The Guys From Mandalay, 1950s အခန်း(၂၆)

The Guys From Mandalay, 1950s 
                                 အခန်း(၂၆)
                            ....................

“ဒီသံတိုသံစပုံကို ပို့ဖို့အတွက် ဒေါ်လာတစ်သိန်းတောင် ပေးတယ်ဆိုတာ ဟုတ်ပါ့မလား...အကိုကြီး..နောက်ပြီး ဒီကိစ္စက အစိုးရဘက်က သိသွားရင် နိုင်ငံတော်သစ္စာဖောက်မှုပဲ..သေဒဏ်နော်”

ချောရင်စကားကြောင့် ဂန္ဓမာခေါင်းညိမ့်ရင်း စဥ်းစားလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ငါတို့ ကျဥ်းထဲကြပ်ထဲရောက်နေပြီ...ချောရင်..ဖိုးတုတ်တုန်းကလည်း ဒီနိုင်ငံရေးသမားတွေက ငါတို့ကို အသုံးချကြတယ်။ အညှာကိုင်ကြတယ်၊အပေးအယူလုပ်ကြတယ်။ ငါတို့တွေ သေကြကြေကြတော့ဘယ်သူမှမသိကြဘူး..အဖက်လည်းမလုပ်ကြဘူး..သူတို့ကတော့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေအနေနဲ့ တောက်ပသွားကြတာပဲ။ ဒီကြားထဲအခု ငါတို့အခြေအနေက စိန်ဓါးမြှောင်နဲ့ နာဂျစ်အာရတ် ကြား ရန်မီးနှစ်ဖက်ညပ်နေပြီ... ငါလည်း အသက်ရလာပြီ..သတ်နိုင်ဖြတ်နိုင်တယ်ဆိုတဲ့ အခြေအနေက ကာလတစ်ခုအထိပဲ ရှိမှာ..အခုချိန်မှာ သေမလား၊သတ်မလားတစ်ခုခုရွေးရတော့မယ်”

“စိန်ဓါးမြှောင် က ညီမကို သိသွားတာတော့သေချာတယ်...အကိုကြီးတို့ကို ထောင်ဝင်စာလာတွေ့တော့ သူနဲ့ခဏလေးပဲတွေ့ကြတာဆိုပေမယ့်..ညီမကို သူမှတ်မိသွားပုံပဲ...သူ့အိမ်ကို ဟိုနေ့က ဝိုင်းတာ ညီမတို့လက်ချက်ဆိုတာ သူသိနေလောက်ပြီ..ဒီတိုင်းတော့ ငြိမ်နေမယ်မထင်ဘူး”

“ဟုတ်တယ်..စိန်ဓါးမြှောင်က ဒီတိုင်းနေမယ့်ကောင်တော့မဟုတ်ဘူး”

“တရုတ်တွေအလုပ်ကို ညီမတို့လက်ခံပြီဆိုပါစို့..သူတို့ဆီက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာအကူအညီမျိုး ရနိုင်မလဲ..သူတို့ဂိုဏ်းတွေဆိုတာ ကမ္ဘာအနှံ့ဖြန့်ကျက်ထားတာဆိုတော့လေ”

“အလိန်နဲ့ ငါတို့ထပ်တွေ့ကြည့်ပြီး သေချာစကားပြောကြတာပေါ့”
....................................................................................
၁၉၅၄ အောက်တိုဘာ ၂၀ ရက်။

စိန်ဓါးမြှောင်နှင့် မမြကြည်တို့သည် မော်လမြိုင်ဘက်တွင် သွားရောက်ရှောင်တိမ်းနေရာမှ ရန်ကုန်၊ ပုဇွန်တောင်နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
နေအိမ်တွင် အိမ်စောင့်အဖြစ် အနှင်းတို့ သားအမိ ရှိနေသည်။

“အနှင်း..အခြေအနေ ဘာထူးသေးလဲ”

“ပြီးခဲ့တဲ့ ဆယ့်ငါးရက်နေ့က ခါလေးရုံးထုတ်ကို ကျွန်မသွားခဲ့သေးတယ်..ဆရာကြီး..ချောရင်နဲ့ သူ့အကို ထွန်းရင် ဆိုတဲ့လူကိုပါ တွေ့ခဲ့ရတယ်”

“နင့်ကို ဘာတွေပြောသေးလဲ...သူတို့ရှေ့မှာ ဘာမှမသိသလို မှင်မပျက်နေနော်”

“ချောရင်ကတော့ စကားတွေပုံမှန်လာပြောနေတာပဲ..ဟိုလူကြီးကတော့ ကျွန်မကို တချက်တချက်သေချာစိုက် ကြည့်နေတယ်”

“ထွန်းရင်ဖြစ်လိမ့်မယ်ထင်တယ်...အင်း..ကြည့်ကြသေးတာပေါ့လေ”

“ဪ..ဆရာကြီးသွားနေတုန်းက သခင်သိန်းဆိုတဲ့ လူ လာသေးတယ်။ ဆရာကြီး ပြန်ရောက်ရင် သူ့ရုံးကို လာခဲ့ပါ။ အရေးကြီးကိစ္စလေး တိုင်ပင်စရာလည်းရှိလို့တဲ့”

“ဒီလူ က လာပြန်ပြီလား”

“နှစ်ခေါက်တောင်လာတာ..ဆရာကြီး”

“အင်း..ဒီကောင်တွေနဲ့ မဆက်ဆံချင်ပါဘူးဆိုမှကွာ”
“သူက ပြောသွားသေးတယ်...ဗတလစအမတော်ကြေးငွေကိစ္စ လေးလည်း ဆွေးနွေးချင်လို့တဲ့..လာတွေ့ရမယ့် လိပ်စာလည်း ပေးသွားတယ်”

“အင်း..နိုင်ငံရေးသမားများတော့ ပန်ကာတွေချည်းပါလား..နိုင်ကွက်နဲ့ ခေါ်တာကိုး..အေးလေ..ဘာပြောမလဲ သွားကြည့်ရတာပေါ့”

.........................................................

ပန်းဆိုးတန်း၊ ဆိုရှယ်နီပါတီဌာနချုပ်။

ဆိုရှယ်နီပါတီသည် ၁၉၅၀တွင် ဆိုရှယ်လစ်ပါတီမှ ခွဲထွက်ခဲ့ပြီးဖြစ်သည်။

ဗမာပြည်အလုပ်သမား၊ လယ်သမားပါတီ (BWPP – Burma Worker and Pesant Party) ဟု အရှည်ကောက်ခေါ်ကြသည်။

သတင်းစာများကမူBWPP ဘွက်ပါတီဟု သရော်ကြ၏။ ဆိုရှယ်နီ‌ပေါလစ်ဗြူရိုအဖွဲ့မှာ သခင်ချစ်မောင်၊ သခင်လှကြွေ၊ သခင်လွင်၊ ဦးဘငြိမ်တို့ဖြစ်ကြသည်။
ပါတီရုံးခန်းထဲသို့ စိန်ဓါးမြှောင် ဝင်လိုက်သည်နှင့် သတင်းစာထိုင်ဖတ်နေသော သခင်သိန်းကို တွေ့လိုက်ရသည်။

“ဟာ...ဆရာသိန်း..မတွေ့တာတောင်ကြာပါပေါ့လား..ဘယ့်နှယ့်..ဒီတလောက အချီကြီးတွေမိပြီး တစ်နေရာမှာ သွားနှက်နေတယ်ကြားတယ်”

စိန်ဓါးမြှောင်က သခင်သိန်းကို ပြုံးသား ပြုံးပြနေလိုက်သည်။

“ကဲ..လာဗျာ...ကျုပ်တော့ အတွင်းဝန်ရာထူးက ပြုတ်ပြီဆိုတော့ ရုံးခန်းဘာညာမရှိတော့ဘူးဗျာ...လာလာ အပေါ်ထပ် ထပ်ခိုးပေါ်မှာ နားအေးပါးအေး ပြောကြာတာပေါ့..ပန်ကာလည်းရှိပါတယ်”

သခင်သိန်းက စိန်ဓါးမြှောင်ကို ထပ်ခိုးပေါ်ရှိ အခန်းသို့ ခေါ်သွားသည်။

“ကဲ...ကိုယ့်လူရေ...တလောက ကိုယ့်လူတို့ ဗတလစ ငွေတွေ ကို လုလိုက်ကြတာ ဖဆပလကတော့ တော်တော် နာကြည်းနေတယ်။ လယ်ယာစိုက်ပျိုးရေးဝန်ဗိုလ်ခင်မောင်ကလေးက ခင်ဗျားကို အသေသတ်မယ်ချည်းလုပ်နေတယ်။ ဒါပေမယ့်လည်း ကျုပ်တို့ ရှိပါသေးတယ်ဗျာ။ ဟိုရဲမင်းကြီး ဦးဘိုတို့တောင် ခင်ဗျားအကွက်ထဲ ဝင်သွားတာ ကျုပ်တို့ မသိချင်ယောင်ဆောင်ပေးနေလို့ပေါ့”

“နေပါဦးသခင်သိန်းရ....ခုနခါ ရန်ကုန်မြို့ထဲမှာ အားအားရှိဓါးပြလုပ်ပြီး တိုက်နေကြတာ။ တိုက်တဲ့ကောင်တိုင်းကလည်း စိန်ဓါးမြှောင်ကွလို့ အော်အော်သွားရုံနဲ့ စိန်ဓါးမြှောင်က တရားခံဖြစ်ရော့လား”

“ဟင်း..ဟင်း...ကျုပ်ကတော့ သိပါတယ်..ဆရာသိန်းရယ်....လက်စလက်နတွေလေ့လိုက်တာနဲ့ စိန်ဓါးမြှောင်လား၊ ရွှေဓါးမြှောင်လား၊ ဘော်ဓါးမြှောင်လား၊ ဒန်ဓါးမြှောင်လား အသိသာကြီးပါ”

“ကဲ..ထားပါလေ...အခု ဘာကိစ္စလဲ..ကျွန်တော့်ကိုခေါ်ရတာ”

“အင်း..ပြောပြမယ်ဗျ..မကြာခင်မှ အနှေးနဲ့အမြန် ဖဆပလက ကွဲမှာပဲ။ဖဆပလမကွဲခင် ကျုပ်တို့ ဆိုရှယ်လစ်တွေက အရင်ကွဲပစ်လိုက်တာ။ ဒါကလည်း အကြောင်းရှိပါတယ်။ ပါလီမန်ထဲမှာ နိုင်ငံရေးနဲ့တိုက္မယ့်ဆိုရှယ်လစ်တွေက ဖဆပလနဲ့အတူ ရှိမယ်။ ဆိုရှယ်နီထဲမှာလက်နက်ကိုင်တိုက္မယ့်၊ တောခိုမယ့်ဆိုရှယ်လစ်တွေရှိမယ်။ မြေပေါ်မြေအောက်ခွဲပြီး အာပတ်လွတ်နေလိုက်တဲ့သဘောပေါ့”

“အင်း..ခင်ဗျားတို့ ကလိန်ဉာဏ်တွေက ကျွန်တော့်အဖွဲ့တွေတောင် သင်တန်းလာတက်ရမလို့ပဲ”

“ထားပါတော့..ဒီကိစ္စ...ကျုပ်ပြောချင်တာက..မကြာခင်မှာ ပြည်သူ့စစ်ဥပဒေတစ်ခုပြဌာန်းတော့မယ်၊ အဲ့ဒီမှာ သောင်းကျန်းသူနှိမ်နင်းရေးခေါင်းစဥ်နဲ့ ပြူစောထီးတပ်ဖွဲ့ကို ဖွဲ့လိမ့်မယ်။ဆိုရှယ်လစ်အများစု ပါနေမှာပဲ။ ဒါပေမယ့် ဦးနုကလည်း သူ့လူတွေထည့်ထားဖို့စီစဥ်ထားပြီးပြီ၊ ဦးနုဘက်မှာ ဆိုရှယ်လစ်မဟုတ်တဲ့စစ်ဗိုလ်တွေရှိနေလိမ့်မယ်။ ခင်ဗျားအလုပ်က ပြူစောထီးထဲက ဦးနုလူတွေကို ရှင်းပေးဖို့ပဲ၊ ပြူစောထီးဟာ ဆိုရှယ်လစ်လက်နက်ကိုင်တပ်ပဲဖြစ်ရမယ်”

