A Town Without Law

Unicode

 

  ဟိုရှေးတုန်းကမြန်မာနိုင်ငံမှာ မြို့ငယ်လေးတမြို့ရှိခဲ့တယ်

အဲ့မြို့၏ နမည်ကို ဉပဒေမရှိသောမြို့လို့ခေါ်ကြတယ်

အဲ့ဒီ ဉပဒေမရှိတဲ့မြို့ကို အုပ်ချုပ်တဲ့ ဝန်မင်းကြီးတဉီးရှိတယ်

သူ့နမည်ကဆာဘိုလဲ့

 

အဲ့မြို့မှာနေတဲ့လူတွေက ခရီးသွားတွေကို

ပြောပြလေ့ရှိတယ် -

ဒီမြို့မှာ ဘာ ဉပဒေမှ ပြဌာန်းထားတာမရှိဘူး ဆာဘိုလဲ့ ပါးစပ်က

စကားတိုင်းကဉပဒေ ပဲ  ဆာဘိုလဲ့က လူတမျိုးလေ သူ့အမိန့်တွေကလည်းထူးဆန်းတယ် ဒီမြို့ကို သူ့ကိုအုပ်ချုပ်ခွင့်ပေးပီးကတည်းက မြို့နမည်ကိုပါတခါတည်းပြောင်းပီး

၂၀၀၈ဖွဲ့စည်းပုံဉပဒေစာအုပ်ကြီးကိုပါတခါတည်း

မြို့နမည်ဟောင်းနဲ့အတူဖျက်စီးပစ်ခဲ့တယ်လေ

ခုတော့ထူးဆန်းတဲ့ အမိန့်ပညတ်ချက်တချို့တော့ရှိတယိဗျ

သူတို့ကဆက်ပီးပြောပြတယ် -

ဒီမာ သောက်ရေသန့် ၁လီတာကို ၂၀၀ကျပ် သတ်မှတ်ထားရင်

နွားနို့တလီတာကိုလည်း ခင်များ ၂၀၀ကျပ်ပေးဝယ်သောက်လို့ရသလို အရက် ၁လီတာ စားဆီ ၁လီတာ စက်သုံးဆီ ၁လီတာ ကိုလည်း ၂၀၀ကျပ်နဲ့ပေးဝယ်လို့ရသတဲ့ဗျ

 

အစားအသောက်မှာဆိုလည်း

အမဲသားတပိဿာ ၈၀၀၀ ဆို ကြက်သားလည်း ၈၀၀၀

ငါးဝက် အသားငါးအစုံ ၈၀၀၀ ပဲဗျ

စျေးတင်ရောင်းတဲ့သူတွေကိုဆိုရင်တော့

ဘိုလဲ့တပ်ဖွဲ့က လာဖမ်းစစ်ခေါ်ပီး မြို့ပြင်ထုတ်တာဗျ

ဒီမာ ဘယ်သူမှ ဘိုလဲ့ရဲ့ နှုတ်တော်က အမိန့်တွေကိုလွန်ဆန်ရဲလေ့မရှိဘူးဗျ သူ့အမိန့်တွေကိုလူတိုင်းကနာခံကြတယ် လူတိုင်းက သူ့ကိုကြောက်ကြတယိဗျ

မကြောက်လို့လည်းမရဘူးလေ သူတို့တွေက ဗြောက်တွေနဲ့ကိုဗျ

 

အဲ့ဒီလိုနဲ့ တနေ့မှာ ရွာက ဆရာတပည့်နစ်ယောက်က သူတို့ရွာက

 ဘုန်းကြီးကျောင်းပြုပြင်မွမ်းမံဖို့အတွက် အလှူငွေကောက်ခံဖို့

အဲ့ဒီမြို့လေးကိုရောက်လာခဲ့တယ် သူတို့ကောက်ရမယ့်အိမ်ခြေတွေအကုန် လိုက်အလှူခံကောက်ခံပီးနောက်

ဆရာက-

ကောက်စရာရှိတာတွေလည်းပီးပီဆိုတော့ ခနနားပီး

ရွာပြန်ဆင်းမယ် ကိုယ့်လူ

 

တပည့် - ဟာဆရာ ဘာလို့စောစီးရွာပြန်မာလဲဗျာ

 

ဆရာ - အေး ဒီလိုမြို့တွေက နေလိုမကောင်းဘူးကွ နေ့လည်စာစားပီးရင်ပြန်မယ် ဒီမာကြာကြာနေတာကကောင်းဖို့မရှိဘူးကွာ

 

တပည့် - ဟုတ်ပီလေ ဆရာက မနေချင်ဘူးဆိုတော့လည်း ဆရာပြန်နှင့်ပေါ့ဗျာ ကျွန်တော်ကတော့ ဒီမာတရက်လောက်ဆက်နေပါရစေဗျာ

 

ဆရာ - ဘာလို့နေချင်သေးတာလဲ ငါ့တပည့်ရဲ့

 

တပည့် - ဆရာရယ် ဒီမာဒီလောက်မိုက်တာ ကျွန်တော်တို့ရွာမာ ရေသောက်ပီးနေနေရမယ့်အချိန် ဒီမာ နို့သောက်ပီးအားမွေးမာပေါ့ဗျ ဒီလောက်ကောင်းတဲ့မြို့ ဟိုမာ ဝက်သားငါးပဲစားနေရတဲ့အချိန်

ဒီမာ ကြက်တို့ အမဲသားတို့စားမာပေါ့ဗျာ ဒီလောက်တန်တာကိုဗျာ

 

ဆရာ - အေးပါတပည့်ရယ် မင်းသဘောပါပဲလေ ငါတော့ခနနေပြန်တော့မယ်

 

တပည့် - ဟုတ်ကဲ့ဆရာ ကျွန်တော်စျေးထဲသွားပတ်ကြည့်လိုက်အုန်းမယ်ဗျာ

 

အဲ့ဒီလိုနဲ့တပည့်လေးက ဆရာ့ကိုနှုတ်ဆက်ပီးစျေးထဲကို

ပတ်ကြည့်ဖို့သွားပါတော့တယ်

 

 

အဲ့ဒီတရက်ထဲမာပဲ ရပ်ကွက်ထဲမာ သူခိုးနစ်ယောက်ဟာ

အိမ်တအိမ်ကိုဝင်ခိုးဖို့အတွက်သွားနေကြတယ် သူတို့ဟာ အိမ်ရဲ့အနောက်ဖက် ဝရံတာကနေ တွယ်ပီးတက်တဲ့အခါ ဝရံတာလက်ရမ်းဟာ မခိုင်ပဲ ပြိုကြပီး သူခိုးတယောက်က အဲ့ဒီနေရာမှာပဲ ပွဲချင်းပီးသေပွဲဝင်သွားရပါတော့တယ် ကျန်တဲ့သူခိုးတယောက်ဟာမကျေမနပ်ဖစ်ပီး ဘိုလဲ့စီရင်တဲ့ တရားရုံကိုသွားတယ်

 

သူခိုး - ကျွန်တော်အမှုဖွင့်ချင်လို့ပါ

 

ဘိုလဲ့ - ကဲပြော ဘာအမှုဖွင့်ချင်တာလဲ

 

သူခိုး - ဒီနေ့ ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်းတယောက်ရယ်

             အိမ်တအိမ်ကိုခိုးဖို့သွားတာ သိတဲ့အတိုင်းဗျာ

             သူခိုးဆိုတော့ ဘယ်သူမှအိမ်ရှေ့တံခါးကို လာဖွင့်ပေးပီး

             မဂ်လာပါ လိုချင်တာဝင်ယူသွားပါဆိုပီးမပေးဘူးလေ

             အဲ့ဒါအိမ်အနောက်မှာရှိတဲ့ ဝရံတာလက်ရမ်းကိုခိုတက်တာ

            အိမ်ပိုင်ရှင်တွေက ဘိလပ်မြေကောင်းကောင်း

            မသုံးထားတာလားမသိပါဘူး ဝရံတာလက်ရန်းပြိုပီး

            ကျွန်တော့သူငယ်ချင်း ပြုတ်ကျပီး

              ပွဲချင်းပီးသေသွားတယ် အဲ့တော့     

      

             ဘာလို့ ဘိလပ်မြေကောင်းကောင်းမသုံး

             ရတာလဲဆိုတာနဲ့ပတ်သတ်ပီး အိမ်ရှင်ကို

              တရားဆွဲချင်ပါတယ်             

 

ဘိုလဲ့ - အင်း ဟုတ်တာပေါ့ ဒါမင်းတို့သိပ်နစ်နာတာပဲ မင်းတို့ခိုးဖို့

            သွားတာခိုးတောင်မခိုးရသေးဘူး သေသွားတာဆိုတော့

          

ရဲဘော်တို့ အဲ့ဒီ အိမ်ပိုင်ရှင်ကို ငါ့ဆီကို အခုချက်ချင်းသွားခေါ်လာစမ်း

( 30second later*)

အိမ်ပိုင်ရှင်ရောက်လာသည်

 

အိမ်ပိုင်ရှင် - ဘာဖစ်လို့လဲဗျ ကျွန်တော့မာဘာအပြစ်ရှိလို့လဲဗျ

 

ဘိုလဲ့မင်းဘာလို့အိမ်ကို ခိုင်ခံ့အောင်မဆောက်တာလဲ

              ဘိလပ်မြေခိုးတာလားဟမ် ခိုးတာကောင်းတဲ့အလုပ််

              မဟုတ်ဘူးကွဟိုမာ သူခိုးနစ်ယောက် မင်းအိမ်ကိုခိုးဖို့

              လာတာ ဟိုကောင်တွေအိမ်ထဲတောင်မရောက်လိုက်ဘူး

             ဝရံတာလက်ရန်းပြိုကျပီးသေသွားပီသူတို့ဘယ်လောက်.

