပြလိုက်ဦးမှပါ ။ အခုတော့ မဟုတ်သေးဘူး ။
အားမှ.....အားမှ..။
မနက်ကလည်း အစောကြီး အိပ်ရာကထလိုက်ရတယ် ။ အမေ့ ဖုန်းလာလို့လေ။ အမေကလည်း သိပ်နေမကောင်းဘူး တဲ့ ။ အင်းပေါ့လေ အသက်ကြီးပြီဆိုတော့လည်း နည်းနည်းပါးပါးတော့ ဖြစ်မှာပေါ့ ။ အမေ့ဆီကို ငွေမပို့ဖြစ်တာလည်း နှစ်လကျော်နေပြီ ။ အခုတလောအရောင်းအဝယ်တွေက မကောင်းတော့ ငွေက တော်တော်ကြပ်နေတာ ။ ကိုယ့်စားစရိတ်တောင် ကိုယ့်ဟာကိုယ် အနိုင်နိုင်ရယ် ။
အရင်လို ပေါ်သမျှအဝတ်အစား အသစ်အဆန်းတွေလည်း တစွပ်စွပ်ဝယ်မနေနိုင်တာကြာပြီလေ ။ နောက်ဆုံး ဝယ်ဖြစ်တာဆိုလို့ အခုစီးထားတဲ့ ယိုးဒယား ခုံမြင့်အနီလေး တစ်ရံတောင် တော်တော်နွမ်းနေပြီ ။
မြို့ကြီး ပြကြီးမှာနေရတာက အမေတို့နယ်မှာတွေလိုမှ မဟုတ်တာ ။ အစစ အရာရာ ငွေပေးဝယ်မှရတာ ။ နေစားရိတ် ၊ စားစရိတ် တွေကလည်း ကြီးပါဘိ ။ ဝင်ငွေမရှိတဲ့လဆို ချွေချွေတာတာ ခြစ်ကုပ် စုဆောင်းထားသမျှက ပြိုက်ကနဲ ကုန်တော့တာပဲ ။ ဘယ်လောက် ပင်ပင်ပန်းပန်း ရှာထားထား ပိုလျှံနေတယ်လို့မှမရှိတာ ။ အခုဆို အရင်လို အလုပ်အကိုင် တွေက မကောင်းတော့ ပိုဆိုးလာတာပေါ့ ။ အရင်းလေး တွေတောင် အသုံး စားရိတ်ထဲ ပဲ့ပါကုန်နေပြီ ။ ဟင်း.......စိတ်ညစ်ပါတယ်လေ....။ ဒါတွေကြောင့် ခေါင်းက နောက်နေတာနေမှာ။
မနေ့ညကတော့ ကြံရာမရ တာနဲ့ မတွေ့တာတော်တော်ကြာနေပြီဖြစ်တဲ့ ငယ်သူငယ်ချင်းမတစ်ယောက်ဆီကို ဖုန်းဆက်လိုက်မိတယ် ။ ထိုင်နေလို့လည်း မဖြစ်ဘူး မဟုတ်လား ။ ဒီတော့ အရင်းပြန်ဖြည့်ချင်တာနဲ့ ငွေကြေးနည်းနည်းပါးပါး အကူအညီတောင်းကြည့်လိုက်တာ ။ တော်သေးတယ် အဆင်ပြေလို့။ ဒီနေ့လာခဲ့မယ်လို့ ချိန်းထားတယ် ။ ကုန်တွေကမှာပြီးပြီဆိုတော့ ငွေကချေရတော့မှာ ။ ပြီးတော့ အမေ့ဆီကိုလည်း ငွေနည်းနည်းပို့လိုက်ချင်တယ် ။ နေမကောင်းဘူးဆိုတော့ ဆေးဖိုးလေး ဘာလေးပေါ့ ။
ပင်ပန်းလိုက်တာ နော် ။ လောကကြီးမှာ တစ်ယောက်ထဲ ရုန်းကန်နေရတာဆိုတော့ ။ သူများတွေလို ဇိမ်လေးနဲ့ စီးပွားရှာဖို့ကလည်း အရင်းအနှီးကမပြည့်စုံ ။ ငယ်ငယ်က မိဘတွေဆုံးမတာတွေကိုသာနားထောင်ပြီး ပညာသာကောင်းကောင်း သင်ခဲ့မိရင် အခုဆို ဘောပင်လေးကိုင်လိုက်ရုံနဲ့ ငွေဝင်တဲ့ အလုပ်ကောင်းတစ်ခုတော့ ရနေမှာ ။ ဝတ်ကောင်းစားလှလေးကို ကျော့ကျော့လေးဝတ်ပြီး ရုံးခန်းထဲမှာ အဲယားကွန်း လေးအောက်အလုပ်လုပ်နေရုံပဲ ။ ငယ်တုန်းရွယ်တုန်းက လူရေလည်တဲ့ ယောက်ကျားတစ်ယောက် ယောက်လောက်နဲ့ များဖူးစာဆုံခဲ့မိရင်လည်း ကောင်းသား ။ အရှာကောင်း အဖွေကောင်း ယောက်ကျ်ားက တုန်နေအောင်ချစ်တာခံရပြီး အလိုလိုက် အကြိုက်ဆောင်ပေးတာ ခံရဦးမှာ ။ ဟင်း.....ငါကိုက ညံ့တာပါ ။ အခုလို အပျိုကြီး ဘဝနဲ့ တစ်ယောက်ထဲ ရှာဖွေစားနေရတာ ငါညံ့လို့လေ ။
ကျွန်မ တွေးရင်းတွေးရင်း ဒေါသထွက်လာတာကြောင့် ခြေထောက် ရှေ့ရောက်နေတဲ့ ရေသန်းဘူးခွံကို ပိတ်ကန်လိုက်မိသည် ။ မနက်စောစောပင် ရှိသေးသော်လည်း ရန်ကုန်နေက ပူလောင် လှ၏ ။ တဟိုဟိုဒီဒီ တွေးတောရင်းလျှောက်လာခဲ့သဖြင့် ကားမှတ်တိုင်သို့ပင် ရောက်မှန်းမသိရောက်လာခဲ့လေပြီ ။ သိပ်မစောင့်လိုက်ရပဲ အဲယားကွန်း ကားကြီးတစ်စီးက မှတ်တိုင်ရှေ့ ထိုးရပ်လာခဲ့၏ ။ ကျွန်မ သွားမည့် သူငယ်ချင်း နေတဲ့မြို့နယ်သို့ ထိုကားကြီးက ရောက်တာမို့ ကျွန်မ ကားပေါ်လှမ်းတက်လိုက်သည် ။ ကားပေါ်တွင် လူချောင်နေသဖြင့် ထိုင်ခုံနေရာကို ဝေ့ဝဲကာ ရှာလိုက်မိသည် ။ နောက်တန်းရဲ့ ရှေ့တစ်ခုံကျော်လောက်တွင် နေရာလွတ်တစ်ခုကိုတွေ့ရ၏။ ပြတင်းပေါက် ကပ်ရပ်နေရာတွင် အမျိုးသားတစ်ဦးက ထိုင်နေပြီး သူ့ဘေးနေရာလွတ်တွင် ကျွန်မ ဝင်ထိုင်လိုက်သည်။ ကားပေါ်တွင် ဖွင့်ထားသော အဲယားကွန်း ကအအေးပြင်းလှ၏ ။ နေပူထဲအကြာကြီးလျှောက်လာခဲ့ပြီး ၊ ကား အဲယားကွန်း လေအေးကြောင့် အပူနှင့်အအေး တွေ့ကာ ကျွန်မ ချမ်းစိမ့်ပြီး ရင်တွေတလှပ်လှပ်တုန်လာသည် ။ ကျွန်မ ခေါင်းထဲတွင် မိုက်ကနဲ ဖြစ်သွားသည် ။
........................................................................................................
