The Guys of Yangon,1930 ( The End)

အခန်း(၃၄)
        …………….
၁၉၄၄ နိုဝင်ဘာ ၃၀ ရက်။
မြောင်းမြထောင်၊ ဆေးရုံဆောင်၊ အခန်း(၃)။ ည  (၁၁)နာရီ သံချောင်းခေါက်ပြီးချိန်။
"နင့်ကို ငါ တမင်သတ်တာမဟုတ်ဘူး..ငါ တမင်သတ်တာမဟုတ်ဘူး"
"ခင်ဗျားကို ကျွန်တော် သနားလို့ သတ်တာနော်..သတ်ချင်လို့မဟုတ်ဘူး..ဦးဟုတ်ဂွမ်"
ငိုက်မြည်းနေသော ထောင်စောင့်ရဲကင်းသားလေးပင် လန့်နိုးသွားသည်။
သို့သော် လူမိုက်ကြီးလမ်းမတော်ဖိုးတုတ်၏ အခန်းမှ လာသောအသံများဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
လမ်းမတော်ဖိုးတုတ်ကို ရန်ကုန်ထောင်ကြီးမှ မြောင်းမြထောင်သို့ ပို့လိုက်သည့်အချိန်ကတည်းက ဖိုးတုတ်၏ ကျန်းမာရေးမှာ အားရစရာမရှိ။
ဂျပန်တို့ တင်ဆောင်လာသည့် စစ်သုံးလော်ရီကားမှာ အမိုးမရှိသည့်အတွက် နေပူကြဲကြဲတွင် အကျဉ်းသားများ အားလုံး ပင်ပန်းနေကြသည်။
ထိုအချိန်က မြောင်းမြထောင်သည် ဂျပန်အုပ်ချုပ်မှုအောက် မရှိပဲ ဘီအိုင်အေ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။
ရန်ကုန်မြို့မှ နာမည်ကျော်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ထောင်ပြောင်းပါလာမည်ဆိုသည့် သတင်းကို အကျဉ်းသားများအားလုံး စိတ်ဝင်စားနေကြသည်။
လမ်းမတော်ဖိုးတုတ် ကား လက်ထိပ်တန်းလန်းဖြင့် ကားပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာသည်။
ဂျပန်အရာရှိနှင့် အခြားအကျဉ်းသားများ ၏ နောက်မှ တစ်လှမ်းချင်း အားယူလိုက်လာ၏။
လမ်းမတော်ဖိုးတုတ်ကြီး ဆိုတာသူပဲ ဆိုသည့် တီးတိုးစကားသံများအောက် အားလုံးက ဖိုးတုတ်ကို စိတ်ဝင်စားစွာကြည့်နေကြသည်။
ထောင်ဗူးဝအရောက်တွင် မဟန်နိုင်တော့ပဲ..ခြေထောက်နှစ်ချောင်းကို အားပြုကာ နံရံကို မှီကာ ခေါင်းကိုမော့ပြီး အသက်ကို ဝအောင်ရှုလိုက်သည်။
နောက်နှစ်ပေါင်းများစွာကြာသည်အထိ မြောင်းမြထောင်တွင် ကိုယ်စိတ်နွမ်းလျစွာဖြင့် ထောင်နံရံကို မှီတတ်သော ထောင်သားများကို ဖိုးတုတ်မှီမှီ သည် ဟု ဝန်ထမ်းများက ပြောလေ့ရှိသည်အထိ။
ထိုသို့ မှီထားရာမှ ဖိုးတုတ် သည် ခွေကနဲ လဲကျသွားတော့သည်။
အနားတွင်ရှိသည် တေလဂူလူမျိုး ထောင်ဝါဒါ သန်းတင် ဆိုသူက ဖိုးတုတ်ကို ပြေးပွေ့လိုက်သည်။
ထို့နောက် ထောင်ဆေးရုံဆောင် အခန်း(၃)သို့ ချက်ချင်းခေါ်ဆောင်သွားတော့၏။
ဖိုးတုတ်သည် မြောင်းမြထောင်တွင် တစ်လကျော်ကာလအတွင်း ကျန်းမာရေးက ပိုမိုဆိုးရွာလာသည်။
တစ်နေ့ခင်းလုံး ခွေခေါက်ညည်းညူနေသော်လည်း ညညကျ အသံနက်ကြီးနှင့် ထထအော်လာသည်။
ရန်ကုန်ထောင်တွင် ကျန်ရစ်သော အုန်းဖေ နှင့် မောင်မောင်တို့မှာလည်း စစ်အခြေအနေအရ ဂျပန်စစ်တပ်ကာ ထောင်သားများအပြင်ထွက်ခွင့်ကို ပိတ်ပင်လိုက်သည့်အတွက် လမ်းမတော်ဖိုးတုတ် ထောင်ပြောင်းသည့် သတင်းကို မသင်းမြထံ ပို့ပေးရန် အမျိုးမျိုးအဖုံဖုံကြိုးစားလျက်ရှိကြသည်။
၁၉၄၄ ဒီဇင်ဘာလ ၂၄ ရက်။
မြောင်းမြခရိုင်၊ ခရိုင်ရဲဝန်ထောက် ဦးခင်မောင် သည် မြောင်းမြအကျဉ်းထောင်ကြီးကို စစ်ဆေးရန် ရောက်ရှိလာလေသည်။
အကျဉ်းထောင်ဆေးရုံအား စစ်ဆေးနေစဉ် အခန်း(၃)အတွင်း ကုတင်ပေါ်ဝယ် ခွေခွေကလေးလဲလျောင်းနေသော ဖိုးတုတ်ကို သတိထားမိသွား၏။
"သူ့ကို ငါတစ်နေရာမှာ  တွေ့ဖူးတယ်"
ဘေးတွင်ပါလာသော ထောင်အရာရှိကို မေးလိုက်သည်။
"အဲ့ဒါ..နာမည်ကျော်လမ်းမတော်ဖိုးတုတ်လေ..ဝန်ထောက်မင်း"
ဦးခင်မောင် မှာ အံသြမင်သက်သွားသည်။
ထို့နောက် အခန်းတွင်းသို့ ဝင်သွား၏။
ရှေ့တွင် ဝင်ထိုင်လိုက်သောအခါ ဖိုးတုတ်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
"ကျွန်တော့်ကို မှတ်မိလား..ကိုဖိုးတုတ်"
ဖိုးတုတ်က အသက်ကို ခက်ခက်ခဲခဲရှုရင်း သေချာကြည့်သည်။
"ဆရာကိုခင်မောင်"
"ဟုတ်တယ်..ကိုဖိုးတုတ်…ကျွန်တော်ခင်ဗျားကို မှတ်တောင်မမှတ်မိတော့ဘူးဗျာ…ဘယ်လိုတောင် ဖြစ်သွားရတာလဲ..ကိုဖိုးတုတ်ရယ်"
ဖိုးတုတ်က ခပ်ယဲ့ယဲ့ ပြုံးပြသည်။
"ဒီလိုပါပဲ..ဆရာရယ်..ဒီလိုပါပဲ"
"ခင်ဗျား ဒီမှာနေရတာအဆင်မပြေတာဘာများရှိလဲ။ ကျွန်တော် ဘာများ ကူညီနိုင်မလဲဗျာ"
"ကျွန်တော် စီးကရက်သောက်ချင်တယ်"
"ခုန ထောင်ကဆရာက ပြောတယ်။ ခင်ဗျားမှာ တီဘီ လည်းဖြစ်နေတာဆို၊ ဆေးလိပ်နဲ့ဖြစ်ပါ့မလားဗျာ"
"ဘ၀ တစ်ခုလုံး..လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပါပြီ..ဆရာ။ စီးကရက်တစ်လိပ်လောက်နဲ့တော့..သေချင်လည်း သေပါစေဗျာ"
"မဟုတ်တာတွေဗျာ။ ကဲ..ဟုတ်ပြီ..ကျွန်တော် စီးကရက်တစ်ဗူး ပြီးရင် ပို့ပေးမယ်..ဟုတ်ပြီလား"
"နောက်ပြီး…ကြက်စွပ်ပြုတ်လေးသောက်ချင်တယ်။ ထန်းလျက်ခဲလေး စားချင်တယ်..ဆရာ"