“အရင်တစ်ခါကတော့ ဦးနု မဲရအောင်ခင်ဗျားပဲ ကျွန်တော်တို့ကို မဲပုံးတွေ ဖောက်ခိုင်းတယ်၊ အခုတစ်ခေါက်ကျ ဦးနု လူတွေကို သတ်ခိုင်းပြန်တယ်။ ခင်ဗျားက ဘယ်ဘက်ကလဲ”

“ကျုပ်ကမကြာခင်မှာ ဦးဧမောင်တို့ ဖွဲ့မယ့် အတိုက်အခံ ပမညတတပ်ပေါင်စုရဲ့ ဆိုရှယ်နီအမတ်လောင်း ထဲမှာ ပါလာလိမ့်မယ်”

“ဒါဆို ကျွန်တော်က ပမညတ အတွက် လုပ်ပေးရမှာလား”

“မဟုတ်ဘူး..ခင်ဗျားက ဖဆပလထဲ ဆိုရှယ်လစ်တွေ သြဇာလွှမ်းမိုးရေးအတွက် ကူညီရမှာ”

“ဒါဆိုခင်ဗျားတို့ ဆိုရှယ်လစ်တွေက အစိုးရထဲလည်းတစ်ဖွဲ့၊ အတိုက်အခံထဲလည်း တစ်ဖွဲ့၊ နောက်ကွယ်မှာတော့ တစ်ဖွဲ့တည်းပဲပေါ့..အဲ့ဒီလိုလား”

“အင်း..ခင်ဗျားနားလည်ချင်သလို နားလည်လိုက်ပါ။ အခု လာမယ့် ၁၉၅၆ ရွေးကောက်ပွဲမှာ ဖဆပလနိုင်ရမယ်၊ တပြိုင်နက်တည်း ပမညတကလည်း အတိုက်အခံအင်အားစုအနေနဲ့ လွှတ်တော်ထဲရောက်ရမယ်၊ ဖဆပလအစိုးရထဲမှာမှ ဆိုရှယ်လစ်ပါတီက ဝန်ကြီးချုပ်ဖြစ်ရမယ်၊ ဆိုရှယ်လစ်သြဇာလွှမ်းမိုးရမယ်၊ ဘုရားဒကာသခင်နုကို ဖယ်ထုတ်ပစ်မယ်။ အဲ့ဒါပဲ”

“နေပါဦး..ခုထိ ခင်ဗျားတို့ဘက်ကနေ ကူပေးမလားမကူပေးဘူးလားဆိုတဲ့ ကျွန်တော့်သဘောကို တစ်ခွန်းမှ မမေးသေးဘူးနော်”

“ခင်ဗျား ကျုပ်တို့ကို ကူညီမှာပါ စိန်ဓါးမြှောင်၊ ဘာလို့လဲဆိုတော့ ဒီတစ်ခေါက် ခင်ဗျားကူညီပြီးရင် စိန်ဓါးမြှောင်ဆိုတာကို အစိုးရရဲ့မှတ်တမ်းထဲက ဖျောက်ပစ်မယ်၊ အဲ့ဒီနေရာမှာ အစိုးရစီးပွားရေကော်မရှင်ရဲ့ ချည်ထည်သွင်းကုန်လိုင်စင်တစ်ခု ခင်ဗျားကို ပေးဖို့စီစဥ်ထားတယ်၊ သွင်းကုန်လိုင်စင်တစ်ခုဘယ်လောက်ဆိုတာ ခင်ဗျားသိပါတယ်၊ ကိုယ်တိုင်မလုပ်ပဲ..နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုကို ရောင်းစားရင်တောင် ခင်ဗျား တစ်သက်လုံး ဓါးပြတိုက်ထားတာတွေရဲ့ ဆယ်ဆလောက်တစ်ခါတည်းရမှာ...အဲ့ဒါပြီးတော့ ၁၉၆၀ ရွေးကောက်ပွဲကျ ခင်ဗျားဟာ ဖဆပလအမတ် ဆေးဆရာကြီး ဆရာသိန်း ဖြစ်စေရမယ်။ ကဲ..ဒါ ခင်ဗျားရဲ့ ဘဝသစ်ဆီ သွားတဲ့ အခွင့်အရေးပဲ..ဆရာသိန်း”

စိန်ဓါးမြှောင် က သခင်သိန်းကို စိုက်ကြည့်ရင်း ခေါင်းကိုတဆတ်ဆတ်ညိတ်နေသည်။

“ခင်ဗျားစဥ်းစားပါ....ဓါးပြတိုက်စားရင်တော့ တစ်ချိန်ချိန်မှာ သေရင်သေ..မသေရင်ထောင်ထဲ ဘဝဆုံးမှာပဲ..ဇိမ်ကျကျအမတ်လုပ်စမ်းပါဗျာ”

“ဟုတ်ပြီ....ကဲ..လုပ်ရမယ့်ဟာ အသေးစိတ်သာ ကျွန်တော့်ကိုပြေ”"

“ဪ..တစ်ခုရှိသေးတယ်..ဦးနုက ခင်ဗျားကျုပ်တို့အတွက် အလုပ်လုပ်ပေးခဲ့တာကိုသိတယ်၊ ပြီးတော့ခင်ဗျား ဓါးပြမှုတွေကိုလည်း သူ့ကြားတယ်၊ ခင်ဗျားကို ထောင်ထဲတစ်သက်လုံးထည့်ဖို့...သူ့လူတွေကို တာဝန်ပေးထားသတဲ့ဗျ.....အဲ့ဒါသိတယ်မဟုတ်လား”

“သိပါ့ဗျာ...ဂန္ဓမာသောင်းရီ ရဲ့ လူတွေ ကျုပ်အိမ်ကိုတောင် ဝင်ထွက်နေကြသေးတယ်..ကျွန်တော်က မသိဘူးထင်နေတယ်..အဟက်”

“ဟုတ်တယ်..ရော့..ဒီမှာ...ခင်ဗျားဖြစ်တဲ့နည်းနဲ့ရှင်းပေးရမယ့်..ဦးနု ကို နောက်ကွယ်က ကူညီပေးနေတဲ့ လူတွေ နဲ့ စစ်ဗိုလ်စာရင်း......၅၆ ရွေးကောက်ပွဲမတိုင်ခင်မှာ အဲ့ဒီလူတွေ အကုန်လုံးနည်းမျိုးစုံနဲ့ ပျောက်သွားတာလိုချင်တယ်ဗျာ..သေတာပဲဖြစ်ဖြစ်..ထောင်ထဲထည့်တာပဲဖြစ်ဖြစ်ပေါ့”

“ကျွန်တော့်မှာ လက်နက်လိုတယ်ဗျ”

“ဒီအတွက္မပူပါနဲ့..အခု အစိုးရက နီပေါက ကွိုင်လာရာညီအစ်ကိုတွေရဲ့ တော်လှန်ရေးအတွက် လက်နက်တွေ ပို့ပေးနေတဲ့စီမံကိန်းရှိတယ်၊ ဆိုရှယ်လစ်ပါတီအနေနဲ့ ဗီယက်နမ်တော်လှန်ရေးအတွက် လက်နက်ထောက်ပံ့နေတာတွေလည်းရှိတယ်။ အဲ့ဒီစီမံကိန်းတွေအားလုံးနီးပါးကို ဆိုရှယ်လစ်စစ်ဗိုလ်တွေ ကိုင်ထားတာ၊ ခင်ဗျားလိုချင်တဲ့လက်နက်စာရင်းသာပြော။ ခင်ဗျားချိတ်ဆက်ရမယ့် ဆိုရှယ်လစ်စစ်ဗိုလ်တွေ နာမည်နဲ့ ဆက်သွယ်ရမယ့်နေရာတွေကို ကျုပ် ထပ်‌ရေးပေးလိုက်မယ်”

“ကောင်းပြီလေ....ဒီလိုဆို ကျုပ်အတွက် အများကြီးမခက်ခဲပါဘူး..ခင်ဗျား ကတိတည်ဖို့ပါပဲ”

“သြော်..ခင်ဗျား မဖြစ်မနေရှင်းရမှာတော့ ဂန္ဓမာသောင်းရီနော်....ဟိုနေ့က တရုတ်တန်းလူမိုက်ကို သူသတ်လိုက်တယ်ကြားတယ်..အဲ့ဒီသတင်းကြောင့် သူ့ဩဇာက ကြီးလာပြီး ဒုတိယလမ်းမတော်ဖိုးတုတ်ဖြစ်လာရင်တော့ ခင်ဗျား ရှင်းရခက်သွားလိမ့်မယ်”

စိန်ဓါးမြှောင်က သခင်သိန်းကို အပြုံးဖြင့်သာ တုန့်ပြန်လိုက်သည်။
ထို့နောက် သခင်သိန်းပေးသည့် စာရွက်နှစ်ရွက်ကို ယူကာ ပြန်လည်ထွက်ခွာသွား၏။
....................................................................................
“အဲ့ဒါပဲ..အလိန်...ကျွန်တော်က အစိုးရနဲ့အပေးအယူလုပ်ပြီးထွက်လာတာ..အခုကျ အစိုးရအတွက် ဘာမှ မလုပ်ရသေးဘူး..ရန်မီးက နှစ်ဖက်ညှပ်သလိုဖြစ်နေပြီ.....ခင်ဗျားတို့ ဂိုဏ်းအနေနဲ့ ဘာကူညီပေးနိုင်မလဲပဲ သိချင်တာ”

“ငါတို့က မြန်မာပြည်ကို အခုမှ အခြေတည်မလို့လုပ်နေတာ..သောင်းရီ..အခုဒီမှာလည်း ငါတစ်ယောက်တည်းတောင် အစိုးရဆီက သွင်းကုန်လိုင်စင်တစ်ခုဟန်ပြဝယ်ပြီး မနည်းအသွင်ယူနေရတာ.. စီအိုင်အေတွေနဲ့ချိတ်ဆက်လုပ်ရတာရှိပေမယ့်...မင်းတို့ ပြဿနာလောက်ထိတော့ သူတို့ဆီက ဘာမှ အကူအညီတောင်းလို့ရမှာမဟုတ်ဘူး..နောက်ပြီး k14 အနေနဲ့လည်း..သူ့စီးပွားရေးကို မထိခိုက်သေးပဲနဲ့ဒေသခံတွေရဲ့ဂိုဏ်းစစ်ပွဲမှာ ကူညီပေးရိုးထုံးစံမရှိဘူး..အခုချိန်မှာ ငါတို့ လုပ်ပေးနိုင်တာက...မင်း ငါ့အလုပ်ကို သစ္စာရှိရှိကူညီမလား..ဒေါ်လာတစ်သိန်းရမယ်..ဒါပဲ”

“ညီမဝင်ပြောရမလား...အကိုကြီး”

ချောရင်ကို ဂန္ဓမာသောင်းရီက ခေါင်းညိမ့်ပြလိုက်သည်။

“သံတိုသံစတွေ ရှမ်းပြည်ဘက်ပို့ပေးရုံနဲ့ ဒေါ်လာတစ်သိန်းဆိုတာ တော်တော်များတယ်နော်”

