The Guys From Mandalay, 1950s အခန်း(၂၇)
The Guys From Mandalay, 1950s
အခန်း(၂၇)
...........................................................
ပုဇွန်တောင်၊ညောင်တန်းလမ်းရှိ စိန်ဓါးမြှောင်၏ အိမ်ရှေ့တွင် ကားထိုးရပ်လိုက်သည်။
“ဒီအိမ်ပဲ..ရပ်လိုက်တော့”
ချောရင် စကားကြောင့် ထွန်းရင်က ကားကို ရပ်လိုက်သည်။
ဂန္ဓမာသောင်းရီက အိမ်အတွင်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
“ရတနာပုံဆေးတိုက် ၊ဗမာနိုင်ငံတိုင်းရင်းဆေးသမားတော်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆရာကြီးဦးသိန်း” ဆိုသည့် ဆိုင်းဘုတ်ကို အရင်မြင်ရ၏။
“ထွန်းရင်..မင်း အပြင်မှာပဲ စောင့်နေခဲ့..အထဲက အသံကိုတော့ နားစွင့်ထားနော်”
“ဟုတ်ကဲ့..ကိုဂန္ဓမာ”
ဂန္ဓမာသောင်းရီက ဘယ်ဘက်ပုခုံးတွင် လွယ်ထားသော ချိန်းကြိုးကို ညာဘက်လက်ဖြင့် အသာစမ်းကြည့်လိုက်ပြီး အိမ်ထဲသို့လှမ်းဝင်လိုက်သည်။
ချောရင် က နောက္မှ ပါလာ၏။
“ဆရာသိန်း..ဆရာသိန်း...မမနှင်း..မမနှင်းရှင့်”
ချောရင်က ခေါ်လိုက်သည်။
“အပေါ်ထပ်မှာ တက်ခဲ့ကြ”
အသံကြားရာ အိမ်ပေါ်ထပ်ဆီသို့ သူတို့ တက်လိုက်ကြသည်။
အိမ်အရှေ့ဘက် ဘုရားစင်ရှေ့တွင် အညိုရောင်ယောဂီအင်္ကျီဖြင့် လူတစ်ယောက်ထိုင်နေ၏။
ရှေ့တွင် ကြေးကွမ်းအစ်ကြီးကို ချကာကွမ်းသီးများကို ကွမ်းညှပ်ဖြင့် ညှပ်နေသည်။
“ကျွန်မတို့ စိန်ဓါးမြှောင်နဲ့ တွေ့ချင်လို့လာတာ”
“ဘယ်ကစိန်ဓါးမြှောင်တုန်းကွဲ့”
“ကဲ..ရှင်..ဟန်ဆောင်မနေပါနဲ့တော့..ဆရာသိန်းနဲ့တွေ့ချင်လို့လာတာ”
“ဆရာသိန်းဆိုတာ ကျုပ်ပဲလေ..ကလေးမ”
ဂန္ဓမာသောင်းရီက ရယ်လိုက်သည်။
“ဟုတ်ပြီ..အဲ့ဒါဆို စိန်ဓါးမြှောင်က ဘယ်မှာလဲ”
“ခင်ဗျားအနောက္မှာလေ..ကိုဂန္ဓမာရဲ့”
ဂန္ဓမာက နောက်သို့ လှည့်ကြည့်လိုက်သည်။
စိန်ဓါးမြှောင်က လက်ထဲတွင် ပစ္စတိုသေနတ်တစ်လက်ကို ကိုင်ထားသည်။
“ဒီအထိ လိုက်လာတာက ပစ်ရခတ်ရမယ့်ကိစ္စလား..သတ်ရပုတ်ရမယ့်ကိစ္စလား..ပစ်ရခတ်ရမယ့်ကိစ္စဆိုရင်တော့ ခင်ဗျားတို့ နှစ်လောင်းပြိုင်ဖြစ်ပြီသာ မှတ်ဗျာ..နော့”
ဂန္ဓမာက စိန်ဓါးမြှောင်ဘက်လှည့်ကာ ပြုံးလိုက်သည်။
“အလုပ်ကိစ္စ စကားပြောဖို့လာတာ..စိန်ဓါးမြှောင်..ထောင်ထဲမှာတုန်းက မင်းကို ငါ နာဂျစ်အာရတ်တို့ လက်ထဲက ကယ်ထားပေးတာကို မင်းက ကျေးဇူးအကြိမ်ကြိမ်ဆက်နေတာပဲကွ”
စိန်ဓါးမြှောင်က ရယ်လိုက်သည်။
“ကဲ..ဆရာတင်...ခင်ဗျားကိစ္စပြီးပြီ..အောက်ဆင်းတော့..သြော်..မဆင်းခင်..ကျွန်တော့်ကို ကွမ်းတစ်ယာလောက် ယာသွားပေးပါဦးဗျ”
အစောပိုင်းက ဆရာသိန်းဟု ပြောနေသော ယောဂီဝတ်ဆရာတင်က ကွမ်းတစ်ယာယာပေးပြီး စိန်ဓါးမြှောင်အား ပေးကာ ထထွက်သွားသည်။
“သြော်..ဟိုနေ့ကရဲတွေ လာဝိုင်းတဲ့အချိန် ဦးလေးက ဒီလူနဲ့ လဲလိုက်တာထင်တယ်..ဒါကြောင့် ရဲတွေ မျက်စိလည်ကုန်တာပဲ”
“အေး..ဟုတ်တယ်..ငါ့နှမ..မင်းကဘယ်ခေလို့တုန်း..ထားပါ...ကဲ..ကိုဂန္ဓမာရဲ့...ထောင်ထဲမှာ ခင်ဗျားက ခင်ဗျား ဆရာသိန်းတို့ ခိုင်းလို့ ကျွန်တော့်ကို ကယ်ခဲ့တာ ကျွန်တော်သိပါတယ်...အားလုံးဟာ ကိုယ့်အကျိုးအတွက် မျှော်ကိုးပြီးလုပ်ခဲ့ကြတာမဟုတ်လားဗျ....အဲ့ဒီနေရာမှာ ကျွန်တော်က စိန်ဓါးမြှောင် ဆိုတဲ့ ဓါးပြဗိုလ်မဟုတ်ပဲ..လမ်းဘေးက မော်တော်ကားဘီးဖြုတ်ခိုးတဲ့သူခိုးလေးဆို ဆရာသိန်းက ကယ်ခိုင်းပါ့မလား..ခင်ဗျားကရော ကယ်ပါ့မလား...ကျေးဇူးတင်ချင်းတင် ကျွန်တော့်ကိုယ် ကျွန်တော် စိန်ဓါးမြှောင် ဖြစ်နေတဲ့အတွက် တင်ရမှာပါပဲ..ထားပါလေ..ဘယ်လိုပြောပြော..ခင်ဗျားဆီ ကျွန်တော်အတူနေခဲ့တဲ့ကာလမှာ ခင်ဗျားတို့၊ ကိုအုန်းဖေတို့၊ ထွန်းရင်တို့ နဲ့မိတ်ဆွေဖြစ်ခဲ့ကြတာပဲမဟုတ်လား...နာဂျစ်လူတွေ အကြောင်းကို ကျွန်တော် ကြိုသိနေလို့ ခင်ဗျားကို တိုက်ထဲပိတ်ဖြစ်အောင်လုပ်ခဲ့တာ..အင်း ပြောရရင်တော့ ခင်ဗျားသေမှာ ကြောက်တာထက်...ကျွန်တော့်အကျိုးစီးပွားအတွက် ခင်ဗျားနဲ့ နာဂျစ်နှစ်ယောက်လုံးကို တိုက်ပိတ်ခံရအောင် လုပ်ခဲ့တာကိုလို့ ဝန်ခံပါတယ်...ဒါပေမယ့်..နာဂျစ်ထက်စာရင် ခင်ဗျားကိုတော့ ကျွန်တော်က စေတနာလေး ရှိတယ်ဗျ...ခင်ဗျားရဲ့တစ်ချို့စိတ်ရင်းလေးတွေကို သဘောကျတယ်..မသေစေချင်ဘူး..ဘာလို့လဲဆိုတော့ ခင်ဗျားက ရိုးသားတာကိုးဗျ..ကျွန်တော့်ထက်စာရင် ခင်ဗျားက အများကြီး ရိုးသားတယ်..ခင်ဗျားလိုလူက ကျွန်တော့်ပြိုင်ဘက်မဟုတ်ဘူး..ကျွန်တော်တို့ လျှောက်တဲ့လမ်းချင်းကလည်းမတူပဲကိုးဗျ..နော့”
ချောရင်က စိန်ဓါးမြှောင်စကားကို လှောင်ပြုံးပြုံးလိုက်သည်။
“ကျွန်မတို့ အခုလာတာ...ပြီးခဲ့တဲ့ကိစ္စတွေကို ရှင်းတမ်းထုတ်ဖို့မဟုတ်ဘူး..ဦးလေး...ဦးလေးရော ကျွန်မတို့ပါ အကျိုးစီးပွားဖြစ်မယ့် အလုပ်ကိစ္စတစ်ခု ဆွေးနွေးဖို့လာတာ”
“ဟုတ်လား..ကိုဂန္ဓမာ”
“ဟုတ်တယ်...စိန်ဓါးမြှောင်”
“ခင်ဗျား..ပါးစပ်က ပြောတာဆိုရင်တော့ ကျွန်တော်ယုံပါတယ်..ကဲ...မြကြည်တို့ အနှင်းတို့ ထွက်လာခဲ့ကြတော့ဟေ့”
စိန်ဓါးမြှောင်စကားအဆုံးတွင် ဂန္ဓမာတို့၏ ဘေးဖက် အခန်းမှ မြကြည်က ခြောက်လုံးပြူးတစ်လက်ကို ကိုင်လျက်ထွက်လာသည်။
အနှင်းက ဂန္ဓမာတို့ ထိုင်နေသည့် အနောက်ဖက် မှ စတင်းဂန်းတစ်လက်ကို ကိုင်ကာထွက်လာ၏။
“ကဲ..မြကြည်ရေ..ဒီကွမ်းအစ်ကြီးထဲက ဟာ လာသိမ်းလိုက်ပါဦး..ဧည့်သည်တွေနဲ့ စကားပြောမလို့”
မြကြည်က ကွမ်းအစ်ထဲမှ နောက်ထပ် ခြောက်လုံးပြူးတစ်လက်ကို လာယူကာ သိမ်းလိုက်သည်။
“ကိုဂန္ဓမာရေ..အားနာလိုက်တာ..လိုရမယ်ရတော့ လုပ်ထားရတာဗျ..ခင်ဗျားကို ယုံပေမယ့်..ခင်ဗျားနဲ့ ပါလာတဲ့ ဟာလေးက မယုံရဘူးဗျ..သူကျွန်တော့်အိမ်လာပြီး နောက်ရက် အိမ်ကို ရဲတွေလာဝိုင်းသကိုးဗျ..ဟားဟား”
စိန်ဓါးမြှောင်က ကွမ်းတံတွေးထွေးရန် ထွေးခံကို ယူလိုက်ပြီး ရယ်နေသည်။
“ကဲ..ကဲ...အလကားစတာပါ..လာရင်းကိစ္စပြောကြပါ”
“ညီမ ပြောပြလိုက္မယ်...အကိုကြီး”
....................................................................
