The Guys From Mandalay 1950 အခန်း(၂)

The Guys From Mandalay 1950

                                  အခန်း(၂)
                          ………………………………………..

လွှဝိုင်းပေါ်သို့ တင်နေသည့် သစ်လုံးများကို ဂရုတစိုက်ကြည့်ကာ ညွှန်ကြားနေသည့် ဦးသန်း၏ ရှေ့တွင် လူစိမ်းတစ်ယောက် လာရပ်သည်။

"ဘယ်သူများတုန်း..မောင်"

လူစိမ်းက ခေါင်းတွင် ပေါင်းထားသော တဘက်ကို ချွတ်ချပြလိုက်သည်။

"ဟာ..ဦးပဇင်းလေးပါလား..ဘယ်လိုဖြစ်တာလဲ"

"ကျုပ်လူထွက်လိုက်ပြီ..ဦးရီး"

"ဆိုင်းမဆင့်ဗုံမဆင့်ပါလား..ဦးပဇင်းလေး"

"ဦးပဇင်းလေး မဟုတ်တော့ပါဘူးဆိုနေဗျာ..ကျုပ် လူနာမည်က မောင်ကလေးတဲ့"

"အင်း..ငါ့တူရယ်..ဘယ့်နှယ့်ဖြစ်ရတာလဲ"

"ဘယ်နှယ့်ကြောင့်လဲဆိုတော့..ဦးရီးသမီး မြကြည်ကြောင့်လေ"

"ဟေ"

"ဟုတ်တယ်..ကျုပ်မြကြည်ကို မေတ္တာရှိလို့..လူထွက်လိုက်တာ"

"ဟာ"

ဦးသန်း မှ ရုတ်တရက်မို့ ကြောင်တောင်တောင်ဖြစ်နေသည်။

ဘယ့်နှယ့် သမီးကို ပြောရမယ့် ရည်းစားစကား အဖေကို လာပြောရတယ်လို့။

"အဲ့ဒါ..ဘယ့်နှယ့်သဘောရလဲ.ဦးရီး"

"ဟင် ဘာကိုလဲ.."

"ဦးရီးသမီး နဲ့ ကျုပ်ကို ပေးစားမလားမေးတာ"

ဦးသန်း၏ မျက်လုံးထဲတွင် ဓားမြှောင်တစ်ချောင်းကို မြင်ယောင်လာသည်။

ပေါက်ကျော်ကြီး ကို သိုင်းကွက်နင်းပြသွားသည့် မြင်ကွင်း က မျက်လုံးထဲ တရေးရေးပေါ်လာ၏။

စိန်ဓါးမြှောင်ဘုန်းကြီးလူထွက်က ပေါက်ကျော်ကြီးကိုတောင် စိန်ခေါ်လာတာ မတော် ငါ့ထချလိုက်ရင်ဖြင့် ဟူသော အတွေးဖြင့်် ဦးသန်းမှာ အကြောက်ကြောက်အလန့်လန့်ဖြစ်နေရှာသည်။

"ဒါကတော့..ဟို"

"ဦးရီး..သေချာစဉ်းစားပါ..ခေတ်ကာလက ကောင်းတာမဟုတ်ဘူး..ကျုပ်က ဘုန်းကြီးလူထွက်ဆိုပေမယ့် ဦးရီးသမီးကို လုပ်ကျွေးမှာပါ..ကဲ..ပြောဗျာ..ဘယ့်နှယ်လဲလို့"

"ဦးပဇင်းလေးနဲ့ဆို..အဲ..ဒီက မောင် မောင်ကလေးနဲ့ဆို ဦး အနေနဲ့ ပြောစရာမရှိပါဘူး…မြကြည်သဘောကသာ"

"မြကြည် ကို မပူပါနဲ့ ဦးရီး..မြကြည်က ကျုပ်ကို ကျနေတာဗျ.ကျုပ်သိတယ်..ကဲ..ဦးရီး..ကျုပ် အခု စလေကို သင်္ဘောဆိပ်အမှီပြန်ရမယ်ဗျ။ မိဘတွေဆီက မိန်းမယူဖို့ အမွေသွားတောင်းလိုက်ဦးမယ်..ပြန်လာရင် မြကြည်ကို လာတောင်းမယ်ဗျ..နော့"

ပြောချင်ရာ ပြောပြီး ထွက်သွားသော ဘုန်းကြီးလူထွက်ကို ကြည့်ကာ ဦးသန်းမှာ အီလည်လည်နှင့် ကျန်ရစ်တော့သည်။

ဘယ့်နှယ့်ကောင်ပါလိမ့်။

………………………………………………………….

သုံးလအကြာ။

၁၉၃၈ နိုဝင်ဘာလ ၁၁ ရက်။ နေ့လည် ၁ နာရီ။

ချမ်းသာရထုံးကုန်းရပ်ကွက်ရှိ လွှဝိုင်းဆရာကြီး ဦသန်း၏ အိမ်ရှေ့သို့ လေးဘီးတပ်မြင်းရထားတစ်စီး ဆိုက်လာသည်။

ဦးသန်း နှင့် သမီးဖြစ်သူ မြကြည်တို့မှ နေ့လည်စာစားသည့် ထမင်းဝိုင်းကို သိမ်းဆည်းနေခိုက်ဖြစ်၏။

"ဗျိုး..ဦးရီး..ကျုပ် ပြန်လာပြီဗျ"

မြကြည် မျက်လုံးကလေး အဝိုင်းသား။

စိန်ဓါးမြှောင်လူထွက် ပါကလား။

မြကြည်က လှစ်ခနဲ အိမ်ထဲသို့ ပြေးဝင်သွားသဖြင့် အိမ်ရှေ့ကွပ်ပျစ်တွင် ဦးသန်းသာ ကျန်ရစ်တော့သည်။

စိန်ဓါးမြှောင်ဘုန်းကြီးလူထွက် မောင်ကလေး က လှည်းပေါ်မှ ဆင်းချလာသည်။

သံဖြူပုံးနှစ်ပုံးကို တစ်ပုံးချင်းစီ ထမ်းကာ ခြံဝိုင်းထဲတွင် ချသည်။

ထို့နောက် ဦးသန်းဘေးတွင် ဝင်ထိုင်ရင်း ခေါင်းပေါင်းကို ချွတ်လိုက်သည်။

ဘုန်းကြီးလူထွက်တုန်းကလို မဟုတ်တော့ပဲ..ဆံပင်က အတော်ပင် ရှည်နေပြီဖြစ်၏။

"ဦးရီးရေ…တောင်းပန်ပါတယ်ဗျာ..ဦးရီးကို ပြောသွားသလို မြကြည်ကို အခု မတင်တောင်းနိုင်သေးဘူး။ ကျုပ်မိဘတွေလည်း ကျုပ်ဘုန်းကြီးဝတ်နေချိန်မှာ လယ်တွေ ချစ်တီးဆီပေါင်ပြီး စီးပွားပျက်သွားကြသတဲ့လေ။ အမွေဆိုလို့ ခုဝတ်လာတဲ့ ကျုပ်အဖေ့တိုက်ပုံနဲ့ ရွာမှာ ကြိတ်တဲ့ ပဲဆီဆယ်ပိသာနှစ်ပုံးပဲ ပါလာတယ်..ဟီး"

ဦးသန်းမှာ ခေါင်းကုပ်ရင်း မောင်ကလေးကို ဘာပြန်ပြောရမည်မသိ။

"ဘာပဲဖြစ်ဖြစ် အဲ့ဒီ ပဲဆီပုံးလေးနှစ်ပုံး အရင်းပြုပြီး စရမှာပဲ။ လောလောဆယ်တော့ ကျုပ်မှာ တည်းစရာ ခိုစရာလည်းမရှိ။ ဘုန်းကြီးကျောင်းလည်း ပြန်မတည်းချင်ဘူး။ တော်ကြာ ဘုန်းကြီး ပြန်ဝတ်ဖို့ နားချတာ ခံနေရမှာမို့..လောလောဆယ်တော့ ဦးရီးတို့ အိမ်မှာပဲ တည်းပါရစေဗျ"

"ဟင်..အင်း..အင်းပါ..မောင်ရင်ရယ်"

"စိတ်ချပါဗျ..မြကြည်ကို လည်း မယူရမချင်း ကျုပ်နှမလေးလိုပဲ သဘောထားမှာပါ။ မိန်းမလိုချင်လို့ လူထွက်လိုက်ပေမယ့် ကျုပ်မှာ ဘုန်းကြီးသမာဓိ တော့ နည်းနည်းကျန်ပါသေးတယ်"

"အင်းပါ..မောင်ရင်ရယ်..မောင်ရင့်သဘောပါ..ဦးဖြင့် ဘာမှ မပြောပါဘူး…မောင်ရည်ချည်းပြောချသွားတာမင့်ကို"

"ဟုတ်..ဟုတ်..ဦးလေး....ကျုပ် သင်္ဘောပေါ်ကနေ ဘာမှ မစားလာရဘူး.. ခု ဗိုက်ဆာလို့..ထမင်းကြမ်းလေး ဘာလေးကျန်ရင် ကျွေးပါလားဗျာ"

"မြကြည်ရေ..မြကြည်..ဒီမယ်..နင့်အကို ကို ထမင်းနဲ့ ဟင်းလေး ခူးလာခဲ့ပေးပါဟေ့"

မြကြည် ပုန်းနေလို့ မရတော့။

ထမင်းပန်းကန်တွင် ငါးလေးကြော်နဲ့ မန်းကျည်းရွက်သုပ်ကို ပုံပြီး ယူလာပေးသည်။

မောင်ကလေးက မြကြည် ကို ငေးသည်။

ထူးထူးခြားခြား ဒီကနေ့မှ စံပယ်ပန်းကုံးကလေး ခေါင်းပေါ်တွင် သူကုံးထားသေး။

ထမင်းပန်းကန်ကို ချပေးရင်း မြကြည်က မောင်ကလေးကို ပြုံးပြသည်။

"အကို..နေ့လည်စာပဲ တောင်းစားမှာပါ မြကြည်…ညနေစာကျ ဘုန်းကြီးလူထွက်ဆိုတော့ ခံနိုင်ရည်ရှိပါတယ်."