“ဒါ..မင်းကိစ္စမဟုတ်ပါဘူးလေ..ငါတို့ဘက်က ကမ်းလှမ်းတဲ့ အမောက့်ပဲ...မင်းတို့ မလုပ်လည်း လုပ်နိုင်တဲ့သူကို ငါရှာရမယ်..ဒါပေမယ့်...ဒီကိစ္စကို မင်းတို့ကိုအသိပေးထားပြီးပြီဆိုတော့...မင်းတို့ပါးစပ်ပေါက်တွေကို ငါကယုံပေမယ့် ဟောင်ကောင်မှာရှိတဲ့ K14 က ယုံချင်မှယုံမှာ..အဲ့ဒီကျ ငါလည်း မတတ်နိုင်ဘူး”

“ခင်ဗျား စကားက ဘာလဲ..အလိန်”

ဂန္ဓမာကလက်သီးကို ဆုပ်ပြီး အလိန်ကို မေးလိုက်သည်။
အလိန်က ပြုံးလျက် ပုခုံးကိုတွန့်ပြလိုက်၏။

“မင်းကဖိုးတုတ်မဟုတ်ဘူး..ဂန္ဓမာသောင်းရီ..ငါကလည်း ဗိုလ်တစ်ထောင်ငမိုးမဟုတ်ဘူး...ငါတို့ ဒီလိုခေတ်ဆိုးကြီးတွေထဲ...ရှင်သန်ကျန်နေရစ်ကြတာ..ငါတို့က ငါတို့ဖြစ်နေလို့ပဲကွ... မင်းတို့ သေချာစဥ်းစားပါ.. မင်းတို့လုပ်နိုင်တာတစ်ခုတော့ရှိတယ်...ငါတို့ ပရောဂျက်ကို လက်ခံပြီး အောင်မြင်အောင်လုပ်...ပြီးရင် အဲ့ဒီငွေတွေပိုက်ပြီး ဟောင်ကောင်ဖြစ်ဖြစ်၊ မကာအိုဖြစ်ဖြစ်၊ တိုင်ပေဖြစ်ဖြစ် ကြိုက်တဲ့နေရာကို ထွက်သွားပြီး ချမ်းချမ်းသာသာနေကြ...ဒါတော့ ငါကူညီပေးနိုင်တယ်၊ မဟုတ်ရင်တော့ K14 ရဲ့ လျှို့ဝှက်ပရော့ဂျက်ကို မကူညီပေးပဲ သိနေတဲ့လူတွေဖြစ်နေတဲ့ မင်းတို့အတွက် မကောင်းနိုင်ဘူး”

ဂန္ဓမာသောင်းရီ၏ အသက်ရှုသံများမြန်လာသည်။ အလိန်ကို စူးစူးစိုက်စိုက်ကြည့်နေ၏။

လက်တစ်ဖက်က ခုံဘေးတွင်ချထားသော အသစ်စက်စက် ချိန်းကြိုးဆီ ဦးတည်နေသည်။

အလိန်က ပြုံးနေ၏။ သို့သော်လည်း လက်တစ်ဖက်က ကုတ်အင်္ကျီအောက္မှ ဓါးမြှောင်ဆီတွင် အသင့်အနေအထား။

ထွန်းရင် က ကြေးအိုးပြုတ်အိုးဘေးမှ ဓါးမကို အသာဆွဲယူလိုက်သည်။

ကောင်တာတွင်ထိုင်ကာ ရေဒီယိုနားထောင်နေသော မသောင်းက ရေဒီယိုသံကို လျော့ရင်း ငြိမ်သက်သွားသည့် သူတို့ကို စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ချိန်းကြိုးထံ ရွေ့နေသော ဂန္ဓမာ၏ လက်ကောက်ဝတ်ကို ချောရင်က ဆုပ်ကိုင်လိုက်သည်။

“ဟုတ်ပြီ...ကိုဂန္ဓမာက ရှင့်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံတယ်..ဦးအလိန်”

ချောရင်စကားသံကြားမှ အခြေအနေက ပုံမှန်ပြန်ဖြစ်သွားကြသည်။

“ပို့ရမယ့်မြေပုံအသေးစိတ်ကို လိုချင်တယ်...ဘယ်တော့စမယ်ဆိုတာလည်း သိချင်တယ်”

“ပို့ရမှာက မိုင်းဆတ်အထိ မဟုတ်ပါဘူး...မန္တလေးအထက်ဘက် နောင်ချိုအထိပါပဲလေ..အချိန်ကတော့ ပြောလို့မရဘူး...အခု ငါက အစိုးရဆီက သွင်းကုန်လိုင်စင်ဝယ်ထားတယ်..ဗာဂျီးနီးယားအကောင်းစားတွေ သွင်းမယ်ဆိုပြီး ကမ်းနားမှာ ဂိုထောင်တွေငှားဖို့လုပ်တုန်း..ဒါပြီးမှ ပစ္စည်းတွေ စုဖို့ လုပ်ရဦးမယ်...ဆုံပြီဆိုမှ စကြမှာပါ”

“အကြမ်းဖျဥ်းဘယ်လောက်ကြာနိုင်လဲ”

“တစ်နှစ်ခွဲလောက် ကြာလိမ့်မယ်..မင်းတို့အတွက် လမ်းကြောင်းဆွဲဖို့ စီစဥ်ဖို့ အချိန်အများကြီးရပါတယ်”

“ဟုတ်ပြီလေ..ဒီကြားထဲရှင့်ကိုဆက်သွယ်ချင်ရင်..ဘယ်ကိုဆက်သွယ်ရမလဲ”

“လွစ်လမ်းမှာ ငါအခန်းငှားနေတယ်....ဒီမှာ လိပ်စာကဒ်”

“အကိုကြီး ဂန္ဓမာကိုသာ ပေးလိုက်ပါ”

အလိန်က ချောရင်ထံ ကမ်းပေးနေသောလိပ်စာကဒ်ကို ဂန္ဓမာထံသို့ ပြန်ကမ်းပေးလိုက်သည်။

“စိတ်လျော့ပါ..သောင်းရင်ရာ....ငါကမင်းကို လက်ခံစေချင်လို့ ပြောမိတာပါ”

ဂန္ဓမာသောင်းရီ က အလိန် ထံမှ လိပ်စာကဒ်ကို ယူပြီး ခေါင်းငြိမ့်လိုက်သည်။

“ရော့..ဒီမှာ လုပ်ငန်းသဘောတူခြင်းအတွက် စရံငွေ ဒေါ်လာ နှစ်သောင်းပေးခဲ့မယ်”

အလိန်က တရုတ်မှိုင်းကိုင်စက္ကူဖြင့် ပတ်ထားသော အထုတ်တစ်ထုတ်ကို ကမ်းပေးလိုက်သည်။

“ဪ...ရော့..ဒီမှိုင်းကိုင်စက္ကူပေါ်မှာတော့ မင်းနာမည်နဲ့ လက်မှတ်ထိုးလိုက် ဂန္ဓမာ...ဒါ K14 နဲ့ မင်းနဲ့ ကြားက သဘောတူစာချုပ်ပဲ”

အလိန်က ဘောပင်ကို ထိုးပေးလိုက်သည်။ ဂန္ဓမာက ဘောပင်ကို ယူပြီး မှိုင်းကိုင်စက္ကူကို ဖြန့်ကာ နာမည်နှင့် လက်မှတ်ထိုးပေးလိုက်၏။

ထို့နောက် ပိုက်ဆံကို ယူထားပြီး မှိုင်းကိုင်စက္ကူကို အလိန်ထံ ပြန်ပေးလိုက်သည်။

“ကဲ...အောင်မြင်ပြီပေါ့ကွာ...အောင်မြင်ခြင်းအထိမ်းအမှတ် တစ်ခွက်တစ်ဖလားသောက်ကြဦးမလား”

“ကျုပ်..မသောက်ချင်ဘူး..အလိန်”

“အေးပါကွာ..ဒါဆိုလည်းပြီးတာပဲ....ငါသွားပြီဟေ့”

အလိန်က သောင်းရီကို ပုခုံးတွန့်ပြပြီး ထွက်သွားသည်။

“အကိုကြီး..ညီမ လက်ခံလိုက်တဲ့အတွက် စိတ်မဆိုးစေချင်ဘူး....အခုက ညီမတို့မှာ ရန်မီးနှစ်ဖက်ညှပ်နေလို့ သူ့အားကိုးရမလားမှတ်တယ်..သူကပါ ခြိမ်းခြောက်တာခံနေရတယ်”

“အေး..အရင်တုန်းကလိုဆို ဒီကောင်မျိုးကို လည်ပင်းညှစ်ပြီး ပုလင်းကွဲကျွေးသတ်ပစ်တယ်”

“စိတ်အေးအေးထား..အကိုကြီး..ညီမတို့ စုစုစည်းစည်းရှိမှ ဖြစ်တော့မယ်...နောက်ထပ် ခြေလှမ်းတွေ ထပ်မှားလို့မဖြစ်တော့ဘူး”

ဂန္ဓမာအနီးတွင် မသောင်းက ရောက်လာပြီး ထိုင်လိုက်သည်။
ထို့နောက် အသင့်စပ်ထားသော ရမ်ဖန်ခွက်ကို လက်ထဲ ထည့်ပေးလိုက်၏။

“မောင်....သောက်လိုက်နော်”

ဂန္ဓမာက အသောင်းထိုးပေးသည့် ရမ်ခွက်ကို ယူကာ တရှိန်ထိုး မော့ချလိုက်သည်။

“ချောရင်...ညီမမှာဘယ်လို အစီအစဥ်တွေရှိလဲ”

မသောင်းက ချောရင် ကို မေးလိုက်၏။

“ညီမတို့ အရင်ဆုံး ဗိုလ်မောင်မောင်နဲ့ သွားတွေ့ဖို့လိုလိမ့်မယ်” 

နောက်တစ်နေ့တွင် ဂန္ဓမာသောင်းရီနှင့် ချောရင်တို့သည် ဗိုလ်မောင်မောင် အားတွေ့ဆုံရန် ပေးထားသည့်တပ်လိပ်စာအတိုင်း လိုက်လာကြသည်။

သို့သော် ဗိုလ်မောင်မောင် ကားမရှိ။

ဗိုလ်မောင်မောင်သည် စစ်လျော်ကြေးကော်မရှင်ကိစ္စတွင် တပ်ဘက်အရာရှိငယ်တစ်ဦးအနေဖြင့် ဂျပန်သို့ သွားနေသည်။

စစ်ရှုံးနိုင်ငံများမှ စစ်လက်နက်ထုတ်သည့်စက်ရုံများကို စစ်နိုင်သည့် နိုင်ငံများက ဖြုတ်ယူရန် ပေါ်လစီအရ မြန်မာနိုင်ငံသည့် ဗြိတိသျှကိုလိုနီအနေဖြင့် စစ်နိုင်နိုင်ငံစာရင်းတွင် ပါဝင်ခဲ့သဖြင့် ဝေစုရရှိသည်။

ထို့အတွက် မြန်မာပြည်မှ အရပ်ဘက်၊စစ်ဘက်အရာရှိများ ကော်မရှင်တစ်ခုဖွဲ့ကာ ဂျပန်သို့သွားရောက်ပြီး ဖြုတ်ယူရမည့်စက်ရုံများတွင် ဝေပုံကျ သွားရောက်ဖြုတ်ယူရသည်။

ပြည်တွင်းလက်နက်ကိုင်များရော၊ ပြည်ပတရုတ်ဖြူကျူးကျော်မှုများကိုပါ ရင်ဆိုင်နေရသည့်အတွက် မြန်မာပြည်သည် ကျည်ဆံနှင့် လက်နက်များလိုအပ်လျက်ရှိသည်။

