တက္ကသိုလ်ရိပ်သာရဲ့ မိုးတစ်နေ့

Unicode


ဇူလိုင်လမိုးက ထီးဆောင်းထားသော သူကိုပါ ရွဲရွဲစိုအောင် ရွာအားကောင်းသော မိုးပေတည်း။ ဘတ်(စ်)ကား အဆင်းတက်၊ မိုးပက်သော ကားမှတ်တိုင်များ၊ လမ်းလျောက်သွားလျင်တွေ့ရတတ်သော ရေအိုင်ကြီးများ စသည်တို့သည် မိုးရာသီ၏ စိတ်ဒုက္ခအပေးနိုင်ဆုံး လက္ခကာများသာဖြစ်သည်။

 

သို့ပေသည့် တစ်ချို့လူများအဖို့ သို့မဟုတ် ချစ်ကြသူများအဖို့ အတွက်ကျတော့ သည်မိုးရာသီပင်လျင် လှပစွာသော၊ စိတ်ကူးယဉ်ဆန်လှသော အခိုက်အတန့် အဖိုးတန်ရာသီဥတု တစ်ခုဖြစ်လေတော့သည်။

 

ဤမိုးရာသီ၌ပင် သူနှင့်

" ကလျာ "တွေ့ဆုံခဲ့သည်။

 

*********

 

နာရီကို ကြည့်လိုက်တော့ ၃နာရီခွဲပြီ။ ဘတ်(စ်)ကားပေါ်က ဆင်းကတည်းက မိုးတိတ်သွားသည်ဆိုတော့ ဝေဟင်တစ်ယောက်စိတ်ချမ်းသာရသည်။

 

" ဝေဟင်စိုးမိုး "

သူကား Private IT တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသားတစ်ယောက်။ တစ်ပတ်မှာ သုံးရက်လောက်တော့ ပုံမှန်ဤနေရာသို့ရောက်လာဖြစ်သည်။

 

ပုံမှန်ရောက်ရခြင်းကား သူ၏နှလုံးသားဖြင့် အဆုံးမရှိချစ်လှစွာသော ချစ်သူဆီ ကျောင်းကြိုအခစားဝင်ခြင်းဖြစ်သည်။

" နိုင်ငံခြား ဘာသာတက္ကသိုလ် "

 

ကျောင်းပေါက်ဝကို လည်ပင်းမျှော်ကြည့်တော့ ခေါက်ထီးကလေးကို မဖွင့်ပဲ ခေါင်းပေါ်ကို လက်တစ်ဖက်ဖြင့်တင်၍ နောက်လက်တစ်ဖက်က ထမီလေးကိုမကာ ဖိုင်တွဲတစ်ခုအား လက္မောင်းကြားတွင် ညှပ်၍ကျောင်းအပေါက်ဝဆီလျောက်လာသော

"ကလျာ့" ကိုတွေ့ရသည်။

 

သူ၏ ချစ်လှစွာသော "ကလျာ" ဆိုသောသူမကား " ဘုန်းကလျာလှိုင်" ဖြစ်သည်။ YUFL တရုတ်မေဂျာတွင် ပညာသင်နေသော ရှမ်းတိုင်းရင်းသူလေးဖြစ်သည်။ သူသိပ်ချစ်ရသောကလျာသည် သူသိပ်ချစ်သော ကလောမြို့လေးကလာသည့် မိန်းကလေး....

 

" ဟိတ် "

"အမေ့..! လန့်လိုက်တာရှင် "

ရေခဲမုန့်ကား အနောက်ကချောင်း၍ စလိုက်သောကြောင့် သူမလန့်သွားသည်။

 

" နင်တော်တော်ဆိုးတာပဲ အလားကားသူများကိုလန့်အောင်လုပ်တယ် "

 

မျက်နှာကလေးအိုကာ ရန်တွေ့နေသော ကလျာ့ကို ဝေဟင်တစ်ယောက် အသည်းတယားယားဖြင့် ပြုံး၍သာကြည့်နေရ၏။

 

"ဒီနေ့ ဘာစားမှာလဲ..?"

ကားပေါ်တွင် ကပ်ထားသော ဘုတ်ပြားပေါ်မှ ရေခဲမုန့်အရသာများကိုကြည့်၍ ဝေဟင်မေးလိုက်ခြင်းဖြစ်သည်။

 

"ကလျာက ဒီနေ့မိုးနည်းနည်းစဲနေတော့ blueberryစားမယ်။ ဝေဟင်ကရော ထုံးစံအတိုင်း သီးစုံပဲလား.."