အခန်း ( ၂ )
ဒီနေ့ အလုပ်သွားဖို့ကို အိမ်ကထွက်လာ ကထဲက စိတ်မကြည်မလင်ဖြစ်လာရတာ ။ နောက်ကျနေပါတယ်ဆိုတာကို ပြောရတာ လက်ပေါက်ကပ်တဲ့ယောက်ကျ်ား ။ အဲဒီ့ မောင် ဆိုတဲ့ လူတစ်ယောက် ဟာလေ ။ တကယ်ပါပဲ ။ သွားခါနီး လာခါနီး မှ အကျီလည်ဟိုက် လို့တဲ့လေ ။ အတင်းပြန်လဲခိုင်းနေတာနဲ့ ပိုနောက်ကျသွားတာ။ သူပဲ မိန်းမကို အူတိုလို့မဆုံးနိုင်ဘူး ။ အခုလည်း ကြည့်ပါဦး ။ ဘေးနားမှာထိုင်ပြီး စကားမပြော ဘာမပြောနဲ့ စိတ်ကောက်နေပြန်ရော ။ ညားကာစ လင်မယား ကျလို့။ ဟွန်း.....။
အိမ်ထောင်သက်ပဲ ငါးနှစ်ရှိနေပြီ ။ အခုအချိန်ထိ သူ့မှာ ကလေးဆန်ချင်နေတုန်း ။ ညားခါစကဆို ပိုဆိုးသေး ။ နေရာတကာ ဟိုနေရာစိတ်မချရတာနဲ့ ၊ ဒီနေရာ မသွားရဘူးဆိုတာနဲ့ ၊ သဝန်တို ၊ အူတို ၊ ကိုပိုကြီး....ဟွန်း.... ။ မိန်းမ အလုပ်လုပ်နေတာကိုလည်း နည်းနည်းလေးမှ သဘောကျတာမဟုတ်ဘူး။
....မောင်ရှာပေးနေတာပဲ....မိန်းမ က ဘာလုပ်စရာလိုလို့လဲ ၊ မင်းကြိုက်တာဝယ် ၊ ကြိုက်သလောက်သုံး ၊ မောင်ရှာပေးမယ် ၊ အပြင်ထွက် အလုပ်လုပ်တာ မောင်မကြိုက်ပါဘူး...တဲ့လေ ၊ အလုပ်ထွက်ပြီး အိမ်မှာပဲနေပါလား....မိန်းမရာ....ဆိုပဲ ။
ဟင်း.....ဒါဘာစကားလဲ... ။ ဒါသပ်သပ်မဲ့ ချုပ်ချယ်ချင်တာ ။ သူပြည့်စုံအောင် ရှာပေးထားလည်း အလုပ်ကတော့ လုပ်မှာပေါ့ ။ အိမ်က မိဘတွေသင်ပေးလိုက်တဲ့ ပညာတွေကို အလကားအဖြစ်မခံနိုင်ပါဘူး ။ ကိုယ်ရထားတဲ့ ဘွဲ့တွေ ၊ ဒီဂရီတွေဆိုတာ တစ်ခုနှစ်ခုမှ မကပဲဟာ ။ အခုအလုပ်က လခလည်းကောင်းတယ် ။ အရာရှိအဆင့်ဆိုတော့ လူရိုသေ ရှင်ရိုသေဖြစ်နေတာ ။ ဘာကိစ္စ အလုပ်ကထွက်ရမှာလဲ။ လူတိုင်းက အားကျနေရတဲ့ ကိုယ့်နေရာကို ပစ်ပြီး ၊ အိမ်ထဲမှာ အူတူတူ အတတ မိန်းမတစ်ယောက်လိုတော့ မနေနိုင်ပါဘူးရှင် ။ ကိုယ့်ကိုယ်ကို လှလှပပ ဝတ်စားပြင်ဆင်ပြီး ၊ အပြင်မှာ လင်နဲ့ ရင်ဘောင်တန်းရှာနိုင်တဲ့ ထက်မြက်တဲ့ မိန်းမ အဖြစ်နဲ့ပဲ နေမှာပေါ့ ။
တကယ်ဆို ယောကျ်ား ယူခဲ့မိတာတောင် မှားသေးတယ် ။ တက္ကသိုလ်မှာတုန်းကဆို ကိုယ့်ကို ကြိုက်တဲ့သူတွေမှ ဝိုင်းဝိုင်းကိုလည်နေတာ ။ ကျောင်းမှာ ကိုယ်က Major Queen တစ်ယောက်ဆိုတော့ အားလုံးရဲ့ အရေးတယူ ဂရုစိုက် ခံခဲ့ရတဲ့သူလေ ။ ကိုယ့်အလှတွေကို ယောကျာ်း ယူခြင်းနဲ့အဆုံးသတ်ပစ်လိုက်ရတာ မတန်ဘူး ။ နုနုဖတ်ဖတ်အရွယ် အသက်ကလေးနှစ်ဆယ့်လေးလောက်နဲ့ ယောကျာ်း ယူလိုက်ရတော့ ၊ အခု နှစ်ဆယ့်ကိုး သုံးဆယ်အရွယ်လေးနဲ့ အဒေါ်ကြီးလိုနေ နေရတယ် ။ အလှပြင်လဲ မကြိုက် ၊ အဝတ်အစား ဆန်းပြားလို့လည်းမရ ၊ နုတ်ခမ်းနီ ပါးနီဆိုးလည်း ဖျက်ခိုင်းနေတာ ။ ဘယ်လိုလုပ်မလဲ.....။ သိပ်စိတ်ပျက်တာပဲ...ဟွန်း.... ။
ဘယ်သူ့ ဝေယျာဝစ္စမှ မလုပ်ရတဲ့ အပျိုကြီး ဘဝပဲကောင်းတယ် ။ ကိုယ့်သဘော ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ဘယ်လောက်စိတ်ချမ်းသာလိုက်မလဲ ။
အခုတော့ အလုပ်ကနောက်ကျနေပြီ ။ ဟယ်....မထူးပါဘူး ။ ဒီနေ့တစ်ရက်လောက် ခွင့်ယူလိုက်တာပဲကောင်းတယ် ။ ဖုန်းဆက်ပြီး ခွင့်တင်လိုက်မယ် ။ ဒါပေမယ့် သူမသိမှဖြစ်မယ် ။ သိရင်တော့ အကြီးအကျယ် ကွိုင်မှာ...အဟိ..။ ကားပေါ်က သူဆင်းပြီးမှပဲဆက်တော့မယ် ။ ရှေ့မှတ်တိုင်မှာ သူဆင်းမလို့ အပေါက်ဝတောင်ထွက်သွားပြီပဲ ။ စိတ်ကောက်ပြီး မိန်းမ ကို နှုတ်တောင်မဆက်သွားဘူး... ဟင်း..။
မတွေ့ဖြစ်တာကြာနေတဲ့ သူငယ်ချင်းဆီ သွားလည်လိုက်ဦးမယ် ။ အပျိုတုန်းက အကြောင်းတွေပြောကြမယ်လေ ။ အတိတ်ကိုတူးဖော်ခြင်းပေါ့...အဟိ ။ သူ့အိမ်မှာ တစ်နေကုန် နေလို့ရတာပဲ ။ ဟိုတလောက ငါ့ရုံးကို လမ်းကြုံလို့ဆိုပြီး ဝင်လာရင်း ချေးသွားတဲ့ ပိုက်ဆံလည်း တစ်ခါတည်း ပြန်တောင်းခဲ့ရဦးမယ် ။ အမေ့ခံထားတယ်...ကောင်မ...ဟွန်း...။ သူ့အိမ်လာလည်ရင်းယူ လို့တော့ ဖုန်းဆက်ပြောဖူးပါတယ် ။ မအားတာနဲ့ မသွားဖြစ်တာ။
ကောင်းပါတယ် ။ သူငယ်ချင်းဆီပဲ သွားလိုက်ပါတော့မယ် ။ ဒီနေ့လည်း ရုံးသွားရမှာ စိတ်မပါဘူးဆိုတော့ ။ ပြီးတော့ ဘာလို့မှန်းမသိဘူး ။ ခေါင်းထဲမှာ မူးနောက်နောက်နဲ့ ဖြစ်နေတယ်။ သူ့အိမ်ရောက်မှ သံပရာရည်လေး ဖျော်တိုက်ခိုင်းလိုက်ဦးမယ် ။
.......................................................................................................................
