ပွဲခုံလေး၏ ပိုင်ရှင်

 

Unicode

 

ကျွန်တော် ကျောင်းသားဘဝက စားပွဲခုံတစ်လုံးကို ပိုင်ဆိုင်ခဲ့ဖူးသည်။ စာတော်ပြီး ဆရာမ၏ 

ချစ်မြတ်နိုးခံရသော အတန်းခေါင်းဆောင် ဆိုသည့် စားပွဲခုံလေး‌ေပါ့။ ထိုခုံလေးက ကျွန်တော့်ကို အနည်းငယ်မျှ ဘဝင်မြင့်စေပြီး သူငယ်ချင်း အပေါင်း အသင်းများကြား လူတွင်ကျယ် 

တစ်ယောက်ဖြစ်စေခဲ့သည်။ စုပေါင်းအင်အားဖြင့် ကြိုးစားရသည့် ကိစ္စကြီးငယ်တို့ကို သိပ်တော်တဲ့ 

ငါပါခဲ့၍ဟု ကိုယ်ရည်သွေးစိတ်လေး ရှိခဲ့သည်။ စုပေါင်းအင်အားကို သတိမပြုမိခဲ့ပေ။ ထို့ပြင် စားပွဲခုံလေးကို မပိုင်ဆိုင်ခင်ကထက် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲရှိလာသည်။ စားပွဲခုံလေးက အံ့ဖွယ် စွမ်းအားများ ပေးစွမ်းနေသည့်နှယ်။ ထိုစားပွဲခုံလေးကို မျက်စိကျနေသူ ၊ ပိုင်ဆိုင်ချင် သူကလည်း အများသား။ ထို့ကြောင့် ကျွန်တော့် စားပွဲခုံလေး တည်မြဲနေဖို့ အမြဲတမ်း ကြိုးစားနေရ၏ ။ လောဘစိတ်လေးကလည်း ပိုလာပြန်ပြီ။ မိမိထက် သာသွားလျှင် မနာလိုစိတ်လေးဖြစ်မိသေး သည်။ ထိုအချိန်က ပြိုင်ဘက်ကို လည်း ရန်လို မျက်စောင်းထားမိခဲ့သလိုပင်။

 

သို့သော်ငြား ကျွန်တော့်အဖြစ်က အခန်းကျဉ်းလေးကို ကမ္ဘာတစ်ခု အထင်ဖြင့် ပျော်မွေ့နေမိပါလားဟု သိလိုက်ရချိန်တွင် (A) အခန်း နှင့် (B)အခန်း တို့၏ စားပွဲခုံ လုပွဲများ ၊ ကျောင်းချင်းနှုိင်းယှဉ်၍ ကြိုးစား‌နေကြသည့့် စားပွဲခုံလုပွဲများကို 

မြင်တွေ့လိုက်ရတော့၏ ။ ထိုအခါမှ လောက၌ ပို၍ တွင်ကျယ်သည့် နေရာများတွင် ရှိသော စားပွဲခုံများသာ ဆိုလျှင် မည်မျှပင် မ က် မောဖွယ် ၊ ကြောက်ခမန်းလိလိ အစွမ်းသတ္တိများဖြင့် ပြည့်နှက်နေလိမ့်မည်နည်းဟု တွေးမိလာသည်။ ‌

 

ထိုသဘောတရားကို လူထုစိန်ဝင်းရေးသားထားသော " လူငယ်တွေကို ယုံကြည်ပါ"ဆိုသည့် စာအုပ်မှ ပိုလန်သတင်းဆရာကြီး Ryszart Kapuscinski 

ဆိုသူအကြောင်း တစ်စိတ်တစ်ဒေသ ဖတ်ခွင့်ရခဲ့ချိန်မှာ ပို၍ လက်ခံနိုင်လိုက်၏ ။ ၎င်း၏ ၁၉၈၉ 

ဆိုဗိယက်အင်ပါယာကြီး နိဂုံးကို ရေးသားထားသော" The Soccer War , Imperium "စာအုပ်ထဲမှ စာသားအချို့တင်ပြထားသည်ကို သဘောကျ၍ ဝေမျှချင်ပါသည်။

 

"ပရိဘောဂဆိုတာ လူတွေရဲ့ အခိုင်းအစေပါပဲတဲ့။ ဒါပေမဲ့ စားပွဲကတော့ ပြောင်းပြန်ဖြစ်သွားတယ်။ လူတွေဟာ စားပွဲရဲ့ အခိုင်းအစေဖြစ်သွားတယ်တဲ့။ ဘယ်လိုစားပွဲမျိုး ဖြစ်ဖြစ် ကြောက်စရာကောင်းတဲ့ သတ္တိမျိုးရှိတယ်။အဲ့ဒီ သတ္တိက ကိုယ်လုပ်တာမှန်သမျှ တရားတယ်လို့ ထင်မြင်လာအောင် လုပ်နိုင်စွမ်းရှိတယ်။ ဒါ့ကြောင့်ပဲ လူတွေက စားပွဲနောက် မှာ ပုန်းနေလိုက်ကြတယ်။ ဒါပေမဲ့ ခုံမဲ့ ဘဝရောက်သွားရင် ဘာမှ မဟုတ်တော့ပါဘူးတဲ့။" သိပ်ကို ပြီးပြည့်စုံလွန်းတဲ့ သုံးသပ်ချက် တစ်ခုပါပဲ။

 

ကျွန်တော်တို့လည်း ဘဝမှာ ရှင်သန်ရင်း စားပွဲ အမျိုးမျိုးနဲ့ ကြုံဖူးပါသည်။ လူတိုင်း စားပွဲတစ်လုံးပိုင်ဆိုင်ဖူးလိမ့်မည်။ အဝေးကြီးမကြည့်ပါနှင့်။ မိသားစု ထဲမှာပဲကြည့်ပါ။ မိဘအလိုလိုက်ခံရတဲ့ 