ထိုမနိုင်မီက စစ်ရှုံးနိုင်ငံဖြစ်သော အီတလီနိုင်ငံသို့လည်း ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့်အဖွဲ့က သွားရောက်ကာ မဟာမိတ်များရသည့် ဝေပုံကျများထဲမှ မြေမြုပ်ထားသည့် စတင်းဂန်းစက်ရုံတစ်ရုံကို ဝယ်ယူနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် စတင်းများ ထုတ်လုပ်လာနိုင်သည်။
ရိုင်ဖယ်နှင့် ကျည်ဆံလုပ်သည့်စက်များလည်း ရရှိလာဖူးသည်။

သို့သော်..ဂျပန်နိုင်ငံတွင်ကားမှန်းချက်နှင့် နှမ်းထွက္မကိုက်ခဲ့။

တကယ်တမ်းလက်နက်ထုတ်လုပ်နိုင်မည့် အဓိကပစ္စည်းများကို အမေရိကန်တို့က ဖြုတ်ယူပြီး ဖြစ်သဖြင့် ကျန်နိုင်ငံများမှာ အရေးမပါသည့်ပစ္စည်းများသာရလိုက်သည်။

ဗိုလ်မောင်မောင်ပါဝင်သည့် ဂျပန်သွားအဖွဲ့ကား ဂျပန်တွင် ဟိုပစ္စည်းရနိုးနိုး၊ ဒီပစ္စည်းရနိုးနိုးဖြင့် လိုက်လံရှာဖွေရင်း သော သို့သော်တကယ်တမ်းလက်နက်ထုတ်လုပ်နိုင်မည့် အဓိကပစ္စည်းများကို အမေရိကန်တို့က ဖြုတ်ယူပြီး ဖြစ်သဖြင့် ကျန်နိုင်ငံများမှာ အရေးမပါသည့်ပစ္စည်းများသာရလိုက်သည်။

မည်သည့်ရက္မှ ပြန်လာကြမည်ကိုလည်း တပ်မှ အတိအကျမပြောနိုင်သဖြင့် ဂန္ဓမာသောင်းရီနှင့် ချောရင်တို့ မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာကြသည်။

ထိုအချိန်တွင် ဂန္ဓမာ‌သောင်းရီတို့သည် ဖဆပလမှ ကြိုထုတ်ပေးသောငွေ၊ အလိန်ထံမှ စရံငွေတို့ထဲမှ ဂျစ်ကားတစ်စီးဝယ်ယူထားခဲ့ပြီဖြစ်သည်။

ထွန်းရင်က ဂျစ်ကားကိုမောင်းလာပြီး ဂန္ဓမာသောင်းရီက ဘေးမှ ထိုင်လိုက်လာသည်။

ချောရင်က ဂျစ်ကားအနောက်တွင် ထိုင်သည်။

“ကဲ..ဘာဆက်လုပ်ကြမလဲ”

“ဒီတိုင်းဆိုရင်တော့ ညီမ ရဲ့ ဒုတိယအစီအစဥ်ကို ဆက်လုပ်ကြတာပေါ့..အကိုကြီး”

“ဒုတိယအစီအစဥကြ ဘာလဲ”

“လူတစ်ယောက်ကို သွားတွေ့ရမယ်”

“ဘယ်သူလဲ”

“စိန်ဓါးမြှောင်”

“အဲ့ဒီကောင်ဆိုရင်တော့ ငါက အိမ်ပြန်ပြှီး ဒူးလေးပြန်ယူလိုက်ဦးမယ်...မအေပေး..ကလိန်ကကျစ်...ဖင်ဝကိုချည်း ဒူးလေးနဲ့ မသေမချင်း ပစ်သတ်ပစ်မယ်”

ထွန်းရင်က ဒေါသတကြီးကြိမ်းမောင်လိုက်သဖြင့် ဂန္ဓမာက ပြုံးလိုက်သည်။

“နေပါဦး..ထွန်းရင်..ချောရင် ပြောတာဆုံးအောင် နားထောင်ပါဦး..ကဲ..ငါတို့ကဘာလို့ စိန်ဓါးမြှောင်နဲ့ တွေ့ရမှာလဲ”

“အကိုကြီးစဥ်းစားကြည့်...ညီမတို့ အခု ပစ္စည်းပို့ရမယ့်လမ်းကြောင်းက နောင်ချို၊မန္တလေးအထက်နားလေးတင်ပဲ။ အဲ့ဒီတစ်လျှောက် ဗကပ၊ရဲဘော်ြဖူ၊ ကေအင်ဒီအို သူပုန်ပေါင်းစုံကို‌‌ကျော်သွားရမှာ...တကယ်တမ်းက အဲ့ဒီဘက်မှာ ကျွမ်းကျင်တဲ့သူလိုတယ်...ညီမ စိန်ဓါးမြှောင်အကြောင်းကို သေချာလေ့လာပြီးပြီ...သူ့တပည့်တွေက အဲ့ဒီဘက်မှာ ဖြန့်ကျက်ထားတာပဲ..အဲ့ဒီဘက်တင်မကပါဘူး...မော်လမြိုင်ကနေ ထားဝယ်ထိတောင် သူ့သြဇာခံအဖွဲ့တွေ ရှိနေတယ်”

“ဒီကောင်က ဒီလောက်တောင် စွမ်းလား”

“အင်း...ဒါကြောင့်မို့လည်း ရန်ကုန်မြို့လည်ကောင်မှာ အိမ်တစ်ဆောင်မီတစ်ပြောင်နဲ့ ဓါးပြလာလုပ်နေတာပေါ့..အကိုကြီးရယ်”

“အင်း...”

“အခု ညီမတို့ သူနဲ့ ယာယီမဟာမိတ်ဖွဲ့မယ်....သူ့ကို စည်းရုံးပြီး ဒီလမ်းကြောင်းကို သူ့လူတွေ ကို သုံးလို့ရအောင် ပြောရမယ်...ဒါဆို အခု လောလောဆယ်ညီမတို့ ညပ်နေတဲ့ ရန်မီးနှစ်ဖက်မှာ တစ်ဖက်လည်း လောလောဆယ် အေးမယ်..ကိုယ့်အလုပ်လည်း အောင်မြင်မယ်”

သောင်းရီက ဂျစ်ကားလေကာမှန်ရှေ့တွင် တင်ထားသော စီးကရက်ဗူးကို ယူလိုက်သည်။

“ထွန်းရင်..ကားခဏရပ်ဦး..ငါစီးကရက်သောက္မလို့”

ထွန်းရင်က ကားကို လမ်းဘေးထိုးရပ်လိုက်သည်။

“ချောရင်...ငါတော့ ဒီကောင်နဲ့အလုပ်တွဲလုပ်ရမယ်ဆို သတ်မိမှာနော်”

ထွန်းရင် က ဝင်ပြောပြန်သည်။

ကဲ..ထွန်းရင်..ခဏလေးစိတ်လျော့ပါကွာ..ချောရင်ပြောတာကို ငါသဘောပေါက်တယ်..ဒီလိုဆို ငါနဲ့ ဝန်ကြီးချုပ် အပေးအယူလုပ်ခဲ့တဲ့အတိုင်း စိန်ဓါးမြှောင်ကို ထောင်ထဲထည့်ဖို့နဲ့ သူသိမ်းထားတဲ့မဲပြားတွေ ရဖို့ အတွက်လည်း အချိန်ရသွားမယ်၊ အဲ့ဒီအချိန်သူ့ပျော့ကွက်ကို အနီးကပ်ရှာရမယ်.အဲ့ဒီလိုမဟုတ်လား..ချောရင်”

“ဟုတ်တယ်..အကိုကြီး...လောလောဆယ်...ညီမတို့ နဲ့ စိန်ဓါးမြှောင်ပေါင်းလာအောင်လုပ်ရမယ်”

“လွယ်ပါ့မလား..ဟိုနေ့က သူ့အိမ်ကိုရဲတွေဝိုင်းတာ ငါတို့လက်ချက်ဆိုတာ သူသိနေလောက်ပြီလေ”

ချောရင်က လက်ညှိုးနှင့် လက္မကို ဝိုင်းပြလိုက်ပြီး

“ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်နိုင်တာလည်း ငွေပဲ၊ မိတ်ဆွေကို ရန်သူဖြစ်အောင်လုပ်နိုင်တာလည်း ငွေပဲ အကိုကြီးရေ..ငွေသုံးရင် စစ်ပွဲရော ငြိမ်းချမ်းရေးပါ ဘာမဆိုဖြစ်နိုင်တယ်... စိန်ဓါးမြှောင်ဆိုတာ ငွေလိုချင်လို့ ဓါးပြတိုက်နေတာမဟုတ်လား..အကိုကြီးရဲ့”

“အင်း.ကိုဖိုးတုတ်ကြီးရှိတုန်းက နင်ရွာမှာပဲ နေခဲ့တာ..နာတယ်..ချောရင်.နင်သာရှိရင် နင်တို့ နှစ်ယောက်ပေါင်းပြီး.. ဘာတွေများလုပ်ကြမလဲ..ငါြမင်ယောင်တယ်”

ထွန်းရင်က ဝင်ပြောသည်။

ဂန္ဓမာက စီကရက်ကို ရင်ခေါင်းထဲသို့ အငွေ့ပျောက်ရှိုက်သွင်းလိုက်ပြီး ကားလမ်းမဘက်ဆီသို့ ငေးနေသည်။
ထို့နောက်..

“ကဲ..စိန်ဓါးမြှောင်အိမ်...သွားကြစို့”

ခက်ဇော်
The Guys From Mandalay, 1950s 
                                 အခန္း(၂၆)
                            ....................

“ဒီသံတိုသံစပုံကို ပို႔ဖို႔အတြက္ ေဒၚလာတစ္သိန္းေတာင္ ေပးတယ္ဆိုတာ ဟုတ္ပါ့မလား...အကိုႀကီး..ေနာက္ၿပီး ဒီကိစၥက အစိုးရဘက္က သိသြားရင္ ႏိုင္ငံေတာ္သစၥာေဖာက္မႈပဲ..ေသဒဏ္ေနာ္”

ေခ်ာရင္စကားေၾကာင့္ ဂႏၶမာေခါင္းညိမ့္ရင္း စဥ္းစားလိုက္သည္။

“ဘာပဲျဖစ္ျဖစ္ အခုခ်ိန္မွာ ငါတို႔ က်ဥ္းထဲၾကပ္ထဲေရာက္ေနၿပီ...ေခ်ာရင္..ဖိုးတုတ္တုန္းကလည္း ဒီႏိုင္ငံေရးသမားေတြက ငါတို႔ကို အသုံးခ်ၾကတယ္။ အညႇာကိုင္ၾကတယ္၊အေပးအယူလုပ္ၾကတယ္။ ငါတို႔ေတြ ေသၾကေၾကၾကေတာ့ဘယ္သူမွမသိၾကဘူး..အဖက္လည္းမလုပ္ၾကဘူး..သူတို႔ကေတာ့ ႏိုင္ငံ့ေခါင္းေဆာင္ႀကီးေတြအေနနဲ႔ ေတာက္ပသြားၾကတာပဲ။ ဒီၾကားထဲအခု ငါတို႔အေျခအေနက စိန္ဓါးေျမႇာင္နဲ႔ နာဂ်စ္အာရတ္ ၾကား ရန္မီးႏွစ္ဖက္ညပ္ေနၿပီ... ငါလည္း အသက္ရလာၿပီ..သတ္ႏိုင္ျဖတ္ႏိုင္တယ္ဆိုတဲ့ အေျခအေနက ကာလတစ္ခုအထိပဲ ရွိမွာ..အခုခ်ိန္မွာ ေသမလား၊သတ္မလားတစ္ခုခုေ႐ြးရေတာ့မယ္”