“ဒီတော့ ကျွန်တော့်အတွက်က ဘာရမှာလဲ”
“တဝက်တိတိရမယ်”
“ဒေါ်လာငါးသောင်းပေါ့လေ”
ဂန္ဓမာသောင်းရီက ခေါင်ညိတ်ပြလိုက်သည်။
“အင်း..ဒေါ်လာငါးသောင်း...အင်း..ဂျက်လေယာဥ်တစ်စီးတောင်ဝယ်လို့ရတယ်..ဂျက်လေယာဥ်နဲ့ ကမ္ဘာပတ်ဓါးပြတိုက်လိုက်ရရင်တော့လား”
“ပေါက်ကရတွေလျှောက်ပြောမနေပါနဲ့..ဦလေး...ဘယ်လိုလဲ...ကျွန်မတို့မေးတာသာဖြေစမ်းပါ”
ချောရင်၏လေသံက မာသွားသဖြင့် အနှင်းက ချောရင်၏ မျက်နှာကို စူးစိုက်ကြည့်ရင်း စတင်းဂန်းသေနတ်၏ လုံခြုံရေးခလုတ်မောင်းကို ဆွဲတင်လိုက်သည်။
“ဒီမယ်..ငါ့တူမ...စကားကို ငြင်ငြင်သာသာပြောကွယ့်...ဦးလေးက သဘောကောင်းပေမယ့်..ဦးလေးလူတွေက မြန်မာပြည်အနှံ့ ဓါးပြတိုက်လာကြတာ..ပြီးတော့ သူတို့က ဦးလေးကို ခေါင်းဆောင်အဖြစ် ကြည်ညိုကြတာ..သူတို့လက်ညှိးတွေ သေနတ်မောင်းခလုတ်ပေါ်ရောက်ကုန်အောင် မပြောရဘူး..အင်း..မတော်တာတွေဖြစ်ကုန်မယ်..ဟေ့.မြကြည်..အနှင်းဆီက စတင်းဂန်းလာယူပြီး အောက်ထပ်ကထွန်းရင်ဆီ သွားပေးထားစမ်းပါကွယ်..”
ထိုအခါမှ ချောရင်က ဘေးတွင်ရပ်နေသော အနှင်းကို ကြည့်လိုက်မိသည်။
မျက်လုံးချင်းအဆုံတွင် အနှင်းက ချောရင်ကို စူးစူးစိုက်စိုက်ကြည့်နေ၏။
“ကဲ..မြကြည်ရေ..အနှင်းကိုပါအောက်ခေါ်သွားကွဲ့..အကို ဒီမှာ စကားပြောလိုက်ဦးမယ်..ဒီလူတွေ ဘာအန္တရာယ်မှ မရှိတော့ပါဘူး..ကဲ..ကိုဂန္ဓမာလည်း ချိန်းကြိုးတွေဘာတွေ ဆောင်လာရင် ကျွန်တော့်မိန်းမဆီ အပ်ထားလိုက်ပါ..လက်နက်တွေ မပါပဲ စကားပြောကြတော့ ပိုစိတ်ချရတာပေါ့”
ဂန္ဓမာက အင်္ကျီအောက်သို့ လည်လျှိုပြီး ချိန်းကြိုးကို ယူကာ မမြကြည်ထံသို့ ပေးလိုက်သည်။
“ကွမ်းစားတတ်ရင် စားကြပါ”
ဂန္ဓမာက ကြေးကွမ်းအစ်ကြီးကို ရှေ့သို့ တိုးပေးလိုက်သည်။
“ခုန ခင်ဗျားတို့ ကမ်းလှမ်းတာကိုကျွန်တော်လက်ခံတယ်....ခင်ဗျားတို့ကအဲ့ဒီသံတိုသံစတွေကို ဘယ်အထိ ပို့ပေးနိုင်တာလဲ..ကျွန်တော်က ဘယ်အပိုင်းကနေ စသယ်သွားပေးရမလဲ”
“အဓိကကတော့ အစိုးရစစ်တပ်တွေ ရှိတဲ့ဘက်ကို ရှောင်သွားရမှာ... ကျွန်မတို့ ဘယ်လောက်ထိ ပို့ပေးနိုင်မလဲဆိုတာ ဦးလေး စဥ်းစားပေး”
“မြကြည်ရေ....အိပ်ခန်းထဲက မြေပုံယူခဲ့ပေးပါဦး”
မမြကြည်က မြေပုံလိပ်တစ်လိပ်ကို စိန်ဓါးမြှောင်အား လားပေးသည်။
စိန်ဓါးမြှောင်က မြေပုံကို ဖြန့်ခင်းလိုက်၏။
“ဪ..ဒါနဲ့ တကယ်အလုပ်လုပ်ကြတော့မယ်ဆိုရင်တော့..ကျန်တာတွေမေ့ထားပြီး ဒီအလုပ်ထဲပဲ အာရုံစိုက်ဖို့ နဲ့ အလုပ်ပြီးသွားရင် ကတိတည်ဖို့ပဲ လိုမယ်နော်”
“အဲ့ဒါ ငါက မင်းကို ပြောရမှာ..စိန်ဓါးမြှောင်”
ဂန္ဓမာစကားကြောင့် စိန်ဓါးမြှောင်က အသံထွက်အောင် ရယ်လိုက်သည်။
“ကဲ..ဒီမှာ...တောင်ကြီးဘက်က နေ သွားတဲ့လမ်းကတော့ သွားလို့မဖြစ်ဘူး..တောင်ကြီးက အစိုးရတပ်တွေ ရှိနေတာ..ကျွန်တော်တို့ ရွေးချယ်ရင် တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကရွေးသွားမှဖြစ်မယ်။ ရန်ကုန်မန္တလေးလမ်းအတိုင်းသွားရင်လည်း သေချာပေါက် အစိုးရတပ်တွေက မိမှာပဲ”
“ဒါဆို မန္တလေးကို ဘယ်လိုရောက်အောင်ပို့ရမလဲ”
“မဟုတ်ဘူး..မန္တလေးကို မဝင်ဘူး..မန္တလေးကလည်း အစိုးရတပ်တွေစိုးမိုးထားပြီလေ..ဒီဘက် ပခုက္ကူ၊ မုံရွာကနေ မိုးကုတ်ကိုသွားမယ်။ မိုးကုတ်ကနေဆို နောင်ချိုကျော်ပြီး ကျောက်မဲအထိတောင် ရောက်သွားပြီ..နောက်ပြီး အဲ့ဒီ ပခုက္ကူ၊ မုံရွာ၊ ရွှေဘို လမ်းတစ်လျှောက် က ကျွန်တော့်လူတွေရှိတယ်။ အဲ့ဒီဘက်က အလံနီတွေကြီးစိုးထားတာ။ အလံနီထဲဗိုလ်ဖြစ်ခဲ့တဲ့ ကျွန်တော့်လူ ငရုတ်သီးဘရင်၊ ထွန်းခင်တို့ ရှိတယ်။ သူတို့ကိုအဲ့ဒီဘက် ကြိုလွှတ်ပြီး ဒီလမ်းကြောင်းအတွက် အလံနီတွေကို အလှူငွေထည့်ပြီး ညှိနှိုင်းမယ်။ အဆင်ပြေပြီဆိုရင်..ခင်ဗျားတို့က ပစ္စည်းတင်လာတဲ့ကားတွေကို မကွေးလမ်းဘက်ကနေ ပခုက္ကူအထိ သယ်ပေးရုံပဲ...ရေနံချောင်းကျော်တာနဲ့ ကျွန်တော့်လူတွေက ခင်ဗျားတို့ ကားတွေကို စောင့်ရှောက်ပေးလိမ့်မယ် ခင်ဗျားတို့ဘက်က ပစ္စည်းပို့ဖို့ အဆင်သင့်ပြီဆိုတာနဲ့ ကျွန်တော် အဲ့ဒီဘက် တက်ပြီး..လမ်းကြောင်းဆွဲမယ်...”
ဒေါ်လာတစ်သိန်းတန်စီမံကိန်းကို စိန်ဓါးမြှောင်က မြေပုံရှေ့ချပြီး ငါးမိနစ်အတွင်း အစီအစဥ်ဆွဲပြသွားသည်။
“ကဲ..ဘယ်လိုလဲဗျ..ကျွန်တော်ပြောတာ သဘောတူလား”
“နေဦး..ကျွန်မတို့ကိစ္စက ဟိုလူပစ္စည်းစုတာ တစ်နှစ်ကျော်လောက်ကြာနိုင်တယ်ပြောတယ်..ကြားထဲမှာ နိုင်ငံရေးအခြေအနေကတစ်မျိုးပြောင်းသွားနိုင်တယ်..အဲ့ဒါကိုလည်း ထည့်စဥ်းစားဦ”
ချောရင်စကားကို စိန်ဓါးမြှောင်က ခေါင်းညိတ်လိုက်သည်။
“မကြာခင်မှာ ရဲဘော်ဖြူတွေကတော့ အလင်းဝင်ဖို့များတယ်။ နောက်တစ်ခုက သတိထားရမှာကစစ်တပ်ပဲ..ပြည်တွင်းစစ်ဖြစ်နေသမျှ အစိုးရက စစ်တပ်ကို မှီခိုနေကြရတယ်...စစ်တပ်ကို ဖဆပလထဲ အုပ်စုအတောင့်ဆုံးဖြစ်တဲ့ ဆိုရှယ်လစ်အုပ်စုက ကြိုးကိုင်ဖို့ကြိုးစားရင်း နိုင်ငံရေးထဲ ဆွဲသွင်း ပစားပေးနေကြတယ်။ အခုက ဗိုလ်ချုပ်နေဝင်းနဲ့ ဦးနုကတော့ ပလဲနံပသင့်နေသေးတယ်။ မကြာခင်မှာ စစ်တပ်က အစွယ်ပေါက်လာမှာအသေအချာပဲ။ အစွယ်ရှိတဲ့သတ္တဝါက သွေးသောက်ဖူးရင် သွေးအရသာကို စွဲလမ်းသွားတတ်ကြတဲ့။ လက်နက်ရှိထားတဲ့လူကလည်း အာဏာရဲ့အရသာကို သိသွားရင် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်ဓါးပြတိုက်စားခဲ့တဲ့သက်တမ်းတစ်လျှောက်ကိုယ်တွေ့ပဲ။ စစ်တပ်ကိုကိုင်တွယ်ဖို့က အခုလက်ရှိ နိုင်ငံရေးသမားတွေရဲ့ ပါးနပ်မှုပေါ်မှာ မူတည်နေတယ်ဗျ”
“မင်းကနိုင်ငံရေးသမားလုပ်စားရမှာ စိန်ဓါးမြှောင်ရဲ့”
ဂန္ဓမာသောင်းရီက ဝင်ပြောလိုက်သည်။
“ဓါးပြတိုက်နေရတယ်..အဲ့ဒီလောက္မအားဘူးဗျ”
ဂန္ဓမာသောင်းရီနှင့် ချောရင်တို့က စိန်ဓါးမြှောင်အား စရံအဖြစ် ဒေါ်လာတစ်သောင်းပေးကာ ပြန်ခဲ့ကြသည်။
အိမ်ရှေ့တွင်ရှိသော ထွန်းရင်၏ ကားနဘေးတွင် အနှင်းနှင့် ထွန်းခင်၏ ဇနီး ရင်ရင်တို့ ရပ်နေကြသည်။
ထွန်းရင်နှင် ရယ်ရယ်မောမောစကားပြောနေကြ၏။
“သွားပြီနော်..မမနှင်း”
ချောရင်က အနှင်းကို နှုတ်ဆက်လိုက်သည်။
“အင်း.ချောရင်..ခုန တို့အလုပ်တို့လုပ်တာနော်”
“ဟုတ်ကဲ့ပါ..ညီမနားလည်ပါတယ်..ကိုစံဘတို့ ရုံးချိန်းကျ တွေ့ကြဦးစို့”
ထွန်းရင်က ကားကို စက်နှိုးလိုက်သည်။
“မနှင်း...ကျွန်တော်သွားလိုက်ပါဦးမယ်”
ထွန်းရင်မျက်နှာက စပ်ဖြဲဖြဲနှင့်။
ကားက စိန်ဓါးမြှောင်အိမ်ရှေ့မှ ထွက်သည်နှင့် ချောရင်က
“ကိုကြီးထွန်းရင်..က စိန်ဓါးမြှောင် တပည့်မတွေနဲ့လေပေးဖြောင့်နေကြပါလား”
“မဟုတ်ဘူးဟဲ့...အဲ့နှစ်ယောက်ကငါ့ဘေး လာပြီး ဗြောက်နဲ့ ထောက်ထားကြတာ..နင်တို့ အပေါ်မှာ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ရင် ငါတော့သေပြီပဲ..ဒါကြောင့် စကားတွေလျှောက်ပြောနေတာ...တကယ့်အာဂဟာမလေးတွေပဲ..သြော် မနှင်း..မနှင်း...ခြောက်လုံးပြူးလေးကိုင်ပြီး တစ်မျိုးလေးပဲ”
ဂန္ဓမာသောင်းရီက ထွန်းရင်စကားကြောင့် ရယ်လိုက်သည်။
ချောရင်က သက်ပြင်းချရင်း ခေါင်းခါလိုက်တော့၏။
..............................................................................
