The Guys of Yangon,1930(Part 32)

The Guys of Yangon,1930(Part 32)

အခန်း(၃၃)

                                         …………….

ဘဘိုး က ဖိုးတုတ် အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်နေသော ဖိုးတုတ်ကို သေချာကြည့်လိုက်သည်။

"တကယ်ပဲ…လမ်းမတော်ဖိုးတုတ်ကြီးကိုဗျ…ရန်ကုန်တစ်မြို့လုံးက ကြောက်ရတဲ့ လူမိုက်ကြီး..ရန်ကုန်ရဲ့ ဘုရင်ကြီး..သြော်..အခုတော့လည်းဗျာ..သနားတောင် သနားမိပါရဲ့"

ဖိုးတုတ်က အံကိုကြိတ်ပြီး ဘဘိုး ကို ခပ်တင်းတင်း ကြည့်လိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံး ရောဂါဘယများဒဏ်ကြောင့် ပိန်လှီနေသော်လည်း ဖိုးတုတ်၏ အကြည့်များကတော့ စူးစူးရဲရဲရှိလှသဖြင့် ဘဘိုး ဖြင့် ရွံ့တွန့်တွန့် ဖြစ်သွား၏။

"ငါ့ကို သတ်ဖို့လာတာမဟုတ်လား..ဘဘိုး..ဒီဘုန်းကြီးကျောင်းထဲတော့ မလုပ်ပါနဲ့ကွာ..ဒီကျောင်းက ငါ့ကို ဆေးကုပေး၊ ကျွေးမွေးပေးထားတာ၊ တော်ကြာ ငါ့အလောင်းကြီးကြောင့် ဘုန်းကြီးတွေ စိတ်ညစ်ကုန်ပါမယ်.. ကဲ..ဘယ်မှာ သတ်ချင်လဲပြော..ငါလိုက်ခဲ့မယ်"

"ဟား..အခုတော့လည်း တယ်လည်း သေချင်နေပြီပေါ့လေ..သေရမှာပါ..သေရမှာပါ..ဒါပေမယ့်.ဒီမှာကြည့်စမ်း.. ခင်ဗျားတပည့်တွေလက်ချက်နဲ့ ကျုပ်ဘာဖြစ်ခဲ့လဲဆိုတာ"

ဘဘိုးက ဆံပင်ဖြင့် အုပ်ထားသော သူ့ညာဘက် နားရွက်နေရာကို လှန်ပြလိုက်သည်။

နားရွက်မရှိပဲ နားပေါက်ဟောင်းလောင်းသာရှိသည်။

"ဖိုးတုတ်ကြီး..ဖိုးတုတ်ကြီး…ဟိုးတုန်းကလည်း ခင်ဗျားတပည့်တွေကပဲ ကျုပ်သွားတွေကို ရိုက်ချိုးခဲ့တယ်၊ ဟော့..အခုလည်း ခင်ဗျားတပည့်လက်ချက်နဲ့ ကျုပ်နားရွက်တစ်ဖက် ပေးခဲ့ရပြန်တယ်။ အဲ့ဒါတွေကို တစ်ခုချင်းစီ အကြွေးပြန်ယူပြီးမှ ခင်ဗျား သေခွင့်ရမှာ..စိတ်ပူမနေနဲ့"

ဖိုးတုတ်က ဘဘိုး ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဘဘိုး..မင်းဟာမင်း ငါ့ကို နားရွက်ပဲဖြတ်ဖြတ်၊ မျက်လုံးပဲဖောက်ဖောက် ငါက မင်းကို ကြောက်သွားမယ် ထင်လို့လားကွ…ငါမှတ်မိပါသေးရဲ့ကွာ…ဂန္ဓမာ မင်္ဂလာဆောင်တဲ့ညကပေါ့..သင်္ဘောပေါ်မှာ သေရမှာကို ကြောက်နေတဲ့ မင်းမျက်လုံးတွေ၊ လမ်းမတော်ဖိုးတုတ်နဲ့ သူ့သူငယ်ချင်း ဂန္ဓမာသောင်းရီ လက်ထဲမှာမို့ သွေးပျက်နေတဲ့ မင်းမျက်လုံးတွေကို ငါ အရသာခံပြီး ကြည့်ခဲ့တာကွာ..သိပ်အရသာရှိတာပေါ့..အေး..မင်းကတော့ ငါ့ဆီကနေ အဲ့ဒီလို အရသာဘယ်တော့မှ ရမှာမဟုတ်ဘူး..ဘာလို့လဲဆိုတော့ ငါက မင်းကိုလည်းမကြောက်ဘူး..သေရမှာကိုလည်း မကြောက်လို့ပဲကွ"

"ဟာ..ဒီငါလိုးမသားကြီးတော့ သေခါနီးတောင် စကားများနေတယ်..ဟေ့ကောင်တွေ ဒီကောင်ကြီးကို ဆွဲပြီး ကားပေါ်တင်ကွာ"

ဘဘိုး၏ တပည့်နှစ်ဦးက ရှေ့တိုးလာကြသည်။

"ဒကာတို့ ဒါ ဘုန်းဘုန်းကျောင်းကို လာမှီခိုနေတဲ့ ဧည့်သည်ပါ။ ဘယ်ကို ခေါ်သွားကြမလို့လဲ"

သာဓုဆရာတော်ကြီးနှင့် ဘုန်းတော်ကြီးများက နောက်မှ ရောက်လာသဖြင့် ဘဘိုး တို့ လက်အုပ်ချီလိုက်ကြသည်။

"ဒီလူက လမ်းမတော်ဖိုးတုတ်ဆိုတဲ့ လူမိုက်ကြီးပါ..ဦးဇင်း..တပည့်တော်တို့က သူ့ကို အပြစ်ပေးဖို့ လာဖမ်းတာပါ"

"အပြစ်ပေးဖို့ လာဖမ်းရအောင်..ဒကာတို့က ပုလိပ်ဘက်ကလား"

''မဟုတ်ပါဘူး..ဘုရား..တပည့်တော်တို့က အဓိပတိကြီးဒေါက်တာဘမော်ရဲ့ လူတွေပါ"

"သြော်..ဒကာကြီး ဘမော်လူတွေကို..ဒကာကြီး ဘမော်လူတွေက ဘာကိစ္စ ဘုန်းဘုန်းကျောင်းက ဧည့်သည်ကို အတင်းခေါ်ဖို့လုပ်နေကြတာလဲ..ဘုန်းဘုန်းနားမလည်ဘူး..ဒကာကြီးက သူ့လူတွေကို ဒီလိုပဲ ဘုန်းကြီးကျောင်းထဲ ရမ်းကားဖို့ သင်ထားသလားကွဲ့..တွေ့မှ ဆုံးမရဦးမယ်"

သာဓုဆရာတော်ကြီးသည် အဓိပတိဒေါက်တာဘမော် အပါအဝင် နိုင်ငံရေးသမားများ အားလုံးအပေါ် သြဇာညောင်းသော ဆရာတော်ကြီးဖြစ်သဖြင့် ဘဘိုး တို့ အကြပ်ရိုက်သွားကြသည်။

"အဓိပတိကို လုပ်ကြံမှုမှာ ဖိုးတုတ်ကြီးရဲ့ တပည့်တစ်ယောက်ပါနေပါတယ်..ဦးဇင်း..ဒါပြင် ဖိုးတုတ်ကြီးဟာ လူဆိုးကြီးမို့ အခြားအမှှုတွေ စစ်ဆေးဆရာလည်းရှိလို့ပါ"

"ဒီမယ်..ဒကာတို့…ခုန ကတည်းက ဘုန်းဘုန်းမေးပြီးပြီလေ..မင်းတို့က ပုလိပ်ဘက်ကလား ဆိုတာကို..ပုလိပ်ဘက်က မဟုတ်ရင် မင်းတို့နဲ့ ဒီက ဦးဖိုးတုတ်နဲ့ ဘာမှ မပတ်သက်ဘူးကွဲ့..ဦးဖိုးတုတ် မှာ မင်းပြစ်မင်းဒဏ်ရှိတယ်ဆိုလည်း ငါ့ကျောင်းက ဧည့်သည်ကို ငါကိုယ်တိုင် ပုလိပ်လက်အပ်မယ်..ဟဲ့..ကပ္ပိယကြီး..လမ်းထိပ် ရဲဌာနက ဌာနအုပ်ဦးရှိန် ကို သွားခေါ်စမ်းကွဲ့..ဒီမှာ လမ်းမတော်ဖိုးတုတ်ကြီးကို ဘယ်ကမှန်းမသိတဲ့ လူတွေ လာဖမ်းနေတယ်လို့..အဲ့ဒါ သူတို့ ဌာနကို လာအသိပေးတာလို့ပြောချေ"

ကပ္ပိယကြီးက ကျောင်းဘေးတွင် ထောင်ထားသော စက်ဘီးကို နင်းကာထွက်သွားသည်။

ဘဘိုး မျက်နှာက ဒေါသကြောင့် နီမြန်းနေသည်။

ယခုအခြေအနေတွင် လမ်းမတော်ဖိုးတုတ်အား ခေါ်ထုတ်သွားပြန်လျှင်လည်း ရဲတပ်အဖွဲ့က ထိုအကြောင်း ဆိုင်ရာကို သတင်းပို့တော့မည်။

ဖိုးတုတ်ကို အစဖျောက်ပစ်သည်ဆိုလျှင် ဘီအိုင်အေနှင့် အခြားနိုင်ငံရေးသမားများက အဓိပတိဒေါက်တာဘမော် ကို ထိုးနှက်စရာမေးခွန်းများ ထုတ်တော့မည်ဖြစ်သည်။

"တောက်"

ဘဘိုးက တောက်တစ်ချက်ခေါက်ကာ လှည့်ထွက်သွား၏။

ထို့နောက် ကားစက်ကို နှိုးကာ အရှိန်ပြင်းပြင်း မောင်းထွက်သွားလေတော့သည်။

ခဏအကြာတွင် ရဲရာဇဝတ်အုပ်ဦးရှိန် နှင့်ရဲတပ်သားများ ရောက်လာကြသည်။

ဦးရှိန်က ယခင်က အိတ်စပတ်တာကိုခင်မောင် ၏ တပည့်ဖြစ်သဖြင့် ဖိုးတုတ်ကို သိနေသည်။

"ကိုဖိုးတုတ်..ကျွန်တော် အကြံပေးချင်တာကတော့..ခင်ဗျား အခုချိန်မှာ ထောင်ထဲ သွားနေတာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့..ဒီအချိန် ခင်ဗျား ကျန်းမာရေးကမကောင်းတဲ့အထဲ ခင်ဗျားကို သတ်ချင်တဲ့သူတွေ ပတ်လည်ဝိုင်းနေပြီဗျ။ ကျွန်တော် ပြောတာ သဘောပေါက်လား"

