The Guys From Mandalay,1950s
The Guys From Mandalay,1950s
အခန်း(၄)
………………………………………..
သိုင်းဆရာစိန်ဓါးမြှောင်။
ပွဲစားကိုမောင်ကလေး။
ရဟန်းဘဝမှ ထွက်လာပြီးနောက် ဘဝနှစ်မျိုးတွင် မောင်ကလေး ကျင်လည်ရသည်။
သိုင်းဆရာစိန်ဓါးမြှောင်တွင် တပည့်တပန်းများသည်။
ပွဲစားကိုမောင်ကလေးတွင် အသိမိတ်ဆွေများသည်။
စိန်ဓါးမြှောင်၏ သိုင်းသင်တန်းကလည်း မန္တလေးတင်မက စစ်ကိုင်း၊အမရပူရ၊ရွှေဘိုတို့မှ လူငယ်ထုများအထိ ကျော်ကြားလာ၏။
၁၉၃၉ ခုနှစ် မေလ၊ အဖိတ်နေ့တစ်ရက်တွင် စိန်ဓါးမြှောင် ၏ သိုင်းသင်တန်းပေးနေရာသို့ လူငယ်နှစ်ဦး ဝင်လာသည်။
ဗန်ဒို (၆၃)မောင်း လေ့ကျင့်နေကြသော လူငယ်များကို ထိုင်လျက်ငေးမောကြသည်။
သူတို့ကို စိန်ဓါးမြှောင်က မသိချင်ယောင်ဆောင်နေလိုက်သည်။
စိန်ဓါးမြှောင်၏ သိုင်းသင်တန်းပေးသည့် အဖိတ်နေ့တိုင်း သူတို့နှစ်ဦးရောက်လာကာ ငေးမောသည်။ ထို့နောက် သင်တန်းမဖြုတ်ခင်တွင် ပြန်သွားကြသည်။
လေးကြိမ်မြောက် ရောက်လာအပြီးတွင်တော့ သူတို့နှစ်ဦးထိုင်နေရာသို့ စိန်ဓါးမြှောင် က လမ်းလျှောက်သွားသည်။
သူတို့ဆီ တည့်တည့်လာနေသော စိန်ဓါးမြှောင်ကို ကြည့်ကာ သူတို့နှစ်ဦးသား ကြောင်နေကြသည်။
"မင်းတို့ ဘာလာလာလုပ်နေကြတာလဲ"
"ဆရာကြီး သိုင်းချတာတွေ လာကြည့်တာပါ"
"မင်းတို့အသက် ဘယ်လောက်ရှိပြီလဲ"
"၁၆ နှစ်လောက်တော့ ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့က ညီအစ်ကိုပါ။ မိဘမရှိတော့ မွေးသက္ကရာဇ် မသိပါဘူး"
"မင်းနာမည်က"
"ဘမောင်ပါ..ဆရာကြီး"
အသားညိုညို၊ ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်၊ အရပ် ၅ ပေ ၈ လက်မ၊ ဂျစ်တိဂျစ်ကန်ရုပ်ဖြင့် လူငယ်က ဆိုသည်။
"မင်းကရော"
"လှမောင် ပါ.."
ထိုလူငယ်က ပထမလူငယ်နှင့် ရုပ်ချင်းဆင်သော်လည်း အသားကအနည်းငယ်ပိုလတ်သည်။
"ဘမောင်နဲ့ လှမောင်..ညီအစ်ကိုသာ ပြောတယ် တစ်ကောင်က အဖြူ၊ တစ်ကောင်ကအမဲပဲ။ မင်းတို့ ဘယ်က လာကြတာလဲ"
"စစ်ကိုင်းဘက်ကပါ..ဆရာကြီး"
"သြော်..စစ်ကိုင်းကတောင် လာရတာလား"
လူငယ်နှစ်ဦးက ခေါင်းညိတ်ပြသည်။
"မင်းတို့ သိုင်းသင်ချင်တာလား"
"ကျွန်တော်တို့မှာ ရေစင်ဖိုးတောင်ပေးဖို့မရှိပါဘူး။ ကျွန်တော်တို့က မိဘမဲ့တွေပါ။ စစ်ကိုင်း ငှက်ဆိပ်မှာ လူခေါ်ပေးကြပါတယ်။ ဆရာကြီးဒီမန်းလေးဘက်မှာ သိုင်းသင်ပေးတဲ့သတင်းကြားတော့ အဖိတ်နေ့မနက်ဆို အစောကြီးငှက်လှေနဲ့လိုက်လာပြီး ဒီမှာလာကြည့် ပြီးရင် ပြန်ကြတာပါ"
"မင်းတို့ ဝါသနာကိုတော့ ငါကြိုက်သွားပြီ။ ဒါပေမယ့် ငါ့ပညာကို အလကားတော့ သင်ပေးလို့မရဘူး။ မင်းတို့ ငှက်ဆိပ်မှာ လူခေါ်ပေးတာ တစ်ရက်ဘယ်လောက်ရလဲ"
"တခါတလေတော့ နှစ်မူး၊သုံးမူး တစ်ခါတစ်လေတော့ ငါးမူးလောက် ရတတ်ပါတယ်..ဆရာကြီး"
"အေး..နောက်တပတ် အဖိတ်နေ့ကျ တစ်ယောက် တစ်ကျပ်ရအောင်ရှာလာခဲ့..ငါ့သင်တန်းကြေးက တစ်ဝိုင်းကို တစ်ဆယ်ယူတယ်ကွ။ မင်းတို့ကို တစ်ဝိုင်းတစ်ကျပ်နဲ့ သင်ပေးမယ်"
"ဟာ..ကျွန်တော်တို့ ရအောင်ရှာခဲ့ပါမယ်..ဆရာကြီး"
ညီအစ်ကိုနှစ်ယောက်၏ လေသံက တက်ကြွနေသည်။
……………………………………………………………………………………….
၁၉၃၉ အောက်တိုဘာလတွင် အာဏာလက်လွတ်သွားပြီဖြစ်သော ဒေါက်တာဘမော် သည် သခင်အောင်ဆန်း၊ သခင်မြ၊ သခင်နု၊ သခင်သန်းထွန်းတို့ တို့ဗမာအစည်းအရုံးဝင်များ၊ ဒေါက်တာသိန်းမောင်၊ မန္တလေးဦးဘရွှေ၊ ဦးစောဖေသာ၊ ဦးဘဦး တို့နှင့် ပူးပေါင်းကာ ဗမာထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းခဲ့သည်။
ဒေါက်တာဘမော် နှင့် ဗမာထွက်ရပ်ဂိုဏ်းမှ နိုင်ငံရေးသမားများသည် နိုင်ငံရေးအရ အရေးပါသော မန္တလေးသို့ တက်လာကြသည်။
နေရှင်နယ်ကျောင်းတွင် တရားပွဲများ ကျင်းပရာ လူများ တိုးမပေါက်အောင်စည်ကား၏။
ဒေါက်တာဘမော်၊သခင်နု၊ ဗန္ဓုလဦးစိန်၊ ဦးဘဦးတို့ ဟောပြောကြသည်။
မန္တလေး၏ လေးရပ်လေးပြင်တွင် နိုင်ငံရေးတရားပွဲများသာ ကြီးစိုးနေသည်။
ထိုအချိန်တွင် စိန်ဓါးမြှောင်မောင်ကလေးကတော နိုင်ငံရေးကို စိတ်မဝင်စား။
သူ၏ တိုးတက်လျက်ရှိသော ဆီပွဲစားလုပ်ငန်းနှင့် ဝင်ငွေဖြောင့်သော သိုင်းသင်တန်းတို့ဖြင့် စီးပွားရေးမှာလည်း သောင်သာလျက်ရှိ၏။
သိုင်းသင်သည့် တပည့်တပန်းများဖြင့် စိန်ဓါးမြှောင်၏ အိမ်မှာလည်း အမြဲမပြတ် စည်ကားလျက်ရှိနေတော့သည်။
တဖြည်းဖြည်းနှင့် မောင်ကလေး ဟူသော နာမည်ပျောက်ကာ စိန်ဓါးမြှောင်နာမည်သည် အတည်ဖြစ်လာသည်။
…………………….
