ကောင်ငယ်လေး
Unicode
မနက်ခင်းတစ်ခုတွင်ဖြစ်သည်။ လူအများရဲ့လှုပ်ရှားသံတွေကြောင့် ကျွန်တော်နိုးထလာခဲ့တယ်။ နိုးနိုးချင်ဘဲ ထုံးစံအတိုင်း ဗိုက်ထဲကအချက်ပေးသံထွက်ပေါ်လာခဲ့တယ်။ ခေါင်းတစ်ခုလုံးဟာလည်း မူးဝေပြီးချာချာလည်လို။ ဟုတ်သားဘဲ၊ ကျွန်တော်အစာမစားဖြစ်တာ သုံးရက်ရှိနေပြီ။
ဒီခန္ဓာကိုယ်ကို မသေဖိုအစားတစ်ခုခု ရှာဖွေရပေမည်။ ဒီလိုနှင့် ကျွန်ုပ်ဟာစျေးထဲသို တစ်လှမ်းချင်းလျှောက်လာလိုက်တော့သည်။ စျေးဆိုတဲ့အတိုင်း လူရှုပ်သည်မှာတော့ပြောစရာမလိုလောက်။ ၇နှစ်အရွယ်မျှသာရှိသေးတဲ့ ကျွန်တော့်သေးသေးငယ်ငယ်ခန္ဓာကိုယ်လေးဟာ လူအများကြီးမမြင်ဘဲ ဝင်တိုက်ခံရသည်မှာခဏခဏ၊ ထိုအပြင် အစာရေဆာဟာလည်းဝဝလင်လင်မရှိသဖြင့် အားနည်းကာလဲကျလွယ်တော့သည်။ အရင်ကဤသိုကြုံရဖန်များသဖြင့် ခုဆိုလျှင်ကျွန်တော်ဟာ ဘေးကပ်ပြီးဖြည်းဖြည်းချင်းလျှောက်ရတော့တယ်။ ဒါမဲ့လည်း ညစ်ပတ်ပေရေပြီး စုတ်စုတ်ပြတ်ပြတ်ဖြစ်နေတော့ ဆိုင်တွေဟာပစ္စည်းခိုးမယ်ပဲယူဆပြီး မောင်းထုတ်ကြတယ်။ ကျွန်တော့်အတွက် တစ်နပ်စားရဖိုတောင်မလွယ်ပါချေ။ နေ့စဥ်ကျွန်တော်ဒီလိုပဲဖြတ်သန်းရတယ်။
ဤသိုဖြစ်ခဲ့သည်မှာ ဘယ်လောက်ကြာပြီလဲတော့မသိပါ။ ကျွန်တော့်ရဲမိဘတွေကဘယ်သူတွေဖြစ်ပြီး ကျွန်တော်ကဘယ်လိုလမ်းဘေးကတစ်ကောင်ကြွက်ဖြစ်နေရလဲဆိုတာလည်း မသိပါ။ ရွယ်ယမ် (Xue Yang) လိုနာမည်ရှိကြောင်း တစ်ခုကလွဲပြီး မိဘဆိုတာကျွန်တော့်မှတ်ဉာဏ်ထဲ အရိပ်တောင်မမြင်မိဘူး။ ထားပါဒါတွေ၊ လောလောဆယ်ကျွန်တော်လိုနေတာက တစ်ခုခုစားရဖိုလေ။
စျေးထဲသိုသွားသည့်အကြိမ်တိုင်း ကျွန်တော်သိပ်အားကျရတာရှိတယ်ဗျ။ ဘာလဲဆိုတော့ သက်တူရွယ်တူတွေက သူတိုနဲ့ပါလာတဲ့လူကြီးတွေ၊ မိဘတွေပေါ့အများအားဖြင့်တော့၊ အဲ့လူကြီးတွေကိုလက်ညှိးထိုးပြပြီး ဝယ်ပေးဖိုတောင်းရမ်းကြတယ်။ သကြားလုံးဆိုင်ကိုလေ။ အဲ့ဒိစက္ကူနဲ့ထုပ်ထားတဲ့ အခဲလေးတွေကသိပ်စားကောင်းတာ၊ ချိုနေတာပဲလို ပြောကြတယ်လေ။ ကျွန်တော်ကတော့တခါမှမမြည်းကြည့်ဖူးဘူး။ အဲ့ဆိုင်ရှေ့ရောက်တိုင်းငေးကြည့်နေမိတာ ဝယ်ကျွေးမဲ့သူရှိမလားလိုပေါ့။ နေ့တိုင်းငေးနေမိတယ်။
ဒီနေ့တော့ကျွန်တော် ကံကောင်းတယ်ထင်တယ်။ အဲ့ဆိုင်ကိုငေးနေတုန်း လူကြီးတစ်ယောက်ကအနားရောက်လာပြီး ''လိုချင်လား''လိုမေးတယ်။ ကျွန်တော်လည်း တွန့်ဆုတ်မနေဘဲခေါင်းငြိမ့်ပြတာပေါ့။ အဲ့လူကြီးကပြောတယ်ဗျ၊ ''ဒီစာကိုဒီလိပ်စာဆီပိုပေးရင် မင်းကိုအကြိုက်ဝယ်ကျွေးမယ်''တဲ့။ စာသွားပိုရုံနဲ့သကြားလုံးတွေရမှာ၊ ဒီထက်ပျော်စရာကောင်းတာရှိဦးမလား?
ကျွန်တော်လည်း မျက်လုံးတွေတောင်အရောင်လက်သွားပြီး ချက်ချင်းပဲ ''တကယ်လား''လိုမေးပြီး သူခိုင်းတဲ့အတိုင်း စာတစ်စောင်ကိုသွားပိုပေးလိုက်တယ်။ ဘယ်သူသိမှာလဲ၊ အဲ့စာထဲဘာရေးထားလည်းဆိုတာကို။ စာလက်ခံရရှိတဲ့သူက ချက်ချင်းဒေါသပေါက်ကွဲပြီး ကျွန်တော့်ကိုထိုးကြိတ်ရိုက်နှက်တော့တာပဲ။ ဒါပေမဲ့ကျွန်တော်မမှုဘူးသိလား၊ သကြားတွေရမှာလေ တန်တယ်မလား။ ကိုက်ခဲပြီးမလှုပ်ရှားနိုင်လောက်အောင် ထိုးကြိတ်ခံထားရပေမဲ့ ကျွန်တော်ကြိုးစားပြီးပြန်လာခဲ့တယ်။ စာပေးခိုင်းတဲ့သူကြီးကိုရှာမယ်၊ သူကတိပေးထားတဲ့သကြားလုံးတွေကို တောင်းမယ်။
ကျွန်တော်ရှာတွေ့ခဲ့ပါတယ်၊ သူကလှည်းတစ်ခုပေါ်ပစ္စည်းတွေတင်နေတာကို။ သူ့ဆီအပြေးအလွှားသွားပြီး ကတိအတိုင်းအချိုလုံးတွေကိုတောင်းလိုက်တယ်။ မထင်ထားခဲ့ဘူး၊ သူကကျွန်တော့်ကိုဆံပင်ကနေဆွဲပြီး မောင်းထုတ်တော့တာပဲ။ သူ့ကိုခြေထောက်ဖက်ပြီး တောင်းတောင်းပန်ပန်နဲ့ အချိုမုန့်တစ်ပန်းကန်ပေးဖိုပြောလိုက်တယ်။ သူကလေ...ကတိမတည်တဲ့အပြင် ကန်ကျောက်ပြီးကြာပွတ်နဲ့ရိုက်တော့တာပဲ။ ကျွန်တော်မြေကြီးပေါ်လဲကျနေတုန်း သူကလှည်းပေါ်တက်ပြီးထွက်ခွာသွားတော့တယ်။
ဒါပေမဲ့ကျွန်တော်လက်မလျော့ဘူးသိလား။ သူ့လှည်းနောက်ပြေးလိုက်ပြီး တားဆီးလိုက်တယ်။ အချိုလုံးတွေကိုမျှော်လင့်ရင်းပေါ့။ အဲ့လိုအခိုက်အတန့်မှာပဲ အားနည်းတဲ့ဒီခန္ဓာကိုယ်ကမပြေးနိုင်တော့လို လဲသွားတော့တယ်။ လှည်းဘီးကလည်း ကျွန်တော့်ရဲ့ဘယ်ဘက်လက်ချောင်းတွေပေါ်ကို တလိမ့်လိမ့်ဖျက်သန်းသွားတော့တာပေါ့။ လက်ချောင်းတစ်ချောင်းချင်း...တစ်ချောင်းချင်း...တက်ကြိတ်ခံရပြီးတော့ ကျွန်တော့်ရဲ့ဘယ်ဘက်လက်သန်းလေးဟာ...အဲ့နေရာမှာတင် အရိုးအားလုံးကြေမွပြီး...သွေးအိုင်ဖြစ်သွားတော့တယ်။
အင်း...လမ်းဘေးက အိမ်ခြေမဲ့ကလေးငယ်တစ်ယောက်ရဲ့ ဒီလိုဖြစ်ပျက်သွားမှုကိုဘယ်သူကမှ အရေးတယူပြုမနေဘဲ ကျွန်တော့်ရဲနာကျဥ်စွာအော်ဟစ်သံတွေကလည်း လေထဲမှာတင်ပျောက်ကွယ်သွားတော့ပေါ့။
-time skip for about 10 years-
'' ဒီလူငယ်လေးက တစ်အိမ်လုံးကိုသတ်ဖြတ်ခဲ့တာ၊ ထိုက်သင့်တဲ့ပြစ်ဒဏ်စီရင်ပေးဖို မျှော်လင့်ပါတယ် ''
ကျုပ်ကကြမ်းပြင်ပေါ်မှာဒူးထောက်နေပြီး ကြိုးတုပ်ခံထားရတယ်။ အဖြူရောင်ဝတ် သူတော်စင်တပါးရဲ့ ပြောဆိုသံကိုကြားနေရတာပေါ့။ အဲ့သူတော်စင်ကငယ်ရွယ်တယ်၊ မျက်နှာကကြည်လင်ပြီးတော့ သဘောကောင်းမဲ့ပုံပေါက်တယ်။ ခက်တာကကိုယ်နဲ့မဆိုင်ဘဲ လူတတ်ကြီးဝင်လုပ်တာလေ၊ ခုပဲကြည့်။ ကျုပ်ကိစ္စကိုဝင်ရှုပ်တယ်။ ကျုပ်ကိုဖမ်းခေါ်လာပြီး နာမည်ရတရားစီရင်ခွင့်ရှိတဲ့နေရာကိုခေါ်လာတယ်လေ။တော်တော်လေးသူတော်ကောင်းဖြစ်ချင်နေပုံပဲ။
ဒါပေမဲ့ ဒီတခါတော့ကံတရားကကျုပ်ဘက်မှာရှိတယ်။ အဲ့နာမည်ကြီးတရားစီရင်ခွင့်ရနေရာရဲ့ ပုဂ္ဂိုလ်တွေကချစားအကျင့်ပျက်နေကြတာလေ။ သူတိုက ကျုပ်ရဲ့ငယ်ရွယ်ပြီးအရည်အချင်းရှိမှုကိုမြင်ကြတယ်။ ကျုပ်ကိုသေမိန့်မချဘဲ ကာကွယ်ပေးထားတယ်ပေါ့။
