ဆည်းဆာ
ဆည်းဆာ မောင်တို့ကလေးယူရအောင်နော်"
"ကလေးကဒီမှာလေ ဟန်နီရဲ့"
ထိုအမျိုးသမီးဟာ လက်ထဲကကြောင်နက်လေးကိုပွေ့ချီပြီးပြလိုက်သည် ။
"မဟုတ်ဘူးလေ ဆည်းဆာရယ် မောင်ပြောတာကလူကလေးလေးကိုပြောတာ"
"ဒို့မှကလေးမလိုချင်တာကွယ် ဟန်နီဒို့ကိုသိပ်ဖိအားပေးတာဘဲ"
မျက်မှုန်လေးကျုံ့ပြီးစကားပြောလာရင်
ထိုအမျိုးသမီးတစ်ခုခုကိုမကျေမနပ်ဖြစ်နေပြီဆိုတာသိနိုင်ပါသည် ။
"ဒါပေမဲ့ဆည်းဆာရယ်..."
"ဟန်နီဒို့ကိုစိတ်ရှုပ်အောင်သိပ်မလုပ်ပါနဲ့လား"
ထိုအမျိုးသမီးဟာ မျက်စိရှေ့ကနေထွက်ခွာသွားတော့သည် ။ခဏကြာတော့ ဝရံတာမှာစီးကရက်မီးညှိရင်းဆေးလိပ်သောက်နေပြန်သည်။ ယောထဘီခဲရောင်အဆင်နဲ့ ခပ်ပွပွချည်သားအင်္ကျီကိုဝတ်ဆင်ထားပြီး ဆံနွယ်တွေဖရိုမရဲဖြစ်နေတဲ့ထိုအမျိုးသမီးဟာသိပ်လှသည် ။
"ဆည်းဆာ မောင်တောင်းပန်ပါတယ်"
"တောင်းပန်စကားလိုချင်တယ်ထင်တာလားဟန်နီ
ဒို့ဘာလိုချင်လဲဆိုတာခုထိမသိသေးဘူးလားကွယ်"
ထိုအမျိုးသမီးဟာ ခေါင်းကိုခပ်ဖွဖွပုတ်ပေးရင်းပြုံးသည် ။
"ဟန်နီ ဒို့ကအမှားလုပ်ပြီးတောင်းပန်တာကြိုက်တဲ့မိန်းမ မဟုတ်ဘူး အမှားမလုပ်မိအောင်နေတာကိုကြိုက်တဲ့မိန်းမမျိုးဘဲ ဟန်နီဒို့ကိုကလေးယူဖို့ပြောတာ၃ခါရှိသွားပြီ ဒို့မကြိုက်တာသိသိရက်နဲ့လေ "
ထိုအမျိုးသမီးဟာအမိန့်ပေးတာတွေကိုမုန်းသည် ။လောဘကြီးတာကိုမုန်းသည် ။ ပြီးတော့ယောကျ်ားတစ်ယောက်လက်အောက်ခစားရတာကိုလည်းမုန်းသည်။
_________________________
သီခွန်ချိုဆိုတဲ့ယောကျ်ားဟာ ဆည်းဆာနီသိပ်သဘောကျတဲ့အမျိုးသား ။ဆည်းဆာနီထက်၅နှစ်ငယ်တဲ့အမျိုးသား ။
ဆည်းဆာနီရဲ့လင်ယောကျ်ား ။တစ်နည်းအားဖြင့်ဆည်းဆာနီပိုင်ဆိုင်တဲ့သကြားလုံးလေးပေါ့ ။
"ဆည်းဆာ မောင်ဒီည...."