              နစ်နာသွားပီလဲဆိုတာ မင်းစဉ်းစားကြည့်စမ်းပါကွာ

 

အိမ်ပိုင်ရှင် - အာ အဲ့ဒါကျွန်တော့အပြစ်မဟုတ်ဘူးဗျ

                    ကျွန်တော်လည်း ကန်ထရိုက်ကို အပြီးအစီးပေးပီး

                     အပ်တာဆိုတော့ သူတို့ကိုခေါ်မေးသင့်ပါတယ်ဗျာ

 

ဘိုလဲ့ခေါ်စမ်း မင်းကန်ထရိုက်ကို

( A few inches later)

ကန်ထရိုက်တာများရောက်လာသည်

 

ကန်ထရိုက်တာများ - ဟုတ်ကဲ့ဆရာ ဘာဖစ်လို့လဲဗျ

 

ဘိုလဲ့မင်းတို့ဘာလို့ အိမ်ကို ခိုင်ခံ့အောင်မဆောက်တာလဲ

              ဘိလပ်မြေခိုးတာလားဘာခိုးတာလားဘာလားတော့မသိ

           ဘူး ဟိုမာ မင်းတို့ရဲ့ပေါ့ဆမှုကြောင့်လူတယောက်သေသွား     

              ပီကွ  မင်းတို့သာ ရေမခိုးဘိလပ်မြေမခိုးရင်သူလည်း

             မသေလောက်ဘူးကွ

 

ကန်ထရိုက်တာများ - ဆရာ ဒါကျွန်တော်တို့နဲ့မဆိုင်ဘူးဗျ

ကျွန်တော်က ဖျော်ဆရာကို ရေဘယ်လောက်ဆို ဘိလပ်မြေဘယ်လောက် သဲဘယ်လောက်ထည့်ဖို့ အချိုးပေးထားပီးသားဗျ

ဖျော်ဆရာက သဲပဲခိုးတာလားဘိလပ်မြေခိုးတာလားမသိဘူး

သူ့ကိုမေးရမယ်ဗျ ကျွန်တော့မှာဖျော်ဆရာဖုန်းနံပတ်ရှိတယ်

သူ့ကိုခေါ်မေးပေါဗျာ

ဖျော်ဆရာကိုဖုန်းဆက်ခေါ်၍ ဖျော်ဆရာရောက်လာသည်

 

ဖျော်ဆရာ - ဘာကြောင့်ခေါ်လိုက်ရတာလဲခင်မျ

 

ဘိုလဲ့ - မင်းဘိလပ်မြေကိုရေခိုးလိုက်တာလား သဲခိုးလိုက်တာလား မသိပေမယ့် ဒီမာ မင်းတို့လုပ်ထားတဲ့ ဝရံတာလက်ရန်းက

မခိုင်တော့ ဟိုမာ သူခိုးတယောက်က ခိုးဖို့တက်တာ အက်တာ

မခိုင်တော့ပြိုကျပီးသေသွားပီ မင်းသာ အချိုးကျကျရောစပ်ထားခဲ့ရင် ဒီလိုဖစ်လာစရာမရှိဘူးကွ

 

ဖျော်ဆရာ - မဟုတ်ရပါဘူးဆရာရယ် ကျွန်တော်လည်း ရေပိုက်လေးကိူ ကိုင်ပီး ဘိလပ်မြေဘယ်နစဆို ရေဘယ်လောက်ထည့်ဖို့ ကျွန်တော် တွက်ထားပီးသားပါ ဒါပေမယ့်ဘယ်ကဆင်တကောင်မှန်းမသိဘူး ကျွန်တော့နားကိုပြေးလာနေတော့ ကျွန်တော်မရှောင်လိုက်ရင် ဒီဆင် ကျွန်တော့ကိုဝင်တိုက်ရင် ကျွန်တော်သေသွားနိုင်တော့ ကျွန်တော်လည်းကြောက်အားလန့်အားနဲ့လက်ထဲကရေပိုက်ကိုလွတ်ချမိပီး ရှောင်တော့ ဘိလပ်မြေထဲရေများသွားရတာပါ

ကျွန်တော့မာအပြစ်မရှိပါဘူး အဲ့ဒီဆင်ထိန်းကိုဖမ်းရပါမယ် ဘာလို့ဆင်ကိုကောင်းကောင်းမထိန်းရတာလဲဆိုတာမေးရပါမယ်

 

ဘိုလဲ့ - အမ်း မင်းပြောတာလည်းမှန်တာပဲ ရဲဘော်တို့ အဲ့ဆင်ထိန်းကိုရှာဖမ်းခေါ်လာခဲ့လိုက်စမ်း

 

ဆင်ထိန်းဘယ်သူဘယ်ဝါဆိုတာကိုစုံစမ်းပီး

အရဖမ်းခေါ်လာခဲ့သည်

 

ဆင်ထိန်း - ဒီမာဘာတွေဖစ်နေတာလဲဗျလူတွေလည်းစုံလို့

 

ဘိုလဲ့က အကြောင်းစုံကိုပြောပြသည်

ဘိုလဲ့ - မင်းဆင်ကိုသာ ကောင်းကောင်းထိန်းနိုင်ရင် ဒီနေ့ ဒီပြသာနာမလာဘူး ခုတော့ မင်းကကောင်းကောင်းမထိန်းတော့

ဒီပြသာနာဖစ်ရတာပဲကွ

 

ဆင်ထိန်း - ကျွန်တော်ရှင်းပြပါမယ်ဗျာ ကျွန်တော်က ဟိုကတည်းက ဆင်တွေကိုထိန်းကျောင်းလာတာပါ ကျွန်တော့ဆင်တွေက အက်လိုဆိုးသွမ်းတဲ့ပုံစံမဟုတ်ဘူးဗျ ဒီကောင်ကအယဉ်လေး အဲ့ဒီမာ ကျွန်တော့ဆင်ဘေးနားကနေ

အမျိုးသမီးတယောက်ကဖြတ်လျှောက်သွားတာဗျာ

အဲ့အမျိုးသမီးက လက်ကောက်တွေဘယ်နဒါဇင်လောက်ဝတ်ထားမှန်းမသိဘူး ဘေးကနေချရွင်းချရွန်း

အသံစုံမြည်နေအောင်လုပ်ပီးဖြတ်သွားတော့ ကျွန်တော့ဆင်ကကြောက်လန့်ပီးခုန်ပေါက် ပြေးတာပါ ကျွန်တော့ဆင်ကအရင်ကအက်လိုတခါမှမဖစ်ဖူးပါဘူး အဲ့ ဘွားတော်ကိုခေါ်မေးရပါမယ်

ဘာလို့ လက်ကောက်ကိုအသံမြည်အောင်ဝတ်ရတာလဲလို့ 😊

 

ဘိုလဲ့ - အေး ဟုတ်တာပဲ မင်းဆင်မှာမှအပြစ်မရှိတာ အဲ့ဘွားတော်ကိုခေါ်လာခဲ့စမ်းကွာ

 

အဲ့ဒီလက်ကောက်ဒါဇင်ဝတ်တဲ့

အမျိုးသမီးးရုံးကိုရောက်လာတယ်

 

ဘိုလဲ့ - မင်းလက်ကောက်တွေကဘာလို့အသံမြည်နေရတာလဲ

 

အမျိုးသမီး - ကျမဘယ်သိမလဲ ပန်းထိန်ဆရာကိုခေါ်မေးပေါ့

သူလုပ်ထားတဲ့ဟာတွေ ကျမကဝယ်ဝတ်တာပဲလေ

 

အဲ့ပန်းထိန်ဆရာသွားခေါ်လာခဲ့....