အခန်း ( ၃ )
မ ကားပေါ်ကဆင်းလာတော့ မနက် ကိုးနာရီတောင်ကျော်နေလေပြီ ။ ရန်ကုန်ဆောင်းမနက်ခင်းက ဘုရားစူးဆောင်းရာသီပါလို့ ကျိမ်တွယ်ပြောရမလောက်ကိုပင် ပူပြင်းလို့နေ၏ ။ ခပ်ဖြေးဖြေးတိုက်ခတ်နေတဲ့ လေတွေကလည်း လေပူများသာ ။ ဟိုဟိုဒီဒီ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြသည့် လူတွေကတော့ လေပူတွေ ၊ နေပူတွေကို ဂရုမစိုက်နိုင်အားကြပေ ။ ဦးတည်ရာခရီးအတွက်ကိုသာ စိတ်လောနေကြပုံပင် ။
ဒီနေ့တော့ မ ကပျင်းပျင်းရှိတာနဲ့ အိမ်ကထွက်လာခဲ့ခြင်းပါ။ ကျောင်းပြီးသွားလို့ ဘွဲ့ယူပြီးနောက် မ အားလပ်နေခဲ့တာကြာလေ ။ အစကတော့ အလုပ်ကလေးဘာလေးလုပ်မလား စဥ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် လစာလေးတစ်ပဲခြောက်ပြားပေးတဲ့ အလုပ်တွေကို မ ကစိတ်မဝင်စားဘူးလေ ။ မ ရဲ့မိဘတွေဆီက တစ်လ ၊ တစ်လ ပို့ပေးတဲ့ မုန့်ဖိုးတွေ ၊ အသုံးစားရိတ်တွေက အလျှံပယ်ဆိုတော့ မ အတွက်က သူတို့ ပေးမယ့်လစာငွေလေးနည်းနည်းကို စိတ်ကိုမဝင်စားဘူး ။ ဘာအလုပ်မှ လုပ်စရာမလိုလို့ကို မလုပ်တာရှင် ။ ရှင်းပြီလား ။
ဒါပေမယ့်လည်း ဘာမှလုပ်စရာမရှိတော့လည်း ပျင်းတော့ပျင်းသား ။ မာမီနဲ့ ဒယ်ဒီက ဥရောပ မှာနေကြတာလေ။လုပ်ငန်းကြီးတွေရှိတော့ ပြန်မလာကြဘူး ။ မ ကိုပဲ လာခဲ့ဖို့ခေါ်နေကြတာ ။ မ ကလည်း မ ပဲ ။ ကိုယ့်ရေ ကိုယ့်မြေမဟုတ်တဲ့ တခြားနိုင်ငံမှာ မနေချင်ပါဘူး ။ ဒီမှာပဲ ပျော်တယ် ။
ဒါကြောင့် မ တစ်ယောက်ထဲ ဒီမှာ နေခဲ့ပြီး လွတ်လွတ်လပ်လပ်နေ နေတာပေါ့။ ဝတ်တယ် ၊ စားတယ် ၊ သွားတယ် ၊ လာတယ် ၊ လည်တယ် ၊ ပတ်တယ် ။ ဒါတွေက မ ရဲ့အလုပ်တွေပဲပေါ့ ။ အလှအပနဲ့ အသားအရည်ကို အမြဲ ထိန်းသိမ်းတယ်လေ ။လက်သည်း ခြေသည်းလေးတွေကိုဆို တစ်နေ့တစ်မျိုးကို အရောင်ဆိုး ထားတာ ။ အဝတ်အစားကအစ အဝတ်တစ်ထည်ကို နှစ်ကြိမ်ထက်ပိုမဝတ်ဖူးဘူး ။ ဝတ်မယ့်အကျီနဲ့အရောင်ကိုက်ညီမယ့် လက်သည်းနီ ၊ နုတ်ခမ်းဆိုးဆေး ၊ ပိုက်ဆံအိတ် ၊ ဖိနပ် အားလုံးကို အစစအရာရာ အကုန် ဂရုစိုက် ပြင်ဆင်နေရတာကို သဘောကျနေတာရှင့်... အဟင်း...။
နိုင်ငံခြားက နောက်ဆုံးပေါ်ဆိုတာတွေကလည်း မိဘတွေကောင်းမှုကြောင့် ရောက်လာတတ်ကြသေးတာ ။ မ ဝတ်တာတွေက Brand တွေများပါတယ် ။ အခုစီးထားတဲ့ အနီရောင် ခွာမြင့်အထူလေးက မာမီ ပို့လိုက်တာရက်ပိုင်းပဲရှိသေးတာလေ ။ အီတလီ မိတ် ဒေါ်လာနဲ့ပေးဝယ်ရတာ ။မြန်မာ ငွေနဲ့တော့ တွက်ပြမနေတော့ပါဘူးနော် ။
ဒီလို ဝတ်စားပြင်ဆင်ပြီးရင်တော့ မ လုပ်ရမယ့်အလုပ်က လမ်းစရှာကြံပြီး အပြင်ထွက်ဖို့ပဲပေါ့ ။ အပေါင်းအသင်းတွေ ဆီ သွားလည်မယ် ၊ မုန့်ထွက်စားမယ် ၊ ရုပ်ရှင်ကြည့်မယ် ၊ စျေးပတ်မယ် ။ ဒါတွေက မ ရဲ့ နိစ္စဒူဝ အလုပ်တွေပါပဲ ။
ချစ်သူ ရည်းစားလား.......
အဟင်း...ဟင်း.....နိုးပါရှင်.. ။ အပူမရှာချင်လို့ မထားပါဘူး ။ အာရုံနောက်မခံနိုက်ဘူးလေ ။
အခုလည်း ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်အိမ်သွားလည်မလို့ ။ မနေ့ညက ဖုန်းဆက်ပြောပြီးသား ။ သူငယ်ချင်းကလည်း မ လာလည်မယ်ဆိုတော့ အရမ်းကို ဝမ်းသာနေလိုက်တာများ ။ ဒါပေါ့လေ မ ကပေးကမ်းကျွေးမွေးတာ ရက်ရောတယ်မှလား ။ ဟိုတလောက မ ဒယ်ဒီ ပို့ပေးလိုက်တဲ့ နံမည်ကြီး တံဆိပ်နဲ့ အိတ်လေးကို တစ်ဝက်စျေးပဲပေးဆိုပြီး ပြန်ရောင်းပေးထားတာ သူ့ခမျာ ပျော်လို့။ ငွေတောင်မပေးရသေးဘူး ။ ဒီနေ့ တစ်ခါထဲ ပေးလိုက်မယ်တဲ့လေ ။ အဲ့တာလည်း သွားယူမလို့ ။ ပြီးရင် သူ့အိမ်မှာ မုန့်စားရင်း အချိန်ဖြုန်းရမယ် ။
ငါ့မှာလည်း အတွေးတွေလွန်နေလိုက်တာ.. ၊ သူငယ်ချင်း အိမ်နားတောင်ရောက်လာပြီ ။ ဒီနေ့ မှ နေကလည်း ပြင်းလိုက်တာနော် ။ ထီးကလည်းမပါဘူး ။ ချွေးတောင် ရွဲသွားပြီ ။ ချွေးထွက်များလို့လားမသိပါဘူး ခေါင်တွေက ထိုးပြီးကိုက်တောင်လာတယ် ။
............................................................................................................................
ဇာတ်သိမ်းပိုင်း
မီးဖိုချောင်ထဲတွင် မေမီတစ်ယောက်ထဲအလုပ်များနေသည် ။ မေမေကလည်း အမျိုးတွေအိမ်သွားသဖြင့် ဒီနေ့တစ်ရက်တော့ စားဖိုမှုးတာဝန်က မေမီ့အပေါ်လုံးဝကျရောက်သွားလေပြီ ။ သူငယ်ချင်း ကိုလည်း အိမ်လည်ဖိတ်ထားမိသဖြင့် မနက်စာ ကောင်းကောင်းကန်းကန်းလေးကျွေးနိုင်ရန် တစ်ယောက်ထဲအလုပ်တွေများနေခြင်းပင် ။
ဆယ်နာရီ ထိုးခါနီးလောက်ရောက်တော့မှမီးဖိုချောင်ကိစ္စ လက်စသတ်ပြီး အိမ်ရှေ့ဧည့်ခန်းမှာထိုင်ရင်း အမောဖြေရတော့၏ ။
