The Guys From Mandalay,1950s အခန်း(၈)
The Guys From Mandalay,1950s
အခန်း(၈)
……………
၁၉၄၂ ဇန်နဝါရီလ ၂၀ ရက်။
နှစ်ဆယ်ရက်မြောက်နေ့တွင်တော့ ငရုတ်သီးဘရင်နှင့် ဘချစ်တို့၏ လှေပေါ်တွင် ခါလေး ပါလာသည်။
ခါလေးတစ်ယောက်တည်းမဟုတ်။
နောက်ထပ် သူနှင့်ရွယ်တူ တစ်ယောက်ပင် ပါလာခဲ့သည်။
ငန်းနက်က မန္တလေးဘက်တွင်ရှိသော သူ့အချိတ်အဆက်များထံမှ ရိုင်ဖယ်ကျည်ဆံနှင့် စတင်းကျည်များ ထပ်မံမှာယူပြီး စိန်ဓါးမြှောင်နှင့် ဘမောင်၊ လှမောင်တို့ကို သေနတ်ပစ်သင်ပေးနေသည်။
“ဆရာကြီးရေ..ခါလေး ရောက်လာပြီဗျိုး”
ငရုတ်သီးဘရင် အသံကြောင့် ရိုင်ဖယ်သေနတ်ကို မောင်းတင်နေသော စိန်ဓါးမြှောင် လှည့်ကြည့်လိုက်သည်။
ထို့နောက် သေနတ်၏ လုံခြုံရေးခလုတ်ကို ချလိုက်ပြီး ခါလေးထံ လျှောက်သွားသည်။
“ခါလေး…မြကြည်..မြကြည်ရော…”
“မမကြည် ဘာမှမဖြစ်ဘူး..ဆရာကြီး..ဘာမှမဖြစ်ဘူး”
ထိုအခါမှ စိန်ဓါးမြှောင်က စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ခါလေး နောက်တွင် ပါသော လူငယ်ကို စိန်ဓါးမြှောင် သတိထားမိသွား၏။
“သူက ဘယ်သူလဲ..ခါလေး”
“ကျောက်ပန်းတောင်းက ကျွန်တော့်ငယ်သူငယ်ချင်းပါ..သူလည်း ဆရာကြီးဆီမှာ တပည့်ခံရင်း ကျွန်တော်တို့နဲ့အတူတူအလုပ်လုပ်ချင်လို့တဲ့..ထွန်းခင်လို့ ခေါ်ပါတယ်”
“ငါတို့ အလုပ်ကိုရော သူသိလား”
“သိပါတယ်..ဆရာကြီး. ကျွန်တော်ပြောပြထားပြီးသားပါ”
ခဏအကြာတွင် စတင်းဂန်းကိုင်ထားသော ငန်းနက်နှင့် ဘမောင်တို့ညီအစ်ကို ရောက်လာသဖြင့် တဲအိမ်ရှေ့မြေသလင်းတွင် ခင်းထားသော ဖျာပေါ်တွင် အားလုံးထိုင်လိုက်ကြသည်။
ခါလေးခေါ်လာသည့် ထွန်းခင်က ပုခုံးပေါ်တွင်ထမ်းထားသော လေထီးစဖြင့် ပတ်ထားသည့် အရာဝတ္ထုကို ချလိုက်သည်။
“ဒီမှာက ဆရာကြီး ဝယ်ခိုင်းလိုက်တဲ့ ပစ္စည်းတွေနဲ့ ဆရာကြီးရဲ့ အဝတ်အစားတွေပါ”
ခါလေးက သူ့လွယ်ထားသော လွယ်အိတ်ကို ထိုးပေးလိုက်သည်။
“ဟိုလေထီးစ နဲ့ ပတ်ထားတာကရော ဘာလဲကွ”
“ကျွန်တော့်အဖေရှိတဲ့ ကျောက်ပန်းတောင်းဘက်ကို မမကြည်ကို သွားပို့ရင်း ကျွန်တော် ဟိုမှာ ခဏအောင်းနေတယ်ဆရာ။ အဲ့ဒီမှာ ချန်ကေရှိတ်ရဲ့ တရုတ်တပ်မဟာ ၁၁၃ ရောက်နေတယ်ဆရာ။ လက်နက်တွေရော၊ ဆီသွပ်ဗူးတွေရော ကားတွေပေါ် အပြည့်ပဲ။ အနီးအနားက ကျွန်တော့်သူငယ်ချင်းတွေက ညညဆို တရုတ်စစ်သားတွေကို ချက်အရက်သွားရောင်းတယ်။ သူတို့မူးလာရင် ကားပေါ်က ဆီသွပ်ဗူးတွေခိုးကြတာ။ တည မူးမူးနဲ့ လေထီးစနဲ့ ပတ်ထားတဲ့ ဒါကြီးကို ဆီသွပ်ဗူးသေတ္တာမှတ်လို့ ဒီကောင်တွေမချလာတာ အထဲမှာ ဒီသေနတ်ကြီးနဲ့ ကျည်ဆံတွေဖြစ်နေတယ်ဆရာကြီး။ အဲ့ဒါနဲ့ သူတို့လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ကျွန်တော်လည်း ၃၅ ကျပ်ပေးပြီး ဝယ်လာခဲ့လိုက်တာ။ ကျွန်တော်တို့ အတွက် လိုအပ်မယ်ထင်လို့”
ခါလေးက လေထီးစကို ဖြင့် ပတ်ထားသည့်သေတ္တာကို ဖွင့်ပြလိုက်သည်။
“ဟာ ဘရင်းဂန်းပဲ”
ငန်းနက်က သေနတ်ကိုမြင်သည်နှင့် ဝမ်းသာအားရအော်ပြီး အနားကပ်သွားသည်။
“အထဲမှာ ကျည်တွေရောဟေ့…ပွတာပဲ”
စိန်ဓါးမြှောင်က ဘရင်းဂန်းသေနတ်ကို တစ်ချက်လှမ်းကြည့်ပြီးမှ
“နေပါဦး..မင်းက မြကြည်ကို ကျောက်ပန်းတောင်း သွားပို့တာလား..ဘာဖြစ်လို့လဲ”
“ကျွန်တော် အစအဆုံးပြောပြမယ်..ဆရာကြီး..အဲ့ဒီနေ့ ညနေက ကျွန်တော် မန်းလေးဆင်းသွားတော့ မြစ်ဆိပ်မှာ ပုလိပ်တွေ ခြေချင်းလိမ်နေတာပဲ။ ဒါနဲ့ ကျွန်တော်လည်း အရမ်းအရဲမကိုးရဲတော့ ညနက်မှ ဆရာကြီးယောက္ခမအိမ်ကို ဝင်မယ်လို့ စိတ်ကူးလိုက်တယ်။ ညဦးပိုင်းကျဆရာကြီးယောက္ခမအိမ်ကိုရောက်တယ်။ မမြကြည်ကို ဆရာကြီး ပေးလိုက်တဲ့ ငွေပေးရင်း ဆရာကြီးမှာတာတွေပြောတာပေါ့။ ညကျတော့ ကျွန်တော်တို့အိပ်နေကြတုန်း..အိမ်ရှေ့က အသံတွေကြားရတယ်။ ကျွန်တော်က အိမ်ရှေ့ခန်းအိပ်တာဆိုတော့ အသာချောင်းကြည့်တော့ ပုလိပ်တွေဆရာ။ ဒါနဲ့ ကျွန်တော်လည်း ထုတ်တန်းပေါ်မှာ အသာတက်ပြီး ပုန်းနေလိုက်တယ်။ ပုလိပ်ဦးလူဒုတ်ကြီး တော်တော် ဒေါသထွက်နေတယ်ဆရာ။ ဆရာ့ယောက္ခမကိုလည်း ပါးတွေ နားတွေရိုက်ပြီး လက်ထိပ်ခတ်ခေါ်သွားတယ်။ ပြီးတော့..ပြီးတော့..ဒီလူ မကောင်းဘူးဆရာ”
“ဘာဖြစ်လို့လဲ..ခါလေး..ဒီကောင်..ဒီကောင် ဘာလုပ်လဲ”
“မမြကြည်ကို သူက ပြောတယ်။ မကြာခင် နင့်လင်ဓါးပြ ကို ငါကိုယ်တိုင်ပစ်သတ်မယ်။ နင်ကိုတော့ သနားပါတယ်။ နင်က တစ်သားမွေးတစ်သွေးလှ..သွေးသားတွေပြောင်းပြီး ပိုတောင်လှနေတော့ မုဆိုးမဖြစ်သွားမှာ နှမြောပါတယ် ဆိုပြီး ပါးကို လိမ်ဆွဲသွားတယ်..ဆရာကြီး”
“ဘာကွ..ဘာလုပ်သွားတယ်”
“ပါးကို လိမ်ဆွဲသွားတာဆရာ”
စိန်ဓါးမြှောင်က ဘာစကားမှမပြောပဲ ခါလေးကို စိမ်းစိမ်းကြီးစိုက်ကြည့်နေသဖြင့် ခါလေး မျက်နှာ သွေးမရှိသလိုဖြူလျော်သွားသည်။
“ပြီးတော့ဘာဆက်ဖြစ်လဲ..ဘာဆက်လုပ်လဲ..ပြော..ခါလေး”
“ဘာမှ ဆက်မဖြစ်ပါဘူး..ဆရာကြီး..ဦးလူဒုတ်ပြန်သွားပါတယ်..အဲ့ဒီတော့မှ ကျွန်တော်လည်း ထုတ်တန်းပေါ်ကဆင်းပြီး မမကြည်ဆီသွားပါတယ်။ ဒီတိုင်းဆို ဦးလူဒုတ်တို့ မမကြည်ကို မကြာခဏ လာဒုက္ခပေးနေမှာစိုးတာနဲ့ ကျွန်တော့်အဖေရှိတဲ့ ကျောက်ပန်းတောင်းကို ပို့ထားဖို့ ပြောတာ့ မမကြည်က လက်ခံပါတယ်။ အဖမ်းခံနေရတဲ့ ဦးလေးသိန်းအတွက်တော့ ကိုဘသော်ဆီ မမကြည်နဲ့ ကျွန်တော်သွားပြီး လိုအပ်တာ စီစဉ်ပေးဖို့ ငွေနှစ်ရာပေးခဲ့ပါတယ်..ဆရာကြီး”
“အခု မြကြည်က ကျောက်ပန်းတောင်းက မင်းအိမ်မှာပေါ့”
“ဟုတ်ပါတယ်..ဆရာကြီး..ကျွန်တော့် အမအပျိုကြီးလည်းရှိပါတယ်”
“မြကြည်ကို ဟိုပုလိပ်က ပါးကို ဆွဲလိမ်တယ်ပေါ့..သေချာလား”
“ဟုတ်ပါတယ်..ဆရာကြီး..ပါးကို ဆွဲလိမ်ရုံပါပဲ..တခြားဘာမှ မလုပ်သွားပါဘူး”
စိန်ဓါးမြှောင် က ထိုင်နေရာမှ ထလိုက်သည်။
ထို့နောက် ဘရင်းဂန်းကို စိတ်ဝင်စားနေသော ငန်းနက်နှင့် ငရုတ်သီးဘရင် ရှိရာကို လျှောက်သွားလိုက်၏။
“ဒီတပို့တွဲလဆန်း ၁၃ ရက်နေ့ ဈေးချိုကို ဝင်တိုက်မယ်။ ညကျ အစီအစဉ်ဆွဲမယ်”
…………………………………………………………………………………………
ဧရာဝတီမြစ်မြေနုကျွန်းကလေးပေါ်တွင် မီးပုံကလေး တစ်ပုံဖိုထားသည်။
မီးပုံပတ်ချာလည်တွင် လူရှစ်ဦး ဝိုင်းဖွဲ့ထိုင်နေကြသည်။
စိန်ဓါးမြှောင်၊ ငန်းနက်၊ ဘချစ်၊ ငရုတ်သီးဘရင်၊ ဘမောင်၊ လှမောင်၊ ခါလေး နှင့် ထွန်းခင်။
“မနက်ဖန်မနက်စောစောမှာ ငါရယ်၊ ငန်းနက်ရယ် ဈေးချိုကို သွားမယ်၊ ဘချစ် ကို ငရုတ်သီးက စစ်ကိုင်းမြို့ပြင်အထိလိုက်ပို့လိုက်၊ ပြီးရင် ဘချစ်က စစ်ကိုင်းဂါတ်အနီးအနားသွားပြီး ဦးလူဒုတ်အကြောင်း စုံစမ်းခဲ့။ သူ မန္တလေးကို ပြန်ပြောင်းရမှာသေချာလား။ ဘယ်ဂါတ်လဲဆိုတာ သိအောင်လုပ်။မသိမချင်း နေ့တိုင်းသွားစုံစမ်း”
“ကျွန်တော်တို့ကရော ဘာလုပ်ရမှာလဲ..ဆရာကြီး”
“ခါလေး မင်းနဲ့ ထွန်းခင် ကို လှမောင်နဲ့ဘမောင်က ရိုင်ဖယ်ပစ်တာ၊ စတင်းဂန်းပစ်တာ သင်ပေးလိမ့်မယ်..အခုချိန်မှာ မင်းတို့ လူလုံးပြလို့မဖြစ်သေးဘူး.”