"အပြင်မှာသောက်ကြမလို့လားဟန်နီ
ပိုက်ဆံလိုရင်ဒို့ ဗီရိုထဲကယူသွားနော်"
"ဆည်းဆာ မောင့်ကိုတခါမှမတားဖူးဘူးနော်"
"ဘာကိုလဲဟန်နီ ဒို့ကဘာကိုတားရမှာလဲ"
ဆည်းဆာနီဟာစာအုပ်ဖတ်နေရင် သီခွန်ချိုရဲ့မျက်နှာကိုတစ်ချက်မော့မကြည့်ဘဲ စကားသာဆက်တိုက်ပြောနေသည် ။
"ဆည်းဆာ မောင့်ကိုချစ်ရောချစ်ရဲ့လား"
ဆည်းဆာနီဟာလက်ထဲက စာအုပ်ကိုပိတ်လိုက်ပြီးသီခွန်ချို မျက်နှာကိုကြည့်လာသည် ။
ပြီးတော့ခပ်ဖွဖွရယ်သည် ။သီခွန်ချိုရဲ့အနီးနားကိုရောက်လာပြီးလက်သွယ်သွယ်လေးတွေနဲ့ မျက်နှာလေးကိုမထိတထိကိုင်သည် ။
"ဟန်နီရယ် ဘာတွေလျှောက်တွေးနေတာလဲကွယ်
ဒို့က ဟန်နီကိုချစ်လို့လုပ်ချင်တာလုပ်ခွင့်ပေးတာတာလေ"
"ဆည်းဆာ မောင့်ကိုတကယ်မချစ်ပါဘူး ချစ်တယ်လို့ မခံစားရဘူး"
"အိုကွယ် ဘယ့်နှယ်မဟုတ်မမှန်တွေပြောနေရတာလဲ"
နှုတ်ခမ်းနုနုက သီခွန်ချိုပါးပေါ် အနမ်းလေးစွန့်ကျဲသည် ။ထိုအနမ်းနဲ့တင် သီခွန်ချိုစိတ်ကို ဂျွမ်းထိုးမောက်ခုံဖြစ်စေပါသည် ။
"ဆည်းဆာကွာ မောင့်ကိုရူးအောင်လုပ်နေတာ"
______________________________
ဆည်းဆာနီဟာဆူးတွေပြည့်နေတဲ့နှင်းဆီရဲရဲနဲ့တူသည် ။သူ့အလှနဲ့အနီးနားရောက်အောင်ဖြားယောင်းသည် ။သူ့အနီးရောက်ပြန်တော့လည်းဆူး ဆူးရသည်။
ဆည်းဆာနီကို မကြာမခဏ ယောကျ်ားတွေနဲ့ပူးပူးကပ်ကပ်နေတာတွေ့ရသည် ။မကြာခဏလဲ ယောကျ်ားတွေနဲ့ကောလဟာလထွက်သည် ။
ပြီးတော့မကြာခဏလဲ အိမ်ပြန်နောက်ကျတတ်သည် ။
"ဆည်းဆာ ဘယ်ချိန်ရှိနေပြီလဲ"
အိမ်တံခါးဝကနေ ဆည်းဆာနီကိုမကျေနပ်တဲ့ဆူပူသံတွေနဲ့ စီးကြိုနေသည့်ယောကျ်ား ။
ဆည်းဆာနီရဲ့ ခန္ဓာကိုယ်ဟာ ယမကာအရှိန်ရဲ့ ယိမ်းယိုင်နေပြီး စကားသံတွေဟာလဲလေးလံနေသည် ။
"ဟန်နီက စိတ်ကောက်နေတာလား
ဒို့ အရက်လေးနည်းနည်း သောက်မိတာပါ"
မူးနေတဲ့အချိန်လဲသီခွန်ချိုဟာ ထိုအမျိုးသမီးကိုဆူဖို့အခွင့်အရေးမရှိပါ ။
