What if ?
Unicode
"သွေး အဆင်ပြေရဲ့လား? ကိုယ်မနေ့က နည်းနည်းမူးသွားလို့ပါ။ ဆေးခန်းသွားကြမလား?"။
"ရတယ် ကို သွေးအဆင်ပြေတယ်။ ကိုလည်း သွေးကိုချစ်တယ်။ သွေးလည်း ကို့ကို ချစ်လို့ သွေး လက်ခံခဲ့တာပါ။ အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ"။
"အင်း အင်း အာ့ဆို ကို သွေးအတွက် မနက်စာ ပြင်ထားလိုက်မယ်နော်။ ခဏနားပြီးမှ ထစားပေါ့။"
"ဟုတ် ကို"
ကျွန်တော့်နာမည် စစ်သွေးညိုပါ။ အင်း ကျွန်တော်က gay ပါ။ ကိုနဲ့စတွဲခဲ့တာကို အခုထိ မယုံနိုင်သေးဘူး။ အိပ်မက်မက်နေသလိုဘဲ။ ကိုက Uni မှာ အရမ်းသဘောကောင်းပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်၊ ကျွန်တော်က ဘယ်သူနဲ့မှ မပေါင်းဘဲတစ်ယောက်တည်းအေးဆေး နေတတ်တဲ့သူ။
သူငယ်ချင်းဆိုတာ ဘယ်ဆီနေမှန်းမသိ၊ ဒါပေမယ့် စာတော််ပြီး ပိုက်ဆံရှိလို့ တခြားလူတွေအမြင်မှာတော့ ဘဝင်မြင့်နေတဲ့ ဟိုက်ပါ သူဌေးသား ကောင်ပေါ့။
ကို့ကို ကျွန်တော် သဘောကျတာ ကြာပြီ ဖြစ်ပေမယ့် တစ်ရက်ကျောင်း မှာ ကိုက ကျွန်တော်စာလုပ်နေတုန်း...
"ဟိတ် စစ်သွေးညို မလား။ အစ်ကိုက တတိယနှစ်က မြတ်လင်းကို ပါ။ အစ်ကို သွေးကို သဘောကျလို့"။
"ခင်ဗျာ"။
"အင်း အစ်ကို မင်းကို သဘောကျလို့၊ မင်းကိုသတိထားမိနေတာကြာပြီ။ အမြဲ တစ်ယောက်တည်းဘဲ နေပြီး သူငယ်ချင်းတွေနဲ့တွဲသွားတွဲလာလည်းမရှိဘူး။ မင်းရဲ့ပုံစံကိုက ကို့စိတ်ထဲမှာ တစ်ယောက်တည်း ထင်းနေတာ"။
"ဘယ်လို သဘောကျတာလဲခင်ဗျ?"။
"အမ်?"။
"ညီလေးတစ်ယောက်လို သဘောကျတာလား ဂျူနီယာ တစ်ယောက်လို သဘောကျတာလားဗျ ကျွန်တော်က ဘယ်သူနဲ့မှတောင် ပတ်သက်မှုမရှိဘူး ကျွန်တော်ကချောလည်းချောနေတာ မဟုတ်ဘူး သဘောကျစရာက ဘယ်နားကလဲဗျ"။
ကြိုပြောထားမှ တော်ကာကျမည်။ မဟုတ်လျှင် စလာတည်းက ဒီက စိတ်ပျော့နေရင် လူအထင်သေးစရာဖြစ်မယ် မဟုတ်လား?။
"အင်း အစ်ကို မင်းကို ကောင်လေးလိုသဘောကျတာ၊ မင်းလက်ခံပေးနိုင်မလား? အကို့အချစ်ကိုလေ"။
"ကျွန်တော်က အခုမှသိပြီး အခုမှ စကားပြောဖူးတဲ့သူရဲ့ အချစ်ကို ချက်ချင်းလက်ခံပေးရမှာလား? အဲ့လောက်လွယ်တဲ့ပုံပေါက်နေလား ခင်ဗျ?"။
"မထင်ပါဘူးဗျာ အခုပြောပုံအရတော့ ချက်ချင်း လက်မခံပေးလည်းနောက်တစ်ချိန်ချိန် ဖြစ်လာမယ်လို့ မျှော်လင့်နိုင်သေးတာမို့ အစ်ကို ကြိုးစားဦးမှာပါ။ စဉ်းစားပေးနော် သွေး"။
ပြောချင်ရာပြောပြီး ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်းသက်ပြင်းသာ ချမိတော့တယ်။
ဒီလိုနဲ့ကိုဟာ ကျွန်တော့်ကို တစ်လ လောက်ထိကို လိုက်ခဲ့တာ။ ကျွန်တော်လည်း သဘောကျနေခဲ့တာမို့ အရမ်းအကြာကြီး တင်းမခံနိုင်ဘဲ ကို့ကို အဖြေပေးခဲ့တယ်။
မနေ့က ကိုနဲ့ကျွန်တော် ငါးလပြည့်၊ ညက ကျွန်တော်နဲ့ ကိုယ် နှစ်ယောက်တည်း ကို့ တိုက်ခန်းမှာ အချိန်ဖြုန်းခဲ့ကြတယ်။ နှစ်ယောက်သားမူးပြီး အချိန်ကောင်းလေးတွေ ရခဲ့တာပေါ့။
" ကဲ သွေး ထတော့နော် ရေချိုးပြီး အခန်းထဲက ထွက်လာခဲ့ မနက်စာ အဆင်သင့်ဖြစ်ပြီ။ ထနိုင်လား? ကိုယ်ချီရမလား?"
" မလိုဘူးဗျ လူယုတ်မာ အပြုံးကြီးနဲ့ မေကြီးရေ "
မျက်စောင်းထိုးကာပြောတော့ ကိုက သဘောတကျ ရယ်တယ်။
ကျွန်တော်ရေချိုးနေရင်း အတွေးတစ်ခု ဝင်လာမိတယ်။
ကိုနဲ့ စတွဲတာ ငါးလတည်းရှိသေးတယ် ဆိုပေမယ့် အရမ်းပျော်ရတယ်။ စိတ်ချမ်းသာရတယ်။ ဒီတော့ ကျွန်တော် အိမ်ကို ဖွင့်ပြောချင်တယ်။ ကျွန်တော်ဟာ gay တစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော်မှာ သိပ်ချစ်ရတဲ့ မြတ်လင်းကို ရှိနေပါတယ်ဆိုတာကို။
မနက်စာ စားနေရင်းစားပွဲမှာ ကို့ ကို ငါးလလုံး အတူရှိပေးလို့ ကျေးဇူးတင်ကြောင်းဆိုမိတော့ ကို က
"သွေးကိုသာ ကျေးဇူးတင်ရမှာပါကွာ၊ ကို့ကို ယုံကြည်ပေးလို့ ကျေးဇူးပါ၊ ကို့ကို လက်ခံပေးလို့ ကျေးဇူးပါ"
"ဟီး ဒါဆို ကျွန်တော်တို့ နောက်ဆို ငါးလပြည့်ကနေ ငါးနှစ်ပြည့် ဆယ်နှစ် အနှစ်ငါးဆယ်လောက်ထိ တူတူရှိကြမယ်မလား?"
"ကဲ ထမင်းစား အေးကုန်တော့မယ် ပြီးရင် ကို သွေးကို အိမ်ပြန်လိုက်ပို့ပေးမယ်နော်"
ကို စကားလမ်းကြောင်းလွှဲလိုက်တယ်။ ဘာလို့လဲ ကိုက ကျွန်တော်နဲ့ အတူတူ မရှိချင်တာလား။
•••
"သွေး... ရောက်ပြီ"။
မနက်စာ စားနေရင်းတည်းက စိတ်ထဲ မတင်မကျ ဖြစ်လာတဲ့ စကား။ မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေ များလာတာ အခု အိမ်ရှေ့ရောက်တာတောင် ကို ပြောမှ သတိဝင်လာတယ်။
"အာ ဟုတ် ဟုတ် .. ကျေးဇူးတင်ပါတယ် ကို"။
ဟမ် နှုတ်ဆက်အနမ်း လှမ်းပေးမလို့ကို ကိုက နောက်ကို ဆုတ်သွားတယ်??။
"ကဲ ကဲ နောက်ကျနေပြီ သွေး မေမေ စောင့်နေပြီ ထင်တယ်"။
ခြံထဲလှမ်းကြည့်တော့ မေမေ့ကို တွေ့လိုက်တာကြောင့် ကိုက မေကြီးကိုမြင်လို့ နောက်ဆုတ်လိုက်တာလား ဒါမှမဟုတ် မနက်က ကိစ္စ ကျွန်တော်အမှားလုပ်မိလို့ စိတ်ဆိုးနေတာလား။ ဘာဘဲဖြစ်ဖြစ်ပါ ကျွန်တော်နောက်မှ ပြန်ချော့လိုက်မယ် အခု မေကြီး စောင့်နေပြီဆိုတော့ မေကြီးဆီပြေးရမယ်။
"ကဲ သား ဒါက ဘယ်ကပြန်လာတာလဲ။ ညက အိမ်လည်းပြန်မလာဘူး သားရယ်။ သားသူငယ်ချင်းတွေရလာတာ မေမေပျော်ပေမယ့် ဒီလိုစည်းကမ်းပျက်တာမျိုးကိုတော့ မေမေ သဘောမကျဘူးသား၊ အခုရော သားသူငယ်ချင်းလိုက်ပို့တာလား?။
ခြံတံခါးဖွင့်ပြီး ဝင်ဝင်လာချင်းမေကြီးက မေးလိုက်တာ မေးခွန်းတွေများ တရစပ် ဘယ်က စဖြေရမှန်းတောင် မသိတော့ဘူး။
"မေကြီးရယ် ဖြေးဖြေးမေးပါဗျာ ကျွန်တော်ဘယ်ကစဖြေရမှန်းတောင်မသိတော့ဘူး"။
"စိတ်ပူလို့ပါ သားရယ်"။
မေကြီး စိတ်အခြေအနေ ကောင်းနေတာကြောင့်မနက်က စဉ်းစားလာတဲ့ ကိစ္စမေကြီးတို့ကို ပြောပြလိုက်တော့ရင်ကောင်းမယ်ထင်တယ်။
"မေကြီး ဖေကြီးရော အိမ်ထဲမှာရှိလား? ရာသိီဥတုအခြေအနေရော ကောင်းလားဗျ"။
"အင်း နည်းနည်းတော့ မိုးအုံ့နေမယ် ထင်တယ်။ မင်းပြုံးရယ်ပြီး စကားပြောလိုက်ရင် အဆင်ပြေသွားမယ်ထင်တယ်"။
"ဟုတ် မေကြီး ဒါဆို ကျွန်တော်တို့ အိမ်ထဲဝင်ရအောင်"။
"အေး အေး"။
"ဟော လာပါပြီ သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး မိဘတွေကို ပစ်ထားတဲ့သား"။
"အာ ဖေကြီးကလည်း သားက တစ်ညလေးဘဲ ပြန်မလာမိတာကို စိတ်ဆိုးပါနဲ့ နော် နော်"။
ဖက်ကာ ချွဲကာပြောတော့ တစ်ယောက်တည်းရှိတဲ့သားကိုဖေကြီးတို့လည်း ဘယ်ခံနိုင်ပါ့မလဲ တန်းအရည်ပျော်ရတော့တာပေါ့။
"သွားပါ။ ပူတယ် နောက်ခါ ဒါမျိုး မလိုချင်ဘူးနော်။ နေ့လည်ဘက် တစ်နေကုန်သွား ညဘက်ကို သူငယ်ချင်းအိမ်မှာနေမယ်ဆိုလည်း ဖုန်းဆက် ကြိုပြောပေါ့ကွ။ အခုက ဘယ်မှာမှန်းမသိ ငါတို့က ရဲစခန်းဘဲ လူပျောက်တိုင်ရမလိုလို မေကြီး မင်းသား မင်းထိန်းဦးနော်"။
"ဟုတ်ပါပြီရှင်။ အခုသားက ချော့နေပြီဘဲဟာကို ဒီတစ်ခါတော့ ထားလိုက်ပါတော့"။
"မင်းနော် မင်း မင်း သားဘက်ကလိုက်ကာနေ အဲ့ဒါကြောင့် ဒီကလေး မိဘတွေအပေါ် ရောင့်တက်တာ"။
"ဟာဗျာ ဖေကြီးကလည်း ကျွန်တော်ရောင့်မတက်ပါဘူးဗျ ချစ်လို့ဟာကို ဟီး"။
"ဘာမှ မချစ်နဲ့ သွား"။
"မေကြီး ဒီမှာ ခဏ လာထိုင်ပါဦး။ ကျွန်တော်ပြောစရာရှိလို့"။
"အမယ် အတည်ပေါက်တွေလုပ်လို့ပါလား။ ဆိုစမ်းပါဦး ဘာများလဲ?"။
မေကြီးက ဘေးနားဝင်ထိုင်ပြီးချိန်မှာ ဖေကြီးက စနောက်သလိုနဲ့ စကားလမ်းကြောင်းဖွင့်ပေးတော့ အဆင်ပြေမယ်ထင်တယ်။ မေကြီးနဲ့ ဖေကြီးက ကျွန်တော့်ကို တစ်ချိန်လုံး နားလည်ပေးလာတာ အခုလည်း နားလည်ပေးမှာပါ။ ကျွန်တော်ဟာ gay တစ်ယောက်ပါ ဆိုတာကို ဖွင့်ပြောလိုက်တော့မယ်။
"ဖေကြီး မေကြီး ကျွန်တော် ဒီတစ်ခါ စ နေတာ မဟုတ်ပါဘူးနော်။ ကျွန်တော်ဘဝနဲ့ပတ်သက်ပြီးပြောမှာပါ"
"အင်း ဖေကြီး နားထောင်ပေးမယ်"
LGBT တစ်ယောက်အတွက် အရေးအကြီးဆုံးနဲ့ ရင်ဆိုင်ရတာ အခက်ခဲဆုံးက ပထမဆုံး ကြုံတွေ့ရမယ့် come out လုပ်တာပါဘဲ။ မွေးထားတဲ့ မိဘတွေကို ကိုယ်က ဒီလိုမျိုးပါဆိုပြီး ဖွင့်ပြောရတာလောက်ခက်ခဲတာ မရှိလောက်ပါဘူး။ ဒီအတွက် အဖြေက နှစ်မျိုးရှိနိုင်တယ်။
မေကြီးနဲ့ ဖေကြီးက နားလည်ပေးမယ်။ လက်ခံပေးမယ်။ကို့ကိုပါ နားလည်လက်ခံပေးမယ်။ နောက်တစ်ခုက အင်း... နားမလည်ပေးနိုင်ဘူး။လက်မခံပေးနိုင်ဘူး အဆိုးဆုံး အမွေဖြတ်ပြီး အိမ်ပေါ်က မောင်းချတာအထိ ဖြစ်နိုင်တယ်။
"ဒီလိုပါ ဖေကြီး"
"အင်း ပြော"
ကျွန်တော် စကားထွက်လာအောင် ဖေကြီး ဝင်ထောက်ပေးနေတယ်။ ဒါဟာအကောင်းဆုံး timing ဘဲ။ ဘုရား ကျွန်တော့်ကို ကူညီပေးပါ လို့သာ စိတ်ထဲက ရေရွတ်ရင်း...