သူနဲ့ အလိုမလိုက် ခံရသူတို့ရဲ့ ဆက်ဆံရေးမျိုးတွေပေါ့။ မိဘ အလိုလိုက်ခံရသူသာ သူပိုင်ဆိုင်ထားတဲ့ ထိုနေရာ (သို့မဟုတ်)စားပွဲလေးရဲ့ ကျေးကျွန် ဖြစ်လာခဲ့လျှင် အမွေ အပိုင်စီးတာမျိုး 

စသဖြင့် ပြဿနာတွေ ကြီးလာတော့တာပါပဲ။ 

 

စားပွဲတစ်လုံးရဖို့ မလွယ်ကူနိုင်ပါဘူး။ ရပြီးလျှင်လည်း မစွန့်လွတ်နိုင်ကြတော့ဘူး။ ၎င်း၏ ကျေးကျွန်စစ်စစ် ဖြစ်လာလျှင်လည်း

အတော်ဆိုးသွမ်းသွားနိုင်ပါသည်။ လောကမှာ 

စားပွဲတစ်လုံး ပိုင်ဆိုင်သူတွေ ရှိသလို ခုံမဲ့တွေလည်း ရှိပါ၏ ။ ထို့ကြောင့် စားပွဲတစ်လုံး ပိုင်ဆိုင်ထားသူသည် ကိုယ်ပိုင်ဆိုင်ထားသော ဘောင်အတွင်း၌ ကိုယ်ကျင့်တရား ၊ ကိုယ်ချင်းစာတရား ၊ အသိ ၊ သတိ တို့ဖြင့် စဉ်းစားဆင်ခြင်၍ ပိုင်ရှင် စစ်စစ်ဖြစ်ဖို့ ကြိုးစားသင့်ပေ၏ ။ ထိုလူမျိုးကသာ ထိုင်ခုံမဲ့ ဘဝတွေကို ကိုယ်ချင်းစာစိတ်ထားတတ်နိုင်ပေလိမ့်မည်။

 

ကျွန်တော် တစ်ခါက စားပွဲခုံတစ်လုံးဖြင့် 

ကြုံဖူးသည်။ " ငါမင်းကို သတ်ပစ်လိုက်လို့ 

ရတယ်"ဟု ၎င်းက ဆိုသည်။ ခြိမ်းခြောက်သည်ဟု ဆိုလျှင် ပိုမှန်ကန်ပေလိုက် မည်။ အမှန်တကယ်လည်း ၎င်း၏ လက်ချက်ဖြင့် ထိုအခန်းထဲတွင် 

ကျဆုံးခဲ့ကြသည့် ပုဂ္ဂိုလ်များ ရှိခဲ့ပါသည်။ 

ထိုအခန်းနံရံ နှင့် ကြမ်းပြင်ထက် မှာ ရှိနေသည့် သွေးကွက် များ ၊ သံချွန်တွေ ရိုက်ထည့်ထားသော သစ်သားချောင်း နှင့် သွေး စွန်းထင်းနေသည့် ပိုက်လုံးများက သက်သေအဖြစ် ရှိလျက်။ လက်တပြင်ပြင်ဖြင့် ရိုက်နှက် ညဉ်းဆဲရင်း ပြောနေသည့် 

ထိုလူကား အခြားသူမဟုတ်။ ပခုံးနှစ်ဖက်တွင် ကြယ်ပွင့်များဖြင့် မိမိကိုယ်ကိုယ် တောက်ပနေသည်ဟု ထင်နေသော တစ်စုံတစ်ယောက်သာဖြစ်၏ ။ ကျွန်တော် ဒူးထောက်နေရသော်လည်း ထိုလူ့ကို ကြည့်မိချိန်တိုင်း သနားမိသည်။ မိမိစိတ်ကို မိမိ 

မပိုင် ရာထူးစည်းစိမ်ဆိုသည့် စားပွဲတစ်လုံးက ပဲ့ကိုင်တာ ခံနေရပြီး အကြိမ်ကြိမ် ကျဆုံးနေသော ၎င်း၏ အပြုအမူများက လူသားမဆန်သော်လည်း မိမိလုပ်သမျှ တရား၏ ဟု ထင်နေပြန်သည်။ 

တကယ့် လူမိုက်နှင့် ဆုံတွေ့ခဲ့ရခြင်းပင်။

 

ညစ်ထေးထေး မီးဝါလေးအောက်က သွေးညှီနံ့များ စွန်းထင်းနေသည့် အခန်းကျဉ်းထဲတွင် 

လူမိုက်အချို့၏ ရိုက်နှက် ၊ နှိပ်စက် ၊ ညှင်းပန်း ၊ ဆဲဆိုခံရရင်း အသက်တွေ ပေးဆပ်ခဲ့ရသည်။  

ထို့အပြင် ထိုအခန်းထဲတွင် အာဏာဆိုသည့် စားပွဲခုံကို ပိုင်ဆိုင်ထားသူများကလည်း ဝင်လိုက် ထွက်လိုက်ဖြင့် မိစ္ဆာအကျင့်ဆိုးတို့ကို ထွေးထုတ် ကျင့်ကြံခဲ့ကြ၏ ။ ၎င်းတို့က ဖမ်းဆီးခံရသည့် ပုဂ္ဂိုလ်များကို အကျဉ်းသားများဟု ဆိုကြသည်။ သို့သော် တကယ်တမ်းတွင် စားပွဲတစ်လုံး၏ ခိုင်းစေချက်ကြောင့် လူသားမဆန်သည့် လုပ်ရက် များကို ကျူးလွန်နေကြသူများသာ အကျဉ်းသားများ

ဖြစ်ကြ၏ ။ ၎င်းတို့သည် မိမိရွေးချယ်ခဲ့သည့် စားပွဲတစ်လုံးနောက် မှာ ပုန်းနေသလော ၊ ပိတ်မိနေသလော ဆင်ခြင်နိုင်စွမ်းမရှိခဲ့ကြပေ။

 