 

" ကိုယ်က ကလျာလို အပြောင်းအလဲမများဘူးလေကွာ "

ကလျာ အချစ်မျက်စောင်းလေးများကို ဝေဟင်တစ်ယောက်အလူးအလဲခံလိုက်ရ၏

 

"ဦးလေး blueberry နဲ့ သီးစုံ " ကလျာက ရေခဲမုန့်ရောင်းသော ဦးလေးကြီးအား လှမ်းမှာလိုက်သည်။

 

သူတို့နှစ်ယောက် အကြိုက်တူကြသည်။ စရိုက်တူကြသည်။ တစ်ယောက်က အဆန်းထွင်၍ လုပ်လျှင် နောက်တစ်ယောက်က မစဉ်းစားဘဲ နောက်ကလိုက်လုပ်သည်။ ဒီလိုနဲ့ ဒုက္ခရောက်ရင်တော့ လောကကြီးကိုနှစ်ယောက်ပေါင်း၍ ဟားတိုက်လိုက်ကြသည်။

 

ခုလည်း သူတို့နှစ်ယောက် မိုးရာသီ၏ မိုးရွာသောနေ့တွေမှာ ရေခဲမုန့်တူတူစားကြ၏။ ထီးကိုယ်စီရှိကြသော်လည်း မိုးရေအစိုခံပြီးတော့ ထီးတစ်လက်ကို သိမ်းကာ ထီးတစ်ချောင်းထဲနှစ်ယောက်အတူဆောင်းကြ၏။

 

 

" ရပြီ... Augustကိုချီတက်စို့ "

ကလျာကဆရာမကြီးစတိုင်အပြည့်နှင့် အမိန့်ပေးလိုက်တော့ ဝေဟင်တစ်ယောက် ရေခဲမုန့်ခွက်ကိုယူ ပိုက်ဆံရှင်းပြီးထွက်လိုက်လာသည်။ ရေခဲမုန့်ကားဆီကထွက်တော့ မိုးလေးတစ်ဖွဲဖွဲကျလာပြန်၏။

 

သို့သော်လည်းမမှုတတ်ပါ။ ရေခဲမုန့်ကိုစား၊ ထီးတစ်ချောင်းနှစ်ယောက်ဆောင်း၊ တက္ကသိုလ်ရိပ်သာလမ်းတစ်လျောက်လုံး ဒဿနိကတွေငြင်းခုန်ရင်း လှည်းတန်းက Augustအထိ လမ်းလျောက်သွားကြသည်။

 

တစ်ခါတစ်လေ ကလျာက အနိုင်ကျင့်တတ်သေးသည်။ေရခဲမုန့် အရသာတစ်မျိုးပြီးတစ်မျိုးပြောင်းစားတတ်သောကလျာက သူစားနေသည့်အရသာမကြိုက်လျင် ဝေဟင်စားနေသည့်ခွက်ထဲမှ နှိုက်နှိုက်စားတတ်သည်။ ဝေဟင်ကမသိချင်ယောင်ဆောင်ပေးလှိုက်သည်။တစ်ခါတစ်ေလ သူ့ကိုပေးမခပ်ပဲ ရေခဲမုန့်ခွက်ကို လျောက်ရွေ့နေရင် မျက်နှာစပ်ဖြီးဖြီးနဲ့

 

"လုပ်ပါဝေဟင်ရာ ငါ့ရေခဲမုန့်က ဒီနေ့စားလို့မကောင်းဘူး။ အဲ့ဒါနင့်ကြောင့်.... နင့်ကိုလွမ်းရလွန်းလို့ စားမကောင်းတော့တာ " အဲ့သည်လို ဘာမှမဆီမဆိုင်ပေါတောတော စကားတွေပြောတတ်သေးသည်။

 

ပုံမှန်လျောက်လျင် ၁၀မိနှစ်တောင်မကြာသော တက္ကသိုလ်ရိပ်သာလမ်း ခရီးကို သူတို့နှစ်ယောက် နာရီဝက်လောက်ကြာအောင်လျောက်ကြသည်။ စလိုက်၊ ငြင်းခုန်လိုက်၊ စိတ်ဆိုးလိုက်၊ ချော့လိုက်၊ ငိုလိုက်၊ အော်ရယ်လိုက်၊ စသည်ခံစားချက္မျိုးစုံဖြင့် ခြေလျင်ခရီးကို သူတို့နှစ်ယောက်လုံးသဘောကျကြသည်။

"အော်...ပန်းခင်းထဲက ပိတုန်းနှစ်ကောင်လိုပါပဲလား..."

 

ဒီလိုနဲ့ August ကိုရောက်လာပါ၏။

Jelly Milk Teaတစ်ခွက်၊ Lemon Passionတစ်ခွက်၊ အာလူးချောင်းကြော်တစ်ပွဲ၊ spicy အနက်ရောင်တစ်ပွဲက ပုံမှန်။

21:06

ပြီးတော့ လူလည်မလေးကလျာက ဇယားပါသော "ticket " တစ်ခုသိမ်းထားသေး၏။ တစ်ခါလာသောက်ရင် တစ်ခါစည်းထုပေး၍ တစ်ကဒ်စာပြည့်လျင် Milk teaတစ်ခွက်ရသည်။

 

"ဒီကတ်တွေပြည့်ရင် ကလျာက နင်မဟုတ်တဲ့ တခြားကောင်လေးတွေနဲ့ လာသောက္မှာရှင်ရေ.."