“စိန္ဓါးေျမႇာင္ က ညီမကို သိသြားတာေတာ့ေသခ်ာတယ္...အကိုႀကီးတို႔ကို ေထာင္ဝင္စာလာေတြ႕ေတာ့ သူနဲ႔ခဏေလးပဲေတြ႕ၾကတာဆိုေပမယ့္..ညီမကို သူမွတ္မိသြားပုံပဲ...သူ႔အိမ္ကို ဟိုေန႔က ဝိုင္းတာ ညီမတို႔လက္ခ်က္ဆိုတာ သူသိေနေလာက္ၿပီ..ဒီတိုင္းေတာ့ ၿငိမ္ေနမယ္မထင္ဘူး”

“ဟုတ္တယ္..စိန္ဓါးေျမႇာင္က ဒီတိုင္းေနမယ့္ေကာင္ေတာ့မဟုတ္ဘူး”

“တ႐ုတ္ေတြအလုပ္ကို ညီမတို႔လက္ခံၿပီဆိုပါစို႔..သူတို႔ဆီက ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာအကူအညီမ်ိဳး ရႏိုင္မလဲ..သူတို႔ဂိုဏ္းေတြဆိုတာ ကမာၻအႏွံ႔ျဖန႔္က်က္ထားတာဆိုေတာ့ေလ”

“အလိန္နဲ႔ ငါတို႔ထပ္ေတြ႕ၾကည့္ၿပီး ေသခ်ာစကားေျပာၾကတာေပါ့”
....................................................................................
၁၉၅၄ ေအာက္တိုဘာ ၂၀ ရက္။

စိန္ဓါးေျမႇာင္ႏွင့္ မျမၾကည္တို႔သည္ ေမာ္လၿမိဳင္ဘက္တြင္ သြားေရာက္ေရွာင္တိမ္းေနရာမွ ရန္ကုန္၊ ပုဇြန္ေတာင္ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာၾကသည္။
ေနအိမ္တြင္ အိမ္ေစာင့္အျဖစ္ အႏွင္းတို႔ သားအမိ ရွိေနသည္။

“အႏွင္း..အေျခအေန ဘာထူးေသးလဲ”

“ၿပီးခဲ့တဲ့ ဆယ့္ငါးရက္ေန႔က ခါေလး႐ုံးထုတ္ကို ကြၽန္မသြားခဲ့ေသးတယ္..ဆရာႀကီး..ေခ်ာရင္နဲ႔ သူ႔အကို ထြန္းရင္ ဆိုတဲ့လူကိုပါ ေတြ႕ခဲ့ရတယ္”

“နင့္ကို ဘာေတြေျပာေသးလဲ...သူတို႔ေရွ႕မွာ ဘာမွမသိသလို မွင္မပ်က္ေနေနာ္”

“ေခ်ာရင္ကေတာ့ စကားေတြပုံမွန္လာေျပာေနတာပဲ..ဟိုလူႀကီးကေတာ့ ကြၽန္မကို တခ်က္တခ်က္ေသခ်ာစိုက္ ၾကည့္ေနတယ္”

“ထြန္းရင္ျဖစ္လိမ့္မယ္ထင္တယ္...အင္း..ၾကည့္ၾကေသးတာေပါ့ေလ”

“ဪ..ဆရာႀကီးသြားေနတုန္းက သခင္သိန္းဆိုတဲ့ လူ လာေသးတယ္။ ဆရာႀကီး ျပန္ေရာက္ရင္ သူ႔႐ုံးကို လာခဲ့ပါ။ အေရးႀကီးကိစၥေလး တိုင္ပင္စရာလည္းရွိလို႔တဲ့”

“ဒီလူ က လာျပန္ၿပီလား”

“ႏွစ္ေခါက္ေတာင္လာတာ..ဆရာႀကီး”

“အင္း..ဒီေကာင္ေတြနဲ႔ မဆက္ဆံခ်င္ပါဘူးဆိုမွကြာ”
“သူက ေျပာသြားေသးတယ္...ဗတလစအမေတာ္ေၾကးေငြကိစၥ ေလးလည္း ေဆြးေႏြးခ်င္လို႔တဲ့..လာေတြ႕ရမယ့္ လိပ္စာလည္း ေပးသြားတယ္”

“အင္း..ႏိုင္ငံေရးသမားမ်ားေတာ့ ပန္ကာေတြခ်ည္းပါလား..ႏိုင္ကြက္နဲ႔ ေခၚတာကိုး..ေအးေလ..ဘာေျပာမလဲ သြားၾကည့္ရတာေပါ့”

.........................................................

ပန္းဆိုးတန္း၊ ဆိုရွယ္နီပါတီဌာနခ်ဳပ္။

ဆိုရွယ္နီပါတီသည္ ၁၉၅၀တြင္ ဆိုရွယ္လစ္ပါတီမွ ခြဲထြက္ခဲ့ၿပီးျဖစ္သည္။

ဗမာျပည္အလုပ္သမား၊ လယ္သမားပါတီ (BWPP – Burma Worker and Pesant Party) ဟု အရွည္ေကာက္ေခၚၾကသည္။

သတင္းစာမ်ားကမူBWPP ဘြက္ပါတီဟု သေရာ္ၾက၏။ ဆိုရွယ္နီ‌ေပါလစ္ျဗဴ႐ိုအဖြဲ႕မွာ သခင္ခ်စ္ေမာင္၊ သခင္လွေႂကြ၊ သခင္လြင္၊ ဦးဘၿငိမ္တို႔ျဖစ္ၾကသည္။
ပါတီ႐ုံးခန္းထဲသို႔ စိန္ဓါးေျမႇာင္ ဝင္လိုက္သည္ႏွင့္ သတင္းစာထိုင္ဖတ္ေနေသာ သခင္သိန္းကို ေတြ႕လိုက္ရသည္။

“ဟာ...ဆရာသိန္း..မေတြ႕တာေတာင္ၾကာပါေပါ့လား..ဘယ့္ႏွယ့္..ဒီတေလာက အခ်ီႀကီးေတြမိၿပီး တစ္ေနရာမွာ သြားႏွက္ေနတယ္ၾကားတယ္”

စိန္ဓါးေျမႇာင္က သခင္သိန္းကို ၿပဳံးသား ၿပဳံးျပေနလိုက္သည္။

“ကဲ..လာဗ်ာ...က်ဳပ္ေတာ့ အတြင္းဝန္ရာထူးက ျပဳတ္ၿပီဆိုေတာ့ ႐ုံးခန္းဘာညာမရွိေတာ့ဘူးဗ်ာ...လာလာ အေပၚထပ္ ထပ္ခိုးေပၚမွာ နားေအးပါးေအး ေျပာၾကာတာေပါ့..ပန္ကာလည္းရွိပါတယ္”

သခင္သိန္းက စိန္ဓါးေျမႇာင္ကို ထပ္ခိုးေပၚရွိ အခန္းသို႔ ေခၚသြားသည္။

“ကဲ...ကိုယ့္လူေရ...တေလာက ကိုယ့္လူတို႔ ဗတလစ ေငြေတြ ကို လုလိုက္ၾကတာ ဖဆပလကေတာ့ ေတာ္ေတာ္ နာၾကည္းေနတယ္။ လယ္ယာစိုက္ပ်ိဳးေရးဝန္ဗိုလ္ခင္ေမာင္ကေလးက ခင္ဗ်ားကို အေသသတ္မယ္ခ်ည္းလုပ္ေနတယ္။ ဒါေပမယ့္လည္း က်ဳပ္တို႔ ရွိပါေသးတယ္ဗ်ာ။ ဟိုရဲမင္းႀကီး ဦးဘိုတို႔ေတာင္ ခင္ဗ်ားအကြက္ထဲ ဝင္သြားတာ က်ဳပ္တို႔ မသိခ်င္ေယာင္ေဆာင္ေပးေနလို႔ေပါ့”

“ေနပါဦးသခင္သိန္းရ....ခုနခါ ရန္ကုန္ၿမိဳ႕ထဲမွာ အားအားရွိဓါးျပလုပ္ၿပီး တိုက္ေနၾကတာ။ တိုက္တဲ့ေကာင္တိုင္းကလည္း စိန္ဓါးေျမႇာင္ကြလို႔ ေအာ္ေအာ္သြား႐ုံနဲ႔ စိန္ဓါးေျမႇာင္က တရားခံျဖစ္ေရာ့လား”

“ဟင္း..ဟင္း...က်ဳပ္ကေတာ့ သိပါတယ္..ဆရာသိန္းရယ္....လက္စလက္နေတြေလ့လိုက္တာနဲ႔ စိန္ဓါးေျမႇာင္လား၊ ေ႐ႊဓါးေျမႇာင္လား၊ ေဘာ္ဓါးေျမႇာင္လား၊ ဒန္ဓါးေျမႇာင္လား အသိသာႀကီးပါ”

“ကဲ..ထားပါေလ...အခု ဘာကိစၥလဲ..ကြၽန္ေတာ့္ကိုေခၚရတာ”

“အင္း..ေျပာျပမယ္ဗ်..မၾကာခင္မွ အေႏွးနဲ႔အျမန္ ဖဆပလက ကြဲမွာပဲ။ဖဆပလမကြဲခင္ က်ဳပ္တို႔ ဆိုရွယ္လစ္ေတြက အရင္ကြဲပစ္လိုက္တာ။ ဒါကလည္း အေၾကာင္းရွိပါတယ္။ ပါလီမန္ထဲမွာ ႏိုင္ငံေရးနဲ႔တိုကၼယ့္ဆိုရွယ္လစ္ေတြက ဖဆပလနဲ႔အတူ ရွိမယ္။ ဆိုရွယ္နီထဲမွာလက္နက္ကိုင္တိုကၼယ့္၊ ေတာခိုမယ့္ဆိုရွယ္လစ္ေတြရွိမယ္။ ေျမေပၚေျမေအာက္ခြဲၿပီး အာပတ္လြတ္ေနလိုက္တဲ့သေဘာေပါ့”

“အင္း..ခင္ဗ်ားတို႔ ကလိန္ဉာဏ္ေတြက ကြၽန္ေတာ့္အဖြဲ႕ေတြေတာင္ သင္တန္းလာတက္ရမလို႔ပဲ”

“ထားပါေတာ့..ဒီကိစၥ...က်ဳပ္ေျပာခ်င္တာက..မၾကာခင္မွာ ျပည္သူ႔စစ္ဥပေဒတစ္ခုျပဌာန္းေတာ့မယ္၊ အဲ့ဒီမွာ ေသာင္းက်န္းသူႏွိမ္နင္းေရးေခါင္းစဥ္နဲ႔ ျပဴေစာထီးတပ္ဖြဲ႕ကို ဖြဲ႕လိမ့္မယ္။ဆိုရွယ္လစ္အမ်ားစု ပါေနမွာပဲ။ ဒါေပမယ့္ ဦးႏုကလည္း သူ႔လူေတြထည့္ထားဖို႔စီစဥ္ထားၿပီးၿပီ၊ ဦးႏုဘက္မွာ ဆိုရွယ္လစ္မဟုတ္တဲ့စစ္ဗိုလ္ေတြရွိေနလိမ့္မယ္။ ခင္ဗ်ားအလုပ္က ျပဴေစာထီးထဲက ဦးႏုလူေတြကို ရွင္းေပးဖို႔ပဲ၊ ျပဴေစာထီးဟာ ဆိုရွယ္လစ္လက္နက္ကိုင္တပ္ပဲျဖစ္ရမယ္”

“အရင္တစ္ခါကေတာ့ ဦးႏု မဲရေအာင္ခင္ဗ်ားပဲ ကြၽန္ေတာ္တို႔ကို မဲပုံးေတြ ေဖာက္ခိုင္းတယ္၊ အခုတစ္ေခါက္က် ဦးႏု လူေတြကို သတ္ခိုင္းျပန္တယ္။ ခင္ဗ်ားက ဘယ္ဘက္ကလဲ”