ဖိုးတုတ်က ခေါင်းညိမ့်ပြသည်။

"ကျွန်တော်တို့ ပုလိပ်ပေါက်စဘဝကတည်းက ခင်ဗျားနာမည်က ကြားဖူးခဲ့တာပါ။ ခင်ဗျားကို ကျွန်တော့်ဆရာ ကိုခင်မောင် ကလည်း တကယ့်လူပဲဗျာလို့ အမြဲပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို စိတ်မရှိပါနဲ့။ ခင်ဗျားကို ဖမ်းတယ်ဆိုတာ ခင်ဗျားအတွက်ပါပဲ"

ရဲသားနှစ်ယောက်က ဖိုးတုတ်ကို တွဲထူလိုက်သည်။ ထို့နောက် လက်ကို လက်ထိပ်ခတ်လိုက်ပြီး ကားပေါ်သို့ တင်သွားကြ၏။

ကျောင်းဝန်းအတွင်းရှိ သရက်သီးများက တဖြုတ်ဖြုတ်ကြွေနေကြသည်။

မေဦးမိုးက တဖွဲဖွဲ ရွာနေဆဲ။

……………………………………………………………………………………………………

၁၉၄၄ မေလ ၉ ရက်။

"နာမည် …………..ဖိုးတုတ်

အကျဉ်းသားနံပါတ်…………၄၂၁

ပြစ်မှု………………..(……………….)"

"ဟေ့ကောင် ကျယ်ကျယ်ပြောစမ်းကွာ"

"………………….."

"ဟာ..ဒီကောင်ကတော့…..သေတော့မယ်"

ရန်ကုန်ထောင်ကြီး၏ စစ်အကျဉ်းသားများ ထားသော အဆောင်ရှေ့တွင် ကျအကျဉ်းသားများအား ပုံစံထိုင် လူစစ်နေသော ပုံစံပြမောင်နီ က လမ်းမတော်ဖိုးတုတ် အား ပြေးကန်ရန် ပြင်လိုက်သည်။

"ဟေ့ကောင်..မောင်နီ..မင်း ဘာလုပ်တာလဲ"

"ဗျာ..ကိုအုန်းဖေ..ဒီမှာ ကျသစ်တစ်ကောင် အမှုမေးတာကို စောက်ကြောတင်းနေလို့..ဗျင်းမလို့"

"သြော်..မင်းက ဗျင်းမလို့လား..ငါ့ နားလာစမ်း"

မောင်နီက အုန်းဖေ အနားသို့ အပြေးကလေးသွားလိုက်သည်။

အုန်းဖေက မောင်နီ ၏ မျက်နှာကို လက်သီးဖြင့် အားကုန်ထိုးချလိုက်ရာ မောင်နီ လဲကျသွား၏။

လဲကျသွားသော မောင်နီ ကို အုန်းဖေက ဆင့်ကာဆင့်ကာ ကန်လိုက်သည်။

"ခွေးမသား..မင်းအဆင့်နဲ့များ…လမ်းမတော်ဖိုးတုတ်ကို ဗျင်းမလို့..ဟုတ်လား..ခွေးမသား..မင်းစောက်ဆင့်နဲ့များ..မင်းက..ဟမ်"

မောင်နီမှာ ပါးစပ်ထဲမှ သွေးများပင် ထွက်ကျလာသည်။

အုန်းဖေက ပုံစံထိုင်နေသော လမ်းမတော်ဖိုးတုတ် ဆီသို့ သွားကာ လက်မောင်ကို ဖေးမလျက် ဆွဲထူလိုက်သည်။

"ဆရာရယ်…ပိန်သွားလိုက်တာဗျာ…ကျွန်တော်ဖြင့် ရုတ်တရက် မမှတ်မိဖြစ်သွားတာ ခွင့်လွှတ်ပါဆရာရယ်..ကျွန်တော့်ကို ခွင့်လွှတ်ပါ"

ဖိုးတုတ်က အုန်းဖေ ၏ လက်မောင်းကို ကိုင်ကာ ပြုံးပြလိုက်သည်။

"အေး..ငါ သေနတ်မှန်တဲ့ ဒဏ်ရော၊ တခြားရောဂါတွေနဲ့မို့ နေမကောင်းဖြစ်နေတာကြာပြီ..အုန်းဖေ"

"မောင်မောင် လည်း ရောက်နေပြီဆရာ..သူပြောပြလို့ ဆရာတို့ နဲ့ ဘဘိုးတို့ အခြေအနေတွေ ကျွန်တော် သိပြီးပြီ…ဂန္ဓမာကြီးသတင်းလည်း ကြားရတယ်…ဒီကောင်တွေကို ကျွန်တော် လွတ်တာနဲ့ သတ်မှာဆရာ"

"အေး..လောလောဆယ်..ငါ ဗိုက်ဆာတယ်ကွာ..ကြည်မြင့်တိုင်ဂါတ်က နေ ခေါ်လာကတည်းက ဘာမှ မစားရသေးဘူး"

"လာ..လာ..ဆရာ..ကျွန်တော့်အဆောင်မှာ ဆရာပြောင်းနေ..ကျွန်တော်က အခု ဒီက ထောင်မှူးအိုဟာရီဆန် ရဲ့ ရုံးမှာ အကူလုပ်နေတာ။ ဗမာအကျဉ်းသားတွေရဲ့ တန်းစီးချုပ်ပေါ့..ဆရာ"

အုန်းဖေက လမ်းမတော်ဖိုးတုတ်ကို အဆောင်အတွင်းရှိ သူ့ကုတင်မှ ခေါ်သွားသည်။

ကုတင်ပေါ်တွင် ဂုံနီအိတ်ကို နှစ်ထပ်ခင်းထားပြီး ဝါးခေါင်းအုံးလေးတစ်လုံးလည်းရှိသည်။

"ဆရာရေ..နေရာထိုင်ကင်းကောင်းကောင်းမထားနိုင်တာတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ။ ဒီခေတ်ဒီအခါ ရန်ကုန်ထောင်မှာတော့ ဂုံနီအိတ်နဲ့ အိပ်နိုင်တဲ့ကောင်က ဘုရင်ပဲ..ဆရာရေ။ ဟိုဘက် မဟာမိတ်အကျဉ်းသားတွေဆောင်က အင်္ဂလိပ်ဗိုလ်မှူးချုပ်တွေ၊ တရုတ်ဗိုလ်မှူးချုပ်တွေတောင် ကျွန်တော့်လို ဂုန်နီအိတ်နှစ်ထပ်ခင်းမအိပ်နိုင်ဘူး။ တစ်ထပ်ပဲ ခင်းအိပ်နိုင်တာ"

"ဒါနဲ့ မောင်မောင်ရောကွ"

"မောင်မောင်က ကပ်ပလီတပ်ကကောင်တွေ နဲ့ အပြင်ထွက်ပြီး ပဲတီးပင်ပေါက်သွားရောင်းတယ် ..ဆရာ..ညနေပြန်လာမှာ"

"ဘယ်လိုကွ..ပဲတီးပင်ပေါက် သွားရောင်းတယ်..ဟုတ်လား"

"ဟုတ်တယ်..ဆရာရေ..ဟိုးက ရေစင်ကြီးတွေ့လား..အဲ့ဒီရေစင်ကြီးအောက်မှာ ဂျပန်တွေက အကျဉ်းသားတွေကို ပဲတီးပင်ပေါက်ဖောက်ခိုင်းတယ်။ ပဲတီးပင်ပေါက်တွေကို မဟာမိတ်အကျဉ်းသားတွေ က ဈေးထဲ သွားပြီး ရောင်းရတယ်။ အပြင်မှာကလည်း အစားအသောက်က ရှားတယ်မဟုတ်လား..ဆရာ..အဲ့ဒါ မောင်မောင် ကတော့ ဒီမဟာမိတ်အကျဉ်းသားတွေကို စကားပြန်လုပ်ပေးရင်း ထိန်းကျောင်းပေးရတာပေါ့။ ဂျပန်ကလည်း ကျွန်တော့်လူဆိုတော့ ယုံတယ်လေ။ အခုလည်း ကပ်ပလီတစ်အုပ်နဲ့ထွက်သွားတယ်။ ပြန်လာရင် ဂျပန်ကို သုံးပုံနှစ်ပုံပြန်အပ်ပြီး တစ်ပုံကို သွားရောင်းတဲ့အဖွဲ့တွေနဲ့စိုက်တဲ့အဖွဲ့ခွဲယူပေါ့။ လိုအပ်တာလေးဝယ်လာပေါ့ဆရာရယ်''

''အော်..အဲ့ဒီလိုဆိုတော့ မဆိုးပါဘူး"

"ခဏ.ခုန ဆရာဗိုက်ဆာတယ်ဆိုတာ ကျွန်တော်မေ့ပြီး စကားတွေပြောနေတယ်..တော်သေးတယ်..မနေ့က ဗြိတိသျှတပ်က ဆရာဝန်ကြီး ဒေါက်တာမက္ကဇင်မွေးနေ့ မို့ သူက ဂျုံရအောင်သွင်းပြီး ပေါင်မုန့် ဝေတယ်ဗျ။ ကျွန်တော့်မှာ လက်ကျန်ရှိသေးတယ်။ ရေနွေးလည်း အသင့်ရှိတယ်။ ဒီနေ့တော့ ဒါပဲ စားလိုက်ဦးဆရာ..နောက်ရက် မောင်မောင်..အပြင်ထွက်ရင် စားချင်တာမှာလိုက်ပါ"

အုန်းဖေက ခပ်ကြမ်းကြမ်းပေါင်မုန့်အညိုနှစ်ချပ် နှင့် စစ်သုံးမတ်ခွက်ထဲ ထည့်ထားသော ရေနွေးကြမ်းကို ဖိုးတုတ်ထံ ယူလာပေးသည်။

