ယွန်း

Unicode 


          ၅ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၂။

         ကျွန်တော် ဒီမြို့လေးကို မလာချင်ပါ။ ဘွားဘွားပြောပုံအရဆို ဒီမှာက လက်နက်ကြီးသံဆိုတာ ကြာရလွန်းလို့ ရိုးတောင်နေပြီတဲ့။ ရွာတွေဆို မီးရှို့ခံရလွန်းလို့ ကုန်သလောက်တောင် ဖြစ်နေပြီဆိုပဲ။ အင်တာနက်ကလည်း ဖြတ်ခံထားရသေး။ဒါနဲ့များ ဘွားရယ် အေးရာအေးကြောင်း မန္တလေး လာနေပါလားဆိုတော့ သူ့အိမ်ကြီးကို ပစ်မထားခဲ့ချင်ဘူးတဲ့လေ။ ရဲရင့်ရယ်...သားကိုယ်တိုင်သာ စည်းရုံးရေး လာဆင်းပါတော့လို့ ကြီးကြီးက အခေါ်လွှတ်လိုက်တော့ မလာချင်လာချင်နဲ့ပဲ ခင်ဦးကို ရောက်လာရပါတော့သည်။

ရောက်ရောက်ချင်း ဘွားဘွားကဘေးအိမ်ကို ထမင်းသွားစားစို့ဆိုလို့ မရောင်မလည် လိုက်လာရပါသည်။

သူတို့အိမ်က ဥပုသ်နေ့ဆို ကုသိုလ်ပြုနေကျလေ။ ငါ့မြေးလာမှာကို သိလို့ အလည်ခေါ်ခဲ့ပါတဲ့

ဘေးအိမ်ကို ရောက်တော့ အိမ်ရှင်အဒေါ်ကြီးနှင့် ဘွားတို့အရွယ် အမယ်အို ၃ယောက် စကားစမြည် ပြောနေကြသည်။ ကျွန်တော့ကို တွေ့တော့ အားလုံးက ကြိုဆိုနှုတ်ဆက်ကြသည်။

မွန်းတည့်ခါနီးပြီ ဆိုတော့ ကျွန်မ ထမင်းပွဲ ပြင်လိုက်တော့မယ်နော်ဒေါ်စန္ဒာက ပြောပြောဆိုဆို မီးဖိုချောင်ထဲ ဝင်သွားသည်။ ခဏနေတော့ မိန်းက‌‌လေး တစ်ယောက် ဟင်းခွက်များ လာချသည်။ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားပြီး မျက်မှန်အဝိုင်းတပ်ထားသော ထိုမိန်းကလေးကို ကျွန်တော် ရင်းနှီးနေသည်။

ယွန်းကျွန်တော် ချက်ချင်းမှတ်မိပြီး ခေါ်လိုက်တော့ သူတစ်ချက်‌ မော့ကြည့်သည်။ ကျောင်းပိတ်ကတည်းက ဖြစ်သလိုနေနေတာ ကြာပြီဆိုတော့ ကျွန်တော့်ကို မှတ်မိဟန်မတူ။ တစ်အောင့်လောက် တွေနေပြီးမှ တစ်ချက်ပြုံးလိုက်ပြီး

ရဲရင့်...နင်က ဒီကို ဘယ်လိုရောက်နေတာလဲ

ဘွားခေါ်လို့ လိုက်လာတာ။ ဒါနင့်အိမ်လား

ဟင့်အင်း။ အဒေါ့်အိမ်လေ။ ခဏလာနေတာ

ယွန်းနဲ့ သိနေတာလား။ ဘယ်မှာတွေ့ကြတာလဲဒေါ်စန္ဒာက ထမင်းပွဲလာချရင်း ဝင်မေးသည်။

သမီးနဲ့ ဆေးကျောင်းမှာ တစ်နှစ်ထဲပဲလေ

ဟုတ်လား။ ဒါဆို သားလည်း ပညာရေး တစ်ဝက်တစ်ပျက်ပေါ့။ အခုဘာတွေလုပ်နေတုန်း

စီနီယာတစ်ယောက် အကူအညီနဲ့ ဆေးခန်းတစ်ခုမှာ ဝင်လုပ်ဖြစ်နေပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့

အကျိုးရှိတာလေး လုပ်နေရတော့ တော်သေးတာပေါ့။ တို့ယွန်းကတော့ ယောင်လည်လည်နဲ့ ဘာလုပ်နေမှန်းကို မသိပါဘူး အဒေါ်ဖြစ်သူ၏ မှတ်ချက်ကို ယွန်းက ဘာမှ ဝင်မပြောဘဲ ပြုံး၍သာ နားထောင်နေသည်။ထမင်းစားသောက်ပြီး ပြန်မည်လုပ်တော့ ယွန်း လာနှုတ်ဆက်သည်။

တစ်ခါတစ်ခါ ဒီဘက်ကို လာလည်လေဝတ္တရားအရ ပြောနေရသော်လည်း ယွန်းပုံစံက လှိုက်လှိုက်လှဲလှဲ မရှိလှပါ။ ကျွန်တော်ကတော့ ဖော်ရွေစွာ ပြုံးပြနှုတ်ဆက်ခဲ့သည်။