၎င်းတို့အနေဖြင့် နောက်ဆုံးအချိန်အထိ ကိုယ့်ခံယူချက် အတွက် ၊ အမှန်တရားအတွက် ပေးဆပ်ခဲ့ကြသည့် ဖမ်းဆီးခံရသူ ပုဂ္ဂိုလ်များ၏ ရဲရဲတောက် စိတ်ဓာတ်များကို မပြောနှင့် နံရံပေါ်တွင် ရေးခြစ်ထားခဲ့ကြသည့် သွေးသစ္စာ စာသားများကိုပင် 

ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိခဲ့ကြပါ။ ညှင်းပန်းမှုတွေအောက်က နာကျင်စွာ အော်ဟစ်ညည်းတွားသံက အောင်နိုင်မှုဟု ထင်နေကြသော လူမိုက် များက 

အဆုံးထိ အညံ့မခံပဲ ၊ တိုးလျိုးတောင်းပန်ခြင်းမရှိသည့် သူရဲကောင်းတို့၏ အရှုံးမပေးသော အောင်ပွဲကို မမြင်နိုင်ခဲ့ကြပေ။

 

စစ်ကြောရေးရောက် လူကြီး ၊ လူရွယ် ၊ လူငယ် ၊ အမှန်တရား ဘက်တော်သားတို့သည် နာမည်ဆိုးဖြင့် သေမှာကြောက်ခဲ့မည်။ ကိုယ်ရှင်သန်ဖို့ သူတစ်ပါးအသက်ကို ထိုးကျွေးရမည်ကို ကြောက်ခဲ့လိမ့်မည်။ သို့သော် စားပွဲနောက်တွင် ပုန်းအောင်းနေရသည့် အစေခံတစ်ယောက်ကို ကြောက်ခဲ့ကြလိမ့်မည် မဟုတ်ပေ။ အချို့ ဝိညာဉ်အဖြစ် လွတ်မြောက်သွားသည်။ အချို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံကြရမည်။ ထိုအခန်းထဲတွင် အာဏာရူး၍ စားပွဲတစ်လုံးကို ဖက်တွယ်ပြီး ကိုယ်လုပ်သမျှ တရားသည် မှန်သည် ထင်နေသော ကျွန်များသာ အကျဉ်းသားများအဖြစ် ကျန်ရစ်နေခဲ့ကြ၏ ။

 

စစ်ကြောရေးဆိုသည့် နေရာ အရပ်ရှိ စားပွဲ တစ်လုံးချင်းစီတိုင်းမှာ စွဲကပ်နေသည့် ကြောက်စရာကောင်းသော သတ္တိများ၏ အစေအပါးများထံမှ လူသားမဆန်သည့် လုပ်ရပ်များကို စကားတစ်ခွန်း ၊ စာသားတစ်ကြောင်းဖြင့် ဖော်ပြလျှင် ဆား မပါသော ဟင်းကဲ့သို့ ပေါ့ရွှတ်နေမည်ကို စိုးထိတ်ပါ

၏ ။

 

ကျွန်ုပ်ပြောလိုသည်ကတော့ စားပွဲ ဆိုသည်ကလည်း ပျက်စီးတတ်ပါသည်။ စားပွဲနောက် မှ 

လူများလည်း ပြောင်းလဲ နေမြဲပင်။ မည်သို့သော အရာမျိုးကမျှ အနိစ္စ-မမြဲခြင်း ၊ ဒုက္ခ-ဆင်းရဲခြင်း ၊ အနတ္တ- အစိုးမရခြင်း ဟူသောသဘာဝတရားကြီးကို မလွန်ဆန်နိုင်ပေ။ မည်သည့် အသားဖြင့် ပြုလုပ်ပါစေ တစ်နေ့တော့ ချစားလိမ့်မည်။ သံဖြင့် ပြုလုပ်သော် သံချေးတက်ပေလိမ့်မည်။ သံမဏိဖြင့် ပြုလုပ်သော် အရေကျိုဖို့ နည်းလမ်းရှိပါသေးသည်။ ကျောက်စားပွဲ တစ်လုံး ဆိုလျှင်ပင် ထုရိုက်၍ ဖျက်ဆီးနိုင်သေး၏ ။ မည်ကဲ့သို့သော စားပွဲမျိုးမျှ မမြဲနိုင်သလို စားပွဲနောက် မှာ ပုန်းနေသည့် လူများလည်း မမြဲနိုင်ပေ။ ပုစ္ဆာတိုင်း ပြဿနာတိုင်း အချိန်ပေး ဖြေရှင်းရမြဲသာချည်း။ မိုးမည်သို့ ကောင်းစေကာမူ တစ်နှစ်ပတ်လုံး မရွာနိုင်ချေ။ တစ်နေ့တော့ ရောင်နီလာရမြဲသာတည်း။ 

 

သို့သော် စားပွဲတိုင်း မမြဲဟု ဆိုသော်ငြားလည်း အဟောင်းအစား အသစ်ဝင်လာကြမြဲပင်။ 

စားပွဲတိုင်းတွင် ကြောက်စရာ သတ္တိများ

ရှိကြသည်။ ထိုစားပွဲတိုင်း၏ နောက်ကွယ်တွင် အခိုင်းအစေ တစ်ယောက်စီ ရှိနေကြပြန်၏ ။ ထိုနည်းတူပင် သခင်တစ်ယောက်လည်း ရှိနေနိုင်ပါသည်။ ရှိတော့ ရှိမည် ရှားပါး၏ ။ စားပွဲတိုင်း၏ နောက်ကွယ်တွင် အစေအပါးများ အစား ပိုင်ရှင်များ ထွန်းကာလာဖို့ လိုအပ်ပါသည်။ အစွမ်းကြီး

လှသည့် စားပွဲ တစ်လုံး၏ ပိုင်ရှင်ဖြစ်ဖို့ ပညာတတ်ဖြစ်ရုံမျှဖြင့် မလုံလောက်နိုင်ပေ။ ကိုယ်ချင်းစာစိတ် ၊ ဆင်‌ခြင်တုံတရား ရှိဖို့လည်း လိုမည်။ ဗဟုသုတ ကြွယ်ဝပြီး အရည်အချင်းပြည့်ဝသော လူတော် ၊ လူကောင်းများ ဖြစ်ဖို့ လိုအပ်ပါသည်။ 

