The Guys From Mandalay,1950s အခန်း(၃)

The Guys From Mandalay,1950s
                                    အခန်း(၃)
                          ……………………………………….

၁၉၃၉  ဖေဖော်ဝါရီ (၁၀)ရက်၊ သောကြာနေ့။

မန္တလေး၏ ဆောင်းကား လမ်းဆုံမှာ ကမ်းကုန်အောင် အေးခဲ့သည့်ကာလ။

သို့သော် မန္တလေး၏ နိုင်ငံရေးအခြေအနေကား အပူလောင်ဆုံးအချိန်ဆီသို့ ဦးတည်နေသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ဗဟိုအမျိုးသားသပိတ်ဌာနချုပ်ဖြစ်သော ဆရာကြီးဦးရာဇတ်၏ အမျိုးသားကျောင်းမှ ကိုချန်ထွန်းပါ (၃)ဦးကို ဘားမားရိုင်ဖယ်တပ်နှင့် ဝိုင်းကာ ဖမ်းဆီးခဲ့သည်။

ရန်ကုန်တွင်လည်း ၁၉၃၈ ဒီဇင်ဘာလက ကျောင်းသားကိုအောင်ကျော် သေဆုံးသည့်ကိစ္စ အတွက် တစ်နိုင်ငံလုံးက သွေးဆူနေကြချိန်။

မန္တလေးမြို့တွင်လည်း ဓာတ်စက်ရုံ၊ ဓာတ်ရထားနှင့် အင်္ဂလိပ်အလုပ်တိုက်များကို ပိတ်ထားသည်။

ဘူတာရုံနှင့် ဂါတ်တဲများကို ဘားမားရိုင်ဖယ်စစ်တပ်များက လုံခြုံရေးယူထားပြီး နန်းတော်ကျံုံးအတွင်းသို့ မြန်မာများ မဝင်ရ စီမံချက် ချမှတ်ထားသည်။

 

သို့သော်ငြား

၂၆ ဘီလမ်းမ၏ တောင်ဘက်တန်း အယ်ဖင်စတုန်းရုပ်ရှင်ရုံ တွင်တော့ အေဝမ်းရုပ်ရှင်၏ နာမည်ကျော် မြှားနတ်မောင်ဇာတ်ကားပြသမပျက် ပြသနေသေး၏။

ဒဂုံမြတ်လေးနွယ်နှင့် ဒဂုံခင်ခင်လေးတို့ရေးသားပြီး ဒါရိုက်တာ၊ မင်းသားမောင်တင်မောင်၊ မေရှင်တို့ သရုပ်ဆောင်သော နာမည်ကျော် မမထား၊ အပါ ဇာတ်ကောင်များ၏ စွဲဆောင်မှုသည် ရုပ်ရှင်ကြိုက်လူငယ်ထုအကြား ရေပန်းစားနေသည်။

နိုင်ငံရေးနှင့်အတော်အတန်အလှမ်းဝေးသည့် ရုပ်ရှင်ကြည့်ပရိသတ်အချို့ကတော့ ဗိုလ်အောင်ကျော် ၊ ကိုချန်ထွန်းနှင့် အိမ်တော်ရာသပိတ်စခန်းကြီးတို့ထက် ညှိ့အားကောင်းသော မမထား နှင့် လူပျိုပေါက်အပါတို့၏ အချစ်ဇာတ်လမ်းကိုသာ စိတ်ဝင်စားကြသည်။

ညပွဲများကို ဆိုင်းငံ့ထားချိန်မို့ နေ့ပွဲတွင် လူပိုစည်နိုင်သည်ဟု ရုံပိုင်ရှင် မစ္စတာရီဂိုက မျှော်လင့်ထားခဲ့သည်။

မျှော်လင့်သည့်အတိုင်း ဆိုင်ရာပိုင်ရာကို ပေးသင့်တာပေး ဝင်သင့်တာ ဝင်ထားခဲ့ပြီးပြီဖြစ်သည်။

သူမျှော်လင့်သည့်အတိုင်း နေ့လည် ၁၂ နာရီပွဲ အတွက် ကြိုတင်လက်မှတ်သုံးပုံနှစ်ပုံပင် ကုန်နေပေပြီ။

မောင်ကလေးသည် ထိုခေတ်က ရှားပါးသည့် ဘိုင်စကယ်ကို နင်းပြီး ဈေးချိုမှ အယ်ဖင်စတုန်းရုပ်ရှင်ရုံရှိရာ ကြေးနန်းရုံဘက်သို့ ထွက်လာခဲ့သည်။

သူ့နောက်တွင်တော့ မြကြည်က ခါးကလေးကို မရဲတရဲဖက်လျက်။

မန္တလေး၏ မတည်မငြိမ်အခြေအနေများကြားတွင် စစ်ကိုင်းဘက်သို့ ဆီကုန်ကူးနိုင်သော ဆီကုန်သည် မောင်ကလေးမှာ သုံးလေးလအတွင်း ငွေကြေးများ စုမိဆောင်းမိဖြစ်လာခဲ့၏။

နောက်သုံးရက်အကြာတွင် မောင်ကလေးသည် မြကြည်ကို ရွှေနားကပ်တစ်ရံဖြင့် တင်တောင်းမည်ဖြစ်သည်။

ယနေ့တော့ ဓာတ်ရထားများပိတ်ထားသဖြင့် မောင်ကလေးသည် မိတ်ဆွေ ဆီဘသော် ဆီမှ ဘိုင်စကယ်စက်ဘီးကို ငှားသည်။

ထို့နောက် မြကြည်ကို တင်ကာ မြကြည်အကြိုက် ရွှေနားကပ်ကလေးကို ဈေးချိုးတွင် သွားလုပ်ပေးပြီး မြကြည်ကြိုက်သော မင်းသား မောင်တင်မောင်ပါသည့် ဓာတ်ရှင်ကို လိုက်ပြရန် ထွက်လာခြင်းပင်။

ဈေးချိုမှ အထွက်တွင်ပင် အိမ်တော်ရာဘုရားဘက်မှ စီတန်းလျှောက်လာသော လူအုပ်ကြီးနှင့် မောင်ကလေးတို့ ဆုံကြတော့သည်။

ထိုလူအုပ်ကြီးကား အိမ်တော်ရာဘုရား (၁၄)ခန်းဇရပ်တွင် လူထုအစည်းအဝေးလုပ်ပြီး အင်္ဂလိပ်အစိုးရအား စီတန်းဆန္ဒပြရန် ထွက်ခွာလာသည့် နှစ်သိန်းကျော်သော လူအုပ်ကြီး။

ရှေ့ဆုံးမှ ရဟန်းပျိုတို့ ဦးဆောင်လာပြီး ကြွေးကြော်သံများ ကြွေးကြော်လာကြသည်။

 “ဓနရှင်အစိုးရ – ပျက်စီးပါစေ”

“အလုပ်သမားအရေး ဖြေရှင်းပေး”

“သခင်မျိုးဟေ့ – တို့ဗမာ”

“ အရေးတော်ပုံ – အောင်ရမည်”

“ မီးတုတ် မီးတုတ်- ရှို့ရှို့”

“ သေမြေကြီး – ရှင်ရွှေထီး”

“ ဘေးနဲ့ကြုံ – ရဲဂုဏ်ပြ”

“ မီးတုတ်ကြီးရဲ့ အလင်းရောင် – ဗမာပြည်ဘောင် ထွန်းပြောင်စေသား”

“ မီးတုတ်ကြီးရောက်လေရာ – တိုင်းပြည်ကျေးရွာ အေးပါစေသား”

“အရေးတော်ပုံ အောင်ရမည်”

 

လူထုကြီးရှေ့ဆုံးမှ လက်သီးလက်မောင်းတန်းကာ ကြုံးဝါးနေသော ရဟန်းပျို (၃)ပါးကို မြင်လိုက်သောအခါ မောင်ကလေးမှာ စက်ဘီးကို တွန်းရင်း ငေးကြည့်နေမိသည်။

ထိုရဟန်းပျို (၃)ပါးမှာ သူနှင့် ကိုရင်ဘဝစာဝါလိုက်ဖော် လိုက်ဖက်များဖြစ်သော တောင်ထီးလင်းတိုက် ဦးပဏ္ဍိတ၊ အမပူရတူမောင်းတိုက်မှ မြစ်ကျိုးဝေပုလ္လ၊ လွန်ခဲ့သောလက အိမ်တော်ရာ(၁၄)ခန်းဇရပ်တွင် သူတွေ့ဆုံခဲ့သည့် သူငယ်ချင်း ကေလာသ တို့ဖြစ်သည်။

"ကိုယ်တော်တွေရော၊ လူတွေရော အများကြီးပဲ..ဘာဖြစ်ကြတာလဲဟင်..ကိုမောင်ကလေး"

"သပိတ်လူစုကြီးလေ..မြကြည်..ဟိုးရှေ့က အလံကိုင်လာတဲ့ ကိုယ်တော်တွေက အကို့ သူငယ်ချင်းတွေပေါ့..အင်း..ဘာများဖြစ်ကြဦးမှာပါလိမ့်"

"ဒုက္ခပါပဲ..ဒီလူအုပ်ကြီးကို တိုးပြီး ဘယ်လိုလုပ် ဓာတ်ရှင်ကို သွားရပါ့မလဲ"

"သူတို့ကြည့်ရတာ ၂၆ ဘီလမ်းအတိုင်းသွားမယ်ထင်ပါရဲ့..အကိုတို့ ၂၇ လမ်းအတိုင်းသွားပြီး လမ်း၈၀ အတိုင်းပြန်တက်လိုက်ရင်တော့ ဓာတ်ရှင်ရုံဆီ သွားလို့ရမယ်..အဲ့ဒီလိုသွားကြတာပေါ့"

မောင်ကလေး လူအုပ်ကြီးထဲ ဘိုင်စကယ်ကိုခေါင်းတည်ကာ တွန်းတိုးသည်။

မြကြည်က ကယ်ရီယာခုံကို လက်က ကိုင်ကာ နောက်မှ လိုက်သည်။

လူအုပ်ကြီးက တိုးမပေါက်။

ဟိုဘက်ဒီဘက် တစ်မိနစ်ပင်မကြာပဲ ကူးနိုင်သော ဘီလမ်းကို  ချွေးသံတရွှဲရွှဲဖြင့် သူတို့ တိုးဝှေ့ကူးနေရသည်။

လူတန်းကြီးအဆုံးတွင် မောင်ကလေး က ချွေးဒီးဒီးကျပြီ။

မြကြည်လည်း ရင်ဘတ်ကလေးဖိရင်း။

"ကဲ..တက်..မြကြည်..တော်နေကြာ ဓာတ်ရှင်အချိန်မမီမယ် စိုးတယ်"

မောင်ကလေး က နင်းသည်။ မြကြည်က မောင်ကလေး ခါးကို မရဲတရဲကလေး ဖက်လျက်က

"ကိုမောင်ကလေး က ဘုန်းကြီးလူထွက်သာဆိုတယ်..ဘိုင်စကယ်လည်း မောင်းတတ်တယ်နော်"

"သြော်..မြကြည်ရဲ့..ကိုရင်ဘ၀ စလေမှာနေတုန်းက တို့များ ဆရာတော်ကြီးကျောင်းနားမှာ ပို့စ်မန်းပန်ချာပီကြီးတစ်ယောက်ရှိတယ်။ သူက အကိုတို့ ကိုရင်တွေကို ချစ်တယ်။ ညနေစောင်းဆို သူ့စာပို့ ဘိုင်စကယ်ကို စီးဖို့ သင်ပေးတယ်။ အဲ့ကတည်းက ဘိုင်စကယ်စီးတတ်တာပဲ"

"ကိုမောင်ကလေး က သိပ်တော်တာပဲနော်…ဟိုတုန်းက မြကြည်တို့ အိမ်ရှေ့မှာ စိန်ပန်းပေါက်ကျော်ကြီးရှေ့ ဓါးနဲ့ပေါက်ပြီး လှစ်ခနဲပျောက်သွားတာများ..ကိုယ်ပျောက်အတတ်လား ထင်ရတယ်"

"ဘယ်ကသာ မြကြည်ရယ်..အကို့ကို သိုင်းသင်ပေးတဲ့ ဆရာက မှာထားတာတစ်ခုရှိတယ်..သိုင်းဘယ်လောက် တတ်တတ်..မင်း အခြေအနေမလှရင် ပြေးဖို့အတွက် ထွက်ပေါက်တစ်ခုကိုတော့ မျက်စိလျင်လျင်ကြည့်ထားရမယ်တဲ့။ ကိုယ့်ရန်သူကို တစ်ခုခုအာရုံလွှဲအောင်လုပ်ပြီး အဲ့ထွက်ပေါက်ကနေ ရအောင်ပြေးရတယ်တဲ့လေ။ အဲ့ဒီတုန်းက ပေါက်ကျော်ကြီးနဲ့ သူ့လူတွေကို အကို တစ်ယောက်တည်း ဘယ်ရင်ဆိုင်နိုင်မလဲ။ ဒါ့ကြောင့်..အဲ့ဒီကို လူတွေရော၊ ပေါက်ကျော်ကြီးပါ ဓားကို အာရုံစိုက်နေတုန်း အကိုက သင်္ကန်းကိုချွတ်ချ..လှစ်ခနဲ လူအုပ်ထဲ ဝင်ပြေးပြီး အနောက်က ပြန်ထွက်လာတာပါ.. ပေါက်ပေါက်ရှာရှာ ဘယ့်နှယ့် ကိုယ်ပျောက်ရမတုန်း"