ဦးခင်မောင်က ဖိုးတုတ်ကို ကြည့်ကာ စိတ်ထိခိုက်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ကုလား ဗမာ အဓိကရုဏ်းကာလ၊ အိတ်စပက်တော်ဦးဟုတ်ဂွမ် ၏ ရုံးခန်းတွင် တွေ့ခဲ့ရသော လူမိုက်ကြီးဖိုးတုတ်။
လမ်းမတော်လူမိုက်ကြီး၏ ဘုန်းတန်ခိုးအတောက်ပဆုံးကာလများ။ မော်တော်ကားတဝီဝီ၊ ဇိမ်ကျကျဟိုတယ်ခန်းများ၊ အကောင်းစားအရက်ပုလင်းများနှင့် မင်းပေါက်စိုးပေါက် လူမိုက်ကြီး။
အခုတော့..မြောင်းမြထောင်ဆေးရုံ၏ သံကုတင်အစုတ်လေးပေါ်မှာ။
"ကျွန်တော့်မိန်းမ..မသင်းမြ ကို ကျွန်တော် ဒီမှာရောက်နေတာ အကြောင်းကြားပေးပါ..ဆရာ..ကျွန်တော့်သူ့ကို တွေ့ချင်လို့ပါ"
ဦးခင်မောင် က ဖိုးတုတ်၏ ပျော့ခွေအေးစက်နေသော လက်ကို ဆုပ်ကိုင်ကာ ခေါင်းညိမ့်ပြလိုက်သည်။
ညနေစောင်းသောအခါ  လမ်းမတော်ဖိုးတုတ်အတွက် ကြက်စွပ်ပြုတ်၊ ထန်းလျက်ခဲနှင့် စီးကရက်တစ်ဗူးကို ရဲသားလေးတစ်ဦးမှ လာရောက်ပို့ပေ၏။
၁၉၄၄ ဒီဇင်ဘာ(၂၆) ။ နံနက် ၃ နာရီ ၁၀ မိနစ်။
ဆေးရုံစောင့်အလှည့်ကျ ကင်းစောင့်နေသော ထောင်ကြပ်ကလေးသည် အခန်း(၃) မှ ဝုန်းခနဲ အသံကြီး ကြားသဖြင့် အပြေးအလွှားသွားကြည့်လေသည်။
လမ်းမတော်ဖိုးတုတ်ကား ကုတင်ပေါ်မှ ပြုတ်ကျပြီး ကြမ်းပြင်တွင် မှောက်ခုံအနေအထားဖြင့်။
ထောင်ကြပ်က သွားရောက်ထူမလိုက်သောအခါ…လမ်းမတော်ဖိုးတုတ်ကား အသက်ဝိညာဉ်ကင်းမဲ့လျက်။
ကူးစက်ရောဂါသမားဖြစ်သောကြောင့် ဒီဇင်ဘာ ၂၆ ရက်နေ့တွင်ပင် လမ်းမတော်ဖိုးတုတ်၏ အလောင်းအား မြောင်းမြထောင်နံဘေးတွင် မြေမြုပ်သဂြိုလ်လိုက်ကြသည်။
ရဲဝန်ထောက်ဦးခင်မောင်က ဦးဖိုးတုတ်အတွက်  အမှတ်တရအုတ်ဂူတစ်ခု ပြုလုပ်ပေးသည်။ လမ်းမတော်ဖိုးတုတ်သည် မြောင်းမြထောင်သမိုင်းတွင် ပထမဆုံးအထိမ်းအမှတ်ဂူပြုလုပ်ပေးခံရသည့် အကျဉ်းသားဖြစ်သည်။
၂၆ ရက်နေ့ ညနေပိုင်းတွင် လမ်မတော်ဖိုးတုတ်၏ ညီ ဘသိန်း ရောက်လာသည်။
ဘသိန်းက သူချစ်သောအကိုကြီး ၏ အုတ်ဂူကို နောက်ဆုံးအနေဖြင့် ကန်တော့သည်။
နေသည် အနောက်အရပ်သို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်သွား၏။
မှောင်ခဲ့ချေပြီ။
…………………………………………………………………………………………………………
၁၉၄၅ သြဂုတ် ၁၅ တွင် ဒုတိယကမ္ဘာစစ်ကြီးတရားဝင်ပြီးဆုံးသွားခဲ့သည်။
၁၉၄၅ မေလကတည်းက ရန်ကုန်ကို မဟာမိတ်တပ်များ သိမ်းပိုက်လိုက်ပြီဖြစ်ရာ ဂျပန်ခေတ် ဗမာအစိုးရမှ အဓိပတိကြီး ဒေါက်တာဘမော်သည် ဆုတ်ခွာထွက်ပြေးသော ဂျပန်များနှင့်အတူ ဂျပန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်။
ဒေါက်တာဘမော်၏ အယုံကြည့်ရဆုံးနိုင်ငံရေးလူယုံဖြစ်သည့် ဗန္ဓုလဦးစိန် သည် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။
ဂျပန်လက်မှ လွတ်မြောက်လာသော ရန်ကုန်မြို့ကြီးမှာ စိတ်ပျက်ဖွယ်အတိဖြစ်ခဲ့သည်။ ရန်ကုန်မြို့ရှိ တိုက်တာအဆောက်အဦသုံးပုံတစ်ပုံမှာ ပျက်စီးသွားပြီဖြစ်သည်။
ပြန်ဝင်လာသော ဗြိတိသျှအစိုးရသည် ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် သြဂုတ် ၂၇ တွင် ကက်စဘီ ဟု  ခေါ်ကြသောThe Civil Supplies Board (CSB) အုပ်ချုပ်ရေးကို စတင်ထူထောင်သည်။
ဗြိတိသျှအစိုးရက ဂျပန်ငွေစက္ကူများကို ဖျက်သိမ်းကြောင်း မကြေညာသေးပဲ မကြာမီ ဖျက်သိမ်းမည် ဖြစ်ကြောင်း၊ ဂျပန်ငွေများကို နောက်ထပ်စုဆောင်းခြင်း၊ လက်ခံခြင်းမပြုရန် အသိပေးထုတ်ပြန်ခဲ့သည်။
သို့သော် ထိုကြေညာချက်မှာ တောရွာများသို့ မရောက်ချေ။
ထိုအချက်ကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့မှ လူအချို့မှာ ဂျပန်ငွေစက္ကူများကို ဂုံနီအိတ်များဖြင့် ထည့်ကာ နယ်များသို့ ဆင်းပြီး လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ လာရောက်ဝယ်ယူသွားကြသဖြင့် ဂျပန်ငွေစက္ကူများ တရားမဝင်ကြေညာချိန်တွင် တောသူတောင်သားများစွာမှာ အထိနာခဲ့ရသည်။
ဂျပန်ငွေစက္ကူများသုံးခွင့်မရသည့်အတွက် မြို့ပေါ်သို့ တက်ကာ ဈေးဆိုင်များကို အတင်းဝင်လုကြသည်။
လူဆိုးလူမိုက်များသည် ပိုင်ရှင်မရှိသော တိုက်တာ၊ အဆောက်အအုံများကို ဝင်ရောက်ကျူးကျော်နေကြသည်။
သို့သော် ကက်စ်စဘီအုပ်ချုပ်ရေး အရ ဗြိတိသျှစစ်တပ်က လူဆိုးလူမိုက်ဟူသမျှကို လိုက်လံဖမ်းဆီးပြီး ရန်ကုန်ထောင်ထဲသို့ ထည့်ထားခဲ့သည်။
၁၉၄၅ အောက်တိုဘာ ၂၇ တွင် ဗန္ဓုလဦးစိန် သည် ထိုင်းနိုင်ငံမှ မော်လမြိုင်သို့ ကုန်းကြောင်းဖြင့် ပြန်လည်ဝင်ရောက်လာပြီး မော်လမြိုင်မှ လေကြောင်းဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ရန်ကုန်သို့ ရောက်ြ့ပီး မကြာမီပင် စစ်ပြီးခေတ် အင်္ဂလိပ်အစိုးရက ဗန္ဓုလဦးစိန်အားဖမ်းဆီးလိုက်သည်။
ဗန္ဓုလဦးစိန် တင်မက သူ၏ တူဖြစ်သူ နာမည်ကျော်လူမိုက် ပုသိမ်ညွန့်ဘဘိုး ကို ပါ ဖမ်းဆီးကာ ရန်ကုန်ထောင်အတွင်းသို့ ပို့လိုက်ကြတော့သည်။
…………………………………………………………………………….
