The Guys From Mandalay, 1950s အခန်း(၂၄)
The Guys From Mandalay, 1950s
အခန်း(၂၄)
..................................................................
“ချောရင်....နင် ကိုဂန္ဓမာကြီးကို ဘယ်လိုလေသံနဲ့ ပြောလိုက်တာလဲ”
“ဘယ်လိုပြောလို့လဲ...အစ်ကိုထွန်းရင်ရဲ့”
“နင်သိထားဖို့က ဂန္ဓမာသောင်းရီ ဆိုတာ ကိုဖိုးတုတ်မရှိတော့ကတည်းက ငါတို့ ရဲ့ အကိုကြီးပဲ...ငါလည်း ထောင်ထဲမှာ သူ့အရိပ်အာဝါသအောက်နေလာတာ”
“ညီမ..သိပါတယ်...ဒါပေမယ့်...အခု ညီမတို့ ရင်ဆိုင်နေရတာက ဒီနေရာမှာ ရပ်တည်နိုင်ဖို့အရေး လုပ်နေကြရတာ.တချို့ကိစ္စတွေက မိုက်ရဲသတ်ရဲ ရုံနဲ့လည်း မပြီးဘူးဆိုတာလည်း အစ်ကိုတို့ သိစေချင်တာ”
ထိုအချိန်တွင် ခါလေး၊ အနှင်းနှင့် သန်းအောင်တို့ ဆိုင်ထဲဝင်လာသဖြင့် သူတို့ စကားစပြတ်သွားသည်။
“မချောရင်ရေ....ဘီယာနှစ်ပုလင်းနဲ့ ဘဲကင်တစ်ခြမ်းပေးပါ”
ချောရင်က အောက်သို့ ဆင်းသွား၏။
“.မမနှင်းလည်း..ပါတာကို...ဘာသောက္မလဲ...မမ”
“ဆိုဒါပဲသောက်တော့မယ်..ချောရင်”
ချောရင်က ဆိုင်နောက်ဖေးသို့ ပြန်ဝင်သွားသည်။
“ကိုခါလေးတို့ ဆရာကြီးကို ကူပြောပေးပါဦးဗျာ..ကျွန်တော့်ရည်းစားရဲ့ အကိုတစ်ယောက် ဗတလစ ရဲ့ အမတော်ကြေးတွေ စာရင်းကွာနေလို့ ခဏစိုက်ထားပေးရလို့ပါ..ကျွန်တော်ပြန်ပေးမှာပါ”
သန်းအောင်က ခါလေးကို ခပ်တိုးတိုးပြောသည်။
“ဦးလေးကြီး..အကြောင်း..မင်းသိအောင် ငါပြောထားမယ်..သန်းအောင်..ဦးလေးကြီးဟာ အခက်အခဲရှိရင် နားလည်ပေးတယ်..မင်းဘက်က ပွင့်ပွင့်လင်းလင်းပြောဖို့သာပဲ..အခုတော့ မင်းက ဆရာတင်နဲ့ ဦးလေးကြီး ကြားမှာ လူလည်ကျသလိုဖြစ်နေတာ.”
“ဟုတ်ပါတယ်...စိန်ဓါးမြှောင်ရယ်လို့ မဖြစ်လာခင် ဘုန်းကြီးဘဝကတည်းက သူ ကျွန်တော့်ကို မမမြကြည်တို့ အိမ်မှာ ကယ်ခဲ့တဲ့ကျေးဇူးရှိပါတယ်..ကျွန်တော်က ကျေးဇူးရှင်ကို လူလည်ကျပါ့မလားဗျာ”
ထိုအချိန်တွင် ချောရင်က ဘီယာနှစ်လုံး၊ဖန်ခွက်နှစ်ခွက်နှင့် ဖောက်တံကို ဗန်းယူလာပြီး ချပေးသဖြင့် သူတို့ စကားစရပ်သွားသည်။
ချောရင်ထွက်သွားပြီးနောက် သန်းအောင်က ဘီယာပုလင်းကိုဖောက်လိုက်ပြီး ဖန်ခွက်ထဲထည့်ကာ ခါလေးရှိရာ တိုးပေးလိုက်သည်။
ထို့နောက်သူ့ရှေ့မှဖန်ခွက်ထဲသို့ ဘီယာကိုဖောက်ထည့်လိုက်ပြီး မော့ချလိုက်၏။
ထိုအချိန်တွင် ဂန္ဓမာသောင်းရီက အပေါ်ထပ်မှ ဆင်းလာသည်။
သန်းအောင်က ဂန္ဓမာသောင်းရီကို မြင်သဖြင့် မျက်စိမျက်နှာပျက်သွား၏။
“ကိုခါလေး...ကျွန်တော်ကိစ္စတစ်ခုရှိတာ မေ့နေလို့...ပြန်တော့မယ်”
သန်းအောင်က ရုတ်တရက် ထကာ ဆိုင်ထဲမှ ထွက်သွားသောကြောင့် ခါလေးနှင့်အနှင်းမှာ အံဩနေကြသည်။
“ဒီကောင်ဘာဖြစ်တာလဲ”
အနှင်း က ခေါင်းခါပြပြီး ချောရင် လာချပေးသောဆိုဒါကို ဖန်ခွက်ထဲထည့်ကာ တစ်ငုံသောက်လိုက်၏။
“ခါလေး..နင် တကယ် ထောင်ထဲဝင်မှာလား”
ခါလေးက ရယ်လိုက်သည်။
“...မနှင်းရယ်...ဝင်ပါမယ်ဆိုမှ”
“တခြားလူ ဝင်ခိုင်းပါလားဟာ..ကိုငန်းနက်ကို ဆက်သွယ်ပြီး သူ့လူထဲက တစ်ယောက်ယောက်ကို ဝင်ခိုင်းလည်း ရရဲ့သားနဲ့”
“နေပါစေဗျာ..ကျွန်တော်က..”
“ဘာလဲ..နင်ထောင်ထဲဝင်ရင်..ငိုမယ့်သူမရှိတဲ့ တစ်ကောင်ကြွက်လို့ ပြောဦးမလို့လား”
ခါလေးက အနှင်းကို ပြုံးပြပြီး ဘီယာတစ်ခွက် ထပ်ငှဲ့လိုက်သည်။
"နင် မသိပါဘူး..ခါလေးရာ..နင်ေထာင်ထဲသွားရင် ဝမ်းနည်းမယ့်သူ ရှိပါတယ်...အဲ့ဒါ နင်သိလား”
အနှင်းစကားကြောင့် ခါလေး ရုတ်တရက်ငိုင်သွား၏။ ခေါင်းငိုက်စိုက်ကျသွား၏။
အသက်ကို ခပ်ပြင်းပြင်းရှုကာ ခေါင်းပြန်မော့လိုက်ပြီး အနှင်းကို စိုက်ကြည့်လိုက်သည်။
ထို့နောက် ခါလေးက စကားကို တစ်လုံးချင်း ပြောချလိုက်သည်။
“ဘဲကင်ကလည်း မရသေးဘူးလားမသိဘူး.... ကြာလိုက်တာနော်..မနှင်း”
“စောက်ရူး...အရေးထဲ စောက်ငတ်ထနေတယ်..ငါ့မှာ သေနတ်ပါရင်..နင်ခေါင်းပွင့်တယ်..ခါေလး”
အနှင်းက ခါလေးကို ကြိမ်းဝါးပြီး ထထွက်သွား၏။
ခါလေး တစ်ယောက်တည်း စားပွဲတွင် ကျန်ရစ်ခဲ့သည်။
...................................................................
