The Guys From Mandalay, 1950s အခန်း(၃၀)

The Guys From Mandalay, 1950s
အခန်း(၃၀)
.................................................

“ငါဝန်ကြီးချုပ်နဲ့ တွေ့လို့ရမလား..မောင်မောင်”
မောင်မောင်က ခေါင်းခါလိုက်သည်။

“ကျွန်တော့်ပုခုံးပေါ်မှာ နှစ်ဘားပဲရှိတာ..ကိုဂန္ဓမာ..ဗိုလ်ချုပ်နေဝင်းတောင် ဝန်ကြီးချုပ်ကို တွေ့ချင်တိုင်း တွေ့လို့မရဘူး”

“အခုဆို သူ့ကို ငါတို့ ကူညီထားတာပဲ..စံဘကိစ္စ သူ့ကို ပြောကြည့်မှဖြစ်မယ်ကွာ..ဘယ်လိုလုပ်လို့ရနိုင်လဲ”

“ပထမတရားသူကြီးတုန်းက ကျွန်တော်သေချာအောင်လုပ်ထားတာပဲ..ငွေလည်းပေးပြီးသားပဲ...ဒါပေမယ့် ရုတ်တရက်ကြီး တရာသူကြီးက ဦးပါစီမြမောင် ဖြစ်သွားတယ်..ဦးပါစီမြမောင် ဆိုတာ ငွေကြေးနဲ့ လာဘ်ထိုးလို့ မရတဲ့ တရားသူကြီးမျိုးဗျ....ဒီလိုဖြစ်အောင် ပထမတရားသူကြီးကို တစ်ယောက်ယောက် နောက်ကွယ်ကနေ တိုင်လိုက်တာမျိုး...ပြောင်းရအောင်လုပ်လိုက်တာမျိုး ဖြစ်လိမ့်မယ်..မဂျစ်ခန်းတို့ အကွက်ပဲ နေလိမ့်မယ်ဗျ”

“ဒါဆိုဘယ်လိုလုပ်ကြမလဲ”

“ကိုဂန္ဓမာလည်း သိတာပဲ..သေဒဏ်ဆိုတာ ချက်ချင်းကြီးပေးတာမျိုးမှမဟုတ်တာ..အယူခံအဆင့်ဆင့်တွေ ရှိပါသေးတယ်..ဒီကြားထဲ စံဘအတွက် ကျွန်တော်တို့မှာ နှစ်နှစ်လောက်အချိန်ရပါတယ်..”

“အဲ့ဒီလူသတ်မှုမှာ ငါကအဓိကလေကွာ..အခု စံဘက ငါ့အစားခံသလိုကြီးဖြစ်နေတော့ ငါလိပ်ပြာမလုံဘူးကွ..ပြီးတော့ ချောရင်...သူတော်တော်စိတ်ထိခိုက်နေမှာ”

“ကိုဂန္ဓမာ...ဒီလူသတ်မှုမှာခင်ဗျား ပါတယ်လို့ပြောတာနဲ့ ထွန်းရင်ပါ ပါလာပြီပဲ..အဲ့ဒီကျ သတင်းစာတွေက ဘယ်လိုရေးကြမလဲ...ပျူစောထီးတပ်ကိုအုပ်ချုပ်တဲ့ အကြီးဆုံးဗိုလ်(၃)ယောက်ထဲတစ်ယောက်ဖြစ်တဲ့ ဗိုလ်ထွန်းရင်က လူသတ်သမားပါဆိုပြီး စားလုံးမည်းကြီးနဲ့ထွက်လာလိမ့်မယ်...အစိုးရ က အကြပ်အတည်းဖြစ်လာတဲ့အခါ ခင်ဗျားကို ဒီတိုင်း ထားမယ်ထင်သလား..တရားရုံးတောင်မရောက်လိုက်ပဲ ကျွန်တော်တို့ အားလုံး သေဒဏ်တန်းကျကုန်မယ်ဗျ”

“စံဘလွတ်ဖို့ဆို ငါဘာမဆိုလုပ်မယ်ကွာ..အသက်လည်းကြီးပြီ သေရမှာလည်း မကြောက်ပါဘူး”

ထိုအချိန်တွင် သူတို့ စကားဝိုင်းတွင်းသို့ ချောရင် ဝင်လာသည်။

“ကျွန်မတို့ အသက်တွေကို..ကျွန်မတို့ပဲ စောင့်ရှောက်မှဖြစ်မှာ.....ခုလိုအခြေအနေမှာ ကိုယ်ကျိုးစီးပွားနဲ့ယှဥ် လာရင် ဘယ်သူကမှ ကျွန်မတို့ အသက်တွေကိုတန်ဖိုးထားနေမှာမဟုတ်ဘူးဆိုတာ ကျွန်မတို့ ပိုသိလာသင့်ပြီ”

“နင့်မှာ ဘယ်လိုအကြံတွေရှိလို့လဲ.‌..ချောရင်”

ချောရင်က ခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်သည်။

“လောလောဆယ် ညီမစိတ်တွေအရမ်းညစ်နေတယ်...ဒီအရှုပ်အထွေးတွေကြားလည်းမနေချင်ဘူး....ကိုစံဘ ကို အယူခံကိစ္စ ဒီတစ်လအတွင်း တင်ပြီးရင် ရွာမှာ ခဏလောက်ပြန်နေမလားလို့”

“မမသောင်းကိုထည့်ပေးလိုက်မယ်လေ..‌ချောရင်”

“ရတယ်..ညီမက ဘယ်လောက်ကြာမလဲမသိဘူး..မမသောင်းက ဒီမှာဆိုင်တစ်ဖက်ရှိသေးတယ်...ညီမတစ်ယောက်တည်းသွားမှာပါ”

“စံဘစိတ်နဲ့ နင့်ကိုယ်နင်တစ်ခုခုတော မလုပ်လိုက်နဲ့တော့ ချောရင်”

“ညီမအဖေက ဦးမြတ်လှတဲ့။ ရန်ကုန်ကနေ တဖက်ကမ်းကူးတာနဲ့ အဲ့ဒီနာမည်ကိုမေးကြည့်လိုက်..အဖေသေသွားပေမယ့် နာမည်က ကျန်နေသေးတယ်...မြတ်လှကြီးသမီးပါ...ချောရင်ပါ..အဲ့ဒီလောက္မပျော့ပါဘူး”
....................................................................................
“ဟယ်...ကိုထွန်းရင်ကြီး..ဘယ်ကဘယ်လိုပေါ်လာတာလဲ”

“ဘာရယ်မဟုတ်ပါဘူး...ထောင်ဝင်စာတွေ ဘာတွေ တွေ့ဖို့ရှိသေးလားလို့..လာမေးတာ..အဟဲ”

မနှင်းက အဝတ်လျှော်နေသည်။

ရေစိုနေသော ထမီအနက်ရောင်က အသားနှင့် တစ်ထပ်တည်း ကပ်နေသော အနှင်း၏ အလှကို လူပျိုကြီး ထွန်းရင်ငေးသည်။

ထိုစဥ် ဓါးမကြီး က ထွန်းရင် ခြေမဘေး ဒုတ်ခနဲ ဝဲသွားသည်။ထွန်းရင်က အလန့်တကြားခုန်ရှောင်လိုက်သည်။
အနှင်းဘေးတွင် ဆော့နေသော အနှင်း၏ သား ဧရာလေး။ ဧရာလေးကား ခြောက်နှစ်အရွယ်သို့ပင် ရောက်ခဲ့ပြီဖြစ်သည်။

“ဟဲ့..ဒီကလေး..ဓါးမကြီး ယူဆော့ပြန်ပြီ...သွား..သွား..ဒီမှာ ဧည့်သည်ရောက်နေ..”

စကားမဆုံးလိုက် ဓါးမကြီးကို ထွန်းရင် ခွကြားဆီသို့  ပစ်ထုတ်လိုက်ရာ သတိရှိသဖြင့်သာ ထွန်းရင်ခမြာ ခေါင်းလောင်းမြေခကိန်းမှ သီသီလေး လွဲသွားလေသည်။

ဧရာလေးက ဓါးမကို ပစ်ချပြီး ထွန်းရင်ကို တစ်ချက်မိုက်ကြည့်ကြည်ကာ အိမ်ထဲ ပြေးဝင်သွား၏။

ထိုအခါမှ ထွန်းရင်လည်း စိတ်အေးလက်အေးဖြင့် မနှင်း ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ထောင်ဝင်စာက မရသေးဘူးလေ..ကိုထွန်းရင်ရဲ့..ချောရင်မပြောဘူးလား..အခုက အမိန့်ကျပြီးပြီဆိုတော့ သူတို့ကို အကျဆောင်တွေထဲပြောင်းပြီ..ကိုစံဘက ကြိုးသမားဆိုတော့ ဘယ်လိုနေမယ်မသိဘူး...ကိုခါလေးက တော့ အချုပ်နဲ့တင်‌ ခြောက်လကျော်ပြီဆို‌တော့ မကြာခင်လွတ်တော့မှာ”

“ဪ..အင်း..ဟိုလေ..ခါလေး ကို မနှင်းက သိပ်ဂရုစိုက်တာပဲနော်..အမျိုးများတော်ကြလား”

“ဘာမှမတော်ပါဘူး..ကိုထွန်းရင်ရယ်...ဒီလိုပဲပေါ့..ကျွန်မတို့က ကျွန်မယောက်ျားဆုံးပြီးကတည်းက ဆရာကြီးဆီနေခဲ့ကြတာ..ခါလေးကလည်း တစ်အိမ်တည်းသားလိုဖြစ်နေပြီမဟုတ်လား.. ဆရာကြီး ထောင်ကျနေတုန်း မမြကြည်နဲ့ ကျွန်မတို့ ရန်ကုန်တက်လာတော့ ဧရာလေးက နှစ်နှစ်လားရှိဦးမယ်..သူ့ကို ကိုခါလေး အစ်မမရင်တို့နဲ့ အညာမှာ ထားခဲ့ရတာ”

“မနှင်းက ကွန်းဗင်းကျောင်းတက်ခဲ့တာဆို”

“ဟုတ်တယ်...စစ်ကိုင်းမှာ တက်တာ..အဲ့ဒီမှာပဲ ဧရာလေးအဖေ ကိုလှမောင်နဲ့ တွေ့ကြတာပေါ့”

“‌ဪ”

အနှင်းက အဝတ်ကို ဆက်လျှော်နေသည်။

ထွန်းရင်က အနှင်းကို ငေးနေပြန်သည်။
အနှင်း က ဧရာလေးဝတ်သည့် အင်္ကျီနှင့် ဘောင်းဘီသုံးစုံလျှော်ပြီးခဲ့ပြီ။

ထွန်းရင် မပြန်သေး။

“ကိုထွန်းရင်..ဘာကိစ္စရှိသေးလို့လဲ..ကျွန်မလည်း အဝတ်လျှော်စရာတွေရှိနေလို့ ဧည့်မခံနိုင်တာ အားနာပါတယ်ရှင်”

“ဟာ..ရပါတယ်....ကျွန်တော်က ဧည့်သည်မှမဟုတ်တာ..ရတယ်”

အနှင်းက ကျန်နေသေးသည့် သူ့ထမီငါးထည်ကို ဆက်လျှော်သည်။

ထွန်းရင်က ငုတ်တုတ်။

အနှင်းက ထမီများကို ရေညှစ်နေရင်း..

