The Guys From Mandalay, 1950 အခန်း(၂၃)

The Guys From Mandalay, 1950 
                              အခန်း(၂၃)
               ..................................................

“ကလောက်..ကလောက်”

ဂန္ဓမာသောင်းရီ နှင့် ထွန်းရင်တို့ကို ခေါ်ဆောင်လာသူများမှ လက်ထိပ်များ ဖြုတ်ပေးလိုက်သည်။

“ဒီခေါင်းစွပ်ကြီးရော..ဖယ်လို့ရပြီလား”

“ရပြီ..ဖယ်တော့”

ခေါင်းစွပ်ကို ဖယ်လိုက်သောအခါ သူ့ရှေ့တွင် ရပ်နေသော လူတစ်ယောက်ကို မြင်လိုက်သဖြင့် အံသြသင့်သွား၏။

“မောင်မောင်”

“ကိုဂန္ဓမာ..နေကောင်းတယ်နော်.”

“မောင်မောင်..ငါတို့ကို ခေါ်ထုတ်ခိုင်းလိုက်တာ မင်းလား...မင်းက ဘယ်တွေရောက်နေတာလဲ”

“နောက္မှပဲ သေချာရှင်းပြမယ်...ကိုဂန္ဓမာ..အခုလောလောဆယ်..အဘိုးကြီးနဲ့ သွားတွေ့လိုက်ပါဦး..ဟေ့..အဘိုးကြီးအပေါ်မှာလား”

မောင်မောင်က  စင်ဝင်အောက်တွင် ရပ်နေသော ရှပ်လက်တိုနှင့် လူကို မေးလိုက်သည်။

“ဘုရားဝတ်တက်နေတယ်....ကိုသောင်းရီဆိုတဲ့ တစ်ယောက်ကိုပဲ ဘုရားခန်းအဝကို ခေါ်ခဲ့ပါတဲ့”

“ကဲ..ကိုဂန္ဓမာ..သူနဲ့ လိုက်သွားတော့”

ရှပ်လက်တိုနှင့်လူက ဂန္ဓမာသောင်းရီကို အိမ်ပေါ်ထပ်သို့ ခေါ်သွား၏။

ထွန်းရင်မှာ အောက်ထပ်တွင် မောင်မောင်နှင့်အတူ ထိုင်ကျန်ခဲ့သည်။
အိမ်ပေါ်ထပ် ခေါင်းရင်းဘက်အခန်းတစ်ခုရှေ့တွင် ဂန္ဓမာသောင်းရီ ကို ထိုင်ခိုင်းသည်။

ထို့နောက် ရှပ်လက်တိုနှင့်လူက အခန်းထဲသို့ ဝင်သွား၏။
အခန်းထဲမှ ကြေးစည်သံကြားရသည်။

“အပြင်က ဂန္ဓမာသောင်းရီ ဆိုတာလား”

အခန်းထဲမှ အသံထွက်လာသည်။

“ဟုတ်ပါတယ်”

“မနက်ဖန်ဆို ကျုပ်တို့နိုင်ငံဟာ ကမ္ဘာဗုဒ္ဓဘာသာလောကမှာ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူတော့မယ်။ ဆဌမသင်္ဂါယနာတင်ပွဲကြီးစတင်တော့မယ်”

အထဲက အသံရှင်က လေသံခပ်အေးအေးဖြင့် ပြောနေသည်။
ဂန္ဓမာသောင်းရီ မှာ စိတ်ထဲ ဝေခွဲမရ။

ညည်သန်းခေါင် ထောင်မှ ထုတ်လာပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်ကြောင်းတရားများ ဟောခံ ရတော့မည်လားဟု တွေးရင်း ရှုပ်ထွေးနေသည်။

“ဒီတော့ ခုနှစ်ရက်သားသမီးတွေနဲ့ သတ္တဝါတွေကို ကုသိုလ်အလို့ငှာ အချုပ်အနှောင်က လွှတ်ပေးဖို့ ကျုပ်တို့ စီမံထားတယ်။ မောင်ရင့်အနေနဲ့ ထောင်ထဲမှာတင် လူသတ်မှုနှစ်မှုဖြစ်ထားတယ်လို့ကြားတယ်။ အဲ့ဒါဟုတ်သလား”

“ဟုတ်ပါတယ်...မိတာတော့ နှစ်မှုပေါ့”

“အင်း..ခေသူတော့မဟုတ်ပါလား...ကဲပါလေ...မနက်ကျ လွှတ်မယ့်စာရင်းမှာ မောင်ရင်နာမည်ကို ကျုပ်မှာရှိတဲ့ လုပ်ပိုင်ခွင့်နဲ့ ထည့်ပေးလို့ရတယ်”

“ဟုတ်ကဲ့”

“အဲ့ဒီကျေးဇူးတရားအတွက် မောင်ရင် ကျုပ်အပေါ်တော့ သစ္စာခံရလိမ့်မယ်..ခံနိုင်ပါ့မလား”

ဂန္ဓမာသောင်းရီက မျက္မှောင်ကို ကြုံ့ရင်း စဥ်းစားနေသည်။

“ကျွန်တော် ဘာလုပ်ပေးရမှာလဲ”

“အဲ့ဒါက ကျုပ်လူတွေမောင်ရင့်ကို ရှင်းပြလိမ့်မယ်။ ကျုပ်လိုချင်တာက ဘယ်အခြေအနေဖြစ်ဖြစ်  မောင်ရင်တို့အဖွဲ့ ကျုပ်ဘက်က ရှိနေမယ်၊ ကျုပ်ကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိတော့လိုချင်တယ်။ ဘယ်လိုလဲ”
“ကျွန်တော် ကတိပေးပါတယ်”

“မောင်ရင်...ဒီညကစပြီး ရန်ကုန်ထောင်နဲ့ မသက်ဆိုင်ဘူးသာမှတ်...မောင်ရင်လုပ်ရမယ့်အလုပ်တွေကို မောင်ရင်သူငယ်ချင်း ရေတပ်ဗိုလ်လေးကတဆင့် ဆက်သွယ်ပေးမယ်”

ရှပ်လက်တိုနှင့်လူက မျက်ရိပ်ပြလိုက်သဖြင့် ဂန္ဓမာသောင်းရီက အောက်ထပ်သို့ ပြန်ဆင်းလာသည်။
အောက်ထပ်တွင် ထွန်းရင်ကို မတွေ့ရတော့။

ဂန္ဓမာတို့ကို ထောင်ထဲမှ ခေါ်ထုတ်လာခဲ့သော လူက ကားပေါ်သို့ တက်ရန် ညွှန်ပြသည်။

“ထွန်းရင်ရော”

“ကားပေါ်မှာ..အားလုံးစောင့်နေကြတယ်”

နောက်ထပ် ကားတစ်စီးက စင်ဝင်အောက်တွင် အသင့်ရပ်ထားသည်။

ဂန္ဓမာက ကားနောက်ခံတံခါးကို ဖွင့်ပြီး ထွန်းရင်ဘေးတွင် ဝင်ထိုင်လိုက်၏။

ဒရိုင်ဘာဘေးတွင် မောင်မောင်က ထိုင်နေသည်။

“ကဲ..မောင်မောင်...ခုန ငါတွေ့ခဲ့တာဘယ်သူလဲ..သူက မင်းနဲ့ ဘယ်လိုပတ်သတ်လဲ”

“ခုန ခင်ဗျားတွေ့ခဲ့တာ...ဝန်ကြီးချုပ်ပဲ”

“ဟင်”

“ဟုတ်တယ်...ကိုဂန္ဓမာ”

“မင်းက သူနဲ့ ဘယ်လိုပတ်သတ်တာလဲ”

“ကျွန်တော်နဲ့ ပတ်သက်တာမဟုတ်ဘူး။ ကျွန်တော့်အထက်အရာရှိနဲ့ ပတ်သက်တာ”

“သေချာရှင်းပြပါဦး..မောင်မောင်”

“ကျွန်တော် ထောင်ကြီးရှေ့က ဘိန်းခန်းမှာ တရုတ်အဖတ်ကို သတ်ပြီး ထောင်ကလွတ်တော့ ပုသိမ်ဘက်ရှောင်နေတာ။ စစ်ကြီးပြီးတော့ ရေတပ်အသစ်ဖွဲ့တာနဲ့ ကျွန်တော်ဝင်လိုက်တယ်။ အခု ရေတပ်မှာ ကျွန်တော်က ဒုဗိုလ်ဖြစ်နေပြီ..ကိုဂန္ဓမာ”

“အံမယ်..ဖာဂေါင်းတောင် ဗိုလ်ဖြစ်နေပြီဟ”

ထွန်းရင်က မောင်မောင်ပုခုံးကို ပုတ်ရင်း စလိုက်သည်။

“လီးလား..ဟေ့ကောင်..ငါက အင်္ဂလိပ် ကိုးတန်းအောင်ပြီးသားကွ...မင်းတို့နဲ့ပေါင်းမိလို့ လူမိုက်ဖြစ်တာ”

“ထွန်းရင် ခဏနေစမ်းကွာ...မောင်မောင် ဆက်ပြော”

“အခု ကြည်းတပ်ထဲမှာက ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စုကြီးစိုးနေတာ...ဗိုလ်အောင်ကြီးတို့၊ ဗိုလ်မောင်မောင်တို့ အုပ်စုတွေက အင်အားကောင်းနေတယ်..သူတို့နောက်မှာ ဖဆပလထဲက ဆိုရှယ်လစ်ခေါင်းဆောင်တွေရှိနေတယ် ...အခု ဖဆပလက နောက်နှစ်နှစ်အတွင်း ပြည်သူ့စစ်ဥပဒေတစ်ခု ပြဌာန်းပြီး ပြူစောထီး တပ်ဆိုပြီးလက်နက်ကိုင်တပ်အသစ်တစ်ခု ဖွဲ့ဖို့ ပြင်နေတယ်.....ကျွန်တော့်တပ်မှူးက ဆိုရှယ်လစ်စစ်ဗိုလ်တွေနဲ့ အစေးမကပ်ဘူး..ပြီးတော့ ဝန်ကြီးချုပ်နဲ့က ကျောင်းနေဘက်...ပြူစောထီးဖွဲ့တဲ့ကိစ္စမှာ ဝန်ကြီးချုပ်က..ပြူစောထီးထဲကိုလည်း ဆိုရှယ်လစ်တွေပဲ ကြီးစိုးသွားမှာကို မလိုချင်ဘူး.. သူ့ကို သစ္စာခံမယ့်လူတွေကိုလည်း ထည့်ဖွဲ့ချင်တယ်...အဲ့ဒီအတွက် ကျွန်တော့်တပ်မှူးကို လူရှာခိုင်းတာ...တပ်မှူးကလည်း ကျွန်တော့်ကို တာဝန်ပေးတယ်... ဒါနဲ့ ပြီးခဲ့တဲ့လက ကျွန်တော် ခင်ဗျားတို့နဲ့ ဆက်သွယ်လို့ ရလိုရငြား (၁၄)လမ်းကို သွားရှာတော့ ကိုဘသိန်းနဲ့တွေ့တယ်..ကိုဘသိန်းက ဆရာဖိုးတုတ်ဆုံးသွားပြီဆိုတဲ့ကြောင်းနဲ့ ခင်ဗျားမိန်းမ အသောင်းက သောင်းဘားဖွင့်ထားပြီး စံဘတို့နဲ့နေတယ်ပြောလို့ ကျွန်တော် “သောင်း”ဘားကို ရောက်သွားတယ်”

“မသောင်းနဲ့တွေ့ခဲ့တာပေါ့”