"ခိခိ..မြကြည်ဖြင့် အဲ့ဒီတုန်းက ဦးဇင်းကလေးက ကိုယ်များပျောက်သလားဆိုပြီး တကယ်ထင်မိတာတော့..ခိခိ..ဒါနဲ့ အဲ့ဒီလူကြီးနဲ့ ကိုမောင်ကလေး ရော ဘာစကားတွေ ပြောကြတာလဲဟင်..အဲ့ဒီနေ့က"

"ရှမ်းစကားတွေပါ..မြကြည်..ရှမ်းဆရာတွေဆီမှာ သိုင်းသင်လာတဲ့သူအချင်းချင်း သူရိပ်မိလို့ မေးတာပါ။ သိုင်းတတ်လားမေးတော့။ အကိုက တတ်တယ်ပြန်ဖြေတာပါ။ သူက ပညာစမ်းလို့ ရမလားဆိုတော့ အကို သိုင်းကွက်ခင်းပြလိုက်တာပါ"

"သြော်..ဒါဆို ပေါက်ကျော်ကြီးက အကို့ သိုင်းကွက်ကို ကြောက်သွားတယ်ထင်ရဲ့နော်"

"ဟုတ်လောက်ပါတယ်ဗျ"

"ဒါဆို အကိုက တကယ်လည်းကိုယ်မပျောက်ဘူး။ တုတ်ပြီး ဓါးပြီးဆိုတာလည်း မဟုတ်ဘူးပေါ့"

"မဟုတ်ဘူးလေ"

"မဟုတ်ရင် ဘာလို့ နာမည်ကြီးနေတာလဲ"

"သြော်..သူတို့ဟာသူတို့ လျှောက်ပြောပြီး နာမည်ကြီးနေတာတော့ ဘယ်တတ်နိုင်မလဲ"

"အကို မဟုတ်ရင်လည်း မဟုတ်ကြောင်း ရှင်းပြလိုက်ပေါ့"

"မရှင်းပြတာ အကို့အတွက်ပိုလုံခြုံတယ်မဟုတ်လား..ပြီးတော့ အကို့အိမ်သူဖြစ်လာမယ့် မြကြည့်အတွက်ပါ ပိုလုံခြုံတယ်မဟုတ်လား..မြကြည်ရဲ့..သူတို့အဲ့ဒီလိုထင်နေတော့ အကိုတို့ကို ရန်မစရဲ မစော်ကားရဲဘူးပေါ့..နို့မဟုတ်ရင်လား"

မြကြည်အသံလေး တိတ်သွားသည်။

ပါးကလေးက ချွေးဖြင့်ကပ်နေသော ကိုမောင်ကလေး၏ အင်္ကျီအစကို ဖိကပ်ထားလိုက်သည်။

ဘိုင်စကယ်က လမ်း(၈၀)ဘက်သို့ ကွေ့ဝင်လိုက်သည်။

ထိုအချိန်တွင် ၂၆ ဘီလမ်းအတိုင်းချီတက်လာသော သပိတ်တပ်ဦးသည် ကြေးနန်းရုံးရှေ့အရောက်တွင် အင်္ဂလိပ်အရေးပိုင် မစ္စတာ H.N Lett ၊ ရာဇဝတ်ဝန် မစ္စတာရိန်း၊ ခရိုင်စုံထောက်ဝန်မစ္စတာဒေးဗစ် တို့ ဦးဆောင်သော ပုလိပ်တပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မိကြတော့သည်။

အဖြူရောင်ရှပ်လက်တို၊ ကာကီဘောင်းဘီတို၊ ဂေါ်ရာဦးထုတ်ကို ဆောင်းကာ ခြောက်လုံးပြူးကို ကိုင်ထားသော ခရိုင်စုံထောက်ဝန် မစ္စတာဒေးဗစ်က "Go Back Home, Go Back Home" ဟု အော်ပြောသည်။

ရှေ့ဆုံးတန်းမှ သံဃာတော်များက "We are Armless" ဟု ပြန်အော်ကာ အလံတော်ကို ကိုင်ထားကြ၏။

ထိုအခါ စုံထောက်ဝန်မစ္စတာဒေးဗစ် က နောက်သို့ ပြန်လှည့်ဝင်သွားသည်။

စက္ကန့်ပိုင်းအတွင်းတွင် မစ္စတာ H.N Lett က အမိန့်တစ်စုံတစ်ရာပေးလိုက်ရာ ပုလိပ်တပ်များမှာ နောက်သို့ ပြန်လှည့်ဝင်သွား၏။

ပုလိပ်တပ်များ ၏ နောက်တွင် ဒူးထောက်လျက် ရိုင်ဖယ်ကိုယ်စီဖြင့် ချိန်ထားကြသော ဘားမားရိုင်ဖယ်စစ်တပ်များကို တွေ့သောအခါ သပိတ်မှောက်အဖွဲ့ကြီးမှာ အံသြသင့်သွားကြသည်။

သို့သော် နောက်ကျသွားချေပြီ။

ရွှီး ရွှီး ဟူသော ခရာသံနှစ်ချက်ထွက်ပေါ်ပြီးနောက် စစ်သားများထံမှ သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ရှေ့ဆုံမှ ကိုယ်တော်နှစ်ပါးဖြစ်သော တောင်ပြင်ထီးလင်းတိုက် ဦးပဏ္ဍိတနှင့် ဦး‌ေကလာသတို့ ခွေခနဲ လဲကျသွားသည်။

ထို့နောက် သူတို့ဘေးမှ ငွေတောင်တိုက် ဦးအာလောက မှာ နဖူးတည့်တည့်ပွင့်ထွက်ပြီး လန်ကျသွားသည်။

အလံကိုင်ထားသည့် စကုတိုက် ဦးဇနိတမှာ ဆီးခုံကို မှန်ကာ ဒူးထောက်ကျသွား၏။

ထိုအလံကို နောက်မှ တက်လာသည့် ဦးဝေပုလ္လက တက်လုသည်။ ဦးဝေပုလ္လကို ထပ်မှန်သည်။

ဦးဝေပုလ္လက အလံကို လက်ဆင့်ကမ်းကာ နောက်သို့ ပြန်ပေးလိုက်၏။

စစ်သားများကလည်း အလံလက်ဆင့်ကမ်းရာ ကို ဦးဆောင်သူဟူသော အသိဖြင့် ထပ်ပစ်သည်။

အလံကို လက်လွှဲယူကာ နောက်သို့ ပြန်ပြေးသူ အမျိုးသားအတတ်သင်ကျောင်း ခုနှစ်တန်းကျောင်းသား မောင်ယဉ်အောင် မှာ ကျောကုန်းကို သေနတ်မှန်သဖြင့် ဒူးထောက်ကျသွားပြန်သည်။

"ဒိုင်း..ဒိုင်း..ဒိုင်း"

ကျုံးထိပ် ကြေးနန်းရုံးပေါက်ဘက်ဆီမှ သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့်မောင်ကလေး က ဘိုင်စကယ်ကို ဘရိတ်ဆွဲပြီး ရပ်လိုက်သည်။

 သေနတ်သံကို တစ်ခါမှ မကြားဖူးသော မြကြည်က ကြောက်လန့်တကြားဖြစ်နေ၏။

၂၆ ဘီလမ်းဘက်ဆီမှ လူအုပ်ကြီး၏ အော်သံများကိုလည်း ကြားနေရသည်။

မောင်ကလေးက ဘိုင်စကယ်ကို  လမ်းဘေး သစ်ပင်ရိပ်တစ်ခုဆီ တွန်းသွားပြီး ဒေါက်ထောက်လိုက်သည်။

မောင်ကလေးက ပုဆိုးကို ခပ်တိုတိုဝတ်လိုက်သည်။

ဘုန်းကြီးလူထွက်သည်မှာ လပိုင်းသာရှိသေးသဖြင့် မောင်ကလေး ပုဆိုးဝတ်ပုံမှာ သင်းပိုင်ကို ကျစ်ကျစ်ဝတ်သည့် ပုံစံနှင့်သာ ပိုတူနေတော့သည်။

ထို့နောက် လွယ်အိတ်ထဲတွင် အသင့်ထည့်ထားသော ဓါးမြှောင်ကို ထုတ်ကိုင်လိုက်ပြီး ဘီလမ်းဘက်ဆီသို့ သွားရန်ဟန်ပြင်လိုက်သည်။

"ကိုမောင်ကလေး..မြကြည် တစ်ယောက်တည်း မနေရဲဘူးတော့"

မောင်ကလေး၏ ခြေလှမ်းများ တန့်သွားသည်။

"မြကြည်..ဒီမှာ ခဏနေခဲ့နော်..အကို သွားကြည့်လိုက်ဦးမယ်..ပစ်ကုန်သတ်ကုန်ကြပြီထင်တယ်"

"ဟင်အင်း..မြကြည်တစ်ယောက်တည်း မနေခဲ့ရဲဘူး..ကိုမောင်ကလေးသွားရင် မြကြည်ကိုပါ ခေါ်သွားပါ"

ထိုအချိန်တွင် ဘီလမ်းပေါ်တွင် စစ်တပ်မှ လိုက်လံပစ်ခတ်နေပြီး လမ်းကြိုလမ်းကြားများထဲသို့ ဝင်ပြေးသူများကို ပိတ်ဆို့ဖမ်းဆီးရန်အတွက် လူခွဲလွှတ်လိုက်သည့်  ရာဇဝတ်အုပ်ကလေး ဦးလူဒုတ်နှင့် ပုလိပ်သားသုံးဦးမှာ ပုလိပ်ကားဖြင့် လမ်း(၈၀)ထဲသို့ ဝင်ရောက်လာသည်။

မြကြည်တစ်ဖက်၊ ဓါးမြှောင်တစ်ဖက်ဖြင့် ချီတုံချတုံဖြစ်နေသော မောင်ကလေးတို့အနီးတွင် ကားကို ထိုးရပ်လိုက်လေသည်။

ဦးလူဒုတ်က ခြောက်လုံးပြူးသေနတ်ကို ခါးမှ ထုတ်ကာ ဆင်းလာ၏။ သူ့နောက်တွင် ပုလိပ်သားသုံးဦးက ရိုင်ဖယ်ကိုယ်စီဖြင့်။

လမ်း(၈၀)ပတ်ချာလည်တွင် အခြေအနေစောင့်ကြည့်နေသော လူများမှာ လမ်းဘေးအသီးသီးရှိ အိမ်များထဲသို့ ဝင်သွားကြသည်။

မောင်ကလေးနှင့် မြကြည် သာ လမ်းပေါ်တွင်ရှိနေ၏။

"ဟေ့..လက်ထဲမှာလည်း..ဓါးနဲ့ မင်းက ကျောင်းသားထဲကလား..သပိတ်ထဲကလား"

ဦးလူဒုတ် က သေနတ်ဖြင့် ချိန်ရင်း မေးလိုက်သည်။

"ကျွန်တော်မျိုး ဘယ်ကမှ မဟုတ်ပါဘူး။ ရည်းစားသည်နဲ့ ဓာတ်ရှင်လာကြည့်ကြတာပါ"

"ဒါဆို..လက်ထဲက ဓါးမြှောင်က ဘာလဲကွ။ မင်း ဟိုအကြမ်းဖက်လူအုပ်ထဲကမဟုတ်လား။ လက်ထဲမှာ ဓါးနဲ့ဆိုတော့ အန္တရာယ်ရှိတယ်။ မင်းကို ဖမ်းတယ်။ ဟေ့ ပုလိပ်သားတွေ..ဒီကောင့် လက်ထိပ်ခတ်ဟေ့"

"ဟ..နေပါဦးဗျာ..ဒီမှာ မယုံမေးကြည်ပါ..ကျွန်တော့် ရည်းစားသည်ပါ..ခင်ဗျားတို့ အရေးအခင်းနဲ့ ကျုပ် ဘာမှ မဆိုင်ပါဘူး"

"ဟေ့..မလိုချင်ဘူး..ဒီလောက်စကားများတဲ့ကောင်..ကဲကွာ"

ဦးလူဒုတ်က သေနတ်ဒင်ဖြင့် မောင်ကလေး၏ ခေါင်းကို အလစ်ဝင်ထုလိုက်သည်။

သို့သော် မောင်ကလေး၏ ဓါးကိုင်ထားသော ညာဘက်လက်ဖျံက အပေါ်မြောက်တက်သွားပြီး ဦးလူဒုတ်၏ အရှိန်ဖြင့်လာသော လက်ဖျံကို စည်းခံလိုက်သည်။

ဦးလူဒုတ်၏ အရှိန်ကပြင်းသဖြင့် လက်ကောက်ဝတ်အောက်ဖက်မှာ မောင်ကလေး၏ လက်ဖျံနှင့် ထိသည် ဖြောင်းခနဲအသံမြည်သွား၏။