ဒါက သူအနိုင်ယူဗိုလ်ကျပြောနေကျစကားများ။ ဒါပေမဲ့ ဝေဟင်တစ်ယောက် ဒီလိုပေါတောတောလေးကိုပင် အသဲတယားယားဖြင့် ချစ်နေရ၏။

 

ထုံးစံအတိုင်း နှစ်ယောက်လုံး အပေါ်ထပ်ကိုတက္မည်။ ထောင့်ကျသော စားပွဲတစ်လုံးမှာထိုင်ကြသည်။ ဂိမ်းဆော့ကြသည်။ ဝတ္ထုတွေအကြောင်းငြင်းခုန်ကြသည်။ သူမကြည့်မရသော လူများအကြောင်းကို တိတ်တိတ်ကလေး အတင်းတုတ်တတ်သေးသည်။

 

"လူဆိုတာ ဦးနှောက်သုံးတိုင်းမကောင်းဘူး ဝေဟင်ရ "

စပါပြီ။ ဒဿနိကဆရာမကြီး၏ အဆိုမိန့်များ။

 

" ဝေဟင် နင်ကြည့်လေသူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ဝတ္ထုမှာ မောင်ရော ခိုင်ရောက ဦးနှောက်သုံးကြလို့ဟ။ သူတို့နှစ်ယောက်လုံး အပြန်အလှန်ချစ်နေရက်သားနဲ့ ငြိမ်းမောင်အတွက် နှစ်ယောက်လုံး သူတို့ကိုသူတို့ ညာနေကြတယ်။ ကိုငြိမ်းမောင်ဆိုတဲ့ သူငယ်ချင်းသံေယာဇဥ်ကိုေထာက်ပြီး နှလုံးသားခံစားချက်ကို မောင်နဲ့ခိုင်တို့နှစ်ယောက်ရဲ့ ချစ်သူစုံတွဲနှလုံးသားနဲ့ စတေးခဲ့ကြတယ်။ နှလုံးသားစတေးတယ်ဆိုပေမဲ့ ဦးနှောက်ကို ဦးစားပေးလိုက်တာပဲဝေဟင်ရ။ နောက်တော့ဘာဖြစ်လဲ ခိုင်က သူ့ရောဂါဟောင်းပြန်ထပြီးသေရော။ မောင်လည်း သူရွေးချယ်ခဲ့တဲ့ လှိုင်နဲ့ ဝေးပြီး မိအေးနှစ်ခါနာ ခံစားရရော..

 

အဲ့ကြောင့် နင်လည်းမှတ်ထား နှလုံးသားသာ အဆုံးဖြတ်မှန်ရင် ငါတို့မှာ အမှားနည်းလိမ့်မယ်။ မှားခဲ့ရင်လည်း နောင်တနည်းလိမ့်မယ်ဟာ..."

 

ဤကဲ့သို့ မည်သည့်အရာမဆို ပေါ့ပေါ့လေးသာတွေးတတ်သော ကလျာသာပင်ဖြစ်သည်။ နှလုံးသားဋီကာ သာမက သူအတွေးများကို ဝေဟင့်ကိုတိုင်ပင်တတ်သည်။ ဝေဟင့်အတွေးများကိုလည်း သူထောက်ပြပေးတတ်သေး၏။

အကြံလည်ပေးတတ်သေး၏။

 

၆နာရီပိတ်သော ဧကရီဆောင်၏ စည်းကမ်းကိုလိုက်နာရန် သူမနဲ့ ဝေဟင်နှစ်ယောက် သထုံလမ်းကို :၄၅ လောက် အရောက်သွားကြရပါ၏။

တွေ့ဆုံချိန်တွေ မဝနိုင်သေးပါ။ အချိန်ရသမျှကိုနောက်ဆုံး အချိန်ထိ ဆွဲစမြဲ။ အမြဲတမ်း :၅၉မှ သူမ အဆောင်ထဲကို ဝင်တတ်ပါသည်။

 

 

"အော်.. ဝေဟင်ရယ် ငါလေ နင်နဲ့ ကောင်မလေးမဖြစ်ချင်တော့ဘူး"

ထုံးစံအတိုင်းပေါတောတောလေးတွေလုပ်လာပြန်ပါ၏။

 

".. ဘာလို့လဲ ကလျာရ"

ထုံးစံအတိုင်းဝေဟင်တစ်ယောက် ကြောင်တောင်တောင်ဖြင့်။

 

" ငါေလ အချိန်နတ်သားရဲ့ကောင်မလေးပဲဖြစ်ချင်တော့တယ်။

 

ဒါဆိုရင် သူက အချိန်တွေကိုလိုသလိုညှိပေးလိမ့်မယ်ဟာ

 

တွေ့ချိန်တဲ့အချိန်ကို ‌‌ေတွ့မယ်၊ မပြန်ချင်ရင်သေးလဲအချိန်တွေဆွဲထားမယ်၊ ပြီးတော့ ငါတို့ရဲ့ပျော်စရာကောင်းတဲ့ မိသားစုဆိုတဲ့အချိန်ကို မြန်မြန်သွားလို့ရမယ် ဟိဟိ "

သူဘာသာသူပြောပြီး သူဘာသာသူ သဘောကျတတ်သော ကလျာပင်။ ဝေဟင်ကတော့ ပေါချာချာကောင်မလေးကို ထုံးစံအတိုင်းပြုံး၍သာ ကြည့်နိုင်တော့သည်။

 

"ငါဝင်တော့မယ်နော် ဝေဟင် "

 

နာရီကြည့်လိုက်တော့ :၅၉။

 

"ဟုတ်ပြီ ကလျာလေး ငါဒီကနေကြည့်နေမယ်သေချာဝင် "

 

"ဟုတ်ကဲ့ပါရှင့်။ ငါပြန်လှည့်ကြည့်တဲ့အချိန် နင်ငါ့ကိုမကြည့်နေရင် နင်နဲ့ငါပြတ်ပြီနော်ဟွန့် .."