“မဟုတ်ဘူး..စံဘ မိန်းမ ချောရင်နဲ့..... ခင်ဗျားကလည်း ထောင်ကျနေတယ်ဆိုတော့...ကျွန်တော့်မှာ ဘာလုပ်ရမှန်းမသိဘူး....အဲ့ဒီမှာ ချောရင်ကို ပြောပြတော့ ချောရင်က  ဆဌမသင်္ဂါယနာတင်ပွဲအထိမ်းအမှတ် အကျဥ်းသားတွေလွှတ်ပေးမယ်ဆိုတဲ့ သတင်းကို ပြတယ်..ဒီအကွက်ရွှေ့ဖို့ သူပဲ ကျွန်တော့်ကို အကြံပေးတာ.. ဒီကိစ္စက အထူးလျှို့ဝှက်မို့ မသောင်းနဲ့ စံဘကိုတောင် အသိမပေးဘဲ ကျုပ်တို့ စီမံနေကြတာ ကြာပြီ..ကိုဂန္ဓမာ”

“အံမယ်..ဒီကောင်မလေးက”

“ဟုတ်တယ်...ချောရင် အကြံအတိုင်း ကျွန်တော် တပ်မှူးကတဆင့် ဝန်ကြီးချုပ်ကို ပြောခိုင်းလိုက်တာ”

“အေးပါ..ဒါနဲ့ မင်းပြောတဲ့ ပြူစောထီးဆိုတဲ့အဖွဲ့က  ဘယ်တော့ဖွဲ့မှာလဲ”

“ခုမှ ဥပဒေကြမ်းကိုအတည်ပြုဖို့လုပ်နေတာ..တစ်နှစ်ကျော် နှစ်နှစ်လောက်တော့ ကြာလိမ့်မယ်..ကိုဂန္ဓမာ”

“ဒါဆို နောက်နှစ်နှစ်လောက်မှ ငါ့အလုပ်ရှိမှာပေါ့”

“မဟုတ်ဘူးဗျ..ဒီကြားထဲမှာ ဝန်ကြီးချုပ်ကြီးက ခင်ဗျားကို ကူစေချင်တာရှိသေးတယ်”

“ဘာလဲ..ဘာကူရမှာလဲ”

“ခင်ဗျား စိန်ဓါးမြှောင်ဆိုတဲ့ ဓါးပြဗိုလ်ကိုသိတယ်မဟုတ်လား..ဆိုရှယ်လစ်ပါတီက သခင်သိန်းတို့ နဲ့ စိန်ဓါးမြှောင်အပေးအယူလုပ်တော့ ခင်ဗျားလည်းပါခဲ့တာလို့ ကျွန်တော်တို့ သိထားတာပဲ...အခု သူ့ကို ခင်ဗျားက ထောင်ထဲပြန်သွင်းပေးရမယ်၊ ပြီးရင် သူ့ဆီက ပစ္စည်းတစ်ခုကို ယူပေးရမယ်”

“စိန်ဓါးမြှောင်...မန္တလေးက လာတဲ့ကောင်..ဒီကောင်လူလည်ကွ...ဒီကောင့်ကို ငါ့က သတ်ပါသတ်ချင်နေတာ”
“အဲ့ဒီလောက်တော့ မလိုသေးဘူးဗျ...ပြူစောထီးတပ်ဖွဲ့ပြီးရင် ခင်ဗျားမှာ ရှေ့ဆက်လုပ်စရာတွေက ရှိသေးတယ်မဟုတ်လား... ခင်ဗျား လူသတ်မှုထပ်ဖြစ်လို့မရဘူး...ဝန်ကြီးချုပ်ကလည်း စိန်ဓါးမြှောင်ကို သတ်တဲ့အထိတော့မလုပ်ချင်ဘူးပြောတယ်...အသေးစိတ်အစီအစဥ် ချောရင်မှာ ရှိမှာပါ”

“အေးကွာ...ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ကွာ..ဒါနဲ့ ငါတို့ အခု ထောင်ကို ပြန်မှာလား”

“မဟုတ်ဘူး..သောင်းဘားကို သွားမယ်..ဟိုမှာ မသောင်းနဲ့ စံဘတို့လင်မယား မအိပ်ပဲ...ခင်ဗျားတို့ကိုစောင့်နေကြတယ်”

“အေးကွာ....ငါတို့ ဒီလိုလူစုံတက်စုံဖြစ်နေတော့ ဖိုးတုတ်ကြီးကို ရှိစေချင်လိုက်တာ”

ဂန္ဓမာက သက်ပြင်းချလိုက်သည်။

ကားပေါ်တွင် ပါလာသူအားလုံး တိတ်ဆိတ်သွားကြ၏။
မောင်မောင်က စီးကရက်ဗူးနှင့် မီးခြစ်ကို အိပ်ကပ်ထဲမှ ထုတ်လိုက်ပြီး ဂန္ဓမာသောင်းရီထံ ကမ်းပေးလိုက်သည်။
ဂန္ဓမာက စီးကရက်တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းတွင် တော့လိုက်သည်။

ထို့နောက္မီးခြစ်ကို ခြစ်လိုက်ပြီး မီးညှိကာ တစ်ဖွာဖွာလိုက်၏။

“မောင်မောင်....လမ်းမတော်ဘက်ဝင်ရင် ချိုင်းနားစတန်းရှိခဲ့တဲ့နေရာက ပတ်မောင်းပြီး သွားပေးစမ်းပါကွာ..”

မီးခိုးငွေ့ငွေ့များက ကားပြတင်းမှတဆင့် အပြင်ဘက်ဆီသို့ လွင့်ပါးကျန်ရစ်ကြလေပြီ။
....................................................................................
“ကိုဂန္ဓမာ..ကိုဂန္ဓမာ”

တံခါးကို လာထုသံကြောင့် မသောင်းက ပြေလျော့နေသော ဆံပင်များကို ဘီးစပတ်ဖြင့် စည်းလိုက်သည်။
ညတုန်းကလျော့ကျခဲ့သော ထမီကို သေချာပြန်ပြင်ဝတ်ပြီး သွားဖွင့်လိုက်၏။

“ဘာဖြစ်လို့လဲ..စံဘ”

“အောက္မှာ..ကိုဘသိန်း ရောက်နေတယ်”

“အေး..အခု မမသောင်း သူ့ကို နှိုးပြီး အောက်ဆင်းခဲ့မယ်”

“အဲ့ဒါဆို ကိုဘသိန်းကို အောက်မှာ ထိုင်ခိုင်းထားတယ်..ကျွန်တော်နဲ့ ချောရင် အပြင်သွားလိုက်ဦးမယ်..ထွန်းရင်လည်းပါမယ်”

ခဏအကြာတွင် ဂန္ဓမာသောင်းရီ ဆိုင်အပေါ်ထပ်မှ ဆင်းလာ၏။
ဘသိန်းက မတ်တပ်ထရပ်လိုက်သည်။

“ကိုဂန္ဓမာ....”

ဂန္ဓမာက ဘသိန်းကို စိုက်ကြည့်ကာ သူ့ရှေ့က ခုံကို ဆွဲယူကာ ဝင်ထိုင်လိုက်သည်။

“ဘသိန်း...ဖိုးတုတ် ကို နောက်ဆုံး မင်းတွေ့ခဲ့တော့ သူဘာပြောသွားသေးလဲ”

ဘသိန်းက သက်ပြင်းချလိုက်သည်။

“အကိုဖိုးတုတ် အလောင်းပဲ ကျွန်တော်မီလိုက်တယ်..ကိုဂန္ဓမာ”

သူတို့ ခေတ္တမျှ တိတ်ဆိတ်နေကြသည်။

“မသင်းမြရော”

“သူကတော့ တောင်ပြုန်းနဲ့ ရန်ကုန်သွားလိုက်လာလိုက်ပဲ....နတ်ကန္ဒားစီး ဟောခန်း ဖွင့်ထားတယ်..အေးအေးဆေးဆေးပါပဲ”

“မင်းရော..ဘာတွေလုပ်နေလဲ”

“အမေဆုံးသွားတော့ ကျွန်တော်တို့လင်မယား..ဘဲဥပွဲရုံပဲ ဆက်လုပ်နေတယ်”

“အေးကွာ..ကောင်းပါတယ်..ကလေးရော ရပြီလား”

“သုံးယောက်ရပြီဗျ”

“အော်..သုံးယောက်တောင်လား”

“ကိုဂန္ဓမာ..ကျွန်တော် တစ်ခု ပြောလို့ရမလား”

“ဘာလဲ.ဘသိန်း”

“အခု ထောင်ကလွတ်ပြီဆိုတော့..အရင် အလုပ်တွေ ဆက်လုပ်မှာလား”

“ဘာဖြစ်လို့ မေးတာလဲ...ဘသိန်း”

“အခုက အင်္ဂလိပ်ခေတ်လိုမဟုတ်တော့ဘူး..ကိုဂန္ဓမာ”

“ငါသိပါတယ်ကွာ..ထောင်ထဲနေပေမယ့်..အပြင်က အခြေအနေတွေ အမြဲ ကြားနေတာပဲ”

“မဟုတ်ဘူး..အကို..ကျွန်တော် အကိုဖိုးတုတ် လို ကိုဂန္ဓမာကို ထပ်မဖြစ်စေချင်တော့ဘူး... ကိုဖိုးတုတ်မရှိလည်း ခင်ဗျားက ကျွန်တော့်အကိုပဲမဟုတ်လား”

“ဟူး...ခက်တယ်..ဘသိန်းရာ....ဒါနဲ့ မင်းအရက်သောက်မလား”

“ကျွန်တော် မသောက်တော့တာကြာပြီ အကို..ပြီးတော့ မနက်စောစောကြီး”

“ငါတော့ သောက္မှရမယ်ကွာ..မင်းကိုမြင်တော့ ငါ့သူငယ်ချင်းဖိုးတုတ်ကို သတိရတယ်..”

“အသောင်းရေ...မောင့်ကို.ဝီစကီတစ်ခွက်နဲ့ ရမ်တစ်ခွက်လောက် တစ်ပက်စီ ထည့်ခဲ့ပေးပါလား”

ခဏအကြာတွင် မသောင်းက ဝီစကီတစ်ဖန်ခွက်နှင့် ရမ်တစ်ဖန်ခွက်ကို ရေခဲတုံးလေးများ ထည့်ကာ အမြည်းမြေပဲဆားလှော်နှင့်အတူ လာချပေး၏။

“ကျွန်တော် မသောက်ဖူးနော်..အကို”

“အေးပါ...မင်းအတွက်လည်းမဟုတ်ပါဘူး..ငါ့သူငယ်ချင်းဖိုးတုတ်အတွက်ပါ”

ဂန္ဓမာသောင်းရီက ဝီစကီခွက်ကို ခုံလွတ်နေရာတွင် တင်ထားလိုက်ပြီး ရမ်ကို တစ်ငုံငုံလိုက်သည်။

“ဘသိန်း..မင်းသိလား..ဂျပန်ခေတ်တုန်းက မင်းအကိုကို ကင်ပေတိုင်ကဖမ်းသွားတာ..သူ့ကို ငါပြန်ကယ်ထုတ်လာခဲ့ဖူးတယ်.... ငါတို့လောကမှာ ကတိကဝတ်တွေ ကျေးဇူးတရားတွေ များလာလေ...ရုန်းမရပြုမရဖြစ်လေပဲကွ..အခုလည်း ငါအပြင်ထွက်လာတာ..အဲ့ဒီ ကြိုးတွေနဲ့ ထွက်လာရတာ.. ငါ ဆက်လုပ်ရဦးမယ်ကွာ....ဖိုးတုတ်ရှိရင်လည်း သူနားလည်မှာပါ”