"ကျွန်တော်က Gay တစ်ယောက်ပါ ဖေကြီး"
"ဘာ.... ခွေးသား!!!"
'ခွပ်'
"မင်းကိုဒီနေ့ဒီအချိန်ထိ ကျွေးမွေးလာတာ ဒီလို ကျေးဇူးကန်းဖို့လား? ငါ့မှာတော့ သားယောကျာ်းလေး လိုချင်လွန်းလို့ ရှိသမျှဘုရားမှာ ဆုတွေတောင်းပြီးရခဲ့တဲ့ သားယောကျာ်းလေးကွ"
ဖေကြီးဟာ ဒေါသနဲ့ ကျွန်တော့်ကို တစ်ချက်ထိုးလိုက်တာကြောင့် ကျွန်တော်လဲကျသွားခဲ့တယ်။ တစ်ခါမှ လက်တောင် မရွယ်ခဲ့ဖူးတဲ့ ဖေကြီးကလေ... ပြောရင်း မျက်ရည်တွေပါ ကျလာခဲ့တယ်။
ကျွန်တော် Gay တစ်ယောက်ဆိုတာဟာ အရမ်းကို အပြစ်ကျူးလွန်ထားမိတဲ့ ရာဇဝတ်သားတစ်ယောက်လောက်တောင် ဖြစ်နေတာလား။
"မင်းသိလား။ ငါလိုချင်တာ သားကွ။ သမီး မဟုတ်ဘူး။ ဘာလဲ မင်းက မိန်းမလို နေချင်နေတာလား။ မင်းကွာ ဒီအရွယ်ထိကို ငါအလိုလိုက်ခဲ့မိတာကိုက ငါမှားတာ။ ယောကျာ်းတစ်ယောက်က ယောကျာ်းလို နေရမှာပေါ့ကွ။ ဟာကွာ"
"ဖေကြီး ... ကျွန်တော်က ယောကျာ်းတစ်ယောက်ပါ။ ကျွန်တော် မိန်းကလေး ဖြစ်ချင်နေတာလည်း မဟုတ်ပါဘူး။ဒီတိုင်း ကျွန်တော်က မိန်းကလေးတွေ သဘောကျတာ မဟုတ်ဘဲ ကျွန်တော် သဘောကျတာ ယောကျာ်းတစ်ယောက် ဖြစ်သွားတာပါ"
"ဟေ့ကောင် မင်းဟာမင်း ဘာဖြစ်ဖြစ် မင်းက အခု အခြောက်က အခြောက်ဘဲ။ ငါ့သားလို့ ပြောရမှာတောင် မင်းကိုငါရွံတယ်။"
ဖေကြီးဟာ အရမ်းကို ဒေါသထွက်ပြီး ပြောနေတာကြောင့် မေကြီး ဘက်ကို လှည့်ကြည့်တော့ မေကြီးဟာ ဖေကြီးလို ဒေါသတွေ ပေါက်ကွဲထွက်နေတာမျိုး မဟုတ်ဘဲ ကြည့်သာကြည့်နေတယ်။
ဒီအကြည့်က....ကျွန်တော်ဟာမွေးရကျိုး မနပ်ဘဲ ကျေးဇူးကန်းတဲ့ သားတစ်ယောက်ဆိုတဲ့ အကြည့်မျိုး...။ တစ်သက်လုံး တစ်ခါမှ အဲ့လို မဆက်ဆံဖူးတဲ့ မိဘတွေကပါ ပြောင်းလဲကုန်တယ်။
"မင်းဟာမင်း ပြန်သုံးသပ်နေ။ မင်းအမြင်မှန်မရမချင်း ငါတို့ကို စကားလာပြောဖို့ မစဉ်းစားနဲ့။"
"ဖေကြီးပြောတဲ့ အမြင်မှန်ဆိုတာ ဘာလဲ ဖေကြီး။ ဖေကြီး လိုချင်တဲ့ အဖြေဟာ အမြင်မှန်လား။"
"မင်း မင်း!!! ငါဒါကိုဘယ်လိုမှ နားလည်မပေးနိုင်ဘူး ဟေ့ကောင်။ မင်းကို တစ်သက်လုံး ကျွေးမွေးစောင့်ရှောက်ခဲ့သမျှ မင်း ဒီလိုနည်းနဲ့ကျေးဇူးဆပ်တာလား"။
"သား... စစ်သွေး သားကို မေကြီးပြောမယ်။ ဒါဗုဒ္ဓဘာသာနိုင်ငံ သား။ သား ဒီလိုစိတ်နဲ့ ပတ်ဝန်းကျင်မှာခေါင်းဖော်နိုင်လိမ့်မယ် ထင်နေလား။ မိဘမျက်နှာကိုရော အိုးမဲသုတ်ဦးမှာလား။ သားက ဒီလိုဆို မေကြီးတို့ ဆွေမျိုးတွေကို ဘယ်လိုမျက်နှာသွားပြရမလဲ သား။ သားဆုံးဖြတ်ချက်ကို မပြင်နိုင်ရင် မေကြီးတို့ဘက်ကလည်း မေကြီးတို့ ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူးသား။ ဒါကို မေကြီးတို့ လက်မခံနိုင်ဘူး"။
မေကြီးက ဖေကြီးလို ဒေါသတကြီး မဟုတ်ဘဲ အသံတည်တည်ငြိမ်ငြိမ်နဲ့ ပြောလာတယ်။ စကားလုံးတစ်လုံးချင်းစီဟာ ရင်ကို ဓားနဲ့ မွန်းနေသလို နာကျင်ရတယ်။အမြဲ ကျွန်တော့်ဘက်က ရပ်တည်ပေးတဲ့ မေကြီးကလေ...။
"ကျွန်တော်လည်း ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြင်လို့မရဘူး မေကြီး။ ပြင်နိုင်စွမ်း မရှိတာ မေကြီး။ စိတ်ထဲက အလိုလိုဖြစ်လာတဲ့ အခြေအနေကို ကျွန်တော် အတင်းအဓမ္မ ပြင်လို့မရဘူးလေ မေကြီး"။
" မသိဘူး မင်းဟာမင်း ပြင်နိုင်ရင် ပြင်။ မပြင်နိုင်ရင်အိမ်ပေါ်က ဆင်းသွား"။
"ဟုတ်ကဲ့ ဖေကြီး။ ဖေကြီး တို့မှ လက်မခံနိုင်ရင် ကျွန်တော်ဆင်းသွားရုံဘဲ ရှိတာပေါ့။ အရှက်ရစေတဲ့ သားတစ်ယောက် ဖြစ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် ဖေကြီးနဲ့ မေကြီးကို ကန်တော့ပြီး အိမ်ကနေ အပြီးတိုင် ထွက်သွားပါ့မယ်"။
"ဘာမှ ကန်တော့စရာမလိုဘူး။ မင်းလို အခြောက်တစ်ယောက်ရဲ့ ကန်တော့တာကို ငါမခံနိုင်ဘူး။ငါဝယ်ပေးထားတဲ့ ပစ္စည်းတွေလည်း ဘာမှ ယူသွားစရာမလိုဘူး အကုန်ထားခဲ့ရမယ်။ မင်းဖုန်း မင်းပိုက်ဆံအိတ် မင်းအဝတ်အစားတွေ အကုန်လုံးက ငါ့ပိုက်ဆံနဲ့ဝယ်ထားတာတွေ။ မင်းဘာသာမင်း မုန့်ဖိုးစုဝယ်လည်း ငါ့ချွေးနဲစာတွေမို့လို့ ငါ့ပိုက်ဆံတွေဘဲ မင်းဘာသာမင်း ဒီတိုင်းဆင်းသွား။ ပြန်လာစရာလည်း မလိုဘူး"။
"အဲ့လောက်တောင် ကျွန်တော်က ရွံစရာကောင်းနေတာလား ဖေကြီး။ကျွန်တော့်ရဲ့ ဖြစ်တည်မှူက ဒီလောက်ထိတောင် ဖေကြီးတို့အတွက် မသတီစရာကောင်းနေရင် ကျွန်တော်ထွက်သွားပေးပါမယ်။ဘာမှ မယူသွားပါဘူး။ ဒီအင်္ကျီနဲ့ ဘောင်းဘီအတွက်ကတော့ ကျွန်တော် အရှေ့မှာ ဖေကြီးတို့အတွက် ယူပေးခဲ့တဲ့ ဂုဏ်သိက္ခာတွေနဲ့ လဲလိုက်ပါ။ ထားခဲ့ချင်ပေမယ့် ကျွန်တော့်သိက္ခာအတွက်ပါ"။
"ဘာ!! မင်းလို အခြောက်ဆီက သိက္ခာဆိုတဲ့ စကားက ထွက်သေးတယ်။ ဘယ်မှာလဲ သိက္ခာ"။
"ဘယ်လိုဘဲ အခြောက်ဖြစ်နေပါစေ ကျွန်တော် သိက္ခာရှိရှိ ရှင်သန်နေမှာပါ။ အရှက်တရားရော သိက္ခာရော ပျောက်ကွယ်သွားတဲ့ တနေ့ ကျွန်တော့်အလောင်းကို မြေမြုပ်တဲ့အခါမှ နောက်ဆုံးတစ်ခေါက်အနေနဲ့ မြင်ချင်ရင် လာကြည့်ကြပါ။ အခုတော့ ဖေကြီးတို့ဆန္ဒအတိုင်း ထွက်သွားပါတော့မယ်"။
"အေး ထွက်သွား!! ဘယ်တော့မှ ပြန်လာစရာလည်းမလိုဘူး"။
"သား တကယ်ဘဲ ဒီလိုဆုံးဖြတ်လိုက်ပြီလား။ အဲ့ဒါဆိုရင်တော့ မေကြီးလည်း ဘာမှ မပြောတော့ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် နောက်မှ နောင်တမရနဲ့"။
"ဟုတ်ကဲ့ မေကြီး"
စကားတွေများပြီး ခြံထဲက ထွက်လာချိန်မှာတော့ ကျွန်တော်ဟာ အရာရာဆုံးရှုံးသွားသလိုဘဲ။ ကျွန်တော့်မှာ ကိုဘဲ ရှိတော့တယ်။ အခု ကိုဆီသွားဖို့ကို ဆက်သွယ်စရာမရှိဘူး။ တော်သေးတာက အိမ်ထဲက အမြန်ထွက်လာတော့ မနေ့က ဘောင်းဘီအိတ်ထဲမှာထည့်ထားတဲ့ ၅၀၀၀ တန်တစ်ရွက်တော့ပါလာတယ်။
ဘာမှမစဉ်းစားသေးဘဲ အရင်ဆုံး ကို့တိုက်ခန်းကို တက်စီနဲ့သွားလိုက်မယ်။ကျန်တာက နောက်မှ ကိုနဲ့ တိုင်ပင်ရမယ်။
•••
ကို့တိုက်ခန်းရှေ့ရောက်တော့ အိမ်တံခါးရှေ့မှာ ကို့ဖိနပ်ရယ် အမျိုးသမီးစီး ဒေါက်ဖိနပ် တစ်ရံကိုတွေ့တော့ စိတ်ထဲ လန့်သလိုဖြစ်သွားပေမယ့် ကို့ကို ယုံကြည်ပြီး တံခါးခေါက်ကြည့်သည်။သုံးလေးခါ ခေါက်ပေမယ့်လည်း ဖွင့်မယ့်သူပေါ်မလာခဲ့ပါ။တံခါးလက်ကိုင်ကို ဆွဲလှည့်ကြည့်တော့ တံခါးက လော့မချထားတာကြောင့် တံခါးပွင့်သွားခဲ့တယ်။
ကိုက အိမ်သာ ဒါမှမဟုတ် ရေချိုးခန်းထဲရောက်နေလို့များလား လို့ တွေးရအောင်လည်း အိမ်ထဲမှာ ကို တစ်ယောက်တည်းမှ မဟုတ်တာ။ သူစိမ်းတစ်ယောက်ရှိနေမှာ အမှန်ဘဲကို တံခါးလည်း လော့မချထားဘဲ ဖိနပ်ကလည်း တစ်ရံတစ်နေရာစီ ရှိနေတာကြောင့် အလျင်စလို ဝင်သွားကြပုံဘဲ။
တံခါးလည်း ပွင့်နေတာနဲ့ ထပ်မစဉ်းစားတော့ဘဲ ဝင်ချလာမိလိုက်တယ်။ ဧည့်ခန်းထဲထိရောက်နေတာတောင် ကို့ကိုမတွေ့သလို ဟိုအမျိုးသမီးကိုလည်းမတွေ့သေးပေ။
စိတ်ထဲက ဘာကိုမှ သေချာမတွေးနိုင်တော့ဘဲ ကို့ အိပ်ခန်းဘက်ကိုလျှောက်လာလိုက်တော့ အိပ်ခန်းတံခါးက ပွင့်လျက် အထဲမှ အသံတွေကြားနေရတယ်။
မသတီစရာအသံတွေ ... မနက်ကအထိကို ကို့ဆီက ထွက်လာတဲ့ ဒီအသံဟာ နားထဲ ကြားယောင်လိုက်တိုင်း အရမ်းကို ဆွဲဆောင်မှုရှိခဲ့တာ။ အခုတော့ ကို့အသံနောက်မှာ မိန်းမတစ်ယောက်ရဲ့ အသံညောင်နာနာပါ ပါနေခဲ့တယ်။
တံခါးကို ဝုန်းခနဲ စောင့်တွန်းပြီးနောက်...