ခင်ဗျားတိုသိချင်နေမယ်ထင်တယ်၊ ကျုပ်ဘာလိုဒီလိုအဖမ်းခံရလဲဆိုတာလေ။ ဟား...ကျုပ်ကတစ်အိမ်လုံးကိုသတ်ပစ်ခဲ့တာ၊ ခွေးတစ်ကောင်ကြောင်တမြှီးမကျန်ပေါ့။ ဒါတောင်တစ်ယောက်ကလွတ်သွားသေး။ တနေနေ့တော့ရှာပြီးသူ့ကိုလည်းသတ်မှာပါ လောလောဆယ်တော့ပြေးထားပါစေဦး။ အခုဆိုရင်ကျုပ်က နာမည်ဆိုးထွက်ပေမဲ့ နေစရာစားစရာရှိပြီ၊ အရင်လိုအားနည်းတဲ့ လမ်းဘေးကကောင်ငယ်လေးမဟုတ်တော့ဘူး။ အရပ်လည်းရှည်လာပြီး အတော်အသင့်ချောမောတဲ့လူငယ်လေးဖြစ်လာပြီပေါ့၊ သွားတက်ပေါ်တဲ့အပြုံးနဲ့ အတော်ကြည့်ကောင်းပြီး ပေါ့ပါးဟန်အပြည့်ဖြစ်နေပြီ။
ဒီလိုနဲ့ကျုပ်က အဲ့ပုဂ္ဂိုလ်တွေအတွက် အသုံးဝင်တဲ့ဓားတစ်လက်ဖြစ်လာတာပေါ့။ ကျုပ်ရဲ့အရည်အချင်းက သိပ်အသုံးဝင်တယ်ထင်ပါရဲ့၊ သူတိုကကျုပ်ကိုကာကွယ်ပေးကြတယ်။ တော်ရုံရမ်းကားမှုမျိုးလုပ်ရင်တောင် အဖမ်းမခံရဘူးပေါ့။ တစ်အိမ်လုံးကိုသတ်ဖြတ်ခဲ့တဲ့ကျုပ်က အရေးယူမခံရဘူးလေ ဟားဟား။ ကျုပ်ကိစ္စဝင်ရှုပ်တဲ့သူတော်စင်လေး နောင်တရနေပြီလား? ပြောရရင်ကျုပ်ကိုအခု ကာကွယ်ပေးနေတဲ့ပုဂ္ဂိုလ်တွေကလေ ချမ်းသာကြတယ်တော်တော့်ကို။ တစ်အိမ်လုံးအသတ်ခံရပြီး တစ်ယောက်ထဲကျန်ခဲ့ရတဲ့သူကိုတောင် ငွေနဲ့နှုတ်ပိတ်ပစ်နိုင်တယ်လေ။ ဟက်! ကျုပ်ကိုအမှုဖွင့်တဲ့သူတော်စင်လေးကို အဲ့လူကအမှုပြန်ရုတ်သိမ်းခိုင်းတယ်လေ။ သူများကိစ္စဝင်ပါတဲ့အဖြူဝတ်အစ်ကိုလေးရေ ခင်ဗျားပဲအရှက်ကွဲတာမလား နောက်ဆုံးတော့။ ဒါပေမဲ့...ကျုပ်လိုချင်တာကဒီလိုမဟုတ်ဘူး၊ ခင်ဗျားနဲ့ကျုပ် ကိစ္စမပြတ်သေးဘူးသူတော်စင်လေး။
ဒါနဲ့...ကျုပ်နေထိုင်တဲ့ အဲ့နေရာမှာလူတစ်ယောက်နဲ့ကျုပ်ဆုံဖြစ်သေးတယ်။ ဦးတည်ချက်လျှောက်လမ်းတူတဲ့သူပေါ့။ ကျုပ်တိုရဲ့ပျော်ရွှင်စရာကောင်းမဲ့ကလေးဘဝလေးကို ဖျက်ဆီးပစ်တဲ့သူတွေကိုလက်စားချေပြီး တန်ရာတန်ကြေးပြန်ယူချင်တဲ့သူလေ။ ဦးတည်ချက်တူတော့ အချင်းချင်းသိပ်အတွဲညီတာပေါ့ဗျာ။ သူကြုံတွေ့ခဲ့ရတာတွေက ကျွန်တော့်ထက်တောင်ကြမ်းတမ်းတယ်ပြောရမလားဘဲ၊ ကျွန်တော်တိုနှစ်ယောက်က အချင်းချင်းနားလည်မှုရှိခဲ့တယ်။ အပြန်အလှန်ရင်းနှီးခဲ့ကြတယ်။ နေ့တနေ့မတိုင်ခင်အထိပေါ့...
ကျုပ်ရဲ့အသုံးဝင်မှုပမာဏပဲ ကုန်ဆုံးသွားတာလား၊ အဲ့မိတ်ဆွေလေးကပဲမယုံကြည်တော့လို နှုတ်ပိတ်ချင်တာလား မသိပါဘူး။ ကျုပ်တိုသူတိုရဲ့အကာအကွယ်ကနေ ပယ်ထုတ်လိုက်ကြပြီး အသေသတ်ဖိုတောင်လူလွှတ်သတဲ့။ မိတ်ဆွေလေးကကျုပ်ရဲ့အရည်အချင်းတွေကို သိပြီးသားဆိုတော့ တကယ်မသေစေချင်တာဖြစ်နိုင်တယ်၊ ကျုပ်အတွက်လွတ်လမ်းချန်ပေးလိုက်တယ်ပြောရမလား? ဒါမှမဟုတ်ဟာကွက်ရှိသွားတာလား? မသိပါဘူး၊ ဒါမဲ့ကျုပ်ကိုလူလွှတ်သတ်တဲ့အစီစဉ်ကတော့ မအောင်မြင်လိုက်ဘူး။ သူလွှတ်လိုက်တဲ့ချာတူးလန်သူတွေက ကျုပ်ကိုသတ်ဖိုအရည်ချင်းမမှီကြဘူးလေ။ ကျုပ်လည်းခြေဦးတည့်ရာကိုလွတ်အောင်ပြေးခဲ့တယ်။ လွတ်သွားပေမဲ့လည်း အများနဲ့တစ်ယောက်ဖြစ်နေတော့ မသေရုံတမယ်ဒဏ်ရာရပြီး ဘယ်နေရာမှန်းမသိတဲ့ဒေသတစ်ခုကိုရောက်သွားတော်တယ်။ နည်းနည်းလူခြေပြတ်တဲ့တောရွာထင်တာပဲ။ ကျုပ်အသက်အတွက်ကျုပ်ဆက်ပြေးနေခဲ့တယ်၊ တကိုယ်လုံးသွေးအလိမ်းလိမ်းနဲ့ပေါ့။ နောက်တော့...လဲကျပြီးသတိမေ့သွားတာပဲ...
-also that day-
ကျုပ်အဲ့နေရာမှာလဲကျနေခဲ့တာ ဘယ်လောက်တောင်ကြာပြီလဲမသိ။ နိုးလာတဲ့အချိန်မှာ လူနှစ်ယောက်ကကျုပ်ကိုကြည့်နေကြတယ်။ အတိအကျဆိုရင် ကျုပ်ထက်အသက်ကြီးပေမဲ့လူလတ်ပိုင်းပဲရှိသေးတဲ့ အမျိုးသားတစ်ယောက်နဲ့ ပုပုသေးသေးမိန်းမငယ်လေးတစ်ယောက်။ သူမကကျုပ်ထက်ငယ်လိမ့်မယ်၊ ဘယ်သူလဲဆိုတာကျုပ်မသိဘူး သးလည်းကျုပ်ကိုသိပုံမပေါ်ဘူး။ ဟိုအမျိုးသားကတော့ ကျုပ်အမြင်ကပ်တဲ့အဖြူဝတ်သူတော်စင်ပေါ့။ အရင်တစ်ခါတွေ့တုန်းကနဲ့သိပ်မကွာပါဘူး၊ မျက်လုံးမှာအဖြူစပတ်ထားတာကလွဲရင်။
ခင်ဗျားတိုကိုမပြောရသေးဘူးထင်တယ်၊ အဲ့သူတော်စင်မှာ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။ သွားအတူလာအတူသဘောထားတိုက်ဆိုင်ကြပုံဘဲ။ သြော်၊ ကျုပ်နဲ့ဦးတည်ရာတူတယ်ဆိုတဲ့ မိတ်ဆွေကိုတောင်သတိရသွားပြီ။ ဟားဟား တစ်ခုတော့ကွာတာပေါ့၊ အဲ့မိတ်ဆွေကကျုပ်ကို မသတ်ရုံတမယ်ပစ်ပယ်လိုက်ချိန် တဖက်မှာတော့အဖြူဝတ်သူတော်စင်လေးက သူ့သူငယ်ချင်းဆိုတာကြီးအတွက် ကိုယ်ပိုင်မျက်လုံးတွေကိုပေးပစ်ခဲ့တယ်။
သူ့သူငယ်ချင်းဆိုတာကို ကန်းအောင်လုပ်ခဲ့တာကလည်းကျုပ်ပဲ! ဟုတ်တယ်၊ ကျုပ်လုပ်ပစ်ခဲ့တာ။ အဲ့သူတော်စင်နှစ်ယောက်က ကျုပ်လမ်းမှာဝင်ဝင်ရှုပ်နေလိုလေ။ ပြီးတော့အဲ့ကောင်က အဖြူဝတ်သူတောင်စင်လေးနားသိပ်ကပ်တာ၊ ကျုပ်ကြည့်မရတာကြောင့်လည်းပါတယ်။ ဒါပေမဲ့အဖြူဝတ်သူတော်စင်လေးက သူ့မျက်လုံးတွေနဲ့အစားထိုးပြီးကယ်ဆယ်လိုက်တယ်။ သူပြန်ရတာကတော့ သူ့သူငယ်ချင်းဆိုတဲ့ကောင်ရဲ့မောင်းထုတ်မှုပဲ။ ဟား...သိပ်ရယ်ရတယ်မလား၊ အရမ်းသဘောကောင်းနေတာလေ နောက်ဆုံးတော့ခင်ဗျားပဲနစ်နာတာမလား သူတော်စင်လေးရ။ how stupid! ဒီလိုနဲ့အဲ့သူတော်စင်လေးက မျက်လုံးကိုအဖြူဝတ်အမြဲစည်းနှောင်ထားရတော့တယ်။ ခုတော့၊ ကျုပ်တော်ကမြေကြီးပေါ်ထိုင်ရင်းတစ်ခုခုကို မှီထားတယ်။ မော့ကြည့်လိုက်တော့အခေါင်းတစ်ခု။ ပတ်ဝန်းကျင်ကိုလေ့လာကြည့်ပြီးတော့ ကျုပ်သိလိုက်ရတယ် ဒီနေရာကသုဘရာဇာအိမ်။ အဖြူရောင်ဝတ်သူတော်စင်လေးက ဟိုစမ်းဒီစမ်းနဲ့ကျုပ်ရဲ့ဒဏ်ရာတွေပေါ်ကို ဆေးကြောပေးဖိုကြိုးစားနေတယ်။
ဟမ်!နေပါဦး။ ဒီသူတော်စင်လေးက ကျုပ်ကိုဖမ်းခံရအောင်လုပ်ခဲ့တာ၊ ကျုပ်နဲ့ရန်သူတွေမလား! အတွေးဝင်လာတဲ့အလျောက် ခန္ဓာကိုယ်ကိုနောက်ဆုတ်လိုက်မိတော့ အနောက်ကအခေါင်းနဲ့တိုက်မိတယ်။ သူတော်စင်လေးက လှုပ်ရှားမှုကိုသတိထားမိပုံပဲ
''အရမ်းမလှုပ်နဲ့၊ မင်းဒဏ်ရာတွေကများတယ်။ သွေးပိုထွက်လာလိမ့်မယ်''
နူးညံ့စွာနဲ့ပြောလာတယ်။ ကျုပ်နည်းနည်းလောက် မျက်နှာရိပ်ကိုအကဲခတ်ပြီး ပြန်မေးလိုက်တယ်။
''ခင်ဗျားကျုပ်ဘယ်သူလဲဆိုတာသိလိုလား? ဘာကြောင့်ဒီလိုဒဏ်ရာရထားလဲဆိုတာရော မမေးတော့ဘူးလား? ဘာလိုကယ်ခဲ့တာလဲ?''