“ကျွန်တော်က ဟိုဘရင်းဂန်းကြီး ပစ်ချင်တာ ဆရာကြီးရဲ့”
လူကောင်သေးသေးညှက်ညှက်၊ နှာခေါင်းချွန်ချွန်ဖြင့် ခါလေးက ပြောသဖြင့် ကျန်သူများက ရယ်လိုက်ကြသည်။
“အေး..ပစ်ရမယ်..ပစ်ရမယ်..စိတ်ချ”
နောက်တစ်နေ့ နံနက်တွင် စီစဉ်ထားသည့်အတိုင်း အသီးသီးထွက်ခွာကြသည်။
စိန်ဓါးမြှောင် ကား ခါလေးယူလာပေးသည့် လေးပင်လိမ်ဘန်ကောက်ပုဆိုးနှင့် ကုပ်အင်္ကျီ ဝတ်ကာ ဘိုကေကို ကျော့နေအောင်ဖီးထားလေသည်။
ငန်းနက် က ဘောင်ဘီရှည်အနက်နှင့် ဘလေဇာကုပ်ကို ဝတ်ထား၏။
ထိုနေ့ရက်များကား မန္တလေး၏ အစည်ကားဆုံးနှင့် အရှုပ်ထွေးဆုံးကာလများပင်။
ရန်ကုန်မှလူများသည် သယ်နိုင်သမျှပစ္စည်းများသယ်ကာ မန္တလေးသို့ ရောက်လာကြသည်။ မန္တလေးဈေးချို ၊ တရုတ်တန်းနှင့် ရပ်ကွက်အကြိုအကြားပါမကျန် ရန်ကုန်နှင့် အောက်ပြည်အောက်ရွာမှစစ်ပြေးများဖြင့် စည်ကားနေတော့သည်။
ရန်ကုန်မှ ကုန်တိုက်ကြီးများနှင့် အစိုးရရုံးများပါ မန္တလေးတွင် လာရောက်ပေါင်းစုံနေကြ၏။
ထိုသို့နှင့် ရှုပ်ရှုပ်ထွေးထွေးမန္တလေးသို့ စိန်ဓါးမြှောင် နှင့် ငန်းနက်သည် ရန်ကုန်မှ စစ်ပြေးလာသော တက္ကသိုလ်ကျောင်းသားများစတိုင်လ်ဝတ်ဆင်လျက် အောင်မြင်စွာ ခြေချနိုင်ခဲ့ကြသည်။
စိန်ဓါးမြှောင်က မြစ်ဆိပ်အရောက်တွင် ရှမ်းစုဘက်သို့ မြင်းလှည်းငှားလိုက်သည်။
“ကျုပ်တို့ ဘယ်ကိုသွားမှာလဲ..အကို”
ငန်းနက်က စိန်ဓါးမြှောင်ကို မေးလိုက်သည်။
“နန်းတော်ရှေ့ ဆီ သွားမလို့ကွ”
“ဗျာ..နန်းတော်ရှေ့ဆရာတင်လား…အကိုက ဆရာတင်နဲ့ သိတာလား”
“ဟိုရောက်တော့ သိမှာပေါ့ကွာ”
ရှမ်းစုရပ်ကွက်အတွင်းရှိ ဆိုက်ကားဂိတ်တစ်ခုသို့ ရောက်သောအခါ မြင်းလှည်းကို ရပ်လိုက်သည်။
၁၃၀၀ ပြည့်အရေးတော်ပုံကာလများအပြီးတွင် မန္တလေးမြို့သားများမှာ အမျိုးသားရေးစိတ်ဓာတ်အတက်ကြွဆုံး ဖြစ်နေခဲ့ပြီး လူမျိုးခြားပိုင် ဓာတ်ရထားကို စီးသည်နည်းသည်ထက် နည်းလာပြီး ဆိုက်ကားများ ရေပန်းစားလာခဲ့သည်။
ဓာတ်ရထားများမှာ ၃ ပဲတန်လက်မှတ်များထုတ်ရောင်းပြီး တစ်နေကုန်စီးခွင့်ပေးခဲ့ခြင်းဖြင့် ခရီးသည်များကို ဆွဲဆောင်ခဲ့သည်။
၃ ပဲတန်လက်မှတ်တစ်စောင်ဝယ်ထားရုံဖြင့် မြစ်ဆိပ်သို့လည်းကောင်း၊ မင်္ဂလာဈေးရုံကြီးသို့လည်းကောင်း ခေါက်တုံ့ခေါက်ပြန်စီးနိုင်ရုံမက အချင်းချင်း လက်မှတ်တစောင်ကို လက်ပြောင်းလက်လွှဲလုပ်ကာ စီးနိုင်သေး၏။
သို့သော် ဓာတ်ရထားများကား အမျိုးသားရေးစိတ်ဓာတ်နှင့်အတူ အင်အားကောင်းလာသော ဆိုက်ကားများကို မယှဉ်နိုင်ခဲ့။
နောက်ဆုံးဓါတ်ရထားများ မန္တလေးမြို့မှ ရုတ်သိမ်းလိုက်ရပြီး မနက်တစ်ခါ ညနေတစ်ခါ ဓာတ်ရထားလမ်းတစ်လျှောက် ရေဖြန်းထွက်ပေးသော ဓာတ်ရထားစိမ်းကြီးပါ ပျောက်ကွယ်သွားတော့သည်။
မန္တလေးတွင် အောင်ပွဲခံသွားသော ဆိုက်ကားများနှင့်အတူ ဆိုက်ကားဆရာလူတန်းစား အလုံးအရင်းနှင့် ပေါ်ပေါက်လာခဲ့သည်။
ဆိုက်ကားဆရာများနှင့်အတူ ဆိုက်ကားဂိတ်များ၊ အသင်းများလည်း အလျှိုလျှိုပေါ်လာကြသည်။
စိန်ဓါးမြှောင်က ရှမ်းစုရှေ့ဆီ ဆိုက်ကားဂိတ်တွင် ဆင်းလိုက်သည်။
“ဟေ့..နန်းတော်ရှေ့ ဘယ်မလဲကွ”
“ဂိတ်တဲအနောက်ဖက်မှာ ရှိပါတယ်…အကိုကြီး နဲ့.ချိန်းများထားလို့လား”
“အေး..မောင်ကလေး လာတယ်လို့ သွားပြောကွာ”
ငန်းနက်မှာ ပဟေဠိများဖြင့် သာ စိန်ဓါးမြှောင်နောက်လိုက်နေရ၏။
နာမည်ကျော် တေးရေးဆရာ နန်းတော်ရှေ့ဆရာတင်က ဆိုက်ကားဂိတ်မှာနေသည်တော့ မဟုတ်တန်ရာဟု တွေးသည်။
ခဏအကြာတွင် လူတစ်ယောက်ထွက်လာသည်။
အရပ်ထောင်ထောင်မောင်းမောင်း၊ ဗလတောင့်တောင့်ဖြင့် စွပ်ကျယ်လက်စက၊ ပုဆိုးခပ်တိုတိုဝတ်ထား၏။
စိန်ဓါးမြှောင် ကို အသေအချာကြည့်သည်။
“ဟာ..ကိုရင်ကြီး..လာ..လာ…အနောက်ကိုလာ”
ထိုသူကား မန္တလေး ဆိုက်ကားအသင်းများ၏ ခေါင်းဆောင် လူမိုက်အဖြစ် ထင်ရှားသူ နန်းတော်ရှေ့သိန်းမောင် ပင်တည်း။
နန်းတော်ရှေ့သိန်းမောင် သည် စိန်ဓါးမြှောင် ကိုရင်ကြီးဘဝက ယောနယ်တွင် ဆေးပညာသင်စဉ်က ရင်းနှီးခဲ့သူဖြစ်သည်။
ကိုယ်ခံပညာကျွမ်းကျင်ပြီး လက်ရဲဇက်ရဲရှိသဖြင့် စိန်ဓါးမြှောင် မန္တလေးသို့ အပြန် မန္တလေးပုလိပ်ထဲ ဝင်မည်ဟု ဆိုကာ မန္တလေးသို့ လိုက်လာခဲ့သည်။
စိန်ဓါးမြှောင် ရဟန်းဝတ်သည့် ချမ်းသာရကျောင်းတွင် တည်းခိုရင်း ၁၉၃၆ ခုနှစ်က မန္တလေးနန်းတော်ရှေ့တွင် ဓါးခုတ်မှုဖြစ်ခဲ့သည်။
နန်းတွင်းထောင်မှ ပန်ချာပီထောင်ကြပ်တစ်ဦးက သူ့ဇနီးအား ရိုက်နှက်နေသည်ကို အမြင်မတော်သဖြင့် ဝင်ပြောရာမှ စကားများကြပြီး သိန်းမောင်က ထောင်ကြပ်ကို ဓါးဖြင့် လိုက်ခုတ်ခဲ့ခြင်းဖြစ်သည်။