၁၉၄၁ အောက်တိုဘာလ (၄)ရက်။ သီတင်းကျွတ်လပြည့်နေ့။ စနေနေ့။ ညနေမှောင်ရီပျိုးချိန်။
မောင်ကလေးနှင့် မမြကြည် သည် ယောက္ခမဖြစ်သူ ဦးသန်းကို သွားရောက်ကန်တော့ကြသည်။
ထို့နောက် မကြာမီကမှ ဝယ်ယူထားသော Velosolex ဘိုင်စကယ်ဖြင့် ရွှေတချောင်းမြောင်းဘောင်ရှိ စိန်ဓါးမြှောင်ခြံသို့ ပြန်လာခဲ့ကြသည်။
ဘိုင်စကယ်အားသော့ခတ်ပြီး အိမ်ပေါ်သို့ တက်လိုက်သောအခါ အိမ်ရှေ့ခန်းတွင် အိမ်နေတပည့် ခါလေး နှင့်အတူ လူနှစ်ဦး ထိုင်နေသည်ကိုတွေ့လိုက်ရသည်။
"ဆရာကြီး..ဒီမှာ ကိုဘမောင်တို့ ညီအစ်ကို ရောက်နေတယ်..ဆရာကြီးကို ကန်တော့ချင်လို့တဲ့"
မောင်ကလေး က လူနှစ်ဦးအားသေချာကြည့်လိုက်သည်။
"ဟာ..မင်းတို့ညီအစ်ကိုကွာ..ပျောက်သွားလိုက်တာ..ငါ့ဆီ တစ်ခါတစ်လေလေးတောင် ပြန်မလာကြတော့ဘူး….တော်တော်နေနိုင်တဲ့ကောင်တွေ"
"ဟုတ်ပါတယ်..ဆရာရယ်..ကျွန်တော်တို့ ညီအစ်ကို ဆရာ့ဆီက သိုင်းသင်ပြီးတာနဲ့ အထက်ဘက်ကို ရွှေတူးထွက်သွားကြတာ..အခု ဒီသီတင်းကျွတ်တော့ ဆရာစိန်ဓါးမြှောင်ကို မဖြစ်ဖြစ်အောင် သွားကန်တော့မယ် ဆိုပြီး လာခဲ့တာပဲ"
"မင်းတို့ အဆင်ပြေကြရဲ့မဟုတ်လား..ငါ့လူတွေ"
"ပြေပါတယ်..ဆရာ…ပြေလို့လည်း ဟော့ဒီမှာ ပစ္စည်းတွေနဲ့ လာကန်တော့တာပေါ့"
လှမောင် နှင့် ဘမောင် ညီအစ်ကိုက အောက်တွင် ကျုံ့ကျုံ့လေးထိုင်လိုက်သည်။
"မင်းတို့စားဖို့ အမ ထမင်းပွဲ၊ဟင်းပွဲ သွားပြင်လိုက်ဦးမယ်"
မမြကြည်က မနေတတ်သဖြင့် ထပြေးဖို့ ကြံသည်။
"နေပါဦး..ဆရာကတော်ရယ်..ဆရာကြီးရော..ဆရာကတော်ကို ပါ ကန်တော့ချင်တာပါ…ကျွန်တော်တို့ကို မဖြစ်စလောက်ငွေလေးနဲ့ သိုင်းပညာကုန်နီးပါးသင်ပေးခဲ့တဲ့ ဆရာကြီးကျေးဇူးရော..အိမ်မှာအမြဲ ကျွေးမွေးထားတဲ့ ဆရာကတော်ကျေးဇူးကပါ ကြီးလှပါတယ်"
မောင်ကလေးက မမြကြည်၏ လက်ကို ဆွဲကာ အသာပြန်ထိုင်ခိုင်းလိုက်သည်။
"ဒါက ဆရာကြီးအတွက် ရွှေဒင်္ဂါးတံဆိပ် လေးပင်လိမ်ဘန်ကောက်ပုဆိုးနဲ့ ယူနီကောင်းစီးကရက် တစ်ကာတွန်းပါ၊ ဒါက ဆရာကတော်အတွက်"
မမြကြည်က သူ့ထံ ကမ်းပေးသော ဘူးကလေးကို လှမ်းယူလိုက်သည်။
"ဘာတွေများလဲ မောင်ဘမောင်ရဲ့"
"ရွှေဒင်္ဂါးငါးပြားနဲ့ စိန်ရင်ထိုးလေးတစ်ခုပါ"
မောင်ကလေးရော၊ မမြကြည်တို့ပါ အံသြသွားကြသည်။
"ဟာ..ဟေ့ကောင်တွေ..မင်းတို့ဟာက ဟုတ်ရဲ့လားကွ..ဒီလောက်တန်ဖိုးကြီးတာတွေ"
"ဟုတ်ပါတယ်..ဆရာရယ်..ကျွန်တော်တို့ ညီအစ်ကို ရွှေတူးပြီးရတဲ့ငွေကို စုပြီး ဝယ်ပေးတာပါ..ဆရာနဲ့ ဆရာကတော်ရဲ့ ကျေးဇူးထက်စာရင် ဒါက ဘာမှ မဟုတ်သေးပါဘူး..ကျွန်တော်တို့မှာ တတ်နိုင်တဲ့အချိန်လေး ဝယ်ပေးရတာ..လက်ခံပါ..ဆရာရယ်နော်"
"ဒီလောက် တန်ဖိုးများတာတွေကတော့ကွာ"
"ယူထားပါ..ဆရာရယ်..ခုန ခါလေးက ပြောတယ်..ဆရာကတော်မှာလည်း မပေါ့မပါးက နှစ်လရှိပြီဆို..ဘာပဲဖြစ်ဖြစ် ကလေးမွေးတဲ့အခါ ရွှေလေးဘာလေး ခမည်းလုပ်ပေးလို့ရတာပေါ့"
ဘမောင်က တောင်းတောင်းပန်ပန်ဖြင့်ပြောသဖြင့် မောင်ကလေးတို့ လင်မယား ဘာမှ ထပ်မပြောတော့။
ထိုနေ့ညက ဆရာတပည့်များသိုက်သိုက်ဝန်းဝန်းဖြင့် ထမင်းစားကြသည်။
နောက်တစ်နေ့မိုးလင်းမှ ဘမောင်၊ လှမောင် ညီအကိုတို့ စစ်ကိုင်းကူတို့ဆိပ်သို့ ဆင်းသွားကြသည်။
…………………………………………………………………………………………
၁၉၄၁ ဒီဇင်ဘာလ ၁၅ ရက်။
ချမ်းအေးပါသည်ဆိုသည့်အပြင် အချိန်က ညကိုးနာရီမို့ လူသူအသွားအလာရှင်းလင်းနေ၏။
တချက်တချက် ပြည်ကြီးပျော်ဘွယ်အရပ်ဆီမှ အငြိမ့်ပွဲအသံကို ကြားနေရသည်။
"ကြည်လင်သောမျက်လုံးလေးက…. တစ်ဖက်လူ…အသက်ရှုမှားအောင် ပြုံးလို့တဲ့မြှူ….မူယာယဉ်ကျေး..မျက်နှာလေး..ဝေးကမြင်..မောင့်စိတ်ဘဝင်လှိုက်ဆူ..ဘုံကြိုးပြတ်မိုးနတ်တူ..မြင်ရသူ ရှုမဝ..လှမဉ္ဇူ.."
မောင်ကလေးတို့အိမ် ထဲရှိ ခွေးတံဆိပ်ဓာတ်ပြားစက် အသစ်စက်စက်မှ သုခ၏ လှမဉ္ဇူ သီချင်းသံက ပျံ့လွင့်နေသည်။
နာမည်ကျော် မြို့မငြိမ်း၏အနုပညာလက်ရာမို့ စာသားများက အိစက်နေတော့သည်။
ထိုအချိန်တွင် ခြံရှေ့မှ လူသံများကြားလိုက်ရ၏။
"စိန်ဓါးမြှောင်..စိန်ဓါးမြှောင်"
မောင်ကလေး က ဓာတ်ပြားစက်ကို ပိတ်လိုက်သည်။
"ဟေ့..ခါလေး..ခြံရှေ့မှာ ဘယ်သူတွေလဲမသိဘူး..သွားကြည့်စမ်း"
ခါလေး က မီးအိမ်ကို ထွန်းကာ အိမ်ရှေ့သို့ ထွက်ကြည့်သည်။
"ဟေ့..ဒါ စိန်ဓါးမြှောင် အိမ်မဟုတ်လား"
"ဟုတ်ပါတယ်..ဘယ်သူတွေများလဲ"
ခါလေးက မီးအိမ်ကို မြှင့်ကာ ကြည့်လိုက်၏။
လက်နက်ကိုယ်စီဖြင့် ပုလိပ်များ။ သူတို့နောက်တွင် အသက်ကြီးကြီး အမျိုးသားနှင့် အမျိုးသမီးတစ်ဦး။
"ဟေ့..ခုချက်ချင်း တံခါးဖွင့်စမ်း…ခုခံမယ်..မကြံနဲ့နော်"
ရိုင်ဖယ်သေနတ်များဖြင့် ထိုးချိန်ထားသဖြင့် ခါလေးက တံခါးဖွင့်ပေးလိုက်သည်။
တံခါးဖွင့်ဖွင့်ခြင်းပင် ပုလိပ်သားနှစ်ဦးက ခါလေးကို ဖမ်းချုပ်လိုက်ကြသည်။
"ဟိတ်ကောင်..အထဲမှာ မင်းဆရာ စိန်ဓါးမြှောင်ရှိလား"
ထိုအချိန်တွင် ခြံထဲမှ အသံများ ကြားသဖြင့် မောင်ကလေး ထလာသည်။
"ဘာဖြစ်ကြတာလဲဗျ..ကျွန်တော် စိန်ဓါးမြှောင်ပါပဲ"
ပုလိပ်အရာရှိက သေနတ်ဖြင့် ထိုးချိန်လိုက်သည်။
"လက်မြှောက်ပြီး အောက်ဆင်းခဲ့စမ်း..အိမ်ပေါ်မှာ ဘယ်သူရှိသေးလဲ..အကုန်ဆင်းခဲ့"
မောင်ကလေးဆင်းလာသည်။ နောက်မှ မမြကြည်ပါ ပါလာသည်။
"သူတို့ကို ကြိုးတုတ်လိုက်စမ်း.."
မောင်ကလေးက နောက်သို့ တလှမ်းဆုတ်နင်းလိုက်သည်။
"ဟေ့..စိန်ဓါးမြှောင် ခုခံမယ်မကြံနဲ့..မင်းကို ဓါးပြမှုနဲ့ဖမ်းဖို့လာတာ..ဝရမ်းလည်းပါတယ်..ပစ်မိန့်ပါရထားတာနော်..အေးအေးဆေးဆေးနေ..လင်မယားနှစ်ယောက်လောင်း နှစ်လောင်းပြိုင်သွားမယ်"
"ကျုပ်တို့ကို ဘာကိစ္စ ဖမ်းတာလဲဗျ"
"မင်းနဲ့ မင်းတပည့် ဘမောင်၊ လှမောင်ညီအစ်ကို စစ်ကိုင်းက သူဌေးဦးကြင် အိမ်ကို ဓါးပြတိုက်တဲ့အမှုပေါ့ကွ"
"ဟာ..ဘာတွေလဲ..ကျုပ် ဘာမှ မလုပ်ဘူးဗျ"
ထိုအချိန်တွင် ပုလိပ်သားနှစ်ဦးက မမြကြည်ကို ဖမ်းကာ ကြိုးတုတ်လိုက်ကြသည်။ မောင်ကလေးက ရှေ့တိုးရန်ပြင်လိုက်စဉ် ရိုင်ဖယ်သေနတ်နှစ်လက်က သူ့ရင်ဝကို စီးထောက်ထားခြင်းခံလိုက်ရ၏။
ထို့နောက် မောင်ကလေးကိုပါ လက်ပြန်ကြိုးတုတ်လိုက်ကြသည်။
"ကဲ..အိမ်ပေါ်တက်ရှာမယ်.သူတို့ပါ အိမ်ပေါ်ခေါ်ခဲ့ကွာ"
ပုလိပ်အရာရှိက အမိန့်ပေးပြီး အိမ်ပေါ် တက်လိုက်သည်။
ကြမ်းပြင်တွင် မောင်ကလေး၊ မမြကြည်နှင့် ခါလေး တို့ကို ကြိုးတုတ်လျက် ထိုင်ခိုင်းထား၏။
မီးအလင်းရောင်အောက်တွင် ရောက်သည့်အခါမှ ပုလိပ်အရာရှိက မောင်ကလေး၏ မျက်နှာကို သေချာကြည့်နေသည်။
ထို့နောက် မမြကြည်ကို ကြည့်သည်။
"သြော်…ဘယ်သူတွေများလဲလို့..စိန်ဓါးမြှောင်ဆိုတာ မင်းကိုကွ…ဟေ့..ဒီမယ်..မင်းငါ့ကို မှတ်မိလား..ကြည့်စမ်း"
ပုလိပ်အရာရှိက မောင်ကလေး၏ မေးကို နံပါတ်တုတ်ဖြင့် ထောက်က လှန်ရင်း မေးလိုက်သည်။
မောင်ကလေးက ပုလိပ်အရာရှိကို သေချာကြည့်နေသည်။
"ဟေ့..လမ်း(၈၀)မှာတုန်းက မင်းငါ့ကို နွှာသွားတဲ့ ရာဇဝတ်အုပ်လူဒုတ်ဆိုတာ ငါပဲ.ဒီမှာကြည့်စမ်း..ငါ့လက် မင်းကြောင့်ကျိုးသွားတာ…ခွင့်သုံးလလောက်ယူလိုက်ရတယ်ကွ..သိလား..ခွေးမသားဓါးပြ.."