" ဒေါက်.....ဒေါက်.. "
အိမ်တံခါးခေါက်သံကြောင့် မေမီ အလျင်စလိုထလာကာ တံခါးဖွင့်ပေးလိုက်သည် ။ အိမ်ပေါက်ဝတွင် ရပ်နေသော သူငယ်ချင်းမကို တွေ့တော့ ပြုံးပြကာ ခေါ်လိုက်၏ ။
" ဟယ်....သူငယ်ချင်း... လာ..လာ...ဝင်... "
" ငါက..နင်ရှိပါ့မလားလို့ "
" ရှိပါတယ်ဟ..၊ ဖုန်းဆက်ထားတာပဲဟာ "
" အေးဟာ..... မောလိုက်တာ ၊ နင်တို့အိမ်လမ်းလျှောက်ရတာကလည်း ကားဂိတ်နဲ့အဝေးကြီးဆိုတော့ ၊ နေကပူပူနဲ့ ၊ သံပရာရည်လေး တိုက်ပါလားဟ "
" ရတယ် သူငယ်ချင်း.. ၊ ခဏစောင့် ၊ လာလေ နောက်ဖေးကို...အမေတို့မရှိဘူး...၊ လာ...နင့်ကို လက်ဖက်ပါသုတ်ကျွေးမယ် "
" အဟဲ.. စားရသေးတာပေါ့ ၊ အန်တီက ဘယ်သွားတာလဲ ၊ မတွေ့ရတာတောင် ကြာပြီ ၊ အန်တီ ချက်တဲ့ဟင်းလေး စားချင်သေးတာ "
" အမေက အမျိုးအိမ်သွားတာလေ ၊ ငါ နင့်အတွက်ချက်ထားပါတယ်ဟ ၊ နင်ရော အလုပ်အကိုင် တွေ အဆင်ပြေရဲ့လား ၊ ဘာတွေလုပ်နေလဲ.. အခုက ..မတွေ့တာကြာတော့ ဘာတွေပြောင်းလဲသွားပြီလည်းဟ "
" အေးနော်....ကြာဆို ငါအိမ်ထောင်ကျပြီးသွားကထဲကပဲလေ ၊ အလုပ်အကိုင်ကတော့ ဒီလိုပါပဲဟာ ၊ အခုတလော အရောင်းအဝယ်တွေက သိပ်ကောင်းတာမဟုတ်ဘူးလေ ၊ သိပ်တော့အဆင်မပြေဘူးပေါ့ ၊ ငါ့ ဒယ်ဒီ မာမီ တို့ကလည်း နိုင်ငံခြားက ငွေမပို့ကြသေးဘူးလေ "
လက်ဖက်သုတ်နေသည့် မေမီ့လက်များက ရုတ်တရတ် ရပ်သွားခဲ့၏ ။ သူမဘက်သို့ မျက်မှောင်ကုတ်၍ လှည့်ကြည့်လိုက်မိသည် ။ သူမက ပြတင်းပေါက်မှနေ၍ အဝေးတစ်နေရာကို မြင်ပုံမပေါ်သည့်မျက်လုံးများဖြင့် ငေးကြည့်နေရင်း စကားကို အဆက်မပြတ် ပြောနေ၏ ။
" ငါ ဒီလ အဝတ်အစားဝယ်တာ နည်းနည်းများသွားတယ်လေ ၊ ငါ့အကြောင်းလည်း နင်သိရဲ့သားနဲ့ ၊ ပေါ်သမျှ ဝယ်ရမှ ငါကကျေနပ်တာ ဆိုတော့ ၊ ဒါပေမယ့် နောက်လတော့ချွေတာရမယ် ၊ အမေ့အတွက် ဆေးဖိုးလေးလည်း ပို့ပေးရဦမှာမလား ၊ ငါ ငွေလိုနေလို့...အဲ့တာ နင် ငါ့ဒယ်ဒီ နိုင်ငံခြားက ပို့လိုက်တဲ့ အိတ်ဖိုး ငါ့ကိုပေးစရာရှိသေးတာလေး ပြန်လာယူတာလေ "
သူမက ရုတ်တရတ် မေမီ့ဘက်သို့လှည့်လာကာ ပြောနေ၏ ။ မေမီ ပါးစပ်အဟောင်းသား ဟ သွားသည်။ သူမက ပြုံးရင်း ဆက်ပြောပြန်သည် ။
" နင်သိတယ်မဟုတ်လား...၊ မောင်ကလေ...ငါ့ကိုဆို အပြင်ထွက်တာ သွားတာလာတာ သိပ်ကြိုက်တာမဟုတ်ဘူးဆိုတာ.. ၊ သိပ် သဝန်တို တတ်တာဟ...၊ ဒါကြောင့် နင့်ဆီကို သိပ်မလာဖြစ်တော့တာ ၊ ငါကလေ...အခုလို လှလှပပ စတိုင်မိုက်မိုက် ပြင်ဆင် ဖီးလိမ်းထားရင် အပြင်သိပ်ထွက်ချင်တာပဲဟာ "
သူမက အနည်းငယ်တွန့်ကြေနေသော အပေါ်အင်္ကျီစကလေးကို ဆွဲဆန့်ကာ ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို တပတ်လှည့်ပြနေသည် ။ မေမီ လက်ကို ဘေစင်တွင် ကမန်းကတန်း ဆေးလိုက်ပြီး မျက်လုံး အဝိုင်းသားနှင့် သူမအနားကပ်သွားလိုက်မိသည် ။
" သူငယ်ချင်း... နင်....နင်... နေလို့ရောကောင်းရဲ့လားဟင်.. "
သူမရဲ့ လက်မောင်းသားလေးများက ရေခဲတုံးလိုအေးစက်နေသည် ။ နဖူးပြင်တွင်တော့ ချွေးစက်ကလေးတွေက သီးခိုနေလေ၏ ။ သူမက စကားတွေကို ခပ်ဖြေးဖြေး တစ်လုံးချင်း ပြောနေသည် ။
" ငါလား.၊... သိပ်နေမကောင်းဘူးဟ ၊ ခေါင်းတခြမ်း ကိုက် နေတာကြာပြီ ၊ အခုလည်း မူးနေတယ် ၊ ထီးမပါပဲ နေပူထဲကို လမ်းလျောက်လာခဲ့ရလို့လေ ၊ ရပါတယ်ဟ...ကောင်းသွားမှာပါ ၊ ငါ ဒီနေ့ နင့်အိမ်မှာ တစ်နေ့လုံး နေမှာနော် ၊ ပျော်ပျော်ပါးပါး စကားတွေပြောမယ်လေ...၊ အခုလို အပျိုဘဝမှာ လွတ်လပ်တာ ဘယ်လောက်ကောင်းလိုက်လဲလို့ ၊ ကဲ....ရပြီလား နင့် သံပရာရည် ၊ မူးတယ်ဟာ.....ငါ အိမ်ရှေ့မှာ ခဏ သွားလှဲနေလိုက်ဦးမယ်နော်.. "
သူမသည် ပြောပြီးပြီးချင်း ခန္ဓာကိုယ် ကို လှည့်လိုက်၏။ မေမီက သူမကို အမြန် လှမ်းပွေ့လိုက်သော်လည်း ၊ သူမ မီးဖိုချောင် ထဲမှာပင် လဲကျသွားခဲ့တော့သည် ။
...................................................................................................
Schizophrenia - WHO AM I ?

"တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာကိုတောင် ရေရေရာရာမသိတော့တာမျိုး ဖြစ်ဖူးလား။ နာမည်ဘယ်လိုခေါ်တယ်၊ ဘယ်မှာနေတယ်၊ ဘာအလုပ်လုပ်တယ်ဆိုတာမျိုးပေါ့။ အတိတ်မေ့ခြင်းမဟုတ်ပဲ လွင့်မျောနေတဲ့ စိတ်ကူးထဲကအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်မိနေတာမျိုး။..."
ငါဘယ်သူလဲ
အိမင်းသန့်ချို ( ခံစားရေးဖွဲ့သည် )
သောက ကင်းကင်းနဲ့ ဘဝအမောတွေပြေကြပါစေနော်။
အခန္း ( ၁ )
