"သူ"

Unicode


ဖေဖော်ဝါရီ ဆယ့်တစ်ရက် နှစ်ထောင့်ဆယ့်ကိုးနှစ်

နံနက် ဆယ်နာရီနဲ့ဆယ့်ငါးမိနစ်





ခါတိုင်းနေ့တွေတော့ပုံမှန်ကိုးနာရီလောက်မိုးထဖြစ်ပါရဲ့ဒီကနေ့တော့သူဆယ်နာရီကျော်မှအိပ်ရာကထဖြစ်သည်။ ညတုန်းကသူအိမ်ပြန်နောက်ကျခြင်းကြောင့်ပါ။ဘာရယ်မဟုတ်ဦးတည်ရာမဲ့ညဖက်တွေလျှောက်သွားနေမိတာအင်းဒီရက်ပိုင်းပါပဲလေ။ ဒီရက်ပိုင်းပဲသာပြောရတယ်မိုးတစ်ယောက်ဦးတည်ရာမဲ့ပြီးထင်တိုင်းစိုင်းနေခဲ့တာလနဲ့ချီ‌ေနခဲ့ပြီ။


သူစိတ်ပျက်လက်ပျက်နဲ့ကုတင်ပေါ်တင်ပါးလွှဲထိုင်ကာကမန်းကတန်းရှာထားတဲ့အဝတ်တွေဝတ်ကြည့်ရင်းငြီးငြူနေမိသည်။


ကုတင်ပေါ်ပြန့်ကျဲနေတဲ့အဝတ်‌ေတွကိုကြည့်ရင်းသူတွေးမိသည်။ ခါတိုင်းဆိုတွန့်ကြေနေတဲ့ဗီရိုထဲကအင်္ကျီတွေသူဝတ်သွားလိုက်ပြီ။ ဒါပေမဲ့ဒီနေ့တော့သူသန့်ပြန့်အောင်ဝတ်ရမယ်လေ။ ဘာရယ်တော့မဟုတ် သွားစရာဆိုတာကလည်းအင်တာဗျူးတစ်ခုပါ။ ကော်ဖီဆိုင်တစ်ဆိုင်ကအလုပ်ခေါ်စာတွေ့ပြီးသူအလုပ်ဝင်လုပ်ဖို့အကြံရတယ်တဲ့‌ေလ။ မိုးမှာအရင်ကတော့အလုပ်ရှိဖူးပါ၏။ city martမှာ cashierအဖြစ်ဖြစ်သည်။ ဒါပေမဲ့ အဲ့ဒီအလုပ်နဲ့မကိုက်လို့ဆိုပြီးမိုးတစ်ယောက်ဆင်ခြေပေးကာနှုတ်ထွက်လိုက်သည်မှာကြာပြီဖြစ်၏။ အသက်သုံးဆယ်အရွယ်သက်လတ်ပိုင်းမိန်းမပျိုမိုးစက်‌ေမအတွက်တော့အလုပ်ရှာရသည်မှာအနည်းငယ်အခက်အခဲကြုံရ၏။ အလုပ်ခေါ်စာတော်တော်များများမှာအသက်နှစ်ဆယ်ဝန်းကျင်အတွက်များသာဖြစ်သည်။


ရန်ကုန်မှာနေရတာလည်းမိုးအတွက်တော့အဆင်ပြေသည်လဲမဆိုမပြေသည်လဲမဆို‌နိုင်ပေ။ အဆင်ပြေသည်ဆိုတာကလဲမိုးမှာအရင်ကတစ်ဦးသောသူတစ်ယောက်အတွက်

အရာရာကိုမေ့ပစ်နိုင်လောက်အောင်ရူး

မိုက်ခဲ့ဖူးတာကိုး။ ဟောခုအဲ့သည်လူဘယ်မှာလဲမေးစမ်းကြပါလျှင်မိုးမှာဖြေစရာစကားမရှိ။ထိုမေးခွန်းတွေကိုရင်ဆိုင်ရန်အားမရှိခဲ့၍ပတ်ဝန်းကျင်နဲ့ဝေးကွာအောင်ကြိုးစားခဲ့ဖူးသည်။ တကယ်လဲအောင်မြင်ခဲ့တာပါပဲ။

ခုနောက်ပိုင်းတော့အဲ့သည်လူမရှိပဲနေတတ်အောင်မိုးကြိုးစားနေပါသည်။ ဘယ်ထိတောင့်ခံနိုင်မလဲဆိုတာတော့ခုထိအဖြေရှာဆဲ။


လွန်ခဲ့တဲ့နှစ်တွေတုန်းကမျှော်လင့်ချက်တွေတစ်ပုံတစ်ပင်ကြီးပွေ့ပိုက်ကာ(ခုဆိုရင်တော့အိပ်မက်တစ်‌ခုပေါ့)အတွက်စုထားခဲ့တဲ့ပိုက်ဆံတွေအလကားဖြစ်မဲ့အတူတူသုံးပဲပစ်လိုက်တော့မည်ဆိုကာစိတ်ပိုင်းဖြတ်ကာဖြုန်းနေမိတာလဲကုန်တော့မည်ဖြစ်၏။


ဘာပဲဖြစ်ဖြစ်ရောက်တဲ့နေရာမှာတော့အဆင်ပြေသလိုနေရမှာပဲမဟုတ်ပါလား။ရောမလိုရောက်ရင်ရောမလိုကျင့်ဆိုတာအလကားပြောထားတာမှမဟုတ်ပဲ။ မိုးသက်ပြင်းရှည်တစ်ခုချလိုက်မိသည်။ စိတ်ပင်ပန်းမှုတွေပါတစ်ပါတည်းပါသွားမယ်အထင်နဲ့ပေါ့။ ပြန့်ကြဲနေသောအဝတ်များကြားထဲမှာ အပြာရောင်တီရှပ်တစ်ထည်ကိုရွေးထုတ်လိုက်သည်။ ဟောဟိုမှာဒူးရှည်အမည်းရောင်စကတ်တစ်ထည်။ သူအဝတ်များကိုကိုယ်‌ပေါ်တင်ကြည့်သည်။ သိပ်မဆိုးပါဘူးလေမီးပူအတွက်တော့အချိန်မရှိမိတ်ကပ်ပါးပါးလိမ်းပြီးရင်ဖြစ်ပါတယ်။ခေါင်းလေးဘာလေးဖြီးပေါ့။ အလှအပ‌အတွက်မိုးအချိန်မ‌ေပးဖြစ်တာဘယ်‌ေလာက်ကြာပြီလဲ။

သူပခုံးတစ်ချက်တွန့်လိုက်ပါသည်။



မနက်ဆယ့်တစ်နာရီအတိ



မိုးတစ်ယောက်ဗဟိုလမ်းမပေါ်ရောက်ပြီ။ ခါတိုင်းလိုခေါင်းငိုက်စိုက်ချကာ‌ဖြည်းဖြည်းချင်းလျှောက်လို့ပေါ့။ ဒီအနီးအနားပတ်ဝန်းကျင်ကလူတွေစစချင်းတော့သူ့ကိုအထုးအဆန်းလိုကြည့်ကြသည်။ နောက်ပိုင်းတော့ဘယ်သူမှအဖက်ပင်မလုပ်ကြ။ညဖက်ကိုးနာရီဝန်းကျင်ဆိုလမ်းမပေါ်တစ်ယောက်တည်းလျှောက်လာတတ်တဲ့မိန်းကလေး။ တစ်ချို့တွေတော့မိုးကိုမကောင်းတာလုပ်စားသောမိန်းကလေးလို့ထင်ကြေးပေးတတ်ကြ၏။ ထင်လဲထင်ချင်စရာပဲလေနင်အပြောခံလိုက်ပေါ့။ ကိုယ့်ကိုယ်ကိုရှုံ့ချရသည်မှာလဲမိုး၏နေ့စဉ်အလုပ်များထဲမှတစ်ခုဖြစ်သည်။


လမ်းညွှန်ဆိုင်းဘုတ်လေးအတိုင်းသူမလမ်းကလေးတစ်ခုထဲချိုးဝင်လိုက်သည်။ဟောရှေ့မှာတွေ့ရပြီမီး‌ေရာင်မှိန်ပျပျနဲ့ကော်ဖီဆိုင်ကလေး။ လူအဝင်အထွက်တော့များသား။ မိုးလိုအင်တာဗျူးဖြေတဲ့သူတွေလဲပါမှာပေါ့။ ဘာကြောင့်ရယ်မသိမိုးဒီအလုပ်ကိုအရမ်းရချင်သည်။ မိုးချစ်သော cappuccino coffeeနံ့လေးအမြဲတမ်းရနေမည့်နေရာ၊ မိုးချစ်သော classical musicတိုးတိုးပျပျလေးကြားနေရမည့်နေရာ၊ 'ထိုသူ'ချစ်‌ေသာဆည်းလည်းသံများကြား‌ေနရမည့်နေရာ။


ဆိုင်ထဲသို့ဝင်လိုက်ချင်းပင် သင်းပျံ့နေသောကော်ဖီအနံ့နဲ့အတူThe Beatlesအဖွဲ့၏ hey Judeသီချင်းသံပျပျကြားရသည်။ နေရာတော်တော်များများမှာလူတွေရောက်နှင့်နေကြပြီဖြစ်၏။ အင်တာဗျူးဖြေမယ့်သူများအတွက်ထိုင်စောင့်ရန်နေရာသီးသန့်ပေးထားသည်။ customerခုံများနဲ့ခပ်လှမ်းလှမ်းမီးဆိုင်းသုံးခုအောက်ဆိုင်၏‌အနောက်နေရာတွင်ဖြစ်၏။ မိန်းကလေးသုံးယောက်နှင့်ယောင်္ကျားလေးနှစ်ယောက်ထိုင်စောင့်နေကြသည်။ မိုးခြေသံဖွဖွနင်းကာထောင့်စွန်းမှခုံတွင်ဝင်ထိုင်လိုက်သည်။ မိန်းကလေးတစ်ယောက်boardက‌ေလးလက်ထဲတွင်ကိုင်လျက်စာရင်းထဲရှိအင်တာ‌ဗျူးအတွက်လာရောက်ကြသူများကိုမကြာမကြာရုံးခန်းထဲဝင်ခေါ်လျက်ရှိသည်။ မိုးဘေးနားမှမိန်းမပျိုလေးမှာမူတစ်စုံတစ်ယောက်အားဖုန်းပြောလျက်ပြုံးရယ်လျက်ရှိသည်။ ဆံပင်နီညိုရောင်နှုတ်ခမ်းနီအညိုပုပ်ရောင်ဖြင့်ဂါဝန်အမည်းလေးဆင်မြန်းကာကြော့ကြော့မော့မော့ထိုင်နေသည့်ကောင်မလေးဖြစ်သည်။တော်တော်လှပါသည်။မိုးကိုယ့်ကိုယ်ကိုပြန်ကြည့်မိကာအားငယ်ရပြန်သည်။