နန်းတွင်းရှိ အင်္ဂလိပ်စစ်တပ်များရှိရာသို့ ဝင်ပြေးသော ထောင်ကြပ်ကို ကျုံးရှေ့တွင် မှီသွားခဲ့ပြီး သိန်းမောင် ဓါးချက်ဖြင့် အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။
သိန်းမောင်လည်း နန်းတော်ရှေ့သိန်းမောင် ဟူသော ဘွဲ့ကိုရကာ ထောင်သုံးနှစ်ကျသွားခဲ့၏။
ယခုတော့ နန်းတော်ရှေ့သိန်းမောင်သည် ဆိုက်ကားဆရာလောကတွင် သြဇာကြီးသော လူမိုက်တစ်ယောက်ဖြစ်နေခဲ့ပေပြီ။
ဆိုက်ကားဂိတ်နောက်ဖက် မန်းကျည်းပင်အောက်တွင် ပက်လက်ကုလားထိုင်နှစ်လုံးနှင့် ခုံတစ်လုံးချထားသည်။
“ကြင်အေးရေ….နောက် ခုံတစ်လုံးပေးစမ်းကွာ”
ကြင်အေး ဆိုသူက ခုံတစ်လုံးလာချပေးသည်။
စိန်ဓါးမြှောင်နှင့် ငန်းနက်တို့ ဝင်ထိုင်လိုက်ကြသည်။
“ကိုရင်ကြီး သတင်းတွေ ကြားပါတယ်။ ပြော.. အခု ကျွန်တော့်ဆီလာတာ ဘာကိစ္စများလဲ”
“ငါ မင်းနဲ့ ပူးပေါင်းပြီး လုပ်ရမယ့်ကိစ္စရှိလို့”
“ဘာများလဲ.ကိုရင်ကြီး”
“မင်း တသက်လုံး ဆိုက်ကားဆရာလုပ်နေမှာလား..မော်တော်ကားလေး ဘာလေး မစီးချင်ဘူးလား”
“ဟာ…ဘယ်လိုပြောလိုက်တာလဲ..ကိုရင်ကြီးရာ..ဒီမန်းလေးကို လာကတည်းက ကားစီးချင်လို့လာတာ.. သြော်..ငါ့ပိုက်ဆံနဲ့ ငါမစီးနိုင်လည်း ပုလိပ်ဖြစ်ရင်တော့ အစိုးရကားစီးလို့ရတာပဲဆိုပြီး ခင်ဗျားကြီးအားကိုးနဲ့ လိုက်လာတာ..ထောင်ကား စီးလိုက်ရပါရောလား…ဟားဟား”
“အေးလေ.စီးရမှာပေါ့ကွ..ငါဖန်တီးပေးပါ့မယ်..ငါနဲ့သာ လက်တွဲလုပ်”
“အင်း..ကိုရင်ကြီး ကတော့ ကျွန်တော့်ကို ဓါးပြဇာတ်သွင်းပြီထင်တယ်”
“အေး..ဟုတ်တယ်…ဈေးဦးပေါက် ဈေးချိုကို စီးမယ်”
“ဟင်”
“ဟင်..လုပ်မနေနဲ့…ငါစီစဉ်စရာရှိတာ စီစဉ်မယ်..မင်းဆီမှာ စိတ်ချရတဲ့လူရှိလား”
“ကိုရင်ကြီး အလုပ်နဲ့ ကိုက်မယ့်လူကတော့ ခုန ကြင်အေး ဆိုတဲ့ကောင်ပဲ။ ဒီကောင်က ပဲခူးသား။ အင်္ဂလိပ်ဘားမားရိုင်ဖယ်တပ်က စစ်ပြေးပဲ။ ဒီမှာ ဇာတ်မြုပ်ပြီး ဆိုက်ကားလာနင်းနေတာ။ ဒီကောင်ဆို ပစ်တတ်ခတ်တတ်လည်းရှိတော့ စိတ်ချရတယ်”
“ဒီကောင်က ဓါးပြတိုက်ချင်ပါ့မလား”
“ကျွန်တော့်လူတွေက ကျွန်တော်တခွန်းပဲ..ကိုရင်ကြီး..”
“အေး ခေါ်လိုက်ကွာ”
“ဟေ့..ကြင်အေး..လာဦးကွ”
ဆံပင်တိုတိုပါးပါး၊ အရပ်ရှည်ရှည်ဖြင့် ကြင်အေးက လက်ကလေးနောက်ပစ်ကာ လာရပ်သည်။
“မင်း ဘရင်းဂန်း ကောင်းကောင်းပစ်တတ်သလားကွဲ့”
စိန်ဓါးမြှောင်က မေးလိုက်သည်။
“ပစ်တတ်ပါတယ်”
“ကဲ..သိန်းမောင်..ဒါဆို ဒီကောင့်ကို ငါ့ဆီ ခဏခေါ်သွားမယ်..ဘရင်းဂန်းတစ်လက် ရထားတာ ငါ့ကောင်တွေကို ပစ်နည်းသင်ပေးခိုင်းမလို့…မနက်ဖန်ကျ ဈေးချိုအီးရုံထိပ်မှာ မင်းငါ့ကိုစောင့်နေ…သိန်းမောင်”
“ကိုရင်ကြီး အဆင်ပြေသလိုလုပ်ပါ…ကဲ ကြင်အေး မင်းသူတို့နဲ့ လိုက်သွားလိုက်ကွာ..မင်းဆိုက်ကားကို ငါသိမ်းပေးထားမယ်”
စိန်ဓါးမြှောင်နှင့် ငန်းနက်တို့ ဆိုင်ကားဂိတ်ထဲမှ ပြန်ထွက်လာကြသည်။
အနောက်တွင် ကြင်အေး ပါလာ၏။
“အကို..ခင်ဗျားက ဓါးပြတိုက်မယ့်အကြောင်း ဒီလိုပဲ လျှောက်ပြောပြနေတာလားဗျ..ခင်ဗျား လူတွေက ယုံရပါ့မလား”
“ငါယုံပြီဆိုကတည်း ယုံလို့ရတဲ့လူမို့ ယုံတယ်လို့သာမှတ်..ငန်းနက်”
………………………………………………………………….
နောက်ရက်များတွင် စိန်ဓါးမြှောင် နှင့် ငန်းနက်တို့သည် မန္တလေးသို့ ပုံမှန်တက်သွားသည်။
နန်းတော်ရှေ့သိန်းမောင်နှင့်အတူ ဈေးချို၏ ဝင်လမ်းထွက်လမ်းများ၊ အနီးဆုံး ပုလိပ်ဌာနများကို မှတ်သားကာ ပုံကြမ်းဆွဲကြသည်။
မြေနုကျွန်းပေါ်တွင် ကျန်ရစ်သူများကို ကြင်အေး က ဘရင်းဂန်းပစ်နည်း၊ တခြားသေနတ်ပစ်ခတ်နည်းများကို စနစ်တကျသင်ပေးနေ၏။
ဦးလူဒုတ်မှာ မန္တလေး (၁၆)မှတ်ဂါတ်သို့ ပြန်လည်ပြောင်းရွှေ့ရသော်လည်း စစ်ကိုင်းအချုပ်ဖောက်ခံရမှုကြောင့် ရာထူးတဆင့်လျော့ခံလိုက်ရကြောင်း ဘချစ်ဆီမှ သတင်းပါလာသည်။
ထိုသတင်းသေချာသည်နှင့် စိန်ဓါးမြှောင်က နန်းတော်ရှေ့သိန်းမောင်၏ လူများကို သုံးကာ ဦးလူဒုတ်၏ နေ့စဉ် လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်နေစေတော့သည်။
စစ်ကိုင်းဘက်မှ သေနတ်များကို လှေဖြင့်သယ်ယူပြီး နန်းတော်ရှေ့သိန်းမောင်လူများက ဆိုက်ကားဖြင့် သယ်ကာ ဝှက်ပေးထားကြသည်။
အခါပေးသည့် ရက်ကား တရွေ့ရွေ့နီးလာခဲ့ပြီ။
တပို့တွဲလဆန်း ၁၂ ရက်နေ့ည။
စိန်ဓါးမြှောင်က မြေနုကျွန်းပေါ်တွင် လူစုကာအသေးစိတ်အစီအစဉ်များကို ရှင်းပြလိုက်သည်။
“အကို..အစီအစဉ်ကတော့ နေရာကျပါတယ်..ဒါပေမယ့် အကိုရယ်၊ ခါလေးရယ်၊ ကြင်အေးရယ်က ဘာလို့ ဈေးချိုကို မလိုက်တာလဲ”
“တိုက်ပြီးတာနဲ့ မင်းတို့ ဘေးကင်းကင်းနဲ့ စနစ်တကျဆုတ်လို့ရအောင် ငါ စီစဉ်ပေးမှာမို့ မလိုက်တာပါ..ပြီးတော့..ငါ့မှာ ရှင်းစရာကိစ္စလေးပါ တစ်ခါတည်းရှင်းမလို့.. မနက်ဖန်ကျ မင်းနားလည်မှာပါ..ငန်းနက်”
……………………………………….
၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်။ နေ့လည် ၁၁ နာရီ။
မန္တလေးမြို့၊ (၁၆)မှတ် ရဲဌာနရှေ့ရှိ မန်းကျည်းပင်ကြီးအောက်တွင် အထမ်းနှင့်ရောင်းသော မြီးရှည်သည် တစ်ဦး ရောက်နေသည်။
စခန်းအတွင်း လူများ ရှုတ်ထွေးနေစဉ် ဦးလူဒုတ်က နေ့လည်စာစားရန် အပြင်သို့ ထွက်လာသည်။
သူ့စက်ဘီးကို နင်းရန်ပြင်လိုက်စဉ် ချိန်းကြိုးမှာ ကျနေသည်ကို တွေ့ရသည်။
ဦးလူဒုတ်က စခန်းရှေ့မှ စက်ဘီးကိုတွန်းလာကာ မန်းကျည်းပင်အောက်တွင် ဒေါက်ထောက်ပြီး ချိန်းကို လက်ဖြင့်တင်နေ၏။
ထိုအချိန်တွင် မြီးရှည်သည်က ဦးလူဒုတ် နှင့် အနည်းငယ်ဝေးရာသို့ အထမ်းကို ရွှေ့လိုက်ပြီး ဖိနပ်ကို ဖင်ခုကာ ထိုင်လိုက်သည်။
ထို့နောက် လက်ခေါက်မှုတ်လိုက်သောအခါ မန်းကျည်းပင် အနောက်ဖက်ဆီမှ ဆိုက်ကားတစ်စီးက အမြန်နင်းချလာသည်။
ဆိုက်ကားပေါ်တွင် စောင်နှင့် အုပ်ထားသော အရာတစ်ခု။ ဆိုက်ကားနောက်တွင် ပါလာသူက ခါလေး။
“ဟေ့..လူဒုတ်..မင်းနောက်ကို ကြည့်လိုက်စမ်း”
ဦးလူဒုတ်က ချိန်းတင်နေရာမှ နောက်သို့ လှည့်ကြည့်လိုက်သောအခါ။
ခါလေး က စောင်ကို လွှားခနဲဖယ်လိုက်သည်။
ဆိုက်ကားပေါ်တွင် ဘရင်းဂန်းတစ်လက်။
ဦးလူဒုတ်က မြင်ကွင်းကို ကြောင်ကြည့်နေစဉ် ခါလေးက ဘရင်းဂန်းလက်ကိုင်ကို ကိုင်ကာ မောင်းဆွဲချလိုက်သည်။
“ဒက်..ဒက်..ဒက်..ဒက်..ဒက်”
ဦးလူဒုတ်မှ အနောက်ဖက် သုံးလေးပေအကွာသို့ လွင့်ထွက်သွား၏။
“ဟာ..ပစ်တယ်ဟေ့”
တဆက်တည်းတွင်ပင် ဂါတ်တဲဘက်ဆီသို့ အတွဲလိုက်ပစ်လိုက်သဖြင့် ဂါတ်တဲထဲမှ ပုလိပ်များ၊ လူများမှာ ရရာနေရာသို့ တိုးဝင်ကာ ဝပ်နေကြရသည်။
ကြင်အေးက ဆိုင်ကားကို အရှိန်ဖြင့်နင်းထွက်သွားပြီး..ခါလေးက ယမ်းငွေ့များ ထောင်းထောင်းထနေသော ဘရင်းဂန်းကို ပိုက်ကာ ဆိုင်ကားပေါ် ပါသွားတော့သည်။
သံချောင်းခေါက်သံများ ဆူညံသွားသည်။
ဂါတ်တဲတွင်း ကြေးနန်းဌာနမှလ(၁၆)မှတ် ဂါတ်ရှေ့တွင် တိုက်ပွဲဖြစ်နေကြောင်း သတင်းပို့သတင်းဖြန့်လိုက်သဖြင့် မန္တလေးမြို့ပေါ်ရှိ ဂါတ်များအားလုံးမှ ပုလိပ်များ အားလုံး (၁၆)မှတ် ဂါတ်ရှိရာသို့ ထွက်လာကြသည်။
လူများရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင် ဖြစ်စဉ်တစ်ခုလုံးအား အရသာခံကြည့်နေသာ မြီးရှည်သည်က ထလာပြီး အသက်ငင်နေသော ဦးလူဒုတ်နားကပ်ကာ စကားတစ်ခွန်းမေးလိုက်သည်။
“မြကြည်ဆီက ဖြုတ်ယူသွားတဲ့ နားကပ်တစ်ဖက် ဘယ်မှာလဲ”
ဦးလူဒုတ်မှာ ဘာမှမဖြေနိုင်။
သူ့ရှေ့တွင် မြင်နေရသော စိန်ဓါးမြှောင်ကို မျက်လုံးပြူးကြီးနှင့်ကြည့်နေရင်းမှ အသက်ထွက်သွားလေတော့သည်။
စိန်ဓါးမြှောင်က ဦးလူဒုတ် ခါးမှ ခြောက်လုံးပြူးကို ဆွဲဖြုတ်ကာ ခါးကြားထိုးလိုက်သည်။
ထို့နောက် အထမ်းကို ထမ်းကာ ခပ်အေးအေးပင် ထွက်ခွာသွား၏။
အချိန်အားဖြင့် သုံးမိနစ်အတွင်းမှာပင် ဂါတ်တဲတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။
တမြို့လုံးမှ ပုလိပ်အင်အားများလည်း ဆယ့်ခြောက်မှတ်ဂါတ်သို့ အသီးသီးရောက်လာကြသည်။
ထိုအချိန်တွင် ဈေးချိုတော်၊ အီးရုံအတွင်းကို ငန်းနက်၊ လှမောင်၊ ဘမောင်၊ ငရုတ်သီးဘရင်၊ ဘချစ်၊ ထွန်းခင် တို့က စတင်းဂန်းတစ်လက်၊ ဒူးလေးနှစ်လက်၊ ဓါးကိုယ်စီလွယ်ကာ စီးနင်းထား၏။
အပြင်ဘက်တွင် နန်းတော်ရှေ့သိန်းမောင်အဖွဲ့က ခြောက်လုံးပြူးတစ်လက်၊ ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် နေရာယူထားပြီး ဂျစ်ကားတစ်စီးပါ အသင့်ထိုးထားလေသည်။
လောကနာသန်စိန်ဘာဘူဆိုင်အပါအဝင် ရွှေဆိုင်များမှ ရွှေထည် ခြောက်သောင်းငါးထောင်ဖိုးနှင့် ငွေသားတစ်သောင်းခွဲနီးပါး ပါသွားကြသည်။
ပုလိပ်အဖွဲ့များမှာ (၁၆)မှတ်ဂါတ်ဘက်တွင် စုပြုံရောက်နေကြပြီး သတင်းရသဖြင့် ဈေးချိုသို့ ပြန်လာသောအခါ ဓါးပြများကား မရှိတော့ပြီ။
မကြာမီ မင်းတဲအီကင်းဘက်မှစက်လှေတစ်စီးသည် ဧရာဝတီမြစ်အတိုင်း စစ်ကိုင်းဘက်သို့ မောင်းနှင်ထွက်သွားလေ၏။
ငန်းနက်က လှေဦးတွင် ထိုင်ရင်း နဂါးဆေးပေါ့လိပ်ကို ဖွာနေသည့် စိန်ဓါးမြှောင် ဆီသို့ လျှောက်လာသည်။
“တကယ်ကို လေးစားပါတယ်..အကို…ကျွန်တော်တို့ဆီ အချိန်မီပုလိပ်တွေ မလာနိုင်အောင် .. ဟိုဘက်မှာ အကို သေချာစီစဉ်ထားတာပဲ”
စိန်ဓါးမြှောင်က သူ့လက်ဖဝါးပေါ်မှ နားကပ်လေးတစ်ဖက်ကို ကြည့်နေသည်။
“ဒီတစ်ဖက်က မြကြည်ကို ငါတင်တောင်းဖို့ ဝယ်ပေးထားတဲ့ မင်္ဂလာဦးနားကပ်လေးတွေထဲက တစ်ဖက်ပေါ့ ။ လောကနာသံဆိုင် ကို တိုက်ရာပါထဲက ရှာတွေ့တာ။ နောက်တစ်ဖက်က ဘယ်မှာလဲဆိုတာ ဦးလူဒုတ်က မပြောသွားပဲ သေသွားတယ်ကွာ”
“အကိုရာ…ဘရင်းဂန်းနဲ့ ခြောက်ပစ်လည်းရတာကို ဦးလူဒုတ်ကို ဘာလို့ အသေပစ်သတ်ခိုင်းရတာလဲ”
“ဘယ်တတ်နိုင်မလဲကွာ။ သူက မြကြည် ပါးကို လိမ်ဆွဲတာကိုကွ”
စိန်ဓါးမြှောင်ဖွာနေသော နဂါးဆေးပေါ့လိပ်မှ မီးစများက မြစ်ပြင်မှ လေတဖြူးဖြူးတွင်အနောက်ဖက်သို့ ဖွာခနဲ လွင်စင်သွားကြသည်။
ခက်ဇော်
အခန်း(၉)၊သဘက်ခါ
The Guys From Mandalay,1950s
အခန္း(၈)
……………
၁၉၄၂ ဇန္နဝါရီလ ၂၀ ရက္။
ႏွစ္ဆယ္ရက္ေျမာက္ေန႔တြင္ေတာ့ င႐ုတ္သီးဘရင္ႏွင့္ ဘခ်စ္တို႔၏ ေလွေပၚတြင္ ခါေလး ပါလာသည္။
ခါေလးတစ္ေယာက္တည္းမဟုတ္။
ေနာက္ထပ္ သူႏွင့္႐ြယ္တူ တစ္ေယာက္ပင္ ပါလာခဲ့သည္။
ငန္းနက္က မႏၲေလးဘက္တြင္ရွိေသာ သူ႔အခ်ိတ္အဆက္မ်ားထံမွ ႐ိုင္ဖယ္က်ည္ဆံႏွင့္ စတင္းက်ည္မ်ား ထပ္မံမွာယူၿပီး စိန္ဓါးေျမႇာင္ႏွင့္ ဘေမာင္၊ လွေမာင္တို႔ကို ေသနတ္ပစ္သင္ေပးေနသည္။
“ဆရာႀကီးေရ..ခါေလး ေရာက္လာၿပီဗ်ိဳး”
င႐ုတ္သီးဘရင္ အသံေၾကာင့္ ႐ိုင္ဖယ္ေသနတ္ကို ေမာင္းတင္ေနေသာ စိန္ဓါးေျမႇာင္ လွည့္ၾကည့္လိုက္သည္။
ထို႔ေနာက္ ေသနတ္၏ လုံၿခဳံေရးခလုတ္ကို ခ်လိုက္ၿပီး ခါေလးထံ ေလွ်ာက္သြားသည္။
“ခါေလး…ျမၾကည္..ျမၾကည္ေရာ…”
“မမၾကည္ ဘာမွမျဖစ္ဘူး..ဆရာႀကီး..ဘာမွမျဖစ္ဘူး”