"ခုန ဆရာပြောတယ်နော်..ဒီမှာ အခြေအနေမဆိုးဘူးဆိုတာ..နောက်တွေ့ပါလိမ့်မယ်..ဆရာရေ..ဒီမှာကြည့် ကျွန်တော်ဆို ဝဲတွေ တစိုစိုနဲ့။ ထောင်ထဲလည်း ဝမ်းရောဂါနဲ့ တစ်နေ့ငါးလောင်းလောက် သေနေတာ။ ဒီကြားထဲ ဂျပန်တွေကလည်း မဟာမိတ်အကျဉ်းသားတွေကို အပျင်းပြေ တစ်နေ့ နှစ်ယောက်လောက် ခေါ်ခေါ်ပြီး ရိုက်သတ်နေတာ..ကျွန်တော်လို လူသတ်လာတဲ့ကောင်တောင် စိတ်ညစ်တယ်ဆရာရေ"

အုန်းဖေက စိတ်ပျက်လက်ပျက်ပြောဆိုရင်း ပေါင်မုန့်ကို ပလုတ်ပလောင်းစားနေသော သူ့ဆရာ လမ်းမတော်ဖိုးတုတ်ကို ငေးကြည့်နေသည်။

"ဒါနဲ့..ဆရာကို ခုန မောင်နီက အမှှုမေးတော့ ဘာလို့ မဖြေတာလဲ"

"ငါ..ရှက်လို့ကွာ"

"ဘာကို ရှက်တာလဲ..ဆရာရဲ့"

"ငါ လူတွေအများကြီးသတ်လာတယ်။ ဒုစရိုက်မှုတွေအများကြီးလုပ်လာတာပါကွာ။ အခု ငါ့ကို ချလိုက်တဲ့ ပုဒ်မက ၁၀၉၊၁၁၀ အသက်မွေးဝမ်းကြောင်းခိုင်လုံအောင်မပြနိုင်မှှုတဲ့၊ မသင်္ကာမှုတဲ့၊ နောက် လမ်းမတော်က မြင်းလှည်းသမားကို လုတဲ့အမှုတစ်ခုကိုလည်း တရားခံမပေါ်တော့ ငါ့ကို ထိုးထည့်ပြီး ထောင် နှစ်နှစ် တန်းချလိုက်တယ်။ ဒီဂျပန်ခေတ်မှာတော့ လုပ်ချင်ရာလုပ်ကြတာပဲ။ ငါလည်းအဲ့ဒီအမှုတွေနဲ့ဆိုတော့ ပြောရမှာ ရှက်စရာကြီးမို့ကွာ"

"အဲ…ဟုတ်သား..ဆရာရယ်"

နာမည်ကျော် ရန်ကုန်ထောင်ကြီး မှာ ပရုမ်းလမ်း(ပြည်လမ်း)နှင့် ဘုန်းကြီးလမ်းထောင့်တွင် တည်ရှိသည်။

လမ်းမတော်ဖိုးတုတ် ထောင်ကျသည့် ၁၉၄၄ခုနှစ် ဂျပန်ခေတ်အကျဉ်းထောင်ကြီးတွင် အကျဉ်းသား နှစ်ရာကျော်ခန့်ရှိပြီး ထောင်ပိုင်ကြီး ကိုရှီးဗား က အုပ်ချုပ်သည်။

ထောင်ဖွဲ့စည်းပုံမှာ အုတ်ရိုးများအတွင်း အလယ်မှ မိန်းဂျေးကို ဦးတိုက်ထားသော သစ်သားနှစ်ထပ်ဆောင်ကြီးများဖြင့် ဖွဲ့စည်းထားသည်။

ထောင်အဆောင်များအလိုက် သုံးပိုင်းခွဲထားပြီး မဟာမိတ်စစ်သားများနှင့် အိန္ဒိယစစ်သားများက တစ်ပိုင်း၊ ချန်ကေရှိတ်၏ တရုတ်စစ်သားများကတစ်ပိုင်း၊ ဗမာအကျဉ်းသားများက တစ်ပိုင်း ခွဲထားသည်။

တရုတ်အကျဉ်းသားများကိုမူ အခန်းကျယ်ကြီးတစ်ခုတွင် စုပေါင်းထားရှိသည်။ အပေါ့အလေးကို လွတ်လပ်စွာသွားလာခွင့်ပေးထား၏။

သို့သော်..တစ်စုံတစ်ရာပြသနာတက်လာပါက တရုတ်အကျဉ်းသားများမှာ အမေးအမြန်းမရှိ ပစ်သတ်ခံရသည်။

ဗြိတိသျှနှင့် သစ္စာခံအိန္ဒိယစစ်သားများကိုမူ ကျဉ်းမြောင်းသော အကျဉ်းခန်းလေးများတွင် လေးယောက်တတွဲ ထားသည်။

လမ်းလျှောက်ခွင့်မရှိ။ ထိုင်နေရသည်။

တစ်ဦးနှင့်တစ်ဦး စကားကျယ်ကျယ်ပြောပါက အစောင့်က ခေါ်ထုတ်ပြီး သတိလစ်သည်အထိ ပါးရိုက်တတ်သည်။

မဟာမိတ်စစ်သားများကိုထမင်းကျွေးရာတွင် ဒန်ခွက်အထူဖြင့်ကျွေးပြီး ဇွန်းခရင်း ဖြင့် စားခွင့်မပြုပဲ လက်နှင့်သာ စားခွင့်ပြုသည်။

အားလုံးထဲတွင် အသက်သာဆုံးမှာ ဗမာအကျဉ်းသားများဖြစ်သည်။

ဂျပန်အရာရှိများသည် သူတို့နှင့် စစ်တိုက်နေသည့် ရန်သူများဖြစ်သော အင်္ဂလိပ်၊ အိန္ဒိယနှင့် တရုတ်များကို နှိမ်သလောက် ဗမာအကျဉ်းသားများကိုတော့ အခွင့်အရေးတစ်ချို့ပေးထားသည်။

ကျန်သည့်အကျဉ်းသားများမှာ တစ်ပတ်တစ်ကြိမ်သာ ရေချိုးခွင့်ရသော်လည်း ဗမာအကျဉ်းသားများက တစ်ပတ် နှစ်ရက်ချိုးခွင့်ရှိသည်။

ထောင်ပိုင်ကြီးကိုရှီးမား ဒေါသထွက်သည့်နေ့များတွင် အခြားအကျဉ်းသားများ၏ အဆောင်များကို ရေများဖြန်းပြီး ရေစိုတွင် အိပ်ခိုင်းသော်လည်း ဗမာအကျဉ်းသားအဆောင်များကိုမူ  ထိုသို့ ပြုလုပ်ခြင်းမရှိ။

မဟာမိတ်စစ်ဗိုလ်ချုပ်များကိုမူ နှစ်ထပ်ဆောင်များ၏ အပေါ်ထပ်တွင်ထားပြီး ကုတင်တစ်လုံးစီဖြင့် သီးသန့်ထားသည်။

ဗမာအကျဉ်းသားများထဲတွင် ကုတင်ဖြင့် အိပ်ရသည်မှာ အုန်းဖေ တစ်ဦးသာ ရှိသည်။ အုန်းဖေသည် ထောင်ပိုင်ကြီးကိုရှီးဗား နှင့်လည်း ရင်းနှီးမှုရှိပြီး အကျဉ်းသားအားလုံး၏ တန်းစီးချုပ်လည်းဖြစ်သည်။

အုန်းဖေ က ဖိုးတုတ်ကို သူ့ကုတင်ပေါ်တွင်အိပ်စေပြီး သူက အောက်ဆင်းအိပ်သည်။

မောင်မောင် က အပြင်ထွက်ရတိုင်း ဖိုးတုတ်အတွက် ဓာတ်စာများ၊ ဆေးဝါးများ ရှာဖွေပေးတတ်သည်။

သို့သော်ငြား ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ မိုးရာသီကာလများသည် ဂျပန်ခေတ် ရန်ကုန်ထောင်အတွင်း အဆိုးရွာဆုံးအခြေအနေများဖြစ်ပေါ်နေသည်။

အကျဉ်းသားအများစုမှာ အာဟာရဓာတ်ပြည့်ဝစွာမစားရမှုကြောင့် ဘယ်ရီဘယ်ရီရောဂါများဖြစ်ပွားလာသည်။

အဝတ်အစားကလည်း ရှားပါးသည့်အတွက် စက်သေနတ်ဒဏ်ကြောင့် ခေါင်မိုးတွင် အပေါက်များဖြစ်သည့် အဆောင်များအတွင် မိုးရေမျိုယိုပြီး စိုရွှဲနေပါက လဲစရာအဝတ်မရှိသဖြင့် ဒီအတိုင်း နေကြရသည်။

အိမ်သာစနစ်မှာလည်း အဆောင်အတွင်း ဘင်ဂျိုသံဗူး ဟု ခေါ်သည့်ဗူးများအတွင်း အားလုံး စုပေါင်းပါရသည်။

အကျဉ်းသားတစ်ယောက်လျှင် တစ်နေ့ တစ်ကြိမ်သာ အလေးသွားခွင့်ပြုပြီး ထိုဗူးများ ပြည့်လျှံမှသာ အိမ်သာကျင်းထဲ သွားရောက်စွန့်ပစ်ခွင့်ရသည်။

ထို့ကြောင့် မိုးရာသီရောက်သည်နှင့် ဝမ်းရောဂါ က ကပ်ပါလာသည်။

ဖိုးတုတ်နေသော အဆောင် (၁)မှာ ရန်ကုန်ထောင်ကြီးတွင် အကောင်းဆုံးအဆောင်ဖြစ်သော်လည်း ထောင်တွင်း ပတ်လည်ရိုက်နေသည့် ဝမ်းရောဂါက ကူးစက်လာတော့သည်။

ကိုယ်ခံအားနည်းလှသော ဖိုးတုတ်မှာ ထောင်ဆေးရုံ၏ ဆေးဝါးမပြည့်စုံမှု၊ အာဟာရလုံလောက်စွာမ ရရှိမှုတို့ကြောင့် နဂိုရှိရင်းစွဲရောဂါများက ပိုသည်းလာသည်။

တီဘီရောဂါကလည်း အမြင့်ဆုံး အဆင့်သို့ ရောက်လာတော့သည်။

နံနက်ဆယ်နာရီ ထောင်သားများ ကာယလေ့ကျင့်ခန်းပြုလုပ်ချိန်တွင် လမ်းမတော်ဖိုးတုတ်မှာ ကုတင်ပေါ်တွင် ခွေခွေလေးမှိန်းနေ၏။