“က်ဳပ္ကမၾကာခင္မွာ ဦးဧေမာင္တို႔ ဖြဲ႕မယ့္ အတိုက္အခံ ပမညတတပ္ေပါင္စုရဲ႕ ဆိုရွယ္နီအမတ္ေလာင္း ထဲမွာ ပါလာလိမ့္မယ္”

“ဒါဆို ကြၽန္ေတာ္က ပမညတ အတြက္ လုပ္ေပးရမွာလား”

“မဟုတ္ဘူး..ခင္ဗ်ားက ဖဆပလထဲ ဆိုရွယ္လစ္ေတြ ၾသဇာလႊမ္းမိုးေရးအတြက္ ကူညီရမွာ”

“ဒါဆိုခင္ဗ်ားတို႔ ဆိုရွယ္လစ္ေတြက အစိုးရထဲလည္းတစ္ဖြဲ႕၊ အတိုက္အခံထဲလည္း တစ္ဖြဲ႕၊ ေနာက္ကြယ္မွာေတာ့ တစ္ဖြဲ႕တည္းပဲေပါ့..အဲ့ဒီလိုလား”

“အင္း..ခင္ဗ်ားနားလည္ခ်င္သလို နားလည္လိုက္ပါ။ အခု လာမယ့္ ၁၉၅၆ ေ႐ြးေကာက္ပြဲမွာ ဖဆပလႏိုင္ရမယ္၊ တၿပိဳင္နက္တည္း ပမညတကလည္း အတိုက္အခံအင္အားစုအေနနဲ႔ လႊတ္ေတာ္ထဲေရာက္ရမယ္၊ ဖဆပလအစိုးရထဲမွာမွ ဆိုရွယ္လစ္ပါတီက ဝန္ႀကီးခ်ဳပ္ျဖစ္ရမယ္၊ ဆိုရွယ္လစ္ၾသဇာလႊမ္းမိုးရမယ္၊ ဘုရားဒကာသခင္ႏုကို ဖယ္ထုတ္ပစ္မယ္။ အဲ့ဒါပဲ”

“ေနပါဦး..ခုထိ ခင္ဗ်ားတို႔ဘက္ကေန ကူေပးမလားမကူေပးဘူးလားဆိုတဲ့ ကြၽန္ေတာ့္သေဘာကို တစ္ခြန္းမွ မေမးေသးဘူးေနာ္”

“ခင္ဗ်ား က်ဳပ္တို႔ကို ကူညီမွာပါ စိန္ဓါးေျမႇာင္၊ ဘာလို႔လဲဆိုေတာ့ ဒီတစ္ေခါက္ ခင္ဗ်ားကူညီၿပီးရင္ စိန္ဓါးေျမႇာင္ဆိုတာကို အစိုးရရဲ႕မွတ္တမ္းထဲက ေဖ်ာက္ပစ္မယ္၊ အဲ့ဒီေနရာမွာ အစိုးရစီးပြားေရေကာ္မရွင္ရဲ႕ ခ်ည္ထည္သြင္းကုန္လိုင္စင္တစ္ခု ခင္ဗ်ားကို ေပးဖို႔စီစဥ္ထားတယ္၊ သြင္းကုန္လိုင္စင္တစ္ခုဘယ္ေလာက္ဆိုတာ ခင္ဗ်ားသိပါတယ္၊ ကိုယ္တိုင္မလုပ္ပဲ..ႏိုင္ငံျခားကုမၸဏီႀကီးတစ္ခုကို ေရာင္းစားရင္ေတာင္ ခင္ဗ်ား တစ္သက္လုံး ဓါးျပတိုက္ထားတာေတြရဲ႕ ဆယ္ဆေလာက္တစ္ခါတည္းရမွာ...အဲ့ဒါၿပီးေတာ့ ၁၉၆၀ ေ႐ြးေကာက္ပြဲက် ခင္ဗ်ားဟာ ဖဆပလအမတ္ ေဆးဆရာႀကီး ဆရာသိန္း ျဖစ္ေစရမယ္။ ကဲ..ဒါ ခင္ဗ်ားရဲ႕ ဘဝသစ္ဆီ သြားတဲ့ အခြင့္အေရးပဲ..ဆရာသိန္း”

စိန္ဓါးေျမႇာင္ က သခင္သိန္းကို စိုက္ၾကည့္ရင္း ေခါင္းကိုတဆတ္ဆတ္ညိတ္ေနသည္။

“ခင္ဗ်ားစဥ္းစားပါ....ဓါးျပတိုက္စားရင္ေတာ့ တစ္ခ်ိန္ခ်ိန္မွာ ေသရင္ေသ..မေသရင္ေထာင္ထဲ ဘဝဆုံးမွာပဲ..ဇိမ္က်က်အမတ္လုပ္စမ္းပါဗ်ာ”

“ဟုတ္ၿပီ....ကဲ..လုပ္ရမယ့္ဟာ အေသးစိတ္သာ ကြၽန္ေတာ့္ကိုေျပ”"

“ဪ..တစ္ခုရွိေသးတယ္..ဦးႏုက ခင္ဗ်ားက်ဳပ္တို႔အတြက္ အလုပ္လုပ္ေပးခဲ့တာကိုသိတယ္၊ ၿပီးေတာ့ခင္ဗ်ား ဓါးျပမႈေတြကိုလည္း သူ႔ၾကားတယ္၊ ခင္ဗ်ားကို ေထာင္ထဲတစ္သက္လုံးထည့္ဖို႔...သူ႔လူေတြကို တာဝန္ေပးထားသတဲ့ဗ်.....အဲ့ဒါသိတယ္မဟုတ္လား”

“သိပါ့ဗ်ာ...ဂႏၶမာေသာင္းရီ ရဲ႕ လူေတြ က်ဳပ္အိမ္ကိုေတာင္ ဝင္ထြက္ေနၾကေသးတယ္..ကြၽန္ေတာ္က မသိဘူးထင္ေနတယ္..အဟက္”

“ဟုတ္တယ္..ေရာ့..ဒီမွာ...ခင္ဗ်ားျဖစ္တဲ့နည္းနဲ႔ရွင္းေပးရမယ့္..ဦးႏု ကို ေနာက္ကြယ္က ကူညီေပးေနတဲ့ လူေတြ နဲ႔ စစ္ဗိုလ္စာရင္း......၅၆ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ အဲ့ဒီလူေတြ အကုန္လုံးနည္းမ်ိဳးစုံနဲ႔ ေပ်ာက္သြားတာလိုခ်င္တယ္ဗ်ာ..ေသတာပဲျဖစ္ျဖစ္..ေထာင္ထဲထည့္တာပဲျဖစ္ျဖစ္ေပါ့”

“ကြၽန္ေတာ့္မွာ လက္နက္လိုတယ္ဗ်”

“ဒီအတြကၼပူပါနဲ႔..အခု အစိုးရက နီေပါက ကြိဳင္လာရာညီအစ္ကိုေတြရဲ႕ ေတာ္လွန္ေရးအတြက္ လက္နက္ေတြ ပို႔ေပးေနတဲ့စီမံကိန္းရွိတယ္၊ ဆိုရွယ္လစ္ပါတီအေနနဲ႔ ဗီယက္နမ္ေတာ္လွန္ေရးအတြက္ လက္နက္ေထာက္ပံ့ေနတာေတြလည္းရွိတယ္။ အဲ့ဒီစီမံကိန္းေတြအားလုံးနီးပါးကို ဆိုရွယ္လစ္စစ္ဗိုလ္ေတြ ကိုင္ထားတာ၊ ခင္ဗ်ားလိုခ်င္တဲ့လက္နက္စာရင္းသာေျပာ။ ခင္ဗ်ားခ်ိတ္ဆက္ရမယ့္ ဆိုရွယ္လစ္စစ္ဗိုလ္ေတြ နာမည္နဲ႔ ဆက္သြယ္ရမယ့္ေနရာေတြကို က်ဳပ္ ထပ္‌ေရးေပးလိုက္မယ္”

“ေကာင္းၿပီေလ....ဒီလိုဆို က်ဳပ္အတြက္ အမ်ားႀကီးမခက္ခဲပါဘူး..ခင္ဗ်ား ကတိတည္ဖို႔ပါပဲ”

“ေၾသာ္..ခင္ဗ်ား မျဖစ္မေနရွင္းရမွာေတာ့ ဂႏၶမာေသာင္းရီေနာ္....ဟိုေန႔က တ႐ုတ္တန္းလူမိုက္ကို သူသတ္လိုက္တယ္ၾကားတယ္..အဲ့ဒီသတင္းေၾကာင့္ သူ႔ဩဇာက ႀကီးလာၿပီး ဒုတိယလမ္းမေတာ္ဖိုးတုတ္ျဖစ္လာရင္ေတာ့ ခင္ဗ်ား ရွင္းရခက္သြားလိမ့္မယ္”

စိန္ဓါးေျမႇာင္က သခင္သိန္းကို အၿပဳံးျဖင့္သာ တုန႔္ျပန္လိုက္သည္။
ထို႔ေနာက္ သခင္သိန္းေပးသည့္ စာ႐ြက္ႏွစ္႐ြက္ကို ယူကာ ျပန္လည္ထြက္ခြာသြား၏။
....................................................................................
“အဲ့ဒါပဲ..အလိန္...ကြၽန္ေတာ္က အစိုးရနဲ႔အေပးအယူလုပ္ၿပီးထြက္လာတာ..အခုက် အစိုးရအတြက္ ဘာမွ မလုပ္ရေသးဘူး..ရန္မီးက ႏွစ္ဖက္ညႇပ္သလိုျဖစ္ေနၿပီ.....ခင္ဗ်ားတို႔ ဂိုဏ္းအေနနဲ႔ ဘာကူညီေပးႏိုင္မလဲပဲ သိခ်င္တာ”

“ငါတို႔က ျမန္မာျပည္ကို အခုမွ အေျခတည္မလို႔လုပ္ေနတာ..ေသာင္းရီ..အခုဒီမွာလည္း ငါတစ္ေယာက္တည္းေတာင္ အစိုးရဆီက သြင္းကုန္လိုင္စင္တစ္ခုဟန္ျပဝယ္ၿပီး မနည္းအသြင္ယူေနရတာ.. စီအိုင္ေအေတြနဲ႔ခ်ိတ္ဆက္လုပ္ရတာရွိေပမယ့္...မင္းတို႔ ျပႆနာေလာက္ထိေတာ့ သူတို႔ဆီက ဘာမွ အကူအညီေတာင္းလို႔ရမွာမဟုတ္ဘူး..ေနာက္ၿပီး k14 အေနနဲ႔လည္း..သူ႔စီးပြားေရးကို မထိခိုက္ေသးပဲနဲ႔ေဒသခံေတြရဲ႕ဂိုဏ္းစစ္ပြဲမွာ ကူညီေပး႐ိုးထုံးစံမရွိဘူး..အခုခ်ိန္မွာ ငါတို႔ လုပ္ေပးႏိုင္တာက...မင္း ငါ့အလုပ္ကို သစၥာရွိရွိကူညီမလား..ေဒၚလာတစ္သိန္းရမယ္..ဒါပဲ”

“ညီမဝင္ေျပာရမလား...အကိုႀကီး”

ေခ်ာရင္ကို ဂႏၶမာေသာင္းရီက ေခါင္းညိမ့္ျပလိုက္သည္။

“သံတိုသံစေတြ ရွမ္းျပည္ဘက္ပို႔ေပး႐ုံနဲ႔ ေဒၚလာတစ္သိန္းဆိုတာ ေတာ္ေတာ္မ်ားတယ္ေနာ္”