ဦးလူဒုတ်က အံကိုကြိတ်ပြီး ဆဲရေးလိုက်သည်။
"ဒီမယ်..မင်းတပည့်နှစ်ကောင်တော့ ငါတို့ ဖမ်းမိထားပြီ..ပစ္စည်းတွေမင်းဆီအပ်ထားတယ်ဆိုတာလည်း သတင်းရထားပြီးပြီ..တွေ့လို့ကတော့ မင်းသေဖို့သာပြင်ထား..ဟေ့..တစ်အိမ်လုံး ရှာကြစမ်း"
ပုလိပ်များက တစ်အိမ်လုံးကို မွှေနှောက်ရှာဖွေကြသည်။
ဆာဂျင်အဆင့်ပုလိပ်တစ်ဦးက အိပ်ခန်းခေါင်းရင်းဘီဒိုထဲရှိ ယွန်းသေတ္တာတစ်လုံးကို ယူလာသည်။
ထို့နောက် မောင်ကလေးတို့ရှေ့တွင် ဖွင့်လိုက်သည်။
ထိုအထဲတွင် မမြကြည်စုဆောင်းထားသော ရွှေထည်ပစ္စည်းနှင့် ငွေများ။
ထိုအထဲမှ ဗူးကလေးနှင့်ထည့်ထားသော ကဒေါင်းပုံစိန်ရင်ထိုးကလေးနှင့် ရွှေဒင်္ဂါးငါးပြားကို တွေ့သည်နှင့် သူဌေးဦးကြင်၏ ကတော်ကြီးထံမှ အသံထွက်လာသည်။
"ဒါ ဒေါ်ဒေါ့်ပစ္စည်း…ဒေါ်ဒေါ့်ပစ္စည်းပါ..ရာဇဝတ်အုပ်မင်း..ဓါးပြတွေလက်ထဲပါသွားတဲ့ စာရင်းမှာလည်းပါပါတယ်"
သူဌေးဦးကြင်က ရွှေဒင်္ဂါးပြားများကို ယူကြည့်လိုက်ပြီး
"ဒါ ဦးတို့ ဓါးပြတိုက်ခံလိုက်ရတဲ့ ရွှေဒင်္ဂါးတွေပဲ..မောင်လူဒုတ်"
"မဟုတ်ဘူး..အဲ့ဒါ ကျွန်တော်တို့ ဘာမှ မသိဘူး..ကျွန်တော်တပည့်တွေ လာကန်တော့ထားတာ"
"မင်းမေလိုးကို လာကန်တော့တာလား…ဓါးပြတိုက်လာတာတွေကွ..ဓါးပြတွေဆရာ မင်းလည်း ဓါးပြပဲ..ခွေးသူခိုး"
ဦးလူဒုတ်က ပြောပြောဆိုဆိုဖြင့် စိန်ဓါးမြှောင်၏ မျက်နှာကို စစ်ဖိနပ်ဖြင့် ဖြတ်ကန်လိုက်သည်။
မောင်ကလေးက ခေါင်းကို ငုံ့ရှောင်လိုက်သဖြင့် ဘေးတွင် ထိုင်နေသော မမြကြည်၏ နားထင်ကို ဖြောင်းခနဲ မြည်အောင်ထိပြီး မမြကြည် မှ ထိုင်နေရာမှ လဲကျသွား၏။
"မြကြည်..မြကြည်"
မောင်ကလေး ပြာယာခတ်သွားသည်။ သို့သော် လက်နှစ်ဖက်ကြိုးတုတ်ခံထားရသဖြင့် ကုန်းထရန် ကြိုးစားသည်။
ပုလိပ်များက သေနတ်ဒင်များဖြင့် မောင်ကလေး၏ ကျောကုန်းနှင့် နောက်စေ့များကို ထုနှက်လိုက်သဖြင့် ပြန်လဲကျသွား၏။
"နောက်ဖေး က ဓါးသုံးချောင်းနဲ့၊ လှံရှည်နှစ်ချောင်းပါ တွေ့တယ်..အိုင်ပီ"
"အေး..အဲ့ဒါတွေပါ သိမ်းလာခဲ့"
"အဲ့ဒါ..ဆရာကြီး သိုင်းသင်ပေးရင် သုံးတဲ့ လက်နက်တွေပါဗျာ"
"ဟာ..ဒီခွေးသားစကားတယ်များတာပဲ"
ပုလိပ်တစ်ယောက်ကက ခါလေး ၏ ကျောကုန်းကို စောင့်ကန်လိုက်ရာ ခါလေးမှာ ရှေ့သို့ လဲကျသွား၏။
"အိမ်မှာ ရှိသမျှ ရွှေငွေအကုန်သိမ်းခဲ့ကွာ…အဲ့ဒါတွေလည်း ဒီကောင် ဓါးပြတိုက်ရာပါတွေပဲနေမယ်"
ပုလိပ်များက မမြကြည်စုဆောင်းထားသော ရွှေငွေများကို ပါ သိမ်းဆည်းလိုက်သည်။
မမြကြည်ကား ခေါင်းကို စစ်ဖိနပ်ဖြင့် အကန်ခံထားရသဖြင့် ကြမ်းပြင်တွင် ညည်းညူနေ၏။
မောင်ကလေး ၏ ကိုယ်ပေါ်တွင် ပုလိပ်သားနှစ်ယောက်က သေနတ်ဖြင့်ထောက်ကာ ခြေထောက်များဖြင့် ဖိထားကြသည်။
"ဟိတ်ကောင်..စိန်ဓါးမြှောင် မှန်မှန်ပြောစမ်း…မင်း ဓါးပြဗိုလ်မဟုတ်လား..ဘမောင်နဲ့လှမောင် ကို မင်းဦးဆောင်ပြီး တိုက်တာ..မှန်မှန်မဖြေရင် မင်းမယားရော၊ ဟော့ဒီက ကောင်လေးကိုပါ ငါထောင်ထဲ ထည့်ပစ်မယ်"
"မလုပ်နဲ့…မလုပ်ပါနဲ့ဗျာ.မြကြည်မှာ ကိုယ်ဝန်ကြီးနဲ့..မလုပ်ပါနဲ့"
ဦးလူဒုတ်က မြကြည်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။
"အေး..အဲ့ဒါဆို ဖြေလေ"
"ဟုတ်တယ်..ကျွန်တော်ဓါးပြပါဗျာ။ ဓါးပြ။ သူတို့နဲ့ မဆိုင်ဘူး။သူတို့ကို ချမ်းသာပေးပါ"
"အေး..အဲ့လိုမှပေါ့..ကဲ..ကောင်မလေးနဲ့ ဟိုကောင်ကို ကြိုးဖြည်ပေးလိုက်ကွာ"
ပုလိပ်သားနှစ်ဦးက မြကြည်နှင့် ခါလေးကို ကြိုးဖြည်ပေးလိုက်သည်။
မြကြည်ကို ကြိုးဖြည်နေချိန်တွင် ဦးလူဒုတ်က မြကြည်နားကပ်သွားသည်။
ထို့နောက် မြကြည်နားရွက်ကို ကိုင်ကြည့်လိုက်သည်။
"ဒေါ်ဒေါ် ဒါ ဒေါ်ဒေါ့်နားကပ်မဟုတ်လားဗျ"
ဦးကြင်ကတော် အဘွားကြီးက ကြောင်တောင်တောင်ဖြစ်နေသည်။
"မဟုတ်ရပါဘူးရှင်..ဒါ ကျွန်မယောင်္ကျား ကိုမောင်ကလေး ကျွန်မကို တင်တောင်းထားတဲ့ မင်္ဂလာဦးနားကပ်ကလေးပါ"
"အောင်မယ် လာလာချည်သေး…ဓါးပြကို လင်လုပ်မှတော့ ဓါးပြတိုက်ထားတဲ့ ဟာပဲရမှာပေါ့"
"မဟုတ်ပါဘူး..ဒီနားကပ်လေးကို ကျွန်မတို့နှစ်ယောက်အတူ ဈေးချိုမှာ သွားလုပ်ထားတာပါ..ဘုရားစူးပါစေရဲ့ရှင်"
"ဟုတ်တယ်..အဲ့ဒါက ဒေါ်ဒေါ့်နားကပ်"
သူဌေးကတော်ကြီးထံမှ ထွက်လာသောအသံ။
မောင်ကလေးက ခေါင်းမော့လာပြီး အဘွားကြီးကို စိုက်ကြည့်လိုက်သည်။ အဘွားကြီးက မျက်နှာလွှဲသွားလိုက်၏။
"ကလိန်မ..တွေ့လား..အဲ့ဒါဒေါ်ဒေါ့်နားကပ်တဲ့..အခု ဖြုတ်ပေးစမ်း"
ဦးလူဒုတ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သဖြင့် မြကြည်မှာ မျက်ရည်များပင် ဝိုင်းလာသည်။
မောင်ကလေးကို လှမ်းကြည့်သည်။
မောင်ကလေးက မြကြည်အဖြစ်ကို မကြည့်ရက်သဖြင့် အံကိုကြိတ်ကာ မျက်နှာလွှဲထား၏။
မြကြည်လက်ထဲမှ မင်္ဂလာဦးနားကပ်ကလေး က ဦးလူဒုတ်၏ လက်ထဲ ရောက်လာတော့သည်။
"ကဲ..ပစ္စည်းတွေ ရှာဖွေပုံစံနဲ့ သေချာသိမ်းနော်..ပြီးရင် ဒီကောင့်ကို ဌာနကို ခေါ်ဖို့..ငှက်ဆိပ်သွားဖို့လုပ်ကြမယ်ဟေ့"
ပုလိပ်သားများက ကြိုးအထပ်ထပ်တုတ်ထားသော မောင်ကလေးကို ဆွဲထူလိုက်သည်။
"ခါလေး..မင်းအမကို သူ့အဖေအိမ်ပို့ထားပေးလိုက်..မနက်လင်းတာနဲ့ မင်း ကိုဘသော်ဆီသွား အကျိုးအကြောင်း ပြောပြီး စစ်ကိုင်းဂါတ်ကို လိုက်လာကွာ"
မောင်ကလေးက ခါလေးကို မှာပြီး ပုလိပ်များ ခေါ်ရာနောက် လိုက်သွားတော့သည်။
လူအုပ်ကြီးထွက်သွားပြီးနောက် ရှုပ်ပွပျက်စီးကျန်ရစ်သော အိမ်ကလေးထဲ တိတ်ဆိတ်ကျန်ရစ်သည်။
အသက် (၁၄)နှစ်သာရှိသေးသော ခါလေးက မမြကြည်ကို တွဲထူလိုက်သည်။
………………………………………………………………………….
