The Guys From Mandalay, 1950s အခန်း(၂၈)
The Guys From Mandalay, 1950s
အခန်း(၂၈)
………………………………………..
“ဟိုမှာ ချောရင်ကို ရဲတွေခေါ်သွားကြပြီ”
“ဘယ်မှာလဲ...ဘာဖြစ်လို့လဲ”
“မသိဘူး..သေနတ်နဲ့ ထောက်ပြီး လက်ထိပ်ခတ်သွားတာပဲ...ဟိုးမှာ ဟိုးမှာ အဲ့ဒီရဲကားပဲ..”
ထွန်းရင် က ကားစက်နှိုးပြီး လိုက်သည်။
ချောရင်ကို တင်လာသည့် ရဲကားက လူအုပ်ကိုကျော်ပြီး မကြာမီ ရန်ကုန်မြို့ထဲဘက်သို့ ကွေ့သွား၏။
ထွန်းရင်က နောက္မှ လိုက်သည်။
“မနှင်း..ကားနံပါတ်ကို မှတ်ထား..မှတ်ထား”
အနှင်းက ကားနံပါတ်ကို စိတ်ထဲမှလိုက်မှတ်သည်။
ရှေ့မှ ကားက ရန်ကုန်ဆေးရုံကြီးဘက်သို့ ကွေ့ဝင်သွားသည်။
ထွန်းရင်က အရှိန်တင်ပြီး လိုက်အကွေ့တွင် ရှေ့မှ ကားတစ်စီး ဘွားခနဲ ပေါ်လာသဖြင့် ဘရိတ်အုပ်ကာ လမ်းဘေးသို့ ဆွဲချလိုက်သည်။
“စောက်ရေးထဲ...ဘာလဲကွာ”
ထိုအချိန်တွင် ကားပေါ်မှ လူသုံးဦး ဆင်းလာသည်ကိုတွေ့လိုက်ရသည်။
ရှေ့ဆုံးမှ ဆင်းလာသူက နာဂျစ်အာရတ်။
လက်ထဲတွင် ပုဆိန်ငယ်တစ်ခုကို ကိုင်ထားသည်။
“မနှင်း နောက်ဆုတ်နေ”
ထွန်းရင်က ဂျစ်ကားပေါ်မှ လွှားခနဲ ဆင်းလိုက်သည်။
ထို့နောက် လမ်းဘေးသစ်ပင်ရိပ်တွင် နားနေသော ခုံဖိနပ်အထမ်းသယ်၏ အထမ်းမှ ထမ်းပိုးကို ပြေးဖြုတ်ယူလိုက်သည်။
ခုံဖိနပ်သည်က ထွန်းရင်ကို ကြောင်ပြီးကြည့်နေသည်။
ထိုအချိန်တွင် နာဂျစ်အာရတ် က ပြေးဝင်လာပြီး ထွန်းရင်ကို ပုဆိန်ဖြင့် ဝင်ခုတ်သည်။
သို့သော် ထွန်းရင်ဆီ မရောက်လိုက်။
ခုံဖိနပ်တစ်ဖက်က အရှိန်ဖြင့် နာဂျစ်မျက်နှာကို လာမှန်သောကြောင့် နာဂျစ်ဟန်ချက်ပျက်သွားသည်။
မနှင်း။
ခုံဖိနပ်တောင်းဘေးတွင် နေရာယူလျက် လက်ထဲတွင်လည်း ခုံဖိနပ်တစ်ဖက်ကို ကိုင်ထားပြန်သည်။
နာဂျစ်ဟန်ချက်ပျက်သွားသဖြင့် ထွန်းရင်က ထမ်းပိုးဖြင့် ဝင်ရိုက်သည်။
ဖြောင်းခနဲအသံနှင့်အတူ နာဂျစ် လည်ထွက်သွား၏။
နာဂျစ်တပည့်တစ်ဦးက သံတုတ်ဖြင့် ထွန်းရင်ကို ဝင်ရိုက်သည်။
ထွန်းရင် ၏ ကျောကိုသာ ထိသွားပြီး ဂုတ်ခနဲ အသံကြီးထွက်လာသည်။
မနှင်းလက်ထဲမှ ခုံဖိနပ်တစ်ဖက်က ထပ်ပျံထွက်လာ၏။ ထွန်းရင်ကို တုတ်ဖြင့် ဝင်ရိုက်သည့် လူကို မှန်သွားသည်။
ထွန်းရင်က ထိုသူကို စောင့်ကန်လိုက်ပြီးနောက်တွင် ကျန်ရစ်တော့ တစ်ယောက်ကို ရိုက်ရန်ပြေးသွားစဥ် နာဂျစ်ထလာ၏။
နာဂျစ်က ပုဆိန်ကို ကောက်ကာထရန်ပြင်လိုက်စဥ် သူ့ကျောကုန်းကို မနှင်းက ဝင်လုံးပြီး တက်ခွလိုက်သည်။
လက်တစ်ဖက်က နာဂျစ်လည်ပင်းကို ဖက်ကာ တစ်ဖက်က ခုံဖိနပ်ကို လက်တွင်စွပ်လျက် ခေါင်းကို အဆက်မပြတ်ရိုက်နေသည်။
ထွန်းရင်က နာဂျစ်လူနှစ်ယောက်နှင့် ရင်ဆိုင်နေရသည်။
သို့သော်လည်း ထွန်းရင်၏ ကမူးရှူးထိုး လိုက်ရိုက်မှုကြောင့် နာဂျစ်လူနှစ်ယောက်လုံး အထိနာကြသည်။
တစ်ဦးကလက်ဖျံရိုး ကျိုးထွက်သွားသည်။
နောက်တစ်ဦးကား ပြေးလေပြီ။
ထွန်းရင် နောက်သို့ လှည့်ကြည့်ချိန်တွင် မြောင်းထဲ လုံးထွေးနေကြသော နာဂျစ်နှင့် မနှင်းကို မြင်ရသည်။
နာဂျစ်က လက်ထဲတွင် ပုဆိန်ကို ကိုင်ပြီး သူ့ကို နောက်မှ ခွထားသော မနှင်းကို ခါချနေသည်။
မနှင်း၏ လက်ထဲမှ ခုံဖိနပ်နှင့် နာဂျစ်၏နားထင်ကို အဆက်မပြတ်ရိုက်သည်။
နာဂျစ်က နောက်သို့ လှန်ချလိုက်သောအခါ အနှင်း ပိသွားသည်။
နာဂျစ်အာရတ်သည် အရပ်ခြောက်ပေနီးပါးရှိပြီး သန်မာသူဖြစ်သဖြင့် အနှင်းမှာ မစားသာလှ။
ထွန်းရင်က နာဂျစ်၏ ခေါင်းတည့်တည့်ကို ရိုက်ချလိုက်သည်။ ခေါင်းကို ထိသော်လည်း ထမ်းပိုးမှာ ပထမရိုက်ထားသော အရှိန်များကြောင့် ထပ်ပိုင်းကျိုးထွက်သွားခဲ့၏။
အနှင်းမှာ နာဂျစ်၏ ခန္ဓာကိုယ်ကြီးအောက်တွင် ပိနေဆဲပင်။
ပက်လက်အနေအထားဖြစ်နေသော နာဂျစ်ကို ထွန်းရင်က ဝင်လုံးလိုက်ပြီး အနှင်းနှင့် ဆွဲခွာရန် ကြိုးစားသည်။
နာဂျစ်လက်က ပုဆိန်ကို မလွှတ်ပဲ ရသလောက်ခုတ်၏။
ထွန်းရင်ရှောင်လိုက်သဖြင့် နာဂျစ်နှင့် အနှင်း ဘေးမြေကြီးသို့ လဲကျသွားသည်။
ထွန်းရင်က နာဂျစ်လည်ပင်းနားတွင် ကြိုးအမဲတစ်ချောင်းကို တွေ့သဖြင့် လက်ပင်းကို ကောက်ပတ်ကာ လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းလိမ်ဆွဲလိုက်သည်။
နာဂျစ်မျက်လုံးကြီး ပြူးထွက်လာသည်။
“အား..နာတယ်..နာနေပြီ..လွှတ်..လွှတ်”
နာဂျစ်အသံမဟုတ်။
အနှင်းဆီမှ ထွက်လာသောအသံ။
ထိုအခါမှ နာဂျစ်လည်ပင်းကို ပတ်ဆွဲထားသည့် သူ့လက်ထဲမှ ကြိုးကို ထွန်းရင် သတိထားမိသွားသည်။
ကြိုးမဟုတ်။
အနှင်း၏ ကျစ်ဆံမြီးကြီး။ နက်မှောင်ရှည်လျားသော ဆံပင်ရှည်ကြီး ကို အမြဲတမ်း ကျစ်ထားတတ်သည့် အနှင်း၏ အလှအပများထဲမှ တစ်ခု။
အနှင်း၏ အော်သံကြောင့် ထွန်းရင်က ကျစ်ဆံမြီးကို လွှတ်ပေးလိုက်သည်။
လက်မှလွတ်ထွက်သွားသည်နှင့် နာဂျစ်က ကုန်းထပြီး လက်ထဲမှ ရဲဒင်းဖြင့် ထွန်းရင်ကို ခုတ်ချလိုက်ရာ ထွန်းရင်၏ ပုခုံးတွင် စိုက်ဝင်သွားသည်။
နောက်တစ်ချက် ခုတ်ရန်အပြင်တွင် အနှင်းက ခုံဖိနပ်ဖြင့် နာဂျစ်၏ မျက်နှာကို ပစ်ထည့်လိုက်သည်။
ထိုအချိန်တွင် ဆေးရုံအတွင်းမှလူများထွက်လာသဖြင့် နာဂျစ်က သူ့လူများကို ခေါ်ကာ ကားပေါ်ပြေးတက် မောင်းထွက်သွားသည်။
“ရဲခေါ်ပါဟေ့..ရဲခေါ်”
ထွန်းရင်က ဒဏ်ရာရထားသော်လည်း လူးလဲထလိုက်သည်။
“မနှင်း..လာ...ရဲတွေရောက်လာလို့မဖြစ်ဘူး..ကျွန်တော်တို့ ချောရင် နောက်လိုက်ရဦးမယ်”
ထွန်းရင်ရော မနှင်းပါ ဂျစ်ကားပေါ်ပြေးတက်ကာ မောင်းထွက်သွားကြသည်။
ချောရင်ကိုခေါ်ဆောင်သွားသည့် ရဲကားကို မတွေ့တော့။
ထွန်းရင် စိတ်လှုပ်ရှားနေသည်။
“အခု ဘယ်တွေလျှောက်မောင်းနေတာလဲ..ကိုထွန်းရင်”
“ချောရင်ကိုလိုက်ရှာနေတာ”
“ရှင့်ကျောကုန်းက သွေးတွေ မတရားထွက်နေတယ်....သွေးတိတ်အောင် တစ်ခုခုလုပ်မှ ရမယ်...သောင်း ဘားကို သာ မောင်းပါရှင်”
ထွန်းရင်က ကားကိုတရုတ်တန်းဘက် ပြန်ဦးတည်လိုက်တော့သည်။
....................................................................................