 

လူတစ်ယောက်သည် လူတော်တစ်ယောက် ဖြစ်နိုင်သလို ၊ လူကောင်းတစ်ယောက်လည်း ဖြစ်နိုင်ပါသည်။ သို့သော် တစ်ဦးတစ်ယောက်တည်းက 

လူတော် လူကောင်း နှစ်မျိုးလုံး ပြည့်စုံဖို့ ရှားပါးပြန်၏ ။ လူတော် လူကောင်းများ ပေါ်ထွက်လာအောင် မိဘ ၊ ဆရာသမား တင်မက မိမိ ကိုယ်တိုင်မှာ တာဝန်ရှိသည်။ လူတိုင်းမှာ တာဝန်ရှိသည်။ 

လူ့ပတ်ဝန်းကျင်ကို လူသားများက ပြောင်းလဲနိုင်ပါသည်။ လူတိုင်းမှာ ပြောင်းလဲနိုင်သည့် အခွင်းအရေးရှိ၏ ။ ထို အခွင့်အရေးကား ကြိုးစားမှုပင် ဖြစ်ပါသည်။ 

 

ကျွနု်ပ်တို့ မြန်မာပြည်မှာ အာဏာရှင်အား အမြစ်ဖျက် ခြေမှုန်းပြီးလျှင် ၎င်းကဲ့သို့ စားပွဲတစ်လုံးနောက် မှာ ပုန်းအောင်း၍ မိစ္ဆာအကျင့်ဆိုးတွေ 

ထွေးထုတ် ကြံစည်တတ်ကြသည့် အစေခံများ ထပ်မံ မပေါ်ပေါက်စေရန် ကြိုးစားရမည်။ 

ထိုလူမျိုးသည် အသင်းအဖွဲ့တိုင်းမှာ ပါရှိတတ်သည်။ ထိုကဲ့သို့သော လူများ ရဲတင်းလာခြင်းသည် မှားနေသည်ကို မှားသည်ဟု ထုတ်မပြောရဲသူ ၊ အမှန် အမှားမခွဲခြားပဲ မိမိ အဆင်ပြေ‌ေနသရွေ့ ၊ မိမိကို မထိခိုက်သရွေ့ ငြိမ်နေကြသူများကြောင့်ဟု 

ဝေဖန် အကြံပြုလိုပါ၏ ။ တရားမျှတမှုကို လိုလားလျှင် ကိုယ်တိုင်လည်း တရားမျှတသူဖြစ်ရမည်။ ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်းမှာ ပြောင်းလဲဖို့ တာဝန်ရှိသည်။ 

 

အနှစ်ချုပ်ဆိုသော် မိမိပိုင်ဆိုင်ထားသည့် နေရာ

(သိုမဟုတ်) စားပွဲတစ်လံုးကို မည်သို့ အသုံးချရမည်နည်းဟု သိနားလည်သည့် ပိုင်ရှင်တစ်ယောက် ၊ သခင်တစ်ယောက်အဖြစ် လူသားအကျိုး ၊ ရပ်ရွာအကျိုး ၊ တိုင်းပြည်အကျိုး ၊ လောကအကျိုးကို လက်လှမ်းမှီသလောက် သယ်ပိုးနိုင်ကြပါစေကြောင်း ဖတ်ခဲ့ဖူးသည့် စာအချို့ကို အတွေးဒီကာချဲ့၍ နိုးဆော်အပ်ပါသည်။ စားပွဲတစ်လုံး၏ အခိုင်းအစေများ မဟုတ်‌ေသာ ပိုင်ရှင်များသည် အာဏာရှင်ကို တိုက်ထုတ်နေကြ၏ ။ သင်ရော ခုံတစ်လုံး၏ ပိုင်ရှင်လော။ အစေခံလော။

 

ပိုလန်သတင်းဆရာကြီး Ryszart Kapuscinski ၏ အဖိုးတန်စာသားအချို့ကို သိမှတ်ခွင့်ရအောင် ရေးသား၍ ပညာဆည်းပူးခွင့် ပေးခဲ့သော လူထုစိန်ဝင်းအား လေးစားစွာဖြင့် အထူးကျေးဇူးတင်ရှိပါသည်။

 

                             စာရေးသူ _မှော်နက်လိပ်ပြာ



Zawgyi


ကြၽန္ေတာ္ ေက်ာင္းသားဘဝက စားပြဲခုံတစ္လုံးကို ပိုင္ဆိုင္ခဲ့ဖူးသည္။ စာေတာ္ၿပီး ဆရာမ၏ 


ခ်စ္ျမတ္ႏိုးခံရေသာ အတန္းေခါင္းေဆာင္ ဆိုသည့္ စားပြဲခုံေလး‌ေပါ့။ ထိုခုံေလးက ကြၽန္ေတာ့္ကို အနည္းငယ္မွ် ဘဝင္ျမင့္ေစၿပီး သူငယ္ခ်င္း အေပါင္း အသင္းမ်ားၾကား လူတြင္က်ယ္ 


တစ္ေယာက္ျဖစ္ေစခဲ့သည္။ စုေပါင္းအင္အားျဖင့္ ႀကိဳးစားရသည့္ ကိစၥႀကီးငယ္တို႔ကို သိပ္ေတာ္တဲ့ 