"အာ ကိုကိုကတော့လုပ်ပြန်ပြီsnow towelလေးထည့်ပေးပါဆိုတာမေ့သွားပြန်ပြီထင်တယ်မပါလာဘူး "


မိုးအသံကြားရာလှည့်ကြည့်‌လိုက်တော့ထိုမိန်းကလေးဆီမှဖြစ်၏။ စလင်းဘက်အိတ်ကလေးထဲ‌ရှာဖွေကာစိတ်ပျက်လက်ပျက်ဖြင့်ပြောနေခြင်းဖြစ်၏။ မိုးလက်ကိုင်အိတ်ထဲမှမဖောက်ရသေးသောsnow towelထုပ်လေးလက်လှမ်းပေးပြီးပြုံးပြလိုက်မိသည်။


ထိုမိန်းကလေးမှာယဉ်ယဉ်ကျေးကျေးယူကာပြန်ပြုံးပြပါသည်။


"thank u"


မိုးခေါင်းငြိမ့်ရုံသာငြိမ့်ပြမိလိုက်သည်။


နေပါဦး။


ဒီမိန်းကလေးကိုမိုးမြင်ဖူးသလိုပါပဲလား..။ မိုးထိုမိန်းမပျိုအားတွေ့ဖူးတာတော့သေချာသည် ဒါပေမဲ့ စဉ်းစားမရ။ မိုးအခြားဖက်သို့မျက်နှာလှည့်ကာအသည်းအသန်စဉ်းစားကြည့်သည်။ ဘယ်မှာတွေ့ဖူးတာပါလိမ့်..။


သူငယ်ချင်းရောဖြစ်နိုင်မလား။ သူငယ်ချင်းဆိုရင်သူမိုးကိုမှတ်မိလိမ့်မည်။မမှတိမိ‌ေလာက်သည်အထိမိုးမှာကြီးကြီးမားမားပြောင်းလဲသွားတာမရှိ။

မိုးစဉ်းစားနေတုန်းမှာပင်ထိုမိန်းကလေးမှစကားပြောလာသည်။


" ကျေးဇူးပါမမ ခိုင်ကလေအပြင်ထွက်ရင် snow towelမပါရင်ဘယ်မှမထွက်တတ်ဘူးသိလားအရမ်းပူတော့လေရာသီဉတုက"


မိုးထိုမိန်းကလေးကိုခေါင်းသာငြိမ့်ပြလိုက်မိသည်။ ဝတ်ပုံစားပုံတွေကြည့်ရတာတော့ဒီမိန်းကလေးကချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့ပုံပဲ။ ဒီချမ်းသာတဲ့ပုံရတဲ့မိန်းကလေးကဒီကော်ဖီဆိုင်မှာဘာဖြစ်လို့အလုပ်လုပ်ချင်ရတာပါလဲ။

မိုးထိုမိန်းမပျိုကိုအပြင်အဆင်များမှတစ်ဆင့်အကဲခတ်ကြည့်မိသည်။


အော်နေပါဦး သူ့မှာရင်ထိုးတံဆိပ်လေးပါတယ်။

'manager'တဲ့။


ဒီ‌ေကာင်မလေးကိုမြင်ဖူးတယ်ဆိုတာကလဲအမှတ်မှားတာပဲဖြစ်မှာပါ။ ဒီနားဝန်းကျင်မှာ ဝတ်ပုံစားပုံလှလှလေးဖြင့်သည်မိန်းမပျိုလေးလိုအမျိုးသမီးလေးတွေမှအများကြီး။ ခိုင်ဆိုသည့်အမည်မှာလဲများသားကိုး။


မိုးဆိုင်အတွင်းထဲသို့ပတ်ပတ်လည်အကဲခတ်ကြည့်မိသည်။ အပြင်အဆင်မှာတော့ဒီဖက်ခေတ်ကော်ဖီဆိုင်တော်တော်များများရဲ့အပြင်အဆင်ပါပဲ။ မီးမှိန်ပျပျလေးများနဲ့ပန်းပင်အပုကလေးများပတ်ပတ်လည်ဝန်းရံထားသောဆိုင်ကလေး။ လူတော်တော်များများမှာချစ်သူစုံတွဲများသာဖြစ်သည်။ ကြည်နူးစုံမက်‌စွာတစ်ယောက်နှင့်တစ်ယောက်စကားချိုချိုများပြောဆိုနေကြသောချစ်စရာစုံတွဲများ။ သူတို့၏မျက်ဝန်းတွေမှာတစ်ယောက်အပေါ်တစ်ယောက်ထားသောမျှော်လင့်ချက်တွေဝေ့လို့။ တစ်ချို့မှာတစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ကာ အပြင်ဖက်သို့ငေးငိုင်နေမိကြသည်။


လွန်ခဲ့တဲ့ခြောက်လကမိုးနဲ့ထိုသူကိုမိုး၏

မှတ်ဉာဏ်ကပြန်မြင်‌ေယာင်မိသည်။မိုးမျက်လွှာချလိုက်မိပါသည်။ ဘယ်လောက်ပဲမိုးသူ့ကိုမေ့နိုင်ပြီပြောပြောယခုလိုမြင်တွေ့ခဲ့လျှင်အနည်းနဲ့အများတော့ဝမ်းနည်းမိသည်မှာအမြဲ။ မိုးကျလုဆဲဆဲမျက်ရည်တို့ကိုလက်ခုံဖြင့်ခိုး၍သုတ်မိပါသည်။


ထိုစဉ်မှာပင်မြင်ကွင်းရှေ့သို့ပေါ်လာသည့် converse အနက်ရောင်တစ်ရံ။ မီးခိုးရောင်jeansလေး‌အုပ်လျက်။


မိုးမော့ကြည့်မိလိုက်သည်။


ဘုရားရေ


ဒါသူပါလား..။


နေစမ်းပါဦးမိုးရယ်နင်ကတော့မြင်ချင်တာတွေချည်းမြင်နေတော့တာပဲ ဒီလူကသူနဲ့မှမတူတာ။


မဟုတ်ဘူးနော်။


သူ


သူပါပဲ..။


မီးခိုးရောင် jeansကိုအပေါ်မှ Hawaii shirtလေးဖြင့်လိုက်ဖက်စွာတွဲဖက်ဝတ်ဆင်ထားသောသူ။ အရင်တည်းကနှစ်သက်စွာအမြဲတမ်းတပ်ဆင်တတ်သောနေကာမျက်မှန်လေးရှပ်အင်္ကျီအိပ်ကပ်ပေါ်မှာညှပ်ထားလျက်။

နဖူးပေါ်အနည်းငယ်ဝေ့ကျနေသောဆံပင်‌တို့ကိုလျစ်လျှုရှုလျက် ရှည်လျားသောဆံပင်တို့ကိုသာစည်းနှောင်ထားသောသူ။

ချိုမြစွာပြုံးရယ်လျက် ထိုမိန်းကလေးဆီသို့လျှောက်သွားနေသောသူ။


ထိုမိန်းကလေး။


မိုးဘေးနားကမိန်းကလေး။


လွန်ခဲ့သောတစ်နှစ်ခန့်ကမိုးအသည်းအသန်ထိုမိန်းကလေးကိုမနာလိုခဲ့ဖူးသည်။

ထိုမိန်းကလေးနေရာကိုရချင်ခဲ့ဖူးသညိ။ထိုမိန်းကလေးကဲ့သို့သူ့၏မြတ်နိုးမှုများကိုအပိုင်သိမ်းချင်ခဲ့ဖူးသည်။

သို့သော်..


မိုးဘယ်လိုပဲကြိုးစားကြိုးစားသူသည်မိုးဖက်ကိုတစ်စက်ကလေးမှတောင်ဝေ့မကြည့်ခဲ့ပါ။ သုံးနှစ်ကြာချစ်သူသက်တမ်းကိုနည်းနည်းလေးမှမငဲ့ညာပဲထိုမိန်းကလေးထံ လိုက်သွားခဲ့သောသူ။

မိုး၏မိန်းမသိက္ခာများကိုဟိုးအောက်ထိချ၍ဘယ်လောက်ပဲတောင်းပန်တောင်းပန်ရက်စက်စွာမိုးကိုလှည့်မကြည့်ခဲ့သူ။


မိုးသူ့အတွက် အရာရာကိုအဆုံးရှုံးခံခဲ့ဖူးသည်။


ပတ်ဝန်းကျင်။

မိသားစု။

အလုပ်အကိုင်။

မိုး၏မာနများ။

မိုး၏ကိုယ်ပိုင်ဖြစ်တည်မှု။


အိုကျန်ပါသေးတယ်..


ထိုသူသည်ထိုမန်းမပျိုရှေ့တွင်မတ်တပ်ရပ်ကာစကားတီတီတာတာများဖြင့်ပြုံးရယ်နေကြသည်။ မိုးနှင့်သူချစ်သူဖြစ်စဉ်ကာလများကပင်သူ့၏ဒီလောက်တောက်ပသောအပြုံးများကိုမိုးလုံးဝမမြင်ဖူးခဲ့ပါ။ သူ့မေးစေ့ကိုထိလျှင်သူ့ပါးနှစ်ဖက်ကိုတယုတယကိုင်တွယ်လျှင်လုံးဝမကြိုက်သောသူကခုတော့ထိုမိန်းကလေး၏တယုတယကျည်စယ်နေသည်ကိုပြုံးရွှင်စွာနာခံယူနေလေရဲ့။


မိုးဖက်ကိုခုပင်သူလုံးဝလှည့်မကြည့်ခဲ့ပါ။ မိုးကိုတစ်စက်ကလေးမှလှည့်မကြည့်နေပါ..