____________________________
နောက်တစ်နေ့ မိုးလင်းတော့အိတ်ထဲအဝတ်အစားတွေထည့်ပြီး ထွက်သွားဖို့ပြင်နေတဲ့ဆည်းဆာနီကို သီခွန်ချို တားသည်။
"ဆည်းဆာ ဘယ်သွားမလို့လဲ
မောင်ဘာလုပ်မိလို့လဲ မောင်..မောင်မနေ့ကအော်မိလို့လား နောက်တစ်ခါမအော်တော့ပါဘူး မသွားပါနဲ့ဆည်းဆာရယ် မောင်တောင်းပန်ပါတယ်
မသွားပါနဲ့"
"ဟန်နီ့ကြောင့်မဟုတ်ပါဘူး ဒို့စိတ်ရှုပ်နေလို့ ခရီးထွက်မလို့ပါ ။တစ်ပတ်လောက်နားချင်တယ် ။
ဒို့တစ်ယောက်ထဲနေချင်လို့ ။ဟန်နီ့ဘဏ်ကဒ်ထဲ
မုန့်ဖိုးလုံလုံလောက်လောက်ထည့်ထားပေးတယ်ဒို့ကလေးလေးကိုလဲအစားပုံမှန်ကြွေးနော်ဟန်နီ"
ထွက်သွားပြန်တော့လည်းတားပိုင်ခွင့်မရှိ ။အိမ်ထောင်သက်တမ်း၃နှစ်အတွင်း
သီခွန်ချိုထိုအမျိုးသမီးကိုပိုင်ဆိုင်တယ်လို့ဘယ်သောအခါ မှမခံစားရချေ ။
အိမ်ထဲမှာသူနဲ့ကြောင်နက်လေးနဲ့သာကျန်ခဲ့ရသည်။
________________________
ဆည်းဆာနီဟာ ဖောက်ပြန်တတ်တဲ့မိန်းမတဲ့လေ
သီခွန်ချိုဘယ်တော့မှမယုံကြည်တဲ့စကားကိုဒီနေ့တော့ယုံရတော့မည်လား။
ယောကျ်ားတစ်ယောက်နဲ့ သူ့မျက်စိရှေ့နမ်းလိုက်သည့်မြင်ကွင်း သူရှိနေမှန်းသိရက်နဲ့လေ ဘယ်လိုတော့လုပ်နိုင်ရက်တာလဲဆိုတဲ့အတွေးတွေက သီခွန်ချိုကိုနှိပ်စက်နေသည် ။
သူရှိမှန်းမသိတာလား ။ မဟုတ်ဘူး သူရှိနေမှန်းသိရက်နဲ့လုပ်လိုက်တာ ။
အိမ်ကိုအေးဆေးပြန်လာတဲ့ ဆည်းဆာနီဟာ ဘာအပြစ်မှမလုပ်ထားသလိုဖြူစင်သည့်မျက်နှာဖြစ်သည်။
"ဆည်းဆာ မင်းစိတ်ပင်ပန်းလို့တစ်ပတ်လောက်မောင့်ကိုအဆက်သွယ်ဖြတ်ပြီး တစ်ယောက်ထဲနေချင်တယ်ဆိုတာ အဲ့ကောင်နဲ့စိတ်အပန်းဖြေနေခဲ့တာလားဟမ်"
"ဟန်နီ ဘာတွေပြောနေတာလဲ
ဒို့နားမလည်ဘူး"
"ဆည်းဆာနီ မင်းဖောက်ပြန်နေတာလား"
သီခွန်ချိုဒေါသထွက်လို့ အသားတွေဆတ်ဆတ်တုန်နေပေမဲ့ ဆည်းဆာနီကတည်ငြိမ်နေပါသည်။
"ဟန်နီက ဒို့ကိုဖောက်ပြန်တယ်လို့ လာစွပ်စွဲနေတာလား အဟား ဒို့ကဖောက်ပြန်တယ် ဟားဟားဟား..."