( A few minutes later)

ပန်းထိန်ဆရာရောက်လာသည်

 

ပန်းထိန်ဆရာဘာမှမပြောခင် ဝန်ကြီး ဘိုလဲ့က -

မင််းသာမင်းလက်ကောက်တွေကို

အသံမမြည်အောင်လုပ်ထားရင်

ဒီနေ့ ဒီပြသာနာမလာဘူး

ခုတော့ မင်းရဲ့အသံမြည်တဲ့လက်ကောက််ကို

ဟိုအမျိုးသမီးကဝတ်ပီး ဆင်နား ချရွင်းချရွမ်း သွားလုပ်တယ်

ဟိုဆင်ကကြောက်အားလန့်အားနဲ့ပြေးတယ်

အဲ့ပြေးလာတဲ့ဆင်ကို ဟိုမာ ဖျော်ဆရာပန်းရံသမားက တွေ့တော့ ကြောက်ပီးရှောင်လိုက်တာ ရေပိုက်ကလွတ်ကျတယ်

ရေပိုက်ကလွတ်ကျပီးဘိလပ်မြေကရေများသွားတယ်

အဲ့မာ ဘိလပ်မြေကရေများတော့ အိမ်ဝရံတာလက်ရန်းက

မခိုင်ဘူး အက်တာကိုမသိပဲခိုးဖို့လာတဲ့သူခိုးကတက်တယ်

အဲ့မှာ ဝရံတာလက်ရန်းပြိုကျတယ်

သူခိုးသေသွားတယ် မင်းလက်ကောက်တွေကသာအသံမမြည်ရင်ဒီနေ့ဘယ်သူမှသေစရာမရှိဘူး ကဲ ဒီတော့ပြောစမ်းပါအုန်း မင်းလက်ကောက်တွေက ဘာလို့အသံမြည်နေရတာလဲ

 

ပန်းထိန်ဆရာမဖြေတတ်တော့ပါ သူလုပ်ထားတဲ့လက်ကောက်တွေကဘာကြောင့်အသံ မြည်နေမှန်း သူ

မပြောပြတတ်တော့ဘူးလေ

 

 

ဝန်မင်းချုပ် ဘိုလဲ့ လက်သီးလက်မောင်းတန်း၍ပြောသည်

ကဲ နောက်ဆုံးတော့ ဒီအမှုကို စီရင်ချက်နိုင်ပီကွ

 

သူခိုးသေသွားတဲ့အတွက် ပန်းထိန်ဆရာကို သေဒဏ်ချစေ

 

ပန်းထိန်ဆရာအံ့သြမှင်သက်စွာဖြင့် စဉ်းစားနေတယ်

သူခိုးကသေတယ် အာ့အတွက် ပန်းးထိန်ဆရာကို

သေဒဏ်ဆိုတော့

 

ဝန်ကြီးကို ပန်းထိန်ဆရာ တချက်မော့ကြည့်ပီး ပြောဖို့ပါးစပ်ဟမယ့်အချိန် ဝန်ကြီးဘိုလဲ့က -

ဟေးကောင် အသံထပ်မထွက်နဲ့ ငါ့အမိန့်ပဲ ဟေး ရဲဘော်တို့

သူ့ကိုကြိုးစင် ဆီခေါ်ထုတ်သွားစမ်း

 

ပန်းထိန်ဆရာကြေကွဲစွာနဲ့လိုက်သွားတယ်

 

ကြိုးစင်ရောက်ပီး ကြိုးစင်တင်တဲ့အခါကျ ကြိုးနဲ့ လည်ပင်းနဲ့က လုံးဝမကိုက်ပဲ ပန်းထိန်ဆရာရဲ့ခေါင်းကသေးပီး ကြိုးက ကြီးနေတယ် ကြိုးကိုဘယ်လောက်တင်းအောင်ချီချီ ကြိုးစင်ချတိုင်း

ပန်းထိန်ဆရာက အောက်ကိုလျှောလျှောကျပီး

မသေဘူးဖစ်နေတယ် အဲ့ဒါနဲ့ ရဲဘော်တွေကလည်း ဝန်မင်းကြီးဆီပြေးပီး ဖစ်စဉ်ကိုတင်ပြနေတယ်

 

ရဲဘော် - ဆရာ ကျွန်တော်တို့ကြိုးက သူ့ခေါင်းနဲ့မကိုက်ဘူးဖစ်နေတယ် ကြိုးစင်တင်တိုင်း သူကလျှောလျှောထွကိနေတာ တင်းတင်းချီလည်းမရနေလို့

 

ဘိုလဲ့ - အော်အဲ့ဒါများကွာ အထူးအဆန်းလုပ်နေသေးတယ်

အဲ့ကြိုးနဲ့အဆင်ပြေမယ့် ဘဲတပွေကိုရှာပီး ကြိုးစင်တင်လိုက်ရင်ပီးနေပီပဲကွာ မင်းတို့ကဘာတွေအလုပ်ရှုပ်နေသေးတာလဲ 

ဉီးနှောက်သုံးစမ်းပါဟ သွား မြို့ထဲကိုသွားပီး ဒီကြိုးနဲ့အဆင်ပြေ

မယ့် လူတယောက်ကို ရှာဖမ်းခေါ်လာပီးကြိုးစင်တင်လိုက်

 

ရဲဘော် - ဟုတ် ဟုတ်ကဲ့ဆရာ

 

ပန်းထိန်ဆရာအသက်ဘေးမှလွတ်မြောက်သွားသည်

 

ဒီလိုနဲ့ရဲဘော်နစ်ယောက်စျေးဖက်ကိုထွက်လာပီး ကြိုးနဲ့တော်မယ့်သူကို လိုက်ရှာဖွေနေတော့တယ် အဲ့ဒီမာ သူတို့သွားတွေ့တာကတော့ ခုနတုန်းက ရေသောက်မယ့်အစားနွားနို့သောက်ပီးအားမွေးမယ့် ရွာက ဆရာရဲ့တပည့်ကောင်လေးကိုပါ

 

ရဲဘော် (1)- ဟေးလူ ဟိုမာကြည့်စမ်းဟိုလူကိုတွေ့လား ငါဒီကနေလှမ်းခန့်မှန်းကြည့်တာ ဒီကြိုးကွင်းနဲ့ သူနဲ့က အတော်ပဲကွ

 

ရဲဘော် (2)- ဟာ ဟုတ်မှလုပ်နော်ကိုယ့်လူ ငါတို့ပြသာနာတက်ကုန်မယ်ကွ

 

ရဲဘော် (1) -သေချာတယ်ကွာ လာသွားမယ်

 

အဲ့ဒီလိုနဲ့ရဲဘော်နစ်ယောက် ကောင်လေးနားကိုရောက်လာတယ်

 

ရဲဘော် - ခင်များကျွန်တော်တို့နဲ့လိုက်ခဲ့ရပါမယ်

 

ကောင်လေး - ဟာဘာလို့လဲဗျ ကျွန်တော်ဘာအပြစ်လုပ်လို့လဲဗျ

 

ရဲဘော် - ဘာအပြစ်မှမလုပ်ထားတာသိတယ်

ငါတို့ကြိုးမိန့်ပေးရမယ့်လူက ဒီကြိုးကွင်းနဲ့မတော်ဘူး သေးနေလို့

အက်တာငါတို့ ဝန်ကြီးက ကြိုးကွင်းနဲ့တော်မယ့်လူလိုက်ရှာခိုင်းတာအက်တာ ဒီရောက်လာတော့ ဒီကြိုးကွင်းကလည်း ခင်များခေါင်းနဲ့အတော်ပဲဆိုတာကိုသိရတယ် အဲ့တော့ခင်များက ကျုပ်တို့နဲ့အတူလိုက်ခဲ့ရမယ် ခင်များဘာအသံမှထပ်မထွက်နဲ့ ဒါကျုပ်တို့အထက်ကအမိန့်ပဲ လိုက်ခဲ့

 

ကောင်လေးနောင်တရသွားသည် အော်ငါ့ဆရာပြောတာတယ်ဟုတ်ပါလား ဒီလိုမြို့မာနေရင် ကြာရင်မကောင်းဘူးဆိုတာ

ငါ့ဆရာစကားနားမထောင်မိခဲ့တာငါတော့သွားပီ....ဟူးးးး

 

ကောင်လေး - ဒါဆိုလည်းနောက်ဆုံးအကြိမ်ကျွန်တော့ဆရာနဲ့တွေ့ပီးနှုတ်ဆက်ခွင့်လေးပေးပါ

 

ရဲဘော် - ကောင်းပီလေ မင်းဆရာဘယ်မာလဲ

.

ကောင်လေး - ဟိုကားဂိတ်မာပါပြန်တော့မာ အက်တာသွားနှုတ်ဆက်ပါရစေ

 

ရဲဘော် - အေ မြန်မြန်တော့လုပ် အချိန်မရှိဘူး

 

ကောင်လေးခင်မျာ ဆရာ့ဆီပြေးလာပီး

 

ကောင်လေး - ဆရာရေ ကျွန်တော့ကိုကယ်ပါအုန်း ကျွန်တော်သေရတော့မယ်

 

ဆရာ - ဟာ ဘာဖစ်လို့လဲကွ မင်းကဘာလုပ်လို့လဲ

 

ကောင်လေး - မသိဘူးဆရာ သူတို့ကြိုးပေးရမယ့်လူက ကြိုးနဲ့ကွက်တိမဖစ်နေလို့တဲ့ ကျွန်တော်ကျလည်ပင်းကြီးတယ် ကျွန်တော်က ကြိုးနဲ့အကိုက်ပဲတဲ့ အာ့ကျွန်တော့ကို ကြိုးပေးမယ်ပြောနေတာဗျ

 

ဆရာ -  အေး မင်းကိုငါမပြောခဲ့ဘူးလား ဒီလိုမြို့တွေဟာနေလို့မကောင်းဘူးလို့ ကဲဘာပဲဖစ်ဖစ် လာ မင်းနဲ့ငါနဲ့ကုလားကားရိုက်မှရတော့မယ်

 

ဒီလိုနဲ့ ဆရာတပည့်နစ်​​ယောက် ရဲဘော်တို့နဲ့အတူပါသွားပီး

ကြိုးစင်နားလ​​ည်းအရောက် ဆရာဖစ်တဲ့သူက

အင်းကနဲ ကြိုးစင်ပေါ်ပြေးတက်ဖို့ကြိုးစားပါတော့တယ်

အဲ့အချိန်မှာ ရဲဘော်တွေကဝိုင်းဆွဲထားလိုက်ပါတော့တယ်

 