ငါပါခဲ့၍ဟု ကိုယ္ရည္ေသြးစိတ္ေလး ရွိခဲ့သည္။ စုေပါင္းအင္အားကို သတိမျပဳမိခဲ့ေပ။ ထို႔ျပင္ စားပြဲခုံေလးကို မပိုင္ဆိုင္ခင္ကထက္ ေျပာရဲ ဆိုရဲ လုပ္ရဲ ကိုင္ရဲရွိလာသည္။ စားပြဲခုံေလးက အံ့ဖြယ္ စြမ္းအားမ်ား ေပးစြမ္းေနသည့္ႏွယ္။ ထိုစားပြဲခုံေလးကို မ်က္စိက်ေနသူ ၊ ပိုင္ဆိုင္ခ်င္ သူကလည္း အမ်ားသား။ ထို႔ေၾကာင့္ ကြၽန္ေတာ့္ စားပြဲခုံေလး တည္ၿမဲေနဖို႔ အၿမဲတမ္း ႀကိဳးစားေနရ၏ ။ ေလာဘစိတ္ေလးကလည္း ပိုလာျပန္ၿပီ။ မိမိထက္ သာသြားလွ်င္ မနာလိုစိတ္ေလးျဖစ္မိေသး သည္။ ထိုအခ်ိန္က ၿပိဳင္ဘက္ကို လည္း ရန္လို မ်က္ေစာင္းထားမိခဲ့သလိုပင္။


 


သို႔ေသာ္ျငား ကြၽန္ေတာ့္အျဖစ္က အခန္းက်ဥ္းေလးကို ကမာၻတစ္ခု အထင္ျဖင့္ ေပ်ာ္ေမြ႕ေနမိပါလားဟု သိလိုက္ရခ်ိန္တြင္ (A) အခန္း ႏွင့္ (B)အခန္း တို႔၏ စားပြဲခုံ လုပြဲမ်ား ၊ ေက်ာင္းခ်င္းႏႈိင္းယွဥ္၍ ႀကိဳးစား‌ေနၾကသည့့္ စားပြဲခုံလုပြဲမ်ားကို 


ျမင္ေတြ႕လိုက္ရေတာ့၏ ။ ထိုအခါမွ ေလာက၌ ပို၍ တြင္က်ယ္သည့္ ေနရာမ်ားတြင္ ရွိေသာ စားပြဲခုံမ်ားသာ ဆိုလွ်င္ မည္မွ်ပင္ မ က္ ေမာဖြယ္ ၊ ေၾကာက္ခမန္းလိလိ အစြမ္းသတၱိမ်ားျဖင့္ ျပည့္ႏွက္ေနလိမ့္မည္နည္းဟု ေတြးမိလာသည္။ ‌


 


ထိုသေဘာတရားကို လူထုစိန္ဝင္းေရးသားထားေသာ " လူငယ္ေတြကို ယုံၾကည္ပါ"ဆိုသည့္ စာအုပ္မွ ပိုလန္သတင္းဆရာႀကီး Ryszart Kapuscinski 


ဆိုသူအေၾကာင္း တစ္စိတ္တစ္ေဒသ ဖတ္ခြင့္ရခဲ့ခ်ိန္မွာ ပို၍ လက္ခံႏိုင္လိုက္၏ ။ ၎၏ ၁၉၈၉ 


ဆိုဗိယက္အင္ပါယာႀကီး နိဂုံးကို ေရးသားထားေသာ" The Soccer War , Imperium "စာအုပ္ထဲမွ စာသားအခ်ိဳ႕တင္ျပထားသည္ကို သေဘာက်၍ ေဝမွ်ခ်င္ပါသည္။


 


"ပရိေဘာဂဆိုတာ လူေတြရဲ႕ အခိုင္းအေစပါပဲတဲ့။ ဒါေပမဲ့ စားပြဲကေတာ့ ေျပာင္းျပန္ျဖစ္သြားတယ္။ လူေတြဟာ စားပြဲရဲ႕ အခိုင္းအေစျဖစ္သြားတယ္တဲ့။ ဘယ္လိုစားပြဲမ်ိဳး ျဖစ္ျဖစ္ ေၾကာက္စရာေကာင္းတဲ့ သတၱိမ်ိဳးရွိတယ္။အဲ့ဒီ သတၱိက ကိုယ္လုပ္တာမွန္သမွ် တရားတယ္လို႔ ထင္ျမင္လာေအာင္ လုပ္ႏိုင္စြမ္းရွိတယ္။ ဒါ့ေၾကာင့္ပဲ လူေတြက စားပြဲေနာက္ မွာ ပုန္းေနလိုက္ၾကတယ္။ ဒါေပမဲ့ ခုံမဲ့ ဘဝေရာက္သြားရင္ ဘာမွ မဟုတ္ေတာ့ပါဘူးတဲ့။" သိပ္ကို ၿပီးျပည့္စုံလြန္းတဲ့ သုံးသပ္ခ်က္ တစ္ခုပါပဲ။


 


ကြၽန္ေတာ္တို႔လည္း ဘဝမွာ ရွင္သန္ရင္း စားပြဲ အမ်ိဳးမ်ိဳးနဲ႔ ႀကဳံဖူးပါသည္။ လူတိုင္း စားပြဲတစ္လုံးပိုင္ဆိုင္ဖူးလိမ့္မည္။ အေဝးႀကီးမၾကည့္ပါႏွင့္။ မိသားစု ထဲမွာပဲၾကည့္ပါ။ မိဘအလိုလိုက္ခံရတဲ့ 


သူနဲ႔ အလိုမလိုက္ ခံရသူတို႔ရဲ႕ ဆက္ဆံေရးမ်ိဳးေတြေပါ့။ မိဘ အလိုလိုက္ခံရသူသာ သူပိုင္ဆိုင္ထားတဲ့ ထိုေနရာ (သို႔မဟုတ္)စားပြဲေလးရဲ႕ ေက်းကြၽန္ ျဖစ္လာခဲ့လွ်င္ အေမြ အပိုင္စီးတာမ်ိဳး 


စသျဖင့္ ျပႆနာေတြ ႀကီးလာေတာ့တာပါပဲ။ 


 


စားပြဲတစ္လုံးရဖို႔ မလြယ္ကူႏိုင္ပါဘူး။ ရၿပီးလွ်င္လည္း မစြန႔္လြတ္ႏိုင္ၾကေတာ့ဘူး။ ၎၏ ေက်းကြၽန္စစ္စစ္ ျဖစ္လာလွ်င္လည္း