ထိုအချိန်တွင် အုန်းဖေက ဖိုးတုတ်၏ ဘေးသို့ ရောက်လာသည်။

"ဆရာဖိုးတုတ်..အမ မသင်းမြ နဲ့ ဘသိန်း ရောက်နေတယ်..ဆရာ့ကို တွေ့ချင်လို့တဲ့"

ထိုအသံကြောင့် ဖိုးတုတ် မျက်လုံးများ ပွင့်လာသည်။ ရုတ်တရက်မို့ သူ့နားသူ မယုံနိုင်ဖြစ်နေ၏။

"တကယ်လား..အုန်းဖေ"

"ဟုတ်တယ်..ဆရာ…ဟိုနေ့က မောင်မောင်အပြင်ထွက်တော့ ဈေးမှာ စံဘနဲ့ တွေ့တယ်။ အဲ့ဒါနဲ့ မသင်းမြနဲ့ ဘသိန်းက ဆရာ့ကိုတွေ့ချင်တယ်ဆိုတာနဲ့ ထောင်မှူးနဲ့ ကျွန်တော်ညှိပြီး စီစဉ်လိုက်တာပဲ။ အခု ဆရာက ထောင်ဆေးခန်းပြဖို့ကျွန်တော် ခေါ်သွားမယ်။ မသင်းမြနဲ့ ဘသိန်းက ဆေးခန်းဘေးက စစ်ထောက်လှမ်းရေးရုံးခန်း MI Room ထဲမှာ ဆရာ"

မသင်းမြ ဆိုသည့် အသံကြားသည်နှင့် ဖိုးတုတ်မျက်နှာ ဝင်းလက်လာသည်။

အုန်းဖေက ဖိုးတုတ်ကို တွဲပြီး ထောင်ဆေးရုံဆီသို့ ခေါ်လာသည်။

ဆေးရုံဘေးရှိ MI Room ထဲသို့ ဖိုးတုတ် ဝင်လိုက်သည်နှင့် မသင်းမြရော၊ ဘသိန်းပါ ဟာ ခနဲ ဖြစ်သွားကြ၏။

လမ်းမတော်ဖိုးတုတ်ကား အရိုးပေါ် အရေတင်ဖြစ်နေပေပြီ။

တီဘီရောဂါ၊ လိပ်ခေါင်းရောဂါ၊ ကာလသားရောဂါ၊ အသည်းရောဂါ၊ ဝမ်းရောဂါ အစုံက သူ့ကို ဖိစီးနှိပ်စက်နေသည်။

မသင်းမြ ကား စကားမျှ မပြောနိုင်။

ဖိုးတုတ်ကို ဖက်ကာ ငိုနေတာ့သည်။

ဘသိန်းက ခေါက်ဆွဲကြော်ထုတ်ကလေးကို ဖိုးတုတ်ထံ ကမ်းပေးသည်။

ဖိုးတုတ်က လှမ်းယူရင်း ပြုံးပြသည်။

"မင်းတို့ အပြင်မှာ အဆင်ပြေရဲ့လား"

"ပြေပါတယ်…ကိုကြီးဖိုးတုတ်…အမေတော့  ရွာမှာပဲ ပြန်နေနေတယ်..ကျွန်တော်လည်း မိန်းမရပြီ"

"အေး..ကောင်းတယ်..မသင်းမြကို စောင့်ရှောက်ကြပါကွာ..မသင်းမြ..မသင်းမြ"

ဖိုးတုတ်က သူ့ပိန်လှပ်လှပ်ခန္ဓာကိုယ်ကို ဖက်ကာ တငိုတည်း ငိုနေသော မသင်းမြ ၏ ကျောကုန်းကို ပွတ်သပ်ကာ မသင်းမြ ၏ နာမည်ကို တတွတ်တွတ်ရွတ်နေသည်။

"ဟိုနေ့ကတောင် အကို အိပ်မက်မက်သေးတယ်..မသင်းမြ က အကို့ကို အာလူးနဲ့ ကောက်ပေါက်လိုက်တာတဲ့..အဲ့ဒီတုန်းက ပျော်စရာကောင်းတယ်နော်"

မသင်းမြ က မျက်ရည်များကို သုတ်လိုက်ပြီး ဖိုးတုတ်၏ မျက်နှာကို ငေးနေသည်။

"ကိုဖိုးတုတ်..ညီမဆီ ပြန်လာခဲ့မယ်..လို့ ပြောခဲ့တယ်နော်"

"ပြန်လာမှာပါ..မသင်းမြ..ပြန်လာမှာပါ"

……………………………………………………………………………………………………………

၁၉၄၄ နှစ်ကုန်ပိုင်းတွင် မြန်မာပြည်ရောက် ဂျပန်တပ်များ စုစုပေါင်း အင်အားခြောက်သောင်းခန့် ကျဆုံးသွားခဲ့ပြီဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တိုက်ပွဲများတွင် မဟာမိတ်တပ်များအောင်ပွဲခံနေပြီး ဂျပန်တပ်များ အရှုံးကြီးရှုံးနေကြသည်။ဂျပန်တို့ကား လုံးဝစစ်ရှုံးတော့မည်ကို ကြိုတင်သိနေကြပြီဖြစ်သည်။

ရန်ကုန်ထောင်ကြီးအတွင်းတွင်လည်း ထောင်အာဏာပိုင်များက ဂျပန်တပ်များဆုတ်ခွာရာလမ်းတွင် မဟာမိတ်သုံ့ပန်းများကို ဓားစာခံအဖြစ် ခေါ်သွားရန် အစည်းအဝေးထိုင်နေကြပြီဖြစ်သည်။

ညစဉ်ညတိုင်း မဟာမိတ်စစ်လေယာဉ်များက ဗုံးများလာကြဲချကြသည်။ နိုဝင်ဘာလ ၁၉ တွင် ရန်ကုန်ထောင်ကြီး ဗုံးကြဲခံရသည်။

ဗုံးဒဏ်ကြောင့် မဟာမိတ်အကျဉ်းသားများနှင့် ဂျပန်အရာရှိအချို့ သေဆုံးသွားကြသည်။

ထို့ကြောင့် ဂျပန်ထောင်အရာရှိများသည် ကူးစက်ရောဂါကျွမ်းနေပြီဖြစ်သည့် အကျဉ်းသားများ၊ ဒုက္ခိတဖြစ်နေသော အကျဉ်းသားများကို နယ်ထောင်များသို့ ပြောင်းရွှေ့ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။

၁၉၄၄ နိုဝင်ဘာလ ၂၄ ရက်၊ နံနက် (၄)နာရီ။

လမ်းမတော်ဖိုးတုတ် အိပ်နေရာမှ အတင်းလှုပ်နှိုးခြင်းကို ခံလိုက်ရသည်။

မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သော အခါ ထောင်အာဏာပိုင်ဂျပန်အရာရှိများ။

အုန်းဖေ က ဘေးတွင် မျက်နှာမသာမယာဖြင့် ရပ်နေသည်။

"ဆရာဖိုးတုတ်…မြောင်းမြထောင်ကို ပြောင်းဖို့ ထောင်ပိုင်ကြီးက ညွှန်ကြားလိုက်ပါတယ်..ကျွန်တော် ပစ္စည်းတွေ သိမ်းပေးပြီးပါပြီ..ဆရာ။ သူတို့နဲ့ လိုက်သွားလိုက်ပါ"

ဖိုးတုတ်မှာ အိပ်မှုံစုံမွှားဖြစ်နေသည်။

ဂျပန်အရာရှိက ဖိုးတုတ်  ၏ ပိန်လှီနေသာ လက်ကောက်ဝတ်ကို လက်ထိပ်ခတ်လိုက်ပြီး လက်မောင်းမှ တွဲကာ ခေါ်ထုတ်သွားတော့သည်။

ခက်ဇော်

ဇာတ်သိမ်းပိုင်း ဆက်ရန်

The Guys of Yangon,1930(Part 32)

အခန္း(၃၃)

                                         …………….

ဘဘိုး က ဖိုးတုတ္ အိပ္ရာေပၚတြင္ ငုတ္တုတ္ထိုင္ေနေသာ ဖိုးတုတ္ကို ေသခ်ာၾကည့္လိုက္သည္။

"တကယ္ပဲ…လမ္းမေတာ္ဖိုးတုတ္ႀကီးကိုဗ်…ရန္ကုန္တစ္ၿမိဳ႕လုံးက ေၾကာက္ရတဲ့ လူမိုက္ႀကီး..ရန္ကုန္ရဲ႕ ဘုရင္ႀကီး..ေၾသာ္..အခုေတာ့လည္းဗ်ာ..သနားေတာင္ သနားမိပါရဲ႕"

ဖိုးတုတ္က အံကိုႀကိတ္ၿပီး ဘဘိုး ကို ခပ္တင္းတင္း ၾကည့္လိုက္သည္။

ခႏၶာကိုယ္တစ္ခုလုံး ေရာဂါဘယမ်ားဒဏ္ေၾကာင့္ ပိန္လွီေနေသာ္လည္း ဖိုးတုတ္၏ အၾကည့္မ်ားကေတာ့ စူးစူးရဲရဲရွိလွသျဖင့္ ဘဘိုး ျဖင့္ ႐ြံ႕တြန႔္တြန႔္ ျဖစ္သြား၏။

"ငါ့ကို သတ္ဖို႔လာတာမဟုတ္လား..ဘဘိုး..ဒီဘုန္းႀကီးေက်ာင္းထဲေတာ့ မလုပ္ပါနဲ႔ကြာ..ဒီေက်ာင္းက ငါ့ကို ေဆးကုေပး၊ ေကြၽးေမြးေပးထားတာ၊ ေတာ္ၾကာ ငါ့အေလာင္းႀကီးေၾကာင့္ ဘုန္းႀကီးေတြ စိတ္ညစ္ကုန္ပါမယ္.. ကဲ..ဘယ္မွာ သတ္ခ်င္လဲေျပာ..ငါလိုက္ခဲ့မယ္"

"ဟား..အခုေတာ့လည္း တယ္လည္း ေသခ်င္ေနၿပီေပါ့ေလ..ေသရမွာပါ..ေသရမွာပါ..ဒါေပမယ့္.ဒီမွာၾကည့္စမ္း.. ခင္ဗ်ားတပည့္ေတြလက္ခ်က္နဲ႔ က်ဳပ္ဘာျဖစ္ခဲ့လဲဆိုတာ"