ဆည်းဆာနီရဲ့ရယ်သံဟာ သီခွန်ချိုဒေါသကိုလှောင်ပြောင်နေသရောင် ထိုရယ်သံကသီခွန်ချိုကိုပိုဒေါသထွက်စေသည် ။
"ဆည်းဆာ....မင်း...မင်း "
"ဟန်နီကဒို့ကိုဆိုယုံကြည်မှုမရှိဘူးနော် ဒို့လည်း မယုံတဲ့လူကိုမရှင်းပြချင်ဘူး "
"ဆည်းဆာ"
"ဒို့ကိုလာမအော်နဲ့ ဟန်နီဒို့ကို အော်ပိုင်ခွင့်မရှိဘူး"
ထိုနေ့ကအကြောင်းအရာဟာ ဘာမှရေရေရာရာမသိဘဲပြီးသွားရသည် ။ရည်းစားဟောင်းကိုနှုတ်ဆက်တာကနမ်းဖို့ လိုသလား ။နောက်ဆုံးအနမ်းတဲ့လား ။
_______________________
"ဒို့မှာ အရမ်းချစ်ရတဲ့သူရှိဖူးတယ် ဟန်နီ
ဒို့ထက်လဲအသက်ကြီးပြီး ဒို့ကိုလဲသိပ်အလိုလိုက်တယ် သူ့နားနေရရင်အရာရာကိုမေ့နေတတ်တယ်
သူ့မျက်နှာမြင်ရင်ပျော်ရတယ် ဒါပေမဲ့
ကော်ဖီခါးတွေအေးစက်သွားရင်သောက်မကောင်းတော့ဘူးဟန်နီ"
ဆည်းဆာနီဟာ စီးကရက်ကိုမီးညှိရင်းမသောက်ဘဲလက်မှာညှပ်ထားဆဲ အပြင်ကမိုးဖွဲဖွဲကိုခပ်ဆွေးဆွေးငေးနေသည်။ ပြီးတော့လက်ထဲကကြောင်နက်လေးကိုပွတ်သပ်ရင်းစကားစပ်သည် ။
"ဒို့အခုအချိုဘဲကြိုက်တယ်ဟန်နီ အခါးတွေမကြိုက်တော့ဘူး"
ဆည်းဆာနီဟာနားလည်ဖို့သိပ်ခက်သည် ။လှပ ကျော့ရှင်းသည် ။အရှိန်အဝါရှိသည် ။ဆွဲဆောင်မှုရှိသည်။ သို့သော် နားလည်ရခက်သည် ။ မျက်ဝန်းတွေဟာအမြဲညှိုမှိုင်းနေတတ်သည် ။
အမြဲလည်းအထီးကျန်နေတတ်သည် ။
သီခွန်ချိုဟာဇနီးမယားပြုစုယုယတာကိုခံချင်သည် ။သူ့လက်ရာလေးကိုစားရင်း ကလေးသေးသေးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်သည် ။
သူဟာ စိတ်အလိုလိုက်ရင်း အမုန်းဆုံးအရာဖြစ်တဲ့ ဖောက်ပြန်သည့်လမ်းကိုလျှောက်မိသည် ။
နုရည်တဲ့ နာမည်နဲ့လိုက်အောင်နူးညံ့လွန်းပါသည် ။ဆည်းဆာဟာအရောင်မှိုင်းမှိုင်းတွေကြိုက်သည် ။ဆေးလိပ်သောက်ရတာကြိုက်သည် ။တယုတယစိုက်ထားတဲ့ပန်းတွေကိုအလွယ်တကူချိုးပြီးခေါင်းပေါ်ပန်ရတာကြိုက်သည် ။ သို့သော်နုရည်ဟာဆည်းဆာနဲ့လုံးဝကိုဆန့်ကျင်ဘက်ဖြစ်သည် ။ ဆည်းဆာဆီကမရခဲ့သမျှအရာတွေကိုသီခွန်ချို နုရည်ဆီကနေပေါပေါများများရပါသည် ။