မြကြည် ဘာပြန်ပြောရမှန်းမသိ။

"အင်း..ဟုတ်ကဲ့..ဦးပဇင်းလေး..အဲ.ဟုတ်..ဟုတ်"

မြကြည်က အိမ်ထဲသို့ ခပ်သွက်သွက်လေး ပြန်ဝင်သွားသည်။

မောင်ကလေး က ထမင်းကို ပြုံးပြုံးကြီး ငုံ့စားလိုက်တော့သည်။

…………………………………………………………………………………

၁၉၃၈ နိုဝင်ဘာလ ၁၂ ရက်။

မန္တလေး ဈေးချိုတော် ဒီရုံရှေ့တွင် ဆီပုံးကြီးတစ်ပုံးချကာ မောင်ကလေး ယောင်လည်လည်ဖြစ်နေသည်။

ထူးထူးခြားခြား ဈေးချိုကား တိတ်ဆိတ်နေ၏။ ယခင်က လက်ဖက်စို၊ လက်ဖက်ခြောက်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်၊ ဆပ်ပြာ သည်တို့ဖြင့် ပြည့်နှက်နေသော နေရာက မည်သူမျှ မရှိ။

"ဥပုသ်နေ့လည်း မဟုတ်ဘူး..ဘာဖြစ်တာပါလိမ့်"

ဆီနမူနာကလေးပြပြီး ကုန်သည်ထံ စပ်မည်စိတ်ကူးပြီး လာခဲ့သည့် မောင်ကလေး တစ်ယောက် ဈေးချိုရှေ့တွင် ဘာလုပ်ရမည်မှန်းမသိ။

ထိုအချိန်တွင် အရပ်ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူဖြင့် ခပ်၀၀ လူတစ်ဦး ဈေးရုံရှေ့မှ ဖြတ်လျှောက်လာသည်။

မောင်ကလေးက ဆီပုံးကို ထားခဲ့ကာ ထိုလူရှိရာသို့ လျှောက်သွားလိုက်သည်။

"နောင်ကြီး..နောင်ကြီး"

ထိုသူက မောင်ကလေးကို ဘာပြောမလို့လဲဆိုသည့်သဘောဖြင့် မေးဆတ်ပြသည်။

"ဈေးချို့ ဒီနေ့ပိတ်တာလားဗျ..လူတစ်ယောက်မှလည်း မတွေ့ဘူး"

ထိုသူက ပြုံးသည်။

"ခင်ဗျား တောဘက်က ဒီနေ့မှ လာတာထင်တယ်..မသိသေးဘူးလား"

"ဘာဖြစ်လို့လဲဗျ..စလေက နေ မနေ့ကမှ ရောက်တာပါ"

"ဒီနေ့ကစပြီး ဈေးချိုက မြန်မာဈေးသည်တွေ အကုန်လုံး အစိုးရကို သပိတ်မှောက်တယ်ဗျ"

"မဗျာနဲ့ဆရာ..ရေနံမြေအလုပ်သမားသပိတ်က ချီတက်လာမယ့် အလုပ်သမားတွေကို ဈေးချိုသားတွေက ပန်းကုံးစွပ်ကြိုကြမယ်ဆိုလို့ အင်္ဂလိပ်အစိုးရက ပုဒ်မ ၂၃(၇)ထုတ်လိုက်တယ်။ အဲ့ဒါကို  မကျေနပ်လို့ ရဟန်းပျိုအဖွဲ့က ဈေးချိုမှာ သပိတ်မှောက်ရမယ်လို့ ညွှန်ကြားလိုက်တာ"

"ဟာ..ဒုက္ခပါပဲ..ကျုပ်က ဒီက ဆီဆိုင်တွေမှာ ရွာကပါလာတဲ့ ပဲဆီလေး ပြပြီး ကုန်အဝယ်လေး စပ်ချင်လို့ဆိုမှဗျာ..ဒုက္ခပါပဲ"

"နို့..ဒါဆို ဟိုပုံးထဲက ပဲဆီတွေပေါ့"

"ဟုတ်ပဗျာ..ကျုပ်တို့ စလေက နေထွက်တဲ့ ပဲကို နွားနဲ့ ဆုံနဲ့ ကြိတ်တယ် ဆုံစီစစ်စစ်ပါဗျာ"

"ကဲ..သိပ်လည်းစိတ်ညစ်မနေပါနဲ့..ဆရာ..ကျွန်တာ်နဲ့ လိုက်ခဲ့…ဈေးချိုကို သပိတ်မှောက်ပြီး အိမ်တော်ရာဘုရားဝန်းထဲမှ ဈေးသွားဖွင့်ထားကြတယ်ဗျ..အဲ့ဒီမှာ ဆီဆိုင်တွေဖွင့်ထားတယ်..လိုက်ခဲ့.ဟိုရောက်မှ ခင်ဗျားကို ဆီသည်တွေနဲ့ တွေ့ပေးမယ်"

"ဟာ..ဒီလိုလား..ကျေးဇူးတင်လိုက်တာဗျာ…အခန့်သင့်ပဲပေါ့"

"ခင်ဗျားက ဆီလာပြီး ကုန်စပ်တယ်ဆိုတော့ ပိုပြီး အခန့်သင်တာပေါ့ဗျာ..ကျွန်တော်နာမည်လည်း မှတ်ထားဦး ဘသော်တဲ့.ဆီပွဲစားပေါ့ဗျာ...ဆီဘသော်လို့လည်း ခေါ်ကြသဗျာ"

၁၃၀၀ ပြည့်အရေးတော်ပုံကြီး၏ အထွဋ်ထိပ်ကာလသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

၁၉၃၈ ဇန်နဝါရီလကတည်းက စတင်နေခဲ့သော ချောက်ရေနံမြေသပိတ်မှသည် လမ်းရွာ၊ ရေနံချပ်၊ ရေနံချောင်း၊ သန်လျင်ဘီအိုစီ ရေနံချက်စက်ရုံအထိ သပိတ်များ ကူးစက်လာသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များကပါ ရေနံမြေသပိတ်အား ပူးပေါင်းပါဝင်လာသည့်အခါ ဒေါက်တာဘမော်အစိုးရမှာ အကြပ်အတည်းနှင့် ရင်ဆိုင်လာရတော့သည်။

၁၉၃၈ ကုလားဗမာအဓိကရုဏ်းပြသနာတွင် ဒေါက်တာဘမော်အစိုးရအား ဦးစောမှ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့သော်လည်း ဦးစောပင် ရှုံးနိမ့်ခဲ့သည်။

ဒေါက်တာဘမော် အစိုးရ ကား ထိုကိစ္စတွင် တောင့်ခံနိုင်ခဲ့သော်လည်း ယခု အလုပ်သမား၊ ကျောင်းသားသပိတ်တွင်မူ ပြုတ်ကျရတော့မည့် အခြေအနေဖြစ်လာသည်။

ထိုအခြေအနေတွင် သပိတ်အားထောက်ခံသည့်အနေဖြင့် ချီတက်အင်အားပြကြမည့် ဈေးချိုတော်သူ ဈေးချိုတော်သားများ ကို အင်္ဂလိပ်အစိုးရက ပုဒ်မ ၂၃(၇) ထုတ်ပြန်ကာ တားမြစ်လိုက်၏။

ဈေးချိုသားများမှလည်း ဈေးချိုရုံကြီး (၁၂)ရုံကို သပိတ်မှောက်လိုက်ပြီး ဈေးချိုအနောက်ဘက်၊ သီရီဟေမာအရှေ့ရပ်ကွက်ရှိ အိမ်တော်ရာဘုရားဝန်းတွင် ဈေးသွားဖွင့်ခဲ့ကြသည်။

မောင်ကလေး ကား ကံကောင်းသည်ဟုပင် ပြောရပေမည်။

သပိတ်မှောက်ထားသော ဈေးချိုသို့ အခြေအနေလာကြည့်သော ဆီပွဲစား ဆီဘသော်နှင့် တိုက်တိုက်ဆိုင်ဆိုင် သွားဆုံကြသည်။

ဆီဘသော်က မောင်ကလေး၏ ပုံစံကို ကြည့်ကာ သနားသဖြင့် အိမ်တော်ရာဘုရားဝန်းရှိ ယာယီဈေးရှိသို့ ခေါ်လာခဲ့သည်။