ဘဘိုးက ဆံပင္ျဖင့္ အုပ္ထားေသာ သူ႔ညာဘက္ နား႐ြက္ေနရာကို လွန္ျပလိုက္သည္။

နား႐ြက္မရွိပဲ နားေပါက္ေဟာင္းေလာင္းသာရွိသည္။

"ဖိုးတုတ္ႀကီး..ဖိုးတုတ္ႀကီး…ဟိုးတုန္းကလည္း ခင္ဗ်ားတပည့္ေတြကပဲ က်ဳပ္သြားေတြကို ႐ိုက္ခ်ိဳးခဲ့တယ္၊ ေဟာ့..အခုလည္း ခင္ဗ်ားတပည့္လက္ခ်က္နဲ႔ က်ဳပ္နား႐ြက္တစ္ဖက္ ေပးခဲ့ရျပန္တယ္။ အဲ့ဒါေတြကို တစ္ခုခ်င္းစီ အေႂကြးျပန္ယူၿပီးမွ ခင္ဗ်ား ေသခြင့္ရမွာ..စိတ္ပူမေနနဲ႔"

ဖိုးတုတ္က ဘဘိုး ကို ၾကည့္ကာ ၿပဳံးလိုက္သည္။

"ဘဘိုး..မင္းဟာမင္း ငါ့ကို နား႐ြက္ပဲျဖတ္ျဖတ္၊ မ်က္လုံးပဲေဖာက္ေဖာက္ ငါက မင္းကို ေၾကာက္သြားမယ္ ထင္လို႔လားကြ…ငါမွတ္မိပါေသးရဲ႕ကြာ…ဂႏၶမာ မဂၤလာေဆာင္တဲ့ညကေပါ့..သေဘၤာေပၚမွာ ေသရမွာကို ေၾကာက္ေနတဲ့ မင္းမ်က္လုံးေတြ၊ လမ္းမေတာ္ဖိုးတုတ္နဲ႔ သူ႔သူငယ္ခ်င္း ဂႏၶမာေသာင္းရီ လက္ထဲမွာမို႔ ေသြးပ်က္ေနတဲ့ မင္းမ်က္လုံးေတြကို ငါ အရသာခံၿပီး ၾကည့္ခဲ့တာကြာ..သိပ္အရသာရွိတာေပါ့..ေအး..မင္းကေတာ့ ငါ့ဆီကေန အဲ့ဒီလို အရသာဘယ္ေတာ့မွ ရမွာမဟုတ္ဘူး..ဘာလို႔လဲဆိုေတာ့ ငါက မင္းကိုလည္းမေၾကာက္ဘူး..ေသရမွာကိုလည္း မေၾကာက္လို႔ပဲကြ"

"ဟာ..ဒီငါလိုးမသားႀကီးေတာ့ ေသခါနီးေတာင္ စကားမ်ားေနတယ္..ေဟ့ေကာင္ေတြ ဒီေကာင္ႀကီးကို ဆြဲၿပီး ကားေပၚတင္ကြာ"

ဘဘိုး၏ တပည့္ႏွစ္ဦးက ေရွ႕တိုးလာၾကသည္။

"ဒကာတို႔ ဒါ ဘုန္းဘုန္းေက်ာင္းကို လာမွီခိုေနတဲ့ ဧည့္သည္ပါ။ ဘယ္ကို ေခၚသြားၾကမလို႔လဲ"

သာဓုဆရာေတာ္ႀကီးႏွင့္ ဘုန္းေတာ္ႀကီးမ်ားက ေနာက္မွ ေရာက္လာသျဖင့္ ဘဘိုး တို႔ လက္အုပ္ခ်ီလိုက္ၾကသည္။

"ဒီလူက လမ္းမေတာ္ဖိုးတုတ္ဆိုတဲ့ လူမိုက္ႀကီးပါ..ဦးဇင္း..တပည့္ေတာ္တို႔က သူ႔ကို အျပစ္ေပးဖို႔ လာဖမ္းတာပါ"

"အျပစ္ေပးဖို႔ လာဖမ္းရေအာင္..ဒကာတို႔က ပုလိပ္ဘက္ကလား"

''မဟုတ္ပါဘူး..ဘုရား..တပည့္ေတာ္တို႔က အဓိပတိႀကီးေဒါက္တာဘေမာ္ရဲ႕ လူေတြပါ"

"ေၾသာ္..ဒကာႀကီး ဘေမာ္လူေတြကို..ဒကာႀကီး ဘေမာ္လူေတြက ဘာကိစၥ ဘုန္းဘုန္းေက်ာင္းက ဧည့္သည္ကို အတင္းေခၚဖို႔လုပ္ေနၾကတာလဲ..ဘုန္းဘုန္းနားမလည္ဘူး..ဒကာႀကီးက သူ႔လူေတြကို ဒီလိုပဲ ဘုန္းႀကီးေက်ာင္းထဲ ရမ္းကားဖို႔ သင္ထားသလားကြဲ႕..ေတြ႕မွ ဆုံးမရဦးမယ္"

သာဓုဆရာေတာ္ႀကီးသည္ အဓိပတိေဒါက္တာဘေမာ္ အပါအဝင္ ႏိုင္ငံေရးသမားမ်ား အားလုံးအေပၚ ၾသဇာေညာင္းေသာ ဆရာေတာ္ႀကီးျဖစ္သျဖင့္ ဘဘိုး တို႔ အၾကပ္႐ိုက္သြားၾကသည္။

"အဓိပတိကို လုပ္ႀကံမႈမွာ ဖိုးတုတ္ႀကီးရဲ႕ တပည့္တစ္ေယာက္ပါေနပါတယ္..ဦးဇင္း..ဒါျပင္ ဖိုးတုတ္ႀကီးဟာ လူဆိုးႀကီးမို႔ အျခားအမွႈေတြ စစ္ေဆးဆရာလည္းရွိလို႔ပါ"

"ဒီမယ္..ဒကာတို႔…ခုန ကတည္းက ဘုန္းဘုန္းေမးၿပီးၿပီေလ..မင္းတို႔က ပုလိပ္ဘက္ကလား ဆိုတာကို..ပုလိပ္ဘက္က မဟုတ္ရင္ မင္းတို႔နဲ႔ ဒီက ဦးဖိုးတုတ္နဲ႔ ဘာမွ မပတ္သက္ဘူးကြဲ႕..ဦးဖိုးတုတ္ မွာ မင္းျပစ္မင္းဒဏ္ရွိတယ္ဆိုလည္း ငါ့ေက်ာင္းက ဧည့္သည္ကို ငါကိုယ္တိုင္ ပုလိပ္လက္အပ္မယ္..ဟဲ့..ကပၸိယႀကီး..လမ္းထိပ္ ရဲဌာနက ဌာနအုပ္ဦးရွိန္ ကို သြားေခၚစမ္းကြဲ႕..ဒီမွာ လမ္းမေတာ္ဖိုးတုတ္ႀကီးကို ဘယ္ကမွန္းမသိတဲ့ လူေတြ လာဖမ္းေနတယ္လို႔..အဲ့ဒါ သူတို႔ ဌာနကို လာအသိေပးတာလို႔ေျပာေခ်"

ကပၸိယႀကီးက ေက်ာင္းေဘးတြင္ ေထာင္ထားေသာ စက္ဘီးကို နင္းကာထြက္သြားသည္။

ဘဘိုး မ်က္ႏွာက ေဒါသေၾကာင့္ နီျမန္းေနသည္။

ယခုအေျခအေနတြင္ လမ္းမေတာ္ဖိုးတုတ္အား ေခၚထုတ္သြားျပန္လွ်င္လည္း ရဲတပ္အဖြဲ႕က ထိုအေၾကာင္း ဆိုင္ရာကို သတင္းပို႔ေတာ့မည္။

ဖိုးတုတ္ကို အစေဖ်ာက္ပစ္သည္ဆိုလွ်င္ ဘီအိုင္ေအႏွင့္ အျခားႏိုင္ငံေရးသမားမ်ားက အဓိပတိေဒါက္တာဘေမာ္ ကို ထိုးႏွက္စရာေမးခြန္းမ်ား ထုတ္ေတာ့မည္ျဖစ္သည္။

"ေတာက္"

ဘဘိုးက ေတာက္တစ္ခ်က္ေခါက္ကာ လွည့္ထြက္သြား၏။

ထို႔ေနာက္ ကားစက္ကို ႏႈိးကာ အရွိန္ျပင္းျပင္း ေမာင္းထြက္သြားေလေတာ့သည္။

ခဏအၾကာတြင္ ရဲရာဇဝတ္အုပ္ဦးရွိန္ ႏွင့္ရဲတပ္သားမ်ား ေရာက္လာၾကသည္။

ဦးရွိန္က ယခင္က အိတ္စပတ္တာကိုခင္ေမာင္ ၏ တပည့္ျဖစ္သျဖင့္ ဖိုးတုတ္ကို သိေနသည္။

"ကိုဖိုးတုတ္..ကြၽန္ေတာ္ အႀကံေပးခ်င္တာကေတာ့..ခင္ဗ်ား အခုခ်ိန္မွာ ေထာင္ထဲ သြားေနတာ အေကာင္းဆုံး ျဖစ္မယ္ထင္တယ္။ ဘာလို႔လဲဆိုေတာ့..ဒီအခ်ိန္ ခင္ဗ်ား က်န္းမာေရးကမေကာင္းတဲ့အထဲ ခင္ဗ်ားကို သတ္ခ်င္တဲ့သူေတြ ပတ္လည္ဝိုင္းေနၿပီဗ်။ ကြၽန္ေတာ္ ေျပာတာ သေဘာေပါက္လား"

ဖိုးတုတ္က ေခါင္းညိမ့္ျပသည္။

"ကြၽန္ေတာ္တို႔ ပုလိပ္ေပါက္စဘဝကတည္းက ခင္ဗ်ားနာမည္က ၾကားဖူးခဲ့တာပါ။ ခင္ဗ်ားကို ကြၽန္ေတာ့္ဆရာ ကိုခင္ေမာင္ ကလည္း တကယ့္လူပဲဗ်ာလို႔ အၿမဲေျပာတယ္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္ကို စိတ္မရွိပါနဲ႔။ ခင္ဗ်ားကို ဖမ္းတယ္ဆိုတာ ခင္ဗ်ားအတြက္ပါပဲ"

ရဲသားႏွစ္ေယာက္က ဖိုးတုတ္ကို တြဲထူလိုက္သည္။ ထို႔ေနာက္ လက္ကို လက္ထိပ္ခတ္လိုက္ၿပီး ကားေပၚသို႔ တင္သြားၾက၏။

ေက်ာင္းဝန္းအတြင္းရွိ သရက္သီးမ်ားက တျဖဳတ္ျဖဳတ္ေႂကြေနၾကသည္။

ေမဦးမိုးက တဖြဲဖြဲ ႐ြာေနဆဲ။

……………………………………………………………………………………………………

၁၉၄၄ ေမလ ၉ ရက္။

"နာမည္ …………..ဖိုးတုတ္

အက်ဥ္းသားနံပါတ္…………၄၂၁

ျပစ္မႈ………………..(……………….)"