စစ်ကိုင်းမြို့မဂါတ်တဲ ရှိ အချုပ်ခန်းတွင်းမှ အချုပ်သားများ အံသြနေကြသည်။
လွန်ခဲ့သော သုံးရက်က အထဲဝင်သည့် ဘေမာင်၊ လှေမာင်ညီအစ်ကိုက ယနေ့ညမှ အချုပ်ထဲဝင်လာသည့် ဘန်ကောက်ပုဆိုးဝတ်ပုဂ္ဂိုလ်ကြီးကို ကုန်းကန်တော့နေကြသဖြင့် ဖြစ်သည်။
ဘေမာင်၊လှမောင် ညီအစ်ကိုသည် ရောက်ခါစ ညတွင်ပင် အနိုင်ကျင့်နေသော အချုပ်တန်းစီးကို သွားနှစ်ချောင်း ကျွတ်သည်အထိ ပညာပေးခဲ့သူများဖြစ်သည်။
သူတို့နှစ်ယောက်ကို အချုပ်ခန်းအတွင်းရှိနေသော လူဆယ်ယောက်လုံး ကြောက်နေကြချိန်။
နောက်ဝင်လာသော အရပ်ခပ်ပြတ်ပြတ်၊ အသားညိုညို ၊ ဥပဓိရုပ်ကောင်းကောင်း ပုဂ္ဂိုလ်ကို ဆိုင်းမဆင့်ဗုံမဆင့်် ဖင်ဗူးတောင်းထောင် ကန်တော့နေ၏။
"ဆရာကြီးရယ်…ကျွန်တော်တို့ကို ခွင့်လွှတ်ပါ…ဆင်းကလည်းဆင်းရဲ ချမ်းကလည်း ချမ်းသာချင်နဲ့ ကြံမိကြံရာ ကြံကြတာပါ..ဒီကောင်လှေမာင်ကို မိန်းမတောင်းပေးဖို့လည်းပါပါတယ်…ပိုလျှံနေတာလေးနဲ့ ဆရာကြီးကိုလည်း ကျေးဇူးဆပ်ချင်လို့ အခုလိုဖြစ်သွားတာပါ"
စိန်ဓါးမြှောင်က သူ့ရှေ့တွင် လက်အုပ်ချီနေသော ညီအစ်ကိုနှစ်ယောက်ကို ခေါင်းတညိမ့်ညိမ့်ဖြင့်သာ ကြည့်နေသည်။
ဘာစကားတစ်ခွန်းမှမပြော။
ထိုသို့ဖြင့် တည ကုန်လွန်သွားခဲ့သည်။
………………………………………..
နောက်တစ်နေ့ နံနက်။
စစ်ကိုင်းမြို့မဂါတ်အချုပ်သို့ ဆီဘသော်ရောက်လာသည်။ နောက်ထပ် စိန်ဓါးမြှောင်၏ တပည့်ဖြစ်သော မောင်ဘို လည်း ပါလာသည်။
"ကိုဘသော်…ခါလေး မပါလာဘူးလား"
ဆီဘသော် မျက်နှာက မကောင်း။
"ငါ မင်းစားဖို့သောက်ဖို့ စာသင်ကြီးဆီမှာ ငွေအပ်ခဲ့ပေးမယ်ကွာ..မင်းရစရာရှိတဲ့ ကုန်ဖိုးတွေထဲကပေါ့"
"အဲ့ဒါအရေးမကြီးဘူး..ကိုဘသော်..ခင်ဗျား မျက်နှာလဲ မကောင်းပါလား…ခါလေး ဘယ်မှာလဲလို့..မြကြည်ရော မြကြည်အခြေအနေ"
ဘသော်နှင့် မောင်ဘို တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
"ကျုပ်သိတယ်နော်..မြကြည် တစ်ခုခုဖြစ်နေတယ်..ဟိုကောင် ခါလေး ဘာလုပ်လိုက်လဲပြော..ပြောစမ်းပါဗျာ"
"ခါလေး က ဘာမှ မလုပ်ပါဘူး..ညက မင်းကို ပုလိပ်တွေဖမ်းသွားပြီး..ခါလေးက မြကြည်ကို စက်ဘီးနဲ့ သူ့အဖေအိမ်လိုက်ပို့တယ်ကွ..လမ်းမှာ မြကြည် သွေးတွေဆင်းပြီး ကိုယ်ဝန်ပျက်ကျတယ်..အခု ဆေးရုံကြီးမှာ.. ခါလေးနဲ့ မင်းယောက္ခမကြီးက လိုအပ်တာတွေ ဝယ်ဖို့စောင့်ပေးနေတယ်ကွ"
စိန်ဓါးမြှောင် ငြိမ်ကျသွားသည်။
"မြကြည် ဆေးရုံကြီး ဘယ်အဆောင်မှာလဲ"
"တစ်နေ့ နှစ်ကျပ်တန်းမှာ ထားထားတယ်"
"ကိုဘသော်..မြကြည်ကို အင်္ဂလိပ်တွေတက်တဲ့ ကိုးကျပ်တန်းမှာ ထားပေးပါ။ ငွေလိုတယ်ဆိုရင်လည်း ကျုပ် ပြန်ထွက်လာရင် ရှင်းပေးမယ်..ကျုပ်ကတိပေးပါတယ်"
"ခင်ဗျားသဘောအတိုင်းဖြစ်စေပါ့မယ်..ကိုမောင်ကလေး"
"ကဲ..ခင်ဗျားတို့ ပြန်တော့..မြကြည်ကို ပြောလိုက်ပါ..ကျုပ်လာခဲ့မယ်လို့"
ထိုသို့ တခွန်းပြောပြီးနောက်..ဝတ်ထားသော အင်္ကျီကို ချွတ်လိုက်သည်။
ခန္ဓာကိုယ်အနှံ့အပြားထိုးထားသည့် ဆေးနီများ အင်းကွက်များ ပေါ်လာ၏။
ထို့နောက် ပုဆိုးကို ခါးတောင်းကျိုက်လိုက်သည်။
ပေါင်တွင် ထိုးကွင်းမှင်ကြောင်များအပြည့်။ ခြေသလုံးနှစ်ဖက်တွင်လည်း ဓါးမြှောင်နှစ်လက်ပုံကို စမ များဖြင့် ထိုးထားသည်။
စိန်ဓါးမြှောင်ရင်ဘတ်နှင့် ပေါင်မှ ဆေးများကို အားလုံးက အာရုံစိုက်နေကြသည်။
ထို့နောက် စိန်ဓါးမြှောင်က အချုပ်ခန်းထောင့်တွင် ထိုင်ကာ သူတို့စကားဝိုင်းကို ငေးနေသော လှမောင် ၏ မျက်နှာကို ပြေးကန်ထည့်လိုက်တော့သည်။
"ဖြောင်း" ခနဲ အသံနှင့်အတူ လှမောင် မှာ လည်ထွက်သွားပြီး နံရံဘေးတွင် ခွေခွေလေး လဲကျသွား၏။
"ဟေ့..တုတ်ပြီး..ဓါးပြီး…သေနတ်ပြီးတဲ့.စိန်ဓါးမြှောင်ကွ..သတ္တိရှိတဲ့ကောင်..လာယှဉ်လှည့်..ဟေ့ကောင် ဘမောင်နဲ့ လှမောင် မင်းတို့ ငါ့အစွမ်းကို သိတယ်နော်"
စိန်ဓါးမြှောင်က လက်ခမောင်းခတ်ပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
ရုတ်တရက်မို့ ဆီဘသော်တို့ရော..အချုပ်ခန်းအပြင်တွင်ရှိနေသော ပုလိပ်များပါ ကြောင်သွားကြသည်။
ထို့နောက် အခန်းထောင့်တွင် ရှုတည်တည်ဖြင့် သွားထိုင်နေလိုက်သည်။
ဘမောင်က သူ့ညီကို သွားမထူပဲ..စိန်ဓါးမြှောင်၏ ရှေ့တွင် ကြုံ့ကြုံ့လေးထိုင်ကာ လက်အုပ်ချီထား၏။
လှမောင်ကလည်း ထလာပြီး စိန်ဓါးမြှောင်ရှေ့တွင်ထိုင်ကာ ခေါင်းကလေးငုံ့ထားလိုက်သည်။
ပုလိပ်များမှာ ဘာမှ ဝင်မပြောဘဲ စိန်ဓါးမြှောင်နှင့်သူ့တပည့်နှစ်ဦးကိုသာ အံသြတကြီး ငေးကြည့်နေကြသည်။
ထိုသို့ငေးကြည့်နေသည့်ထဲတွင် ရာဇဝတ်အုပ် ဦးလူဒုတ်လည်း ပါသည်။
"ကိုဘသော်တို့ ပြန်တော့…နောက်ရက်လည်း ထပ်မလာနဲ့တော့..မြကြည်ကိုပဲ လိုအပ်တာလုပ်ပေးလိုက်ပါ"
"ဟုတ်..ဟုတ်ကဲ့"
ဆီဘသော်နှင့် မောင်ဘိုတို့ ပြန်သွားကြသည်။
စိန်ဓါးမြှောင်က သူ့အနားတွင် ထိုင်နေသာ ဘမောင်နှင့် လှမောင်ကို ခပ်တိုးတိုး ပြောလိုက်၏။
"ငါ ဒီကနေ မရရအောင် ပြေးမယ်..မင်းတို့ လိုက်ကြမလား"
ခက်ဇော်
အခန်း (၅) နောက်တပတ်
(zawgyi)
The Guys From Mandalay,1950s
အခန္း(၄)
………………………………………..
သိုင္းဆရာစိန္ဓါးေျမႇာင္။
ပြဲစားကိုေမာင္ကေလး။
ရဟန္းဘဝမွ ထြက္လာၿပီးေနာက္ ဘဝႏွစ္မ်ိဳးတြင္ ေမာင္ကေလး က်င္လည္ရသည္။
သိုင္းဆရာစိန္ဓါးေျမႇာင္တြင္ တပည့္တပန္းမ်ားသည္။
ပြဲစားကိုေမာင္ကေလးတြင္ အသိမိတ္ေဆြမ်ားသည္။
စိန္ဓါးေျမႇာင္၏ သိုင္းသင္တန္းကလည္း မႏၲေလးတင္မက စစ္ကိုင္း၊အမရပူရ၊ေ႐ႊဘိုတို႔မွ လူငယ္ထုမ်ားအထိ ေက်ာ္ၾကားလာ၏။
၁၉၃၉ ခုႏွစ္ ေမလ၊ အဖိတ္ေန႔တစ္ရက္တြင္ စိန္ဓါးေျမႇာင္ ၏ သိုင္းသင္တန္းေပးေနရာသို႔ လူငယ္ႏွစ္ဦး ဝင္လာသည္။
ဗန္ဒို (၆၃)ေမာင္း ေလ့က်င့္ေနၾကေသာ လူငယ္မ်ားကို ထိုင္လ်က္ေငးေမာၾကသည္။
သူတို႔ကို စိန္ဓါးေျမႇာင္က မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
စိန္ဓါးေျမႇာင္၏ သိုင္းသင္တန္းေပးသည့္ အဖိတ္ေန႔တိုင္း သူတို႔ႏွစ္ဦးေရာက္လာကာ ေငးေမာသည္။ ထို႔ေနာက္ သင္တန္းမျဖဳတ္ခင္တြင္ ျပန္သြားၾကသည္။
ေလးႀကိမ္ေျမာက္ ေရာက္လာအၿပီးတြင္ေတာ့ သူတို႔ႏွစ္ဦးထိုင္ေနရာသို႔ စိန္ဓါးေျမႇာင္ က လမ္းေလွ်ာက္သြားသည္။
သူတို႔ဆီ တည့္တည့္လာေနေသာ စိန္ဓါးေျမႇာင္ကို ၾကည့္ကာ သူတို႔ႏွစ္ဦးသား ေၾကာင္ေနၾကသည္။
"မင္းတို႔ ဘာလာလာလုပ္ေနၾကတာလဲ"
"ဆရာႀကီး သိုင္းခ်တာေတြ လာၾကည့္တာပါ"
"မင္းတို႔အသက္ ဘယ္ေလာက္ရွိၿပီလဲ"
"၁၆ ႏွစ္ေလာက္ေတာ့ ရွိမယ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔က ညီအစ္ကိုပါ။ မိဘမရွိေတာ့ ေမြးသကၠရာဇ္ မသိပါဘူး"
"မင္းနာမည္က"
"ဘေမာင္ပါ..ဆရာႀကီး"
အသားညိဳညိဳ၊ ခႏၶာကိုယ္တုတ္တုတ္ခိုင္ခိုင္၊ အရပ္ ၅ ေပ ၈ လက္မ၊ ဂ်စ္တိဂ်စ္ကန္႐ုပ္ျဖင့္ လူငယ္က ဆိုသည္။
"မင္းကေရာ"
"လွေမာင္ ပါ.."