         တကယ်တမ်ူ ယွန်းကို ဆေးကျောင်းမှာ တစ်ဖွဲ့တည်း သင်ခဲ့ရလို့သာ သိနေခြင်းဖြစ်သည်။ လူတိုင်းနှင့် ရင်းနှီးအောင် ပေါင်းတတ်သော ကျွန်တော်သည် ယွန်းနှင့် မရင်းနှီးခဲ့ပါ။ မှတ်မိသလောက် ယွန်းကို စာသင်ခန်းနှင့် ကန်တင်းမှလွဲ၍ တစ်ခြားတွင် မဆုံဖူး။ အုပ်စုလိုက် ခရီးထွက်လျင်လည်း ယွန်းမပါဝင်ပါ။ တစ်ခါတလေ ကျောင်းနားက စားသောက်ဆိုင်တွင် တစ်ယောက်တည်းစားနေသည်ကို တွေ့ဖူးသည်။ ထို့ကြောင့်လည်း အပေါင်းအသင်းမက်သော ကျွန်တော်က တစ်ယောက်တည်း နေတတ်သော ယွန်းကို နားမလည်ခဲ့။

ညက ဘွားပြောပြလို့ယွန်းအကြောင်း ထပ်ကြားရသည်။

အိမ်နဲ့ စကားများပြီး ဆင်းလာတာထင်တယ်။ သူ့အဒေါ်က ဒီအိမ်လာပြီး ကောင်မလေးအမေနဲ့ ဖုန်းပြောတတ်တယ်လေ။ သူကြည့်ပြောပါမယ်ချည်း ပြောနေတာပဲ။ ဘာအကြောင်းမှန်းတော့ ဘွားလည်း မသိဘူး ကြားရတာနည်းနည်းတော့ ထူးဆန်းသည်။ ယွန်းလို အိမ်မပိုင်တဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးတစ်ယောက်က အိမ်နဲ့ ပြဿနာဖြစ်တယ်တဲ့။တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပါလားလို့ မှတ်ချက်ပြုမိသည်။

             နောက်ရက်မနက် အိမ်ရှေ့လှေကားရင်းမှာ ကော်ဖီထိုင်သောက်နေသော ယွန်းကို တွေ့သည်။ ကော်ဖီသောက်ရင်း တစ်ခုခုတွေးနေဟန်ရှိသော်လည်း ယွန်းမျက်လုံးများ၏ အဓိပ္ပာယ်ကို ကျွန်တော် မခန့်မှန်းတတ်။ ကျွန်တော်ကြည့်နေသည်ကို တွေ့သွားတော့ ‌”ကော်ဖီသောက်ဦးမလားမေးသည်။ ကျွန်တော်ငြင်းသော်လည်းဒါဆို မုန့်လာစားလို့ ထပ်ခေါ်တော့ ဆက်မငြင်းသာဘဲ သူ့အိမ်ဘက် ကူးခဲ့သည်။

သူ့အိမ်ရောက်တော့ ယွန်းက ရှိသမျှမုန့်တွေ တစ်ခုပြီးတစ်ခု ချကျွေးသည်။ ပြီးတော့ လက်ပ်တော့ ဖွင့်ပြီးဇာတ်ကား ကြည့်ရအောင်။ ဘာကားကြည့်ချင်လဲဟု စကားစလာသည်။

အသစ်တွေတော့ မရှိဘူးပေါ့။ လိုင်းမရတော့လေ

ရပါတယ်။ နင်ကြည့်ချင်တာ ကြည့်ပါ။ မငိုရပြီးရော

ဒါဆို Running Manကြည့်မလား။ ငါက Variety Showစွဲနေတာလေ။ တစ်နေ့တစ်နေ့ ရယ်စရာ မကြည့်ရရင်မနေနိုင်ဘူးပြောပြောဆိုဆို Running Manအပိုင်းဟောင်း တစ်ပိုင်းကို ဖွင့်လိုက်သည်။ ယွန်းဟာ ရသစုံရှိုးများကို တကယ်ပင် စွဲလမ်းနေပုံရသည်။ Running Manကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောနေသည်မှာ ယွန်းမှ ဟုတ်ရဲ့လားဟု ကြည့်ယူရသည်။ မပြန်ခင် ကျွန်တော့်မှာရှိသော ရုပ်ရှင်ကားတွေအကြောင်း ပြောပြပြီး နောက်ရက်တွေမှာ ဘွားတို့အိမ်မှာ အတူကြည့်ကြဖို့ ဖိတ်ခဲ့သည်။

ဒီလိုနဲ့ ယွန်းနဲ့ ကျွန်တော်ဟာ ရုပ်ရှင်ကြည့်ဖော်တွေ ဖြစ်ခဲ့ကြသည်။ ရုပ်ရှင်ကြည့်ရင်း တစ်ယောက်အမြင် တစ်ယောက် ပြောဖြစ်ကြတော့ ယွန်းနဲ့ ပိုရင်းနှီးလာသလို ခံစားရသည်။ သို့တိုင်အောင် အချင်းချင်း ဖုန်းနံပါတ်ပေးသည့် အဆင့်သို့ မရောက်ခဲ့ကြပါ။