“ဟုတ်ပါတယ်ဗျာ..ခင်ဗျားတို့ သူငယ်ချင်းနှစ်ယောက် ဟာ ငယ်ငယ်ကတည်းက ဒီလိုအချိုးတွေဆိုတာ ကျွန်တော်သိပါတယ်..ကျွန်တော်ကလည်း စိုးရိမ်လို့ပါ...ကျွန်တော် ပြန်လိုက်ဦးမယ်..ဆိုင်က ဖွင့်ရဦးမှာမို့.. မသင်းမြ တောင်ပြုန်းက ပြန်ရောက်ရင်လည်း ကျွန်တော်ပြောလိုက်ပါ့မယ်”

ဘသိန်းက ဂန္ဓမာသောင်းရီကို နှုတ်ဆက်ကာ ထပြန်သွားသည်။
ဂန္ဓမာက ဖိုးတုတ်အတွက် ငှဲ့ထားသော ဝီစကီခွက်ကိုပါ တရှိန်ထိုး မော့ပစ်လိုက်သည်။

“ရော့..အကိုကြီး ရဲ့ ထောင်ထွက်လက္မှတ်”

စံဘ၊ ထွန်းရင်နှင့် ချောရင် ပြန်ရောက်လာပြီး ချောရင် က ဂန္ဓမာသောင်းရီ၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။

“ချောရင်..နင်တို့ ဘယ်ကလာတာလဲ”

“ရန်ကုန်ထောင်ကြီးက ပြန်လာတာပါ....အကိုကြီးတို့အတွက်‌ ထောင်ထွက်လက္မှတ်သွားယူပေးတာ..ပြီးတော့ ဒီနေ့ လွတ်တဲ့အထဲ အကိုကြီးလူတွေ ပါလာတယ်..အဲ့ဒါ သူတို့ကိုပါ အကိုကြီးနဲ့ တွေ့ပေးချင်လို့”

“ဘယ်သူတွေလဲ”

“ကိုထွန်းရင်..အကို့လူတွေ သွားခေါ်လိုက်ပါဦး”

ခဏအကြာတွင် ထွန်းရင်နှင့်အတူ လူနှစ်ဦး ဆိုင်တွင်း ဝင်လာသည်။

“...ချစ်ညို နဲ့ ဇော်မိုက် ”

“ဟုတ်တယ်...ကိုဂန္ဓမာကြီး....ကျွန်တော်တို့လည်း လွတ်လွတ်ချင်း ကိုထွန်းရင် တို့ လာစောင့်နေတာနဲ့ အကိုကြီးက အလုပ်ပေးမယ်လို့ပြောလို့ တွေ့ရအောင်လိုက်လာကြတာ”

“ဟေ..ငါလည်း မင်းတို့လို အခုမှ လွတ်တာလေကွာ..ဘယ်ကနေ အလုပ်ပေးရမှာလဲ”

“‌ဟော့ဒီ..မမလေးက ပြောလို့ပါ”

“ဟင်.‌..ချောရင်..နင်က ဘာအလုပ်ပေးမှာလဲ”

“အကိုကြီးအထဲမှာရှိနေတုန်း..ကျွန်မတို့ အနောက်ပိုင်းလူမိုက် မြကျင် အဖွဲ့တွေနဲ့ ပြဿနာတက်ကြတယ်... သူတို့ ကိုစံဘကို သတ်ဖို့ လာလုပ်သေးတယ်..ကျွန်မတို့ ကိုယ်ကျွန်မတို့ ကာကွယ်ဖို့ အင်အားလိုတယ်...အကိုကြီး”

ဂန္ဓမာက မသောင်းကို ကြည့်လိုက်သည်။ မသောင်းက ချောရင်စကားမှန်ကြောင်း ခေါင်းညိမ့်ပြလိုက်၏။

“အေးလေ..အဲ့ဒါတော့ ဟုတ်ပြီ..လောလောဆယ်..နင်က သူတို့ကို ဘယ်က လစာပေးပြီး ဘာအလုပ်ခန့်မှာလဲ ချောရင်”

“ကဲ..ကိုထွန်းရင် ရှင့်လူတွေ ဘာမှမစားရသေးဘူးထင်တယ်..ဆိုင်မှာရှိတာတွေသာ မမသောင်း ကို မေးပြီး ချကျွေးထားလိုက်..အကိုကြီးနဲ့ ညီမ စကားပြောစရာရှိတယ်..အပေါ်ထပ်သွားကြရအောင်”

စံဘ၊ ချောရင်နှင့် ဂန္ဓမာတို့ အပေါ်ထပ်သို့ တက်လိုက်ကြသည်။

“စိန်ဓါးမြှောင်ကို ထောင်ထဲပြန်သွင်းဖို့နဲ့ ပြူစောထီးအဖွဲ့တွက် လူစုထားဖို့ ဗိုလ်မောင်မောင်ကတဆင့် ငွေရှစ်သောင်း ပေးလိုက်တာကို ညီမလက်ခံထားတယ်..အကိုကြီး”

ဂန္ဓမာက ချောရင်ကို တအံတသြစိုက်ကြည့်သည်။

“ဟ ငွေက များလှချည်လား..ဒါတွေကို ငါလည်း ဘာမှ မသိရပါလား..ချောရင်”

“သြော်...အကိုကြီးတို့ က ထောင်ထဲနေနေရတာ..ဘယ်သိမလဲ..ညီမပဲ ဗိုလ်မောင်မောင်နဲ့တွေ့ပြီး အားလုံးစီမံထားရတာ”

“အဲ့ဒါတော့ မောင်မောင် ငါ့ကို ပြောပါတယ်...ပိုက်ဆံကိစ္စတော့မပါဘူး”

“ပိုက်ဆံရော ထောင်ထွက်လက်မှတ်ပါ..ဒီမနက်မှရတာလေ...ဗိုလ်မောင်မောင်ကတော့ တပ်ပြန်သွားပြီ...ဆက်သွယ်စရာရှိတာနဲ့ ပြန်လာလိမ့်မယ်”

“ဒါနဲ့ စိန်ဓါးမြှောင်က ခုနေ ဘယ်မှာနေမှန်းတောင်ငါမသိဘူး..သူ့ကို ဘယ်လိုငါတို့က လုပ်မှာလဲ”

“စိန်ဓါးမြှောင် ရန်ကုန်မှာ သေချာပေါက်ရှိတယ်လို့ အစိုးရပိုင်းက သေချာသိနေတယ်...သူ တစ်နေရာရာမှ အသွင်ပြောင်းနေတာပဲ...အကိုကြီးနဲ့ သူလည်း ထောင်ထဲမှာ ပြဿနာတွေရှိခဲ့တယ်ဆို...ညီမမှာ သူ့ကို ထွက်လာအောင်လုပ်ဖို့ အကြံရှိတယ်..အကိုကြီး... ညီမက အကြံပေးမယ်.အကိုကြီးက အခု ထောင်ကထွက်လာတဲ့ အကိုကြီးတပည့်တွေကို ခိုင်းပေးဖို့ပဲ..”

“အင်း..ချောရင်..နင်မလွယ်ဘူးပဲဟ”

“ညီမတို့ ရပ်တည်ရေးအတွက် လုပ်စရာရှိတာတော့ လုပ်ရမှာပဲ..အကိုကြီး..အခုဆို အကိုကြီးနဲ့ ကိုထွန်းရင်လည်း ရောက်လာပြီ။ ညီမတို့ အစိုးရပိုင်းနဲ့လည်း အဆက်အသွယ်ရှိပြီ..ငွေအားလည်းရှိနေပြီ...လုပ်စရာရှိတာလုပ်ပေးပြီး ကိုယ်လိုချင်တာ တည်ဆောက်ရမှာပဲမဟုတ်လား”
...................................................................................
၁၉၅၄ ဩဂုတ်လ ၃ ရက်။ ည ၈ နာရီခွဲ။

ရန်ကုန်မြို့ ကန်တော်လေးရပ်၊ ၈၈ လမ် အိမ်အမှတ်(၃၉) ရှိ ဦးသာချစ် ၏ နေအိမ်သို့ ပစ္စတိုတစ်လက်နှင့် ဓါးကိုင်ထားသော လူငါးဦး အိမ်တံခါးကို ခေါက်လိုက်သည်။

ဦးသာချစ်မိန်းမ ဒေါ်စိန်ရင်က တံခါးကို သွားဖွင့်သောအခါ နဖူးကို ပစ္စတိုဖြင့် ထောက်ထားလိုက်၏။

ထို့နောက် လူငါးယောက်လုံး အိမ်တွင်း ဝင်လာကြကာ ဒေါ်စိန်ရင်ကို ဓါးဖြင့်ထောက်လိုက်ပြီး “ကျုပ်တို့ စိန်ဓါးမြှောင်တပည့်တွေပဲ...ရှိတာ အကုန်ထုတ်စမ်း”
ဓါးပြများက ဒေါ်စိန်ရင် နှင့် အိမ်သားများကို အိမ်နောက်ခန်းသို့ခေါ်သွင်းသွားပြီး တစ်ရာတန် ငါးရွက်၊ ကျပ်တန်တစ်ရာအုပ် လေးအုပ်နှင့် စုစုပေါင်း ငွေ (၉၀၀)ကို ယူငင်ကြသည်။

ဦးသာချစ်သားထံမှလည်း ရွှေကြယ်သီးကြိုး၊ နာရီ၊ လက်စွပ်များ ချွတ်ယူကြသည်။

ထို့နောက် အခြားပစ္စည်းများအား ထပ်မံရှာဖွေနေစဥ် ဒေါ်စိန်ရင်က  အိမ်ရှေ့ရုတ်တရက်ပြေးထွက်သွားသည်။

“ဓါးပြတိုက်နေပါတယ်..ဓါးပြ..ဓါးပြ”

ရပ်ကွက်မှ လူများက မီးကင်းသံချောင်းကို ခေါက်လိုက်ရာ မကြာမီ လူအုပ်ကြီးက အိမ်ကို ဝိုင်းထားပြီး ရဲတပ်ဖွဲ့ ရောက်လာလေသည်။

ထိုအမှုတွင် စိန်ဓါးမြှောင်တပည့်ဆိုသူ ငမဲ၊ တင်မောင်၊ မောင်အေးတို့ကို မှုခင်းလက်ထောက်ရဲမင်းကြီး ဦးသီးဦးဆောင်သည့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်သည်။
သေနတ်ကိုင်သူအပါအဝင် ကျန်နှစ်ယောက္မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
...................................................................................