ယနေ့မှ စတင်ဖွင့်သည့် ဆိုသော်ငြား အိမ်တော်ရာဘုရားဈေးသည် အလွန်ပင် စည်ကားနေသည်။

နိုင်ငံရေးစိတ်များ နိုးကြားနေသည့် မြန်မာဈေးသည်များက ပြည်တွင်းဖြစ် အထည်များ၊ ကုန်ပစ္စည်းများကို ဦးစားပေး ရောင်းချကြသည်။

မောင်ကလေးသည် ဆီပုံးကို ထမ်းကာ ဆီဘသော်၏ နောက်မှ လိုက်ရင်း ဘုရားဝန်းအတွင်းမှ ဈေးတန်းကြီးကို ငေးမောနေသည်။

အိမ်တော်ရာဘုရားဝန်း ရာဟုထောင့်ရှိ (၁၄)ခန်း ဇရပ်ကြီးရှေ့သို့ ရောက်သောအခါ ဆီဘသော် က ရပ်လိုက်သည်။

"ခဏစောင့်ဦးဗျ..ဇရပ်ပေါ်မှာ မနက်က ဈေးအုပ်ချုပ်ရေးကော်မတီဖွဲ့ဖို့ ဆရာတော်တွေနဲ့ လူကြီးတွေ စည်းဝေးနေတာကြားရတယ်..ကျွန်တော် နည်းနည်းသတင်းသွားမေးချင်လို့"

ဆီဘသော်က ဇရပ်ပေါ် တက်သွားသည့်အခါ မောင်ကလေးသည် ဆီပုံးကို ချလိုက်ပြီး ခေါင်းပေါင်းကို ဖြည်လျက် ချွေးသုတ်နေလိုက်၏။

"ဟေ့..မင်း…ချမ်းသာရက.မောင်ပညာ မဟုတ်လား"

ဇရပ်ပေါ်တွင်ထိုင်နေသော လူစုထဲမှ အသံကြောင့် မောင်ကလေး လှမ်းကြည့်လိုက်သည်။

သူစာသင်သားဘဝက စာချဆရာဖြစ်ခဲ့ဖူးသော မိုးကောင်းတိုက်မှ ဆရာတော်ဦးပဏ္ဍိ ကို သွားတွေ့သည်။

ဦးပဏ္ဍိဘေးတွင် ထိုင်နေသူက သူနှင့် စာဝါလိုက်ဖက် ဦးကောလသ။

"တင်ပ..ပညာပါ ဘုရား..အခုတော့ မောင်ကလေးဖြစ်နေပါပြီ"

"အေး..မင့်လည်း စိန်ဓါးမြှောင်ဘုန်းကြီး..စိန်ဓါးမြှောင်ဘုန်းကြီးဆိုပြီး နာမည်ကြီးပြီးကတည်းက ပျောက်သွားပါတယ်မှတ်တာ..လူထွက်သွားတာကိုးကွ..ကဲ..လာစမ်းပါဦး..ငါ့လူရ"

မောင်ကလေး က ဆီပုံးကို ထမ်းကာ ဇရပ်ပေါ်သို့ တက်သွားသည်။

စိန်ဓါးမြှောင်ဟူသော အသံကြားသည်နှင့် ဇရပ်ပေါ်တွင်ရှိသော လူအားလုံး၏ စိတ်ဝင်စားမှုက မောင်ကလေးထံ စုပြုံကုန်သည်။

ဆီဘသော် ပင် သူခေါ်လာသော မယောင်မလည် ဆီတစ်ပုံးနှင့် ထိုတောသားမှာ နာမည်ကျော် တုတ်ပြီး ဓါးပြီး စိန်ဓါးမြှောင်ဘုန်းကြီး ဟု သိလိုက်ရသဖြင့် အံသြနေ၏။

ဇရပ်ပေါ်တွင် မန္တလေးမြို့မှ မျိုးချစ်လုပ်ငန်းရှင်များဖြစ်ကြသော ဆင်တံတားဦးသိန်း၊ ဟံဇားဦးအေး၊ ဒေါ်သန်း တို့နှင့်အတူ ဈေးစောင့်ရှောက်ရေးကော်မတီဝင်ဆရာတော်များဖြစ်သည့် မိုးကောင်းဦးပဏ္ဍိတ၊ ဦးကေလာသ၊ ဦးကုသလ၊ ဦးဝိမလ၊ ဦးနာရဒ တို့လည်းရှိကြသည်။

မောင်ကလေးက ဇရပ်ထောင့်တွင် ဆီပုံးကို ချကာ ရဟန်းများရှေ့သို့ သွားပြီး ဝတ်ချလိုက်သည်။

"ကဲ..ဆိုပါဦး..မောင်ပညာ..လူဝတ်ကြောင်ကိုလဲပြီး ဘယ်လို ဒုက္ခတွေများ များမြောင်နေရတာလဲကွာ"

ဦးပဏ္ဍိက ကွမ်းအစ်ကို လှမ်းယူရင်း မေးလိုက်သည်။

"ဈေးချိုရှေ့ မှာ ဆီပုံးကြီးချပြီး ယောင်လည်လည်ဖြစ်နေတာနဲ့ တပည့်တော် ခေါ်လာခဲ့တာပါ..ဘုရား"

ဆီဘသော်က ဝင်လျှောက်သည်။

"သြော်..ဆီသည်ကြီး ဖြစ်နေပြီပေါ့လေ"

"ဆီသည်ရယ်လို့ မဟုတ်သေးပါဘူး..ဘုရား..တပည့်တော် မိန်းမလိုချင်လို့ လူထွက်တာဘုရား..မိန်းမတောင်းစရိတ်ရဖို့ ရွာပြန်ပြီး မိဘတွေဆီက အမွေတောင်းတော့လည်း မိဘတွေတောင် ချစ်တီးလက်ချက်နဲ့ မွဲနေတာဘုရား..ဒါနဲ့ ရွာမှာ ကြိတ်တဲ့ ဆီနှစ်ပုံးဆွဲပြီး ဒီက ဆီကုန်သည်တွေကို ဒါလေး ပမာပြပြီး အခုမှဆီကုန်ကူးဖို့ စကြံနေတာပါ..ဘုရား"

"ဟဲ့..ပညာရယ်…တို့မန္တလေးမှာ ဆီသိန်းတို့၊ ဆီကိုသူတော်တို့ ရဲ့ ဆီစက်တွေက တစ်နေ့ ဆီပေါင်းအများကြီး ထုတ်နေတာကွဲ့။ ကြားထဲ နင့်ခေါ်လာတဲ့ ဆီဘသော် ဆိုတာတောင် စာမဖွဲ့လောက်တဲ့ကုန်သည်ရယ်။ နင့်ခေါ်လာတဲ့ ဘသော်သာ နင်မေးကြည့်။ နင့် တောက ယူလာတဲ့ ကြိတ်ဆီ ကို ဘယ့်နှယ့်ရောင်းမတုန်း"

မောင်ကလေးက ဈေးတန်းဘက်ဆီသို့ ဝှေ့ကြည့်လိုက်ပြီး

"အရှင်ဘုရားတို့ ရော..ဟော့ဒီက ဈေးသည်တွေပါ ဒီအိမ်တော်ရာဘုရားဝန်းကြီးထဲ ရောက်နေတာ အင်္ဂလိပ်အစိုးရကို မကြိုက်လို့၊ မျိုးချစ်စိတ်နဲ့ ရောက်နေတာမဟုတ်လားဘုရား….ဒီဝန်းထဲ ရောက်ကတည်းက ဝံသာနုတွေ၊ မျိုးချစ်စိတ်တွေပဲ တပည့်တော်ကြားရပါတယ်။ ဝံသာနုစိတ်ဓာတ်အရ ပြည်တွင်းဖြစ်ကို အားပေးပါ ဆို ဘုရား။ တပည့်တော် ပါလာတဲ့ ဟော့ဒီဆီပုံးဟာ စလေဦးပုည ထွက်တဲ့ စလေအရပ်က ထွက်တဲ့ ပဲကို လယ်သမားတွေလယ်ထွန်တဲ့ နွားနဲ့ ဆီဆုံထဲ လှည့်ကြိတ်ပြီးမှ ရလာတဲ့ ပြည်တွင်းဖြစ် စစ်စစ်ပါ..ဘုရား။ အင်္ဂလိပ်လူမျိုးခြားတီထွင်တဲ့ စက်ကိုတောင်မသုံးပဲ နွားနဲ့ လူနဲ့ လှည့်ကြိတ်ပြီးမှရလာတဲ့ ဝံသာနုဆီလေ ဘုရား။ တပည့်တော် ဆီကိုလည်း ဝံသာနုစိတ်ရှိရင် အားပေးသင့်တာပေါ့..ဘုရား"

မောင်ကလေး စကားကြောင့် ဇရပ်ပေါ်ရှိ လူအားလုံး ပြုံးသွားကြသည်။

"ကဲ..ဒီလောက်အပြောကောင်းတဲ့လူ…မှန်း..ခင်ဗျားရဲ့ ဝံသာနုဆီ ကျုပ်ကြည့်စမ်းပါရစေဗျာ"

ဆင်တံတားဦးသိန်း က ပြောပြောဆိုဆိုနှင့် ဆီပုံးကို သွားဖွင့်ကာ အနံ့ရှုကြည့်လိုက်သည်။