၁၉၄၅ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့တွင် ရန်ကုန်ထောင်ကြီးအား ဂျပန်တို့က အပြီးတိုင် စွန့်ခွာသွားခဲ့သည်။ ဆုတ်ခွာရာတွင် မဟာမိတ်သုံ့ပန်းများကိုပါ ခေါ်ဆောင်သွားကြသည်။
ရန်ကုန်ထောင်ကြီးအတွင်း မြန်မာအကျဉ်းသားများ ထွက်ပြေးကုန်ကြပြီး အချို့အကျဉ်းသားများသာ ခိုကပ်နေထိုင်ကျန်ရစ်ကြသည်။
အင်္ဂလိပ်တပ်များ ပြန်ဝင်လာပြီးနောက် ရန်ကုန်ထောင်ကြီးအား စစ်အုပ်ချုပ်ရေးအောက်တွင် အလျင်အမြန် ပြန်လည်ထူထောင်လိုက်သည်။
အင်္ဂလိပ်စစ်တပ်သည် ရန်ကုန်မြို့တွင်းမှ ရာဇဝင်ရှိသူ လူဆိုးလူမိုက်များနှင့် ဂျပန်စစ်သုံ့ပန်းများစွာ ကို ရန်ကုန်ထောင်အတွင်း သို့ ထည့်ကာ ချုပ်နှောင်ထားခဲ့သည်။
၁၉၄၅ နိုဝင်ဘာလ ၁ ရက်။
ဝန်ကြီးဟောင်း ဗန္ဓုလဦးစိန် ကို အင်္ဂလိပ်အစိုးရက ဘီကလပ်နိုင်ငံရေးသမားများထားရာ အဆောင်(၁)သို့ ပို့လိုက်ကြသည်။
ဂျပန်ခေတ်နာမည်ကျော်လူမိုက်ကြီး ပုသိမ်ညွန့်ဘဘိုး ကို မူ ရာဇဝတ်အဆောင်ဖြစ်သော အဆောင်(၄)သို့ ပို့ဆောင်လိုက်၏။
ဘဘိုး ကား နာမည်ကျော်လူမိုက်ဖြစ်ခဲ့သည့်အတွက် အဆောင် (၄) ထဲ ဝင်လိုက်သည်နှင့် အားလုံးက ခေါင်းငုံ့နေကြသည်။
"ဟေ့..လမ်းမတော်ဖိုးတုတ်နဲ့ ဂန္ဓမာသောင်းရီ ကို အပြုတ်ဖြုတ်ခဲ့တဲ့ ပုသိမ်ညွန့်ဘဘိုးကွ..ဒီနေ့က စ ဒီအဆောင်မှာ ငါခေါင်းဆောင်ပဲ"
အဆောင်အတွင်းမှ လူဆိုးလူမိုက်များက ဘဘိုး ကို မည်သူမျှ စောဒကမတက်ရဲကြ။
ထောင်သို့ ရောက်နေပြီး နောက်တစ်နေ့ နံနက်တွင် ပန်ချာပီထောင်ဝါဒါတစ်ဦးက အဆောင်(၄)သို့ ရောက်လာသည်။
"မောင်ဘဘိုးရှိလား"
"ရှိပါတယ်..ဆပ်"
 "မင်းက ဝန်ကြီးဦးစိန်ရဲ့ တူလား"
"ဟုတ်ပါတယ်"
"မင်း က အထူးအခွင့်အရေးအနေနဲ့ တခြားလူတွေလို တောင်ယာမလုပ်ရဘူး။ မင်းက ဖိုကြီးဘုတ်မှာ အလုပ်စဆင်းရမယ်.ဟုတ်ပြီလား"
ပန်ချာပီထောင်ဝါဒါ၏ စကားကြောင့် ဘဘိုး အူမြူးသွားသည်။ ဦးလေးဖြစ်သူ၏ အရှိန်အဝါက ကျန်သေးသည် ဆိုသည်ကိုလည်း သိလိုက်၏။
ပန်ချာပီထောင်ဝါဒါက ဘဘိုးကို ဖိုကြီးဘုတ် ဟုခေါ်သော စားဖိုဆောင်သို့ ဦးဆောင်ခေါ်သွားလေသည်။
ရန်ကုန်ထောင်၏ ဘယ်ဘက်အစွန်းတွင် ရှိသော စားဖိုဆောင်သည် သစ်သားယက်မကြီးများဖြင့် ဆောက်လုပ်ထားပြီး ထောင်ရိက္ခာသိုလှောင်ရာဂိုထောင်ကြီးနှင့် ကပ်လျက်တွင် တည်ရှိသည်။
စားဖိုဆောင်၏ မီးခိုးခေါင်းတိုင်မှ မီးခိုးများ တလူလူထွက်နေသည်။
''မောင်ဘဘိုး လာမယ်ဆိုလို့..စားဖို က ကောင်ကလေးတွေ ကြောက်နေကြတယ်..သူတို့ကို ကောင်းကောင်းဆက်ဆံပေးပါ..မောင်ဘဘိုး"
ဘဘိုးက ဟက်ခနဲ ရယ်လိုက်၏။
"ကဲ..မောင်ဘဘိုး..ဟိုဘက်က စားဖိုဆောင်၊ချက်ပြုတ်တဲ့နေရာပေါ့။ ဒီဘက်က ရိက္ခာဂိုထောင်၊ ရိက္ခာဂိုထောင် ထဲမှာ စားဖိုဆောင်ရဲ့ အကျဉ်းသားအင်ချက် ရှိတယ်။ မောင်ဘဘိုး လုပ်ရမှာက သူ့ကို သွားသတင်းပို့ပြီး ဘာလုပ်ရမလဲဆိုတာ မေးလိုက်ပါ"
ပန်ချာပီက ဘဘိုးကို ညွန်ပြပြီး ပြန်လှည့်သွားသည်။
ဘဘိုး က ရိက္ခာဂိုထောင် အတွင်းသို့ ခေါင်းကို မော့လျက် ဝင်သွား၏။
တဖက် စားဖိုဆောင်တွင် ထောင်စာချက်သူများနှင့် ဆူညံနေသလောက် ဂိုထောင်ကား တိတ်ဆိတ်နေ၏။
ဂိုထောင်အတွင်းတွင် မိုးဗြဲဒယ်ကြီးကို ထင်းမီးထိုးနေသော လူနှစ်တစ်ယောက်။
"ဟေ့…ဒီမှာ စားဖိုအင်ချပ်ဆိုတာ ဘယ်သူလဲ..ငါ ပုသိမ်ညွန့်ဘဘိုးပဲ"
"သြော်…ဘဘိုး မင်းရောက်လာပြီကိုး"
လူနှစ်ယောက်က မီးစများရဲနေသည့် ထင်းချောင်းကိုယ်စီကိုင်ကာ ထလာသဖြင့် ဘဘိုး နောက်သို့ ဆုတ်လိုက်သည်။
ထိုစဉ်အနောက်ဖက်မှ တံခါးမကြီးကို ဝုန်းခနဲပိတ်သံကြားရပြီး စားဖိုဆောင်တစ်ခုလုံး မှောင်မဲသွားသည်။
ရေနွေးအိုးမီးဖိုနှင့် ထင်းချောင်းမှ မီးအလင်းရောင်ကြောင့် ထလာသူ နှစ်ယောက်၏ မျက်နှာကို မြင်လိုက်ရသောအခါ ဘဘိုး မျက်နှာဖြူလျော်သွားသည်။
"ကဲ..ဘဘိုးရေ….မင်းကို ငါတို့မှာ စောင့်လိုက်ရတာကွာ…လူဆိုးလူမိုက်တွေကို အင်္ဂလိပ်က ဖမ်းနေတယ်ဆိုကတည်းက မင်းဒီရောက်လာမယ်ဆိုတာသိလို့ လာစောင့်နေရတာကွ..ဟဲဟဲ"
အုန်းဖေ က ထင်းချောင်းကို ကိုင်ကာ ရှေ့တိုးလာ၏။
အုန်းဖေ ဘေးတွင် ရပ်နေသူက လက်ထဲမှ တစ်စုံတစ်ခုကို ဘဘိုး ထံ လှမ်းပြလိုက်သည်။
"ငါ့ကို  မှတ်မိလား..ဘဘိုး..မင်းက မမှတ်မိလည်း..ဒီနားရွက်ခြောက်လေးကို ကြည့်စမ်းပါကွာ..မင်းကို ငါ ကျေးဇူးအရမ်းတင်နေတာပါကွာ..အဓိပတိကြီး ဒေါက်တာဘမော်ကိုယ်ရံတော်လူမိုက်ကြီး ပုသိမ်ညွန့်ဘဘိုး ရဲ့ နားရွက်ဆိုပြီး ရွာမှာ ငါမူးတိုင်းကြွားနေကျကွ..အခုတော့ မင်းနားရွက်လေးကို မင်းနားမှာ ပြန်ချုပ်ပေးဖို့..ငါ လာစောင့်နေတာလေကွာ..ဟဲ..ဟဲ"
ဘဘိုးက နောက်သို့ လှည့်ကာ ပြေးလိုက်စဉ်…သူ့မျက်နှာတည့်တည်းအား အရှိန်ပြင်းပြင်းထိုးခံလိုက်ရကာ ပစ်လဲကျသွားသည်။
ဘဘိုးက မီးအလင်းရောင်ဖြင့် သေချာကြည့်လိုက်သောအခါ ချိန်းကြိုးပတ်ထားသော လက်သီးတစ်စုံ ။
"ဂန္ဓမာ..ဂန္ဓမာသောင်းရီ..မင်း..မင်း"
ဂန္ဓမာသောင်းရီက လက်သီးတွင် ပတ်ထားသော ချိန်းကြိုးကို ဖြည်လိုက်ရင်း..