ထိုအခါမွ စိန္ဓါးေျမႇာင္က စိတ္ေအးသြားဟန္ျဖင့္ သက္ျပင္းခ်လိုက္သည္။
ခါေလး ေနာက္တြင္ ပါေသာ လူငယ္ကို စိန္ဓါးေျမႇာင္ သတိထားမိသြား၏။
“သူက ဘယ္သူလဲ..ခါေလး”
“ေက်ာက္ပန္းေတာင္းက ကြၽန္ေတာ့္ငယ္သူငယ္ခ်င္းပါ..သူလည္း ဆရာႀကီးဆီမွာ တပည့္ခံရင္း ကြၽန္ေတာ္တို႔နဲ႔အတူတူအလုပ္လုပ္ခ်င္လို႔တဲ့..ထြန္းခင္လို႔ ေခၚပါတယ္”
“ငါတို႔ အလုပ္ကိုေရာ သူသိလား”
“သိပါတယ္..ဆရာႀကီး. ကြၽန္ေတာ္ေျပာျပထားၿပီးသားပါ”
ခဏအၾကာတြင္ စတင္းဂန္းကိုင္ထားေသာ ငန္းနက္ႏွင့္ ဘေမာင္တို႔ညီအစ္ကို ေရာက္လာသျဖင့္ တဲအိမ္ေရွ႕ေျမသလင္းတြင္ ခင္းထားေသာ ဖ်ာေပၚတြင္ အားလုံးထိုင္လိုက္ၾကသည္။
ခါေလးေခၚလာသည့္ ထြန္းခင္က ပုခုံးေပၚတြင္ထမ္းထားေသာ ေလထီးစျဖင့္ ပတ္ထားသည့္ အရာဝတၳဳကို ခ်လိုက္သည္။
“ဒီမွာက ဆရာႀကီး ဝယ္ခိုင္းလိုက္တဲ့ ပစၥည္းေတြနဲ႔ ဆရာႀကီးရဲ႕ အဝတ္အစားေတြပါ”
ခါေလးက သူ႔လြယ္ထားေသာ လြယ္အိတ္ကို ထိုးေပးလိုက္သည္။
“ဟိုေလထီးစ နဲ႔ ပတ္ထားတာကေရာ ဘာလဲကြ”
“ကြၽန္ေတာ့္အေဖရွိတဲ့ ေက်ာက္ပန္းေတာင္းဘက္ကို မမၾကည္ကို သြားပို႔ရင္း ကြၽန္ေတာ္ ဟိုမွာ ခဏေအာင္းေနတယ္ဆရာ။ အဲ့ဒီမွာ ခ်န္ေကရွိတ္ရဲ႕ တ႐ုတ္တပ္မဟာ ၁၁၃ ေရာက္ေနတယ္ဆရာ။ လက္နက္ေတြေရာ၊ ဆီသြပ္ဗူးေတြေရာ ကားေတြေပၚ အျပည့္ပဲ။ အနီးအနားက ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ညညဆို တ႐ုတ္စစ္သားေတြကို ခ်က္အရက္သြားေရာင္းတယ္။ သူတို႔မူးလာရင္ ကားေပၚက ဆီသြပ္ဗူးေတြခိုးၾကတာ။ တည မူးမူးနဲ႔ ေလထီးစနဲ႔ ပတ္ထားတဲ့ ဒါႀကီးကို ဆီသြပ္ဗူးေသတၱာမွတ္လို႔ ဒီေကာင္ေတြမခ်လာတာ အထဲမွာ ဒီေသနတ္ႀကီးနဲ႔ က်ည္ဆံေတြျဖစ္ေနတယ္ဆရာႀကီး။ အဲ့ဒါနဲ႔ သူတို႔လည္း ဘာလုပ္ရမွန္းမသိတာနဲ႔ ကြၽန္ေတာ္လည္း ၃၅ က်ပ္ေပးၿပီး ဝယ္လာခဲ့လိုက္တာ။ ကြၽန္ေတာ္တို႔ အတြက္ လိုအပ္မယ္ထင္လို႔”
ခါေလးက ေလထီးစကို ျဖင့္ ပတ္ထားသည့္ေသတၱာကို ဖြင့္ျပလိုက္သည္။
“ဟာ ဘရင္းဂန္းပဲ”
ငန္းနက္က ေသနတ္ကိုျမင္သည္ႏွင့္ ဝမ္းသာအားရေအာ္ၿပီး အနားကပ္သြားသည္။
“အထဲမွာ က်ည္ေတြေရာေဟ့…ပြတာပဲ”
စိန္ဓါးေျမႇာင္က ဘရင္းဂန္းေသနတ္ကို တစ္ခ်က္လွမ္းၾကည့္ၿပီးမွ
“ေနပါဦး..မင္းက ျမၾကည္ကို ေက်ာက္ပန္းေတာင္း သြားပို႔တာလား..ဘာျဖစ္လို႔လဲ”
“ကြၽန္ေတာ္ အစအဆုံးေျပာျပမယ္..ဆရာႀကီး..အဲ့ဒီေန႔ ညေနက ကြၽန္ေတာ္ မန္းေလးဆင္းသြားေတာ့ ျမစ္ဆိပ္မွာ ပုလိပ္ေတြ ေျခခ်င္းလိမ္ေနတာပဲ။ ဒါနဲ႔ ကြၽန္ေတာ္လည္း အရမ္းအရဲမကိုးရဲေတာ့ ညနက္မွ ဆရာႀကီးေယာကၡမအိမ္ကို ဝင္မယ္လို႔ စိတ္ကူးလိုက္တယ္။ ညဦးပိုင္းက်ဆရာႀကီးေယာကၡမအိမ္ကိုေရာက္တယ္။ မျမၾကည္ကို ဆရာႀကီး ေပးလိုက္တဲ့ ေငြေပးရင္း ဆရာႀကီးမွာတာေတြေျပာတာေပါ့။ ညက်ေတာ့ ကြၽန္ေတာ္တို႔အိပ္ေနၾကတုန္း..အိမ္ေရွ႕က အသံေတြၾကားရတယ္။ ကြၽန္ေတာ္က အိမ္ေရွ႕ခန္းအိပ္တာဆိုေတာ့ အသာေခ်ာင္းၾကည့္ေတာ့ ပုလိပ္ေတြဆရာ။ ဒါနဲ႔ ကြၽန္ေတာ္လည္း ထုတ္တန္းေပၚမွာ အသာတက္ၿပီး ပုန္းေနလိုက္တယ္။ ပုလိပ္ဦးလူဒုတ္ႀကီး ေတာ္ေတာ္ ေဒါသထြက္ေနတယ္ဆရာ။ ဆရာ့ေယာကၡမကိုလည္း ပါးေတြ နားေတြ႐ိုက္ၿပီး လက္ထိပ္ခတ္ေခၚသြားတယ္။ ၿပီးေတာ့..ၿပီးေတာ့..ဒီလူ မေကာင္းဘူးဆရာ”
“ဘာျဖစ္လို႔လဲ..ခါေလး..ဒီေကာင္..ဒီေကာင္ ဘာလုပ္လဲ”
“မျမၾကည္ကို သူက ေျပာတယ္။ မၾကာခင္ နင့္လင္ဓါးျပ ကို ငါကိုယ္တိုင္ပစ္သတ္မယ္။ နင္ကိုေတာ့ သနားပါတယ္။ နင္က တစ္သားေမြးတစ္ေသြးလွ..ေသြးသားေတြေျပာင္းၿပီး ပိုေတာင္လွေနေတာ့ မုဆိုးမျဖစ္သြားမွာ ႏွေျမာပါတယ္ ဆိုၿပီး ပါးကို လိမ္ဆြဲသြားတယ္..ဆရာႀကီး”
“ဘာကြ..ဘာလုပ္သြားတယ္”
“ပါးကို လိမ္ဆြဲသြားတာဆရာ”
စိန္ဓါးေျမႇာင္က ဘာစကားမွမေျပာပဲ ခါေလးကို စိမ္းစိမ္းႀကီးစိုက္ၾကည့္ေနသျဖင့္ ခါေလး မ်က္ႏွာ ေသြးမရွိသလိုျဖဴေလ်ာ္သြားသည္။
“ၿပီးေတာ့ဘာဆက္ျဖစ္လဲ..ဘာဆက္လုပ္လဲ..ေျပာ..ခါေလး”
“ဘာမွ ဆက္မျဖစ္ပါဘူး..ဆရာႀကီး..ဦးလူဒုတ္ျပန္သြားပါတယ္..အဲ့ဒီေတာ့မွ ကြၽန္ေတာ္လည္း ထုတ္တန္းေပၚကဆင္းၿပီး မမၾကည္ဆီသြားပါတယ္။ ဒီတိုင္းဆို ဦးလူဒုတ္တို႔ မမၾကည္ကို မၾကာခဏ လာဒုကၡေပးေနမွာစိုးတာနဲ႔ ကြၽန္ေတာ့္အေဖရွိတဲ့ ေက်ာက္ပန္းေတာင္းကို ပို႔ထားဖို႔ ေျပာတာ့ မမၾကည္က လက္ခံပါတယ္။ အဖမ္းခံေနရတဲ့ ဦးေလးသိန္းအတြက္ေတာ့ ကိုဘေသာ္ဆီ မမၾကည္နဲ႔ ကြၽန္ေတာ္သြားၿပီး လိုအပ္တာ စီစဥ္ေပးဖို႔ ေငြႏွစ္ရာေပးခဲ့ပါတယ္..ဆရာႀကီး”
“အခု ျမၾကည္က ေက်ာက္ပန္းေတာင္းက မင္းအိမ္မွာေပါ့”
“ဟုတ္ပါတယ္..ဆရာႀကီး..ကြၽန္ေတာ့္ အမအပ်ိဳႀကီးလည္းရွိပါတယ္”
“ျမၾကည္ကို ဟိုပုလိပ္က ပါးကို ဆြဲလိမ္တယ္ေပါ့..ေသခ်ာလား”
“ဟုတ္ပါတယ္..ဆရာႀကီး..ပါးကို ဆြဲလိမ္႐ုံပါပဲ..တျခားဘာမွ မလုပ္သြားပါဘူး”
စိန္ဓါးေျမႇာင္ က ထိုင္ေနရာမွ ထလိုက္သည္။
ထို႔ေနာက္ ဘရင္းဂန္းကို စိတ္ဝင္စားေနေသာ ငန္းနက္ႏွင့္ င႐ုတ္သီးဘရင္ ရွိရာကို ေလွ်ာက္သြားလိုက္၏။
“ဒီတပို႔တြဲလဆန္း ၁၃ ရက္ေန႔ ေဈးခ်ိဳကို ဝင္တိုက္မယ္။ ညက် အစီအစဥ္ဆြဲမယ္”
…………………………………………………………………………………………
ဧရာဝတီျမစ္ေျမႏုကြၽန္းကေလးေပၚတြင္ မီးပုံကေလး တစ္ပုံဖိုထားသည္။
မီးပုံပတ္ခ်ာလည္တြင္ လူရွစ္ဦး ဝိုင္းဖြဲ႕ထိုင္ေနၾကသည္။
စိန္ဓါးေျမႇာင္၊ ငန္းနက္၊ ဘခ်စ္၊ င႐ုတ္သီးဘရင္၊ ဘေမာင္၊ လွေမာင္၊ ခါေလး ႏွင့္ ထြန္းခင္။
“မနက္ဖန္မနက္ေစာေစာမွာ ငါရယ္၊ ငန္းနက္ရယ္ ေဈးခ်ိဳကို သြားမယ္၊ ဘခ်စ္ ကို င႐ုတ္သီးက စစ္ကိုင္းၿမိဳ႕ျပင္အထိလိုက္ပို႔လိုက္၊ ၿပီးရင္ ဘခ်စ္က စစ္ကိုင္းဂါတ္အနီးအနားသြားၿပီး ဦးလူဒုတ္အေၾကာင္း စုံစမ္းခဲ့။ သူ မႏၲေလးကို ျပန္ေျပာင္းရမွာေသခ်ာလား။ ဘယ္ဂါတ္လဲဆိုတာ သိေအာင္လုပ္။မသိမခ်င္း ေန႔တိုင္းသြားစုံစမ္း”
“ကြၽန္ေတာ္တို႔ကေရာ ဘာလုပ္ရမွာလဲ..ဆရာႀကီး”
“ခါေလး မင္းနဲ႔ ထြန္းခင္ ကို လွေမာင္နဲ႔ဘေမာင္က ႐ိုင္ဖယ္ပစ္တာ၊ စတင္းဂန္းပစ္တာ သင္ေပးလိမ့္မယ္..အခုခ်ိန္မွာ မင္းတို႔ လူလုံးျပလို႔မျဖစ္ေသးဘူး.”