"အောင်မလေး..ပဲဆီနံ့လေးကတော့ မွှေးနေတာပဲ..ဒါနဲ့ ဒါ ဆယ်ပိသာပုံးထင်ရဲ့..ဘယ်ဈေးနဲ့ ရောင်းမတုန်း ကိုရင်"

"သုံးကျပ်နဲ့ ပြားအစိတ်"

"အလိုလေး ဆယ်ပိသာဆီတစ်ပုံးမှ သုံးကျပ်ရှိတာပါ ကိုရင်..ဘယ့်နှယ့် ကိုရင့်ဟာက ၂၅ ပြား ပိုလာတာတုန်း"

"တကယ်က သုံးကျပ်ပါပဲ..ဦးရီး..အများကြီးယူမယ်ဆို နှစ်ကျပ်နဲ့တောင် စလေကနေ တင်လာပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပုံးကို တော့ ဈေးတင်မှ ဖြစ်မယ်"

"ဘာဖြစ်လို့များတုန်း ကိုရင်"

"ကျုပ် ဆံပင်ကို ဘိုကေညှပ်မယ်၊ ပြီးတော့ မနေ့က ကျုပ်ယောက်ခမလောင်းအိမ်မှာ ထမင်းတစ်နပ်ကပ်စားခဲ့တယ်။ ဒီနေ့ အပြန်မှာ ကျုပ်သူတို့ကို ခေါက်ဆွဲကြော်ဝယ်သွားချင်လို့"

ဆရာတော်များနှင့် လူကြီးများက မောင်ကလေး၏ အပြောကို သဘောကျနေကြသည်။

"ကဲ..မောင်ဘသော်ရေ…တို့လူကို ဆီရောင်းရအောင် မင်းပဲ စပ်ပေးလိုက်ပါကွာ..အဆင်ပြေအောင် စောင့်ရှောက်လိုက်ပါ…ဒါတလောက နာမည်ကြီးနေတဲ့ စိန်ဓါးမြှောင်ကိုယ်တော်ဆိုတာပဲကွဲ့"

ဆီဘသော်ကို ဦးဏ္ဍိ က မိန့်လိုက်သည်။

ထို့နောက် ဆီဘသော် နှင့် မောင်ကလေး တို့ ဇရပ်ပေါ်မှ ဆင်းလာကြ၏။

"ခုန စိန်ဓါးမြှောင်ကိုယ်တော်မှန်းမသိလို့ တောင်းပန်ပါတယ်ဗျာ..နောင်ကြီး"

"ဟာ..ရပါတယ်..ကျုပ်လည်း ဘာမှ မဟုတ်တာပဲ"

"ဘာမဟုတ်ရမှာလဲ…ကိုယ့်ဆရာက တုတ်ပြီး ဓါးပြီး နာမည်ကြီးဆို…ဟိုဂဠုန်ဗိုလ်.စိန်ပန်းပေါက်ကျော်ကြီးကိုတောင် ပညာပြခဲ့တာဆိုဗျ"

"နည်းနည်းပါးပါး ပါဗျာ"

"ကိုယ့်ဆရာကို ဆီကုန်ကူးတဲ့လောကထဲ ကျွန်တော် သွင်းပေးမယ့်ဗျာ။ ကိုယ့်ဆရာတို့ စလေမှာ ဒီလို ကြိတ်ဆီတွေ လိုသလောက်ရတယ်မဟုတ်လား"

"ရပါ့ဗျာ..ကျုပ်အရီးတွေ၊ ဒွေးလေးတွေက ဆီပဲ ကြိတ်ကြတာ..မန္တလေးတက်ရောင်းရကောင်းမှန်းသာမသိလို့ပေါ့ဗျာ.. လွှတ်ပေါ"

"ဒါဆို ခု စစ်ကိုင်းဘက်မှာ ကျွန်တော်ချိတ်ထားတဲ့ ဆိုင်အသစ်တွေ ရှိတယ်။ ခင်ဗျား အဲ့ဒီပို့ပေးနိုင်ရင်တော့ အဆင်ပြေမဗျာ"

"ရပါ့ဗျာ"

"ကဲ..ဒါဆို လောလောဆယ်တော့ ဒီဘုရားဈေးဝန်းထဲက ဆီသည်တစ်ယောက်ဆီ ခင်ဗျားဆီကို ကျွန်တော်လိုက်ပြပေးမယ်..ခင်ဗျားတို့ချင်း ဈေးညှိ့ပြီး ကိုက်ရင် လုပ်ကြပေါ့ဗျာ"

"ကျေးဇူးကြီးလှပါတယ်..နောင်ကြီးရာ"

"ကျေးဇူးတင်တယ်ဆိုရင်လည်း ကျွန်တော့်ကို တစ်ခုပြန်ကူညီဗျာ"

"ဘာကူညီရမလဲ..ပြောသာပြောပါဗျ"

"ခေတ်ကာလက ဘာဖြစ်မယ်မှန်းမသိဘူးဗျ။ ဥရောပမှာလည်း စစ်ကြီးဖြစ်မယ်ဘာညာသတင်းတွေထွက်နေတယ်။ ပြည်တွင်းမှာလည်း ခင်ဗျားသိတဲ့အတိုင်း ပြည်သူအုံကြွမှုက ပိုများလာဖို့ပဲရှိတယ်။ ကျွန်တော့်မှာက တူသားတွေ၊ တပည့်တွေ ရှိတယ်။ ဖြစ်နိုင်ရင် သူတို့ကို ခင်ဗျားတတ်ထားတဲ့ သိုင်းလေးဘာလေး သင်ပေးစေချင်တယ်ဗျာ"

မောင်ကလေးက ဆီပုံးကို ထမ်းလာလျက်မှ ခေတ္တရပ်တန့်သွားသည်။

"အင်း…သင်တော့ သင်ပေးချင်ပါတယ်..ကိုဘသော်"

"သင်ပေးချင် သင်ပေးပေါ့ဗျာ..ဘာဖြစ်လို့တုန်း"

"ဒါပေမယ့် ကျုပ် သိုင်းပညာသင်ခဲ့တဲ့ ဆရာအဆက်ဆက်မှာ အလကားသင်ပေးရိုးထုံးစံမရှိဘူးဗျ။ ပညာရဲ့ တန်ဖိုးရှိတယ်။ ကျွန်တော် အခကြေးငွေယူပြီး သင်ပေးမှဖြစ်မှာမို့..ခင်ဗျား အားနာလို့"

"ဟာ..အားမနာပါနဲ့..သင်ပေးမယ်ဆို ရပါပြီ…ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော်ပေးပါ့မယ်..ခင်ဗျားလည်း ဆီကုန်သည်လုပ်တာကလုပ် တစ်ဖက်က အခကြေးငွေနဲ့ သိုင်းသင်ပေးတော့ စီးပွားရေးအဆင်ပြေတာပေါ့"

"ကျုပ် စဉ်းစားပါဦးမယ်ဗျာ"

ဈေးချိုသပိတ် တဖြစ်လဲ ဘုရားဈေးဝန်းကြီးကား တဖြည်းဖြည်း ပိုမိုစည်ကားလာ၏။

မကြာမီ မန္တလေးမြို့အတွက် အနိဌာရုံနေ့စွဲတစ်ခု ရောက်လာတော့မည်ကိုကား မည်သူမျှ ကြိုတင် မသိနိုင်ခဲ့ကြချေ။

 

ခက်ဇော်

အခန်း(၃) မျှော်

The Guys From Mandalay 1950

                                  အခန္း(၂)
                          ………………………………………..

လႊဝိုင္းေပၚသို႔ တင္ေနသည့္ သစ္လုံးမ်ားကို ဂ႐ုတစိုက္ၾကည့္ကာ ၫႊန္ၾကားေနသည့္ ဦးသန္း၏ ေရွ႕တြင္ လူစိမ္းတစ္ေယာက္ လာရပ္သည္။

"ဘယ္သူမ်ားတုန္း..ေမာင္"

လူစိမ္းက ေခါင္းတြင္ ေပါင္းထားေသာ တဘက္ကို ခြၽတ္ခ်ျပလိုက္သည္။

"ဟာ..ဦးပဇင္းေလးပါလား..ဘယ္လိုျဖစ္တာလဲ"

"က်ဳပ္လူထြက္လိုက္ၿပီ..ဦးရီး"

"ဆိုင္းမဆင့္ဗုံမဆင့္ပါလား..ဦးပဇင္းေလး"

"ဦးပဇင္းေလး မဟုတ္ေတာ့ပါဘူးဆိုေနဗ်ာ..က်ဳပ္ လူနာမည္က ေမာင္ကေလးတဲ့"

"အင္း..ငါ့တူရယ္..ဘယ့္ႏွယ့္ျဖစ္ရတာလဲ"

"ဘယ္ႏွယ့္ေၾကာင့္လဲဆိုေတာ့..ဦးရီးသမီး ျမၾကည္ေၾကာင့္ေလ"

"ေဟ"

"ဟုတ္တယ္..က်ဳပ္ျမၾကည္ကို ေမတၱာရွိလို႔..လူထြက္လိုက္တာ"

"ဟာ"

ဦးသန္း မွ ႐ုတ္တရက္မို႔ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္။

ဘယ့္ႏွယ့္ သမီးကို ေျပာရမယ့္ ရည္းစားစကား အေဖကို လာေျပာရတယ္လို႔။

"အဲ့ဒါ..ဘယ့္ႏွယ့္သေဘာရလဲ.ဦးရီး"

"ဟင္ ဘာကိုလဲ.."