လက်တွင်ကိုင်ထားသော ခြောက်လုံးပြူးမှာလည်း "ဒိုင်း"ခနဲ မိုးပေါ်သို့ ကျည်ထွက်ကာ လွတ်ကျသွား၏။

မောင်ကလေး၏ ဘယ်ဘက်လက်က ဦးလူဒုတ်၏တံတောင်ကို ကိုင်လိုက်ပြီး ညာလက်က လက်ကောက်ဝတ်ကို ကလပ်ကာအရှိန်ဖြင့် လှဲချလိုက်သောအခါ ဂျွတ်ခနဲ အသံနှင့်အတူ ဦးလူဒုတ်၏ လက်ကျိုးထွက်သွားသည်။

ပုလိပ်သားသုံးယောက်မှာ ရိုင်ဖယ်များဖြင့် ချိန်ထားသော်လည်း နှစ်ဦးသားလုံးထွေးနေသည့် အခြေအနေမို့ ပစ်ခွင့်မသာခဲ့။

ထိုအချိန်တွင် ဘီလမ်းမှ လူအုပ်ကြီးထဲမှ လမ်း(၈၀)ဘက်သို့ ကျွံထွက်လာသူ လူအုပ်ကြီးနောက်သို့ လိုက်နေသော ဘားမားရိုင်ဖယ်တပ်သည် ဦးလူဒုတ်ထံမှ ကျည်ထွက်သွားသော အသံကြောင့် လမ်း ၈၀ ဘက်သို့ ရမ်းသမ်းပစ်ခတ်သဖြင့် ပုလိပ်သားများသည် မော်တော်ကားနောက်တွင် ဝင်ပုန်းကြရလေသည်။

မောင်ကလေးက လက်ကျိုးသဖြင့် လမ်းပေါ်တွင် လဲကာ ညည်းညူနေသော ဦးလူဒုတ် ၏ မျက်နှာကို ဖနှောင့်ဖြင့် တစ်ချက်ပေါက်လိုက်သည်။

ထို့နောက် ဘိုင်စကယ်ဘေးတွင် ရပ်လျက် တုန်ရီနေသော မြကြည်ကို ဘိုင်စကယ်ပေါ်တင်ကာ အနောက်ဖက်သို့ အားကုန် နင်းပြေးလေတော့သည်။

………………………………………………………………………………………………………………….

မြကြည် ဖျားပြီ။

သေနတ်သံကို လန့်ဖျား။

မောင်ကလေးနှင့် ပုလိပ်လူဒုတ် သတ်ပုတ်ခန်းကြောင့် ကြောက်ဖျား။

ကျည်ဆံများအကြား တဝှီဝှီနင်းလာသော စက်ဘီးနောက်မှ မျက်စိမှိတ်ကာလိုက်လာရဖြင့် ပန်းဖျား။

မောင်ကလေး မှာ ခြေမကိုင်မိ လက်မကိုင်မိ။

သတို့သမီးလောင်းကလေး အတွက် သူကိုယ်တိုင်တတ်မြောက်ထားသည့် ဗိန္ဓောပညာဖြင့် ဆေးစပ်သည်။

ယောနယ်တွင် သူသင်ကြားလာသည့် လောကျမ်းလာ ဆေးလင်္ကာများကို ပြန်ရွတ်ရသည်။

အပူနာ၊ အအေးနာခွဲခြားပြီး ဓာတ်စာ တွက်ချက် သတ်မှတ်သည်။

ထိုအချိန်တွင် အိမ်ရှေ့သို့ ရထားလုံးတစ်စီး ရောက်လာ၏။

"ကိုမောင်ကလေး..ကိုမောင်ကလေး"

ဝင်လာသူ ဆီဘသော်။

"ဘိုင်စကယ်လာယူတာလား..ကိုဘသော်"

ကိုဘသော် က အိမ်ထဲဝင်လာရင်း

"ကိုယ့်ဆရာကတော့ လုပ်လိုက်ပြန်ပြီနော်"

"ဘာဖြစ်လို့တုန်းဗျ"

"ဘာဖြစ်ရမှာလဲ ငါ့လူရ..နေ့လည်က လမ်း ၈၀ မှာ ပုလိပ်ကို တီးထည့်လိုက်တာ ခင်ဗျားမဟုတ်လား"

"ဟုတ်တယ်..ကိုဘသော်..သူက ကျုပ် သေနတ်နဲ့ လာထုတာကိုဗျ"

"အိမ်တွေထဲက ပုန်းကြည့်နေတဲ့ လူတွေ ထဲမှာ ခင်ဗျားကို သိတဲ့လူက သိတယ်ဗျ။ စိန်ဓါးမြှောင်လူထွက်ကို ပုလိပ်က သေနတ်နဲ့ပစ်တာ ကျည်က မမှန်ပဲ ပုလိပ်ပဲ လဲသွားတယ်တဲ့။ နောက် စစ်တပ်က လိုက်ပစ်တော့လည်း ခင်ဗျားကို ကျည်လွဲတယ်ဆို…ခု ခင်ဗျားက သေနတ်ပီးတယ်လို့ပါ ပြောနေကြပြီ"

"ဒုက္ခပဲ..ကျုပ်ကို ပုလိပ်တော့ လာဖမ်းမှာ သေချာတယ်ဗျ"

"စိတ်တော့ သိပ်မပူပါနဲ့ဗျာ..အခု ဒီကောင်တွေ အလုပ်ရှု့ပ်နေတယ်ဗျ..ခင်ဗျားတီးလိုက်တဲ့ ပုလိပ်ကလည်း ခင်ဗျားကို မသိပါဘူး..ဘေးက လူတချို့ကသာ သိတာ။ သိပေမယ့် ဒီပုလိပ်တွေကို စောက်မြင်ကပ်လို့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး"

"အေးဗျာ..နောက်ကနေ သေနတ်တွေနဲ့လည်း လိုက်ပစ်ကြတာ..ကံကောင်းလို့မသေတာ"

ဆီဘသော်က သက်ပြင်းချလိုက်သည်။

"ငါ့လူကတော့ ကံကောင်းတယ်။ ကျွန်တော့် ကျောင်းသားကလေးတွေကတော့ ကံဆိုးကြတယ်ဗျာ။ မနက်က စစ်တပ်က ပစ်လို့ သေကုန်ကြတယ်"

"ဘယ်နှစ်ယောက်တောင် သေကုန်တာလဲ"

"ဘုန်းကြီးခုနှစ်ပါး၊ လူဆယ်ယောက်ဗျာ။ ဟိုတစ်လောက ခင်ဗျားနဲ့ ကျွန်တော် အိမ်တော်ရာဇရပ်မှ တွေ့ကြတဲ့ ဦးကေလာသ လည်း ပစ်ခံပြီး ပျံလွန်တဲ့အထဲ ပါသွားတယ်"

"ဟင်..ကေလာသ ပါသွားတယ်လား"

"ဆင်တဲတိုက်သစ်က ဦးကေတုလည်း ပါတယ်ဗျာ။ ကျွန်တော့်အသိ သတင်စာရောင်းတဲ့ မောင်ထွန်းအောင်လေးတောင် ပါသွားတယ်"

မောင်ကလေး က ဆေးဖော်ရန် ပြုတ်နေသည့် ဖာလာအိုးကို မွှေလိုက်ရင်း သက်ပြင်းချသည်။

"သြော်.ကေလာသ…ကျုပ်နဲ့ မြကြည် ဈေးချိုက ထွက်တော့တောင် လူအုပ်ရှေ့မှာ သူ့ကို တွေ့လိုက်သေးတယ်"

"အင်း.ကျောင်းသားလေးတွေလည်း မသေသင့်ပဲ သေကုန်ရတယ်..ဒီအစိုးရကလည်း တယ်ရက်စက်တာပဲဗျာ..သူတို့ မို့ ပစ်ရက်တယ်"

"အေးဗျာ..သူတို့လက်ထဲ လက်နက်ရှိတော့လည်း ဘယ်တတ်နိုင်မလဲ"

"..ဒါကြောင့်မို့ ခင်ဗျားလို တကယ် ကျည်ပြီး တုတ်ပြီး ဓါးပြီးလူတွေ ဒီအင်္ဂလိပ်အစိုးရ ကို တော်လှန်စေချင်တာ"

"ကျည်ဆံတော့ ဘယ်သူက ပြီးမလဲဗျာ..ဒါပေမယ့် ကျုပ်က ကိုယ်လုံပညာတတ်တော့ ကိုယ့်ရန်မူလာရင် ပြန်ခုခံရှောင်တိမ်းလို့ရတာမျိုးပါ။ အင်္ဂလိပ်မှ မဟုတ်ဘူး ဘယ်ကောင့်ကိုမှတော့ မတော်လှန်ပါရစေနဲ့"

"ခင်ဗျား မျိုးချစ်စိတ်နည်းလှပါလား..ကိုမောင်ကလေးရဲ့"

"ဟေ့လူရေ…ပြောလည်းခံရမှာပဲ…ကျုပ်မှာ များတာဆိုလို့ မြကြည်ကို ချစ်တဲ့စိတ်ပဲရှိတယ်။ အဲ့ဒီ အင်္ဂလိပ်အစိုးရ ဆိုတဲ့ကောင်တွေက မြကြည်ကို လာလုရင်တော့ ခံချမှာပဲ။ မြကြည်ကို လိုချင်လို့ ရဟန်းခုနှစ်ဝါတောင် စွန့်လာတာဗျ.."

"ခင်ဗျားဟာ ခင်ဗျား မြာမွှန်တာတော့ မွှန်တာပေါ့ဗျာ..ဒါပေမယ့်..ကိုမောင်ကလေး ရဲ့..ဒီနေ့ အပစ်ခံရလို့ သေတဲ့ကလေးတွေသာ ကျွန်တော်တို့ တူသားများဆို ဘယ့်နှယ့်လုပ်ကြမလဲ..ခင်ဗျားမှာ တတ်ထားတဲ့ ကိုယ်လုံပညာတွေ သူတို့ကိုလည်း သင်ပေးသင့်တာပေါ့"

"ဒီမယ် ကိုယ့်ဆရာ..ကျုပ်မှာ မြကြည်ကို လူလိုသူလို ထားနိုင်ဖို့ ရှာဖွေရဦးမယ်။ အချိန်မရှိဘူးဗျ။ ငွေရှာရဦးမယ်"

"ကဲ..ကျွန်တော် တစ်ခါ ပြောပြီးပါကော။ ခင်ဗျားကို အလကားမသင်ခိုင်းဘူး။ စိန်ဓါးမြှောင်ကြီး သိုင်းသင်တယ်ဟေ့ဆိုတာနဲ့ ဘယ်လောက်ပေးရပေးရ ပေးပြီး သိုင်းလာသင်ချင်တဲ့ လူငယ်တွေ တပုံကြီး။ အဲ့ဒါက စီးပွားရေးလည်း စီးပွားရေးဗျ"

မောင်ကလေး တွေဝေသွားသည်။

"ဒီမယ်..ငါ့လူ..ခင်ဗျား သိုင်းသင်မယ်ဆို..ရွှေတချောင်းမြောင်းပေါင်က ရတနာဒီပံပုံနှိပ်တိုက်နားမှာ ကျွန်တော့် ဝိုင်း တစ်ခုရှိတယ်။ အဲ့ဒီမှာဆို ခင်ဗျား သိုင်းလည်းသင်ပေး။ စစ်ကိုင်းပို့မယ့် ဆီတွေကို လှောင်ထားမယ့် ပွဲရုံအသေးလေးလည်း ဖွင့်လို့ရတယ်။ အဲ့ဒီဝိုင်းကို ကျွန်တော် လျော့ဈေးနဲ့ ရောင်းပေးမယ်။ ပိုက်ဆံကိုတော့ ခင်ဗျားရတဲ့အထဲက ကျွန်တော့်ကို အရစ်ချပေးပေါ့ဗျာ။ ဘယ့်နှယ့်လည်း"

"ခင်ဗျား..တကယ်ပြောတာလား"

"ညာရမယ့် အစားလား ငါ့လူ"

"ဟုတ်ပြီလေ..ကျုပ် သိုင်းသင်ပေးမယ်..ခင်ဗျားသာ လူရအောင်စုပေး"

"ရတယ်..မနက်ဖန် ဆရာကြီးဦးရာဇတ်ရဲ့ နေရှင်နယ်ကျောင်းထဲမှာ ထားထားတဲ့ ကျဆုံးသူ (၁၇)ယောက်ကို ဈာပနလုပ်မယ့်ကိစ္စ အိမ်တော်ရာဝန်းထဲမှာ စုဝေးတိုင်ပင်ကြမယ်တဲ့ဗျ…အဲ့ဒီကို ခင်ဗျားနဲ့ ကျွန်တော်သွားကြမယ်..မျိုးချစ်စိတ်ရှိတဲ့လူငယ်တွေကို စိန်ဓါးမြှောင်က သိုင်းပညာသင်ပေးမယ်ဆိုပြီး သွားအသိပေးကြတာပေါ့..သူတို့ကလည်း လိုအပ်တာရှိရင် ကူညီကြမှာပါ''

………………………………………………………………..