“ခါလေး..ထွန်းခင်..အနှင်းတို့ လာကြစမ်း..လာကြစမ်း”
အိမ်ပေါ်ထပ်မှ စိန်ဓါးမြှောင်၏ အသံကြောင့် ခါလေးနှင့် ထွန်းခင်တို့ အိမ်ပေါ်ပြေးတက်သွားကြသည်။

စိန်ဓါးမြှောင်က ဗမာ့ခေတ်သတင်းစာကို ကိုင်ထား၏။

“ဒီမှာ ဖတ်ကြည့်စမ်း..ငါ့တပည့်တွေတဲ့..ကန်တော်လေးမှာ ဓါးပြတိုက်သွားတာ..ဒီကောင်တွေ ဘယ်ကကောင်တွေလဲ..မင်းတို့သိလား”

ခါလေးက သတင်းစာကို ယူကြည့်လိုက်သည်။

“ငမဲ၊ တင်မောင် ၊ မောင်အေး တဲ့...ကျွန်တော်တော့ ဒီကောင်တွေကို နာမည်လည်းမသိဘူး လူလည်း တစ်ခါမှ မမြင်ဖူးဘူး..ဆရာကြီး”

“ဒလသန်းအောင်ကို ခုချက်ချင်းသွားခေါ်၊ နောက် လှည်းကူးက ဆရာတင်တို့၊ အင်းစိန်က ငထွေးတို့အဖွဲ့တွေ အကုန်စုစမ်း။ ဒီကောင်တွေဘယ်အဖွဲ့ကလဲ မေးစမ်း။ ငါမသိပဲ ငါ့နာမည်သုံးရင် အကုန်သတ်ခံရမယ်လို့ ပြောလိုက်..တောက်..ဘယ့်နှယ့်ကွာ..လူးပါးဝလို့”

ကန်တော်လေးဓါးပြမှုတွင် တိမ်မြုပ်နေသော စိန်ဓါးမြှောင်နာမည်သည် သတင်းစာများတွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းဆေးဆရာများအသင်း(ပမတဆ)၏ အထွေထွေအတွင်းရေးမှူးဖြစ်နေပြီဖြစ်သော ဆရာသိန်း ခေါ် စိန်ဓါးမြှောင်သည် သူမသိလိုက်ရပဲ သူ့နာမည်ထွက် ပေါ်လာသော ဓါးပြမှုအတွက် အလွန်ပင် ဒေါသထွက်နေခဲ့သည်။

စိန်ဓါးမြှောင်၏ အုပ်ချုပ်မှုအောက်တွင်ရှိသော နယ်မြေအလိုက်ဓါးပြဂိုဏ်းများကလည်း သူတို့လက်ချက်မဟုတ်ကြောင်း အသီးသီး ငြင်းဆိုကြသည်။

စိန်ဓါးမြှောင် အကြပ်ရိုက်လေပြီ။
စိန်ဓါးမြှောင်၊ မမြကြည်၊ ခါလေး၊ ထွန်းခင်၊ အနှင်း တို့ သီးသန့်အစည်းအဝေးပြုလုပ်ကြသည်။
ထိုအစည်းအဝေးတွင် လူသစ်အဖြစ် ဆေးဆရာဆရာတင်လည်း ပါဝင်လာသည်။ 

“ကန်တော်လေးအမှုကကောင်တွေက ငါ့နာမည်ကို အာချောင်ပြီး ပြောတာမဟုတ်ရင်...ဒီအမှုနောက်ကွယ်မှာ တစ်ခုခုရှိနေပြီလို့ ငါထင်တယ်..ငါ့ကို ထောင်ချောက်ဆင်တဲ့အကွက်ပဲကွ..လက်သည်ဖြစ်နိုင်တာတော့ သခင်သိန်းပဲ”

“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ..အကို”
“ဘာမှ ဆက္မလုပ်နဲ့..မြကြည်...လောလောဆယ်...ဒီကောင်တွေ ဘယ်သူတွေလဲဆိုတာ စုံစမ်းဖို့ နီးစပ်ရာအမှုနဲ့ ထောင်ထဲကိုတစ်ယောက်လိုက်သွားမှဖြစ်မယ်”

“ကျွန်တော်လိုက်သွားမယ်..ဆရာကြီး”

ခါလေးက ထပြောသည်။

“ခါလေး..မင်းက ငါ့ဘေးနားမှာ ရှိနေမှဖြစ်မှာလေ..”

“ကျွန်တော်က တကောင်ကြွက်ပါ..ဆရာကြီး...ကျွန်တော်ထောင်ကျလို့ လွမ်းမယ့်သူ၊ ငိုမယ့်သူမရှိပါဘူး”

အနှင်းက ခါလေး၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။

“အေးလေ....မင်းဆိုရင်တော့ ငါစိတ်ချပါတယ်..ဒါပေမယ့်..အမှုကြီးနဲ့တော့ အကြာကြီးမဝင်နဲ့လေကွာ..တလတန်လောက် အမှုနဲ့ဝင်ပေါ့”

“အနည်းဆုံးလူရိုက်မှုလောက်နဲ့တော့ ဝင်မှ ဖြစ်မယ်ဆရာကြီး..ထောင်အကြောင်းလဲသိသားနဲ့..အမှုသေးရင် လူကို အထင်သေးချင်ကြတာ”

“အေးကွာ..ကိစ္စသိရပြီဆိုတာနဲ့ မင်းလွတ်ဖို့ ငါစီစဥ်ပေးမယ်..ဘာမှမပူနဲ့..ခါလေး မရှိ‌တော့ ခါလေးအလုပ်တွေကို ဝင်းမောင်ပဲ ကြည့်လုပ်ထားလိုက်”

“ဟုတ်ကဲ့ပါ..ဆရာကြီး”

“ဆရာတင် ဟိုတလောက ၂၈ လမ်းက ကုလားသူဌေးသားလေးကို ပြန်ပေးဆွဲတာ ရတဲ့ငွေ တစ်သိန်း ကျုပ်ဆီ နတ်မတင်ရသေးဘူးနော်”

“ကျွန်တော် ဆရာကြီးဆီ နတ်တင်ဖို့ ငွေနှစ်သောင်းကို တလောက လှည်းကူးဖက်ကို သန်းအောင်လာတော့ သူနဲ့ပေးခိုင်းလိုက်ပါတယ်လေ”

“ဟာ..ခေါလေး..ညနေ ဒီကောင့်ကို သွားခေါ်စမ်းကွာ..ကြားထဲက မလည်ရှုပ်လုပ်နေတယ်”
.....................................................................................
ချောရင် က သတင်းစာကို ဂန္ဓမာသောင်းရီ ရှေ့သို့ ဖြန့်ပြလိုက်သည်။

“ဘယ်လိုလဲ..အကိုကြီး..တွင်းအောင်းနေတဲ့ စိန်ဓါးမြှောင်ကြီး အခုဆို ကလိကလိဖြစ်နေလောက်ပြီ”

ဂန္ဓမာက သတင်းစာကို သေချာဖတ်ကြည့်လိုက်သည်။
“လောလောဆယ်တော့...ငါတို့လူသုံးယောက်...ရင်းလိုက်ရတာပဲ”

“ရင်းသင့်တာတော့ ရင်းရမှာပေါ့..သူတို့ကိုလည်း ထိုက်သင့်သလောက်ပေးထားတာပဲကို...မကြာခင်..စိန်ဓါးမြှောင် ညီမတို့ဆီ သူ့ဟာသူရောက်လာလိမ့်မယ်..အကိုကြီး..ညီမတို့က ထိုင်စောင့်ရုံပဲ”

ထိုအချိန်တွင် စံဘနှင့်ထွန်းရင်က ဆိုင်အ‌ပေါ်ထပ်သို့ တက်လာသည်။

“ကိုဂန္ဓမာ..သတင်းထူးပါတယ်”

“ဘာများလဲကွ”

“ကိုဂန္ဓမာလွတ်လာတာနဲ့ပတ်သက်ပြီး မနေ့ညက ဖရေဇာက နာဂျစ်အာရတ်အိမ်မှာ နာဂျစ်နဲ့ ဦးမြကျင် စည်းဝေးကြတယ်...မဂျစ်ခန်းလည်းပါတယ်တဲ့”

“မင်း..ဘယ်ကကြားတာလဲ”

“ဇော်မိုက်ဆီက သတင်းပဲ။ ဇော်မိုက် သူငယ်ချင်းတစ်ချို့က ဦးမြကျင်ဆီမှာ လုပ်နေကြတာ။ အဓိကက လမ်းမတော်မှာ ကျွန်တော်တို့အဖွဲ့တွေ ခြေကုပ်ပြန်မယူနိုင်ရေးအတွက် ခင်ဗျားကို သတ်ကြဖို့ ဆုံးဖြတ်ထားကြတယ်တဲ့”

“ဟား..ဒီစောက်ရူးတွေနဲ့တော့ကွာ...ကဲ..စံဘ ငါ့ကို ချိန်းကြိုးကောင်းကောင်းတစ်ချောင်းလောက် လုပ်ပေးထားစမ်းပါဦး”

“ချိန်းကြိုးထက်အရေးကြီးတာရှိတယ်......ကိုချစ်ညိုနဲ့ ကိုဇော်မိုက်တို့ကို ဒီဆိုင်မှာလာအိပ်ခိုင်းလိုက်တော့...ကိုစံဘ .သူတို့ကို ရသလောက်လူတွေစုခိုင်းထား. ပိုက်ဆံလိုသလောက်ပေးမယ်ပြော..ခြောက်လုံးပြူးနှစ်လက်ကိုလည်း ကျည်အပြည့်ထိုးထား.. ….သိပ်မကြာခင် သူတို့ ဒီဆိုင်ကို ရောက်လာကြမှာအသေအချာပဲ”

ချောရင်ကို ဂန္ဓမာက မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။

တစ်စုံတစ်ခု ပြောရန် ပြင်လိုက်ပြီးမှ အံကို ကြိတ်ကာ ထထွက်သွား၏။

ထွန်းရင်က ဂန္ဓမာသောင်းရီ၏ ‌ကျောပြင်ကို ကြည့်ပြီးနောက် နှမဖြစ်သူ ချောရင်ကို ကြည့်ကာ ခေါင်းကို ခပ်ဖြည်းဖြည်းခါလိုက်သည်။

ခက်ဇော်
The Guys From Mandalay, 1950 
                              အခန္း(၂၃)
               ..................................................

“ကေလာက္..ကေလာက္”

ဂႏၶမာေသာင္းရီ ႏွင့္ ထြန္းရင္တို႔ကို ေခၚေဆာင္လာသူမ်ားမွ လက္ထိပ္မ်ား ျဖဳတ္ေပးလိုက္သည္။

“ဒီေခါင္းစြပ္ႀကီးေရာ..ဖယ္လို႔ရၿပီလား”

“ရၿပီ..ဖယ္ေတာ့”

ေခါင္းစြပ္ကို ဖယ္လိုက္ေသာအခါ သူ႔ေရွ႕တြင္ ရပ္ေနေသာ လူတစ္ေယာက္ကို ျမင္လိုက္သျဖင့္ အံၾသသင့္သြား၏။

“ေမာင္ေမာင္”

“ကိုဂႏၶမာ..ေနေကာင္းတယ္ေနာ္.”