“ဘာ..ဦးမြကျင် သေပြီတဲ့လား..နာဂျစ်”
မဂျစ်ခန်း၏ စကားကို နာဂျစ်အာရတ်က ခေါင်းငြိမ့်ပြလိုက်သည်။
အိန္ဒိယသို့ သုံးလကြာသွားနေသော မဂျစ်ခန်း ရန်ကုန်သို့ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
“မင်တို့က ဘာမှ မလုပ်ကြဘူးလား”
“ကျွန်တော်တို့မှာ ဘိုင်လည်းမရှိဘူး။ ဦးမြကျင်ကလည်း ရုတ်တရက်အသတ်ခံလိုက်ရတော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေတာ..ဘိုင်”
“မင်းလူတွေရော၊ ဦးမြကျင်လူတွေရော...က ဒီကောင်ကြီးကို ဒီအတိုင်းလွှတ်ပေးထားတယ်ပေါ့..အဲ့ဒီလိုလား”
“သူတို့လည်း အရင် လမ်းမတော်ဖိုးတုတ်အဖွဲ့က လူဟောင်းတွေ ကို ပြန်စုနေကြတယ်ကြားတယ်။ အစိုးရပိုင်း၊စစ်တပ်က လူတွေကလည်း သူတို့ဆီ အဝင်အထွက်လုပ်နေကြတာ..အခုလည်း ဦးမြကျင်အမှုမှာ ဂန္ဓမာကြီးသတ်တာသိသိကြီးနဲ့ ရဲဘက်က မသိချင်ယောင်ဆောင်ထားသလိုပဲ..စံဘနဲ့ တခြား တစ်ယောက်ကိုပဲ ဖမ်းထားကြတယ်..ကျွန်တော်တို့လည်း ရှေ့မတိုးရဲဘူး...ဘိုင်ရှိရင်တော့ တစ်မျိုးပေါ့”
မဂျစ်ခန်းက ဆီလိမ်းထားသဖြင့် ကော့နေသော နှုတ်ခမ်းမွှေးကို သပ်ရင်း တစ်စုံတစ်ခုကို စဥ်းစားနေသည်။
“ဒီကောင်တွေ ဦးမြကျင်ရဲ့ နယ်မြေကို အခုလုယူထားတာလား”
“အဲ့ဒီလိုလည်း မဟုတ်ဘူး...ဆိုင်တွေကို လစဥ်ကြေးတောင်းတာတွေ ဘာတွေလဲမလုပ်ဘူး...အဲ့ဒီနယ်မြေ ကို ကျွန်တော်တို့လည်း လွှတ်ထားရတယ်..ဦးမြကျင်ရော သူ့လူ အရှုပ်ပါ သေပြီး ဂန္ဓမာကြီး ဆိုင်လည်းရှိနေတော့ အဲ့ဒီနယ်မြေကို ကျွန်တော့်လူတွေလည်း ငွေ ဝင်မတောင်းရဲဘူး..သူတို့က လူမိုက်ဂိုဏ်းပုံစံမျိုးလည်း မလုပ်ဘူး..သူတို့ဆိုင်ပဲ ဖွင့်ထားတယ်”
“အင်း..အခုက လူစုနေတုန်းမို့ဖြစ်မယ်..မကြာခင် ဒီကောင်တွေအင်အားတောင့်လာတာနဲ့ ဖိုးတုတ်ကြီးတုန်းကလို နယ်မြေတွေသိမ်းလိမ့်မယ်..ငါတို့ဘက်ကလည်း ကြိုပြီး ပြင်ဆင်ထားရတော့မယ်”
“ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ..ဘိုင်”
“မင်းလူတွေက မသိမသာနဲ့ ဂန္ဓမာသောင်းရီဆိုင်ကို စောင့်ကြည့်ထား၊ ဒီကောင့် နောက်မှာ ဘယ်သူရှိနေတယ်ဆိုတာ ငါသိချင်တယ်။ နောက် ဒီကောင့်ဘေးမှာနေပြီး ဒီကောင့်ကို အကြံပေးနေတဲ့ ဒီကောင့် လက်ရုံးတစ်ယောက်တော့ ရှိရမယ်..သူ ဘယ်သူဆိုတာ အောင်လုပ်ပြီး..အဲ့ဒီကောင်ကို အရင်သတ်ရမယ်”
“ဟုတ်ကဲ့ပါ...အဘိုင်”
“ကဲ..မင်းပြန်တော့”
နာဂျစ်ထပြန်သွားချိန်တွင် အခန်းထဲမှ အဘိုးအိုတစ်ဦးထွက်လာသည်။
သူကားမက္စတီးခန်း။
“မဂျစ်........မင်းကို ငါပြောစရာရှိတယ်”
“ဟုတ်ကဲ့..ပြောပါ..အပါ”
“ငါ ဘာသာရေးပဲလုပ်နေတာကြာပြီ....ငါ့သားသမီးတွေကိုလည်း အလ္လာ့အလိုတော်အတိုင်း ကိုရမ်နဲ့အညီ ငါထိန်းကျောင်းခဲ့တယ်.....ဒါပေမယ့်မင်းကိုတော့ ငါပြောစရာရှိလာပြီ....အခုက..မြန်မာတွေမျိုးချစ်စိတ် အရမ်းတက်ကြွနေကြတဲ့ ကာလပဲ..အစိုးရကလည်း အင်္ဂလိပ်မဟုတ်ဘူး..မြန်မာအစိုးရ..ဒီအချိန်မှာ မင်းအနေနဲ့ ငါတို့မိသားစုအရင်ကရခဲ့တဲ့ ပလ္လင်ကို စိတ်ကူးယဥ်နေတာ ငါသိတယ်...ဒါပေမယ့် အိန္ဒိယမှာ မင်းလုပ်စရာရှိတဲ့ စီးပွားရေး ကိုပဲ ပြန်လုပ်စေချင်တယ်....ဒီနေရာမှာ ဒါဟာ မင်းရဲ့အချိန်အခါမဟုတ်သေးဘူး..ငါ့သား”
“ဒါပေမယ့်..အပါ..”
“ခုနပြန်သွားတာ..ဖရေဆာက ကျူလီယာ လုပ်တဲ့ အာမက် ရဲ့ သား အလတ်ကောင်လေးမဟုတ်လား...မင်းတို့ပြောတာ ငါကြားပြီးပြီ...သူ့အဖေလည်း တချိန်က ငါ့တပည့်ပါ.. ဒီကောင်လေး ကြည့်ရတာ ဖြစ်လာမယ်မထင်ဘူး......မင်းသိပ်အားထားမနေနဲ့..နောက်တစ်ခုက ဖိုးတုတ်လူတွေအကြောင်း ငါအသိဆုံး..အထူးသဖြင့် ဂန္ဓမာသောင်းရီပေါ့ကွာ”
မက်စတီးခန်းက မဂျစ်ခန်း၏ ပုခုံးကို ပုတ်လိုက်ပြီး အခန်းတွင်သို့ ပြန်ဝင်သွားသည်။
...............................................................................
၁၉၅၄ ဒီဇင်ဘာလ ၁၈ ရက်။ သောကြာနေ့။ နံနက် ၁၁ နာရီ။
ထွန်းရင်နှင့် ချောရင်တို့ ဂျစ်ကားတစ်စီးနှင့်အတူ ရန်ကုန်ထောင်ကြီးသို့ ရောက်လာကြသည်။
ထောင်ကြီးရှေ့တွင် ဘုန်းကြီးများ၊ လူများပါဝင်သော လူအုပ်ကြီးက ရှုပ်ယှက်နေသည်။
“ကိုကြီးထွန်းရင် ဒီကပဲစောင့်တော့...ထောင်ရှေ့မှာ ဘာဖြစ်နေလဲမသိဘူး..ညီမတို့ပဲ ဝင်တွေ့လိုက္မယ်”
ချောရင်က ထောင်ဝင်စာထုတ်နှင့်အတူ ကားပေါ်မှာ ဆင်းသွား၏။ထွန်းရင်က စီးကရက်ဖွာကာ ကျန်ရစ်သည်။
ထောင်ဘူးဝတံခါးကြီးရှေ့တွင် ဘုန်းကြီးများ၊ လူများဝိုင်းအုံနေကြသည်။
လူအုပ်ကြီးနှင့် မလှမ်းမကမ်းတွင် ရပ်နေသော မနှင်းကို တွေ့လိုက်ရသည်။
ချောရင်က မနှင်းရှိရာသို့ လျှောက်သွားလိုက်၏။
“မမနှင်း..ဘာတွေဖြစ်နေတာလဲ..ထောင်ဝင်စာတွေ့လို့မရလို့လား”
“ထောင်ထဲပေးမဝင်သေးဘူး...ဘကြီးဘဖေ တို့ကို ဒီနေ့ ဆေးစစ်ဖို့ အပြင်ခေါ်ထုတ်မှာမို့ ဘကြီးဘဖေကို ထောက်ခံတဲ့လူတွေ လာဝိုင်းနေကြလို့တဲ့လေ”
ထောင်ဘူးဝတံခါးကြီးကို ဘုန်းကြီးများနှင့် လူများက ဝိုင်းအုံထားကြသည်။ ထောင်ပတ်ချာလည်တွင် ရဲကားအများအပြားလည်း ချထားကြ၏။
ဘကြီးဘဖေ သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးနှင့် အထင်ရှားဆုံး နိုင်ငံရေးသမားကြီးဖြစ်သည်။
၁၉၀၆ မေလ(၁၀)ရက်နေ့တွင် YMBA အသင်းကြီးကို စတင်ထူထောင်ခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။
၁၉၁၉ ဘိလပ်သွား ဖေ၊ပု၊ရှိန်အဖွဲ့တွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် သစ်တောဝန်ကြီးဖြစ်ခဲ့သည်။ ဘကြီး ဘဖေသည် မြန်မာနိုင်ငံရေး နိုးကြားစမှ လွတ်လပ်ရေး ရသည်အထိ နေရာအသီးသီး၊ ကဏ္ဍအသီးသီး၊ အခန်းအသီးသီး ဆောင်ရွက်မှု အသီးသီးများဖြင့် ပါဝင် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီး တဦးလည်း ဖြစ်သည်။