"ဘဘိုး….ငါ က မင်းသတ်လို့ သေမယ့်ကောင်လားကွ..ဟမ်..ဟေ့ကောင်"
ဂန္ဓမာသောင်းရီ က စကားအဆုံးတွင် လက်ထဲတွင် ကိုင်ထားသော ချိန်းကြိုးဖြင့် ဘဘိုး၏ မျက်နှာကို ဖြတ်ရိုက်ချပစ်လိုက်သည်။
ဖြောင်းခနဲအသံနှင့်အတူ ဘဘိုး မျက်နှာ လည်ထွက်သွား၏။
"ဟေ့..ဘယ်လိုလဲကွ…မင်းက ဖိုးတုတ်ကို စာပို့လိုက်တယ်ဆို..ချိန်းကြိုးနဲ့ပဲလူသတ်တတ်တဲ့ ဂန္ဓမာဆို..အေး..အေး.."
ဘဘိုးက ထလာပြီး ဂန္ဓမာသောင်းရီကို ဝင်လုံးလိုက်သည်။
အလစ်ထလာသည်မို့ ဂန္ဓမာသောင်းရီမှာ အလုံးခံလိုက်ရပြီး မြေကြီးပေါ်လဲကျသွား၏။
အုန်းဖေ နှင့် ထွန်းရင်က ထင်းချောင်းကိုယ်စီဖြင့် ပြေးလာကြသည်။
"ဟေ့ကောင်တွေ..ရတယ်..ဒီကောင့်ကိုငါတစ်ကောင်နဲ့ ရတယ်"
ဂန္ဓမာသောင်းရီ က ဘဘိုး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ချုပ်လျက် တစ်ဖက်က နားရွက်မရှိသော နားထဲသို့ လက်သီးဖြင့် အားကုန်ထိုးနေလေသည်။
ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး ချိန်းကြိုးကို ပြန်လည်ကောက်ကိုင်လိုက်သည်။
ဘဘိုးမှာ မြေကြီးတွင် လဲနေသည်။
ထွန်းရင်က ပြေးသွားပြီး ဘဘိုး၏ လည်ပင်းကို ခြေထောက်ဖြင့် နင်းထားလိုက်၏။
ဂန္ဓမာသောင်းရီက ပွတ်ချွန်းဆေးလိပ်ကို ထုတ်လိုက်ပြီး…အုန်းဖေလက်ထဲတွင် ကိုင်ထားသော ထင်းချောင်းမှ မီးဖြင့် မီးညှိလိုက်သည်။
ထို့နောက် အုတ်ခဲပေါ်တွင် ထိုင်ချလိုက်ပြီး။
"မင်းကို ငါ အေးအေးဆေးဆေးသတ်မှာ ဘဘိုး။ မင်း..အောင်ဘနဲ့ ဘိုးထင်ကို သတ်လိုက်တော့ မင်းက ငါ့ကိစ္စမို့ ငါပဲ ရှင်းမယ်လို့ ဖိုးတုတ်ကို ငါကတိပေးခဲ့တယ်။ အဲ့ဒါကြောင့် လှေပေါ်မှာ ငါသေလို့ မဖြစ်ဘူးလို့ တွေးမိတယ်။ မင်းဒီနေ့ သုံးခါသေရမယ်။ ပထမက အောင်ဘနဲ့ ဘိုးထင်အတွက်။ ဒုတိယက ငါ့ကိုယ်စား အသက်စွန့်ပေးသွားတဲ့ ဦးလေးဘွန်ရှုကျင်းအတွက်။ တတိယက ငါ့အချစ်ဆုံးသူငယ်ချင်းဖိုးတုတ်အတွက်ပဲ"
ဘဘိုး က ဂန္ဓမာသောင်းရီ ကို ထိတ်လန့်သောအကြည့်များဖြင့် ကြည့်နေသည်။
"ဒါပေမယ့်..မင်းကံကောင်းပါတယ်…ထွန်းရင်က ငါ့ကို ခွင့်တောင်းတယ်..မင်းဆီက သူပစ္စည်းတစ်ခုယူထားမိတယ်တဲ့..မင်းသေခါနီး မှာ အင်္ဂါစုံစုံလေးသေရအောင် အဲ့ဒီပစ္စည်းလေး သူပြန်တပ်ပေးလိုက်ချင်တယ်တဲ့ကွာ..ကဲ..ထွန်းရင်.အချိန်မရှိဘူးဟေ့..လုပ်စရာရှိတာ လုပ်ပေးလိုက်..ပြီးရင် သတ်ရအောင်"
အုန်းဖေက ဘဘိုး၏ ခန္ဓာကိုယ်ပေါ်တက်ခွပြီး ဖိချုပ်ထားကာ ဘက်ဘက်ပါးပြင်ကို မြေပြင်နဲ့ ဖိကပ်ပေးထားလိုက်သည်။
ထွန်းရင်က သူ့လက်ထဲမှ တွန့်လိမ်နေသော နားရွက်ခြောက်ကြီးကို ဘဘိုး၏ မျက်နှာရှေ့သို့ ထိုးပြလိုက်၏။
"ဗျိုး..ဘဘိုး..မင်း နားရွက်ကို အပ်ချည်နဲ့ ပြန်ချုပ်ပေးလိုက်မယ်ဗျ..မင်းနဲ့ငါ အကြွေးကြေပြီနော့"
"ဟေ့..ထွန်းရင်..လူအသားကို အစိမ်းချုပ်ရတာ လွယ်တယ်မှတ်လို့လားကွ..ခပ်ပျော့ပျော့ဖြစ်သွားအောင်..အပူပေးပြီး ချုပ်ရတယ်…ကဲ..ငါလာပြီ"
ဂန္ဓမာသောင်းရီက ပွတ်ချွန်းဆေးလိပ်ကို ပါးစပ်တွင်ခဲလျက်..ရေနွေးအိုးမီးဖိုထဲမှ မီးရဲနေသော ထင်းချောင်းတစ်ချောင်းကို ကောက်ဆွဲကာ ထလိုက်သည်။
ပုသိမ်ညွန့်ဘဘိုး ကား မျက်လုံးများ ကြောင်စီစီဖြင့် ဂန္ဓမာသောင်းရီကို ကြည့်လျက် တစ်စုံတစ်ခု အော်ပြောလိုက်သည်။
သို့သော်..သေခြင်းတရားနှင့် ကြောက်စိတ်၏ အရှိန်အဟုန်ကြောင့် အသံတို့ကား ထွက်မလာနိုင်တော့။
The Guys of Yangon,1930 …ပြီးပါပြီ။
ခက်ဇော်

အခန္း(၃၄)
        …………….