“ကိုထွန်းရင်...အိမ်ထဲသွားထိုင်ပါလားတော်..မညောင်းဘူးလား”

“ဟဲ..ရပါတယ်”

“ချောရင်ရော နေကောင်းရဲ့လား...ကျွန်မဖြင့် သူ့ကို စိတ်မကောင်းလိုက်တာ”

အနှင်းက လျှောက်ပြီးသား အဝတ်ဇလုံထဲမှ အဝတ်များကို တန်းတွင်လှန်းရန် မတ်တပ်ရပ်ရင်း မေးလိုက်သည်။

“ပေးပေး..အဝတ်ဇလုံတွေ လှမ်းမလို့လား..ကျွန်တော်လှမ်းပေးမယ်..မနှင်း”

“အိုရပါတယ်..ထမီတွေပါတယ်..ကိုထွန်းရင်ရဲ့...အောင်မယ်လေး..ကိုယ့်အထက်အကြီးလည်းဖြစ် ယောက်ျားသားလည်းဖြစ်တဲ့သူကို ငရဲငအုံတွေကြီးကုန်ပါ့မယ်ရှင်..မလုပ်ပါနဲ့”

အနှင်းက အဝတ်ဇလုံကို မပြီး ကြိုးတန်းဆီသို့ လျှောက်သွားသည်။
ထွန်းရင် အနောက်က လိုက်သည်။
အဝတ်တန်းပေါ်တွင် အနှင်းက အဝတ်လှန်းနေသည်။
ထွန်းရင်က တောင်ပေါ်ခရီးသွားရာတွင် အရှေ့ဘက်မှ တောင်တန်းစိမ်းစိမ်းစိုစိုများကို ငါဘယ်တော့များ ဒီအပေါ်ရောက်မလဲဟု လှမ်းမျှော်ငေးသလိုမျိုး ငေးသည်။

ထိုအချိန်တွင် ထွန်းရင်၏ ဖင်ဝကို တစ်စုံတစ်ခု က လာထောက်သည်။

“ကလစ်”

မောင်းတင်သံကြောင့် ထွန်းရင် အလန့်တကြား လှည့်ကြည့်လိုက်၏။

“မနှင်းရေ....မနှင်း.လုပ်ပါဦးဗျ”

ဧရာလေး။
အနှင်းကိုင်နေကျ ခြောက်လုံးပြူးကို လက်နှစ်ဖက်ဖြင့် စုံကိုင်လျက်။

အနှင်းက အလန့်တကြားလှည့်ကြည့်လိုက်သည်။

“ဟဲ့..ဒီကောင်လေး..ဪ...သေတော့မှာပဲ..ဒီသေနတ်ကိုပဲ ယူယူဆော့နေ..”

အနှင်းက ဧရာလေးလက်ထဲမှ သေနတ်ကို လုကာ သူ့ထမီခါးကြားတွင် ထိုးထားလိုက်သည်။

ရေစိုကပိုကရိုတွင် ခြောက်လုံးပြူးခါးထိုးထားသည့် အနှင်းပုံစံကို ထွန်းရင် ငေးရပြန်ပါသည်။

“ဒီကောင်လေး မလွယ်ဘူး...သူမမြင်အောင် ဝှက်ထားလဲ ဒီသေနတ်ပဲ ရှာရှာပြီးဆော့တယ်..ဒါကြောင့် ကျွန်မက ကျည်အမြဲထုတ်ထားတာ..ကိုထွန်းရင်ရေ...ဘေးအိမ်တွေတွေ့သွားရင်လည်း တမျိုးတမည်ထင်ကုန်မှာမို့ ကစားစရာသေနတ်လို့ပဲ ပြောထားရတယ်..ဒီကောင်လေးတော့လားကွယ်..ခက်ပါရဲ့”

“အင်း..အဲ..တော်သေးတာပေါ့ဗျာ.....ဒီကောင်က သူ့အားလေးနဲ့ မောင်းပါဆွဲတတ်တာနော်”

“လူကြီးတွေ လုပ်တာကိုင်တာကို ဘယ်ကတည်းကခိုးမှတ်ထားလဲမသိဘူး..ခါလေးတို့ ရှိတုန်းကလည်း ကလေးကို သင်သင်ပေးထားကြတာလေ..သူကဆော့စရာလိုဖြစ်နေတာ..မောင်းတင်ရုံတက်မကဘူး..ခလုတ်ပါဆွဲတတ်တယ်”

“အောင်မယ်လေး..တော်သေးတယ်...ကျည်ဆံသာပါရင်.ကျွန်တော် ဖင်ပွင့်တယ်..ပြန်လိုက်ဦးမယ်...မနှင်းရယ်..ပြန်လိုက်ဦးမယ်”

ထွန်းရင်က စကားကြောင့် အနှင်းက တခစ်ခစ်ရယ်သည်။

ထွန်းရင်က အနှင်းကို နှုတ်ဆက်ပြီး ခြံထဲမှ ပြန်ထွက်ချိန်တွင် စိန်ဓါးမြှောင်နှင့် မြကြည် က ဝင်းမောင် မောင်းသည့် ကားပေါ်မှ ဆင်းလာသည်။

စိန်ဓါးမြှောင်က ထွန်းရင်ကို တစ်ချက်ကြည့်လိုက်သည်။
ထွန်းရင်သည် တစ်ချိန်က စိန်ဓါးမြှောင်ကိုသတ်ပစ်ချင် လောက်အောင် မုန်းတီးခဲ့သော်လည်း မနှင်း၏ ရေစိုထမီအောက်မှ ပေါင်တံတို့၏ ဘုန်းတန်ခိုးကြောင့် မျက်နှာကို အတတ်နိုင်ဆုံး ချိုသာကာ ပြုံးပြလိုက်သည်။

စိန်ဓါးမြှောင်က ခပ်တည်တည်ပြန်ကြည့်နေသော်လည်း မမြကြည်က အားတုံ့အားနာဖြင့် ပြန်ပြုံးပြသည်။

“ဒီကောင်..ဘာလာလုပ်တာလဲ..အနှင်း”

“ထောင်ဝင်စာကိစ္စလာမေးတာတဲ့..ဆရာကြီး”

“နောက်တပတ် ဇန်နဝါရီ ၂၀မှာ အစည်းအဝေးရှိတယ်”

“ဆရာကြီးခြောက်လပတ်အစည်းအဝေးက ဖေဖော်ဝါရီလမှ မဟုတ်ဘူးလား”

“အေး..အခုက စောလုပ်လိုက်တာ......ငန်းနက်နဲ့ ဘရင်လာမယ်၊ ဝါဆိုဝါပိုလာမယ်၊ ပခုက္ကူက အလံနီကရှေ့နေ တင့်ဆွေလည်း ဒီတစ်ခေါက်ပါလာမယ်။ ရန်ကုန်ကလူဆိုရင် ထွန်းခင်၊ ဆရာတင်၊ ဝင်းမောင်၊ မောင်တင်တို့ပဲ ခေါ်မယ်။ ခုနှစ်မိုင်က အဂ္ဂရိတ်ခြံမှာလုပ်ကြမယ်။ ငါးရက်ကြာမယ်။ လုပ်နေကျ ခြောက်လပတ်အစည်းအဝေးဆိုပေမယ့် ဒေါ်လာငါးသောင်းကိစ္စ ကြိုပြီး စီစဥ်စရာရှိတွေရှိလို့။ အရေးကြီး ဧည့်သည်တွေလာစရာလည်းရှိတယ်။ ဖေဖော်ဝါရီ ၂၀ မှာ က ဒေါ်လာကိစ္စလူကြီးတွေနဲ့တွေ့မှာ...ငန်းနက်တို့အားလုံးက ၂၁ မှာရောက်မယ်။ ၂၄ မှာ အဂ္ဂရိတ်အပြီး ထိုးမှာ။ အနှင်း နဲ့ ရင်ရင်က လှသိင်္ဂီဆိုင်မှာပဲ အထိုင်ချပြီး မူလာဒါဝတ်နဲ့ အရောင်းအဝယ်ကိစ္စစကားပြောရမယ်။ ပစ္စည်းပေး ငွေပေးလည်း အဲ့ဒီမှာပဲ လုပ်မယ်။ ပစ္စည်းအသယ်အပို့ကိုတော့ သန်းအောင်နဲ့ သူ့အဖွဲ့လုပ်ပေးလိမ့်မယ်။ မြကြည် က ဝင်းမောင်မိန်းမ စိန်ရီ တို့ မိန်းမအုပ်စု ချက်ပြုတ်ကျွေးမွေးရေးမှာ ကြီးကြပ်လိမ့်မယ်”

“ဟုတ်ကဲ့..ဆရာကြီး”

“ဒါနဲ့ နင့်ခါးက ခြောက်လုံးပြူးက ဘာလဲ”

“ဧရာလေးယူဆော့နေလို့ သိမ်းထားတာ..ဆရာကြီး”
“သတိထားပါ..အနှင်းရယ်...ဒါ က‌လေးတွေ ဆော့စရာမဟုတ်ဘူး..သူများမြင်သွားရင်လည်း အကုန်ခက်ကုန်ပါ့မယ်.ပေးပေး..နင့်သေနတ်ကြီး”

မမြကြည်က အနှင်းထံမှ သေနတ်ကို လှမ်းယူလိုက်သည်။
....................................................................................
အလိန်သည် ပစ္စည်းတချို့တဝက်ကို ဂိုထောင်တွင် စတင်ထည့်သွင်းနေပြီဖြစ်သည့်အတွက် စင်္ကာပူသို့ ခေတ္တပြန်သွား၏။

