The Guys From Mandalay,1950s အခန်း(၁၆)

The Guys From Mandalay,1950s

အခန်း(၁၆)
.... ....... ......
                                                                       ...................
မတ်လ (၁၁)ရက်။
အိုးဘိုမြောက်ကျောင်းအတွင်းတွင်တော့ အခြေအနေက တည်ငြိမ်နေသည်။

စိန်ဓါးမြှောင်၊ ငန်းနက် ၊ လှမောင်၊ ကြင်အေးတို့သည် ဘုန်းကြီးကျောင်းအတွင်း စုစည်းထားခဲ့သော လက်နက်များအနက်မှ စိန်ပြောင်းတစ်လက်နှင့် ဘရင်းဂန်း၊ တော်မီဂန်းများကို သင်္ကန်းအဟောင်းများနှင့်ပတ်ကာ သိမ်းဆည်းနေကြ၏။

ခါလေး  ကားခေါ်လာသည့်အခါ အသင့်ထွက်နိုင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

သို့သော် ထိုနေ့ တစ်နေ့လုံး ခါလေး ရောက္မလာ။
ခါလေးသည် ဝါဆိုဝါပိုညီအစ်ကိုနှင့် ချိတ်ဆက်ရန် မတ္တရာသို့ ရောက်သွားခဲ့သော်လည်း မတ္တရာအထွက်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့နှင့် ဝါဆိုဝါပိုညီအကိုအဖွဲ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်နေသဖြင့် မန္တလေးသို့သာ လှည့်ပြန်ခဲ့ရသည်။

အိုးဘိုမြောက်ကျောင်းတိုက်သို့ ရောက်သောအခါ အရပ်ဝတ်နှင့် ပုလိပ်များက ပတ်လည်ဝိုင်းထားသည်ကိုတွေ့သဖြင့် ခါလေးမှာ မည်သို့မျှ မတတ်နိုင်တော့ပဲ ရွှေတချောင်းမြောင်းတစ်ဖက်ရှိ ချမ်းသာရထုံးကုန်းဘုန်းကြီးကျောင်းတွင် ဝင်ခိုနေရသည်။

အပြင်တွင်ရှိနေသော တင့်ဆွေနှင့် ထွန်းခင်မှာလည်း သန်းမောင်ကို အာမခံရအောင်ကြိုးစားသော်လည်း အချည်းအနှီးဖြစ်ခဲ့ရသည်။

ထွန်းခင်ကိုပင် ပုလိပ်ဘက်မှ မသင်္ကာသဖြင့် လိုက်လံဖမ်းဆီးသောကြောင့် ထွန်းခင်မှာ မန္တလေးတောင်ပေါ်တွင် သွားရောက်ပုန်းအောင်နေရသည်။

ထိုသို့နှင့် အိုးဘိုးမြောက်ကျောင်းတွင် စိန်ဓါးမြှောင်အဖွဲ့မှာ တညကုန်လွန်ခဲ့တော့သည်။
.........................................
မတ်လ ၁၂ ရက်နေ့။ နေ့လည် ၂ နာရီ။
ဘုန်းကြီးကျောင်းအတွင်းမှ ရှိသည့် ရိက္ခာများကို ချက်ပြုတ်စားသောက်ပြီးနောက်  ကျောင်းပေါ်တွင် စိန်ဓါးမြှောင်နှင့် ငန်းနက်တို့ လှဲလျောင်းကာ စကားပြောနေကြသည်။

ကျောင်းဝန်းအလယ်ရှိ ဇရပ်တွင် ကြင်အေးနှင့် လူငယ်(၁ဝ)ဦး ဝိုင်းဖွဲ့စကားပြောနေကြ၏။
လှမောင်ကား လက်နက်များထားသည့် ကျောင်းတိုက်တွင် အိပ်ပျော်နေသည်။

ထိုအချိန်တွင် ကျောင်းတိုက်အပြင်မှ ကားသံကြားရသဖြင့် စိန်ဓါးမြှောင်က မတ်တပ်ထရပ်လိုက်သည်။

“ခါလေး လာပြီထင်တယ်..ငန်းနက်”

စိန်ဓါးမြှောင်၏ စကားပင်မဆုံးလိုက်...ပုလိပ်လော်ရီကားက ကျောင်းတံခါးကို ဝုန်းခနဲ တိုက်ဖွင့်ဝင်လာသည်ကို တွေ့လိုက်ရသည်။

နောက်ထပ် လော်ရီကားသုံးစင်း လည်း ဝင်လာပြီး ပုလိပ်နှင့် စစ်ရဲများဆင်းလာကြသည်။

“ကျောင်းပေါ်တက် နေရာယူဟေ့”

ကြင်အေးက လက်ထဲမှ စတင်းဂန်းဖြင့် တစ်ချက်မွှေ့လိုက်ပြီး အမိန့်ပေးလိုက်သည်။
လူငယ်အုပ်စုက ထောင်ထားသော လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ ကျောင်းတိုက်များပေါ် တက်ပြေးကြသည်။

