ကိုယ်ချင်းစာစိတ် နှင့် တော်လှန်ရေး
ကျွန်တော်က ဘာသာမဲ့ တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော့် မိဘနှစ်ပါးစလုံးကတော့ ဘာသာတရားကို အလွန်ကိုင်းရှိုင်းကြတဲ့သူတွေ ဖြစ်ကြပါတယ်။ မိသားစုတိုင်းမှာ များသောအားဖြင့် အမေတွေက ဘာသာရေးကို သူတို့ကိုယ်တိုင်လည်း သေချာအချိန်ပေးပြီး အလေးနက်ထားလုပ်သလို သားသမီးတွေကိုလည်း တတွတ်တွတ်မှာကြားတာကို တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာတရားပေါင်း (၁၀၀၀၀) ကျော်ရှိတဲ့အနက် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ အထူးသဖြင့်မိဘဆွေမျိုးတွေရဲ့ကိုးကွယ်ယုံကြည်မှုအတိုင်း နောက်လာမည့် သားစဥ် မျိုးဆက်က မိရိုးဖလား အားဖြင့် ကိုးကွယ်ကြတာများပါတယ်။ ကျွန်တော်တို့ သိတဲ့အတိုင်း စစ်မှန်တဲ့ဘာသာတရားကြီးတွေဟာ ကောင်းတဲ့ ဆုံးမသြဝါဒတွေ၊ နည်းလမ်းတွေနဲ့ လူ့အသိုင်းအဝိုင်းကြီးကို ကောင်းမွန်အောင်၊ ငြိမ်းချမ်းအောင် ထိန်းသိမ်းဖို့ အကောင်းဘက်ကို ဦးတည်ထားကြပါတယ်။ ဘယ် ဘာသာဝင်မဆို ကောင်းတာလုပ်ရင် ကိုယ်ကိုယ်တိုင်လည်း ကောင်းမှာဖြစ်သလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း အကျိုးရှိစေမှာပါ ။
` ဒါဆို ကမ္ဘာပေါ်မှာ ဘယ်ဘာသာတရားက အကောင်းဆုံးဖြစ်မလဲ ?
ကျွန်တော်ငယ်ငယ်က (၁၀)တန်းစာမေးပွဲ ဖြေပြီးလို့ အောင်စာရင်းစောင့်နေတဲ့အချိန်။ တစ်နေ့ကျွန်တော် စိတ်ကူး တစ်ခုထပေါက်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားတွေထဲမှာ ဘယ်ဘာသာတရားက အကောင်းဆုံးဖြစ်မလဲ ၊ ငါ့အတွက်ရော ဘယ်ဘာသာတရားက ကိုက်ညီမှုရှိလောက်မလဲ၊ သင့်တော်မလဲဆိုပြီး
စူးစမ်းချင်စိတ်က အရမ်းကိုကြီးမားလာခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော့်အာသီသကို စာအုပ်တွေထဲမှာ အဖြေရှာမယ်လို့ ဆုံးဖြတ်ပြီး လက်လှမ်းမှီသမျှ ဘာသာတရားဆိုင်ရာ သမိုင်းကြောင်းတွေကို သဲကြီးမဲကြီး ဖတ်ဖြစ်ခဲ့ပါတယ်။
အဲ့လိုဖတ်ရင်း ရင်ထဲကိုတစ်ဖြည်းဖြည်း စိမ့်ဝင်လာတာက ဘာသာတရားကြီးတွေရဲ့ စစ်မှန်သောလမ်းစဥ် တွေ၊ နည်းလမ်းတွေက အားလုံးခြုံပြောရရင် စင်ကြယ်တယ်၊ နူးညံသိမ်မွေ့တယ်၊ ငြိမ်အေးတယ်ဆိုတဲ့ အသိတရားပါပဲ။ ကျွန်တော်တို့ကို အရင်က ဦးနှောက်ဆေး (Brain Wash) လုပ်ပြီး ဘာသာရေးမှိုင်းတိုက်တာတွေ၊ ကျွန်တော်တို့မြင်နေရ ကြားနေရတဲ့ ISIS ကဲ့သို့ အကြမ်းဖက်မှုတွေက လက်တစ်ဆုပ်စာ ဘာသာရေးအစွန်းရောက်လူတွေကြောင့် ဘာသာရေးကို ပုဂ္ဂိုလ်ရေးနဲ့တွဲပြီး ဒီဘာသာတရားတွေအပေါ်မှာ ကျွန်တော်တို့တွေ အမြင်မှားခဲ့ကြတာပါ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ဘာသာရေးမှိုင်းတိုက်ဖို့ဆိုတာက လွယ်တော့တဲ့ကိစ္စမဟုတ်ပါဘူး။အထူးသဖြင့် လူငယ်တွေကိုပေါ့။
ဘာလို့လဲ?