စင်္ကာပူမှတဆင့် ဟောင်ကောင်သို့ ပြန်ထွက်ခွာကာ K14 အဖွဲ့ထံ အသေးစိတ်အစီအမံတစ်ချို့ တင်ပြပြီး ငွေထပ်မံယူခဲ့မည်ဖြစ်သည်။

ထိုကိစ္စအတွက် ချောရင်က အစီအစဥ်အသေးစိတ်ကို ပြောပြပြီး မသောင်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားပေးလိုက်၏။

မသောင်းသည် အင်္ဂလိပ်ခေတ် ဆယ်တန်းအောင်ဖြစ်ပြီး ဂျပန်စာရော၊ အင်္ဂလိပ်စာအရေးအသားပါ ကျွမ်းကျင်သူဖြစ်သည်။

ဂျပန်ခေတ်တွင် ဂန္ဓမာသောင်းရီနှင့်အတူ မေဂျာဆာတိုး၏ စကားပြန်လုပ်ဖူးသဖြင့် စီမံချက်အချို့ကိုပင် ရေးနိုင်ခဲ့သူဖြစ်သည်။

အလိန်မှာ ရက်နှစ်ဆယ်ခန့်ကြာမြင့်ခဲ့သည်။
ထိုအတောအတွင်း စံဘ၏ အယူခံကိစ္စအတွက ရှေ့နေများနှင့်အသေးစိတ်တိုင်ပင်ကြသည်။

စံဘကို တရားရုံးအယူခံတင်ပြီးသည်နှင့် ချောရင်မှာ ရွာသို့ တစ်ဦးတည်း ပြန်သွားတော့သည်။

ထွန်းရင်က စိန်ဓါးမြှောင်နေအိမ်ရှိရာ ပုဇွန်တောင်သို့ ချောင်းပေါက်မတတ်ရောက်ရောက်လာတတ်သည်။
ပြူစောထီးဗိုလ်အဆောင်အယောင်များ၊ တပည့်တပန်းများနှင့် လာရောက်ဟန်ရေးပြတတ်သလို တစ်ကိုယ်တည်းလည်း လာတတ်သည်။

မနှင်းက အလိုက်အထိုက်ဧည့်ခံသည်။ သို့သော် ဧရာလေးကမူ ထွန်းရင်လာပြီဆိုသည်နှင့် လက်နက်တစ်ခုခု ယူထုတ်လာစမြဲ။

၁၉၅၆ရွေးကောက်ပွဲကျင်းပရန် တစ်နှစ်သာလိုတော့သဖြင့် နိုင်ငံရေး ခြေပုန်းခုတ်မှုများကလည်း ထင်ထင်ပေါ်ပေါ် စ်မျိုး၊ လျှို့လျှို့ဝှက်ဝှက်တစ်မျိုးဖြစ်လာသည်။

ထူးခြားချက္မှာ သခင်နု အုပ်စုနှင့် ယခင်က အတိုက်အခံဖြစ်ခဲ့သော ဆိုရှယ်လစ်ပါတီမှ သခင်တင် အုပ်စုသည် ယခုအခါ ဦးကျော်ငြိမ်းတို့နှင့်သဘောထားကွဲလွဲပြီး သခင်နုနှင့် သိသိသာသာပူးပေါင်းလာကြခြင်းပင်ဖြစ်သည်။

ထိုအခြေအနေမှာ နောင်တချိန် ဖဆပလအကွဲတွင် သခင်နု၊ သခင်တင် ၏ သန့်ရှင်းဖဆပလ(နုတင်) နှင့် ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့၏ တည်မြဲဖဆပလ(ဆွေငြိမ်း) ဟု ဖြစ်လာမည့် အစပင်ဖြစ်သည်။

ဗမာ့တပ်မတော်အတွင်းတွင်လည်း ဂိုဏ်းအုပ်စုများ သိသိသာသာကွဲပြားလာကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လျှို့ဝှက်အဆက်အသွယ်ရှိသော ဗိုလ်မှူးချုပ်ကျော်ဇောအုပ်စု၊ ကွန်မြူနစ်များ တောခိုသွားပြီးနောက် ဗမာတပ်မတော်အတွင်းတန်ခိုးထွားလာသည့် ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးမောင်မောင်တို့၏ ဆိုရှယ်လစ်အုပ်စု၊ ကွန်မြူနစ်လည်းမကြိုက်၊ ဆိုရှယ်လစ်နောက်ကိုလည်းမလိုက်ပဲ စစ်သားအလုပ်စစ်သားလုပ်နေကြသည့် အုပ်စုဟု သုံးစုရှိနေသည်။

ဆိုရှယ်လစ်တပ်မှူးအများစုမှာ စစ်ရုံးချုပ်ကို အုပ်စီးထားကြပြီး ဗိုလ်ချုပ်နေဝင်း၏ အနီးဆုံးနေရာတွင် ရှိနေကြသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်း ကား ဖဆပလအတွင်းနိုင်ငံ‌ရေးအကွဲအပြဲတွင် အသာစီးမည်သူရမည်ကို စောင့်ရင်း နှစ်ဖက်ခွချက်ထား၏။

တပ်တွင်း စစ်ဗိုလ်များအခြေအနေကိုလည်း ဖာသိဖာသာနေကာ စောင့်ကြည့်နေသည်။

ပြူစောထီးလက်စောင်းထက်နေချိန်ကာလများဖြစ်သဖြင့် ဂန္ဓမာသောင်းရီတို့မှာ အင်အားတောင့်တင်းနေသည်။

မဂျစ်ခန်းနှင့် နာဂျစ်အာရတ်ကား ခြေရာပျောက်နေခဲ့သဖြင့် အခြေအနေမှာ ငြိမ်သက်နေ၏။

ထိုလေပြညှင်းသည့်နေ့ရက်များတွင် သောင်းဘား သည် ပုံမှန်ပြန်ဖြစ်လာခဲ့ပေပြီ။

ဂန္ဓမာသောင်းရီ နှင့် မသောင်းတို့၏ ဘဝတွင် အအေးချမ်းဆုံးကာလများဟုပင် ဆိုရမည်ဖြစ်၏။

တချိန်တည်းတွင်ပင် သူတို့ဘဝထဲရောက်လာမည့်မုန်တိုင်းတစ်ခုကို ခုနှစ်မိုင်ရှိ ခြံတစ်ခြံထဲတွင် အစပျိုးနေပေပြီ။

ထိုမုန်တိုင်းအတွက် စတင် အတောင်ပံခတ်မည့် လိပ်ပြာကား..။
....................................................................................

စိန်ဓါးမြှောင်ဂိုဏ်းသည် ခြောက်လတကြိမ်အစည်းအဝေး လုပ်လေ့ရှိသည်။

တစ်ခါတစ်ရံ ဆေးဆရာများစည်းဝေးဟန်ဖြင့် ပုဇွန်တောင်တွင်လုပ်တတ်ပြီး တခါတရံတွင် ခုနှစ်မိုင်ရှိ အဂ္ဂိရိတ်ခြံတွင် လုပ်တတ်ကြသည်။

ထိုအစည်းအဝေးတွင် မြန်မာပြည်အထက်အောက်တလွှားရှိ စိန်ဓါးမြှောင့် ဩဇာခံများက ခြောက်လစာ ဓါးပြတိုက်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး အခြေအနေမျာ၊ တိုက်မည့်အစီအစဥ်၊ နေရာများကို အသေးစိတ်ရေးဆွဲပြီး စိန်ဓါးမြှောင်က အတည်ပြုပေးသည်။

ထို့ပြင် နယ်တွင် ထုခွဲမရသည့် တိုက်ရာပါရွှေငွေများကို ယူလာကြရသည်။

အဂ္ဂိရိတ်ခြံတွင် စိန်ဓါးမြှောင်က ထိုရွှေများကို အဂ္ဂိရိတ်ထိုးသည်ဆိုကာ စနစ်တကျတည်ဆောက်ထားသော အဂ္ဂရိတ်ရုံကြီးတွင် အရည်ကြိုကြသည်။

ကြိုပြီးသော ထိုရွှေသန့်များကို ရွှေမှောင်ခိုကုန်သည်ကြီး မူလာဒါဝတ်နှင့် ရောင်ဝယ်ကြသည်။

ယခုခြောက်လပတ်အစည်းအဝေးကို တစ်လစောကျင်းပသည်မှာ ဂန္ဓမာသောင်းရီတို့နှင့် အပေးအယူလုပ်မည့် ဒေါ်လာငါးသောင်းကိစ္စအတွက် အထူးခေါ်ယူလိုက်ခြင်းပင်။

ထိုအစည်းအဝေး၏ ပထမဆုံးနေ့တွင် စိန်ဓါးမြှောင် ထံသို့ လာရောက်မည့် ဧည့်သည်များလည်းရှိနေသည်။
နောက်ရက်များတွင် စိန်ဓါးမြှောင်ဂိုဏ်းအတွက် အရေးအကြီးဆုံး ဆုံးဖြတ်ချက်များအတွက် သစ္စာရှိလူယုံများကို သာ ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလ ၂၀ ရက်။ ညနေ ၆ နာရီ။
ထိုစဥ်က ရန်ကုန်၏ ဖေဖော်ဝါရီသည် ညနေခင်းပင် မြူများဆိုင်းသေး၏။

အင်းယားကန်အကျော်ရှိ ခုနှစ်မိုင်သည် ရွာတန်းရှည်ကလေးများ စုစည်းရာသာဖြစ်သည်။
စိန်ဓါးမြှောင်၏ အဂ္ဂိရိတ်ခြံပတ်လည်တွင် သစ်ပင်အုပ်များ၊ ရေကန်များနှင့် ငှက်သံ၊ ဝမ်းဘဲသံများ တစ်ချက်တစ်ချက် ကြားရသဖြင့် သာယာလှသည်။

ထိုခြံသည် မြန်မာတပြည်လုံးရှိ နာမည်ကျော်ဓါးပြတိုက်မှုအများစု အစပြုရာ၊ တိုက်ရာပါရွှေများကို အရည်ကြိုပေးရာ ဌာနချုပ်ကြီး ဖြစ်သည်ကိုတော့ မည်သူမျှ မသိခဲ့ကြ။

ခြံထဲသို့ ကားတစ်စီး ဝင်လာသည်။
စိန်ဓါးမြှောင်က သူနေထိုင်သည့် သစ်သားအိမ်ကလေးရှေ့မှ ထွက်လာပြီး ကြိုနေ၏။
ကားပေါ်မှ သခင်သိန်းနှင့်အတူ လူနှစ်ယောက်ဆင်းလာသည်။