ပုလိပ်အဖွဲ့က ကားများကို အကာအကွယ်ယူကာ ရိုင်ဖယ်သေနတ်များဖြင့် ကျောင်းပေါ်သို့ ပစ်ခတ်ကြသည်။
ဂျစ်ကားပေါ်မှ ဆင်းလာသော ရာဇဝတ်အုပ်ဦးချစ်ပုံ နှင့် ပုလိပ်သားမောင်ကို တို့သည် သေနတ်ကိုယ်စီဖြင့် ကျောင်းပေါ်ပြေးတက်သွားကြသည်။

သူတို့နောက်မှ ပုလိပ်အိတ်စပတ်တော်ဦးကောက်နှင့် မစ္စတာပင့်ချ်နှင့် ဌာနအုပ် ဦးတုတ်ကလေးတို့ က ခြောက်လုံးပြူးကိုယ်စီဖြင့် လိုက်တက်သွားသည်။
ကြင်အေး က ကျောင်းခေါင်မိုးပေါ်သို့ ကျော်တက်ကာ အပေါ်စီးမှ ကျောင်းလှေကားသို့ တက်လာနေသော ပုလိပ်များကို စတင်းဖြင့်ပစ်သည်။

စိန်ဓါးမြှောင်နှင့် ငန်းနက်သည် လက်နက်များထားရာအခန်းသို့ ပြေးသွားကြ၏။
အခန်းဝတွင် လှမောင်က ဘရင်းဂန်းကိုင်ကာ ပြေးထွက်လာသည်။

“လှမောင်...ကျောင်းပေါ်ကနေ ‌‌‌ဒေါက်ထောက်ပြီး နောက်ကောင်တွေ တက်မလာရဲအောင် ပစ်ဟေ့”

လှမောင်က ကျောင်းလက်ရမ်းတွင် ဘရင်းဂန်းကို ဒေါက်ထောက်ကာ အတွဲလိုက်ပစ်ခတ်လိုက်သည်။
ငန်းနက်ကလည်း နောက်ထပ် ဘရင်းဂန်းတစ်လက်ဖြင့် ပစ်သည်။

စိန်ဓါးမြှောင်က တော်မီဂန်းကို လွယ်ကာ အော်ဟစ်အမိန့်ပေးနေသည်။

ကျောင်းပေါ်သို့ စီးမိထားသော ဦးချစ်ပုံအဖွဲ့လက်ချက်ဖြင့် မြင်းခြံသား ကံလှ၊ ချစ်ဉာဏ် တို့ သေနတ်မှန်ကာ လဲကျသွားသည်။

ပုလိပ်ဘက္မှလည်း တစ်ယောက်ကျသွား၏။

စိန်ဓါးမြှောင်အဖွဲ့မှ ၂၅ ယောက်ခန့် အင်အားရှိပြီး ပုလိပ်အဖွဲ့ အင်အား ၃၀ နှင့် ကျောင်းရှေ့တွင် ရင်ဆိုင်ပစ်ခတ်နေသည်။

ထိုအချိန်တွင် ဗိုလ်ဌေးမောင်ဦးဆောင်သော စစ်ရဲ အင်အား ၁၅ ဦးက ကျောင်းအနောက်ဘက်မှ ပတ်ဝင်ကာ ပစ်ခတ်ကြပြန်သည်။

ကျောင်းအနောက်ဘက်ကို ကျောပေးလျက် ပစ်ခတ်နေသူ လှအောင် သေနတ်မှန်ကာ ကျသွား၏။

“အနောက်မှာ တဖွဲ့ဟေ့..ဂျစ်ကီး၊ ခင်မောင် လက်ပစ်ဗုံးသေတ္တာတွေသွားသယ်ဟေ့”

စိန်ဓါးမြှောင် အမိန့်‌‌ပေးသံကြောင် ဂျစ်ကီးနှင့် ခင်မောင် သည် ကျည်ဆံများကြားမှ လက်ပစ်ဗုံးသေတ္တာကို သွားသယ်ကာ စိန်ဓါးမြှောင်တို့ လူစုဆီ ပြန်ယူလာသည်။

စိန်ဓါးမြှောင်တို့မှ ကျောင်းဆောင်များပေါ်တွင် ပစောက်ပုံနေရာယူထားပြီး အလယ်တွင် ဦးချစ်ပုံ၊ မစ္စတာပင့်တို့ အဖွဲ့က စီးနင်းထားသည်။

ကျောင်းဝန်းအတွင်းတွင် ရဲဝန်ထောက်မစ္စတာကရောစဘီ၊ ရာဇဝတ်အုပ်ဦးသာချစ်တို့ ပုလိပ်အဖွဲ့က ကျောင်းပေါ် တက်နိုင်ရေး ကြိုးစားပစ်ခတ်နေကြ၏။