"ကို ဒါဘာအချိုးချိုးတာလဲ။ဟမ် ခင်ဗျားကို ယုံကြည်လို့ အားကိုးတကြီးနဲ့ လာတဲ့ လူကို ခင်ဗျားက ဒီလို ကြိုတာလား ဟမ်?? ခင်ဗျား မိုက်ရိုင်းတဲ့လူ"။
ကျွန်တော့်အသံကိုကြားတော့ နှစ်ယောက်သား လန့်သွားပြီး ဘေးနားရှိတဲ့ စောင်ကိုဆွဲခြုံပြီး အံ့ဩနေတဲ့ မျက်နှာနဲ့ လှည့်ကြည့်လာတယ်။
သေချာကြည့်မိမှ ကျောင်းက နာမည်ကြီးလှပါတယ်ဆိုတဲ့ queen ဘဲ။နာမည်တော့မသိသလို စိတ်လည်းမဝင်စားဘူး။ကျွန်တော်စိတ်ဝင်စားတာ ကို့ဆီက ထွက်လာမယ့် စကား။
"ဟက်"
စကားသံတွေအစား ခပ်ထေ့ထေ့ ရယ်သံတစ်ခုသာထွက်လာခဲ့တယ်။
"မရှင်းပြတော့ဘူးလား ကို"။
"မင်း ဒီလိုရောက်လာတိုင်း ရှင်းပြရအောင် မင်းက ငါ့ရည်းစားလား။ ပြောပါဦး။ အင်းပေါ့ မနက်ကအထိကို ငါက မင်းရဲ့ချစ်သူလို့အထင်မှားနေခဲ့တာဘဲမလား ဟား ဟား။ ငါးလလုံး ဟန်ဆောင်နေခဲ့တာကွ။ သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ခဲ့တာ မင်းနဲ့တွဲနိုင်ရင် အခုနောက်ဆုံးထွက်ထားတဲ့ ကားရမယ်ဆိုလို့ အခုတော့ မင်းကို တွဲရုံတင်မဟုတ်ဘဲ စားပါစားနိုင်ခဲ့တယ်ဆိုတော့ ပိုတောင်ရဦးမှာ။ မင်းလိုအခြောက်ကို ငါက တကယ်ချစ်မယ်ထင်နေလား ဟားဟား"။
ခြောက်ကပ်ကပ် ရယ်သံအဆုံးမှာ အိမ်က ထွက်လာတုန်းက တင်းတင်းဆွဲထားခဲ့တဲ့ မျှော်လင့်ချက် ကြိုးစလေးပြတ်ထွက်သွားခဲ့တယ်။
" ကျွန်တော့်ဘဝက ခင်ဗျားလိုချင်တဲ့ကားလောက်တောင် တန်ဖိုးမရှိခဲ့တာလား။ လူတစ်ယောက်ရဲ့ဘဝဗျ။ကျွန်တော်လည်း လူတစ်ယောက်ဗျ။ သစ်ကိုင်းခက်လေးချိုးသလို လွယ်လွယ်ချိုးပစ်နိုင်ရတာလဲ။ ခင်ဗျားက ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တာဘဲ။"
"မင်းလို အခြောက်ကောင်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တော့ရော ငါက ဘယ်နားထိခိုက်သွားလို့လဲ။အခုမင်းပြန်လိုက်တော့ ငါမပြီးသေးဘူး။ မင်းရှိနေတာက ဖီးလ်ပျက်တယ်။ မင်းကစိတ်ပျက်စရာဘဲ"။
•••
သွားပြီ။ အရာအားလုံး ရေစုန်မျောသွားခဲ့ပြီ။ ရှေ့ဆက်သွားစရာလမ်းလည်းမရှိတော့ဘူး။ အရင်တည်းက ပိုက်ဆံရှိလို့စာသင်ရုံကလွဲပြီး ဘာမှ မလုပ်ခဲ့တာက အခုတော့အထိနာလေပြီ။ အခုလက်ထဲမှာ ပိုက်ဆံကလည်းမရှိတာကြောင့် တော်တော်လေးကိုဆိုးရွားနေပြီ။
ကိုမြတ်လင်းကို အိမ်ကနေ ထွက်လာပြီးတည်းက လမ်းထိပ်က ပလက်ဖောင်းပေါ်မှာ ထိုင်နေခဲ့တာ နာရီနဲ့ချီနေပြီ။ဘယ်ချိန်ရှိနေပြီလဲတောင် မသိတော့ဘူး။
"ဟို ... စစ်သွေးညို လားမသိဘူး"။
ခေါင်းငိုက်စိုက်ချပြီး ထိုင်နေတုန်း ကောင်လေးတစ်ယောက်ရဲ့ခေါ်သံကြောင့် မော့ကြည့်မိတော့...ပုံစံကြည့်ရတာ ခန္ဓာကိုယ်က ဖွံ့ဖွံ့ဖြိုးဖြိုးရှိပြီး အရပ်အမောင်းလည်းကောင်းတာကြောင့် အသက်ကြီးမယ်လို့ထင်ရပေမယ့်လည်း ကျွန်တော့်နာမည်သိတာကြောင့် အတန်းထဲကဘဲ ဖြစ်လိမ့်မည်။
"အာ...ဟုတ်နေတာဘဲ စစ်သွေးညို။ ငါက မင်းအတန်းထဲက ဝင်းစည်သူလေ။ မင်းသိမလားတော့ မသိဘူး"။
ကျောင်းတက်နေတာ ဒုတိယနှစ်ရောက်ပြီးလို့ နောက်ထပ် ငါးလကျော်တောင်တက်ပြီးနေပြီ အတန်းထဲက လူတွေ နာမည်ကို သူမသိခဲ့ရိုး အမှန်ပါ။ စိတ်မဝင်စားသလို တစ်ယောက်တည်းနေသားကျနေခဲ့တာလေ။
"နာမည်တော့ ကြားဖူးမယ်ထင်ပါတယ်"။
ခုမှစတွေ့ဖူးတဲ့သူကို တွေ့တွေ့ချင်းဆောက်နဲ့ မထွင်းချင်တာကြောင့်စကားကို လှအောင်နည်းနည်းပြင်ပြီးပြောလိုက်မိတယ်။
"ဒီချိန်ကြီးတစ်ယောက်တည်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ ဒီနားက အန္တရာယ်များတာကို"။
"သွားစရာမရှိလို့။ အိမ်ပေါ်က ဆင်းလာတာ။ပိုက်ဆံလည်း တစ်ပြားမှ မပါလာဘူး။"
ခုမှ တွေ့တဲ့သူကို အမှန်အတိုင်းပြောပြီးအားကိုးတကြီးနဲ့ မျှော်လင့်မိပြန်ပြီ။စစ်သွေးညိုတစ်ယောက် လူတွေကို အယုံလွယ်နေတုန်းဘဲလား။ နေ့လည်ကဘဲ မင်းသစ္စာဖောက်ခံထားရတာလေ။
"လာပါ ထ။ ငါ့တိုက်ခန်းကိုသွားမယ်။ ဒီနားလေးမှာဘဲ။ ငါတစ်ယောက်တည်းနေတာ။ ဘယ်သူမှ မရှိလို့ မင်းနေချင်သလောက် နေလို့ရတယ်။ထမင်းလည်းမစားရသေးဘူးမလား"။
ကမ်းပေးလာတဲ့ လက်တစ်စုံ။ မျှော်လင့်ချက်ရောင်ခြည်လေးပေါ်လာပြီလား။တကယ်ဘဲ ယုံကြည်လို့ ရရဲ့လား။ ဘာဘဲဖြစ်ဖြစ် အခုချိန်မှာ သူလိုအပ်နေတာ နေစရာနဲ့ စားစရာဘဲ။ကမ်းပေးလာတဲ့ လက်ကို ဆုပ်ကိုင်မိတယ်။
•••
ဝင်းစည်သူ အခန်းက သပ်သပ်ရပ်ရပ်လေးရှိတယ်။ အရမ်းမကျယ်ပေမယ့် ယောကျာ်းလေးအခန်းဆိုပြီးရှုပ်ပွမနေဘူး။
"အိမ်မှာ ငါတစ်ယောက်တည်းဆိုတော့ ဟင်းချက်ထားတာတော့မရှိဘူး။အမြဲ တစ်ယောက်စာဘဲ မနက်ညစာ ချက်ပြီးစားလိုက်တာ။အခု ညစာလည်း စားလိုက်ပြီဆိုတော့ ဟင်းရော ထမင်းရော မရှိတော့ဘူး။ ခေါက်ဆွဲခြောက်တွေတော့ရှိတယ်။ ခေါက်ဆွဲပြုတ်ပေးမှာမို့လို့ ခဏ ထိုင်စောင့်နေလိုက်နော်"။
"ကျေးဇူးတင်ပါတယ် ဝင်းစည်သူ"။
"နာမည်အပြည့်ခေါ်တာ နားယားလိုက်တာ။ စည်သူလို့ဘဲ ခေါ်လိုက်ရတယ်။ နောက်လည်း အတူနေရဦးမှာဆိုတော့ ရင်းရင်းနှီးနှီးပေါ့"။
"အင်း စည်သူ ကျေးဇူးပါ။ ငါ့ကိုလည်း ကြိုက်သလိုခေါ်လို့ရပါတယ်။"
"ဟုတ်ပါပြီ။ ကိုစစ်သွေးရယ်။"
"စစ်သွေးဆို ရပါပြီ"။
"စစ်သွေးလို့ဘဲ ခေါ်မှာပါကွာ။ရွဲ့ပြောနေတာကွ"။
"ဟဲဟဲ မသိလို့"။
"ကဲ ခဏစောင့် ခေါက်ဆွဲပြုတ်ပြီးရင်ခေါ်လိုက်မယ်"။
"အင်း ငါကူလုပ်ပေးရမလား"။
"ဟဟ နေပါစေ သူဌေးသားလေး။ ငါ့မှာ ဒီမီးဖိုချောင်လေးဘဲ ရှိတာ ပြာအဖြစ်ပြောင်းသွားတာမမြင်ချင်သေးလို့"။
•••
ထမင်းစားပြီးတော့ စကားစမြည်ပြောကြရင်း စည်သူကသူ့အင်္ကျီသုံးလေးထည်လောက်ကို ခဏယူဝတ်ရင်းကျောင်းဆက်တက်ဖို့ ပြောလာတယ်။
ကျောင်းတက်ရင် ကိုမြတ်လင်းကို ကိုမြင်ရင် ဘယ်လိုရင်ဆိုင်ရမလဲ။သုံးစရာ ဖုန်းလည်းမရှိတာကြောင့် ဆိုမာပေါ်မှာ လှဲအိပ်ဖို့ဘဲ ဆုံးဖြတ်လိုက်တယ်။
အခုချိန် ခက်ခဲနေတာ တစ်ချိန်ချိန်တော့ အဆင်ပြေသွားမှာပါ။ ကျွန်တော် တောင့်ခံနိုင်ဖို့ဘဲ လိုအပ်နေတာမလား။ LGBT တွေရဲ့ ဘဝတွေဟာ ဘာလို့ အဲ့လောက်ခက်ခဲနေရတာလဲ။သူတို့လည်း လူတွေထဲကလူဘဲလေ။ ဘာမှ တမူထူးနေတာမျိုးမဟုတ်ဘဲ သူတို့ချစ်တတ်တဲ့ စိတ်က နည်းနည်းလေးကွဲနေရုံဘဲရှိတာကို။ အဲ့ပုံစံကလည်း တခြားသူတွေကိုလိုက်ဒုက္ခပေးနေတာလည်းမဟုတ်ဘဲ ဘာလို့များ နားလည်မပေးနိုင်ကြတာပါလဲ...။
ဒီညတော့ အတွေးတွေက နှိပ်စက်လို့ မျက်ရည်ကျမိတယ်။ ခန္ဓာကိုယ်ကလည်း အားမရှိသလို စိတ်လည်းမခိုင်တော့တာကြောင့် ကြာကြာမတွေးနိုင်ဘဲ အိပ်ပျော်သွားခဲ့ပြီ။
•••
စည်သူ့အိမ်မှာနေတာ ရက်သတ္တပတ်အနည်းငယ်တော့ ကြာခဲ့ပြီ။ စည်သူက အရမ်းသဘောကောင်းတယ်။ ကျွန်တော့်အတွက် အချိန်ပိုင်း အလုပ်တွေလည်းရှာပေးသလို ကျွန်တော်အိမ်က ဘာကြောင့်ဆင်းလာပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာလည်း မမေးဘဲ အဆင်ပြေအောင် ကူညီပေးခဲ့တယ်။
အရင်က ကျောင်းထဲဝင်ရင် ဖေကြီးမောင်းပို့တဲ့ ကားပေါ်က ဆင်းပြီး မေကြီး မီးပူတိုက်ထားတဲ့ ပုဆိုးလေးတောင် မကြေဘဲ ကျောင်းပေါက်ဝကနေ ကျော့မော့ကာ ဝင်လာနိုင်တာ အခုဆို စည်သူနဲ့အတူ မနက်ဆို အစောကြီးထ ကားမပိတ်အောင် ဘတ်စ်ကား တိုးစီး မအားလို့ မီးပူမတိုက်နိုင်ဘဲ ကြေနေတဲ့ ပုဆိုးက ကားပေါ်က လူကြပ်တာကြောင့် လူအပူတွေနဲ့ ညှပ်ပြီး အနည်းငယ်ဘဲ ပြန့်သွားသယောင်...။
အရင်ဆို တစ်ယောက်တည်းကျောင်းထဲဝင်လာပြီး တစ်ယာက်တည်းဘဲ ထမင်းစား တစ်ယောက်တည်း အိမ်ပြန်ရာကနေ အခု ဘေးမှာ ဘာလုပ်လုပ် စည်သူ ပါလာခဲ့ပြီ။ စည်သူကြောင့် လူမှုဆက်ဆံရေး နည်းနည်းပြေပြစ်လာသည်ဟု ပြောရမည် တချို့သူတွေနဲ့ပါ အနည်းငယ်ခင်လာပြီ။
ဒီနေ့ ကျောင်းသွားတာ ကားကလည်း သိပ်မပိတ်ဘဲ မီးပွိုင့်တွေ တစ်ခုပြီး တစ်ခုကို ကျော်ဖြတ်လာနိုင်သလို ကားပေါ်မှာလည်း လူရှင်းနေသည်။
ကျောင်းထဲဝင်လာပြီး ခါတိုင်းလိုဘဲ အတန်းချိန်တွေတက်၊ ကန်တင်းထိုင်ရင်းနဲ့ဘဲ အချိန်ကုန်သွားပြီး အိမ်ပြန်ချိန်ရောက်လာခဲ့ပြီ။
အတန်းရှေ့မှာ တူတူပြန်ဖို့ စည်သူကို စောင့်နေတုန်း...