စိန်ဓါးမြှောင်က အိမ်ပေါ်တွင် ပြင်ဆင်ထားသော စားသောက်ဝိုင်းထံ ဖိတ်ခေါ်လိုက်သည်။

စားပွဲဝိုင်းတွင် သူတို့ လေးယောက်သာရှိ၏။

“မြကြည်ရေ..အပြင်က တံခါးကိုပိတ်ခဲ့ကွယ်..ကောင်လေးတွေကို ခြံဝမှာ သေချာစောင့်ခိုင်းထားနော်..လူစိမ်းမဝင်စေနဲ့”

စိန်ဓါးမြှောင်က အကောင်းစားဝီစကီကိုခွက်လေးခွက်နဲ့ ငှဲ့ထည့်ပေးလိုက်၏။

“ကဲ..ဗိုလ်မှူးကြီးတို့.ဒါ ကျွန်တော်ပြောတဲ့ သူပဲ”

ဗိုလ်မှူးကြီးတို့ဟု ဆိုသူများက စိန်ဓားမြှောင်ကို အကဲခတ်လိုက်သည်။

“ဒီလိုကျတော့လည်း ဂေါပကလူကြီးလိုလို ပါလား..ဗျ”

ဗိုလ်မှူးကြီးဆိုသူ တစ်ယောက်က စိန်ဓါးမြှောင်ကို ကြည့်ကာ ခပ်ပြုံးပြုံးဆိုသည်။

“ကဲ.ဒါကတော့ကျုပ်တို့ ဆိုရှယ်လစ်ပါတီကို ထောက်ခံတဲ့ လက်ရှိစစ်ရုံးချုပ်က ဗိုလ်မှူးကြီးတွေပဲ.သူတို့ကို ခင်ဗျားပြောသလောက် အကြမ်းဖျဥ်းပြောပြထားပြီးပြီ... ခင်ဗျားက လူချင်းတွေ့မှ သေချာရှင်းပြမယ်ဆိုတော့ ပြောပေရော့ဗျာ”

သခင်သိန်းက ဆိုသည်။

စိန်ဓါးမြှောင်က ဖန်ခွက်ထဲမှ အရက်ကို တငုံမော့လိုက်၏။

“တရုတ်ဖြူတွေရဲ့ မိုင်းဆတ်လေယာဥ်ကွင်းက ၁၉၅၃ ကတည်းက ပြီးနေတာဆိုခင်ဗျ”

ဗိုလ်မှူးကြီး နှစ်ဦးက ခေါင်းညိမ့်ပြသည်။

“ဒါဆို ကျွန်တော့်ကို ဂန္ဓမာသောင်းရီတို့ ပြောတာက ဒီသံတိုသံစတွေကို မိုင်းဆတ်လေယာဥ်ကွင်းအတွက်တဲ့ဗျ.. အဲ့ဒါမဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်”

“ဟုတ်တယ်..ခင်ဗျားပြောတာမှန်တယ်..စိန်..အဲ”

“ကိုညွန့်လို့ပဲ ခေါ်ပေးပါ..ရပါတယ်”

စိန်ဓါးမြှောင်က သခင်သိန်းနှင့် သူစတွေ့စ နာမည်ကိုပင် ဗိုလ်မှူးကြီးများအား ပြောလိုက်သည်။

“အင်း..ကိုညွန့်...ကျွန်တော်တို့ သိချင်တာကလည်း အဲ့ဒါက ဘာပစ္စည်းတွေလဲဆိုတာပဲ”

“သူတို့ဘက်ကလည်း ကျွန်တော့်ကို အဲ့ဒါပေးမသိဘူး..အဲ့ဒီပစ္စည်းတွေ ဘယ်မှားထားတယ်..သူတို့ကို ဆက်သွယ်အလုပ်ပေးတဲ့ တရုတ်ဖြူစပိုင်က ဘယ်သူလဲဆိုတာတောင် ပေးမသိဘူး..ကျွန်တော့်အလုပ်က ပခုက္ကူဘက်ကနေ နောင်ချိုကို မန္တလေးကို ဝိုက်ပြီး ရောက်အောင်သယ်ပေးဖို့ပဲတဲ့”

“အဲ့ဒါကို ဒေါ်လာငါးသောင်းတောင် ပေးတယ်ပေါ့”

အသားဖြူဖြူ၊ ကျွဲကော်ကိုင်းမျက္မှန်နှင့် ဗိုလ်မှူးကြီးတစ်ဦးက မေးလိုက်သည်။

“ဟုတ်တယ်”

“ဒေါ်လာတစ်သိန်းဆို ဂျက်လေယာဥ်တစ်စင်းတောင်ရနေပြီ..သံတိုသံစပုံလေး သယ်ပေးရုံနဲ့ ပေးစရာလား”

“ကျွန်တော်လည်း ဒါကြောင့် ဗိုလ်မှူးကြီးတို့နဲ့ တွေ့ပေးဖို့ သခင်သိန်းကို ပြောရတာပါ...ကျွန်တော့်မှာ အကြံရှိပါတယ်’

“သခင်သိန်းက တော့ ခင်ဗျားဟာ အင်မတန်ကြံရည်ဖန်ရည်ကောင်းတယ်လို့ပြောတယ်..ကျုပ်တို့လည်း ခင်ဗျားသတင်းကို အထိုက်အလျောက်ကြားပါတယ်..လုပ်ပါဦး”

“သူတို့ ပစ္စည်းတွေအားလုံးစုပြီး ပို့မယ်ဆိုတဲ့ အချိန်အထိ ကျွန်တော်တို့စောင့်မယ်။ သူတို့ပစ္စည်းပို့ခိုင်းတဲ့အခါကျရင်လည်း ကျွန်တော်က ပခုက္ကူကနေ စောင့်ပြီး ကျွန်တော့်လူတွေနဲ့ သယ်ပေးမယ်။ အဲ့ဒီအခါ သူတို့စပိုင်လုပ်တဲ့လူက သေချာပေါက်ပါလာမှာပဲ.....စပိုင်မပါရင်တောင် ဂန္ဓမာလူတွေပါလာမှာ...အဲ့ဒီကျ ခင်ဗျားစစ်တပ်က ကျုပ်လူတွေအသွင်ယူထား ကားတွေကို လက်လွှဲယူလိုက်ရုံပဲ..ပြီးတာနဲ့ ဂန္ဓမာ့လူတွေကို အသာဖမ်းလိုက်ရုံပဲ..ပြီးရင် ဂန္ဓမာသောင်းရီ နဲ့ ပျူစောထီးဗိုလ်ထွန်းရင်ဆိုတာ သခင်နုလူတွေဖြစ်ကြောင်း၊ အမေရိကန်နဲ့ပင်းပြီး တရုတ်ဖြူအတွက် ထောက်ပံ့မယ့်ပစ္စည်းတွေကိုခိုးသယ်ယူလာတာကိုတပ်မတော်က ဖမ်းမိလိုက်ကြောင်း၊ ဒီတော့ သခင်နုအုပ်စု နောက်ကွယ်က မွေးထားတဲ့လူတွေဟာ  တိုင်းပြည်ကို သစ္စာဖောက်ပြီး တရုတ်ဖြူစပိုင်၊ အမေရိကန်လူတွေဖြစ်ကြောင်း ချပြလိုက်၊ သခင်နုအစိုးရကို မြန်မာ့နိုင်ငံရေးထဲက အပြီးထွက်သွားအောင်လုပ်လိုက်လို့ရပြီမဟုတ်လား”

သခင်သိန်းရော..ဗိုလ်မှူးကြီးဆိုသူနှစ်ဦးပါ စိန်ဓါးမြှောင်ကို တအံ့တဩကြည့်လိုက်ကြသည်။

“အင်း..ကျုပ်တို့နိုင်ငံကံကောင်းတယ်ဗျ...ခင်ဗျား နိုင်ငံရေးသမားမဖြစ်လာလို့”

အရပ်ပုပု၊ အသားဖြူဖြူ ဖြင့် ဗိုလ်မှူးကြီးဆိုသူက စိန်ဓါးမြှောင်ကို ကြည့်ကာ ပြောလိုက်သည်။

ခက်ဇော်

The Guys From Mandalay, 1950s
အခန္း(၃၀)
.................................................

“ငါဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕လို႔ရမလား..ေမာင္ေမာင္”
ေမာင္ေမာင္က ေခါင္းခါလိုက္သည္။

“ကြၽန္ေတာ့္ပုခုံးေပၚမွာ ႏွစ္ဘားပဲရွိတာ..ကိုဂႏၶမာ..ဗိုလ္ခ်ဳပ္ေနဝင္းေတာင္ ဝန္ႀကီးခ်ဳပ္ကို ေတြ႕ခ်င္တိုင္း ေတြ႕လို႔မရဘူး”

“အခုဆို သူ႔ကို ငါတို႔ ကူညီထားတာပဲ..စံဘကိစၥ သူ႔ကို ေျပာၾကည့္မွျဖစ္မယ္ကြာ..ဘယ္လိုလုပ္လို႔ရႏိုင္လဲ”

“ပထမတရားသူႀကီးတုန္းက ကြၽန္ေတာ္ေသခ်ာေအာင္လုပ္ထားတာပဲ..ေငြလည္းေပးၿပီးသားပဲ...ဒါေပမယ့္ ႐ုတ္တရက္ႀကီး တရာသူႀကီးက ဦးပါစီျမေမာင္ ျဖစ္သြားတယ္..ဦးပါစီျမေမာင္ ဆိုတာ ေငြေၾကးနဲ႔ လာဘ္ထိုးလို႔ မရတဲ့ တရားသူႀကီးမ်ိဳးဗ်....ဒီလိုျဖစ္ေအာင္ ပထမတရားသူႀကီးကို တစ္ေယာက္ေယာက္ ေနာက္ကြယ္ကေန တိုင္လိုက္တာမ်ိဳး...ေျပာင္းရေအာင္လုပ္လိုက္တာမ်ိဳး ျဖစ္လိမ့္မယ္..မဂ်စ္ခန္းတို႔ အကြက္ပဲ ေနလိမ့္မယ္ဗ်”

“ဒါဆိုဘယ္လိုလုပ္ၾကမလဲ”

“ကိုဂႏၶမာလည္း သိတာပဲ..ေသဒဏ္ဆိုတာ ခ်က္ခ်င္းႀကီးေပးတာမ်ိဳးမွမဟုတ္တာ..အယူခံအဆင့္ဆင့္ေတြ ရွိပါေသးတယ္..ဒီၾကားထဲ စံဘအတြက္ ကြၽန္ေတာ္တို႔မွာ ႏွစ္ႏွစ္ေလာက္အခ်ိန္ရပါတယ္..”