မျက်နှာကလေးမဲ့ပြပြီး လုပ်နေကျအမူကျင့်အတိုင်း နှဖူးလေးရှေ့တိုးပေး၏။

 

ဝေဟင် ခေါင်းလေးကိုပွတ်ပြီး ငုံ့နမ်းကာ

 "သွားတော့ အရူးမ ထမင်းချိန်မမှီပဲနေမယ် "

 

သူမ လှစ်ကနဲပြေးဝင်သွားတော့၏။

လမ်းတစ်လျောက်လုံး လှည့်တကြည့်ကြည့်ဖြင့် ဝေဟင့်ကိုစနေသေး၏။

 

ဝေဟင် ပီတိပြုံးလေးပြုံး၍ စိတ်ထဲမှရေရွတ်မိ၏။

အော်..ကလျာ..ကလျာ...

 

*********

 

" ကလျာ.....ကလျာ.....  မသွားနဲ့ဦး... နေဦး ကလျာ ..."

မောင်မြတ်သာ အလန့်တအားအော်လိုက္မိ၏။

 

ဘေးပတ်ပတ်လည်ကိုကြည့်တော့ နံရံလေးဘက်အပြည့်ကာထားသည်။ လက္မှာလည်းဆေးထိုးပိုက်နဲ့ ဆေးဘူးကြီးတစ်လုံးသွင်းထား၏။

 

" အော် ငါ့သားနှိုးပြီလား... ငါ့သားအဖျားတွေတက်ပြီး သတိရတစ်ချက္မရတစ်ချက္ဖြစ်နေတာလေ မှတ်မိလား။ အဲ့တာေကြာင့် သားကို ဆေးရုံခေါ်ခဲ့တာ။

အဆင်ပြေရဲ့လားရေသောက်္မလား.."

 

အမေ ပေးသည့်ရေခွက်ကို လှမ်းယူရင်းမောင်မြတ်သာ ပါးစပ်မှလွှတ်ခနဲ မေးမိ၏။

 

" ကလျာရောအမေ "

 

"ဘယ်ကကလျာလည်း အမေဖြင့်မသိပါဘူး သားကဖြင့်ကယောင်ကတန်းတွေချည်းပဲ။

 

အဲ့တာကြောင့်ပြောတာပေါ့ ဝတ္ထုတွေ အရမ်းမဖတ်နဲ့လို့။ အဲ့တာတွေ စိတ်စွဲပြီး အခုအိပ်မက္ မက္နေတာပေါ့ "

 

မောင်မြတ်သာ ဘာမှဆက်မပြောမိပါ။

 

" သားပြန်အိပ်လိုက်ဦး။ ခုမှညကြီးရှိသေးတာ။ အမေလည်းခုအိပ်တော့မလို့လုပ်တုန်း သားနိုးလာတာ။ ဘုရားစာလေးဆိုပြီးအိပ်လိုက်သား။ "

 

"ဟုတ်ကဲ့မေမေ။"

 

မောင်မြတ်သာ ပြန်လှဲချ၍ မျက်လုံးမိတ် အိပ်ချင်စိတ်ကို ဖိအားပေးကြည့်ပါသည်။ သို့ပေမဲ့ အိပ်၍ မပျော်တော့ပါ။

 

အတွေးထဲမှာတော့ ....

"အော်.... အဲ့ဒီစုံတွဲ၊ အဲ့ဒီ လမ်းတစ်လျောက်.... အဲ့လို ချစ်ခဲ့ကြပြီး...အဲ့လိုဝေးခဲ့ကြပါလား...."

 

ပြီးးးးး။

 




Zawgyi


ဇူလိုင္လမိုးက ထီးေဆာင္းထားေသာ သူကိုပါ ရြဲရြဲစိုေအာင္ ရြာအားေကာင္းေသာ မိုးေပတည္း။ ဘတ္(စ္)ကား အဆင္းတက္၊ မိုးပက္ေသာ ကားမွတ္တိုင္မ်ား၊ လမ္းေလ်ာက္သြားလ်င္ေတြ႕ရတတ္ေသာ ေရအိုင္ႀကီးမ်ား စသည္တို႔သည္ မိုးရာသီ၏ စိတ္ဒုကၡအေပးနိုင္ဆုံး လကၡကာမ်ားသာျဖစ္သည္။


 


သို႔ေပသည့္ တစ္ခ်ိဳ႕လူမ်ားအဖို႔ သို႔မဟုတ္ ခ်စ္ၾကသူမ်ားအဖို႔ အတြက္က်ေတာ့ သည္မိုးရာသီပင္လ်င္ လွပစြာေသာ၊ စိတ္ကူးယဥ္ဆန္လွေသာ အခိုက္အတန႔္ အဖိုးတန္ရာသီဥတု တစ္ခုျဖစ္ေလေတာ့သည္။


 