"ေဟ့ေကာင္ က်ယ္က်ယ္ေျပာစမ္းကြာ"

"………………….."

"ဟာ..ဒီေကာင္ကေတာ့…..ေသေတာ့မယ္"

ရန္ကုန္ေထာင္ႀကီး၏ စစ္အက်ဥ္းသားမ်ား ထားေသာ အေဆာင္ေရွ႕တြင္ က်အက်ဥ္းသားမ်ားအား ပုံစံထိုင္ လူစစ္ေနေသာ ပုံစံျပေမာင္နီ က လမ္းမေတာ္ဖိုးတုတ္ အား ေျပးကန္ရန္ ျပင္လိုက္သည္။

"ေဟ့ေကာင္..ေမာင္နီ..မင္း ဘာလုပ္တာလဲ"

"ဗ်ာ..ကိုအုန္းေဖ..ဒီမွာ က်သစ္တစ္ေကာင္ အမႈေမးတာကို ေစာက္ေၾကာတင္းေနလို႔..ဗ်င္းမလို႔"

"ေၾသာ္..မင္းက ဗ်င္းမလို႔လား..ငါ့ နားလာစမ္း"

ေမာင္နီက အုန္းေဖ အနားသို႔ အေျပးကေလးသြားလိုက္သည္။

အုန္းေဖက ေမာင္နီ ၏ မ်က္ႏွာကို လက္သီးျဖင့္ အားကုန္ထိုးခ်လိုက္ရာ ေမာင္နီ လဲက်သြား၏။

လဲက်သြားေသာ ေမာင္နီ ကို အုန္းေဖက ဆင့္ကာဆင့္ကာ ကန္လိုက္သည္။

"ေခြးမသား..မင္းအဆင့္နဲ႔မ်ား…လမ္းမေတာ္ဖိုးတုတ္ကို ဗ်င္းမလို႔..ဟုတ္လား..ေခြးမသား..မင္းေစာက္ဆင့္နဲ႔မ်ား..မင္းက..ဟမ္"

ေမာင္နီမွာ ပါးစပ္ထဲမွ ေသြးမ်ားပင္ ထြက္က်လာသည္။

အုန္းေဖက ပုံစံထိုင္ေနေသာ လမ္းမေတာ္ဖိုးတုတ္ ဆီသို႔ သြားကာ လက္ေမာင္ကို ေဖးမလ်က္ ဆြဲထူလိုက္သည္။

"ဆရာရယ္…ပိန္သြားလိုက္တာဗ်ာ…ကြၽန္ေတာ္ျဖင့္ ႐ုတ္တရက္ မမွတ္မိျဖစ္သြားတာ ခြင့္လႊတ္ပါဆရာရယ္..ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါ"

ဖိုးတုတ္က အုန္းေဖ ၏ လက္ေမာင္းကို ကိုင္ကာ ၿပဳံးျပလိုက္သည္။

"ေအး..ငါ ေသနတ္မွန္တဲ့ ဒဏ္ေရာ၊ တျခားေရာဂါေတြနဲ႔မို႔ ေနမေကာင္းျဖစ္ေနတာၾကာၿပီ..အုန္းေဖ"

"ေမာင္ေမာင္ လည္း ေရာက္ေနၿပီဆရာ..သူေျပာျပလို႔ ဆရာတို႔ နဲ႔ ဘဘိုးတို႔ အေျခအေနေတြ ကြၽန္ေတာ္ သိၿပီးၿပီ…ဂႏၶမာႀကီးသတင္းလည္း ၾကားရတယ္…ဒီေကာင္ေတြကို ကြၽန္ေတာ္ လြတ္တာနဲ႔ သတ္မွာဆရာ"

"ေအး..ေလာေလာဆယ္..ငါ ဗိုက္ဆာတယ္ကြာ..ၾကည္ျမင့္တိုင္ဂါတ္က ေန ေခၚလာကတည္းက ဘာမွ မစားရေသးဘူး"

"လာ..လာ..ဆရာ..ကြၽန္ေတာ့္အေဆာင္မွာ ဆရာေျပာင္းေန..ကြၽန္ေတာ္က အခု ဒီက ေထာင္မႉးအိုဟာရီဆန္ ရဲ႕ ႐ုံးမွာ အကူလုပ္ေနတာ။ ဗမာအက်ဥ္းသားေတြရဲ႕ တန္းစီးခ်ဳပ္ေပါ့..ဆရာ"

အုန္းေဖက လမ္းမေတာ္ဖိုးတုတ္ကို အေဆာင္အတြင္းရွိ သူ႔ကုတင္မွ ေခၚသြားသည္။

ကုတင္ေပၚတြင္ ဂုံနီအိတ္ကို ႏွစ္ထပ္ခင္းထားၿပီး ဝါးေခါင္းအုံးေလးတစ္လုံးလည္းရွိသည္။

"ဆရာေရ..ေနရာထိုင္ကင္းေကာင္းေကာင္းမထားႏိုင္တာေတာ့ ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါဗ်ာ။ ဒီေခတ္ဒီအခါ ရန္ကုန္ေထာင္မွာေတာ့ ဂုံနီအိတ္နဲ႔ အိပ္ႏိုင္တဲ့ေကာင္က ဘုရင္ပဲ..ဆရာေရ။ ဟိုဘက္ မဟာမိတ္အက်ဥ္းသားေတြေဆာင္က အဂၤလိပ္ဗိုလ္မႉးခ်ဳပ္ေတြ၊ တ႐ုတ္ဗိုလ္မႉးခ်ဳပ္ေတြေတာင္ ကြၽန္ေတာ့္လို ဂုန္နီအိတ္ႏွစ္ထပ္ခင္းမအိပ္ႏိုင္ဘူး။ တစ္ထပ္ပဲ ခင္းအိပ္ႏိုင္တာ"

"ဒါနဲ႔ ေမာင္ေမာင္ေရာကြ"

"ေမာင္ေမာင္က ကပ္ပလီတပ္ကေကာင္ေတြ နဲ႔ အျပင္ထြက္ၿပီး ပဲတီးပင္ေပါက္သြားေရာင္းတယ္ ..ဆရာ..ညေနျပန္လာမွာ"

"ဘယ္လိုကြ..ပဲတီးပင္ေပါက္ သြားေရာင္းတယ္..ဟုတ္လား"

"ဟုတ္တယ္..ဆရာေရ..ဟိုးက ေရစင္ႀကီးေတြ႕လား..အဲ့ဒီေရစင္ႀကီးေအာက္မွာ ဂ်ပန္ေတြက အက်ဥ္းသားေတြကို ပဲတီးပင္ေပါက္ေဖာက္ခိုင္းတယ္။ ပဲတီးပင္ေပါက္ေတြကို မဟာမိတ္အက်ဥ္းသားေတြ က ေဈးထဲ သြားၿပီး ေရာင္းရတယ္။ အျပင္မွာကလည္း အစားအေသာက္က ရွားတယ္မဟုတ္လား..ဆရာ..အဲ့ဒါ ေမာင္ေမာင္ ကေတာ့ ဒီမဟာမိတ္အက်ဥ္းသားေတြကို စကားျပန္လုပ္ေပးရင္း ထိန္းေက်ာင္းေပးရတာေပါ့။ ဂ်ပန္ကလည္း ကြၽန္ေတာ့္လူဆိုေတာ့ ယုံတယ္ေလ။ အခုလည္း ကပ္ပလီတစ္အုပ္နဲ႔ထြက္သြားတယ္။ ျပန္လာရင္ ဂ်ပန္ကို သုံးပုံႏွစ္ပုံျပန္အပ္ၿပီး တစ္ပုံကို သြားေရာင္းတဲ့အဖြဲ႕ေတြနဲ႔စိုက္တဲ့အဖြဲ႕ခြဲယူေပါ့။ လိုအပ္တာေလးဝယ္လာေပါ့ဆရာရယ္''

''ေအာ္..အဲ့ဒီလိုဆိုေတာ့ မဆိုးပါဘူး"

"ခဏ.ခုန ဆရာဗိုက္ဆာတယ္ဆိုတာ ကြၽန္ေတာ္ေမ့ၿပီး စကားေတြေျပာေနတယ္..ေတာ္ေသးတယ္..မေန႔က ၿဗိတိသွ်တပ္က ဆရာဝန္ႀကီး ေဒါက္တာမကၠဇင္ေမြးေန႔ မို႔ သူက ဂ်ဳံရေအာင္သြင္းၿပီး ေပါင္မုန႔္ ေဝတယ္ဗ်။ ကြၽန္ေတာ့္မွာ လက္က်န္ရွိေသးတယ္။ ေရေႏြးလည္း အသင့္ရွိတယ္။ ဒီေန႔ေတာ့ ဒါပဲ စားလိုက္ဦးဆရာ..ေနာက္ရက္ ေမာင္ေမာင္..အျပင္ထြက္ရင္ စားခ်င္တာမွာလိုက္ပါ"

အုန္းေဖက ခပ္ၾကမ္းၾကမ္းေပါင္မုန႔္အညိဳႏွစ္ခ်ပ္ ႏွင့္ စစ္သုံးမတ္ခြက္ထဲ ထည့္ထားေသာ ေရေႏြးၾကမ္းကို ဖိုးတုတ္ထံ ယူလာေပးသည္။