"စစ်သွေး ငါတို့နဲ့လိုက်မလား။ ဒီညပါတီ ရှိတယ်။ နောက်ဆုံးနှစ်က အကိုတွေလည်းပါတယ်။ငါတို့တူတူသွားမယ့်ထဲ တချို့နဲ့ သိလို့ လာကြမယ်လို့ပြောတယ်။"
"ငါ အဲ့လိုဆူညံတာတွေ မကြိုက်လို့ စည်သူ၊ အိမ်ပြန်လို့ရမလား"။
"ဪ ရပါတယ်ကွာ။ခွင့်ပြန်တောင်းစရာမလိုပါဘူး။ ငါကမင်းများလိုက်ချင်မလားလို့ ခေါ်တာ။ရော့ ဒီမှာ အခန်းသော့၊မင်းအရင်ပြန်နှင့်လိုက်။ ထမင်းက မချက်နဲ့ ဝယ်သွားလိုက်။ငါပြန်လာရင် မီးဖိုချောင်လေးမြင်ချင်သေးလို့ ဟားဟား"။
"မစပါနဲ့ကွာ... ငါငြိမ်ငြိမ်လေးဘဲ နေမှာပါ။ ကတိ... ကတိ"။
"ဟုတ်ပါပြီကွာ ... ရော့ ယူ။ နောက်မကျဘဲ ပြန်လာမယ်။"
"မင်းတို့လည်း နှုတ်ဆက်နေတာ မပြီးတော့ဘူး။ မသိရင် ညားခါစ လင်မယားတွေလိုလို ဘာလိုလိုနဲ့ ။"
"လာပါပြီကွာ မင်းကလည်း... စစ်သွေး တံခါးသေချာပိတ်နော် ငါသွားပြီ"။
"အေး အေး"။
မောင်မောင်နိုင် ဆွဲခေါ်ရာနောက် ပါသွားပြီး ခေါင်းလှည့်ကာ နှုတ်ဆက်ရင်း ထွက်သွားတော့သည်။
•••
ည ၉နာရီ ခွဲတော့မည်။စည်သူ အခုထိ ပြန်မရောက်လာသေးပါ။ ဒီရက်ပိုင်းထဲ ညဘက်ဆို အခြေအနေသိပ်မကောင်းတာမို့ စိတ်ပူရတာကို...။
တင်းတောင်.....
တွေးနေရင်း ဘဲလ်အသံကြားမှ စိတ်အေးရတယ်။ချောင်းကြည့်ပေါက်က ကြည့်တော့ စည်သူပြန်လာပြီဘဲ။
တံခါးဖွင့်ဖွင့်ချင်း အရက်နံ့က ထောင်းခနဲ...
"ဟေ့ကောင် စည်သူ မင်းဘယ်လောက်တောင် သောက်လာတာလဲ။ လာလာ ဝင်လာ။ဘယ်ချိန်ရှိနေပြီလဲ အခုမှပြန်လာတယ်"။
"နားနားပြီး ဆူပါကွာ။မိန်းမကျနေတာဘဲ ပွစိ ပွစိနဲ့။"
"အာ့"
စည်သူက ရုတ်တရက်ဆိုသလို သူ့ရှေ့က ဝင်လာတဲ့ ကျွန်တော့်ကို တွန်းချလိုက်တာ မွေ့ရာနဲ့ ရင်ဘတ်နဲ့ဆောင့်သွားလို့ ရင်ဘတ်တောင် အောင့်သွားတယ်။ အပေါ်ကနေပါအုပ်မိုးပြီးလက်ကိုလည်း သူ့လက်ကြီးနဲ့ ဖိထားတာကြောင့် ဒီကောင်မူးမူးရူးရူး နဲ့ ဘာဖြစ်ပြန်ပြီလဲ မသိဘူး လို့ တွေးမိလို့ အမြန်ဖယ်ခိုင်းဖို့ ကြိုးစားရတော့သည်။
"ဟေ့ကောင် မင်း ဖယ်စမ်း!!"
"မင်း ကိုလင်းမြတ်ကိုကျတော့ ဒီခန္ဓာကိုယ်ကို လိုလိုလားလား ပေးခဲ့တယ်မလား။ အဲ့တော့ ငါ့ကိုလည်းပေးရမယ်။ ဒီနေ့ပွဲမှာ သူက မင်းနဲ့အိပ်တဲ့ video ကို ပြလိုက်တာ ငါဘယ်လောက်တောင် သူများအပြောခံခဲ့ရလဲသိလား။အဲ့ဒါ ငါ့နစ်နာမှုအတွက် ပြန်ယူမှာ"။
"ဘာ ကိုလင်းမြတ်က video ရိုက်ထားခဲ့တာ!!! ဟေ့ကောင် မင်းဖယ်စမ်း။ငါ့သိက္ခာကို မစော်ကားနဲ့ ခွေးမသား !!!"။
ဘယ်လောက်ရုန်းရုန်း ဘယ်လောက်အော်အော် အရက်မူးနေတဲ့အပြင် ကိုယ့်ထက် အားသန်တဲ့ စည်သူကို စစ်သွေးမရုန်းနိုင်တော့ပေ။
•••
နောက်ဆုံးတော့ စစ်သွေးသိပ်တန်ဖိုးထားတဲ့ သူ့ရဲ့သိက္ခာပါ မရှိတော့ပြီ။ အခု စည်သူပြောတဲ့ အခြေအနေအရဆို မနက်လောက်ဆိုကျောင်းမှာပါ သတင်းပျံ့နေလောက်ပြီ။မနက်ဘယ်လိုမျက်နှာနဲ့ကျောင်းသွားရမလဲ။
ဖေကြီးကို ပြောခဲ့တဲ့ သိက္ခာမရှိတော့တဲ့ တနေ့တော့ ကျွန်တော်လောကကြီးကနေ ထွက်သွားမှာပါ ဆိုတဲ့အတိုင်း အခုအဲ့အချိန်ကိုရောက်လာခဲ့ပြီ။
စာရွက်တစ်ခုယူပြီး ချရေးခဲ့တယ်။စာထဲမှာက...
"ငါတို့ LGBT တွေအတွက်လိုအပ်တာ နားလည်မှူလေး တစ်ခုတည်းပါ။ ငါတို့လည်းလူသားတွေဘဲမို့ နားလည်ပေးနိုင်ရုံနဲ့တင်လုံလောက်နေပါပြီ။ ဘာလို့များ အတင်းလိုက်နှိမ်ပြီး ဖိနှိပ်ချင်နေရတာလဲ ငါတို့လည်း သိက္ခာနဲ့နေထိုင်ချင်တဲ့ လူတစ်စုပါဘဲ။ ငါမင်းကို အတိုင်းထက်အလွန်ကို ယုံကြည်မိတယ် စည်သူ။ဒါပေမယ့် မင်းလုပ်ရပ်ဟာ ငါ့ကိုဒီလမ်းဆီတွန်းပို့ခဲ့တယ်" တဲ့။
•••
ရပ်ကွက်ထဲက အရိပ်ရသစ်ပင်ကြီးရဲ့ အကိုင်းခက်ကြီးတစ်ခုမှာ တွဲလျားကျနေတဲ့ ကြိုးရဲ့အဆုံးတွင်တော့သွေးမလျှောက်တော့တဲ့ မျက်နှာတစ်ခုရှိပြီး အရာရာအားလုံး မျှော်လင့်ချက်မဲ့နေသယောင် ထင်နေရတယ်။
လူတွေ ဝိုင်းအုံလာပြီး ရဲတွေကလည်း စစ်တမ်းတွေယူကြပြီးသေဆုံးကြောင်းအတည်ပြုကာ မိသားစုထံ သတင်းပို့ရမည်ဟု မှတ်ချက်ချကာ ရုပ်အလောင်းကို ဆေးရုံပို့ပြီး အခင်းနေရာကို ပိတ်ထားခဲ့တယ်။
မူးပြီးအိပ်ရာထက်မှာ အိပ်ပျော်နေတဲ့ စည်သူတစ်ယောက် အိပ်မက်ထဲမှာ သူတိတ်တခိုး သိပ်ချစ်ခဲ့ရတဲ့ စစ်သွေးကို အပိုင်သိမ်းနိုင်ခဲ့ပြီး ပျော်ရွှင်နေရတဲ့ ပုံရိပ်တွေနဲ့ ပြုံးနေခဲ့သူဟာ စစ်သွေးမရှိတော့တာလည်း မသိသေးသလို တစ်ယောက်သောသူဟာလည်း သူ့ကို သိပ်ချစ်တဲ့သူရှိကြောင်း မသိလိုက်ရသေးခင်မှာတင် လူ့လောကဆီကနေ ထွက်သွားခဲ့ပြီ .....။
တကယ်တမ်းတော့ လိုအပ်နေတာ နားလည်မှုနဲ့ယုံကြည်မှုပါဘဲ။
ပြီးပါပြီ
Zawgyi
"ေသြး အဆင္ေျပရဲ႕လား? ကိုယ္မေန႔က နည္းနည္းမူးသြားလို႔ပါ။ ေဆးခန္းသြားၾကမလား?"။
"ရတယ္ ကို ေသြးအဆင္ေျပတယ္။ ကိုလည္း ေသြးကိုခ်စ္တယ္။ ေသြးလည္း ကို႔ကို ခ်စ္လို႔ ေသြး လက္ခံခဲ့တာပါ။ အနားယူလိုက္ရင္ အဆင္ေျပသြားမွာပါ"။
"အင္း အင္း အာ့ဆို ကို ေသြးအတြက္ မနက္စာ ျပင္ထားလိုက္မယ္ေနာ္။ ခဏနားၿပီးမွ ထစားေပါ့။"
"ဟုတ္ ကို"
ကြၽန္ေတာ့္နာမည္ စစ္ေသြးညိဳပါ။ အင္း ကြၽန္ေတာ္က gay ပါ။ ကိုနဲ႔စတြဲခဲ့တာကို အခုထိ မယုံႏိုင္ေသးဘူး။ အိပ္မက္မက္ေနသလိုဘဲ။ ကိုက Uni မွာ အရမ္းသေဘာေကာင္းၿပီး ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္၊ ကြၽန္ေတာ္က ဘယ္သူနဲ႔မွ မေပါင္းဘဲတစ္ေယာက္တည္းေအးေဆး ေနတတ္တဲ့သူ။
သူငယ္ခ်င္းဆိုတာ ဘယ္ဆီေနမွန္းမသိ၊ ဒါေပမယ့္ စာေတာ္္ၿပီး ပိုက္ဆံရွိလို႔ တျခားလူေတြအျမင္မွာေတာ့ ဘဝင္ျမင့္ေနတဲ့ ဟိုက္ပါ သူေဌးသား ေကာင္ေပါ့။
ကို႔ကို ကြၽန္ေတာ္ သေဘာက်တာ ၾကာၿပီ ျဖစ္ေပမယ့္ တစ္ရက္ေက်ာင္း မွာ ကိုက ကြၽန္ေတာ္စာလုပ္ေနတုန္း...