ဤမိုးရာသီ၌ပင္ သူႏွင့္


" ကလ်ာ "ေတြ႕ဆုံခဲ့သည္။


 


*********


 


နာရီကို ၾကည့္လိုက္ေတာ့ ၃နာရီခြဲၿပီ။ ဘတ္(စ္)ကားေပၚက ဆင္းကတည္းက မိုးတိတ္သြားသည္ဆိုေတာ့ ေဝဟင္တစ္ေယာက္စိတ္ခ်မ္းသာရသည္။


 


" ေဝဟင္စိုးမိုး "


သူကား Private IT တကၠသိုလ္တစ္ခုရဲ့ ေက်ာင္းသားတစ္ေယာက္။ တစ္ပတ္မွာ သုံးရက္ေလာက္ေတာ့ ပုံမွန္ဤေနရာသို႔ေရာက္လာျဖစ္သည္။


 


ပုံမွန္ေရာက္ရျခင္းကား သူ၏ႏွလုံးသားျဖင့္ အဆုံးမရွိခ်စ္လွစြာေသာ ခ်စ္သူဆီ ေက်ာင္းႀကိဳအခစားဝင္ျခင္းျဖစ္သည္။


" နိုင္ငံျခား ဘာသာတကၠသိုလ္ "


 


ေက်ာင္းေပါက္ဝကို လည္ပင္းေမၽွာ္ၾကည့္ေတာ့ ေခါက္ထီးကေလးကို မဖြင့္ပဲ ေခါင္းေပၚကို လက္တစ္ဖက္ျဖင့္တင္၍ ေနာက္လက္တစ္ဖက္က ထမီေလးကိုမကာ ဖိုင္တြဲတစ္ခုအား လေကၼာင္းၾကားတြင္ ညႇပ္၍ေက်ာင္းအေပါက္ဝဆီေလ်ာက္လာေသာ


"ကလ်ာ့" ကိုေတြ႕ရသည္။


 


သူ၏ ခ်စ္လွစြာေသာ "ကလ်ာ" ဆိုေသာသူမကား " ဘုန္းကလ်ာလွိုင္" ျဖစ္သည္။ YUFL၏ တ႐ုတ္ေမဂ်ာတြင္ ပညာသင္ေနေသာ ရွမ္းတိုင္းရင္းသူေလးျဖစ္သည္။ သူသိပ္ခ်စ္ရေသာကလ်ာသည္ သူသိပ္ခ်စ္ေသာ ကေလာၿမိဳ႕ေလးကလာသည့္ မိန္းကေလး....။


 


" ဟိတ္ "


"အေမ့..! လန႔္လိုက္တာရွင္ "


ေရခဲမုန႔္ကား အေနာက္ကေခ်ာင္း၍ စလိုက္ေသာေၾကာင့္ သူမလန႔္သြား‌သည္။


 


" နင္ေတာ္ေတာ္ဆိုးတာပဲ အလားကားသူမ်ားကိုလန႔္ေအာင္လုပ္တယ္ "


 


မ်က္ႏွာကေလးအိုကာ ရန္ေတြ႕ေနေသာ ကလ်ာ့ကို ေဝဟင္တစ္ေယာက္ အသည္းတယားယားျဖင့္ ျပဳံး၍သာၾကည့္ေနရ၏။


 


"ဒီေန႔ ဘာစားမွာလဲ..?"


ကားေပၚတြင္ ကပ္ထားေသာ ဘုတ္ျပားေပၚမွ ေရခဲမုန႔္အရသာမ်ားကိုၾကည့္၍ ေဝဟင္ေမးလိုက္ျခင္းျဖစ္သည္။


 


"ကလ်ာက ဒီေန႔မိုးနည္းနည္းစဲေနေတာ့ blueberryစားမယ္။ ေဝဟင္ကေရာ ထုံးစံအတိုင္း သီးစုံပဲလား.."


 


" ကိုယ္က ကလ်ာလို အေျပာင္းအလဲမမ်ားဘူးေလကြာ "


ကလ်ာ အခ်စ္မ်က္ေစာင္းေလးမ်ားကို ေဝဟင္တစ္ေယာက္အလူးအလဲခံလိုက္ရ၏


 


"ဦးေလး blueberry နဲ႔ သီးစုံ " ကလ်ာက ေရခဲမုန႔္ေရာင္းေသာ ဦးေလးႀကီးအား လွမ္းမွာလိုက္သည္။


 


သူတို႔ႏွစ္ေယာက္ အႀကိဳက္တူၾကသည္။ စရိုက္တူၾကသည္။ တစ္ေယာက္က အဆန္းထြင္၍ လုပ္လၽွင္ ေနာက္တစ္ေယာက္က မစဥ္းစားဘဲ ေနာက္ကလိုက္လုပ္သည္။ ဒီလိုနဲ႔ ဒုကၡေရာက္ရင္ေတာ့ ေလာကႀကီးကိုႏွစ္ေယာက္ေပါင္း၍ ဟားတိုက္လိုက္ၾကသည္။


 