ညနေငါးနာရီငါးဆယ်မိနစ်



ခါတိုင်းနေ့တွေလိုမိုးလမ်းမပေါ်မှာဦးတည်ရာမဲ့လျှောက်သွားနေမိသည်။ ဒီ‌ေန့တော့အပြင်ထွက်တာ‌နည်းနည်းစောသည်လို့တော့ပြောရမည်။ခါတိုင်းဆိုကိုးနာရီလောက်မှထွက်နေကျ။


မနက်အင်တာဗျူးအခြေအနေတော့မဆိုးလှဟုပြောလို့ရသည်။ မိုး interviewerရဲ့မေးခွန်းတစ်ခုကိုစိတ်ပေါက်ပေါက်နဲ့မဖြေပဲထပြန်ခဲ့တာကလွဲလို့။



ညနေခြောက်နာရီ



မိုးred wineတစ်ခွက်မှာကာcounterနားမှာထိုင်နေမိသည်။ အခြားလူငယ်များမှာသူငယ်ချင်း‌ေတွတစ်ပုံတစ်ပင်နဲ့‌ပျော်ရွှင်ကြလို့။ မိုးတစ်ယောက်တည်းခေါင်းငိုက်စိုက်ချကာ အတွေးတွေတောင်စဉ်မရရောက်လျက်။


သူနဲ့တွေ့ရတော့မယ်။


ထိုအသိကမိုးကိုရင်ခုန်သံများကြည်နူးစိတ်‌ေကြာင့်မြန်ဆန်စေသလိုတစ်ချိန်တည်းပင်လျှင်နွမ်းလျမှုကိုပါခံစားရသည်။

လက်နှစ်ဖက်ကိုhoodieအိပ်ကပ်ထဲကျစ်ကျစ်ပါအောင်ထည့်လျက်..။


မနက်တုန်းကမိုးအင်တာဗျူးဖြေပြီးပြန်ထွက်အလာစားပွဲတစ်ခုတွင် 'မိုးစက်မေအတွက်'ဟုဆို၍စာရွက်ခေါက်လေးတင်ထားခဲ့သည်။ 'သူ'‌ မိုးအတွက်ချန်ခဲ့တာဖြစ်သည်။ စာထဲမှာမိုးကိုသူဘယ်လောက်တမ်းမကြောင်း၊မိုးကိုတွေ့ချင်ကြောင်း၊မိုးနဲ့ဒီတစ်ည‌ေတွချင်သည့်အ‌ေကြာင်းတွေပါ၏။ ထို့ကြောင့်မိုးလည်းမိုက်ရူးရဲဆန်စွာသူချိန်းဆိုခဲ့သည်ဤနေရာသို့ရောက်လာမိ

ခြင်းပင်။


" မိုး"


တိုးတိတ်၍နူးညံ့သောမိုး၏နာမည်ကိုရေရွတ်လိုက်သံအဆုံးတွင်ခေါင်းမော့ကြည့်မိသည်။


ရှပ်အင်္ကျီအမည်းရောင်ကိုသက္ကလပ်ဘောင်းဘီမီးခိုးရောင်ဖြင့်သန့်ပြန့်စွာဝတ်ဆင်ထားသောသူ။ ရှူးဖိနပ်အသံကြားမှာသူမိုးကိုပြုံးပြလိုက်သည်။ လက်နှစ်ဖက်အား‌ေဘာင်းဘီအိတ်ထဲထည့်လျက်။ အပြစ်တစ်ခုလုပ်ထားသည့်ကလေး

ငယ်တစ်ယောက်ဆရာမအရှေ့တွင်ပြုံးသည့်အပြုံးမျိုး။သူ့၏ရှည်လျားသောဆံနွယ်တို့ကိုဖယ်သပ်ပြီးမိုးအရှေ့တွင်ဝင်ထိုင်လိုက်သည်။ cologneနံ့ပျံ့ပျံ့လေးသူ့ထံမှရမိသည်။ ဒါမိုးနဲ့အတူတူရှိစဉ်ထဲကသူသုံးခဲ့သောသူအကြိုက်ဆုံးရေမွှေး..။


မိုးတစ်ယောက်မိုက်ရူးရဲဆန်စွာထိုရေမွှေးတွေကိုအိပ်ခန်းထဲဆွတ်နေမြဲ။ ထိုရေမွှေးအနံ့ရလျှင်သူဘေးနားမှာရှိနေသလိုခံစားရသည်။ ထိုရေမွှေးသည်တစ်ချိန်တစ်ခါကသူနဲ့အတူရှိခဲ့ကြဖူးသောအခိုက်အတန့်များကိုပြန်ယူဆောင်နိုင်စွမ်းရှိသည်။

ထိုရေမွှေးသည်မိုး၏အိမ်ကဲ့သို့နွေးထွေးမှုကိုပေးသည်။


"မတွေ့တာကြာပြီနော်မိုး"


သူ့ဘက်မှပြောလာသောပထမဆုံးနှုတ်ခွန်းဆက်စကား။ သူ virgin vodkaတစ်ခွက် bartenderလေးထံမှာလိုက်သည်။ သူ၏လက်တစ်ဖက်ကို counterပေါ်တွင်တင်၍မေးထောက်ကာမိုးကိုစိုက်ကြည့်နေ၏။ သူ၏အကြည့်မှာမတွေ့ရတာကြာပြီဖြစ်သောချစ်သူရည်းစားကိုကြည့်သောမြတ်နိုးသည့်အကြည့်မဟုတ်ပါ။ သားကောင်တစ်‌ေကာင်ကိုအကဲခတ်ကြည့်သောသားရဲတိရစ္ဆာန်တစ်ကောင်၏အကြည့်ဖြစ်သည်။


သူ၏အကြည့်အောက်တွင်မိုးရင်ထဲအချိန်အတိုင်းအတာတစ်ခုထိ‌ပျောက်ဆုံးနေခဲ့သောနူးညံ့လှသည့်ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာသည်မှာငြင်းဆို၍မရပါ။


မိုးအကြည့်လွှဲလိုက်မိသည်။ ဘာဖြစ်လို့ဒီကိုလာတွေ့ကြဖို့သတော့တူမိပါလိမ့်။


"နင်ရန်ကုန်ကိုအလည်လာတာလား"


"ခိုင်အလုပ်ဝင်လျှောက်ပါတယ်ဆိုမှတော့အလည်လာတာဖြစ်နိုင်မလားခိုင်ရဲ့..

အော်ဆောရီးမိုးရဲ့"


"ဒါဆို?"


"ငါရန်ကုန်ကိုပြောင်းလာတာ တစ်နေ့ကမှရောက်တယ်လေလေယာဉ်လက်မှတ်ဝယ်ရတာကြာရော"


"အင်း"


စကားဟိုနည်းနည်းဒီနည်းနည်းနဲ့မိုးတို့နှစ်ယောက်ပြောဖြစ်ကြသည်။ အကြောင်းအရာတွေကတော့ရေရေရာရာမရှိ။ မိုးကိုအဆက်အသွယ်‌ေတွအကုန်ဖြတ်ပြီးခိုင်အနောက်ကောက်ကောက်ပါအောင်လိုက်သွားခဲ့သောသူနည်းနည်းတော့ရှက်နေရှာ‌မှာပေါ့။


"မိုး...ဒီညအားတယ်မဟုတ်လား"


"အင်းအားပါတယ်"


"ဒါဆိုငါတို့တစ်နေရာလစ်ကြရအောင်"


"ဘာကြီး"


"လစ်ကြမယ်လေတစ်နေရာရာပေါ့"


"ဘယ်နေရာလဲ"


"မသိဘူးဟာငါသိတာတော့ငါတို့အရင်လိုအချိန်တွေတူတူပြန်ဖန်တီးကြဖို့ပဲ"


"နင်ဘာကိုဆိုလိုတာလဲ"


"နင်ကလဲဝေးလိုက်တာဒါကြောင့်နင့်ကိုဘယ်သူမှမလိုချင်ကြတာ ဒီမှာငါပြောတာကကွာငါတို့အရင်လိုပြန်နေကြမယ်"


သူမိုးကိုပြန်ပြီးလိုချင်တယ်ဆိုတဲ့သဘောလား။ မိုးနားမလည်နိုင်တော့ပါ။ နောက်ဆုံးတစ်ခါမိုးနဲ့အတူတူရှိ‌ခဲ့ကြတဲ့ရက်တွေမှာတော့သူမိုးကိုပက်ပက်စက်စက်မိုးသိက္ခာတွေကိုဟိုးအောက်ခြေအထိပစ်ချစွာပြောခဲ့သောသူ၏စကားများကိုမိုးပြန်မြင်ယောင်မိသည်။ ခုတော့ဘယ်လိုဖြစ်ရတာလဲ ရှင်ရယ်..။

ဒါပေမဲ့သူသည်မိုးနဲ့အတူရှိခဲ့စဉ်ကာလများတွင်ခိုင်ကိုသည်လိုပင်ချဉ်းကပ်ခဲ့မည်ကိုမိုးသိသည်။ ခိုင်ကလည်းသူ၏ရီဝေသောအကြည့်များအောက်တွင်ကြည်နူးမိခဲ့လေမည်။


မိုးနှစ်ရှည်လများစောင့်မျှော်နေခဲ့ရသောဤအခိုက်အတန့်ရောက်လာပြီဖြစ်၍ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါသည်။


"ကောင်းပြီလေငါလဲနင့်ကိုစောင့်နေခဲ့တာကြာလှပေါ့"


သူ၏မျက်နှာမှာပျော်ရွှင်မှုကြောင့်ဝင်းလက်သွားသည်ကိုမိုးအတိုင်းသားမြင်ရသည်။


"နင်တကယ်ပြောတာလားမိုးလာဟာသွားရအောင်ညကျငါသွားစရာရှိသေးတယ်"


မိုးခေါင်းငုံကာပြုံးမိလိုက်ပါသည်။ သူ၏ဟိုတစ်ချိန်ကမိုးကိုကြည့်လေ့ရှိ

သောမျက်ဝန်းတစ်စုံကိုပြန်မြင်လိုက်ရလေသည်။ ဒီလိုတော့လဲရှင်ဟာချစ်ဖို့ကောင်းလှပါရောလား..။


"နေဦးနင့်အတွက်ငါသောက်စရာပြန်မှာပေးမယ်အရင်တုန်းကလိုပေါ့"မိုးမျကိလုံးတစ်ဖက်မှိတ်ပြလိုက်ပါသည်။


သူကမိုးကိုပြုံး၍ကြည့်သည်။

မိုး counterအနောက်ဖက်သို့သွား၍ bartenderကောင်လေးအားသောက်စရာတစ်ခုသွားမှာလိုက်သည်။မိနစ်အနည်းငယ်ကြာပြီးနောက်သောက်စရာတစ်ခုနဲ့အတူမိုးကိုယ်တိုင် သူ့ အရှေ့သို့သွားချပေးပါသည်။


"အရင်သောက်လိုက်ဦးနော်ပြီးရင်ငါတို့သွားကြမယ် မြန်မြန်တော့လုပ်ကွာ"


မိုးသူ့လက်မောင်းတစ်ဖက်ကိုဖွဖွလေးထိုး၍ပြောလိုက်ပါသည်။


သူကတော့မချိပြုံးလေးပြုံး၍စိတ်မရှည်သလိုသောက်နေသည်။ မိုးကတော့မြတ်နိုးစိတ်လွှမ်းသောမျက်ဝန်းများဖြင့်သူ့ကိုကြည့်လျက်။


"အာ နေအုံးကွာမိုး အိမ်သော့ကိုဘေးအိမ်ကမမကိုပေးထားတာသူကအပြင်ရောက်နေလို့တဲ့ခဏစောင့်ဦးနော်အဲ့မမပြန်ရောက်ပြီဆိုရင်သွားကြမယ်သိလား"

မိုးဖုန်းကိုကြည့်ကာစိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။


သူစုတ်တစ်ချက်သပ်လိုက်ပြီးမျက်နှာလွှဲသည်။ရှုးဖိနပ်ခွာဖြင့်ကြမ်းပြင်ကိုစိတ်မရှည်စွာခေါက်နေသည်။

အော် ကိုယ့်ကိုအဲ့လောက်လေးတောင်စိတ်မရှည်‌နိုင်တော့ဘူးလား..။


မိနစ်အတန်ရှည်ကြာပြီးနောက်တွင်သူမျက်နှာသိသိသာသာပျက်လာသည်။ ဘေးဘီဝေ့ကြည့်ကာသက်ပြင်းများချလျက်။