            ဒီလိုနဲ့ တစ်ရက်မှာတော့ ယွန်းကို သူ့အိမ်အကြောင်း မေးဖြစ်အောင် မေးလိုက်သည်။

နင်ငါ့ကို ဘယ်လိုမြင်လဲ ရဲရင့်။ ပျော်နေတဲ့လူလို့ မြင်လား။ စိတ်ညစ်နေတဲ့လူလို့ မြင်လား

စိတ်ညစ်နေတဲ့လူကျွန်တော်သိသည်။ ယွန်းဟာ ဘယ်တုန်းကမှ ပျော်ရွှင်မနေခဲ့။ သူမဟာ ပျော်ရွှင်ခြင်း အဓိပ္ပာယ်ကို ရသစံရှိုးတွေမှာပဲ ရှာတွေ့ခဲ့သူ။

ဒါပေမယ့် ငါနားမလည်ဘူး။ နင်ဘာကို စိတ်ညစ်နေလဲဆိုတာ။ နိုင်ငံရေး အခြေအနေကြောင့်လား။ ဒါဆိုရင်တော့ ငါတို့ အားလုံး အတူတူပဲလေဟာ

ဟုတ်တယ်။ ငါတို့အားလုံး တော်လှန်ရေး လုပ်နေကြတာ အတူတူလွတ်မြောက်ကြဖို့ မလား။ ဒါပေမယ့် ငါ့မှာ လွတ်မြောက်ချင်တဲ့ အရာတစ်ခု ထပ်ရှိသေးတယ်။ အဲ့ဒါအိမ်ပဲ။ ငါအိမ်ကနေ လွတ်မြောက်ချင်တယ်။ ခဏလေးပဲ ဖြစ်ဖြစ် ငါ့ဘဝကို ငါ့ဆုံးဖြတ်ချက်နဲ့ငါ အသက်ရှင်ကြည့်ချင်တယ်။ မလွယ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ငါ တစ်ခါလောက်ပဲ အချုပ်အနှောင်ကင်းကင်း နေဖူးချင်တယ်ယွန်းက စကားကို အလေးအနက်ထားပြီး ပြောနေသည်။

အဲ့ဒါကြောင့် နင်အိမ်က ထွက်လာတာပေါ့လေ။ အခုရော နင်ပျော်နေလို့လား

မဟုတ်ဘူး ရဲရင့်။ ငါအခု မိဘတွေ စိတ်ချတဲ့နေရာကို ရောက်နေတာလေ။ ပြောရရင် လှောင်အိမ်ထဲက ထွက်ပြီး သူတို့ အနီးမှာပဲ ပျံပြနေသလိုပေါ့။ ငါကိုယ်တိုင် အဝေးကို မပျံရဲသေးတာလည်း ပါတာပေါ့။ ငါထွက်သွားရင် ငါ့အမေငိုမယ်လေ။ ငါသူ့ကိုလည်း စိတ်မဆင်းရဲစေချင်ပါဘူး။ ငါလိုချင်တာ ငါ့ကို စိတ်ကြိုက် ပျံသန်းခွင့်ပေးဖို့ပဲ။ ငါ့ကို လက်လွတ်လိုက်ဖို့ မဟုတ်ဘူး

ကောင်းကောင်းနေ၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားရတာကို ပျော်ရွှင်မှုလို့ သတ်မှတ်ရင်တော့ ငါ့ဘဝက အဆိုးကြီး မဟုတ်ပါဘူး။ ငါ့အတွက်တော့ ဒီလို မဟုတ်ဘူး။ ငါ့မှာ လုပ်ချင်တာတွေ ရှိသေးတယ်။ စိတ်ကူးအိပ်မက်တွေ ရှိသေးတယ်။ ကိုယ့်အိပ်မက်ကိုယ်တောင် မက်ခွင့်မရှိတဲ့ နေရာမှာ ငါမနေချင်‌တော့ဘူး

ကျွန်တော်ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။ ယွန်း ဘာလုပ်ချင်တယ် ဆိုတာနဲ့ ယွန်းရဲ့ အနာဂတ် အစီအစဉ်‌တွေကို သိချင်ပေမယ့် ကျွန်တော် မမေးဖြစ်ခဲ့ပါ။

            ထိုနေ့က နောက်ဆုံး စကားပြောပြီး ယွန်း ကျွန်တော့ဆီ မလာတော့ပါ။ ကော်ဖီထိုင်သောက်နေကျ နေရာလေးကို သတိရတိုင်း လှမ်းကြည့်မိပေမယ့် ယွန်းကို မတွေ့ပါ။ တမင်ရမယ်ရှာပြီး သွားတွေ့တာတောင် ယွန်းဟာ သူ့အခန်းထဲမှာပဲ နေနေလေရဲ့။ ၃ရက်လောက်ကြာတော့ တိုက်ပွဲသံတွေလည်း ဆက်တိုက် ကြားနေရတာနဲ့ ဘွားဘွားကို အတင်းခေါ်ပြီး မန္တလေးပြန်ခဲ့သည်။ ထို့နောက်မှာ ယွန်းအကြောင်း တစ်စွန်းတစ်စမျှပင် မကြားတော့ပါ။