"ခုန ဆရာေျပာတယ္ေနာ္..ဒီမွာ အေျခအေနမဆိုးဘူးဆိုတာ..ေနာက္ေတြ႕ပါလိမ့္မယ္..ဆရာေရ..ဒီမွာၾကည့္ ကြၽန္ေတာ္ဆို ဝဲေတြ တစိုစိုနဲ႔။ ေထာင္ထဲလည္း ဝမ္းေရာဂါနဲ႔ တစ္ေန႔ငါးေလာင္းေလာက္ ေသေနတာ။ ဒီၾကားထဲ ဂ်ပန္ေတြကလည္း မဟာမိတ္အက်ဥ္းသားေတြကို အပ်င္းေျပ တစ္ေန႔ ႏွစ္ေယာက္ေလာက္ ေခၚေခၚၿပီး ႐ိုက္သတ္ေနတာ..ကြၽန္ေတာ္လို လူသတ္လာတဲ့ေကာင္ေတာင္ စိတ္ညစ္တယ္ဆရာေရ"

အုန္းေဖက စိတ္ပ်က္လက္ပ်က္ေျပာဆိုရင္း ေပါင္မုန႔္ကို ပလုတ္ပေလာင္းစားေနေသာ သူ႔ဆရာ လမ္းမေတာ္ဖိုးတုတ္ကို ေငးၾကည့္ေနသည္။

"ဒါနဲ႔..ဆရာကို ခုန ေမာင္နီက အမွႈေမးေတာ့ ဘာလို႔ မေျဖတာလဲ"

"ငါ..ရွက္လို႔ကြာ"

"ဘာကို ရွက္တာလဲ..ဆရာရဲ႕"

"ငါ လူေတြအမ်ားႀကီးသတ္လာတယ္။ ဒုစ႐ိုက္မႈေတြအမ်ားႀကီးလုပ္လာတာပါကြာ။ အခု ငါ့ကို ခ်လိုက္တဲ့ ပုဒ္မက ၁၀၉၊၁၁၀ အသက္ေမြးဝမ္းေၾကာင္းခိုင္လုံေအာင္မျပႏိုင္မွႈတဲ့၊ မသကၤာမႈတဲ့၊ ေနာက္ လမ္းမေတာ္က ျမင္းလွည္းသမားကို လုတဲ့အမႈတစ္ခုကိုလည္း တရားခံမေပၚေတာ့ ငါ့ကို ထိုးထည့္ၿပီး ေထာင္ ႏွစ္ႏွစ္ တန္းခ်လိုက္တယ္။ ဒီဂ်ပန္ေခတ္မွာေတာ့ လုပ္ခ်င္ရာလုပ္ၾကတာပဲ။ ငါလည္းအဲ့ဒီအမႈေတြနဲ႔ဆိုေတာ့ ေျပာရမွာ ရွက္စရာႀကီးမို႔ကြာ"

"အဲ…ဟုတ္သား..ဆရာရယ္"

နာမည္ေက်ာ္ ရန္ကုန္ေထာင္ႀကီး မွာ ပ႐ုမ္းလမ္း(ျပည္လမ္း)ႏွင့္ ဘုန္းႀကီးလမ္းေထာင့္တြင္ တည္ရွိသည္။

လမ္းမေတာ္ဖိုးတုတ္ ေထာင္က်သည့္ ၁၉၄၄ခုႏွစ္ ဂ်ပန္ေခတ္အက်ဥ္းေထာင္ႀကီးတြင္ အက်ဥ္းသား ႏွစ္ရာေက်ာ္ခန႔္ရွိၿပီး ေထာင္ပိုင္ႀကီး ကိုရွီးဗား က အုပ္ခ်ဳပ္သည္။

ေထာင္ဖြဲ႕စည္းပုံမွာ အုတ္႐ိုးမ်ားအတြင္း အလယ္မွ မိန္းေဂ်းကို ဦးတိုက္ထားေသာ သစ္သားႏွစ္ထပ္ေဆာင္ႀကီးမ်ားျဖင့္ ဖြဲ႕စည္းထားသည္။

ေထာင္အေဆာင္မ်ားအလိုက္ သုံးပိုင္းခြဲထားၿပီး မဟာမိတ္စစ္သားမ်ားႏွင့္ အိႏၵိယစစ္သားမ်ားက တစ္ပိုင္း၊ ခ်န္ေကရွိတ္၏ တ႐ုတ္စစ္သားမ်ားကတစ္ပိုင္း၊ ဗမာအက်ဥ္းသားမ်ားက တစ္ပိုင္း ခြဲထားသည္။

တ႐ုတ္အက်ဥ္းသားမ်ားကိုမူ အခန္းက်ယ္ႀကီးတစ္ခုတြင္ စုေပါင္းထားရွိသည္။ အေပါ့အေလးကို လြတ္လပ္စြာသြားလာခြင့္ေပးထား၏။

သို႔ေသာ္..တစ္စုံတစ္ရာျပသနာတက္လာပါက တ႐ုတ္အက်ဥ္းသားမ်ားမွာ အေမးအျမန္းမရွိ ပစ္သတ္ခံရသည္။

ၿဗိတိသွ်ႏွင့္ သစၥာခံအိႏၵိယစစ္သားမ်ားကိုမူ က်ဥ္းေျမာင္းေသာ အက်ဥ္းခန္းေလးမ်ားတြင္ ေလးေယာက္တတြဲ ထားသည္။

လမ္းေလွ်ာက္ခြင့္မရွိ။ ထိုင္ေနရသည္။

တစ္ဦးႏွင့္တစ္ဦး စကားက်ယ္က်ယ္ေျပာပါက အေစာင့္က ေခၚထုတ္ၿပီး သတိလစ္သည္အထိ ပါး႐ိုက္တတ္သည္။

မဟာမိတ္စစ္သားမ်ားကိုထမင္းေကြၽးရာတြင္ ဒန္ခြက္အထူျဖင့္ေကြၽးၿပီး ဇြန္းခရင္း ျဖင့္ စားခြင့္မျပဳပဲ လက္ႏွင့္သာ စားခြင့္ျပဳသည္။

အားလုံးထဲတြင္ အသက္သာဆုံးမွာ ဗမာအက်ဥ္းသားမ်ားျဖစ္သည္။

ဂ်ပန္အရာရွိမ်ားသည္ သူတို႔ႏွင့္ စစ္တိုက္ေနသည့္ ရန္သူမ်ားျဖစ္ေသာ အဂၤလိပ္၊ အိႏၵိယႏွင့္ တ႐ုတ္မ်ားကို ႏွိမ္သေလာက္ ဗမာအက်ဥ္းသားမ်ားကိုေတာ့ အခြင့္အေရးတစ္ခ်ိဳ႕ေပးထားသည္။

က်န္သည့္အက်ဥ္းသားမ်ားမွာ တစ္ပတ္တစ္ႀကိမ္သာ ေရခ်ိဳးခြင့္ရေသာ္လည္း ဗမာအက်ဥ္းသားမ်ားက တစ္ပတ္ ႏွစ္ရက္ခ်ိဳးခြင့္ရွိသည္။

ေထာင္ပိုင္ႀကီးကိုရွီးမား ေဒါသထြက္သည့္ေန႔မ်ားတြင္ အျခားအက်ဥ္းသားမ်ား၏ အေဆာင္မ်ားကို ေရမ်ားျဖန္းၿပီး ေရစိုတြင္ အိပ္ခိုင္းေသာ္လည္း ဗမာအက်ဥ္းသားအေဆာင္မ်ားကိုမူ  ထိုသို႔ ျပဳလုပ္ျခင္းမရွိ။

မဟာမိတ္စစ္ဗိုလ္ခ်ဳပ္မ်ားကိုမူ ႏွစ္ထပ္ေဆာင္မ်ား၏ အေပၚထပ္တြင္ထားၿပီး ကုတင္တစ္လုံးစီျဖင့္ သီးသန႔္ထားသည္။

ဗမာအက်ဥ္းသားမ်ားထဲတြင္ ကုတင္ျဖင့္ အိပ္ရသည္မွာ အုန္းေဖ တစ္ဦးသာ ရွိသည္။ အုန္းေဖသည္ ေထာင္ပိုင္ႀကီးကိုရွီးဗား ႏွင့္လည္း ရင္းႏွီးမႈရွိၿပီး အက်ဥ္းသားအားလုံး၏ တန္းစီးခ်ဳပ္လည္းျဖစ္သည္။

အုန္းေဖ က ဖိုးတုတ္ကို သူ႔ကုတင္ေပၚတြင္အိပ္ေစၿပီး သူက ေအာက္ဆင္းအိပ္သည္။

ေမာင္ေမာင္ က အျပင္ထြက္ရတိုင္း ဖိုးတုတ္အတြက္ ဓာတ္စာမ်ား၊ ေဆးဝါးမ်ား ရွာေဖြေပးတတ္သည္။

သို႔ေသာ္ျငား ဇြန္၊ ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ မိုးရာသီကာလမ်ားသည္ ဂ်ပန္ေခတ္ ရန္ကုန္ေထာင္အတြင္း အဆိုး႐ြာဆုံးအေျခအေနမ်ားျဖစ္ေပၚေနသည္။

အက်ဥ္းသားအမ်ားစုမွာ အာဟာရဓာတ္ျပည့္ဝစြာမစားရမႈေၾကာင့္ ဘယ္ရီဘယ္ရီေရာဂါမ်ားျဖစ္ပြားလာသည္။

အဝတ္အစားကလည္း ရွားပါးသည့္အတြက္ စက္ေသနတ္ဒဏ္ေၾကာင့္ ေခါင္မိုးတြင္ အေပါက္မ်ားျဖစ္သည့္ အေဆာင္မ်ားအတြင္ မိုးေရမ်ိဳယိုၿပီး စို႐ႊဲေနပါက လဲစရာအဝတ္မရွိသျဖင့္ ဒီအတိုင္း ေနၾကရသည္။

အိမ္သာစနစ္မွာလည္း အေဆာင္အတြင္း ဘင္ဂ်ိဳသံဗူး ဟု ေခၚသည့္ဗူးမ်ားအတြင္း အားလုံး စုေပါင္းပါရသည္။

အက်ဥ္းသားတစ္ေယာက္လွ်င္ တစ္ေန႔ တစ္ႀကိမ္သာ အေလးသြားခြင့္ျပဳၿပီး ထိုဗူးမ်ား ျပည့္လွ်ံမွသာ အိမ္သာက်င္းထဲ သြားေရာက္စြန႔္ပစ္ခြင့္ရသည္။