ရဲဘော် : ဟေး ဟေ့လူ ကြိုးစင်ပေါ်တက်ရမာ ခင်များမဟုတ်ဘူး ခင်များတပည့်တက်ရမာ

 

ဆရာ - မဟုတ်ဘူး ငါတက်မာ

 

တပည့် - ဟာ ဆရာ ကြိုးစင်က ကျွန်တော်တက်ရမာ ဆရာကဘာလို့တက်မာတုန်းဗျာ

 

ဆရာ - မင်းအသံမထွက်နဲ့ ငါတက်မယ်လို့ပြောပီးပီမလား

 

အဲ့ဒီလိုနဲ့ဆရာတပည့်နစ်ယောက်သူတက်မယ်ငါတက်မယ်ဖစ်ပီးဆူညံ့နေကြတော့ ဝန်ကြီး ဘိုလဲ့ရောက်လာတယ်

 

ဘိုလဲ့ - ဘာတွေဆူညံ့နေကြတာလဲကွ

 

ရဲဘော် - ဆရာ ကျွန်တော်တို့ ကြိုးစင်တင်ဖို့ လူတယောက်ကိုရှာတွေ့ခဲ့တယ် သူက သူ့ဆရာကိုပါအတူခေါ်လာတယ် အဲ့တာ ကြိုးစင်နားလည်းရောက်ရော ဆရာတပည့်နစ်ယောက်

ဘာထဖောက်မှန်းမသိ သူတက်မယ်ငါတက်မယ်ဖစ်နေလို့ ဒီမာ ရှင်းလို့ကိုမပီးနိုင်ဖစ်နေတာပါဗျာ

 

ဘိုလဲ့ - ဟေ ဟုတ်လား အဲ့နစ်ယောက် ငါ့အရှေ့ခေါ်လာစမ်းပါအုန်း

 

ဆရာတပည့်နစ်ယောက်က ဘိုလဲ့နားရောက်လာတယ်

 

ဘိုလဲ့ - ကဲ ပြောစမ်းပါအုန်းဘာဖစ်ရတာလဲ

 

ဆရာဖစ်တဲ့သူကစပြောတယ်

 

ဆရာ - ကျွန်တော် ဆရာအဖစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ

စာအုပ်တွေဖတ်ရင်း စာအုပ်တအုပ်မှာ ရေးထားတဲ့ စာတစောင်

ကိုဖတ်မိတယိ အဲ့မာရေးထားတာက လူတယောက်ဟာ

ဘယ်နေ့ ဘယ်အချိန် ဘယ်လမှာ သူသေသွားခဲ့မယ်ဆိုရင်

သူက ဘယ်လောက်အပြစ်တွေပဲလုပ်ထားပါစေ သူဟာ ဘာငရဲမှခံစားရမှာမဟုတ်ပဲ နတ်ပြည်ကိုတန်းရောက်မယ်ဆိုပီး ရေးထားတာလေးကိုဖတ်ဖူးတာဗျ

အဲ့ဒီအချိန်ကလည်း နစ်ပေါင်း ၁၀၀၀ မှာမှ တကြိမ်

ကြုံဆုံခွင့်ရတာတဲ့ဗျ ခုကျွန်တော်ကတော့ခံစားလိုက်ရပီ

အဲ့ဒီအချိန်ဟာအခုအချိန်ပဲဆိုတာကို ကျွန်တော့ပညာတွေနဲ့

သိလိုက်ရပီဗျအဲ့တော့ ကျွန်တော်က

ကျွန်တော့တပည့်ကိုပြောတယ်

ငါ့တပည့် မင်းကတော့ငယ်သေးတယ် ကုသိုလ်တွေအများကြီးလုပ်လို့ရသေးတယ် ငါတို့ကတော့အသက်ကြီးပီ မဖစ်နိုင်တော့ဘူး အဲ့တော့ အခုလိုအခွင့်အရေးမျိုးကို ဆရာ့ကိုပေးလိုက် ဆရာ့ကိုပေးသွားလိုက်ပါ ပြောနေတာကို ဒီကောင်ကသူ ကြီးပဲတက်မယ်လုပ်နေတာဗျာ အက်တာဆိုးတာပဲဗျ

 

အဲ့မာဝန်မင်းကြီးဘိုလဲ့အတွေးဝင်သွားတယ်

 

ဘိုလဲ့ - ငါလည်းအသက်ရှင်ခဲ့တဲ့ကာလတလျှောက်မာလူတွေကိုအနိုင်ကျင့်ခဲ့တယ် ညာခဲ့တယ် မတရား ပိုက်ဆံတွေယူခဲ့တယ်

ခိုးခဲ့တယ် မိန်းမတွေနဲ့ပျော်ပါးခဲ့တယ် ခုသူပြောသလိုမျိုးဆို

ဒီလိုအချိန်ကောင်းမျိုးကိုထပ်ကြုံဆုံရဖို့မလွယ်ကူနိုင်တော့ဘူး

နစ်ပေါင်းတထောင်မှာ ခုကြုံဆုံခွင့်ရတာဆိုတော့ နောက်ဖစ်လာဖို့ခက်ခဲမာပဲ အင်းပေါ့လေ.......

 

ဘိုလဲ့ ပြတ်သားကြည်လင်တဲ့အသံနဲ့အမိန့်ပေးလိုက်တယ်

 

ဘိုလဲ့ - ဟေး ရဲဘော်တို့ ဒီဆရာတပည့်နစ်ယောက်ကို တိုင်မာသွားချုပ်ထားစမ်း အဲ့ ကြိုးစင် ကြိုးကွင်းကို အသင့်ပြင်ထားစမ်း ငါအခုလာပီ ငါတက်မယ်ဘယ်သူမှမတက်ရဘူးဆိုပီး

နောက်ဆုံးမှာ ဘိုလဲ့ကိုယ်တိုင်ကပဲ ကြိုးစင်တက်ပီး

ဘိုလဲ့ပဲ သေသွားပါတော့တယ်... ( ပြီးပါပီ)

 

ရေးသူ မှတ်ချက်

( ပုံပြင်ဝတ္ထုတိုဟာ စိတ်ကူးယဉ်သက်သက်သာဖစ်သည်

နောက်ဆုံးတွင် သူ၏ တပည့်အသက် လွတ်မြောက်ရေးအတွက်

ယုတ်တိမရှိသောစကားကိုပြောပီး ဘိုလဲ့ စိတ်ကိုပြောင်းပစ်ခဲ့သည် ဆင်ခြင်တုံတရားကင်းမဲ့သော ဝန်မင်းကြီးမာ

ဆရာ့စကားတွင် အယုံလွယ်ပီး မိမိအသက်

ဆုံးရှုံးခဲ့ရုံမှတပါး တခြားမရှိခဲ့ပေ..

အရေးအသားပိုင်းမှာ စကားပြောသဟန်ပုံစံဖစ်သွားလို့လည်း တောင်းပန်ပါတယ်ဗျ ဖတ်ရှူကြည့်ရတာ အဆင်ပြေမည်ဟု မျှော်လင့်ပါသည်)

 



Zawgyi


သီဟိုဠ္မွ ဉာဏ္ႀကီးရွင္သည္ အာယုဝၯနေဆးၫႊန္းစာကို ဇလြန္ေဈးေဘး ဗာဒံပင္ထက္ အဓိ႒ာန္လ်က္ ဂဃနဏဖတ္ခဲ့သည္။ ဟိုေရွးတုန္းက​ျမန္မာႏိုင္ငံမွာ ၿမိဳ႕ငယ္ေလးတၿမိဳ႕ရွိခဲ့တယ္


အဲ့ၿမိဳ႕၏ နမည္ကို ဉပေဒမရွိေသာၿမိဳ႕လို႔ေခၚၾကတယ္


အဲ့ဒီ ဉပေဒမရွိတဲ့ၿမိဳ႕ကို အုပ္ခ်ဳပ္တဲ့ ဝန္မင္းႀကီးတဉီးရွိတယ္


သူ႔နမည္က “ ဆာဘိုလဲ့ “


 


အဲ့ၿမိဳ႕မွာေနတဲ့လူေတြက ခရီးသြားေတြကို​


ေျပာျပေလ့ရွိတယ္ -


“ဒီၿမိဳ႕မွာ ဘာ ဉပေဒမွ ျပဌာန္းထားတာမရွိဘူး ဆာဘိုလဲ့ ပါးစပ္က


စကားတိုင္းကဉပေဒ ပဲ  ဆာဘိုလဲ့က လူတမ်ိဳးေလ သူ႔အမိန္႔ေတြကလည္းထူးဆန္းတယ္ ဒီၿမိဳ႕ကို သူ႔ကိုအုပ္ခ်ဳပ္ခြင့္ေပးပီးကတည္းက ၿမိဳ႕နမည္ကိုပါတခါတည္းေျပာင္းပီး