နုရည်ဟာအင်မတန်ရိုးအ လွန်းသည် ။သနားကြင်နာတတ်ပြီးအရှက်အကြောက်လည်းကြီးသည် ။ ဆည်းဆာလိုမိတ်ကပ်ထူထူမလိမ်းတတ်ပါ။သုံးလဲမသုံးတတ် ။မျက်နှာပေါ်သနပ်ခါးပါးပါးသာလိမ်းတတ်သည် ။
ထိုကဲ့သို့သောမိန်းကလေးထံသီခွန်ချိုဟာစိတ်ကစားမိခဲ့သည် ။
______________________
ညနေစာ ထမင်းစားဝိုင်းမှာ ဆည်းဆာစကားဟာ သီခွန်ချို လိပ်ပြာမလုံဖြစ်ရသည်။
"ဟန်နီသူ့ကိုသဘောကျလား"
"ဘာ...ဘာကိုလဲဆည်းဆာပြောတာမောင်နားမလည်ဘူး"
"ဒို့ထက်သူ့ကိုပိုသဘောကျလား"
"ဆည်းဆာဘာကိုဆိုလိုတာလဲ"
သီခွန်ချိုမျက်လုံးတွေဟာ ဂနာမငြိမ်ဖြစ်နေရှာသည် ။
"ဟန်နီ နုရည်ကိုဘယ်လောက်ကြာကြာတွဲမှာလဲ"
"မင်းသိနေတော့လည်း ပွင့်ပွင့်လင်းလင်းပြောမယ်ဆည်းဆာ အေဟုတ်တယ် ။မောင်ဖောက်ပြန်တယ် မင်းဆီကမရနိုင်တာတွေလိုချင်လွန်းလို့ ရနိုင်တဲ့သူဆီသွားတယ် ။မောင်လိုချင်တဲ့သနပ်ခါးနံ့လေးကိုလဲသူ့ပါးပေါ်ရဖူးသွားပြီ။အိမ်သူလက်ရာထမင်းတစ်ခွက်ကိုလည်းမောင်ပူပူနွေးနွေးစားဖူးသွားပြီ ။မောင်လိုချင်တဲ့ မောင့်ရင်သွေးကိုလည်းသူက မွေးပေးနိုင်တယ် ။နောက်ဆုံးမောင့်ဘဝမှာတစ်ခါမှမရဖူးတဲ့ အိမ်ဦးနတ်တစ်ယောက်လိုလဲမောင်ရိုသေခံရတယ် ။
အဲ့ဒါတွေမင်းပေးခဲ့သလားဆည်းဆာ မင်းမောင့်ကိုပေးခဲ့ဖူးလား။"
"ဟန်နီကအိမ်ဦးနတ်လိုရိုသေခံချင်တာပေါ့လေ ဟုတ်လားဟန်နီ"
ဆည်းဆာဟာလှောင်ပြုံးလေးပြုံးသည်။
"ဟုတ်ပါပြီဟန်နီစိတ်ချမ်းသာသလိုနေပါ ဝင်မရှုပ်ပါဘူး"
___________________________
တစ်ရက်မှာတော့ သီခွန်ချိုဟာ တော်တော်မူးပြီးမှအိမ်ပြန်လာသည်။
"ဆည်းဆာ ဆည်းဆာ မောင်ပြန်လာပြီဆည်းဆာရယ် မောင်ပြန်လာပြီလာကြိုပါအုံး"
သို့သော်ဆည်းဆာနီဟာအရိပ်အယောင်လေးတောင်သူ့ရှေ့ပေါ်မလာခဲ့ချေ။
ဆည်းဆာဟာအခန်းထဲ နှုတ်ခမ်းနီးဆိုးမပျက်ပါ။
"ဆည်းဆာ မောင်မှားသွားပြီထင်တယ်