ကြၽန္မ အခုတေလာ ေနလို႔သိပ္မေကာင္းဘူး ။ လူက ထိုင္းထိုင္းမႈိင္းမႈိင္းနဲ႔ ေလးလံေနတတ္တယ္ ။ ေခါင္းမၾကည္သလိုလို ၊ ေခါင္းတျခမ္းကိုက္ေနသလိုနဲ႔ အၿမဲတအုံ႔ေႏြးေႏြးျဖစ္ေနတတ္တယ္ ။ အလက္ဇင္ေလး ျဖစ္ျဖစ္ ၊ ဘိုင္အိုဂ်က္ဆစ္ေလး ျဖစ္ျဖစ္ ေသာက္လိုက္ရင္ေတာ့ ခဏသက္သာလာပါရဲ႕ ။ ဒါေပမယ့္ ေဆးအရွိန္ျပယ္သြားရင္
မူးေနာက္ေနာက္က ျပန္ျဖစ္လာျပန္ေရာ ။ စိတ္ညစ္ပါတယ္ ေဆးခန္းေလးေတာ့ သြားျပလိုက္ဦးမွပါ ။ အခုေတာ့ မဟုတ္ေသးဘူး ။
အားမွ.....အားမွ..။
မနက္ကလည္း အေစာႀကီး အိပ္ရာကထလိုက္ရတယ္ ။ အေမ့ ဖုန္းလာလို႔ေလ။ အေမကလည္း သိပ္ေနမေကာင္းဘူး တဲ့ ။ အင္းေပါ့ေလ အသက္ႀကီးၿပီဆိုေတာ့လည္း နည္းနည္းပါးပါးေတာ့ ျဖစ္မွာေပါ့ ။ အေမ့ဆီကို ေငြမပို႔ျဖစ္တာလည္း ႏွစ္လေက်ာ္ေနၿပီ ။ အခုတေလာအေရာင္းအဝယ္ေတြက မေကာင္းေတာ့ ေငြက ေတာ္ေတာ္ၾကပ္ေနတာ ။ ကိုယ့္စားစရိတ္ေတာင္ ကိုယ့္ဟာကိုယ္ အႏိုင္ႏိုင္ရယ္ ။
အရင္လို ေပၚသမွ်အဝတ္အစား အသစ္အဆန္းေတြလည္း တစြပ္စြပ္ဝယ္မေနႏိုင္တာၾကာၿပီေလ ။ ေနာက္ဆုံး ဝယ္ျဖစ္တာဆိုလို႔ အခုစီးထားတဲ့ ယိုးဒယား ခုံျမင့္အနီေလး တစ္ရံေတာင္ ေတာ္ေတာ္ႏြမ္းေနၿပီ ။
ၿမိဳ႕ႀကီး ျပႀကီးမွာေနရတာက အေမတို႔နယ္မွာေတြလိုမွ မဟုတ္တာ ။ အစစ အရာရာ ေငြေပးဝယ္မွရတာ ။ ေနစားရိတ္ ၊ စားစရိတ္ ေတြကလည္း ႀကီးပါဘိ ။ ဝင္ေငြမရွိတဲ့လဆို ေခြၽေခြၽတာတာ ျခစ္ကုပ္ စုေဆာင္းထားသမွ်က ၿပိဳက္ကနဲ ကုန္ေတာ့တာပဲ ။ ဘယ္ေလာက္ ပင္ပင္ပန္းပန္း ရွာထားထား ပိုလွ်ံေနတယ္လို႔မွမရွိတာ ။ အခုဆို အရင္လို အလုပ္အကိုင္ ေတြက မေကာင္းေတာ့ ပိုဆိုးလာတာေပါ့ ။ အရင္းေလး ေတြေတာင္ အသုံး စားရိတ္ထဲ ပဲ့ပါကုန္ေနၿပီ ။ ဟင္း.......စိတ္ညစ္ပါတယ္ေလ....။ ဒါေတြေၾကာင့္ ေခါင္းက ေနာက္ေနတာေနမွာ။
မေန႔ညကေတာ့ ႀကံရာမရ တာနဲ႔ မေတြ႕တာေတာ္ေတာ္ၾကာေနၿပီျဖစ္တဲ့ ငယ္သူငယ္ခ်င္းမတစ္ေယာက္ဆီကို ဖုန္းဆက္လိုက္မိတယ္ ။ ထိုင္ေနလို႔လည္း မျဖစ္ဘူး မဟုတ္လား ။ ဒီေတာ့ အရင္းျပန္ျဖည့္ခ်င္တာနဲ႔ ေငြေၾကးနည္းနည္းပါးပါး အကူအညီေတာင္းၾကည့္လိုက္တာ ။ ေတာ္ေသးတယ္ အဆင္ေျပလို႔။ ဒီေန႔လာခဲ့မယ္လို႔ ခ်ိန္းထားတယ္ ။ ကုန္ေတြကမွာၿပီးၿပီဆိုေတာ့ ေငြကေခ်ရေတာ့မွာ ။ ၿပီးေတာ့ အေမ့ဆီကိုလည္း ေငြနည္းနည္းပို႔လိုက္ခ်င္တယ္ ။ ေနမေကာင္းဘူးဆိုေတာ့ ေဆးဖိုးေလး ဘာေလးေပါ့ ။
ပင္ပန္းလိုက္တာ ေနာ္ ။ ေလာကႀကီးမွာ တစ္ေယာက္ထဲ ႐ုန္းကန္ေနရတာဆိုေတာ့ ။ သူမ်ားေတြလို ဇိမ္ေလးနဲ႔ စီးပြားရွာဖို႔ကလည္း အရင္းအႏွီးကမျပည့္စုံ ။ ငယ္ငယ္က မိဘေတြဆုံးမတာေတြကိုသာနားေထာင္ၿပီး ပညာသာေကာင္းေကာင္း သင္ခဲ့မိရင္ အခုဆို ေဘာပင္ေလးကိုင္လိုက္႐ုံနဲ႔ ေငြဝင္တဲ့ အလုပ္ေကာင္းတစ္ခုေတာ့ ရေနမွာ ။ ဝတ္ေကာင္းစားလွေလးကို ေက်ာ့ေက်ာ့ေလးဝတ္ၿပီး ႐ုံးခန္းထဲမွာ အဲယားကြန္း ေလးေအာက္အလုပ္လုပ္ေန႐ုံပဲ ။ ငယ္တုန္း႐ြယ္တုန္းက လူေရလည္တဲ့ ေယာက္က်ားတစ္ေယာက္ ေယာက္ေလာက္နဲ႔ မ်ားဖူးစာဆုံခဲ့မိရင္လည္း ေကာင္းသား ။ အရွာေကာင္း အေဖြေကာင္း ေယာက္က်္ားက တုန္ေနေအာင္ခ်စ္တာခံရၿပီး အလိုလိုက္ အႀကိဳက္ေဆာင္ေပးတာ ခံရဦးမွာ ။ ဟင္း.....ငါကိုက ညံ့တာပါ ။ အခုလို အပ်ိဳႀကီး ဘဝနဲ႔ တစ္ေယာက္ထဲ ရွာေဖြစားေနရတာ ငါညံ့လို႔ေလ ။
ကြၽန္မ ေတြးရင္းေတြးရင္း ေဒါသထြက္လာတာေၾကာင့္ ေျခေထာက္ ေရွ႕ေရာက္ေနတဲ့ ေရသန္းဘူးခြံကို ပိတ္ကန္လိုက္မိသည္ ။ မနက္ေစာေစာပင္ ရွိေသးေသာ္လည္း ရန္ကုန္ေနက ပူေလာင္ လွ၏ ။ တဟိုဟိုဒီဒီ ေတြးေတာရင္းေလွ်ာက္လာခဲ့သျဖင့္ ကားမွတ္တိုင္သို႔ပင္ ေရာက္မွန္းမသိေရာက္လာခဲ့ေလၿပီ ။ သိပ္မေစာင့္လိုက္ရပဲ အဲယားကြန္း ကားႀကီးတစ္စီးက မွတ္တိုင္ေရွ႕ ထိုးရပ္လာခဲ့၏ ။ ကြၽန္မ သြားမည့္ သူငယ္ခ်င္း ေနတဲ့ၿမိဳ႕နယ္သို႔ ထိုကားႀကီးက ေရာက္တာမို႔ ကြၽန္မ ကားေပၚလွမ္းတက္လိုက္သည္ ။ ကားေပၚတြင္ လူေခ်ာင္ေနသျဖင့္ ထိုင္ခုံေနရာကို ေဝ့ဝဲကာ ရွာလိုက္မိသည္ ။ ေနာက္တန္းရဲ႕ ေရွ႕တစ္ခုံေက်ာ္ေလာက္တြင္ ေနရာလြတ္တစ္ခုကိုေတြ႕ရ၏။ ျပတင္းေပါက္ ကပ္ရပ္ေနရာတြင္ အမ်ိဳးသားတစ္ဦးက ထိုင္ေနၿပီး သူ႔ေဘးေနရာလြတ္တြင္ ကြၽန္မ ဝင္ထိုင္လိုက္သည္။ ကားေပၚတြင္ ဖြင့္ထားေသာ အဲယားကြန္း ကအေအးျပင္းလွ၏ ။ ေနပူထဲအၾကာႀကီးေလွ်ာက္လာခဲ့ၿပီး ၊ ကား အဲယားကြန္း ေလေအးေၾကာင့္ အပူႏွင့္အေအး ေတြ႕ကာ ကြၽန္မ ခ်မ္းစိမ့္ၿပီး ရင္ေတြတလွပ္လွပ္တုန္လာသည္ ။ ကြၽန္မ ေခါင္းထဲတြင္ မိုက္ကနဲ ျဖစ္သြားသည္ ။
........................................................................................................