၂၀၀၈ဖြဲ႕စည္းပုံဉပေဒစာအုပ္ႀကီးကိုပါတခါတည္း


ၿမိဳ႕နမည္ေဟာင္းနဲ႔အတူဖ်က္စီးပစ္ခဲ့တယ္ေလ


ခုေတာ့ထူးဆန္းတဲ့ အမိန္႔ပညတ္ခ်က္တခ်ိဳ႕ေတာ့ရွိတယိဗ် “


သူတို႔ကဆက္ပီးေျပာျပတယ္ -


“ ဒီမာ ေသာက္ေရသန္႔ ၁လီတာကို ၂၀၀က်ပ္ သတ္မွတ္ထားရင္


ႏြားႏို႔တလီတာကိုလည္း ခင္မ်ား ၂၀၀က်ပ္ေပးဝယ္ေသာက္လို႔ရသလို အရက္ ၁လီတာ စားဆီ ၁လီတာ စက္သုံးဆီ ၁လီတာ ကိုလည္း ၂၀၀က်ပ္နဲ႔ေပးဝယ္လို႔ရသတဲ့ဗ်


 


အစားအေသာက္မွာဆိုလည္း


အမဲသားတပိႆာ ၈၀၀၀ ဆို ၾကက္သားလည္း ၈၀၀၀


ငါးဝက္ အသားငါးအစုံ ၈၀၀၀ ပဲဗ်


ေစ်းတင္ေရာင္းတဲ့သူေတြကိုဆိုရင္ေတာ့


ဘိုလဲ့တပ္ဖြဲ႕က လာဖမ္းစစ္ေခၚပီး ၿမိဳ႕ျပင္ထုတ္တာဗ်


ဒီမာ ဘယ္သူမွ ဘိုလဲ့ရဲ႕ ႏႈတ္ေတာ္က အမိန္႔ေတြကိုလြန္ဆန္ရဲေလ့မရွိဘူးဗ် သူ႔အမိန္႔ေတြကိုလူတိုင္းကနာခံၾကတယ္ လူတိုင္းက သူ႔ကိုေၾကာက္ၾကတယိဗ်


မေၾကာက္လို႔လည္းမရဘူးေလ သူတို႔ေတြက ေျဗာက္ေတြနဲ႔ကိုဗ် “


 


အဲ့ဒီလိုနဲ႔ တေန႔မွာ ႐ြာက ဆရာတပည့္နစ္ေယာက္က သူတို႔႐ြာက


 ဘုန္းႀကီးေက်ာင္းျပဳျပင္မြမ္းမံဖို႔အတြက္ အလႉေငြေကာက္ခံဖို႔


အဲ့ဒီၿမိဳ႕ေလးကိုေရာက္လာခဲ့တယ္ သူတို႔ေကာက္ရမယ့္အိမ္ေျခေတြအကုန္ လိုက္အလႉခံေကာက္ခံပီးေနာက္


ဆရာက-


“ ေကာက္စရာရွိတာေတြလည္းပီးပီဆိုေတာ့ ခနနားပီး


႐ြာျပန္ဆင္းမယ္ ကိုယ့္လူ “


 


တပည့္ - ဟာဆရာ ဘာလို႔ေစာစီး႐ြာျပန္မာလဲဗ်ာ


 


ဆရာ - ေအး ဒီလိုၿမိဳ႕ေတြက ေနလို႔မေကာင္းဘူးကြ ေန႔လည္စာစားပီးရင္ျပန္မယ္ ဒီမာၾကာၾကာေနတာကေကာင္းဖို႔မရွိဘူးကြာ


 


တပည့္ - ဟုတ္ပီေလ ဆရာက မေနခ်င္ဘူးဆိုေတာ့လည္း ဆရာျပန္ႏွင့္ေပါ့ဗ်ာ ကြၽန္ေတာ္ကေတာ့ ဒီမာတရက္ေလာက္ဆက္ေနပါရေစဗ်ာ


 


ဆရာ - ဘာလို႔ေနခ်င္ေသးတာလဲ ငါ့တပည့္ရဲ႕


 


တပည့္ - ဆရာရယ္ ဒီမာဒီေလာက္မိုက္တာ ကြၽန္ေတာ္တို႔႐ြာမာ ေရေသာက္ပီးေနေနရမယ့္အခ်ိန္ ဒီမာ ႏို႔ေသာက္ပီးအားေမြးမာေပါ့ဗ် ဒီေလာက္ေကာင္းတဲ့ၿမိဳ႕ ဟိုမာ ဝက္သားငါးပဲစားေနရတဲ့အခ်ိန္


ဒီမာ ၾကက္တို႔ အမဲသားတို႔စားမာေပါ့ဗ်ာ ဒီေလာက္တန္တာကိုဗ်ာ


 


ဆရာ - ေအးပါတပည့္ရယ္ မင္းသေဘာပါပဲေလ ငါေတာ့ခနေနျပန္ေတာ့မယ္


 


တပည့္ - ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္ေစ်းထဲသြားပတ္ၾကည့္လိုက္အုန္းမယ္ဗ်ာ


 


အဲ့ဒီလိုနဲ႔တပည့္ေလးက ဆရာ့ကိုႏႈတ္ဆက္ပီးေစ်းထဲကို


ပတ္ၾကည့္ဖို႔သြားပါေတာ့တယ္


 


 


အဲ့ဒီတရက္ထဲမာပဲ ရပ္ကြက္ထဲမာ သူခိုးနစ္ေယာက္ဟာ


အိမ္တအိမ္ကိုဝင္ခိုးဖို႔အတြက္သြားေနၾကတယ္ သူတို႔ဟာ အိမ္ရဲ႕အေနာက္ဖက္ ဝရံတာကေန တြယ္ပီးတက္တဲ့အခါ ဝရံတာလက္ရမ္းဟာ မခိုင္ပဲ ၿပိဳၾကပီး သူခိုးတေယာက္က အဲ့ဒီေနရာမွာပဲ ပြဲခ်င္းပီးေသပြဲဝင္သြားရပါေတာ့တယ္ က်န္တဲ့သူခိုးတေယာက္ဟာမေက်မနပ္ဖစ္ပီး ဘိုလဲ့စီရင္တဲ့ တရား႐ုံကိုသြားတယ္


 


သူခိုး - ကြၽန္ေတာ္အမႈဖြင့္ခ်င္လို႔ပါ


 


ဘိုလဲ့ - ကဲေျပာ ဘာအမႈဖြင့္ခ်င္တာလဲ


 


သူခိုး - ဒီေန႔ ကြၽန္ေတာ္ရယ္ ကြၽန္ေတာ့သူငယ္ခ်င္းတေယာက္ရယ္


             အိမ္တအိမ္ကိုခိုးဖို႔သြားတာ သိတဲ့အတိုင္းဗ်ာ


             သူခိုးဆိုေတာ့ ဘယ္သူမွအိမ္ေရွ႕တံခါးကို လာဖြင့္ေပးပီး


             မဂ္လာပါ လိုခ်င္တာဝင္ယူသြားပါဆိုပီးမေပးဘူးေလ


             အဲ့ဒါအိမ္အေနာက္မွာရွိတဲ့ ဝရံတာလက္ရမ္းကိုခိုတက္တာ


            အိမ္ပိုင္ရွင္ေတြက ဘိလပ္ေျမေကာင္းေကာင္း


            မသုံးထားတာလားမသိပါဘူး ဝရံတာလက္ရန္းၿပိဳပီး


            ကြၽန္ေတာ့သူငယ္ခ်င္း ျပဳတ္က်ပီး


              ပြဲခ်င္းပီးေသသြားတယ္ အဲ့ေတာ့     


      


             ဘာလို႔ ဘိလပ္ေျမေကာင္းေကာင္းမသုံး


             ရတာလဲဆိုတာနဲ႔ပတ္သတ္ပီး အိမ္ရွင္ကို


              တရားဆြဲခ်င္ပါတယ္             


 


ဘိုလဲ့ - အင္း ဟုတ္တာေပါ့ ဒါမင္းတို႔သိပ္နစ္နာတာပဲ မင္းတို႔ခိုးဖို႔


            သြားတာခိုးေတာင္မခိုးရေသးဘူး ေသသြားတာဆိုေတာ့


          


“ ရဲေဘာ္တို႔ အဲ့ဒီ အိမ္ပိုင္ရွင္ကို ငါ့ဆီကို အခုခ်က္ခ်င္းသြားေခၚလာစမ္း “


( 30second later*)


အိမ္ပိုင္ရွင္ေရာက္လာသည္…


 


အိမ္ပိုင္ရွင္ - ဘာဖစ္လို႔လဲဗ် ကြၽန္ေတာ့မာဘာအျပစ္ရွိလို႔လဲဗ်


 


ဘိုလဲ့ -  မင္းဘာလို႔အိမ္ကို ခိုင္ခံ့ေအာင္မေဆာက္တာလဲ


              ဘိလပ္ေျမခိုးတာလားဟမ္ ခိုးတာေကာင္းတဲ့အလုပ္္


              မဟုတ္ဘူးကြဟိုမာ သူခိုးနစ္ေယာက္ မင္းအိမ္ကိုခိုးဖို႔


              လာတာ ဟိုေကာင္ေတြအိမ္ထဲေတာင္မေရာက္လိုက္ဘူး


             ဝရံတာလက္ရန္းၿပိဳက်ပီးေသသြားပီသူတို႔ဘယ္ေလာက္.