"နင်အဆင်ပြေရဲ့လား"


"အင်းရပါတယ်နေဦး toiletခဏသွားလိုက်ဦးမယ်နင်ဘယ်မှမသွားနဲ့နော်ငါပြန်လာမှာ"


သူပြောရင်းဆိုရင်းခပ်သုတ်သုတ်ဖြင့်နေရာမှထွက်ခွာသွားသည်။

မိုးလည်းနေရာမှာအသာထိုင်၍သူ့အားစောင့်နေလိုက်ပါသည်။


ခဏအကြာတွင်အမျိုးသားအိမ်သာအတွင်းတွင်တစ်ခုခုပြုတ်ကျသံအကျယ်ကြီးကြားလိုက်ရသည်။ barတစ်ခုလုံးအသံလာရာနေရာသို့လှည့်ကြည့်မိကြသည်။ အိုး ပြန်ချိန်တန်ပြီထင်တယ်။ မိုးသူ၏ပိုက်ဆံအိတ်ကလေးကိုင်ကာbarထဲမှထွက်လာမိသည်။


အမျိုးသားတစ်ဦး၏စူးစူးရှရှအော်သံနဲ့အတူ toiletထဲတွင်လူတစ်ယောက်လဲကျသွားသည်အဆိပ်တက်သည်ဟုယူဆရသည်အသက်အန္တရာယ်စိုးရိမ်ရဟူသောအော်သံများအနောက်တွင်ချန်ခဲ့လျက်..။


မမတောင်းပန်ပါတယ်ခိုင်ရယ်။


Bartenderလေးအားအရက်ပြင်းတစ်ခွက်ချခိုင်း၍မိုး၏Paraquat Dichlorideအရည်အချို့ရောထည့်လိုက်သည်ကို သူ သံသယမရှိစွာသောက်လိုက်သည်ကသူ့အပြစ်မဟုတ်လား။


နောင်ဘဝတွေထိမိုးကိုပဲအမြဲဆက်ချစ်နေမည်ဟုသောသူ၏သစ္စာစကား မှန်မမှန်သိချင်လို့ပါရှင်ရယ်။ မိုးကိုမလိမ်ရဘူးနော်..။





မိုးအိမ်ကိုရှစ်နာရီမှပြန်ရောက်သည်။ ပြန်ပြန်ရောက်ချင်းမိုး‌ မနက်ကသောက်လက်စစီးကရက်ဗူးထဲမှတစ်လိပ်ကိုင်ကာအမိုးထပ်သို့တက်ခဲ့မိသည်။



' Don't you see me I

I think I'm falling, I'm falling for you

And don't you need me I

I think I'm falling, I'm falling for you..'



မိုး၏ဖုန်းမှတစ်ဆင့်သီချင်းသံပျပျမှာလေပြေကြားထဲသဲ့သဲ့ထိုးဖောက်လျက်။


ဤအမိုးထပ်က‌ေလး‌တွင်သူနဲ့အတူလှဲအိပ်၍ကြယ်တွေကိုရေတွက်ခဲ့ဖူးသည်။ သူနဲ့အတူဤအမိုးထပ်ကလေးတွင်အနာဂတ်အကြောင်းကြည်နူးစွာပြောခဲ့ဖူးသည်။ သူ၏ဆံနွယ်ကလေးများကိုမိုးလက်ချောင်းကလေးများဖြင့်ချစ်မြတ်နိုးစွာဆော့ကစားခဲ့ဖူးသည်။


မိုးစီးကရက်ကိုရှိုက်ဖွာလိုက်သည်။


သူ့ကိုမိုးအသက်ထပ်မြတ်နိုးပါသည်။ သူ့အတွက်မိုးဘာမဆိုပေးဆပ်ရဆပ်ရအဆင်သင့်ပင်ဖြစ်ပါသည်။ သို့သော်သူသည်မိုးကိုလျစ်လျှူရှု၍ရက်စက်စွာပြုမူခဲ့သည်။ သူမရှိလျှင်မိုးလုံးဝမနေနိုင်သည်ကိုသိပါလျက်မသိဟန်ဆောင်လျစ်လျှူရှုခဲ့သည်။ မိုးတို့၏အနာဂတ်အိပ်မက်လေးများကိုရက်ရက်စက်စက်ရိုက်ချိုးပစ်ခဲ့သည်။



'I'm caught on your coat again

You said, "Oh no, it's fine"

I read between the lines and touched your leg again..'



မိုးဘဝ၏ပထမဆုံးသောအချစ်ကိုပိုင်ဆိုင်ခဲ့ရသူ။

မိုးဘဝ၏ပထမဆုံးယုံကြည်မှုကိုပိုင်ဆိုင်ခဲ့ရသူ။

မိုးဘဝ၏ပထမဆုံးနဲ့နောက်ဆုံးအိမ်ဟာသူ။

မိုးဘဝ၏အရာအားလုံးဟာသူ။

မိုးသူ့ကိုဘယ်လောက်ချစ်မြတ်နိုးသည်ကိုသိပါလျက်သူလုပ်ရက်သည်။


မိုးပါးပြင်သို့မျက်ရည်တစ်စက်လိမ့်ဆင်းသွားပါသည်။ စီးကရက်လိပ်ကိုကိုင်ထားသောမိုး၏လက်တို့တုန်ရီ‌ေနကြသည်။မငိုနဲ့မိုးနင်မငိုနဲ့ခုတော့အရာအားလုံးကြေပြီမလားနင့်ရဲ့ရည်မှန်းချက်အောင်မြင်ပြီမဟုတ်လား။

ဟင့်အင်း။

အို ဘယ့်နှယ်အောင်မြင်ရမှာ‌တုန်း။


မိုး သူမရှိလျှင်မနေနိုင်ပါ။ သူသည်သာမိုး၏တစ်ခုတည်းသောအိမ်။


မိုးတို့၏ကတိစကားအတိုင်းဘာ‌‌ေတွပဲဖြစ်ဖြစ်ပြန်တွေ့ကြမယ်လေ။


စီးကရက်မီးကိုအုတ်နံရံစွန်းတွင်ဖိ‌‌ေချလိုက်ပြီးအမိုးထပ်အစွန်းသို့မိုးတစ်လှမ်းချင်းဆီတိုးရွှေ့လိုက်သည်။ လေပြေလေးများကတစ်ချက်တစ်ချက်တိုက်ခတ်လျက်မိုး၏ဆံနွယ်လေးများနဲ့ဂါဝန်အဖျားကလေးမှာလေထဲတွင်ယိမ်းနွဲ့လျက်။



'According to your heart

My place is not deliberate

Feeling of your arms

I don't want to be your friend, I want to kiss your neck..'



အေးချမ်းတိတ်ဆိတ်မှုကိုကျွန်မကိုယ်တိုင်ကြိုမြင်နေရပြီ ရှင်ရေ..။


သွားစွယ်လေး‌‌ေတွပေါ်လာသည်အထိပြုံးရယ်တတ်သောချစ်ဖို့ကောင်းလှသည့်သူ၏အပြုံးလေး။


အို ကျွန်မရှင့်ကိုထပ်တွေ့ရဖို့မစောင့်နိုင်တော့ပါဘူး။


မိုးမနက်က interviewer လေး၏မေးခွန်းတစ်ခုကိုပြန်သတိရမိသည်။ မိုးကိုရက်ရှည်ခရီးတွေစာချုပ်ချုပ်ထားတဲ့အတောအတွင်းလုံးဝမသွားရဘူးတဲ့။ ပျက်ကွက်တဲ့ရက်သိပ်မရှိရဘူးတဲ့ကွယ်။


ဘယ်ဖြေနိုင်မလဲအဲ့မေးခွန်းကိုတော့မိုးဒေါသထွက်တာပေါ့။ မိုးခရီးရှည်သွားစရာရှိတယ်လေ ရှင့်နောက်ကိုလိုက်ဖို့လေ..။

ခုတော့အဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်ပြီ မိုးပျော်လိုက်တာပြောမနေနဲ့တော့။


မိုးနောက်ဆုံးအနေဖြင့်စိတ်ပါလက်ပါပြုံးရယ်မိလိုက်သည်။


ထို့နောက်‌လေအေးပေါ်သို့ခြေချလိုက်သောခြေဖဝါးနုနုတစ်ဖက်

ပြီးတော့ နောက်တစ်ဖက်..။


မိန်းမပျိုကလေးတစ်ယောက်၏ပါးလျ‌ေသာကိုယ်ခန္ဓာက‌ေလးနှင့်ညအိပ်ဂါဝန်ရှည်ကလေးလေထဲတွင်ဝဲလျက်။


ထိုမိန်းကလေး၏ မျက်ရည်စများနှင့်‌မျှော်လင့်ချက်များလဲအတူပေါ့။



'On this night, and in this light

I think I'm falling (I think I'm falling), I'm falling for you

And maybe you, change your mind..'





Zawgyi


ေဖေဖာ္ဝါရီ ဆယ့္တစ္ရက္ ႏွစ္ေထာင့္ဆယ့္ကိုးႏွစ္

နံနက္ ဆယ္နာရီနဲ႔ဆယ့္ငါးမိနစ္





ခါတိုင္းေန႔ေတြေတာ့ပုံမွန္ကိုးနာရီေလာက္မိုးထျဖစ္ပါရဲ႕ဒီကေန႔ေတာ့သူဆယ္နာရီေက်ာ္မွအိပ္ရာကထျဖစ္သည္။ ညတုန္းကသူအိမ္ျပန္ေနာက္က်ျခင္းေၾကာင့္ပါ။ဘာရယ္မဟုတ္ဦးတည္ရာမဲ့ညဖက္ေတြေလွ်ာက္သြားေနမိတာအင္းဒီရက္ပိုင္းပါပဲေလ။ ဒီရက္ပိုင္းပဲသာေျပာရတယ္မိုးတစ္ေယာက္ဦးတည္ရာမဲ့ၿပီးထင္တိုင္းစိုင္းေနခဲ့တာလနဲ႔ခ်ီ‌ေနခဲ့ၿပီ။


သူစိတ္ပ်က္လက္ပ်က္နဲ႔ကုတင္ေပၚတင္ပါးလႊဲထိုင္ကာကမန္းကတန္းရွာထားတဲ့အဝတ္ေတြဝတ္ၾကည့္ရင္းၿငီးျငဴေနမိသည္။