၁၉၃၉ ဖေဖော်ဝါရီ (၁၁)ရက်။

နေ့လည် (၁၁)နာရီတွင် စိန်ဓါးမြှောင်မောင်ကလေး နှင့် ဆီဘသော်တို့သည် အိမ်တော်ရာဘုရားဝန်းဘက်သို့ ဘိုင်စကယ်တစ်စီးဖြင့် ထွက်လာကြသည်။

အိမ်တော်ရာဘုရားဝန်းထိပ်အရောက်တွင် အသက် (၁၆)နှစ်ခန့် သူငယ်တစ်ဦးအား ကတုံးပြောင်ပြောင် လူနှစ်ဦးက အတင်းဖမ်းချုပ်နေသည်ကို တွေ့ရသည်။

လူငယ်က အော်ဟစ်ရုန်းကန်နေ၏။

နောက်တွင် ရဟန်းတစ်ပါးက သင်တုန်းဓါးကို ကိုင်ကာ လာနေသည်ကိုလည်း တွေ့လိုက်ရသည်။

ရှေ့မှ နင်းလာသော ဆီဘသော်က ဘိုင်စကယ်ကို ရပ်လိုက်သည်။

မောင်ကလေး က နောက်ကယ်ရီယာခုံမှ ခုန်ဆင်းလိုက်၏။

"ဘာဖြစ်ကြတာတုန်းဗျ…အများနဲ့တစ်ယောက်ကို..အတင်းအဓမ္မဖြစ်နေကြတယ်"

ထိုအချိန်တွင် သင်တုန်းဓါးကိုင်ထားသော ရဟန်းပျိုတစ်ပါး ရောက်လာသည်။

"ဘာဖြစ်ရမှာလဲ..ဒကာ..ဒီဘိုကေ ကို ကတုံးရိတ်ပစ်မလို့ပေါ့"

"မလုပ်နဲ့နော်..ကျုပ်ဆံပင်ကို မလုပ်ကြနဲ့..မလုပ်ကြနဲ့"

လူငယ် က ကန်ကျောက်ရုန်းကန်နေ၏။ သို့သော် သူ့ထက် အတော်အသင့်သန်မာသော လူကြီးနှစ်ဦးက တစ်ဖက်စီမှ ချုပ်ထားသဖြင့် အချည်းအနှီးပင်။

မောင်ကလေးက ရှေ့သို့ တိုးသွားလိုက်သည်။

"သူ မရိတ်ချင်တာကို မရိတ်ကြပါနဲ့ဗျ..ဘယ့်နှယ့် ဇွတ်လုပ်နေကြပါလား..ဘယ်လိုဖြစ်တာတုန်း"

"ဒီမယ်..ဒကာ ကျုုပ်တို့က ဒီအင်္ဂလိပ်အားပေး ဘိုကေတွေကို ဝံသာနုဆံပင်ဖြစ်အောင် ကတုံးလိုက်တုံးပေးနေတာ…ဒီအင်္ဂလိပ်တွေကြောင့် ကျုပ်တို့ လူတွေမနေ့က အသက်ပေးခဲ့ပြီးပြီ..ဒီတော့ သပိတ်ဦးဆောင်အဖွဲ့အမိန့်နဲ့ ဓာတ်ရထားတွေကို ဘယ်သူမှ မစီးဖို့ ဆုံးဖြတ်လိုက်ပြီး။ နောက်ပြီး အင်္ဂလိပ်တွေရဲ့ ဆံပင်ပုံစံဖြစ်တဲ့ ဘိုကေကိုလည်း ဘယ်ဗမာမှ မထားရဘူး..အိမ်တော်ရာဝန်းထဲမှာလည်း ဘိုကေမှန်သမျှ အကုန် ကတုံးရိတ်ပစ်နေတာ…"

"မဟုတ်သေးပါဘူး..ဦးဇင်းရယ်…ဝံသာနုနဲ့ ဘိုကေ ဘာမှ မဆိုင်ပါဘူး..ဒီသူငယ် ဘိုကေကို ကတုံးရိပ်လိုက်လို့လည်း အင်္ဂလိပ်အစိုးရက ဘယ်နှယ့်မှနေမှာမဟုတ်ဘူး..ဘိုကေ တစ်ခေါင်း ရဖို့ ဘယ်လောက် မွေးထားရတယ်ဆိုတာ တပည့်တော်အသိဆုံးပါ..မလုပ်ကြပါနဲ့ဗျ"

လူငယ်ကို ချုပ်ထားသော လူကြီးများအနက်မှ တစ်ဦးက မောင်ကလေးကို စိုက်ကြည်လိုက်သည်။

"နေပါဦး.ကိုရင်က မလုပ်နဲ့ပြောရအောင် ဘာမို့လို့လဲ..မန္တလေးတစ်မြို့လုံး ကတုံးဖြစ်နေပြီ..နားလည်လား..ကိုရင်လည်း ဘိုကေနဲ့ဆိုတော့ ခဏနေ ဘုရားဝန်းထဲသွားရင် ဝိုင်းချုပ်ရိတ်ကြမှာ မပူနဲ့"

မောင်ကလေး မျက်နှာ တင်းခနဲဖြစ်သွားသည်ကို ဆီဘသော်ရိပ်မိလိုက်သည်။

မောင်ကလေး ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

ရဟန်းပျို၏ လက်ထဲမှ သင်တုန်းဓါးက လူငယ်၏ ဘိုကေထက်တွင် တရမ်းရမ်း။

"ဒီမယ်.ဦးဇင်း..တပည့်တော်လည်း မနေ့တစ်နေ့ကမှ ရဟန်းဝတ်က ထွက်လာတာပါ..ချမ်းသာရကျောင်းက စိန်ဓားမြှောင်ဦးပညာ ဆိုတာ..တပည့်တော်ပဲ… တပည့်တော် နိုင်ငံရေးလည်း နားမလည်ပါဘူး..ဒါပေမယ့်..ဦးပဇင်းတို့ အခုလို ဗမာဝံသာနု အော်ပြီး သူများဆံပင်ကို အတင်းလိုက်ဖြတ်တာ နည်းလမ်းမမှန်ဘူးလို့တပည့်တော်ထင်တယ်..တပည့်တော်က ဒီတိုင်းရပ်ကြည့်နေမှာမဟုတ်ဘူး..ဘုရား"

စိန်ဓါးမြှောင်ဆိုသည့် အသံကြားသည်နှင့် လူနှစ်ဦး နောက်သို့ ရွံ့သွားကြသည်။

ရဟန်းပျိုကလည်း လက်ထဲမှ သင်တုန်းဓားကို ပြန်သိမ်းလိုက်သည်။

"လာ..လာ..ဒကာတို့ အထဲပြန်ဝင်ကြမယ်..ဒီတစ်ကောင်တော့ ရှိပါစေတော့"

ရဟန်းပျိုနှင့် လူနှစ်ဦး သုတ်သုတ်သုတ်သုတ်ဖြင့် အိမ်တော်ရာဘုရားထဲ ဝင်သွားကြသည်။

အသားညိုညို၊ မျက်ခုံးထူထူ၊ ပိန်ပိန်ပါးပါးဖြင့် လူငယ်က မြေကြီးမှလူးလဲထကာ မောင်ကလေးတို့ကို ကျေးဇူးတင်ဟန်ဖြင့်ကြည့်သည်။

"ကဲ..ကိုဘသော် ကျုပ်လည်း အထဲမဝင်ချင်တော့ဘူး..ခင်ဗျားလည်း ဘိုကေအဆုံးမခံနိုင်ဘူးမဟုတ်လား..ပြန်ကြမယ်..သိုင်းသင်မယ့် ကိစ္စ လည်း သင်ချင်တဲ့သူ လာသင်ပါစေတော့ဗျာ"

ဆီဘသော်က သူ့ခေါင်းမှ ဘိုကေလေးကို စမ်းကြည့်လိုက်သည်။

"စမ်းမနေနဲ့ ကိုယ့်လူ..ကျုပ်က မကြာခင် မင်္ဂလာဆောင်တော့မှာ..မင်္ဂလာဆောင်မှာ ခေါင်းပြောင်ကြီးနဲ့တော့ မနေချင်ဘူး..အသက်(၂၇)နှစ်အထိကတုံးနဲ့နေပြီးပြီ..ဘယ့်နှယ့် အခုဘိုကေလေး စရခါမှ ဝံသာနုဆိုပြီး ကတုံး တုံးရမယ်ဆို တယ်မနှိပ်ဘူးဗျ..လာ..လာ တော်နေကြာ..နောက်ထပ်လူတွေ ထပ်ထွက်လာရင် ကျုပ်လည်း ဖြဲမခြောက်နိုင်တော့ဘူး..ပြန်ကြမယ်..ဟိုကောင်လေး..မင်းလည်း ခေါင်းတုံးမဖြစ်ချင် မြန်မြန်သွားတော့"

လူငယ်လည်း လှစ်ခနဲ ပြေးထွက်သွား၏။

ဆီဘသော်နှင့် မောင်ကလေးလည်း စက်ဘီးဖြင့် လာရာလမ်းသို့ ပြန်လည်ဦးတည်လိုက်တော့သည်။

အိမ်တော်ရာဘုရားဝန်းအတွင်းတွင်ကား လာသမျှဘိုကေကို ဝိုင်းချုပ်ဖမ်းကာ ကတုံးရိပ်ပေးခြင်းဖြင့် ဆူညံနေတော့သည်။

ဈေးချိုနှင့် မန္တလေးတစ်ရပ်လုံးမှ ဘိုကေမင်းသားအတော်များများမှာ အိမ်တော်ရာထွက် ဝံသာနုကတုံးများ ဘ၀ ရောက်ရရှာလေသည်။

စိန်ဓါးမြှောင်မောင်ကလေး၊ ဆီဘသော်နှင့် ကံကောင်းသူလူငယ်တို့သာ အိမ်တော်ရာကတုံးအရေးတော်ပုံကြီး မှ လွတ်မြောက်ခဲ့ပေသည်။

ခက်ဇော်

The Guys From Mandalay,1950s
                                    အခန္း(၃)
                          ……………………………………….

၁၉၃၉ ေဖေဖာ္ဝါရီ (၁၀)ရက္၊ ေသာၾကာေန႔။

မႏၲေလး၏ ေဆာင္းကား လမ္းဆုံမွာ ကမ္းကုန္ေအာင္ ေအးခဲ့သည့္ကာလ။

သို႔ေသာ္ မႏၲေလး၏ ႏိုင္ငံေရးအေျခအေနကား အပူေလာင္ဆုံးအခ်ိန္ဆီသို႔ ဦးတည္ေနသည္။

လြန္ခဲ့ေသာ ႏွစ္ရက္ခန႔္က ဗဟိုအမ်ိဳးသားသပိတ္ဌာနခ်ဳပ္ျဖစ္ေသာ ဆရာႀကီးဦးရာဇတ္၏ အမ်ိဳးသားေက်ာင္းမွ ကိုခ်န္ထြန္းပါ (၃)ဦးကို ဘားမား႐ိုင္ဖယ္တပ္ႏွင့္ ဝိုင္းကာ ဖမ္းဆီးခဲ့သည္။

ရန္ကုန္တြင္လည္း ၁၉၃၈ ဒီဇင္ဘာလက ေက်ာင္းသားကိုေအာင္ေက်ာ္ ေသဆုံးသည့္ကိစၥ အတြက္ တစ္ႏိုင္ငံလုံးက ေသြးဆူေနၾကခ်ိန္။

မႏၲေလးၿမိဳ႕တြင္လည္း ဓာတ္စက္႐ုံ၊ ဓာတ္ရထားႏွင့္ အဂၤလိပ္အလုပ္တိုက္မ်ားကို ပိတ္ထားသည္။

ဘူတာ႐ုံႏွင့္ ဂါတ္တဲမ်ားကို ဘားမား႐ိုင္ဖယ္စစ္တပ္မ်ားက လုံၿခဳံေရးယူထားၿပီး နန္းေတာ္က်ံဳံးအတြင္းသို႔ ျမန္မာမ်ား မဝင္ရ စီမံခ်က္ ခ်မွတ္ထားသည္။

 

သို႔ေသာ္ျငား

၂၆ ဘီလမ္းမ၏ ေတာင္ဘက္တန္း အယ္ဖင္စတုန္း႐ုပ္ရွင္႐ုံ တြင္ေတာ့ ေအဝမ္း႐ုပ္ရွင္၏ နာမည္ေက်ာ္ ျမႇားနတ္ေမာင္ဇာတ္ကားျပသမပ်က္ ျပသေနေသး၏။

ဒဂုံျမတ္ေလးႏြယ္ႏွင့္ ဒဂုံခင္ခင္ေလးတို႔ေရးသားၿပီး ဒါ႐ိုက္တာ၊ မင္းသားေမာင္တင္ေမာင္၊ ေမရွင္တို႔ သ႐ုပ္ေဆာင္ေသာ နာမည္ေက်ာ္ မမထား၊ အပါ ဇာတ္ေကာင္မ်ား၏ စြဲေဆာင္မႈသည္ ႐ုပ္ရွင္ႀကိဳက္လူငယ္ထုအၾကား ေရပန္းစားေနသည္။