ဘွားဘွားက ခင်ဦးသတင်းကြားတိုင်း ဒေါ်စန္ဒာဆီကို သတိတရ ဖုန်းဆက်တတ်သည်။ ယွန်းအကြောင်းကို ဘွားဘွားကတစ်ဆင့် မေးချင်ပေမယ့် အခြေအနေ မဟန်သောကြောင့် နှုတ်ဆိတ်နေရသည်။ တစ်ရက်မှာတော့ ဘွားဘွားက ဖုန်းပြောရင်း ယွန်းရော အိမ်မှာပဲလားမေးသံကြားတော့ ကျွန်တော် ရင်တလှပ်လှပ်ဖြင့် နားစွင့်မိသည်။ ယွန်းထွက်သွားပြီတဲ့။ ဘယ်ကိုမှန်းမသိ ဘယ်သူ့ကိုမှ မပြောဘဲ တစ်ယောက်တည်း ထွက်သွားပြီတဲ့။ ပြီးတော့ သူ့မိဘတွေက သူ့ကို အမွေပြတ် စွန့်လွှတ်လိုက်ပြီတဲ့လေ။

             ၁၀ရက်၊ မေလ၊ ၂၀၂၂။

             ထုံးစံအတိုင်း ညနေခင်း လမ်းလျှောက်ထွက်လာခဲ့သည်။ ဒလန်မရှိတဲ့ ရပ်ကွက်မို့ မတော်အသင့် အေးချမ်းသည်။ စားသောက်ဆိုင်တစ်ဆိုင်ရှေ့ အရောက်မှာ ခါတိုင်းနဲ့မတူ လူကျနေလို့ အကဲခတ်မိသည်။ ဆိုင်အပြင်အဆင်တစ်ချို ပြောင်းလဲထားပြီး ဆိုင်ရှေ့မှာ ကျောက်သင်ပုန်းတစ်ခု ချထားသည်။ အေပရွန်ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်က ကျော်သင်းပုန်းပေါ်မှာ ယနေ့အတွက် အထူးဟင်းလျာ ဆိုပြီး မီနူးတစ်ချို့ကို ရေးနေသည်။ ပြီးတော့ စိတ်ကျေနပ်ဟန်ဖြင့် ပြုံးပြီး ဆိုင်ထဲပြန်အဝင်မှာ တွေ့လိုက်ရသည့် မျက်နှာက

           ယွန်း

ဟုတ်ပါသည်။ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားပြီး မျက်မှန်အဝိုင်းတပ်ထားသည့် ယွန်း ကျွန်တော် အကျယ်ကြီး အော်ခေါ်မိသည်။ သူမက နဖူးကြောများကို ကြုံ့ကာ အာရုံစိုက်ပြီး လှမ်းကြည့်သည်။ ပြီးနောက် သူမနှုတ်ခမ်းထက်မှာ ပွင့်အာသွားသည့် အပြုံး။ ယွန်းဆီမှာ တစ်ခါမှ မမြင်ဖူးသည့် အလန်းဆန်းဆုံး အပြုံးတစ်ပွင့်ကို ကျွန်တော် ငေးမောနေမိပါတော့သည်။

စက်ဝိုင်း

           

 

 Zawgyi


          ၅ရက္၊ ေဖေဖာ္ဝါရီလ၊ ၂၀၂၂။


         ကြၽန္ေတာ္ ဒီၿမိဳ႕ေလးကို မလာခ်င္ပါ။ ဘြားဘြားေျပာပုံအရဆို ဒီမွာက လက္နက္ႀကီးသံဆိုတာ ၾကာရလြန္းလို႔ ႐ိုးေတာင္ေနၿပီတဲ့။ ႐ြာေတြဆို မီးရႈိ႕ခံရလြန္းလို႔ ကုန္သေလာက္ေတာင္ ျဖစ္ေနၿပီဆိုပဲ။ အင္တာနက္ကလည္း ျဖတ္ခံထားရေသး။ “ဒါနဲ႔မ်ား ဘြားရယ္ ေအးရာေအးေၾကာင္း မႏၲေလး လာေနပါလား” ဆိုေတာ့ သူ႔အိမ္ႀကီးကို ပစ္မထားခဲ့ခ်င္ဘူးတဲ့ေလ။ “ရဲရင့္ရယ္...သားကိုယ္တိုင္သာ စည္း႐ုံးေရး လာဆင္းပါေတာ့”လို႔ ႀကီးႀကီးက အေခၚလႊတ္လိုက္ေတာ့ မလာခ်င္လာခ်င္နဲ႔ပဲ ခင္ဦးကို ေရာက္လာရပါေတာ့သည္။