သို့သော်လည်း ငွေရေး ကြေးရေး မသမာမှုများ၊လာဘ်စားမှုများဖြင့် အတိုင်ခံရသောကြောင့်လွတ်လပ်ရေး မရမီ ဗိုလ်ချုပ် အောင်ဆန်း ရှိစဉ်ကတည်းက ဖဆပလ ထဲမှရော၊ ဘုရင်ခံ အမှုဆောင် ကောင်စီဝင် ဝန်ကြီး တဦး အဖြစ်ကပါ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
ဘကြီးဘဖေနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကို ဦးဘဝင်း ကို အစားထိုးခန့်အပ်လိုက်ပြီးနောက် မကြာမီတွင်ပင် နိုင်ငံတော်လုပ်ကြံမှုဖြစ်ပြီး ဘကြီးဘဖေနေရာတွင် တာဝန်ယူသူ ဦးဘဝင်း ပါ ကျဆုံးသွားခဲ့သည်။
ဘကြီးဘဖေ လာဘ်စားကောင်းသဖြင့် အသက်ဘေးမှ လွတ်ခဲ့သည်ကို အကြောင်းပြုလျက် နောင်ခေတ် အဆက်ဆက်ဝန်ကြီးများ အသက်ဘေးမှလွတ်ရန် လာဘ်စားကြသည်လားဟုပင် စာရေးဆရာတစ်ဦးက သရော်ခဲ့ကြသည်။
ယခု ၁၉၅၄ တွင် ဘကြီးဘဖေ ကား နိုင်ငံတော်သစ္စာဖောက္မှုဖြင့် ဖမ်းဆီးခံနေရခြင်းဖြစ်သည်။
၁၉၄၉ ခုနှစ် မတ်လအတွင်းက ရဲဘော်ြဖူများနှင့် တောခိုတပ်မတော်သားများသည် ပြည်၊သရက်၊မင်းဘူး၊မကွေး ခရိုင်တို့ကိုသိမ်းပိုက်ခဲ့ကြသည်။
ထိုဒေသများတွင်ဘီအိုစီကုမ္ပဏီ၏ ရေနံတွင်းများ ရှိနေရာ ဘီအိုစီက ၄င်းတို့၏ အကျိုးစီးပွားထိုးခိုက်ဆုံးရှုံးမှု မရှိစေရန် ဘကြီးဘဖေထံ ချဥ်းကပ်ပြီး ဘီအိုစီကုမ္ပဏီပိုင် ရေနံမြေများကို အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် ပေးရန် အကူအညီတောင်းခဲ့သည်။
ဘကြီးဘဖေ က ဘီအိုစီဘက်ကမှ ငွေသိန်း ၃၀ ကို ဘဏ္ဏာရေးအကူအညီပေးလျှင် စစ်တပ်နှင့် ညှိနှိုင်း အာဏာသိမ်းပြီး ဘီအိုစီက တောင်းဆိုသည့်အတိုင်းလုပ်ပေးမည်ဟု ဆိုသည်။
ဘကြီးဘဖေ၊သာယာဝတီဦးမောင်မောင်(ဓါးမပါတီဝင်)၊ ဦးလွန်း(ဂဠုန်ဦးစော၏ မျိုးချစ်ပါတီဝင်) ၊ဦစန်းမောင်တို့ သည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းထံ သွားရောက်ကာ ထိုကိစ္စကို ငွေကြေးညှိနှိုင်းပြီး တိုင်ပင်ကြသည်။
အာဏာသိမ်းချင်းသိမ်း သူသာ သိမ်းမည်ဟု ကြံရွယ်ထားဟန်ရှိသော ကာချုပ် ဗိုလ်ချုပ်နေဝင်းက အကြံတူရန်သူဖြစ်နေသော ထိုကိစ္စကို ဓာတ်ပြားဖြင့် အသံဖမ်းထားခဲ့သည်။
၁၉၅၂ တွင် ဖဆပလအဖွဲ့ကို အတိုက်အခံပြုမည့်ပါတီများစုပေါင်းကာ ပြည်ချစ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။
ထိုအဖွဲ့တွင် ဆိုရှယ်နီပါတီ၊ ဦးအောင်သန်း၏ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ၊ ဒေါက်တာဘမော်၏ မဟာဗမာပါတီ၊ဦးဘဖေအုပ်စုတို့ ပါဝင်လာကြသည်။
ပြည်ချစ်မဟာမိတ်အဖွဲ့အတွင်းလည်း နိုင်ငံရေးအရ အတွေ့အကြုံရင့်ကျက်နေသော ဘကြီးဘဖေ အုပ်စုက အသာစီးရလာသည်။
ထို့ကြောင့် ၁၉၅၆ ရွေးကောက်ပွဲတွင် ပြည်ချစ်မဟာမိတ်အဖွဲ့ကို အတိုက်အခံတပ်ပေါင်းစုအဖြစ်အသွင်ပြောင်းပြီး ဝင်ပြိုင်မည် ပမညတ(ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)တွင် ဘကြီးဘဖေ တို့ မပါဝင်နိုင်စေရန် ဆိုရှယ်လစ်အုပ်စု၏ သြဇာခံဖြစ်နေသေးသော ဗိုလ်ချုပ်နေဝင်းက ထိုအသံဖိုင်ကို ဦးနုလက်သို့ အပ်လိုက်တော့သည်။
ထို့ကြောင့် ၁၉၅၄ ဒီဇင်ဘာ ၄ တွင် ဘကြီးဘဖေတို့ အုပ်စုကို အစိုးရက နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။
ဘကြီးဘဖေ အား သခင်ကိုယ်တော်မှိုင်းအစပြုသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ လွိုင်ကော်ဆရာတော်အပါအဝင် နာမည်ကျော်ဆရာတော်များက ဝန်းရံခဲ့ကြသည်။
ယနေ့တွင်လည်း ထောင်ထဲတွင် ဆန်ပြုတ်ရေကြဲနှင့် ဂျင်ဂျာဘီယာကိုသာ စားနိုင်ပြီး မကျန်းမာသည့် ဘကြီးဘဖေအား ဆေးကျောင်းတွင် ဆေးသွားစစ်ရန် ခေါ်ထုတ်လာမည်ဖြစ်သည်။
ထို့ကြောင့် လူအုပ်ကြီးနှင့် ဘုန်းကြီးများက ထောင်ရှေ့တွင် တိုးဝှေ့စောင့်ဆိုင်းနေကြခြင်းပင်။
ချောရင်နှင့် အနှင်းတို့သည် လူအုပ်ကြီးအနီးသို့သွားပြီး ထောင်ဝင်စာဖွင့်ပေးမည့်အခြေအနေကို အကဲခတ်နေကြသည်။
ထိုအချိန်တွင် ရဲအရာရှိတစ်ယောက်နှင့် ရဲသားတစ်ယောက်က သူတို့နား ကပ်လာ၏။
“ကဲ...ဘကြီးဘဖေအမှုမှာ မသင်္ကာမှုနဲ့ မင်းကိုဖမ်းဖို့ အမိန့်ပါလာတယ်..အသာတကြည်လိုက်ခဲ့ပါ”
“ဘာလဲ..ကျွန်မက..ဘာဖြစ်တယ်”
ချောရင်မှာ သူ့နောက်မှ ရဲအရာရှိကိုကြည့်ကာ တအံတသြဖြစ်သွားသည်။
ရဲအရာရှိက ချောရင်၏ နောက်ကြောကို သေနတ်ဖြင့် ထောက်လိုက်သည်။
“လူအုပ်ကြားမှာ လှုပ်လှုပ်ရှားရှားမလုပ်နဲ့..ပစ်မိန့်ရထားတယ်နော်..လာလိုက်ခဲ့”
နောက်ထပ်ရဲသားတစ်ယောက်က ချောရင်လက်နှင့် သူ့လက်ကို လက်ထိပ်တွဲခတ်ကာ သေနတ်ဖြင့်ချိန်လျက် ဆွဲခေါ်သွားသည့်အခါမှ လူအုပ်ကို ငေးနေသော အနှင်းက သတိထားမိသွား၏။
“ဒါဘာလုပ်ကြတာလဲ”
“ငါတို့စုံထောက်အဖွဲ့ကပဲ...သူနိုင်ငံရေးလုပ်နေလို့ဖမ်းတာ..နင်ပါ..ပါသွားချင်သလား..အော်မယ်မကြံနဲ့ ငါတို့မှာ ပစ်မိန့်ရထားတယ်”
ရဲအုပ်က အနှင်းအား သေနတ်ဖြင့် ချိန်ကာ နောက်ဆုတ်ရင်း လူအုပ်ထဲသို့ ပြေးဝင်သွားသည်။
အနှင်းက ရဲအုပ်နောက်သို့ ထပ်ချပ်မကွာလိုက်သည်။
ထိုသူက ထောင်ကြီးဝန်း ထောင့် သစ်ပင်ရိပ်တွင် ရပ်ထားသော ကားပေါ်သို့ တက်သွားသည်။
ကားပေါ်တွင် ချောရင်နှင့် ရဲသားကို မြင်လိုက်ရသည်။
ကားကချက်ချင်းစက်နှိုးကာ မောင်းထွက်သွား၏။
သို့သော် ရှေ့ခပ်လှမ်းလှမ်းအရောက်တွင် နောက်ထပ်ရောက်လာသော လူအုပ်နှင့် ရဲများအကြားပြဿနာဖြစ်ကာ ပိတ်နေသဖြင့် ဟွန်းတီးကာ လမ်းတောင်းနေရသည်။
အနှင်း က အကူအညီတောင်းရန် ကြည့်လိုက်စဥ် ထိုကားနှင့် မလှမ်းမကမ်းတွင် ရပ်ထားသော ချောရင်တို့ ဂျစ်ကားကို တွေ့လိုက်ရသည်။
ဂျစ်ကားပေါ်တွင် ထွန်းရင်က ဦးထုတ်ကို မျက်နှာအုပ်လျက် အိပ်နေ၏။
“ဟဲ့..ဟဲ့..ထစမ်းပါ..ထစမ်း..ဟိုမှာချောရင်ကို ဖမ်းသွားကြပြီ”
အနှင်းအသံကြောင့် ကားထိုင်ခုံကို မှီရင်း အိပ်ပျော်စပြုနေသော ထွန်းရင်အလန့်တကြားထလာသည်။
ခက်ဇော်
The Guys From Mandalay, 1950s
အခန္း(၂၇)
...........................................................