အခန္း ( ၂ )
ဒီေန႔ အလုပ္သြားဖို႔ကို အိမ္ကထြက္လာ ကထဲက စိတ္မၾကည္မလင္ျဖစ္လာရတာ ။ ေနာက္က်ေနပါတယ္ဆိုတာကို ေျပာရတာ လက္ေပါက္ကပ္တဲ့ေယာက္က်္ား ။ အဲဒီ့ ေမာင္ ဆိုတဲ့ လူတစ္ေယာက္ ဟာေလ ။ တကယ္ပါပဲ ။ သြားခါနီး လာခါနီး မွ အက်ီလည္ဟိုက္ လို႔တဲ့ေလ ။ အတင္းျပန္လဲခိုင္းေနတာနဲ႔ ပိုေနာက္က်သြားတာ။ သူပဲ မိန္းမကို အူတိုလို႔မဆုံးႏိုင္ဘူး ။ အခုလည္း ၾကည့္ပါဦး ။ ေဘးနားမွာထိုင္ၿပီး စကားမေျပာ ဘာမေျပာနဲ႔ စိတ္ေကာက္ေနျပန္ေရာ ။ ညားကာစ လင္မယား က်လို႔။ ဟြန္း.....။
အိမ္ေထာင္သက္ပဲ ငါးႏွစ္ရွိေနၿပီ ။ အခုအခ်ိန္ထိ သူ႔မွာ ကေလးဆန္ခ်င္ေနတုန္း ။ ညားခါစကဆို ပိုဆိုးေသး ။ ေနရာတကာ ဟိုေနရာစိတ္မခ်ရတာနဲ႔ ၊ ဒီေနရာ မသြားရဘူးဆိုတာနဲ႔ ၊ သဝန္တို ၊ အူတို ၊ ကိုပိုႀကီး....ဟြန္း.... ။ မိန္းမ အလုပ္လုပ္ေနတာကိုလည္း နည္းနည္းေလးမွ သေဘာက်တာမဟုတ္ဘူး။
....ေမာင္ရွာေပးေနတာပဲ....မိန္းမ က ဘာလုပ္စရာလိုလို႔လဲ ၊ မင္းႀကိဳက္တာဝယ္ ၊ ႀကိဳက္သေလာက္သုံး ၊ ေမာင္ရွာေပးမယ္ ၊ အျပင္ထြက္ အလုပ္လုပ္တာ ေမာင္မႀကိဳက္ပါဘူး...တဲ့ေလ ၊ အလုပ္ထြက္ၿပီး အိမ္မွာပဲေနပါလား....မိန္းမရာ....ဆိုပဲ ။
ဟင္း.....ဒါဘာစကားလဲ... ။ ဒါသပ္သပ္မဲ့ ခ်ဳပ္ခ်ယ္ခ်င္တာ ။ သူျပည့္စုံေအာင္ ရွာေပးထားလည္း အလုပ္ကေတာ့ လုပ္မွာေပါ့ ။ အိမ္က မိဘေတြသင္ေပးလိုက္တဲ့ ပညာေတြကို အလကားအျဖစ္မခံႏိုင္ပါဘူး ။ ကိုယ္ရထားတဲ့ ဘြဲ႕ေတြ ၊ ဒီဂရီေတြဆိုတာ တစ္ခုႏွစ္ခုမွ မကပဲဟာ ။ အခုအလုပ္က လခလည္းေကာင္းတယ္ ။ အရာရွိအဆင့္ဆိုေတာ့ လူ႐ိုေသ ရွင္႐ိုေသျဖစ္ေနတာ ။ ဘာကိစၥ အလုပ္ကထြက္ရမွာလဲ။ လူတိုင္းက အားက်ေနရတဲ့ ကိုယ့္ေနရာကို ပစ္ၿပီး ၊ အိမ္ထဲမွာ အူတူတူ အတတ မိန္းမတစ္ေယာက္လိုေတာ့ မေနႏိုင္ပါဘူးရွင္ ။ ကိုယ့္ကိုယ္ကို လွလွပပ ဝတ္စားျပင္ဆင္ၿပီး ၊ အျပင္မွာ လင္နဲ႔ ရင္ေဘာင္တန္းရွာႏိုင္တဲ့ ထက္ျမက္တဲ့ မိန္းမ အျဖစ္နဲ႔ပဲ ေနမွာေပါ့ ။
တကယ္ဆို ေယာက်္ား ယူခဲ့မိတာေတာင္ မွားေသးတယ္ ။ တကၠသိုလ္မွာတုန္းကဆို ကိုယ့္ကို ႀကိဳက္တဲ့သူေတြမွ ဝိုင္းဝိုင္းကိုလည္ေနတာ ။ ေက်ာင္းမွာ ကိုယ္က Major Queen တစ္ေယာက္ဆိုေတာ့ အားလုံးရဲ႕ အေရးတယူ ဂ႐ုစိုက္ ခံခဲ့ရတဲ့သူေလ ။ ကိုယ့္အလွေတြကို ေယာက်ာ္း ယူျခင္းနဲ႔အဆုံးသတ္ပစ္လိုက္ရတာ မတန္ဘူး ။ ႏုႏုဖတ္ဖတ္အ႐ြယ္ အသက္ကေလးႏွစ္ဆယ့္ေလးေလာက္နဲ႔ ေယာက်ာ္း ယူလိုက္ရေတာ့ ၊ အခု ႏွစ္ဆယ့္ကိုး သုံးဆယ္အ႐ြယ္ေလးနဲ႔ အေဒၚႀကီးလိုေန ေနရတယ္ ။ အလွျပင္လဲ မႀကိဳက္ ၊ အဝတ္အစား ဆန္းျပားလို႔လည္းမရ ၊ ႏုတ္ခမ္းနီ ပါးနီဆိုးလည္း ဖ်က္ခိုင္းေနတာ ။ ဘယ္လိုလုပ္မလဲ.....။ သိပ္စိတ္ပ်က္တာပဲ...ဟြန္း.... ။
ဘယ္သူ႔ ေဝယ်ာဝစၥမွ မလုပ္ရတဲ့ အပ်ိဳႀကီး ဘဝပဲေကာင္းတယ္ ။ ကိုယ့္သေဘာ ကိုယ့္စိတ္ႀကိဳက္ လြတ္လြတ္လပ္လပ္ ဘယ္ေလာက္စိတ္ခ်မ္းသာလိုက္မလဲ ။
အခုေတာ့ အလုပ္ကေနာက္က်ေနၿပီ ။ ဟယ္....မထူးပါဘူး ။ ဒီေန႔တစ္ရက္ေလာက္ ခြင့္ယူလိုက္တာပဲေကာင္းတယ္ ။ ဖုန္းဆက္ၿပီး ခြင့္တင္လိုက္မယ္ ။ ဒါေပမယ့္ သူမသိမွျဖစ္မယ္ ။ သိရင္ေတာ့ အႀကီးအက်ယ္ ကြိဳင္မွာ...အဟိ..။ ကားေပၚက သူဆင္းၿပီးမွပဲဆက္ေတာ့မယ္ ။ ေရွ႕မွတ္တိုင္မွာ သူဆင္းမလို႔ အေပါက္ဝေတာင္ထြက္သြားၿပီပဲ ။ စိတ္ေကာက္ၿပီး မိန္းမ ကို ႏႈတ္ေတာင္မဆက္သြားဘူး... ဟင္း..။
မေတြ႕ျဖစ္တာၾကာေနတဲ့ သူငယ္ခ်င္းဆီ သြားလည္လိုက္ဦးမယ္ ။ အပ်ိဳတုန္းက အေၾကာင္းေတြေျပာၾကမယ္ေလ ။ အတိတ္ကိုတူးေဖာ္ျခင္းေပါ့...အဟိ ။ သူ႔အိမ္မွာ တစ္ေနကုန္ ေနလို႔ရတာပဲ ။ ဟိုတေလာက ငါ့႐ုံးကို လမ္းႀကဳံလို႔ဆိုၿပီး ဝင္လာရင္း ေခ်းသြားတဲ့ ပိုက္ဆံလည္း တစ္ခါတည္း ျပန္ေတာင္းခဲ့ရဦးမယ္ ။ အေမ့ခံထားတယ္...ေကာင္မ...ဟြန္း...။ သူ႔အိမ္လာလည္ရင္းယူ လို႔ေတာ့ ဖုန္းဆက္ေျပာဖူးပါတယ္ ။ မအားတာနဲ႔ မသြားျဖစ္တာ။
ေကာင္းပါတယ္ ။ သူငယ္ခ်င္းဆီပဲ သြားလိုက္ပါေတာ့မယ္ ။ ဒီေန႔လည္း ႐ုံးသြားရမွာ စိတ္မပါဘူးဆိုေတာ့ ။ ၿပီးေတာ့ ဘာလို႔မွန္းမသိဘူး ။ ေခါင္းထဲမွာ မူးေနာက္ေနာက္နဲ႔ ျဖစ္ေနတယ္။ သူ႔အိမ္ေရာက္မွ သံပရာရည္ေလး ေဖ်ာ္တိုက္ခိုင္းလိုက္ဦးမယ္ ။
.......................................................................................................................