ထိုလူငယ္က ပထမလူငယ္ႏွင့္ ႐ုပ္ခ်င္းဆင္ေသာ္လည္း အသားကအနည္းငယ္ပိုလတ္သည္။
"ဘေမာင္နဲ႔ လွေမာင္..ညီအစ္ကိုသာ ေျပာတယ္ တစ္ေကာင္က အျဖဴ၊ တစ္ေကာင္ကအမဲပဲ။ မင္းတို႔ ဘယ္က လာၾကတာလဲ"
"စစ္ကိုင္းဘက္ကပါ..ဆရာႀကီး"
"ေၾသာ္..စစ္ကိုင္းကေတာင္ လာရတာလား"
လူငယ္ႏွစ္ဦးက ေခါင္းညိတ္ျပသည္။
"မင္းတို႔ သိုင္းသင္ခ်င္တာလား"
"ကြၽန္ေတာ္တို႔မွာ ေရစင္ဖိုးေတာင္ေပးဖို႔မရွိပါဘူး။ ကြၽန္ေတာ္တို႔က မိဘမဲ့ေတြပါ။ စစ္ကိုင္း ငွက္ဆိပ္မွာ လူေခၚေပးၾကပါတယ္။ ဆရာႀကီးဒီမန္းေလးဘက္မွာ သိုင္းသင္ေပးတဲ့သတင္းၾကားေတာ့ အဖိတ္ေန႔မနက္ဆို အေစာႀကီးငွက္ေလွနဲ႔လိုက္လာၿပီး ဒီမွာလာၾကည့္ ၿပီးရင္ ျပန္ၾကတာပါ"
"မင္းတို႔ ဝါသနာကိုေတာ့ ငါႀကိဳက္သြားၿပီ။ ဒါေပမယ့္ ငါ့ပညာကို အလကားေတာ့ သင္ေပးလို႔မရဘူး။ မင္းတို႔ ငွက္ဆိပ္မွာ လူေခၚေပးတာ တစ္ရက္ဘယ္ေလာက္ရလဲ"
"တခါတေလေတာ့ ႏွစ္မူး၊သုံးမူး တစ္ခါတစ္ေလေတာ့ ငါးမူးေလာက္ ရတတ္ပါတယ္..ဆရာႀကီး"
"ေအး..ေနာက္တပတ္ အဖိတ္ေန႔က် တစ္ေယာက္ တစ္က်ပ္ရေအာင္ရွာလာခဲ့..ငါ့သင္တန္းေၾကးက တစ္ဝိုင္းကို တစ္ဆယ္ယူတယ္ကြ။ မင္းတို႔ကို တစ္ဝိုင္းတစ္က်ပ္နဲ႔ သင္ေပးမယ္"
"ဟာ..ကြၽန္ေတာ္တို႔ ရေအာင္ရွာခဲ့ပါမယ္..ဆရာႀကီး"
ညီအစ္ကိုႏွစ္ေယာက္၏ ေလသံက တက္ႂကြေနသည္။
……………………………………………………………………………………….
၁၉၃၉ ေအာက္တိုဘာလတြင္ အာဏာလက္လြတ္သြားၿပီျဖစ္ေသာ ေဒါက္တာဘေမာ္ သည္ သခင္ေအာင္ဆန္း၊ သခင္ျမ၊ သခင္ႏု၊ သခင္သန္းထြန္းတို႔ တို႔ဗမာအစည္းအ႐ုံးဝင္မ်ား၊ ေဒါက္တာသိန္းေမာင္၊ မႏၲေလးဦးဘေ႐ႊ၊ ဦးေစာေဖသာ၊ ဦးဘဦး တို႔ႏွင့္ ပူးေပါင္းကာ ဗမာထြက္ရပ္ဂိုဏ္းကို ဖြဲ႕စည္းခဲ့သည္။
ေဒါက္တာဘေမာ္ ႏွင့္ ဗမာထြက္ရပ္ဂိုဏ္းမွ ႏိုင္ငံေရးသမားမ်ားသည္ ႏိုင္ငံေရးအရ အေရးပါေသာ မႏၲေလးသို႔ တက္လာၾကသည္။
ေနရွင္နယ္ေက်ာင္းတြင္ တရားပြဲမ်ား က်င္းပရာ လူမ်ား တိုးမေပါက္ေအာင္စည္ကား၏။
ေဒါက္တာဘေမာ္၊သခင္ႏု၊ ဗႏၶဳလဦးစိန္၊ ဦးဘဦးတို႔ ေဟာေျပာၾကသည္။
မႏၲေလး၏ ေလးရပ္ေလးျပင္တြင္ ႏိုင္ငံေရးတရားပြဲမ်ားသာ ႀကီးစိုးေနသည္။
ထိုအခ်ိန္တြင္ စိန္ဓါးေျမႇာင္ေမာင္ကေလးကေတာ ႏိုင္ငံေရးကို စိတ္မဝင္စား။
သူ၏ တိုးတက္လ်က္ရွိေသာ ဆီပြဲစားလုပ္ငန္းႏွင့္ ဝင္ေငြေျဖာင့္ေသာ သိုင္းသင္တန္းတို႔ျဖင့္ စီးပြားေရးမွာလည္း ေသာင္သာလ်က္ရွိ၏။
သိုင္းသင္သည့္ တပည့္တပန္းမ်ားျဖင့္ စိန္ဓါးေျမႇာင္၏ အိမ္မွာလည္း အၿမဲမျပတ္ စည္ကားလ်က္ရွိေနေတာ့သည္။
တျဖည္းျဖည္းႏွင့္ ေမာင္ကေလး ဟူေသာ နာမည္ေပ်ာက္ကာ စိန္ဓါးေျမႇာင္နာမည္သည္ အတည္ျဖစ္လာသည္။
…………………….
၁၉၄၁ ေအာက္တိုဘာလ (၄)ရက္။ သီတင္းကြၽတ္လျပည့္ေန႔။ စေနေန႔။ ညေနေမွာင္ရီပ်ိဳးခ်ိန္။
ေမာင္ကေလးႏွင့္ မျမၾကည္ သည္ ေယာကၡမျဖစ္သူ ဦးသန္းကို သြားေရာက္ကန္ေတာ့ၾကသည္။
ထို႔ေနာက္ မၾကာမီကမွ ဝယ္ယူထားေသာ Velosolex ဘိုင္စကယ္ျဖင့္ ေ႐ႊတေခ်ာင္းေျမာင္းေဘာင္ရွိ စိန္ဓါးေျမႇာင္ၿခံသို႔ ျပန္လာခဲ့ၾကသည္။
ဘိုင္စကယ္အားေသာ့ခတ္ၿပီး အိမ္ေပၚသို႔ တက္လိုက္ေသာအခါ အိမ္ေရွ႕ခန္းတြင္ အိမ္ေနတပည့္ ခါေလး ႏွင့္အတူ လူႏွစ္ဦး ထိုင္ေနသည္ကိုေတြ႕လိုက္ရသည္။
"ဆရာႀကီး..ဒီမွာ ကိုဘေမာင္တို႔ ညီအစ္ကို ေရာက္ေနတယ္..ဆရာႀကီးကို ကန္ေတာ့ခ်င္လို႔တဲ့"
ေမာင္ကေလး က လူႏွစ္ဦးအားေသခ်ာၾကည့္လိုက္သည္။
"ဟာ..မင္းတို႔ညီအစ္ကိုကြာ..ေပ်ာက္သြားလိုက္တာ..ငါ့ဆီ တစ္ခါတစ္ေလေလးေတာင္ ျပန္မလာၾကေတာ့ဘူး….ေတာ္ေတာ္ေနႏိုင္တဲ့ေကာင္ေတြ"
"ဟုတ္ပါတယ္..ဆရာရယ္..ကြၽန္ေတာ္တို႔ ညီအစ္ကို ဆရာ့ဆီက သိုင္းသင္ၿပီးတာနဲ႔ အထက္ဘက္ကို ေ႐ႊတူးထြက္သြားၾကတာ..အခု ဒီသီတင္းကြၽတ္ေတာ့ ဆရာစိန္ဓါးေျမႇာင္ကို မျဖစ္ျဖစ္ေအာင္ သြားကန္ေတာ့မယ္ ဆိုၿပီး လာခဲ့တာပဲ"
"မင္းတို႔ အဆင္ေျပၾကရဲ႕မဟုတ္လား..ငါ့လူေတြ"
"ေျပပါတယ္..ဆရာ…ေျပလို႔လည္း ေဟာ့ဒီမွာ ပစၥည္းေတြနဲ႔ လာကန္ေတာ့တာေပါ့"
လွေမာင္ ႏွင့္ ဘေမာင္ ညီအစ္ကိုက ေအာက္တြင္ က်ဳံ႕က်ဳံ႕ေလးထိုင္လိုက္သည္။
"မင္းတို႔စားဖို႔ အမ ထမင္းပြဲ၊ဟင္းပြဲ သြားျပင္လိုက္ဦးမယ္"
မျမၾကည္က မေနတတ္သျဖင့္ ထေျပးဖို႔ ႀကံသည္။
"ေနပါဦး..ဆရာကေတာ္ရယ္..ဆရာႀကီးေရာ..ဆရာကေတာ္ကို ပါ ကန္ေတာ့ခ်င္တာပါ…ကြၽန္ေတာ္တို႔ကို မျဖစ္စေလာက္ေငြေလးနဲ႔ သိုင္းပညာကုန္နီးပါးသင္ေပးခဲ့တဲ့ ဆရာႀကီးေက်းဇူးေရာ..အိမ္မွာအၿမဲ ေကြၽးေမြးထားတဲ့ ဆရာကေတာ္ေက်းဇူးကပါ ႀကီးလွပါတယ္"
ေမာင္ကေလးက မျမၾကည္၏ လက္ကို ဆြဲကာ အသာျပန္ထိုင္ခိုင္းလိုက္သည္။
"ဒါက ဆရာႀကီးအတြက္ ေ႐ႊဒဂၤါးတံဆိပ္ ေလးပင္လိမ္ဘန္ေကာက္ပုဆိုးနဲ႔ ယူနီေကာင္းစီးကရက္ တစ္ကာတြန္းပါ၊ ဒါက ဆရာကေတာ္အတြက္"
မျမၾကည္က သူ႔ထံ ကမ္းေပးေသာ ဘူးကေလးကို လွမ္းယူလိုက္သည္။
"ဘာေတြမ်ားလဲ ေမာင္ဘေမာင္ရဲ႕"
"ေ႐ႊဒဂၤါးငါးျပားနဲ႔ စိန္ရင္ထိုးေလးတစ္ခုပါ"