၁၉၄၄ ႏိုဝင္ဘာ ၃၀ ရက္။
ေျမာင္းျမေထာင္၊ ေဆး႐ုံေဆာင္၊ အခန္း(၃)။ ည  (၁၁)နာရီ သံေခ်ာင္းေခါက္ၿပီးခ်ိန္။
"နင့္ကို ငါ တမင္သတ္တာမဟုတ္ဘူး..ငါ တမင္သတ္တာမဟုတ္ဘူး"
"ခင္ဗ်ားကို ကြၽန္ေတာ္ သနားလို႔ သတ္တာေနာ္..သတ္ခ်င္လို႔မဟုတ္ဘူး..ဦးဟုတ္ဂြမ္"
ငိုက္ျမည္းေနေသာ ေထာင္ေစာင့္ရဲကင္းသားေလးပင္ လန႔္ႏိုးသြားသည္။
သို႔ေသာ္ လူမိုက္ႀကီးလမ္းမေတာ္ဖိုးတုတ္၏ အခန္းမွ လာေသာအသံမ်ားျဖစ္ေၾကာင္း သူသေဘာေပါက္လိုက္သည္။
လမ္းမေတာ္ဖိုးတုတ္ကို ရန္ကုန္ေထာင္ႀကီးမွ ေျမာင္းျမေထာင္သို႔ ပို႔လိုက္သည့္အခ်ိန္ကတည္းက ဖိုးတုတ္၏ က်န္းမာေရးမွာ အားရစရာမရွိ။
ဂ်ပန္တို႔ တင္ေဆာင္လာသည့္ စစ္သုံးေလာ္ရီကားမွာ အမိုးမရွိသည့္အတြက္ ေနပူႀကဲႀကဲတြင္ အက်ဥ္းသားမ်ား အားလုံး ပင္ပန္းေနၾကသည္။
ထိုအခ်ိန္က ေျမာင္းျမေထာင္သည္ ဂ်ပန္အုပ္ခ်ဳပ္မႈေအာက္ မရွိပဲ ဘီအိုင္ေအ၏ အုပ္ခ်ဳပ္မႈေအာက္တြင္ ရွိေနသည္။
ရန္ကုန္ၿမိဳ႕မွ နာမည္ေက်ာ္လူမိုက္ႀကီး လမ္းမေတာ္ဖိုးတုတ္ ေထာင္ေျပာင္းပါလာမည္ဆိုသည့္ သတင္းကို အက်ဥ္းသားမ်ားအားလုံး စိတ္ဝင္စားေနၾကသည္။
လမ္းမေတာ္ဖိုးတုတ္ ကား လက္ထိပ္တန္းလန္းျဖင့္ ကားေပၚမွ ျဖည္းျဖည္းခ်င္းဆင္းလာသည္။
ဂ်ပန္အရာရွိႏွင့္ အျခားအက်ဥ္းသားမ်ား ၏ ေနာက္မွ တစ္လွမ္းခ်င္း အားယူလိုက္လာ၏။
လမ္းမေတာ္ဖိုးတုတ္ႀကီး ဆိုတာသူပဲ ဆိုသည့္ တီးတိုးစကားသံမ်ားေအာက္ အားလုံးက ဖိုးတုတ္ကို စိတ္ဝင္စားစြာၾကည့္ေနၾကသည္။
ေထာင္ဗူးဝအေရာက္တြင္ မဟန္ႏိုင္ေတာ့ပဲ..ေျခေထာက္ႏွစ္ေခ်ာင္းကို အားျပဳကာ နံရံကို မွီကာ ေခါင္းကိုေမာ့ၿပီး အသက္ကို ဝေအာင္ရႈလိုက္သည္။
ေနာက္ႏွစ္ေပါင္းမ်ားစြာၾကာသည္အထိ ေျမာင္းျမေထာင္တြင္ ကိုယ္စိတ္ႏြမ္းလ်စြာျဖင့္ ေထာင္နံရံကို မွီတတ္ေသာ ေထာင္သားမ်ားကို ဖိုးတုတ္မွီမွီ သည္ ဟု ဝန္ထမ္းမ်ားက ေျပာေလ့ရွိသည္အထိ။
ထိုသို႔ မွီထားရာမွ ဖိုးတုတ္ သည္ ေခြကနဲ လဲက်သြားေတာ့သည္။
အနားတြင္ရွိသည္ ေတလဂူလူမ်ိဳး ေထာင္ဝါဒါ သန္းတင္ ဆိုသူက ဖိုးတုတ္ကို ေျပးေပြ႕လိုက္သည္။
ထို႔ေနာက္ ေထာင္ေဆး႐ုံေဆာင္ အခန္း(၃)သို႔ ခ်က္ခ်င္းေခၚေဆာင္သြားေတာ့၏။
ဖိုးတုတ္သည္ ေျမာင္းျမေထာင္တြင္ တစ္လေက်ာ္ကာလအတြင္း က်န္းမာေရးက ပိုမိုဆိုး႐ြာလာသည္။
တစ္ေန႔ခင္းလုံး ေခြေခါက္ညည္းညဴေနေသာ္လည္း ညညက် အသံနက္ႀကီးႏွင့္ ထထေအာ္လာသည္။
ရန္ကုန္ေထာင္တြင္ က်န္ရစ္ေသာ အုန္းေဖ ႏွင့္ ေမာင္ေမာင္တို႔မွာလည္း စစ္အေျခအေနအရ ဂ်ပန္စစ္တပ္ကာ ေထာင္သားမ်ားအျပင္ထြက္ခြင့္ကို ပိတ္ပင္လိုက္သည့္အတြက္ လမ္းမေတာ္ဖိုးတုတ္ ေထာင္ေျပာင္းသည့္ သတင္းကို မသင္းျမထံ ပို႔ေပးရန္ အမ်ိဳးမ်ိဳးအဖုံဖုံႀကိဳးစားလ်က္ရွိၾကသည္။
၁၉၄၄ ဒီဇင္ဘာလ ၂၄ ရက္။
ေျမာင္းျမခ႐ိုင္၊ ခ႐ိုင္ရဲဝန္ေထာက္ ဦးခင္ေမာင္ သည္ ေျမာင္းျမအက်ဥ္းေထာင္ႀကီးကို စစ္ေဆးရန္ ေရာက္ရွိလာေလသည္။
အက်ဥ္းေထာင္ေဆး႐ုံအား စစ္ေဆးေနစဥ္ အခန္း(၃)အတြင္း ကုတင္ေပၚဝယ္ ေခြေခြကေလးလဲေလ်ာင္းေနေသာ ဖိုးတုတ္ကို သတိထားမိသြား၏။
"သူ႔ကို ငါတစ္ေနရာမွာ  ေတြ႕ဖူးတယ္"
ေဘးတြင္ပါလာေသာ ေထာင္အရာရွိကို ေမးလိုက္သည္။
"အဲ့ဒါ..နာမည္ေက်ာ္လမ္းမေတာ္ဖိုးတုတ္ေလ..ဝန္ေထာက္မင္း"
ဦးခင္ေမာင္ မွာ အံၾသမင္သက္သြားသည္။
ထို႔ေနာက္ အခန္းတြင္းသို႔ ဝင္သြား၏။
ေရွ႕တြင္ ဝင္ထိုင္လိုက္ေသာအခါ ဖိုးတုတ္က မ်က္လုံးကို ျဖည္းျဖည္းခ်င္း ဖြင့္ၾကည့္လိုက္သည္။
"ကြၽန္ေတာ့္ကို မွတ္မိလား..ကိုဖိုးတုတ္"
ဖိုးတုတ္က အသက္ကို ခက္ခက္ခဲခဲရႈရင္း ေသခ်ာၾကည့္သည္။
"ဆရာကိုခင္ေမာင္"
"ဟုတ္တယ္..ကိုဖိုးတုတ္…ကြၽန္ေတာ္ခင္ဗ်ားကို မွတ္ေတာင္မမွတ္မိေတာ့ဘူးဗ်ာ…ဘယ္လိုေတာင္ ျဖစ္သြားရတာလဲ..ကိုဖိုးတုတ္ရယ္"
ဖိုးတုတ္က ခပ္ယဲ့ယဲ့ ၿပဳံးျပသည္။
"ဒီလိုပါပဲ..ဆရာရယ္..ဒီလိုပါပဲ"
"ခင္ဗ်ား ဒီမွာေနရတာအဆင္မေျပတာဘာမ်ားရွိလဲ။ ကြၽန္ေတာ္ ဘာမ်ား ကူညီႏိုင္မလဲဗ်ာ"
"ကြၽန္ေတာ္ စီးကရက္ေသာက္ခ်င္တယ္"
"ခုန ေထာင္ကဆရာက ေျပာတယ္။ ခင္ဗ်ားမွာ တီဘီ လည္းျဖစ္ေနတာဆို၊ ေဆးလိပ္နဲ႔ျဖစ္ပါ့မလားဗ်ာ"
"ဘ၀ တစ္ခုလုံး..လုပ္ခ်င္တာေတြ လုပ္ခဲ့ၿပီးပါၿပီ..ဆရာ။ စီးကရက္တစ္လိပ္ေလာက္နဲ႔ေတာ့..ေသခ်င္လည္း ေသပါေစဗ်ာ"
"မဟုတ္တာေတြဗ်ာ။ ကဲ..ဟုတ္ၿပီ..ကြၽန္ေတာ္ စီးကရက္တစ္ဗူး ၿပီးရင္ ပို႔ေပးမယ္..ဟုတ္ၿပီလား"
"ေနာက္ၿပီး…ၾကက္စြပ္ျပဳတ္ေလးေသာက္ခ်င္တယ္။ ထန္းလ်က္ခဲေလး စားခ်င္တယ္..ဆရာ"
ဦးခင္ေမာင္က ဖိုးတုတ္ကို ၾကည့္ကာ စိတ္ထိခိုက္ေနသည္။ လြန္ခဲ့ေသာ ဆယ္ႏွစ္ခန႔္က ကုလား ဗမာ အဓိက႐ုဏ္းကာလ၊ အိတ္စပက္ေတာ္ဦးဟုတ္ဂြမ္ ၏ ႐ုံးခန္းတြင္ ေတြ႕ခဲ့ရေသာ လူမိုက္ႀကီးဖိုးတုတ္။