ကုတင္ေပၚျပန႔္က်ဲေနတဲ့အဝတ္‌ေတြကိုၾကည့္ရင္းသူေတြးမိသည္။ ခါတိုင္းဆိုတြန႔္ေၾကေနတဲ့ဗီ႐ိုထဲကအက်ႌေတြသူဝတ္သြားလိုက္ၿပီ။ ဒါေပမဲ့ဒီေန႔ေတာ့သူသန႔္ျပန႔္ေအာင္ဝတ္ရမယ္ေလ။ ဘာရယ္ေတာ့မဟုတ္ သြားစရာဆိုတာကလည္းအင္တာဗ်ဴးတစ္ခုပါ။ ေကာ္ဖီဆိုင္တစ္ဆိုင္ကအလုပ္ေခၚစာေတြ႕ၿပီးသူအလုပ္ဝင္လုပ္ဖို႔အႀကံရတယ္တဲ့‌ေလ။ မိုးမွာအရင္ကေတာ့အလုပ္ရွိဖူးပါ၏။ city martမွာ cashierအျဖစ္ျဖစ္သည္။ ဒါေပမဲ့ အဲ့ဒီအလုပ္နဲ႔မကိုက္လို႔ဆိုၿပီးမိုးတစ္ေယာက္ဆင္ေျခေပးကာႏႈတ္ထြက္လိုက္သည္မွာၾကာၿပီျဖစ္၏။ အသက္သုံးဆယ္အ႐ြယ္သက္လတ္ပိုင္းမိန္းမပ်ိဳမိုးစက္‌ေမအတြက္ေတာ့အလုပ္ရွာရသည္မွာအနည္းငယ္အခက္အခဲႀကဳံရ၏။ အလုပ္ေခၚစာေတာ္ေတာ္မ်ားမ်ားမွာအသက္ႏွစ္ဆယ္ဝန္းက်င္အတြက္မ်ားသာျဖစ္သည္။


ရန္ကုန္မွာေနရတာလည္းမိုးအတြက္ေတာ့အဆင္ေျပသည္လဲမဆိုမေျပသည္လဲမဆို‌ႏိုင္ေပ။ အဆင္ေျပသည္ဆိုတာကလဲမိုးမွာအရင္ကတစ္ဦးေသာသူတစ္ေယာက္အတြက္

အရာရာကိုေမ့ပစ္ႏိုင္ေလာက္ေအာင္႐ူး

မိုက္ခဲ့ဖူးတာကိုး။ ေဟာခုအဲ့သည္လူဘယ္မွာလဲေမးစမ္းၾကပါလွ်င္မိုးမွာေျဖစရာစကားမရွိ။ထိုေမးခြန္းေတြကိုရင္ဆိုင္ရန္အားမရွိခဲ့၍ပတ္ဝန္းက်င္နဲ႔ေဝးကြာေအာင္ႀကိဳးစားခဲ့ဖူးသည္။ တကယ္လဲေအာင္ျမင္ခဲ့တာပါပဲ။

ခုေနာက္ပိုင္းေတာ့အဲ့သည္လူမရွိပဲေနတတ္ေအာင္မိုးႀကိဳးစားေနပါသည္။ ဘယ္ထိေတာင့္ခံႏိုင္မလဲဆိုတာေတာ့ခုထိအေျဖရွာဆဲ။


လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကေမွ်ာ္လင့္ခ်က္ေတြတစ္ပုံတစ္ပင္ႀကီးေပြ႕ပိုက္ကာ(ခုဆိုရင္ေတာ့အိပ္မက္တစ္‌ခုေပါ့)အတြက္စုထားခဲ့တဲ့ပိုက္ဆံေတြအလကားျဖစ္မဲ့အတူတူသုံးပဲပစ္လိုက္ေတာ့မည္ဆိုကာစိတ္ပိုင္းျဖတ္ကာျဖဳန္းေနမိတာလဲကုန္ေတာ့မည္ျဖစ္၏။


ဘာပဲျဖစ္ျဖစ္ေရာက္တဲ့ေနရာမွာေတာ့အဆင္ေျပသလိုေနရမွာပဲမဟုတ္ပါလား။ေရာမလိုေရာက္ရင္ေရာမလိုက်င့္ဆိုတာအလကားေျပာထားတာမွမဟုတ္ပဲ။ မိုးသက္ျပင္းရွည္တစ္ခုခ်လိုက္မိသည္။ စိတ္ပင္ပန္းမႈေတြပါတစ္ပါတည္းပါသြားမယ္အထင္နဲ႔ေပါ့။ ျပန႔္ႀကဲေနေသာအဝတ္မ်ားၾကားထဲမွာ အျပာေရာင္တီရွပ္တစ္ထည္ကိုေ႐ြးထုတ္လိုက္သည္။ ေဟာဟိုမွာဒူးရွည္အမည္းေရာင္စကတ္တစ္ထည္။ သူအဝတ္မ်ားကိုကိုယ္‌ေပၚတင္ၾကည့္သည္။ သိပ္မဆိုးပါဘူးေလမီးပူအတြက္ေတာ့အခ်ိန္မရွိမိတ္ကပ္ပါးပါးလိမ္းၿပီးရင္ျဖစ္ပါတယ္။ေခါင္းေလးဘာေလးၿဖီးေပါ့။ အလွအပ‌အတြက္မိုးအခ်ိန္မ‌ေပးျဖစ္တာဘယ္‌ေလာက္ၾကာၿပီလဲ။

သူပခုံးတစ္ခ်က္တြန႔္လိုက္ပါသည္။



မနက္ဆယ့္တစ္နာရီအတိ



မိုးတစ္ေယာက္ဗဟိုလမ္းမေပၚေရာက္ၿပီ။ ခါတိုင္းလိုေခါင္းငိုက္စိုက္ခ်ကာ‌ျဖည္းျဖည္းခ်င္းေလွ်ာက္လို႔ေပါ့။ ဒီအနီးအနားပတ္ဝန္းက်င္ကလူေတြစစခ်င္းေတာ့သူ႔ကိုအထုးအဆန္းလိုၾကည့္ၾကသည္။ ေနာက္ပိုင္းေတာ့ဘယ္သူမွအဖက္ပင္မလုပ္ၾက။ညဖက္ကိုးနာရီဝန္းက်င္ဆိုလမ္းမေပၚတစ္ေယာက္တည္းေလွ်ာက္လာတတ္တဲ့မိန္းကေလး။ တစ္ခ်ိဳ႕ေတြေတာ့မိုးကိုမေကာင္းတာလုပ္စားေသာမိန္းကေလးလို႔ထင္ေၾကးေပးတတ္ၾက၏။ ထင္လဲထင္ခ်င္စရာပဲေလနင္အေျပာခံလိုက္ေပါ့။ ကိုယ့္ကိုယ္ကိုရႈံ႕ခ်ရသည္မွာလဲမိုး၏ေန႔စဥ္အလုပ္မ်ားထဲမွတစ္ခုျဖစ္သည္။


လမ္းၫႊန္ဆိုင္းဘုတ္ေလးအတိုင္းသူမလမ္းကေလးတစ္ခုထဲခ်ိဳးဝင္လိုက္သည္။ေဟာေရွ႕မွာေတြ႕ရၿပီမီး‌ေရာင္မွိန္ပ်ပ်နဲ႔ေကာ္ဖီဆိုင္ကေလး။ လူအဝင္အထြက္ေတာ့မ်ားသား။ မိုးလိုအင္တာဗ်ဴးေျဖတဲ့သူေတြလဲပါမွာေပါ့။ ဘာေၾကာင့္ရယ္မသိမိုးဒီအလုပ္ကိုအရမ္းရခ်င္သည္။ မိုးခ်စ္ေသာ cappuccino coffeeနံ႔ေလးအၿမဲတမ္းရေနမည့္ေနရာ၊ မိုးခ်စ္ေသာ classical musicတိုးတိုးပ်ပ်ေလးၾကားေနရမည့္ေနရာ၊ 'ထိုသူ'ခ်စ္‌ေသာဆည္းလည္းသံမ်ားၾကား‌ေနရမည့္ေနရာ။


ဆိုင္ထဲသို႔ဝင္လိုက္ခ်င္းပင္ သင္းပ်ံ႕ေနေသာေကာ္ဖီအနံ႔နဲ႔အတူThe Beatlesအဖြဲ႕၏ hey Judeသီခ်င္းသံပ်ပ်ၾကားရသည္။ ေနရာေတာ္ေတာ္မ်ားမ်ားမွာလူေတြေရာက္ႏွင့္ေနၾကၿပီျဖစ္၏။ အင္တာဗ်ဴးေျဖမယ့္သူမ်ားအတြက္ထိုင္ေစာင့္ရန္ေနရာသီးသန႔္ေပးထားသည္။ customerခုံမ်ားနဲ႔ခပ္လွမ္းလွမ္းမီးဆိုင္းသုံးခုေအာက္ဆိုင္၏‌အေနာက္ေနရာတြင္ျဖစ္၏။ မိန္းကေလးသုံးေယာက္ႏွင့္ေယာက်ၤားေလးႏွစ္ေယာက္ထိုင္ေစာင့္ေနၾကသည္။ မိုးေျခသံဖြဖြနင္းကာေထာင့္စြန္းမွခုံတြင္ဝင္ထိုင္လိုက္သည္။ မိန္းကေလးတစ္ေယာက္boardက‌ေလးလက္ထဲတြင္ကိုင္လ်က္စာရင္းထဲရွိအင္တာ‌ဗ်ဴးအတြက္လာေရာက္ၾကသူမ်ားကိုမၾကာမၾကာ႐ုံးခန္းထဲဝင္ေခၚလ်က္ရွိသည္။ မိုးေဘးနားမွမိန္းမပ်ိဳေလးမွာမူတစ္စုံတစ္ေယာက္အားဖုန္းေျပာလ်က္ၿပဳံးရယ္လ်က္ရွိသည္။ ဆံပင္နီညိဳေရာင္ႏႈတ္ခမ္းနီအညိဳပုပ္ေရာင္ျဖင့္ဂါဝန္အမည္းေလးဆင္ျမန္းကာေၾကာ့ေၾကာ့ေမာ့ေမာ့ထိုင္ေနသည့္ေကာင္မေလးျဖစ္သည္။ေတာ္ေတာ္လွပါသည္။မိုးကိုယ့္ကိုယ္ကိုျပန္ၾကည့္မိကာအားငယ္ရျပန္သည္။


"အာ ကိုကိုကေတာ့လုပ္ျပန္ၿပီsnow towelေလးထည့္ေပးပါဆိုတာေမ့သြားျပန္ၿပီထင္တယ္မပါလာဘူး "


မိုးအသံၾကားရာလွည့္ၾကည့္‌လိုက္ေတာ့ထိုမိန္းကေလးဆီမွျဖစ္၏။ စလင္းဘက္အိတ္ကေလးထဲ‌ရွာေဖြကာစိတ္ပ်က္လက္ပ်က္ျဖင့္ေျပာေနျခင္းျဖစ္၏။ မိုးလက္ကိုင္အိတ္ထဲမွမေဖာက္ရေသးေသာsnow towelထုပ္ေလးလက္လွမ္းေပးၿပီးၿပဳံးျပလိုက္မိသည္။


ထိုမိန္းကေလးမွာယဥ္ယဥ္ေက်းေက်းယူကာျပန္ၿပဳံးျပပါသည္။


"thank u"