ေမာင္ကေလးေရာ၊ မျမၾကည္တို႔ပါ အံၾသသြားၾကသည္။
"ဟာ..ေဟ့ေကာင္ေတြ..မင္းတို႔ဟာက ဟုတ္ရဲ႕လားကြ..ဒီေလာက္တန္ဖိုးႀကီးတာေတြ"
"ဟုတ္ပါတယ္..ဆရာရယ္..ကြၽန္ေတာ္တို႔ ညီအစ္ကို ေ႐ႊတူးၿပီးရတဲ့ေငြကို စုၿပီး ဝယ္ေပးတာပါ..ဆရာနဲ႔ ဆရာကေတာ္ရဲ႕ ေက်းဇူးထက္စာရင္ ဒါက ဘာမွ မဟုတ္ေသးပါဘူး..ကြၽန္ေတာ္တို႔မွာ တတ္ႏိုင္တဲ့အခ်ိန္ေလး ဝယ္ေပးရတာ..လက္ခံပါ..ဆရာရယ္ေနာ္"
"ဒီေလာက္ တန္ဖိုးမ်ားတာေတြကေတာ့ကြာ"
"ယူထားပါ..ဆရာရယ္..ခုန ခါေလးက ေျပာတယ္..ဆရာကေတာ္မွာလည္း မေပါ့မပါးက ႏွစ္လရွိၿပီဆို..ဘာပဲျဖစ္ျဖစ္ ကေလးေမြးတဲ့အခါ ေ႐ႊေလးဘာေလး ခမည္းလုပ္ေပးလို႔ရတာေပါ့"
ဘေမာင္က ေတာင္းေတာင္းပန္ပန္ျဖင့္ေျပာသျဖင့္ ေမာင္ကေလးတို႔ လင္မယား ဘာမွ ထပ္မေျပာေတာ့။
ထိုေန႔ညက ဆရာတပည့္မ်ားသိုက္သိုက္ဝန္းဝန္းျဖင့္ ထမင္းစားၾကသည္။
ေနာက္တစ္ေန႔မိုးလင္းမွ ဘေမာင္၊ လွေမာင္ ညီအကိုတို႔ စစ္ကိုင္းကူတို႔ဆိပ္သို႔ ဆင္းသြားၾကသည္။
…………………………………………………………………………………………
၁၉၄၁ ဒီဇင္ဘာလ ၁၅ ရက္။
ခ်မ္းေအးပါသည္ဆိုသည့္အျပင္ အခ်ိန္က ညကိုးနာရီမို႔ လူသူအသြားအလာရွင္းလင္းေန၏။
တခ်က္တခ်က္ ျပည္ႀကီးေပ်ာ္ဘြယ္အရပ္ဆီမွ အၿငိမ့္ပြဲအသံကို ၾကားေနရသည္။
"ၾကည္လင္ေသာမ်က္လုံးေလးက…. တစ္ဖက္လူ…အသက္ရႈမွားေအာင္ ၿပဳံးလို႔တဲ့ျမႇဴ….မူယာယဥ္ေက်း..မ်က္ႏွာေလး..ေဝးကျမင္..ေမာင့္စိတ္ဘဝင္လႈိက္ဆူ..ဘုံႀကိဳးျပတ္မိုးနတ္တူ..ျမင္ရသူ ရႈမဝ..လွမၪၨဴ.."
ေမာင္ကေလးတို႔အိမ္ ထဲရွိ ေခြးတံဆိပ္ဓာတ္ျပားစက္ အသစ္စက္စက္မွ သုခ၏ လွမၪၨဴ သီခ်င္းသံက ပ်ံ႕လြင့္ေနသည္။
နာမည္ေက်ာ္ ၿမိဳ႕မၿငိမ္း၏အႏုပညာလက္ရာမို႔ စာသားမ်ားက အိစက္ေနေတာ့သည္။
ထိုအခ်ိန္တြင္ ၿခံေရွ႕မွ လူသံမ်ားၾကားလိုက္ရ၏။
"စိန္ဓါးေျမႇာင္..စိန္ဓါးေျမႇာင္"
ေမာင္ကေလး က ဓာတ္ျပားစက္ကို ပိတ္လိုက္သည္။
"ေဟ့..ခါေလး..ၿခံေရွ႕မွာ ဘယ္သူေတြလဲမသိဘူး..သြားၾကည့္စမ္း"
ခါေလး က မီးအိမ္ကို ထြန္းကာ အိမ္ေရွ႕သို႔ ထြက္ၾကည့္သည္။
"ေဟ့..ဒါ စိန္ဓါးေျမႇာင္ အိမ္မဟုတ္လား"
"ဟုတ္ပါတယ္..ဘယ္သူေတြမ်ားလဲ"
ခါေလးက မီးအိမ္ကို ျမႇင့္ကာ ၾကည့္လိုက္၏။
လက္နက္ကိုယ္စီျဖင့္ ပုလိပ္မ်ား။ သူတို႔ေနာက္တြင္ အသက္ႀကီးႀကီး အမ်ိဳးသားႏွင့္ အမ်ိဳးသမီးတစ္ဦး။
"ေဟ့..ခုခ်က္ခ်င္း တံခါးဖြင့္စမ္း…ခုခံမယ္..မႀကံနဲ႔ေနာ္"
႐ိုင္ဖယ္ေသနတ္မ်ားျဖင့္ ထိုးခ်ိန္ထားသျဖင့္ ခါေလးက တံခါးဖြင့္ေပးလိုက္သည္။
တံခါးဖြင့္ဖြင့္ျခင္းပင္ ပုလိပ္သားႏွစ္ဦးက ခါေလးကို ဖမ္းခ်ဳပ္လိုက္ၾကသည္။
"ဟိတ္ေကာင္..အထဲမွာ မင္းဆရာ စိန္ဓါးေျမႇာင္ရွိလား"
ထိုအခ်ိန္တြင္ ၿခံထဲမွ အသံမ်ား ၾကားသျဖင့္ ေမာင္ကေလး ထလာသည္။
"ဘာျဖစ္ၾကတာလဲဗ်..ကြၽန္ေတာ္ စိန္ဓါးေျမႇာင္ပါပဲ"
ပုလိပ္အရာရွိက ေသနတ္ျဖင့္ ထိုးခ်ိန္လိုက္သည္။
"လက္ေျမႇာက္ၿပီး ေအာက္ဆင္းခဲ့စမ္း..အိမ္ေပၚမွာ ဘယ္သူရွိေသးလဲ..အကုန္ဆင္းခဲ့"
ေမာင္ကေလးဆင္းလာသည္။ ေနာက္မွ မျမၾကည္ပါ ပါလာသည္။
"သူတို႔ကို ႀကိဳးတုတ္လိုက္စမ္း.."
ေမာင္ကေလးက ေနာက္သို႔ တလွမ္းဆုတ္နင္းလိုက္သည္။
"ေဟ့..စိန္ဓါးေျမႇာင္ ခုခံမယ္မႀကံနဲ႔..မင္းကို ဓါးျပမႈနဲ႔ဖမ္းဖို႔လာတာ..ဝရမ္းလည္းပါတယ္..ပစ္မိန႔္ပါရထားတာေနာ္..ေအးေအးေဆးေဆးေန..လင္မယားႏွစ္ေယာက္ေလာင္း ႏွစ္ေလာင္းၿပိဳင္သြားမယ္"
"က်ဳပ္တို႔ကို ဘာကိစၥ ဖမ္းတာလဲဗ်"
"မင္းနဲ႔ မင္းတပည့္ ဘေမာင္၊ လွေမာင္ညီအစ္ကို စစ္ကိုင္းက သူေဌးဦးၾကင္ အိမ္ကို ဓါးျပတိုက္တဲ့အမႈေပါ့ကြ"
"ဟာ..ဘာေတြလဲ..က်ဳပ္ ဘာမွ မလုပ္ဘူးဗ်"
ထိုအခ်ိန္တြင္ ပုလိပ္သားႏွစ္ဦးက မျမၾကည္ကို ဖမ္းကာ ႀကိဳးတုတ္လိုက္ၾကသည္။ ေမာင္ကေလးက ေရွ႕တိုးရန္ျပင္လိုက္စဥ္ ႐ိုင္ဖယ္ေသနတ္ႏွစ္လက္က သူ႔ရင္ဝကို စီးေထာက္ထားျခင္းခံလိုက္ရ၏။
ထို႔ေနာက္ ေမာင္ကေလးကိုပါ လက္ျပန္ႀကိဳးတုတ္လိုက္ၾကသည္။
"ကဲ..အိမ္ေပၚတက္ရွာမယ္.သူတို႔ပါ အိမ္ေပၚေခၚခဲ့ကြာ"
ပုလိပ္အရာရွိက အမိန႔္ေပးၿပီး အိမ္ေပၚ တက္လိုက္သည္။
ၾကမ္းျပင္တြင္ ေမာင္ကေလး၊ မျမၾကည္ႏွင့္ ခါေလး တို႔ကို ႀကိဳးတုတ္လ်က္ ထိုင္ခိုင္းထား၏။
မီးအလင္းေရာင္ေအာက္တြင္ ေရာက္သည့္အခါမွ ပုလိပ္အရာရွိက ေမာင္ကေလး၏ မ်က္ႏွာကို ေသခ်ာၾကည့္ေနသည္။
ထို႔ေနာက္ မျမၾကည္ကို ၾကည့္သည္။
"ေၾသာ္…ဘယ္သူေတြမ်ားလဲလို႔..စိန္ဓါးေျမႇာင္ဆိုတာ မင္းကိုကြ…ေဟ့..ဒီမယ္..မင္းငါ့ကို မွတ္မိလား..ၾကည့္စမ္း"
ပုလိပ္အရာရွိက ေမာင္ကေလး၏ ေမးကို နံပါတ္တုတ္ျဖင့္ ေထာက္က လွန္ရင္း ေမးလိုက္သည္။
ေမာင္ကေလးက ပုလိပ္အရာရွိကို ေသခ်ာၾကည့္ေနသည္။
"ေဟ့..လမ္း(၈၀)မွာတုန္းက မင္းငါ့ကို ႏႊာသြားတဲ့ ရာဇဝတ္အုပ္လူဒုတ္ဆိုတာ ငါပဲ.ဒီမွာၾကည့္စမ္း..ငါ့လက္ မင္းေၾကာင့္က်ိဳးသြားတာ…ခြင့္သုံးလေလာက္ယူလိုက္ရတယ္ကြ..သိလား..ေခြးမသားဓါးျပ.."