“သောင်း”ဘားတွင် တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်မောင်မောင် ပါရောက်နေသည်။
ဂျပန်မှ ပြန်လာပြီး ဂန္ဓမာတို့ထံလာတွေ့ခြင်းဖြစ်သည်။
ဂျစ်ကားကိုဆိုင်ရှေ့ရပ်လိုက်ပြီး ထွန်းရင် ကားပေါ်မှ ဆင်းလိုက်သည်နှင့် လဲကျသွားသည်။
ကျောကုန်းတွင် သွေးများ စိုရွှဲနေ၏။
အနှင်းက ထွန်းရင်ကို ကူတွဲလိုက်သည်။
“ဘာဖြစ်လာတာလဲ..ဘာဖြစ်လာတာလဲ”
ဆိုင်အတွင်းမှ မသောင်း ပြေးထွက်လာသည်။
နောက်မှ ဂန္ဓမာသောင်းရီနှင့် ဗိုလ်မောင်မောင်တို့ ပါ ပါလာ၏။
ဗိုလ်မောင်မောင်မှာ ဂျပန်မှ ပြန်ရောက်ပြီး ဂန္ဓမာသောင်းရီထံသို့ အခြေအနေစုံစမ်းရန် လာခြင်းဖြစ်သည်။
“လမ်းမှာ ရန်ဖြစ်လာတာ..အခုတ်ခံလိုက်ရတယ်..ကျောကုန်းမှာ”
ဂန္ဓမာသောင်းရီက ဆိုင်ထဲ ပြန်ဝင်သွားပြီး တရုတ်အရက်တစ်လုံးနှင့် စားပွဲခင်းစတစ်ခု ဆွဲလာသည်။
ထို့နောက် ထွန်းရင်၏ ကျောကုန်းဒဏ်ရာကို အရက် လောင်းချလိုက်သည်။
“အ..အား..”
စားပွဲခင်းကို နှစ်စဖြစ်အောင် ကိုက်ဖြဲလိုက်ပြီး ထွန်းရင်၏ ကျောကုန်းမှ ဒဏ်ရာပေါ် တွင် တစ်စကို လိပ်တင်ကာ တစ်စကို ကျောကုန်းအတိုင်း စလွယ်သိုင်း ချည်ပေးလိုက်သည်။
“သူ့ကို အထဲခေါ်သွားတော့..ရပြီ”
စားပွဲထိုးမလေးများ အကူအညီဖြင့် ထွန်းရင်ကို ဆိုင်အပေါ်ထပ်သို့ တင်သွားနိုင်လိုက်သည်။
ထွန်းရင် ကား သွေးထွက်များသဖြင့် နုန်းခွေနေပြီဖြစ်သည်။
ဂန္ဓမာသောင်းရီက အနှင်း၏ လက်ကို ဆွဲကာ ဆိုင်နောက်ဖက်သို့ ခေါ်သွားသည်။
“ပြောစမ်း..နင်တို့ ထွန်းရင်ကို ဘာလုပ်လိုက်တာလဲ”
“ဘာပြောတယ်..ဦးလေး”
“ချောရင်ရော..ချောရင်..ဘယ်မှာလဲ..ဒါစိန်ဓါးမြှောင် ခိုင်းတာမဟုတ်လား...နင်တို့ ဘာတွေကြံစည်နေလဲ...မှန်မှန်ပြော”
“ဒီမယ်...ကျွန်မက ထောင်ဝင်စာသွားတွေ့ရင် ချောရင်ကို ရဲနှစ်ကောင်လက်ထိပ်ခတ် ခေါ်သွားတာတွေ့လို့ ဦးလေးလူ ထွန်းရင်ကို ခေါ်ပြီး နောက်ကလိုက်ကြတာ....လမ်းမှာ ကားတစ်စီးက ဝင်တားပြီး ကုလားကြီးတစ်ယောက်နဲ့ သူ့လူတွေ ပုဆိန်နဲ့ ဝိုင်းခုတ်ကြတာ..ကျွန်မနဲ့ ဘာဆိုင်လို့လဲ..ကျွန်မတောင် ရှင့်လူကို ကူချပေးရင်း ကံကောင်းလို့မသေတာ”
မသောင်းက ရေတစ်ခွက်ယူလာပြီး အနှင်းကို ကမ်းပေးလိုက်သည်။
ဗိုလ်မောင်မောင်က ဂန္ဓမာ၏ နောက်မှ ရောက်လာ၏။
“စိတ်ကိုလျော့ထား..ကိုဂန္ဓမာ...သူ့ကို သေချာမေးကြတာပေါ့...”