မောင်မလုပ်ခဲ့သင့်ဘူး မောင်လမ်းမှာမလျှောက်ခဲ့သင့်ဘူး မောင် ဆည်းဆာကိုအရွဲ့မတိုက်ခဲ့သင့်ဘူး"
_________________________
ညနေစာထမင်းဝိုင်းဟာတိတ်ဆိတ်နေသည်။
"ဆည်းဆာမောင့်ကိုခွင့်လွှတ်ပါနော် မောင်တောင်းပန်ပါတယ်"
"ဟန်နီကမှတ်ဥာဏ်မကောင်းဘူးနဲ့တူတယ် ဒါဆိုနောက်တစ်ခါထပ်ပြောပြမယ်။
ဒို့ကအမှားလုပ်ပြီးတောင်ပန်တဲ့လူကိုမကြိုက်ဘူး
အမှာမလုပ်မိအောင်နေတဲ့လူကိုဘဲကြိုက်တာ ဟန်နီရဲ့
ဒီနေ့ထမင်းစားရတာအစာမကြေဘူးကွယ်"
___________________
"ဒို့ကိုဖုန်းဆက်တာမင်းလား"
"ဟုတ်...ဟုတ်ပါတယ်မမ"
"ဘာပြောမလို့လဲ ဒို့အချိန်မရှိဘူး အလုပ်ရှိသေးတယ်"
"မမကို နု တောင်းပန်ချင်လို့ပါ နုလေ ကိုကို့ ကိုအိမ်ထောင်ရှိမှန်းတကယ်မသိခဲ့တာပါ ။ပြီး...ပြီးတော့လေ နုသူများအိမ်ထောင်ရေးကို မပြိုကွဲစေချင်ပါဘူးမမရယ် နုသိတဲ့အချိန်တော်တော်နောက်ကျခဲ့ပါတယ် အစကတည်းကအိမ်ထောင်ရှိမှန်းသိရင်နု ကိုကို့ ကိုလက်လွှတ်ခဲ့မှာပါ ။နု မမကိုတောင်းပန်ပါတယ်နော် "
"မင်းဒို့ကို ကြောက်နေတာလား"
"ဟို....ဟိုလေ နု...နုက"
"ဒို့မင်းကိုမကိုက်စားပါဘူး မနုရည်ရယ် "
နုရည်ရဲ့မျက်ရည်တွေကိုဆည်းဆာနီကလက်ကိုင်ပုဝါလေးနဲ့သုတ်ပေးလိုက်သည် ။
"ဒို့အရှေ့မငိုပါနဲ့ကွယ်"
"ကျေးဇူးပါ မမ"
ရက်အနည်းငယ်ကြာတော့ဆည်းဆာနဲ့ သီခွန်ချိုတို့ကွာရှင်းပြတ်ဆဲကြသည်။
ကွာရှင်းသည့်နေ့ သီခွန်ချိုဟာ ဒူးထောက်ငိုယိုပြီးတောင်းပန်နေသည်။
ထိုနေ့က ဆည်းဆာနီ သီခွန်ချိုအတွက်နောက်ဆုံးစကားပြောခဲ့သည်။
" သီခွန်ချို ဒို့မင်းကို ဟန်နီလို့ဘာလို့ခေါ်ခဲ့လဲသိလား မင်းကပျားရည်လေးလို အချိုပွဲလေးလို သကြားလုံးလေးလိုချိုတယ် ဒို့ကအချိုကြိုက်တယ်လေ ဒါပေမဲ့အခုတော့ မင်းကအချိုတွေကုန်သွားပြီ ဒို့မလိုတော့ဘူး"
________________________________
ကျွန်မဘဝမှာယောကျ်ားတွေမရှိရင်မဖြစ်တဲ့အရာမဟုတ်ဘူး ။ဒါပေမဲ့ကျွန်မယောကျ်ားတွေကိုကြိုက်တယ် ။ယောကျ်ားတွေကကော်ဖီခါးတစ်ခွက်နဲ့တူသလို အချိုအရသာရှိတဲ့သကြားလုံးနဲ့လဲတူတယ် ။အချိန်တွေကြာလာလို့ကော်ဖီတွေအေးပြီးအချိုတွေကုန်သွားရင်ကျွန်မအတွက်မလိုတော့ဘူး။