အေတာ္ဆိုးသြမ္းသြားႏိုင္ပါသည္။ ေလာကမွာ 


စားပြဲတစ္လုံး ပိုင္ဆိုင္သူေတြ ရွိသလို ခုံမဲ့ေတြလည္း ရွိပါ၏ ။ ထို႔ေၾကာင့္ စားပြဲတစ္လုံး ပိုင္ဆိုင္ထားသူသည္ ကိုယ္ပိုင္ဆိုင္ထားေသာ ေဘာင္အတြင္း၌ ကိုယ္က်င့္တရား ၊ ကိုယ္ခ်င္းစာတရား ၊ အသိ ၊ သတိ တို႔ျဖင့္ စဥ္းစားဆင္ျခင္၍ ပိုင္ရွင္ စစ္စစ္ျဖစ္ဖို႔ ႀကိဳးစားသင့္ေပ၏ ။ ထိုလူမ်ိဳးကသာ ထိုင္ခုံမဲ့ ဘဝေတြကို ကိုယ္ခ်င္းစာစိတ္ထားတတ္ႏိုင္ေပလိမ့္မည္။


 


ကြၽန္ေတာ္ တစ္ခါက စားပြဲခုံတစ္လုံးျဖင့္ 


ႀကဳံဖူးသည္။ " ငါမင္းကို သတ္ပစ္လိုက္လို႔ 


ရတယ္"ဟု ၎က ဆိုသည္။ ၿခိမ္းေျခာက္သည္ဟု ဆိုလွ်င္ ပိုမွန္ကန္ေပလိုက္ မည္။ အမွန္တကယ္လည္း ၎၏ လက္ခ်က္ျဖင့္ ထိုအခန္းထဲတြင္ 


က်ဆုံးခဲ့ၾကသည့္ ပုဂၢိဳလ္မ်ား ရွိခဲ့ပါသည္။ 


ထိုအခန္းနံရံ ႏွင့္ ၾကမ္းျပင္ထက္ မွာ ရွိေနသည့္ ေသြးကြက္ မ်ား ၊ သံခြၽန္ေတြ ႐ိုက္ထည့္ထားေသာ သစ္သားေခ်ာင္း ႏွင့္ ေသြး စြန္းထင္းေနသည့္ ပိုက္လုံးမ်ားက သက္ေသအျဖစ္ ရွိလ်က္။ လက္တျပင္ျပင္ျဖင့္ ႐ိုက္ႏွက္ ညဥ္းဆဲရင္း ေျပာေနသည့္ 


ထိုလူကား အျခားသူမဟုတ္။ ပခုံးႏွစ္ဖက္တြင္ ၾကယ္ပြင့္မ်ားျဖင့္ မိမိကိုယ္ကိုယ္ ေတာက္ပေနသည္ဟု ထင္ေနေသာ တစ္စုံတစ္ေယာက္သာျဖစ္၏ ။ ကြၽန္ေတာ္ ဒူးေထာက္ေနရေသာ္လည္း ထိုလူ႔ကို ၾကည့္မိခ်ိန္တိုင္း သနားမိသည္။ မိမိစိတ္ကို မိမိ 


မပိုင္ ရာထူးစည္းစိမ္ဆိုသည့္ စားပြဲတစ္လုံးက ပဲ့ကိုင္တာ ခံေနရၿပီး အႀကိမ္ႀကိမ္ က်ဆုံးေနေသာ ၎၏ အျပဳအမူမ်ားက လူသားမဆန္ေသာ္လည္း မိမိလုပ္သမွ် တရား၏ ဟု ထင္ေနျပန္သည္။ 


တကယ့္ လူမိုက္ႏွင့္ ဆုံေတြ႕ခဲ့ရျခင္းပင္။


 


ညစ္ေထးေထး မီးဝါေလးေအာက္က ေသြးညႇီနံ႔မ်ား စြန္းထင္းေနသည့္ အခန္းက်ဥ္းထဲတြင္ 


လူမိုက္အခ်ိဳ႕၏ ႐ိုက္ႏွက္ ၊ ႏွိပ္စက္ ၊ ညႇင္းပန္း ၊ ဆဲဆိုခံရရင္း အသက္ေတြ ေပးဆပ္ခဲ့ရသည္။  


ထို႔အျပင္ ထိုအခန္းထဲတြင္ အာဏာဆိုသည့္ စားပြဲခုံကို ပိုင္ဆိုင္ထားသူမ်ားကလည္း ဝင္လိုက္ ထြက္လိုက္ျဖင့္ မိစာၦအက်င့္ဆိုးတို႔ကို ေထြးထုတ္ က်င့္ႀကံခဲ့ၾက၏ ။ ၎တို႔က ဖမ္းဆီးခံရသည့္ ပုဂၢိဳလ္မ်ားကို အက်ဥ္းသားမ်ားဟု ဆိုၾကသည္။ သို႔ေသာ္ တကယ္တမ္းတြင္ စားပြဲတစ္လုံး၏ ခိုင္းေစခ်က္ေၾကာင့္ လူသားမဆန္သည့္ လုပ္ရက္ မ်ားကို က်ဴးလြန္ေနၾကသူမ်ားသာ အက်ဥ္းသားမ်ား


ျဖစ္ၾက၏ ။ ၎တို႔သည္ မိမိေ႐ြးခ်ယ္ခဲ့သည့္ စားပြဲတစ္လုံးေနာက္ မွာ ပုန္းေနသေလာ ၊ ပိတ္မိေနသေလာ ဆင္ျခင္ႏိုင္စြမ္းမရွိခဲ့ၾကေပ။


 