“ေမာင္ေမာင္..ငါတို႔ကို ေခၚထုတ္ခိုင္းလိုက္တာ မင္းလား...မင္းက ဘယ္ေတြေရာက္ေနတာလဲ”

“ေနာကၼွပဲ ေသခ်ာရွင္းျပမယ္...ကိုဂႏၶမာ..အခုေလာေလာဆယ္..အဘိုးႀကီးနဲ႔ သြားေတြ႕လိုက္ပါဦး..ေဟ့..အဘိုးႀကီးအေပၚမွာလား”

ေမာင္ေမာင္က  စင္ဝင္ေအာက္တြင္ ရပ္ေနေသာ ရွပ္လက္တိုႏွင့္ လူကို ေမးလိုက္သည္။

“ဘုရားဝတ္တက္ေနတယ္....ကိုေသာင္းရီဆိုတဲ့ တစ္ေယာက္ကိုပဲ ဘုရားခန္းအဝကို ေခၚခဲ့ပါတဲ့”

“ကဲ..ကိုဂႏၶမာ..သူနဲ႔ လိုက္သြားေတာ့”

ရွပ္လက္တိုႏွင့္လူက ဂႏၶမာေသာင္းရီကို အိမ္ေပၚထပ္သို႔ ေခၚသြား၏။

ထြန္းရင္မွာ ေအာက္ထပ္တြင္ ေမာင္ေမာင္ႏွင့္အတူ ထိုင္က်န္ခဲ့သည္။
အိမ္ေပၚထပ္ ေခါင္းရင္းဘက္အခန္းတစ္ခုေရွ႕တြင္ ဂႏၶမာေသာင္းရီ ကို ထိုင္ခိုင္းသည္။

ထို႔ေနာက္ ရွပ္လက္တိုႏွင့္လူက အခန္းထဲသို႔ ဝင္သြား၏။
အခန္းထဲမွ ေၾကးစည္သံၾကားရသည္။

“အျပင္က ဂႏၶမာေသာင္းရီ ဆိုတာလား”

အခန္းထဲမွ အသံထြက္လာသည္။

“ဟုတ္ပါတယ္”

“မနက္ဖန္ဆို က်ဳပ္တို႔ႏိုင္ငံဟာ ကမာၻဗုဒၶဘာသာေလာကမွာ သမိုင္းမွတ္တိုင္တစ္ခုစိုက္ထူေတာ့မယ္။ ဆဌမသဂၤါယနာတင္ပြဲႀကီးစတင္ေတာ့မယ္”

အထဲက အသံရွင္က ေလသံခပ္ေအးေအးျဖင့္ ေျပာေနသည္။
ဂႏၶမာေသာင္းရီ မွာ စိတ္ထဲ ေဝခြဲမရ။

ညည္သန္းေခါင္ ေထာင္မွ ထုတ္လာၿပီး သံသရာဝဋ္ဆင္းရဲမွ လြတ္ေၾကာင္းတရားမ်ား ေဟာခံ ရေတာ့မည္လားဟု ေတြးရင္း ရႈပ္ေထြးေနသည္။

“ဒီေတာ့ ခုႏွစ္ရက္သားသမီးေတြနဲ႔ သတၱဝါေတြကို ကုသိုလ္အလို႔ငွာ အခ်ဳပ္အေႏွာင္က လႊတ္ေပးဖို႔ က်ဳပ္တို႔ စီမံထားတယ္။ ေမာင္ရင့္အေနနဲ႔ ေထာင္ထဲမွာတင္ လူသတ္မႈႏွစ္မႈျဖစ္ထားတယ္လို႔ၾကားတယ္။ အဲ့ဒါဟုတ္သလား”

“ဟုတ္ပါတယ္...မိတာေတာ့ ႏွစ္မႈေပါ့”

“အင္း..ေခသူေတာ့မဟုတ္ပါလား...ကဲပါေလ...မနက္က် လႊတ္မယ့္စာရင္းမွာ ေမာင္ရင္နာမည္ကို က်ဳပ္မွာရွိတဲ့ လုပ္ပိုင္ခြင့္နဲ႔ ထည့္ေပးလို႔ရတယ္”

“ဟုတ္ကဲ့”

“အဲ့ဒီေက်းဇူးတရားအတြက္ ေမာင္ရင္ က်ဳပ္အေပၚေတာ့ သစၥာခံရလိမ့္မယ္..ခံႏိုင္ပါ့မလား”

ဂႏၶမာေသာင္းရီက မ်ေကၼွာင္ကို ႀကဳံ႕ရင္း စဥ္းစားေနသည္။

“ကြၽန္ေတာ္ ဘာလုပ္ေပးရမွာလဲ”

“အဲ့ဒါက က်ဳပ္လူေတြေမာင္ရင့္ကို ရွင္းျပလိမ့္မယ္။ က်ဳပ္လိုခ်င္တာက ဘယ္အေျခအေနျဖစ္ျဖစ္  ေမာင္ရင္တို႔အဖြဲ႕ က်ဳပ္ဘက္က ရွိေနမယ္၊ က်ဳပ္ကို ကာကြယ္ေပးမယ္ဆိုတဲ့ ကတိေတာ့လိုခ်င္တယ္။ ဘယ္လိုလဲ”
“ကြၽန္ေတာ္ ကတိေပးပါတယ္”

“ေမာင္ရင္...ဒီညကစၿပီး ရန္ကုန္ေထာင္နဲ႔ မသက္ဆိုင္ဘူးသာမွတ္...ေမာင္ရင္လုပ္ရမယ့္အလုပ္ေတြကို ေမာင္ရင္သူငယ္ခ်င္း ေရတပ္ဗိုလ္ေလးကတဆင့္ ဆက္သြယ္ေပးမယ္”

ရွပ္လက္တိုႏွင့္လူက မ်က္ရိပ္ျပလိုက္သျဖင့္ ဂႏၶမာေသာင္းရီက ေအာက္ထပ္သို႔ ျပန္ဆင္းလာသည္။
ေအာက္ထပ္တြင္ ထြန္းရင္ကို မေတြ႕ရေတာ့။

ဂႏၶမာတို႔ကို ေထာင္ထဲမွ ေခၚထုတ္လာခဲ့ေသာ လူက ကားေပၚသို႔ တက္ရန္ ၫႊန္ျပသည္။

“ထြန္းရင္ေရာ”

“ကားေပၚမွာ..အားလုံးေစာင့္ေနၾကတယ္”

ေနာက္ထပ္ ကားတစ္စီးက စင္ဝင္ေအာက္တြင္ အသင့္ရပ္ထားသည္။

ဂႏၶမာက ကားေနာက္ခံတံခါးကို ဖြင့္ၿပီး ထြန္းရင္ေဘးတြင္ ဝင္ထိုင္လိုက္၏။

ဒ႐ိုင္ဘာေဘးတြင္ ေမာင္ေမာင္က ထိုင္ေနသည္။

“ကဲ..ေမာင္ေမာင္...ခုန ငါေတြ႕ခဲ့တာဘယ္သူလဲ..သူက မင္းနဲ႔ ဘယ္လိုပတ္သတ္လဲ”

“ခုန ခင္ဗ်ားေတြ႕ခဲ့တာ...ဝန္ႀကီးခ်ဳပ္ပဲ”

“ဟင္”

“ဟုတ္တယ္...ကိုဂႏၶမာ”

“မင္းက သူနဲ႔ ဘယ္လိုပတ္သတ္တာလဲ”

“ကြၽန္ေတာ္နဲ႔ ပတ္သက္တာမဟုတ္ဘူး။ ကြၽန္ေတာ့္အထက္အရာရွိနဲ႔ ပတ္သက္တာ”

“ေသခ်ာရွင္းျပပါဦး..ေမာင္ေမာင္”

“ကြၽန္ေတာ္ ေထာင္ႀကီးေရွ႕က ဘိန္းခန္းမွာ တ႐ုတ္အဖတ္ကို သတ္ၿပီး ေထာင္ကလြတ္ေတာ့ ပုသိမ္ဘက္ေရွာင္ေနတာ။ စစ္ႀကီးၿပီးေတာ့ ေရတပ္အသစ္ဖြဲ႕တာနဲ႔ ကြၽန္ေတာ္ဝင္လိုက္တယ္။ အခု ေရတပ္မွာ ကြၽန္ေတာ္က ဒုဗိုလ္ျဖစ္ေနၿပီ..ကိုဂႏၶမာ”

“အံမယ္..ဖာေဂါင္းေတာင္ ဗိုလ္ျဖစ္ေနၿပီဟ”

ထြန္းရင္က ေမာင္ေမာင္ပုခုံးကို ပုတ္ရင္း စလိုက္သည္။

“လီးလား..ေဟ့ေကာင္..ငါက အဂၤလိပ္ ကိုးတန္းေအာင္ၿပီးသားကြ...မင္းတို႔နဲ႔ေပါင္းမိလို႔ လူမိုက္ျဖစ္တာ”

“ထြန္းရင္ ခဏေနစမ္းကြာ...ေမာင္ေမာင္ ဆက္ေျပာ”

“အခု ၾကည္းတပ္ထဲမွာက ဆိုရွယ္လစ္စစ္ဗိုလ္အုပ္စုႀကီးစိုးေနတာ...ဗိုလ္ေအာင္ႀကီးတို႔၊ ဗိုလ္ေမာင္ေမာင္တို႔ အုပ္စုေတြက အင္အားေကာင္းေနတယ္..သူတို႔ေနာက္မွာ ဖဆပလထဲက ဆိုရွယ္လစ္ေခါင္းေဆာင္ေတြရွိေနတယ္ ...အခု ဖဆပလက ေနာက္ႏွစ္ႏွစ္အတြင္း ျပည္သူ႔စစ္ဥပေဒတစ္ခု ျပဌာန္းၿပီး ျပဴေစာထီး တပ္ဆိုၿပီးလက္နက္ကိုင္တပ္အသစ္တစ္ခု ဖြဲ႕ဖို႔ ျပင္ေနတယ္.....ကြၽန္ေတာ့္တပ္မႉးက ဆိုရွယ္လစ္စစ္ဗိုလ္ေတြနဲ႔ အေစးမကပ္ဘူး..ၿပီးေတာ့ ဝန္ႀကီးခ်ဳပ္နဲ႔က ေက်ာင္းေနဘက္...ျပဴေစာထီးဖြဲ႕တဲ့ကိစၥမွာ ဝန္ႀကီးခ်ဳပ္က..ျပဴေစာထီးထဲကိုလည္း ဆိုရွယ္လစ္ေတြပဲ ႀကီးစိုးသြားမွာကို မလိုခ်င္ဘူး.. သူ႔ကို သစၥာခံမယ့္လူေတြကိုလည္း ထည့္ဖြဲ႕ခ်င္တယ္...အဲ့ဒီအတြက္ ကြၽန္ေတာ့္တပ္မႉးကို လူရွာခိုင္းတာ...တပ္မႉးကလည္း ကြၽန္ေတာ့္ကို တာဝန္ေပးတယ္... ဒါနဲ႔ ၿပီးခဲ့တဲ့လက ကြၽန္ေတာ္ ခင္ဗ်ားတို႔နဲ႔ ဆက္သြယ္လို႔ ရလိုရျငား (၁၄)လမ္းကို သြားရွာေတာ့ ကိုဘသိန္းနဲ႔ေတြ႕တယ္..ကိုဘသိန္းက ဆရာဖိုးတုတ္ဆုံးသြားၿပီဆိုတဲ့ေၾကာင္းနဲ႔ ခင္ဗ်ားမိန္းမ အေသာင္းက ေသာင္းဘားဖြင့္ထားၿပီး စံဘတို႔နဲ႔ေနတယ္ေျပာလို႔ ကြၽန္ေတာ္ “ေသာင္း”ဘားကို ေရာက္သြားတယ္”

“မေသာင္းနဲ႔ေတြ႕ခဲ့တာေပါ့”

“မဟုတ္ဘူး..စံဘ မိန္းမ ေခ်ာရင္နဲ႔..... ခင္ဗ်ားကလည္း ေထာင္က်ေနတယ္ဆိုေတာ့...ကြၽန္ေတာ့္မွာ ဘာလုပ္ရမွန္းမသိဘူး....အဲ့ဒီမွာ ေခ်ာရင္ကို ေျပာျပေတာ့ ေခ်ာရင္က  ဆဌမသဂၤါယနာတင္ပြဲအထိမ္းအမွတ္ အက်ဥ္းသားေတြလႊတ္ေပးမယ္ဆိုတဲ့ သတင္းကို ျပတယ္..ဒီအကြက္ေ႐ႊ႕ဖို႔ သူပဲ ကြၽန္ေတာ့္ကို အႀကံေပးတာ.. ဒီကိစၥက အထူးလွ်ိဳ႕ဝွက္မို႔ မေသာင္းနဲ႔ စံဘကိုေတာင္ အသိမေပးဘဲ က်ဳပ္တို႔ စီမံေနၾကတာ ၾကာၿပီ..ကိုဂႏၶမာ”

“အံမယ္..ဒီေကာင္မေလးက”

“ဟုတ္တယ္...ေခ်ာရင္ အႀကံအတိုင္း ကြၽန္ေတာ္ တပ္မႉးကတဆင့္ ဝန္ႀကီးခ်ဳပ္ကို ေျပာခိုင္းလိုက္တာ”