ရန်သူဆိုမှတော့ ကျုပ်လည်းခုခံဖိုအသင့်အနေအထားနဲ့ပေါ့။ ဒါပေမဲ့လေ သူကပြုံးပြီးပြောခဲ့တာ
''မင်းမပြောချင်မှတော့ ဘယ်သူလည်းဆိုတာမမေးတော့ပါဘူး။ ဒဏ်ရာဘယ်လိုရလာလည်းအရေးမကြီးပေမဲ့ အကူအညီလိုနေတာသိရလို ကယ်တင်ပေးခဲ့တာ'' တဲ့။ သေချာပြီသူကန်းနေတာ! ကျုပ်ဘယ်သူလည်းဆိုတာသိရင် မကယ်တဲ့အပြင် မသေသေအောင်လုပ်သွားမှာပေါ့။ ကံကောင်းစွာနဲ့ ကျုပ်ကနေ့နေ့ညညပြေးနေခဲ့ရတာကြောင့် လည်ချောင်းကလည်းထိခိုက်နေပြီး အသံကအက်ကွဲနေခဲ့တယ်။ မူရင်းအသံမဟုတ်တော့ ကျုပ်ကိုသူတော်စင်လေးကမမှတ်မိပုံဘဲ။
လောလောဆယ်အနေအထားက ကျုပ်မှာဒဏ်ရာအပြင်းအထန်ရထားတယ်၊ သူနဲ့တိုက်ခိုက်ဖိုအင်အားမရှိသေးဘူး။ ကြည့်ရတာကျုပ်ဘယ်သူလဲဆိုတာမသိအောင်ဂရုစိုက်ပြီး နည်းနည်းလောက်ခိုကပ်နေထိုင်ရမဲ့ပုံဘဲ။ ကျေနပ်စရာပါလား၊ ကျုပ်ကိုပြန်တွေ့ကြပြီနော်သူတော်စင်လေး။ ခင်ဗျားနဲ့ရေစက်မကုန်သေးဘူးပဲ။
''ရှင်ကဘာဖြစ်နောတာလဲ?! ကယ်လည်းကယ်ပေးရသေး ခုထိကျေးဇူးတင်စကားမပြောဘူး! တောက်ကျန့်ကိုကို (သူတော်စင်ကိုကို) သာ မကယ်ပေးခဲ့ရင်ခုချိန်ဆို အဲ့လမ်းဘေးမှာပဲအသက်ထွက်လောက်ပြီ! ဒီလောက်ကူညီပေးထားတာကိုတောင် စကားအကောင်းမပြောဘူးလား!?''
ခပ်စွာစွာမိန်းမငယ်အသံလေးထွက်ပေါ်လာတယ်။ မင်းသာအသံမထွက်ရင်လေ ဘေးနားရပ်နေတယ်ဆိုတာတောင် ကျုပ်မေ့နေလောက်ပြီအမိရ။ လူသေးသလောက်စွာလိုက်တာ။
''အားချင့်၊ အဲ့လိုမပြောရဘူးလေ။ သွား အဝတ်သန့်သန့်ထပ်သွားယူခဲ့ပေးဦး'' တဲ့။ ဆိုတော့ကား အဲ့ကလေးမက အားချင့်(A Qing) ပေါ့။
တကယ်ကိုရွှေလသာ လေနုအေးတဲ့အသံပဲဟေး! သူတော်စင်လေးရေ ခင်ဗျားဟာလေ ကိုယ်နဲ့မဆိုင်ဘဲဝင်မရှုပ်ရင်သိပ်ကောင်းမှာ၊ ကျုပ်တိုရန်သူတွေဖြစ်စရာမလိုဘူးပေါ့။ ဒါပေမဲ့စိတ်ချပါ ခင်ဗျားနဲ့ကျုပ်က အကြာကြီးတွေ့ကြရဦးမှာ၊ ဖြည်းဖြည်းပေါ့။ ကျုပ်ရွဲစောင်းစောင်းပြုံးလိုက်မိတယ် တွေးကြည့်တာနဲ့တင် ချိုမြနေပြီလေ။
အားချင့်ကို ကျုပ်လှည့်ကြည့်လိုက်တယ်။ ဝါးလုံးတစ်ခုနဲ့ဟိုခေါက်ဒီခေါက် ပစ္စည်းရှာနေတာတဲ့! ဘာ! သူကလည်းကန်းနေတာလား? မျက်မမြင်နှစ်ယောက်က အတူနေနေတယ်ပေါ့? ဖြစ်ရောဖြစ်နိုင်လိုလား နှစ်ယောက်လုံးက ဘာမှမြင်ရဘဲနဲ့လေ။
အားချင့်က ရေဝတ်သန့်သန့်တစ်ခုလာပေးတော့ သူတော်စင်လေးကယူလိုက်ပြီး ကျုပ်ရဲ့ဒဏ်ရာတွေကို ဆက်လက်သန့်စင်ဆေးစည်းပေးရှာတယ်။ နည်းနည်းတော့ဟိုစမ်းဒီစမ်းဖြစ်နေတာပေါ့။ သူကကျုပ်ဘယ်သူလဲဆိုတာ မစစ်ဆေးတော့ကျုပ်လည်း လုပ်ဇာတ်တွေဖန်တီးစရာမလိုဘူးပေါ့လေ။ ကျုပ်ရဲ့နာမည်ကိုလည်းမပြောပြထားတော့ သူကကျုပ်ကိုသူငယ်ချင်းလေး (xiao you) လိုခေါ်တယ်။ မိတ်ဆွေငယ်လေးပေါ့။ ကျုပ်ကတော့သူ့ကို အရင်ထဲကသိပြီးသားဆိုတော့ နာမည်အရင်းဖြစ်တဲ့ ရှောင်ရှင်းချန်(Xiao Xingcheng) လိုပဲခေါ်တယ်။ သူကအရင်ထဲက ကျော်ကြားတဲ့သူတော်စင်လေးဆိုတော့ နာမည်သိနေတာကမဆန်းကျယ်ဘူးလေ။ မျက်မမြင်ကိုလှည့်စားရတာသိပ်လွယ်တာပဲ၊ အထူးသဖြင့်သူ့လိုတုံးတုံးအအသူတော်စင်ကိုလေ။ ကျုပ်ရဲ့ပြတ်နေတဲ့လက်သန်းကို သူမထိမိသ၍ကျုပ်ဘယ်သူလည်းဆိုတာ အတည်ပြုနိုင်မှာမဟုတ်ဘူး။
ဒီလိုနဲ့ သူတော်စင်လေး၊ ကျုပ်နဲ့ အားချင့် သုံးယောက်အတူ သုဘရာဇာအိမ်လေးမှာနေထိုင်ကြတယ်။ မျက်မမြင်နှစ်ယောက်နဲ့ ဒဏ်ရာကြောင့် ခြေတစ်ဘက် ထော့နဲ့နဲ့ဖြစ်နေသူပေါ့။ အိမ်ခေါင်မိုးဖာတာ၊ မီးမွှေးဖိုထင်းခွာတာလိုမျိုးအလုပ်တွေကို ကျုပ်ကလုပ်တယ်။ အဝတ်ပြဲရင်ဖာထေးတာ၊ ဆောင်းအတွက်အဝတ်အထည်အသစ်တွေချုပ်တာ၊ ငွေကြေးစီမံတာမျိုးတွေက သူတော်စင်လေးလုပ်တယ်။ ဟိုငနာမလေးကတော့ တနေကုန်လျှောက်ဆော့နေတာပဲ၊ အသုံးမကျချက်။ ကျုပ်အစကသူမ ကန်းနေတယ်ဆိုတာမယုံဘူး။ အကန်းတစ်ယောက်က ခုန်ဆွခုန်ဆွပြေးလွှားနေမှာမဟုတ်ဘူးလေ။ ဒါကြောင့်ကြိမ်ကြိမ်သူ့ကိုစမ်းသပ်ခဲ့တယ်။ ဓားနဲ့ချိန်ထားပြီး ရှေ့ကိုတိုးလာခိုင်းတာမျိုးပေါ့။ သူမကတုန့်ဆုတ်နေတာမျိုးမရှိဘူး။ ကြည့်ရတာတကယ်မမြင်ရဘူးထင်တယ်။ အစကသူတော်စင်လေးနားတွယ်ကပ်နေတာကြောင့် သတ်မယ်လိုကြံလိုက်ပေမဲ့ ကန်းနေတော့လည်းဘာမှသုံးစားမရပါဘူး၊ သူမကိုသတ်ရင် ရှောင်ရှင်းချန်စိတ်ဆိုးသွားဦးမယ်။စျေးသွားဟင်းချက်ကိစ္စကတော့ အလှည့်ကျဘဲဆိုပေမဲ့ သူတော်စင်လေးစျေးသွားတာကို ကျုပ်လိုက်သွားကြည့်တော့သိလိုက်ရတယ်။ အာလူးဆိုလည်းအညှောင့်ထွက်တွေ၊ အရွက်ဆိုလည်းနွမ်းတာတွေထည့်ပေးတာလေ! စျေးလည်းမလျှော့ဘူး၊ မျက်မမြင်ဆိုပြီးအနိုင်ကျင့်နေကြတာ! ဘယ်ရမလဲ၊ ကျုပ်ရှိနေချိန်တော့ဒီလိုမရဘူး။ ချက်ချင်းဓားမြှောင်တစ်လက်ထုတ်ပြီး အဲ့ဆိုင်ရှင်ကိုထောက်လိုက်တယ်၊ မျက်လုံးကလည်းဟင်းရွက်တွေထည့်ပေးဖို အချက်ပြနေတာပေါ့။ အဲ့နေ့ကတော့စျေးနည်းနည်းနဲ့ အများကြီးရလာခဲ့တာပေါ့။ ရှောင်ရှင်းချန်ရေ၊ နေရာတကာသဘောကောင်းနေလိုမရဘူးဗျ! ဒီလိုနဲ့ကျုပ်တိုအဆင်ပြေပြေရှိလာကြတယ်ပြောရမယ်။ အားချင့်ကသောက်ရမ်းစွာတာကလွဲပြီး ဆက်ဆံရေးအဆင်ပြေကြပါတယ်၊ သူမနဲ့ရန်သတ်ရတာကလည်း ပျော်စရာပဲလေ။