ေရာက္ေရာက္ခ်င္း ဘြားဘြားက “ေဘးအိမ္ကို ထမင္းသြားစားစို႔” ဆိုလို႔ မေရာင္မလည္ လိုက္လာရပါသည္။


“သူတို႔အိမ္က ဥပုသ္ေန႔ဆို ကုသိုလ္ျပဳေနက်ေလ။ ငါ့ေျမးလာမွာကို သိလို႔ အလည္ေခၚခဲ့ပါတဲ့”


ေဘးအိမ္ကို ေရာက္ေတာ့ အိမ္ရွင္အေဒၚႀကီးႏွင့္ ဘြားတို႔အ႐ြယ္ အမယ္အို ၃ေယာက္ စကားစျမည္ ေျပာေနၾကသည္။ ကြၽန္ေတာ့ကို ေတြ႕ေတာ့ အားလုံးက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။


“မြန္းတည့္ခါနီးၿပီ ဆိုေတာ့ ကြၽန္မ ထမင္းပြဲ ျပင္လိုက္ေတာ့မယ္ေနာ္” ေဒၚစႏၵာက ေျပာေျပာဆိုဆို မီးဖိုေခ်ာင္ထဲ ဝင္သြားသည္။ ခဏေနေတာ့ မိန္းက‌‌ေလး တစ္ေယာက္ ဟင္းခြက္မ်ား လာခ်သည္။ ဆံပင္ရွည္ကို က်စ္ဆံၿမီးက်စ္ထားၿပီး မ်က္မွန္အဝိုင္းတပ္ထားေသာ ထိုမိန္းကေလးကို ကြၽန္ေတာ္ ရင္းႏွီးေနသည္။


“ယြန္း” ကြၽန္ေတာ္ ခ်က္ခ်င္းမွတ္မိၿပီး ေခၚလိုက္ေတာ့ သူတစ္ခ်က္‌ ေမာ့ၾကည့္သည္။ ေက်ာင္းပိတ္ကတည္းက ျဖစ္သလိုေနေနတာ ၾကာၿပီဆိုေတာ့ ကြၽန္ေတာ့္ကို မွတ္မိဟန္မတူ။ တစ္ေအာင့္ေလာက္ ေတြေနၿပီးမွ တစ္ခ်က္ၿပဳံးလိုက္ၿပီး


“ရဲရင့္...နင္က ဒီကို ဘယ္လိုေရာက္ေနတာလဲ”


“ဘြားေခၚလို႔ လိုက္လာတာ။ ဒါနင့္အိမ္လား”


“ဟင့္အင္း။ အေဒါ့္အိမ္ေလ။ ခဏလာေနတာ”


“ယြန္းနဲ႔ သိေနတာလား။ ဘယ္မွာေတြ႕ၾကတာလဲ” ေဒၚစႏၵာက ထမင္းပြဲလာခ်ရင္း ဝင္ေမးသည္။


“သမီးနဲ႔ ေဆးေက်ာင္းမွာ တစ္ႏွစ္ထဲပဲေလ”


“ဟုတ္လား။ ဒါဆို သားလည္း ပညာေရး တစ္ဝက္တစ္ပ်က္ေပါ့။ အခုဘာေတြလုပ္ေနတုန္း”


“စီနီယာတစ္ေယာက္ အကူအညီနဲ႔ ေဆးခန္းတစ္ခုမွာ ဝင္လုပ္ျဖစ္ေနပါတယ္။ အၿမဲတမ္းေတာ့ မဟုတ္ဘူးေပါ့”


“အက်ိဳးရွိတာေလး လုပ္ေနရေတာ့ ေတာ္ေသးတာေပါ့။ တို႔ယြန္းကေတာ့ ေယာင္လည္လည္နဲ႔ ဘာလုပ္ေနမွန္းကို မသိပါဘူး” အေဒၚျဖစ္သူ၏ မွတ္ခ်က္ကို ယြန္းက ဘာမွ ဝင္မေျပာဘဲ ၿပဳံး၍သာ နားေထာင္ေနသည္။ထမင္းစားေသာက္ၿပီး ျပန္မည္လုပ္ေတာ့ ယြန္း လာႏႈတ္ဆက္သည္။


“တစ္ခါတစ္ခါ ဒီဘက္ကို လာလည္ေလ” ဝတၱရားအရ ေျပာေနရေသာ္လည္း ယြန္းပုံစံက လႈိက္လႈိက္လွဲလွဲ မရွိလွပါ။ ကြၽန္ေတာ္ကေတာ့ ေဖာ္ေ႐ြစြာ ၿပဳံးျပႏႈတ္ဆက္ခဲ့သည္။