“ဆောရီ...ငါ စိတ်ပူသွားလို့ပါ..ဆောရီး..ညီမ”
“လောလောဆယ်...ထွန်းရင်အခြေအနေကလည်း သွေးအရမ်းထွက်နေတယ်...အပြင်ဆရာဝန်ပြရင်ဇာတ်လမ်းတွေ ရှုပ်နေမယ်.. ငါ့တပ်ကဆေးမှူး သွားခေါ်လိုက္မယ်”
ဗိုလ်မောင်မောင်က ထွက်သွားပြီးနောက် ဇော်မိုက်နှင့် ချစ်ညိုတို့ရောက်လာသည်။
“ဆေးရုံကြီးရှေ့မှာ နာဂျစ်တို့ ခုတ်ကြတယ်ကြားလို့..ကျွန်တော်တို့ လိုက်လာတာ”
“သြော်....နာဂျစ်အာရတ်လက်ချက်ကိုး...ချောရင်ကိုဒီကောင်တွေကဘာကိစ္စခေါ်သွားတာလဲ...ဟေ့..ချစ်ညို..ငါတို့ရနိုင်သလောက် လူစု...ဇော်မိုက် မင်းက ဒီကောင်တွေ အခုဘယ်မှာရှိလဲ ချက်ချင်းစုံစမ်း..နာဂျစ်ရော သူ့ဆရာမဂျစ်ခန်းကိုပါ ဒီနေ့ သတ်ပစ်မယ်”
“ခဏနေကြဦး..အရမ်းမလုပ်ကြနဲ့နော်...ချောရင်က သူတို့လက်ထဲမှာ”
အနှင်းက ဝင်ပြောသည်။
“ဟုတ်တယ်..ချောရင်က ပိုအရေးကြီးပါတယ်”
မသောင်းကလည်း ထောက်ခံ၏။
“ဘာပဲဖြစ်ဖြစ် ဒီကောင်တွေနဲ့ ထိပ်တိုက်တော့ တွေ့မှဖြစ်မှာပဲ”
“ချောရင်ကို ဖမ်းသွားတာ...ရဲကားနော်..ဦးလေး..ကားနံပါတ်လည်း ကျွန်မ မှတ်မိတယ်..ဘယ်ဌာနကဘယ်သူ့ ကားဆိုတာကို ဆရာကြီးဆီသွားရင်သိနိုင်တယ်..ကျွန်မတို့ အဲ့ဒီကို အရင်သွားကြည့်မလား”
“ဘယ်ကဆရာကြီးလဲ”
“ကျွန်မတို့ ဆရာကြီး စိန်ဓါးမြှောင်”
“ဒီကောင်က ငါတို့ကို ဘာကူနိုင်မှာမို့လို့လဲ”
“ကျွန်မကိုသာ လိုက်ပို့ပေးပါ..ရှင်တို့ အကျိုးမယုတ်ပါဘူး”
“လောလောဆယ် သူပြောတာ..နားထောင်လိုက်ပါ..မောင်...ချောရင်က အရေးကြီးတယ်”
မသောင်းဝင်ပြောမှ ဂန္ဓမာက ခေါင်းညိတ်တော့၏။
ခဏအကြာတွင် ဂန္ဓမာနှင့် အနှင်းတို့ ပုဇွန်တောင်ရှိ စိန်ဓါးမြှောင်၏ အိမ်သို့ ဂျစ်ကားဖြင့် ထွက်ခဲ့သည်။
စိန်ဓါးမြှောင်က အိမ်တွင် သန်းမောင်နှင့် ဝင်းမောင်တို့ ရောက်နေကြသည်။
“အနှင်း..ခါလေး အဆင်ပြေရဲ့လားဟေ့”
“ဒီနေ့ ထောင်ဝင်စာတွေ့ခွင့်မရဘူး..ဆရာကြီး.ေထာင်ေရှ့မှာ.ဘကြီးဘဘေကိစ္စ ဆူနေလို့”
ထိုအချိန်တွင် နောက်မှ တက်လာသော ဂန္ဓမာကို မြင်သဖြင့် စိန်ဓါးမြှောင် မျက်ခုံးကို ပင့်ကြည့်လိုက်သည်။
“ဪ..ကိုဂန္ဓမာကြီးပါ ပါလာတာကိုး...ဘာများဖြစ်ပြန်ပြီတုန်း”
မနှင်းက ဖြစ်သမျှကို အတိုချုံးပြောပြလိုက်သည်။
“ဟုတ်ပြီ..မြကြည်ရေ....ရဲကားစာအုပ်ယူခဲ့ပါဦးကွယ်”
ခဏအကြာတွင် မြကြည်က စာအုပ်တစ်အုပ်ကိုင်ကာထွက်လာ၏။
“ကဲ..အနှင်း...ကားနံပါတ်ပြော”
အနှင်းက ကားနံပါတ်တစ်ခု ရွတ်ပြလိုက်သည်။
မြကြည်ကာ စာအုပ်ဖွင့်ကာ ရှာသည်။
“တွေ့ပြီ...သင်္ဃန်းကျွန်းဌာနက ကားပဲ...ကားကို ဌာနကပေးထားတဲ့အရာရှိက ရဲအုပ်ေစာထွန်းလှမောင်တဲ့”
မြကြည်က ပြောလိုက်သည်။
“ေစာထွန်းလှမောင်ဆိုတဲ့ ရဲကို ရှာရမယ်။ ဟေ့...ဝင်းမောင်...မင်းနယ်ထဲကပဲမဟုတ်လား”
“ရဲအုပ်ေစာထွန်းလှမောင်က မနှစ်က ခြောက်လပိုင်းကတည်းက ပြုတ်သွားပြီ...ဆရာကြီး..အခုလောလောဆယ်..အဲ့ဒီကားကို ဌာနက ပြန်သိမ်းထားတယ်.. အင်း..ခဏနေဦး..သင်္ဃန်းကျွန်းဌာန က ကျွန်တော့်ချိတ်တွေဆီ တယ်လီဖုန်းခေါ်ကြည့်လိုက်မယ်”
ဝင်းမောင်က သန်းအောင်ကို ခေါ်ကာ ထထွက်သွားသည်။
“အင်း..ဟော့ဒီက မြကြည်ကျေးဇူးပဲဗျ...သူ့ဆီမှာ ရန်ကုန်တစ်မြို့လုံးက ရဲဌာနတွေ၊ ရဲကားတွေ စာရင်း ပြုစုထားတာရှိတယ်။ နည်းနည်းတော့ ငွေကုန်ခံလုပ်ရတာပေါ့ဗျာ။ဘယ်ကားက ဘယ်အချိန် ဘယ်နားရှိတယ်ဆိုတာ သိရထားဖို့က ကျွန်တော်တို့ အလုပ်အတွက် အရေးကြီးတယ်..ကိုဂန္ဓမာ...ခု ခင်ဗျားဟာမလေး ပြန်တွေ့ဖို့ မကြာခင် သဲလွန်စရမှာပါ..မပူပါနဲ့..ဟဲဟဲ..တကယ့်အာဂမလေးတော့ ခံရပြီပေါ့လေ”
ဂန္ဓမာက ဘာမှ ပြန်မပြော။
မမြကြည်က အနှင်း၏ ဒဏ်ရာများကို ဆေးထည့်ပေးရန် အောက်ထပ်သို့ ခေါ်သွားသည်။
ခဏအကြာ ဝင်းမောင် ပြန်ရောက်လာ၏။
“ဒီမနက် ကားကို ယူထုတ်သွားတာ ရဲသားကျော်အုန်းတဲ့...သူအမေဆေးရုံတင်စရာရှိလို့ ခဏငှားပါဆိုပြီး ဂါတ်စာရေးဆီ အပူကပ်ပြီးထုတ်သွားတာပဲ....ကျော်အုန်းဆိုတာ ထွန်းလှမောင် တပည့်အရင်းပဲ..ဆရာကြီး”
“ထွန်းလှမောင်ကရော ရဲက ပြုတ်ပြီး ဘာလုပ်နေလဲ...သိခဲ့လား”
“တာမွေဘက်ကကုလားသူဌေးကြီးတစ်ယောက်ဆီမှာ အလုပ်ဝင်လုပ်နေတယ်ကြားတယ်..ခန်းဖန်မလီ အင်ပို့ ကုမ္ပဏီမှာဆိုလား”
“ကဲ..မဂျစ်ခန်းဆိုတာ သေချာပြီ..ကိုဂန္ဓမာ..ဒီလောက်ဆို ချောရင်ကို ဘယ်မှာ ရှာရမယ်ဆိုတာ ခင်ဗျား သိပြီပေါ့”
ဂန္ဓမာက စိန်ဓါးမြှောင်ကို နှုတ်မဆက်ပဲချက်ချင်း ထထွက်သွားသည်။
စိန်ဓါးမြှောင်က ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်လိုက်ရင်း အလောတကြီး ကားမောင်းထွက်သွားသော ဂန္ဓမာသောင်းရီကို ကြည့်ကာနေသည်။
...................................................................................