“ေအးပါ..ဒါနဲ႔ မင္းေျပာတဲ့ ျပဴေစာထီးဆိုတဲ့အဖြဲ႕က  ဘယ္ေတာ့ဖြဲ႕မွာလဲ”

“ခုမွ ဥပေဒၾကမ္းကိုအတည္ျပဳဖို႔လုပ္ေနတာ..တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္ေလာက္ေတာ့ ၾကာလိမ့္မယ္..ကိုဂႏၶမာ”

“ဒါဆို ေနာက္ႏွစ္ႏွစ္ေလာက္မွ ငါ့အလုပ္ရွိမွာေပါ့”

“မဟုတ္ဘူးဗ်..ဒီၾကားထဲမွာ ဝန္ႀကီးခ်ဳပ္ႀကီးက ခင္ဗ်ားကို ကူေစခ်င္တာရွိေသးတယ္”

“ဘာလဲ..ဘာကူရမွာလဲ”

“ခင္ဗ်ား စိန္ဓါးေျမႇာင္ဆိုတဲ့ ဓါးျပဗိုလ္ကိုသိတယ္မဟုတ္လား..ဆိုရွယ္လစ္ပါတီက သခင္သိန္းတို႔ နဲ႔ စိန္ဓါးေျမႇာင္အေပးအယူလုပ္ေတာ့ ခင္ဗ်ားလည္းပါခဲ့တာလို႔ ကြၽန္ေတာ္တို႔ သိထားတာပဲ...အခု သူ႔ကို ခင္ဗ်ားက ေထာင္ထဲျပန္သြင္းေပးရမယ္၊ ၿပီးရင္ သူ႔ဆီက ပစၥည္းတစ္ခုကို ယူေပးရမယ္”

“စိန္ဓါးေျမႇာင္...မႏၲေလးက လာတဲ့ေကာင္..ဒီေကာင္လူလည္ကြ...ဒီေကာင့္ကို ငါ့က သတ္ပါသတ္ခ်င္ေနတာ”
“အဲ့ဒီေလာက္ေတာ့ မလိုေသးဘူးဗ်...ျပဴေစာထီးတပ္ဖြဲ႕ၿပီးရင္ ခင္ဗ်ားမွာ ေရွ႕ဆက္လုပ္စရာေတြက ရွိေသးတယ္မဟုတ္လား... ခင္ဗ်ား လူသတ္မႈထပ္ျဖစ္လို႔မရဘူး...ဝန္ႀကီးခ်ဳပ္ကလည္း စိန္ဓါးေျမႇာင္ကို သတ္တဲ့အထိေတာ့မလုပ္ခ်င္ဘူးေျပာတယ္...အေသးစိတ္အစီအစဥ္ ေခ်ာရင္မွာ ရွိမွာပါ”

“ေအးကြာ...ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္ကြာ..ဒါနဲ႔ ငါတို႔ အခု ေထာင္ကို ျပန္မွာလား”

“မဟုတ္ဘူး..ေသာင္းဘားကို သြားမယ္..ဟိုမွာ မေသာင္းနဲ႔ စံဘတို႔လင္မယား မအိပ္ပဲ...ခင္ဗ်ားတို႔ကိုေစာင့္ေနၾကတယ္”

“ေအးကြာ....ငါတို႔ ဒီလိုလူစုံတက္စုံျဖစ္ေနေတာ့ ဖိုးတုတ္ႀကီးကို ရွိေစခ်င္လိုက္တာ”

ဂႏၶမာက သက္ျပင္းခ်လိုက္သည္။

ကားေပၚတြင္ ပါလာသူအားလုံး တိတ္ဆိတ္သြားၾက၏။
ေမာင္ေမာင္က စီးကရက္ဗူးႏွင့္ မီးျခစ္ကို အိပ္ကပ္ထဲမွ ထုတ္လိုက္ၿပီး ဂႏၶမာေသာင္းရီထံ ကမ္းေပးလိုက္သည္။
ဂႏၶမာက စီးကရက္တစ္လိပ္ကို ထုတ္ကာ ႏႈတ္ခမ္းတြင္ ေတာ့လိုက္သည္။

ထို႔ေနာကၼီးျခစ္ကို ျခစ္လိုက္ၿပီး မီးညႇိကာ တစ္ဖြာဖြာလိုက္၏။

“ေမာင္ေမာင္....လမ္းမေတာ္ဘက္ဝင္ရင္ ခ်ိဳင္းနားစတန္းရွိခဲ့တဲ့ေနရာက ပတ္ေမာင္းၿပီး သြားေပးစမ္းပါကြာ..”

မီးခိုးေငြ႕ေငြ႕မ်ားက ကားျပတင္းမွတဆင့္ အျပင္ဘက္ဆီသို႔ လြင့္ပါးက်န္ရစ္ၾကေလၿပီ။
....................................................................................
“ကိုဂႏၶမာ..ကိုဂႏၶမာ”

တံခါးကို လာထုသံေၾကာင့္ မေသာင္းက ေျပေလ်ာ့ေနေသာ ဆံပင္မ်ားကို ဘီးစပတ္ျဖင့္ စည္းလိုက္သည္။
ညတုန္းကေလ်ာ့က်ခဲ့ေသာ ထမီကို ေသခ်ာျပန္ျပင္ဝတ္ၿပီး သြားဖြင့္လိုက္၏။

“ဘာျဖစ္လို႔လဲ..စံဘ”

“ေအာကၼွာ..ကိုဘသိန္း ေရာက္ေနတယ္”

“ေအး..အခု မမေသာင္း သူ႔ကို ႏႈိးၿပီး ေအာက္ဆင္းခဲ့မယ္”

“အဲ့ဒါဆို ကိုဘသိန္းကို ေအာက္မွာ ထိုင္ခိုင္းထားတယ္..ကြၽန္ေတာ္နဲ႔ ေခ်ာရင္ အျပင္သြားလိုက္ဦးမယ္..ထြန္းရင္လည္းပါမယ္”

ခဏအၾကာတြင္ ဂႏၶမာေသာင္းရီ ဆိုင္အေပၚထပ္မွ ဆင္းလာ၏။
ဘသိန္းက မတ္တပ္ထရပ္လိုက္သည္။

“ကိုဂႏၶမာ....”

ဂႏၶမာက ဘသိန္းကို စိုက္ၾကည့္ကာ သူ႔ေရွ႕က ခုံကို ဆြဲယူကာ ဝင္ထိုင္လိုက္သည္။

“ဘသိန္း...ဖိုးတုတ္ ကို ေနာက္ဆုံး မင္းေတြ႕ခဲ့ေတာ့ သူဘာေျပာသြားေသးလဲ”

ဘသိန္းက သက္ျပင္းခ်လိုက္သည္။

“အကိုဖိုးတုတ္ အေလာင္းပဲ ကြၽန္ေတာ္မီလိုက္တယ္..ကိုဂႏၶမာ”

သူတို႔ ေခတၱမွ် တိတ္ဆိတ္ေနၾကသည္။

“မသင္းျမေရာ”

“သူကေတာ့ ေတာင္ျပဳန္းနဲ႔ ရန္ကုန္သြားလိုက္လာလိုက္ပဲ....နတ္ကႏၵားစီး ေဟာခန္း ဖြင့္ထားတယ္..ေအးေအးေဆးေဆးပါပဲ”

“မင္းေရာ..ဘာေတြလုပ္ေနလဲ”

“အေမဆုံးသြားေတာ့ ကြၽန္ေတာ္တို႔လင္မယား..ဘဲဥပြဲ႐ုံပဲ ဆက္လုပ္ေနတယ္”

“ေအးကြာ..ေကာင္းပါတယ္..ကေလးေရာ ရၿပီလား”

“သုံးေယာက္ရၿပီဗ်”

“ေအာ္..သုံးေယာက္ေတာင္လား”

“ကိုဂႏၶမာ..ကြၽန္ေတာ္ တစ္ခု ေျပာလို႔ရမလား”

“ဘာလဲ.ဘသိန္း”

“အခု ေထာင္ကလြတ္ၿပီဆိုေတာ့..အရင္ အလုပ္ေတြ ဆက္လုပ္မွာလား”

“ဘာျဖစ္လို႔ ေမးတာလဲ...ဘသိန္း”

“အခုက အဂၤလိပ္ေခတ္လိုမဟုတ္ေတာ့ဘူး..ကိုဂႏၶမာ”

“ငါသိပါတယ္ကြာ..ေထာင္ထဲေနေပမယ့္..အျပင္က အေျခအေနေတြ အၿမဲ ၾကားေနတာပဲ”

“မဟုတ္ဘူး..အကို..ကြၽန္ေတာ္ အကိုဖိုးတုတ္ လို ကိုဂႏၶမာကို ထပ္မျဖစ္ေစခ်င္ေတာ့ဘူး... ကိုဖိုးတုတ္မရွိလည္း ခင္ဗ်ားက ကြၽန္ေတာ့္အကိုပဲမဟုတ္လား”

“ဟူး...ခက္တယ္..ဘသိန္းရာ....ဒါနဲ႔ မင္းအရက္ေသာက္မလား”

“ကြၽန္ေတာ္ မေသာက္ေတာ့တာၾကာၿပီ အကို..ၿပီးေတာ့ မနက္ေစာေစာႀကီး”

“ငါေတာ့ ေသာကၼွရမယ္ကြာ..မင္းကိုျမင္ေတာ့ ငါ့သူငယ္ခ်င္းဖိုးတုတ္ကို သတိရတယ္..”

“အေသာင္းေရ...ေမာင့္ကို.ဝီစကီတစ္ခြက္နဲ႔ ရမ္တစ္ခြက္ေလာက္ တစ္ပက္စီ ထည့္ခဲ့ေပးပါလား”

ခဏအၾကာတြင္ မေသာင္းက ဝီစကီတစ္ဖန္ခြက္ႏွင့္ ရမ္တစ္ဖန္ခြက္ကို ေရခဲတုံးေလးမ်ား ထည့္ကာ အျမည္းေျမပဲဆားေလွာ္ႏွင့္အတူ လာခ်ေပး၏။

“ကြၽန္ေတာ္ မေသာက္ဖူးေနာ္..အကို”

“ေအးပါ...မင္းအတြက္လည္းမဟုတ္ပါဘူး..ငါ့သူငယ္ခ်င္းဖိုးတုတ္အတြက္ပါ”

ဂႏၶမာေသာင္းရီက ဝီစကီခြက္ကို ခုံလြတ္ေနရာတြင္ တင္ထားလိုက္ၿပီး ရမ္ကို တစ္ငုံငုံလိုက္သည္။

“ဘသိန္း..မင္းသိလား..ဂ်ပန္ေခတ္တုန္းက မင္းအကိုကို ကင္ေပတိုင္ကဖမ္းသြားတာ..သူ႔ကို ငါျပန္ကယ္ထုတ္လာခဲ့ဖူးတယ္.... ငါတို႔ေလာကမွာ ကတိကဝတ္ေတြ ေက်းဇူးတရားေတြ မ်ားလာေလ...႐ုန္းမရျပဳမရျဖစ္ေလပဲကြ..အခုလည္း ငါအျပင္ထြက္လာတာ..အဲ့ဒီ ႀကိဳးေတြနဲ႔ ထြက္လာရတာ.. ငါ ဆက္လုပ္ရဦးမယ္ကြာ....ဖိုးတုတ္ရွိရင္လည္း သူနားလည္မွာပါ”