“ကြၽန္ေတာ္က ဟိုဘရင္းဂန္းႀကီး ပစ္ခ်င္တာ ဆရာႀကီးရဲ႕”
လူေကာင္ေသးေသးညႇက္ညႇက္၊ ႏွာေခါင္းခြၽန္ခြၽန္ျဖင့္ ခါေလးက ေျပာသျဖင့္ က်န္သူမ်ားက ရယ္လိုက္ၾကသည္။
“ေအး..ပစ္ရမယ္..ပစ္ရမယ္..စိတ္ခ်”
ေနာက္တစ္ေန႔ နံနက္တြင္ စီစဥ္ထားသည့္အတိုင္း အသီးသီးထြက္ခြာၾကသည္။
စိန္ဓါးေျမႇာင္ ကား ခါေလးယူလာေပးသည့္ ေလးပင္လိမ္ဘန္ေကာက္ပုဆိုးႏွင့္ ကုပ္အက်ႌ ဝတ္ကာ ဘိုေကကို ေက်ာ့ေနေအာင္ဖီးထားေလသည္။
ငန္းနက္ က ေဘာင္ဘီရွည္အနက္ႏွင့္ ဘေလဇာကုပ္ကို ဝတ္ထား၏။
ထိုေန႔ရက္မ်ားကား မႏၲေလး၏ အစည္ကားဆုံးႏွင့္ အရႈပ္ေထြးဆုံးကာလမ်ားပင္။
ရန္ကုန္မွလူမ်ားသည္ သယ္ႏိုင္သမွ်ပစၥည္းမ်ားသယ္ကာ မႏၲေလးသို႔ ေရာက္လာၾကသည္။ မႏၲေလးေဈးခ်ိဳ ၊ တ႐ုတ္တန္းႏွင့္ ရပ္ကြက္အႀကိဳအၾကားပါမက်န္ ရန္ကုန္ႏွင့္ ေအာက္ျပည္ေအာက္႐ြာမွစစ္ေျပးမ်ားျဖင့္ စည္ကားေနေတာ့သည္။
ရန္ကုန္မွ ကုန္တိုက္ႀကီးမ်ားႏွင့္ အစိုးရ႐ုံးမ်ားပါ မႏၲေလးတြင္ လာေရာက္ေပါင္းစုံေနၾက၏။
ထိုသို႔ႏွင့္ ရႈပ္ရႈပ္ေထြးေထြးမႏၲေလးသို႔ စိန္ဓါးေျမႇာင္ ႏွင့္ ငန္းနက္သည္ ရန္ကုန္မွ စစ္ေျပးလာေသာ တကၠသိုလ္ေက်ာင္းသားမ်ားစတိုင္လ္ဝတ္ဆင္လ်က္ ေအာင္ျမင္စြာ ေျခခ်ႏိုင္ခဲ့ၾကသည္။
စိန္ဓါးေျမႇာင္က ျမစ္ဆိပ္အေရာက္တြင္ ရွမ္းစုဘက္သို႔ ျမင္းလွည္းငွားလိုက္သည္။
“က်ဳပ္တို႔ ဘယ္ကိုသြားမွာလဲ..အကို”
ငန္းနက္က စိန္ဓါးေျမႇာင္ကို ေမးလိုက္သည္။
“နန္းေတာ္ေရွ႕ ဆီ သြားမလို႔ကြ”
“ဗ်ာ..နန္းေတာ္ေရွ႕ဆရာတင္လား…အကိုက ဆရာတင္နဲ႔ သိတာလား”
“ဟိုေရာက္ေတာ့ သိမွာေပါ့ကြာ”
ရွမ္းစုရပ္ကြက္အတြင္းရွိ ဆိုက္ကားဂိတ္တစ္ခုသို႔ ေရာက္ေသာအခါ ျမင္းလွည္းကို ရပ္လိုက္သည္။
၁၃၀၀ ျပည့္အေရးေတာ္ပုံကာလမ်ားအၿပီးတြင္ မႏၲေလးၿမိဳ႕သားမ်ားမွာ အမ်ိဳးသားေရးစိတ္ဓာတ္အတက္ႂကြဆုံး ျဖစ္ေနခဲ့ၿပီး လူမ်ိဳးျခားပိုင္ ဓာတ္ရထားကို စီးသည္နည္းသည္ထက္ နည္းလာၿပီး ဆိုက္ကားမ်ား ေရပန္းစားလာခဲ့သည္။
ဓာတ္ရထားမ်ားမွာ ၃ ပဲတန္လက္မွတ္မ်ားထုတ္ေရာင္းၿပီး တစ္ေနကုန္စီးခြင့္ေပးခဲ့ျခင္းျဖင့္ ခရီးသည္မ်ားကို ဆြဲေဆာင္ခဲ့သည္။
၃ ပဲတန္လက္မွတ္တစ္ေစာင္ဝယ္ထား႐ုံျဖင့္ ျမစ္ဆိပ္သို႔လည္းေကာင္း၊ မဂၤလာေဈး႐ုံႀကီးသို႔လည္းေကာင္း ေခါက္တုံ႔ေခါက္ျပန္စီးႏိုင္႐ုံမက အခ်င္းခ်င္း လက္မွတ္တေစာင္ကို လက္ေျပာင္းလက္လႊဲလုပ္ကာ စီးႏိုင္ေသး၏။
သို႔ေသာ္ ဓာတ္ရထားမ်ားကား အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္အတူ အင္အားေကာင္းလာေသာ ဆိုက္ကားမ်ားကို မယွဥ္ႏိုင္ခဲ့။
ေနာက္ဆုံးဓါတ္ရထားမ်ား မႏၲေလးၿမိဳ႕မွ ႐ုတ္သိမ္းလိုက္ရၿပီး မနက္တစ္ခါ ညေနတစ္ခါ ဓာတ္ရထားလမ္းတစ္ေလွ်ာက္ ေရျဖန္းထြက္ေပးေသာ ဓာတ္ရထားစိမ္းႀကီးပါ ေပ်ာက္ကြယ္သြားေတာ့သည္။
မႏၲေလးတြင္ ေအာင္ပြဲခံသြားေသာ ဆိုက္ကားမ်ားႏွင့္အတူ ဆိုက္ကားဆရာလူတန္းစား အလုံးအရင္းႏွင့္ ေပၚေပါက္လာခဲ့သည္။
ဆိုက္ကားဆရာမ်ားႏွင့္အတူ ဆိုက္ကားဂိတ္မ်ား၊ အသင္းမ်ားလည္း အလွ်ိဳလွ်ိဳေပၚလာၾကသည္။
စိန္ဓါးေျမႇာင္က ရွမ္းစုေရွ႕ဆီ ဆိုက္ကားဂိတ္တြင္ ဆင္းလိုက္သည္။
“ေဟ့..နန္းေတာ္ေရွ႕ ဘယ္မလဲကြ”
“ဂိတ္တဲအေနာက္ဖက္မွာ ရွိပါတယ္…အကိုႀကီး နဲ႔.ခ်ိန္းမ်ားထားလို႔လား”
“ေအး..ေမာင္ကေလး လာတယ္လို႔ သြားေျပာကြာ”
ငန္းနက္မွာ ပေဟဠိမ်ားျဖင့္ သာ စိန္ဓါးေျမႇာင္ေနာက္လိုက္ေနရ၏။
နာမည္ေက်ာ္ ေတးေရးဆရာ နန္းေတာ္ေရွ႕ဆရာတင္က ဆိုက္ကားဂိတ္မွာေနသည္ေတာ့ မဟုတ္တန္ရာဟု ေတြးသည္။
ခဏအၾကာတြင္ လူတစ္ေယာက္ထြက္လာသည္။
အရပ္ေထာင္ေထာင္ေမာင္းေမာင္း၊ ဗလေတာင့္ေတာင့္ျဖင့္ စြပ္က်ယ္လက္စက၊ ပုဆိုးခပ္တိုတိုဝတ္ထား၏။
စိန္ဓါးေျမႇာင္ ကို အေသအခ်ာၾကည့္သည္။
“ဟာ..ကိုရင္ႀကီး..လာ..လာ…အေနာက္ကိုလာ”
ထိုသူကား မႏၲေလး ဆိုက္ကားအသင္းမ်ား၏ ေခါင္းေဆာင္ လူမိုက္အျဖစ္ ထင္ရွားသူ နန္းေတာ္ေရွ႕သိန္းေမာင္ ပင္တည္း။
နန္းေတာ္ေရွ႕သိန္းေမာင္ သည္ စိန္ဓါးေျမႇာင္ ကိုရင္ႀကီးဘဝက ေယာနယ္တြင္ ေဆးပညာသင္စဥ္က ရင္းႏွီးခဲ့သူျဖစ္သည္။
ကိုယ္ခံပညာကြၽမ္းက်င္ၿပီး လက္ရဲဇက္ရဲရွိသျဖင့္ စိန္ဓါးေျမႇာင္ မႏၲေလးသို႔ အျပန္ မႏၲေလးပုလိပ္ထဲ ဝင္မည္ဟု ဆိုကာ မႏၲေလးသို႔ လိုက္လာခဲ့သည္။
စိန္ဓါးေျမႇာင္ ရဟန္းဝတ္သည့္ ခ်မ္းသာရေက်ာင္းတြင္ တည္းခိုရင္း ၁၉၃၆ ခုႏွစ္က မႏၲေလးနန္းေတာ္ေရွ႕တြင္ ဓါးခုတ္မႈျဖစ္ခဲ့သည္။
နန္းတြင္းေထာင္မွ ပန္ခ်ာပီေထာင္ၾကပ္တစ္ဦးက သူ႔ဇနီးအား ႐ိုက္ႏွက္ေနသည္ကို အျမင္မေတာ္သျဖင့္ ဝင္ေျပာရာမွ စကားမ်ားၾကၿပီး သိန္းေမာင္က ေထာင္ၾကပ္ကို ဓါးျဖင့္ လိုက္ခုတ္ခဲ့ျခင္းျဖစ္သည္။