မိုးေခါင္းၿငိမ့္႐ုံသာၿငိမ့္ျပမိလိုက္သည္။


ေနပါဦး။


ဒီမိန္းကေလးကိုမိုးျမင္ဖူးသလိုပါပဲလား..။ မိုးထိုမိန္းမပ်ိဳအားေတြ႕ဖူးတာေတာ့ေသခ်ာသည္ ဒါေပမဲ့ စဥ္းစားမရ။ မိုးအျခားဖက္သို႔မ်က္ႏွာလွည့္ကာအသည္းအသန္စဥ္းစားၾကည့္သည္။ ဘယ္မွာေတြ႕ဖူးတာပါလိမ့္..။


သူငယ္ခ်င္းေရာျဖစ္ႏိုင္မလား။ သူငယ္ခ်င္းဆိုရင္သူမိုးကိုမွတ္မိလိမ့္မည္။မမွတိမိ‌ေလာက္သည္အထိမိုးမွာႀကီးႀကီးမားမားေျပာင္းလဲသြားတာမရွိ။

မိုးစဥ္းစားေနတုန္းမွာပင္ထိုမိန္းကေလးမွစကားေျပာလာသည္။


" ေက်းဇူးပါမမ ခိုင္ကေလအျပင္ထြက္ရင္ snow towelမပါရင္ဘယ္မွမထြက္တတ္ဘူးသိလားအရမ္းပူေတာ့ေလရာသီဉတုက"


မိုးထိုမိန္းကေလးကိုေခါင္းသာၿငိမ့္ျပလိုက္မိသည္။ ဝတ္ပုံစားပုံေတြၾကည့္ရတာေတာ့ဒီမိန္းကေလးကခ်မ္းသာတဲ့မိသားစုကေပါက္ဖြားလာတဲ့ပုံပဲ။ ဒီခ်မ္းသာတဲ့ပုံရတဲ့မိန္းကေလးကဒီေကာ္ဖီဆိုင္မွာဘာျဖစ္လို႔အလုပ္လုပ္ခ်င္ရတာပါလဲ။

မိုးထိုမိန္းမပ်ိဳကိုအျပင္အဆင္မ်ားမွတစ္ဆင့္အကဲခတ္ၾကည့္မိသည္။


ေအာ္ေနပါဦး သူ႔မွာရင္ထိုးတံဆိပ္ေလးပါတယ္။

'manager'တဲ့။


ဒီ‌ေကာင္မေလးကိုျမင္ဖူးတယ္ဆိုတာကလဲအမွတ္မွားတာပဲျဖစ္မွာပါ။ ဒီနားဝန္းက်င္မွာ ဝတ္ပုံစားပုံလွလွေလးျဖင့္သည္မိန္းမပ်ိဳေလးလိုအမ်ိဳးသမီးေလးေတြမွအမ်ားႀကီး။ ခိုင္ဆိုသည့္အမည္မွာလဲမ်ားသားကိုး။


မိုးဆိုင္အတြင္းထဲသို႔ပတ္ပတ္လည္အကဲခတ္ၾကည့္မိသည္။ အျပင္အဆင္မွာေတာ့ဒီဖက္ေခတ္ေကာ္ဖီဆိုင္ေတာ္ေတာ္မ်ားမ်ားရဲ႕အျပင္အဆင္ပါပဲ။ မီးမွိန္ပ်ပ်ေလးမ်ားနဲ႔ပန္းပင္အပုကေလးမ်ားပတ္ပတ္လည္ဝန္းရံထားေသာဆိုင္ကေလး။ လူေတာ္ေတာ္မ်ားမ်ားမွာခ်စ္သူစုံတြဲမ်ားသာျဖစ္သည္။ ၾကည္ႏူးစုံမက္‌စြာတစ္ေယာက္ႏွင့္တစ္ေယာက္စကားခ်ိဳခ်ိဳမ်ားေျပာဆိုေနၾကေသာခ်စ္စရာစုံတြဲမ်ား။ သူတို႔၏မ်က္ဝန္းေတြမွာတစ္ေယာက္အေပၚတစ္ေယာက္ထားေသာေမွ်ာ္လင့္ခ်က္ေတြေဝ့လို႔။ တစ္ခ်ိဳ႕မွာတစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္ကာ အျပင္ဖက္သို႔ေငးငိုင္ေနမိၾကသည္။


လြန္ခဲ့တဲ့ေျခာက္လကမိုးနဲ႔ထိုသူကိုမိုး၏

မွတ္ဉာဏ္ကျပန္ျမင္‌ေယာင္မိသည္။မိုးမ်က္လႊာခ်လိုက္မိပါသည္။ ဘယ္ေလာက္ပဲမိုးသူ႔ကိုေမ့ႏိုင္ၿပီေျပာေျပာယခုလိုျမင္ေတြ႕ခဲ့လွ်င္အနည္းနဲ႔အမ်ားေတာ့ဝမ္းနည္းမိသည္မွာအၿမဲ။ မိုးက်လုဆဲဆဲမ်က္ရည္တို႔ကိုလက္ခုံျဖင့္ခိုး၍သုတ္မိပါသည္။


ထိုစဥ္မွာပင္ျမင္ကြင္းေရွ႕သို႔ေပၚလာသည့္ converse အနက္ေရာင္တစ္ရံ။ မီးခိုးေရာင္jeansေလး‌အုပ္လ်က္။


မိုးေမာ့ၾကည့္မိလိုက္သည္။


ဘုရားေရ


ဒါသူပါလား..။


ေနစမ္းပါဦးမိုးရယ္နင္ကေတာ့ျမင္ခ်င္တာေတြခ်ည္းျမင္ေနေတာ့တာပဲ ဒီလူကသူနဲ႔မွမတူတာ။


မဟုတ္ဘူးေနာ္။


သူ


သူပါပဲ..။


မီးခိုးေရာင္ jeansကိုအေပၚမွ Hawaii shirtေလးျဖင့္လိုက္ဖက္စြာတြဲဖက္ဝတ္ဆင္ထားေသာသူ။ အရင္တည္းကႏွစ္သက္စြာအၿမဲတမ္းတပ္ဆင္တတ္ေသာေနကာမ်က္မွန္ေလးရွပ္အက်ႌအိပ္ကပ္ေပၚမွာညႇပ္ထားလ်က္။

နဖူးေပၚအနည္းငယ္ေဝ့က်ေနေသာဆံပင္‌တို႔ကိုလ်စ္လွ်ဳရႈလ်က္ ရွည္လ်ားေသာဆံပင္တို႔ကိုသာစည္းေႏွာင္ထားေသာသူ။

ခ်ိဳျမစြာၿပဳံးရယ္လ်က္ ထိုမိန္းကေလးဆီသို႔ေလွ်ာက္သြားေနေသာသူ။


ထိုမိန္းကေလး။


မိုးေဘးနားကမိန္းကေလး။


လြန္ခဲ့ေသာတစ္ႏွစ္ခန႔္ကမိုးအသည္းအသန္ထိုမိန္းကေလးကိုမနာလိုခဲ့ဖူးသည္။

ထိုမိန္းကေလးေနရာကိုရခ်င္ခဲ့ဖူးသညိ။ထိုမိန္းကေလးကဲ့သို႔သူ႔၏ျမတ္ႏိုးမႈမ်ားကိုအပိုင္သိမ္းခ်င္ခဲ့ဖူးသည္။

သို႔ေသာ္..


မိုးဘယ္လိုပဲႀကိဳးစားႀကိဳးစားသူသည္မိုးဖက္ကိုတစ္စက္ကေလးမွေတာင္ေဝ့မၾကည့္ခဲ့ပါ။ သုံးႏွစ္ၾကာခ်စ္သူသက္တမ္းကိုနည္းနည္းေလးမွမငဲ့ညာပဲထိုမိန္းကေလးထံ လိုက္သြားခဲ့ေသာသူ။

မိုး၏မိန္းမသိကၡာမ်ားကိုဟိုးေအာက္ထိခ်၍ဘယ္ေလာက္ပဲေတာင္းပန္ေတာင္းပန္ရက္စက္စြာမိုးကိုလွည့္မၾကည့္ခဲ့သူ။


မိုးသူ႔အတြက္ အရာရာကိုအဆုံးရႈံးခံခဲ့ဖူးသည္။


ပတ္ဝန္းက်င္။

မိသားစု။

အလုပ္အကိုင္။

မိုး၏မာနမ်ား။

မိုး၏ကိုယ္ပိုင္ျဖစ္တည္မႈ။


အိုက်န္ပါေသးတယ္..


ထိုသူသည္ထိုမန္းမပ်ိဳေရွ႕တြင္မတ္တပ္ရပ္ကာစကားတီတီတာတာမ်ားျဖင့္ၿပဳံးရယ္ေနၾကသည္။ မိုးႏွင့္သူခ်စ္သူျဖစ္စဥ္ကာလမ်ားကပင္သူ႔၏ဒီေလာက္ေတာက္ပေသာအၿပဳံးမ်ားကိုမိုးလုံးဝမျမင္ဖူးခဲ့ပါ။ သူ႔ေမးေစ့ကိုထိလွ်င္သူ႔ပါးႏွစ္ဖက္ကိုတယုတယကိုင္တြယ္လွ်င္လုံးဝမႀကိဳက္ေသာသူကခုေတာ့ထိုမိန္းကေလး၏တယုတယက်ည္စယ္ေနသည္ကိုၿပဳံး႐ႊင္စြာနာခံယူေနေလရဲ႕။


မိုးဖက္ကိုခုပင္သူလုံးဝလွည့္မၾကည့္ခဲ့ပါ။ မိုးကိုတစ္စက္ကေလးမွလွည့္မၾကည့္ေနပါ..







ညေနငါးနာရီငါးဆယ္မိနစ္



ခါတိုင္းေန႔ေတြလိုမိုးလမ္းမေပၚမွာဦးတည္ရာမဲ့ေလွ်ာက္သြားေနမိသည္။ ဒီ‌ေန႔ေတာ့အျပင္ထြက္တာ‌နည္းနည္းေစာသည္လို႔ေတာ့ေျပာရမည္။ခါတိုင္းဆိုကိုးနာရီေလာက္မွထြက္ေနက်။


မနက္အင္တာဗ်ဴးအေျခအေနေတာ့မဆိုးလွဟုေျပာလို႔ရသည္။ မိုး interviewerရဲ႕ေမးခြန္းတစ္ခုကိုစိတ္ေပါက္ေပါက္နဲ႔မေျဖပဲထျပန္ခဲ့တာကလြဲလို႔။



ညေနေျခာက္နာရီ



မိုးred wineတစ္ခြက္မွာကာcounterနားမွာထိုင္ေနမိသည္။ အျခားလူငယ္မ်ားမွာသူငယ္ခ်င္း‌ေတြတစ္ပုံတစ္ပင္နဲ႔‌ေပ်ာ္႐ႊင္ၾကလို႔။ မိုးတစ္ေယာက္တည္းေခါင္းငိုက္စိုက္ခ်ကာ အေတြးေတြေတာင္စဥ္မရေရာက္လ်က္။


သူနဲ႔ေတြ႕ရေတာ့မယ္။


ထိုအသိကမိုးကိုရင္ခုန္သံမ်ားၾကည္ႏူးစိတ္‌ေၾကာင့္ျမန္ဆန္ေစသလိုတစ္ခ်ိန္တည္းပင္လွ်င္ႏြမ္းလ်မႈကိုပါခံစားရသည္။