ဦးမြကျင်။
အသက် (၆၂)နှစ် ဟု ထင်စရာမရှိ။
တောင့်တင်းသောခန္ဓာကိုယ်၊ အသားညိုညိုနှင့်။
ကာကီဘောင်းဘီကိုဝတ်ထားပြီး ဘောင်းဘီနောက်တွင် ခြောက်လုံးပြူးသေနတ်တစ်လက်ကို ထိုးထား၏။
ပင်သောင်ဆိုင်၏ အပေါ်ထပ်သီးသန့်စားပွဲထိပ်တွင် ထိုင်ကာ လမ်းမတော်လူမိုက်ယက္ခ ခေါ် အရှုပ်တိုအဖွဲ့ နှင့် အစည်းအဝေးထိုင်နေခြင်းဖြစ်သည်။
အရှေ့ပိုင်းလူမိုက် နာဂျစ်အာရတ် ထံမှ လူများနှင့် ပေါင်းကာ အရှုပ်၏ နယ်မြေအတွင်း ဆိုင်လာဖွင့်ထားကြသော လမ်းမတော်ဖိုးတုတ်အုပ်စုမှ လက်ကျန်လူ ဂန္ဓမာသောင်းရီ၊ ထွန်းရင်နှင့် စံဘတို့ကို လက်စတုံးရန် အစီအစဥ်ဆွဲနေကြခြင်းပင်။
ထိုအချိန်တွင် သီးသန့်အခန်းအတွင်းသို့ ပင်သောင်ဆိုင်၏ မန်နေဂျာတရုတ် က မတ်တပ်လာရပ်သည်။
“ဟေ့.ထောင်ကဲ..ဘာကိစ္စလဲ..ငါတို့မခေါ်ဘဲ..ဝင်မလာနဲ့လို့ ပြောထားတယ်မဟုတ်လား”
“ဆရာကီးဦးမြကျင်ကို တွေ့ချင်တဲ့ ဧည့်သည်အောက်မှာ ရောက်နေလို့ပါ”
“ဘယ်သူတဲ့လဲကွ”
“ဂန္ဓမာသောင်းရီတဲ့”
“ဟမ်”
ဦးမြကျင် က ခါးကြားမှ သေနတ်ကို ဆွဲထုတ်ကာ အောက်သို့ဆင်းရန် မန်နေဂျာကို တွန်းဖယ်လိုက်သည်။
သို့သော် ဦးမြကျင်မျက်နှာကို တစ်စုံတစ်ခုဖြင့် ကန့်လန့်ဖြတ် အရှိန်ဖြင့် ဝင်ရိုက်ခြင်းခံလိုက်ရသည်။
ဖြောင်းခနဲ အသံနှင့်အတူ ဦးမြကျင် လက်ထဲမှ သေနတ်လွင့်ထွက်သွားပြီး မျက်နှာကို အုပ်ကာ လဲကျသွား၏။
ဂန္ဓမာသောင်းရီက ပင်သောင်ဆိုင်၏ ဘုရားစင်ဘေးတွင် အလှချိတ်ထားသော ကြေးပုတီးကုံးကြီးဖြင့် ဦးမြကျင် မျက်နှာအား ဖျက်ရိုက်လိုက်ခြင်းဖြစ်သည်။
အရှုပ်မှာ ဂန္ဓမာကြီးကို ရုတ်တရက်မြင်လိုက်ရသဖြင့် မှင်သက်နေမိသည်။
ဂန္ဓမာက ကြေးပုတီးဖြင့် အရှုပ်၏ မျက်နှာကို ထပ်မံဖြတ်ရိုက်လိုက်သော်လည်း အရှုပ်က သတိရှိသဖြင့် ခေါင်းငုံ့ ရှောင်လိုက်သည်။
အရှုပ်တပည့်တစ်ဦးက ဂန္ဓမာကို ဘီယာပုလင်းဖြင့် ပစ်ပေါက်သည်။
ဂန္ဓမာက ရှောင်လိုက်သဖြင့် ပုလင်းမှာ နံရံနှင့်ထိပြီး ခွမ်းခနဲကွဲသွား၏။
ဂန္ဓမာက အောက်တွင် လဲနေသော ဦးမြကျင်ကို ဖြတ်ကန်လိုက်ချိန်တွင် အရှုပ်က ဓါးမြှောင်ဖြင့် ဝင်လုံးတော့သည်။
ဦးမြကျင် က ဂန္ဓမာလက်ချက်ကြောင့် ပြုတ်ကျသွားသော ခြောက်လုံးပြူးကို လိုက်ရှာနေသည်။
အရှုပ်၏ လူသုံးယောက်က ဂန္ဓမာကို ပုလင်းများဖြင့် ဝိုင်းရိုက်ကြသည်။
“မအေလိုးတွေ..အကုန်သတ်ကွာ”
ဆိုင်ထဲသို့ စံဘနှင့် ထွန်းရင်တို့ ပြေးဝင်လာကြသည်။
အောက်ထပ်တွင် ရှိသော အရှုပ်တပည့်များကလည်း တုတ်များဖြင့် ဝင်ရိုက်ကြသဖြင့် ရှုပ်ထွေးကုန်သည်။
ထွန်းရင်က ဆိုင်ရှေ့အခေါက်ကင်မှန်ပုံးရှေ့မှ ဓါးမကို ဆွဲကာ လိုက်ခုတ်သည်။ အရှုပ်တပည့်များနှင့် ထွန်းရင် ရှုပ်ထွေးနေချိန်တွင် စံဘက အပေါ်ထပ်သို့ တက်ရန် ကြိုးပမ်းနေ၏။
ဂန္ဓမာက ကြေးပုတီးကို လက်တွင်ပတ်ကာ အရှုပ်၏ မျက်နှာကို အဆက္မပြတ်ထိုးနေ၏။
အရှုပ်တပည့်များကလည်း သူတို့ဆရာအား ဂန္ဓမာလက်မှလွတ်ရန် ဂန္ဓမာခေါင်းကို ပုလင်းများဖြင့် ဝိုင်းရိုက်ကြသည်။
သို့သော် ဂန္ဓမာကား မလွှတ်။
အရှုပ်မျက်နှာက မြင်မကောင်းအောင် သွေးများဖြင့် ရွှဲစိုနေသည်။
ဦးမြကျင်က စားပွဲခုံအောက္မှ သေနတ်ကို ရသွားသည်။
“ဟေ့ကောင်တွေ..ဖယ်”
အရှုပ်တပည့်နှစ်ယောက်က ဖယ်လိုက်ချိန်တွင် ဦးမြကျင် က ဂန္ဓမာသောင်းရီ၏ ကျောပြင်ကို ချိန်ပြီး သေနတ်ကို မောင်းတင်လိုက်သည်။
“ဟေ့..နှမလိုးကြီး”
ဦးမြကျင်နောက္မှ အသံကြားသဖြင့် လှည့်လိုက်ချိန်တွင် စံဘက ခက်ရင်းဖြင့် လည်ပင်းကို စိုက်ချလိုက်ပြီဖြစ်သည်။
သွေးများ ဗွက်ခနဲ ထွက်လာ၏။ ဦးမြကျင်က အားခနဲအော်ရင်း သေနတ်မောင်းကိုဆွဲချလိုက်သည်။
ဒိုင်းခနဲ အသံနှင့်အတူ စံဘ လွင့်ထွက်သွား၏။
ဦးမြကျင်က စံဘကို နောက်တစ်ချက် ပစ်ရန် ချိန်လိုက်သည့်အချိန်တွင် ခါလေးရောက်လာပြီး သူ့ခေါင်းပေါ်သို့ ဖန်ခွက်ဖြင့် ထုလိုက်သဖြင့် ရှေ့သို့ လဲကျသွားသည်။
ခါလေးက ဖန်ခွက်ကို ကိုင်လျက် ဦးမြကျင် အနီးမှ အရှုပ်တပည့်တစ်ဦးကို လိုက်ထုပြန်သည်။
ဂန္ဓမာသောင်းရီက သူ့လက်ထဲတွင် ပျော့ခွေနေသော အရှုပ်ကို လွှတ်ကာ ဘီယာပုလင်းအကွဲတစ်ခုကို ကောက်ယူပြီး သေနတ်ကိုင်လျက် ပြန်ကုန်းထနေသော ဦးမြကျင်ကို ဝင်လုံးကာ လည်ပင်းကို စိုက်ချလိုက်သည်။
ဦးမြကျင် ငြိမ်သက်သွားသည်။
အရှုပ်တပည့်များလည်း အောက်သို့ ဆင္းပြေးကြ၏။
ခါလေးက တဖက်ခန်းမှ အရက်ပုလင်းတစ်လုံး သွားယူပြီး စံဘ၏ ကျည်ထိထားသော ပုခုံးပေါ်သို့ လောင်းချပေးသည်။
စံဘက နာလွန်းသဖြင့် အံကြိတ်နေ၏။
“ဟေ့ကောင်..အဲ့ဒါ ရမ်ပုလင်းကြီးကွ...နှမြောစရာကြီး..တဝက်ပဲလောင်းပြီး..ဒီဘက်ကိုပေး”
လဲကျနေသော ဦးမြကျင် ပေါ်တွင် ထိုင်နေသော ဂန္ဓမာသောင်းရီက ခါလေးထံမှ ပုလင်းကို တောင်းသဖြင့် ခါလေးက ကမ်းပေးလိုက်သည်။
ဂန္ဓမာက ခါလေး ဘေးနားမှ ဖန်ခွက်ကို ကောက်ယူကာ ရမ်နည်းနည်းထည့်ကျင်းကာ ဦးမြကျင် မျက်နှာကို ပက်လိုက်သည်။
ထို့နောက် ရမ်နှစ်ပက်ခန့်ထပ်ထည့်ပြီး မော့ချလိုက်၏။
ခါလေးမှာ ဂန္ဓမာသောင်းရီကို မသောင်းယောက်ျား အဖြစ်သာ သိထားသော်လည်း ယခုကဲ့သို့ လူသတ်ပြီး အလောင်းပေါ်ထိုင်ကာ အေးအေးဆေးဆေး ရမ်ထိုင်သောက်နေသည်ကိုမြင်ရသည့်အခါ တအံတဩဖြစ်နေ၏။
ထိုအချိန်တွင် ဆိုင်ရှေ့ဘက်ဆီမှ ရဲကားသံများ၊ ၀ီစီမှုတ်သံများ ကြားလိုက်ရသည်။
ထွန်းရင်က ဓါးမကို ကိုင်ကာ ဆိုင်ပေါ်ထပ်သို့ ပြေးတက်လာ၏။
“ရဲတွေလာနေပြီကွ”
“ထွန်းရင်.နဲ့ ခါလေး.မင်းတို့ ကိုဂန္ဓမာကို ခေါ်ပြီး အနောက်ဘက် ကနေ ခုန်ချပြေးကွာ..ငါနေခဲ့မယ်”
“စံဘ.မင်းရူးနေလား....အတူတူပြေးမယ်လေ”