"ဦးရီးသမီး နဲ႔ က်ဳပ္ကို ေပးစားမလားေမးတာ"

ဦးသန္း၏ မ်က္လုံးထဲတြင္ ဓားေျမႇာင္တစ္ေခ်ာင္းကို ျမင္ေယာင္လာသည္။

ေပါက္ေက်ာ္ႀကီး ကို သိုင္းကြက္နင္းျပသြားသည့္ ျမင္ကြင္း က မ်က္လုံးထဲ တေရးေရးေပၚလာ၏။

စိန္ဓါးေျမႇာင္ဘုန္းႀကီးလူထြက္က ေပါက္ေက်ာ္ႀကီးကိုေတာင္ စိန္ေခၚလာတာ မေတာ္ ငါ့ထခ်လိုက္ရင္ျဖင့္ ဟူေသာ အေတြးျဖင့္္ ဦးသန္းမွာ အေၾကာက္ေၾကာက္အလန႔္လန႔္ျဖစ္ေနရွာသည္။

"ဒါကေတာ့..ဟို"

"ဦးရီး..ေသခ်ာစဥ္းစားပါ..ေခတ္ကာလက ေကာင္းတာမဟုတ္ဘူး..က်ဳပ္က ဘုန္းႀကီးလူထြက္ဆိုေပမယ့္ ဦးရီးသမီးကို လုပ္ေကြၽးမွာပါ..ကဲ..ေျပာဗ်ာ..ဘယ့္ႏွယ္လဲလို႔"

"ဦးပဇင္းေလးနဲ႔ဆို..အဲ..ဒီက ေမာင္ ေမာင္ကေလးနဲ႔ဆို ဦး အေနနဲ႔ ေျပာစရာမရွိပါဘူး…ျမၾကည္သေဘာကသာ"

"ျမၾကည္ ကို မပူပါနဲ႔ ဦးရီး..ျမၾကည္က က်ဳပ္ကို က်ေနတာဗ်.က်ဳပ္သိတယ္..ကဲ..ဦးရီး..က်ဳပ္ အခု စေလကို သေဘၤာဆိပ္အမွီျပန္ရမယ္ဗ်။ မိဘေတြဆီက မိန္းမယူဖို႔ အေမြသြားေတာင္းလိုက္ဦးမယ္..ျပန္လာရင္ ျမၾကည္ကို လာေတာင္းမယ္ဗ်..ေနာ့"

ေျပာခ်င္ရာ ေျပာၿပီး ထြက္သြားေသာ ဘုန္းႀကီးလူထြက္ကို ၾကည့္ကာ ဦးသန္းမွာ အီလည္လည္ႏွင့္ က်န္ရစ္ေတာ့သည္။

ဘယ့္ႏွယ့္ေကာင္ပါလိမ့္။

………………………………………………………….

သုံးလအၾကာ။

၁၉၃၈ ႏိုဝင္ဘာလ ၁၁ ရက္။ ေန႔လည္ ၁ နာရီ။

ခ်မ္းသာရထုံးကုန္းရပ္ကြက္ရွိ လႊဝိုင္းဆရာႀကီး ဦသန္း၏ အိမ္ေရွ႕သို႔ ေလးဘီးတပ္ျမင္းရထားတစ္စီး ဆိုက္လာသည္။

ဦးသန္း ႏွင့္ သမီးျဖစ္သူ ျမၾကည္တို႔မွ ေန႔လည္စာစားသည့္ ထမင္းဝိုင္းကို သိမ္းဆည္းေနခိုက္ျဖစ္၏။

"ဗ်ိဳး..ဦးရီး..က်ဳပ္ ျပန္လာၿပီဗ်"

ျမၾကည္ မ်က္လုံးကေလး အဝိုင္းသား။

စိန္ဓါးေျမႇာင္လူထြက္ ပါကလား။

ျမၾကည္က လွစ္ခနဲ အိမ္ထဲသို႔ ေျပးဝင္သြားသျဖင့္ အိမ္ေရွ႕ကြပ္ပ်စ္တြင္ ဦးသန္းသာ က်န္ရစ္ေတာ့သည္။

စိန္ဓါးေျမႇာင္ဘုန္းႀကီးလူထြက္ ေမာင္ကေလး က လွည္းေပၚမွ ဆင္းခ်လာသည္။

သံျဖဴပုံးႏွစ္ပုံးကို တစ္ပုံးခ်င္းစီ ထမ္းကာ ၿခံဝိုင္းထဲတြင္ ခ်သည္။

ထို႔ေနာက္ ဦးသန္းေဘးတြင္ ဝင္ထိုင္ရင္း ေခါင္းေပါင္းကို ခြၽတ္လိုက္သည္။

ဘုန္းႀကီးလူထြက္တုန္းကလို မဟုတ္ေတာ့ပဲ..ဆံပင္က အေတာ္ပင္ ရွည္ေနၿပီျဖစ္၏။

"ဦးရီးေရ…ေတာင္းပန္ပါတယ္ဗ်ာ..ဦးရီးကို ေျပာသြားသလို ျမၾကည္ကို အခု မတင္ေတာင္းႏိုင္ေသးဘူး။ က်ဳပ္မိဘေတြလည္း က်ဳပ္ဘုန္းႀကီးဝတ္ေနခ်ိန္မွာ လယ္ေတြ ခ်စ္တီးဆီေပါင္ၿပီး စီးပြားပ်က္သြားၾကသတဲ့ေလ။ အေမြဆိုလို႔ ခုဝတ္လာတဲ့ က်ဳပ္အေဖ့တိုက္ပုံနဲ႔ ႐ြာမွာ ႀကိတ္တဲ့ ပဲဆီဆယ္ပိသာႏွစ္ပုံးပဲ ပါလာတယ္..ဟီး"

ဦးသန္းမွာ ေခါင္းကုပ္ရင္း ေမာင္ကေလးကို ဘာျပန္ေျပာရမည္မသိ။

"ဘာပဲျဖစ္ျဖစ္ အဲ့ဒီ ပဲဆီပုံးေလးႏွစ္ပုံး အရင္းျပဳၿပီး စရမွာပဲ။ ေလာေလာဆယ္ေတာ့ က်ဳပ္မွာ တည္းစရာ ခိုစရာလည္းမရွိ။ ဘုန္းႀကီးေက်ာင္းလည္း ျပန္မတည္းခ်င္ဘူး။ ေတာ္ၾကာ ဘုန္းႀကီး ျပန္ဝတ္ဖို႔ နားခ်တာ ခံေနရမွာမို႔..ေလာေလာဆယ္ေတာ့ ဦးရီးတို႔ အိမ္မွာပဲ တည္းပါရေစဗ်"

"ဟင္..အင္း..အင္းပါ..ေမာင္ရင္ရယ္"

"စိတ္ခ်ပါဗ်..ျမၾကည္ကို လည္း မယူရမခ်င္း က်ဳပ္ႏွမေလးလိုပဲ သေဘာထားမွာပါ။ မိန္းမလိုခ်င္လို႔ လူထြက္လိုက္ေပမယ့္ က်ဳပ္မွာ ဘုန္းႀကီးသမာဓိ ေတာ့ နည္းနည္းက်န္ပါေသးတယ္"

"အင္းပါ..ေမာင္ရင္ရယ္..ေမာင္ရင့္သေဘာပါ..ဦးျဖင့္ ဘာမွ မေျပာပါဘူး…ေမာင္ရည္ခ်ည္းေျပာခ်သြားတာမင့္ကို"

"ဟုတ္..ဟုတ္..ဦးေလး....က်ဳပ္ သေဘၤာေပၚကေန ဘာမွ မစားလာရဘူး.. ခု ဗိုက္ဆာလို႔..ထမင္းၾကမ္းေလး ဘာေလးက်န္ရင္ ေကြၽးပါလားဗ်ာ"

"ျမၾကည္ေရ..ျမၾကည္..ဒီမယ္..နင့္အကို ကို ထမင္းနဲ႔ ဟင္းေလး ခူးလာခဲ့ေပးပါေဟ့"

ျမၾကည္ ပုန္းေနလို႔ မရေတာ့။

ထမင္းပန္းကန္တြင္ ငါးေလးေၾကာ္နဲ႔ မန္းက်ည္း႐ြက္သုပ္ကို ပုံၿပီး ယူလာေပးသည္။

ေမာင္ကေလးက ျမၾကည္ ကို ေငးသည္။

ထူးထူးျခားျခား ဒီကေန႔မွ စံပယ္ပန္းကုံးကေလး ေခါင္းေပၚတြင္ သူကုံးထားေသး။

ထမင္းပန္းကန္ကို ခ်ေပးရင္း ျမၾကည္က ေမာင္ကေလးကို ၿပဳံးျပသည္။

"အကို..ေန႔လည္စာပဲ ေတာင္းစားမွာပါ ျမၾကည္…ညေနစာက် ဘုန္းႀကီးလူထြက္ဆိုေတာ့ ခံႏိုင္ရည္ရွိပါတယ္."