ကျွန်တော်တိုညတိုင်းအတူတူ ထမင်းလက်ဆုံစားကြတယ်။ သာမန်မိသားစုဘဝက ဒီလိုမျိုးထင်ပါရဲ့၊ သွေးသားမတော်စပ်ပေမယ့် နွေးထွေးမှုလိုခေါ်ရမလား? ကျွန်တော်ဘယ်သူဆိုတာ မသိကြသ၍ဒီအတိုင်းလေး ...ဒီအတိုင်းလေးပဲ အဆင်ပြေနေကြမယ်ထင်တယ်။ အားချင့်က ညမအိပ်ခင် ပုံပြင်ပြောပြခိုင်းတယ်။ သူတော်စင်လေးကလည်းအပြောကောင်းတဲ့သူမဟုတ်တော့ ကျုပ်ပဲပြောပြဖြစ်တယ်၊ ကျွန်တော်ငယ်ငယ်က ကံဆိုးကြောင်းကိုလေ။ ဒါပေမဲ့သူကပုံပြင်မဆုံးခင်မှာတင် နားမထောင်ချင်တော့ဘူးအော်ပါလေရော။ ရှောင်ရှင်းချန်ကတော့ ဘာစိတ်ကူးရသွားလည်းမသိ အဲ့ညကစပြီးမနက်တိုင်းသကြားလုံးနှစ်လုံး ခေါင်းအုံးဘေးလာထားပေးတယ်။ အချိုသိပ်ကြိုက်တဲ့ကျုပ်လေ...ဘဝမှာပထမဆုံး သူများဆီကသကြားလုံးပေးတာရဖူးတာပဲ။ ဒီအတိုင်းအတုအယောင်ဖြစ်နေရင်တောင် သူတော်စင်လေးဘေးမှာ ဟန်ဆောင်ရင်းနေချင်မိတယ်။ ဒါက...ဘာလိုလဲမသိ...ပျော်စရာကောင်းတယ်။
ကျုပ်တိုသုံးယောက် ရွာထဲသွားတဲ့အခါလူတွေက ဝိုင်းကြည့်ပြီးရီကြတယ်ဗျ။ အကန်းနှစ်ယောက်နဲ့ခြေကျိုးဆိုပြီးတော့ပေါ့။ သနားစရာပဲ သူတိုလှောင်ရီနေတဲ့ကျုပ်က မရေမတွက်နိုင်တဲ့အသက်တွေကိုနုတ်ယူဖူးပြီးသား လူငယ်လေးဆိုတာမသိကြရှာဘူး။ ရီကြလေ ရီကြစမ်းပါ။ ခင်ဗျားတိုလှောင်ရီနေတဲ့သူတော်စင်လေးရှေ့ ခင်ဗျားတိုဒူးထောက်တောင်းပန်ရလိမ့်မယ်။ အချိန်ကောင်းတစ်ခုရောက်တော့ သူတိုအားလုံးရဲ့လျှာတွေကို ကျုပ်ဖြတ်ပစ်လိုက်တယ်။ ဆက်ရီကြဦးလေး ဟားဟား။ ပြီးတော့အားလုံးကို အဆိပ်မှုန့်တွေနဲ့ပက်လိုက်တာပေါ့။ ရှောင်ရှင်းချန်ကမျက်လုံးမှမမြင်ဘဲ၊ အဆိပ်မှုန့်ရဲ့အစွမ်းကြောင့် လူနဲ့မတူတဲ့အနံ့အသက်ဖြစ်နေကြပြီလေ။ သူတော်စင်လေးကိုယ်တိုင် ကိုယ့်လက်နဲ့ကိုယ် အဲ့ရွာသားအားလုံးကိုသတ်ပစ်လိုက်တော့တာပဲ။ လူတွေမှန်းသူမသိဘူးလေ။ မသေခင်မှာသူတော်စင်လေးကို ဒူးထောက်တောင်းပန်ကြတာအသက်ချမ်းသာကဖို၊ ဒါမဲ့လျှာမှမရှိကြတော့ဘဲ အော်ဟစ်သံတွေကနွားသာသာပဲရှိတာလေ။ ပျော်ပျော်ကြီးလှောင်ရီနေတဲ့သူက နောက်ဆုံးတော့ဘယ်သူလည်းသဘောပေါက်ကြမယ်ထင်ပါရဲ့။ ဒါပေမဲ့ကျုပ်မသိခဲ့တာ...အားချင့်က အဲ့မြင်ကွင်းကိုခိုးကြည့်နေခဲ့တယ်။ သူမကမွေးရာပါ မျက်ဆံအဖြူဖြစ်တာကြောင့် ဘဝတစ်လျောက်လုံး မျက်မမြင်ဟန်ဆောင်နေခဲ့တာလေ၊ ကျွမ်းကျင်ဆင့်ဖြစ်နေပြီပေါ့။ သူမကတကယ်ကန်းမနေခဲ့ဘူး။
ကျုပ်ဘဝရဲ့အဆိုးဆုံးနေ့တနေ့ကိုရောက်လာတယ်ပြောရမလား...သုံးနှစ်လောက် ကျုပ်ဘဝရဲ့အမှောင်ထဲမှာ အလင်းမှိန်မှိန်လေးတွေ့လိုက်ရတယ်။ ဒါပေမဲ့အဲ့အလင်းရောင်လေးကိုလေ ကျုပ်ဖမ်းဆုပ်ဖိုကြိုးစားတော့ပျက်ဆီးရပြန်တယ်။ အမြဲမှောင်နေတာထက်တောင် ပိုမှောင်သွားသလိုပဲ။ ဘဝရဲ့ပထမဆုံးနွေးထွေးမှုကိုပေးခဲ့တဲ့ ရှောင်ချင်းချန်...သူကကျုပ်ဘယ်သူလဲဆိုတာသိသွားတယ်။ အားချင့်ကြောင့်လည်းပါတာပေါ့။ သူကကျုပ်လုပ်ခဲ့တဲ့ပြစ်မှုတွေကိုသိသွားတယ်။ ပြစ်မှုလိုတောင်ဆိုနိုင်ရဲ့လား?
တစ်အိမ်လုံးကိုသတ်ခဲ့တယ်ဆိုတာ အဲ့အိမ်က...ကျုပ်ကိုလက်သန်းပြတ်စေခဲ့တဲ့မိသားစုမိုပဲ။ မြေနိမ့်ရာလှံစိုက်ချင်တဲ့သူတွေကို အပြစ်ဒဏ်ပေးသင့်တာ!
ရှောင်ရှင်းချန်၊ ခင်ဗျားကိုလှောင်ရယ်ရဲတဲ့သူအားလုံး...ကျုပ်လက်စားချေပေးတယ်လေ။ ခင်ဗျားကသူတော်စင်၊ ကျုပ်ကလူမိုက်လေးပေါ့။ ဦးတည်ရာဆန့်ကျင်ဘက်ဖြစ်နေလို ကျုပ်တိုတွေမပေါင်းစည်းနိုင်တာမလား? ခင်ဗျားရဲ့သူငယ်ချင်းလေးမဖြစ်နိုင်တာဒါကြောင့်မလား?
ခုဆိုရင် တစ်ရွာလုံးကိုခင်ဗျားလက်နဲ့သတ်ထားတာနော်! ခင်ဗျားလက်ကသွေးစွန်းသွားပြီးပြီ၊ ကျုပ်နဲ့တူတူဖြစ်သွားပြီ။ ဘာသူတော်စင်မှမဟုတ်တော့ဘူး!
ဒီလိုလုပ်ခဲ့တာ...အဲ့ဒိနွေးထွေးမှုဆိုတဲ့အရောင်မှိန်မှိန်လေးကို...ကျုပ်ဆုပ်ကိုင်ချင်ရုံပါ။ ခင်ဗျားရဲ့ဘေးအမြဲအတူရှိချင်တာ။ ဒါပေမဲ့ခင်ဗျားဟာလေ...ကျုပ်ကိုယုတ်ညံ့တယ်လိုပြောသွားတယ်။ လက်မှာသွေးစွန်းခဲ့တာတွေအတွက် အသက်နဲ့ပေးဆပ်တယ်ဆိုပြီး...သတ်သေသွားတယ်။
ဘယ်သူကခင်ဗျားကိုသေခွင့်ပြုလိုလဲ! ခင်ဗျားပြောတဲ့တရားမျှတမှုကဒီလိုပေါ့? ကျုပ်ကယုတ်ညံ့ပြီး အဲ့လူတွေကျသိပ်သန့်ရှင်းနေတယ်ပေါ့? ဟား...ကြည့်ရတာ ခင်ဗျားတိူအားလုံးရဲ့တရားမျှတမှုဆိုတာ ငွေရှိတဲ့သူတွေအတွက်ပဲဖြတ်တည်ပုံပဲ။ ကျုပ်လိုကလေကချေအတွက် ဘယ်သူမှအဖက်မလုပ်ခဲ့ဘူး! ခင်ဗျားတိူဆီအသနားခံနေတာမဟုတ်ပေမဲ့ ကျုပ်ရဲလက်စားချေတဲ့လမ်းကို ဘာလိုဝင်ရှုပ်ကြတာလဲ! ဘာကိုယုတ်မာရမှာလဲ! ကျုပ်အတွက်မျှတမှုဆိုတာဒီဟာလေ! မုန်းတယ်...ခင်ဗျားကိုသိပ်မုန်းတယ် ရှောင်ရှင်းချန်။ မုန်းလွန်းလိုကျုပ်အနားကနေခွာခွင့်မပြုနိုင်ဘူး။ အသက်ပေးဆပ်ပြီး အပြစ်ကြွေးချေမယ်ဟုတ်စ၊ ကျုပ်ခွင့်မပြုဘူးနော်။ ဟက်...ခင်ဗျားသတ်သေသွားရင်တောင် ဒီအေးစက်နေတဲ့အလောင်းကို ကျုပ်ကအဖော်ပြုနေဦးမှာ။ တစ်ယောက်လောက်ကောင်းတာနဲ့ လောကကြီးသန့်စင်သွားမယ်ထင်နေတဲ့ ခင်ဗျားလိုသူတော်စင်တွေကိုသိပ်မုန်းတယ်။ မိတ်ဆွေဆိုတဲ့ခေါင်းစဥ်အောက်မှာ ခင်ဗျားကိုပြစ်ပယ်သွားတဲ့ ခင်ဗျားရဲ့သူငယ်ချင်းကြီးကိုလည်းမုန်းတယ်။
ခင်ဗျားရဲ့ချိုသာတဲ့အပြုံးတွေ
နူးညံ့တဲ့အသံတွေ
ညတိုင်းလာပေးတဲ့သကြားလုံးလေးတွေ
...ကျုပ်သိပ်လွမ်းတာပဲ...
ခုဆိုပေးမဲ့သူမရှိတော့ဘူးလေ... ဖြစ်နိုင်မယ်ဆို ခင်ဗျားပြန်လာပေးပါလား။ ကျုပ်...လူတွေထပ်မသတ်ဖိုကတိပေးပါ့မယ်...တောင်းပန်ပါတယ် သူတော်စင်လေး...