ႏိုင္ငံေရးႏွင့္အေတာ္အတန္အလွမ္းေဝးသည့္ ႐ုပ္ရွင္ၾကည့္ပရိသတ္အခ်ိဳ႕ကေတာ့ ဗိုလ္ေအာင္ေက်ာ္ ၊ ကိုခ်န္ထြန္းႏွင့္ အိမ္ေတာ္ရာသပိတ္စခန္းႀကီးတို႔ထက္ ညႇိ႔အားေကာင္းေသာ မမထား ႏွင့္ လူပ်ိဳေပါက္အပါတို႔၏ အခ်စ္ဇာတ္လမ္းကိုသာ စိတ္ဝင္စားၾကသည္။

ညပြဲမ်ားကို ဆိုင္းငံ့ထားခ်ိန္မို႔ ေန႔ပြဲတြင္ လူပိုစည္ႏိုင္သည္ဟု ႐ုံပိုင္ရွင္ မစၥတာရီဂိုက ေမွ်ာ္လင့္ထားခဲ့သည္။

ေမွ်ာ္လင့္သည့္အတိုင္း ဆိုင္ရာပိုင္ရာကို ေပးသင့္တာေပး ဝင္သင့္တာ ဝင္ထားခဲ့ၿပီးၿပီျဖစ္သည္။

သူေမွ်ာ္လင့္သည့္အတိုင္း ေန႔လည္ ၁၂ နာရီပြဲ အတြက္ ႀကိဳတင္လက္မွတ္သုံးပုံႏွစ္ပုံပင္ ကုန္ေနေပၿပီ။

ေမာင္ကေလးသည္ ထိုေခတ္က ရွားပါးသည့္ ဘိုင္စကယ္ကို နင္းၿပီး ေဈးခ်ိဳမွ အယ္ဖင္စတုန္း႐ုပ္ရွင္႐ုံရွိရာ ေၾကးနန္း႐ုံဘက္သို႔ ထြက္လာခဲ့သည္။

သူ႔ေနာက္တြင္ေတာ့ ျမၾကည္က ခါးကေလးကို မရဲတရဲဖက္လ်က္။

မႏၲေလး၏ မတည္မၿငိမ္အေျခအေနမ်ားၾကားတြင္ စစ္ကိုင္းဘက္သို႔ ဆီကုန္ကူးႏိုင္ေသာ ဆီကုန္သည္ ေမာင္ကေလးမွာ သုံးေလးလအတြင္း ေငြေၾကးမ်ား စုမိေဆာင္းမိျဖစ္လာခဲ့၏။

ေနာက္သုံးရက္အၾကာတြင္ ေမာင္ကေလးသည္ ျမၾကည္ကို ေ႐ႊနားကပ္တစ္ရံျဖင့္ တင္ေတာင္းမည္ျဖစ္သည္။

ယေန႔ေတာ့ ဓာတ္ရထားမ်ားပိတ္ထားသျဖင့္ ေမာင္ကေလးသည္ မိတ္ေဆြ ဆီဘေသာ္ ဆီမွ ဘိုင္စကယ္စက္ဘီးကို ငွားသည္။

ထို႔ေနာက္ ျမၾကည္ကို တင္ကာ ျမၾကည္အႀကိဳက္ ေ႐ႊနားကပ္ကေလးကို ေဈးခ်ိဳးတြင္ သြားလုပ္ေပးၿပီး ျမၾကည္ႀကိဳက္ေသာ မင္းသား ေမာင္တင္ေမာင္ပါသည့္ ဓာတ္ရွင္ကို လိုက္ျပရန္ ထြက္လာျခင္းပင္။

ေဈးခ်ိဳမွ အထြက္တြင္ပင္ အိမ္ေတာ္ရာဘုရားဘက္မွ စီတန္းေလွ်ာက္လာေသာ လူအုပ္ႀကီးႏွင့္ ေမာင္ကေလးတို႔ ဆုံၾကေတာ့သည္။

ထိုလူအုပ္ႀကီးကား အိမ္ေတာ္ရာဘုရား (၁၄)ခန္းဇရပ္တြင္ လူထုအစည္းအေဝးလုပ္ၿပီး အဂၤလိပ္အစိုးရအား စီတန္းဆႏၵျပရန္ ထြက္ခြာလာသည့္ ႏွစ္သိန္းေက်ာ္ေသာ လူအုပ္ႀကီး။

ေရွ႕ဆုံးမွ ရဟန္းပ်ိဳတို႔ ဦးေဆာင္လာၿပီး ေႂကြးေၾကာ္သံမ်ား ေႂကြးေၾကာ္လာၾကသည္။

 “ဓနရွင္အစိုးရ – ပ်က္စီးပါေစ”

“အလုပ္သမားအေရး ေျဖရွင္းေပး”

“သခင္မ်ိဳးေဟ့ – တို႔ဗမာ”

“ အေရးေတာ္ပုံ – ေအာင္ရမည္”

“ မီးတုတ္ မီးတုတ္- ရႈိ႕ရႈိ႕”

“ ေသေျမႀကီး – ရွင္ေ႐ႊထီး”

“ ေဘးနဲ႔ႀကဳံ – ရဲဂုဏ္ျပ”

“ မီးတုတ္ႀကီးရဲ႕ အလင္းေရာင္ – ဗမာျပည္ေဘာင္ ထြန္းေျပာင္ေစသား”

“ မီးတုတ္ႀကီးေရာက္ေလရာ – တိုင္းျပည္ေက်း႐ြာ ေအးပါေစသား”

“အေရးေတာ္ပုံ ေအာင္ရမည္”

 

လူထုႀကီးေရွ႕ဆုံးမွ လက္သီးလက္ေမာင္းတန္းကာ ႀကဳံးဝါးေနေသာ ရဟန္းပ်ိဳ (၃)ပါးကို ျမင္လိုက္ေသာအခါ ေမာင္ကေလးမွာ စက္ဘီးကို တြန္းရင္း ေငးၾကည့္ေနမိသည္။

ထိုရဟန္းပ်ိဳ (၃)ပါးမွာ သူႏွင့္ ကိုရင္ဘဝစာဝါလိုက္ေဖာ္ လိုက္ဖက္မ်ားျဖစ္ေသာ ေတာင္ထီးလင္းတိုက္ ဦးပ႑ိတ၊ အမပူရတူေမာင္းတိုက္မွ ျမစ္က်ိဳးေဝပုလႅ၊ လြန္ခဲ့ေသာလက အိမ္ေတာ္ရာ(၁၄)ခန္းဇရပ္တြင္ သူေတြ႕ဆုံခဲ့သည့္ သူငယ္ခ်င္း ေကလာသ တို႔ျဖစ္သည္။

"ကိုယ္ေတာ္ေတြေရာ၊ လူေတြေရာ အမ်ားႀကီးပဲ..ဘာျဖစ္ၾကတာလဲဟင္..ကိုေမာင္ကေလး"

"သပိတ္လူစုႀကီးေလ..ျမၾကည္..ဟိုးေရွ႕က အလံကိုင္လာတဲ့ ကိုယ္ေတာ္ေတြက အကို႔ သူငယ္ခ်င္းေတြေပါ့..အင္း..ဘာမ်ားျဖစ္ၾကဦးမွာပါလိမ့္"

"ဒုကၡပါပဲ..ဒီလူအုပ္ႀကီးကို တိုးၿပီး ဘယ္လိုလုပ္ ဓာတ္ရွင္ကို သြားရပါ့မလဲ"

"သူတို႔ၾကည့္ရတာ ၂၆ ဘီလမ္းအတိုင္းသြားမယ္ထင္ပါရဲ႕..အကိုတို႔ ၂၇ လမ္းအတိုင္းသြားၿပီး လမ္း၈၀ အတိုင္းျပန္တက္လိုက္ရင္ေတာ့ ဓာတ္ရွင္႐ုံဆီ သြားလို႔ရမယ္..အဲ့ဒီလိုသြားၾကတာေပါ့"

ေမာင္ကေလး လူအုပ္ႀကီးထဲ ဘိုင္စကယ္ကိုေခါင္းတည္ကာ တြန္းတိုးသည္။

ျမၾကည္က ကယ္ရီယာခုံကို လက္က ကိုင္ကာ ေနာက္မွ လိုက္သည္။

လူအုပ္ႀကီးက တိုးမေပါက္။

ဟိုဘက္ဒီဘက္ တစ္မိနစ္ပင္မၾကာပဲ ကူးႏိုင္ေသာ ဘီလမ္းကို ေခြၽးသံတ႐ႊဲ႐ႊဲျဖင့္ သူတို႔ တိုးေဝွ႔ကူးေနရသည္။

လူတန္းႀကီးအဆုံးတြင္ ေမာင္ကေလး က ေခြၽးဒီးဒီးက်ၿပီ။

ျမၾကည္လည္း ရင္ဘတ္ကေလးဖိရင္း။

"ကဲ..တက္..ျမၾကည္..ေတာ္ေနၾကာ ဓာတ္ရွင္အခ်ိန္မမီမယ္ စိုးတယ္"

ေမာင္ကေလး က နင္းသည္။ ျမၾကည္က ေမာင္ကေလး ခါးကို မရဲတရဲကေလး ဖက္လ်က္က

"ကိုေမာင္ကေလး က ဘုန္းႀကီးလူထြက္သာဆိုတယ္..ဘိုင္စကယ္လည္း ေမာင္းတတ္တယ္ေနာ္"

"ေၾသာ္..ျမၾကည္ရဲ႕..ကိုရင္ဘ၀ စေလမွာေနတုန္းက တို႔မ်ား ဆရာေတာ္ႀကီးေက်ာင္းနားမွာ ပို႔စ္မန္းပန္ခ်ာပီႀကီးတစ္ေယာက္ရွိတယ္။ သူက အကိုတို႔ ကိုရင္ေတြကို ခ်စ္တယ္။ ညေနေစာင္းဆို သူ႔စာပို႔ ဘိုင္စကယ္ကို စီးဖို႔ သင္ေပးတယ္။ အဲ့ကတည္းက ဘိုင္စကယ္စီးတတ္တာပဲ"

"ကိုေမာင္ကေလး က သိပ္ေတာ္တာပဲေနာ္…ဟိုတုန္းက ျမၾကည္တို႔ အိမ္ေရွ႕မွာ စိန္ပန္းေပါက္ေက်ာ္ႀကီးေရွ႕ ဓါးနဲ႔ေပါက္ၿပီး လွစ္ခနဲေပ်ာက္သြားတာမ်ား..ကိုယ္ေပ်ာက္အတတ္လား ထင္ရတယ္"

"ဘယ္ကသာ ျမၾကည္ရယ္..အကို႔ကို သိုင္းသင္ေပးတဲ့ ဆရာက မွာထားတာတစ္ခုရွိတယ္..သိုင္းဘယ္ေလာက္ တတ္တတ္..မင္း အေျခအေနမလွရင္ ေျပးဖို႔အတြက္ ထြက္ေပါက္တစ္ခုကိုေတာ့ မ်က္စိလ်င္လ်င္ၾကည့္ထားရမယ္တဲ့။ ကိုယ့္ရန္သူကို တစ္ခုခုအာ႐ုံလႊဲေအာင္လုပ္ၿပီး အဲ့ထြက္ေပါက္ကေန ရေအာင္ေျပးရတယ္တဲ့ေလ။ အဲ့ဒီတုန္းက ေပါက္ေက်ာ္ႀကီးနဲ႔ သူ႔လူေတြကို အကို တစ္ေယာက္တည္း ဘယ္ရင္ဆိုင္ႏိုင္မလဲ။ ဒါ့ေၾကာင့္..အဲ့ဒီကို လူေတြေရာ၊ ေပါက္ေက်ာ္ႀကီးပါ ဓားကို အာ႐ုံစိုက္ေနတုန္း အကိုက သကၤန္းကိုခြၽတ္ခ်..လွစ္ခနဲ လူအုပ္ထဲ ဝင္ေျပးၿပီး အေနာက္က ျပန္ထြက္လာတာပါ.. ေပါက္ေပါက္ရွာရွာ ဘယ့္ႏွယ့္ ကိုယ္ေပ်ာက္ရမတုန္း"

"ခိခိ..ျမၾကည္ျဖင့္ အဲ့ဒီတုန္းက ဦးဇင္းကေလးက ကိုယ္မ်ားေပ်ာက္သလားဆိုၿပီး တကယ္ထင္မိတာေတာ့..ခိခိ..ဒါနဲ႔ အဲ့ဒီလူႀကီးနဲ႔ ကိုေမာင္ကေလး ေရာ ဘာစကားေတြ ေျပာၾကတာလဲဟင္..အဲ့ဒီေန႔က"

"ရွမ္းစကားေတြပါ..ျမၾကည္..ရွမ္းဆရာေတြဆီမွာ သိုင္းသင္လာတဲ့သူအခ်င္းခ်င္း သူရိပ္မိလို႔ ေမးတာပါ။ သိုင္းတတ္လားေမးေတာ့။ အကိုက တတ္တယ္ျပန္ေျဖတာပါ။ သူက ပညာစမ္းလို႔ ရမလားဆိုေတာ့ အကို သိုင္းကြက္ခင္းျပလိုက္တာပါ"