              နစ္နာသြားပီလဲဆိုတာ မင္းစဥ္းစားၾကည့္စမ္းပါကြာ


 


အိမ္ပိုင္ရွင္ - အာ အဲ့ဒါကြၽန္ေတာ့အျပစ္မဟုတ္ဘူးဗ်


                    ကြၽန္ေတာ္လည္း ကန္ထ႐ိုက္ကို အၿပီးအစီးေပးပီး


                     အပ္တာဆိုေတာ့ သူတို႔ကိုေခၚေမးသင့္ပါတယ္ဗ်ာ


 


ဘိုလဲ့ -  ေခၚစမ္း မင္းကန္ထ႐ိုက္ကို


( A few inches later)


ကန္ထ႐ိုက္တာမ်ားေရာက္လာသည္


 


ကန္ထ႐ိုက္တာမ်ား - ဟုတ္ကဲ့ဆရာ ဘာဖစ္လို႔လဲဗ်


 


ဘိုလဲ့ -  မင္းတို႔ဘာလို႔ အိမ္ကို ခိုင္ခံ့ေအာင္မေဆာက္တာလဲ


              ဘိလပ္ေျမခိုးတာလားဘာခိုးတာလားဘာလားေတာ့မသိ


           ဘူး ဟိုမာ မင္းတို႔ရဲ႕ေပါ့ဆမႈ​ေၾကာင့္လူတေယာက္ေသသြား     


              ပီကြ  မင္းတို႔သာ ေရမခိုးဘိလပ္​ေျမမခိုးရင္သူလည္း


             မေသေလာက္ဘူးကြ


 


ကန္ထ႐ိုက္တာမ်ား - ဆရာ ဒါကြၽန္ေတာ္တို႔နဲ႔မဆိုင္ဘူးဗ်


ကြၽန္ေတာ္က ေဖ်ာ္ဆရာကို ေရဘယ္ေလာက္ဆို ဘိလပ္ေျမဘယ္ေလာက္ သဲဘယ္ေလာက္ထည့္ဖို႔ အခ်ိဳးေပးထားပီးသားဗ်


ေဖ်ာ္ဆရာက သဲပဲခိုးတာလားဘိလပ္ေျမခိုးတာလားမသိဘူး


သူ႔ကိုေမးရမယ္ဗ် ကြၽန္ေတာ့မွာေဖ်ာ္ဆရာဖုန္းနံပတ္ရွိတယ္


သူ႔ကိုေခၚေမးေပါဗ်ာ


ေဖ်ာ္ဆရာကိုဖုန္းဆက္ေခၚ၍ ေဖ်ာ္ဆရာေရာက္လာသည္


 


ေဖ်ာ္ဆရာ - ဘာေၾကာင့္ေခၚလိုက္ရတာလဲခင္မ်


 


ဘိုလဲ့ - မင္းဘိလပ္ေျမကိုေရခိုးလိုက္တာလား သဲခိုးလိုက္တာလား မသိေပမယ့္ ဒီမာ မင္းတို႔လုပ္ထားတဲ့ ဝရံတာလက္ရန္းက


မခိုင္ေတာ့ ဟိုမာ သူခိုးတေယာက္က ခိုးဖို႔တက္တာ အက္တာ


မခိုင္ေတာ့ၿပိဳက်ပီးေသသြားပီ မင္းသာ အခ်ိဳးက်က်ေရာစပ္ထားခဲ့ရင္ ဒီလိုဖစ္လာစရာမရွိဘူးကြ


 


ေဖ်ာ္ဆရာ - မဟုတ္ရပါဘူးဆရာရယ္ ကြၽန္ေတာ္လည္း ေရပိုက္ေလးကိူ ကိုင္ပီး ဘိလပ္ေျမဘယ္နစဆို ေရဘယ္ေလာက္ထည့္ဖို႔ ကြၽန္ေတာ္ တြက္ထားပီးသားပါ ဒါေပမယ့္ဘယ္ကဆင္တေကာင္မွန္းမသိဘူး ကြၽန္ေတာ့နားကိုေျပးလာေနေတာ့ ကြၽန္ေတာ္မေရွာင္လိုက္ရင္ ဒီဆင္ ကြၽန္ေတာ့ကိုဝင္တိုက္ရင္ ကြၽန္ေတာ္ေသသြားႏိုင္ေတာ့ ကြၽန္ေတာ္လည္းေၾကာက္အားလန္႔အားနဲ႔လက္ထဲကေရပိုက္ကိုလြတ္ခ်မိပီး ေရွာင္ေတာ့ ဘိလပ္ေျမထဲေရမ်ားသြားရတာပါ


ကြၽန္ေတာ့မာအျပစ္မရွိပါဘူး အဲ့ဒီဆင္ထိန္းကိုဖမ္းရပါမယ္ ဘာလို႔ဆင္ကိုေကာင္းေကာင္းမထိန္းရတာလဲဆိုတာေမးရပါမယ္


 


ဘိုလဲ့ - အမ္း မင္းေျပာတာလည္းမွန္တာပဲ ရဲေဘာ္တို႔ အဲ့ဆင္ထိန္းကိုရွာဖမ္းေခၚလာခဲ့လိုက္စမ္း


 


ဆင္ထိန္းဘယ္သူဘယ္ဝါဆိုတာကိုစုံစမ္းပီး


အရဖမ္းေခၚလာခဲ့သည္


 


ဆင္ထိန္း - ဒီမာဘာေတြဖစ္ေနတာလဲဗ်လူေတြလည္းစုံလို႔


 


ဘိုလဲ့က အေၾကာင္းစုံကိုေျပာျပသည္


ဘိုလဲ့ - မင္းဆင္ကိုသာ ေကာင္းေကာင္းထိန္းႏိုင္ရင္ ဒီေန႔ ဒီျပသာနာမလာဘူး ခုေတာ့ မင္းကေကာင္းေကာင္းမထိန္းေတာ့


ဒီျပသာနာဖစ္ရတာပဲကြ


 


ဆင္ထိန္း - ကြၽန္ေတာ္ရွင္းျပပါမယ္ဗ်ာ ကြၽန္ေတာ္က ဟိုကတည္းက ဆင္ေတြကိုထိန္းေက်ာင္းလာတာပါ ကြၽန္ေတာ့ဆင္ေတြက အက္လိုဆိုးသြမ္းတဲ့ပုံစံမဟုတ္ဘူးဗ် ဒီေကာင္ကအယဥ္ေလး အဲ့ဒီမာ ကြၽန္ေတာ့ဆင္ေဘးနားကေန


အမ်ိဳးသမီးတေယာက္ကျဖတ္ေလွ်ာက္သြားတာဗ်ာ


အဲ့အမ်ိဳးသမီးက လက္ေကာက္ေတြဘယ္နဒါဇင္ေလာက္ဝတ္ထားမွန္းမသိဘူး ေဘးကေန “ ခ်႐ြင္းခ်႐ြန္း “


အသံစုံျမည္ေနေအာင္လုပ္ပီးျဖတ္သြားေတာ့ ကြၽန္ေတာ့ဆင္ကေၾကာက္လန္႔ပီးခုန္ေပါက္ ေျပးတာပါ ကြၽန္ေတာ့ဆင္ကအရင္ကအက္လိုတခါမွမဖစ္ဖူးပါဘူး အဲ့ ဘြားေတာ္ကိုေခၚေမးရပါမယ္


ဘာလို႔ လက္ေကာက္ကိုအသံျမည္ေအာင္ဝတ္ရတာလဲလို႔ 😊


 


ဘိုလဲ့ - ေအး ဟုတ္တာပဲ မင္းဆင္မွာမွအျပစ္မရွိတာ အဲ့ဘြားေတာ္ကိုေခၚလာခဲ့စမ္းကြာ


 


အဲ့ဒီလက္ေကာက္ဒါဇင္ဝတ္တဲ့


အမ်ိဳးသမီးး႐ုံးကိုေရာက္လာတယ္


 


ဘိုလဲ့ - မင္းလက္ေကာက္ေတြကဘာလို႔အသံျမည္ေနရတာလဲ


 


အမ်ိဳးသမီး - က်မဘယ္သိမလဲ ပန္းထိန္ဆရာကိုေခၚေမးေပါ့


သူလုပ္ထားတဲ့ဟာေတြ က်မကဝယ္ဝတ္တာပဲေလ


 


အဲ့ပန္းထိန္ဆရာသြားေခၚလာခဲ့....