“အဲ့ဒီလူသတ္မႈမွာ ငါကအဓိကေလကြာ..အခု စံဘက ငါ့အစားခံသလိုႀကီးျဖစ္ေနေတာ့ ငါလိပ္ျပာမလုံဘူးကြ..ၿပီးေတာ့ ေခ်ာရင္...သူေတာ္ေတာ္စိတ္ထိခိုက္ေနမွာ”

“ကိုဂႏၶမာ...ဒီလူသတ္မႈမွာခင္ဗ်ား ပါတယ္လို႔ေျပာတာနဲ႔ ထြန္းရင္ပါ ပါလာၿပီပဲ..အဲ့ဒီက် သတင္းစာေတြက ဘယ္လိုေရးၾကမလဲ...ပ်ဴေစာထီးတပ္ကိုအုပ္ခ်ဳပ္တဲ့ အႀကီးဆုံးဗိုလ္(၃)ေယာက္ထဲတစ္ေယာက္ျဖစ္တဲ့ ဗိုလ္ထြန္းရင္က လူသတ္သမားပါဆိုၿပီး စားလုံးမည္းႀကီးနဲ႔ထြက္လာလိမ့္မယ္...အစိုးရ က အၾကပ္အတည္းျဖစ္လာတဲ့အခါ ခင္ဗ်ားကို ဒီတိုင္း ထားမယ္ထင္သလား..တရား႐ုံးေတာင္မေရာက္လိုက္ပဲ ကြၽန္ေတာ္တို႔ အားလုံး ေသဒဏ္တန္းက်ကုန္မယ္ဗ်”

“စံဘလြတ္ဖို႔ဆို ငါဘာမဆိုလုပ္မယ္ကြာ..အသက္လည္းႀကီးၿပီ ေသရမွာလည္း မေၾကာက္ပါဘူး”

ထိုအခ်ိန္တြင္ သူတို႔ စကားဝိုင္းတြင္းသို႔ ေခ်ာရင္ ဝင္လာသည္။

“ကြၽန္မတို႔ အသက္ေတြကို..ကြၽန္မတို႔ပဲ ေစာင့္ေရွာက္မွျဖစ္မွာ.....ခုလိုအေျခအေနမွာ ကိုယ္က်ိဳးစီးပြားနဲ႔ယွဥ္ လာရင္ ဘယ္သူကမွ ကြၽန္မတို႔ အသက္ေတြကိုတန္ဖိုးထားေနမွာမဟုတ္ဘူးဆိုတာ ကြၽန္မတို႔ ပိုသိလာသင့္ၿပီ”

“နင့္မွာ ဘယ္လိုအႀကံေတြရွိလို႔လဲ.‌..ေခ်ာရင္”

ေခ်ာရင္က ေခါင္းကိုျဖည္းျဖည္းခ်င္းခါလိုက္သည္။

“ေလာေလာဆယ္ ညီမစိတ္ေတြအရမ္းညစ္ေနတယ္...ဒီအရႈပ္အေထြးေတြၾကားလည္းမေနခ်င္ဘူး....ကိုစံဘ ကို အယူခံကိစၥ ဒီတစ္လအတြင္း တင္ၿပီးရင္ ႐ြာမွာ ခဏေလာက္ျပန္ေနမလားလို႔”

“မမေသာင္းကိုထည့္ေပးလိုက္မယ္ေလ..‌ေခ်ာရင္”

“ရတယ္..ညီမက ဘယ္ေလာက္ၾကာမလဲမသိဘူး..မမေသာင္းက ဒီမွာဆိုင္တစ္ဖက္ရွိေသးတယ္...ညီမတစ္ေယာက္တည္းသြားမွာပါ”

“စံဘစိတ္နဲ႔ နင့္ကိုယ္နင္တစ္ခုခုေတာ မလုပ္လိုက္နဲ႔ေတာ့ ေခ်ာရင္”

“ညီမအေဖက ဦးျမတ္လွတဲ့။ ရန္ကုန္ကေန တဖက္ကမ္းကူးတာနဲ႔ အဲ့ဒီနာမည္ကိုေမးၾကည့္လိုက္..အေဖေသသြားေပမယ့္ နာမည္က က်န္ေနေသးတယ္...ျမတ္လွႀကီးသမီးပါ...ေခ်ာရင္ပါ..အဲ့ဒီေလာကၼေပ်ာ့ပါဘူး”
....................................................................................
“ဟယ္...ကိုထြန္းရင္ႀကီး..ဘယ္ကဘယ္လိုေပၚလာတာလဲ”

“ဘာရယ္မဟုတ္ပါဘူး...ေထာင္ဝင္စာေတြ ဘာေတြ ေတြ႕ဖို႔ရွိေသးလားလို႔..လာေမးတာ..အဟဲ”

မႏွင္းက အဝတ္ေလွ်ာ္ေနသည္။

ေရစိုေနေသာ ထမီအနက္ေရာင္က အသားႏွင့္ တစ္ထပ္တည္း ကပ္ေနေသာ အႏွင္း၏ အလွကို လူပ်ိဳႀကီး ထြန္းရင္ေငးသည္။

ထိုစဥ္ ဓါးမႀကီး က ထြန္းရင္ ေျခမေဘး ဒုတ္ခနဲ ဝဲသြားသည္။ထြန္းရင္က အလန႔္တၾကားခုန္ေရွာင္လိုက္သည္။
အႏွင္းေဘးတြင္ ေဆာ့ေနေသာ အႏွင္း၏ သား ဧရာေလး။ ဧရာေလးကား ေျခာက္ႏွစ္အ႐ြယ္သို႔ပင္ ေရာက္ခဲ့ၿပီျဖစ္သည္။

“ဟဲ့..ဒီကေလး..ဓါးမႀကီး ယူေဆာ့ျပန္ၿပီ...သြား..သြား..ဒီမွာ ဧည့္သည္ေရာက္ေန..”

စကားမဆုံးလိုက္ ဓါးမႀကီးကို ထြန္းရင္ ခြၾကားဆီသို႔  ပစ္ထုတ္လိုက္ရာ သတိရွိသျဖင့္သာ ထြန္းရင္ချမာ ေခါင္းေလာင္းေျမခကိန္းမွ သီသီေလး လြဲသြားေလသည္။

ဧရာေလးက ဓါးမကို ပစ္ခ်ၿပီး ထြန္းရင္ကို တစ္ခ်က္မိုက္ၾကည့္ၾကည္ကာ အိမ္ထဲ ေျပးဝင္သြား၏။

ထိုအခါမွ ထြန္းရင္လည္း စိတ္ေအးလက္ေအးျဖင့္ မႏွင္း ေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။

“ေထာင္ဝင္စာက မရေသးဘူးေလ..ကိုထြန္းရင္ရဲ႕..ေခ်ာရင္မေျပာဘူးလား..အခုက အမိန႔္က်ၿပီးၿပီဆိုေတာ့ သူတို႔ကို အက်ေဆာင္ေတြထဲေျပာင္းၿပီ..ကိုစံဘက ႀကိဳးသမားဆိုေတာ့ ဘယ္လိုေနမယ္မသိဘူး...ကိုခါေလးက ေတာ့ အခ်ဳပ္နဲ႔တင္‌ ေျခာက္လေက်ာ္ၿပီဆို‌ေတာ့ မၾကာခင္လြတ္ေတာ့မွာ”

“ဪ..အင္း..ဟိုေလ..ခါေလး ကို မႏွင္းက သိပ္ဂ႐ုစိုက္တာပဲေနာ္..အမ်ိဳးမ်ားေတာ္ၾကလား”

“ဘာမွမေတာ္ပါဘူး..ကိုထြန္းရင္ရယ္...ဒီလိုပဲေပါ့..ကြၽန္မတို႔က ကြၽန္မေယာက္်ားဆုံးၿပီးကတည္းက ဆရာႀကီးဆီေနခဲ့ၾကတာ..ခါေလးကလည္း တစ္အိမ္တည္းသားလိုျဖစ္ေနၿပီမဟုတ္လား.. ဆရာႀကီး ေထာင္က်ေနတုန္း မျမၾကည္နဲ႔ ကြၽန္မတို႔ ရန္ကုန္တက္လာေတာ့ ဧရာေလးက ႏွစ္ႏွစ္လားရွိဦးမယ္..သူ႔ကို ကိုခါေလး အစ္မမရင္တို႔နဲ႔ အညာမွာ ထားခဲ့ရတာ”

“မႏွင္းက ကြန္းဗင္းေက်ာင္းတက္ခဲ့တာဆို”

“ဟုတ္တယ္...စစ္ကိုင္းမွာ တက္တာ..အဲ့ဒီမွာပဲ ဧရာေလးအေဖ ကိုလွေမာင္နဲ႔ ေတြ႕ၾကတာေပါ့”

“‌ဪ”

အႏွင္းက အဝတ္ကို ဆက္ေလွ်ာ္ေနသည္။

ထြန္းရင္က အႏွင္းကို ေငးေနျပန္သည္။
အႏွင္း က ဧရာေလးဝတ္သည့္ အက်ႌႏွင့္ ေဘာင္းဘီသုံးစုံေလွ်ာ္ၿပီးခဲ့ၿပီ။

ထြန္းရင္ မျပန္ေသး။

“ကိုထြန္းရင္..ဘာကိစၥရွိေသးလို႔လဲ..ကြၽန္မလည္း အဝတ္ေလွ်ာ္စရာေတြရွိေနလို႔ ဧည့္မခံႏိုင္တာ အားနာပါတယ္ရွင္”

“ဟာ..ရပါတယ္....ကြၽန္ေတာ္က ဧည့္သည္မွမဟုတ္တာ..ရတယ္”

အႏွင္းက က်န္ေနေသးသည့္ သူ႔ထမီငါးထည္ကို ဆက္ေလွ်ာ္သည္။

ထြန္းရင္က ငုတ္တုတ္။

အႏွင္းက ထမီမ်ားကို ေရညႇစ္ေနရင္း..