Zawgyi
မနက္ခင္းတစ္ခုတြင္ျဖစ္သည္။ လူအမ်ားရဲ႕လႈပ္ရွားသံေတြေၾကာင့္ ကြၽန္ေတာ္ႏိုးထလာခဲ့တယ္။ ႏိုးႏိုးခ်င္ဘဲ ထုံးစံအတိုင္း ဗိုက္ထဲကအခ်က္ေပးသံထြက္ေပၚလာခဲ့တယ္။ ေခါင္းတစ္ခုလုံးဟာလည္း မူးေဝၿပီးခ်ာခ်ာလည္လို။ ဟုတ္သားဘဲ၊ ကြၽန္ေတာ္အစာမစားျဖစ္တာ သုံးရက္ရွိေနၿပီ။
ဒီခႏၶာကိုယ္ကို မေသဖိုအစားတစ္ခုခု ရွာေဖြရေပမည္။ ဒီလိုႏွင့္ ကြၽႏ္ုပ္ဟာေစ်းထဲသို တစ္လွမ္းခ်င္းေလွ်ာက္လာလိုက္ေတာ့သည္။ ေစ်းဆိုတဲ့အတိုင္း လူရႈပ္သည္မွာေတာ့ေျပာစရာမလိုေလာက္။ ၇ႏွစ္အ႐ြယ္မွ်သာရွိေသးတဲ့ ကြၽန္ေတာ့္ေသးေသးငယ္ငယ္ခႏၶာကိုယ္ေလးဟာ လူအမ်ားႀကီးမျမင္ဘဲ ဝင္တိုက္ခံရသည္မွာခဏခဏ၊ ထိုအျပင္ အစာေရဆာဟာလည္းဝဝလင္လင္မရွိသျဖင့္ အားနည္းကာလဲက်လြယ္ေတာ့သည္။ အရင္ကဤသိုႀကဳံရဖန္မ်ားသျဖင့္ ခုဆိုလွ်င္ကြၽန္ေတာ္ဟာ ေဘးကပ္ၿပီးျဖည္းျဖည္းခ်င္းေလွ်ာက္ရေတာ့တယ္။ ဒါမဲ့လည္း ညစ္ပတ္ေပေရၿပီး စုတ္စုတ္ျပတ္ျပတ္ျဖစ္ေနေတာ့ ဆိုင္ေတြဟာပစၥည္းခိုးမယ္ပဲယူဆၿပီး ေမာင္းထုတ္ၾကတယ္။ ကြၽန္ေတာ့္အတြက္ တစ္နပ္စားရဖိုေတာင္မလြယ္ပါေခ်။ ေန႔စဥ္ကြၽန္ေတာ္ဒီလိုပဲျဖတ္သန္းရတယ္။
ဤသိုျဖစ္ခဲ့သည္မွာ ဘယ္ေလာက္ၾကာၿပီလဲေတာ့မသိပါ။ ကြၽန္ေတာ့္ရဲမိဘေတြကဘယ္သူေတြျဖစ္ၿပီး ကြၽန္ေတာ္ကဘယ္လိုလမ္းေဘးကတစ္ေကာင္ႂကြက္ျဖစ္ေနရလဲဆိုတာလည္း မသိပါ။ ႐ြယ္ယမ္ (Xue Yang) လိုနာမည္ရွိေၾကာင္း တစ္ခုကလြဲၿပီး မိဘဆိုတာကြၽန္ေတာ့္မွတ္ဉာဏ္ထဲ အရိပ္ေတာင္မျမင္မိဘူး။ ထားပါဒါေတြ၊ ေလာေလာဆယ္ကြၽန္ေတာ္လိုေနတာက တစ္ခုခုစားရဖိုေလ။
ေစ်းထဲသိုသြားသည့္အႀကိမ္တိုင္း ကြၽန္ေတာ္သိပ္အားက်ရတာရွိတယ္ဗ်။ ဘာလဲဆိုေတာ့ သက္တူ႐ြယ္တူေတြက သူတိုနဲ႔ပါလာတဲ့လူႀကီးေတြ၊ မိဘေတြေပါ့အမ်ားအားျဖင့္ေတာ့၊ အဲ့လူႀကီးေတြကိုလက္ညႇိးထိုးျပၿပီး ဝယ္ေပးဖိုေတာင္းရမ္းၾကတယ္။ သၾကားလုံးဆိုင္ကိုေလ။ အဲ့ဒိစကၠဴနဲ႔ထုပ္ထားတဲ့ အခဲေလးေတြကသိပ္စားေကာင္းတာ၊ ခ်ိဳေနတာပဲလို ေျပာၾကတယ္ေလ။ ကြၽန္ေတာ္ကေတာ့တခါမွမျမည္းၾကည့္ဖူးဘူး။ အဲ့ဆိုင္ေရွ႕ေရာက္တိုင္းေငးၾကည့္ေနမိတာ ဝယ္ေကြၽးမဲ့သူရွိမလားလိုေပါ့။ ေန႔တိုင္းေငးေနမိတယ္။
ဒီေန႔ေတာ့ကြၽန္ေတာ္ ကံေကာင္းတယ္ထင္တယ္။ အဲ့ဆိုင္ကိုေငးေနတုန္း လူႀကီးတစ္ေယာက္ကအနားေရာက္လာၿပီး ''လိုခ်င္လား''လိုေမးတယ္။ ကြၽန္ေတာ္လည္း တြန္႔ဆုတ္မေနဘဲေခါင္းၿငိမ့္ျပတာေပါ့။ အဲ့လူႀကီးကေျပာတယ္ဗ်၊ ''ဒီစာကိုဒီလိပ္စာဆီပိုေပးရင္ မင္းကိုအႀကိဳက္ဝယ္ေကြၽးမယ္''တဲ့။ စာသြားပို႐ုံနဲ႔သၾကားလုံးေတြရမွာ၊ ဒီထက္ေပ်ာ္စရာေကာင္းတာရွိဦးမလား?
ကြၽန္ေတာ္လည္း မ်က္လုံးေတြေတာင္အေရာင္လက္သြားၿပီး ခ်က္ခ်င္းပဲ ''တကယ္လား''လိုေမးၿပီး သူခိုင္းတဲ့အတိုင္း စာတစ္ေစာင္ကိုသြားပိုေပးလိုက္တယ္။ ဘယ္သူသိမွာလဲ၊ အဲ့စာထဲဘာေရးထားလည္းဆိုတာကို။ စာလက္ခံရရွိတဲ့သူက ခ်က္ခ်င္းေဒါသေပါက္ကြဲၿပီး ကြၽန္ေတာ့္ကိုထိုးႀကိတ္႐ိုက္ႏွက္ေတာ့တာပဲ။ ဒါေပမဲ့ကြၽန္ေတာ္မမႈဘူးသိလား၊ သၾကားေတြရမွာေလ တန္တယ္မလား။ ကိုက္ခဲၿပီးမလႈပ္ရွားႏိုင္ေလာက္ေအာင္ ထိုးႀကိတ္ခံထားရေပမဲ့ ကြၽန္ေတာ္ႀကိဳးစားၿပီးျပန္လာခဲ့တယ္။ စာေပးခိုင္းတဲ့သူႀကီးကိုရွာမယ္၊ သူကတိေပးထားတဲ့သၾကားလုံးေတြကို ေတာင္းမယ္။
ကြၽန္ေတာ္ရွာေတြ႕ခဲ့ပါတယ္၊ သူကလွည္းတစ္ခုေပၚပစၥည္းေတြတင္ေနတာကို။ သူ႔ဆီအေျပးအလႊားသြားၿပီး ကတိအတိုင္းအခ်ိဳလုံးေတြကိုေတာင္းလိုက္တယ္။ မထင္ထားခဲ့ဘူး၊ သူကကြၽန္ေတာ့္ကိုဆံပင္ကေနဆြဲၿပီး ေမာင္းထုတ္ေတာ့တာပဲ။ သူ႔ကိုေျခေထာက္ဖက္ၿပီး ေတာင္းေတာင္းပန္ပန္နဲ႔ အခ်ိဳမုန္႔တစ္ပန္းကန္ေပးဖိုေျပာလိုက္တယ္။ သူကေလ...ကတိမတည္တဲ့အျပင္ ကန္ေက်ာက္ၿပီးၾကာပြတ္နဲ႔႐ိုက္ေတာ့တာပဲ။ ကြၽန္ေတာ္ေျမႀကီးေပၚလဲက်ေနတုန္း သူကလွည္းေပၚတက္ၿပီးထြက္ခြာသြားေတာ့တယ္။
ဒါေပမဲ့ကြၽန္ေတာ္လက္မေလ်ာ့ဘူးသိလား။ သူ႔လွည္းေနာက္ေျပးလိုက္ၿပီး တားဆီးလိုက္တယ္။ အခ်ိဳလုံးေတြကိုေမွ်ာ္လင့္ရင္းေပါ့။ အဲ့လိုအခိုက္အတန္႔မွာပဲ အားနည္းတဲ့ဒီခႏၶာကိုယ္ကမေျပးႏိုင္ေတာ့လို လဲသြားေတာ့တယ္။ လွည္းဘီးကလည္း ကြၽန္ေတာ့္ရဲ႕ဘယ္ဘက္လက္ေခ်ာင္းေတြေပၚကို တလိမ့္လိမ့္ဖ်က္သန္းသြားေတာ့တာေပါ့။ လက္ေခ်ာင္းတစ္ေခ်ာင္းခ်င္း...တစ္ေခ်ာင္းခ်င္း...တက္ႀကိတ္ခံရၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ဘယ္ဘက္လက္သန္းေလးဟာ...အဲ့ေနရာမွာတင္ အ႐ိုးအားလုံးေၾကမြၿပီး...ေသြးအိုင္ျဖစ္သြားေတာ့တယ္။
အင္း...လမ္းေဘးက အိမ္ေျခမဲ့ကေလးငယ္တစ္ေယာက္ရဲ႕ ဒီလိုျဖစ္ပ်က္သြားမႈကိုဘယ္သူကမွ အေရးတယူျပဳမေနဘဲ ကြၽန္ေတာ့္ရဲနာက်ဥ္စြာေအာ္ဟစ္သံေတြကလည္း ေလထဲမွာတင္ေပ်ာက္ကြယ္သြားေတာ့ေပါ့။
-time skip for about 10 years-
'' ဒီလူငယ္ေလးက တစ္အိမ္လုံးကိုသတ္ျဖတ္ခဲ့တာ၊ ထိုက္သင့္တဲ့ျပစ္ဒဏ္စီရင္ေပးဖို ေမွ်ာ္လင့္ပါတယ္ ''
က်ဳပ္ကၾကမ္းျပင္ေပၚမွာဒူးေထာက္ေနၿပီး ႀကိဳးတုပ္ခံထားရတယ္။ အျဖဴေရာင္ဝတ္ သူေတာ္စင္တပါးရဲ႕ ေျပာဆိုသံကိုၾကားေနရတာေပါ့။ အဲ့သူေတာ္စင္ကငယ္႐ြယ္တယ္၊ မ်က္ႏွာကၾကည္လင္ၿပီးေတာ့ သေဘာေကာင္းမဲ့ပုံေပါက္တယ္။ ခက္တာကကိုယ္နဲ႔မဆိုင္ဘဲ လူတတ္ႀကီးဝင္လုပ္တာေလ၊ ခုပဲၾကည့္။ က်ဳပ္ကိစၥကိုဝင္ရႈပ္တယ္။ က်ဳပ္ကိုဖမ္းေခၚလာၿပီး နာမည္ရတရားစီရင္ခြင့္ရွိတဲ့ေနရာကိုေခၚလာတယ္ေလ။ေတာ္ေတာ္ေလးသူေတာ္ေကာင္းျဖစ္ခ်င္ေနပုံပဲ။
ဒါေပမဲ့ ဒီတခါေတာ့ကံတရားကက်ဳပ္ဘက္မွာရွိတယ္။ အဲ့နာမည္ႀကီးတရားစီရင္ခြင့္ရေနရာရဲ႕ ပုဂၢိဳလ္ေတြကခ်စားအက်င့္ပ်က္ေနၾကတာေလ။ သူတိုက က်ဳပ္ရဲ႕ငယ္႐ြယ္ၿပီးအရည္အခ်င္းရွိမႈကိုျမင္ၾကတယ္။ က်ဳပ္ကိုေသမိန္႔မခ်ဘဲ ကာကြယ္ေပးထားတယ္ေပါ့။
ခင္ဗ်ားတိုသိခ်င္ေနမယ္ထင္တယ္၊ က်ဳပ္ဘာလိုဒီလိုအဖမ္းခံရလဲဆိုတာေလ။ ဟား...က်ဳပ္ကတစ္အိမ္လုံးကိုသတ္ပစ္ခဲ့တာ၊ ေခြးတစ္ေကာင္ေၾကာင္တျမႇီးမက်န္ေပါ့။ ဒါေတာင္တစ္ေယာက္ကလြတ္သြားေသး။ တေနေန႔ေတာ့ရွာၿပီးသူ႔ကိုလည္းသတ္မွာပါ ေလာေလာဆယ္ေတာ့ေျပးထားပါေစဦး။ အခုဆိုရင္က်ဳပ္က နာမည္ဆိုးထြက္ေပမဲ့ ေနစရာစားစရာရွိၿပီ၊ အရင္လိုအားနည္းတဲ့ လမ္းေဘးကေကာင္ငယ္ေလးမဟုတ္ေတာ့ဘူး။ အရပ္လည္းရွည္လာၿပီး အေတာ္အသင့္ေခ်ာေမာတဲ့လူငယ္ေလးျဖစ္လာၿပီေပါ့၊ သြားတက္ေပၚတဲ့အၿပဳံးနဲ႔ အေတာ္ၾကည့္ေကာင္းၿပီး ေပါ့ပါးဟန္အျပည့္ျဖစ္ေနၿပီ။
ဒီလိုနဲ႔က်ဳပ္က အဲ့ပုဂၢိဳလ္ေတြအတြက္ အသုံးဝင္တဲ့ဓားတစ္လက္ျဖစ္လာတာေပါ့။ က်ဳပ္ရဲ႕အရည္အခ်င္းက သိပ္အသုံးဝင္တယ္ထင္ပါရဲ႕၊ သူတိုကက်ဳပ္ကိုကာကြယ္ေပးၾကတယ္။ ေတာ္႐ုံရမ္းကားမႈမ်ိဳးလုပ္ရင္ေတာင္ အဖမ္းမခံရဘူးေပါ့။ တစ္အိမ္လုံးကိုသတ္ျဖတ္ခဲ့တဲ့က်ဳပ္က အေရးယူမခံရဘူးေလ ဟားဟား။ က်ဳပ္ကိစၥဝင္ရႈပ္တဲ့သူေတာ္စင္ေလး ေနာင္တရေနၿပီလား? ေျပာရရင္က်ဳပ္ကိုအခု ကာကြယ္ေပးေနတဲ့ပုဂၢိဳလ္ေတြကေလ ခ်မ္းသာၾကတယ္ေတာ္ေတာ့္ကို။ တစ္အိမ္လုံးအသတ္ခံရၿပီး တစ္ေယာက္ထဲက်န္ခဲ့ရတဲ့သူကိုေတာင္ ေငြနဲ႔ႏႈတ္ပိတ္ပစ္ႏိုင္တယ္ေလ။ ဟက္! က်ဳပ္ကိုအမႈဖြင့္တဲ့သူေတာ္စင္ေလးကို အဲ့လူကအမႈျပန္႐ုတ္သိမ္းခိုင္းတယ္ေလ။ သူမ်ားကိစၥဝင္ပါတဲ့အျဖဴဝတ္အစ္ကိုေလးေရ ခင္ဗ်ားပဲအရွက္ကြဲတာမလား ေနာက္ဆုံးေတာ့။ ဒါေပမဲ့...က်ဳပ္လိုခ်င္တာကဒီလိုမဟုတ္ဘူး၊ ခင္ဗ်ားနဲ႔က်ဳပ္ ကိစၥမျပတ္ေသးဘူးသူေတာ္စင္ေလး။
ဒါနဲ႔...က်ဳပ္ေနထိုင္တဲ့ အဲ့ေနရာမွာလူတစ္ေယာက္နဲ႔က်ဳပ္ဆုံျဖစ္ေသးတယ္။ ဦးတည္ခ်က္ေလွ်ာက္လမ္းတူတဲ့သူေပါ့။ က်ဳပ္တိုရဲ႕ေပ်ာ္႐ႊင္စရာေကာင္းမဲ့ကေလးဘဝေလးကို ဖ်က္ဆီးပစ္တဲ့သူေတြကိုလက္စားေခ်ၿပီး တန္ရာတန္ေၾကးျပန္ယူခ်င္တဲ့သူေလ။ ဦးတည္ခ်က္တူေတာ့ အခ်င္းခ်င္းသိပ္အတြဲညီတာေပါ့ဗ်ာ။ သူႀကဳံေတြ႕ခဲ့ရတာေတြက ကြၽန္ေတာ့္ထက္ေတာင္ၾကမ္းတမ္းတယ္ေျပာရမလားဘဲ၊ ကြၽန္ေတာ္တိုႏွစ္ေယာက္က အခ်င္းခ်င္းနားလည္မႈရွိခဲ့တယ္။ အျပန္အလွန္ရင္းႏွီးခဲ့ၾကတယ္။ ေန႔တေန႔မတိုင္ခင္အထိေပါ့...