ျမၾကည္ ဘာျပန္ေျပာရမွန္းမသိ။

"အင္း..ဟုတ္ကဲ့..ဦးပဇင္းေလး..အဲ.ဟုတ္..ဟုတ္"

ျမၾကည္က အိမ္ထဲသို႔ ခပ္သြက္သြက္ေလး ျပန္ဝင္သြားသည္။

ေမာင္ကေလး က ထမင္းကို ၿပဳံးၿပဳံးႀကီး ငုံ႔စားလိုက္ေတာ့သည္။

…………………………………………………………………………………

၁၉၃၈ ႏိုဝင္ဘာလ ၁၂ ရက္။

မႏၲေလး ေဈးခ်ိဳေတာ္ ဒီ႐ုံေရွ႕တြင္ ဆီပုံးႀကီးတစ္ပုံးခ်ကာ ေမာင္ကေလး ေယာင္လည္လည္ျဖစ္ေနသည္။

ထူးထူးျခားျခား ေဈးခ်ိဳကား တိတ္ဆိတ္ေန၏။ ယခင္က လက္ဖက္စို၊ လက္ဖက္ေျခာက္၊ ဆီ၊ ဆား၊ ဖေယာင္းတိုင္၊ ဆပ္ျပာ သည္တို႔ျဖင့္ ျပည့္ႏွက္ေနေသာ ေနရာက မည္သူမွ် မရွိ။

"ဥပုသ္ေန႔လည္း မဟုတ္ဘူး..ဘာျဖစ္တာပါလိမ့္"

ဆီနမူနာကေလးျပၿပီး ကုန္သည္ထံ စပ္မည္စိတ္ကူးၿပီး လာခဲ့သည့္ ေမာင္ကေလး တစ္ေယာက္ ေဈးခ်ိဳေရွ႕တြင္ ဘာလုပ္ရမည္မွန္းမသိ။

ထိုအခ်ိန္တြင္ အရပ္ေထာင္ေထာင္ေမာင္းေမာင္း၊ အသားျဖဴျဖဴျဖင့္ ခပ္၀၀ လူတစ္ဦး ေဈး႐ုံေရွ႕မွ ျဖတ္ေလွ်ာက္လာသည္။

ေမာင္ကေလးက ဆီပုံးကို ထားခဲ့ကာ ထိုလူရွိရာသို႔ ေလွ်ာက္သြားလိုက္သည္။

"ေနာင္ႀကီး..ေနာင္ႀကီး"

ထိုသူက ေမာင္ကေလးကို ဘာေျပာမလို႔လဲဆိုသည့္သေဘာျဖင့္ ေမးဆတ္ျပသည္။

"ေဈးခ်ိဳ႕ ဒီေန႔ပိတ္တာလားဗ်..လူတစ္ေယာက္မွလည္း မေတြ႕ဘူး"

ထိုသူက ၿပဳံးသည္။

"ခင္ဗ်ား ေတာဘက္က ဒီေန႔မွ လာတာထင္တယ္..မသိေသးဘူးလား"

"ဘာျဖစ္လို႔လဲဗ်..စေလက ေန မေန႔ကမွ ေရာက္တာပါ"

"ဒီေန႔ကစၿပီး ေဈးခ်ိဳက ျမန္မာေဈးသည္ေတြ အကုန္လုံး အစိုးရကို သပိတ္ေမွာက္တယ္ဗ်"

"မဗ်ာနဲ႔ဆရာ..ေရနံေျမအလုပ္သမားသပိတ္က ခ်ီတက္လာမယ့္ အလုပ္သမားေတြကို ေဈးခ်ိဳသားေတြက ပန္းကုံးစြပ္ႀကိဳၾကမယ္ဆိုလို႔ အဂၤလိပ္အစိုးရက ပုဒ္မ ၂၃(၇)ထုတ္လိုက္တယ္။ အဲ့ဒါကို  မေက်နပ္လို႔ ရဟန္းပ်ိဳအဖြဲ႕က ေဈးခ်ိဳမွာ သပိတ္ေမွာက္ရမယ္လို႔ ၫႊန္ၾကားလိုက္တာ"

"ဟာ..ဒုကၡပါပဲ..က်ဳပ္က ဒီက ဆီဆိုင္ေတြမွာ ႐ြာကပါလာတဲ့ ပဲဆီေလး ျပၿပီး ကုန္အဝယ္ေလး စပ္ခ်င္လို႔ဆိုမွဗ်ာ..ဒုကၡပါပဲ"

"ႏို႔..ဒါဆို ဟိုပုံးထဲက ပဲဆီေတြေပါ့"

"ဟုတ္ပဗ်ာ..က်ဳပ္တို႔ စေလက ေနထြက္တဲ့ ပဲကို ႏြားနဲ႔ ဆုံနဲ႔ ႀကိတ္တယ္ ဆုံစီစစ္စစ္ပါဗ်ာ"

"ကဲ..သိပ္လည္းစိတ္ညစ္မေနပါနဲ႔..ဆရာ..ကြၽန္တာ္နဲ႔ လိုက္ခဲ့…ေဈးခ်ိဳကို သပိတ္ေမွာက္ၿပီး အိမ္ေတာ္ရာဘုရားဝန္းထဲမွ ေဈးသြားဖြင့္ထားၾကတယ္ဗ်..အဲ့ဒီမွာ ဆီဆိုင္ေတြဖြင့္ထားတယ္..လိုက္ခဲ့.ဟိုေရာက္မွ ခင္ဗ်ားကို ဆီသည္ေတြနဲ႔ ေတြ႕ေပးမယ္"

"ဟာ..ဒီလိုလား..ေက်းဇူးတင္လိုက္တာဗ်ာ…အခန႔္သင့္ပဲေပါ့"

"ခင္ဗ်ားက ဆီလာၿပီး ကုန္စပ္တယ္ဆိုေတာ့ ပိုၿပီး အခန႔္သင္တာေပါ့ဗ်ာ..ကြၽန္ေတာ္နာမည္လည္း မွတ္ထားဦး ဘေသာ္တဲ့.ဆီပြဲစားေပါ့ဗ်ာ...ဆီဘေသာ္လို႔လည္း ေခၚၾကသဗ်ာ"

၁၃၀၀ ျပည့္အေရးေတာ္ပုံႀကီး၏ အထြဋ္ထိပ္ကာလသို႔ ေရာက္ရွိေနခဲ့ၿပီျဖစ္သည္။

၁၉၃၈ ဇန္နဝါရီလကတည္းက စတင္ေနခဲ့ေသာ ေခ်ာက္ေရနံေျမသပိတ္မွသည္ လမ္း႐ြာ၊ ေရနံခ်ပ္၊ ေရနံေခ်ာင္း၊ သန္လ်င္ဘီအိုစီ ေရနံခ်က္စက္႐ုံအထိ သပိတ္မ်ား ကူးစက္လာသည္။

ရန္ကုန္တကၠသိုလ္ေက်ာင္းသားေခါင္းေဆာင္မ်ားကပါ ေရနံေျမသပိတ္အား ပူးေပါင္းပါဝင္လာသည့္အခါ ေဒါက္တာဘေမာ္အစိုးရမွာ အၾကပ္အတည္းႏွင့္ ရင္ဆိုင္လာရေတာ့သည္။

၁၉၃၈ ကုလားဗမာအဓိက႐ုဏ္းျပသနာတြင္ ေဒါက္တာဘေမာ္အစိုးရအား ဦးေစာမွ အယုံအၾကည္မရွိ အဆိုတင္သြင္းခဲ့ေသာ္လည္း ဦးေစာပင္ ရႈံးနိမ့္ခဲ့သည္။

ေဒါက္တာဘေမာ္ အစိုးရ ကား ထိုကိစၥတြင္ ေတာင့္ခံႏိုင္ခဲ့ေသာ္လည္း ယခု အလုပ္သမား၊ ေက်ာင္းသားသပိတ္တြင္မူ ျပဳတ္က်ရေတာ့မည့္ အေျခအေနျဖစ္လာသည္။

ထိုအေျခအေနတြင္ သပိတ္အားေထာက္ခံသည့္အေနျဖင့္ ခ်ီတက္အင္အားျပၾကမည့္ ေဈးခ်ိဳေတာ္သူ ေဈးခ်ိဳေတာ္သားမ်ား ကို အဂၤလိပ္အစိုးရက ပုဒ္မ ၂၃(၇) ထုတ္ျပန္ကာ တားျမစ္လိုက္၏။

ေဈးခ်ိဳသားမ်ားမွလည္း ေဈးခ်ိဳ႐ုံႀကီး (၁၂)႐ုံကို သပိတ္ေမွာက္လိုက္ၿပီး ေဈးခ်ိဳအေနာက္ဘက္၊ သီရီေဟမာအေရွ႕ရပ္ကြက္ရွိ အိမ္ေတာ္ရာဘုရားဝန္းတြင္ ေဈးသြားဖြင့္ခဲ့ၾကသည္။

ေမာင္ကေလး ကား ကံေကာင္းသည္ဟုပင္ ေျပာရေပမည္။

သပိတ္ေမွာက္ထားေသာ ေဈးခ်ိဳသို႔ အေျခအေနလာၾကည့္ေသာ ဆီပြဲစား ဆီဘေသာ္ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ သြားဆုံၾကသည္။

ဆီဘေသာ္က ေမာင္ကေလး၏ ပုံစံကို ၾကည့္ကာ သနားသျဖင့္ အိမ္ေတာ္ရာဘုရားဝန္းရွိ ယာယီေဈးရွိသို႔ ေခၚလာခဲ့သည္။