နန္းတြင္းရွိ အဂၤလိပ္စစ္တပ္မ်ားရွိရာသို႔ ဝင္ေျပးေသာ ေထာင္ၾကပ္ကို က်ဳံးေရွ႕တြင္ မွီသြားခဲ့ၿပီး သိန္းေမာင္ ဓါးခ်က္ျဖင့္ အျပင္းအထန္ဒဏ္ရာရသြားခဲ့သည္။
သိန္းေမာင္လည္း နန္းေတာ္ေရွ႕သိန္းေမာင္ ဟူေသာ ဘြဲ႕ကိုရကာ ေထာင္သုံးႏွစ္က်သြားခဲ့၏။
ယခုေတာ့ နန္းေတာ္ေရွ႕သိန္းေမာင္သည္ ဆိုက္ကားဆရာေလာကတြင္ ၾသဇာႀကီးေသာ လူမိုက္တစ္ေယာက္ျဖစ္ေနခဲ့ေပၿပီ။
ဆိုက္ကားဂိတ္ေနာက္ဖက္ မန္းက်ည္းပင္ေအာက္တြင္ ပက္လက္ကုလားထိုင္ႏွစ္လုံးႏွင့္ ခုံတစ္လုံးခ်ထားသည္။
“ၾကင္ေအးေရ….ေနာက္ ခုံတစ္လုံးေပးစမ္းကြာ”
ၾကင္ေအး ဆိုသူက ခုံတစ္လုံးလာခ်ေပးသည္။
စိန္ဓါးေျမႇာင္ႏွင့္ ငန္းနက္တို႔ ဝင္ထိုင္လိုက္ၾကသည္။
“ကိုရင္ႀကီး သတင္းေတြ ၾကားပါတယ္။ ေျပာ.. အခု ကြၽန္ေတာ့္ဆီလာတာ ဘာကိစၥမ်ားလဲ”
“ငါ မင္းနဲ႔ ပူးေပါင္းၿပီး လုပ္ရမယ့္ကိစၥရွိလို႔”
“ဘာမ်ားလဲ.ကိုရင္ႀကီး”
“မင္း တသက္လုံး ဆိုက္ကားဆရာလုပ္ေနမွာလား..ေမာ္ေတာ္ကားေလး ဘာေလး မစီးခ်င္ဘူးလား”
“ဟာ…ဘယ္လိုေျပာလိုက္တာလဲ..ကိုရင္ႀကီးရာ..ဒီမန္းေလးကို လာကတည္းက ကားစီးခ်င္လို႔လာတာ.. ေၾသာ္..ငါ့ပိုက္ဆံနဲ႔ ငါမစီးႏိုင္လည္း ပုလိပ္ျဖစ္ရင္ေတာ့ အစိုးရကားစီးလို႔ရတာပဲဆိုၿပီး ခင္ဗ်ားႀကီးအားကိုးနဲ႔ လိုက္လာတာ..ေထာင္ကား စီးလိုက္ရပါေရာလား…ဟားဟား”
“ေအးေလ.စီးရမွာေပါ့ကြ..ငါဖန္တီးေပးပါ့မယ္..ငါနဲ႔သာ လက္တြဲလုပ္”
“အင္း..ကိုရင္ႀကီး ကေတာ့ ကြၽန္ေတာ့္ကို ဓါးျပဇာတ္သြင္းၿပီထင္တယ္”
“ေအး..ဟုတ္တယ္…ေဈးဦးေပါက္ ေဈးခ်ိဳကို စီးမယ္”
“ဟင္”
“ဟင္..လုပ္မေနနဲ႔…ငါစီစဥ္စရာရွိတာ စီစဥ္မယ္..မင္းဆီမွာ စိတ္ခ်ရတဲ့လူရွိလား”
“ကိုရင္ႀကီး အလုပ္နဲ႔ ကိုက္မယ့္လူကေတာ့ ခုန ၾကင္ေအး ဆိုတဲ့ေကာင္ပဲ။ ဒီေကာင္က ပဲခူးသား။ အဂၤလိပ္ဘားမား႐ိုင္ဖယ္တပ္က စစ္ေျပးပဲ။ ဒီမွာ ဇာတ္ျမဳပ္ၿပီး ဆိုက္ကားလာနင္းေနတာ။ ဒီေကာင္ဆို ပစ္တတ္ခတ္တတ္လည္းရွိေတာ့ စိတ္ခ်ရတယ္”
“ဒီေကာင္က ဓါးျပတိုက္ခ်င္ပါ့မလား”
“ကြၽန္ေတာ့္လူေတြက ကြၽန္ေတာ္တခြန္းပဲ..ကိုရင္ႀကီး..”
“ေအး ေခၚလိုက္ကြာ”
“ေဟ့..ၾကင္ေအး..လာဦးကြ”
ဆံပင္တိုတိုပါးပါး၊ အရပ္ရွည္ရွည္ျဖင့္ ၾကင္ေအးက လက္ကေလးေနာက္ပစ္ကာ လာရပ္သည္။
“မင္း ဘရင္းဂန္း ေကာင္းေကာင္းပစ္တတ္သလားကြဲ႕”
စိန္ဓါးေျမႇာင္က ေမးလိုက္သည္။
“ပစ္တတ္ပါတယ္”
“ကဲ..သိန္းေမာင္..ဒါဆို ဒီေကာင့္ကို ငါ့ဆီ ခဏေခၚသြားမယ္..ဘရင္းဂန္းတစ္လက္ ရထားတာ ငါ့ေကာင္ေတြကို ပစ္နည္းသင္ေပးခိုင္းမလို႔…မနက္ဖန္က် ေဈးခ်ိဳအီး႐ုံထိပ္မွာ မင္းငါ့ကိုေစာင့္ေန…သိန္းေမာင္”
“ကိုရင္ႀကီး အဆင္ေျပသလိုလုပ္ပါ…ကဲ ၾကင္ေအး မင္းသူတို႔နဲ႔ လိုက္သြားလိုက္ကြာ..မင္းဆိုက္ကားကို ငါသိမ္းေပးထားမယ္”
စိန္ဓါးေျမႇာင္ႏွင့္ ငန္းနက္တို႔ ဆိုင္ကားဂိတ္ထဲမွ ျပန္ထြက္လာၾကသည္။
အေနာက္တြင္ ၾကင္ေအး ပါလာ၏။
“အကို..ခင္ဗ်ားက ဓါးျပတိုက္မယ့္အေၾကာင္း ဒီလိုပဲ ေလွ်ာက္ေျပာျပေနတာလားဗ်..ခင္ဗ်ား လူေတြက ယုံရပါ့မလား”
“ငါယုံၿပီဆိုကတည္း ယုံလို႔ရတဲ့လူမို႔ ယုံတယ္လို႔သာမွတ္..ငန္းနက္”
………………………………………………………………….
ေနာက္ရက္မ်ားတြင္ စိန္ဓါးေျမႇာင္ ႏွင့္ ငန္းနက္တို႔သည္ မႏၲေလးသို႔ ပုံမွန္တက္သြားသည္။
နန္းေတာ္ေရွ႕သိန္းေမာင္ႏွင့္အတူ ေဈးခ်ိဳ၏ ဝင္လမ္းထြက္လမ္းမ်ား၊ အနီးဆုံး ပုလိပ္ဌာနမ်ားကို မွတ္သားကာ ပုံၾကမ္းဆြဲၾကသည္။
ေျမႏုကြၽန္းေပၚတြင္ က်န္ရစ္သူမ်ားကို ၾကင္ေအး က ဘရင္းဂန္းပစ္နည္း၊ တျခားေသနတ္ပစ္ခတ္နည္းမ်ားကို စနစ္တက်သင္ေပးေန၏။
ဦးလူဒုတ္မွာ မႏၲေလး (၁၆)မွတ္ဂါတ္သို႔ ျပန္လည္ေျပာင္းေ႐ႊ႕ရေသာ္လည္း စစ္ကိုင္းအခ်ဳပ္ေဖာက္ခံရမႈေၾကာင့္ ရာထူးတဆင့္ေလ်ာ့ခံလိုက္ရေၾကာင္း ဘခ်စ္ဆီမွ သတင္းပါလာသည္။
ထိုသတင္းေသခ်ာသည္ႏွင့္ စိန္ဓါးေျမႇာင္က နန္းေတာ္ေရွ႕သိန္းေမာင္၏ လူမ်ားကို သုံးကာ ဦးလူဒုတ္၏ ေန႔စဥ္ လႈပ္ရွားသြားလာမႈမ်ားကို ေစာင့္ၾကည့္ေနေစေတာ့သည္။
စစ္ကိုင္းဘက္မွ ေသနတ္မ်ားကို ေလွျဖင့္သယ္ယူၿပီး နန္းေတာ္ေရွ႕သိန္းေမာင္လူမ်ားက ဆိုက္ကားျဖင့္ သယ္ကာ ဝွက္ေပးထားၾကသည္။
အခါေပးသည့္ ရက္ကား တေ႐ြ႕ေ႐ြ႕နီးလာခဲ့ၿပီ။
တပို႔တြဲလဆန္း ၁၂ ရက္ေန႔ည။
စိန္ဓါးေျမႇာင္က ေျမႏုကြၽန္းေပၚတြင္ လူစုကာအေသးစိတ္အစီအစဥ္မ်ားကို ရွင္းျပလိုက္သည္။
“အကို..အစီအစဥ္ကေတာ့ ေနရာက်ပါတယ္..ဒါေပမယ့္ အကိုရယ္၊ ခါေလးရယ္၊ ၾကင္ေအးရယ္က ဘာလို႔ ေဈးခ်ိဳကို မလိုက္တာလဲ”
“တိုက္ၿပီးတာနဲ႔ မင္းတို႔ ေဘးကင္းကင္းနဲ႔ စနစ္တက်ဆုတ္လို႔ရေအာင္ ငါ စီစဥ္ေပးမွာမို႔ မလိုက္တာပါ..ၿပီးေတာ့..ငါ့မွာ ရွင္းစရာကိစၥေလးပါ တစ္ခါတည္းရွင္းမလို႔.. မနက္ဖန္က် မင္းနားလည္မွာပါ..ငန္းနက္”
……………………………………….