“ဟေ့ကောင်..မြို့လည်ခေါင် လူသတ်မှုကွ..မြကျင်ကြီးကတော့သေပြီ..ဟိုတရုတ်လည်း သေမှာပဲ...မင်းနဲ့ ကိုဂန္ဓမာက ထောင်ထဲအကြာကြီးနေခဲ့တာ..ပြန်မဝင်နဲ့တော့..ငါလည်း တစ်ခေါက်လောက်ဝင်ဖူးတယ်ရှိအောင်.ဝင်မလို့ကွ”
“စံဘ..ငါတို့နဲ့လိုက်ခဲ့”
“မလိုက်ဘူး..ကိုဂန္ဓမာ..ခင်ဗျားလုပ်စရာတွေအများကြီးကျန်သေးတယ်..ဒီတခါ အထဲပြန်ဝင်ရင် အစိုးရက ခင်ဗျားကို သတ်ပစ်မှာသေချာတယ်...သွားပါဗျာ...သွား”
ထိုအချိန်တွင် နောက်ဖေးပေါက်တံခါးမှ ချစ်ညို ဝင်ချလာသည်။
“ဟေ့လူတွေ..ရှေ့မှာ ရဲတွေရောက်နေပြီ....မြန်မြန်လာကြတော့”
“ဟ..ချစ်ညို မင်း ဘယ်လိုရောက်လာတာလဲ”
“နောက်လမ်းမှာ မချောရင်လည်း စောင့်နေတယ်..မြန်မြန်လာကြတော့”
“ကဲ..သွားကြပါတော့ဗျာ..သွားကြ”
ထွန်းရင်က ဂန္ဓမာသောင်းရီကို တွဲကာ ခေါ်ထုတ်သွားသည်။
ဂန္ဓမာက စံဘကို တစ်ချက်ကြည့်ကာ
“အေး..ဒါဆိုလည်း ငါသွားပြီ..ေရာ့...ဒီမှာ ဘုရားစင်နားက ငါဖြုတ်လာတဲ့ ကြေးပုတီး..မင်းထွက်ရင် ပြန်ချိတ်ပေးခဲ့ပါဦး”
ဂန္ဓမာက သူ့လက်ထဲမှ ကြေးပုတီးကို စံဘ ထံ ပေးကာ ထွက်သွား၏။
ခါလေးက ထိုလူစုကို အံသြတကြီးဖြစ်နေသည်။
“မင်းတို့ကောင်တွေ ဘယ်လိုကောင်တွေလဲဟ..စံဘ..မသောင်းယောက်ျားကြီးကလည်း လူသတ်ပြီး ရမ်တောင်သောက်နေသေး”
“ဟေ့ကောင်..ခါလေး..မင်းက ဘာထိုင်လုပ်နေတာလဲ...မင်းလည်းသွားလေ”
“ငါလည်း ရန်ကုန်ထောင်ကို မရောက်ဖူးလို့..စံဘ..အဖော်ရှိတုန်း အတူဝင်ကြမယ်လေ”
“ဒါနဲ့ မင်းက ဘယ်က ဘယ်လို ရောက်လာတာလဲ..ခါလေး”
“မနှင်း ထွက်သွားတော့ မင်းတို့ဆိုင်မှာ ငါတစ်ယောက်တည်းကျန်ခဲ့တယ်ကွ..မင်းတို့ကို မတွေ့တော့ မသောင်းကို မေးကြည့်တယ်..မသောင်းမျက်နှာကလည်း တစ်ခုခုကို စိုးရိမ်နေပုံပဲ..အစ်အောက်မေးတော့မှ သူ့ယောက်ျားတစ်ယောက်တည်း ဦးမြကျင်ကို သတ်ဖို့ထွက်သွားတာ..မင်းတို့က နောက်က လိုက်သွားတယ်ဆိုလို့..ငါလည်း နောက်က လိုက်လာတာပဲ”
“မင်းကွာ..မင်းနဲ့ လည်း မဆိုင်ပဲနဲ့”
“ငါနဲ့ မဆိုင်ဘူးဆိုပြီး နေရင်..ဟိုတခါ ဗားကရာမှာထဲက မင်းသေနေပြီ..စံဘ..ပြီးတော့ ငါ့လည်း ရန်ကုန်ထောင်ထဲ ဝင်စရာကိစ္စလေး နည်းနည်းရှိလို့ပါကွာ”
သေနတ်သံများကြားသည်ဆိုသဖြင့် ရဲဝန်ထောက်ဦးဘဟန် ဦးဆောင်သော အဖွဲ့သည် ပင်သောင် စားသောက်ဆိုင် ထဲသို့ စနစ်တကျနေရာယူကာ ဝင်လာကြသည်။
ဆိုင်အတွင်း ဓားဒဏ်ရာအလူးလူးဖြင့်လဲကျနေသော အရှုပ်တပည့်လူမိုက်များကို တွေ့ကြရသည်။
ဆိုင်အပေါ်ထပ်သို့ မန်နေဂျာက လက်ညှိးထိုးပြသည်။
ရဲများတက်သွားကြသည့်အခါ စားပွဲဝိုင်းဘေး ထိုင်ခုံပေါ်တွင် လူနှစ်ဦး ထိုင်ကာ စကားလက်ဆုံကြနေသည်။
တစ်ဦးက ပုခုံးတွင် ရထားသော သေနတ်ဒဏ်ရာကို လက်ဖြင့် အုပ်ထားသည်။
သူတို့ခြေရင်းတွင်တော့ ခြောက်လုံးပြူးသေနတ်ကိုကိုင်လျက် အသက်ပျောက်နေသော ရန်ကုန်အရှေ့ပိုင်းလူမိုက်ဂိုဏ်းချုပ်ကြီးဆိုသည့် ဦးမြကျင်။
နဘေးနားသွေးအိုင်ထဲတွင် အသက်ငင်နေသူမှာ လမ်းမတော်လူမိုက် ယက္ခခေါ် အရှုပ်။
...................................................................................
သောင်းဘား။
ဂန္ဓမာ၏မျက်နှာမှ ဒဏ်ရာများကို မသောင်းက ဆေးထည့်ပေးနေသည်။
ထွန်းရင်၏ လက်မှ ဓါးဒဏ်ရာကို ချစ်ညိုနှင့် ဇော်မိုက်က ပက်တီးစည်းပေးနေ၏။
ချောရင် က ခြောက်လုံးပြူးသေနတ်ကို စားပွဲပေါ်တင်ကာ ထိုင်နေသည်။
“အဲ့ဒါနဲ့ပဲ..ရှင်တို့က ကျွန်မယောက်ျားကို ထားခဲ့ကြတယ်ပေါ့”
ဂန္ဓမာကဘာမှ မပြော။
“စံဘက သူနေခဲ့မယ်ပြောလို့ပါ.....သူပြောသလို ကိုဂန္ဓမာမှာ လုပ်စရာတွေရှိသေးတယ်လေ..ချောရင်.နင်လဲ သိသားနဲ့”
ချောရင်က ဂန္ဓမာကို စူးစိုက်ကြည့်လိုက်သည်။
“သွားမယ်ဆို ကျွန်မကို နည်းနည်းပါးပါးတိုင်ပင်ကြပါလား.... အခု ကျွန်မဆွဲထားတဲ့ အစီအစဥ်တွေ အားလုံး ကပေါက်တိကပေါက်ချာဖြစ်ကုန်ပြီ...ကိုဇော်မိုက်နဲ့ ကိုချစ်ညို လူတွေ ကို ကျွန်မ အသင့်စုထားပြီးမှ လူအင်အားနဲ့ သွားကြရင်တောင် ဒီလောက် ဖြစ်စရာမရှိဘူး..ရှင်တို့ကြောင့် ကျွန်မယောက်ျားသေသွားရင် ဘယ်လိုလုပ်မလဲ..ပြောလေ..ပြော”
ဂန္ဓမာသောင်းရီက မသောင်း၏ လက်ကို ဖယ်လိုက်ပြီး ချောရင်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ချောရင်၏ ပုခုံးကို ကိုင်ကာ
“ညီမလေး..အကိုတောင်းပန်ပါတယ်..စံဘက အကို့ညီပါ...ထွန်းရင်ကလည်း အကို့ညီပါ.ချောရင်ကလည်း အကို့ညီမလေးပါပဲ”
ချောရင် က စားပွဲပေါ်ရှိ ခြောက်လုံးပြူးကို ယူလိုက်သည်။
“ဟော့ဒီ သေနတ်က ပစ်ရင်တော့ ကျည်ထွက်တာပဲ..ဒါပေမယ့်..သွေးဆူပြီး ထစ်ခနဲဆို ထ မောင်းဆွဲတာနဲ့ ပစ်မှတ်ကို သေချာချိန်ပြီး မောင်းဆွဲတာ တော့ မတူဘူးဆိုတာ အကိုကြီး နားလည်မှာပါ... မလိုအပ်ပဲ ကိုယ့်ကျည်ဆံတွေကို မဖြုန်းပစ်သင့်ဘူး..လောလောဆယ်တော့ ကျွန်မတို့ဆီမှာ ကိုစံဘ လျော့သွားပြီ... ဒီကြားထဲ ကိုခါလေးက ပါသွားသေးတယ်”
“စံဘလျော့သွားပေမယ့်..မြကျင်ကြီးလည်းသေပြီလေ..ချောရင်...ငါတို့ ဒီလောကမှာ တိုက်ခဲ့ခိုက်ခဲ့ကြတာ အရတော့ တစ်ခုခုကို နိုင်ချင်ရင် တစ်ခုခုတော့ ရင်းရတာပဲ..အဲ့ဒါကိုလည်း နင်နားလည်ထား”
ထွန်းရင်က ဝင်ပြောလိုက်သည်။
“မြကျင်သေတာနဲ့ ဒီကိစ္စပြီးမယ်လို့ ထင်လား...နာဂျစ်အာရတ်က မြကျင်တပည့်တွေကို စုပြီး ကျွန်မတို့ကို မီးကုန်ရမ်းကုန် တိုက်လိမ့်မယ်..အဲ့ဒါကို ရော အကိုထွန်းရင် တွေးမိလား..ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ရှင်တို့အားလုံး နည်းနည်းလေးတောင် တွေးကြရဲ့လား”
“ချောရင်...ဒီမှာ နင့်ထက် အားလုံးအကြီးတွေချည်းပဲ..နင်စကားပြေတာ လွန်မလာနဲ့”
ဂန္ဓမာက ထွန်းရင်ကို လက်ကာပြလိုက်ရင်း...