ခုလည္း သူတို႔ႏွစ္ေယာက္ မိုးရာသီ၏ မိုးရြာေသာေန‌့ေတြမွာ ေရခဲမုန႔္တူတူစားၾက၏။ ထီးကိုယ္စီရွိၾကေသာ္လည္း မိုးေရအစိုခံၿပီးေတာ့ ထီးတစ္လက္ကို သိမ္းကာ ထီးတစ္ေခ်ာင္းထဲႏွစ္ေယာက္အတူေဆာင္းၾက၏။


 


 


" ရၿပီ... Augustကိုခ်ီတက္စို႔ "


ကလ်ာကဆရာမႀကီးစတိုင္အျပည့္ႏွင့္ အမိန႔္ေပးလိုက္ေတာ့ ေဝဟင္တစ္ေယာက္ ေရခဲမုန႔္ခြက္ကိုယူ ပိုက္ဆံရွင္းၿပီးထြက္လိုက္လာသည္။ ေရခဲမုန႔္ကားဆီက‌ထြက္ေတာ့ မိုးေလးတစ္ဖြဲဖြဲက်လာျပန္၏။


 


သို႔ေသာ္လည္းမမႈတတ္ပါ။ ေရခဲမုန႔္ကိုစား၊ ထီးတစ္ေခ်ာင္းႏွစ္ေယာက္‌ေဆာင္း၊ တကၠသိုလ္ရိပ္သာလမ္းတစ္ေလ်ာက္လုံး ဒႆနိကေတြျငင္းခုန္ရင္း လွည္းတန္းက Augustအထိ လမ္းေလ်ာက္သြားၾကသည္။


 


တစ္ခါတစ္ေလ ကလ်ာက အနိုင္က်င့္တတ္ေသးသည္။‌ေရခဲမုန္႔ အရသာတစ္မ်ိဳးၿပီးတစ္မ်ိဳးေျပာင္းစားတတ္ေသာကလ်ာက သူစားေနသည့္အရသာမႀကိဳက္လ်င္ ေဝဟင္စားေနသည့္ခြက္ထဲမွ ႏွိုက္ႏွိုက္စားတတ္သည္။ ေဝဟင္ကမသိခ်င္ေယာင္ေဆာင္ေပးလွိုက္သည္။တစ္ခါတစ္‌ေလ သူ႔ကိုေပးမခပ္ပဲ ေရခဲမုန႔္ခြက္ကို ေလ်ာက္ေရြ႕ေနရင္ မ်က္ႏွာစပ္ၿဖီးၿဖီးနဲ႔


 


"လုပ္ပါေဝဟင္ရာ ငါ့ေရခဲမုန႔္က ဒီေန႔စားလို႔မေကာင္းဘူး။ အဲ့ဒါနင့္ေၾကာင့္.... နင့္ကိုလြမ္းရလြန္းလို႔ စားမေကာင္းေတာ့တာ " အဲ့သည္လို ဘာမွမဆီမဆိုင္ေပါေတာေတာ စကားေတြေျပာတတ္ေသးသည္။


 


ပုံမွန္ေလ်ာက္လ်င္ ၁၀မိႏွစ္ေတာင္မၾကာေသာ တကၠသိုလ္ရိပ္သာလမ္း ခရီးကို သူတို႔ႏွစ္ေယာက္ နာရီဝက္ေလာက္ၾကာေအာင္‌ေလ်ာက္ၾကသည္။ စလိုက္၊ ျငင္းခုန္လိုက္၊ စိတ္ဆိုးလိုက္၊ ေခ်ာ့လိုက္၊ ငိုလိုက္၊ ေအာ္ရယ္လိုက္၊ စသည္ခံစားခ်ကၼ်ိဳးစုံျဖင့္ ေျခလ်င္ခရီးကို သူတို႔ႏွစ္ေယာက္လုံးသေဘာက်ၾကသည္။



"ေအာ္...ပန္းခင္းထဲက ပိတုန္းႏွစ္ေကာင္လိုပါပဲလား..."


 


ဒီလိုနဲ႔ August ကိုေရာက္လာပါ၏။


Jelly Milk Teaတစ္ခြက္၊ Lemon Passionတစ္ခြက္၊ အာလူးေခ်ာင္းေၾကာ္တစ္ပြဲ၊ spicy အနက္ေရာင္တစ္ပြဲက ပုံမွန္။


21:06


ၿပီးေတာ့ လူလည္မေလးကလ်ာက ဇယားပါေသာ "ticket " တစ္ခုသိမ္းထားေသး၏။ တစ္ခါလာေသာက္ရင္ တစ္ခါစည္းထုေပး၍ တစ္ကဒ္စာျပည့္လ်င္ Milk teaတစ္ခြက္ရသည္။


 


"ဒီကတ္ေတြျပည့္ရင္ ကလ်ာက နင္မဟုတ္တဲ့ တျခားေကာင္ေလးေတြနဲ႔ လာေသာကၼွာရွင္ေရ.."