ကျွန်မက ကလေးတွေမချစ်တတ်ဘူးရှင်
ကလေးအစား ခွေးလေးတွေကြောင်လေးတွေ ကိုချစ်ပါတယ် ။ကျွန်မဟာဒါလေးလိုချင်လို့ပါနော်လို့ပူဆာတတ်တဲ့မိန်းမ မျိုးမဟုတ် ။ ဟန်နီကြိုက်တာဝယ်ဆိုပြီး ပိုက်ဆံပေးစိတ်ကြိုက်သုံးခိုင်းတတ်တဲ့မိန်းမမျိုး ။
စိတ်ရှုပ်လာရင် စိတ်ညစ်လိုက်တာဆိုပြီးရင်ခွင်ထဲလဲမချွဲတတ်ပြန်ဘူး ။ဟန်နီ ဒို့စိတ်ရှုပ်နေတယ်တိတ်တိတ်နေပါကွယ် ဆိုပြီးအဆက်သွယ်ခဏဖြတ်တတ်တယ် ။
ကျွန်မအထင်လွဲခံရရင် ကိုကိုရယ်ဆိုပြီးမျက်နှာငယ်နဲ့အကျိုးအကြောင်းအောက်ကျို့ခံရှင်းမပြတတ်ဘူး ။ဟန်နီ အထင်လွဲနေပြီဆိုတဲ့တစ်ခွန်းအပြင်ပိုမပြောတတ်ပါဘူး ။
ဟန်နီကခြေရှုပ်လာရင်ကျွန်မ ငိုယိုပြီးပြဿနာမရှာတတ်ဘူး ။
ဟန်နီ သူ့ကိုချစ်လားလို့ဘဲအေးအေးဆေးဆေးမေးတတ်ပါတယ်။ မင်းငါ့ကိုမရိုသေဘူး ငါကအိမ်ထောင်ဦးစီးလို့ပြောလာရင် ဟန်နီရယ်ဆိုပြီး ခပ်ဖွဖွဘဲရယ်နေလိုက်တယ် ။ပြီရင်ကျွန်မဆေးလိပ်မီးညှိပြီး အေးဆေးသောက်မယ်။ ကျွန်မကထမင်းဟင်းချက်အိမ်မှုကိစ္စလုပ်ပြီးယောကျ်ားအပြန်ကိုအားကိုတကြီးမစောင့်တတ်တော့သိပ်ခက်တယ်။ ကလေးလိုချင်တယ်လို့ပြောလာရင် ကျွန်မမျက်မှုန်လေးနည်းနည်းကျုံ့မိတယ် ။
ဟန်နီကလည်းကွယ် ဒို့မှမလိုချင်တာလို့ခပ်အေးအေးနဲ့လိုချင်တပ်မက်မှုကိုအဆုံးသတ်တယ်။ ညဘက်အိမ်ပြန်နောက်ကျလို့ဒေါသတကြီးနဲ့ပေါက်ကွဲတတ်တဲ့ယောကျ်ားကိုကျမခပ်ပြုံးပြုံးလေးငေးမိတယ် ။ဟန်နီရယ်ဘာလို့ဒေါသတွေထွက်နေလဲဆိုပြီးချော့ရတာပေါ့။ ကျမဟာအရောင်မှိုင်းမှိုင်းတွေကိုကြိုက်တယ် ဟန်နီကတော့ကျမနဲ့ဆန့်ကျင်ဘက်ပေါ့ ။တစ်ရက်တော့ ကျမဆီမိန်းမငယ်လေးတစ်ဦးကဖုန်းဆက်လာတယ်။ အပြင်မှာတွေ့ရအောင်တဲ့ အသံလေးကသိပ်နူးညံ့တယ် ကျမလိုသြရှရှအသံနဲ့ကွဲပြားလိုက်ပုံများ။ ဒါဟာ ဟန်နီ့ရဲ့အရှုပ်ကလေးဆိုတာကျမသိတယ်။ အပြင်မှာတွေ့တော့အသံနဲ့လူနဲ့သိပ်လိုက်တာဘဲ ဟန်နီကြိုက်တာမဆန်းပါဘူးကွယ် နူးညံ့လိုက်တာ။