“ဒါ..မင္းကိစၥမဟုတ္ပါဘူးေလ..ငါတို႔ဘက္က ကမ္းလွမ္းတဲ့ အေမာက့္ပဲ...မင္းတို႔ မလုပ္လည္း လုပ္ႏိုင္တဲ့သူကို ငါရွာရမယ္..ဒါေပမယ့္...ဒီကိစၥကို မင္းတို႔ကိုအသိေပးထားၿပီးၿပီဆိုေတာ့...မင္းတို႔ပါးစပ္ေပါက္ေတြကို ငါကယုံေပမယ့္ ေဟာင္ေကာင္မွာရွိတဲ့ K14 က ယုံခ်င္မွယုံမွာ..အဲ့ဒီက် ငါလည္း မတတ္ႏိုင္ဘူး”

“ခင္ဗ်ား စကားက ဘာလဲ..အလိန္”

ဂႏၶမာကလက္သီးကို ဆုပ္ၿပီး အလိန္ကို ေမးလိုက္သည္။
အလိန္က ၿပဳံးလ်က္ ပုခုံးကိုတြန႔္ျပလိုက္၏။

“မင္းကဖိုးတုတ္မဟုတ္ဘူး..ဂႏၶမာေသာင္းရီ..ငါကလည္း ဗိုလ္တစ္ေထာင္ငမိုးမဟုတ္ဘူး...ငါတို႔ ဒီလိုေခတ္ဆိုးႀကီးေတြထဲ...ရွင္သန္က်န္ေနရစ္ၾကတာ..ငါတို႔က ငါတို႔ျဖစ္ေနလို႔ပဲကြ... မင္းတို႔ ေသခ်ာစဥ္းစားပါ.. မင္းတို႔လုပ္ႏိုင္တာတစ္ခုေတာ့ရွိတယ္...ငါတို႔ ပေရာဂ်က္ကို လက္ခံၿပီး ေအာင္ျမင္ေအာင္လုပ္...ၿပီးရင္ အဲ့ဒီေငြေတြပိုက္ၿပီး ေဟာင္ေကာင္ျဖစ္ျဖစ္၊ မကာအိုျဖစ္ျဖစ္၊ တိုင္ေပျဖစ္ျဖစ္ ႀကိဳက္တဲ့ေနရာကို ထြက္သြားၿပီး ခ်မ္းခ်မ္းသာသာေနၾက...ဒါေတာ့ ငါကူညီေပးႏိုင္တယ္၊ မဟုတ္ရင္ေတာ့ K14 ရဲ႕ လွ်ိဳ႕ဝွက္ပေရာ့ဂ်က္ကို မကူညီေပးပဲ သိေနတဲ့လူေတြျဖစ္ေနတဲ့ မင္းတို႔အတြက္ မေကာင္းႏိုင္ဘူး”

ဂႏၶမာေသာင္းရီ၏ အသက္ရႈသံမ်ားျမန္လာသည္။ အလိန္ကို စူးစူးစိုက္စိုက္ၾကည့္ေန၏။

လက္တစ္ဖက္က ခုံေဘးတြင္ခ်ထားေသာ အသစ္စက္စက္ ခ်ိန္းႀကိဳးဆီ ဦးတည္ေနသည္။

အလိန္က ၿပဳံးေန၏။ သို႔ေသာ္လည္း လက္တစ္ဖက္က ကုတ္အက်ႌေအာကၼွ ဓါးေျမႇာင္ဆီတြင္ အသင့္အေနအထား။

ထြန္းရင္ က ေၾကးအိုးျပဳတ္အိုးေဘးမွ ဓါးမကို အသာဆြဲယူလိုက္သည္။

ေကာင္တာတြင္ထိုင္ကာ ေရဒီယိုနားေထာင္ေနေသာ မေသာင္းက ေရဒီယိုသံကို ေလ်ာ့ရင္း ၿငိမ္သက္သြားသည့္ သူတို႔ကို ေစာင့္ၾကည့္ေနၾကသည္။

ထိုအခ်ိန္တြင္ ခ်ိန္းႀကိဳးထံ ေ႐ြ႕ေနေသာ ဂႏၶမာ၏ လက္ေကာက္ဝတ္ကို ေခ်ာရင္က ဆုပ္ကိုင္လိုက္သည္။

“ဟုတ္ၿပီ...ကိုဂႏၶမာက ရွင့္ရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံတယ္..ဦးအလိန္”

ေခ်ာရင္စကားသံၾကားမွ အေျခအေနက ပုံမွန္ျပန္ျဖစ္သြားၾကသည္။

“ပို႔ရမယ့္ေျမပုံအေသးစိတ္ကို လိုခ်င္တယ္...ဘယ္ေတာ့စမယ္ဆိုတာလည္း သိခ်င္တယ္”

“ပို႔ရမွာက မိုင္းဆတ္အထိ မဟုတ္ပါဘူး...မႏၲေလးအထက္ဘက္ ေနာင္ခ်ိဳအထိပါပဲေလ..အခ်ိန္ကေတာ့ ေျပာလို႔မရဘူး...အခု ငါက အစိုးရဆီက သြင္းကုန္လိုင္စင္ဝယ္ထားတယ္..ဗာဂ်ီးနီးယားအေကာင္းစားေတြ သြင္းမယ္ဆိုၿပီး ကမ္းနားမွာ ဂိုေထာင္ေတြငွားဖို႔လုပ္တုန္း..ဒါၿပီးမွ ပစၥည္းေတြ စုဖို႔ လုပ္ရဦးမယ္...ဆုံၿပီဆိုမွ စၾကမွာပါ”

“အၾကမ္းဖ်ဥ္းဘယ္ေလာက္ၾကာႏိုင္လဲ”

“တစ္ႏွစ္ခြဲေလာက္ ၾကာလိမ့္မယ္..မင္းတို႔အတြက္ လမ္းေၾကာင္းဆြဲဖို႔ စီစဥ္ဖို႔ အခ်ိန္အမ်ားႀကီးရပါတယ္”

“ဟုတ္ၿပီေလ..ဒီၾကားထဲရွင့္ကိုဆက္သြယ္ခ်င္ရင္..ဘယ္ကိုဆက္သြယ္ရမလဲ”

“လြစ္လမ္းမွာ ငါအခန္းငွားေနတယ္....ဒီမွာ လိပ္စာကဒ္”

“အကိုႀကီး ဂႏၶမာကိုသာ ေပးလိုက္ပါ”

အလိန္က ေခ်ာရင္ထံ ကမ္းေပးေနေသာလိပ္စာကဒ္ကို ဂႏၶမာထံသို႔ ျပန္ကမ္းေပးလိုက္သည္။

“စိတ္ေလ်ာ့ပါ..ေသာင္းရင္ရာ....ငါကမင္းကို လက္ခံေစခ်င္လို႔ ေျပာမိတာပါ”

ဂႏၶမာေသာင္းရီ က အလိန္ ထံမွ လိပ္စာကဒ္ကို ယူၿပီး ေခါင္းၿငိမ့္လိုက္သည္။

“ေရာ့..ဒီမွာ လုပ္ငန္းသေဘာတူျခင္းအတြက္ စရံေငြ ေဒၚလာ ႏွစ္ေသာင္းေပးခဲ့မယ္”

အလိန္က တ႐ုတ္မႈိင္းကိုင္စကၠဴျဖင့္ ပတ္ထားေသာ အထုတ္တစ္ထုတ္ကို ကမ္းေပးလိုက္သည္။

“ဪ...ေရာ့..ဒီမႈိင္းကိုင္စကၠဴေပၚမွာေတာ့ မင္းနာမည္နဲ႔ လက္မွတ္ထိုးလိုက္ ဂႏၶမာ...ဒါ K14 နဲ႔ မင္းနဲ႔ ၾကားက သေဘာတူစာခ်ဳပ္ပဲ”

အလိန္က ေဘာပင္ကို ထိုးေပးလိုက္သည္။ ဂႏၶမာက ေဘာပင္ကို ယူၿပီး မႈိင္းကိုင္စကၠဴကို ျဖန႔္ကာ နာမည္ႏွင့္ လက္မွတ္ထိုးေပးလိုက္၏။

ထို႔ေနာက္ ပိုက္ဆံကို ယူထားၿပီး မႈိင္းကိုင္စကၠဴကို အလိန္ထံ ျပန္ေပးလိုက္သည္။

“ကဲ...ေအာင္ျမင္ၿပီေပါ့ကြာ...ေအာင္ျမင္ျခင္းအထိမ္းအမွတ္ တစ္ခြက္တစ္ဖလားေသာက္ၾကဦးမလား”

“က်ဳပ္..မေသာက္ခ်င္ဘူး..အလိန္”

“ေအးပါကြာ..ဒါဆိုလည္းၿပီးတာပဲ....ငါသြားၿပီေဟ့”

အလိန္က ေသာင္းရီကို ပုခုံးတြန႔္ျပၿပီး ထြက္သြားသည္။

“အကိုႀကီး..ညီမ လက္ခံလိုက္တဲ့အတြက္ စိတ္မဆိုးေစခ်င္ဘူး....အခုက ညီမတို႔မွာ ရန္မီးႏွစ္ဖက္ညႇပ္ေနလို႔ သူ႔အားကိုးရမလားမွတ္တယ္..သူကပါ ၿခိမ္းေျခာက္တာခံေနရတယ္”

“ေအး..အရင္တုန္းကလိုဆို ဒီေကာင္မ်ိဳးကို လည္ပင္းညႇစ္ၿပီး ပုလင္းကြဲေကြၽးသတ္ပစ္တယ္”

“စိတ္ေအးေအးထား..အကိုႀကီး..ညီမတို႔ စုစုစည္းစည္းရွိမွ ျဖစ္ေတာ့မယ္...ေနာက္ထပ္ ေျခလွမ္းေတြ ထပ္မွားလို႔မျဖစ္ေတာ့ဘူး”

ဂႏၶမာအနီးတြင္ မေသာင္းက ေရာက္လာၿပီး ထိုင္လိုက္သည္။
ထို႔ေနာက္ အသင့္စပ္ထားေသာ ရမ္ဖန္ခြက္ကို လက္ထဲ ထည့္ေပးလိုက္၏။

“ေမာင္....ေသာက္လိုက္ေနာ္”

ဂႏၶမာက အေသာင္းထိုးေပးသည့္ ရမ္ခြက္ကို ယူကာ တရွိန္ထိုး ေမာ့ခ်လိုက္သည္။

“ေခ်ာရင္...ညီမမွာဘယ္လို အစီအစဥ္ေတြရွိလဲ”

မေသာင္းက ေခ်ာရင္ ကို ေမးလိုက္၏။

“ညီမတို႔ အရင္ဆုံး ဗိုလ္ေမာင္ေမာင္နဲ႔ သြားေတြ႕ဖို႔လိုလိမ့္မယ္” 

ေနာက္တစ္ေန႔တြင္ ဂႏၶမာေသာင္းရီႏွင့္ ေခ်ာရင္တို႔သည္ ဗိုလ္ေမာင္ေမာင္ အားေတြ႕ဆုံရန္ ေပးထားသည့္တပ္လိပ္စာအတိုင္း လိုက္လာၾကသည္။

သို႔ေသာ္ ဗိုလ္ေမာင္ေမာင္ ကားမရွိ။

ဗိုလ္ေမာင္ေမာင္သည္ စစ္ေလ်ာ္ေၾကးေကာ္မရွင္ကိစၥတြင္ တပ္ဘက္အရာရွိငယ္တစ္ဦးအေနျဖင့္ ဂ်ပန္သို႔ သြားေနသည္။

စစ္ရႈံးႏိုင္ငံမ်ားမွ စစ္လက္နက္ထုတ္သည့္စက္႐ုံမ်ားကို စစ္ႏိုင္သည့္ ႏိုင္ငံမ်ားက ျဖဳတ္ယူရန္ ေပၚလစီအရ ျမန္မာႏိုင္ငံသည့္ ၿဗိတိသွ်ကိုလိုနီအေနျဖင့္ စစ္ႏိုင္ႏိုင္ငံစာရင္းတြင္ ပါဝင္ခဲ့သျဖင့္ ေဝစုရရွိသည္။