“ကိုထြန္းရင္...အိမ္ထဲသြားထိုင္ပါလားေတာ္..မေညာင္းဘူးလား”

“ဟဲ..ရပါတယ္”

“ေခ်ာရင္ေရာ ေနေကာင္းရဲ႕လား...ကြၽန္မျဖင့္ သူ႔ကို စိတ္မေကာင္းလိုက္တာ”

အႏွင္းက ေလွ်ာက္ၿပီးသား အဝတ္ဇလုံထဲမွ အဝတ္မ်ားကို တန္းတြင္လွန္းရန္ မတ္တပ္ရပ္ရင္း ေမးလိုက္သည္။

“ေပးေပး..အဝတ္ဇလုံေတြ လွမ္းမလို႔လား..ကြၽန္ေတာ္လွမ္းေပးမယ္..မႏွင္း”

“အိုရပါတယ္..ထမီေတြပါတယ္..ကိုထြန္းရင္ရဲ႕...ေအာင္မယ္ေလး..ကိုယ့္အထက္အႀကီးလည္းျဖစ္ ေယာက္်ားသားလည္းျဖစ္တဲ့သူကို ငရဲငအုံေတြႀကီးကုန္ပါ့မယ္ရွင္..မလုပ္ပါနဲ႔”

အႏွင္းက အဝတ္ဇလုံကို မၿပီး ႀကိဳးတန္းဆီသို႔ ေလွ်ာက္သြားသည္။
ထြန္းရင္ အေနာက္က လိုက္သည္။
အဝတ္တန္းေပၚတြင္ အႏွင္းက အဝတ္လွန္းေနသည္။
ထြန္းရင္က ေတာင္ေပၚခရီးသြားရာတြင္ အေရွ႕ဘက္မွ ေတာင္တန္းစိမ္းစိမ္းစိုစိုမ်ားကို ငါဘယ္ေတာ့မ်ား ဒီအေပၚေရာက္မလဲဟု လွမ္းေမွ်ာ္ေငးသလိုမ်ိဳး ေငးသည္။

ထိုအခ်ိန္တြင္ ထြန္းရင္၏ ဖင္ဝကို တစ္စုံတစ္ခု က လာေထာက္သည္။

“ကလစ္”

ေမာင္းတင္သံေၾကာင့္ ထြန္းရင္ အလန႔္တၾကား လွည့္ၾကည့္လိုက္၏။

“မႏွင္းေရ....မႏွင္း.လုပ္ပါဦးဗ်”

ဧရာေလး။
အႏွင္းကိုင္ေနက် ေျခာက္လုံးျပဴးကို လက္ႏွစ္ဖက္ျဖင့္ စုံကိုင္လ်က္။

အႏွင္းက အလန႔္တၾကားလွည့္ၾကည့္လိုက္သည္။

“ဟဲ့..ဒီေကာင္ေလး..ဪ...ေသေတာ့မွာပဲ..ဒီေသနတ္ကိုပဲ ယူယူေဆာ့ေန..”

အႏွင္းက ဧရာေလးလက္ထဲမွ ေသနတ္ကို လုကာ သူ႔ထမီခါးၾကားတြင္ ထိုးထားလိုက္သည္။

ေရစိုကပိုက႐ိုတြင္ ေျခာက္လုံးျပဴးခါးထိုးထားသည့္ အႏွင္းပုံစံကို ထြန္းရင္ ေငးရျပန္ပါသည္။

“ဒီေကာင္ေလး မလြယ္ဘူး...သူမျမင္ေအာင္ ဝွက္ထားလဲ ဒီေသနတ္ပဲ ရွာရွာၿပီးေဆာ့တယ္..ဒါေၾကာင့္ ကြၽန္မက က်ည္အၿမဲထုတ္ထားတာ..ကိုထြန္းရင္ေရ...ေဘးအိမ္ေတြေတြ႕သြားရင္လည္း တမ်ိဳးတမည္ထင္ကုန္မွာမို႔ ကစားစရာေသနတ္လို႔ပဲ ေျပာထားရတယ္..ဒီေကာင္ေလးေတာ့လားကြယ္..ခက္ပါရဲ႕”

“အင္း..အဲ..ေတာ္ေသးတာေပါ့ဗ်ာ.....ဒီေကာင္က သူ႔အားေလးနဲ႔ ေမာင္းပါဆြဲတတ္တာေနာ္”

“လူႀကီးေတြ လုပ္တာကိုင္တာကို ဘယ္ကတည္းကခိုးမွတ္ထားလဲမသိဘူး..ခါေလးတို႔ ရွိတုန္းကလည္း ကေလးကို သင္သင္ေပးထားၾကတာေလ..သူကေဆာ့စရာလိုျဖစ္ေနတာ..ေမာင္းတင္႐ုံတက္မကဘူး..ခလုတ္ပါဆြဲတတ္တယ္”

“ေအာင္မယ္ေလး..ေတာ္ေသးတယ္...က်ည္ဆံသာပါရင္.ကြၽန္ေတာ္ ဖင္ပြင့္တယ္..ျပန္လိုက္ဦးမယ္...မႏွင္းရယ္..ျပန္လိုက္ဦးမယ္”

ထြန္းရင္က စကားေၾကာင့္ အႏွင္းက တခစ္ခစ္ရယ္သည္။

ထြန္းရင္က အႏွင္းကို ႏႈတ္ဆက္ၿပီး ၿခံထဲမွ ျပန္ထြက္ခ်ိန္တြင္ စိန္ဓါးေျမႇာင္ႏွင့္ ျမၾကည္ က ဝင္းေမာင္ ေမာင္းသည့္ ကားေပၚမွ ဆင္းလာသည္။

စိန္ဓါးေျမႇာင္က ထြန္းရင္ကို တစ္ခ်က္ၾကည့္လိုက္သည္။
ထြန္းရင္သည္ တစ္ခ်ိန္က စိန္ဓါးေျမႇာင္ကိုသတ္ပစ္ခ်င္ ေလာက္ေအာင္ မုန္းတီးခဲ့ေသာ္လည္း မႏွင္း၏ ေရစိုထမီေအာက္မွ ေပါင္တံတို႔၏ ဘုန္းတန္ခိုးေၾကာင့္ မ်က္ႏွာကို အတတ္ႏိုင္ဆုံး ခ်ိဳသာကာ ၿပဳံးျပလိုက္သည္။

စိန္ဓါးေျမႇာင္က ခပ္တည္တည္ျပန္ၾကည့္ေနေသာ္လည္း မျမၾကည္က အားတုံ႔အားနာျဖင့္ ျပန္ၿပဳံးျပသည္။

“ဒီေကာင္..ဘာလာလုပ္တာလဲ..အႏွင္း”

“ေထာင္ဝင္စာကိစၥလာေမးတာတဲ့..ဆရာႀကီး”

“ေနာက္တပတ္ ဇန္နဝါရီ ၂၀မွာ အစည္းအေဝးရွိတယ္”

“ဆရာႀကီးေျခာက္လပတ္အစည္းအေဝးက ေဖေဖာ္ဝါရီလမွ မဟုတ္ဘူးလား”

“ေအး..အခုက ေစာလုပ္လိုက္တာ......ငန္းနက္နဲ႔ ဘရင္လာမယ္၊ ဝါဆိုဝါပိုလာမယ္၊ ပခုကၠဴက အလံနီကေရွ႕ေန တင့္ေဆြလည္း ဒီတစ္ေခါက္ပါလာမယ္။ ရန္ကုန္ကလူဆိုရင္ ထြန္းခင္၊ ဆရာတင္၊ ဝင္းေမာင္၊ ေမာင္တင္တို႔ပဲ ေခၚမယ္။ ခုႏွစ္မိုင္က အဂၢရိတ္ၿခံမွာလုပ္ၾကမယ္။ ငါးရက္ၾကာမယ္။ လုပ္ေနက် ေျခာက္လပတ္အစည္းအေဝးဆိုေပမယ့္ ေဒၚလာငါးေသာင္းကိစၥ ႀကိဳၿပီး စီစဥ္စရာရွိေတြရွိလို႔။ အေရးႀကီး ဧည့္သည္ေတြလာစရာလည္းရွိတယ္။ ေဖေဖာ္ဝါရီ ၂၀ မွာ က ေဒၚလာကိစၥလူႀကီးေတြနဲ႔ေတြ႕မွာ...ငန္းနက္တို႔အားလုံးက ၂၁ မွာေရာက္မယ္။ ၂၄ မွာ အဂၢရိတ္အၿပီး ထိုးမွာ။ အႏွင္း နဲ႔ ရင္ရင္က လွသိဂႌဆိုင္မွာပဲ အထိုင္ခ်ၿပီး မူလာဒါဝတ္နဲ႔ အေရာင္းအဝယ္ကိစၥစကားေျပာရမယ္။ ပစၥည္းေပး ေငြေပးလည္း အဲ့ဒီမွာပဲ လုပ္မယ္။ ပစၥည္းအသယ္အပို႔ကိုေတာ့ သန္းေအာင္နဲ႔ သူ႔အဖြဲ႕လုပ္ေပးလိမ့္မယ္။ ျမၾကည္ က ဝင္းေမာင္မိန္းမ စိန္ရီ တို႔ မိန္းမအုပ္စု ခ်က္ျပဳတ္ေကြၽးေမြးေရးမွာ ႀကီးၾကပ္လိမ့္မယ္”

“ဟုတ္ကဲ့..ဆရာႀကီး”

“ဒါနဲ႔ နင့္ခါးက ေျခာက္လုံးျပဴးက ဘာလဲ”

“ဧရာေလးယူေဆာ့ေနလို႔ သိမ္းထားတာ..ဆရာႀကီး”
“သတိထားပါ..အႏွင္းရယ္...ဒါ က‌ေလးေတြ ေဆာ့စရာမဟုတ္ဘူး..သူမ်ားျမင္သြားရင္လည္း အကုန္ခက္ကုန္ပါ့မယ္.ေပးေပး..နင့္ေသနတ္ႀကီး”

မျမၾကည္က အႏွင္းထံမွ ေသနတ္ကို လွမ္းယူလိုက္သည္။
....................................................................................
အလိန္သည္ ပစၥည္းတခ်ိဳ႕တဝက္ကို ဂိုေထာင္တြင္ စတင္ထည့္သြင္းေနၿပီျဖစ္သည့္အတြက္ စကၤာပူသို႔ ေခတၱျပန္သြား၏။

စကၤာပူမွတဆင့္ ေဟာင္ေကာင္သို႔ ျပန္ထြက္ခြာကာ K14 အဖြဲ႕ထံ အေသးစိတ္အစီအမံတစ္ခ်ိဳ႕ တင္ျပၿပီး ေငြထပ္မံယူခဲ့မည္ျဖစ္သည္။