လမ္းမေတာ္လူမိုက္ႀကီး၏ ဘုန္းတန္ခိုးအေတာက္ပဆုံးကာလမ်ား။ ေမာ္ေတာ္ကားတဝီဝီ၊ ဇိမ္က်က်ဟိုတယ္ခန္းမ်ား၊ အေကာင္းစားအရက္ပုလင္းမ်ားႏွင့္ မင္းေပါက္စိုးေပါက္ လူမိုက္ႀကီး။
အခုေတာ့..ေျမာင္းျမေထာင္ေဆး႐ုံ၏ သံကုတင္အစုတ္ေလးေပၚမွာ။
"ကြၽန္ေတာ့္မိန္းမ..မသင္းျမ ကို ကြၽန္ေတာ္ ဒီမွာေရာက္ေနတာ အေၾကာင္းၾကားေပးပါ..ဆရာ..ကြၽန္ေတာ့္သူ႔ကို ေတြ႕ခ်င္လို႔ပါ"
ဦးခင္ေမာင္ က ဖိုးတုတ္၏ ေပ်ာ့ေခြေအးစက္ေနေသာ လက္ကို ဆုပ္ကိုင္ကာ ေခါင္းညိမ့္ျပလိုက္သည္။
ညေနေစာင္းေသာအခါ  လမ္းမေတာ္ဖိုးတုတ္အတြက္ ၾကက္စြပ္ျပဳတ္၊ ထန္းလ်က္ခဲႏွင့္ စီးကရက္တစ္ဗူးကို ရဲသားေလးတစ္ဦးမွ လာေရာက္ပို႔ေပ၏။
၁၉၄၄ ဒီဇင္ဘာ(၂၆) ။ နံနက္ ၃ နာရီ ၁၀ မိနစ္။
ေဆး႐ုံေစာင့္အလွည့္က် ကင္းေစာင့္ေနေသာ ေထာင္ၾကပ္ကေလးသည္ အခန္း(၃) မွ ဝုန္းခနဲ အသံႀကီး ၾကားသျဖင့္ အေျပးအလႊားသြားၾကည့္ေလသည္။
လမ္းမေတာ္ဖိုးတုတ္ကား ကုတင္ေပၚမွ ျပဳတ္က်ၿပီး ၾကမ္းျပင္တြင္ ေမွာက္ခုံအေနအထားျဖင့္။
ေထာင္ၾကပ္က သြားေရာက္ထူမလိုက္ေသာအခါ…လမ္းမေတာ္ဖိုးတုတ္ကား အသက္ဝိညာဥ္ကင္းမဲ့လ်က္။
ကူးစက္ေရာဂါသမားျဖစ္ေသာေၾကာင့္ ဒီဇင္ဘာ ၂၆ ရက္ေန႔တြင္ပင္ လမ္းမေတာ္ဖိုးတုတ္၏ အေလာင္းအား ေျမာင္းျမေထာင္နံေဘးတြင္ ေျမျမဳပ္သၿဂိဳလ္လိုက္ၾကသည္။
ရဲဝန္ေထာက္ဦးခင္ေမာင္က ဦးဖိုးတုတ္အတြက္  အမွတ္တရအုတ္ဂူတစ္ခု ျပဳလုပ္ေပးသည္။ လမ္းမေတာ္ဖိုးတုတ္သည္ ေျမာင္းျမေထာင္သမိုင္းတြင္ ပထမဆုံးအထိမ္းအမွတ္ဂူျပဳလုပ္ေပးခံရသည့္ အက်ဥ္းသားျဖစ္သည္။
၂၆ ရက္ေန႔ ညေနပိုင္းတြင္ လမ္မေတာ္ဖိုးတုတ္၏ ညီ ဘသိန္း ေရာက္လာသည္။
ဘသိန္းက သူခ်စ္ေသာအကိုႀကီး ၏ အုတ္ဂူကို ေနာက္ဆုံးအေနျဖင့္ ကန္ေတာ့သည္။
ေနသည္ အေနာက္အရပ္သို႔ တျဖည္းျဖည္း ခ်ဥ္းနင္းဝင္ေရာက္သြား၏။
ေမွာင္ခဲ့ေခ်ၿပီ။
…………………………………………………………………………………………………………
၁၉၄၅ ၾသဂုတ္ ၁၅ တြင္ ဒုတိယကမာၻစစ္ႀကီးတရားဝင္ၿပီးဆုံးသြားခဲ့သည္။
၁၉၄၅ ေမလကတည္းက ရန္ကုန္ကို မဟာမိတ္တပ္မ်ား သိမ္းပိုက္လိုက္ၿပီျဖစ္ရာ ဂ်ပန္ေခတ္ ဗမာအစိုးရမွ အဓိပတိႀကီး ေဒါက္တာဘေမာ္သည္ ဆုတ္ခြာထြက္ေျပးေသာ ဂ်ပန္မ်ားႏွင့္အတူ ဂ်ပန္ျပည္သို႔ ထြက္ေျပးတိမ္းေရွာင္သြားသည္။
ေဒါက္တာဘေမာ္၏ အယုံၾကည့္ရဆုံးႏိုင္ငံေရးလူယုံျဖစ္သည့္ ဗႏၶဳလဦးစိန္ သည္ ထိုင္းႏိုင္ငံသို႔ တိမ္းေရွာင္သြားခဲ့သည္။
ဂ်ပန္လက္မွ လြတ္ေျမာက္လာေသာ ရန္ကုန္ၿမိဳ႕ႀကီးမွာ စိတ္ပ်က္ဖြယ္အတိျဖစ္ခဲ့သည္။ ရန္ကုန္ၿမိဳ႕ရွိ တိုက္တာအေဆာက္အဦသုံးပုံတစ္ပုံမွာ ပ်က္စီးသြားၿပီျဖစ္သည္။
ျပန္ဝင္လာေသာ ၿဗိတိသွ်အစိုးရသည္ ရန္ကုန္ၿမိဳ႕ကို သိမ္းပိုက္ၿပီးေနာက္ ၾသဂုတ္ ၂၇ တြင္ ကက္စဘီ ဟု  ေခၚၾကေသာThe Civil Supplies Board (CSB) အုပ္ခ်ဳပ္ေရးကို စတင္ထူေထာင္သည္။
ၿဗိတိသွ်အစိုးရက ဂ်ပန္ေငြစကၠဴမ်ားကို ဖ်က္သိမ္းေၾကာင္း မေၾကညာေသးပဲ မၾကာမီ ဖ်က္သိမ္းမည္ ျဖစ္ေၾကာင္း၊ ဂ်ပန္ေငြမ်ားကို ေနာက္ထပ္စုေဆာင္းျခင္း၊ လက္ခံျခင္းမျပဳရန္ အသိေပးထုတ္ျပန္ခဲ့သည္။
သို႔ေသာ္ ထိုေၾကညာခ်က္မွာ ေတာ႐ြာမ်ားသို႔ မေရာက္ေခ်။
ထိုအခ်က္ကို အခြင့္ေကာင္းယူၿပီး ရန္ကုန္ၿမိဳ႕မွ လူအခ်ိဳ႕မွာ ဂ်ပန္ေငြစကၠဴမ်ားကို ဂုံနီအိတ္မ်ားျဖင့္ ထည့္ကာ နယ္မ်ားသို႔ ဆင္းၿပီး လူသုံးကုန္၊ စားေသာက္ကုန္ပစၥည္းမ်ား လာေရာက္ဝယ္ယူသြားၾကသျဖင့္ ဂ်ပန္ေငြစကၠဴမ်ား တရားမဝင္ေၾကညာခ်ိန္တြင္ ေတာသူေတာင္သားမ်ားစြာမွာ အထိနာခဲ့ရသည္။
ဂ်ပန္ေငြစကၠဴမ်ားသုံးခြင့္မရသည့္အတြက္ ၿမိဳ႕ေပၚသို႔ တက္ကာ ေဈးဆိုင္မ်ားကို အတင္းဝင္လုၾကသည္။
လူဆိုးလူမိုက္မ်ားသည္ ပိုင္ရွင္မရွိေသာ တိုက္တာ၊ အေဆာက္အအုံမ်ားကို ဝင္ေရာက္က်ဴးေက်ာ္ေနၾကသည္။
သို႔ေသာ္ ကက္စ္စဘီအုပ္ခ်ဳပ္ေရး အရ ၿဗိတိသွ်စစ္တပ္က လူဆိုးလူမိုက္ဟူသမွ်ကို လိုက္လံဖမ္းဆီးၿပီး ရန္ကုန္ေထာင္ထဲသို႔ ထည့္ထားခဲ့သည္။
၁၉၄၅ ေအာက္တိုဘာ ၂၇ တြင္ ဗႏၶဳလဦးစိန္ သည္ ထိုင္းႏိုင္ငံမွ ေမာ္လၿမိဳင္သို႔ ကုန္းေၾကာင္းျဖင့္ ျပန္လည္ဝင္ေရာက္လာၿပီး ေမာ္လၿမိဳင္မွ ေလေၾကာင္းျဖင့္ ရန္ကုန္သို႔ ျပန္လည္ေရာက္ရွိလာခဲ့သည္။
ရန္ကုန္သို႔ ေရာက္ျ့ပီး မၾကာမီပင္ စစ္ၿပီးေခတ္ အဂၤလိပ္အစိုးရက ဗႏၶဳလဦးစိန္အားဖမ္းဆီးလိုက္သည္။
ဗႏၶဳလဦးစိန္ တင္မက သူ၏ တူျဖစ္သူ နာမည္ေက်ာ္လူမိုက္ ပုသိမ္ၫြန႔္ဘဘိုး ကို ပါ ဖမ္းဆီးကာ ရန္ကုန္ေထာင္အတြင္းသို႔ ပို႔လိုက္ၾကေတာ့သည္။
…………………………………………………………………………….