ည ၇ နာရီ။
“တစ်၊ နှစ်၊သုံး၊လေး၊ငါး၊ခြောက်၊ ခုနှစ်၊ ရှစ်”
ဆိုင်ထဲတွင် ထိုင်နေသောလက်နက်ကိုယ်စီနှင့်လူများကို ဗိုလ်မောင်မောင်က ရေတွက်လိုက်သည်။
“ကိုဂန္ဓမာခင်ဗျားလူတွေက စုလို့ရသလောက် ဒါအကုန်ပဲလား”
“ချစ်ညို ပြန်လာရင် ဘယ်နှစ်ယောက်ပါလာနိုင်မလဲမသိဘူး...ချစ်ညိုနဲ့ ငါနဲ့ဆို ဆယ်ယောက်တော့ သေချာတယ်”
ဗိုလ်မောင်မောင်က ခေါင်းကို ခါရမ်းလိုက်သည်။
“ဒီလူအင်အားလောက်နဲ့ မဂျစ်ခန်းရော၊ နာဂျစ်အာရတ်ကိုပါ ရင်ဆိုင်ဖို့မလွယ်ဘူးဗျ.ဒီကောင်တွေက သေချာစနစ်တကျပြင်ဆင်ထားကြတာ..ဦးမြကျင် သေပြီးနောက်ပိုင်း ပိုပြီးတောင် သတိထားနေကြသေးတယ်...ပြီးတော့ ကျွန်တော်တို့ အဓိကလူ တစ်ယောက်မှ မရှိဘူး..စံဘကထောင်ထဲမှာ..ထွန်းရင်က ဒဏ်ရာနဲ့... ကျွန်တော်ကလည်း တပ်ကဖြစ်နေတော့ လိုက်လို့မဖြစ်ဘူး။ ပြီးတော့”
“ဒါဆို ချောရင်ကိုငါတို့ က ဒီတိုင်းလက်လွှတ်လိုက်ရမှာလား..မောင်မောင်..အချိန်မရဘူးကွ..ငါတို့မှာ..မင်းတို့မပါလည်း ငါတစ်ယောက်တည်း ရှိတဲ့လူနဲ့သွားမယ်ကွာ”
ထိုအချိန်တွင် ဆိုင်၏လှပ်ထားသော တံခါးတစ်ချပ်မှ လူနှစ်ဦး ဝင်လာသည်။
စိန်ဓါးမြှောင်နှင့် အနှင်း။
“ဘာကိစ္စလဲ..စိန်ဓါးမြှောင်”
“ကျွန်တော့်မှာ လူအင်အားသုံးဆယ်ရှိတယ်။ လက်နက်အပြည့်အစုံရှိတယ်။ဟိုကောင်တွေ လူဘယ်လောက်များမလဲ..လက်ပစ်ဗုံးသုံးလုံးဆို လောက်တယ်မဟုတ်လား... ချောရင်ကို ခင်ဗျားတို့ မပါပဲ သွားကယ်ထုတ်ပေးလို့ရပါတယ်”
မောင်မောင်က စိန်ဓါးမြှောင်ကို အကဲခတ်နေသည်။
“မင်းနဲ့ မဆိုင်ပါဘူး..ဒီကိစ္စ”
ဂန္ဓမာက အသံပြတ်ဖြင့် ပြောလိုက်သည်။
“ဘာမဆိုင်ရမှာလဲဗျ.. ခင်ဗျားပြန်မှ ကျွန်တော်စဥ်းစားမိတာ.. ချောရင် မရှိရင် ခင်ဗျားတို့ သံတိုသံစကိစ္စက ဖြစ်လာတော့မှမဟုတ်ဘူး..ချောရင်မရှိပဲ ခင်ဗျားတို့မလုပ်နိုင်ဘူးဆိုတာ. သေချာတယ်..ဒီတော့.ဒေါ်လာငါးသောင်း မျက်နှာနဲ့ ခင်ဗျားကို ကူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တာပဲ.. ခင်ဗျားကိုရော ဟိုဟာမလေးကိုပါ စေတနာရှိလွန်းလို့လာတယ်မထင်နဲ့..ကိုယ့်လူ”
စိန်ဓါးမြှောင် စကားကို ဗိုလ်မောင်မောင်က နားမလည်စွာဖြင့် ကြည့်နေသည်။
“သူက ဘယ်သူလဲ...ကိုဂန္ဓမာ”
“ဒီကိစ္စကို ငါနောက္မှ ရှင်းပြမယ်..မောင်မောင်”
ဂန္ဓမာက မောင်မောင့်ကို ပြောပြီး စိန်ဓါးမြှောင်ရှေ့သို့ လျှောက်သွားလိုက်သည်။
“ချောရင်က ငါ့ညီမလေးကွ...ထွန်းရင်က ငါ့ညီ....ငါ့လူတွေကိုထိရင် ငါ့လက်နဲ့ ငါကိုယ်တိုင်သတ်ရမှဆိုတာ..မင်းနားလည်လား”
“အဟက်..ခင်ဗျားအိုနေပြီ..ကိုဂန္ဓမာ..အဘိုးကြီးဖြစ်နေပြီ...ဟိုကောင်တွေ အကြောင်း ကျွန်တော်သိသလောက် ခင်ဗျားတို့ကို ရင်ဆိုင်ဖို့ သေချာလုပ်ထားပြီးပြီ..မဂျစ်ခန်းက က ငွေအားရော၊လူအားရော သုံးမှာ..ခင်ဗျား သေတာ ကိစ္စမရှိဘူး....ချောရင် တစ်ခုခုဖြစ်ရင်တော့ ကျွန်တော်ရမယ့် ဒေါ်လာငါးသောင်းက နှမြောစရာဗျ”
သူတို့စကားပြောနေချိန်တွင် အနှင်းက အပေါ်ထပ်သို့ တက်သွား၏။
အပေါ်ထပ် အခန်းတွင် ထွန်းရင်က ခေါင်းအုံးကို မှီကာထိုင်နေသည်။
မသောင်းက ဘေးမှာထိုင်လျက် တပ်မှဆေးမှူး ပေးခဲ့သည့် ဆေးများကို နေ့ည ခွဲထုတ်နေ၏။
အခန်းဝတွင် အနှင်းကို မြင်လိုက်ရသဖြင့် ထွန်းရင် မျက်နှာကြီး ပြုံးသွားသည်။
"ကျစ်ဆံမြီး သက်သာလား.....မနှင်း"
"ကျွန်မ..ကျစ်ဆံမြီးက ဘာဖြစ်ရမှာလဲ..သက်သာလားက ကျွန်မက ရှင်းကို မေးမလို့ တက်လာတာ"
သူတို့နှစ်ဦးကို ကြည့်ကာ မသောင်းက ရယ်သည်။
ထိုအချိန်တွင် ဆိုင်ရှေ့မှ ကားတစ်စီး ရပ်သံကြားလိုက်ရ၏။
“စိန်ဓါးမြှောင်..မင်းလူတွေလား”
“မဟုတ်ဘူး..ကျွန်တော့်လူတွေက ညောင်တန်းအိမ်မှာပဲ စောင့်ခိုင်းခဲ့တာ”
ဂန္ဓမာသောင်းရီက ကောင်တာအံဆွဲထဲမှ ခြောက်လုံးပြူးကို ထုတ်လိုက်သည်။
ဗိုလ်မောင်မောင်က ခါးကြားမှ ပစ္စတိုကို ထုတ်ကာ ဆိုင်ရှေ့သို့ အရင်ထွက်သွား၏။
ဆိုင်ထဲမှ လူရိပ်မြင်သည်နှင့် ကားက ဝူးခနဲ မောင်းထွက်သွားသည်။
“ဟာ..ချောရင်”
ဗိုလ်မောင်မောင်၏ အသံကြောင့် အားလုံးဆိုင်ထဲမှ ပြေးထွက်လာကြသည်။
အိမ်ပေါ်ထပ် ထွန်းရင်၏ နဘေးတွင်ရှိနေသော အသောင်းနှင့် မနှင်းတို့ပါ ပြေးဆင်းလာကြသည်။
မြေကြီးပေါ်တွင် ပုံလျက်သားလေး လဲကျနေသည့် ချောရင်။
လက်နှစ်ဖက် ကို လက်ထိပ်နောက်ပြန်ခတ်လျက် အနေအထားနှင့်။
ခက်ဇော်
The Guys From Mandalay, 1950s
အခန္း(၂၈)
………………………………………..
“ဟိုမွာ ေခ်ာရင္ကို ရဲေတြေခၚသြားၾကၿပီ”
“ဘယ္မွာလဲ...ဘာျဖစ္လို႔လဲ”
“မသိဘူး..ေသနတ္နဲ႔ ေထာက္ၿပီး လက္ထိပ္ခတ္သြားတာပဲ...ဟိုးမွာ ဟိုးမွာ အဲ့ဒီရဲကားပဲ..”