ထို႔ေၾကာင့္ မိုးရာသီေရာက္သည္ႏွင့္ ဝမ္းေရာဂါ က ကပ္ပါလာသည္။

ဖိုးတုတ္ေနေသာ အေဆာင္ (၁)မွာ ရန္ကုန္ေထာင္ႀကီးတြင္ အေကာင္းဆုံးအေဆာင္ျဖစ္ေသာ္လည္း ေထာင္တြင္း ပတ္လည္႐ိုက္ေနသည့္ ဝမ္းေရာဂါက ကူးစက္လာေတာ့သည္။

ကိုယ္ခံအားနည္းလွေသာ ဖိုးတုတ္မွာ ေထာင္ေဆး႐ုံ၏ ေဆးဝါးမျပည့္စုံမႈ၊ အာဟာရလုံေလာက္စြာမ ရရွိမႈတို႔ေၾကာင့္ နဂိုရွိရင္းစြဲေရာဂါမ်ားက ပိုသည္းလာသည္။

တီဘီေရာဂါကလည္း အျမင့္ဆုံး အဆင့္သို႔ ေရာက္လာေတာ့သည္။

နံနက္ဆယ္နာရီ ေထာင္သားမ်ား ကာယေလ့က်င့္ခန္းျပဳလုပ္ခ်ိန္တြင္ လမ္းမေတာ္ဖိုးတုတ္မွာ ကုတင္ေပၚတြင္ ေခြေခြေလးမွိန္းေန၏။

ထိုအခ်ိန္တြင္ အုန္းေဖက ဖိုးတုတ္၏ ေဘးသို႔ ေရာက္လာသည္။

"ဆရာဖိုးတုတ္..အမ မသင္းျမ နဲ႔ ဘသိန္း ေရာက္ေနတယ္..ဆရာ့ကို ေတြ႕ခ်င္လို႔တဲ့"

ထိုအသံေၾကာင့္ ဖိုးတုတ္ မ်က္လုံးမ်ား ပြင့္လာသည္။ ႐ုတ္တရက္မို႔ သူ႔နားသူ မယုံႏိုင္ျဖစ္ေန၏။

"တကယ္လား..အုန္းေဖ"

"ဟုတ္တယ္..ဆရာ…ဟိုေန႔က ေမာင္ေမာင္အျပင္ထြက္ေတာ့ ေဈးမွာ စံဘနဲ႔ ေတြ႕တယ္။ အဲ့ဒါနဲ႔ မသင္းျမနဲ႔ ဘသိန္းက ဆရာ့ကိုေတြ႕ခ်င္တယ္ဆိုတာနဲ႔ ေထာင္မႉးနဲ႔ ကြၽန္ေတာ္ညႇိၿပီး စီစဥ္လိုက္တာပဲ။ အခု ဆရာက ေထာင္ေဆးခန္းျပဖို႔ကြၽန္ေတာ္ ေခၚသြားမယ္။ မသင္းျမနဲ႔ ဘသိန္းက ေဆးခန္းေဘးက စစ္ေထာက္လွမ္းေရး႐ုံးခန္း MI Room ထဲမွာ ဆရာ"

မသင္းျမ ဆိုသည့္ အသံၾကားသည္ႏွင့္ ဖိုးတုတ္မ်က္ႏွာ ဝင္းလက္လာသည္။

အုန္းေဖက ဖိုးတုတ္ကို တြဲၿပီး ေထာင္ေဆး႐ုံဆီသို႔ ေခၚလာသည္။

ေဆး႐ုံေဘးရွိ MI Room ထဲသို႔ ဖိုးတုတ္ ဝင္လိုက္သည္ႏွင့္ မသင္းျမေရာ၊ ဘသိန္းပါ ဟာ ခနဲ ျဖစ္သြားၾက၏။

လမ္းမေတာ္ဖိုးတုတ္ကား အ႐ိုးေပၚ အေရတင္ျဖစ္ေနေပၿပီ။

တီဘီေရာဂါ၊ လိပ္ေခါင္းေရာဂါ၊ ကာလသားေရာဂါ၊ အသည္းေရာဂါ၊ ဝမ္းေရာဂါ အစုံက သူ႔ကို ဖိစီးႏွိပ္စက္ေနသည္။

မသင္းျမ ကား စကားမွ် မေျပာႏိုင္။

ဖိုးတုတ္ကို ဖက္ကာ ငိုေနတာ့သည္။

ဘသိန္းက ေခါက္ဆြဲေၾကာ္ထုတ္ကေလးကို ဖိုးတုတ္ထံ ကမ္းေပးသည္။

ဖိုးတုတ္က လွမ္းယူရင္း ၿပဳံးျပသည္။

"မင္းတို႔ အျပင္မွာ အဆင္ေျပရဲ႕လား"

"ေျပပါတယ္…ကိုႀကီးဖိုးတုတ္…အေမေတာ့  ႐ြာမွာပဲ ျပန္ေနေနတယ္..ကြၽန္ေတာ္လည္း မိန္းမရၿပီ"

"ေအး..ေကာင္းတယ္..မသင္းျမကို ေစာင့္ေရွာက္ၾကပါကြာ..မသင္းျမ..မသင္းျမ"

ဖိုးတုတ္က သူ႔ပိန္လွပ္လွပ္ခႏၶာကိုယ္ကို ဖက္ကာ တငိုတည္း ငိုေနေသာ မသင္းျမ ၏ ေက်ာကုန္းကို ပြတ္သပ္ကာ မသင္းျမ ၏ နာမည္ကို တတြတ္တြတ္႐ြတ္ေနသည္။

"ဟိုေန႔ကေတာင္ အကို အိပ္မက္မက္ေသးတယ္..မသင္းျမ က အကို႔ကို အာလူးနဲ႔ ေကာက္ေပါက္လိုက္တာတဲ့..အဲ့ဒီတုန္းက ေပ်ာ္စရာေကာင္းတယ္ေနာ္"

မသင္းျမ က မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး ဖိုးတုတ္၏ မ်က္ႏွာကို ေငးေနသည္။

"ကိုဖိုးတုတ္..ညီမဆီ ျပန္လာခဲ့မယ္..လို႔ ေျပာခဲ့တယ္ေနာ္"

"ျပန္လာမွာပါ..မသင္းျမ..ျပန္လာမွာပါ"

……………………………………………………………………………………………………………

၁၉၄၄ ႏွစ္ကုန္ပိုင္းတြင္ ျမန္မာျပည္ေရာက္ ဂ်ပန္တပ္မ်ား စုစုေပါင္း အင္အားေျခာက္ေသာင္းခန႔္ က်ဆုံးသြားခဲ့ၿပီျဖစ္သည္။

ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္တိုက္ပြဲမ်ားတြင္ မဟာမိတ္တပ္မ်ားေအာင္ပြဲခံေနၿပီး ဂ်ပန္တပ္မ်ား အရႈံးႀကီးရႈံးေနၾကသည္။ဂ်ပန္တို႔ကား လုံးဝစစ္ရႈံးေတာ့မည္ကို ႀကိဳတင္သိေနၾကၿပီျဖစ္သည္။

ရန္ကုန္ေထာင္ႀကီးအတြင္းတြင္လည္း ေထာင္အာဏာပိုင္မ်ားက ဂ်ပန္တပ္မ်ားဆုတ္ခြာရာလမ္းတြင္ မဟာမိတ္သုံ႔ပန္းမ်ားကို ဓားစာခံအျဖစ္ ေခၚသြားရန္ အစည္းအေဝးထိုင္ေနၾကၿပီျဖစ္သည္။

ညစဥ္ညတိုင္း မဟာမိတ္စစ္ေလယာဥ္မ်ားက ဗုံးမ်ားလာႀကဲခ်ၾကသည္။ ႏိုဝင္ဘာလ ၁၉ တြင္ ရန္ကုန္ေထာင္ႀကီး ဗုံးႀကဲခံရသည္။

ဗုံးဒဏ္ေၾကာင့္ မဟာမိတ္အက်ဥ္းသားမ်ားႏွင့္ ဂ်ပန္အရာရွိအခ်ိဳ႕ ေသဆုံးသြားၾကသည္။

ထို႔ေၾကာင့္ ဂ်ပန္ေထာင္အရာရွိမ်ားသည္ ကူးစက္ေရာဂါကြၽမ္းေနၿပီျဖစ္သည့္ အက်ဥ္းသားမ်ား၊ ဒုကၡိတျဖစ္ေနေသာ အက်ဥ္းသားမ်ားကို နယ္ေထာင္မ်ားသို႔ ေျပာင္းေ႐ႊ႕ပစ္ရန္ ဆုံးျဖတ္လိုက္ၾကသည္။

၁၉၄၄ ႏိုဝင္ဘာလ ၂၄ ရက္၊ နံနက္ (၄)နာရီ။

လမ္းမေတာ္ဖိုးတုတ္ အိပ္ေနရာမွ အတင္းလႈပ္ႏႈိးျခင္းကို ခံလိုက္ရသည္။

မ်က္လုံးကို အားယူဖြင့္ၾကည့္လိုက္ေသာ အခါ ေထာင္အာဏာပိုင္ဂ်ပန္အရာရွိမ်ား။

အုန္းေဖ က ေဘးတြင္ မ်က္ႏွာမသာမယာျဖင့္ ရပ္ေနသည္။

"ဆရာဖိုးတုတ္…ေျမာင္းျမေထာင္ကို ေျပာင္းဖို႔ ေထာင္ပိုင္ႀကီးက ၫႊန္ၾကားလိုက္ပါတယ္..ကြၽန္ေတာ္ ပစၥည္းေတြ သိမ္းေပးၿပီးပါၿပီ..ဆရာ။ သူတို႔နဲ႔ လိုက္သြားလိုက္ပါ"

ဖိုးတုတ္မွာ အိပ္မႈံစုံမႊားျဖစ္ေနသည္။

ဂ်ပန္အရာရွိက ဖိုးတုတ္  ၏ ပိန္လွီေနသာ လက္ေကာက္ဝတ္ကို လက္ထိပ္ခတ္လိုက္ၿပီး လက္ေမာင္းမွ တြဲကာ ေခၚထုတ္သြားေတာ့သည္။

ခက္ေဇာ္

ဇာတ္သိမ္းပိုင္း ဆက္ရန္

Comments

Post a Comment