မမတဲ့လေ သူလေးက ကျမကိုခေါ်တာမမတဲ့
ဟန်နီ့ကိုသူအိမ်ထောင်ရှိမှန်းတကယ်မသိဘဲတွဲမိတာပါလို့ဝန်ခံတယ်ပြီးတော့ကျမကိုတောင်းပန်ပါတယ်တဲ့ သူလေးကကျမကိုသိပ်များကြောက်နေလားမသိ လက်ချောင်းနုနုလေးတွေအချင်းချင်းပွတ်သတ်နေတာနီရဲလို့။ မျက်ဝန်းညိုညိုဝိုင်းဝိုင်းလေးတွေကလဲမျက်ရည်တွေဆို့လို့ ။ ကျမမကျေနပ်လို့မျက်မှုန်ကြုံ့ပြီးကျစ်ခနဲသတ်လိုက်တော့ သူကကျမကိုကြောက်တဲ့အကြည့်တွေနဲ့ကြည့်လာတယ် ။ကျမလက်ကိုင်အိတ်ထဲကလက်ကိုင်ပုဝါအညိုလေးထုတ်ပြီးကျခါနီဆဲဆဲမျက်ရည်တွေကိုလှမ်းသုတ်ပေးလိုက်တယ်။ ဒို့ရှေ့မငိုပါနဲ့ကွယ်လို့ခပ်အေးအေးချော့ပြောမိတယ်။ အင်ဒီကိစ္စတွေပြီးတော့ ဒို့ဟန်နီကိုကွာရှင်းစာချုပ်လေးလက်ဆောင်ပို့မိလိုက်တယ်။
ဟန်နီကဒူးထောက်ပြီးတောင်းပန်နေလိုက်တာများယောကျ်ားမာနတွေဘာတွေမေ့ကုန်ရော့လားကွယ်။ ဟန်နီနဲ့ဒို့ဇာတ်လမ်းအဆုံးသတ်ခါနီး စိတ်မကောင်းမဖြစ်အောင်မလုပ်နဲ့ကွယ်လို့ပြောတော့ ဟန်နီမေးတယ်သူ့ကိုချစ်ခဲ့လားတဲ့။ ကိုယ်ကဟန်နီကိုခပ်ဆွေးဆွေးငေးရင်ပြန်ဖြေတယ် ယောကျ်ားဆိုတာဒို့ဘဝရဲ့မရှိမဖြစ်လိုအပ်ချက်မဟုတ်ဘူးဟန်နီ ယောကျ်ားဆိုတာချိုမြတဲ့သကြားလုံးလေးနဲ့တူတယ် ဒါပေမဲ့ဒို့ကသကြားလုံးချိုချိုလေးကိုကြိုက်တယ်။ ပြီးတော့သောက်နေကြဆေးလိပ်မီးညှိရင်ဟန်နီ့မျက်နှာပေါ်အငွေ့တွေမှုတ်ထုတ်လိုက်တယ်။
ဟန်နီကအချိုကုန်သွားပြီ။
ဟန်နီ့ကိုဆည်းဆာတကယ်ချစ်ခဲ့သလားဆိုရင်ဆည်းဆာကိုယ်တိုင်သာသိလိမ့်မည်။
အာလူး
🐝
ReplyDeleteDone 🍀
ReplyDeleteClicked 💫
ReplyDeleteDone
ReplyDeleteDone 💪
ReplyDelete♡
ReplyDeleteဆည်းဆာရယ် အေးစက်နေတာပဲ😁
ReplyDeleteThis comment has been removed by the author.
ReplyDeleteDone
ReplyDeleteDone
ReplyDelete