ထြန္းရင္ က ကားစက္ႏႈိးၿပီး လိုက္သည္။
ေခ်ာရင္ကို တင္လာသည့္ ရဲကားက လူအုပ္ကိုေက်ာ္ၿပီး မၾကာမီ ရန္ကုန္ၿမိဳ႕ထဲဘက္သို႔ ေကြ႕သြား၏။
ထြန္းရင္က ေနာကၼွ လိုက္သည္။
“မႏွင္း..ကားနံပါတ္ကို မွတ္ထား..မွတ္ထား”
အႏွင္းက ကားနံပါတ္ကို စိတ္ထဲမွလိုက္မွတ္သည္။
ေရွ႕မွ ကားက ရန္ကုန္ေဆး႐ုံႀကီးဘက္သို႔ ေကြ႕ဝင္သြားသည္။
ထြန္းရင္က အရွိန္တင္ၿပီး လိုက္အေကြ႕တြင္ ေရွ႕မွ ကားတစ္စီး ဘြားခနဲ ေပၚလာသျဖင့္ ဘရိတ္အုပ္ကာ လမ္းေဘးသို႔ ဆြဲခ်လိုက္သည္။
“ေစာက္ေရးထဲ...ဘာလဲကြာ”
ထိုအခ်ိန္တြင္ ကားေပၚမွ လူသုံးဦး ဆင္းလာသည္ကိုေတြ႕လိုက္ရသည္။
ေရွ႕ဆုံးမွ ဆင္းလာသူက နာဂ်စ္အာရတ္။
လက္ထဲတြင္ ပုဆိန္ငယ္တစ္ခုကို ကိုင္ထားသည္။
“မႏွင္း ေနာက္ဆုတ္ေန”
ထြန္းရင္က ဂ်စ္ကားေပၚမွ လႊားခနဲ ဆင္းလိုက္သည္။
ထို႔ေနာက္ လမ္းေဘးသစ္ပင္ရိပ္တြင္ နားေနေသာ ခုံဖိနပ္အထမ္းသယ္၏ အထမ္းမွ ထမ္းပိုးကို ေျပးျဖဳတ္ယူလိုက္သည္။
ခုံဖိနပ္သည္က ထြန္းရင္ကို ေၾကာင္ၿပီးၾကည့္ေနသည္။
ထိုအခ်ိန္တြင္ နာဂ်စ္အာရတ္ က ေျပးဝင္လာၿပီး ထြန္းရင္ကို ပုဆိန္ျဖင့္ ဝင္ခုတ္သည္။
သို႔ေသာ္ ထြန္းရင္ဆီ မေရာက္လိုက္။
ခုံဖိနပ္တစ္ဖက္က အရွိန္ျဖင့္ နာဂ်စ္မ်က္ႏွာကို လာမွန္ေသာေၾကာင့္ နာဂ်စ္ဟန္ခ်က္ပ်က္သြားသည္။
မႏွင္း။
ခုံဖိနပ္ေတာင္းေဘးတြင္ ေနရာယူလ်က္ လက္ထဲတြင္လည္း ခုံဖိနပ္တစ္ဖက္ကို ကိုင္ထားျပန္သည္။
နာဂ်စ္ဟန္ခ်က္ပ်က္သြားသျဖင့္ ထြန္းရင္က ထမ္းပိုးျဖင့္ ဝင္႐ိုက္သည္။
ေျဖာင္းခနဲအသံႏွင့္အတူ နာဂ်စ္ လည္ထြက္သြား၏။
နာဂ်စ္တပည့္တစ္ဦးက သံတုတ္ျဖင့္ ထြန္းရင္ကို ဝင္႐ိုက္သည္။
ထြန္းရင္ ၏ ေက်ာကိုသာ ထိသြားၿပီး ဂုတ္ခနဲ အသံႀကီးထြက္လာသည္။
မႏွင္းလက္ထဲမွ ခုံဖိနပ္တစ္ဖက္က ထပ္ပ်ံထြက္လာ၏။ ထြန္းရင္ကို တုတ္ျဖင့္ ဝင္႐ိုက္သည့္ လူကို မွန္သြားသည္။
ထြန္းရင္က ထိုသူကို ေစာင့္ကန္လိုက္ၿပီးေနာက္တြင္ က်န္ရစ္ေတာ့ တစ္ေယာက္ကို ႐ိုက္ရန္ေျပးသြားစဥ္ နာဂ်စ္ထလာ၏။
နာဂ်စ္က ပုဆိန္ကို ေကာက္ကာထရန္ျပင္လိုက္စဥ္ သူ႔ေက်ာကုန္းကို မႏွင္းက ဝင္လုံးၿပီး တက္ခြလိုက္သည္။
လက္တစ္ဖက္က နာဂ်စ္လည္ပင္းကို ဖက္ကာ တစ္ဖက္က ခုံဖိနပ္ကို လက္တြင္စြပ္လ်က္ ေခါင္းကို အဆက္မျပတ္႐ိုက္ေနသည္။
ထြန္းရင္က နာဂ်စ္လူႏွစ္ေယာက္ႏွင့္ ရင္ဆိုင္ေနရသည္။
သို႔ေသာ္လည္း ထြန္းရင္၏ ကမူးရႉးထိုး လိုက္႐ိုက္မႈေၾကာင့္ နာဂ်စ္လူႏွစ္ေယာက္လုံး အထိနာၾကသည္။
တစ္ဦးကလက္ဖ်ံ႐ိုး က်ိဳးထြက္သြားသည္။
ေနာက္တစ္ဦးကား ေျပးေလၿပီ။
ထြန္းရင္ ေနာက္သို႔ လွည့္ၾကည့္ခ်ိန္တြင္ ေျမာင္းထဲ လုံးေထြးေနၾကေသာ နာဂ်စ္ႏွင့္ မႏွင္းကို ျမင္ရသည္။
နာဂ်စ္က လက္ထဲတြင္ ပုဆိန္ကို ကိုင္ၿပီး သူ႔ကို ေနာက္မွ ခြထားေသာ မႏွင္းကို ခါခ်ေနသည္။
မႏွင္း၏ လက္ထဲမွ ခုံဖိနပ္ႏွင့္ နာဂ်စ္၏နားထင္ကို အဆက္မျပတ္႐ိုက္သည္။
နာဂ်စ္က ေနာက္သို႔ လွန္ခ်လိုက္ေသာအခါ အႏွင္း ပိသြားသည္။
နာဂ်စ္အာရတ္သည္ အရပ္ေျခာက္ေပနီးပါးရွိၿပီး သန္မာသူျဖစ္သျဖင့္ အႏွင္းမွာ မစားသာလွ။
ထြန္းရင္က နာဂ်စ္၏ ေခါင္းတည့္တည့္ကို ႐ိုက္ခ်လိုက္သည္။ ေခါင္းကို ထိေသာ္လည္း ထမ္းပိုးမွာ ပထမ႐ိုက္ထားေသာ အရွိန္မ်ားေၾကာင့္ ထပ္ပိုင္းက်ိဳးထြက္သြားခဲ့၏။
အႏွင္းမွာ နာဂ်စ္၏ ခႏၶာကိုယ္ႀကီးေအာက္တြင္ ပိေနဆဲပင္။
ပက္လက္အေနအထားျဖစ္ေနေသာ နာဂ်စ္ကို ထြန္းရင္က ဝင္လုံးလိုက္ၿပီး အႏွင္းႏွင့္ ဆြဲခြာရန္ ႀကိဳးစားသည္။
နာဂ်စ္လက္က ပုဆိန္ကို မလႊတ္ပဲ ရသေလာက္ခုတ္၏။
ထြန္းရင္ေရွာင္လိုက္သျဖင့္ နာဂ်စ္ႏွင့္ အႏွင္း ေဘးေျမႀကီးသို႔ လဲက်သြားသည္။
ထြန္းရင္က နာဂ်စ္လည္ပင္းနားတြင္ ႀကိဳးအမဲတစ္ေခ်ာင္းကို ေတြ႕သျဖင့္ လက္ပင္းကို ေကာက္ပတ္ကာ လက္ႏွစ္ဖက္ျဖင့္ ခပ္တင္းတင္းလိမ္ဆြဲလိုက္သည္။
နာဂ်စ္မ်က္လုံးႀကီး ျပဴးထြက္လာသည္။
“အား..နာတယ္..နာေနၿပီ..လႊတ္..လႊတ္”
နာဂ်စ္အသံမဟုတ္။
အႏွင္းဆီမွ ထြက္လာေသာအသံ။
ထိုအခါမွ နာဂ်စ္လည္ပင္းကို ပတ္ဆြဲထားသည့္ သူ႔လက္ထဲမွ ႀကိဳးကို ထြန္းရင္ သတိထားမိသြားသည္။
ႀကိဳးမဟုတ္။
အႏွင္း၏ က်စ္ဆံၿမီးႀကီး။ နက္ေမွာင္ရွည္လ်ားေသာ ဆံပင္ရွည္ႀကီး ကို အၿမဲတမ္း က်စ္ထားတတ္သည့္ အႏွင္း၏ အလွအပမ်ားထဲမွ တစ္ခု။
အႏွင္း၏ ေအာ္သံေၾကာင့္ ထြန္းရင္က က်စ္ဆံၿမီးကို လႊတ္ေပးလိုက္သည္။
လက္မွလြတ္ထြက္သြားသည္ႏွင့္ နာဂ်စ္က ကုန္းထၿပီး လက္ထဲမွ ရဲဒင္းျဖင့္ ထြန္းရင္ကို ခုတ္ခ်လိုက္ရာ ထြန္းရင္၏ ပုခုံးတြင္ စိုက္ဝင္သြားသည္။
ေနာက္တစ္ခ်က္ ခုတ္ရန္အျပင္တြင္ အႏွင္းက ခုံဖိနပ္ျဖင့္ နာဂ်စ္၏ မ်က္ႏွာကို ပစ္ထည့္လိုက္သည္။
ထိုအခ်ိန္တြင္ ေဆး႐ုံအတြင္းမွလူမ်ားထြက္လာသျဖင့္ နာဂ်စ္က သူ႔လူမ်ားကို ေခၚကာ ကားေပၚေျပးတက္ ေမာင္းထြက္သြားသည္။
“ရဲေခၚပါေဟ့..ရဲေခၚ”
ထြန္းရင္က ဒဏ္ရာရထားေသာ္လည္း လူးလဲထလိုက္သည္။
“မႏွင္း..လာ...ရဲေတြေရာက္လာလို႔မျဖစ္ဘူး..ကြၽန္ေတာ္တို႔ ေခ်ာရင္ ေနာက္လိုက္ရဦးမယ္”
ထြန္းရင္ေရာ မႏွင္းပါ ဂ်စ္ကားေပၚေျပးတက္ကာ ေမာင္းထြက္သြားၾကသည္။
ေခ်ာရင္ကိုေခၚေဆာင္သြားသည့္ ရဲကားကို မေတြ႕ေတာ့။
ထြန္းရင္ စိတ္လႈပ္ရွားေနသည္။
“အခု ဘယ္ေတြေလွ်ာက္ေမာင္းေနတာလဲ..ကိုထြန္းရင္”
“ေခ်ာရင္ကိုလိုက္ရွာေနတာ”
“ရွင့္ေက်ာကုန္းက ေသြးေတြ မတရားထြက္ေနတယ္....ေသြးတိတ္ေအာင္ တစ္ခုခုလုပ္မွ ရမယ္...ေသာင္း ဘားကို သာ ေမာင္းပါရွင္”
ထြန္းရင္က ကားကိုတ႐ုတ္တန္းဘက္ ျပန္ဦးတည္လိုက္ေတာ့သည္။
....................................................................................