"ဟိတ္ စစ္ေသြးညိဳ မလား။ အစ္ကိုက တတိယႏွစ္က ျမတ္လင္းကို ပါ။ အစ္ကို ေသြးကို သေဘာက်လို႔"။
"ခင္ဗ်ာ"။
"အင္း အစ္ကို မင္းကို သေဘာက်လို႔၊ မင္းကိုသတိထားမိေနတာၾကာၿပီ။ အၿမဲ တစ္ေယာက္တည္းဘဲ ေနၿပီး သူငယ္ခ်င္းေတြနဲ႔တြဲသြားတြဲလာလည္းမရွိဘူး။ မင္းရဲ႕ပုံစံကိုက ကို႔စိတ္ထဲမွာ တစ္ေယာက္တည္း ထင္းေနတာ"။
"ဘယ္လို သေဘာက်တာလဲခင္ဗ်?"။
"အမ္?"။
"ညီေလးတစ္ေယာက္လို သေဘာက်တာလား ဂ်ဴနီယာ တစ္ေယာက္လို သေဘာက်တာလားဗ် ကြၽန္ေတာ္က ဘယ္သူနဲ႔မွေတာင္ ပတ္သက္မႈမရွိဘူး ကြၽန္ေတာ္ကေခ်ာလည္းေခ်ာေနတာ မဟုတ္ဘူး သေဘာက်စရာက ဘယ္နားကလဲဗ်"။
ႀကိဳေျပာထားမွ ေတာ္ကာက်မည္။ မဟုတ္လွ်င္ စလာတည္းက ဒီက စိတ္ေပ်ာ့ေနရင္ လူအထင္ေသးစရာျဖစ္မယ္ မဟုတ္လား?။
"အင္း အစ္ကို မင္းကို ေကာင္ေလးလိုသေဘာက်တာ၊ မင္းလက္ခံေပးႏိုင္မလား? အကို႔အခ်စ္ကိုေလ"။
"ကြၽန္ေတာ္က အခုမွသိၿပီး အခုမွ စကားေျပာဖူးတဲ့သူရဲ႕ အခ်စ္ကို ခ်က္ခ်င္းလက္ခံေပးရမွာလား? အဲ့ေလာက္လြယ္တဲ့ပုံေပါက္ေနလား ခင္ဗ်?"။
"မထင္ပါဘူးဗ်ာ အခုေျပာပုံအရေတာ့ ခ်က္ခ်င္း လက္မခံေပးလည္းေနာက္တစ္ခ်ိန္ခ်ိန္ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ႏိုင္ေသးတာမို႔ အစ္ကို ႀကိဳးစားဦးမွာပါ။ စဥ္းစားေပးေနာ္ ေသြး"။
ေျပာခ်င္ရာေျပာၿပီး ထြက္သြားတဲ့ ေက်ာျပင္ကို ၾကည့္ရင္းသက္ျပင္းသာ ခ်မိေတာ့တယ္။
ဒီလိုနဲ႔ကိုဟာ ကြၽန္ေတာ့္ကို တစ္လ ေလာက္ထိကို လိုက္ခဲ့တာ။ ကြၽန္ေတာ္လည္း သေဘာက်ေနခဲ့တာမို႔ အရမ္းအၾကာႀကီး တင္းမခံႏိုင္ဘဲ ကို႔ကို အေျဖေပးခဲ့တယ္။
မေန႔က ကိုနဲ႔ကြၽန္ေတာ္ ငါးလျပည့္၊ ညက ကြၽန္ေတာ္နဲ႔ ကိုယ္ ႏွစ္ေယာက္တည္း ကို႔ တိုက္ခန္းမွာ အခ်ိန္ျဖဳန္းခဲ့ၾကတယ္။ ႏွစ္ေယာက္သားမူးၿပီး အခ်ိန္ေကာင္းေလးေတြ ရခဲ့တာေပါ့။
" ကဲ ေသြး ထေတာ့ေနာ္ ေရခ်ိဳးၿပီး အခန္းထဲက ထြက္လာခဲ့ မနက္စာ အဆင္သင့္ျဖစ္ၿပီ။ ထႏိုင္လား? ကိုယ္ခ်ီရမလား?"
" မလိုဘူးဗ် လူယုတ္မာ အၿပဳံးႀကီးနဲ႔ ေမႀကီးေရ "
မ်က္ေစာင္းထိုးကာေျပာေတာ့ ကိုက သေဘာတက် ရယ္တယ္။
ကြၽန္ေတာ္ေရခ်ိဳးေနရင္း အေတြးတစ္ခု ဝင္လာမိတယ္။
ကိုနဲ႔ စတြဲတာ ငါးလတည္းရွိေသးတယ္ ဆိုေပမယ့္ အရမ္းေပ်ာ္ရတယ္။ စိတ္ခ်မ္းသာရတယ္။ ဒီေတာ့ ကြၽန္ေတာ္ အိမ္ကို ဖြင့္ေျပာခ်င္တယ္။ ကြၽန္ေတာ္ဟာ gay တစ္ေယာက္ျဖစ္ၿပီးေတာ့ ကြၽန္ေတာ္မွာ သိပ္ခ်စ္ရတဲ့ ျမတ္လင္းကို ရွိေနပါတယ္ဆိုတာကို။
မနက္စာ စားေနရင္းစားပြဲမွာ ကို႔ ကို ငါးလလုံး အတူရွိေပးလို႔ ေက်းဇူးတင္ေၾကာင္းဆိုမိေတာ့ ကို က
"ေသြးကိုသာ ေက်းဇူးတင္ရမွာပါကြာ၊ ကို႔ကို ယုံၾကည္ေပးလို႔ ေက်းဇူးပါ၊ ကို႔ကို လက္ခံေပးလို႔ ေက်းဇူးပါ"
"ဟီး ဒါဆို ကြၽန္ေတာ္တို႔ ေနာက္ဆို ငါးလျပည့္ကေန ငါးႏွစ္ျပည့္ ဆယ္ႏွစ္ အႏွစ္ငါးဆယ္ေလာက္ထိ တူတူရွိၾကမယ္မလား?"
"ကဲ ထမင္းစား ေအးကုန္ေတာ့မယ္ ၿပီးရင္ ကို ေသြးကို အိမ္ျပန္လိုက္ပို႔ေပးမယ္ေနာ္"
ကို စကားလမ္းေၾကာင္းလႊဲလိုက္တယ္။ ဘာလို႔လဲ ကိုက ကြၽန္ေတာ္နဲ႔ အတူတူ မရွိခ်င္တာလား။
•••
"ေသြး... ေရာက္ၿပီ"။
မနက္စာ စားေနရင္းတည္းက စိတ္ထဲ မတင္မက် ျဖစ္လာတဲ့ စကား။ ေမးခြန္းေပါင္းမ်ားစြာနဲ႔ အေတြးေတြ မ်ားလာတာ အခု အိမ္ေရွ႕ေရာက္တာေတာင္ ကို ေျပာမွ သတိဝင္လာတယ္။
"အာ ဟုတ္ ဟုတ္ .. ေက်းဇူးတင္ပါတယ္ ကို"။
ဟမ္ ႏႈတ္ဆက္အနမ္း လွမ္းေပးမလို႔ကို ကိုက ေနာက္ကို ဆုတ္သြားတယ္??။
"ကဲ ကဲ ေနာက္က်ေနၿပီ ေသြး ေမေမ ေစာင့္ေနၿပီ ထင္တယ္"။
ၿခံထဲလွမ္းၾကည့္ေတာ့ ေမေမ့ကို ေတြ႕လိုက္တာေၾကာင့္ ကိုက ေမႀကီးကိုျမင္လို႔ ေနာက္ဆုတ္လိုက္တာလား ဒါမွမဟုတ္ မနက္က ကိစၥ ကြၽန္ေတာ္အမွားလုပ္မိလို႔ စိတ္ဆိုးေနတာလား။ ဘာဘဲျဖစ္ျဖစ္ပါ ကြၽန္ေတာ္ေနာက္မွ ျပန္ေခ်ာ့လိုက္မယ္ အခု ေမႀကီး ေစာင့္ေနၿပီဆိုေတာ့ ေမႀကီးဆီေျပးရမယ္။
"ကဲ သား ဒါက ဘယ္ကျပန္လာတာလဲ။ ညက အိမ္လည္းျပန္မလာဘူး သားရယ္။ သားသူငယ္ခ်င္းေတြရလာတာ ေမေမေပ်ာ္ေပမယ့္ ဒီလိုစည္းကမ္းပ်က္တာမ်ိဳးကိုေတာ့ ေမေမ သေဘာမက်ဘူးသား၊ အခုေရာ သားသူငယ္ခ်င္းလိုက္ပို႔တာလား?။
ၿခံတံခါးဖြင့္ၿပီး ဝင္ဝင္လာခ်င္းေမႀကီးက ေမးလိုက္တာ ေမးခြန္းေတြမ်ား တရစပ္ ဘယ္က စေျဖရမွန္းေတာင္ မသိေတာ့ဘူး။
"ေမႀကီးရယ္ ေျဖးေျဖးေမးပါဗ်ာ ကြၽန္ေတာ္ဘယ္ကစေျဖရမွန္းေတာင္မသိေတာ့ဘူး"။
"စိတ္ပူလို႔ပါ သားရယ္"။
ေမႀကီး စိတ္အေျခအေန ေကာင္းေနတာေၾကာင့္မနက္က စဥ္းစားလာတဲ့ ကိစၥေမႀကီးတို႔ကို ေျပာျပလိုက္ေတာ့ရင္ေကာင္းမယ္ထင္တယ္။
"ေမႀကီး ေဖႀကီးေရာ အိမ္ထဲမွာရွိလား? ရာသိီဥတုအေျခအေနေရာ ေကာင္းလားဗ်"။
"အင္း နည္းနည္းေတာ့ မိုးအုံ႔ေနမယ္ ထင္တယ္။ မင္းၿပဳံးရယ္ၿပီး စကားေျပာလိုက္ရင္ အဆင္ေျပသြားမယ္ထင္တယ္"။
"ဟုတ္ ေမႀကီး ဒါဆို ကြၽန္ေတာ္တို႔ အိမ္ထဲဝင္ရေအာင္"။
"ေအး ေအး"။
"ေဟာ လာပါၿပီ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါးၿပီး မိဘေတြကို ပစ္ထားတဲ့သား"။
"အာ ေဖႀကီးကလည္း သားက တစ္ညေလးဘဲ ျပန္မလာမိတာကို စိတ္ဆိုးပါနဲ႔ ေနာ္ ေနာ္"။
ဖက္ကာ ခြၽဲကာေျပာေတာ့ တစ္ေယာက္တည္းရွိတဲ့သားကိုေဖႀကီးတို႔လည္း ဘယ္ခံႏိုင္ပါ့မလဲ တန္းအရည္ေပ်ာ္ရေတာ့တာေပါ့။
"သြားပါ။ ပူတယ္ ေနာက္ခါ ဒါမ်ိဳး မလိုခ်င္ဘူးေနာ္။ ေန႔လည္ဘက္ တစ္ေနကုန္သြား ညဘက္ကို သူငယ္ခ်င္းအိမ္မွာေနမယ္ဆိုလည္း ဖုန္းဆက္ ႀကိဳေျပာေပါ့ကြ။ အခုက ဘယ္မွာမွန္းမသိ ငါတို႔က ရဲစခန္းဘဲ လူေပ်ာက္တိုင္ရမလိုလို ေမႀကီး မင္းသား မင္းထိန္းဦးေနာ္"။
"ဟုတ္ပါၿပီရွင္။ အခုသားက ေခ်ာ့ေနၿပီဘဲဟာကို ဒီတစ္ခါေတာ့ ထားလိုက္ပါေတာ့"။
"မင္းေနာ္ မင္း မင္း သားဘက္ကလိုက္ကာေန အဲ့ဒါေၾကာင့္ ဒီကေလး မိဘေတြအေပၚ ေရာင့္တက္တာ"။
"ဟာဗ်ာ ေဖႀကီးကလည္း ကြၽန္ေတာ္ေရာင့္မတက္ပါဘူးဗ် ခ်စ္လို႔ဟာကို ဟီး"။
"ဘာမွ မခ်စ္နဲ႔ သြား"။
"ေမႀကီး ဒီမွာ ခဏ လာထိုင္ပါဦး။ ကြၽန္ေတာ္ေျပာစရာရွိလို႔"။
"အမယ္ အတည္ေပါက္ေတြလုပ္လို႔ပါလား။ ဆိုစမ္းပါဦး ဘာမ်ားလဲ?"။
ေမႀကီးက ေဘးနားဝင္ထိုင္ၿပီးခ်ိန္မွာ ေဖႀကီးက စေနာက္သလိုနဲ႔ စကားလမ္းေၾကာင္းဖြင့္ေပးေတာ့ အဆင္ေျပမယ္ထင္တယ္။ ေမႀကီးနဲ႔ ေဖႀကီးက ကြၽန္ေတာ့္ကို တစ္ခ်ိန္လုံး နားလည္ေပးလာတာ အခုလည္း နားလည္ေပးမွာပါ။ ကြၽန္ေတာ္ဟာ gay တစ္ေယာက္ပါ ဆိုတာကို ဖြင့္ေျပာလိုက္ေတာ့မယ္။
"ေဖႀကီး ေမႀကီး ကြၽန္ေတာ္ ဒီတစ္ခါ စ ေနတာ မဟုတ္ပါဘူးေနာ္။ ကြၽန္ေတာ္ဘဝနဲ႔ပတ္သက္ၿပီးေျပာမွာပါ"
"အင္း ေဖႀကီး နားေထာင္ေပးမယ္"
LGBT တစ္ေယာက္အတြက္ အေရးအႀကီးဆုံးနဲ႔ ရင္ဆိုင္ရတာ အခက္ခဲဆုံးက ပထမဆုံး ႀကဳံေတြ႕ရမယ့္ come out လုပ္တာပါဘဲ။ ေမြးထားတဲ့ မိဘေတြကို ကိုယ္က ဒီလိုမ်ိဳးပါဆိုၿပီး ဖြင့္ေျပာရတာေလာက္ခက္ခဲတာ မရွိေလာက္ပါဘူး။ ဒီအတြက္ အေျဖက ႏွစ္မ်ိဳးရွိႏိုင္တယ္။
ေမႀကီးနဲ႔ ေဖႀကီးက နားလည္ေပးမယ္။ လက္ခံေပးမယ္။ကို႔ကိုပါ နားလည္လက္ခံေပးမယ္။ ေနာက္တစ္ခုက အင္း... နားမလည္ေပးႏိုင္ဘူး။လက္မခံေပးႏိုင္ဘူး အဆိုးဆုံး အေမြျဖတ္ၿပီး အိမ္ေပၚက ေမာင္းခ်တာအထိ ျဖစ္ႏိုင္တယ္။
"ဒီလိုပါ ေဖႀကီး"
"အင္း ေျပာ"
ကြၽန္ေတာ္ စကားထြက္လာေအာင္ ေဖႀကီး ဝင္ေထာက္ေပးေနတယ္။ ဒါဟာအေကာင္းဆုံး timing ဘဲ။ ဘုရား ကြၽန္ေတာ့္ကို ကူညီေပးပါ လို႔သာ စိတ္ထဲက ေရ႐ြတ္ရင္း...