အခန္း ( ၃ )
မ ကားေပၚကဆင္းလာေတာ့ မနက္ ကိုးနာရီေတာင္ေက်ာ္ေနေလၿပီ ။ ရန္ကုန္ေဆာင္းမနက္ခင္းက ဘုရားစူးေဆာင္းရာသီပါလို႔ က်ိမ္တြယ္ေျပာရမေလာက္ကိုပင္ ပူျပင္းလို႔ေန၏ ။ ခပ္ေျဖးေျဖးတိုက္ခတ္ေနတဲ့ ေလေတြကလည္း ေလပူမ်ားသာ ။ ဟိုဟိုဒီဒီ ပ်ားပန္းခတ္မွ် သြားလာလႈပ္ရွားေနၾကသည့္ လူေတြကေတာ့ ေလပူေတြ ၊ ေနပူေတြကို ဂ႐ုမစိုက္ႏိုင္အားၾကေပ ။ ဦးတည္ရာခရီးအတြက္ကိုသာ စိတ္ေလာေနၾကပုံပင္ ။
ဒီေန႔ေတာ့ မ ကပ်င္းပ်င္းရွိတာနဲ႔ အိမ္ကထြက္လာခဲ့ျခင္းပါ။ ေက်ာင္းၿပီးသြားလို႔ ဘြဲ႕ယူၿပီးေနာက္ မ အားလပ္ေနခဲ့တာၾကာေလ ။ အစကေတာ့ အလုပ္ကေလးဘာေလးလုပ္မလား စဥ္းစားခဲ့ပါေသးတယ္။ ဒါေပမယ့္ လစာေလးတစ္ပဲေျခာက္ျပားေပးတဲ့ အလုပ္ေတြကို မ ကစိတ္မဝင္စားဘူးေလ ။ မ ရဲ႕မိဘေတြဆီက တစ္လ ၊ တစ္လ ပို႔ေပးတဲ့ မုန္႔ဖိုးေတြ ၊ အသုံးစားရိတ္ေတြက အလွ်ံပယ္ဆိုေတာ့ မ အတြက္က သူတို႔ ေပးမယ့္လစာေငြေလးနည္းနည္းကို စိတ္ကိုမဝင္စားဘူး ။ ဘာအလုပ္မွ လုပ္စရာမလိုလို႔ကို မလုပ္တာရွင္ ။ ရွင္းၿပီလား ။
ဒါေပမယ့္လည္း ဘာမွလုပ္စရာမရွိေတာ့လည္း ပ်င္းေတာ့ပ်င္းသား ။ မာမီနဲ႔ ဒယ္ဒီက ဥေရာပ မွာေနၾကတာေလ။လုပ္ငန္းႀကီးေတြရွိေတာ့ ျပန္မလာၾကဘူး ။ မ ကိုပဲ လာခဲ့ဖို႔ေခၚေနၾကတာ ။ မ ကလည္း မ ပဲ ။ ကိုယ့္ေရ ကိုယ့္ေျမမဟုတ္တဲ့ တျခားႏိုင္ငံမွာ မေနခ်င္ပါဘူး ။ ဒီမွာပဲ ေပ်ာ္တယ္ ။
ဒါေၾကာင့္ မ တစ္ေယာက္ထဲ ဒီမွာ ေနခဲ့ၿပီး လြတ္လြတ္လပ္လပ္ေန ေနတာေပါ့။ ဝတ္တယ္ ၊ စားတယ္ ၊ သြားတယ္ ၊ လာတယ္ ၊ လည္တယ္ ၊ ပတ္တယ္ ။ ဒါေတြက မ ရဲ႕အလုပ္ေတြပဲေပါ့ ။ အလွအပနဲ႔ အသားအရည္ကို အၿမဲ ထိန္းသိမ္းတယ္ေလ ။လက္သည္း ေျခသည္းေလးေတြကိုဆို တစ္ေန႔တစ္မ်ိဳးကို အေရာင္ဆိုး ထားတာ ။ အဝတ္အစားကအစ အဝတ္တစ္ထည္ကို ႏွစ္ႀကိမ္ထက္ပိုမဝတ္ဖူးဘူး ။ ဝတ္မယ့္အက်ီနဲ႔အေရာင္ကိုက္ညီမယ့္ လက္သည္းနီ ၊ ႏုတ္ခမ္းဆိုးေဆး ၊ ပိုက္ဆံအိတ္ ၊ ဖိနပ္ အားလုံးကို အစစအရာရာ အကုန္ ဂ႐ုစိုက္ ျပင္ဆင္ေနရတာကို သေဘာက်ေနတာရွင့္... အဟင္း...။
ႏိုင္ငံျခားက ေနာက္ဆုံးေပၚဆိုတာေတြကလည္း မိဘေတြေကာင္းမႈေၾကာင့္ ေရာက္လာတတ္ၾကေသးတာ ။ မ ဝတ္တာေတြက Brand ေတြမ်ားပါတယ္ ။ အခုစီးထားတဲ့ အနီေရာင္ ခြာျမင့္အထူေလးက မာမီ ပို႔လိုက္တာရက္ပိုင္းပဲရွိေသးတာေလ ။ အီတလီ မိတ္ ေဒၚလာနဲ႔ေပးဝယ္ရတာ ။ျမန္မာ ေငြနဲ႔ေတာ့ တြက္ျပမေနေတာ့ပါဘူးေနာ္ ။
ဒီလို ဝတ္စားျပင္ဆင္ၿပီးရင္ေတာ့ မ လုပ္ရမယ့္အလုပ္က လမ္းစရွာႀကံၿပီး အျပင္ထြက္ဖို႔ပဲေပါ့ ။ အေပါင္းအသင္းေတြ ဆီ သြားလည္မယ္ ၊ မုန္႔ထြက္စားမယ္ ၊ ႐ုပ္ရွင္ၾကည့္မယ္ ၊ ေစ်းပတ္မယ္ ။ ဒါေတြက မ ရဲ႕ နိစၥဒူဝ အလုပ္ေတြပါပဲ ။
ခ်စ္သူ ရည္းစားလား.......
အဟင္း...ဟင္း.....ႏိုးပါရွင္.. ။ အပူမရွာခ်င္လို႔ မထားပါဘူး ။ အာ႐ုံေနာက္မခံႏိုက္ဘူးေလ ။
အခုလည္း ေက်ာင္းတုန္းက သူငယ္ခ်င္း တစ္ေယာက္အိမ္သြားလည္မလို႔ ။ မေန႔ညက ဖုန္းဆက္ေျပာၿပီးသား ။ သူငယ္ခ်င္းကလည္း မ လာလည္မယ္ဆိုေတာ့ အရမ္းကို ဝမ္းသာေနလိုက္တာမ်ား ။ ဒါေပါ့ေလ မ ကေပးကမ္းေကြၽးေမြးတာ ရက္ေရာတယ္မွလား ။ ဟိုတေလာက မ ဒယ္ဒီ ပို႔ေပးလိုက္တဲ့ နံမည္ႀကီး တံဆိပ္နဲ႔ အိတ္ေလးကို တစ္ဝက္ေစ်းပဲေပးဆိုၿပီး ျပန္ေရာင္းေပးထားတာ သူ႔ခမ်ာ ေပ်ာ္လို႔။ ေငြေတာင္မေပးရေသးဘူး ။ ဒီေန႔ တစ္ခါထဲ ေပးလိုက္မယ္တဲ့ေလ ။ အဲ့တာလည္း သြားယူမလို႔ ။ ၿပီးရင္ သူ႔အိမ္မွာ မုန္႔စားရင္း အခ်ိန္ျဖဳန္းရမယ္ ။
ငါ့မွာလည္း အေတြးေတြလြန္ေနလိုက္တာ.. ၊ သူငယ္ခ်င္း အိမ္နားေတာင္ေရာက္လာၿပီ ။ ဒီေန႔ မွ ေနကလည္း ျပင္းလိုက္တာေနာ္ ။ ထီးကလည္းမပါဘူး ။ ေခြၽးေတာင္ ႐ြဲသြားၿပီ ။ ေခြၽးထြက္မ်ားလို႔လားမသိပါဘူး ေခါင္ေတြက ထိုးၿပီးကိုက္ေတာင္လာတယ္ ။
............................................................................................................................