အဖြေက ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့တွေက ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်ဒေသကပဲ ဖြစ်စေ လူဟာ လူပဲလို့ မြင်ပြီး ဆက်ဆံကြလို့ပါပဲ။ လူမျိုး၊ ဘာသာတရားထက်အရေးကြီးတဲ့အရာတွေကို လက်ကိုင်ထားပြီး လူသားဆန်ဆန်ရှင်သန်နေကြလို့ပါ။
အဲ့လို ဘာသာတရားတွေဟာကိုယ်စီကောင်းနေကြတော့ ကျွန်တော့်အတွက်ရွေးချယ်ရခက်သွားပါတယ်။ ကျွန်တော်ရှာနေတာက အကောင်းဆုံးဘာသာတရား။ ကျွန်တော့်စိတ်ကို သက်သောင့်သက်သာဖြစ်စေမယ့် ၊ ငြိမ်ချမ်းမှုကို ပေးနိုင်မယ့် ဘာသာတရား။ ကျွန်တော်ဟာ ဘာသာတရားတိုင်းကိုလိုက် ကိုးကွယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အချိန်တစ်ခုကြာပြီး အသက်အရွယ် တစ်ခု ရလာတော့ ကျွန်တော် အဖြေတစ်ခုသွားတွေ့ပါတယ်။
အခု ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လွှမ်းမိုးမှုများတဲ့ ဘာသာတရားကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ၊ ဟိန္ဒူ စတဲ့ ဘာသာတရားကြီးတွေရဲ့ အဓိက အခြေခံအကျဆုံး သော့ချက်ကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့တာကတော့ ကိုယ်ချင်းစာ စိတ်ဆိုတာပါပဲ။
ကျွန်တော်တို့ လူသားတွေနှင့် တိရိစ္ဆာန်တွေရဲ့ ကြီးမားတဲ့ ကွာခြားချက်(၃)ခုရှိပါတယ်။
(၁)ကျိုးကြောင်းပညာကြီးခြင်း
(၂)ကိုယ်ကျင့်တရားရှိခြင်း
(၃) အလှအပကို မြတ်နိုးတန်ဖိုးထားခြင်း
တို့ပဲဖြစ်ပါတယ်။
(၁) ကျိုးကြောင်းပညာကြီးခြင်း
ကျွန်တော်တို့ဟာ ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်ရော ၊ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့်ပါ Critical Thinking (ကျိုးကြောင်းဆက်စပ် စဥ်းစားဆင်ခြင်ခြင်း) ဆိုတဲ့ စဥ်းစားဆင်ခြင်တဲ့အလေ့အထ တော်တော်ကို အားနည်းကြပါတယ်။ ဒီတော်လှန်ရေးကာလအတွင်းမှာ တရားမျှတမှု နှင့် တရားမမျှတမှု အဖြူ၊အမည်း သည်းသည်းကွဲကွဲသိရမယ့် အချိန်ပါ။ ဒါကလည်း လက်တွေ့ကြုံနေတဲ့ကိစ္စရပ်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ လူကြီး၊လူငယ် တွေဟာ နိုင်ငံရေးရေချိန်တွေ၊ အတွေးအခေါ်တွေ အားရစရာကောင်းလှအောင်တိုးတက်လာတာကို အထင်းသားတွေ့ရပါတယ်။ ဒါဟာကျွန်တော်တို့ကိုအမြင်ကျယ်လာစေခဲ့တဲ့ဒီမိုကရေစီလမ်းကြောင်းရဲ့အသီးအပွင့်သေးသေး
လေးတွေကြောင့်ပဲရှိပါသေးတယ်။
စစ်ကျွန်ပညာရေးက အနှစ်မရှိတဲ့ ပညာရေးဆိုတာကို