“ကဲ..ထွန်းရင်..မင်း မပြောနဲ့တော့..ကဲ..ငါ့နှမ ချောရင်...နောက်ဆို အကိုကြီးတို့ တိုင်တိုင်ပင်ပင်လုပ်ပါ့မယ်လို့ ကတိပေးပါတယ်...အကိုကြီးအထဲရောက်နေချိန်က မသောင်းကို ချောရင်တို့ လင်မယားစောင့်ရှောက်ပေးထားတဲ့ ကျေးဇူးတွေရှိနေတာပဲ...စိတ်ချပါ..အကိုကြီးတို့ နောက်ကိစ္စတွေအကောင်းဆုံးဖြစ်အောင်လုပ်ကြမယ်... အကိုကြီးတို့ သူ့အမှုအတွက် အကောင်းဆုံး စီစဥ်ကြတာပေါ့”
“လောလောဆယ်..ညီမ ကိုစံဘကိုတွေ့ရမှဖြစ်မယ်..ဘယ်မှာသွားတွေ့ကြမလဲ”
“လောလောဆယ်တော့ သွားမတွေ့နဲ့ဦး..ချောရင်...ဒီကိစ္စ မောင်မောင့်ကို ငါတို့ အသိပေးပြီးမှ လုပ်စရာရှိတာ ဆက်လုပ်ရမယ်.နာဂျစ်အာရတ်လူတွေရော၊ ဦးမြကျင်လူတွေရော၊ ရဲဘက်ကပါ တို့တွေကို သေချာစောင့်ကြည့်နေမှာ..ဦးမြကျင်ကို သတ်လိုက်တဲ့ကိစ္စ လက်တုံ့ပြန်လာမှာ စိုးရတယ်”
“အကိုကြီးဂန္ဓမာ ရှင် ဘာမှမသိဘူး...ကိုစံဘ ကို ကျွန်မတို့ အမြန်ဆုံးတွေ့ရမှတော့ဖြစ်မယ်..နို့မဟုတ်ရင်..ဟူး”
ချောရင်က သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်သည်။
အပြင်ဘက်ရှိ ညကား နက်သည်ထက် နက်လာနေတော့သည်။
....................................................................................
“ခါလေးနဲ့အတူ ဖမ်းခံရတာ ဘယ်သူတွေလဲ”
“ကျွန်မတို့ ထိုင်ေနကျ တရုတ်တန်း သောင်း ဘားက စံဘဆိုတဲ့ တစ်ယောက်ပါ..ဆရာကြီး”
“ဘယ်လိုဖြစ်ကြတာတဲ့လဲ”
“ကျွန်မလည်း သူ့ကို ထားခဲ့ပြီး ဆိုင်ကာ ထွက်လာတာ။ နောက်ပိုင်း ဘာတွေဆက်ဖြစ်ကြတယ်မသိဘူး။ ပင်သောင်ဘားမှာ လူသတ်မှုနဲ့ ဖမ်းခံရတယ်ဆိုပြီး ပုလိပ်က လာအကြောင်းကြားမှ သိတာပဲ”
“ဟုတ်ပြီ..အနှင်း...ခါလေးကတော့ သူ့အလုပ်သူ တာဝန်ကျေကျေလုပ်သွားပြီပဲ...သူ့အမှုကိစ္စကို လျော့ပေါ့အောင် လုပ်ပေးဖို့ လုပ်စရာရှိတာလုပ်ရမယ်..တင့်ဆွေကို ကြေးနန်းရိုက်..ဒီမှာ ဘယ်ရှေ့နေနဲ့ ဆက်သွယ်ရမလဲဆိုတာ မေး... ခါလေး ထောင်ကြီးချုပ်ရောက်တာနဲ့ သူ့ဆီ ထောင်ဝင်စာတွေ့ရင်း သတင်းတွေမှန်မှန်ယူဖို့ ရင်ရင် ကို တာဝန်ပေးမယ်”
“ကျွန်မကိုပဲ တာဝန်ပေးစေချင်ပါတယ်...ဆရာကြီး”
အနှင်းက ထပြောသည်။
စိန်ဓါးမြှောင်က အနှင်းကို ကြည့်ရင်း ပြုံးလိုက်သည်။
“အင်း..နေပါဦး...ညည်းက အဲ့ဒီနေ့က ခါလေးနဲ့အတူ အဲ့ဒီဆိုင်ကို နှစ်ယောက်တည်းဘာသွားလုပ်ကြတာတုန်း”
“ကိုသန်းအောင်က ဆရာကြီးကို ဟိုပိုက်ဆံကိစ္စ ဖြောင့်ဖြပေးဖို့ ပြောကြရင်း ထိုင်ဖြစ်ကြတာပါ”
“အင်း..သန်းအောင်က အဲ့ဒီနေ့ ညကပဲ ငါ့ကို ပေးစရာရှိတဲ့ ပိုက်ဆံလာပေးသွားတယ်လေ...ညည်းက ဘာလို့ ခါလေးကို ထားပြီး ထပြန်လာရတာတုန်း”
အနှင်းက ခေါင်းငုံ့သွားသည်။
“ကဲ..ဆက္မမေးတော့ပါဘူး...အနှင်းပဲ ခါလေးကို တွေ့ဖို့လုပ်တော့..သူ့ကို ဘယ်စခန်းက ဖမ်းတာလဲသိလား”
“ညက လမ်းမတော်စခန်းမှာ သွားမေးပြီးပြီ...လူဆိုးဂိုဏ်းချင်းတိုက်ပွဲလို့ ယူဆလို့ အလယ်ပိုင်းခရိုင်၊ ဒုစရိုက်နှိမ်နင်းရေးကို လွှဲပေးလိုက်တယ်တဲ့၊ ကမ်းနားလမ်း ပုလိပ်ရုံးကြီးမှာ စစ်နေပြီး ဘယ်သူမှ တွေ့ခွင့်မပေးသေးဘူးတဲ့”
“ခါလေး..နဲ့ အတူ ရန်ဖြစ်ကြတဲ့လူတွေက လူဆိုးဂိုဏ်းသားတွေလား”
“ဟုတ်တယ်....အနောက်ပိုင်းက နာမည်ကြီးလူမိုက် ဦးမြကျင်လေ...ဆရာကြီးသိပါတယ်..ဟိုတခါ ကျွန်မတို့ သူ့အမအိမ်ကို ဝင်တိုက်ပြီး သူ့ငွေတွေယူခဲ့ကြသေးတယ်လေ”
“ငါသိပြီ..အနှင်း....တခါလည်း သောင်းဘား လား အဲ့ဒီမှာ မိုက်ကြေးခွဲနေလို့ ညည်း သေနတ်နဲ့ ဝင်ချိန်ရတယ်ဆိုတာ”
မမြကြည်က ဝင်ပြောသည်။
“အင်း...ဟုတ်တယ်..အဲ့ဒီကိစ္စ ရန်ညိုးတွေနေမယ်...ပြီးတော့...အခု ခါလေးနဲ့အတူ ဖမ်းခံရတာ အရင် လမ်းမတော်ဖိုးတုတ်ဆိုလား လူမိုက်ကြီးရဲ့ညီတဲ့...သူတို့ အဖွဲ့က ထောင်ထွက်တွေလည်းပါနေတယ်တဲ့.. ဂန္ဓမာပန်းဆိုလား... ဂန္ဓမာကြီးဆိုလား...နာမည်ကြီးလူမိုက်ဟောင်းတစ်ယောက်လည်း ပါတယ်လို့ လူတွေပြောတာ ကြားတာပဲ”
“ဂန္ဓမာ.........ဟုတ်လား”
စိန်ဓါးမြှောင် က ပက်လက်ကုလားထိုင်တွင် ထိုင်နေရာမှ ရုတ်တရက်ခါးကို ဆန့်ကာ မတ်လိုက်သည်။
ခက်ဇော်
The Guys From Mandalay, 1950s
အခန္း(၂၄)
..................................................................
“ေခ်ာရင္....နင္ ကိုဂႏၶမာႀကီးကို ဘယ္လိုေလသံနဲ႔ ေျပာလိုက္တာလဲ”
“ဘယ္လိုေျပာလို႔လဲ...အစ္ကိုထြန္းရင္ရဲ႕”
“နင္သိထားဖို႔က ဂႏၶမာေသာင္းရီ ဆိုတာ ကိုဖိုးတုတ္မရွိေတာ့ကတည္းက ငါတို႔ ရဲ႕ အကိုႀကီးပဲ...ငါလည္း ေထာင္ထဲမွာ သူ႔အရိပ္အာဝါသေအာက္ေနလာတာ”
“ညီမ..သိပါတယ္...ဒါေပမယ့္...အခု ညီမတို႔ ရင္ဆိုင္ေနရတာက ဒီေနရာမွာ ရပ္တည္ႏိုင္ဖို႔အေရး လုပ္ေနၾကရတာ.တခ်ိဳ႕ကိစၥေတြက မိုက္ရဲသတ္ရဲ ႐ုံနဲ႔လည္း မၿပီးဘူးဆိုတာလည္း အစ္ကိုတို႔ သိေစခ်င္တာ”
ထိုအခ်ိန္တြင္ ခါေလး၊ အႏွင္းႏွင့္ သန္းေအာင္တို႔ ဆိုင္ထဲဝင္လာသျဖင့္ သူတို႔ စကားစျပတ္သြားသည္။
“မေခ်ာရင္ေရ....ဘီယာႏွစ္ပုလင္းနဲ႔ ဘဲကင္တစ္ျခမ္းေပးပါ”
ေခ်ာရင္က ေအာက္သို႔ ဆင္းသြား၏။
“.မမႏွင္းလည္း..ပါတာကို...ဘာေသာကၼလဲ...မမ”
“ဆိုဒါပဲေသာက္ေတာ့မယ္..ေခ်ာရင္”
ေခ်ာရင္က ဆိုင္ေနာက္ေဖးသို႔ ျပန္ဝင္သြားသည္။
“ကိုခါေလးတို႔ ဆရာႀကီးကို ကူေျပာေပးပါဦးဗ်ာ..ကြၽန္ေတာ့္ရည္းစားရဲ႕ အကိုတစ္ေယာက္ ဗတလစ ရဲ႕ အမေတာ္ေၾကးေတြ စာရင္းကြာေနလို႔ ခဏစိုက္ထားေပးရလို႔ပါ..ကြၽန္ေတာ္ျပန္ေပးမွာပါ”
သန္းေအာင္က ခါေလးကို ခပ္တိုးတိုးေျပာသည္။
“ဦးေလးႀကီး..အေၾကာင္း..မင္းသိေအာင္ ငါေျပာထားမယ္..သန္းေအာင္..ဦးေလးႀကီးဟာ အခက္အခဲရွိရင္ နားလည္ေပးတယ္..မင္းဘက္က ပြင့္ပြင့္လင္းလင္းေျပာဖို႔သာပဲ..အခုေတာ့ မင္းက ဆရာတင္နဲ႔ ဦးေလးႀကီး ၾကားမွာ လူလည္က်သလိုျဖစ္ေနတာ.”