         တကယ္တမ္ူ ယြန္းကို ေဆးေက်ာင္းမွာ တစ္ဖြဲ႕တည္း သင္ခဲ့ရလို႔သာ သိေနျခင္းျဖစ္သည္။ လူတိုင္းႏွင့္ ရင္းႏွီးေအာင္ ေပါင္းတတ္ေသာ ကြၽန္ေတာ္သည္ ယြန္းႏွင့္ မရင္းႏွီးခဲ့ပါ။ မွတ္မိသေလာက္ ယြန္းကို စာသင္ခန္းႏွင့္ ကန္တင္းမွလြဲ၍ တစ္ျခားတြင္ မဆုံဖူး။ အုပ္စုလိုက္ ခရီးထြက္လ်င္လည္း ယြန္းမပါဝင္ပါ။ တစ္ခါတေလ ေက်ာင္းနားက စားေသာက္ဆိုင္တြင္ တစ္ေယာက္တည္းစားေနသည္ကို ေတြ႕ဖူးသည္။ ထို႔ေၾကာင့္လည္း အေပါင္းအသင္းမက္ေသာ ကြၽန္ေတာ္က တစ္ေယာက္တည္း ေနတတ္ေသာ ယြန္းကို နားမလည္ခဲ့။


ညက ဘြားေျပာျပလို႔ယြန္းအေၾကာင္း ထပ္ၾကားရသည္။


“အိမ္နဲ႔ စကားမ်ားၿပီး ဆင္းလာတာထင္တယ္။ သူ႔အေဒၚက ဒီအိမ္လာၿပီး ေကာင္မေလးအေမနဲ႔ ဖုန္းေျပာတတ္တယ္ေလ။ သူၾကည့္ေျပာပါမယ္ခ်ည္း ေျပာေနတာပဲ။ ဘာအေၾကာင္းမွန္းေတာ့ ဘြားလည္း မသိဘူး” ၾကားရတာနည္းနည္းေတာ့ ထူးဆန္းသည္။ ယြန္းလို အိမ္မပိုင္တဲ့ ဗိုင္းေကာင္းေက်ာက္ဖိ မိန္းကေလးတစ္ေယာက္က အိမ္နဲ႔ ျပႆနာျဖစ္တယ္တဲ့။ “ေတာ္ေတာ္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ မိန္းကေလးပါလား”လို႔ မွတ္ခ်က္ျပဳမိသည္။


             ေနာက္ရက္မနက္ အိမ္ေရွ႕ေလွကားရင္းမွာ ေကာ္ဖီထိုင္ေသာက္ေနေသာ ယြန္းကို ေတြ႕သည္။ ေကာ္ဖီေသာက္ရင္း တစ္ခုခုေတြးေနဟန္ရွိေသာ္လည္း ယြန္းမ်က္လုံးမ်ား၏ အဓိပၸာယ္ကို ကြၽန္ေတာ္ မခန႔္မွန္းတတ္။ ကြၽန္ေတာ္ၾကည့္ေနသည္ကို ေတြ႕သြားေတာ့ ‌”ေကာ္ဖီေသာက္ဦးမလား” ေမးသည္။ ကြၽန္ေတာ္ျငင္းေသာ္လည္း “ဒါဆို မုန႔္လာစား” လို႔ ထပ္ေခၚေတာ့ ဆက္မျငင္းသာဘဲ သူ႔အိမ္ဘက္ ကူးခဲ့သည္။


သူ႔အိမ္ေရာက္ေတာ့ ယြန္းက ရွိသမွ်မုန႔္ေတြ တစ္ခုၿပီးတစ္ခု ခ်ေကြၽးသည္။ ၿပီးေတာ့ လက္ပ္ေတာ့ ဖြင့္ၿပီး “ဇာတ္ကား ၾကည့္ရေအာင္။ ဘာကားၾကည့္ခ်င္လဲ”ဟု စကားစလာသည္။


“အသစ္ေတြေတာ့ မရွိဘူးေပါ့။ လိုင္းမရေတာ့ေလ”


“ရပါတယ္။ နင္ၾကည့္ခ်င္တာ ၾကည့္ပါ။ မငိုရၿပီးေရာ”


“ဒါဆို Running Manၾကည့္မလား။ ငါက Variety Showစြဲေနတာေလ။ တစ္ေန႔တစ္ေန႔ ရယ္စရာ မၾကည့္ရရင္မေနႏိုင္ဘူး” ေျပာေျပာဆိုဆို Running Manအပိုင္းေဟာင္း တစ္ပိုင္းကို ဖြင့္လိုက္သည္။ ယြန္းဟာ ရသစုံရႈိးမ်ားကို တကယ္ပင္ စြဲလမ္းေနပုံရသည္။ Running Manၾကည့္ရင္း ဟက္ဟက္ပက္ပက္ ရယ္ေမာေနသည္မွာ ယြန္းမွ ဟုတ္ရဲ႕လားဟု ၾကည့္ယူရသည္။ မျပန္ခင္ ကြၽန္ေတာ့္မွာရွိေသာ ႐ုပ္ရွင္ကားေတြအေၾကာင္း ေျပာျပၿပီး ေနာက္ရက္ေတြမွာ ဘြားတို႔အိမ္မွာ အတူၾကည့္ၾကဖို႔ ဖိတ္ခဲ့သည္။