ထို႔အတြက္ ျမန္မာျပည္မွ အရပ္ဘက္၊စစ္ဘက္အရာရွိမ်ား ေကာ္မရွင္တစ္ခုဖြဲ႕ကာ ဂ်ပန္သို႔သြားေရာက္ၿပီး ျဖဳတ္ယူရမည့္စက္႐ုံမ်ားတြင္ ေဝပုံက် သြားေရာက္ျဖဳတ္ယူရသည္။

ျပည္တြင္းလက္နက္ကိုင္မ်ားေရာ၊ ျပည္ပတ႐ုတ္ျဖဴက်ဴးေက်ာ္မႈမ်ားကိုပါ ရင္ဆိုင္ေနရသည့္အတြက္ ျမန္မာျပည္သည္ က်ည္ဆံႏွင့္ လက္နက္မ်ားလိုအပ္လ်က္ရွိသည္။

ထိုမႏိုင္မီက စစ္ရႈံးႏိုင္ငံျဖစ္ေသာ အီတလီႏိုင္ငံသို႔လည္း ဗိုလ္ခ်ဳပ္ေနဝင္းဦးေဆာင္သည့္အဖြဲ႕က သြားေရာက္ကာ မဟာမိတ္မ်ားရသည့္ ေဝပုံက်မ်ားထဲမွ ေျမျမဳပ္ထားသည့္ စတင္းဂန္းစက္႐ုံတစ္႐ုံကို ဝယ္ယူႏိုင္ခဲ့သျဖင့္ ျမန္မာႏိုင္ငံတြင္ စတင္းမ်ား ထုတ္လုပ္လာႏိုင္သည္။
႐ိုင္ဖယ္ႏွင့္ က်ည္ဆံလုပ္သည့္စက္မ်ားလည္း ရရွိလာဖူးသည္။

သို႔ေသာ္..ဂ်ပန္ႏိုင္ငံတြင္ကားမွန္းခ်က္ႏွင့္ ႏွမ္းထြကၼကိုက္ခဲ့။

တကယ္တမ္းလက္နက္ထုတ္လုပ္ႏိုင္မည့္ အဓိကပစၥည္းမ်ားကို အေမရိကန္တို႔က ျဖဳတ္ယူၿပီး ျဖစ္သျဖင့္ က်န္ႏိုင္ငံမ်ားမွာ အေရးမပါသည့္ပစၥည္းမ်ားသာရလိုက္သည္။

ဗိုလ္ေမာင္ေမာင္ပါဝင္သည့္ ဂ်ပန္သြားအဖြဲ႕ကား ဂ်ပန္တြင္ ဟိုပစၥည္းရႏိုးႏိုး၊ ဒီပစၥည္းရႏိုးႏိုးျဖင့္ လိုက္လံရွာေဖြရင္း ေသာ သို႔ေသာ္တကယ္တမ္းလက္နက္ထုတ္လုပ္ႏိုင္မည့္ အဓိကပစၥည္းမ်ားကို အေမရိကန္တို႔က ျဖဳတ္ယူၿပီး ျဖစ္သျဖင့္ က်န္ႏိုင္ငံမ်ားမွာ အေရးမပါသည့္ပစၥည္းမ်ားသာရလိုက္သည္။

မည္သည့္ရကၼွ ျပန္လာၾကမည္ကိုလည္း တပ္မွ အတိအက်မေျပာႏိုင္သျဖင့္ ဂႏၶမာေသာင္းရီႏွင့္ ေခ်ာရင္တို႔ မွာ စိတ္ပ်က္လက္ပ်က္ျဖင့္ ျပန္ထြက္လာၾကသည္။

ထိုအခ်ိန္တြင္ ဂႏၶမာ‌ေသာင္းရီတို႔သည္ ဖဆပလမွ ႀကိဳထုတ္ေပးေသာေငြ၊ အလိန္ထံမွ စရံေငြတို႔ထဲမွ ဂ်စ္ကားတစ္စီးဝယ္ယူထားခဲ့ၿပီျဖစ္သည္။

ထြန္းရင္က ဂ်စ္ကားကိုေမာင္းလာၿပီး ဂႏၶမာေသာင္းရီက ေဘးမွ ထိုင္လိုက္လာသည္။

ေခ်ာရင္က ဂ်စ္ကားအေနာက္တြင္ ထိုင္သည္။

“ကဲ..ဘာဆက္လုပ္ၾကမလဲ”

“ဒီတိုင္းဆိုရင္ေတာ့ ညီမ ရဲ႕ ဒုတိယအစီအစဥ္ကို ဆက္လုပ္ၾကတာေပါ့..အကိုႀကီး”

“ဒုတိယအစီအစဥၾက ဘာလဲ”

“လူတစ္ေယာက္ကို သြားေတြ႕ရမယ္”

“ဘယ္သူလဲ”

“စိန္ဓါးေျမႇာင္”

“အဲ့ဒီေကာင္ဆိုရင္ေတာ့ ငါက အိမ္ျပန္ျပႇီး ဒူးေလးျပန္ယူလိုက္ဦးမယ္...မေအေပး..ကလိန္ကက်စ္...ဖင္ဝကိုခ်ည္း ဒူးေလးနဲ႔ မေသမခ်င္း ပစ္သတ္ပစ္မယ္”

ထြန္းရင္က ေဒါသတႀကီးႀကိမ္းေမာင္လိုက္သျဖင့္ ဂႏၶမာက ၿပဳံးလိုက္သည္။

“ေနပါဦး..ထြန္းရင္..ေခ်ာရင္ ေျပာတာဆုံးေအာင္ နားေထာင္ပါဦး..ကဲ..ငါတို႔ကဘာလို႔ စိန္ဓါးေျမႇာင္နဲ႔ ေတြ႕ရမွာလဲ”

“အကိုႀကီးစဥ္းစားၾကည့္...ညီမတို႔ အခု ပစၥည္းပို႔ရမယ့္လမ္းေၾကာင္းက ေနာင္ခ်ိဳ၊မႏၲေလးအထက္နားေလးတင္ပဲ။ အဲ့ဒီတစ္ေလွ်ာက္ ဗကပ၊ရဲေဘာ္ျဖဴ၊ ေကအင္ဒီအို သူပုန္ေပါင္းစုံကို‌‌ေက်ာ္သြားရမွာ...တကယ္တမ္းက အဲ့ဒီဘက္မွာ ကြၽမ္းက်င္တဲ့သူလိုတယ္...ညီမ စိန္ဓါးေျမႇာင္အေၾကာင္းကို ေသခ်ာေလ့လာၿပီးၿပီ...သူ႔တပည့္ေတြက အဲ့ဒီဘက္မွာ ျဖန႔္က်က္ထားတာပဲ..အဲ့ဒီဘက္တင္မကပါဘူး...ေမာ္လၿမိဳင္ကေန ထားဝယ္ထိေတာင္ သူ႔ၾသဇာခံအဖြဲ႕ေတြ ရွိေနတယ္”

“ဒီေကာင္က ဒီေလာက္ေတာင္ စြမ္းလား”

“အင္း...ဒါေၾကာင့္မို႔လည္း ရန္ကုန္ၿမိဳ႕လည္ေကာင္မွာ အိမ္တစ္ေဆာင္မီတစ္ေျပာင္နဲ႔ ဓါးျပလာလုပ္ေနတာေပါ့..အကိုႀကီးရယ္”

“အင္း...”

“အခု ညီမတို႔ သူနဲ႔ ယာယီမဟာမိတ္ဖြဲ႕မယ္....သူ႔ကို စည္း႐ုံးၿပီး ဒီလမ္းေၾကာင္းကို သူ႔လူေတြ ကို သုံးလို႔ရေအာင္ ေျပာရမယ္...ဒါဆို အခု ေလာေလာဆယ္ညီမတို႔ ညပ္ေနတဲ့ ရန္မီးႏွစ္ဖက္မွာ တစ္ဖက္လည္း ေလာေလာဆယ္ ေအးမယ္..ကိုယ့္အလုပ္လည္း ေအာင္ျမင္မယ္”

ေသာင္းရီက ဂ်စ္ကားေလကာမွန္ေရွ႕တြင္ တင္ထားေသာ စီးကရက္ဗူးကို ယူလိုက္သည္။

“ထြန္းရင္..ကားခဏရပ္ဦး..ငါစီးကရက္ေသာကၼလို႔”

ထြန္းရင္က ကားကို လမ္းေဘးထိုးရပ္လိုက္သည္။

“ေခ်ာရင္...ငါေတာ့ ဒီေကာင္နဲ႔အလုပ္တြဲလုပ္ရမယ္ဆို သတ္မိမွာေနာ္”

ထြန္းရင္ က ဝင္ေျပာျပန္သည္။

ကဲ..ထြန္းရင္..ခဏေလးစိတ္ေလ်ာ့ပါကြာ..ေခ်ာရင္ေျပာတာကို ငါသေဘာေပါက္တယ္..ဒီလိုဆို ငါနဲ႔ ဝန္ႀကီးခ်ဳပ္ အေပးအယူလုပ္ခဲ့တဲ့အတိုင္း စိန္ဓါးေျမႇာင္ကို ေထာင္ထဲထည့္ဖို႔နဲ႔ သူသိမ္းထားတဲ့မဲျပားေတြ ရဖို႔ အတြက္လည္း အခ်ိန္ရသြားမယ္၊ အဲ့ဒီအခ်ိန္သူ႔ေပ်ာ့ကြက္ကို အနီးကပ္ရွာရမယ္.အဲ့ဒီလိုမဟုတ္လား..ေခ်ာရင္”

“ဟုတ္တယ္..အကိုႀကီး...ေလာေလာဆယ္...ညီမတို႔ နဲ႔ စိန္ဓါးေျမႇာင္ေပါင္းလာေအာင္လုပ္ရမယ္”

“လြယ္ပါ့မလား..ဟိုေန႔က သူ႔အိမ္ကိုရဲေတြဝိုင္းတာ ငါတို႔လက္ခ်က္ဆိုတာ သူသိေနေလာက္ၿပီေလ”

ေခ်ာရင္က လက္ညႇိဳးႏွင့္ လကၼကို ဝိုင္းျပလိုက္ၿပီး

“ရန္သူကိုမိတ္ေဆြျဖစ္ေအာင္လုပ္ႏိုင္တာလည္း ေငြပဲ၊ မိတ္ေဆြကို ရန္သူျဖစ္ေအာင္လုပ္ႏိုင္တာလည္း ေငြပဲ အကိုႀကီးေရ..ေငြသုံးရင္ စစ္ပြဲေရာ ၿငိမ္းခ်မ္းေရးပါ ဘာမဆိုျဖစ္ႏိုင္တယ္... စိန္ဓါးေျမႇာင္ဆိုတာ ေငြလိုခ်င္လို႔ ဓါးျပတိုက္ေနတာမဟုတ္လား..အကိုႀကီးရဲ႕”

“အင္း.ကိုဖိုးတုတ္ႀကီးရွိတုန္းက နင္႐ြာမွာပဲ ေနခဲ့တာ..နာတယ္..ေခ်ာရင္.နင္သာရွိရင္ နင္တို႔ ႏွစ္ေယာက္ေပါင္းၿပီး.. ဘာေတြမ်ားလုပ္ၾကမလဲ..ငါျမင္ေယာင္တယ္”

ထြန္းရင္က ဝင္ေျပာသည္။

ဂႏၶမာက စီကရက္ကို ရင္ေခါင္းထဲသို႔ အေငြ႕ေပ်ာက္ရႈိက္သြင္းလိုက္ၿပီး ကားလမ္းမဘက္ဆီသို႔ ေငးေနသည္။
ထို႔ေနာက္..

“ကဲ..စိန္ဓါးေျမႇာင္အိမ္...သြားၾကစို႔”

ခက္ေဇာ္

Comments

Post a Comment