"ကြၽန္ေတာ္က Gay တစ္ေယာက္ပါ ေဖႀကီး"
"ဘာ.... ေခြးသား!!!"
'ခြပ္'
"မင္းကိုဒီေန႔ဒီအခ်ိန္ထိ ေကြၽးေမြးလာတာ ဒီလို ေက်းဇူးကန္းဖို႔လား? ငါ့မွာေတာ့ သားေယာက်ာ္းေလး လိုခ်င္လြန္းလို႔ ရွိသမွ်ဘုရားမွာ ဆုေတြေတာင္းၿပီးရခဲ့တဲ့ သားေယာက်ာ္းေလးကြ"
ေဖႀကီးဟာ ေဒါသနဲ႔ ကြၽန္ေတာ့္ကို တစ္ခ်က္ထိုးလိုက္တာေၾကာင့္ ကြၽန္ေတာ္လဲက်သြားခဲ့တယ္။ တစ္ခါမွ လက္ေတာင္ မ႐ြယ္ခဲ့ဖူးတဲ့ ေဖႀကီးကေလ... ေျပာရင္း မ်က္ရည္ေတြပါ က်လာခဲ့တယ္။
ကြၽန္ေတာ္ Gay တစ္ေယာက္ဆိုတာဟာ အရမ္းကို အျပစ္က်ဴးလြန္ထားမိတဲ့ ရာဇဝတ္သားတစ္ေယာက္ေလာက္ေတာင္ ျဖစ္ေနတာလား။
"မင္းသိလား။ ငါလိုခ်င္တာ သားကြ။ သမီး မဟုတ္ဘူး။ ဘာလဲ မင္းက မိန္းမလို ေနခ်င္ေနတာလား။ မင္းကြာ ဒီအ႐ြယ္ထိကို ငါအလိုလိုက္ခဲ့မိတာကိုက ငါမွားတာ။ ေယာက်ာ္းတစ္ေယာက္က ေယာက်ာ္းလို ေနရမွာေပါ့ကြ။ ဟာကြာ"
"ေဖႀကီး ... ကြၽန္ေတာ္က ေယာက်ာ္းတစ္ေယာက္ပါ။ ကြၽန္ေတာ္ မိန္းကေလး ျဖစ္ခ်င္ေနတာလည္း မဟုတ္ပါဘူး။ဒီတိုင္း ကြၽန္ေတာ္က မိန္းကေလးေတြ သေဘာက်တာ မဟုတ္ဘဲ ကြၽန္ေတာ္ သေဘာက်တာ ေယာက်ာ္းတစ္ေယာက္ ျဖစ္သြားတာပါ"
"ေဟ့ေကာင္ မင္းဟာမင္း ဘာျဖစ္ျဖစ္ မင္းက အခု အေျခာက္က အေျခာက္ဘဲ။ ငါ့သားလို႔ ေျပာရမွာေတာင္ မင္းကိုငါ႐ြံတယ္။"
ေဖႀကီးဟာ အရမ္းကို ေဒါသထြက္ၿပီး ေျပာေနတာေၾကာင့္ ေမႀကီး ဘက္ကို လွည့္ၾကည့္ေတာ့ ေမႀကီးဟာ ေဖႀကီးလို ေဒါသေတြ ေပါက္ကြဲထြက္ေနတာမ်ိဳး မဟုတ္ဘဲ ၾကည့္သာၾကည့္ေနတယ္။
ဒီအၾကည့္က....ကြၽန္ေတာ္ဟာေမြးရက်ိဳး မနပ္ဘဲ ေက်းဇူးကန္းတဲ့ သားတစ္ေယာက္ဆိုတဲ့ အၾကည့္မ်ိဳး...။ တစ္သက္လုံး တစ္ခါမွ အဲ့လို မဆက္ဆံဖူးတဲ့ မိဘေတြကပါ ေျပာင္းလဲကုန္တယ္။
"မင္းဟာမင္း ျပန္သုံးသပ္ေန။ မင္းအျမင္မွန္မရမခ်င္း ငါတို႔ကို စကားလာေျပာဖို႔ မစဥ္းစားနဲ႔။"
"ေဖႀကီးေျပာတဲ့ အျမင္မွန္ဆိုတာ ဘာလဲ ေဖႀကီး။ ေဖႀကီး လိုခ်င္တဲ့ အေျဖဟာ အျမင္မွန္လား။"
"မင္း မင္း!!! ငါဒါကိုဘယ္လိုမွ နားလည္မေပးႏိုင္ဘူး ေဟ့ေကာင္။ မင္းကို တစ္သက္လုံး ေကြၽးေမြးေစာင့္ေရွာက္ခဲ့သမွ် မင္း ဒီလိုနည္းနဲ႔ေက်းဇူးဆပ္တာလား"။
"သား... စစ္ေသြး သားကို ေမႀကီးေျပာမယ္။ ဒါဗုဒၶဘာသာႏိုင္ငံ သား။ သား ဒီလိုစိတ္နဲ႔ ပတ္ဝန္းက်င္မွာေခါင္းေဖာ္ႏိုင္လိမ့္မယ္ ထင္ေနလား။ မိဘမ်က္ႏွာကိုေရာ အိုးမဲသုတ္ဦးမွာလား။ သားက ဒီလိုဆို ေမႀကီးတို႔ ေဆြမ်ိဳးေတြကို ဘယ္လိုမ်က္ႏွာသြားျပရမလဲ သား။ သားဆုံးျဖတ္ခ်က္ကို မျပင္ႏိုင္ရင္ ေမႀကီးတို႔ဘက္ကလည္း ေမႀကီးတို႔ ဆုံးျဖတ္ခ်က္ကို မျပင္ႏိုင္ဘူးသား။ ဒါကို ေမႀကီးတို႔ လက္မခံႏိုင္ဘူး"။
ေမႀကီးက ေဖႀကီးလို ေဒါသတႀကီး မဟုတ္ဘဲ အသံတည္တည္ၿငိမ္ၿငိမ္နဲ႔ ေျပာလာတယ္။ စကားလုံးတစ္လုံးခ်င္းစီဟာ ရင္ကို ဓားနဲ႔ မြန္းေနသလို နာက်င္ရတယ္။အၿမဲ ကြၽန္ေတာ့္ဘက္က ရပ္တည္ေပးတဲ့ ေမႀကီးကေလ...။
"ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ကို ျပင္လို႔မရဘူး ေမႀကီး။ ျပင္ႏိုင္စြမ္း မရွိတာ ေမႀကီး။ စိတ္ထဲက အလိုလိုျဖစ္လာတဲ့ အေျခအေနကို ကြၽန္ေတာ္ အတင္းအဓမၼ ျပင္လို႔မရဘူးေလ ေမႀကီး"။
" မသိဘူး မင္းဟာမင္း ျပင္ႏိုင္ရင္ ျပင္။ မျပင္ႏိုင္ရင္အိမ္ေပၚက ဆင္းသြား"။
"ဟုတ္ကဲ့ ေဖႀကီး။ ေဖႀကီး တို႔မွ လက္မခံႏိုင္ရင္ ကြၽန္ေတာ္ဆင္းသြား႐ုံဘဲ ရွိတာေပါ့။ အရွက္ရေစတဲ့ သားတစ္ေယာက္ ျဖစ္ခဲ့မိတဲ့အတြက္ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ ေဖႀကီးနဲ႔ ေမႀကီးကို ကန္ေတာ့ၿပီး အိမ္ကေန အၿပီးတိုင္ ထြက္သြားပါ့မယ္"။
"ဘာမွ ကန္ေတာ့စရာမလိုဘူး။ မင္းလို အေျခာက္တစ္ေယာက္ရဲ႕ ကန္ေတာ့တာကို ငါမခံႏိုင္ဘူး။ငါဝယ္ေပးထားတဲ့ ပစၥည္းေတြလည္း ဘာမွ ယူသြားစရာမလိုဘူး အကုန္ထားခဲ့ရမယ္။ မင္းဖုန္း မင္းပိုက္ဆံအိတ္ မင္းအဝတ္အစားေတြ အကုန္လုံးက ငါ့ပိုက္ဆံနဲ႔ဝယ္ထားတာေတြ။ မင္းဘာသာမင္း မုန႔္ဖိုးစုဝယ္လည္း ငါ့ေခြၽးနဲစာေတြမို႔လို႔ ငါ့ပိုက္ဆံေတြဘဲ မင္းဘာသာမင္း ဒီတိုင္းဆင္းသြား။ ျပန္လာစရာလည္း မလိုဘူး"။
"အဲ့ေလာက္ေတာင္ ကြၽန္ေတာ္က ႐ြံစရာေကာင္းေနတာလား ေဖႀကီး။ကြၽန္ေတာ့္ရဲ႕ ျဖစ္တည္မႉက ဒီေလာက္ထိေတာင္ ေဖႀကီးတို႔အတြက္ မသတီစရာေကာင္းေနရင္ ကြၽန္ေတာ္ထြက္သြားေပးပါမယ္။ဘာမွ မယူသြားပါဘူး။ ဒီအက်ႌနဲ႔ ေဘာင္းဘီအတြက္ကေတာ့ ကြၽန္ေတာ္ အေရွ႕မွာ ေဖႀကီးတို႔အတြက္ ယူေပးခဲ့တဲ့ ဂုဏ္သိကၡာေတြနဲ႔ လဲလိုက္ပါ။ ထားခဲ့ခ်င္ေပမယ့္ ကြၽန္ေတာ့္သိကၡာအတြက္ပါ"။
"ဘာ!! မင္းလို အေျခာက္ဆီက သိကၡာဆိုတဲ့ စကားက ထြက္ေသးတယ္။ ဘယ္မွာလဲ သိကၡာ"။
"ဘယ္လိုဘဲ အေျခာက္ျဖစ္ေနပါေစ ကြၽန္ေတာ္ သိကၡာရွိရွိ ရွင္သန္ေနမွာပါ။ အရွက္တရားေရာ သိကၡာေရာ ေပ်ာက္ကြယ္သြားတဲ့ တေန႔ ကြၽန္ေတာ့္အေလာင္းကို ေျမျမဳပ္တဲ့အခါမွ ေနာက္ဆုံးတစ္ေခါက္အေနနဲ႔ ျမင္ခ်င္ရင္ လာၾကည့္ၾကပါ။ အခုေတာ့ ေဖႀကီးတို႔ဆႏၵအတိုင္း ထြက္သြားပါေတာ့မယ္"။
"ေအး ထြက္သြား!! ဘယ္ေတာ့မွ ျပန္လာစရာလည္းမလိုဘူး"။
"သား တကယ္ဘဲ ဒီလိုဆုံးျဖတ္လိုက္ၿပီလား။ အဲ့ဒါဆိုရင္ေတာ့ ေမႀကီးလည္း ဘာမွ မေျပာေတာ့ဘူး။ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ ကိုယ္ ေနာက္မွ ေနာင္တမရနဲ႔"။
"ဟုတ္ကဲ့ ေမႀကီး"
စကားေတြမ်ားၿပီး ၿခံထဲက ထြက္လာခ်ိန္မွာေတာ့ ကြၽန္ေတာ္ဟာ အရာရာဆုံးရႈံးသြားသလိုဘဲ။ ကြၽန္ေတာ့္မွာ ကိုဘဲ ရွိေတာ့တယ္။ အခု ကိုဆီသြားဖို႔ကို ဆက္သြယ္စရာမရွိဘူး။ ေတာ္ေသးတာက အိမ္ထဲက အျမန္ထြက္လာေတာ့ မေန႔က ေဘာင္းဘီအိတ္ထဲမွာထည့္ထားတဲ့ ၅၀၀၀ တန္တစ္႐ြက္ေတာ့ပါလာတယ္။
ဘာမွမစဥ္းစားေသးဘဲ အရင္ဆုံး ကို႔တိုက္ခန္းကို တက္စီနဲ႔သြားလိုက္မယ္။က်န္တာက ေနာက္မွ ကိုနဲ႔ တိုင္ပင္ရမယ္။
•••
ကို႔တိုက္ခန္းေရွ႕ေရာက္ေတာ့ အိမ္တံခါးေရွ႕မွာ ကို႔ဖိနပ္ရယ္ အမ်ိဳးသမီးစီး ေဒါက္ဖိနပ္ တစ္ရံကိုေတြ႕ေတာ့ စိတ္ထဲ လန႔္သလိုျဖစ္သြားေပမယ့္ ကို႔ကို ယုံၾကည္ၿပီး တံခါးေခါက္ၾကည့္သည္။သုံးေလးခါ ေခါက္ေပမယ့္လည္း ဖြင့္မယ့္သူေပၚမလာခဲ့ပါ။တံခါးလက္ကိုင္ကို ဆြဲလွည့္ၾကည့္ေတာ့ တံခါးက ေလာ့မခ်ထားတာေၾကာင့္ တံခါးပြင့္သြားခဲ့တယ္။
ကိုက အိမ္သာ ဒါမွမဟုတ္ ေရခ်ိဳးခန္းထဲေရာက္ေနလို႔မ်ားလား လို႔ ေတြးရေအာင္လည္း အိမ္ထဲမွာ ကို တစ္ေယာက္တည္းမွ မဟုတ္တာ။ သူစိမ္းတစ္ေယာက္ရွိေနမွာ အမွန္ဘဲကို တံခါးလည္း ေလာ့မခ်ထားဘဲ ဖိနပ္ကလည္း တစ္ရံတစ္ေနရာစီ ရွိေနတာေၾကာင့္ အလ်င္စလို ဝင္သြားၾကပုံဘဲ။
တံခါးလည္း ပြင့္ေနတာနဲ႔ ထပ္မစဥ္းစားေတာ့ဘဲ ဝင္ခ်လာမိလိုက္တယ္။ ဧည့္ခန္းထဲထိေရာက္ေနတာေတာင္ ကို႔ကိုမေတြ႕သလို ဟိုအမ်ိဳးသမီးကိုလည္းမေတြ႕ေသးေပ။
စိတ္ထဲက ဘာကိုမွ ေသခ်ာမေတြးႏိုင္ေတာ့ဘဲ ကို႔ အိပ္ခန္းဘက္ကိုေလွ်ာက္လာလိုက္ေတာ့ အိပ္ခန္းတံခါးက ပြင့္လ်က္ အထဲမွ အသံေတြၾကားေနရတယ္။
မသတီစရာအသံေတြ ... မနက္ကအထိကို ကို႔ဆီက ထြက္လာတဲ့ ဒီအသံဟာ နားထဲ ၾကားေယာင္လိုက္တိုင္း အရမ္းကို ဆြဲေဆာင္မႈရွိခဲ့တာ။ အခုေတာ့ ကို႔အသံေနာက္မွာ မိန္းမတစ္ေယာက္ရဲ႕ အသံေညာင္နာနာပါ ပါေနခဲ့တယ္။
တံခါးကို ဝုန္းခနဲ ေစာင့္တြန္းၿပီးေနာက္...