ပုဇြန္ေတာင္၊ေညာင္တန္းလမ္းရွိ စိန္ဓါးေျမႇာင္၏ အိမ္ေရွ႕တြင္ ကားထိုးရပ္လိုက္သည္။
“ဒီအိမ္ပဲ..ရပ္လိုက္ေတာ့”
ေခ်ာရင္ စကားေၾကာင့္ ထြန္းရင္က ကားကို ရပ္လိုက္သည္။
ဂႏၶမာေသာင္းရီက အိမ္အတြင္းဘက္သို႔ တစ္ခ်က္ၾကည့္လိုက္သည္။
“ရတနာပုံေဆးတိုက္ ၊ဗမာႏိုင္ငံတိုင္းရင္းေဆးသမားေတာ္မ်ားအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဆရာႀကီးဦးသိန္း” ဆိုသည့္ ဆိုင္းဘုတ္ကို အရင္ျမင္ရ၏။
“ထြန္းရင္..မင္း အျပင္မွာပဲ ေစာင့္ေနခဲ့..အထဲက အသံကိုေတာ့ နားစြင့္ထားေနာ္”
“ဟုတ္ကဲ့..ကိုဂႏၶမာ”
ဂႏၶမာေသာင္းရီက ဘယ္ဘက္ပုခုံးတြင္ လြယ္ထားေသာ ခ်ိန္းႀကိဳးကို ညာဘက္လက္ျဖင့္ အသာစမ္းၾကည့္လိုက္ၿပီး အိမ္ထဲသို႔လွမ္းဝင္လိုက္သည္။
ေခ်ာရင္ က ေနာကၼွ ပါလာ၏။
“ဆရာသိန္း..ဆရာသိန္း...မမႏွင္း..မမႏွင္းရွင့္”
ေခ်ာရင္က ေခၚလိုက္သည္။
“အေပၚထပ္မွာ တက္ခဲ့ၾက”
အသံၾကားရာ အိမ္ေပၚထပ္ဆီသို႔ သူတို႔ တက္လိုက္ၾကသည္။
အိမ္အေရွ႕ဘက္ ဘုရားစင္ေရွ႕တြင္ အညိဳေရာင္ေယာဂီအက်ႌျဖင့္ လူတစ္ေယာက္ထိုင္ေန၏။
ေရွ႕တြင္ ေၾကးကြမ္းအစ္ႀကီးကို ခ်ကာကြမ္းသီးမ်ားကို ကြမ္းညႇပ္ျဖင့္ ညႇပ္ေနသည္။
“ကြၽန္မတို႔ စိန္ဓါးေျမႇာင္နဲ႔ ေတြ႕ခ်င္လို႔လာတာ”
“ဘယ္ကစိန္ဓါးေျမႇာင္တုန္းကြဲ႕”
“ကဲ..ရွင္..ဟန္ေဆာင္မေနပါနဲ႔ေတာ့..ဆရာသိန္းနဲ႔ေတြ႕ခ်င္လို႔လာတာ”
“ဆရာသိန္းဆိုတာ က်ဳပ္ပဲေလ..ကေလးမ”
ဂႏၶမာေသာင္းရီက ရယ္လိုက္သည္။
“ဟုတ္ၿပီ..အဲ့ဒါဆို စိန္ဓါးေျမႇာင္က ဘယ္မွာလဲ”
“ခင္ဗ်ားအေနာကၼွာေလ..ကိုဂႏၶမာရဲ႕”
ဂႏၶမာက ေနာက္သို႔ လွည့္ၾကည့္လိုက္သည္။
စိန္ဓါးေျမႇာင္က လက္ထဲတြင္ ပစၥတိုေသနတ္တစ္လက္ကို ကိုင္ထားသည္။
“ဒီအထိ လိုက္လာတာက ပစ္ရခတ္ရမယ့္ကိစၥလား..သတ္ရပုတ္ရမယ့္ကိစၥလား..ပစ္ရခတ္ရမယ့္ကိစၥဆိုရင္ေတာ့ ခင္ဗ်ားတို႔ ႏွစ္ေလာင္းၿပိဳင္ျဖစ္ၿပီသာ မွတ္ဗ်ာ..ေနာ့”
ဂႏၶမာက စိန္ဓါးေျမႇာင္ဘက္လွည့္ကာ ၿပဳံးလိုက္သည္။
“အလုပ္ကိစၥ စကားေျပာဖို႔လာတာ..စိန္ဓါးေျမႇာင္..ေထာင္ထဲမွာတုန္းက မင္းကို ငါ နာဂ်စ္အာရတ္တို႔ လက္ထဲက ကယ္ထားေပးတာကို မင္းက ေက်းဇူးအႀကိမ္ႀကိမ္ဆက္ေနတာပဲကြ”
စိန္ဓါးေျမႇာင္က ရယ္လိုက္သည္။
“ကဲ..ဆရာတင္...ခင္ဗ်ားကိစၥၿပီးၿပီ..ေအာက္ဆင္းေတာ့..ေၾသာ္..မဆင္းခင္..ကြၽန္ေတာ့္ကို ကြမ္းတစ္ယာေလာက္ ယာသြားေပးပါဦးဗ်”
အေစာပိုင္းက ဆရာသိန္းဟု ေျပာေနေသာ ေယာဂီဝတ္ဆရာတင္က ကြမ္းတစ္ယာယာေပးၿပီး စိန္ဓါးေျမႇာင္အား ေပးကာ ထထြက္သြားသည္။
“ေၾသာ္..ဟိုေန႔ကရဲေတြ လာဝိုင္းတဲ့အခ်ိန္ ဦးေလးက ဒီလူနဲ႔ လဲလိုက္တာထင္တယ္..ဒါေၾကာင့္ ရဲေတြ မ်က္စိလည္ကုန္တာပဲ”
“ေအး..ဟုတ္တယ္..ငါ့ႏွမ..မင္းကဘယ္ေခလို႔တုန္း..ထားပါ...ကဲ..ကိုဂႏၶမာရဲ႕...ေထာင္ထဲမွာ ခင္ဗ်ားက ခင္ဗ်ား ဆရာသိန္းတို႔ ခိုင္းလို႔ ကြၽန္ေတာ့္ကို ကယ္ခဲ့တာ ကြၽန္ေတာ္သိပါတယ္...အားလုံးဟာ ကိုယ့္အက်ိဳးအတြက္ ေမွ်ာ္ကိုးၿပီးလုပ္ခဲ့ၾကတာမဟုတ္လားဗ်....အဲ့ဒီေနရာမွာ ကြၽန္ေတာ္က စိန္ဓါးေျမႇာင္ ဆိုတဲ့ ဓါးျပဗိုလ္မဟုတ္ပဲ..လမ္းေဘးက ေမာ္ေတာ္ကားဘီးျဖဳတ္ခိုးတဲ့သူခိုးေလးဆို ဆရာသိန္းက ကယ္ခိုင္းပါ့မလား..ခင္ဗ်ားကေရာ ကယ္ပါ့မလား...ေက်းဇူးတင္ခ်င္းတင္ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ စိန္ဓါးေျမႇာင္ ျဖစ္ေနတဲ့အတြက္ တင္ရမွာပါပဲ..ထားပါေလ..ဘယ္လိုေျပာေျပာ..ခင္ဗ်ားဆီ ကြၽန္ေတာ္အတူေနခဲ့တဲ့ကာလမွာ ခင္ဗ်ားတို႔၊ ကိုအုန္းေဖတို႔၊ ထြန္းရင္တို႔ နဲ႔မိတ္ေဆြျဖစ္ခဲ့ၾကတာပဲမဟုတ္လား...နာဂ်စ္လူေတြ အေၾကာင္းကို ကြၽန္ေတာ္ ႀကိဳသိေနလို႔ ခင္ဗ်ားကို တိုက္ထဲပိတ္ျဖစ္ေအာင္လုပ္ခဲ့တာ..အင္း ေျပာရရင္ေတာ့ ခင္ဗ်ားေသမွာ ေၾကာက္တာထက္...ကြၽန္ေတာ့္အက်ိဳးစီးပြားအတြက္ ခင္ဗ်ားနဲ႔ နာဂ်စ္ႏွစ္ေယာက္လုံးကို တိုက္ပိတ္ခံရေအာင္ လုပ္ခဲ့တာကိုလို႔ ဝန္ခံပါတယ္...ဒါေပမယ့္..နာဂ်စ္ထက္စာရင္ ခင္ဗ်ားကိုေတာ့ ကြၽန္ေတာ္က ေစတနာေလး ရွိတယ္ဗ်...ခင္ဗ်ားရဲ႕တစ္ခ်ိဳ႕စိတ္ရင္းေလးေတြကို သေဘာက်တယ္..မေသေစခ်င္ဘူး..ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက ႐ိုးသားတာကိုးဗ်..ကြၽန္ေတာ့္ထက္စာရင္ ခင္ဗ်ားက အမ်ားႀကီး ႐ိုးသားတယ္..ခင္ဗ်ားလိုလူက ကြၽန္ေတာ့္ၿပိဳင္ဘက္မဟုတ္ဘူး..ကြၽန္ေတာ္တို႔ ေလွ်ာက္တဲ့လမ္းခ်င္းကလည္းမတူပဲကိုးဗ်..ေနာ့”
ေခ်ာရင္က စိန္ဓါးေျမႇာင္စကားကို ေလွာင္ၿပဳံးၿပဳံးလိုက္သည္။
“ကြၽန္မတို႔ အခုလာတာ...ၿပီးခဲ့တဲ့ကိစၥေတြကို ရွင္းတမ္းထုတ္ဖို႔မဟုတ္ဘူး..ဦးေလး...ဦးေလးေရာ ကြၽန္မတို႔ပါ အက်ိဳးစီးပြားျဖစ္မယ့္ အလုပ္ကိစၥတစ္ခု ေဆြးေႏြးဖို႔လာတာ”
“ဟုတ္လား..ကိုဂႏၶမာ”
“ဟုတ္တယ္...စိန္ဓါးေျမႇာင္”
“ခင္ဗ်ား..ပါးစပ္က ေျပာတာဆိုရင္ေတာ့ ကြၽန္ေတာ္ယုံပါတယ္..ကဲ...ျမၾကည္တို႔ အႏွင္းတို႔ ထြက္လာခဲ့ၾကေတာ့ေဟ့”
စိန္ဓါးေျမႇာင္စကားအဆုံးတြင္ ဂႏၶမာတို႔၏ ေဘးဖက္ အခန္းမွ ျမၾကည္က ေျခာက္လုံးျပဴးတစ္လက္ကို ကိုင္လ်က္ထြက္လာသည္။
အႏွင္းက ဂႏၶမာတို႔ ထိုင္ေနသည့္ အေနာက္ဖက္ မွ စတင္းဂန္းတစ္လက္ကို ကိုင္ကာထြက္လာ၏။
“ကဲ..ျမၾကည္ေရ..ဒီကြမ္းအစ္ႀကီးထဲက ဟာ လာသိမ္းလိုက္ပါဦး..ဧည့္သည္ေတြနဲ႔ စကားေျပာမလို႔”
ျမၾကည္က ကြမ္းအစ္ထဲမွ ေနာက္ထပ္ ေျခာက္လုံးျပဴးတစ္လက္ကို လာယူကာ သိမ္းလိုက္သည္။
“ကိုဂႏၶမာေရ..အားနာလိုက္တာ..လိုရမယ္ရေတာ့ လုပ္ထားရတာဗ်..ခင္ဗ်ားကို ယုံေပမယ့္..ခင္ဗ်ားနဲ႔ ပါလာတဲ့ ဟာေလးက မယုံရဘူးဗ်..သူကြၽန္ေတာ့္အိမ္လာၿပီး ေနာက္ရက္ အိမ္ကို ရဲေတြလာဝိုင္းသကိုးဗ်..ဟားဟား”
စိန္ဓါးေျမႇာင္က ကြမ္းတံေတြးေထြးရန္ ေထြးခံကို ယူလိုက္ၿပီး ရယ္ေနသည္။
“ကဲ..ကဲ...အလကားစတာပါ..လာရင္းကိစၥေျပာၾကပါ”
“ညီမ ေျပာျပလိုကၼယ္...အကိုႀကီး”
....................................................................
“ဒီေတာ့ ကြၽန္ေတာ့္အတြက္က ဘာရမွာလဲ”
“တဝက္တိတိရမယ္”
“ေဒၚလာငါးေသာင္းေပါ့ေလ”
ဂႏၶမာေသာင္းရီက ေခါင္ညိတ္ျပလိုက္သည္။
“အင္း..ေဒၚလာငါးေသာင္း...အင္း..ဂ်က္ေလယာဥ္တစ္စီးေတာင္ဝယ္လို႔ရတယ္..ဂ်က္ေလယာဥ္နဲ႔ ကမာၻပတ္ဓါးျပတိုက္လိုက္ရရင္ေတာ့လား”
“ေပါက္ကရေတြေလွ်ာက္ေျပာမေနပါနဲ႔..ဦေလး...ဘယ္လိုလဲ...ကြၽန္မတို႔ေမးတာသာေျဖစမ္းပါ”
ေခ်ာရင္၏ေလသံက မာသြားသျဖင့္ အႏွင္းက ေခ်ာရင္၏ မ်က္ႏွာကို စူးစိုက္ၾကည့္ရင္း စတင္းဂန္းေသနတ္၏ လုံၿခဳံေရးခလုတ္ေမာင္းကို ဆြဲတင္လိုက္သည္။
“ဒီမယ္..ငါ့တူမ...စကားကို ျငင္ျငင္သာသာေျပာကြယ့္...ဦးေလးက သေဘာေကာင္းေပမယ့္..ဦးေလးလူေတြက ျမန္မာျပည္အႏွံ႔ ဓါးျပတိုက္လာၾကတာ..ၿပီးေတာ့ သူတို႔က ဦးေလးကို ေခါင္းေဆာင္အျဖစ္ ၾကည္ညိဳၾကတာ..သူတို႔လက္ညႇိးေတြ ေသနတ္ေမာင္းခလုတ္ေပၚေရာက္ကုန္ေအာင္ မေျပာရဘူး..အင္း..မေတာ္တာေတြျဖစ္ကုန္မယ္..ေဟ့.ျမၾကည္..အႏွင္းဆီက စတင္းဂန္းလာယူၿပီး ေအာက္ထပ္ကထြန္းရင္ဆီ သြားေပးထားစမ္းပါကြယ္..”