“ေသာင္း”ဘားတြင္ တိုက္တိုက္ဆိုင္ဆိုင္ ဗိုလ္ေမာင္ေမာင္ ပါေရာက္ေနသည္။
ဂ်ပန္မွ ျပန္လာၿပီး ဂႏၶမာတို႔ထံလာေတြ႕ျခင္းျဖစ္သည္။
ဂ်စ္ကားကိုဆိုင္ေရွ႕ရပ္လိုက္ၿပီး ထြန္းရင္ ကားေပၚမွ ဆင္းလိုက္သည္ႏွင့္ လဲက်သြားသည္။
ေက်ာကုန္းတြင္ ေသြးမ်ား စို႐ႊဲေန၏။
အႏွင္းက ထြန္းရင္ကို ကူတြဲလိုက္သည္။
“ဘာျဖစ္လာတာလဲ..ဘာျဖစ္လာတာလဲ”
ဆိုင္အတြင္းမွ မေသာင္း ေျပးထြက္လာသည္။
ေနာက္မွ ဂႏၶမာေသာင္းရီႏွင့္ ဗိုလ္ေမာင္ေမာင္တို႔ ပါ ပါလာ၏။
ဗိုလ္ေမာင္ေမာင္မွာ ဂ်ပန္မွ ျပန္ေရာက္ၿပီး ဂႏၶမာေသာင္းရီထံသို႔ အေျခအေနစုံစမ္းရန္ လာျခင္းျဖစ္သည္။
“လမ္းမွာ ရန္ျဖစ္လာတာ..အခုတ္ခံလိုက္ရတယ္..ေက်ာကုန္းမွာ”
ဂႏၶမာေသာင္းရီက ဆိုင္ထဲ ျပန္ဝင္သြားၿပီး တ႐ုတ္အရက္တစ္လုံးႏွင့္ စားပြဲခင္းစတစ္ခု ဆြဲလာသည္။
ထို႔ေနာက္ ထြန္းရင္၏ ေက်ာကုန္းဒဏ္ရာကို အရက္ ေလာင္းခ်လိုက္သည္။
“အ..အား..”
စားပြဲခင္းကို ႏွစ္စျဖစ္ေအာင္ ကိုက္ၿဖဲလိုက္ၿပီး ထြန္းရင္၏ ေက်ာကုန္းမွ ဒဏ္ရာေပၚ တြင္ တစ္စကို လိပ္တင္ကာ တစ္စကို ေက်ာကုန္းအတိုင္း စလြယ္သိုင္း ခ်ည္ေပးလိုက္သည္။
“သူ႔ကို အထဲေခၚသြားေတာ့..ရၿပီ”
စားပြဲထိုးမေလးမ်ား အကူအညီျဖင့္ ထြန္းရင္ကို ဆိုင္အေပၚထပ္သို႔ တင္သြားႏိုင္လိုက္သည္။
ထြန္းရင္ ကား ေသြးထြက္မ်ားသျဖင့္ ႏုန္းေခြေနၿပီျဖစ္သည္။
ဂႏၶမာေသာင္းရီက အႏွင္း၏ လက္ကို ဆြဲကာ ဆိုင္ေနာက္ဖက္သို႔ ေခၚသြားသည္။
“ေျပာစမ္း..နင္တို႔ ထြန္းရင္ကို ဘာလုပ္လိုက္တာလဲ”
“ဘာေျပာတယ္..ဦးေလး”
“ေခ်ာရင္ေရာ..ေခ်ာရင္..ဘယ္မွာလဲ..ဒါစိန္ဓါးေျမႇာင္ ခိုင္းတာမဟုတ္လား...နင္တို႔ ဘာေတြႀကံစည္ေနလဲ...မွန္မွန္ေျပာ”
“ဒီမယ္...ကြၽန္မက ေထာင္ဝင္စာသြားေတြ႕ရင္ ေခ်ာရင္ကို ရဲႏွစ္ေကာင္လက္ထိပ္ခတ္ ေခၚသြားတာေတြ႕လို႔ ဦးေလးလူ ထြန္းရင္ကို ေခၚၿပီး ေနာက္ကလိုက္ၾကတာ....လမ္းမွာ ကားတစ္စီးက ဝင္တားၿပီး ကုလားႀကီးတစ္ေယာက္နဲ႔ သူ႔လူေတြ ပုဆိန္နဲ႔ ဝိုင္းခုတ္ၾကတာ..ကြၽန္မနဲ႔ ဘာဆိုင္လို႔လဲ..ကြၽန္မေတာင္ ရွင့္လူကို ကူခ်ေပးရင္း ကံေကာင္းလို႔မေသတာ”
မေသာင္းက ေရတစ္ခြက္ယူလာၿပီး အႏွင္းကို ကမ္းေပးလိုက္သည္။
ဗိုလ္ေမာင္ေမာင္က ဂႏၶမာ၏ ေနာက္မွ ေရာက္လာ၏။
“စိတ္ကိုေလ်ာ့ထား..ကိုဂႏၶမာ...သူ႔ကို ေသခ်ာေမးၾကတာေပါ့...”