၁၉၄၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၈ ရက္။ ေန႔လည္ ၁၁ နာရီ။
မႏၲေလးၿမိဳ႕၊ (၁၆)မွတ္ ရဲဌာနေရွ႕ရွိ မန္းက်ည္းပင္ႀကီးေအာက္တြင္ အထမ္းႏွင့္ေရာင္းေသာ ၿမီးရွည္သည္ တစ္ဦး ေရာက္ေနသည္။
စခန္းအတြင္း လူမ်ား ရႈတ္ေထြးေနစဥ္ ဦးလူဒုတ္က ေန႔လည္စာစားရန္ အျပင္သို႔ ထြက္လာသည္။
သူ႔စက္ဘီးကို နင္းရန္ျပင္လိုက္စဥ္ ခ်ိန္းႀကိဳးမွာ က်ေနသည္ကို ေတြ႕ရသည္။
ဦးလူဒုတ္က စခန္းေရွ႕မွ စက္ဘီးကိုတြန္းလာကာ မန္းက်ည္းပင္ေအာက္တြင္ ေဒါက္ေထာက္ၿပီး ခ်ိန္းကို လက္ျဖင့္တင္ေန၏။
ထိုအခ်ိန္တြင္ ၿမီးရွည္သည္က ဦးလူဒုတ္ ႏွင့္ အနည္းငယ္ေဝးရာသို႔ အထမ္းကို ေ႐ႊ႕လိုက္ၿပီး ဖိနပ္ကို ဖင္ခုကာ ထိုင္လိုက္သည္။
ထို႔ေနာက္ လက္ေခါက္မႈတ္လိုက္ေသာအခါ မန္းက်ည္းပင္ အေနာက္ဖက္ဆီမွ ဆိုက္ကားတစ္စီးက အျမန္နင္းခ်လာသည္။
ဆိုက္ကားေပၚတြင္ ေစာင္ႏွင့္ အုပ္ထားေသာ အရာတစ္ခု။ ဆိုက္ကားေနာက္တြင္ ပါလာသူက ခါေလး။
“ေဟ့..လူဒုတ္..မင္းေနာက္ကို ၾကည့္လိုက္စမ္း”
ဦးလူဒုတ္က ခ်ိန္းတင္ေနရာမွ ေနာက္သို႔ လွည့္ၾကည့္လိုက္ေသာအခါ။
ခါေလး က ေစာင္ကို လႊားခနဲဖယ္လိုက္သည္။
ဆိုက္ကားေပၚတြင္ ဘရင္းဂန္းတစ္လက္။
ဦးလူဒုတ္က ျမင္ကြင္းကို ေၾကာင္ၾကည့္ေနစဥ္ ခါေလးက ဘရင္းဂန္းလက္ကိုင္ကို ကိုင္ကာ ေမာင္းဆြဲခ်လိုက္သည္။
“ဒက္..ဒက္..ဒက္..ဒက္..ဒက္”
ဦးလူဒုတ္မွ အေနာက္ဖက္ သုံးေလးေပအကြာသို႔ လြင့္ထြက္သြား၏။
“ဟာ..ပစ္တယ္ေဟ့”
တဆက္တည္းတြင္ပင္ ဂါတ္တဲဘက္ဆီသို႔ အတြဲလိုက္ပစ္လိုက္သျဖင့္ ဂါတ္တဲထဲမွ ပုလိပ္မ်ား၊ လူမ်ားမွာ ရရာေနရာသို႔ တိုးဝင္ကာ ဝပ္ေနၾကရသည္။
ၾကင္ေအးက ဆိုင္ကားကို အရွိန္ျဖင့္နင္းထြက္သြားၿပီး..ခါေလးက ယမ္းေငြ႕မ်ား ေထာင္းေထာင္းထေနေသာ ဘရင္းဂန္းကို ပိုက္ကာ ဆိုင္ကားေပၚ ပါသြားေတာ့သည္။
သံေခ်ာင္းေခါက္သံမ်ား ဆူညံသြားသည္။
ဂါတ္တဲတြင္း ေၾကးနန္းဌာနမွလ(၁၆)မွတ္ ဂါတ္ေရွ႕တြင္ တိုက္ပြဲျဖစ္ေနေၾကာင္း သတင္းပို႔သတင္းျဖန႔္လိုက္သျဖင့္ မႏၲေလးၿမိဳ႕ေပၚရွိ ဂါတ္မ်ားအားလုံးမွ ပုလိပ္မ်ား အားလုံး (၁၆)မွတ္ ဂါတ္ရွိရာသို႔ ထြက္လာၾကသည္။
လူမ်ား႐ုတ္႐ုတ္သဲသဲျဖစ္ေနခ်ိန္တြင္ ျဖစ္စဥ္တစ္ခုလုံးအား အရသာခံၾကည့္ေနသာ ၿမီးရွည္သည္က ထလာၿပီး အသက္ငင္ေနေသာ ဦးလူဒုတ္နားကပ္ကာ စကားတစ္ခြန္းေမးလိုက္သည္။
“ျမၾကည္ဆီက ျဖဳတ္ယူသြားတဲ့ နားကပ္တစ္ဖက္ ဘယ္မွာလဲ”
ဦးလူဒုတ္မွာ ဘာမွမေျဖႏိုင္။
သူ႔ေရွ႕တြင္ ျမင္ေနရေသာ စိန္ဓါးေျမႇာင္ကို မ်က္လုံးျပဴးႀကီးႏွင့္ၾကည့္ေနရင္းမွ အသက္ထြက္သြားေလေတာ့သည္။
စိန္ဓါးေျမႇာင္က ဦးလူဒုတ္ ခါးမွ ေျခာက္လုံးျပဴးကို ဆြဲျဖဳတ္ကာ ခါးၾကားထိုးလိုက္သည္။
ထို႔ေနာက္ အထမ္းကို ထမ္းကာ ခပ္ေအးေအးပင္ ထြက္ခြာသြား၏။
အခ်ိန္အားျဖင့္ သုံးမိနစ္အတြင္းမွာပင္ ဂါတ္တဲတစ္ခုလုံး အုတ္ေအာ္ေသာင္းနင္းျဖစ္ကုန္သည္။
တၿမိဳ႕လုံးမွ ပုလိပ္အင္အားမ်ားလည္း ဆယ့္ေျခာက္မွတ္ဂါတ္သို႔ အသီးသီးေရာက္လာၾကသည္။
ထိုအခ်ိန္တြင္ ေဈးခ်ိဳေတာ္၊ အီး႐ုံအတြင္းကို ငန္းနက္၊ လွေမာင္၊ ဘေမာင္၊ င႐ုတ္သီးဘရင္၊ ဘခ်စ္၊ ထြန္းခင္ တို႔က စတင္းဂန္းတစ္လက္၊ ဒူးေလးႏွစ္လက္၊ ဓါးကိုယ္စီလြယ္ကာ စီးနင္းထား၏။
အျပင္ဘက္တြင္ နန္းေတာ္ေရွ႕သိန္းေမာင္အဖြဲ႕က ေျခာက္လုံးျပဴးတစ္လက္၊ ႐ိုင္ဖယ္ေသနတ္တစ္လက္ျဖင့္ ေနရာယူထားၿပီး ဂ်စ္ကားတစ္စီးပါ အသင့္ထိုးထားေလသည္။
ေလာကနာသန္စိန္ဘာဘူဆိုင္အပါအဝင္ ေ႐ႊဆိုင္မ်ားမွ ေ႐ႊထည္ ေျခာက္ေသာင္းငါးေထာင္ဖိုးႏွင့္ ေငြသားတစ္ေသာင္းခြဲနီးပါး ပါသြားၾကသည္။
ပုလိပ္အဖြဲ႕မ်ားမွာ (၁၆)မွတ္ဂါတ္ဘက္တြင္ စုၿပဳံေရာက္ေနၾကၿပီး သတင္းရသျဖင့္ ေဈးခ်ိဳသို႔ ျပန္လာေသာအခါ ဓါးျပမ်ားကား မရွိေတာ့ၿပီ။
မၾကာမီ မင္းတဲအီကင္းဘက္မွစက္ေလွတစ္စီးသည္ ဧရာဝတီျမစ္အတိုင္း စစ္ကိုင္းဘက္သို႔ ေမာင္းႏွင္ထြက္သြားေလ၏။
ငန္းနက္က ေလွဦးတြင္ ထိုင္ရင္း နဂါးေဆးေပါ့လိပ္ကို ဖြာေနသည့္ စိန္ဓါးေျမႇာင္ ဆီသို႔ ေလွ်ာက္လာသည္။
“တကယ္ကို ေလးစားပါတယ္..အကို…ကြၽန္ေတာ္တို႔ဆီ အခ်ိန္မီပုလိပ္ေတြ မလာႏိုင္ေအာင္ .. ဟိုဘက္မွာ အကို ေသခ်ာစီစဥ္ထားတာပဲ”
စိန္ဓါးေျမႇာင္က သူ႔လက္ဖဝါးေပၚမွ နားကပ္ေလးတစ္ဖက္ကို ၾကည့္ေနသည္။
“ဒီတစ္ဖက္က ျမၾကည္ကို ငါတင္ေတာင္းဖို႔ ဝယ္ေပးထားတဲ့ မဂၤလာဦးနားကပ္ေလးေတြထဲက တစ္ဖက္ေပါ့ ။ ေလာကနာသံဆိုင္ ကို တိုက္ရာပါထဲက ရွာေတြ႕တာ။ ေနာက္တစ္ဖက္က ဘယ္မွာလဲဆိုတာ ဦးလူဒုတ္က မေျပာသြားပဲ ေသသြားတယ္ကြာ”
“အကိုရာ…ဘရင္းဂန္းနဲ႔ ေျခာက္ပစ္လည္းရတာကို ဦးလူဒုတ္ကို ဘာလို႔ အေသပစ္သတ္ခိုင္းရတာလဲ”
“ဘယ္တတ္ႏိုင္မလဲကြာ။ သူက ျမၾကည္ ပါးကို လိမ္ဆြဲတာကိုကြ”
စိန္ဓါးေျမႇာင္ဖြာေနေသာ နဂါးေဆးေပါ့လိပ္မွ မီးစမ်ားက ျမစ္ျပင္မွ ေလတျဖဴးျဖဴးတြင္အေနာက္ဖက္သို႔ ဖြာခနဲ လြင္စင္သြားၾကသည္။
ခက္ေဇာ္
အခန္း(၉)၊သဘက္ခါ
🗡️💎🗡️
ReplyDeleteClicked💫
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDelete🔥
ReplyDeleteDone
ReplyDeletedone
ReplyDeleteDone
ReplyDelete