“ဟုတ္ပါတယ္ဗ်ာ..ခင္ဗ်ားတို႔ သူငယ္ခ်င္းႏွစ္ေယာက္ ဟာ ငယ္ငယ္ကတည္းက ဒီလိုအခ်ိဳးေတြဆိုတာ ကြၽန္ေတာ္သိပါတယ္..ကြၽန္ေတာ္ကလည္း စိုးရိမ္လို႔ပါ...ကြၽန္ေတာ္ ျပန္လိုက္ဦးမယ္..ဆိုင္က ဖြင့္ရဦးမွာမို႔.. မသင္းျမ ေတာင္ျပဳန္းက ျပန္ေရာက္ရင္လည္း ကြၽန္ေတာ္ေျပာလိုက္ပါ့မယ္”

ဘသိန္းက ဂႏၶမာေသာင္းရီကို ႏႈတ္ဆက္ကာ ထျပန္သြားသည္။
ဂႏၶမာက ဖိုးတုတ္အတြက္ ငွဲ႔ထားေသာ ဝီစကီခြက္ကိုပါ တရွိန္ထိုး ေမာ့ပစ္လိုက္သည္။

“ေရာ့..အကိုႀကီး ရဲ႕ ေထာင္ထြက္လကၼွတ္”

စံဘ၊ ထြန္းရင္ႏွင့္ ေခ်ာရင္ ျပန္ေရာက္လာၿပီး ေခ်ာရင္ က ဂႏၶမာေသာင္းရီ၏ ေရွ႕တြင္ ဝင္ထိုင္လိုက္သည္။

“ေခ်ာရင္..နင္တို႔ ဘယ္ကလာတာလဲ”

“ရန္ကုန္ေထာင္ႀကီးက ျပန္လာတာပါ....အကိုႀကီးတို႔အတြက္‌ ေထာင္ထြက္လကၼွတ္သြားယူေပးတာ..ၿပီးေတာ့ ဒီေန႔ လြတ္တဲ့အထဲ အကိုႀကီးလူေတြ ပါလာတယ္..အဲ့ဒါ သူတို႔ကိုပါ အကိုႀကီးနဲ႔ ေတြ႕ေပးခ်င္လို႔”

“ဘယ္သူေတြလဲ”

“ကိုထြန္းရင္..အကို႔လူေတြ သြားေခၚလိုက္ပါဦး”

ခဏအၾကာတြင္ ထြန္းရင္ႏွင့္အတူ လူႏွစ္ဦး ဆိုင္တြင္း ဝင္လာသည္။

“...ခ်စ္ညိဳ နဲ႔ ေဇာ္မိုက္ ”

“ဟုတ္တယ္...ကိုဂႏၶမာႀကီး....ကြၽန္ေတာ္တို႔လည္း လြတ္လြတ္ခ်င္း ကိုထြန္းရင္ တို႔ လာေစာင့္ေနတာနဲ႔ အကိုႀကီးက အလုပ္ေပးမယ္လို႔ေျပာလို႔ ေတြ႕ရေအာင္လိုက္လာၾကတာ”

“ေဟ..ငါလည္း မင္းတို႔လို အခုမွ လြတ္တာေလကြာ..ဘယ္ကေန အလုပ္ေပးရမွာလဲ”

“‌ေဟာ့ဒီ..မမေလးက ေျပာလို႔ပါ”

“ဟင္.‌..ေခ်ာရင္..နင္က ဘာအလုပ္ေပးမွာလဲ”

“အကိုႀကီးအထဲမွာရွိေနတုန္း..ကြၽန္မတို႔ အေနာက္ပိုင္းလူမိုက္ ျမက်င္ အဖြဲ႕ေတြနဲ႔ ျပႆနာတက္ၾကတယ္... သူတို႔ ကိုစံဘကို သတ္ဖို႔ လာလုပ္ေသးတယ္..ကြၽန္မတို႔ ကိုယ္ကြၽန္မတို႔ ကာကြယ္ဖို႔ အင္အားလိုတယ္...အကိုႀကီး”

ဂႏၶမာက မေသာင္းကို ၾကည့္လိုက္သည္။ မေသာင္းက ေခ်ာရင္စကားမွန္ေၾကာင္း ေခါင္းညိမ့္ျပလိုက္၏။

“ေအးေလ..အဲ့ဒါေတာ့ ဟုတ္ၿပီ..ေလာေလာဆယ္..နင္က သူတို႔ကို ဘယ္က လစာေပးၿပီး ဘာအလုပ္ခန႔္မွာလဲ ေခ်ာရင္”

“ကဲ..ကိုထြန္းရင္ ရွင့္လူေတြ ဘာမွမစားရေသးဘူးထင္တယ္..ဆိုင္မွာရွိတာေတြသာ မမေသာင္း ကို ေမးၿပီး ခ်ေကြၽးထားလိုက္..အကိုႀကီးနဲ႔ ညီမ စကားေျပာစရာရွိတယ္..အေပၚထပ္သြားၾကရေအာင္”

စံဘ၊ ေခ်ာရင္ႏွင့္ ဂႏၶမာတို႔ အေပၚထပ္သို႔ တက္လိုက္ၾကသည္။

“စိန္ဓါးေျမႇာင္ကို ေထာင္ထဲျပန္သြင္းဖို႔နဲ႔ ျပဴေစာထီးအဖြဲ႕တြက္ လူစုထားဖို႔ ဗိုလ္ေမာင္ေမာင္ကတဆင့္ ေငြရွစ္ေသာင္း ေပးလိုက္တာကို ညီမလက္ခံထားတယ္..အကိုႀကီး”

ဂႏၶမာက ေခ်ာရင္ကို တအံတၾသစိုက္ၾကည့္သည္။

“ဟ ေငြက မ်ားလွခ်ည္လား..ဒါေတြကို ငါလည္း ဘာမွ မသိရပါလား..ေခ်ာရင္”

“ေၾသာ္...အကိုႀကီးတို႔ က ေထာင္ထဲေနေနရတာ..ဘယ္သိမလဲ..ညီမပဲ ဗိုလ္ေမာင္ေမာင္နဲ႔ေတြ႕ၿပီး အားလုံးစီမံထားရတာ”

“အဲ့ဒါေတာ့ ေမာင္ေမာင္ ငါ့ကို ေျပာပါတယ္...ပိုက္ဆံကိစၥေတာ့မပါဘူး”

“ပိုက္ဆံေရာ ေထာင္ထြက္လက္မွတ္ပါ..ဒီမနက္မွရတာေလ...ဗိုလ္ေမာင္ေမာင္ကေတာ့ တပ္ျပန္သြားၿပီ...ဆက္သြယ္စရာရွိတာနဲ႔ ျပန္လာလိမ့္မယ္”

“ဒါနဲ႔ စိန္ဓါးေျမႇာင္က ခုေန ဘယ္မွာေနမွန္းေတာင္ငါမသိဘူး..သူ႔ကို ဘယ္လိုငါတို႔က လုပ္မွာလဲ”

“စိန္ဓါးေျမႇာင္ ရန္ကုန္မွာ ေသခ်ာေပါက္ရွိတယ္လို႔ အစိုးရပိုင္းက ေသခ်ာသိေနတယ္...သူ တစ္ေနရာရာမွ အသြင္ေျပာင္းေနတာပဲ...အကိုႀကီးနဲ႔ သူလည္း ေထာင္ထဲမွာ ျပႆနာေတြရွိခဲ့တယ္ဆို...ညီမမွာ သူ႔ကို ထြက္လာေအာင္လုပ္ဖို႔ အႀကံရွိတယ္..အကိုႀကီး... ညီမက အႀကံေပးမယ္.အကိုႀကီးက အခု ေထာင္ကထြက္လာတဲ့ အကိုႀကီးတပည့္ေတြကို ခိုင္းေပးဖို႔ပဲ..”

“အင္း..ေခ်ာရင္..နင္မလြယ္ဘူးပဲဟ”

“ညီမတို႔ ရပ္တည္ေရးအတြက္ လုပ္စရာရွိတာေတာ့ လုပ္ရမွာပဲ..အကိုႀကီး..အခုဆို အကိုႀကီးနဲ႔ ကိုထြန္းရင္လည္း ေရာက္လာၿပီ။ ညီမတို႔ အစိုးရပိုင္းနဲ႔လည္း အဆက္အသြယ္ရွိၿပီ..ေငြအားလည္းရွိေနၿပီ...လုပ္စရာရွိတာလုပ္ေပးၿပီး ကိုယ္လိုခ်င္တာ တည္ေဆာက္ရမွာပဲမဟုတ္လား”
...................................................................................
၁၉၅၄ ဩဂုတ္လ ၃ ရက္။ ည ၈ နာရီခြဲ။

ရန္ကုန္ၿမိဳ႕ ကန္ေတာ္ေလးရပ္၊ ၈၈ လမ္ အိမ္အမွတ္(၃၉) ရွိ ဦးသာခ်စ္ ၏ ေနအိမ္သို႔ ပစၥတိုတစ္လက္ႏွင့္ ဓါးကိုင္ထားေသာ လူငါးဦး အိမ္တံခါးကို ေခါက္လိုက္သည္။

ဦးသာခ်စ္မိန္းမ ေဒၚစိန္ရင္က တံခါးကို သြားဖြင့္ေသာအခါ နဖူးကို ပစၥတိုျဖင့္ ေထာက္ထားလိုက္၏။

ထို႔ေနာက္ လူငါးေယာက္လုံး အိမ္တြင္း ဝင္လာၾကကာ ေဒၚစိန္ရင္ကို ဓါးျဖင့္ေထာက္လိုက္ၿပီး “က်ဳပ္တို႔ စိန္ဓါးေျမႇာင္တပည့္ေတြပဲ...ရွိတာ အကုန္ထုတ္စမ္း”
ဓါးျပမ်ားက ေဒၚစိန္ရင္ ႏွင့္ အိမ္သားမ်ားကို အိမ္ေနာက္ခန္းသို႔ေခၚသြင္းသြားၿပီး တစ္ရာတန္ ငါး႐ြက္၊ က်ပ္တန္တစ္ရာအုပ္ ေလးအုပ္ႏွင့္ စုစုေပါင္း ေငြ (၉၀၀)ကို ယူငင္ၾကသည္။

ဦးသာခ်စ္သားထံမွလည္း ေ႐ႊၾကယ္သီးႀကိဳး၊ နာရီ၊ လက္စြပ္မ်ား ခြၽတ္ယူၾကသည္။

ထို႔ေနာက္ အျခားပစၥည္းမ်ားအား ထပ္မံရွာေဖြေနစဥ္ ေဒၚစိန္ရင္က  အိမ္ေရွ႕႐ုတ္တရက္ေျပးထြက္သြားသည္။

“ဓါးျပတိုက္ေနပါတယ္..ဓါးျပ..ဓါးျပ”

ရပ္ကြက္မွ လူမ်ားက မီးကင္းသံေခ်ာင္းကို ေခါက္လိုက္ရာ မၾကာမီ လူအုပ္ႀကီးက အိမ္ကို ဝိုင္းထားၿပီး ရဲတပ္ဖြဲ႕ ေရာက္လာေလသည္။

ထိုအမႈတြင္ စိန္ဓါးေျမႇာင္တပည့္ဆိုသူ ငမဲ၊ တင္ေမာင္၊ ေမာင္ေအးတို႔ကို မႈခင္းလက္ေထာက္ရဲမင္းႀကီး ဦးသီးဦးေဆာင္သည့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိလိုက္သည္။
ေသနတ္ကိုင္သူအပါအဝင္ က်န္ႏွစ္ေယာကၼွာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့သည္။
...................................................................................