“ဟုတ္ပါတယ္...စိန္ဓါးေျမႇာင္ရယ္လို႔ မျဖစ္လာခင္ ဘုန္းႀကီးဘဝကတည္းက သူ ကြၽန္ေတာ့္ကို မမျမၾကည္တို႔ အိမ္မွာ ကယ္ခဲ့တဲ့ေက်းဇူးရွိပါတယ္..ကြၽန္ေတာ္က ေက်းဇူးရွင္ကို လူလည္က်ပါ့မလားဗ်ာ”
ထိုအခ်ိန္တြင္ ေခ်ာရင္က ဘီယာႏွစ္လုံး၊ဖန္ခြက္ႏွစ္ခြက္ႏွင့္ ေဖာက္တံကို ဗန္းယူလာၿပီး ခ်ေပးသျဖင့္ သူတို႔ စကားစရပ္သြားသည္။
ေခ်ာရင္ထြက္သြားၿပီးေနာက္ သန္းေအာင္က ဘီယာပုလင္းကိုေဖာက္လိုက္ၿပီး ဖန္ခြက္ထဲထည့္ကာ ခါေလးရွိရာ တိုးေပးလိုက္သည္။
ထို႔ေနာက္သူ႔ေရွ႕မွဖန္ခြက္ထဲသို႔ ဘီယာကိုေဖာက္ထည့္လိုက္ၿပီး ေမာ့ခ်လိုက္၏။
ထိုအခ်ိန္တြင္ ဂႏၶမာေသာင္းရီက အေပၚထပ္မွ ဆင္းလာသည္။
သန္းေအာင္က ဂႏၶမာေသာင္းရီကို ျမင္သျဖင့္ မ်က္စိမ်က္ႏွာပ်က္သြား၏။
“ကိုခါေလး...ကြၽန္ေတာ္ကိစၥတစ္ခုရွိတာ ေမ့ေနလို႔...ျပန္ေတာ့မယ္”
သန္းေအာင္က ႐ုတ္တရက္ ထကာ ဆိုင္ထဲမွ ထြက္သြားေသာေၾကာင့္ ခါေလးႏွင့္အႏွင္းမွာ အံဩေနၾကသည္။
“ဒီေကာင္ဘာျဖစ္တာလဲ”
အႏွင္း က ေခါင္းခါျပၿပီး ေခ်ာရင္ လာခ်ေပးေသာဆိုဒါကို ဖန္ခြက္ထဲထည့္ကာ တစ္ငုံေသာက္လိုက္၏။
“ခါေလး..နင္ တကယ္ ေထာင္ထဲဝင္မွာလား”
ခါေလးက ရယ္လိုက္သည္။
“...မႏွင္းရယ္...ဝင္ပါမယ္ဆိုမွ”
“တျခားလူ ဝင္ခိုင္းပါလားဟာ..ကိုငန္းနက္ကို ဆက္သြယ္ၿပီး သူ႔လူထဲက တစ္ေယာက္ေယာက္ကို ဝင္ခိုင္းလည္း ရရဲ႕သားနဲ႔”
“ေနပါေစဗ်ာ..ကြၽန္ေတာ္က..”
“ဘာလဲ..နင္ေထာင္ထဲဝင္ရင္..ငိုမယ့္သူမရွိတဲ့ တစ္ေကာင္ႂကြက္လို႔ ေျပာဦးမလို႔လား”
ခါေလးက အႏွင္းကို ၿပဳံးျပၿပီး ဘီယာတစ္ခြက္ ထပ္ငွဲ႔လိုက္သည္။
"နင္ မသိပါဘူး..ခါေလးရာ..နင္ေထာင္ထဲသြားရင္ ဝမ္းနည္းမယ့္သူ ရွိပါတယ္...အဲ့ဒါ နင္သိလား”
အႏွင္းစကားေၾကာင့္ ခါေလး ႐ုတ္တရက္ငိုင္သြား၏။ ေခါင္းငိုက္စိုက္က်သြား၏။
အသက္ကို ခပ္ျပင္းျပင္းရႈကာ ေခါင္းျပန္ေမာ့လိုက္ၿပီး အႏွင္းကို စိုက္ၾကည့္လိုက္သည္။
ထို႔ေနာက္ ခါေလးက စကားကို တစ္လုံးခ်င္း ေျပာခ်လိုက္သည္။
“ဘဲကင္ကလည္း မရေသးဘူးလားမသိဘူး.... ၾကာလိုက္တာေနာ္..မႏွင္း”
“ေစာက္႐ူး...အေရးထဲ ေစာက္ငတ္ထေနတယ္..ငါ့မွာ ေသနတ္ပါရင္..နင္ေခါင္းပြင့္တယ္..ခါေလး”
အႏွင္းက ခါေလးကို ႀကိမ္းဝါးၿပီး ထထြက္သြား၏။
ခါေလး တစ္ေယာက္တည္း စားပြဲတြင္ က်န္ရစ္ခဲ့သည္။
...................................................................
ဦးျမက်င္။
အသက္ (၆၂)ႏွစ္ ဟု ထင္စရာမရွိ။
ေတာင့္တင္းေသာခႏၶာကိုယ္၊ အသားညိဳညိဳႏွင့္။
ကာကီေဘာင္းဘီကိုဝတ္ထားၿပီး ေဘာင္းဘီေနာက္တြင္ ေျခာက္လုံးျပဴးေသနတ္တစ္လက္ကို ထိုးထား၏။
ပင္ေသာင္ဆိုင္၏ အေပၚထပ္သီးသန႔္စားပြဲထိပ္တြင္ ထိုင္ကာ လမ္းမေတာ္လူမိုက္ယကၡ ေခၚ အရႈပ္တိုအဖြဲ႕ ႏွင့္ အစည္းအေဝးထိုင္ေနျခင္းျဖစ္သည္။
အေရွ႕ပိုင္းလူမိုက္ နာဂ်စ္အာရတ္ ထံမွ လူမ်ားႏွင့္ ေပါင္းကာ အရႈပ္၏ နယ္ေျမအတြင္း ဆိုင္လာဖြင့္ထားၾကေသာ လမ္းမေတာ္ဖိုးတုတ္အုပ္စုမွ လက္က်န္လူ ဂႏၶမာေသာင္းရီ၊ ထြန္းရင္ႏွင့္ စံဘတို႔ကို လက္စတုံးရန္ အစီအစဥ္ဆြဲေနၾကျခင္းပင္။
ထိုအခ်ိန္တြင္ သီးသန႔္အခန္းအတြင္းသို႔ ပင္ေသာင္ဆိုင္၏ မန္ေနဂ်ာတ႐ုတ္ က မတ္တပ္လာရပ္သည္။
“ေဟ့.ေထာင္ကဲ..ဘာကိစၥလဲ..ငါတို႔မေခၚဘဲ..ဝင္မလာနဲ႔လို႔ ေျပာထားတယ္မဟုတ္လား”
“ဆရာကီးဦးျမက်င္ကို ေတြ႕ခ်င္တဲ့ ဧည့္သည္ေအာက္မွာ ေရာက္ေနလို႔ပါ”
“ဘယ္သူတဲ့လဲကြ”
“ဂႏၶမာေသာင္းရီတဲ့”
“ဟမ္”
ဦးျမက်င္ က ခါးၾကားမွ ေသနတ္ကို ဆြဲထုတ္ကာ ေအာက္သို႔ဆင္းရန္ မန္ေနဂ်ာကို တြန္းဖယ္လိုက္သည္။
သို႔ေသာ္ ဦးျမက်င္မ်က္ႏွာကို တစ္စုံတစ္ခုျဖင့္ ကန႔္လန႔္ျဖတ္ အရွိန္ျဖင့္ ဝင္႐ိုက္ျခင္းခံလိုက္ရသည္။
ေျဖာင္းခနဲ အသံႏွင့္အတူ ဦးျမက်င္ လက္ထဲမွ ေသနတ္လြင့္ထြက္သြားၿပီး မ်က္ႏွာကို အုပ္ကာ လဲက်သြား၏။
ဂႏၶမာေသာင္းရီက ပင္ေသာင္ဆိုင္၏ ဘုရားစင္ေဘးတြင္ အလွခ်ိတ္ထားေသာ ေၾကးပုတီးကုံးႀကီးျဖင့္ ဦးျမက်င္ မ်က္ႏွာအား ဖ်က္႐ိုက္လိုက္ျခင္းျဖစ္သည္။
အရႈပ္မွာ ဂႏၶမာႀကီးကို ႐ုတ္တရက္ျမင္လိုက္ရသျဖင့္ မွင္သက္ေနမိသည္။
ဂႏၶမာက ေၾကးပုတီးျဖင့္ အရႈပ္၏ မ်က္ႏွာကို ထပ္မံျဖတ္႐ိုက္လိုက္ေသာ္လည္း အရႈပ္က သတိရွိသျဖင့္ ေခါင္းငုံ႔ ေရွာင္လိုက္သည္။
အရႈပ္တပည့္တစ္ဦးက ဂႏၶမာကို ဘီယာပုလင္းျဖင့္ ပစ္ေပါက္သည္။
ဂႏၶမာက ေရွာင္လိုက္သျဖင့္ ပုလင္းမွာ နံရံႏွင့္ထိၿပီး ခြမ္းခနဲကြဲသြား၏။
ဂႏၶမာက ေအာက္တြင္ လဲေနေသာ ဦးျမက်င္ကို ျဖတ္ကန္လိုက္ခ်ိန္တြင္ အရႈပ္က ဓါးေျမႇာင္ျဖင့္ ဝင္လုံးေတာ့သည္။