ယေန႔မွ စတင္ဖြင့္သည့္ ဆိုေသာ္ျငား အိမ္ေတာ္ရာဘုရားေဈးသည္ အလြန္ပင္ စည္ကားေနသည္။

ႏိုင္ငံေရးစိတ္မ်ား ႏိုးၾကားေနသည့္ ျမန္မာေဈးသည္မ်ားက ျပည္တြင္းျဖစ္ အထည္မ်ား၊ ကုန္ပစၥည္းမ်ားကို ဦးစားေပး ေရာင္းခ်ၾကသည္။

ေမာင္ကေလးသည္ ဆီပုံးကို ထမ္းကာ ဆီဘေသာ္၏ ေနာက္မွ လိုက္ရင္း ဘုရားဝန္းအတြင္းမွ ေဈးတန္းႀကီးကို ေငးေမာေနသည္။

အိမ္ေတာ္ရာဘုရားဝန္း ရာဟုေထာင့္ရွိ (၁၄)ခန္း ဇရပ္ႀကီးေရွ႕သို႔ ေရာက္ေသာအခါ ဆီဘေသာ္ က ရပ္လိုက္သည္။

"ခဏေစာင့္ဦးဗ်..ဇရပ္ေပၚမွာ မနက္က ေဈးအုပ္ခ်ဳပ္ေရးေကာ္မတီဖြဲ႕ဖို႔ ဆရာေတာ္ေတြနဲ႔ လူႀကီးေတြ စည္းေဝးေနတာၾကားရတယ္..ကြၽန္ေတာ္ နည္းနည္းသတင္းသြားေမးခ်င္လို႔"

ဆီဘေသာ္က ဇရပ္ေပၚ တက္သြားသည့္အခါ ေမာင္ကေလးသည္ ဆီပုံးကို ခ်လိုက္ၿပီး ေခါင္းေပါင္းကို ျဖည္လ်က္ ေခြၽးသုတ္ေနလိုက္၏။

"ေဟ့..မင္း…ခ်မ္းသာရက.ေမာင္ပညာ မဟုတ္လား"

ဇရပ္ေပၚတြင္ထိုင္ေနေသာ လူစုထဲမွ အသံေၾကာင့္ ေမာင္ကေလး လွမ္းၾကည့္လိုက္သည္။

သူစာသင္သားဘဝက စာခ်ဆရာျဖစ္ခဲ့ဖူးေသာ မိုးေကာင္းတိုက္မွ ဆရာေတာ္ဦးပ႑ိ ကို သြားေတြ႕သည္။

ဦးပ႑ိေဘးတြင္ ထိုင္ေနသူက သူႏွင့္ စာဝါလိုက္ဖက္ ဦးေကာလသ။

"တင္ပ..ပညာပါ ဘုရား..အခုေတာ့ ေမာင္ကေလးျဖစ္ေနပါၿပီ"

"ေအး..မင့္လည္း စိန္ဓါးေျမႇာင္ဘုန္းႀကီး..စိန္ဓါးေျမႇာင္ဘုန္းႀကီးဆိုၿပီး နာမည္ႀကီးၿပီးကတည္းက ေပ်ာက္သြားပါတယ္မွတ္တာ..လူထြက္သြားတာကိုးကြ..ကဲ..လာစမ္းပါဦး..ငါ့လူရ"

ေမာင္ကေလး က ဆီပုံးကို ထမ္းကာ ဇရပ္ေပၚသို႔ တက္သြားသည္။

စိန္ဓါးေျမႇာင္ဟူေသာ အသံၾကားသည္ႏွင့္ ဇရပ္ေပၚတြင္ရွိေသာ လူအားလုံး၏ စိတ္ဝင္စားမႈက ေမာင္ကေလးထံ စုၿပဳံကုန္သည္။

ဆီဘေသာ္ ပင္ သူေခၚလာေသာ မေယာင္မလည္ ဆီတစ္ပုံးႏွင့္ ထိုေတာသားမွာ နာမည္ေက်ာ္ တုတ္ၿပီး ဓါးၿပီး စိန္ဓါးေျမႇာင္ဘုန္းႀကီး ဟု သိလိုက္ရသျဖင့္ အံၾသေန၏။

ဇရပ္ေပၚတြင္ မႏၲေလးၿမိဳ႕မွ မ်ိဳးခ်စ္လုပ္ငန္းရွင္မ်ားျဖစ္ၾကေသာ ဆင္တံတားဦးသိန္း၊ ဟံဇားဦးေအး၊ ေဒၚသန္း တို႔ႏွင့္အတူ ေဈးေစာင့္ေရွာက္ေရးေကာ္မတီဝင္ဆရာေတာ္မ်ားျဖစ္သည့္ မိုးေကာင္းဦးပ႑ိတ၊ ဦးေကလာသ၊ ဦးကုသလ၊ ဦးဝိမလ၊ ဦးနာရဒ တို႔လည္းရွိၾကသည္။

ေမာင္ကေလးက ဇရပ္ေထာင့္တြင္ ဆီပုံးကို ခ်ကာ ရဟန္းမ်ားေရွ႕သို႔ သြားၿပီး ဝတ္ခ်လိုက္သည္။

"ကဲ..ဆိုပါဦး..ေမာင္ပညာ..လူဝတ္ေၾကာင္ကိုလဲၿပီး ဘယ္လို ဒုကၡေတြမ်ား မ်ားေျမာင္ေနရတာလဲကြာ"

ဦးပ႑ိက ကြမ္းအစ္ကို လွမ္းယူရင္း ေမးလိုက္သည္။

"ေဈးခ်ိဳေရွ႕ မွာ ဆီပုံးႀကီးခ်ၿပီး ေယာင္လည္လည္ျဖစ္ေနတာနဲ႔ တပည့္ေတာ္ ေခၚလာခဲ့တာပါ..ဘုရား"

ဆီဘေသာ္က ဝင္ေလွ်ာက္သည္။

"ေၾသာ္..ဆီသည္ႀကီး ျဖစ္ေနၿပီေပါ့ေလ"

"ဆီသည္ရယ္လို႔ မဟုတ္ေသးပါဘူး..ဘုရား..တပည့္ေတာ္ မိန္းမလိုခ်င္လို႔ လူထြက္တာဘုရား..မိန္းမေတာင္းစရိတ္ရဖို႔ ႐ြာျပန္ၿပီး မိဘေတြဆီက အေမြေတာင္းေတာ့လည္း မိဘေတြေတာင္ ခ်စ္တီးလက္ခ်က္နဲ႔ မြဲေနတာဘုရား..ဒါနဲ႔ ႐ြာမွာ ႀကိတ္တဲ့ ဆီႏွစ္ပုံးဆြဲၿပီး ဒီက ဆီကုန္သည္ေတြကို ဒါေလး ပမာျပၿပီး အခုမွဆီကုန္ကူးဖို႔ စႀကံေနတာပါ..ဘုရား"

"ဟဲ့..ပညာရယ္…တို႔မႏၲေလးမွာ ဆီသိန္းတို႔၊ ဆီကိုသူေတာ္တို႔ ရဲ႕ ဆီစက္ေတြက တစ္ေန႔ ဆီေပါင္းအမ်ားႀကီး ထုတ္ေနတာကြဲ႕။ ၾကားထဲ နင့္ေခၚလာတဲ့ ဆီဘေသာ္ ဆိုတာေတာင္ စာမဖြဲ႕ေလာက္တဲ့ကုန္သည္ရယ္။ နင့္ေခၚလာတဲ့ ဘေသာ္သာ နင္ေမးၾကည့္။ နင့္ ေတာက ယူလာတဲ့ ႀကိတ္ဆီ ကို ဘယ့္ႏွယ့္ေရာင္းမတုန္း"

ေမာင္ကေလးက ေဈးတန္းဘက္ဆီသို႔ ေဝွ႔ၾကည့္လိုက္ၿပီး

"အရွင္ဘုရားတို႔ ေရာ..ေဟာ့ဒီက ေဈးသည္ေတြပါ ဒီအိမ္ေတာ္ရာဘုရားဝန္းႀကီးထဲ ေရာက္ေနတာ အဂၤလိပ္အစိုးရကို မႀကိဳက္လို႔၊ မ်ိဳးခ်စ္စိတ္နဲ႔ ေရာက္ေနတာမဟုတ္လားဘုရား….ဒီဝန္းထဲ ေရာက္ကတည္းက ဝံသာႏုေတြ၊ မ်ိဳးခ်စ္စိတ္ေတြပဲ တပည့္ေတာ္ၾကားရပါတယ္။ ဝံသာႏုစိတ္ဓာတ္အရ ျပည္တြင္းျဖစ္ကို အားေပးပါ ဆို ဘုရား။ တပည့္ေတာ္ ပါလာတဲ့ ေဟာ့ဒီဆီပုံးဟာ စေလဦးပုည ထြက္တဲ့ စေလအရပ္က ထြက္တဲ့ ပဲကို လယ္သမားေတြလယ္ထြန္တဲ့ ႏြားနဲ႔ ဆီဆုံထဲ လွည့္ႀကိတ္ၿပီးမွ ရလာတဲ့ ျပည္တြင္းျဖစ္ စစ္စစ္ပါ..ဘုရား။ အဂၤလိပ္လူမ်ိဳးျခားတီထြင္တဲ့ စက္ကိုေတာင္မသုံးပဲ ႏြားနဲ႔ လူနဲ႔ လွည့္ႀကိတ္ၿပီးမွရလာတဲ့ ဝံသာႏုဆီေလ ဘုရား။ တပည့္ေတာ္ ဆီကိုလည္း ဝံသာႏုစိတ္ရွိရင္ အားေပးသင့္တာေပါ့..ဘုရား"