“ခါေလး..ထြန္းခင္..အႏွင္းတို႔ လာၾကစမ္း..လာၾကစမ္း”
အိမ္ေပၚထပ္မွ စိန္ဓါးေျမႇာင္၏ အသံေၾကာင့္ ခါေလးႏွင့္ ထြန္းခင္တို႔ အိမ္ေပၚေျပးတက္သြားၾကသည္။

စိန္ဓါးေျမႇာင္က ဗမာ့ေခတ္သတင္းစာကို ကိုင္ထား၏။

“ဒီမွာ ဖတ္ၾကည့္စမ္း..ငါ့တပည့္ေတြတဲ့..ကန္ေတာ္ေလးမွာ ဓါးျပတိုက္သြားတာ..ဒီေကာင္ေတြ ဘယ္ကေကာင္ေတြလဲ..မင္းတို႔သိလား”

ခါေလးက သတင္းစာကို ယူၾကည့္လိုက္သည္။

“ငမဲ၊ တင္ေမာင္ ၊ ေမာင္ေအး တဲ့...ကြၽန္ေတာ္ေတာ့ ဒီေကာင္ေတြကို နာမည္လည္းမသိဘူး လူလည္း တစ္ခါမွ မျမင္ဖူးဘူး..ဆရာႀကီး”

“ဒလသန္းေအာင္ကို ခုခ်က္ခ်င္းသြားေခၚ၊ ေနာက္ လွည္းကူးက ဆရာတင္တို႔၊ အင္းစိန္က ငေထြးတို႔အဖြဲ႕ေတြ အကုန္စုစမ္း။ ဒီေကာင္ေတြဘယ္အဖြဲ႕ကလဲ ေမးစမ္း။ ငါမသိပဲ ငါ့နာမည္သုံးရင္ အကုန္သတ္ခံရမယ္လို႔ ေျပာလိုက္..ေတာက္..ဘယ့္ႏွယ့္ကြာ..လူးပါးဝလို႔”

ကန္ေတာ္ေလးဓါးျပမႈတြင္ တိမ္ျမဳပ္ေနေသာ စိန္ဓါးေျမႇာင္နာမည္သည္ သတင္းစာမ်ားတြင္ ျပန္လည္ ေပၚေပါက္လာခဲ့သည္။

ျပည္ေထာင္စုျမန္မာႏိုင္ငံတိုင္းရင္းေဆးဆရာမ်ားအသင္း(ပမတဆ)၏ အေထြေထြအတြင္းေရးမႉးျဖစ္ေနၿပီျဖစ္ေသာ ဆရာသိန္း ေခၚ စိန္ဓါးေျမႇာင္သည္ သူမသိလိုက္ရပဲ သူ႔နာမည္ထြက္ ေပၚလာေသာ ဓါးျပမႈအတြက္ အလြန္ပင္ ေဒါသထြက္ေနခဲ့သည္။

စိန္ဓါးေျမႇာင္၏ အုပ္ခ်ဳပ္မႈေအာက္တြင္ရွိေသာ နယ္ေျမအလိုက္ဓါးျပဂိုဏ္းမ်ားကလည္း သူတို႔လက္ခ်က္မဟုတ္ေၾကာင္း အသီးသီး ျငင္းဆိုၾကသည္။

စိန္ဓါးေျမႇာင္ အၾကပ္႐ိုက္ေလၿပီ။
စိန္ဓါးေျမႇာင္၊ မျမၾကည္၊ ခါေလး၊ ထြန္းခင္၊ အႏွင္း တို႔ သီးသန႔္အစည္းအေဝးျပဳလုပ္ၾကသည္။
ထိုအစည္းအေဝးတြင္ လူသစ္အျဖစ္ ေဆးဆရာဆရာတင္လည္း ပါဝင္လာသည္။ 

“ကန္ေတာ္ေလးအမႈကေကာင္ေတြက ငါ့နာမည္ကို အာေခ်ာင္ၿပီး ေျပာတာမဟုတ္ရင္...ဒီအမႈေနာက္ကြယ္မွာ တစ္ခုခုရွိေနၿပီလို႔ ငါထင္တယ္..ငါ့ကို ေထာင္ေခ်ာက္ဆင္တဲ့အကြက္ပဲကြ..လက္သည္ျဖစ္ႏိုင္တာေတာ့ သခင္သိန္းပဲ”

“ကြၽန္မတို႔ ဘာဆက္လုပ္ၾကမလဲ..အကို”
“ဘာမွ ဆကၼလုပ္နဲ႔..ျမၾကည္...ေလာေလာဆယ္...ဒီေကာင္ေတြ ဘယ္သူေတြလဲဆိုတာ စုံစမ္းဖို႔ နီးစပ္ရာအမႈနဲ႔ ေထာင္ထဲကိုတစ္ေယာက္လိုက္သြားမွျဖစ္မယ္”

“ကြၽန္ေတာ္လိုက္သြားမယ္..ဆရာႀကီး”

ခါေလးက ထေျပာသည္။

“ခါေလး..မင္းက ငါ့ေဘးနားမွာ ရွိေနမွျဖစ္မွာေလ..”

“ကြၽန္ေတာ္က တေကာင္ႂကြက္ပါ..ဆရာႀကီး...ကြၽန္ေတာ္ေထာင္က်လို႔ လြမ္းမယ့္သူ၊ ငိုမယ့္သူမရွိပါဘူး”

အႏွင္းက ခါေလး၏ မ်က္ႏွာကို လွမ္းၾကည့္လိုက္သည္။

“ေအးေလ....မင္းဆိုရင္ေတာ့ ငါစိတ္ခ်ပါတယ္..ဒါေပမယ့္..အမႈႀကီးနဲ႔ေတာ့ အၾကာႀကီးမဝင္နဲ႔ေလကြာ..တလတန္ေလာက္ အမႈနဲ႔ဝင္ေပါ့”

“အနည္းဆုံးလူ႐ိုက္မႈေလာက္နဲ႔ေတာ့ ဝင္မွ ျဖစ္မယ္ဆရာႀကီး..ေထာင္အေၾကာင္းလဲသိသားနဲ႔..အမႈေသးရင္ လူကို အထင္ေသးခ်င္ၾကတာ”

“ေအးကြာ..ကိစၥသိရၿပီဆိုတာနဲ႔ မင္းလြတ္ဖို႔ ငါစီစဥ္ေပးမယ္..ဘာမွမပူနဲ႔..ခါေလး မရွိ‌ေတာ့ ခါေလးအလုပ္ေတြကို ဝင္းေမာင္ပဲ ၾကည့္လုပ္ထားလိုက္”

“ဟုတ္ကဲ့ပါ..ဆရာႀကီး”

“ဆရာတင္ ဟိုတေလာက ၂၈ လမ္းက ကုလားသူေဌးသားေလးကို ျပန္ေပးဆြဲတာ ရတဲ့ေငြ တစ္သိန္း က်ဳပ္ဆီ နတ္မတင္ရေသးဘူးေနာ္”

“ကြၽန္ေတာ္ ဆရာႀကီးဆီ နတ္တင္ဖို႔ ေငြႏွစ္ေသာင္းကို တေလာက လွည္းကူးဖက္ကို သန္းေအာင္လာေတာ့ သူနဲ႔ေပးခိုင္းလိုက္ပါတယ္ေလ”

“ဟာ..ေခါေလး..ညေန ဒီေကာင့္ကို သြားေခၚစမ္းကြာ..ၾကားထဲက မလည္ရႈပ္လုပ္ေနတယ္”
.....................................................................................
ေခ်ာရင္ က သတင္းစာကို ဂႏၶမာေသာင္းရီ ေရွ႕သို႔ ျဖန႔္ျပလိုက္သည္။

“ဘယ္လိုလဲ..အကိုႀကီး..တြင္းေအာင္းေနတဲ့ စိန္ဓါးေျမႇာင္ႀကီး အခုဆို ကလိကလိျဖစ္ေနေလာက္ၿပီ”

ဂႏၶမာက သတင္းစာကို ေသခ်ာဖတ္ၾကည့္လိုက္သည္။
“ေလာေလာဆယ္ေတာ့...ငါတို႔လူသုံးေယာက္...ရင္းလိုက္ရတာပဲ”

“ရင္းသင့္တာေတာ့ ရင္းရမွာေပါ့..သူတို႔ကိုလည္း ထိုက္သင့္သေလာက္ေပးထားတာပဲကို...မၾကာခင္..စိန္ဓါးေျမႇာင္ ညီမတို႔ဆီ သူ႔ဟာသူေရာက္လာလိမ့္မယ္..အကိုႀကီး..ညီမတို႔က ထိုင္ေစာင့္႐ုံပဲ”

ထိုအခ်ိန္တြင္ စံဘႏွင့္ထြန္းရင္က ဆိုင္အ‌ေပၚထပ္သို႔ တက္လာသည္။

“ကိုဂႏၶမာ..သတင္းထူးပါတယ္”

“ဘာမ်ားလဲကြ”

“ကိုဂႏၶမာလြတ္လာတာနဲ႔ပတ္သက္ၿပီး မေန႔ညက ဖေရဇာက နာဂ်စ္အာရတ္အိမ္မွာ နာဂ်စ္နဲ႔ ဦးျမက်င္ စည္းေဝးၾကတယ္...မဂ်စ္ခန္းလည္းပါတယ္တဲ့”

“မင္း..ဘယ္ကၾကားတာလဲ”

“ေဇာ္မိုက္ဆီက သတင္းပဲ။ ေဇာ္မိုက္ သူငယ္ခ်င္းတစ္ခ်ိဳ႕က ဦးျမက်င္ဆီမွာ လုပ္ေနၾကတာ။ အဓိကက လမ္းမေတာ္မွာ ကြၽန္ေတာ္တို႔အဖြဲ႕ေတြ ေျခကုပ္ျပန္မယူႏိုင္ေရးအတြက္ ခင္ဗ်ားကို သတ္ၾကဖို႔ ဆုံးျဖတ္ထားၾကတယ္တဲ့”

“ဟား..ဒီေစာက္႐ူးေတြနဲ႔ေတာ့ကြာ...ကဲ..စံဘ ငါ့ကို ခ်ိန္းႀကိဳးေကာင္းေကာင္းတစ္ေခ်ာင္းေလာက္ လုပ္ေပးထားစမ္းပါဦး”

“ခ်ိန္းႀကိဳးထက္အေရးႀကီးတာရွိတယ္......ကိုခ်စ္ညိဳနဲ႔ ကိုေဇာ္မိုက္တို႔ကို ဒီဆိုင္မွာလာအိပ္ခိုင္းလိုက္ေတာ့...ကိုစံဘ .သူတို႔ကို ရသေလာက္လူေတြစုခိုင္းထား. ပိုက္ဆံလိုသေလာက္ေပးမယ္ေျပာ..ေျခာက္လုံးျပဴးႏွစ္လက္ကိုလည္း က်ည္အျပည့္ထိုးထား.. ….သိပ္မၾကာခင္ သူတို႔ ဒီဆိုင္ကို ေရာက္လာၾကမွာအေသအခ်ာပဲ”

ေခ်ာရင္ကို ဂႏၶမာက မ်က္ေမွာင္ႀကဳံ႕ကာ ၾကည့္လိုက္သည္။

တစ္စုံတစ္ခု ေျပာရန္ ျပင္လိုက္ၿပီးမွ အံကို ႀကိတ္ကာ ထထြက္သြား၏။

ထြန္းရင္က ဂႏၶမာေသာင္းရီ၏ ‌ေက်ာျပင္ကို ၾကည့္ၿပီးေနာက္ ႏွမျဖစ္သူ ေခ်ာရင္ကို ၾကည့္ကာ ေခါင္းကို ခပ္ျဖည္းျဖည္းခါလိုက္သည္။

ခက္ေဇာ္

Comments

Post a Comment