ဦးျမက်င္ က ဂႏၶမာလက္ခ်က္ေၾကာင့္ ျပဳတ္က်သြားေသာ ေျခာက္လုံးျပဴးကို လိုက္ရွာေနသည္။
အရႈပ္၏ လူသုံးေယာက္က ဂႏၶမာကို ပုလင္းမ်ားျဖင့္ ဝိုင္း႐ိုက္ၾကသည္။
“မေအလိုးေတြ..အကုန္သတ္ကြာ”
ဆိုင္ထဲသို႔ စံဘႏွင့္ ထြန္းရင္တို႔ ေျပးဝင္လာၾကသည္။
ေအာက္ထပ္တြင္ ရွိေသာ အရႈပ္တပည့္မ်ားကလည္း တုတ္မ်ားျဖင့္ ဝင္႐ိုက္ၾကသျဖင့္ ရႈပ္ေထြးကုန္သည္။
ထြန္းရင္က ဆိုင္ေရွ႕အေခါက္ကင္မွန္ပုံးေရွ႕မွ ဓါးမကို ဆြဲကာ လိုက္ခုတ္သည္။ အရႈပ္တပည့္မ်ားႏွင့္ ထြန္းရင္ ရႈပ္ေထြးေနခ်ိန္တြင္ စံဘက အေပၚထပ္သို႔ တက္ရန္ ႀကိဳးပမ္းေန၏။
ဂႏၶမာက ေၾကးပုတီးကို လက္တြင္ပတ္ကာ အရႈပ္၏ မ်က္ႏွာကို အဆကၼျပတ္ထိုးေန၏။
အရႈပ္တပည့္မ်ားကလည္း သူတို႔ဆရာအား ဂႏၶမာလက္မွလြတ္ရန္ ဂႏၶမာေခါင္းကို ပုလင္းမ်ားျဖင့္ ဝိုင္း႐ိုက္ၾကသည္။
သို႔ေသာ္ ဂႏၶမာကား မလႊတ္။
အရႈပ္မ်က္ႏွာက ျမင္မေကာင္းေအာင္ ေသြးမ်ားျဖင့္ ႐ႊဲစိုေနသည္။
ဦးျမက်င္က စားပြဲခုံေအာကၼွ ေသနတ္ကို ရသြားသည္။
“ေဟ့ေကာင္ေတြ..ဖယ္”
အရႈပ္တပည့္ႏွစ္ေယာက္က ဖယ္လိုက္ခ်ိန္တြင္ ဦးျမက်င္ က ဂႏၶမာေသာင္းရီ၏ ေက်ာျပင္ကို ခ်ိန္ၿပီး ေသနတ္ကို ေမာင္းတင္လိုက္သည္။
“ေဟ့..ႏွမလိုးႀကီး”
ဦးျမက်င္ေနာကၼွ အသံၾကားသျဖင့္ လွည့္လိုက္ခ်ိန္တြင္ စံဘက ခက္ရင္းျဖင့္ လည္ပင္းကို စိုက္ခ်လိုက္ၿပီျဖစ္သည္။
ေသြးမ်ား ဗြက္ခနဲ ထြက္လာ၏။ ဦးျမက်င္က အားခနဲေအာ္ရင္း ေသနတ္ေမာင္းကိုဆြဲခ်လိုက္သည္။
ဒိုင္းခနဲ အသံႏွင့္အတူ စံဘ လြင့္ထြက္သြား၏။
ဦးျမက်င္က စံဘကို ေနာက္တစ္ခ်က္ ပစ္ရန္ ခ်ိန္လိုက္သည့္အခ်ိန္တြင္ ခါေလးေရာက္လာၿပီး သူ႔ေခါင္းေပၚသို႔ ဖန္ခြက္ျဖင့္ ထုလိုက္သျဖင့္ ေရွ႕သို႔ လဲက်သြားသည္။
ခါေလးက ဖန္ခြက္ကို ကိုင္လ်က္ ဦးျမက်င္ အနီးမွ အရႈပ္တပည့္တစ္ဦးကို လိုက္ထုျပန္သည္။
ဂႏၶမာေသာင္းရီက သူ႔လက္ထဲတြင္ ေပ်ာ့ေခြေနေသာ အရႈပ္ကို လႊတ္ကာ ဘီယာပုလင္းအကြဲတစ္ခုကို ေကာက္ယူၿပီး ေသနတ္ကိုင္လ်က္ ျပန္ကုန္းထေနေသာ ဦးျမက်င္ကို ဝင္လုံးကာ လည္ပင္းကို စိုက္ခ်လိုက္သည္။
ဦးျမက်င္ ၿငိမ္သက္သြားသည္။
အရႈပ္တပည့္မ်ားလည္း ေအာက္သို႔ ဆင္းေျပးၾက၏။
ခါေလးက တဖက္ခန္းမွ အရက္ပုလင္းတစ္လုံး သြားယူၿပီး စံဘ၏ က်ည္ထိထားေသာ ပုခုံးေပၚသို႔ ေလာင္းခ်ေပးသည္။
စံဘက နာလြန္းသျဖင့္ အံႀကိတ္ေန၏။
“ေဟ့ေကာင္..အဲ့ဒါ ရမ္ပုလင္းႀကီးကြ...ႏွေျမာစရာႀကီး..တဝက္ပဲေလာင္းၿပီး..ဒီဘက္ကိုေပး”
လဲက်ေနေသာ ဦးျမက်င္ ေပၚတြင္ ထိုင္ေနေသာ ဂႏၶမာေသာင္းရီက ခါေလးထံမွ ပုလင္းကို ေတာင္းသျဖင့္ ခါေလးက ကမ္းေပးလိုက္သည္။
ဂႏၶမာက ခါေလး ေဘးနားမွ ဖန္ခြက္ကို ေကာက္ယူကာ ရမ္နည္းနည္းထည့္က်င္းကာ ဦးျမက်င္ မ်က္ႏွာကို ပက္လိုက္သည္။
ထို႔ေနာက္ ရမ္ႏွစ္ပက္ခန႔္ထပ္ထည့္ၿပီး ေမာ့ခ်လိုက္၏။
ခါေလးမွာ ဂႏၶမာေသာင္းရီကို မေသာင္းေယာက္်ား အျဖစ္သာ သိထားေသာ္လည္း ယခုကဲ့သို႔ လူသတ္ၿပီး အေလာင္းေပၚထိုင္ကာ ေအးေအးေဆးေဆး ရမ္ထိုင္ေသာက္ေနသည္ကိုျမင္ရသည့္အခါ တအံတဩျဖစ္ေန၏။
ထိုအခ်ိန္တြင္ ဆိုင္ေရွ႕ဘက္ဆီမွ ရဲကားသံမ်ား၊ ၀ီစီမႈတ္သံမ်ား ၾကားလိုက္ရသည္။
ထြန္းရင္က ဓါးမကို ကိုင္ကာ ဆိုင္ေပၚထပ္သို႔ ေျပးတက္လာ၏။
“ရဲေတြလာေနၿပီကြ”
“ထြန္းရင္.နဲ႔ ခါေလး.မင္းတို႔ ကိုဂႏၶမာကို ေခၚၿပီး အေနာက္ဘက္ ကေန ခုန္ခ်ေျပးကြာ..ငါေနခဲ့မယ္”
“စံဘ.မင္း႐ူးေနလား....အတူတူေျပးမယ္ေလ”
“ေဟ့ေကာင္..ၿမိဳ႕လည္ေခါင္ လူသတ္မႈကြ..ျမက်င္ႀကီးကေတာ့ေသၿပီ..ဟိုတ႐ုတ္လည္း ေသမွာပဲ...မင္းနဲ႔ ကိုဂႏၶမာက ေထာင္ထဲအၾကာႀကီးေနခဲ့တာ..ျပန္မဝင္နဲ႔ေတာ့..ငါလည္း တစ္ေခါက္ေလာက္ဝင္ဖူးတယ္ရွိေအာင္.ဝင္မလို႔ကြ”
“စံဘ..ငါတို႔နဲ႔လိုက္ခဲ့”
“မလိုက္ဘူး..ကိုဂႏၶမာ..ခင္ဗ်ားလုပ္စရာေတြအမ်ားႀကီးက်န္ေသးတယ္..ဒီတခါ အထဲျပန္ဝင္ရင္ အစိုးရက ခင္ဗ်ားကို သတ္ပစ္မွာေသခ်ာတယ္...သြားပါဗ်ာ...သြား”
ထိုအခ်ိန္တြင္ ေနာက္ေဖးေပါက္တံခါးမွ ခ်စ္ညိဳ ဝင္ခ်လာသည္။
“ေဟ့လူေတြ..ေရွ႕မွာ ရဲေတြေရာက္ေနၿပီ....ျမန္ျမန္လာၾကေတာ့”
“ဟ..ခ်စ္ညိဳ မင္း ဘယ္လိုေရာက္လာတာလဲ”
“ေနာက္လမ္းမွာ မေခ်ာရင္လည္း ေစာင့္ေနတယ္..ျမန္ျမန္လာၾကေတာ့”
“ကဲ..သြားၾကပါေတာ့ဗ်ာ..သြားၾက”
ထြန္းရင္က ဂႏၶမာေသာင္းရီကို တြဲကာ ေခၚထုတ္သြားသည္။
ဂႏၶမာက စံဘကို တစ္ခ်က္ၾကည့္ကာ
“ေအး..ဒါဆိုလည္း ငါသြားၿပီ..ေရာ့...ဒီမွာ ဘုရားစင္နားက ငါျဖဳတ္လာတဲ့ ေၾကးပုတီး..မင္းထြက္ရင္ ျပန္ခ်ိတ္ေပးခဲ့ပါဦး”
ဂႏၶမာက သူ႔လက္ထဲမွ ေၾကးပုတီးကို စံဘ ထံ ေပးကာ ထြက္သြား၏။