ဇာတ္သိမ္းပိုင္း
မီးဖိုေခ်ာင္ထဲတြင္ ေမမီတစ္ေယာက္ထဲအလုပ္မ်ားေနသည္ ။ ေမေမကလည္း အမ်ိဳးေတြအိမ္သြားသျဖင့္ ဒီေန႔တစ္ရက္ေတာ့ စားဖိုမႈးတာဝန္က ေမမီ့အေပၚလုံးဝက်ေရာက္သြားေလၿပီ ။ သူငယ္ခ်င္း ကိုလည္း အိမ္လည္ဖိတ္ထားမိသျဖင့္ မနက္စာ ေကာင္းေကာင္းကန္းကန္းေလးေကြၽးႏိုင္ရန္ တစ္ေယာက္ထဲအလုပ္ေတြမ်ားေနျခင္းပင္ ။
ဆယ္နာရီ ထိုးခါနီးေလာက္ေရာက္ေတာ့မွမီးဖိုေခ်ာင္ကိစၥ လက္စသတ္ၿပီး အိမ္ေရွ႕ဧည့္ခန္းမွာထိုင္ရင္း အေမာေျဖရေတာ့၏ ။
" ေဒါက္.....ေဒါက္.. "
အိမ္တံခါးေခါက္သံေၾကာင့္ ေမမီ အလ်င္စလိုထလာကာ တံခါးဖြင့္ေပးလိုက္သည္ ။ အိမ္ေပါက္ဝတြင္ ရပ္ေနေသာ သူငယ္ခ်င္းမကို ေတြ႕ေတာ့ ၿပဳံးျပကာ ေခၚလိုက္၏ ။
" ဟယ္....သူငယ္ခ်င္း... လာ..လာ...ဝင္... "
" ငါက..နင္ရွိပါ့မလားလို႔ "
" ရွိပါတယ္ဟ..၊ ဖုန္းဆက္ထားတာပဲဟာ "
" ေအးဟာ..... ေမာလိုက္တာ ၊ နင္တို႔အိမ္လမ္းေလွ်ာက္ရတာကလည္း ကားဂိတ္နဲ႔အေဝးႀကီးဆိုေတာ့ ၊ ေနကပူပူနဲ႔ ၊ သံပရာရည္ေလး တိုက္ပါလားဟ "
" ရတယ္ သူငယ္ခ်င္း.. ၊ ခဏေစာင့္ ၊ လာေလ ေနာက္ေဖးကို...အေမတို႔မရွိဘူး...၊ လာ...နင့္ကို လက္ဖက္ပါသုတ္ေကြၽးမယ္ "
" အဟဲ.. စားရေသးတာေပါ့ ၊ အန္တီက ဘယ္သြားတာလဲ ၊ မေတြ႕ရတာေတာင္ ၾကာၿပီ ၊ အန္တီ ခ်က္တဲ့ဟင္းေလး စားခ်င္ေသးတာ "
" အေမက အမ်ိဳးအိမ္သြားတာေလ ၊ ငါ နင့္အတြက္ခ်က္ထားပါတယ္ဟ ၊ နင္ေရာ အလုပ္အကိုင္ ေတြ အဆင္ေျပရဲ႕လား ၊ ဘာေတြလုပ္ေနလဲ.. အခုက ..မေတြ႕တာၾကာေတာ့ ဘာေတြေျပာင္းလဲသြားၿပီလည္းဟ "
" ေအးေနာ္....ၾကာဆို ငါအိမ္ေထာင္က်ၿပီးသြားကထဲကပဲေလ ၊ အလုပ္အကိုင္ကေတာ့ ဒီလိုပါပဲဟာ ၊ အခုတေလာ အေရာင္းအဝယ္ေတြက သိပ္ေကာင္းတာမဟုတ္ဘူးေလ ၊ သိပ္ေတာ့အဆင္မေျပဘူးေပါ့ ၊ ငါ့ ဒယ္ဒီ မာမီ တို႔ကလည္း ႏိုင္ငံျခားက ေငြမပို႔ၾကေသးဘူးေလ "
လက္ဖက္သုတ္ေနသည့္ ေမမီ့လက္မ်ားက ႐ုတ္တရတ္ ရပ္သြားခဲ့၏ ။ သူမဘက္သို႔ မ်က္ေမွာင္ကုတ္၍ လွည့္ၾကည့္လိုက္မိသည္ ။ သူမက ျပတင္းေပါက္မွေန၍ အေဝးတစ္ေနရာကို ျမင္ပုံမေပၚသည့္မ်က္လုံးမ်ားျဖင့္ ေငးၾကည့္ေနရင္း စကားကို အဆက္မျပတ္ ေျပာေန၏ ။
" ငါ ဒီလ အဝတ္အစားဝယ္တာ နည္းနည္းမ်ားသြားတယ္ေလ ၊ ငါ့အေၾကာင္းလည္း နင္သိရဲ႕သားနဲ႔ ၊ ေပၚသမွ် ဝယ္ရမွ ငါကေက်နပ္တာ ဆိုေတာ့ ၊ ဒါေပမယ့္ ေနာက္လေတာ့ေခြၽတာရမယ္ ၊ အေမ့အတြက္ ေဆးဖိုးေလးလည္း ပို႔ေပးရဦမွာမလား ၊ ငါ ေငြလိုေနလို႔...အဲ့တာ နင္ ငါ့ဒယ္ဒီ ႏိုင္ငံျခားက ပို႔လိုက္တဲ့ အိတ္ဖိုး ငါ့ကိုေပးစရာရွိေသးတာေလး ျပန္လာယူတာေလ "
သူမက ႐ုတ္တရတ္ ေမမီ့ဘက္သို႔လွည့္လာကာ ေျပာေန၏ ။ ေမမီ ပါးစပ္အေဟာင္းသား ဟ သြားသည္။ သူမက ၿပဳံးရင္း ဆက္ေျပာျပန္သည္ ။
" နင္သိတယ္မဟုတ္လား...၊ ေမာင္ကေလ...ငါ့ကိုဆို အျပင္ထြက္တာ သြားတာလာတာ သိပ္ႀကိဳက္တာမဟုတ္ဘူးဆိုတာ.. ၊ သိပ္ သဝန္တို တတ္တာဟ...၊ ဒါေၾကာင့္ နင့္ဆီကို သိပ္မလာျဖစ္ေတာ့တာ ၊ ငါကေလ...အခုလို လွလွပပ စတိုင္မိုက္မိုက္ ျပင္ဆင္ ဖီးလိမ္းထားရင္ အျပင္သိပ္ထြက္ခ်င္တာပဲဟာ "
သူမက အနည္းငယ္တြန္႔ေၾကေနေသာ အေပၚအက်ႌစကေလးကို ဆြဲဆန္႔ကာ ပိန္သြယ္သြယ္ ခႏၶာကိုယ္ေလးကို တပတ္လွည့္ျပေနသည္ ။ ေမမီ လက္ကို ေဘစင္တြင္ ကမန္းကတန္း ေဆးလိုက္ၿပီး မ်က္လုံး အဝိုင္းသားႏွင့္ သူမအနားကပ္သြားလိုက္မိသည္ ။
" သူငယ္ခ်င္း... နင္....နင္... ေနလို႔ေရာေကာင္းရဲ႕လားဟင္.. "
သူမရဲ႕ လက္ေမာင္းသားေလးမ်ားက ေရခဲတုံးလိုေအးစက္ေနသည္ ။ နဖူးျပင္တြင္ေတာ့ ေခြၽးစက္ကေလးေတြက သီးခိုေနေလ၏ ။ သူမက စကားေတြကို ခပ္ေျဖးေျဖး တစ္လုံးခ်င္း ေျပာေနသည္ ။
" ငါလား.၊... သိပ္ေနမေကာင္းဘူးဟ ၊ ေခါင္းတျခမ္း ကိုက္ ေနတာၾကာၿပီ ၊ အခုလည္း မူးေနတယ္ ၊ ထီးမပါပဲ ေနပူထဲကို လမ္းေလ်ာက္လာခဲ့ရလို႔ေလ ၊ ရပါတယ္ဟ...ေကာင္းသြားမွာပါ ၊ ငါ ဒီေန႔ နင့္အိမ္မွာ တစ္ေန႔လုံး ေနမွာေနာ္ ၊ ေပ်ာ္ေပ်ာ္ပါးပါး စကားေတြေျပာမယ္ေလ...၊ အခုလို အပ်ိဳဘဝမွာ လြတ္လပ္တာ ဘယ္ေလာက္ေကာင္းလိုက္လဲလို႔ ၊ ကဲ....ရၿပီလား နင့္ သံပရာရည္ ၊ မူးတယ္ဟာ.....ငါ အိမ္ေရွ႕မွာ ခဏ သြားလွဲေနလိုက္ဦးမယ္ေနာ္.. "
သူမသည္ ေျပာၿပီးၿပီးခ်င္း ခႏၶာကိုယ္ ကို လွည့္လိုက္၏။ ေမမီက သူမကို အျမန္ လွမ္းေပြ႕လိုက္ေသာ္လည္း ၊ သူမ မီးဖိုေခ်ာင္ ထဲမွာပင္ လဲက်သြားခဲ့ေတာ့သည္ ။
...................................................................................................
Schizophrenia - WHO AM I ?
"တစ္ခါတေလ ကိုယ့္ကိုယ္ကိုယ္ ဘယ္သူဘယ္ဝါဆိုတာကိုေတာင္ ေရေရရာရာမသိေတာ့တာမ်ိဳး ျဖစ္ဖူးလား။ နာမည္ဘယ္လိုေခၚတယ္၊ ဘယ္မွာေနတယ္၊ ဘာအလုပ္လုပ္တယ္ဆိုတာမ်ိဳးေပါ့။ အတိတ္ေမ့ျခင္းမဟုတ္ပဲ လြင့္ေမ်ာေနတဲ့ စိတ္ကူးထဲကအတိုင္း ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲပစ္မိေနတာမ်ိဳး။..."
ငါဘယ္သူလဲ
အိမင္းသန္႔ခ်ိဳ ( ခံစားေရးဖြဲ႕သည္ )
ေသာက ကင္းကင္းနဲ႔ ဘဝအေမာေတြေျပၾကပါေစေနာ္။
စိတ်ဝင်စားဖို့ ကောင်းတဲ့ စိတ်ရောဂါတစ်မျိုးပဲ။
ReplyDeleteဒီလို အကြောင်းအရာမျိုးကို ဝတ္ထုတိုအဖြစ်ရေးပေးလို့ ကျေးဇူးပါ။
Done 🍀
ReplyDeleteသောက ကင်းကင်းနဲ့ ဘဝအမောတွေပြေကြပါစေ
ReplyDelete🌸Done✅
ReplyDeleteWe must win
ReplyDeleteDone
ReplyDeleteDone 💪
ReplyDeleteSchizophrenia
ReplyDeleteစိတ်ရောဂါတမျိုးပေါ့နော်
😍😍
ReplyDeleteDone
ReplyDelete