က်ဳပ္ရဲ႕အသုံးဝင္မႈပမာဏပဲ ကုန္ဆုံးသြားတာလား၊ အဲ့မိတ္ေဆြေလးကပဲမယုံၾကည္ေတာ့လို ႏႈတ္ပိတ္ခ်င္တာလား မသိပါဘူး။ က်ဳပ္တိုသူတိုရဲ႕အကာအကြယ္ကေန ပယ္ထုတ္လိုက္ၾကၿပီး အေသသတ္ဖိုေတာင္လူလႊတ္သတဲ့။ မိတ္ေဆြေလးကက်ဳပ္ရဲ႕အရည္အခ်င္းေတြကို သိၿပီးသားဆိုေတာ့ တကယ္မေသေစခ်င္တာျဖစ္ႏိုင္တယ္၊ က်ဳပ္အတြက္လြတ္လမ္းခ်န္ေပးလိုက္တယ္ေျပာရမလား? ဒါမွမဟုတ္ဟာကြက္ရွိသြားတာလား? မသိပါဘူး၊ ဒါမဲ့က်ဳပ္ကိုလူလႊတ္သတ္တဲ့အစီစဥ္ကေတာ့ မေအာင္ျမင္လိုက္ဘူး။ သူလႊတ္လိုက္တဲ့ခ်ာတူးလန္သူေတြက က်ဳပ္ကိုသတ္ဖိုအရည္ခ်င္းမမွီၾကဘူးေလ။ က်ဳပ္လည္းေျခဦးတည့္ရာကိုလြတ္ေအာင္ေျပးခဲ့တယ္။ လြတ္သြားေပမဲ့လည္း အမ်ားနဲ႔တစ္ေယာက္ျဖစ္ေနေတာ့ မေသ႐ုံတမယ္ဒဏ္ရာရၿပီး ဘယ္ေနရာမွန္းမသိတဲ့ေဒသတစ္ခုကိုေရာက္သြားေတာ္တယ္။ နည္းနည္းလူေျချပတ္တဲ့ေတာ႐ြာထင္တာပဲ။ က်ဳပ္အသက္အတြက္က်ဳပ္ဆက္ေျပးေနခဲ့တယ္၊ တကိုယ္လုံးေသြးအလိမ္းလိမ္းနဲ႔ေပါ့။ ေနာက္ေတာ့...လဲက်ၿပီးသတိေမ့သြားတာပဲ...
-also that day-
က်ဳပ္အဲ့ေနရာမွာလဲက်ေနခဲ့တာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲမသိ။ ႏိုးလာတဲ့အခ်ိန္မွာ လူႏွစ္ေယာက္ကက်ဳပ္ကိုၾကည့္ေနၾကတယ္။ အတိအက်ဆိုရင္ က်ဳပ္ထက္အသက္ႀကီးေပမဲ့လူလတ္ပိုင္းပဲရွိေသးတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ ပုပုေသးေသးမိန္းမငယ္ေလးတစ္ေယာက္။ သူမကက်ဳပ္ထက္ငယ္လိမ့္မယ္၊ ဘယ္သူလဲဆိုတာက်ဳပ္မသိဘူး သးလည္းက်ဳပ္ကိုသိပုံမေပၚဘူး။ ဟိုအမ်ိဳးသားကေတာ့ က်ဳပ္အျမင္ကပ္တဲ့အျဖဴဝတ္သူေတာ္စင္ေပါ့။ အရင္တစ္ခါေတြ႕တုန္းကနဲ႔သိပ္မကြာပါဘူး၊ မ်က္လုံးမွာအျဖဴစပတ္ထားတာကလြဲရင္။
ခင္ဗ်ားတိုကိုမေျပာရေသးဘူးထင္တယ္၊ အဲ့သူေတာ္စင္မွာ ရင္းႏွီးတဲ့သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ဗ်။ သြားအတူလာအတူသေဘာထားတိုက္ဆိုင္ၾကပုံဘဲ။ ေၾသာ္၊ က်ဳပ္နဲ႔ဦးတည္ရာတူတယ္ဆိုတဲ့ မိတ္ေဆြကိုေတာင္သတိရသြားၿပီ။ ဟားဟား တစ္ခုေတာ့ကြာတာေပါ့၊ အဲ့မိတ္ေဆြကက်ဳပ္ကို မသတ္႐ုံတမယ္ပစ္ပယ္လိုက္ခ်ိန္ တဖက္မွာေတာ့အျဖဴဝတ္သူေတာ္စင္ေလးက သူ႔သူငယ္ခ်င္းဆိုတာႀကီးအတြက္ ကိုယ္ပိုင္မ်က္လုံးေတြကိုေပးပစ္ခဲ့တယ္။
သူ႔သူငယ္ခ်င္းဆိုတာကို ကန္းေအာင္လုပ္ခဲ့တာကလည္းက်ဳပ္ပဲ! ဟုတ္တယ္၊ က်ဳပ္လုပ္ပစ္ခဲ့တာ။ အဲ့သူေတာ္စင္ႏွစ္ေယာက္က က်ဳပ္လမ္းမွာဝင္ဝင္ရႈပ္ေနလိုေလ။ ၿပီးေတာ့အဲ့ေကာင္က အျဖဴဝတ္သူေတာင္စင္ေလးနားသိပ္ကပ္တာ၊ က်ဳပ္ၾကည့္မရတာေၾကာင့္လည္းပါတယ္။ ဒါေပမဲ့အျဖဴဝတ္သူေတာ္စင္ေလးက သူ႔မ်က္လုံးေတြနဲ႔အစားထိုးၿပီးကယ္ဆယ္လိုက္တယ္။ သူျပန္ရတာကေတာ့ သူ႔သူငယ္ခ်င္းဆိုတဲ့ေကာင္ရဲ႕ေမာင္းထုတ္မႈပဲ။ ဟား...သိပ္ရယ္ရတယ္မလား၊ အရမ္းသေဘာေကာင္းေနတာေလ ေနာက္ဆုံးေတာ့ခင္ဗ်ားပဲနစ္နာတာမလား သူေတာ္စင္ေလးရ။ how stupid! ဒီလိုနဲ႔အဲ့သူေတာ္စင္ေလးက မ်က္လုံးကိုအျဖဴဝတ္အၿမဲစည္းေႏွာင္ထားရေတာ့တယ္။ ခုေတာ့၊ က်ဳပ္ေတာ္ကေျမႀကီးေပၚထိုင္ရင္းတစ္ခုခုကို မွီထားတယ္။ ေမာ့ၾကည့္လိုက္ေတာ့အေခါင္းတစ္ခု။ ပတ္ဝန္းက်င္ကိုေလ့လာၾကည့္ၿပီးေတာ့ က်ဳပ္သိလိုက္ရတယ္ ဒီေနရာကသုဘရာဇာအိမ္။ အျဖဴေရာင္ဝတ္သူေတာ္စင္ေလးက ဟိုစမ္းဒီစမ္းနဲ႔က်ဳပ္ရဲ႕ဒဏ္ရာေတြေပၚကို ေဆးေၾကာေပးဖိုႀကိဳးစားေနတယ္။
ဟမ္!ေနပါဦး။ ဒီသူေတာ္စင္ေလးက က်ဳပ္ကိုဖမ္းခံရေအာင္လုပ္ခဲ့တာ၊ က်ဳပ္နဲ႔ရန္သူေတြမလား! အေတြးဝင္လာတဲ့အေလ်ာက္ ခႏၶာကိုယ္ကိုေနာက္ဆုတ္လိုက္မိေတာ့ အေနာက္ကအေခါင္းနဲ႔တိုက္မိတယ္။ သူေတာ္စင္ေလးက လႈပ္ရွားမႈကိုသတိထားမိပုံပဲ
''အရမ္းမလႈပ္နဲ႔၊ မင္းဒဏ္ရာေတြကမ်ားတယ္။ ေသြးပိုထြက္လာလိမ့္မယ္''
ႏူးညံ့စြာနဲ႔ေျပာလာတယ္။ က်ဳပ္နည္းနည္းေလာက္ မ်က္ႏွာရိပ္ကိုအကဲခတ္ၿပီး ျပန္ေမးလိုက္တယ္။
''ခင္ဗ်ားက်ဳပ္ဘယ္သူလဲဆိုတာသိလိုလား? ဘာေၾကာင့္ဒီလိုဒဏ္ရာရထားလဲဆိုတာေရာ မေမးေတာ့ဘူးလား? ဘာလိုကယ္ခဲ့တာလဲ?''