"ေၾသာ္..ဒါဆို ေပါက္ေက်ာ္ႀကီးက အကို႔ သိုင္းကြက္ကို ေၾကာက္သြားတယ္ထင္ရဲ႕ေနာ္"

"ဟုတ္ေလာက္ပါတယ္ဗ်"

"ဒါဆို အကိုက တကယ္လည္းကိုယ္မေပ်ာက္ဘူး။ တုတ္ၿပီး ဓါးၿပီးဆိုတာလည္း မဟုတ္ဘူးေပါ့"

"မဟုတ္ဘူးေလ"

"မဟုတ္ရင္ ဘာလို႔ နာမည္ႀကီးေနတာလဲ"

"ေၾသာ္..သူတို႔ဟာသူတို႔ ေလွ်ာက္ေျပာၿပီး နာမည္ႀကီးေနတာေတာ့ ဘယ္တတ္ႏိုင္မလဲ"

"အကို မဟုတ္ရင္လည္း မဟုတ္ေၾကာင္း ရွင္းျပလိုက္ေပါ့"

"မရွင္းျပတာ အကို႔အတြက္ပိုလုံၿခဳံတယ္မဟုတ္လား..ၿပီးေတာ့ အကို႔အိမ္သူျဖစ္လာမယ့္ ျမၾကည့္အတြက္ပါ ပိုလုံၿခဳံတယ္မဟုတ္လား..ျမၾကည္ရဲ႕..သူတို႔အဲ့ဒီလိုထင္ေနေတာ့ အကိုတို႔ကို ရန္မစရဲ မေစာ္ကားရဲဘူးေပါ့..ႏို႔မဟုတ္ရင္လား"

ျမၾကည္အသံေလး တိတ္သြားသည္။

ပါးကေလးက ေခြၽးျဖင့္ကပ္ေနေသာ ကိုေမာင္ကေလး၏ အက်ႌအစကို ဖိကပ္ထားလိုက္သည္။

ဘိုင္စကယ္က လမ္း(၈၀)ဘက္သို႔ ေကြ႕ဝင္လိုက္သည္။

ထိုအခ်ိန္တြင္ ၂၆ ဘီလမ္းအတိုင္းခ်ီတက္လာေသာ သပိတ္တပ္ဦးသည္ ေၾကးနန္း႐ုံးေရွ႕အေရာက္တြင္ အဂၤလိပ္အေရးပိုင္ မစၥတာ H.N Lett ၊ ရာဇဝတ္ဝန္ မစၥတာရိန္း၊ ခ႐ိုင္စုံေထာက္ဝန္မစၥတာေဒးဗစ္ တို႔ ဦးေဆာင္ေသာ ပုလိပ္တပ္ဖြဲ႕ႏွင့္ ထိပ္တိုက္ရင္ဆိုင္မိၾကေတာ့သည္။

အျဖဴေရာင္ရွပ္လက္တို၊ ကာကီေဘာင္းဘီတို၊ ေဂၚရာဦးထုတ္ကို ေဆာင္းကာ ေျခာက္လုံးျပဴးကို ကိုင္ထားေသာ ခ႐ိုင္စုံေထာက္ဝန္ မစၥတာေဒးဗစ္က "Go Back Home, Go Back Home" ဟု ေအာ္ေျပာသည္။

ေရွ႕ဆုံးတန္းမွ သံဃာေတာ္မ်ားက "We are Armless" ဟု ျပန္ေအာ္ကာ အလံေတာ္ကို ကိုင္ထားၾက၏။

ထိုအခါ စုံေထာက္ဝန္မစၥတာေဒးဗစ္ က ေနာက္သို႔ ျပန္လွည့္ဝင္သြားသည္။

စကၠန႔္ပိုင္းအတြင္းတြင္ မစၥတာ H.N Lett က အမိန႔္တစ္စုံတစ္ရာေပးလိုက္ရာ ပုလိပ္တပ္မ်ားမွာ ေနာက္သို႔ ျပန္လွည့္ဝင္သြား၏။

ပုလိပ္တပ္မ်ား ၏ ေနာက္တြင္ ဒူးေထာက္လ်က္ ႐ိုင္ဖယ္ကိုယ္စီျဖင့္ ခ်ိန္ထားၾကေသာ ဘားမား႐ိုင္ဖယ္စစ္တပ္မ်ားကို ေတြ႕ေသာအခါ သပိတ္ေမွာက္အဖြဲ႕ႀကီးမွာ အံၾသသင့္သြားၾကသည္။

သို႔ေသာ္ ေနာက္က်သြားေခ်ၿပီ။

႐ႊီး ႐ႊီး ဟူေသာ ခရာသံႏွစ္ခ်က္ထြက္ေပၚၿပီးေနာက္ စစ္သားမ်ားထံမွ ေသနတ္သံမ်ား ဆက္တိုက္ ထြက္ေပၚလာသည္။

ေရွ႕ဆုံမွ ကိုယ္ေတာ္ႏွစ္ပါးျဖစ္ေသာ ေတာင္ျပင္ထီးလင္းတိုက္ ဦးပ႑ိတႏွင့္ ဦး‌ေကလာသတို႔ ေခြခနဲ လဲက်သြားသည္။

ထို႔ေနာက္ သူတို႔ေဘးမွ ေငြေတာင္တိုက္ ဦးအာေလာက မွာ နဖူးတည့္တည့္ပြင့္ထြက္ၿပီး လန္က်သြားသည္။

အလံကိုင္ထားသည့္ စကုတိုက္ ဦးဇနိတမွာ ဆီးခုံကို မွန္ကာ ဒူးေထာက္က်သြား၏။

ထိုအလံကို ေနာက္မွ တက္လာသည့္ ဦးေဝပုလႅက တက္လုသည္။ ဦးေဝပုလႅကို ထပ္မွန္သည္။

ဦးေဝပုလႅက အလံကို လက္ဆင့္ကမ္းကာ ေနာက္သို႔ ျပန္ေပးလိုက္၏။

စစ္သားမ်ားကလည္း အလံလက္ဆင့္ကမ္းရာ ကို ဦးေဆာင္သူဟူေသာ အသိျဖင့္ ထပ္ပစ္သည္။

အလံကို လက္လႊဲယူကာ ေနာက္သို႔ ျပန္ေျပးသူ အမ်ိဳးသားအတတ္သင္ေက်ာင္း ခုႏွစ္တန္းေက်ာင္းသား ေမာင္ယဥ္ေအာင္ မွာ ေက်ာကုန္းကို ေသနတ္မွန္သျဖင့္ ဒူးေထာက္က်သြားျပန္သည္။

"ဒိုင္း..ဒိုင္း..ဒိုင္း"

က်ဳံးထိပ္ ေၾကးနန္း႐ုံးေပါက္ဘက္ဆီမွ ေသနတ္သံမ်ား ဆက္တိုက္ထြက္ေပၚလာသျဖင့္ေမာင္ကေလး က ဘိုင္စကယ္ကို ဘရိတ္ဆြဲၿပီး ရပ္လိုက္သည္။

 ေသနတ္သံကို တစ္ခါမွ မၾကားဖူးေသာ ျမၾကည္က ေၾကာက္လန႔္တၾကားျဖစ္ေန၏။

၂၆ ဘီလမ္းဘက္ဆီမွ လူအုပ္ႀကီး၏ ေအာ္သံမ်ားကိုလည္း ၾကားေနရသည္။

ေမာင္ကေလးက ဘိုင္စကယ္ကို လမ္းေဘး သစ္ပင္ရိပ္တစ္ခုဆီ တြန္းသြားၿပီး ေဒါက္ေထာက္လိုက္သည္။

ေမာင္ကေလးက ပုဆိုးကို ခပ္တိုတိုဝတ္လိုက္သည္။

ဘုန္းႀကီးလူထြက္သည္မွာ လပိုင္းသာရွိေသးသျဖင့္ ေမာင္ကေလး ပုဆိုးဝတ္ပုံမွာ သင္းပိုင္ကို က်စ္က်စ္ဝတ္သည့္ ပုံစံႏွင့္သာ ပိုတူေနေတာ့သည္။

ထို႔ေနာက္ လြယ္အိတ္ထဲတြင္ အသင့္ထည့္ထားေသာ ဓါးေျမႇာင္ကို ထုတ္ကိုင္လိုက္ၿပီး ဘီလမ္းဘက္ဆီသို႔ သြားရန္ဟန္ျပင္လိုက္သည္။

"ကိုေမာင္ကေလး..ျမၾကည္ တစ္ေယာက္တည္း မေနရဲဘူးေတာ့"

ေမာင္ကေလး၏ ေျခလွမ္းမ်ား တန႔္သြားသည္။

"ျမၾကည္..ဒီမွာ ခဏေနခဲ့ေနာ္..အကို သြားၾကည့္လိုက္ဦးမယ္..ပစ္ကုန္သတ္ကုန္ၾကၿပီထင္တယ္"

"ဟင္အင္း..ျမၾကည္တစ္ေယာက္တည္း မေနခဲ့ရဲဘူး..ကိုေမာင္ကေလးသြားရင္ ျမၾကည္ကိုပါ ေခၚသြားပါ"

ထိုအခ်ိန္တြင္ ဘီလမ္းေပၚတြင္ စစ္တပ္မွ လိုက္လံပစ္ခတ္ေနၿပီး လမ္းႀကိဳလမ္းၾကားမ်ားထဲသို႔ ဝင္ေျပးသူမ်ားကို ပိတ္ဆို႔ဖမ္းဆီးရန္အတြက္ လူခြဲလႊတ္လိုက္သည့္ ရာဇဝတ္အုပ္ကေလး ဦးလူဒုတ္ႏွင့္ ပုလိပ္သားသုံးဦးမွာ ပုလိပ္ကားျဖင့္ လမ္း(၈၀)ထဲသို႔ ဝင္ေရာက္လာသည္။

ျမၾကည္တစ္ဖက္၊ ဓါးေျမႇာင္တစ္ဖက္ျဖင့္ ခ်ီတုံခ်တုံျဖစ္ေနေသာ ေမာင္ကေလးတို႔အနီးတြင္ ကားကို ထိုးရပ္လိုက္ေလသည္။

ဦးလူဒုတ္က ေျခာက္လုံးျပဴးေသနတ္ကို ခါးမွ ထုတ္ကာ ဆင္းလာ၏။ သူ႔ေနာက္တြင္ ပုလိပ္သားသုံးဦးက ႐ိုင္ဖယ္ကိုယ္စီျဖင့္။

လမ္း(၈၀)ပတ္ခ်ာလည္တြင္ အေျခအေနေစာင့္ၾကည့္ေနေသာ လူမ်ားမွာ လမ္းေဘးအသီးသီးရွိ အိမ္မ်ားထဲသို႔ ဝင္သြားၾကသည္။

ေမာင္ကေလးႏွင့္ ျမၾကည္ သာ လမ္းေပၚတြင္ရွိေန၏။

"ေဟ့..လက္ထဲမွာလည္း..ဓါးနဲ႔ မင္းက ေက်ာင္းသားထဲကလား..သပိတ္ထဲကလား"

ဦးလူဒုတ္ က ေသနတ္ျဖင့္ ခ်ိန္ရင္း ေမးလိုက္သည္။

"ကြၽန္ေတာ္မ်ိဳး ဘယ္ကမွ မဟုတ္ပါဘူး။ ရည္းစားသည္နဲ႔ ဓာတ္ရွင္လာၾကည့္ၾကတာပါ"

"ဒါဆို..လက္ထဲက ဓါးေျမႇာင္က ဘာလဲကြ။ မင္း ဟိုအၾကမ္းဖက္လူအုပ္ထဲကမဟုတ္လား။ လက္ထဲမွာ ဓါးနဲ႔ဆိုေတာ့ အႏၲရာယ္ရွိတယ္။ မင္းကို ဖမ္းတယ္။ ေဟ့ ပုလိပ္သားေတြ..ဒီေကာင့္ လက္ထိပ္ခတ္ေဟ့"

"ဟ..ေနပါဦးဗ်ာ..ဒီမွာ မယုံေမးၾကည္ပါ..ကြၽန္ေတာ့္ ရည္းစားသည္ပါ..ခင္ဗ်ားတို႔ အေရးအခင္းနဲ႔ က်ဳပ္ ဘာမွ မဆိုင္ပါဘူး"

"ေဟ့..မလိုခ်င္ဘူး..ဒီေလာက္စကားမ်ားတဲ့ေကာင္..ကဲကြာ"

ဦးလူဒုတ္က ေသနတ္ဒင္ျဖင့္ ေမာင္ကေလး၏ ေခါင္းကို အလစ္ဝင္ထုလိုက္သည္။

သို႔ေသာ္ ေမာင္ကေလး၏ ဓါးကိုင္ထားေသာ ညာဘက္လက္ဖ်ံက အေပၚေျမာက္တက္သြားၿပီး ဦးလူဒုတ္၏ အရွိန္ျဖင့္လာေသာ လက္ဖ်ံကို စည္းခံလိုက္သည္။