ခါေလးက ထိုလူစုကို အံၾသတႀကီးျဖစ္ေနသည္။
“မင္းတို႔ေကာင္ေတြ ဘယ္လိုေကာင္ေတြလဲဟ..စံဘ..မေသာင္းေယာက္်ားႀကီးကလည္း လူသတ္ၿပီး ရမ္ေတာင္ေသာက္ေနေသး”
“ေဟ့ေကာင္..ခါေလး..မင္းက ဘာထိုင္လုပ္ေနတာလဲ...မင္းလည္းသြားေလ”
“ငါလည္း ရန္ကုန္ေထာင္ကို မေရာက္ဖူးလို႔..စံဘ..အေဖာ္ရွိတုန္း အတူဝင္ၾကမယ္ေလ”
“ဒါနဲ႔ မင္းက ဘယ္က ဘယ္လို ေရာက္လာတာလဲ..ခါေလး”
“မႏွင္း ထြက္သြားေတာ့ မင္းတို႔ဆိုင္မွာ ငါတစ္ေယာက္တည္းက်န္ခဲ့တယ္ကြ..မင္းတို႔ကို မေတြ႕ေတာ့ မေသာင္းကို ေမးၾကည့္တယ္..မေသာင္းမ်က္ႏွာကလည္း တစ္ခုခုကို စိုးရိမ္ေနပုံပဲ..အစ္ေအာက္ေမးေတာ့မွ သူ႔ေယာက္်ားတစ္ေယာက္တည္း ဦးျမက်င္ကို သတ္ဖို႔ထြက္သြားတာ..မင္းတို႔က ေနာက္က လိုက္သြားတယ္ဆိုလို႔..ငါလည္း ေနာက္က လိုက္လာတာပဲ”
“မင္းကြာ..မင္းနဲ႔ လည္း မဆိုင္ပဲနဲ႔”
“ငါနဲ႔ မဆိုင္ဘူးဆိုၿပီး ေနရင္..ဟိုတခါ ဗားကရာမွာထဲက မင္းေသေနၿပီ..စံဘ..ၿပီးေတာ့ ငါ့လည္း ရန္ကုန္ေထာင္ထဲ ဝင္စရာကိစၥေလး နည္းနည္းရွိလို႔ပါကြာ”
ေသနတ္သံမ်ားၾကားသည္ဆိုသျဖင့္ ရဲဝန္ေထာက္ဦးဘဟန္ ဦးေဆာင္ေသာ အဖြဲ႕သည္ ပင္ေသာင္ စားေသာက္ဆိုင္ ထဲသို႔ စနစ္တက်ေနရာယူကာ ဝင္လာၾကသည္။
ဆိုင္အတြင္း ဓားဒဏ္ရာအလူးလူးျဖင့္လဲက်ေနေသာ အရႈပ္တပည့္လူမိုက္မ်ားကို ေတြ႕ၾကရသည္။
ဆိုင္အေပၚထပ္သို႔ မန္ေနဂ်ာက လက္ညႇိးထိုးျပသည္။
ရဲမ်ားတက္သြားၾကသည့္အခါ စားပြဲဝိုင္းေဘး ထိုင္ခုံေပၚတြင္ လူႏွစ္ဦး ထိုင္ကာ စကားလက္ဆုံၾကေနသည္။
တစ္ဦးက ပုခုံးတြင္ ရထားေသာ ေသနတ္ဒဏ္ရာကို လက္ျဖင့္ အုပ္ထားသည္။
သူတို႔ေျခရင္းတြင္ေတာ့ ေျခာက္လုံးျပဴးေသနတ္ကိုကိုင္လ်က္ အသက္ေပ်ာက္ေနေသာ ရန္ကုန္အေရွ႕ပိုင္းလူမိုက္ဂိုဏ္းခ်ဳပ္ႀကီးဆိုသည့္ ဦးျမက်င္။
နေဘးနားေသြးအိုင္ထဲတြင္ အသက္ငင္ေနသူမွာ လမ္းမေတာ္လူမိုက္ ယကၡေခၚ အရႈပ္။
...................................................................................
ေသာင္းဘား။
ဂႏၶမာ၏မ်က္ႏွာမွ ဒဏ္ရာမ်ားကို မေသာင္းက ေဆးထည့္ေပးေနသည္။
ထြန္းရင္၏ လက္မွ ဓါးဒဏ္ရာကို ခ်စ္ညိဳႏွင့္ ေဇာ္မိုက္က ပက္တီးစည္းေပးေန၏။
ေခ်ာရင္ က ေျခာက္လုံးျပဴးေသနတ္ကို စားပြဲေပၚတင္ကာ ထိုင္ေနသည္။
“အဲ့ဒါနဲ႔ပဲ..ရွင္တို႔က ကြၽန္မေယာက္်ားကို ထားခဲ့ၾကတယ္ေပါ့”
ဂႏၶမာကဘာမွ မေျပာ။
“စံဘက သူေနခဲ့မယ္ေျပာလို႔ပါ.....သူေျပာသလို ကိုဂႏၶမာမွာ လုပ္စရာေတြရွိေသးတယ္ေလ..ေခ်ာရင္.နင္လဲ သိသားနဲ႔”
ေခ်ာရင္က ဂႏၶမာကို စူးစိုက္ၾကည့္လိုက္သည္။
“သြားမယ္ဆို ကြၽန္မကို နည္းနည္းပါးပါးတိုင္ပင္ၾကပါလား.... အခု ကြၽန္မဆြဲထားတဲ့ အစီအစဥ္ေတြ အားလုံး ကေပါက္တိကေပါက္ခ်ာျဖစ္ကုန္ၿပီ...ကိုေဇာ္မိုက္နဲ႔ ကိုခ်စ္ညိဳ လူေတြ ကို ကြၽန္မ အသင့္စုထားၿပီးမွ လူအင္အားနဲ႔ သြားၾကရင္ေတာင္ ဒီေလာက္ ျဖစ္စရာမရွိဘူး..ရွင္တို႔ေၾကာင့္ ကြၽန္မေယာက္်ားေသသြားရင္ ဘယ္လိုလုပ္မလဲ..ေျပာေလ..ေျပာ”
ဂႏၶမာေသာင္းရီက မေသာင္း၏ လက္ကို ဖယ္လိုက္ၿပီး ေခ်ာရင္ေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္။
ထို႔ေနာက္ ေခ်ာရင္၏ ပုခုံးကို ကိုင္ကာ
“ညီမေလး..အကိုေတာင္းပန္ပါတယ္..စံဘက အကို႔ညီပါ...ထြန္းရင္ကလည္း အကို႔ညီပါ.ေခ်ာရင္ကလည္း အကို႔ညီမေလးပါပဲ”
ေခ်ာရင္ က စားပြဲေပၚရွိ ေျခာက္လုံးျပဴးကို ယူလိုက္သည္။
“ေဟာ့ဒီ ေသနတ္က ပစ္ရင္ေတာ့ က်ည္ထြက္တာပဲ..ဒါေပမယ့္..ေသြးဆူၿပီး ထစ္ခနဲဆို ထ ေမာင္းဆြဲတာနဲ႔ ပစ္မွတ္ကို ေသခ်ာခ်ိန္ၿပီး ေမာင္းဆြဲတာ ေတာ့ မတူဘူးဆိုတာ အကိုႀကီး နားလည္မွာပါ... မလိုအပ္ပဲ ကိုယ့္က်ည္ဆံေတြကို မျဖဳန္းပစ္သင့္ဘူး..ေလာေလာဆယ္ေတာ့ ကြၽန္မတို႔ဆီမွာ ကိုစံဘ ေလ်ာ့သြားၿပီ... ဒီၾကားထဲ ကိုခါေလးက ပါသြားေသးတယ္”
“စံဘေလ်ာ့သြားေပမယ့္..ျမက်င္ႀကီးလည္းေသၿပီေလ..ေခ်ာရင္...ငါတို႔ ဒီေလာကမွာ တိုက္ခဲ့ခိုက္ခဲ့ၾကတာ အရေတာ့ တစ္ခုခုကို ႏိုင္ခ်င္ရင္ တစ္ခုခုေတာ့ ရင္းရတာပဲ..အဲ့ဒါကိုလည္း နင္နားလည္ထား”
ထြန္းရင္က ဝင္ေျပာလိုက္သည္။
“ျမက်င္ေသတာနဲ႔ ဒီကိစၥၿပီးမယ္လို႔ ထင္လား...နာဂ်စ္အာရတ္က ျမက်င္တပည့္ေတြကို စုၿပီး ကြၽန္မတို႔ကို မီးကုန္ရမ္းကုန္ တိုက္လိမ့္မယ္..အဲ့ဒါကို ေရာ အကိုထြန္းရင္ ေတြးမိလား..ေရွ႕ဘာဆက္ျဖစ္မယ္ဆိုတာ ရွင္တို႔အားလုံး နည္းနည္းေလးေတာင္ ေတြးၾကရဲ႕လား”
“ေခ်ာရင္...ဒီမွာ နင့္ထက္ အားလုံးအႀကီးေတြခ်ည္းပဲ..နင္စကားေျပတာ လြန္မလာနဲ႔”
ဂႏၶမာက ထြန္းရင္ကို လက္ကာျပလိုက္ရင္း...