"ကို ဒါဘာအခ်ိဳးခ်ိဳးတာလဲ။ဟမ္ ခင္ဗ်ားကို ယုံၾကည္လို႔ အားကိုးတႀကီးနဲ႔ လာတဲ့ လူကို ခင္ဗ်ားက ဒီလို ႀကိဳတာလား ဟမ္?? ခင္ဗ်ား မိုက္႐ိုင္းတဲ့လူ"။
ကြၽန္ေတာ့္အသံကိုၾကားေတာ့ ႏွစ္ေယာက္သား လန႔္သြားၿပီး ေဘးနားရွိတဲ့ ေစာင္ကိုဆြဲၿခဳံၿပီး အံ့ဩေနတဲ့ မ်က္ႏွာနဲ႔ လွည့္ၾကည့္လာတယ္။
ေသခ်ာၾကည့္မိမွ ေက်ာင္းက နာမည္ႀကီးလွပါတယ္ဆိုတဲ့ queen ဘဲ။နာမည္ေတာ့မသိသလို စိတ္လည္းမဝင္စားဘူး။ကြၽန္ေတာ္စိတ္ဝင္စားတာ ကို႔ဆီက ထြက္လာမယ့္ စကား။
"ဟက္"
စကားသံေတြအစား ခပ္ေထ့ေထ့ ရယ္သံတစ္ခုသာထြက္လာခဲ့တယ္။
"မရွင္းျပေတာ့ဘူးလား ကို"။
"မင္း ဒီလိုေရာက္လာတိုင္း ရွင္းျပရေအာင္ မင္းက ငါ့ရည္းစားလား။ ေျပာပါဦး။ အင္းေပါ့ မနက္ကအထိကို ငါက မင္းရဲ႕ခ်စ္သူလို႔အထင္မွားေနခဲ့တာဘဲမလား ဟား ဟား။ ငါးလလုံး ဟန္ေဆာင္ေနခဲ့တာကြ။ သူငယ္ခ်င္းေတြနဲ႔ အေလာင္းအစားလုပ္ခဲ့တာ မင္းနဲ႔တြဲႏိုင္ရင္ အခုေနာက္ဆုံးထြက္ထားတဲ့ ကားရမယ္ဆိုလို႔ အခုေတာ့ မင္းကို တြဲ႐ုံတင္မဟုတ္ဘဲ စားပါစားႏိုင္ခဲ့တယ္ဆိုေတာ့ ပိုေတာင္ရဦးမွာ။ မင္းလိုအေျခာက္ကို ငါက တကယ္ခ်စ္မယ္ထင္ေနလား ဟားဟား"။
ေျခာက္ကပ္ကပ္ ရယ္သံအဆုံးမွာ အိမ္က ထြက္လာတုန္းက တင္းတင္းဆြဲထားခဲ့တဲ့ ေမွ်ာ္လင့္ခ်က္ ႀကိဳးစေလးျပတ္ထြက္သြားခဲ့တယ္။
" ကြၽန္ေတာ့္ဘဝက ခင္ဗ်ားလိုခ်င္တဲ့ကားေလာက္ေတာင္ တန္ဖိုးမရွိခဲ့တာလား။ လူတစ္ေယာက္ရဲ႕ဘဝဗ်။ကြၽန္ေတာ္လည္း လူတစ္ေယာက္ဗ်။ သစ္ကိုင္းခက္ေလးခ်ိဳးသလို လြယ္လြယ္ခ်ိဳးပစ္ႏိုင္ရတာလဲ။ ခင္ဗ်ားက ယုံၾကည္မႈကို အလြဲသုံးစားလုပ္ခဲ့တာဘဲ။"
"မင္းလို အေျခာက္ေကာင္ရဲ႕ ယုံၾကည္မႈကို အလြဲသုံးစားလုပ္ေတာ့ေရာ ငါက ဘယ္နားထိခိုက္သြားလို႔လဲ။အခုမင္းျပန္လိုက္ေတာ့ ငါမၿပီးေသးဘူး။ မင္းရွိေနတာက ဖီးလ္ပ်က္တယ္။ မင္းကစိတ္ပ်က္စရာဘဲ"။
•••
သြားၿပီ။ အရာအားလုံး ေရစုန္ေမ်ာသြားခဲ့ၿပီ။ ေရွ႕ဆက္သြားစရာလမ္းလည္းမရွိေတာ့ဘူး။ အရင္တည္းက ပိုက္ဆံရွိလို႔စာသင္႐ုံကလြဲၿပီး ဘာမွ မလုပ္ခဲ့တာက အခုေတာ့အထိနာေလၿပီ။ အခုလက္ထဲမွာ ပိုက္ဆံကလည္းမရွိတာေၾကာင့္ ေတာ္ေတာ္ေလးကိုဆိုး႐ြားေနၿပီ။
ကိုျမတ္လင္းကို အိမ္ကေန ထြက္လာၿပီးတည္းက လမ္းထိပ္က ပလက္ေဖာင္းေပၚမွာ ထိုင္ေနခဲ့တာ နာရီနဲ႔ခ်ီေနၿပီ။ဘယ္ခ်ိန္ရွိေနၿပီလဲေတာင္ မသိေတာ့ဘူး။
"ဟို ... စစ္ေသြးညိဳ လားမသိဘူး"။
ေခါင္းငိုက္စိုက္ခ်ၿပီး ထိုင္ေနတုန္း ေကာင္ေလးတစ္ေယာက္ရဲ႕ေခၚသံေၾကာင့္ ေမာ့ၾကည့္မိေတာ့...ပုံစံၾကည့္ရတာ ခႏၶာကိုယ္က ဖြံ႕ဖြံ႕ၿဖိဳးၿဖိဳးရွိၿပီး အရပ္အေမာင္းလည္းေကာင္းတာေၾကာင့္ အသက္ႀကီးမယ္လို႔ထင္ရေပမယ့္လည္း ကြၽန္ေတာ့္နာမည္သိတာေၾကာင့္ အတန္းထဲကဘဲ ျဖစ္လိမ့္မည္။
"အာ...ဟုတ္ေနတာဘဲ စစ္ေသြးညိဳ။ ငါက မင္းအတန္းထဲက ဝင္းစည္သူေလ။ မင္းသိမလားေတာ့ မသိဘူး"။
ေက်ာင္းတက္ေနတာ ဒုတိယႏွစ္ေရာက္ၿပီးလို႔ ေနာက္ထပ္ ငါးလေက်ာ္ေတာင္တက္ၿပီးေနၿပီ အတန္းထဲက လူေတြ နာမည္ကို သူမသိခဲ့႐ိုး အမွန္ပါ။ စိတ္မဝင္စားသလို တစ္ေယာက္တည္းေနသားက်ေနခဲ့တာေလ။
"နာမည္ေတာ့ ၾကားဖူးမယ္ထင္ပါတယ္"။
ခုမွစေတြ႕ဖူးတဲ့သူကို ေတြ႕ေတြ႕ခ်င္းေဆာက္နဲ႔ မထြင္းခ်င္တာေၾကာင့္စကားကို လွေအာင္နည္းနည္းျပင္ၿပီးေျပာလိုက္မိတယ္။
"ဒီခ်ိန္ႀကီးတစ္ေယာက္တည္း ဒီမွာ ဘာထိုင္လုပ္ေနတာလဲ ဒီနားက အႏၲရာယ္မ်ားတာကို"။
"သြားစရာမရွိလို႔။ အိမ္ေပၚက ဆင္းလာတာ။ပိုက္ဆံလည္း တစ္ျပားမွ မပါလာဘူး။"
ခုမွ ေတြ႕တဲ့သူကို အမွန္အတိုင္းေျပာၿပီးအားကိုးတႀကီးနဲ႔ ေမွ်ာ္လင့္မိျပန္ၿပီ။စစ္ေသြးညိဳတစ္ေယာက္ လူေတြကို အယုံလြယ္ေနတုန္းဘဲလား။ ေန႔လည္ကဘဲ မင္းသစၥာေဖာက္ခံထားရတာေလ။
"လာပါ ထ။ ငါ့တိုက္ခန္းကိုသြားမယ္။ ဒီနားေလးမွာဘဲ။ ငါတစ္ေယာက္တည္းေနတာ။ ဘယ္သူမွ မရွိလို႔ မင္းေနခ်င္သေလာက္ ေနလို႔ရတယ္။ထမင္းလည္းမစားရေသးဘူးမလား"။
ကမ္းေပးလာတဲ့ လက္တစ္စုံ။ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးေပၚလာၿပီလား။တကယ္ဘဲ ယုံၾကည္လို႔ ရရဲ႕လား။ ဘာဘဲျဖစ္ျဖစ္ အခုခ်ိန္မွာ သူလိုအပ္ေနတာ ေနစရာနဲ႔ စားစရာဘဲ။ကမ္းေပးလာတဲ့ လက္ကို ဆုပ္ကိုင္မိတယ္။
•••
ဝင္းစည္သူ အခန္းက သပ္သပ္ရပ္ရပ္ေလးရွိတယ္။ အရမ္းမက်ယ္ေပမယ့္ ေယာက်ာ္းေလးအခန္းဆိုၿပီးရႈပ္ပြမေနဘူး။
"အိမ္မွာ ငါတစ္ေယာက္တည္းဆိုေတာ့ ဟင္းခ်က္ထားတာေတာ့မရွိဘူး။အၿမဲ တစ္ေယာက္စာဘဲ မနက္ညစာ ခ်က္ၿပီးစားလိုက္တာ။အခု ညစာလည္း စားလိုက္ၿပီဆိုေတာ့ ဟင္းေရာ ထမင္းေရာ မရွိေတာ့ဘူး။ ေခါက္ဆြဲေျခာက္ေတြေတာ့ရွိတယ္။ ေခါက္ဆြဲျပဳတ္ေပးမွာမို႔လို႔ ခဏ ထိုင္ေစာင့္ေနလိုက္ေနာ္"။
"ေက်းဇူးတင္ပါတယ္ ဝင္းစည္သူ"။
"နာမည္အျပည့္ေခၚတာ နားယားလိုက္တာ။ စည္သူလို႔ဘဲ ေခၚလိုက္ရတယ္။ ေနာက္လည္း အတူေနရဦးမွာဆိုေတာ့ ရင္းရင္းႏွီးႏွီးေပါ့"။
"အင္း စည္သူ ေက်းဇူးပါ။ ငါ့ကိုလည္း ႀကိဳက္သလိုေခၚလို႔ရပါတယ္။"
"ဟုတ္ပါၿပီ။ ကိုစစ္ေသြးရယ္။"
"စစ္ေသြးဆို ရပါၿပီ"။
"စစ္ေသြးလို႔ဘဲ ေခၚမွာပါကြာ။႐ြဲ႕ေျပာေနတာကြ"။
"ဟဲဟဲ မသိလို႔"။
"ကဲ ခဏေစာင့္ ေခါက္ဆြဲျပဳတ္ၿပီးရင္ေခၚလိုက္မယ္"။
"အင္း ငါကူလုပ္ေပးရမလား"။
"ဟဟ ေနပါေစ သူေဌးသားေလး။ ငါ့မွာ ဒီမီးဖိုေခ်ာင္ေလးဘဲ ရွိတာ ျပာအျဖစ္ေျပာင္းသြားတာမျမင္ခ်င္ေသးလို႔"။
•••
ထမင္းစားၿပီးေတာ့ စကားစျမည္ေျပာၾကရင္း စည္သူကသူ႔အက်ႌသုံးေလးထည္ေလာက္ကို ခဏယူဝတ္ရင္းေက်ာင္းဆက္တက္ဖို႔ ေျပာလာတယ္။
ေက်ာင္းတက္ရင္ ကိုျမတ္လင္းကို ကိုျမင္ရင္ ဘယ္လိုရင္ဆိုင္ရမလဲ။သုံးစရာ ဖုန္းလည္းမရွိတာေၾကာင့္ ဆိုမာေပၚမွာ လွဲအိပ္ဖို႔ဘဲ ဆုံးျဖတ္လိုက္တယ္။
အခုခ်ိန္ ခက္ခဲေနတာ တစ္ခ်ိန္ခ်ိန္ေတာ့ အဆင္ေျပသြားမွာပါ။ ကြၽန္ေတာ္ ေတာင့္ခံႏိုင္ဖို႔ဘဲ လိုအပ္ေနတာမလား။ LGBT ေတြရဲ႕ ဘဝေတြဟာ ဘာလို႔ အဲ့ေလာက္ခက္ခဲေနရတာလဲ။သူတို႔လည္း လူေတြထဲကလူဘဲေလ။ ဘာမွ တမူထူးေနတာမ်ိဳးမဟုတ္ဘဲ သူတို႔ခ်စ္တတ္တဲ့ စိတ္က နည္းနည္းေလးကြဲေန႐ုံဘဲရွိတာကို။ အဲ့ပုံစံကလည္း တျခားသူေတြကိုလိုက္ဒုကၡေပးေနတာလည္းမဟုတ္ဘဲ ဘာလို႔မ်ား နားလည္မေပးႏိုင္ၾကတာပါလဲ...။
ဒီညေတာ့ အေတြးေတြက ႏွိပ္စက္လို႔ မ်က္ရည္က်မိတယ္။ ခႏၶာကိုယ္ကလည္း အားမရွိသလို စိတ္လည္းမခိုင္ေတာ့တာေၾကာင့္ ၾကာၾကာမေတြးႏိုင္ဘဲ အိပ္ေပ်ာ္သြားခဲ့ၿပီ။
•••
စည္သူ႔အိမ္မွာေနတာ ရက္သတၱပတ္အနည္းငယ္ေတာ့ ၾကာခဲ့ၿပီ။ စည္သူက အရမ္းသေဘာေကာင္းတယ္။ ကြၽန္ေတာ့္အတြက္ အခ်ိန္ပိုင္း အလုပ္ေတြလည္းရွာေပးသလို ကြၽန္ေတာ္အိမ္က ဘာေၾကာင့္ဆင္းလာၿပီး ဘာေတြျဖစ္ခဲ့သလဲဆိုတာလည္း မေမးဘဲ အဆင္ေျပေအာင္ ကူညီေပးခဲ့တယ္။
အရင္က ေက်ာင္းထဲဝင္ရင္ ေဖႀကီးေမာင္းပို႔တဲ့ ကားေပၚက ဆင္းၿပီး ေမႀကီး မီးပူတိုက္ထားတဲ့ ပုဆိုးေလးေတာင္ မေၾကဘဲ ေက်ာင္းေပါက္ဝကေန ေက်ာ့ေမာ့ကာ ဝင္လာႏိုင္တာ အခုဆို စည္သူနဲ႔အတူ မနက္ဆို အေစာႀကီးထ ကားမပိတ္ေအာင္ ဘတ္စ္ကား တိုးစီး မအားလို႔ မီးပူမတိုက္ႏိုင္ဘဲ ေၾကေနတဲ့ ပုဆိုးက ကားေပၚက လူၾကပ္တာေၾကာင့္ လူအပူေတြနဲ႔ ညႇပ္ၿပီး အနည္းငယ္ဘဲ ျပန႔္သြားသေယာင္...။
အရင္ဆို တစ္ေယာက္တည္းေက်ာင္းထဲဝင္လာၿပီး တစ္ယာက္တည္းဘဲ ထမင္းစား တစ္ေယာက္တည္း အိမ္ျပန္ရာကေန အခု ေဘးမွာ ဘာလုပ္လုပ္ စည္သူ ပါလာခဲ့ၿပီ။ စည္သူေၾကာင့္ လူမႈဆက္ဆံေရး နည္းနည္းေျပျပစ္လာသည္ဟု ေျပာရမည္ တခ်ိဳ႕သူေတြနဲ႔ပါ အနည္းငယ္ခင္လာၿပီ။
ဒီေန႔ ေက်ာင္းသြားတာ ကားကလည္း သိပ္မပိတ္ဘဲ မီးပြိဳင့္ေတြ တစ္ခုၿပီး တစ္ခုကို ေက်ာ္ျဖတ္လာႏိုင္သလို ကားေပၚမွာလည္း လူရွင္းေနသည္။
ေက်ာင္းထဲဝင္လာၿပီး ခါတိုင္းလိုဘဲ အတန္းခ်ိန္ေတြတက္၊ ကန္တင္းထိုင္ရင္းနဲ႔ဘဲ အခ်ိန္ကုန္သြားၿပီး အိမ္ျပန္ခ်ိန္ေရာက္လာခဲ့ၿပီ။
အတန္းေရွ႕မွာ တူတူျပန္ဖို႔ စည္သူကို ေစာင့္ေနတုန္း...