ထိုကိစၥအတြက္ ေခ်ာရင္က အစီအစဥ္အေသးစိတ္ကို ေျပာျပၿပီး မေသာင္းက အဂၤလိပ္ဘာသာျဖင့္ ေရးသားေပးလိုက္၏။

မေသာင္းသည္ အဂၤလိပ္ေခတ္ ဆယ္တန္းေအာင္ျဖစ္ၿပီး ဂ်ပန္စာေရာ၊ အဂၤလိပ္စာအေရးအသားပါ ကြၽမ္းက်င္သူျဖစ္သည္။

ဂ်ပန္ေခတ္တြင္ ဂႏၶမာေသာင္းရီႏွင့္အတူ ေမဂ်ာဆာတိုး၏ စကားျပန္လုပ္ဖူးသျဖင့္ စီမံခ်က္အခ်ိဳ႕ကိုပင္ ေရးႏိုင္ခဲ့သူျဖစ္သည္။

အလိန္မွာ ရက္ႏွစ္ဆယ္ခန႔္ၾကာျမင့္ခဲ့သည္။
ထိုအေတာအတြင္း စံဘ၏ အယူခံကိစၥအတြက ေရွ႕ေနမ်ားႏွင့္အေသးစိတ္တိုင္ပင္ၾကသည္။

စံဘကို တရား႐ုံးအယူခံတင္ၿပီးသည္ႏွင့္ ေခ်ာရင္မွာ ႐ြာသို႔ တစ္ဦးတည္း ျပန္သြားေတာ့သည္။

ထြန္းရင္က စိန္ဓါးေျမႇာင္ေနအိမ္ရွိရာ ပုဇြန္ေတာင္သို႔ ေခ်ာင္းေပါက္မတတ္ေရာက္ေရာက္လာတတ္သည္။
ျပဴေစာထီးဗိုလ္အေဆာင္အေယာင္မ်ား၊ တပည့္တပန္းမ်ားႏွင့္ လာေရာက္ဟန္ေရးျပတတ္သလို တစ္ကိုယ္တည္းလည္း လာတတ္သည္။

မႏွင္းက အလိုက္အထိုက္ဧည့္ခံသည္။ သို႔ေသာ္ ဧရာေလးကမူ ထြန္းရင္လာၿပီဆိုသည္ႏွင့္ လက္နက္တစ္ခုခု ယူထုတ္လာစၿမဲ။

၁၉၅၆ေ႐ြးေကာက္ပြဲက်င္းပရန္ တစ္ႏွစ္သာလိုေတာ့သျဖင့္ ႏိုင္ငံေရး ေျခပုန္းခုတ္မႈမ်ားကလည္း ထင္ထင္ေပၚေပၚ စ္မ်ိဳး၊ လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္တစ္မ်ိဳးျဖစ္လာသည္။

ထူးျခားခ်ကၼွာ သခင္ႏု အုပ္စုႏွင့္ ယခင္က အတိုက္အခံျဖစ္ခဲ့ေသာ ဆိုရွယ္လစ္ပါတီမွ သခင္တင္ အုပ္စုသည္ ယခုအခါ ဦးေက်ာ္ၿငိမ္းတို႔ႏွင့္သေဘာထားကြဲလြဲၿပီး သခင္ႏုႏွင့္ သိသိသာသာပူးေပါင္းလာၾကျခင္းပင္ျဖစ္သည္။

ထိုအေျခအေနမွာ ေနာင္တခ်ိန္ ဖဆပလအကြဲတြင္ သခင္ႏု၊ သခင္တင္ ၏ သန႔္ရွင္းဖဆပလ(ႏုတင္) ႏွင့္ ဦးေက်ာ္ၿငိမ္း၊ ဦးဗေဆြတို႔၏ တည္ၿမဲဖဆပလ(ေဆြၿငိမ္း) ဟု ျဖစ္လာမည့္ အစပင္ျဖစ္သည္။

ဗမာ့တပ္မေတာ္အတြင္းတြင္လည္း ဂိုဏ္းအုပ္စုမ်ား သိသိသာသာကြဲျပားလာၾကသည္။

ဗမာျပည္ကြန္ျမဴနစ္ပါတီႏွင့္ လွ်ိဳ႕ဝွက္အဆက္အသြယ္ရွိေသာ ဗိုလ္မႉးခ်ဳပ္ေက်ာ္ေဇာအုပ္စု၊ ကြန္ျမဴနစ္မ်ား ေတာခိုသြားၿပီးေနာက္ ဗမာတပ္မေတာ္အတြင္းတန္ခိုးထြားလာသည့္ ဗိုလ္မႉးခ်ဳပ္ေအာင္ႀကီး၊ ဗိုလ္မႉးႀကီးေမာင္ေမာင္တို႔၏ ဆိုရွယ္လစ္အုပ္စု၊ ကြန္ျမဴနစ္လည္းမႀကိဳက္၊ ဆိုရွယ္လစ္ေနာက္ကိုလည္းမလိုက္ပဲ စစ္သားအလုပ္စစ္သားလုပ္ေနၾကသည့္ အုပ္စုဟု သုံးစုရွိေနသည္။

ဆိုရွယ္လစ္တပ္မႉးအမ်ားစုမွာ စစ္႐ုံးခ်ဳပ္ကို အုပ္စီးထားၾကၿပီး ဗိုလ္ခ်ဳပ္ေနဝင္း၏ အနီးဆုံးေနရာတြင္ ရွိေနၾကသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ေနဝင္း ကား ဖဆပလအတြင္းႏိုင္ငံ‌ေရးအကြဲအၿပဲတြင္ အသာစီးမည္သူရမည္ကို ေစာင့္ရင္း ႏွစ္ဖက္ခြခ်က္ထား၏။

တပ္တြင္း စစ္ဗိုလ္မ်ားအေျခအေနကိုလည္း ဖာသိဖာသာေနကာ ေစာင့္ၾကည့္ေနသည္။

ျပဴေစာထီးလက္ေစာင္းထက္ေနခ်ိန္ကာလမ်ားျဖစ္သျဖင့္ ဂႏၶမာေသာင္းရီတို႔မွာ အင္အားေတာင့္တင္းေနသည္။

မဂ်စ္ခန္းႏွင့္ နာဂ်စ္အာရတ္ကား ေျခရာေပ်ာက္ေနခဲ့သျဖင့္ အေျခအေနမွာ ၿငိမ္သက္ေန၏။

ထိုေလျပညႇင္းသည့္ေန႔ရက္မ်ားတြင္ ေသာင္းဘား သည္ ပုံမွန္ျပန္ျဖစ္လာခဲ့ေပၿပီ။

ဂႏၶမာေသာင္းရီ ႏွင့္ မေသာင္းတို႔၏ ဘဝတြင္ အေအးခ်မ္းဆုံးကာလမ်ားဟုပင္ ဆိုရမည္ျဖစ္၏။

တခ်ိန္တည္းတြင္ပင္ သူတို႔ဘဝထဲေရာက္လာမည့္မုန္တိုင္းတစ္ခုကို ခုႏွစ္မိုင္ရွိ ၿခံတစ္ၿခံထဲတြင္ အစပ်ိဳးေနေပၿပီ။

ထိုမုန္တိုင္းအတြက္ စတင္ အေတာင္ပံခတ္မည့္ လိပ္ျပာကား..။
....................................................................................

စိန္ဓါးေျမႇာင္ဂိုဏ္းသည္ ေျခာက္လတႀကိမ္အစည္းအေဝး လုပ္ေလ့ရွိသည္။

တစ္ခါတစ္ရံ ေဆးဆရာမ်ားစည္းေဝးဟန္ျဖင့္ ပုဇြန္ေတာင္တြင္လုပ္တတ္ၿပီး တခါတရံတြင္ ခုႏွစ္မိုင္ရွိ အဂၢိရိတ္ၿခံတြင္ လုပ္တတ္ၾကသည္။

ထိုအစည္းအေဝးတြင္ ျမန္မာျပည္အထက္ေအာက္တလႊားရွိ စိန္ဓါးေျမႇာင့္ ဩဇာခံမ်ားက ေျခာက္လစာ ဓါးျပတိုက္ရန္အတြက္ ႏိုင္ငံေရး၊ စီးပြားေရး အေျခအေနမ်ာ၊ တိုက္မည့္အစီအစဥ္၊ ေနရာမ်ားကို အေသးစိတ္ေရးဆြဲၿပီး စိန္ဓါးေျမႇာင္က အတည္ျပဳေပးသည္။

ထို႔ျပင္ နယ္တြင္ ထုခြဲမရသည့္ တိုက္ရာပါေ႐ႊေငြမ်ားကို ယူလာၾကရသည္။

အဂၢိရိတ္ၿခံတြင္ စိန္ဓါးေျမႇာင္က ထိုေ႐ႊမ်ားကို အဂၢိရိတ္ထိုးသည္ဆိုကာ စနစ္တက်တည္ေဆာက္ထားေသာ အဂၢရိတ္႐ုံႀကီးတြင္ အရည္ႀကိဳၾကသည္။

ႀကိဳၿပီးေသာ ထိုေ႐ႊသန႔္မ်ားကို ေ႐ႊေမွာင္ခိုကုန္သည္ႀကီး မူလာဒါဝတ္ႏွင့္ ေရာင္ဝယ္ၾကသည္။

ယခုေျခာက္လပတ္အစည္းအေဝးကို တစ္လေစာက်င္းပသည္မွာ ဂႏၶမာေသာင္းရီတို႔ႏွင့္ အေပးအယူလုပ္မည့္ ေဒၚလာငါးေသာင္းကိစၥအတြက္ အထူးေခၚယူလိုက္ျခင္းပင္။

ထိုအစည္းအေဝး၏ ပထမဆုံးေန႔တြင္ စိန္ဓါးေျမႇာင္ ထံသို႔ လာေရာက္မည့္ ဧည့္သည္မ်ားလည္းရွိေနသည္။
ေနာက္ရက္မ်ားတြင္ စိန္ဓါးေျမႇာင္ဂိုဏ္းအတြက္ အေရးအႀကီးဆုံး ဆုံးျဖတ္ခ်က္မ်ားအတြက္ သစၥာရွိလူယုံမ်ားကို သာ ေ႐ြးခ်ယ္ေခၚယူခဲ့ျခင္းျဖစ္သည္။

ေဖေဖၚဝါရီလ ၂၀ ရက္။ ညေန ၆ နာရီ။
ထိုစဥ္က ရန္ကုန္၏ ေဖေဖာ္ဝါရီသည္ ညေနခင္းပင္ ျမဴမ်ားဆိုင္းေသး၏။