ဦးလူဒုတ္၏ အရွိန္ကျပင္းသျဖင့္ လက္ေကာက္ဝတ္ေအာက္ဖက္မွာ ေမာင္ကေလး၏ လက္ဖ်ံႏွင့္ ထိသည္ ေျဖာင္းခနဲအသံျမည္သြား၏။

လက္တြင္ကိုင္ထားေသာ ေျခာက္လုံးျပဴးမွာလည္း "ဒိုင္း"ခနဲ မိုးေပၚသို႔ က်ည္ထြက္ကာ လြတ္က်သြား၏။

ေမာင္ကေလး၏ ဘယ္ဘက္လက္က ဦးလူဒုတ္၏တံေတာင္ကို ကိုင္လိုက္ၿပီး ညာလက္က လက္ေကာက္ဝတ္ကို ကလပ္ကာအရွိန္ျဖင့္ လွဲခ်လိုက္ေသာအခါ ဂြၽတ္ခနဲ အသံႏွင့္အတူ ဦးလူဒုတ္၏ လက္က်ိဳးထြက္သြားသည္။

ပုလိပ္သားသုံးေယာက္မွာ ႐ိုင္ဖယ္မ်ားျဖင့္ ခ်ိန္ထားေသာ္လည္း ႏွစ္ဦးသားလုံးေထြးေနသည့္ အေျခအေနမို႔ ပစ္ခြင့္မသာခဲ့။

ထိုအခ်ိန္တြင္ ဘီလမ္းမွ လူအုပ္ႀကီးထဲမွ လမ္း(၈၀)ဘက္သို႔ ကြၽံထြက္လာသူ လူအုပ္ႀကီးေနာက္သို႔ လိုက္ေနေသာ ဘားမား႐ိုင္ဖယ္တပ္သည္ ဦးလူဒုတ္ထံမွ က်ည္ထြက္သြားေသာ အသံေၾကာင့္ လမ္း ၈၀ ဘက္သို႔ ရမ္းသမ္းပစ္ခတ္သျဖင့္ ပုလိပ္သားမ်ားသည္ ေမာ္ေတာ္ကားေနာက္တြင္ ဝင္ပုန္းၾကရေလသည္။

ေမာင္ကေလးက လက္က်ိဳးသျဖင့္ လမ္းေပၚတြင္ လဲကာ ညည္းညဴေနေသာ ဦးလူဒုတ္ ၏ မ်က္ႏွာကို ဖေႏွာင့္ျဖင့္ တစ္ခ်က္ေပါက္လိုက္သည္။

ထို႔ေနာက္ ဘိုင္စကယ္ေဘးတြင္ ရပ္လ်က္ တုန္ရီေနေသာ ျမၾကည္ကို ဘိုင္စကယ္ေပၚတင္ကာ အေနာက္ဖက္သို႔ အားကုန္ နင္းေျပးေလေတာ့သည္။

………………………………………………………………………………………………………………….

ျမၾကည္ ဖ်ားၿပီ။

ေသနတ္သံကို လန႔္ဖ်ား။

ေမာင္ကေလးႏွင့္ ပုလိပ္လူဒုတ္ သတ္ပုတ္ခန္းေၾကာင့္ ေၾကာက္ဖ်ား။

က်ည္ဆံမ်ားအၾကား တဝွီဝွီနင္းလာေသာ စက္ဘီးေနာက္မွ မ်က္စိမွိတ္ကာလိုက္လာရျဖင့္ ပန္းဖ်ား။

ေမာင္ကေလး မွာ ေျခမကိုင္မိ လက္မကိုင္မိ။

သတို႔သမီးေလာင္းကေလး အတြက္ သူကိုယ္တိုင္တတ္ေျမာက္ထားသည့္ ဗိေႏၶာပညာျဖင့္ ေဆးစပ္သည္။

ေယာနယ္တြင္ သူသင္ၾကားလာသည့္ ေလာက်မ္းလာ ေဆးလကၤာမ်ားကို ျပန္႐ြတ္ရသည္။

အပူနာ၊ အေအးနာခြဲျခားၿပီး ဓာတ္စာ တြက္ခ်က္ သတ္မွတ္သည္။

ထိုအခ်ိန္တြင္ အိမ္ေရွ႕သို႔ ရထားလုံးတစ္စီး ေရာက္လာ၏။

"ကိုေမာင္ကေလး..ကိုေမာင္ကေလး"

ဝင္လာသူ ဆီဘေသာ္။

"ဘိုင္စကယ္လာယူတာလား..ကိုဘေသာ္"

ကိုဘေသာ္ က အိမ္ထဲဝင္လာရင္း

"ကိုယ့္ဆရာကေတာ့ လုပ္လိုက္ျပန္ၿပီေနာ္"

"ဘာျဖစ္လို႔တုန္းဗ်"

"ဘာျဖစ္ရမွာလဲ ငါ့လူရ..ေန႔လည္က လမ္း ၈၀ မွာ ပုလိပ္ကို တီးထည့္လိုက္တာ ခင္ဗ်ားမဟုတ္လား"

"ဟုတ္တယ္..ကိုဘေသာ္..သူက က်ဳပ္ ေသနတ္နဲ႔ လာထုတာကိုဗ်"

"အိမ္ေတြထဲက ပုန္းၾကည့္ေနတဲ့ လူေတြ ထဲမွာ ခင္ဗ်ားကို သိတဲ့လူက သိတယ္ဗ်။ စိန္ဓါးေျမႇာင္လူထြက္ကို ပုလိပ္က ေသနတ္နဲ႔ပစ္တာ က်ည္က မမွန္ပဲ ပုလိပ္ပဲ လဲသြားတယ္တဲ့။ ေနာက္ စစ္တပ္က လိုက္ပစ္ေတာ့လည္း ခင္ဗ်ားကို က်ည္လြဲတယ္ဆို…ခု ခင္ဗ်ားက ေသနတ္ပီးတယ္လို႔ပါ ေျပာေနၾကၿပီ"

"ဒုကၡပဲ..က်ဳပ္ကို ပုလိပ္ေတာ့ လာဖမ္းမွာ ေသခ်ာတယ္ဗ်"

"စိတ္ေတာ့ သိပ္မပူပါနဲ႔ဗ်ာ..အခု ဒီေကာင္ေတြ အလုပ္ရႈ႕ပ္ေနတယ္ဗ်..ခင္ဗ်ားတီးလိုက္တဲ့ ပုလိပ္ကလည္း ခင္ဗ်ားကို မသိပါဘူး..ေဘးက လူတခ်ိဳ႕ကသာ သိတာ။ သိေပမယ့္ ဒီပုလိပ္ေတြကို ေစာက္ျမင္ကပ္လို႔ ဘယ္သူမွ ေျပာမွာမဟုတ္ဘူး"

"ေအးဗ်ာ..ေနာက္ကေန ေသနတ္ေတြနဲ႔လည္း လိုက္ပစ္ၾကတာ..ကံေကာင္းလို႔မေသတာ"

ဆီဘေသာ္က သက္ျပင္းခ်လိုက္သည္။

"ငါ့လူကေတာ့ ကံေကာင္းတယ္။ ကြၽန္ေတာ့္ ေက်ာင္းသားကေလးေတြကေတာ့ ကံဆိုးၾကတယ္ဗ်ာ။ မနက္က စစ္တပ္က ပစ္လို႔ ေသကုန္ၾကတယ္"

"ဘယ္ႏွစ္ေယာက္ေတာင္ ေသကုန္တာလဲ"

"ဘုန္းႀကီးခုႏွစ္ပါး၊ လူဆယ္ေယာက္ဗ်ာ။ ဟိုတစ္ေလာက ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ အိမ္ေတာ္ရာဇရပ္မွ ေတြ႕ၾကတဲ့ ဦးေကလာသ လည္း ပစ္ခံၿပီး ပ်ံလြန္တဲ့အထဲ ပါသြားတယ္"

"ဟင္..ေကလာသ ပါသြားတယ္လား"

"ဆင္တဲတိုက္သစ္က ဦးေကတုလည္း ပါတယ္ဗ်ာ။ ကြၽန္ေတာ့္အသိ သတင္စာေရာင္းတဲ့ ေမာင္ထြန္းေအာင္ေလးေတာင္ ပါသြားတယ္"

ေမာင္ကေလး က ေဆးေဖာ္ရန္ ျပဳတ္ေနသည့္ ဖာလာအိုးကို ေမႊလိုက္ရင္း သက္ျပင္းခ်သည္။

"ေၾသာ္.ေကလာသ…က်ဳပ္နဲ႔ ျမၾကည္ ေဈးခ်ိဳက ထြက္ေတာ့ေတာင္ လူအုပ္ေရွ႕မွာ သူ႔ကို ေတြ႕လိုက္ေသးတယ္"

"အင္း.ေက်ာင္းသားေလးေတြလည္း မေသသင့္ပဲ ေသကုန္ရတယ္..ဒီအစိုးရကလည္း တယ္ရက္စက္တာပဲဗ်ာ..သူတို႔ မို႔ ပစ္ရက္တယ္"

"ေအးဗ်ာ..သူတို႔လက္ထဲ လက္နက္ရွိေတာ့လည္း ဘယ္တတ္ႏိုင္မလဲ"

"..ဒါေၾကာင့္မို႔ ခင္ဗ်ားလို တကယ္ က်ည္ၿပီး တုတ္ၿပီး ဓါးၿပီးလူေတြ ဒီအဂၤလိပ္အစိုးရ ကို ေတာ္လွန္ေစခ်င္တာ"

"က်ည္ဆံေတာ့ ဘယ္သူက ၿပီးမလဲဗ်ာ..ဒါေပမယ့္ က်ဳပ္က ကိုယ္လုံပညာတတ္ေတာ့ ကိုယ့္ရန္မူလာရင္ ျပန္ခုခံေရွာင္တိမ္းလို႔ရတာမ်ိဳးပါ။ အဂၤလိပ္မွ မဟုတ္ဘူး ဘယ္ေကာင့္ကိုမွေတာ့ မေတာ္လွန္ပါရေစနဲ႔"

"ခင္ဗ်ား မ်ိဳးခ်စ္စိတ္နည္းလွပါလား..ကိုေမာင္ကေလးရဲ႕"

"ေဟ့လူေရ…ေျပာလည္းခံရမွာပဲ…က်ဳပ္မွာ မ်ားတာဆိုလို႔ ျမၾကည္ကို ခ်စ္တဲ့စိတ္ပဲရွိတယ္။ အဲ့ဒီ အဂၤလိပ္အစိုးရ ဆိုတဲ့ေကာင္ေတြက ျမၾကည္ကို လာလုရင္ေတာ့ ခံခ်မွာပဲ။ ျမၾကည္ကို လိုခ်င္လို႔ ရဟန္းခုႏွစ္ဝါေတာင္ စြန႔္လာတာဗ်.."

"ခင္ဗ်ားဟာ ခင္ဗ်ား ျမာမႊန္တာေတာ့ မႊန္တာေပါ့ဗ်ာ..ဒါေပမယ့္..ကိုေမာင္ကေလး ရဲ႕..ဒီေန႔ အပစ္ခံရလို႔ ေသတဲ့ကေလးေတြသာ ကြၽန္ေတာ္တို႔ တူသားမ်ားဆို ဘယ့္ႏွယ့္လုပ္ၾကမလဲ..ခင္ဗ်ားမွာ တတ္ထားတဲ့ ကိုယ္လုံပညာေတြ သူတို႔ကိုလည္း သင္ေပးသင့္တာေပါ့"

"ဒီမယ္ ကိုယ့္ဆရာ..က်ဳပ္မွာ ျမၾကည္ကို လူလိုသူလို ထားႏိုင္ဖို႔ ရွာေဖြရဦးမယ္။ အခ်ိန္မရွိဘူးဗ်။ ေငြရွာရဦးမယ္"

"ကဲ..ကြၽန္ေတာ္ တစ္ခါ ေျပာၿပီးပါေကာ။ ခင္ဗ်ားကို အလကားမသင္ခိုင္းဘူး။ စိန္ဓါးေျမႇာင္ႀကီး သိုင္းသင္တယ္ေဟ့ဆိုတာနဲ႔ ဘယ္ေလာက္ေပးရေပးရ ေပးၿပီး သိုင္းလာသင္ခ်င္တဲ့ လူငယ္ေတြ တပုံႀကီး။ အဲ့ဒါက စီးပြားေရးလည္း စီးပြားေရးဗ်"

ေမာင္ကေလး ေတြေဝသြားသည္။

"ဒီမယ္..ငါ့လူ..ခင္ဗ်ား သိုင္းသင္မယ္ဆို..ေ႐ႊတေခ်ာင္းေျမာင္းေပါင္က ရတနာဒီပံပုံႏွိပ္တိုက္နားမွာ ကြၽန္ေတာ့္ ဝိုင္း တစ္ခုရွိတယ္။ အဲ့ဒီမွာဆို ခင္ဗ်ား သိုင္းလည္းသင္ေပး။ စစ္ကိုင္းပို႔မယ့္ ဆီေတြကို ေလွာင္ထားမယ့္ ပြဲ႐ုံအေသးေလးလည္း ဖြင့္လို႔ရတယ္။ အဲ့ဒီဝိုင္းကို ကြၽန္ေတာ္ ေလ်ာ့ေဈးနဲ႔ ေရာင္းေပးမယ္။ ပိုက္ဆံကိုေတာ့ ခင္ဗ်ားရတဲ့အထဲက ကြၽန္ေတာ့္ကို အရစ္ခ်ေပးေပါ့ဗ်ာ။ ဘယ့္ႏွယ့္လည္း"

"ခင္ဗ်ား..တကယ္ေျပာတာလား"

"ညာရမယ့္ အစားလား ငါ့လူ"

"ဟုတ္ၿပီေလ..က်ဳပ္ သိုင္းသင္ေပးမယ္..ခင္ဗ်ားသာ လူရေအာင္စုေပး"

"ရတယ္..မနက္ဖန္ ဆရာႀကီးဦးရာဇတ္ရဲ႕ ေနရွင္နယ္ေက်ာင္းထဲမွာ ထားထားတဲ့ က်ဆုံးသူ (၁၇)ေယာက္ကို ဈာပနလုပ္မယ့္ကိစၥ အိမ္ေတာ္ရာဝန္းထဲမွာ စုေဝးတိုင္ပင္ၾကမယ္တဲ့ဗ်…အဲ့ဒီကို ခင္ဗ်ားနဲ႔ ကြၽန္ေတာ္သြားၾကမယ္..မ်ိဳးခ်စ္စိတ္ရွိတဲ့လူငယ္ေတြကို စိန္ဓါးေျမႇာင္က သိုင္းပညာသင္ေပးမယ္ဆိုၿပီး သြားအသိေပးၾကတာေပါ့..သူတို႔ကလည္း လိုအပ္တာရွိရင္ ကူညီၾကမွာပါ''

………………………………………………………………..