( A few minutes later)


ပန္းထိန္ဆရာေရာက္လာသည္


 


ပန္းထိန္ဆရာဘာမွမေျပာခင္ ဝန္ႀကီး ဘိုလဲ့က -


“ မင္္းသာမင္းလက္ေကာက္ေတြကို


အသံမျမည္ေအာင္လုပ္ထားရင္


ဒီေန႔ ဒီျပသာနာမလာဘူး


ခုေတာ့ မင္းရဲ႕အသံျမည္တဲ့လက္ေကာက္္ကို


ဟိုအမ်ိဳးသမီးကဝတ္ပီး ဆင္နား ခ်႐ြင္းခ်႐ြမ္း သြားလုပ္တယ္


ဟိုဆင္ကေၾကာက္အားလန္႔အားနဲ႔ေျပးတယ္


အဲ့ေျပးလာတဲ့ဆင္ကို ဟိုမာ ေဖ်ာ္ဆရာပန္းရံသမားက ေတြ႕ေတာ့ ေၾကာက္ပီးေရွာင္လိုက္တာ ေရပိုက္ကလြတ္က်တယ္


ေရပိုက္ကလြတ္က်ပီးဘိလပ္ေျမကေရမ်ားသြားတယ္


အဲ့မာ ဘိလပ္ေျမကေရမ်ားေတာ့ အိမ္ဝရံတာလက္ရန္းက


မခိုင္ဘူး အက္တာကိုမသိပဲခိုးဖို႔လာတဲ့သူခိုးကတက္တယ္


အဲ့မွာ ဝရံတာလက္ရန္းၿပိဳက်တယ္


သူခိုးေသသြားတယ္ မင္းလက္ေကာက္ေတြကသာအသံမျမည္ရင္ဒီေန႔ဘယ္သူမွေသစရာမရွိဘူး ကဲ ဒီေတာ့ေျပာစမ္းပါအုန္း မင္းလက္ေကာက္ေတြက ဘာလို႔အသံျမည္ေနရတာလဲ “


 


ပန္းထိန္ဆရာမေျဖတတ္ေတာ့ပါ သူလုပ္ထားတဲ့လက္ေကာက္ေတြကဘာေၾကာင့္အသံ ျမည္ေနမွန္း သူ


မေျပာျပတတ္ေတာ့ဘူးေလ


 


 


ဝန္မင္းခ်ဳပ္ ဘိုလဲ့ လက္သီးလက္ေမာင္းတန္း၍ေျပာသည္


“ ကဲ ေနာက္ဆုံးေတာ့ ဒီအမႈကို စီရင္ခ်က္ႏိုင္ပီကြ “


 


“ သူခိုးေသသြားတဲ့အတြက္ ပန္းထိန္ဆရာကို ေသဒဏ္ခ်ေစ “


 


ပန္းထိန္ဆရာအံ့ၾသမွင္သက္စြာျဖင့္ စဥ္းစားေနတယ္


သူခိုးကေသတယ္ အာ့အတြက္ ပန္းးထိန္ဆရာကို


ေသဒဏ္ဆိုေတာ့


 


ဝန္ႀကီးကို ပန္းထိန္ဆရာ တခ်က္ေမာ့ၾကည့္ပီး ေျပာဖို႔ပါးစပ္ဟမယ့္အခ်ိန္ ဝန္ႀကီးဘိုလဲ့က -


“ ေဟးေကာင္ အသံထပ္မထြက္နဲ႔ ငါ့အမိန္႔ပဲ ေဟး ရဲေဘာ္တို႔


သူ႔ကိုႀကိဳးစင္ ​ဆီေခၚထုတ္သြားစမ္း “


 


ပန္းထိန္ဆရာေၾကကြဲစြာနဲ႔လိုက္သြားတယ္


 


ႀကိဳးစင္ေရာက္ပီး ႀကိဳးစင္တင္တဲ့အခါက် ႀကိဳးနဲ႔ လည္ပင္းနဲ႔က လုံးဝမကိုက္ပဲ ပန္းထိန္ဆရာရဲ႕ေခါင္းကေသးပီး ႀကိဳးက ႀကီးေနတယ္ ႀကိဳးကိုဘယ္ေလာက္တင္းေအာင္ခ်ီခ်ီ ႀကိဳးစင္ခ်တိုင္း


ပန္းထိန္ဆရာက ေအာက္ကိုေလွ်ာေလွ်ာက်ပီး


မေသဘူးဖစ္ေနတယ္ အဲ့ဒါနဲ႔ ရဲေဘာ္ေတြကလည္း ဝန္မင္းႀကီးဆီေျပးပီး ဖစ္စဥ္ကိုတင္ျပေနတယ္


 


ရဲေဘာ္ - ဆရာ ကြၽန္ေတာ္တို႔ႀကိဳးက သူ႔ေခါင္းနဲ႔မကိုက္ဘူးဖစ္ေနတယ္ ႀကိဳးစင္တင္တိုင္း သူကေလွ်ာ​ေလွ်ာထြကိေနတာ တင္းတင္းခ်ီလည္းမရေနလို႔


 


ဘိုလဲ့ - ေအာ္အဲ့ဒါမ်ားကြာ အထူးအဆန္းလုပ္ေနေသးတယ္


အဲ့ႀကိဳးနဲ႔အဆင္ေျပမယ့္ ဘဲတေပြကိုရွာပီး ႀကိဳးစင္တင္လိုက္ရင္ပီးေနပီပဲကြာ မင္းတို႔ကဘာေတြအလုပ္ရႈပ္ေနေသးတာလဲ 


ဉီးေႏွာက္သုံးစမ္းပါဟ သြား ၿမိဳ႕ထဲကိုသြားပီး ဒီႀကိဳးနဲ႔အဆင္​ေျပ


မယ့္ လူတေယာက္ကို ရွာဖမ္းေခၚလာပီးႀကိဳးစင္တင္လိုက္


 


ရဲေဘာ္ - ဟုတ္ ဟုတ္ကဲ့ဆရာ


 


ပန္းထိန္ဆရာအသက္ေဘးမွလြတ္ေျမာက္သြားသည္


 


ဒီလိုနဲ႔ရဲေဘာ္နစ္ေယာက္ေစ်းဖက္ကိုထြက္လာပီး ႀကိဳးနဲ႔ေတာ္မယ့္သူကို လိုက္ရွာေဖြေနေတာ့တယ္ အဲ့ဒီမာ သူတို႔သြားေတြ႕တာကေတာ့ ခုနတုန္းက ေရေသာက္မယ့္အစားႏြားႏို႔ေသာက္ပီးအားေမြးမယ့္ ႐ြာက ဆရာရဲ႕တပည့္ေကာင္ေလးကိုပါ


 


ရဲေဘာ္ (1)- ေဟးလူ ဟိုမာၾကည့္စမ္းဟိုလူကိုေတြ႕လား ငါဒီကေနလွမ္းခန္႔မွန္းၾကည့္တာ ဒီႀကိဳးကြင္းနဲ႔ သူနဲ႔က အေတာ္ပဲကြ


 


ရဲေဘာ္ (2)- ဟာ ဟုတ္မွလုပ္ေနာ္ကိုယ့္လူ ငါတို႔ျပသာနာတက္ကုန္မယ္ကြ


 


ရဲေဘာ္ (1) -ေသခ်ာတယ္ကြာ လာသြားမယ္


 


အဲ့ဒီလိုနဲ႔ရဲေဘာ္နစ္ေယာက္ ေကာင္ေလးနားကိုေရာက္လာတယ္


 


ရဲေဘာ္ - ခင္မ်ားကြၽန္ေတာ္တို႔နဲ႔လိုက္ခဲ့ရပါမယ္


 


ေကာင္ေလး - ဟာဘာလို႔လဲဗ် ကြၽန္ေတာ္ဘာအျပစ္လုပ္လို႔လဲဗ်


 


ရဲေဘာ္ - ဘာအျပစ္မွမလုပ္ထားတာသိတယ္


ငါတို႔ႀကိဳးမိန္႔ေပးရမယ့္လူက ဒီႀကိဳးကြင္းနဲ႔မေတာ္ဘူး ေသးေနလို႔


အက္တာငါတို႔ ဝန္ႀကီးက ႀကိဳးကြင္းနဲ႔ေတာ္မယ့္လူလိုက္ရွာခိုင္းတာအက္တာ ဒီေရာက္လာေတာ့ ဒီႀကိဳးကြင္းကလည္း ခင္မ်ားေခါင္းနဲ႔အေတာ္ပဲဆိုတာကိုသိရတယ္ အဲ့ေတာ့ခင္မ်ားက က်ဳပ္တို႔နဲ႔အတူလိုက္ခဲ့ရမယ္ ခင္မ်ားဘာအသံမွထပ္မထြက္နဲ႔ ဒါက်ဳပ္တို႔အထက္ကအမိန္႔ပဲ လိုက္ခဲ့


 


ေကာင္ေလးေနာင္တရသြားသည္ “ ေအာ္ငါ့ဆရာေျပာတာတယ္ဟုတ္ပါလား ဒီလိုၿမိဳ႕မာေနရင္ ၾကာရင္မေကာင္းဘူးဆိုတာ


ငါ့ဆရာစကားနားမေထာင္မိခဲ့တာငါေတာ့သြားပီ....ဟူးးးး “


 


ေကာင္ေလး - ဒါဆိုလည္းေနာက္ဆုံးအႀကိမ္ကြၽန္ေတာ့ဆရာနဲ႔ေတြ႕ပီးႏႈတ္ဆက္ခြင့္ေလးေပးပါ


 


ရဲေဘာ္ - ေကာင္းပီေလ မင္းဆရာဘယ္မာလဲ


.