ဒီလိုနဲ႔ ယြန္းနဲ႔ ကြၽန္ေတာ္ဟာ ႐ုပ္ရွင္ၾကည့္ေဖာ္ေတြ ျဖစ္ခဲ့ၾကသည္။ ႐ုပ္ရွင္ၾကည့္ရင္း တစ္ေယာက္အျမင္ တစ္ေယာက္ ေျပာျဖစ္ၾကေတာ့ ယြန္းနဲ႔ ပိုရင္းႏွီးလာသလို ခံစားရသည္။ သို႔တိုင္ေအာင္ အခ်င္းခ်င္း ဖုန္းနံပါတ္ေပးသည့္ အဆင့္သို႔ မေရာက္ခဲ့ၾကပါ။


            ဒီလိုနဲ႔ တစ္ရက္မွာေတာ့ ယြန္းကို သူ႔အိမ္အေၾကာင္း ေမးျဖစ္ေအာင္ ေမးလိုက္သည္။


“နင္ငါ့ကို ဘယ္လိုျမင္လဲ ရဲရင့္။ ေပ်ာ္ေနတဲ့လူလို႔ ျမင္လား။ စိတ္ညစ္ေနတဲ့လူလို႔ ျမင္လား”


“စိတ္ညစ္ေနတဲ့လူ” ကြၽန္ေတာ္သိသည္။ ယြန္းဟာ ဘယ္တုန္းကမွ ေပ်ာ္႐ႊင္မေနခဲ့။ သူမဟာ ေပ်ာ္႐ႊင္ျခင္း အဓိပၸာယ္ကို ရသစံရႈိးေတြမွာပဲ ရွာေတြ႕ခဲ့သူ။


“ဒါေပမယ့္ ငါနားမလည္ဘူး။ နင္ဘာကို စိတ္ညစ္ေနလဲဆိုတာ။ ႏိုင္ငံေရး အေျခအေနေၾကာင့္လား။ ဒါဆိုရင္ေတာ့ ငါတို႔ အားလုံး အတူတူပဲေလဟာ”


“ဟုတ္တယ္။ ငါတို႔အားလုံး ေတာ္လွန္ေရး လုပ္ေနၾကတာ အတူတူလြတ္ေျမာက္ၾကဖို႔ မလား။ ဒါေပမယ့္ ငါ့မွာ လြတ္ေျမာက္ခ်င္တဲ့ အရာတစ္ခု ထပ္ရွိေသးတယ္။ အဲ့ဒါအိမ္ပဲ။ ငါအိမ္ကေန လြတ္ေျမာက္ခ်င္တယ္။ ခဏေလးပဲ ျဖစ္ျဖစ္ ငါ့ဘဝကို ငါ့ဆုံးျဖတ္ခ်က္နဲ႔ငါ အသက္ရွင္ၾကည့္ခ်င္တယ္။ မလြယ္ဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္ ငါ တစ္ခါေလာက္ပဲ အခ်ဳပ္အေႏွာင္ကင္းကင္း ေနဖူးခ်င္တယ္” ယြန္းက စကားကို အေလးအနက္ထားၿပီး ေျပာေနသည္။


“အဲ့ဒါေၾကာင့္ နင္အိမ္က ထြက္လာတာ‌ေပါ့ေလ။ အခုေရာ နင္ေပ်ာ္ေနလို႔လား”


“မဟုတ္ဘူး ရဲရင့္။ ငါအခု မိဘေတြ စိတ္ခ်တဲ့ေနရာကို ေရာက္ေနတာေလ။ ေျပာရရင္ ေလွာင္အိမ္ထဲက ထြက္ၿပီး သူတို႔ အနီးမွာပဲ ပ်ံျပေနသလိုေပါ့။ ငါကိုယ္တိုင္ အေဝးကို မပ်ံရဲေသးတာလည္း ပါတာေပါ့။ ငါထြက္သြားရင္ ငါ့အေမငိုမယ္ေလ။ ငါသူ႔ကိုလည္း စိတ္မဆင္းရဲေစခ်င္ပါဘူး။ ငါလိုခ်င္တာ ငါ့ကို စိတ္ႀကိဳက္ ပ်ံသန္းခြင့္ေပးဖို႔ပဲ။ ငါ့ကို လက္လြတ္လိုက္ဖို႔ မဟုတ္ဘူး”


“ေကာင္းေကာင္းေန၊ ေကာင္းေကာင္းအိပ္၊ ေကာင္းေကာင္းစားရတာကို ေပ်ာ္႐ႊင္မႈလို႔ သတ္မွတ္ရင္ေတာ့ ငါ့ဘဝက အဆိုးႀကီး မဟုတ္ပါဘူး။ ငါ့အတြက္ေတာ့ ဒီလို မဟုတ္ဘူး။ ငါ့မွာ လုပ္ခ်င္တာေတြ ရွိေသးတယ္။ စိတ္ကူးအိပ္မက္ေတြ ရွိေသးတယ္။ ကိုယ့္အိပ္မက္ကိုယ္ေတာင္ မက္ခြင့္မရွိတဲ့ ေနရာမွာ ငါမေနခ်င္‌ေတာ့ဘူး”