ဒါက သူအနိုင္ယူဗိုလ္က်ေျပာေနက်စကားမ်ား။ ဒါေပမဲ့ ေဝဟင္တစ္ေယာက္ ဒီလိုေပါေတာေတာေလးကိုပင္ အသဲတယားယားျဖင့္ ခ်စ္ေနရ၏။


 


ထုံးစံအတိုင္း ႏွစ္ေယာက္လုံး အေပၚထပ္ကိုတကၼည္။ ေထာင့္က်ေသာ စားပြဲတစ္လုံးမွာထိုင္ၾကသည္။ ဂိမ္းေဆာ့ၾကသည္။ ဝတၳဳေတြအေၾကာင္းျငင္းခုန္ၾကသည္။ သူမၾကည့္မရေသာ လူမ်ားအေၾကာင္းကို တိတ္တိတ္ကေလး အတင္းတုတ္တတ္ေသးသည္။


 


"လူဆိုတာ ဦးေႏွာက္သုံးတိုင္းမေကာင္းဘူး ေဝဟင္ရ "


စပါၿပီ။ ဒႆနိကဆရာမႀကီး၏ အဆိုမိန႔္မ်ား။


 


" ေဝဟင္ နင္ၾကည့္ေလ “သူငယ္ခ်င္းလို႔ပဲ ဆက္၍ေခၚမည္ခိုင္” ဝတၳဳမွာ ေမာင္ေရာ ခိုင္ေရာက ဦးေႏွာက္သုံးၾကလို႔ဟ။ သူတို႔န‌ွစ္ေယာက္လုံး အျပန္အလွန္ခ်စ္ေနရက္သားနဲ႔ ၿငိမ္းေမာင္အတြက္ ႏွစ္ေယာက္လုံး သူတို႔ကိုသူတို႔ ညာေနၾကတယ္။ ကိုၿငိမ္းေမာင္ဆိုတဲ့ သူငယ္ခ်င္းသံ‌ေယာဇဥ္ကို‌ေထာက္ၿပီး ႏွလုံးသားခံစားခ်က္ကို ေမာင္နဲ႔ခိုင္တို႔ႏွစ္ေယာက္ရဲ့ ခ်စ္သူစုံတြဲႏွလုံးသားနဲ႔ စေတးခဲ့ၾကတယ္။ ႏွလုံးသားစေတးတယ္ဆိုေပမဲ့ ဦးေႏွာက္ကို ဦးစားေပးလိုက္တာပဲေဝဟင္ရ။ ေနာက္ေတာ့ဘာျဖစ္လဲ ခိုင္က သူ႔ေရာဂါေဟာင္းျပန္ထၿပီ‌းေသေရာ။ ေမာင္လည္း သူေရြးခ်ယ္ခဲ့တဲ့ လွိုင္နဲ႔ ေဝးၿပီး မိေအးႏွစ္ခါနာ ခံစားရေရာ..


 


အဲ့ေၾကာင့္ နင္လည္းမွတ္ထား ႏွလုံးသားသာ အဆုံးျဖတ္မွန္ရင္ ငါတို႔မွာ အမွားနည္းလိမ့္မယ္။ မွားခဲ့ရင္လည္း ေနာင္တနည္းလိမ့္မယ္ဟာ..."


 


ဤကဲ့သို႔ မည္သည့္အရာမဆို ေပါ့ေပါ့ေလးသာေတြးတတ္ေသာ ကလ်ာသာပင္ျဖစ္သည္။ ႏွလုံးသားဋီကာ သာမက သူအေတြးမ်ားကို ေဝဟင့္ကိုတိုင္ပင္တတ္သည္။ ေဝဟင့္အေတြးမ်ားကိုလည္း သူေထာက္ျပေပးတတ္ေသး၏။


အႀကံလည္ေပးတတ္ေသး၏။


 


၆နာရီပိတ္ေသာ ဧကရီေဆာင္၏ စည္းကမ္းကိုလိုက္နာရန္ သူမနဲ႔ ေဝဟင္ႏွစ္ေယာက္ သထုံလမ္းကို ၅:၄၅ ေလာက္ အေရာက္သြားၾကရပါ၏။


ေတြ႕ဆုံခ်ိန္ေတြ မဝနိုင္ေသးပါ။ အခ်ိန္ရသမၽွကိုေနာက္ဆုံး အခ်ိန္ထိ ဆြဲစျမဲ။ အျမဲတမ္း ၅:၅၉မွ သူမ အေဆာင္ထဲကို ဝင္တတ္ပါသည္။


 


 


"ေအာ္.. ေဝဟင္ရယ္ ငါေလ နင္နဲ႔ ေကာင္မေလးမျဖစ္ခ်င္ေတာ့ဘူး"


ထုံးစံအတိုင္းေပါေတာေတာေလးေတြလုပ္လာျပန္ပါ၏။


 


"ဟ.. ဘာလို႔လဲ ကလ်ာရ"


ထုံးစံအတိုင္းေဝဟင္တစ္ေယာက္ ေၾကာင္ေတာင္ေတာင္ျဖင့္။


 


" ငါ‌ေလ အခ်ိန္နတ္သားရဲ့ေကာင္မေလးပဲျဖစ္ခ်င္ေတာ့တယ္။


 


ဒါဆိုရင္ သူက အခ်ိန္ေတြကိုလိုသလိုညႇိေပးလိမ့္မယ္ဟာ


 


ေတြ႕ခ်ိန္တဲ့အခ်ိန္ကို ‌‌ေတြ႕မယ္၊ မျပန္ခ်င္ရင္ေသးလဲအခ်ိန္ေတြဆြဲထားမယ္၊ ၿပီးေတာ့ ငါတို႔ရဲ့ေပ်ာ္စရာေကာင္းတဲ့ မိသားစုဆိုတဲ့အခ်ိန္ကို ျမန္ျမန္သြားလို႔ရမယ္ ဟိဟိ "