၁၉၄၅ ခုႏွစ္၊ ဧၿပီ ၂၅ ရက္ေန႔တြင္ ရန္ကုန္ေထာင္ႀကီးအား ဂ်ပန္တို႔က အၿပီးတိုင္ စြန႔္ခြာသြားခဲ့သည္။ ဆုတ္ခြာရာတြင္ မဟာမိတ္သုံ႔ပန္းမ်ားကိုပါ ေခၚေဆာင္သြားၾကသည္။
ရန္ကုန္ေထာင္ႀကီးအတြင္း ျမန္မာအက်ဥ္းသားမ်ား ထြက္ေျပးကုန္ၾကၿပီး အခ်ိဳ႕အက်ဥ္းသားမ်ားသာ ခိုကပ္ေနထိုင္က်န္ရစ္ၾကသည္။
အဂၤလိပ္တပ္မ်ား ျပန္ဝင္လာၿပီးေနာက္ ရန္ကုန္ေထာင္ႀကီးအား စစ္အုပ္ခ်ဳပ္ေရးေအာက္တြင္ အလ်င္အျမန္ ျပန္လည္ထူေထာင္လိုက္သည္။
အဂၤလိပ္စစ္တပ္သည္ ရန္ကုန္ၿမိဳ႕တြင္းမွ ရာဇဝင္ရွိသူ လူဆိုးလူမိုက္မ်ားႏွင့္ ဂ်ပန္စစ္သုံ႔ပန္းမ်ားစြာ ကို ရန္ကုန္ေထာင္အတြင္း သို႔ ထည့္ကာ ခ်ဳပ္ေႏွာင္ထားခဲ့သည္။
၁၉၄၅ ႏိုဝင္ဘာလ ၁ ရက္။
ဝန္ႀကီးေဟာင္း ဗႏၶဳလဦးစိန္ ကို အဂၤလိပ္အစိုးရက ဘီကလပ္ႏိုင္ငံေရးသမားမ်ားထားရာ အေဆာင္(၁)သို႔ ပို႔လိုက္ၾကသည္။
ဂ်ပန္ေခတ္နာမည္ေက်ာ္လူမိုက္ႀကီး ပုသိမ္ၫြန႔္ဘဘိုး ကို မူ ရာဇဝတ္အေဆာင္ျဖစ္ေသာ အေဆာင္(၄)သို႔ ပို႔ေဆာင္လိုက္၏။
ဘဘိုး ကား နာမည္ေက်ာ္လူမိုက္ျဖစ္ခဲ့သည့္အတြက္ အေဆာင္ (၄) ထဲ ဝင္လိုက္သည္ႏွင့္ အားလုံးက ေခါင္းငုံ႔ေနၾကသည္။
"ေဟ့..လမ္းမေတာ္ဖိုးတုတ္နဲ႔ ဂႏၶမာေသာင္းရီ ကို အျပဳတ္ျဖဳတ္ခဲ့တဲ့ ပုသိမ္ၫြန႔္ဘဘိုးကြ..ဒီေန႔က စ ဒီအေဆာင္မွာ ငါေခါင္းေဆာင္ပဲ"
အေဆာင္အတြင္းမွ လူဆိုးလူမိုက္မ်ားက ဘဘိုး ကို မည္သူမွ် ေစာဒကမတက္ရဲၾက။
ေထာင္သို႔ ေရာက္ေနၿပီး ေနာက္တစ္ေန႔ နံနက္တြင္ ပန္ခ်ာပီေထာင္ဝါဒါတစ္ဦးက အေဆာင္(၄)သို႔ ေရာက္လာသည္။
"ေမာင္ဘဘိုးရွိလား"
"ရွိပါတယ္..ဆပ္"
 "မင္းက ဝန္ႀကီးဦးစိန္ရဲ႕ တူလား"
"ဟုတ္ပါတယ္"
"မင္း က အထူးအခြင့္အေရးအေနနဲ႔ တျခားလူေတြလို ေတာင္ယာမလုပ္ရဘူး။ မင္းက ဖိုႀကီးဘုတ္မွာ အလုပ္စဆင္းရမယ္.ဟုတ္ၿပီလား"
ပန္ခ်ာပီေထာင္ဝါဒါ၏ စကားေၾကာင့္ ဘဘိုး အူျမဴးသြားသည္။ ဦးေလးျဖစ္သူ၏ အရွိန္အဝါက က်န္ေသးသည္ ဆိုသည္ကိုလည္း သိလိုက္၏။
ပန္ခ်ာပီေထာင္ဝါဒါက ဘဘိုးကို ဖိုႀကီးဘုတ္ ဟုေခၚေသာ စားဖိုေဆာင္သို႔ ဦးေဆာင္ေခၚသြားေလသည္။
ရန္ကုန္ေထာင္၏ ဘယ္ဘက္အစြန္းတြင္ ရွိေသာ စားဖိုေဆာင္သည္ သစ္သားယက္မႀကီးမ်ားျဖင့္ ေဆာက္လုပ္ထားၿပီး ေထာင္ရိကၡာသိုေလွာင္ရာဂိုေထာင္ႀကီးႏွင့္ ကပ္လ်က္တြင္ တည္ရွိသည္။
စားဖိုေဆာင္၏ မီးခိုးေခါင္းတိုင္မွ မီးခိုးမ်ား တလူလူထြက္ေနသည္။
''ေမာင္ဘဘိုး လာမယ္ဆိုလို႔..စားဖို က ေကာင္ကေလးေတြ ေၾကာက္ေနၾကတယ္..သူတို႔ကို ေကာင္းေကာင္းဆက္ဆံေပးပါ..ေမာင္ဘဘိုး"
ဘဘိုးက ဟက္ခနဲ ရယ္လိုက္၏။
"ကဲ..ေမာင္ဘဘိုး..ဟိုဘက္က စားဖိုေဆာင္၊ခ်က္ျပဳတ္တဲ့ေနရာေပါ့။ ဒီဘက္က ရိကၡာဂိုေထာင္၊ ရိကၡာဂိုေထာင္ ထဲမွာ စားဖိုေဆာင္ရဲ႕ အက်ဥ္းသားအင္ခ်က္ ရွိတယ္။ ေမာင္ဘဘိုး လုပ္ရမွာက သူ႔ကို သြားသတင္းပို႔ၿပီး ဘာလုပ္ရမလဲဆိုတာ ေမးလိုက္ပါ"
ပန္ခ်ာပီက ဘဘိုးကို ၫြန္ျပၿပီး ျပန္လွည့္သြားသည္။
ဘဘိုး က ရိကၡာဂိုေထာင္ အတြင္းသို႔ ေခါင္းကို ေမာ့လ်က္ ဝင္သြား၏။
တဖက္ စားဖိုေဆာင္တြင္ ေထာင္စာခ်က္သူမ်ားႏွင့္ ဆူညံေနသေလာက္ ဂိုေထာင္ကား တိတ္ဆိတ္ေန၏။
ဂိုေထာင္အတြင္းတြင္ မိုးၿဗဲဒယ္ႀကီးကို ထင္းမီးထိုးေနေသာ လူႏွစ္တစ္ေယာက္။
"ေဟ့…ဒီမွာ စားဖိုအင္ခ်ပ္ဆိုတာ ဘယ္သူလဲ..ငါ ပုသိမ္ၫြန႔္ဘဘိုးပဲ"
"ေၾသာ္…ဘဘိုး မင္းေရာက္လာၿပီကိုး"
လူႏွစ္ေယာက္က မီးစမ်ားရဲေနသည့္ ထင္းေခ်ာင္းကိုယ္စီကိုင္ကာ ထလာသျဖင့္ ဘဘိုး ေနာက္သို႔ ဆုတ္လိုက္သည္။
ထိုစဥ္အေနာက္ဖက္မွ တံခါးမႀကီးကို ဝုန္းခနဲပိတ္သံၾကားရၿပီး စားဖိုေဆာင္တစ္ခုလုံး ေမွာင္မဲသြားသည္။
ေရေႏြးအိုးမီးဖိုႏွင့္ ထင္းေခ်ာင္းမွ မီးအလင္းေရာင္ေၾကာင့္ ထလာသူ ႏွစ္ေယာက္၏ မ်က္ႏွာကို ျမင္လိုက္ရေသာအခါ ဘဘိုး မ်က္ႏွာျဖဴေလ်ာ္သြားသည္။
"ကဲ..ဘဘိုးေရ….မင္းကို ငါတို႔မွာ ေစာင့္လိုက္ရတာကြာ…လူဆိုးလူမိုက္ေတြကို အဂၤလိပ္က ဖမ္းေနတယ္ဆိုကတည္းက မင္းဒီေရာက္လာမယ္ဆိုတာသိလို႔ လာေစာင့္ေနရတာကြ..ဟဲဟဲ"
အုန္းေဖ က ထင္းေခ်ာင္းကို ကိုင္ကာ ေရွ႕တိုးလာ၏။
အုန္းေဖ ေဘးတြင္ ရပ္ေနသူက လက္ထဲမွ တစ္စုံတစ္ခုကို ဘဘိုး ထံ လွမ္းျပလိုက္သည္။
"ငါ့ကို  မွတ္မိလား..ဘဘိုး..မင္းက မမွတ္မိလည္း..ဒီနား႐ြက္ေျခာက္ေလးကို ၾကည့္စမ္းပါကြာ..မင္းကို ငါ ေက်းဇူးအရမ္းတင္ေနတာပါကြာ..အဓိပတိႀကီး ေဒါက္တာဘေမာ္ကိုယ္ရံေတာ္လူမိုက္ႀကီး ပုသိမ္ၫြန႔္ဘဘိုး ရဲ႕ နား႐ြက္ဆိုၿပီး ႐ြာမွာ ငါမူးတိုင္းႂကြားေနက်ကြ..အခုေတာ့ မင္းနား႐ြက္ေလးကို မင္းနားမွာ ျပန္ခ်ဳပ္ေပးဖို႔..ငါ လာေစာင့္ေနတာေလကြာ..ဟဲ..ဟဲ"
ဘဘိုးက ေနာက္သို႔ လွည့္ကာ ေျပးလိုက္စဥ္…သူ႔မ်က္ႏွာတည့္တည္းအား အရွိန္ျပင္းျပင္းထိုးခံလိုက္ရကာ ပစ္လဲက်သြားသည္။
ဘဘိုးက မီးအလင္းေရာင္ျဖင့္ ေသခ်ာၾကည့္လိုက္ေသာအခါ ခ်ိန္းႀကိဳးပတ္ထားေသာ လက္သီးတစ္စုံ ။
"ဂႏၶမာ..ဂႏၶမာေသာင္းရီ..မင္း..မင္း"
ဂႏၶမာေသာင္းရီက လက္သီးတြင္ ပတ္ထားေသာ ခ်ိန္းႀကိဳးကို ျဖည္လိုက္ရင္း..