ကြၽန္ေတာ္ဘာမွ ျပန္မေျပာႏိုင္ခဲ့ပါ။ ယြန္း ဘာလုပ္ခ်င္တယ္ ဆိုတာနဲ႔ ယြန္းရဲ႕ အနာဂတ္ အစီအစဥ္‌ေတြကို သိခ်င္ေပမယ့္ ကြၽန္ေတာ္ မေမးျဖစ္ခဲ့ပါ။


            ထိုေန႔က ေနာက္ဆုံး စကားေျပာၿပီး ယြန္း ကြၽန္ေတာ့ဆီ မလာေတာ့ပါ။ ေကာ္ဖီထိုင္ေသာက္ေနက် ေနရာေလးကို သတိရတိုင္း လွမ္းၾကည့္မိေပမယ့္ ယြန္းကို မေတြ႕ပါ။ တမင္ရမယ္ရွာၿပီး သြားေတြ႕တာေတာင္ ယြန္းဟာ သူ႔အခန္းထဲမွာပဲ ေနေနေလရဲ႕။ ၃ရက္ေလာက္ၾကာေတာ့ တိုက္ပြဲသံေတြလည္း ဆက္တိုက္ ၾကားေနရတာနဲ႔ ဘြားဘြားကို အတင္းေခၚၿပီး မႏၲေလးျပန္ခဲ့သည္။ ထို႔ေနာက္မွာ ယြန္းအေၾကာင္း တစ္စြန္းတစ္စမွ်ပင္ မၾကားေတာ့ပါ။


ဘြားဘြားက ခင္ဦးသတင္းၾကားတိုင္း ေဒၚစႏၵာဆီကို သတိတရ ဖုန္းဆက္တတ္သည္။ ယြန္းအေၾကာင္းကို ဘြားဘြားကတစ္ဆင့္ ေမးခ်င္ေပမယ့္ အေျခအေန မဟန္ေသာေၾကာင့္ ႏႈတ္ဆိတ္ေနရသည္။ တစ္ရက္မွာေတာ့ ဘြားဘြားက ဖုန္းေျပာရင္း “ယြန္းေရာ အိမ္မွာပဲလား” ေမးသံၾကားေတာ့ ကြၽန္ေတာ္ ရင္တလွပ္လွပ္ျဖင့္ နားစြင့္မိသည္။ ယြန္းထြက္သြားၿပီတဲ့။ ဘယ္ကိုမွန္းမသိ ဘယ္သူ႔ကိုမွ မေျပာဘဲ တစ္ေယာက္တည္း ထြက္သြားၿပီတဲ့။ ၿပီးေတာ့ သူ႔မိဘေတြက သူ႔ကို အေမြျပတ္ စြန႔္လႊတ္လိုက္ၿပီတဲ့ေလ။


             ၁၀ရက္၊ ေမလ၊ ၂၀၂၂။


             ထုံးစံအတိုင္း ညေနခင္း လမ္းေလွ်ာက္ထြက္လာခဲ့သည္။ ဒလန္မရွိတဲ့ ရပ္ကြက္မို႔ မေတာ္အသင့္ ေအးခ်မ္းသည္။ စားေသာက္ဆိုင္တစ္ဆိုင္ေရွ႕ အေရာက္မွာ ခါတိုင္းနဲ႔မတူ လူက်ေနလို႔ အကဲခတ္မိသည္။ ဆိုင္အျပင္အဆင္တစ္ခ်ိဳ ေျပာင္းလဲထားၿပီး ဆိုင္ေရွ႕မွာ ေက်ာက္သင္ပုန္းတစ္ခု ခ်ထားသည္။ ေအပ႐ြန္ဝတ္ထားသည့္ အမ်ိဳးသမီးတစ္ေယာက္က ေက်ာ္သင္းပုန္းေပၚမွာ “ယေန႔အတြက္ အထူးဟင္းလ်ာ” ဆိုၿပီး မီႏူးတစ္ခ်ိဳ႕ကို ေရးေနသည္။ ၿပီးေတာ့ စိတ္ေက်နပ္ဟန္ျဖင့္ ၿပဳံးၿပီး ဆိုင္ထဲျပန္အဝင္မွာ ေတြ႕လိုက္ရသည့္ မ်က္ႏွာက


           “ယြန္း”


ဟုတ္ပါသည္။ ဆံပင္ရွည္ကို က်စ္ဆံၿမီးက်စ္ထားၿပီး မ်က္မွန္အဝိုင္းတပ္ထားသည့္ “ယြန္း”။ ကြၽန္ေတာ္ အက်ယ္ႀကီး ေအာ္ေခၚမိသည္။ သူမက နဖူးေၾကာမ်ားကို ႀကဳံ႕ကာ အာ႐ုံစိုက္ၿပီး လွမ္းၾကည့္သည္။ ၿပီးေနာက္ သူမႏႈတ္ခမ္းထက္မွာ ပြင့္အာသြားသည့္ အၿပဳံး။ ယြန္းဆီမွာ တစ္ခါမွ မျမင္ဖူးသည့္ အလန္းဆန္းဆုံး အၿပဳံးတစ္ပြင့္ကို ကြၽန္ေတာ္ ေငးေမာေနမိပါေတာ့သည္။


စက္ဝိုင္း

Comments

Post a Comment