အင္းယားကန္အေက်ာ္ရွိ ခုႏွစ္မိုင္သည္ ႐ြာတန္းရွည္ကေလးမ်ား စုစည္းရာသာျဖစ္သည္။
စိန္ဓါးေျမႇာင္၏ အဂၢိရိတ္ၿခံပတ္လည္တြင္ သစ္ပင္အုပ္မ်ား၊ ေရကန္မ်ားႏွင့္ ငွက္သံ၊ ဝမ္းဘဲသံမ်ား တစ္ခ်က္တစ္ခ်က္ ၾကားရသျဖင့္ သာယာလွသည္။

ထိုၿခံသည္ ျမန္မာတျပည္လုံးရွိ နာမည္ေက်ာ္ဓါးျပတိုက္မႈအမ်ားစု အစျပဳရာ၊ တိုက္ရာပါေ႐ႊမ်ားကို အရည္ႀကိဳေပးရာ ဌာနခ်ဳပ္ႀကီး ျဖစ္သည္ကိုေတာ့ မည္သူမွ် မသိခဲ့ၾက။

ၿခံထဲသို႔ ကားတစ္စီး ဝင္လာသည္။
စိန္ဓါးေျမႇာင္က သူေနထိုင္သည့္ သစ္သားအိမ္ကေလးေရွ႕မွ ထြက္လာၿပီး ႀကိဳေန၏။
ကားေပၚမွ သခင္သိန္းႏွင့္အတူ လူႏွစ္ေယာက္ဆင္းလာသည္။

စိန္ဓါးေျမႇာင္က အိမ္ေပၚတြင္ ျပင္ဆင္ထားေသာ စားေသာက္ဝိုင္းထံ ဖိတ္ေခၚလိုက္သည္။

စားပြဲဝိုင္းတြင္ သူတို႔ ေလးေယာက္သာရွိ၏။

“ျမၾကည္ေရ..အျပင္က တံခါးကိုပိတ္ခဲ့ကြယ္..ေကာင္ေလးေတြကို ၿခံဝမွာ ေသခ်ာေစာင့္ခိုင္းထားေနာ္..လူစိမ္းမဝင္ေစနဲ႔”

စိန္ဓါးေျမႇာင္က အေကာင္းစားဝီစကီကိုခြက္ေလးခြက္နဲ႔ ငွဲ႔ထည့္ေပးလိုက္၏။

“ကဲ..ဗိုလ္မႉးႀကီးတို႔.ဒါ ကြၽန္ေတာ္ေျပာတဲ့ သူပဲ”

ဗိုလ္မႉးႀကီးတို႔ဟု ဆိုသူမ်ားက စိန္ဓားေျမႇာင္ကို အကဲခတ္လိုက္သည္။

“ဒီလိုက်ေတာ့လည္း ေဂါပကလူႀကီးလိုလို ပါလား..ဗ်”

ဗိုလ္မႉးႀကီးဆိုသူ တစ္ေယာက္က စိန္ဓါးေျမႇာင္ကို ၾကည့္ကာ ခပ္ၿပဳံးၿပဳံးဆိုသည္။

“ကဲ.ဒါကေတာ့က်ဳပ္တို႔ ဆိုရွယ္လစ္ပါတီကို ေထာက္ခံတဲ့ လက္ရွိစစ္႐ုံးခ်ဳပ္က ဗိုလ္မႉးႀကီးေတြပဲ.သူတို႔ကို ခင္ဗ်ားေျပာသေလာက္ အၾကမ္းဖ်ဥ္းေျပာျပထားၿပီးၿပီ... ခင္ဗ်ားက လူခ်င္းေတြ႕မွ ေသခ်ာရွင္းျပမယ္ဆိုေတာ့ ေျပာေပေရာ့ဗ်ာ”

သခင္သိန္းက ဆိုသည္။

စိန္ဓါးေျမႇာင္က ဖန္ခြက္ထဲမွ အရက္ကို တငုံေမာ့လိုက္၏။

“တ႐ုတ္ျဖဴေတြရဲ႕ မိုင္းဆတ္ေလယာဥ္ကြင္းက ၁၉၅၃ ကတည္းက ၿပီးေနတာဆိုခင္ဗ်”

ဗိုလ္မႉးႀကီး ႏွစ္ဦးက ေခါင္းညိမ့္ျပသည္။

“ဒါဆို ကြၽန္ေတာ့္ကို ဂႏၶမာေသာင္းရီတို႔ ေျပာတာက ဒီသံတိုသံစေတြကို မိုင္းဆတ္ေလယာဥ္ကြင္းအတြက္တဲ့ဗ်.. အဲ့ဒါမျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္”

“ဟုတ္တယ္..ခင္ဗ်ားေျပာတာမွန္တယ္..စိန္..အဲ”

“ကိုၫြန႔္လို႔ပဲ ေခၚေပးပါ..ရပါတယ္”

စိန္ဓါးေျမႇာင္က သခင္သိန္းႏွင့္ သူစေတြ႕စ နာမည္ကိုပင္ ဗိုလ္မႉးႀကီးမ်ားအား ေျပာလိုက္သည္။

“အင္း..ကိုၫြန႔္...ကြၽန္ေတာ္တို႔ သိခ်င္တာကလည္း အဲ့ဒါက ဘာပစၥည္းေတြလဲဆိုတာပဲ”

“သူတို႔ဘက္ကလည္း ကြၽန္ေတာ့္ကို အဲ့ဒါေပးမသိဘူး..အဲ့ဒီပစၥည္းေတြ ဘယ္မွားထားတယ္..သူတို႔ကို ဆက္သြယ္အလုပ္ေပးတဲ့ တ႐ုတ္ျဖဴစပိုင္က ဘယ္သူလဲဆိုတာေတာင္ ေပးမသိဘူး..ကြၽန္ေတာ့္အလုပ္က ပခုကၠဴဘက္ကေန ေနာင္ခ်ိဳကို မႏၲေလးကို ဝိုက္ၿပီး ေရာက္ေအာင္သယ္ေပးဖို႔ပဲတဲ့”

“အဲ့ဒါကို ေဒၚလာငါးေသာင္းေတာင္ ေပးတယ္ေပါ့”

အသားျဖဴျဖဴ၊ ကြၽဲေကာ္ကိုင္းမ်ကၼွန္ႏွင့္ ဗိုလ္မႉးႀကီးတစ္ဦးက ေမးလိုက္သည္။

“ဟုတ္တယ္”

“ေဒၚလာတစ္သိန္းဆို ဂ်က္ေလယာဥ္တစ္စင္းေတာင္ရေနၿပီ..သံတိုသံစပုံေလး သယ္ေပး႐ုံနဲ႔ ေပးစရာလား”

“ကြၽန္ေတာ္လည္း ဒါေၾကာင့္ ဗိုလ္မႉးႀကီးတို႔နဲ႔ ေတြ႕ေပးဖို႔ သခင္သိန္းကို ေျပာရတာပါ...ကြၽန္ေတာ့္မွာ အႀကံရွိပါတယ္’

“သခင္သိန္းက ေတာ့ ခင္ဗ်ားဟာ အင္မတန္ႀကံရည္ဖန္ရည္ေကာင္းတယ္လို႔ေျပာတယ္..က်ဳပ္တို႔လည္း ခင္ဗ်ားသတင္းကို အထိုက္အေလ်ာက္ၾကားပါတယ္..လုပ္ပါဦး”

“သူတို႔ ပစၥည္းေတြအားလုံးစုၿပီး ပို႔မယ္ဆိုတဲ့ အခ်ိန္အထိ ကြၽန္ေတာ္တို႔ေစာင့္မယ္။ သူတို႔ပစၥည္းပို႔ခိုင္းတဲ့အခါက်ရင္လည္း ကြၽန္ေတာ္က ပခုကၠဴကေန ေစာင့္ၿပီး ကြၽန္ေတာ့္လူေတြနဲ႔ သယ္ေပးမယ္။ အဲ့ဒီအခါ သူတို႔စပိုင္လုပ္တဲ့လူက ေသခ်ာေပါက္ပါလာမွာပဲ.....စပိုင္မပါရင္ေတာင္ ဂႏၶမာလူေတြပါလာမွာ...အဲ့ဒီက် ခင္ဗ်ားစစ္တပ္က က်ဳပ္လူေတြအသြင္ယူထား ကားေတြကို လက္လႊဲယူလိုက္႐ုံပဲ..ၿပီးတာနဲ႔ ဂႏၶမာ့လူေတြကို အသာဖမ္းလိုက္႐ုံပဲ..ၿပီးရင္ ဂႏၶမာေသာင္းရီ နဲ႔ ပ်ဴေစာထီးဗိုလ္ထြန္းရင္ဆိုတာ သခင္ႏုလူေတြျဖစ္ေၾကာင္း၊ အေမရိကန္နဲ႔ပင္းၿပီး တ႐ုတ္ျဖဴအတြက္ ေထာက္ပံ့မယ့္ပစၥည္းေတြကိုခိုးသယ္ယူလာတာကိုတပ္မေတာ္က ဖမ္းမိလိုက္ေၾကာင္း၊ ဒီေတာ့ သခင္ႏုအုပ္စု ေနာက္ကြယ္က ေမြးထားတဲ့လူေတြဟာ  တိုင္းျပည္ကို သစၥာေဖာက္ၿပီး တ႐ုတ္ျဖဴစပိုင္၊ အေမရိကန္လူေတြျဖစ္ေၾကာင္း ခ်ျပလိုက္၊ သခင္ႏုအစိုးရကို ျမန္မာ့ႏိုင္ငံေရးထဲက အၿပီးထြက္သြားေအာင္လုပ္လိုက္လို႔ရၿပီမဟုတ္လား”

သခင္သိန္းေရာ..ဗိုလ္မႉးႀကီးဆိုသူႏွစ္ဦးပါ စိန္ဓါးေျမႇာင္ကို တအံ့တဩၾကည့္လိုက္ၾကသည္။

“အင္း..က်ဳပ္တို႔ႏိုင္ငံကံေကာင္းတယ္ဗ်...ခင္ဗ်ား ႏိုင္ငံေရးသမားမျဖစ္လာလို႔”

အရပ္ပုပု၊ အသားျဖဴျဖဴ ျဖင့္ ဗိုလ္မႉးႀကီးဆိုသူက စိန္ဓါးေျမႇာင္ကို ၾကည့္ကာ ေျပာလိုက္သည္။

ခက္ေဇာ္

Comments

Post a Comment