“ေဆာရီ...ငါ စိတ္ပူသြားလို႔ပါ..ေဆာရီး..ညီမ”
“ေလာေလာဆယ္...ထြန္းရင္အေျခအေနကလည္း ေသြးအရမ္းထြက္ေနတယ္...အျပင္ဆရာဝန္ျပရင္ဇာတ္လမ္းေတြ ရႈပ္ေနမယ္.. ငါ့တပ္ကေဆးမႉး သြားေခၚလိုကၼယ္”
ဗိုလ္ေမာင္ေမာင္က ထြက္သြားၿပီးေနာက္ ေဇာ္မိုက္ႏွင့္ ခ်စ္ညိဳတို႔ေရာက္လာသည္။
“ေဆး႐ုံႀကီးေရွ႕မွာ နာဂ်စ္တို႔ ခုတ္ၾကတယ္ၾကားလို႔..ကြၽန္ေတာ္တို႔ လိုက္လာတာ”
“ေၾသာ္....နာဂ်စ္အာရတ္လက္ခ်က္ကိုး...ေခ်ာရင္ကိုဒီေကာင္ေတြကဘာကိစၥေခၚသြားတာလဲ...ေဟ့..ခ်စ္ညိဳ..ငါတို႔ရႏိုင္သေလာက္ လူစု...ေဇာ္မိုက္ မင္းက ဒီေကာင္ေတြ အခုဘယ္မွာရွိလဲ ခ်က္ခ်င္းစုံစမ္း..နာဂ်စ္ေရာ သူ႔ဆရာမဂ်စ္ခန္းကိုပါ ဒီေန႔ သတ္ပစ္မယ္”
“ခဏေနၾကဦး..အရမ္းမလုပ္ၾကနဲ႔ေနာ္...ေခ်ာရင္က သူတို႔လက္ထဲမွာ”
အႏွင္းက ဝင္ေျပာသည္။
“ဟုတ္တယ္..ေခ်ာရင္က ပိုအေရးႀကီးပါတယ္”
မေသာင္းကလည္း ေထာက္ခံ၏။
“ဘာပဲျဖစ္ျဖစ္ ဒီေကာင္ေတြနဲ႔ ထိပ္တိုက္ေတာ့ ေတြ႕မွျဖစ္မွာပဲ”
“ေခ်ာရင္ကို ဖမ္းသြားတာ...ရဲကားေနာ္..ဦးေလး..ကားနံပါတ္လည္း ကြၽန္မ မွတ္မိတယ္..ဘယ္ဌာနကဘယ္သူ႔ ကားဆိုတာကို ဆရာႀကီးဆီသြားရင္သိႏိုင္တယ္..ကြၽန္မတို႔ အဲ့ဒီကို အရင္သြားၾကည့္မလား”
“ဘယ္ကဆရာႀကီးလဲ”
“ကြၽန္မတို႔ ဆရာႀကီး စိန္ဓါးေျမႇာင္”
“ဒီေကာင္က ငါတို႔ကို ဘာကူႏိုင္မွာမို႔လို႔လဲ”
“ကြၽန္မကိုသာ လိုက္ပို႔ေပးပါ..ရွင္တို႔ အက်ိဳးမယုတ္ပါဘူး”
“ေလာေလာဆယ္ သူေျပာတာ..နားေထာင္လိုက္ပါ..ေမာင္...ေခ်ာရင္က အေရးႀကီးတယ္”
မေသာင္းဝင္ေျပာမွ ဂႏၶမာက ေခါင္းညိတ္ေတာ့၏။
ခဏအၾကာတြင္ ဂႏၶမာႏွင့္ အႏွင္းတို႔ ပုဇြန္ေတာင္ရွိ စိန္ဓါးေျမႇာင္၏ အိမ္သို႔ ဂ်စ္ကားျဖင့္ ထြက္ခဲ့သည္။
စိန္ဓါးေျမႇာင္က အိမ္တြင္ သန္းေမာင္ႏွင့္ ဝင္းေမာင္တို႔ ေရာက္ေနၾကသည္။
“အႏွင္း..ခါေလး အဆင္ေျပရဲ႕လားေဟ့”
“ဒီေန႔ ေထာင္ဝင္စာေတြ႕ခြင့္မရဘူး..ဆရာႀကီး.ေထာင္ေရွ႕မွာ.ဘႀကီးဘေဘကိစၥ ဆူေနလို႔”
ထိုအခ်ိန္တြင္ ေနာက္မွ တက္လာေသာ ဂႏၶမာကို ျမင္သျဖင့္ စိန္ဓါးေျမႇာင္ မ်က္ခုံးကို ပင့္ၾကည့္လိုက္သည္။
“ဪ..ကိုဂႏၶမာႀကီးပါ ပါလာတာကိုး...ဘာမ်ားျဖစ္ျပန္ၿပီတုန္း”
မႏွင္းက ျဖစ္သမွ်ကို အတိုခ်ဳံးေျပာျပလိုက္သည္။
“ဟုတ္ၿပီ..ျမၾကည္ေရ....ရဲကားစာအုပ္ယူခဲ့ပါဦးကြယ္”
ခဏအၾကာတြင္ ျမၾကည္က စာအုပ္တစ္အုပ္ကိုင္ကာထြက္လာ၏။
“ကဲ..အႏွင္း...ကားနံပါတ္ေျပာ”
အႏွင္းက ကားနံပါတ္တစ္ခု ႐ြတ္ျပလိုက္သည္။
ျမၾကည္ကာ စာအုပ္ဖြင့္ကာ ရွာသည္။
“ေတြ႕ၿပီ...သဃၤန္းကြၽန္းဌာနက ကားပဲ...ကားကို ဌာနကေပးထားတဲ့အရာရွိက ရဲအုပ္ေစာထြန္းလွေမာင္တဲ့”
ျမၾကည္က ေျပာလိုက္သည္။
“ေစာထြန္းလွေမာင္ဆိုတဲ့ ရဲကို ရွာရမယ္။ ေဟ့...ဝင္းေမာင္...မင္းနယ္ထဲကပဲမဟုတ္လား”
“ရဲအုပ္ေစာထြန္းလွေမာင္က မႏွစ္က ေျခာက္လပိုင္းကတည္းက ျပဳတ္သြားၿပီ...ဆရာႀကီး..အခုေလာေလာဆယ္..အဲ့ဒီကားကို ဌာနက ျပန္သိမ္းထားတယ္.. အင္း..ခဏေနဦး..သဃၤန္းကြၽန္းဌာန က ကြၽန္ေတာ့္ခ်ိတ္ေတြဆီ တယ္လီဖုန္းေခၚၾကည့္လိုက္မယ္”
ဝင္းေမာင္က သန္းေအာင္ကို ေခၚကာ ထထြက္သြားသည္။
“အင္း..ေဟာ့ဒီက ျမၾကည္ေက်းဇူးပဲဗ်...သူ႔ဆီမွာ ရန္ကုန္တစ္ၿမိဳ႕လုံးက ရဲဌာနေတြ၊ ရဲကားေတြ စာရင္း ျပဳစုထားတာရွိတယ္။ နည္းနည္းေတာ့ ေငြကုန္ခံလုပ္ရတာေပါ့ဗ်ာ။ဘယ္ကားက ဘယ္အခ်ိန္ ဘယ္နားရွိတယ္ဆိုတာ သိရထားဖို႔က ကြၽန္ေတာ္တို႔ အလုပ္အတြက္ အေရးႀကီးတယ္..ကိုဂႏၶမာ...ခု ခင္ဗ်ားဟာမေလး ျပန္ေတြ႕ဖို႔ မၾကာခင္ သဲလြန္စရမွာပါ..မပူပါနဲ႔..ဟဲဟဲ..တကယ့္အာဂမေလးေတာ့ ခံရၿပီေပါ့ေလ”
ဂႏၶမာက ဘာမွ ျပန္မေျပာ။
မျမၾကည္က အႏွင္း၏ ဒဏ္ရာမ်ားကို ေဆးထည့္ေပးရန္ ေအာက္ထပ္သို႔ ေခၚသြားသည္။
ခဏအၾကာ ဝင္းေမာင္ ျပန္ေရာက္လာ၏။
“ဒီမနက္ ကားကို ယူထုတ္သြားတာ ရဲသားေက်ာ္အုန္းတဲ့...သူအေမေဆး႐ုံတင္စရာရွိလို႔ ခဏငွားပါဆိုၿပီး ဂါတ္စာေရးဆီ အပူကပ္ၿပီးထုတ္သြားတာပဲ....ေက်ာ္အုန္းဆိုတာ ထြန္းလွေမာင္ တပည့္အရင္းပဲ..ဆရာႀကီး”
“ထြန္းလွေမာင္ကေရာ ရဲက ျပဳတ္ၿပီး ဘာလုပ္ေနလဲ...သိခဲ့လား”
“တာေမြဘက္ကကုလားသူေဌးႀကီးတစ္ေယာက္ဆီမွာ အလုပ္ဝင္လုပ္ေနတယ္ၾကားတယ္..ခန္းဖန္မလီ အင္ပို႔ ကုမၸဏီမွာဆိုလား”
“ကဲ..မဂ်စ္ခန္းဆိုတာ ေသခ်ာၿပီ..ကိုဂႏၶမာ..ဒီေလာက္ဆို ေခ်ာရင္ကို ဘယ္မွာ ရွာရမယ္ဆိုတာ ခင္ဗ်ား သိၿပီေပါ့”
ဂႏၶမာက စိန္ဓါးေျမႇာင္ကို ႏႈတ္မဆက္ပဲခ်က္ခ်င္း ထထြက္သြားသည္။
စိန္ဓါးေျမႇာင္က ပက္လက္ကုလားထိုင္တြင္ ဝင္ထိုင္လိုက္ရင္း အေလာတႀကီး ကားေမာင္းထြက္သြားေသာ ဂႏၶမာေသာင္းရီကို ၾကည့္ကာေနသည္။
...................................................................................