၎တို႔အေနျဖင့္ ေနာက္ဆုံးအခ်ိန္အထိ ကိုယ့္ခံယူခ်က္ အတြက္ ၊ အမွန္တရားအတြက္ ေပးဆပ္ခဲ့ၾကသည့္ ဖမ္းဆီးခံရသူ ပုဂၢိဳလ္မ်ား၏ ရဲရဲေတာက္ စိတ္ဓာတ္မ်ားကို မေျပာႏွင့္ နံရံေပၚတြင္ ေရးျခစ္ထားခဲ့ၾကသည့္ ေသြးသစၥာ စာသားမ်ားကိုပင္ 


ဖ်က္ဆီးႏိုင္ခဲ့ျခင္း မရွိခဲ့ၾကပါ။ ညႇင္းပန္းမႈေတြေအာက္က နာက်င္စြာ ေအာ္ဟစ္ညည္းတြားသံက ေအာင္ႏိုင္မႈဟု ထင္ေနၾကေသာ လူမိုက္ မ်ားက 


အဆုံးထိ အညံ့မခံပဲ ၊ တိုးလ်ိဳးေတာင္းပန္ျခင္းမရွိသည့္ သူရဲေကာင္းတို႔၏ အရႈံးမေပးေသာ ေအာင္ပြဲကို မျမင္ႏိုင္ခဲ့ၾကေပ။


 


စစ္ေၾကာေရးေရာက္ လူႀကီး ၊ လူ႐ြယ္ ၊ လူငယ္ ၊ အမွန္တရား ဘက္ေတာ္သားတို႔သည္ နာမည္ဆိုးျဖင့္ ေသမွာေၾကာက္ခဲ့မည္။ ကိုယ္ရွင္သန္ဖို႔ သူတစ္ပါးအသက္ကို ထိုးေကြၽးရမည္ကို ေၾကာက္ခဲ့လိမ့္မည္။ သို႔ေသာ္ စားပြဲေနာက္တြင္ ပုန္းေအာင္းေနရသည့္ အေစခံတစ္ေယာက္ကို ေၾကာက္ခဲ့ၾကလိမ့္မည္ မဟုတ္ေပ။ အခ်ိဳ႕ ဝိညာဥ္အျဖစ္ လြတ္ေျမာက္သြားသည္။ အခ်ိဳ႕ အက်ဥ္းေထာင္သို႔ ေျပာင္းေ႐ႊ႕ခံၾကရမည္။ ထိုအခန္းထဲတြင္ အာဏာ႐ူး၍ စားပြဲတစ္လုံးကို ဖက္တြယ္ၿပီး ကိုယ္လုပ္သမွ် တရားသည္ မွန္သည္ ထင္ေနေသာ ကြၽန္မ်ားသာ အက်ဥ္းသားမ်ားအျဖစ္ က်န္ရစ္ေနခဲ့ၾက၏ ။


 


စစ္ေၾကာေရးဆိုသည့္ ေနရာ အရပ္ရွိ စားပြဲ တစ္လုံးခ်င္းစီတိုင္းမွာ စြဲကပ္ေနသည့္ ေၾကာက္စရာေကာင္းေသာ သတၱိမ်ား၏ အေစအပါးမ်ားထံမွ လူသားမဆန္သည့္ လုပ္ရပ္မ်ားကို စကားတစ္ခြန္း ၊ စာသားတစ္ေၾကာင္းျဖင့္ ေဖာ္ျပလွ်င္ ဆား မပါေသာ ဟင္းကဲ့သို႔ ေပါ့႐ႊတ္ေနမည္ကို စိုးထိတ္ပါ


၏ ။


 


ကြၽႏ္ုပ္ေျပာလိုသည္ကေတာ့ စားပြဲ ဆိုသည္ကလည္း ပ်က္စီးတတ္ပါသည္။ စားပြဲေနာက္ မွ 


လူမ်ားလည္း ေျပာင္းလဲ ေနၿမဲပင္။ မည္သို႔ေသာ အရာမ်ိဳးကမွ် အနိစၥ-မၿမဲျခင္း ၊ ဒုကၡ-ဆင္းရဲျခင္း ၊ အနတၱ- အစိုးမရျခင္း ဟူေသာသဘာဝတရားႀကီးကို မလြန္ဆန္ႏိုင္ေပ။ မည္သည့္ အသားျဖင့္ ျပဳလုပ္ပါေစ တစ္ေန႔ေတာ့ ခ်စားလိမ့္မည္။ သံျဖင့္ ျပဳလုပ္ေသာ္ သံေခ်းတက္ေပလိမ့္မည္။ သံမဏိျဖင့္ ျပဳလုပ္ေသာ္ အေရက်ိဳဖို႔ နည္းလမ္းရွိပါေသးသည္။ ေက်ာက္စားပြဲ တစ္လုံး ဆိုလွ်င္ပင္ ထု႐ိုက္၍ ဖ်က္ဆီးႏိုင္ေသး၏ ။ မည္ကဲ့သို႔ေသာ စားပြဲမ်ိဳးမွ် မၿမဲႏိုင္သလို စားပြဲေနာက္ မွာ ပုန္းေနသည့္ လူမ်ားလည္း မၿမဲႏိုင္ေပ။ ပုစာၦတိုင္း ျပႆနာတိုင္း အခ်ိန္ေပး ေျဖရွင္းရၿမဲသာခ်ည္း။ မိုးမည္သို႔ ေကာင္းေစကာမူ တစ္ႏွစ္ပတ္လုံး မ႐ြာႏိုင္ေခ်။ တစ္ေန႔ေတာ့ ေရာင္နီလာရၿမဲသာတည္း။ 


 


သို႔ေသာ္ စားပြဲတိုင္း မၿမဲဟု ဆိုေသာ္ျငားလည္း အေဟာင္းအစား အသစ္ဝင္လာၾကၿမဲပင္။ 


စားပြဲတိုင္းတြင္ ေၾကာက္စရာ သတၱိမ်ား


ရွိၾကသည္။ ထိုစားပြဲတိုင္း၏ ေနာက္ကြယ္တြင္ အခိုင္းအေစ တစ္ေယာက္စီ ရွိေနၾကျပန္၏ ။ ထိုနည္းတူပင္ သခင္တစ္ေယာက္လည္း ရွိေနႏိုင္ပါသည္။ ရွိေတာ့ ရွိမည္ ရွားပါး၏ ။ စားပြဲတိုင္း၏ ေနာက္ကြယ္တြင္ အေစအပါးမ်ား အစား ပိုင္ရွင္မ်ား ထြန္းကာလာဖို႔ လိုအပ္ပါသည္။ အစြမ္းႀကီး