ရန္သူဆိုမွေတာ့ က်ဳပ္လည္းခုခံဖိုအသင့္အေနအထားနဲ႔ေပါ့။ ဒါေပမဲ့ေလ သူကၿပဳံးၿပီးေျပာခဲ့တာ
''မင္းမေျပာခ်င္မွေတာ့ ဘယ္သူလည္းဆိုတာမေမးေတာ့ပါဘူး။ ဒဏ္ရာဘယ္လိုရလာလည္းအေရးမႀကီးေပမဲ့ အကူအညီလိုေနတာသိရလို ကယ္တင္ေပးခဲ့တာ'' တဲ့။ ေသခ်ာၿပီသူကန္းေနတာ! က်ဳပ္ဘယ္သူလည္းဆိုတာသိရင္ မကယ္တဲ့အျပင္ မေသေသေအာင္လုပ္သြားမွာေပါ့။ ကံေကာင္းစြာနဲ႔ က်ဳပ္ကေန႔ေန႔ညညေျပးေနခဲ့ရတာေၾကာင့္ လည္ေခ်ာင္းကလည္းထိခိုက္ေနၿပီး အသံကအက္ကြဲေနခဲ့တယ္။ မူရင္းအသံမဟုတ္ေတာ့ က်ဳပ္ကိုသူေတာ္စင္ေလးကမမွတ္မိပုံဘဲ။
ေလာေလာဆယ္အေနအထားက က်ဳပ္မွာဒဏ္ရာအျပင္းအထန္ရထားတယ္၊ သူနဲ႔တိုက္ခိုက္ဖိုအင္အားမရွိေသးဘူး။ ၾကည့္ရတာက်ဳပ္ဘယ္သူလဲဆိုတာမသိေအာင္ဂ႐ုစိုက္ၿပီး နည္းနည္းေလာက္ခိုကပ္ေနထိုင္ရမဲ့ပုံဘဲ။ ေက်နပ္စရာပါလား၊ က်ဳပ္ကိုျပန္ေတြ႕ၾကၿပီေနာ္သူေတာ္စင္ေလး။ ခင္ဗ်ားနဲ႔ေရစက္မကုန္ေသးဘူးပဲ။
''ရွင္ကဘာျဖစ္ေနာတာလဲ?! ကယ္လည္းကယ္ေပးရေသး ခုထိေက်းဇူးတင္စကားမေျပာဘူး! ေတာက္က်န္႔ကိုကို (သူေတာ္စင္ကိုကို) သာ မကယ္ေပးခဲ့ရင္ခုခ်ိန္ဆို အဲ့လမ္းေဘးမွာပဲအသက္ထြက္ေလာက္ၿပီ! ဒီေလာက္ကူညီေပးထားတာကိုေတာင္ စကားအေကာင္းမေျပာဘူးလား!?''
ခပ္စြာစြာမိန္းမငယ္အသံေလးထြက္ေပၚလာတယ္။ မင္းသာအသံမထြက္ရင္ေလ ေဘးနားရပ္ေနတယ္ဆိုတာေတာင္ က်ဳပ္ေမ့ေနေလာက္ၿပီအမိရ။ လူေသးသေလာက္စြာလိုက္တာ။
''အားခ်င့္၊ အဲ့လိုမေျပာရဘူးေလ။ သြား အဝတ္သန္႔သန္႔ထပ္သြားယူခဲ့ေပးဦး'' တဲ့။ ဆိုေတာ့ကား အဲ့ကေလးမက အားခ်င့္(A Qing) ေပါ့။
တကယ္ကိုေ႐ႊလသာ ေလႏုေအးတဲ့အသံပဲေဟး! သူေတာ္စင္ေလးေရ ခင္ဗ်ားဟာေလ ကိုယ္နဲ႔မဆိုင္ဘဲဝင္မရႈပ္ရင္သိပ္ေကာင္းမွာ၊ က်ဳပ္တိုရန္သူေတြျဖစ္စရာမလိုဘူးေပါ့။ ဒါေပမဲ့စိတ္ခ်ပါ ခင္ဗ်ားနဲ႔က်ဳပ္က အၾကာႀကီးေတြ႕ၾကရဦးမွာ၊ ျဖည္းျဖည္းေပါ့။ က်ဳပ္႐ြဲေစာင္းေစာင္းၿပဳံးလိုက္မိတယ္ ေတြးၾကည့္တာနဲ႔တင္ ခ်ိဳျမေနၿပီေလ။
အားခ်င့္ကို က်ဳပ္လွည့္ၾကည့္လိုက္တယ္။ ဝါးလုံးတစ္ခုနဲ႔ဟိုေခါက္ဒီေခါက္ ပစၥည္းရွာေနတာတဲ့! ဘာ! သူကလည္းကန္းေနတာလား? မ်က္မျမင္ႏွစ္ေယာက္က အတူေနေနတယ္ေပါ့? ျဖစ္ေရာျဖစ္ႏိုင္လိုလား ႏွစ္ေယာက္လုံးက ဘာမွျမင္ရဘဲနဲ႔ေလ။
အားခ်င့္က ေရဝတ္သန္႔သန္႔တစ္ခုလာေပးေတာ့ သူေတာ္စင္ေလးကယူလိုက္ၿပီး က်ဳပ္ရဲ႕ဒဏ္ရာေတြကို ဆက္လက္သန္႔စင္ေဆးစည္းေပးရွာတယ္။ နည္းနည္းေတာ့ဟိုစမ္းဒီစမ္းျဖစ္ေနတာေပါ့။ သူကက်ဳပ္ဘယ္သူလဲဆိုတာ မစစ္ေဆးေတာ့က်ဳပ္လည္း လုပ္ဇာတ္ေတြဖန္တီးစရာမလိုဘူးေပါ့ေလ။ က်ဳပ္ရဲ႕နာမည္ကိုလည္းမေျပာျပထားေတာ့ သူကက်ဳပ္ကိုသူငယ္ခ်င္းေလး (xiao you) လိုေခၚတယ္။ မိတ္ေဆြငယ္ေလးေပါ့။ က်ဳပ္ကေတာ့သူ႔ကို အရင္ထဲကသိၿပီးသားဆိုေတာ့ နာမည္အရင္းျဖစ္တဲ့ ေရွာင္ရွင္းခ်န္(Xiao Xingcheng) လိုပဲေခၚတယ္။ သူကအရင္ထဲက ေက်ာ္ၾကားတဲ့သူေတာ္စင္ေလးဆိုေတာ့ နာမည္သိေနတာကမဆန္းက်ယ္ဘူးေလ။ မ်က္မျမင္ကိုလွည့္စားရတာသိပ္လြယ္တာပဲ၊ အထူးသျဖင့္သူ႔လိုတုံးတုံးအအသူေတာ္စင္ကိုေလ။ က်ဳပ္ရဲ႕ျပတ္ေနတဲ့လက္သန္းကို သူမထိမိသ၍က်ဳပ္ဘယ္သူလည္းဆိုတာ အတည္ျပဳႏိုင္မွာမဟုတ္ဘူး။
ဒီလိုနဲ႔ သူေတာ္စင္ေလး၊ က်ဳပ္နဲ႔ အားခ်င့္ သုံးေယာက္အတူ သုဘရာဇာအိမ္ေလးမွာေနထိုင္ၾကတယ္။ မ်က္မျမင္ႏွစ္ေယာက္နဲ႔ ဒဏ္ရာေၾကာင့္ ေျခတစ္ဘက္ ေထာ့နဲ႔နဲ႔ျဖစ္ေနသူေပါ့။ အိမ္ေခါင္မိုးဖာတာ၊ မီးေမႊးဖိုထင္းခြာတာလိုမ်ိဳးအလုပ္ေတြကို က်ဳပ္ကလုပ္တယ္။ အဝတ္ၿပဲရင္ဖာေထးတာ၊ ေဆာင္းအတြက္အဝတ္အထည္အသစ္ေတြခ်ဳပ္တာ၊ ေငြေၾကးစီမံတာမ်ိဳးေတြက သူေတာ္စင္ေလးလုပ္တယ္။ ဟိုငနာမေလးကေတာ့ တေနကုန္ေလွ်ာက္ေဆာ့ေနတာပဲ၊ အသုံးမက်ခ်က္။ က်ဳပ္အစကသူမ ကန္းေနတယ္ဆိုတာမယုံဘူး။ အကန္းတစ္ေယာက္က ခုန္ဆြခုန္ဆြေျပးလႊားေနမွာမဟုတ္ဘူးေလ။ ဒါေၾကာင့္ႀကိမ္ႀကိမ္သူ႔ကိုစမ္းသပ္ခဲ့တယ္။ ဓားနဲ႔ခ်ိန္ထားၿပီး ေရွ႕ကိုတိုးလာခိုင္းတာမ်ိဳးေပါ့။ သူမကတုန္႔ဆုတ္ေနတာမ်ိဳးမရွိဘူး။ ၾကည့္ရတာတကယ္မျမင္ရဘူးထင္တယ္။ အစကသူေတာ္စင္ေလးနားတြယ္ကပ္ေနတာေၾကာင့္ သတ္မယ္လိုႀကံလိုက္ေပမဲ့ ကန္းေနေတာ့လည္းဘာမွသုံးစားမရပါဘူး၊ သူမကိုသတ္ရင္ ေရွာင္ရွင္းခ်န္စိတ္ဆိုးသြားဦးမယ္။ေစ်းသြားဟင္းခ်က္ကိစၥကေတာ့ အလွည့္က်ဘဲဆိုေပမဲ့ သူေတာ္စင္ေလးေစ်းသြားတာကို က်ဳပ္လိုက္သြားၾကည့္ေတာ့သိလိုက္ရတယ္။ အာလူးဆိုလည္းအေညႇာင့္ထြက္ေတြ၊ အ႐ြက္ဆိုလည္းႏြမ္းတာေတြထည့္ေပးတာေလ! ေစ်းလည္းမေလွ်ာ့ဘူး၊ မ်က္မျမင္ဆိုၿပီးအႏိုင္က်င့္ေနၾကတာ! ဘယ္ရမလဲ၊ က်ဳပ္ရွိေနခ်ိန္ေတာ့ဒီလိုမရဘူး။ ခ်က္ခ်င္းဓားေျမႇာင္တစ္လက္ထုတ္ၿပီး အဲ့ဆိုင္ရွင္ကိုေထာက္လိုက္တယ္၊ မ်က္လုံးကလည္းဟင္း႐ြက္ေတြထည့္ေပးဖို အခ်က္ျပေနတာေပါ့။ အဲ့ေန႔ကေတာ့ေစ်းနည္းနည္းနဲ႔ အမ်ားႀကီးရလာခဲ့တာေပါ့။ ေရွာင္ရွင္းခ်န္ေရ၊ ေနရာတကာသေဘာေကာင္းေနလိုမရဘူးဗ်! ဒီလိုနဲ႔က်ဳပ္တိုအဆင္ေျပေျပရွိလာၾကတယ္ေျပာရမယ္။ အားခ်င့္ကေသာက္ရမ္းစြာတာကလြဲၿပီး ဆက္ဆံေရးအဆင္ေျပၾကပါတယ္၊ သူမနဲ႔ရန္သတ္ရတာကလည္း ေပ်ာ္စရာပဲေလ။