"စစ္ေသြး ငါတို႔နဲ႔လိုက္မလား။ ဒီညပါတီ ရွိတယ္။ ေနာက္ဆုံးႏွစ္က အကိုေတြလည္းပါတယ္။ငါတို႔တူတူသြားမယ့္ထဲ တခ်ိဳ႕နဲ႔ သိလို႔ လာၾကမယ္လို႔ေျပာတယ္။"
"ငါ အဲ့လိုဆူညံတာေတြ မႀကိဳက္လို႔ စည္သူ၊ အိမ္ျပန္လို႔ရမလား"။
"ဪ ရပါတယ္ကြာ။ခြင့္ျပန္ေတာင္းစရာမလိုပါဘူး။ ငါကမင္းမ်ားလိုက္ခ်င္မလားလို႔ ေခၚတာ။ေရာ့ ဒီမွာ အခန္းေသာ့၊မင္းအရင္ျပန္ႏွင့္လိုက္။ ထမင္းက မခ်က္နဲ႔ ဝယ္သြားလိုက္။ငါျပန္လာရင္ မီးဖိုေခ်ာင္ေလးျမင္ခ်င္ေသးလို႔ ဟားဟား"။
"မစပါနဲ႔ကြာ... ငါၿငိမ္ၿငိမ္ေလးဘဲ ေနမွာပါ။ ကတိ... ကတိ"။
"ဟုတ္ပါၿပီကြာ ... ေရာ့ ယူ။ ေနာက္မက်ဘဲ ျပန္လာမယ္။"
"မင္းတို႔လည္း ႏႈတ္ဆက္ေနတာ မၿပီးေတာ့ဘူး။ မသိရင္ ညားခါစ လင္မယားေတြလိုလို ဘာလိုလိုနဲ႔ ။"
"လာပါၿပီကြာ မင္းကလည္း... စစ္ေသြး တံခါးေသခ်ာပိတ္ေနာ္ ငါသြားၿပီ"။
"ေအး ေအး"။
ေမာင္ေမာင္ႏိုင္ ဆြဲေခၚရာေနာက္ ပါသြားၿပီး ေခါင္းလွည့္ကာ ႏႈတ္ဆက္ရင္း ထြက္သြားေတာ့သည္။
•••
ည ၉နာရီ ခြဲေတာ့မည္။စည္သူ အခုထိ ျပန္မေရာက္လာေသးပါ။ ဒီရက္ပိုင္းထဲ ညဘက္ဆို အေျခအေနသိပ္မေကာင္းတာမို႔ စိတ္ပူရတာကို...။
တင္းေတာင္.....
ေတြးေနရင္း ဘဲလ္အသံၾကားမွ စိတ္ေအးရတယ္။ေခ်ာင္းၾကည့္ေပါက္က ၾကည့္ေတာ့ စည္သူျပန္လာၿပီဘဲ။
တံခါးဖြင့္ဖြင့္ခ်င္း အရက္နံ႔က ေထာင္းခနဲ...
"ေဟ့ေကာင္ စည္သူ မင္းဘယ္ေလာက္ေတာင္ ေသာက္လာတာလဲ။ လာလာ ဝင္လာ။ဘယ္ခ်ိန္ရွိေနၿပီလဲ အခုမွျပန္လာတယ္"။
"နားနားၿပီး ဆူပါကြာ။မိန္းမက်ေနတာဘဲ ပြစိ ပြစိနဲ႔။"
"အာ့"
စည္သူက ႐ုတ္တရက္ဆိုသလို သူ႔ေရွ႕က ဝင္လာတဲ့ ကြၽန္ေတာ့္ကို တြန္းခ်လိုက္တာ ေမြ႕ရာနဲ႔ ရင္ဘတ္နဲ႔ေဆာင့္သြားလို႔ ရင္ဘတ္ေတာင္ ေအာင့္သြားတယ္။ အေပၚကေနပါအုပ္မိုးၿပီးလက္ကိုလည္း သူ႔လက္ႀကီးနဲ႔ ဖိထားတာေၾကာင့္ ဒီေကာင္မူးမူး႐ူး႐ူး နဲ႔ ဘာျဖစ္ျပန္ၿပီလဲ မသိဘူး လို႔ ေတြးမိလို႔ အျမန္ဖယ္ခိုင္းဖို႔ ႀကိဳးစားရေတာ့သည္။
"ေဟ့ေကာင္ မင္း ဖယ္စမ္း!!"
"မင္း ကိုလင္းျမတ္ကိုက်ေတာ့ ဒီခႏၶာကိုယ္ကို လိုလိုလားလား ေပးခဲ့တယ္မလား။ အဲ့ေတာ့ ငါ့ကိုလည္းေပးရမယ္။ ဒီေန႔ပြဲမွာ သူက မင္းနဲ႔အိပ္တဲ့ video ကို ျပလိုက္တာ ငါဘယ္ေလာက္ေတာင္ သူမ်ားအေျပာခံခဲ့ရလဲသိလား။အဲ့ဒါ ငါ့နစ္နာမႈအတြက္ ျပန္ယူမွာ"။
"ဘာ ကိုလင္းျမတ္က video ႐ိုက္ထားခဲ့တာ!!! ေဟ့ေကာင္ မင္းဖယ္စမ္း။ငါ့သိကၡာကို မေစာ္ကားနဲ႔ ေခြးမသား !!!"။
ဘယ္ေလာက္႐ုန္း႐ုန္း ဘယ္ေလာက္ေအာ္ေအာ္ အရက္မူးေနတဲ့အျပင္ ကိုယ့္ထက္ အားသန္တဲ့ စည္သူကို စစ္ေသြးမ႐ုန္းႏိုင္ေတာ့ေပ။
•••
ေနာက္ဆုံးေတာ့ စစ္ေသြးသိပ္တန္ဖိုးထားတဲ့ သူ႔ရဲ႕သိကၡာပါ မရွိေတာ့ၿပီ။ အခု စည္သူေျပာတဲ့ အေျခအေနအရဆို မနက္ေလာက္ဆိုေက်ာင္းမွာပါ သတင္းပ်ံ႕ေနေလာက္ၿပီ။မနက္ဘယ္လိုမ်က္ႏွာနဲ႔ေက်ာင္းသြားရမလဲ။
ေဖႀကီးကို ေျပာခဲ့တဲ့ သိကၡာမရွိေတာ့တဲ့ တေန႔ေတာ့ ကြၽန္ေတာ္ေလာကႀကီးကေန ထြက္သြားမွာပါ ဆိုတဲ့အတိုင္း အခုအဲ့အခ်ိန္ကိုေရာက္လာခဲ့ၿပီ။
စာ႐ြက္တစ္ခုယူၿပီး ခ်ေရးခဲ့တယ္။စာထဲမွာက...
"ငါတို႔ LGBT ေတြအတြက္လိုအပ္တာ နားလည္မႉေလး တစ္ခုတည္းပါ။ ငါတို႔လည္းလူသားေတြဘဲမို႔ နားလည္ေပးႏိုင္႐ုံနဲ႔တင္လုံေလာက္ေနပါၿပီ။ ဘာလို႔မ်ား အတင္းလိုက္ႏွိမ္ၿပီး ဖိႏွိပ္ခ်င္ေနရတာလဲ ငါတို႔လည္း သိကၡာနဲ႔ေနထိုင္ခ်င္တဲ့ လူတစ္စုပါဘဲ။ ငါမင္းကို အတိုင္းထက္အလြန္ကို ယုံၾကည္မိတယ္ စည္သူ။ဒါေပမယ့္ မင္းလုပ္ရပ္ဟာ ငါ့ကိုဒီလမ္းဆီတြန္းပို႔ခဲ့တယ္" တဲ့။
•••
ရပ္ကြက္ထဲက အရိပ္ရသစ္ပင္ႀကီးရဲ႕ အကိုင္းခက္ႀကီးတစ္ခုမွာ တြဲလ်ားက်ေနတဲ့ ႀကိဳးရဲ႕အဆုံးတြင္ေတာ့ေသြးမေလွ်ာက္ေတာ့တဲ့ မ်က္ႏွာတစ္ခုရွိၿပီး အရာရာအားလုံး ေမွ်ာ္လင့္ခ်က္မဲ့ေနသေယာင္ ထင္ေနရတယ္။
လူေတြ ဝိုင္းအုံလာၿပီး ရဲေတြကလည္း စစ္တမ္းေတြယူၾကၿပီးေသဆုံးေၾကာင္းအတည္ျပဳကာ မိသားစုထံ သတင္းပို႔ရမည္ဟု မွတ္ခ်က္ခ်ကာ ႐ုပ္အေလာင္းကို ေဆး႐ုံပို႔ၿပီး အခင္းေနရာကို ပိတ္ထားခဲ့တယ္။
မူးၿပီးအိပ္ရာထက္မွာ အိပ္ေပ်ာ္ေနတဲ့ စည္သူတစ္ေယာက္ အိပ္မက္ထဲမွာ သူတိတ္တခိုး သိပ္ခ်စ္ခဲ့ရတဲ့ စစ္ေသြးကို အပိုင္သိမ္းႏိုင္ခဲ့ၿပီး ေပ်ာ္႐ႊင္ေနရတဲ့ ပုံရိပ္ေတြနဲ႔ ၿပဳံးေနခဲ့သူဟာ စစ္ေသြးမရွိေတာ့တာလည္း မသိေသးသလို တစ္ေယာက္ေသာသူဟာလည္း သူ႔ကို သိပ္ခ်စ္တဲ့သူရွိေၾကာင္း မသိလိုက္ရေသးခင္မွာတင္ လူ႔ေလာကဆီကေန ထြက္သြားခဲ့ၿပီ .....။
တကယ္တမ္းေတာ့ လိုအပ္ေနတာ နားလည္မႈနဲ႔ယုံၾကည္မႈပါဘဲ။
ၿပီးပါၿပီ
Done 🍀
ReplyDeleteClicked💫
ReplyDelete👌👌👍👍
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete🔥
ReplyDelete✿ ♡
ReplyDeleteDone
ReplyDeleteDone
ReplyDelete