ဦးလူဒုတ္က အံကိုႀကိတ္ၿပီး ဆဲေရးလိုက္သည္။
"ဒီမယ္..မင္းတပည့္ႏွစ္ေကာင္ေတာ့ ငါတို႔ ဖမ္းမိထားၿပီ..ပစၥည္းေတြမင္းဆီအပ္ထားတယ္ဆိုတာလည္း သတင္းရထားၿပီးၿပီ..ေတြ႕လို႔ကေတာ့ မင္းေသဖို႔သာျပင္ထား..ေဟ့..တစ္အိမ္လုံး ရွာၾကစမ္း"
ပုလိပ္မ်ားက တစ္အိမ္လုံးကို ေမႊေႏွာက္ရွာေဖြၾကသည္။
ဆာဂ်င္အဆင့္ပုလိပ္တစ္ဦးက အိပ္ခန္းေခါင္းရင္းဘီဒိုထဲရွိ ယြန္းေသတၱာတစ္လုံးကို ယူလာသည္။
ထို႔ေနာက္ ေမာင္ကေလးတို႔ေရွ႕တြင္ ဖြင့္လိုက္သည္။
ထိုအထဲတြင္ မျမၾကည္စုေဆာင္းထားေသာ ေ႐ႊထည္ပစၥည္းႏွင့္ ေငြမ်ား။
ထိုအထဲမွ ဗူးကေလးႏွင့္ထည့္ထားေသာ ကေဒါင္းပုံစိန္ရင္ထိုးကေလးႏွင့္ ေ႐ႊဒဂၤါးငါးျပားကို ေတြ႕သည္ႏွင့္ သူေဌးဦးၾကင္၏ ကေတာ္ႀကီးထံမွ အသံထြက္လာသည္။
"ဒါ ေဒၚေဒၚ့ပစၥည္း…ေဒၚေဒၚ့ပစၥည္းပါ..ရာဇဝတ္အုပ္မင္း..ဓါးျပေတြလက္ထဲပါသြားတဲ့ စာရင္းမွာလည္းပါပါတယ္"
သူေဌးဦးၾကင္က ေ႐ႊဒဂၤါးျပားမ်ားကို ယူၾကည့္လိုက္ၿပီး
"ဒါ ဦးတို႔ ဓါးျပတိုက္ခံလိုက္ရတဲ့ ေ႐ႊဒဂၤါးေတြပဲ..ေမာင္လူဒုတ္"
"မဟုတ္ဘူး..အဲ့ဒါ ကြၽန္ေတာ္တို႔ ဘာမွ မသိဘူး..ကြၽန္ေတာ္တပည့္ေတြ လာကန္ေတာ့ထားတာ"
"မင္းေမလိုးကို လာကန္ေတာ့တာလား…ဓါးျပတိုက္လာတာေတြကြ..ဓါးျပေတြဆရာ မင္းလည္း ဓါးျပပဲ..ေခြးသူခိုး"
ဦးလူဒုတ္က ေျပာေျပာဆိုဆိုျဖင့္ စိန္ဓါးေျမႇာင္၏ မ်က္ႏွာကို စစ္ဖိနပ္ျဖင့္ ျဖတ္ကန္လိုက္သည္။
ေမာင္ကေလးက ေခါင္းကို ငုံ႔ေရွာင္လိုက္သျဖင့္ ေဘးတြင္ ထိုင္ေနေသာ မျမၾကည္၏ နားထင္ကို ေျဖာင္းခနဲ ျမည္ေအာင္ထိၿပီး မျမၾကည္ မွ ထိုင္ေနရာမွ လဲက်သြား၏။
"ျမၾကည္..ျမၾကည္"
ေမာင္ကေလး ျပာယာခတ္သြားသည္။ သို႔ေသာ္ လက္ႏွစ္ဖက္ႀကိဳးတုတ္ခံထားရသျဖင့္ ကုန္းထရန္ ႀကိဳးစားသည္။
ပုလိပ္မ်ားက ေသနတ္ဒင္မ်ားျဖင့္ ေမာင္ကေလး၏ ေက်ာကုန္းႏွင့္ ေနာက္ေစ့မ်ားကို ထုႏွက္လိုက္သျဖင့္ ျပန္လဲက်သြား၏။
"ေနာက္ေဖး က ဓါးသုံးေခ်ာင္းနဲ႔၊ လွံရွည္ႏွစ္ေခ်ာင္းပါ ေတြ႕တယ္..အိုင္ပီ"
"ေအး..အဲ့ဒါေတြပါ သိမ္းလာခဲ့"
"အဲ့ဒါ..ဆရာႀကီး သိုင္းသင္ေပးရင္ သုံးတဲ့ လက္နက္ေတြပါဗ်ာ"
"ဟာ..ဒီေခြးသားစကားတယ္မ်ားတာပဲ"
ပုလိပ္တစ္ေယာက္ကက ခါေလး ၏ ေက်ာကုန္းကို ေစာင့္ကန္လိုက္ရာ ခါေလးမွာ ေရွ႕သို႔ လဲက်သြား၏။
"အိမ္မွာ ရွိသမွ် ေ႐ႊေငြအကုန္သိမ္းခဲ့ကြာ…အဲ့ဒါေတြလည္း ဒီေကာင္ ဓါးျပတိုက္ရာပါေတြပဲေနမယ္"
ပုလိပ္မ်ားက မျမၾကည္စုေဆာင္းထားေသာ ေ႐ႊေငြမ်ားကို ပါ သိမ္းဆည္းလိုက္သည္။
မျမၾကည္ကား ေခါင္းကို စစ္ဖိနပ္ျဖင့္ အကန္ခံထားရသျဖင့္ ၾကမ္းျပင္တြင္ ညည္းညဴေန၏။
ေမာင္ကေလး ၏ ကိုယ္ေပၚတြင္ ပုလိပ္သားႏွစ္ေယာက္က ေသနတ္ျဖင့္ေထာက္ကာ ေျခေထာက္မ်ားျဖင့္ ဖိထားၾကသည္။
"ဟိတ္ေကာင္..စိန္ဓါးေျမႇာင္ မွန္မွန္ေျပာစမ္း…မင္း ဓါးျပဗိုလ္မဟုတ္လား..ဘေမာင္နဲ႔လွေမာင္ ကို မင္းဦးေဆာင္ၿပီး တိုက္တာ..မွန္မွန္မေျဖရင္ မင္းမယားေရာ၊ ေဟာ့ဒီက ေကာင္ေလးကိုပါ ငါေထာင္ထဲ ထည့္ပစ္မယ္"
"မလုပ္နဲ႔…မလုပ္ပါနဲ႔ဗ်ာ.ျမၾကည္မွာ ကိုယ္ဝန္ႀကီးနဲ႔..မလုပ္ပါနဲ႔"
ဦးလူဒုတ္က ျမၾကည္ကို တစ္ခ်က္ၾကည့္ၿပီး ၿပဳံးလိုက္သည္။
"ေအး..အဲ့ဒါဆို ေျဖေလ"
"ဟုတ္တယ္..ကြၽန္ေတာ္ဓါးျပပါဗ်ာ။ ဓါးျပ။ သူတို႔နဲ႔ မဆိုင္ဘူး။သူတို႔ကို ခ်မ္းသာေပးပါ"
"ေအး..အဲ့လိုမွေပါ့..ကဲ..ေကာင္မေလးနဲ႔ ဟိုေကာင္ကို ႀကိဳးျဖည္ေပးလိုက္ကြာ"
ပုလိပ္သားႏွစ္ဦးက ျမၾကည္ႏွင့္ ခါေလးကို ႀကိဳးျဖည္ေပးလိုက္သည္။
ျမၾကည္ကို ႀကိဳးျဖည္ေနခ်ိန္တြင္ ဦးလူဒုတ္က ျမၾကည္နားကပ္သြားသည္။
ထို႔ေနာက္ ျမၾကည္နား႐ြက္ကို ကိုင္ၾကည့္လိုက္သည္။
"ေဒၚေဒၚ ဒါ ေဒၚေဒၚ့နားကပ္မဟုတ္လားဗ်"
ဦးၾကင္ကေတာ္ အဘြားႀကီးက ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္။
"မဟုတ္ရပါဘူးရွင္..ဒါ ကြၽန္မေယာက်ၤား ကိုေမာင္ကေလး ကြၽန္မကို တင္ေတာင္းထားတဲ့ မဂၤလာဦးနားကပ္ကေလးပါ"
"ေအာင္မယ္ လာလာခ်ည္ေသး…ဓါးျပကို လင္လုပ္မွေတာ့ ဓါးျပတိုက္ထားတဲ့ ဟာပဲရမွာေပါ့"
"မဟုတ္ပါဘူး..ဒီနားကပ္ေလးကို ကြၽန္မတို႔ႏွစ္ေယာက္အတူ ေဈးခ်ိဳမွာ သြားလုပ္ထားတာပါ..ဘုရားစူးပါေစရဲ႕ရွင္"
"ဟုတ္တယ္..အဲ့ဒါက ေဒၚေဒၚ့နားကပ္"
သူေဌးကေတာ္ႀကီးထံမွ ထြက္လာေသာအသံ။
ေမာင္ကေလးက ေခါင္းေမာ့လာၿပီး အဘြားႀကီးကို စိုက္ၾကည့္လိုက္သည္။ အဘြားႀကီးက မ်က္ႏွာလႊဲသြားလိုက္၏။
"ကလိန္မ..ေတြ႕လား..အဲ့ဒါေဒၚေဒၚ့နားကပ္တဲ့..အခု ျဖဳတ္ေပးစမ္း"
ဦးလူဒုတ္က အသံက်ယ္က်ယ္ျဖင့္ ေျပာလိုက္သျဖင့္ ျမၾကည္မွာ မ်က္ရည္မ်ားပင္ ဝိုင္းလာသည္။
ေမာင္ကေလးကို လွမ္းၾကည့္သည္။
ေမာင္ကေလးက ျမၾကည္အျဖစ္ကို မၾကည့္ရက္သျဖင့္ အံကိုႀကိတ္ကာ မ်က္ႏွာလႊဲထား၏။
ျမၾကည္လက္ထဲမွ မဂၤလာဦးနားကပ္ကေလး က ဦးလူဒုတ္၏ လက္ထဲ ေရာက္လာေတာ့သည္။
"ကဲ..ပစၥည္းေတြ ရွာေဖြပုံစံနဲ႔ ေသခ်ာသိမ္းေနာ္..ၿပီးရင္ ဒီေကာင့္ကို ဌာနကို ေခၚဖို႔..ငွက္ဆိပ္သြားဖို႔လုပ္ၾကမယ္ေဟ့"
ပုလိပ္သားမ်ားက ႀကိဳးအထပ္ထပ္တုတ္ထားေသာ ေမာင္ကေလးကို ဆြဲထူလိုက္သည္။
"ခါေလး..မင္းအမကို သူ႔အေဖအိမ္ပို႔ထားေပးလိုက္..မနက္လင္းတာနဲ႔ မင္း ကိုဘေသာ္ဆီသြား အက်ိဳးအေၾကာင္း ေျပာၿပီး စစ္ကိုင္းဂါတ္ကို လိုက္လာကြာ"
ေမာင္ကေလးက ခါေလးကို မွာၿပီး ပုလိပ္မ်ား ေခၚရာေနာက္ လိုက္သြားေတာ့သည္။
လူအုပ္ႀကီးထြက္သြားၿပီးေနာက္ ရႈပ္ပြပ်က္စီးက်န္ရစ္ေသာ အိမ္ကေလးထဲ တိတ္ဆိတ္က်န္ရစ္သည္။
အသက္ (၁၄)ႏွစ္သာရွိေသးေသာ ခါေလးက မျမၾကည္ကို တြဲထူလိုက္သည္။
………………………………………………………………………….