၁၉၃၉ ေဖေဖာ္ဝါရီ (၁၁)ရက္။

ေန႔လည္ (၁၁)နာရီတြင္ စိန္ဓါးေျမႇာင္ေမာင္ကေလး ႏွင့္ ဆီဘေသာ္တို႔သည္ အိမ္ေတာ္ရာဘုရားဝန္းဘက္သို႔ ဘိုင္စကယ္တစ္စီးျဖင့္ ထြက္လာၾကသည္။

အိမ္ေတာ္ရာဘုရားဝန္းထိပ္အေရာက္တြင္ အသက္ (၁၆)ႏွစ္ခန႔္ သူငယ္တစ္ဦးအား ကတုံးေျပာင္ေျပာင္ လူႏွစ္ဦးက အတင္းဖမ္းခ်ဳပ္ေနသည္ကို ေတြ႕ရသည္။

လူငယ္က ေအာ္ဟစ္႐ုန္းကန္ေန၏။

ေနာက္တြင္ ရဟန္းတစ္ပါးက သင္တုန္းဓါးကို ကိုင္ကာ လာေနသည္ကိုလည္း ေတြ႕လိုက္ရသည္။

ေရွ႕မွ နင္းလာေသာ ဆီဘေသာ္က ဘိုင္စကယ္ကို ရပ္လိုက္သည္။

ေမာင္ကေလး က ေနာက္ကယ္ရီယာခုံမွ ခုန္ဆင္းလိုက္၏။

"ဘာျဖစ္ၾကတာတုန္းဗ်…အမ်ားနဲ႔တစ္ေယာက္ကို..အတင္းအဓမၼျဖစ္ေနၾကတယ္"

ထိုအခ်ိန္တြင္ သင္တုန္းဓါးကိုင္ထားေသာ ရဟန္းပ်ိဳတစ္ပါး ေရာက္လာသည္။

"ဘာျဖစ္ရမွာလဲ..ဒကာ..ဒီဘိုေက ကို ကတုံးရိတ္ပစ္မလို႔ေပါ့"

"မလုပ္နဲ႔ေနာ္..က်ဳပ္ဆံပင္ကို မလုပ္ၾကနဲ႔..မလုပ္ၾကနဲ႔"

လူငယ္ က ကန္ေက်ာက္႐ုန္းကန္ေန၏။ သို႔ေသာ္ သူ႔ထက္ အေတာ္အသင့္သန္မာေသာ လူႀကီးႏွစ္ဦးက တစ္ဖက္စီမွ ခ်ဳပ္ထားသျဖင့္ အခ်ည္းအႏွီးပင္။

ေမာင္ကေလးက ေရွ႕သို႔ တိုးသြားလိုက္သည္။

"သူ မရိတ္ခ်င္တာကို မရိတ္ၾကပါနဲ႔ဗ်..ဘယ့္ႏွယ့္ ဇြတ္လုပ္ေနၾကပါလား..ဘယ္လိုျဖစ္တာတုန္း"

"ဒီမယ္..ဒကာ က်ဳုပ္တို႔က ဒီအဂၤလိပ္အားေပး ဘိုေကေတြကို ဝံသာႏုဆံပင္ျဖစ္ေအာင္ ကတုံးလိုက္တုံးေပးေနတာ…ဒီအဂၤလိပ္ေတြေၾကာင့္ က်ဳပ္တို႔ လူေတြမေန႔က အသက္ေပးခဲ့ၿပီးၿပီ..ဒီေတာ့ သပိတ္ဦးေဆာင္အဖြဲ႕အမိန႔္နဲ႔ ဓာတ္ရထားေတြကို ဘယ္သူမွ မစီးဖို႔ ဆုံးျဖတ္လိုက္ၿပီး။ ေနာက္ၿပီး အဂၤလိပ္ေတြရဲ႕ ဆံပင္ပုံစံျဖစ္တဲ့ ဘိုေကကိုလည္း ဘယ္ဗမာမွ မထားရဘူး..အိမ္ေတာ္ရာဝန္းထဲမွာလည္း ဘိုေကမွန္သမွ် အကုန္ ကတုံးရိတ္ပစ္ေနတာ…"

"မဟုတ္ေသးပါဘူး..ဦးဇင္းရယ္…ဝံသာႏုနဲ႔ ဘိုေက ဘာမွ မဆိုင္ပါဘူး..ဒီသူငယ္ ဘိုေကကို ကတုံးရိပ္လိုက္လို႔လည္း အဂၤလိပ္အစိုးရက ဘယ္ႏွယ့္မွေနမွာမဟုတ္ဘူး..ဘိုေက တစ္ေခါင္း ရဖို႔ ဘယ္ေလာက္ ေမြးထားရတယ္ဆိုတာ တပည့္ေတာ္အသိဆုံးပါ..မလုပ္ၾကပါနဲ႔ဗ်"

လူငယ္ကို ခ်ဳပ္ထားေသာ လူႀကီးမ်ားအနက္မွ တစ္ဦးက ေမာင္ကေလးကို စိုက္ၾကည္လိုက္သည္။

"ေနပါဦး.ကိုရင္က မလုပ္နဲ႔ေျပာရေအာင္ ဘာမို႔လို႔လဲ..မႏၲေလးတစ္ၿမိဳ႕လုံး ကတုံးျဖစ္ေနၿပီ..နားလည္လား..ကိုရင္လည္း ဘိုေကနဲ႔ဆိုေတာ့ ခဏေန ဘုရားဝန္းထဲသြားရင္ ဝိုင္းခ်ဳပ္ရိတ္ၾကမွာ မပူနဲ႔"

ေမာင္ကေလး မ်က္ႏွာ တင္းခနဲျဖစ္သြားသည္ကို ဆီဘေသာ္ရိပ္မိလိုက္သည္။

ေမာင္ကေလး ၏ လက္ေမာင္းကို လွမ္းဆြဲလိုက္သည္။

ရဟန္းပ်ိဳ၏ လက္ထဲမွ သင္တုန္းဓါးက လူငယ္၏ ဘိုေကထက္တြင္ တရမ္းရမ္း။

"ဒီမယ္.ဦးဇင္း..တပည့္ေတာ္လည္း မေန႔တစ္ေန႔ကမွ ရဟန္းဝတ္က ထြက္လာတာပါ..ခ်မ္းသာရေက်ာင္းက စိန္ဓားေျမႇာင္ဦးပညာ ဆိုတာ..တပည့္ေတာ္ပဲ… တပည့္ေတာ္ ႏိုင္ငံေရးလည္း နားမလည္ပါဘူး..ဒါေပမယ့္..ဦးပဇင္းတို႔ အခုလို ဗမာဝံသာႏု ေအာ္ၿပီး သူမ်ားဆံပင္ကို အတင္းလိုက္ျဖတ္တာ နည္းလမ္းမမွန္ဘူးလို႔တပည့္ေတာ္ထင္တယ္..တပည့္ေတာ္က ဒီတိုင္းရပ္ၾကည့္ေနမွာမဟုတ္ဘူး..ဘုရား"

စိန္ဓါးေျမႇာင္ဆိုသည့္ အသံၾကားသည္ႏွင့္ လူႏွစ္ဦး ေနာက္သို႔ ႐ြံ႕သြားၾကသည္။

ရဟန္းပ်ိဳကလည္း လက္ထဲမွ သင္တုန္းဓားကို ျပန္သိမ္းလိုက္သည္။

"လာ..လာ..ဒကာတို႔ အထဲျပန္ဝင္ၾကမယ္..ဒီတစ္ေကာင္ေတာ့ ရွိပါေစေတာ့"

ရဟန္းပ်ိဳႏွင့္ လူႏွစ္ဦး သုတ္သုတ္သုတ္သုတ္ျဖင့္ အိမ္ေတာ္ရာဘုရားထဲ ဝင္သြားၾကသည္။

အသားညိဳညိဳ၊ မ်က္ခုံးထူထူ၊ ပိန္ပိန္ပါးပါးျဖင့္ လူငယ္က ေျမႀကီးမွလူးလဲထကာ ေမာင္ကေလးတို႔ကို ေက်းဇူးတင္ဟန္ျဖင့္ၾကည့္သည္။

"ကဲ..ကိုဘေသာ္ က်ဳပ္လည္း အထဲမဝင္ခ်င္ေတာ့ဘူး..ခင္ဗ်ားလည္း ဘိုေကအဆုံးမခံႏိုင္ဘူးမဟုတ္လား..ျပန္ၾကမယ္..သိုင္းသင္မယ့္ ကိစၥ လည္း သင္ခ်င္တဲ့သူ လာသင္ပါေစေတာ့ဗ်ာ"

ဆီဘေသာ္က သူ႔ေခါင္းမွ ဘိုေကေလးကို စမ္းၾကည့္လိုက္သည္။

"စမ္းမေနနဲ႔ ကိုယ့္လူ..က်ဳပ္က မၾကာခင္ မဂၤလာေဆာင္ေတာ့မွာ..မဂၤလာေဆာင္မွာ ေခါင္းေျပာင္ႀကီးနဲ႔ေတာ့ မေနခ်င္ဘူး..အသက္(၂၇)ႏွစ္အထိကတုံးနဲ႔ေနၿပီးၿပီ..ဘယ့္ႏွယ့္ အခုဘိုေကေလး စရခါမွ ဝံသာႏုဆိုၿပီး ကတုံး တုံးရမယ္ဆို တယ္မႏွိပ္ဘူးဗ်..လာ..လာ ေတာ္ေနၾကာ..ေနာက္ထပ္လူေတြ ထပ္ထြက္လာရင္ က်ဳပ္လည္း ၿဖဲမေျခာက္ႏိုင္ေတာ့ဘူး..ျပန္ၾကမယ္..ဟိုေကာင္ေလး..မင္းလည္း ေခါင္းတုံးမျဖစ္ခ်င္ ျမန္ျမန္သြားေတာ့"

လူငယ္လည္း လွစ္ခနဲ ေျပးထြက္သြား၏။

ဆီဘေသာ္ႏွင့္ ေမာင္ကေလးလည္း စက္ဘီးျဖင့္ လာရာလမ္းသို႔ ျပန္လည္ဦးတည္လိုက္ေတာ့သည္။

အိမ္ေတာ္ရာဘုရားဝန္းအတြင္းတြင္ကား လာသမွ်ဘိုေကကို ဝိုင္းခ်ဳပ္ဖမ္းကာ ကတုံးရိပ္ေပးျခင္းျဖင့္ ဆူညံေနေတာ့သည္။

ေဈးခ်ိဳႏွင့္ မႏၲေလးတစ္ရပ္လုံးမွ ဘိုေကမင္းသားအေတာ္မ်ားမ်ားမွာ အိမ္ေတာ္ရာထြက္ ဝံသာႏုကတုံးမ်ား ဘ၀ ေရာက္ရရွာေလသည္။

စိန္ဓါးေျမႇာင္ေမာင္ကေလး၊ ဆီဘေသာ္ႏွင့္ ကံေကာင္းသူလူငယ္တို႔သာ အိမ္ေတာ္ရာကတုံးအေရးေတာ္ပုံႀကီး မွ လြတ္ေျမာက္ခဲ့ေပသည္။

ခက္ေဇာ္

Comments

Post a Comment