ကြၽန္ေတာ္တိုညတိုင္းအတူတူ ထမင္းလက္ဆုံစားၾကတယ္။ သာမန္မိသားစုဘဝက ဒီလိုမ်ိဳးထင္ပါရဲ႕၊ ေသြးသားမေတာ္စပ္ေပမယ့္ ေႏြးေထြးမႈလိုေခၚရမလား? ကြၽန္ေတာ္ဘယ္သူဆိုတာ မသိၾကသ၍ဒီအတိုင္းေလး ...ဒီအတိုင္းေလးပဲ အဆင္ေျပေနၾကမယ္ထင္တယ္။ အားခ်င့္က ညမအိပ္ခင္ ပုံျပင္ေျပာျပခိုင္းတယ္။ သူေတာ္စင္ေလးကလည္းအေျပာေကာင္းတဲ့သူမဟုတ္ေတာ့ က်ဳပ္ပဲေျပာျပျဖစ္တယ္၊ ကြၽန္ေတာ္ငယ္ငယ္က ကံဆိုးေၾကာင္းကိုေလ။ ဒါေပမဲ့သူကပုံျပင္မဆုံးခင္မွာတင္ နားမေထာင္ခ်င္ေတာ့ဘူးေအာ္ပါေလေရာ။ ေရွာင္ရွင္းခ်န္ကေတာ့ ဘာစိတ္ကူးရသြားလည္းမသိ အဲ့ညကစၿပီးမနက္တိုင္းသၾကားလုံးႏွစ္လုံး ေခါင္းအုံးေဘးလာထားေပးတယ္။ အခ်ိဳသိပ္ႀကိဳက္တဲ့က်ဳပ္ေလ...ဘဝမွာပထမဆုံး သူမ်ားဆီကသၾကားလုံးေပးတာရဖူးတာပဲ။ ဒီအတိုင္းအတုအေယာင္ျဖစ္ေနရင္ေတာင္ သူေတာ္စင္ေလးေဘးမွာ ဟန္ေဆာင္ရင္းေနခ်င္မိတယ္။ ဒါက...ဘာလိုလဲမသိ...ေပ်ာ္စရာေကာင္းတယ္။
က်ဳပ္တိုသုံးေယာက္ ႐ြာထဲသြားတဲ့အခါလူေတြက ဝိုင္းၾကည့္ၿပီးရီၾကတယ္ဗ်။ အကန္းႏွစ္ေယာက္နဲ႔ေျခက်ိဳးဆိုၿပီးေတာ့ေပါ့။ သနားစရာပဲ သူတိုေလွာင္ရီေနတဲ့က်ဳပ္က မေရမတြက္ႏိုင္တဲ့အသက္ေတြကိုႏုတ္ယူဖူးၿပီးသား လူငယ္ေလးဆိုတာမသိၾကရွာဘူး။ ရီၾကေလ ရီၾကစမ္းပါ။ ခင္ဗ်ားတိုေလွာင္ရီေနတဲ့သူေတာ္စင္ေလးေရွ႕ ခင္ဗ်ားတိုဒူးေထာက္ေတာင္းပန္ရလိမ့္မယ္။ အခ်ိန္ေကာင္းတစ္ခုေရာက္ေတာ့ သူတိုအားလုံးရဲ႕လွ်ာေတြကို က်ဳပ္ျဖတ္ပစ္လိုက္တယ္။ ဆက္ရီၾကဦးေလး ဟားဟား။ ၿပီးေတာ့အားလုံးကို အဆိပ္မႈန္႔ေတြနဲ႔ပက္လိုက္တာေပါ့။ ေရွာင္ရွင္းခ်န္ကမ်က္လုံးမွမျမင္ဘဲ၊ အဆိပ္မႈန္႔ရဲ႕အစြမ္းေၾကာင့္ လူနဲ႔မတူတဲ့အနံ႔အသက္ျဖစ္ေနၾကၿပီေလ။ သူေတာ္စင္ေလးကိုယ္တိုင္ ကိုယ့္လက္နဲ႔ကိုယ္ အဲ့႐ြာသားအားလုံးကိုသတ္ပစ္လိုက္ေတာ့တာပဲ။ လူေတြမွန္းသူမသိဘူးေလ။ မေသခင္မွာသူေတာ္စင္ေလးကို ဒူးေထာက္ေတာင္းပန္ၾကတာအသက္ခ်မ္းသာကဖို၊ ဒါမဲ့လွ်ာမွမရွိၾကေတာ့ဘဲ ေအာ္ဟစ္သံေတြကႏြားသာသာပဲရွိတာေလ။ ေပ်ာ္ေပ်ာ္ႀကီးေလွာင္ရီေနတဲ့သူက ေနာက္ဆုံးေတာ့ဘယ္သူလည္းသေဘာေပါက္ၾကမယ္ထင္ပါရဲ႕။ ဒါေပမဲ့က်ဳပ္မသိခဲ့တာ...အားခ်င့္က အဲ့ျမင္ကြင္းကိုခိုးၾကည့္ေနခဲ့တယ္။ သူမကေမြးရာပါ မ်က္ဆံအျဖဴျဖစ္တာေၾကာင့္ ဘဝတစ္ေလ်ာက္လုံး မ်က္မျမင္ဟန္ေဆာင္ေနခဲ့တာေလ၊ ကြၽမ္းက်င္ဆင့္ျဖစ္ေနၿပီေပါ့။ သူမကတကယ္ကန္းမေနခဲ့ဘူး။
က်ဳပ္ဘဝရဲ႕အဆိုးဆုံးေန႔တေန႔ကိုေရာက္လာတယ္ေျပာရမလား...သုံးႏွစ္ေလာက္ က်ဳပ္ဘဝရဲ႕အေမွာင္ထဲမွာ အလင္းမွိန္မွိန္ေလးေတြ႕လိုက္ရတယ္။ ဒါေပမဲ့အဲ့အလင္းေရာင္ေလးကိုေလ က်ဳပ္ဖမ္းဆုပ္ဖိုႀကိဳးစားေတာ့ပ်က္ဆီးရျပန္တယ္။ အၿမဲေမွာင္ေနတာထက္ေတာင္ ပိုေမွာင္သြားသလိုပဲ။ ဘဝရဲ႕ပထမဆုံးေႏြးေထြးမႈကိုေပးခဲ့တဲ့ ေရွာင္ခ်င္းခ်န္...သူကက်ဳပ္ဘယ္သူလဲဆိုတာသိသြားတယ္။ အားခ်င့္ေၾကာင့္လည္းပါတာေပါ့။ သူကက်ဳပ္လုပ္ခဲ့တဲ့ျပစ္မႈေတြကိုသိသြားတယ္။ ျပစ္မႈလိုေတာင္ဆိုႏိုင္ရဲ႕လား?
တစ္အိမ္လုံးကိုသတ္ခဲ့တယ္ဆိုတာ အဲ့အိမ္က...က်ဳပ္ကိုလက္သန္းျပတ္ေစခဲ့တဲ့မိသားစုမိုပဲ။ ေျမနိမ့္ရာလွံစိုက္ခ်င္တဲ့သူေတြကို အျပစ္ဒဏ္ေပးသင့္တာ!
ေရွာင္ရွင္းခ်န္၊ ခင္ဗ်ားကိုေလွာင္ရယ္ရဲတဲ့သူအားလုံး...က်ဳပ္လက္စားေခ်ေပးတယ္ေလ။ ခင္ဗ်ားကသူေတာ္စင္၊ က်ဳပ္ကလူမိုက္ေလးေပါ့။ ဦးတည္ရာဆန္႔က်င္ဘက္ျဖစ္ေနလို က်ဳပ္တိုေတြမေပါင္းစည္းႏိုင္တာမလား? ခင္ဗ်ားရဲ႕သူငယ္ခ်င္းေလးမျဖစ္ႏိုင္တာဒါေၾကာင့္မလား?
ခုဆိုရင္ တစ္႐ြာလုံးကိုခင္ဗ်ားလက္နဲ႔သတ္ထားတာေနာ္! ခင္ဗ်ားလက္ကေသြးစြန္းသြားၿပီးၿပီ၊ က်ဳပ္နဲ႔တူတူျဖစ္သြားၿပီ။ ဘာသူေတာ္စင္မွမဟုတ္ေတာ့ဘူး!
ဒီလိုလုပ္ခဲ့တာ...အဲ့ဒိေႏြးေထြးမႈဆိုတဲ့အေရာင္မွိန္မွိန္ေလးကို...က်ဳပ္ဆုပ္ကိုင္ခ်င္႐ုံပါ။ ခင္ဗ်ားရဲ႕ေဘးအၿမဲအတူရွိခ်င္တာ။ ဒါေပမဲ့ခင္ဗ်ားဟာေလ...က်ဳပ္ကိုယုတ္ညံ့တယ္လိုေျပာသြားတယ္။ လက္မွာေသြးစြန္းခဲ့တာေတြအတြက္ အသက္နဲ႔ေပးဆပ္တယ္ဆိုၿပီး...သတ္ေသသြားတယ္။
ဘယ္သူကခင္ဗ်ားကိုေသခြင့္ျပဳလိုလဲ! ခင္ဗ်ားေျပာတဲ့တရားမွ်တမႈကဒီလိုေပါ့? က်ဳပ္ကယုတ္ညံ့ၿပီး အဲ့လူေတြက်သိပ္သန္႔ရွင္းေနတယ္ေပါ့? ဟား...ၾကည့္ရတာ ခင္ဗ်ားတိူအားလုံးရဲ႕တရားမွ်တမႈဆိုတာ ေငြရွိတဲ့သူေတြအတြက္ပဲျဖတ္တည္ပုံပဲ။ က်ဳပ္လိုကေလကေခ်အတြက္ ဘယ္သူမွအဖက္မလုပ္ခဲ့ဘူး! ခင္ဗ်ားတိူဆီအသနားခံေနတာမဟုတ္ေပမဲ့ က်ဳပ္ရဲလက္စားေခ်တဲ့လမ္းကို ဘာလိုဝင္ရႈပ္ၾကတာလဲ! ဘာကိုယုတ္မာရမွာလဲ! က်ဳပ္အတြက္မွ်တမႈဆိုတာဒီဟာေလ! မုန္းတယ္...ခင္ဗ်ားကိုသိပ္မုန္းတယ္ ေရွာင္ရွင္းခ်န္။ မုန္းလြန္းလိုက်ဳပ္အနားကေနခြာခြင့္မျပဳႏိုင္ဘူး။ အသက္ေပးဆပ္ၿပီး အျပစ္ေႂကြးေခ်မယ္ဟုတ္စ၊ က်ဳပ္ခြင့္မျပဳဘူးေနာ္။ ဟက္...ခင္ဗ်ားသတ္ေသသြားရင္ေတာင္ ဒီေအးစက္ေနတဲ့အေလာင္းကို က်ဳပ္ကအေဖာ္ျပဳေနဦးမွာ။ တစ္ေယာက္ေလာက္ေကာင္းတာနဲ႔ ေလာကႀကီးသန္႔စင္သြားမယ္ထင္ေနတဲ့ ခင္ဗ်ားလိုသူေတာ္စင္ေတြကိုသိပ္မုန္းတယ္။ မိတ္ေဆြဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ခင္ဗ်ားကိုျပစ္ပယ္သြားတဲ့ ခင္ဗ်ားရဲ႕သူငယ္ခ်င္းႀကီးကိုလည္းမုန္းတယ္။
ခင္ဗ်ားရဲ႕ခ်ိဳသာတဲ့အၿပဳံးေတြ
ႏူးညံ့တဲ့အသံေတြ
ညတိုင္းလာေပးတဲ့သၾကားလုံးေလးေတြ
...က်ဳပ္သိပ္လြမ္းတာပဲ...
ခုဆိုေပးမဲ့သူမရွိေတာ့ဘူးေလ... ျဖစ္ႏိုင္မယ္ဆို ခင္ဗ်ားျပန္လာေပးပါလား။ က်ဳပ္...လူေတြထပ္မသတ္ဖိုကတိေပးပါ့မယ္...ေတာင္းပန္ပါတယ္ သူေတာ္စင္ေလး...
Done
ReplyDelete👶
ReplyDeleteClicked 💫
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDeleteDone
ReplyDelete