ထိုအခါမွ ေခ်ာရင္က ေဘးတြင္ရပ္ေနေသာ အႏွင္းကို ၾကည့္လိုက္မိသည္။
မ်က္လုံးခ်င္းအဆုံတြင္ အႏွင္းက ေခ်ာရင္ကို စူးစူးစိုက္စိုက္ၾကည့္ေန၏။
“ကဲ..ျမၾကည္ေရ..အႏွင္းကိုပါေအာက္ေခၚသြားကြဲ႕..အကို ဒီမွာ စကားေျပာလိုက္ဦးမယ္..ဒီလူေတြ ဘာအႏၲရာယ္မွ မရွိေတာ့ပါဘူး..ကဲ..ကိုဂႏၶမာလည္း ခ်ိန္းႀကိဳးေတြဘာေတြ ေဆာင္လာရင္ ကြၽန္ေတာ့္မိန္းမဆီ အပ္ထားလိုက္ပါ..လက္နက္ေတြ မပါပဲ စကားေျပာၾကေတာ့ ပိုစိတ္ခ်ရတာေပါ့”
ဂႏၶမာက အက်ႌေအာက္သို႔ လည္လွ်ိဳၿပီး ခ်ိန္းႀကိဳးကို ယူကာ မျမၾကည္ထံသို႔ ေပးလိုက္သည္။
“ကြမ္းစားတတ္ရင္ စားၾကပါ”
ဂႏၶမာက ေၾကးကြမ္းအစ္ႀကီးကို ေရွ႕သို႔ တိုးေပးလိုက္သည္။
“ခုန ခင္ဗ်ားတို႔ ကမ္းလွမ္းတာကိုကြၽန္ေတာ္လက္ခံတယ္....ခင္ဗ်ားတို႔ကအဲ့ဒီသံတိုသံစေတြကို ဘယ္အထိ ပို႔ေပးႏိုင္တာလဲ..ကြၽန္ေတာ္က ဘယ္အပိုင္းကေန စသယ္သြားေပးရမလဲ”
“အဓိကကေတာ့ အစိုးရစစ္တပ္ေတြ ရွိတဲ့ဘက္ကို ေရွာင္သြားရမွာ... ကြၽန္မတို႔ ဘယ္ေလာက္ထိ ပို႔ေပးႏိုင္မလဲဆိုတာ ဦးေလး စဥ္းစားေပး”
“ျမၾကည္ေရ....အိပ္ခန္းထဲက ေျမပုံယူခဲ့ေပးပါဦး”
မျမၾကည္က ေျမပုံလိပ္တစ္လိပ္ကို စိန္ဓါးေျမႇာင္အား လားေပးသည္။
စိန္ဓါးေျမႇာင္က ေျမပုံကို ျဖန႔္ခင္းလိုက္၏။
“ဪ..ဒါနဲ႔ တကယ္အလုပ္လုပ္ၾကေတာ့မယ္ဆိုရင္ေတာ့..က်န္တာေတြေမ့ထားၿပီး ဒီအလုပ္ထဲပဲ အာ႐ုံစိုက္ဖို႔ နဲ႔ အလုပ္ၿပီးသြားရင္ ကတိတည္ဖို႔ပဲ လိုမယ္ေနာ္”
“အဲ့ဒါ ငါက မင္းကို ေျပာရမွာ..စိန္ဓါးေျမႇာင္”
ဂႏၶမာစကားေၾကာင့္ စိန္ဓါးေျမႇာင္က အသံထြက္ေအာင္ ရယ္လိုက္သည္။
“ကဲ..ဒီမွာ...ေတာင္ႀကီးဘက္က ေန သြားတဲ့လမ္းကေတာ့ သြားလို႔မျဖစ္ဘူး..ေတာင္ႀကီးက အစိုးရတပ္ေတြ ရွိေနတာ..ကြၽန္ေတာ္တို႔ ေ႐ြးခ်ယ္ရင္ တိုက္ပြဲျဖစ္ေနတဲ့ ေဒသေတြကေ႐ြးသြားမွျဖစ္မယ္။ ရန္ကုန္မႏၲေလးလမ္းအတိုင္းသြားရင္လည္း ေသခ်ာေပါက္ အစိုးရတပ္ေတြက မိမွာပဲ”
“ဒါဆို မႏၲေလးကို ဘယ္လိုေရာက္ေအာင္ပို႔ရမလဲ”
“မဟုတ္ဘူး..မႏၲေလးကို မဝင္ဘူး..မႏၲေလးကလည္း အစိုးရတပ္ေတြစိုးမိုးထားၿပီေလ..ဒီဘက္ ပခုကၠဴ၊ မုံ႐ြာကေန မိုးကုတ္ကိုသြားမယ္။ မိုးကုတ္ကေနဆို ေနာင္ခ်ိဳေက်ာ္ၿပီး ေက်ာက္မဲအထိေတာင္ ေရာက္သြားၿပီ..ေနာက္ၿပီး အဲ့ဒီ ပခုကၠဴ၊ မုံ႐ြာ၊ ေ႐ႊဘို လမ္းတစ္ေလွ်ာက္ က ကြၽန္ေတာ့္လူေတြရွိတယ္။ အဲ့ဒီဘက္က အလံနီေတြႀကီးစိုးထားတာ။ အလံနီထဲဗိုလ္ျဖစ္ခဲ့တဲ့ ကြၽန္ေတာ့္လူ င႐ုတ္သီးဘရင္၊ ထြန္းခင္တို႔ ရွိတယ္။ သူတို႔ကိုအဲ့ဒီဘက္ ႀကိဳလႊတ္ၿပီး ဒီလမ္းေၾကာင္းအတြက္ အလံနီေတြကို အလႉေငြထည့္ၿပီး ညႇိႏႈိင္းမယ္။ အဆင္ေျပၿပီဆိုရင္..ခင္ဗ်ားတို႔က ပစၥည္းတင္လာတဲ့ကားေတြကို မေကြးလမ္းဘက္ကေန ပခုကၠဴအထိ သယ္ေပး႐ုံပဲ...ေရနံေခ်ာင္းေက်ာ္တာနဲ႔ ကြၽန္ေတာ့္လူေတြက ခင္ဗ်ားတို႔ ကားေတြကို ေစာင့္ေရွာက္ေပးလိမ့္မယ္ ခင္ဗ်ားတို႔ဘက္က ပစၥည္းပို႔ဖို႔ အဆင္သင့္ၿပီဆိုတာနဲ႔ ကြၽန္ေတာ္ အဲ့ဒီဘက္ တက္ၿပီး..လမ္းေၾကာင္းဆြဲမယ္...”
ေဒၚလာတစ္သိန္းတန္စီမံကိန္းကို စိန္ဓါးေျမႇာင္က ေျမပုံေရွ႕ခ်ၿပီး ငါးမိနစ္အတြင္း အစီအစဥ္ဆြဲျပသြားသည္။
“ကဲ..ဘယ္လိုလဲဗ်..ကြၽန္ေတာ္ေျပာတာ သေဘာတူလား”
“ေနဦး..ကြၽန္မတို႔ကိစၥက ဟိုလူပစၥည္းစုတာ တစ္ႏွစ္ေက်ာ္ေလာက္ၾကာႏိုင္တယ္ေျပာတယ္..ၾကားထဲမွာ ႏိုင္ငံေရးအေျခအေနကတစ္မ်ိဳးေျပာင္းသြားႏိုင္တယ္..အဲ့ဒါကိုလည္း ထည့္စဥ္းစားဦ”
ေခ်ာရင္စကားကို စိန္ဓါးေျမႇာင္က ေခါင္းညိတ္လိုက္သည္။
“မၾကာခင္မွာ ရဲေဘာ္ျဖဴေတြကေတာ့ အလင္းဝင္ဖို႔မ်ားတယ္။ ေနာက္တစ္ခုက သတိထားရမွာကစစ္တပ္ပဲ..ျပည္တြင္းစစ္ျဖစ္ေနသမွ် အစိုးရက စစ္တပ္ကို မွီခိုေနၾကရတယ္...စစ္တပ္ကို ဖဆပလထဲ အုပ္စုအေတာင့္ဆုံးျဖစ္တဲ့ ဆိုရွယ္လစ္အုပ္စုက ႀကိဳးကိုင္ဖို႔ႀကိဳးစားရင္း ႏိုင္ငံေရးထဲ ဆြဲသြင္း ပစားေပးေနၾကတယ္။ အခုက ဗိုလ္ခ်ဳပ္ေနဝင္းနဲ႔ ဦးႏုကေတာ့ ပလဲနံပသင့္ေနေသးတယ္။ မၾကာခင္မွာ စစ္တပ္က အစြယ္ေပါက္လာမွာအေသအခ်ာပဲ။ အစြယ္ရွိတဲ့သတၱဝါက ေသြးေသာက္ဖူးရင္ ေသြးအရသာကို စြဲလမ္းသြားတတ္ၾကတဲ့။ လက္နက္ရွိထားတဲ့လူကလည္း အာဏာရဲ႕အရသာကို သိသြားရင္ ဘာျဖစ္မယ္ဆိုတာ ကြၽန္ေတာ္ဓါးျပတိုက္စားခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္ကိုယ္ေတြ႕ပဲ။ စစ္တပ္ကိုကိုင္တြယ္ဖို႔က အခုလက္ရွိ ႏိုင္ငံေရးသမားေတြရဲ႕ ပါးနပ္မႈေပၚမွာ မူတည္ေနတယ္ဗ်”
“မင္းကႏိုင္ငံေရးသမားလုပ္စားရမွာ စိန္ဓါးေျမႇာင္ရဲ႕”
ဂႏၶမာေသာင္းရီက ဝင္ေျပာလိုက္သည္။
“ဓါးျပတိုက္ေနရတယ္..အဲ့ဒီေလာကၼအားဘူးဗ်”
ဂႏၶမာေသာင္းရီႏွင့္ ေခ်ာရင္တို႔က စိန္ဓါးေျမႇာင္အား စရံအျဖစ္ ေဒၚလာတစ္ေသာင္းေပးကာ ျပန္ခဲ့ၾကသည္။
အိမ္ေရွ႕တြင္ရွိေသာ ထြန္းရင္၏ ကားနေဘးတြင္ အႏွင္းႏွင့္ ထြန္းခင္၏ ဇနီး ရင္ရင္တို႔ ရပ္ေနၾကသည္။
ထြန္းရင္ႏွင္ ရယ္ရယ္ေမာေမာစကားေျပာေနၾက၏။
“သြားၿပီေနာ္..မမႏွင္း”
ေခ်ာရင္က အႏွင္းကို ႏႈတ္ဆက္လိုက္သည္။
“အင္း.ေခ်ာရင္..ခုန တို႔အလုပ္တို႔လုပ္တာေနာ္”
“ဟုတ္ကဲ့ပါ..ညီမနားလည္ပါတယ္..ကိုစံဘတို႔ ႐ုံးခ်ိန္းက် ေတြ႕ၾကဦးစို႔”
ထြန္းရင္က ကားကို စက္ႏႈိးလိုက္သည္။
“မႏွင္း...ကြၽန္ေတာ္သြားလိုက္ပါဦးမယ္”
ထြန္းရင္မ်က္ႏွာက စပ္ၿဖဲၿဖဲႏွင့္။
ကားက စိန္ဓါးေျမႇာင္အိမ္ေရွ႕မွ ထြက္သည္ႏွင့္ ေခ်ာရင္က
“ကိုႀကီးထြန္းရင္..က စိန္ဓါးေျမႇာင္ တပည့္မေတြနဲ႔ေလေပးေျဖာင့္ေနၾကပါလား”
“မဟုတ္ဘူးဟဲ့...အဲ့ႏွစ္ေယာက္ကငါ့ေဘး လာၿပီး ေျဗာက္နဲ႔ ေထာက္ထားၾကတာ..နင္တို႔ အေပၚမွာ ႐ုတ္႐ုတ္႐ုတ္႐ုတ္ျဖစ္ရင္ ငါေတာ့ေသၿပီပဲ..ဒါေၾကာင့္ စကားေတြေလွ်ာက္ေျပာေနတာ...တကယ့္အာဂဟာမေလးေတြပဲ..ေၾသာ္ မႏွင္း..မႏွင္း...ေျခာက္လုံးျပဴးေလးကိုင္ၿပီး တစ္မ်ိဳးေလးပဲ”
ဂႏၶမာေသာင္းရီက ထြန္းရင္စကားေၾကာင့္ ရယ္လိုက္သည္။
ေခ်ာရင္က သက္ျပင္းခ်ရင္း ေခါင္းခါလိုက္ေတာ့၏။
..............................................................................