လက္ႏွစ္ဖက္ကိုhoodieအိပ္ကပ္ထဲက်စ္က်စ္ပါေအာင္ထည့္လ်က္..။


မနက္တုန္းကမိုးအင္တာဗ်ဴးေျဖၿပီးျပန္ထြက္အလာစားပြဲတစ္ခုတြင္ 'မိုးစက္ေမအတြက္'ဟုဆို၍စာ႐ြက္ေခါက္ေလးတင္ထားခဲ့သည္။ 'သူ'‌ မိုးအတြက္ခ်န္ခဲ့တာျဖစ္သည္။ စာထဲမွာမိုးကိုသူဘယ္ေလာက္တမ္းမေၾကာင္း၊မိုးကိုေတြ႕ခ်င္ေၾကာင္း၊မိုးနဲ႔ဒီတစ္ည‌ေတြခ်င္သည့္အ‌ေၾကာင္းေတြပါ၏။ ထို႔ေၾကာင့္မိုးလည္းမိုက္႐ူးရဲဆန္စြာသူခ်ိန္းဆိုခဲ့သည္ဤေနရာသို႔ေရာက္လာမိ

ျခင္းပင္။


" မိုး"


တိုးတိတ္၍ႏူးညံ့ေသာမိုး၏နာမည္ကိုေရ႐ြတ္လိုက္သံအဆုံးတြင္ေခါင္းေမာ့ၾကည့္မိသည္။


ရွပ္အက်ႌအမည္းေရာင္ကိုသကၠလပ္ေဘာင္းဘီမီးခိုးေရာင္ျဖင့္သန႔္ျပန႔္စြာဝတ္ဆင္ထားေသာသူ။ ရႉးဖိနပ္အသံၾကားမွာသူမိုးကိုၿပဳံးျပလိုက္သည္။ လက္ႏွစ္ဖက္အား‌ေဘာင္းဘီအိတ္ထဲထည့္လ်က္။ အျပစ္တစ္ခုလုပ္ထားသည့္ကေလး

ငယ္တစ္ေယာက္ဆရာမအေရွ႕တြင္ၿပဳံးသည့္အၿပဳံးမ်ိဳး။သူ႔၏ရွည္လ်ားေသာဆံႏြယ္တို႔ကိုဖယ္သပ္ၿပီးမိုးအေရွ႕တြင္ဝင္ထိုင္လိုက္သည္။ cologneနံ႔ပ်ံ႕ပ်ံ႕ေလးသူ႔ထံမွရမိသည္။ ဒါမိုးနဲ႔အတူတူရွိစဥ္ထဲကသူသုံးခဲ့ေသာသူအႀကိဳက္ဆုံးေရေမႊး..။


မိုးတစ္ေယာက္မိုက္႐ူးရဲဆန္စြာထိုေရေမႊးေတြကိုအိပ္ခန္းထဲဆြတ္ေနၿမဲ။ ထိုေရေမႊးအနံ႔ရလွ်င္သူေဘးနားမွာရွိေနသလိုခံစားရသည္။ ထိုေရေမႊးသည္တစ္ခ်ိန္တစ္ခါကသူနဲ႔အတူရွိခဲ့ၾကဖူးေသာအခိုက္အတန္႔မ်ားကိုျပန္ယူေဆာင္ႏိုင္စြမ္းရွိသည္။

ထိုေရေမႊးသည္မိုး၏အိမ္ကဲ့သို႔ေႏြးေထြးမႈကိုေပးသည္။


"မေတြ႕တာၾကာၿပီေနာ္မိုး"


သူ႔ဘက္မွေျပာလာေသာပထမဆုံးႏႈတ္ခြန္းဆက္စကား။ သူ virgin vodkaတစ္ခြက္ bartenderေလးထံမွာလိုက္သည္။ သူ၏လက္တစ္ဖက္ကို counterေပၚတြင္တင္၍ေမးေထာက္ကာမိုးကိုစိုက္ၾကည့္ေန၏။ သူ၏အၾကည့္မွာမေတြ႕ရတာၾကာၿပီျဖစ္ေသာခ်စ္သူရည္းစားကိုၾကည့္ေသာျမတ္ႏိုးသည့္အၾကည့္မဟုတ္ပါ။ သားေကာင္တစ္‌ေကာင္ကိုအကဲခတ္ၾကည့္ေသာသားရဲတိရစာၦန္တစ္ေကာင္၏အၾကည့္ျဖစ္သည္။


သူ၏အၾကည့္ေအာက္တြင္မိုးရင္ထဲအခ်ိန္အတိုင္းအတာတစ္ခုထိ‌ေပ်ာက္ဆုံးေနခဲ့ေသာႏူးညံ့လွသည့္ခံစားခ်က္ေလးတစ္ခုျဖစ္ေပၚလာသည္မွာျငင္းဆို၍မရပါ။


မိုးအၾကည့္လႊဲလိုက္မိသည္။ ဘာျဖစ္လို႔ဒီကိုလာေတြ႕ၾကဖို႔သေတာ့တူမိပါလိမ့္။


"နင္ရန္ကုန္ကိုအလည္လာတာလား"


"ခိုင္အလုပ္ဝင္ေလွ်ာက္ပါတယ္ဆိုမွေတာ့အလည္လာတာျဖစ္ႏိုင္မလားခိုင္ရဲ႕..

ေအာ္ေဆာရီးမိုးရဲ႕"


"ဒါဆို?"


"ငါရန္ကုန္ကိုေျပာင္းလာတာ တစ္ေန႔ကမွေရာက္တယ္ေလေလယာဥ္လက္မွတ္ဝယ္ရတာၾကာေရာ"


"အင္း"


စကားဟိုနည္းနည္းဒီနည္းနည္းနဲ႔မိုးတို႔ႏွစ္ေယာက္ေျပာျဖစ္ၾကသည္။ အေၾကာင္းအရာေတြကေတာ့ေရေရရာရာမရွိ။ မိုးကိုအဆက္အသြယ္‌ေတြအကုန္ျဖတ္ၿပီးခိုင္အေနာက္ေကာက္ေကာက္ပါေအာင္လိုက္သြားခဲ့ေသာသူနည္းနည္းေတာ့ရွက္ေနရွာ‌မွာေပါ့။


"မိုး...ဒီညအားတယ္မဟုတ္လား"


"အင္းအားပါတယ္"


"ဒါဆိုငါတို႔တစ္ေနရာလစ္ၾကရေအာင္"


"ဘာႀကီး"


"လစ္ၾကမယ္ေလတစ္ေနရာရာေပါ့"


"ဘယ္ေနရာလဲ"


"မသိဘူးဟာငါသိတာေတာ့ငါတို႔အရင္လိုအခ်ိန္ေတြတူတူျပန္ဖန္တီးၾကဖို႔ပဲ"


"နင္ဘာကိုဆိုလိုတာလဲ"


"နင္ကလဲေဝးလိုက္တာဒါေၾကာင့္နင့္ကိုဘယ္သူမွမလိုခ်င္ၾကတာ ဒီမွာငါေျပာတာကကြာငါတို႔အရင္လိုျပန္ေနၾကမယ္"


သူမိုးကိုျပန္ၿပီးလိုခ်င္တယ္ဆိုတဲ့သေဘာလား။ မိုးနားမလည္ႏိုင္ေတာ့ပါ။ ေနာက္ဆုံးတစ္ခါမိုးနဲ႔အတူတူရွိ‌ခဲ့ၾကတဲ့ရက္ေတြမွာေတာ့သူမိုးကိုပက္ပက္စက္စက္မိုးသိကၡာေတြကိုဟိုးေအာက္ေျခအထိပစ္ခ်စြာေျပာခဲ့ေသာသူ၏စကားမ်ားကိုမိုးျပန္ျမင္ေယာင္မိသည္။ ခုေတာ့ဘယ္လိုျဖစ္ရတာလဲ ရွင္ရယ္..။

ဒါေပမဲ့သူသည္မိုးနဲ႔အတူရွိခဲ့စဥ္ကာလမ်ားတြင္ခိုင္ကိုသည္လိုပင္ခ်ဥ္းကပ္ခဲ့မည္ကိုမိုးသိသည္။ ခိုင္ကလည္းသူ၏ရီေဝေသာအၾကည့္မ်ားေအာက္တြင္ၾကည္ႏူးမိခဲ့ေလမည္။


မိုးႏွစ္ရွည္လမ်ားေစာင့္ေမွ်ာ္ေနခဲ့ရေသာဤအခိုက္အတန႔္ေရာက္လာၿပီျဖစ္၍ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ပါသည္။


"ေကာင္းၿပီေလငါလဲနင့္ကိုေစာင့္ေနခဲ့တာၾကာလွေပါ့"


သူ၏မ်က္ႏွာမွာေပ်ာ္႐ႊင္မႈေၾကာင့္ဝင္းလက္သြားသည္ကိုမိုးအတိုင္းသားျမင္ရသည္။


"နင္တကယ္ေျပာတာလားမိုးလာဟာသြားရေအာင္ညက်ငါသြားစရာရွိေသးတယ္"


မိုးေခါင္းငုံကာၿပဳံးမိလိုက္ပါသည္။ သူ၏ဟိုတစ္ခ်ိန္ကမိုးကိုၾကည့္ေလ့ရွိ

ေသာမ်က္ဝန္းတစ္စုံကိုျပန္ျမင္လိုက္ရေလသည္။ ဒီလိုေတာ့လဲရွင္ဟာခ်စ္ဖို႔ေကာင္းလွပါေရာလား..။


"ေနဦးနင့္အတြက္ငါေသာက္စရာျပန္မွာေပးမယ္အရင္တုန္းကလိုေပါ့"မိုးမ်ကိလုံးတစ္ဖက္မွိတ္ျပလိုက္ပါသည္။


သူကမိုးကိုၿပဳံး၍ၾကည့္သည္။

မိုး counterအေနာက္ဖက္သို႔သြား၍ bartenderေကာင္ေလးအားေသာက္စရာတစ္ခုသြားမွာလိုက္သည္။မိနစ္အနည္းငယ္ၾကာၿပီးေနာက္ေသာက္စရာတစ္ခုနဲ႔အတူမိုးကိုယ္တိုင္ သူ႔ အေရွ႕သို႔သြားခ်ေပးပါသည္။


"အရင္ေသာက္လိုက္ဦးေနာ္ၿပီးရင္ငါတို႔သြားၾကမယ္ ျမန္ျမန္ေတာ့လုပ္ကြာ"


မိုးသူ႔လက္ေမာင္းတစ္ဖက္ကိုဖြဖြေလးထိုး၍ေျပာလိုက္ပါသည္။


သူကေတာ့မခ်ိၿပဳံးေလးၿပဳံး၍စိတ္မရွည္သလိုေသာက္ေနသည္။ မိုးကေတာ့ျမတ္ႏိုးစိတ္လႊမ္းေသာမ်က္ဝန္းမ်ားျဖင့္သူ႔ကိုၾကည့္လ်က္။