သူဘာသာသူေျပာၿပီး သူဘာသာသူ သေဘာက်တတ္ေသာ ကလ်ာပင္။ ေဝဟင္ကေတာ့ ေပါခ်ာခ်ာေကာင္မေလးကို ထုံးစံအတိုင္းျပဳံး၍သာ ၾကည့္နိုင္ေတာ့သည္။


 


"ငါဝင္ေတာ့မယ္ေနာ္ ေဝဟင္ "


 


နာရီၾကည့္လိုက္ေတာ့ ၅:၅၉။


 


"ဟုတ္ၿပီ ကလ်ာေလး ငါဒီကေနၾကည့္ေနမယ္ေသခ်ာဝင္ "


 


"ဟုတ္ကဲ့ပါရွင့္။ ငါျပန္လွည့္ၾကည့္တဲ့အခ်ိန္ နင္ငါ့ကိုမၾကည့္ေနရင္ နင္နဲ႔ငါျပတ္ၿပီေနာ္ဟြန႔္ .."


မ်က္ႏွာကေလးမဲ့ျပၿပီး လုပ္ေနက်အမူက်င့္အတိုင္း ႏွဖူးေလးေရွ႕တိုးေပး၏။


 


ေဝဟင္ ေခါင္းေလးကိုပြတ္ၿပီး ငုံ႔နမ္းကာ


 "သြားေတာ့ အ႐ူးမ ထမင္းခ်ိန္မမွီပဲေနမယ္ "


 


သူမ လွစ္ကနဲေျပးဝင္သြားေတာ့၏။


လမ္းတစ္ေလ်ာက္လုံး လွည့္တၾကည့္ၾကည့္ျဖင့္ ေဝဟင့္ကိုစေနေသး၏။


 


ေဝဟင္ ပီတိျပဳံးေလးျပဳံး၍ စိတ္ထဲမွေရရြတ္မိ၏။


ေအာ္..ကလ်ာ..ကလ်ာ...


 


*********


 


" ကလ်ာ.....ကလ်ာ.....  မသြားနဲ႔ဦး... ေနဦး ကလ်ာ ..."


ေမာင္ျမတ္သာ အလန႔္တအားေအာ္လိုကၼိ၏။


 


ေဘးပတ္ပတ္လည္ကိုၾကည့္ေတာ့ နံရံေလးဘက္အျပည့္ကာထားသည္။ လကၼွာလည္း ‌ေဆးထိုးပိုက္နဲ႔ ေဆးဘူးႀကီးတစ္လုံးသြင္းထား၏။


 


" ေအာ္ ငါ့သားႏွိုးၿပီလား... ငါ့သားအဖ်ားေတြတက္ၿပီး သတိရတစ္ခ်ကၼရတစ္ခ်ၾကၹစ္ေနတာေလ မွတ္မိလား။ အဲ့တာ‌ေၾကာင့္ သားကို ေဆး႐ုံေခၚခဲ့တာ။


အဆင္ေျပရဲ့လားေရေသာက္ၼလား.."


 


အေမ ေပးသည့္ေရခြက္ကို လွမ္းယူရင္းေမာင္ျမတ္သာ ပါးစပ္မွလႊတ္ခနဲ ေမးမိ၏။


 


" ကလ်ာေရာအေမ "


 


"ဘယ္ကကလ်ာလည္း အေမျဖင့္မသိပါဘူး သားကျဖင့္ကေယာင္ကတန္းေတြခ်ည္းပဲ။


 


အဲ့တာေၾကာင့္ေျပာတာေပါ့ ဝတၳဳေတြ အရမ္းမဖတ္နဲ႔လို႔။ အဲ့တာေတြ စိတ္စြဲၿပီး အခုအိပ္မက္ မေကၷတာေပါ့ "


 


ေမာင္ျမတ္သာ ဘာမွဆက္မေျပာမိပါ။


 


" သားျပန္အိပ္လိုက္ဦး။ ခုမွညႀကီးရွိေသးတာ။ အေမလည္းခုအိပ္ေတာ့မလို႔လုပ္တုန္း သားနိုးလာတာ။ ဘုရားစာေလးဆိုၿပီးအိပ္လိုက္သား။ "


 


"ဟုတ္ကဲ့ေမေမ။"


 


ေမာင္ျမတ္သာ ျပန္လွဲခ်၍ မ်က္လုံးမိတ္ အိပ္ခ်င္စိတ္ကို ဖိအားေပးၾကည့္ပါသည္။ သို႔ေပမဲ့ အိပ္၍ မေပ်ာ္ေတာ့ပါ။


 


အေတြးထဲမွာေတာ့ ....


"ေအာ္.... အဲ့ဒီစုံတြဲ၊ အဲ့ဒီ လမ္းတစ္ေလ်ာက္....၊ အဲ့လို ခ်စ္ခဲ့ၾကၿပီး...အဲ့လိုေဝးခဲ့ၾကပါလား...."


 


ၿပီးးးးး။


 

Comments

Post a Comment