လွသည့္ စားပြဲ တစ္လုံး၏ ပိုင္ရွင္ျဖစ္ဖို႔ ပညာတတ္ျဖစ္႐ုံမွ်ျဖင့္ မလုံေလာက္ႏိုင္ေပ။ ကိုယ္ခ်င္းစာစိတ္ ၊ ဆင္‌ျခင္တုံတရား ရွိဖို႔လည္း လိုမည္။ ဗဟုသုတ ႂကြယ္ဝၿပီး အရည္အခ်င္းျပည့္ဝေသာ လူေတာ္ ၊ လူေကာင္းမ်ား ျဖစ္ဖို႔ လိုအပ္ပါသည္။ 


 


လူတစ္ေယာက္သည္ လူေတာ္တစ္ေယာက္ ျဖစ္ႏိုင္သလို ၊ လူေကာင္းတစ္ေယာက္လည္း ျဖစ္ႏိုင္ပါသည္။ သို႔ေသာ္ တစ္ဦးတစ္ေယာက္တည္းက 


လူေတာ္ လူေကာင္း ႏွစ္မ်ိဳးလုံး ျပည့္စုံဖို႔ ရွားပါးျပန္၏ ။ လူေတာ္ လူေကာင္းမ်ား ေပၚထြက္လာေအာင္ မိဘ ၊ ဆရာသမား တင္မက မိမိ ကိုယ္တိုင္မွာ တာဝန္ရွိသည္။ လူတိုင္းမွာ တာဝန္ရွိသည္။ 


လူ႔ပတ္ဝန္းက်င္ကို လူသားမ်ားက ေျပာင္းလဲႏိုင္ပါသည္။ လူတိုင္းမွာ ေျပာင္းလဲႏိုင္သည့္ အခြင္းအေရးရွိ၏ ။ ထို အခြင့္အေရးကား ႀကိဳးစားမႈပင္ ျဖစ္ပါသည္။ 


 


ကြၽႏု္ပ္တို႔ ျမန္မာျပည္မွာ အာဏာရွင္အား အျမစ္ဖ်က္ ေျခမႈန္းၿပီးလွ်င္ ၎ကဲ့သို႔ စားပြဲတစ္လုံးေနာက္ မွာ ပုန္းေအာင္း၍ မိစာၦအက်င့္ဆိုးေတြ 


ေထြးထုတ္ ႀကံစည္တတ္ၾကသည့္ အေစခံမ်ား ထပ္မံ မေပၚေပါက္ေစရန္ ႀကိဳးစားရမည္။ 


ထိုလူမ်ိဳးသည္ အသင္းအဖြဲ႕တိုင္းမွာ ပါရွိတတ္သည္။ ထိုကဲ့သို႔ေသာ လူမ်ား ရဲတင္းလာျခင္းသည္ မွားေနသည္ကို မွားသည္ဟု ထုတ္မေျပာရဲသူ ၊ အမွန္ အမွားမခြဲျခားပဲ မိမိ အဆင္ေျပ‌ေနသေ႐ြ႕ ၊ မိမိကို မထိခိုက္သေ႐ြ႕ ၿငိမ္ေနၾကသူမ်ားေၾကာင့္ဟု 


ေဝဖန္ အႀကံျပဳလိုပါ၏ ။ တရားမွ်တမႈကို လိုလားလွ်င္ ကိုယ္တိုင္လည္း တရားမွ်တသူျဖစ္ရမည္။ ကြၽန္ေတာ္တို႔ တစ္ဦးခ်င္းစီတိုင္းမွာ ေျပာင္းလဲဖို႔ တာဝန္ရွိသည္။ 


 


အႏွစ္ခ်ဳပ္ဆိုေသာ္ မိမိပိုင္ဆိုင္ထားသည့္ ေနရာ


(သိုမဟုတ္) စားပြဲတစ္လံုးကို မည္သို႔ အသုံးခ်ရမည္နည္းဟု သိနားလည္သည့္ ပိုင္ရွင္တစ္ေယာက္ ၊ သခင္တစ္ေယာက္အျဖစ္ လူသားအက်ိဳး ၊ ရပ္႐ြာအက်ိဳး ၊ တိုင္းျပည္အက်ိဳး ၊ ေလာကအက်ိဳးကို လက္လွမ္းမွီသေလာက္ သယ္ပိုးႏိုင္ၾကပါေစေၾကာင္း ဖတ္ခဲ့ဖူးသည့္ စာအခ်ိဳ႕ကို အေတြးဒီကာခ်ဲ႕၍ ႏိုးေဆာ္အပ္ပါသည္။ စားပြဲတစ္လုံး၏ အခိုင္းအေစမ်ား မဟုတ္‌ေသာ ပိုင္ရွင္မ်ားသည္ အာဏာရွင္ကို တိုက္ထုတ္ေနၾက၏ ။ သင္ေရာ ခုံတစ္လုံး၏ ပိုင္ရွင္ေလာ။ အေစခံေလာ။


 


ပိုလန္သတင္းဆရာႀကီး Ryszart Kapuscinski ၏ အဖိုးတန္စာသားအခ်ိဳ႕ကို သိမွတ္ခြင့္ရေအာင္ ေရးသား၍ ပညာဆည္းပူးခြင့္ ေပးခဲ့ေသာ လူထုစိန္ဝင္းအား ေလးစားစြာျဖင့္ အထူးေက်းဇူးတင္ရွိပါသည္။


 


                             စာေရးသူ _ေမွာ္နက္လိပ္ျပာ

Comments

Post a Comment