"အာ ေနအုံးကြာမိုး အိမ္ေသာ့ကိုေဘးအိမ္ကမမကိုေပးထားတာသူကအျပင္ေရာက္ေနလို႔တဲ့ခဏေစာင့္ဦးေနာ္အဲ့မမျပန္ေရာက္ၿပီဆိုရင္သြားၾကမယ္သိလား"

မိုးဖုန္းကိုၾကည့္ကာစိတ္ပ်က္လက္ပ်က္ျဖင့္ေျပာလိုက္သည္။


သူစုတ္တစ္ခ်က္သပ္လိုက္ၿပီးမ်က္ႏွာလႊဲသည္။ရႈးဖိနပ္ခြာျဖင့္ၾကမ္းျပင္ကိုစိတ္မရွည္စြာေခါက္ေနသည္။

ေအာ္ ကိုယ့္ကိုအဲ့ေလာက္ေလးေတာင္စိတ္မရွည္‌ႏိုင္ေတာ့ဘူးလား..။


မိနစ္အတန္ရွည္ၾကာၿပီးေနာက္တြင္သူမ်က္ႏွာသိသိသာသာပ်က္လာသည္။ ေဘးဘီေဝ့ၾကည့္ကာသက္ျပင္းမ်ားခ်လ်က္။


"နင္အဆင္ေျပရဲ႕လား"


"အင္းရပါတယ္ေနဦး toiletခဏသြားလိုက္ဦးမယ္နင္ဘယ္မွမသြားနဲ႔ေနာ္ငါျပန္လာမွာ"


သူေျပာရင္းဆိုရင္းခပ္သုတ္သုတ္ျဖင့္ေနရာမွထြက္ခြာသြားသည္။

မိုးလည္းေနရာမွာအသာထိုင္၍သူ႔အားေစာင့္ေနလိုက္ပါသည္။


ခဏအၾကာတြင္အမ်ိဳးသားအိမ္သာအတြင္းတြင္တစ္ခုခုျပဳတ္က်သံအက်ယ္ႀကီးၾကားလိုက္ရသည္။ barတစ္ခုလုံးအသံလာရာေနရာသို႔လွည့္ၾကည့္မိၾကသည္။ အိုး ျပန္ခ်ိန္တန္ၿပီထင္တယ္။ မိုးသူ၏ပိုက္ဆံအိတ္ကေလးကိုင္ကာbarထဲမွထြက္လာမိသည္။


အမ်ိဳးသားတစ္ဦး၏စူးစူးရွရွေအာ္သံနဲ႔အတူ toiletထဲတြင္လူတစ္ေယာက္လဲက်သြားသည္အဆိပ္တက္သည္ဟုယူဆရသည္အသက္အႏၲရာယ္စိုးရိမ္ရဟူေသာေအာ္သံမ်ားအေနာက္တြင္ခ်န္ခဲ့လ်က္..။


မမေတာင္းပန္ပါတယ္ခိုင္ရယ္။


Bartenderေလးအားအရက္ျပင္းတစ္ခြက္ခ်ခိုင္း၍မိုး၏Paraquat Dichlorideအရည္အခ်ိဳ႕ေရာထည့္လိုက္သည္ကို သူ သံသယမရွိစြာေသာက္လိုက္သည္ကသူ႔အျပစ္မဟုတ္လား။


ေနာင္ဘဝေတြထိမိုးကိုပဲအၿမဲဆက္ခ်စ္ေနမည္ဟုေသာသူ၏သစၥာစကား မွန္မမွန္သိခ်င္လို႔ပါရွင္ရယ္။ မိုးကိုမလိမ္ရဘူးေနာ္..။





မိုးအိမ္ကိုရွစ္နာရီမွျပန္ေရာက္သည္။ ျပန္ျပန္ေရာက္ခ်င္းမိုး‌ မနက္ကေသာက္လက္စစီးကရက္ဗူးထဲမွတစ္လိပ္ကိုင္ကာအမိုးထပ္သို႔တက္ခဲ့မိသည္။



' Don't you see me I

I think I'm falling, I'm falling for you

And don't you need me I

I think I'm falling, I'm falling for you..'



မိုး၏ဖုန္းမွတစ္ဆင့္သီခ်င္းသံပ်ပ်မွာေလေျပၾကားထဲသဲ့သဲ့ထိုးေဖာက္လ်က္။


ဤအမိုးထပ္က‌ေလး‌တြင္သူနဲ႔အတူလွဲအိပ္၍ၾကယ္ေတြကိုေရတြက္ခဲ့ဖူးသည္။ သူနဲ႔အတူဤအမိုးထပ္ကေလးတြင္အနာဂတ္အေၾကာင္းၾကည္ႏူးစြာေျပာခဲ့ဖူးသည္။ သူ၏ဆံႏြယ္ကေလးမ်ားကိုမိုးလက္ေခ်ာင္းကေလးမ်ားျဖင့္ခ်စ္ျမတ္ႏိုးစြာေဆာ့ကစားခဲ့ဖူးသည္။


မိုးစီးကရက္ကိုရႈိက္ဖြာလိုက္သည္။


သူ႔ကိုမိုးအသက္ထပ္ျမတ္ႏိုးပါသည္။ သူ႔အတြက္မိုးဘာမဆိုေပးဆပ္ရဆပ္ရအဆင္သင့္ပင္ျဖစ္ပါသည္။ သို႔ေသာ္သူသည္မိုးကိုလ်စ္လွ်ဴရႈ၍ရက္စက္စြာျပဳမူခဲ့သည္။ သူမရွိလွ်င္မိုးလုံးဝမေနႏိုင္သည္ကိုသိပါလ်က္မသိဟန္ေဆာင္လ်စ္လွ်ဴရႈခဲ့သည္။ မိုးတို႔၏အနာဂတ္အိပ္မက္ေလးမ်ားကိုရက္ရက္စက္စက္႐ိုက္ခ်ိဳးပစ္ခဲ့သည္။



'I'm caught on your coat again

You said, "Oh no, it's fine"

I read between the lines and touched your leg again..'



မိုးဘဝ၏ပထမဆုံးေသာအခ်စ္ကိုပိုင္ဆိုင္ခဲ့ရသူ။

မိုးဘဝ၏ပထမဆုံးယုံၾကည္မႈကိုပိုင္ဆိုင္ခဲ့ရသူ။

မိုးဘဝ၏ပထမဆုံးနဲ႔ေနာက္ဆုံးအိမ္ဟာသူ။

မိုးဘဝ၏အရာအားလုံးဟာသူ။

မိုးသူ႔ကိုဘယ္ေလာက္ခ်စ္ျမတ္ႏိုးသည္ကိုသိပါလ်က္သူလုပ္ရက္သည္။


မိုးပါးျပင္သို႔မ်က္ရည္တစ္စက္လိမ့္ဆင္းသြားပါသည္။ စီးကရက္လိပ္ကိုကိုင္ထားေသာမိုး၏လက္တို႔တုန္ရီ‌ေနၾကသည္။မငိုနဲ႔မိုးနင္မငိုနဲ႔ခုေတာ့အရာအားလုံးေၾကၿပီမလားနင့္ရဲ႕ရည္မွန္းခ်က္ေအာင္ျမင္ၿပီမဟုတ္လား။

ဟင့္အင္း။

အို ဘယ့္ႏွယ္ေအာင္ျမင္ရမွာ‌တုန္း။


မိုး သူမရွိလွ်င္မေနႏိုင္ပါ။ သူသည္သာမိုး၏တစ္ခုတည္းေသာအိမ္။


မိုးတို႔၏ကတိစကားအတိုင္းဘာ‌‌ေတြပဲျဖစ္ျဖစ္ျပန္ေတြ႕ၾကမယ္ေလ။


စီးကရက္မီးကိုအုတ္နံရံစြန္းတြင္ဖိ‌‌ေခ်လိုက္ၿပီးအမိုးထပ္အစြန္းသို႔မိုးတစ္လွမ္းခ်င္းဆီတိုးေ႐ႊ႕လိုက္သည္။ ေလေျပေလးမ်ားကတစ္ခ်က္တစ္ခ်က္တိုက္ခတ္လ်က္မိုး၏ဆံႏြယ္ေလးမ်ားနဲ႔ဂါဝန္အဖ်ားကေလးမွာေလထဲတြင္ယိမ္းႏြဲ႕လ်က္။



'According to your heart

My place is not deliberate

Feeling of your arms

I don't want to be your friend, I want to kiss your neck..'



ေအးခ်မ္းတိတ္ဆိတ္မႈကိုကြၽန္မကိုယ္တိုင္ႀကိဳျမင္ေနရၿပီ ရွင္ေရ..။


သြားစြယ္ေလး‌‌ေတြေပၚလာသည္အထိၿပဳံးရယ္တတ္ေသာခ်စ္ဖို႔ေကာင္းလွသည့္သူ၏အၿပဳံးေလး။


အို ကြၽန္မရွင့္ကိုထပ္ေတြ႕ရဖို႔မေစာင့္ႏိုင္ေတာ့ပါဘူး။


မိုးမနက္က interviewer ေလး၏ေမးခြန္းတစ္ခုကိုျပန္သတိရမိသည္။ မိုးကိုရက္ရွည္ခရီးေတြစာခ်ဳပ္ခ်ဳပ္ထားတဲ့အေတာအတြင္းလုံးဝမသြားရဘူးတဲ့။ ပ်က္ကြက္တဲ့ရက္သိပ္မရွိရဘူးတဲ့ကြယ္။


ဘယ္ေျဖႏိုင္မလဲအဲ့ေမးခြန္းကိုေတာ့မိုးေဒါသထြက္တာေပါ့။ မိုးခရီးရွည္သြားစရာရွိတယ္ေလ ရွင့္ေနာက္ကိုလိုက္ဖို႔ေလ..။

ခုေတာ့အဲ့ရည္မွန္းခ်က္ကိုအေကာင္အထည္ေဖာ္ႏိုင္ၿပီ မိုးေပ်ာ္လိုက္တာေျပာမေနနဲ႔ေတာ့။


မိုးေနာက္ဆုံးအေနျဖင့္စိတ္ပါလက္ပါၿပဳံးရယ္မိလိုက္သည္။


ထို႔ေနာက္‌ေလေအးေပၚသို႔ေျခခ်လိုက္ေသာေျခဖဝါးႏုႏုတစ္ဖက္

ၿပီးေတာ့ ေနာက္တစ္ဖက္..။


မိန္းမပ်ိဳကေလးတစ္ေယာက္၏ပါးလ်‌ေသာကိုယ္ခႏၶာက‌ေလးႏွင့္ညအိပ္ဂါဝန္ရွည္ကေလးေလထဲတြင္ဝဲလ်က္။


ထိုမိန္းကေလး၏ မ်က္ရည္စမ်ားႏွင့္‌ေမွ်ာ္လင့္ခ်က္မ်ားလဲအတူေပါ့။



'On this night, and in this light

I think I'm falling (I think I'm falling), I'm falling for you

And maybe you, change your mind..'

Comments

Post a Comment