ေကာင္ေလး - ဟိုကားဂိတ္မာပါျပန္ေတာ့မာ အက္တာသြားႏႈတ္ဆက္ပါရေစ


 


ရဲေဘာ္ - ေအ ျမန္ျမန္ေတာ့လုပ္ အခ်ိန္မရွိဘူး


 


ေကာင္ေလးခင္မ်ာ ဆရာ့ဆီေျပးလာပီး


 


ေကာင္ေလး - ဆရာေရ ကြၽန္ေတာ့ကိုကယ္ပါအုန္း ကြၽန္ေတာ္ေသရေတာ့မယ္


 


ဆရာ - ဟာ ဘာဖစ္လို႔လဲကြ မင္းကဘာလုပ္လို႔လဲ


 


ေကာင္ေလး - မသိဘူးဆရာ သူတို႔ႀကိဳးေပးရမယ့္လူက ႀကိဳးနဲ႔ကြက္တိမဖစ္ေနလို႔တဲ့ ကြၽန္ေတာ္က်လည္ပင္းႀကီးတယ္ ကြၽန္ေတာ္က ႀကိဳးနဲ႔အကိုက္ပဲတဲ့ အာ့ကြၽန္ေတာ့ကို ႀကိဳးေပးမယ္ေျပာေနတာဗ်


 


ဆရာ -  ေအး မင္းကိုငါမေျပာခဲ့ဘူးလား ဒီလိုၿမိဳ႕ေတြဟာေနလို႔မေကာင္းဘူးလို႔ ကဲဘာပဲဖစ္ဖစ္ လာ “ မင္းနဲ႔ငါနဲ႔ကုလားကား႐ိုက္မွရေတာ့မယ္ “


 


ဒီလိုနဲ႔ ဆရာတပည့္နစ္​​ေယာက္ ရဲေဘာ္တို႔နဲ႔အတူပါသြားပီး


ႀကိဳးစင္နားလ​​ည္းအေရာက္ ဆရာဖစ္တဲ့သူက


အင္းကနဲ ႀကိဳးစင္ေပၚေျပးတက္ဖို႔ႀကိဳးစားပါေတာ့တယ္


အဲ့အခ်ိန္မွာ ရဲေဘာ္ေတြကဝိုင္းဆြဲထားလိုက္ပါေတာ့တယ္


 


ရဲေဘာ္ : ေဟး ေဟ့လူ ႀကိဳးစင္ေပၚတက္ရမာ ခင္မ်ားမဟုတ္ဘူး ခင္မ်ားတပည့္တက္ရမာ


 


ဆရာ - မဟုတ္ဘူး ငါတက္မာ


 


တပည့္ - ဟာ ဆရာ ​ႀကိဳးစင္က ကြၽန္ေတာ္တက္ရမာ ဆရာကဘာလို႔တက္မာတုန္းဗ်ာ


 


ဆရာ - မင္းအသံမထြက္နဲ႔ ငါတက္မယ္လို႔​ေျပာပီးပီမလား


 


အဲ့ဒီလိုနဲ႔ဆရာတပည့္နစ္ေယာက္သူတက္မယ္ငါတက္မယ္ဖစ္ပီးဆူညံ့ေနၾကေတာ့ ဝန္ႀကီး ဘိုလဲ့ေရာက္လာတယ္


 


ဘိုလဲ့ - ဘာေတြဆူညံ့ေနၾကတာလဲကြ


 


ရဲေဘာ္ - ဆရာ ကြၽန္ေတာ္တို႔ ႀကိဳးစင္တင္ဖို႔ လူတေယာက္ကိုရွာေတြ႕ခဲ့တယ္ သူက သူ႔ဆရာကိုပါအတူေခၚလာတယ္ အဲ့တာ ႀကိဳးစင္နားလည္းေရာက္ေရာ ဆရာတပည့္နစ္ေယာက္


ဘာထေဖာက္မွန္းမသိ သူတက္မယ္ငါတက္မယ္ဖစ္ေနလို႔ ဒီမာ ရွင္းလို႔ကိုမပီးႏိုင္ဖစ္ေနတာပါဗ်ာ


 


ဘိုလဲ့ - ေဟ ဟုတ္လား အဲ့နစ္ေယာက္ ငါ့အေရွ႕ေခၚလာစမ္းပါအုန္း


 


ဆရာတပည့္နစ္ေယာက္က ဘိုလဲ့နားေရာက္လာတယ္


 


ဘိုလဲ့ - ကဲ ေျပာစမ္းပါအုန္းဘာဖစ္ရတာလဲ


 


ဆရာဖစ္တဲ့သူကစေျပာတယ္


 


ဆရာ - ကြၽန္ေတာ္ ဆရာအဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့အခ်ိန္မွာ


စာအုပ္ေတြဖတ္ရင္း စာအုပ္တအုပ္မွာ ေရးထားတဲ့ စာတေစာင္


ကိုဖတ္မိတယိ အဲ့မာေရးထားတာက လူတေယာက္ဟာ


ဘယ္ေန႔ ဘယ္အခ်ိန္ ဘယ္လမွာ သူေသသြားခဲ့မယ္ဆိုရင္


သူက ဘယ္ေလာက္အျပစ္ေတြပဲလုပ္ထားပါေစ သူဟာ ဘာငရဲမွခံစားရမွာမဟုတ္ပဲ နတ္ျပည္ကိုတန္းေရာက္မယ္ဆိုပီး ေရးထားတာေလးကိုဖတ္ဖူးတာဗ်


အဲ့ဒီအခ်ိန္ကလည္း နစ္ေပါင္း ၁၀၀၀ မွာမွ တႀကိမ္


ႀကဳံဆုံခြင့္ရတာတဲ့ဗ် ခုကြၽန္ေတာ္ကေတာ့ခံစားလိုက္ရပီ


အဲ့ဒီအခ်ိန္ဟာအခုအခ်ိန္ပဲဆိုတာကို ကြၽန္ေတာ့ပညာေတြနဲ႔


သိလိုက္ရပီဗ်အဲ့ေတာ့ ကြၽန္ေတာ္က


ကြၽန္ေတာ့တပည့္ကိုေျပာတယ္


ငါ့တပည့္ မင္းကေတာ့ငယ္ေသးတယ္ ကုသိုလ္ေတြအမ်ားႀကီးလုပ္လို႔ရေသးတယ္ ငါတို႔ကေတာ့အသက္ႀကီးပီ မဖစ္ႏိုင္ေတာ့ဘူး အဲ့ေတာ့ အခုလိုအခြင့္အေရးမ်ိဳးကို ဆရာ့ကိုေပးလိုက္ ဆရာ့ကိုေပးသြားလိုက္ပါ ေျပာေနတာကို ဒီေကာင္ကသူ ႀကီးပဲတက္မယ္လုပ္ေနတာဗ်ာ အက္တာဆိုးတာပဲဗ်


 


အဲ့မာဝန္မင္းႀကီးဘိုလဲ့အေတြးဝင္သြားတယ္


 


ဘိုလဲ့ - ငါလည္းအသက္ရွင္ခဲ့တဲ့ကာလတေလွ်ာက္မာလူေတြကိုအႏိုင္က်င့္ခဲ့တယ္ ညာခဲ့တယ္ မတရား ပိုက္ဆံေတြယူခဲ့တယ္


ခိုးခဲ့တယ္ မိန္းမေတြနဲ႔ေပ်ာ္ပါးခဲ့တယ္ ခုသူေျပာသလိုမ်ိဳးဆို


ဒီလိုအခ်ိန္ေကာင္းမ်ိဳးကိုထပ္ႀကဳံဆုံရဖို႔မလြယ္ကူႏိုင္ေတာ့ဘူး


နစ္ေပါင္းတေထာင္မွာ ခုႀကဳံဆုံခြင့္ရတာဆိုေတာ့ ေနာက္ဖစ္လာဖို႔ခက္ခဲမာပဲ အင္းေပါ့ေလ.......


 


ဘိုလဲ့ ျပတ္သားၾကည္လင္တဲ့အသံနဲ႔အမိန္႔ေပးလိုက္တယ္


 


ဘိုလဲ့ - ေဟး ရဲေဘာ္တို႔ ဒီဆရာတပည့္နစ္ေယာက္ကို တိုင္မာသြားခ်ဳပ္ထားစမ္း အဲ့ ႀကိဳးစင္ ႀကိဳးကြင္းကို အသင့္ျပင္ထားစမ္း ငါအခုလာပီ ငါတက္မယ္ဘယ္သူမွမတက္ရဘူးဆိုပီး


ေနာက္ဆုံးမွာ ဘိုလဲ့ကိုယ္တိုင္ကပဲ ႀကိဳးစင္တက္ပီး


ဘိုလဲ့ပဲ ေသသြားပါေတာ့တယ္... ( ၿပီးပါပီ)


 


ေရးသူ မွတ္ခ်က္


( ဤ ပုံျပင္ဝတၳဳတိုဟာ စိတ္ကူးယဥ္သက္သက္သာဖစ္သည္


ေနာက္ဆုံးတြင္ သူ၏ တပည့္အသက္ လြတ္ေျမာက္ေရးအတြက္


ယုတ္တိမရွိေသာစကားကိုေျပာပီး ဘိုလဲ့ ၏ စိတ္ကိုေျပာင္းပစ္ခဲ့သည္ ဆင္ျခင္တုံတရားကင္းမဲ့ေသာ ဝန္မင္းႀကီးမာ


ဆရာ့စကားတြင္ အယုံလြယ္ပီး မိမိအသက္


ဆုံးရႈံးခဲ့႐ုံမွတပါး တျခားမရွိခဲ့ေပ..


အေရးအသားပိုင္းမွာ စကားေျပာသဟန္ပုံစံဖစ္သြားလို႔လည္း ေတာင္းပန္ပါတယ္ဗ် ဖတ္ရႉၾကည့္ရတာ အဆင္​ေျပမည္ဟု ေမွ်ာ္လင့္ပါသည္)


 

Comments

  1. မအလ ရဲ့ဇာတ်သိမ်းလည်းအဲလိုမြန်မြန်ဖြစ်ရင်ကောင်းမှာပဲ ဖတ်လို့အရမ်းကောင်းပါတယ်✍👍🌷

    ReplyDelete

Post a Comment