စစ္ကိုင္းၿမိဳ႕မဂါတ္တဲ ရွိ အခ်ဳပ္ခန္းတြင္းမွ အခ်ဳပ္သားမ်ား အံၾသေနၾကသည္။
လြန္ခဲ့ေသာ သုံးရက္က အထဲဝင္သည့္ ဘေမာင္၊ လွေမာင္ညီအစ္ကိုက ယေန႔ညမွ အခ်ဳပ္ထဲဝင္လာသည့္ ဘန္ေကာက္ပုဆိုးဝတ္ပုဂၢိဳလ္ႀကီးကို ကုန္းကန္ေတာ့ေနၾကသျဖင့္ ျဖစ္သည္။
ဘေမာင္၊လွေမာင္ ညီအစ္ကိုသည္ ေရာက္ခါစ ညတြင္ပင္ အႏိုင္က်င့္ေနေသာ အခ်ဳပ္တန္းစီးကို သြားႏွစ္ေခ်ာင္း ကြၽတ္သည္အထိ ပညာေပးခဲ့သူမ်ားျဖစ္သည္။
သူတို႔ႏွစ္ေယာက္ကို အခ်ဳပ္ခန္းအတြင္းရွိေနေသာ လူဆယ္ေယာက္လုံး ေၾကာက္ေနၾကခ်ိန္။
ေနာက္ဝင္လာေသာ အရပ္ခပ္ျပတ္ျပတ္၊ အသားညိဳညိဳ ၊ ဥပဓိ႐ုပ္ေကာင္းေကာင္း ပုဂၢိဳလ္ကို ဆိုင္းမဆင့္ဗုံမဆင့္္ ဖင္ဗူးေတာင္းေထာင္ ကန္ေတာ့ေန၏။
"ဆရာႀကီးရယ္…ကြၽန္ေတာ္တို႔ကို ခြင့္လႊတ္ပါ…ဆင္းကလည္းဆင္းရဲ ခ်မ္းကလည္း ခ်မ္းသာခ်င္နဲ႔ ႀကံမိႀကံရာ ႀကံၾကတာပါ..ဒီေကာင္လွေမာင္ကို မိန္းမေတာင္းေပးဖို႔လည္းပါပါတယ္…ပိုလွ်ံေနတာေလးနဲ႔ ဆရာႀကီးကိုလည္း ေက်းဇူးဆပ္ခ်င္လို႔ အခုလိုျဖစ္သြားတာပါ"
စိန္ဓါးေျမႇာင္က သူ႔ေရွ႕တြင္ လက္အုပ္ခ်ီေနေသာ ညီအစ္ကိုႏွစ္ေယာက္ကို ေခါင္းတညိမ့္ညိမ့္ျဖင့္သာ ၾကည့္ေနသည္။
ဘာစကားတစ္ခြန္းမွမေျပာ။
ထိုသို႔ျဖင့္ တည ကုန္လြန္သြားခဲ့သည္။
………………………………………..
ေနာက္တစ္ေန႔ နံနက္။
စစ္ကိုင္းၿမိဳ႕မဂါတ္အခ်ဳပ္သို႔ ဆီဘေသာ္ေရာက္လာသည္။ ေနာက္ထပ္ စိန္ဓါးေျမႇာင္၏ တပည့္ျဖစ္ေသာ ေမာင္ဘို လည္း ပါလာသည္။
"ကိုဘေသာ္…ခါေလး မပါလာဘူးလား"
ဆီဘေသာ္ မ်က္ႏွာက မေကာင္း။
"ငါ မင္းစားဖို႔ေသာက္ဖို႔ စာသင္ႀကီးဆီမွာ ေငြအပ္ခဲ့ေပးမယ္ကြာ..မင္းရစရာရွိတဲ့ ကုန္ဖိုးေတြထဲကေပါ့"
"အဲ့ဒါအေရးမႀကီးဘူး..ကိုဘေသာ္..ခင္ဗ်ား မ်က္ႏွာလဲ မေကာင္းပါလား…ခါေလး ဘယ္မွာလဲလို႔..ျမၾကည္ေရာ ျမၾကည္အေျခအေန"
ဘေသာ္ႏွင့္ ေမာင္ဘို တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။
"က်ဳပ္သိတယ္ေနာ္..ျမၾကည္ တစ္ခုခုျဖစ္ေနတယ္..ဟိုေကာင္ ခါေလး ဘာလုပ္လိုက္လဲေျပာ..ေျပာစမ္းပါဗ်ာ"
"ခါေလး က ဘာမွ မလုပ္ပါဘူး..ညက မင္းကို ပုလိပ္ေတြဖမ္းသြားၿပီး..ခါေလးက ျမၾကည္ကို စက္ဘီးနဲ႔ သူ႔အေဖအိမ္လိုက္ပို႔တယ္ကြ..လမ္းမွာ ျမၾကည္ ေသြးေတြဆင္းၿပီး ကိုယ္ဝန္ပ်က္က်တယ္..အခု ေဆး႐ုံႀကီးမွာ.. ခါေလးနဲ႔ မင္းေယာကၡမႀကီးက လိုအပ္တာေတြ ဝယ္ဖို႔ေစာင့္ေပးေနတယ္ကြ"
စိန္ဓါးေျမႇာင္ ၿငိမ္က်သြားသည္။
"ျမၾကည္ ေဆး႐ုံႀကီး ဘယ္အေဆာင္မွာလဲ"
"တစ္ေန႔ ႏွစ္က်ပ္တန္းမွာ ထားထားတယ္"
"ကိုဘေသာ္..ျမၾကည္ကို အဂၤလိပ္ေတြတက္တဲ့ ကိုးက်ပ္တန္းမွာ ထားေပးပါ။ ေငြလိုတယ္ဆိုရင္လည္း က်ဳပ္ ျပန္ထြက္လာရင္ ရွင္းေပးမယ္..က်ဳပ္ကတိေပးပါတယ္"
"ခင္ဗ်ားသေဘာအတိုင္းျဖစ္ေစပါ့မယ္..ကိုေမာင္ကေလး"
"ကဲ..ခင္ဗ်ားတို႔ ျပန္ေတာ့..ျမၾကည္ကို ေျပာလိုက္ပါ..က်ဳပ္လာခဲ့မယ္လို႔"
ထိုသို႔ တခြန္းေျပာၿပီးေနာက္..ဝတ္ထားေသာ အက်ႌကို ခြၽတ္လိုက္သည္။
ခႏၶာကိုယ္အႏွံ႔အျပားထိုးထားသည့္ ေဆးနီမ်ား အင္းကြက္မ်ား ေပၚလာ၏။
ထို႔ေနာက္ ပုဆိုးကို ခါးေတာင္းက်ိဳက္လိုက္သည္။
ေပါင္တြင္ ထိုးကြင္းမွင္ေၾကာင္မ်ားအျပည့္။ ေျခသလုံးႏွစ္ဖက္တြင္လည္း ဓါးေျမႇာင္ႏွစ္လက္ပုံကို စမ မ်ားျဖင့္ ထိုးထားသည္။
စိန္ဓါးေျမႇာင္ရင္ဘတ္ႏွင့္ ေပါင္မွ ေဆးမ်ားကို အားလုံးက အာ႐ုံစိုက္ေနၾကသည္။
ထို႔ေနာက္ စိန္ဓါးေျမႇာင္က အခ်ဳပ္ခန္းေထာင့္တြင္ ထိုင္ကာ သူတို႔စကားဝိုင္းကို ေငးေနေသာ လွေမာင္ ၏ မ်က္ႏွာကို ေျပးကန္ထည့္လိုက္ေတာ့သည္။
"ေျဖာင္း" ခနဲ အသံႏွင့္အတူ လွေမာင္ မွာ လည္ထြက္သြားၿပီး နံရံေဘးတြင္ ေခြေခြေလး လဲက်သြား၏။
"ေဟ့..တုတ္ၿပီး..ဓါးၿပီး…ေသနတ္ၿပီးတဲ့.စိန္ဓါးေျမႇာင္ကြ..သတၱိရွိတဲ့ေကာင္..လာယွဥ္လွည့္..ေဟ့ေကာင္ ဘေမာင္နဲ႔ လွေမာင္ မင္းတို႔ ငါ့အစြမ္းကို သိတယ္ေနာ္"
စိန္ဓါးေျမႇာင္က လက္ခေမာင္းခတ္ၿပီး အသံက်ယ္ႀကီးျဖင့္ ေအာ္လိုက္သည္။
႐ုတ္တရက္မို႔ ဆီဘေသာ္တို႔ေရာ..အခ်ဳပ္ခန္းအျပင္တြင္ရွိေနေသာ ပုလိပ္မ်ားပါ ေၾကာင္သြားၾကသည္။
ထို႔ေနာက္ အခန္းေထာင့္တြင္ ရႈတည္တည္ျဖင့္ သြားထိုင္ေနလိုက္သည္။
ဘေမာင္က သူ႔ညီကို သြားမထူပဲ..စိန္ဓါးေျမႇာင္၏ ေရွ႕တြင္ ႀကဳံ႕ႀကဳံ႕ေလးထိုင္ကာ လက္အုပ္ခ်ီထား၏။
လွေမာင္ကလည္း ထလာၿပီး စိန္ဓါးေျမႇာင္ေရွ႕တြင္ထိုင္ကာ ေခါင္းကေလးငုံ႔ထားလိုက္သည္။
ပုလိပ္မ်ားမွာ ဘာမွ ဝင္မေျပာဘဲ စိန္ဓါးေျမႇာင္ႏွင့္သူ႔တပည့္ႏွစ္ဦးကိုသာ အံၾသတႀကီး ေငးၾကည့္ေနၾကသည္။
ထိုသို႔ေငးၾကည့္ေနသည့္ထဲတြင္ ရာဇဝတ္အုပ္ ဦးလူဒုတ္လည္း ပါသည္။
"ကိုဘေသာ္တို႔ ျပန္ေတာ့…ေနာက္ရက္လည္း ထပ္မလာနဲ႔ေတာ့..ျမၾကည္ကိုပဲ လိုအပ္တာလုပ္ေပးလိုက္ပါ"
"ဟုတ္..ဟုတ္ကဲ့"
ဆီဘေသာ္ႏွင့္ ေမာင္ဘိုတို႔ ျပန္သြားၾကသည္။
စိန္ဓါးေျမႇာင္က သူ႔အနားတြင္ ထိုင္ေနသာ ဘေမာင္ႏွင့္ လွေမာင္ကို ခပ္တိုးတိုး ေျပာလိုက္၏။
"ငါ ဒီကေန မရရေအာင္ ေျပးမယ္..မင္းတို႔ လိုက္ၾကမလား"
ခက္ေဇာ္
အခန္း (၅) ေနာက္တပတ္
👍👍👍
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDeleteClicked 💫
ReplyDeleteDone
ReplyDelete🌃
ReplyDeleteDone
ReplyDelete