စဥ်းစားတွေးခေါ်တတ်တဲ့သူတိုင်းနားလည်နိုင်ပါတယ်။ ယခုကျောင်းသားလူငယ်တွေ ကျောင်းပြန်ဖွင့်တော့မှာဖြစ်လို့ ကျောင်းပြန်တက်သင့် မတက်သင့် ဇဝေဇဝါဖြစ်နေကြပါတယ်။ ဒီကိစ္စကိုစဥ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ကျောင်းသားတွေဟာ ဒီစစ်ကျွန်ပညာရေးအောက်မှာ သွားတက်မှ ပညာရမှာ၊ ပညာတတ်ကြီးဖြစ်မှာ မဟုတ်ပါဘူး။ အင်တာနက်ရှိယုံနဲ့ လေ့လာလို့ရတဲ့ ပညာရပ်တွေ၊ ဘာသာရပ်တွေ အများကြီးပါပဲ။ ဒီနေရာမှာ တောရွာက စစ်ပြေးနေတဲ့ ကလေးတွေ၊ အင်တာနက် မရတဲ့ဒေသက ကျောင်းသားလူငယ်တွေကို မဆိုလိုပါဘူး။ ဒီကလေးတွေအတွက်က ထိရောက်တဲ့ကြားကာလ ပညာရေးစနစ်ဖြင့် သော်လည်းကောင်း၊ ဖက်ဒရယ် နိုင်ငံတော်သစ်တည်ထောင်ပြီး ပညာရေးစနစ်သစ်ဖြင့် သော်လည်းကောင်း သွားမှသာ ပိုအဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့
''The real educational changes can't be possible without changing the country's policy” စစ်မှန်တဲ့ ပညာရေးပြောင်းလဲမှုတွေကို တိုင်းပြည်တစ်ခုရဲ့ မှုဝါဒကို မပြောင်းလဲပဲ ရဖို့ ခဲယဥ်းလို့ပါ။
(၂)ကိုယ်ကျင့်တရားရှိခြင်း
ဒုတိယအချက်ကတော့ ကိုယ်ကျင့်တရားရှိခြင်းပါ။ တစ်နည်းအားဖြင့် မိမိတည်းဟူသော အကြောင်းကြောင့် တစ်ပါးသူကိုမထိခိုက်စေတာပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံစောင့်ထိန်းမှုဖြစ်တဲ့ (၅)သီလကို စဥ်းစားကြည့်မယ်ဆိုရင် ဒါဟာကိုယ်ကျင့်တရား (ဝါ) ကိုယ်ချင်းစာတရားကို အခြေခံထားခြင်းပဲ မဟုတ်လား။ ကိုယ့်ကြောင့် သူတစ်ပါးအသက်ကို သေကြေပျက်စီးစေတာ၊ မတရားသောနည်းလမ်းဖြင့် သူများပစ္စည်းကို ခိုးယူတာ စသဖြင့် လုပ်လိုက်တဲ့ အကြောင်းထက် အကျိုးအပြစ်ကပိုများပြီး ထိခိုက်နစ်နာစေတဲ့အတွက် ဗုဒ္ဓက ဒီလိုဟောကြားတော်မှုခဲ့တယ်။ ဒီဆိုးကျိုး အပြစ်တွေကို ကိုယ်ချင်းစာစိတ်တစ်ခုတည်းနဲ့ကို မလုပ်ဖြစ်ဖို့ လုံလောက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ငါ့ကို တစ်ခြားသူကို အဲ့လိုလာလုပ်ရင်ရော လက်ခံနိုင်မလားဆိုတဲ့ မေးခွန်းလိုမျိုးပေါ့။
ယခုတိုက်နေတဲ့စစ်ပွဲကရော လူအချင်းချင်းသတ်ဖြတ်နေကြတာမဟုတ်လား ဆိုပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ဒီနေရာမှာ တရားသောစစ် နဲ့ မတရားသောစစ်ဆိုပြီးနှစ်ခုကွဲပါတယ်။ အာဏာရှင်စစ်မိစ္ဆာတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အမြန် အဆုံးသတ်နိုင်မှသာ အေးချမ်းသာယာတိုးတက်တဲ့ Federal နိုင်ငံတော်ကို တည်ထောင်နိုင်မှာပါ။ ဒီအာဏာရှင်စစ်ဘီလူးတွေကို အဆုံးမသတ်နိုင်ဘူးဆိုရင် သူရဲ့နောက်ဆက်တွဲ ဆိုးကျိုးက မတွေးရဲစရာပါပဲ။ ငါတို့ကတော့ သတ်တာဖြတ်တာ အားမပေးဘူး။ ကံ (၅)ပါးကို လုံအောင်ထိန်းမယ်။ ကြားပဲနေမယ် ဆိုပြီးတချို့ပြောကြပါတယ်။