ေမာင္ကေလး စကားေၾကာင့္ ဇရပ္ေပၚရွိ လူအားလုံး ၿပဳံးသြားၾကသည္။

"ကဲ..ဒီေလာက္အေျပာေကာင္းတဲ့လူ…မွန္း..ခင္ဗ်ားရဲ႕ ဝံသာႏုဆီ က်ဳပ္ၾကည့္စမ္းပါရေစဗ်ာ"

ဆင္တံတားဦးသိန္း က ေျပာေျပာဆိုဆိုႏွင့္ ဆီပုံးကို သြားဖြင့္ကာ အနံ႔ရႈၾကည့္လိုက္သည္။

"ေအာင္မေလး..ပဲဆီနံ႔ေလးကေတာ့ ေမႊးေနတာပဲ..ဒါနဲ႔ ဒါ ဆယ္ပိသာပုံးထင္ရဲ႕..ဘယ္ေဈးနဲ႔ ေရာင္းမတုန္း ကိုရင္"

"သုံးက်ပ္နဲ႔ ျပားအစိတ္"

"အလိုေလး ဆယ္ပိသာဆီတစ္ပုံးမွ သုံးက်ပ္ရွိတာပါ ကိုရင္..ဘယ့္ႏွယ့္ ကိုရင့္ဟာက ၂၅ ျပား ပိုလာတာတုန္း"

"တကယ္က သုံးက်ပ္ပါပဲ..ဦးရီး..အမ်ားႀကီးယူမယ္ဆို ႏွစ္က်ပ္နဲ႔ေတာင္ စေလကေန တင္လာေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဒီပုံးကို ေတာ့ ေဈးတင္မွ ျဖစ္မယ္"

"ဘာျဖစ္လို႔မ်ားတုန္း ကိုရင္"

"က်ဳပ္ ဆံပင္ကို ဘိုေကညႇပ္မယ္၊ ၿပီးေတာ့ မေန႔က က်ဳပ္ေယာက္ခမေလာင္းအိမ္မွာ ထမင္းတစ္နပ္ကပ္စားခဲ့တယ္။ ဒီေန႔ အျပန္မွာ က်ဳပ္သူတို႔ကို ေခါက္ဆြဲေၾကာ္ဝယ္သြားခ်င္လို႔"

ဆရာေတာ္မ်ားႏွင့္ လူႀကီးမ်ားက ေမာင္ကေလး၏ အေျပာကို သေဘာက်ေနၾကသည္။

"ကဲ..ေမာင္ဘေသာ္ေရ…တို႔လူကို ဆီေရာင္းရေအာင္ မင္းပဲ စပ္ေပးလိုက္ပါကြာ..အဆင္ေျပေအာင္ ေစာင့္ေရွာက္လိုက္ပါ…ဒါတေလာက နာမည္ႀကီးေနတဲ့ စိန္ဓါးေျမႇာင္ကိုယ္ေတာ္ဆိုတာပဲကြဲ႕"

ဆီဘေသာ္ကို ဦး႑ိ က မိန႔္လိုက္သည္။

ထို႔ေနာက္ ဆီဘေသာ္ ႏွင့္ ေမာင္ကေလး တို႔ ဇရပ္ေပၚမွ ဆင္းလာၾက၏။

"ခုန စိန္ဓါးေျမႇာင္ကိုယ္ေတာ္မွန္းမသိလို႔ ေတာင္းပန္ပါတယ္ဗ်ာ..ေနာင္ႀကီး"

"ဟာ..ရပါတယ္..က်ဳပ္လည္း ဘာမွ မဟုတ္တာပဲ"

"ဘာမဟုတ္ရမွာလဲ…ကိုယ့္ဆရာက တုတ္ၿပီး ဓါးၿပီး နာမည္ႀကီးဆို…ဟိုဂဠဳန္ဗိုလ္.စိန္ပန္းေပါက္ေက်ာ္ႀကီးကိုေတာင္ ပညာျပခဲ့တာဆိုဗ်"

"နည္းနည္းပါးပါး ပါဗ်ာ"

"ကိုယ့္ဆရာကို ဆီကုန္ကူးတဲ့ေလာကထဲ ကြၽန္ေတာ္ သြင္းေပးမယ့္ဗ်ာ။ ကိုယ့္ဆရာတို႔ စေလမွာ ဒီလို ႀကိတ္ဆီေတြ လိုသေလာက္ရတယ္မဟုတ္လား"

"ရပါ့ဗ်ာ..က်ဳပ္အရီးေတြ၊ ေဒြးေလးေတြက ဆီပဲ ႀကိတ္ၾကတာ..မႏၲေလးတက္ေရာင္းရေကာင္းမွန္းသာမသိလို႔ေပါ့ဗ်ာ.. လႊတ္ေပါ"

"ဒါဆို ခု စစ္ကိုင္းဘက္မွာ ကြၽန္ေတာ္ခ်ိတ္ထားတဲ့ ဆိုင္အသစ္ေတြ ရွိတယ္။ ခင္ဗ်ား အဲ့ဒီပို႔ေပးႏိုင္ရင္ေတာ့ အဆင္ေျပမဗ်ာ"

"ရပါ့ဗ်ာ"

"ကဲ..ဒါဆို ေလာေလာဆယ္ေတာ့ ဒီဘုရားေဈးဝန္းထဲက ဆီသည္တစ္ေယာက္ဆီ ခင္ဗ်ားဆီကို ကြၽန္ေတာ္လိုက္ျပေပးမယ္..ခင္ဗ်ားတို႔ခ်င္း ေဈးညႇိ႔ၿပီး ကိုက္ရင္ လုပ္ၾကေပါ့ဗ်ာ"

"ေက်းဇူးႀကီးလွပါတယ္..ေနာင္ႀကီးရာ"

"ေက်းဇူးတင္တယ္ဆိုရင္လည္း ကြၽန္ေတာ့္ကို တစ္ခုျပန္ကူညီဗ်ာ"

"ဘာကူညီရမလဲ..ေျပာသာေျပာပါဗ်"

"ေခတ္ကာလက ဘာျဖစ္မယ္မွန္းမသိဘူးဗ်။ ဥေရာပမွာလည္း စစ္ႀကီးျဖစ္မယ္ဘာညာသတင္းေတြထြက္ေနတယ္။ ျပည္တြင္းမွာလည္း ခင္ဗ်ားသိတဲ့အတိုင္း ျပည္သူအုံႂကြမႈက ပိုမ်ားလာဖို႔ပဲရွိတယ္။ ကြၽန္ေတာ့္မွာက တူသားေတြ၊ တပည့္ေတြ ရွိတယ္။ ျဖစ္ႏိုင္ရင္ သူတို႔ကို ခင္ဗ်ားတတ္ထားတဲ့ သိုင္းေလးဘာေလး သင္ေပးေစခ်င္တယ္ဗ်ာ"

ေမာင္ကေလးက ဆီပုံးကို ထမ္းလာလ်က္မွ ေခတၱရပ္တန႔္သြားသည္။

"အင္း…သင္ေတာ့ သင္ေပးခ်င္ပါတယ္..ကိုဘေသာ္"

"သင္ေပးခ်င္ သင္ေပးေပါ့ဗ်ာ..ဘာျဖစ္လို႔တုန္း"

"ဒါေပမယ့္ က်ဳပ္ သိုင္းပညာသင္ခဲ့တဲ့ ဆရာအဆက္ဆက္မွာ အလကားသင္ေပး႐ိုးထုံးစံမရွိဘူးဗ်။ ပညာရဲ႕ တန္ဖိုးရွိတယ္။ ကြၽန္ေတာ္ အခေၾကးေငြယူၿပီး သင္ေပးမွျဖစ္မွာမို႔..ခင္ဗ်ား အားနာလို႔"

"ဟာ..အားမနာပါနဲ႔..သင္ေပးမယ္ဆို ရပါၿပီ…ဘယ္ေလာက္ျဖစ္ျဖစ္ ကြၽန္ေတာ္ေပးပါ့မယ္..ခင္ဗ်ားလည္း ဆီကုန္သည္လုပ္တာကလုပ္ တစ္ဖက္က အခေၾကးေငြနဲ႔ သိုင္းသင္ေပးေတာ့ စီးပြားေရးအဆင္ေျပတာေပါ့"

"က်ဳပ္ စဥ္းစားပါဦးမယ္ဗ်ာ"

ေဈးခ်ိဳသပိတ္ တျဖစ္လဲ ဘုရားေဈးဝန္းႀကီးကား တျဖည္းျဖည္း ပိုမိုစည္ကားလာ၏။

မၾကာမီ မႏၲေလးၿမိဳ႕အတြက္ အနိဌာ႐ုံေန႔စြဲတစ္ခု ေရာက္လာေတာ့မည္ကိုကား မည္သူမွ် ႀကိဳတင္ မသိႏိုင္ခဲ့ၾကေခ်။

 

ခက္ေဇာ္

အခန္း(၃) ေမွ်ာ္

Comments

Post a Comment