"ဘဘိုး….ငါ က မင္းသတ္လို႔ ေသမယ့္ေကာင္လားကြ..ဟမ္..ေဟ့ေကာင္"
ဂႏၶမာေသာင္းရီ က စကားအဆုံးတြင္ လက္ထဲတြင္ ကိုင္ထားေသာ ခ်ိန္းႀကိဳးျဖင့္ ဘဘိုး၏ မ်က္ႏွာကို ျဖတ္႐ိုက္ခ်ပစ္လိုက္သည္။
ေျဖာင္းခနဲအသံႏွင့္အတူ ဘဘိုး မ်က္ႏွာ လည္ထြက္သြား၏။
"ေဟ့..ဘယ္လိုလဲကြ…မင္းက ဖိုးတုတ္ကို စာပို႔လိုက္တယ္ဆို..ခ်ိန္းႀကိဳးနဲ႔ပဲလူသတ္တတ္တဲ့ ဂႏၶမာဆို..ေအး..ေအး.."
ဘဘိုးက ထလာၿပီး ဂႏၶမာေသာင္းရီကို ဝင္လုံးလိုက္သည္။
အလစ္ထလာသည္မို႔ ဂႏၶမာေသာင္းရီမွာ အလုံးခံလိုက္ရၿပီး ေျမႀကီးေပၚလဲက်သြား၏။
အုန္းေဖ ႏွင့္ ထြန္းရင္က ထင္းေခ်ာင္းကိုယ္စီျဖင့္ ေျပးလာၾကသည္။
"ေဟ့ေကာင္ေတြ..ရတယ္..ဒီေကာင့္ကိုငါတစ္ေကာင္နဲ႔ ရတယ္"
ဂႏၶမာေသာင္းရီ က ဘဘိုး၏ လည္ပင္းကို လက္တစ္ဖက္ျဖင့္ ခ်ဳပ္လ်က္ တစ္ဖက္က နား႐ြက္မရွိေသာ နားထဲသို႔ လက္သီးျဖင့္ အားကုန္ထိုးေနေလသည္။
ထို႔ေနာက္ မတ္တပ္ထရပ္လိုက္ၿပီး ခ်ိန္းႀကိဳးကို ျပန္လည္ေကာက္ကိုင္လိုက္သည္။
ဘဘိုးမွာ ေျမႀကီးတြင္ လဲေနသည္။
ထြန္းရင္က ေျပးသြားၿပီး ဘဘိုး၏ လည္ပင္းကို ေျခေထာက္ျဖင့္ နင္းထားလိုက္၏။
ဂႏၶမာေသာင္းရီက ပြတ္ခြၽန္းေဆးလိပ္ကို ထုတ္လိုက္ၿပီး…အုန္းေဖလက္ထဲတြင္ ကိုင္ထားေသာ ထင္းေခ်ာင္းမွ မီးျဖင့္ မီးညႇိလိုက္သည္။
ထို႔ေနာက္ အုတ္ခဲေပၚတြင္ ထိုင္ခ်လိုက္ၿပီး။
"မင္းကို ငါ ေအးေအးေဆးေဆးသတ္မွာ ဘဘိုး။ မင္း..ေအာင္ဘနဲ႔ ဘိုးထင္ကို သတ္လိုက္ေတာ့ မင္းက ငါ့ကိစၥမို႔ ငါပဲ ရွင္းမယ္လို႔ ဖိုးတုတ္ကို ငါကတိေပးခဲ့တယ္။ အဲ့ဒါေၾကာင့္ ေလွေပၚမွာ ငါေသလို႔ မျဖစ္ဘူးလို႔ ေတြးမိတယ္။ မင္းဒီေန႔ သုံးခါေသရမယ္။ ပထမက ေအာင္ဘနဲ႔ ဘိုးထင္အတြက္။ ဒုတိယက ငါ့ကိုယ္စား အသက္စြန႔္ေပးသြားတဲ့ ဦးေလးဘြန္ရႈက်င္းအတြက္။ တတိယက ငါ့အခ်စ္ဆုံးသူငယ္ခ်င္းဖိုးတုတ္အတြက္ပဲ"
ဘဘိုး က ဂႏၶမာေသာင္းရီ ကို ထိတ္လန႔္ေသာအၾကည့္မ်ားျဖင့္ ၾကည့္ေနသည္။
"ဒါေပမယ့္..မင္းကံေကာင္းပါတယ္…ထြန္းရင္က ငါ့ကို ခြင့္ေတာင္းတယ္..မင္းဆီက သူပစၥည္းတစ္ခုယူထားမိတယ္တဲ့..မင္းေသခါနီး မွာ အဂၤါစုံစုံေလးေသရေအာင္ အဲ့ဒီပစၥည္းေလး သူျပန္တပ္ေပးလိုက္ခ်င္တယ္တဲ့ကြာ..ကဲ..ထြန္းရင္.အခ်ိန္မရွိဘူးေဟ့..လုပ္စရာရွိတာ လုပ္ေပးလိုက္..ၿပီးရင္ သတ္ရေအာင္"
အုန္းေဖက ဘဘိုး၏ ခႏၶာကိုယ္ေပၚတက္ခြၿပီး ဖိခ်ဳပ္ထားကာ ဘက္ဘက္ပါးျပင္ကို ေျမျပင္နဲ႔ ဖိကပ္ေပးထားလိုက္သည္။
ထြန္းရင္က သူ႔လက္ထဲမွ တြန႔္လိမ္ေနေသာ နား႐ြက္ေျခာက္ႀကီးကို ဘဘိုး၏ မ်က္ႏွာေရွ႕သို႔ ထိုးျပလိုက္၏။
"ဗ်ိဳး..ဘဘိုး..မင္း နား႐ြက္ကို အပ္ခ်ည္နဲ႔ ျပန္ခ်ဳပ္ေပးလိုက္မယ္ဗ်..မင္းနဲ႔ငါ အေႂကြးေၾကၿပီေနာ့"
"ေဟ့..ထြန္းရင္..လူအသားကို အစိမ္းခ်ဳပ္ရတာ လြယ္တယ္မွတ္လို႔လားကြ..ခပ္ေပ်ာ့ေပ်ာ့ျဖစ္သြားေအာင္..အပူေပးၿပီး ခ်ဳပ္ရတယ္…ကဲ..ငါလာၿပီ"
ဂႏၶမာေသာင္းရီက ပြတ္ခြၽန္းေဆးလိပ္ကို ပါးစပ္တြင္ခဲလ်က္..ေရေႏြးအိုးမီးဖိုထဲမွ မီးရဲေနေသာ ထင္းေခ်ာင္းတစ္ေခ်ာင္းကို ေကာက္ဆြဲကာ ထလိုက္သည္။
ပုသိမ္ၫြန႔္ဘဘိုး ကား မ်က္လုံးမ်ား ေၾကာင္စီစီျဖင့္ ဂႏၶမာေသာင္းရီကို ၾကည့္လ်က္ တစ္စုံတစ္ခု ေအာ္ေျပာလိုက္သည္။
သို႔ေသာ္..ေသျခင္းတရားႏွင့္ ေၾကာက္စိတ္၏ အရွိန္အဟုန္ေၾကာင့္ အသံတို႔ကား ထြက္မလာႏိုင္ေတာ့။
The Guys of Yangon,1930 …ၿပီးပါၿပီ။
ခက္ေဇာ္

Comments

Post a Comment