“ဘာ..ဦးျမက်င္ ေသၿပီတဲ့လား..နာဂ်စ္”
မဂ်စ္ခန္း၏ စကားကို နာဂ်စ္အာရတ္က ေခါင္းၿငိမ့္ျပလိုက္သည္။
အိႏၵိယသို႔ သုံးလၾကာသြားေနေသာ မဂ်စ္ခန္း ရန္ကုန္သို႔ ျပန္ေရာက္လာခဲ့ၿပီျဖစ္သည္။
“မင္တို႔က ဘာမွ မလုပ္ၾကဘူးလား”
“ကြၽန္ေတာ္တို႔မွာ ဘိုင္လည္းမရွိဘူး။ ဦးျမက်င္ကလည္း ႐ုတ္တရက္အသတ္ခံလိုက္ရေတာ့ ဘာဆက္လုပ္ရမွန္းမသိ ျဖစ္ေနတာ..ဘိုင္”
“မင္းလူေတြေရာ၊ ဦးျမက်င္လူေတြေရာ...က ဒီေကာင္ႀကီးကို ဒီအတိုင္းလႊတ္ေပးထားတယ္ေပါ့..အဲ့ဒီလိုလား”
“သူတို႔လည္း အရင္ လမ္းမေတာ္ဖိုးတုတ္အဖြဲ႕က လူေဟာင္းေတြ ကို ျပန္စုေနၾကတယ္ၾကားတယ္။ အစိုးရပိုင္း၊စစ္တပ္က လူေတြကလည္း သူတို႔ဆီ အဝင္အထြက္လုပ္ေနၾကတာ..အခုလည္း ဦးျမက်င္အမႈမွာ ဂႏၶမာႀကီးသတ္တာသိသိႀကီးနဲ႔ ရဲဘက္က မသိခ်င္ေယာင္ေဆာင္ထားသလိုပဲ..စံဘနဲ႔ တျခား တစ္ေယာက္ကိုပဲ ဖမ္းထားၾကတယ္..ကြၽန္ေတာ္တို႔လည္း ေရွ႕မတိုးရဲဘူး...ဘိုင္ရွိရင္ေတာ့ တစ္မ်ိဳးေပါ့”
မဂ်စ္ခန္းက ဆီလိမ္းထားသျဖင့္ ေကာ့ေနေသာ ႏႈတ္ခမ္းေမႊးကို သပ္ရင္း တစ္စုံတစ္ခုကို စဥ္းစားေနသည္။
“ဒီေကာင္ေတြ ဦးျမက်င္ရဲ႕ နယ္ေျမကို အခုလုယူထားတာလား”
“အဲ့ဒီလိုလည္း မဟုတ္ဘူး...ဆိုင္ေတြကို လစဥ္ေၾကးေတာင္းတာေတြ ဘာေတြလဲမလုပ္ဘူး...အဲ့ဒီနယ္ေျမ ကို ကြၽန္ေတာ္တို႔လည္း လႊတ္ထားရတယ္..ဦးျမက်င္ေရာ သူ႔လူ အရႈပ္ပါ ေသၿပီး ဂႏၶမာႀကီး ဆိုင္လည္းရွိေနေတာ့ အဲ့ဒီနယ္ေျမကို ကြၽန္ေတာ့္လူေတြလည္း ေငြ ဝင္မေတာင္းရဲဘူး..သူတို႔က လူမိုက္ဂိုဏ္းပုံစံမ်ိဳးလည္း မလုပ္ဘူး..သူတို႔ဆိုင္ပဲ ဖြင့္ထားတယ္”
“အင္း..အခုက လူစုေနတုန္းမို႔ျဖစ္မယ္..မၾကာခင္ ဒီေကာင္ေတြအင္အားေတာင့္လာတာနဲ႔ ဖိုးတုတ္ႀကီးတုန္းကလို နယ္ေျမေတြသိမ္းလိမ့္မယ္..ငါတို႔ဘက္ကလည္း ႀကိဳၿပီး ျပင္ဆင္ထားရေတာ့မယ္”
“ကြၽန္ေတာ္တို႔ ဘာဆက္လုပ္ရမလဲ..ဘိုင္”
“မင္းလူေတြက မသိမသာနဲ႔ ဂႏၶမာေသာင္းရီဆိုင္ကို ေစာင့္ၾကည့္ထား၊ ဒီေကာင့္ ေနာက္မွာ ဘယ္သူရွိေနတယ္ဆိုတာ ငါသိခ်င္တယ္။ ေနာက္ ဒီေကာင့္ေဘးမွာေနၿပီး ဒီေကာင့္ကို အႀကံေပးေနတဲ့ ဒီေကာင့္ လက္႐ုံးတစ္ေယာက္ေတာ့ ရွိရမယ္..သူ ဘယ္သူဆိုတာ ေအာင္လုပ္ၿပီး..အဲ့ဒီေကာင္ကို အရင္သတ္ရမယ္”
“ဟုတ္ကဲ့ပါ...အဘိုင္”
“ကဲ..မင္းျပန္ေတာ့”
နာဂ်စ္ထျပန္သြားခ်ိန္တြင္ အခန္းထဲမွ အဘိုးအိုတစ္ဦးထြက္လာသည္။
သူကားမကၥတီးခန္း။
“မဂ်စ္........မင္းကို ငါေျပာစရာရွိတယ္”
“ဟုတ္ကဲ့..ေျပာပါ..အပါ”
“ငါ ဘာသာေရးပဲလုပ္ေနတာၾကာၿပီ....ငါ့သားသမီးေတြကိုလည္း အလႅာ့အလိုေတာ္အတိုင္း ကိုရမ္နဲ႔အညီ ငါထိန္းေက်ာင္းခဲ့တယ္.....ဒါေပမယ့္မင္းကိုေတာ့ ငါေျပာစရာရွိလာၿပီ....အခုက..ျမန္မာေတြမ်ိဳးခ်စ္စိတ္ အရမ္းတက္ႂကြေနၾကတဲ့ ကာလပဲ..အစိုးရကလည္း အဂၤလိပ္မဟုတ္ဘူး..ျမန္မာအစိုးရ..ဒီအခ်ိန္မွာ မင္းအေနနဲ႔ ငါတို႔မိသားစုအရင္ကရခဲ့တဲ့ ပလႅင္ကို စိတ္ကူးယဥ္ေနတာ ငါသိတယ္...ဒါေပမယ့္ အိႏၵိယမွာ မင္းလုပ္စရာရွိတဲ့ စီးပြားေရး ကိုပဲ ျပန္လုပ္ေစခ်င္တယ္....ဒီေနရာမွာ ဒါဟာ မင္းရဲ႕အခ်ိန္အခါမဟုတ္ေသးဘူး..ငါ့သား”
“ဒါေပမယ့္..အပါ..”
“ခုနျပန္သြားတာ..ဖေရဆာက က်ဴလီယာ လုပ္တဲ့ အာမက္ ရဲ႕ သား အလတ္ေကာင္ေလးမဟုတ္လား...မင္းတို႔ေျပာတာ ငါၾကားၿပီးၿပီ...သူ႔အေဖလည္း တခ်ိန္က ငါ့တပည့္ပါ.. ဒီေကာင္ေလး ၾကည့္ရတာ ျဖစ္လာမယ္မထင္ဘူး......မင္းသိပ္အားထားမေနနဲ႔..ေနာက္တစ္ခုက ဖိုးတုတ္လူေတြအေၾကာင္း ငါအသိဆုံး..အထူးသျဖင့္ ဂႏၶမာေသာင္းရီေပါ့ကြာ”
မက္စတီးခန္းက မဂ်စ္ခန္း၏ ပုခုံးကို ပုတ္လိုက္ၿပီး အခန္းတြင္သို႔ ျပန္ဝင္သြားသည္။
...............................................................................
၁၉၅၄ ဒီဇင္ဘာလ ၁၈ ရက္။ ေသာၾကာေန႔။ နံနက္ ၁၁ နာရီ။
ထြန္းရင္ႏွင့္ ေခ်ာရင္တို႔ ဂ်စ္ကားတစ္စီးႏွင့္အတူ ရန္ကုန္ေထာင္ႀကီးသို႔ ေရာက္လာၾကသည္။
ေထာင္ႀကီးေရွ႕တြင္ ဘုန္းႀကီးမ်ား၊ လူမ်ားပါဝင္ေသာ လူအုပ္ႀကီးက ရႈပ္ယွက္ေနသည္။
“ကိုႀကီးထြန္းရင္ ဒီကပဲေစာင့္ေတာ့...ေထာင္ေရွ႕မွာ ဘာျဖစ္ေနလဲမသိဘူး..ညီမတို႔ပဲ ဝင္ေတြ႕လိုကၼယ္”
ေခ်ာရင္က ေထာင္ဝင္စာထုတ္ႏွင့္အတူ ကားေပၚမွာ ဆင္းသြား၏။ထြန္းရင္က စီးကရက္ဖြာကာ က်န္ရစ္သည္။
ေထာင္ဘူးဝတံခါးႀကီးေရွ႕တြင္ ဘုန္းႀကီးမ်ား၊ လူမ်ားဝိုင္းအုံေနၾကသည္။
လူအုပ္ႀကီးႏွင့္ မလွမ္းမကမ္းတြင္ ရပ္ေနေသာ မႏွင္းကို ေတြ႕လိုက္ရသည္။
ေခ်ာရင္က မႏွင္းရွိရာသို႔ ေလွ်ာက္သြားလိုက္၏။
“မမႏွင္း..ဘာေတြျဖစ္ေနတာလဲ..ေထာင္ဝင္စာေတြ႕လို႔မရလို႔လား”
“ေထာင္ထဲေပးမဝင္ေသးဘူး...ဘႀကီးဘေဖ တို႔ကို ဒီေန႔ ေဆးစစ္ဖို႔ အျပင္ေခၚထုတ္မွာမို႔ ဘႀကီးဘေဖကို ေထာက္ခံတဲ့လူေတြ လာဝိုင္းေနၾကလို႔တဲ့ေလ”
ေထာင္ဘူးဝတံခါးႀကီးကို ဘုန္းႀကီးမ်ားႏွင့္ လူမ်ားက ဝိုင္းအုံထားၾကသည္။ ေထာင္ပတ္ခ်ာလည္တြင္ ရဲကားအမ်ားအျပားလည္း ခ်ထားၾက၏။
ဘႀကီးဘေဖ သည္ ျမန္မာ့ႏိုင္ငံေရးသမိုင္းတြင္ သက္တမ္းအရွည္ၾကာဆုံးႏွင့္ အထင္ရွားဆုံး ႏိုင္ငံေရးသမားႀကီးျဖစ္သည္။
၁၉၀၆ ေမလ(၁၀)ရက္ေန႔တြင္ YMBA အသင္းႀကီးကို စတင္ထူေထာင္ခဲ့သူမ်ားထဲမွ တစ္ဦးျဖစ္သည္။
၁၉၁၉ ဘိလပ္သြား ေဖ၊ပု၊ရွိန္အဖြဲ႕တြင္ ပါဝင္ခဲ့သူလည္းျဖစ္သည္။
၉၁ ဌာနအုပ္ခ်ဳပ္ေရးေခတ္တြင္ သစ္ေတာဝန္ႀကီးျဖစ္ခဲ့သည္။ ဘႀကီး ဘေဖသည္ ျမန္မာႏိုင္ငံေရး ႏိုးၾကားစမွ လြတ္လပ္ေရး ရသည္အထိ ေနရာအသီးသီး၊ က႑အသီးသီး၊ အခန္းအသီးသီး ေဆာင္႐ြက္မႈ အသီးသီးမ်ားျဖင့္ ပါဝင္ ေဆာင္႐ြက္ခဲ့ေသာ ပုဂၢိဳလ္ႀကီး တဦးလည္း ျဖစ္သည္။