ည ၇ နာရီ။
“တစ္၊ ႏွစ္၊သုံး၊ေလး၊ငါး၊ေျခာက္၊ ခုႏွစ္၊ ရွစ္”
ဆိုင္ထဲတြင္ ထိုင္ေနေသာလက္နက္ကိုယ္စီႏွင့္လူမ်ားကို ဗိုလ္ေမာင္ေမာင္က ေရတြက္လိုက္သည္။
“ကိုဂႏၶမာခင္ဗ်ားလူေတြက စုလို႔ရသေလာက္ ဒါအကုန္ပဲလား”
“ခ်စ္ညိဳ ျပန္လာရင္ ဘယ္ႏွစ္ေယာက္ပါလာႏိုင္မလဲမသိဘူး...ခ်စ္ညိဳနဲ႔ ငါနဲ႔ဆို ဆယ္ေယာက္ေတာ့ ေသခ်ာတယ္”
ဗိုလ္ေမာင္ေမာင္က ေခါင္းကို ခါရမ္းလိုက္သည္။
“ဒီလူအင္အားေလာက္နဲ႔ မဂ်စ္ခန္းေရာ၊ နာဂ်စ္အာရတ္ကိုပါ ရင္ဆိုင္ဖို႔မလြယ္ဘူးဗ်.ဒီေကာင္ေတြက ေသခ်ာစနစ္တက်ျပင္ဆင္ထားၾကတာ..ဦးျမက်င္ ေသၿပီးေနာက္ပိုင္း ပိုၿပီးေတာင္ သတိထားေနၾကေသးတယ္...ၿပီးေတာ့ ကြၽန္ေတာ္တို႔ အဓိကလူ တစ္ေယာက္မွ မရွိဘူး..စံဘကေထာင္ထဲမွာ..ထြန္းရင္က ဒဏ္ရာနဲ႔... ကြၽန္ေတာ္ကလည္း တပ္ကျဖစ္ေနေတာ့ လိုက္လို႔မျဖစ္ဘူး။ ၿပီးေတာ့”
“ဒါဆို ေခ်ာရင္ကိုငါတို႔ က ဒီတိုင္းလက္လႊတ္လိုက္ရမွာလား..ေမာင္ေမာင္..အခ်ိန္မရဘူးကြ..ငါတို႔မွာ..မင္းတို႔မပါလည္း ငါတစ္ေယာက္တည္း ရွိတဲ့လူနဲ႔သြားမယ္ကြာ”
ထိုအခ်ိန္တြင္ ဆိုင္၏လွပ္ထားေသာ တံခါးတစ္ခ်ပ္မွ လူႏွစ္ဦး ဝင္လာသည္။
စိန္ဓါးေျမႇာင္ႏွင့္ အႏွင္း။
“ဘာကိစၥလဲ..စိန္ဓါးေျမႇာင္”
“ကြၽန္ေတာ့္မွာ လူအင္အားသုံးဆယ္ရွိတယ္။ လက္နက္အျပည့္အစုံရွိတယ္။ဟိုေကာင္ေတြ လူဘယ္ေလာက္မ်ားမလဲ..လက္ပစ္ဗုံးသုံးလုံးဆို ေလာက္တယ္မဟုတ္လား... ေခ်ာရင္ကို ခင္ဗ်ားတို႔ မပါပဲ သြားကယ္ထုတ္ေပးလို႔ရပါတယ္”
ေမာင္ေမာင္က စိန္ဓါးေျမႇာင္ကို အကဲခတ္ေနသည္။
“မင္းနဲ႔ မဆိုင္ပါဘူး..ဒီကိစၥ”
ဂႏၶမာက အသံျပတ္ျဖင့္ ေျပာလိုက္သည္။
“ဘာမဆိုင္ရမွာလဲဗ်.. ခင္ဗ်ားျပန္မွ ကြၽန္ေတာ္စဥ္းစားမိတာ.. ေခ်ာရင္ မရွိရင္ ခင္ဗ်ားတို႔ သံတိုသံစကိစၥက ျဖစ္လာေတာ့မွမဟုတ္ဘူး..ေခ်ာရင္မရွိပဲ ခင္ဗ်ားတို႔မလုပ္ႏိုင္ဘူးဆိုတာ. ေသခ်ာတယ္..ဒီေတာ့.ေဒၚလာငါးေသာင္း မ်က္ႏွာနဲ႔ ခင္ဗ်ားကို ကူဖို႔ ကြၽန္ေတာ္ဆုံးျဖတ္လိုက္တာပဲ.. ခင္ဗ်ားကိုေရာ ဟိုဟာမေလးကိုပါ ေစတနာရွိလြန္းလို႔လာတယ္မထင္နဲ႔..ကိုယ့္လူ”
စိန္ဓါးေျမႇာင္ စကားကို ဗိုလ္ေမာင္ေမာင္က နားမလည္စြာျဖင့္ ၾကည့္ေနသည္။
“သူက ဘယ္သူလဲ...ကိုဂႏၶမာ”
“ဒီကိစၥကို ငါေနာကၼွ ရွင္းျပမယ္..ေမာင္ေမာင္”
ဂႏၶမာက ေမာင္ေမာင့္ကို ေျပာၿပီး စိန္ဓါးေျမႇာင္ေရွ႕သို႔ ေလွ်ာက္သြားလိုက္သည္။
“ေခ်ာရင္က ငါ့ညီမေလးကြ...ထြန္းရင္က ငါ့ညီ....ငါ့လူေတြကိုထိရင္ ငါ့လက္နဲ႔ ငါကိုယ္တိုင္သတ္ရမွဆိုတာ..မင္းနားလည္လား”
“အဟက္..ခင္ဗ်ားအိုေနၿပီ..ကိုဂႏၶမာ..အဘိုးႀကီးျဖစ္ေနၿပီ...ဟိုေကာင္ေတြ အေၾကာင္း ကြၽန္ေတာ္သိသေလာက္ ခင္ဗ်ားတို႔ကို ရင္ဆိုင္ဖို႔ ေသခ်ာလုပ္ထားၿပီးၿပီ..မဂ်စ္ခန္းက က ေငြအားေရာ၊လူအားေရာ သုံးမွာ..ခင္ဗ်ား ေသတာ ကိစၥမရွိဘူး....ေခ်ာရင္ တစ္ခုခုျဖစ္ရင္ေတာ့ ကြၽန္ေတာ္ရမယ့္ ေဒၚလာငါးေသာင္းက ႏွေျမာစရာဗ်”
သူတို႔စကားေျပာေနခ်ိန္တြင္ အႏွင္းက အေပၚထပ္သို႔ တက္သြား၏။
အေပၚထပ္ အခန္းတြင္ ထြန္းရင္က ေခါင္းအုံးကို မွီကာထိုင္ေနသည္။
မေသာင္းက ေဘးမွာထိုင္လ်က္ တပ္မွေဆးမႉး ေပးခဲ့သည့္ ေဆးမ်ားကို ေန႔ည ခြဲထုတ္ေန၏။
အခန္းဝတြင္ အႏွင္းကို ျမင္လိုက္ရသျဖင့္ ထြန္းရင္ မ်က္ႏွာႀကီး ၿပဳံးသြားသည္။
"က်စ္ဆံၿမီး သက္သာလား.....မႏွင္း"
"ကြၽန္မ..က်စ္ဆံၿမီးက ဘာျဖစ္ရမွာလဲ..သက္သာလားက ကြၽန္မက ရွင္းကို ေမးမလို႔ တက္လာတာ"
သူတို႔ႏွစ္ဦးကို ၾကည့္ကာ မေသာင္းက ရယ္သည္။
ထိုအခ်ိန္တြင္ ဆိုင္ေရွ႕မွ ကားတစ္စီး ရပ္သံၾကားလိုက္ရ၏။
“စိန္ဓါးေျမႇာင္..မင္းလူေတြလား”
“မဟုတ္ဘူး..ကြၽန္ေတာ့္လူေတြက ေညာင္တန္းအိမ္မွာပဲ ေစာင့္ခိုင္းခဲ့တာ”
ဂႏၶမာေသာင္းရီက ေကာင္တာအံဆြဲထဲမွ ေျခာက္လုံးျပဴးကို ထုတ္လိုက္သည္။
ဗိုလ္ေမာင္ေမာင္က ခါးၾကားမွ ပစၥတိုကို ထုတ္ကာ ဆိုင္ေရွ႕သို႔ အရင္ထြက္သြား၏။
ဆိုင္ထဲမွ လူရိပ္ျမင္သည္ႏွင့္ ကားက ဝူးခနဲ ေမာင္းထြက္သြားသည္။
“ဟာ..ေခ်ာရင္”
ဗိုလ္ေမာင္ေမာင္၏ အသံေၾကာင့္ အားလုံးဆိုင္ထဲမွ ေျပးထြက္လာၾကသည္။
အိမ္ေပၚထပ္ ထြန္းရင္၏ နေဘးတြင္ရွိေနေသာ အေသာင္းႏွင့္ မႏွင္းတို႔ပါ ေျပးဆင္းလာၾကသည္။
ေျမႀကီးေပၚတြင္ ပုံလ်က္သားေလး လဲက်ေနသည့္ ေခ်ာရင္။
လက္ႏွစ္ဖက္ ကို လက္ထိပ္ေနာက္ျပန္ခတ္လ်က္ အေနအထားႏွင့္။
ခက္ေဇာ္
Done 💪
ReplyDeleteClicked 💫
ReplyDeleteDone 🍀
ReplyDelete💎💎🗡️🗡️
ReplyDeleteDone
ReplyDelete🌃
ReplyDelete