“ကဲ..ထြန္းရင္..မင္း မေျပာနဲ႔ေတာ့..ကဲ..ငါ့ႏွမ ေခ်ာရင္...ေနာက္ဆို အကိုႀကီးတို႔ တိုင္တိုင္ပင္ပင္လုပ္ပါ့မယ္လို႔ ကတိေပးပါတယ္...အကိုႀကီးအထဲေရာက္ေနခ်ိန္က မေသာင္းကို ေခ်ာရင္တို႔ လင္မယားေစာင့္ေရွာက္ေပးထားတဲ့ ေက်းဇူးေတြရွိေနတာပဲ...စိတ္ခ်ပါ..အကိုႀကီးတို႔ ေနာက္ကိစၥေတြအေကာင္းဆုံးျဖစ္ေအာင္လုပ္ၾကမယ္... အကိုႀကီးတို႔ သူ႔အမႈအတြက္ အေကာင္းဆုံး စီစဥ္ၾကတာေပါ့”
“ေလာေလာဆယ္..ညီမ ကိုစံဘကိုေတြ႕ရမွျဖစ္မယ္..ဘယ္မွာသြားေတြ႕ၾကမလဲ”
“ေလာေလာဆယ္ေတာ့ သြားမေတြ႕နဲ႔ဦး..ေခ်ာရင္...ဒီကိစၥ ေမာင္ေမာင့္ကို ငါတို႔ အသိေပးၿပီးမွ လုပ္စရာရွိတာ ဆက္လုပ္ရမယ္.နာဂ်စ္အာရတ္လူေတြေရာ၊ ဦးျမက်င္လူေတြေရာ၊ ရဲဘက္ကပါ တို႔ေတြကို ေသခ်ာေစာင့္ၾကည့္ေနမွာ..ဦးျမက်င္ကို သတ္လိုက္တဲ့ကိစၥ လက္တုံ႔ျပန္လာမွာ စိုးရတယ္”
“အကိုႀကီးဂႏၶမာ ရွင္ ဘာမွမသိဘူး...ကိုစံဘ ကို ကြၽန္မတို႔ အျမန္ဆုံးေတြ႕ရမွေတာ့ျဖစ္မယ္..ႏို႔မဟုတ္ရင္..ဟူး”
ေခ်ာရင္က သက္ျပင္းခ်ကာ ေခါင္းကိုခါယမ္းလိုက္သည္။
အျပင္ဘက္ရွိ ညကား နက္သည္ထက္ နက္လာေနေတာ့သည္။
....................................................................................
“ခါေလးနဲ႔အတူ ဖမ္းခံရတာ ဘယ္သူေတြလဲ”
“ကြၽန္မတို႔ ထိုင္ေနက် တ႐ုတ္တန္း ေသာင္း ဘားက စံဘဆိုတဲ့ တစ္ေယာက္ပါ..ဆရာႀကီး”
“ဘယ္လိုျဖစ္ၾကတာတဲ့လဲ”
“ကြၽန္မလည္း သူ႔ကို ထားခဲ့ၿပီး ဆိုင္ကာ ထြက္လာတာ။ ေနာက္ပိုင္း ဘာေတြဆက္ျဖစ္ၾကတယ္မသိဘူး။ ပင္ေသာင္ဘားမွာ လူသတ္မႈနဲ႔ ဖမ္းခံရတယ္ဆိုၿပီး ပုလိပ္က လာအေၾကာင္းၾကားမွ သိတာပဲ”
“ဟုတ္ၿပီ..အႏွင္း...ခါေလးကေတာ့ သူ႔အလုပ္သူ တာဝန္ေက်ေက်လုပ္သြားၿပီပဲ...သူ႔အမႈကိစၥကို ေလ်ာ့ေပါ့ေအာင္ လုပ္ေပးဖို႔ လုပ္စရာရွိတာလုပ္ရမယ္..တင့္ေဆြကို ေၾကးနန္း႐ိုက္..ဒီမွာ ဘယ္ေရွ႕ေနနဲ႔ ဆက္သြယ္ရမလဲဆိုတာ ေမး... ခါေလး ေထာင္ႀကီးခ်ဳပ္ေရာက္တာနဲ႔ သူ႔ဆီ ေထာင္ဝင္စာေတြ႕ရင္း သတင္းေတြမွန္မွန္ယူဖို႔ ရင္ရင္ ကို တာဝန္ေပးမယ္”
“ကြၽန္မကိုပဲ တာဝန္ေပးေစခ်င္ပါတယ္...ဆရာႀကီး”
အႏွင္းက ထေျပာသည္။
စိန္ဓါးေျမႇာင္က အႏွင္းကို ၾကည့္ရင္း ၿပဳံးလိုက္သည္။
“အင္း..ေနပါဦး...ညည္းက အဲ့ဒီေန႔က ခါေလးနဲ႔အတူ အဲ့ဒီဆိုင္ကို ႏွစ္ေယာက္တည္းဘာသြားလုပ္ၾကတာတုန္း”
“ကိုသန္းေအာင္က ဆရာႀကီးကို ဟိုပိုက္ဆံကိစၥ ေျဖာင့္ျဖေပးဖို႔ ေျပာၾကရင္း ထိုင္ျဖစ္ၾကတာပါ”
“အင္း..သန္းေအာင္က အဲ့ဒီေန႔ ညကပဲ ငါ့ကို ေပးစရာရွိတဲ့ ပိုက္ဆံလာေပးသြားတယ္ေလ...ညည္းက ဘာလို႔ ခါေလးကို ထားၿပီး ထျပန္လာရတာတုန္း”
အႏွင္းက ေခါင္းငုံ႔သြားသည္။
“ကဲ..ဆကၼေမးေတာ့ပါဘူး...အႏွင္းပဲ ခါေလးကို ေတြ႕ဖို႔လုပ္ေတာ့..သူ႔ကို ဘယ္စခန္းက ဖမ္းတာလဲသိလား”
“ညက လမ္းမေတာ္စခန္းမွာ သြားေမးၿပီးၿပီ...လူဆိုးဂိုဏ္းခ်င္းတိုက္ပြဲလို႔ ယူဆလို႔ အလယ္ပိုင္းခ႐ိုင္၊ ဒုစ႐ိုက္ႏွိမ္နင္းေရးကို လႊဲေပးလိုက္တယ္တဲ့၊ ကမ္းနားလမ္း ပုလိပ္႐ုံးႀကီးမွာ စစ္ေနၿပီး ဘယ္သူမွ ေတြ႕ခြင့္မေပးေသးဘူးတဲ့”
“ခါေလး..နဲ႔ အတူ ရန္ျဖစ္ၾကတဲ့လူေတြက လူဆိုးဂိုဏ္းသားေတြလား”
“ဟုတ္တယ္....အေနာက္ပိုင္းက နာမည္ႀကီးလူမိုက္ ဦးျမက်င္ေလ...ဆရာႀကီးသိပါတယ္..ဟိုတခါ ကြၽန္မတို႔ သူ႔အမအိမ္ကို ဝင္တိုက္ၿပီး သူ႔ေငြေတြယူခဲ့ၾကေသးတယ္ေလ”
“ငါသိၿပီ..အႏွင္း....တခါလည္း ေသာင္းဘား လား အဲ့ဒီမွာ မိုက္ေၾကးခြဲေနလို႔ ညည္း ေသနတ္နဲ႔ ဝင္ခ်ိန္ရတယ္ဆိုတာ”
မျမၾကည္က ဝင္ေျပာသည္။
“အင္း...ဟုတ္တယ္..အဲ့ဒီကိစၥ ရန္ညိဳးေတြေနမယ္...ၿပီးေတာ့...အခု ခါေလးနဲ႔အတူ ဖမ္းခံရတာ အရင္ လမ္းမေတာ္ဖိုးတုတ္ဆိုလား လူမိုက္ႀကီးရဲ႕ညီတဲ့...သူတို႔ အဖြဲ႕က ေထာင္ထြက္ေတြလည္းပါေနတယ္တဲ့.. ဂႏၶမာပန္းဆိုလား... ဂႏၶမာႀကီးဆိုလား...နာမည္ႀကီးလူမိုက္ေဟာင္းတစ္ေယာက္လည္း ပါတယ္လို႔ လူေတြေျပာတာ ၾကားတာပဲ”
“ဂႏၶမာ.........ဟုတ္လား”
စိန္ဓါးေျမႇာင္ က ပက္လက္ကုလားထိုင္တြင္ ထိုင္ေနရာမွ ႐ုတ္တရက္ခါးကို ဆန႔္ကာ မတ္လိုက္သည္။
ခက္ေဇာ္
Done 🍀
ReplyDeleteDone 💪
ReplyDelete💎🗡️🗡️
ReplyDeleteDone
ReplyDeleteDone
ReplyDelete