သို႔ေသာ္လည္း ေငြေရး ေၾကးေရး မသမာမႈမ်ား၊လာဘ္စားမႈမ်ားျဖင့္ အတိုင္ခံရေသာေၾကာင့္လြတ္လပ္ေရး မရမီ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ရွိစဥ္ကတည္းက ဖဆပလ ထဲမွေရာ၊ ဘုရင္ခံ အမႈေဆာင္ ေကာင္စီဝင္ ဝန္ႀကီး တဦး အျဖစ္ကပါ ထုတ္ပယ္ျခင္း ခံခဲ့ရသည္။
ဘႀကီးဘေဖေနရာတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အကို ဦးဘဝင္း ကို အစားထိုးခန႔္အပ္လိုက္ၿပီးေနာက္ မၾကာမီတြင္ပင္ ႏိုင္ငံေတာ္လုပ္ႀကံမႈျဖစ္ၿပီး ဘႀကီးဘေဖေနရာတြင္ တာဝန္ယူသူ ဦးဘဝင္း ပါ က်ဆုံးသြားခဲ့သည္။
ဘႀကီးဘေဖ လာဘ္စားေကာင္းသျဖင့္ အသက္ေဘးမွ လြတ္ခဲ့သည္ကို အေၾကာင္းျပဳလ်က္ ေနာင္ေခတ္ အဆက္ဆက္ဝန္ႀကီးမ်ား အသက္ေဘးမွလြတ္ရန္ လာဘ္စားၾကသည္လားဟုပင္ စာေရးဆရာတစ္ဦးက သေရာ္ခဲ့ၾကသည္။
ယခု ၁၉၅၄ တြင္ ဘႀကီးဘေဖ ကား ႏိုင္ငံေတာ္သစၥာေဖာကၼႈျဖင့္ ဖမ္းဆီးခံေနရျခင္းျဖစ္သည္။
၁၉၄၉ ခုႏွစ္ မတ္လအတြင္းက ရဲေဘာ္ျဖဴမ်ားႏွင့္ ေတာခိုတပ္မေတာ္သားမ်ားသည္ ျပည္၊သရက္၊မင္းဘူး၊မေကြး ခ႐ိုင္တို႔ကိုသိမ္းပိုက္ခဲ့ၾကသည္။
ထိုေဒသမ်ားတြင္ဘီအိုစီကုမၸဏီ၏ ေရနံတြင္းမ်ား ရွိေနရာ ဘီအိုစီက ၄င္းတို႔၏ အက်ိဳးစီးပြားထိုးခိုက္ဆုံးရႈံးမႈ မရွိေစရန္ ဘႀကီးဘေဖထံ ခ်ဥ္းကပ္ၿပီး ဘီအိုစီကုမၸဏီပိုင္ ေရနံေျမမ်ားကို အစိုးရတပ္မွ ျပန္လည္ သိမ္းပိုက္ ေပးရန္ အကူအညီေတာင္းခဲ့သည္။
ဘႀကီးဘေဖ က ဘီအိုစီဘက္ကမွ ေငြသိန္း ၃၀ ကို ဘဏၰာေရးအကူအညီေပးလွ်င္ စစ္တပ္ႏွင့္ ညႇိႏႈိင္း အာဏာသိမ္းၿပီး ဘီအိုစီက ေတာင္းဆိုသည့္အတိုင္းလုပ္ေပးမည္ဟု ဆိုသည္။
ဘႀကီးဘေဖ၊သာယာဝတီဦးေမာင္ေမာင္(ဓါးမပါတီဝင္)၊ ဦးလြန္း(ဂဠဳန္ဦးေစာ၏ မ်ိဳးခ်စ္ပါတီဝင္) ၊ဦစန္းေမာင္တို႔ သည္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ေနဝင္းထံ သြားေရာက္ကာ ထိုကိစၥကို ေငြေၾကးညႇိႏႈိင္းၿပီး တိုင္ပင္ၾကသည္။
အာဏာသိမ္းခ်င္းသိမ္း သူသာ သိမ္းမည္ဟု ႀကံ႐ြယ္ထားဟန္ရွိေသာ ကာခ်ဳပ္ ဗိုလ္ခ်ဳပ္ေနဝင္းက အႀကံတူရန္သူျဖစ္ေနေသာ ထိုကိစၥကို ဓာတ္ျပားျဖင့္ အသံဖမ္းထားခဲ့သည္။
၁၉၅၂ တြင္ ဖဆပလအဖြဲ႕ကို အတိုက္အခံျပဳမည့္ပါတီမ်ားစုေပါင္းကာ ျပည္ခ်စ္မဟာမိတ္အဖြဲ႕ကို ဖြဲ႕စည္းခဲ့ၾကသည္။
ထိုအဖြဲ႕တြင္ ဆိုရွယ္နီပါတီ၊ ဦးေအာင္သန္း၏ ျပည္သူ႔ၿငိမ္းခ်မ္းေရးအဖြဲ႕ေပါင္းစုံ၊ ေဒါက္တာဘေမာ္၏ မဟာဗမာပါတီ၊ဦးဘေဖအုပ္စုတို႔ ပါဝင္လာၾကသည္။
ျပည္ခ်စ္မဟာမိတ္အဖြဲ႕အတြင္းလည္း ႏိုင္ငံေရးအရ အေတြ႕အႀကဳံရင့္က်က္ေနေသာ ဘႀကီးဘေဖ အုပ္စုက အသာစီးရလာသည္။
ထို႔ေၾကာင့္ ၁၉၅၆ ေ႐ြးေကာက္ပြဲတြင္ ျပည္ခ်စ္မဟာမိတ္အဖြဲ႕ကို အတိုက္အခံတပ္ေပါင္းစုအျဖစ္အသြင္ေျပာင္းၿပီး ဝင္ၿပိဳင္မည္ ပမညတ(ျပည္ေထာင္စုျမန္မာႏိုင္ငံအမ်ိဳးသားညီၫြတ္ေရးတပ္ေပါင္းစု)တြင္ ဘႀကီးဘေဖ တို႔ မပါဝင္ႏိုင္ေစရန္ ဆိုရွယ္လစ္အုပ္စု၏ ၾသဇာခံျဖစ္ေနေသးေသာ ဗိုလ္ခ်ဳပ္ေနဝင္းက ထိုအသံဖိုင္ကို ဦးႏုလက္သို႔ အပ္လိုက္ေတာ့သည္။
ထို႔ေၾကာင့္ ၁၉၅၄ ဒီဇင္ဘာ ၄ တြင္ ဘႀကီးဘေဖတို႔ အုပ္စုကို အစိုးရက ႏိုင္ငံေတာ္သစၥာေဖာက္မႈျဖင့္ ဖမ္းဆီးလိုက္ ျခင္းျဖစ္သည္။
ဘႀကီးဘေဖ အား သခင္ကိုယ္ေတာ္မႈိင္းအစျပဳေသာ ႏိုင္ငံေရးလုပ္ေဖာ္ကိုင္ဖက္ေဟာင္းမ်ား၊ လြိဳင္ေကာ္ဆရာေတာ္အပါအဝင္ နာမည္ေက်ာ္ဆရာေတာ္မ်ားက ဝန္းရံခဲ့ၾကသည္။
ယေန႔တြင္လည္း ေထာင္ထဲတြင္ ဆန္ျပဳတ္ေရႀကဲႏွင့္ ဂ်င္ဂ်ာဘီယာကိုသာ စားႏိုင္ၿပီး မက်န္းမာသည့္ ဘႀကီးဘေဖအား ေဆးေက်ာင္းတြင္ ေဆးသြားစစ္ရန္ ေခၚထုတ္လာမည္ျဖစ္သည္။
ထို႔ေၾကာင့္ လူအုပ္ႀကီးႏွင့္ ဘုန္းႀကီးမ်ားက ေထာင္ေရွ႕တြင္ တိုးေဝွ႔ေစာင့္ဆိုင္းေနၾကျခင္းပင္။
ေခ်ာရင္ႏွင့္ အႏွင္းတို႔သည္ လူအုပ္ႀကီးအနီးသို႔သြားၿပီး ေထာင္ဝင္စာဖြင့္ေပးမည့္အေျခအေနကို အကဲခတ္ေနၾကသည္။
ထိုအခ်ိန္တြင္ ရဲအရာရွိတစ္ေယာက္ႏွင့္ ရဲသားတစ္ေယာက္က သူတို႔နား ကပ္လာ၏။
“ကဲ...ဘႀကီးဘေဖအမႈမွာ မသကၤာမႈနဲ႔ မင္းကိုဖမ္းဖို႔ အမိန႔္ပါလာတယ္..အသာတၾကည္လိုက္ခဲ့ပါ”
“ဘာလဲ..ကြၽန္မက..ဘာျဖစ္တယ္”
ေခ်ာရင္မွာ သူ႔ေနာက္မွ ရဲအရာရွိကိုၾကည့္ကာ တအံတၾသျဖစ္သြားသည္။
ရဲအရာရွိက ေခ်ာရင္၏ ေနာက္ေၾကာကို ေသနတ္ျဖင့္ ေထာက္လိုက္သည္။
“လူအုပ္ၾကားမွာ လႈပ္လႈပ္ရွားရွားမလုပ္နဲ႔..ပစ္မိန႔္ရထားတယ္ေနာ္..လာလိုက္ခဲ့”
ေနာက္ထပ္ရဲသားတစ္ေယာက္က ေခ်ာရင္လက္ႏွင့္ သူ႔လက္ကို လက္ထိပ္တြဲခတ္ကာ ေသနတ္ျဖင့္ခ်ိန္လ်က္ ဆြဲေခၚသြားသည့္အခါမွ လူအုပ္ကို ေငးေနေသာ အႏွင္းက သတိထားမိသြား၏။
“ဒါဘာလုပ္ၾကတာလဲ”
“ငါတို႔စုံေထာက္အဖြဲ႕ကပဲ...သူႏိုင္ငံေရးလုပ္ေနလို႔ဖမ္းတာ..နင္ပါ..ပါသြားခ်င္သလား..ေအာ္မယ္မႀကံနဲ႔ ငါတို႔မွာ ပစ္မိန႔္ရထားတယ္”
ရဲအုပ္က အႏွင္းအား ေသနတ္ျဖင့္ ခ်ိန္ကာ ေနာက္ဆုတ္ရင္း လူအုပ္ထဲသို႔ ေျပးဝင္သြားသည္။
အႏွင္းက ရဲအုပ္ေနာက္သို႔ ထပ္ခ်ပ္မကြာလိုက္သည္။
ထိုသူက ေထာင္ႀကီးဝန္း ေထာင့္ သစ္ပင္ရိပ္တြင္ ရပ္ထားေသာ ကားေပၚသို႔ တက္သြားသည္။
ကားေပၚတြင္ ေခ်ာရင္ႏွင့္ ရဲသားကို ျမင္လိုက္ရသည္။
ကားကခ်က္ခ်င္းစက္ႏႈိးကာ ေမာင္းထြက္သြား၏။
သို႔ေသာ္ ေရွ႕ခပ္လွမ္းလွမ္းအေရာက္တြင္ ေနာက္ထပ္ေရာက္လာေသာ လူအုပ္ႏွင့္ ရဲမ်ားအၾကားျပႆနာျဖစ္ကာ ပိတ္ေနသျဖင့္ ဟြန္းတီးကာ လမ္းေတာင္းေနရသည္။
အႏွင္း က အကူအညီေတာင္းရန္ ၾကည့္လိုက္စဥ္ ထိုကားႏွင့္ မလွမ္းမကမ္းတြင္ ရပ္ထားေသာ ေခ်ာရင္တို႔ ဂ်စ္ကားကို ေတြ႕လိုက္ရသည္။
ဂ်စ္ကားေပၚတြင္ ထြန္းရင္က ဦးထုတ္ကို မ်က္ႏွာအုပ္လ်က္ အိပ္ေန၏။
“ဟဲ့..ဟဲ့..ထစမ္းပါ..ထစမ္း..ဟိုမွာေခ်ာရင္ကို ဖမ္းသြားၾကၿပီ”
အႏွင္းအသံေၾကာင့္ ကားထိုင္ခုံကို မွီရင္း အိပ္ေပ်ာ္စျပဳေနေသာ ထြန္းရင္အလန႔္တၾကားထလာသည္။
ခက္ေဇာ္
Done 🍀
ReplyDeleteClicked 💫
ReplyDelete🗡️💎💎
ReplyDeleteDone
ReplyDelete🌃
ReplyDelete