ဒီအတိုင်းကြည့်ရင် ဒါကကံ (၅)ပါးလုံတယ်လို့ ထင်ရပေမယ့် ဒီလိုမျိုးကြားနေဝါဒ လူတွေ၊ နေသာသလိုနေတဲ့သူတွေကြောင့် ဒီစစ်မိစ္ဆာတွေ သက်ဆိုးရှည်နေပြီး ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတာပါ။ ဒါကြောင့် ကြားနေခြင်းဟာလည်း တိုက်ရိုက်တော့ မကျုးလွန်ဘူးဆိုပေမယ့် သွယ်ဝိုက်သောနည်းလမ်းဖြင့် မတရားမှုးကို ကျူးလွန်နေတာပါပဲ။
(၃) အလှအပကို မြတ်နိုးတန်ဖိုးထားခြင်း
တတိယအချက်ကတော့ အလှအပကို မြတ်နိုးခြင်းပါ။ ကျွန်တော်တို့ မျက်စိက လှပနေတဲ့အရာတွေကိုမြင်ရင် သဘောကျမယ်။ သေချာအလှဆင်ထားတဲ့ စကားလုံးတွေကြားရရင် နားဝင်ချိုစေတယ်၊ ကြည်နူးစေတယ်။ ဒီလိုအလှအပကို ခံစားဖို့အတွက်ပဲ ကျွန်တော်တို့တွေ အချိန်ကုန်၊ ငွေကုန်ခံပြီး တန်ဖိုးထားပြုလုပ်ခြင်းဟာ လူသားတွေနှင့် တိရိစ္ဆာန်ကြားထဲက ကွာခြားမှုပါပဲ။ ကျည်ဆံတွေအစား ပန်းတွေနဲ့ အလှဆင်ထားတဲ့ လောကကြီးကို ဖြူစင်တဲ့ကလေးတွေရဲ့အပြုံးနှင့် ယှဥ် တွဲပြီးမြင်ချင်စမ်းလှပါဘိ။
ကျွန်တော်ထင်တယ်။ ဒီတော်လှန်ရေးကြီး ဆက်လက်ပြီးအမြန်ဆုံးပြီးမြောက်အောင်မြင်အောင် ကိုယ်ချင်းစာစိတ်နှင့် ပြည်သူအားလုံးကထောက်ပံ့နေဖို့၊ အာရုံစိုက်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ နေ့စဥ်ကြုံနေရတဲ့ ကျေးရွာတစ်ခုလုံး မီးရှို့ခံရတဲ့ ပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေ၊ ထောင်ထဲမှာညှင်းပန်း နှိက်စက်ခံနေရတဲ့ပြည်သူတွေ၊ တောထဲတောင်ထဲက PDFရဲဘော်တွေ၊ အသက်ပေးသွားတဲ့ ဒီမိုကရေစီသူရဲကောင်းတွေ အားလုံးကို စစ်မှန်သောကိုယ်ချင်းစာစိတ်ဖြင့် ကျွန်တော်တို့အားလုံးရဲ့အနာဂတ်၊ နောက်မျိုးဆက်သစ်တို့ရဲ့ အနာဂတ်အတွက် တော်လှန်ရေးကို သစ္စာရှိစွာ တက်နိုင်တဲ့ဘက်ကအစွမ်းကုန် ကူညီကြရအောင်၊ဆက်လက်တိုက်ပွဲဝင်ကြရအောင်၊ clickကြရအောင်! အောင်ပွဲက လက်တစ်ကမ်းမှာပါ။
ကျွန်တော်က ဘာသာမဲ့တစ်ယောက်ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ကိုယ်ချင်းစာတရားကို ကိုးကွယ်တဲ့ဘာသာမဲ့တစ်ယောက်ပါ။
2022/5/20
Nyan

🐝
ReplyDeleteအမှန်တွေပါ ဖတ်လို့ကောင်းပါတယ်👍🌟
ReplyDelete👍
ReplyDeleteDone 💪
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDeleteDone
ReplyDelete👍👍👍
ReplyDeleteကောင်းလိုက်တဲ့စာေလးပါပဲရှင်
ReplyDelete