မကြာမီ စိန်ဓါးမြှောင်အဖွဲ့ထံမှ လက်ပစ်ဗုံးများ ထွက်လာပြီး ကျောင်းဝင်းအတွင်း ပေါက်ကွဲတော့သည်။
အလယ်ကျောင်းကို စီးနင်းထားသည့်အဖွဲ့မှ ရာဇဝတ်အုပ် ဦးပုကလေးမှာ လက်ပစ်ဗုံးမှန်သဖြင့် ဒဏ်ရာရသွားသည်။

လက်ပစ်ဗုံးများဖြင့် တအုံးအုံး ထုနေသဖြင့် မစ္စတာကရောစဘီက  ကျောင်းပေါ်‌ရောက်နေသော ပုလိပ်များကို ဆုတ်ခွာရန် အမိန့်ပေးသည်။

အနောက်ဖက်ခြမ်းတွင်မူ ဘချစ်နှင့် အဖွဲ့က  ဘရင်းဂန်းနှင့် လက်ပစ်ဗုံးများကို အသုံးပြုကာ ပစ်ခတ်နေသဖြင့် ဗိုလ်ဌေးမောင် ၏ စစ်ရဲတပ်မှာ ကျောင်းစည်းရိုးအထိ ပြန်ဆုတ်သွားကြသည်။

ထိုအချိန်အထိ စိန်ဓါးမြှောင်အဖွဲ့မှ လေးဦးကျသွားပြီး ပုလိပ်အဖွဲ့မှ တစ်ယောက်ကျကာ အရာရှိဦးပုကလေး ဒဏ်ရာရသွားသည်။

အခြေအနေမှာ နှစ်ဖက်စလုံး ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေကြ၏။

ညနေ (၃)နာရီတွင် အထက္မြန်မာပြည်ရာဇဝတ်ဝန်ကြီး မစ္စတာအက်ဒဝပ်နှင့် စုံထောက်မင်းကြီး ဦးပြူး တို့ဦးစီးသော နောက်ထပ် ပုလိပ်အင်အား (၃၀)ခန့် စစ်ကူရောက်လာကြသည်။

အင်အားတောင့်လာပြီဖြစ်သဖြင့် ပစ်အားသုံးပြီး ကျောင်းပေါ်သို့ တက်ရန် ကြိုးစားကြသည်။
ထိုအချိန်တွင် ငန်းနက်က ကျောင်းအတွင်း သင်္ကန်းဖြင့် ပတ်ထားသော စိန်ပြောင်းကို ထုတ်လာကာ.. ကျောင်းလသာဆောင်ပေါ်မှ ထောင်လိုက်သည်။

ထို့နောက် ကျောင်းပြင်ဘက်မှ ပစ်နေသော ပုလိပ်အဖွဲ့ကို စိန်ပြောင်းဖြင့် ပစ်သဖြင့် စစ်ကူပုလိပ်အဖွဲ့မှ ဖရိုဖရဲ ပြန်ဆုတ်သွားရပြန်သည်။

ကျောင်းပြင်စစ်ကူအဖွဲ့ ပစ်အားကို ယူကာ တက်လာသော အဖွဲ့များမှာလည်း လက်ပစ်ဗုံးများ ဖိပစ်ခံရသဖြင့် ရှေ့ဆက်မတိုးနိုင်ပဲဝပ်သာ နေကြရသည်။
တိုက်ပွဲကား နှစ်နာရီတိုင်ကြာခဲ့ပြီ။ ပုလိပ်တို့ကား ကျောင်းကို မသိမ်းနိုင်သေးသကဲ့သို့ စိန်ဓါးမြှောင်အဖွဲ့မှလည်း မဖောက်ထွက်နိုင်သေး။

ညနေ ၄ နာရီတွင် ကျောင်းနောက်မှ တိုက်နေသော စစ်ရဲ ဗိုလ်ဌေးမောင်အဖွဲ့မှ ရုတ်တရက် ဆုတ်ခွာသွားသည်။

“အနောက်ဘက်မှာ ရှင်းသွားပြီ...ဦးလေးကြီး”

ဘချစ်က လှမ်းအော်သည်။

“ငန်းနက်..ကြင်အေး..လှမောင်...မင်းတို့လူတွေကို ပြော..နောက်ဖက်ကနေ ငါတို့ ခွာဆုတ်ဆုတ်မယ်”
စိန်ဓါးမြှောင်က အမိန့်ပေးလိုက်ပြီး တော်မီဂန်းကို ပစ်ချကာ..ခြောက်လုံးပြူးကို ကိုင်ရင်း နောက်ဖက်သို့ ထွက်သည်။

ကြင်အေးက ကျောင်းခေါင်မိုးပေါ်မှ ခုန်ဆင်းပြီး နောက်ပေါက်သို့ ထွက်လိုက်ချိန်တွင် ကျည်ဆံတစ်ခု ခေါင်းကို ဖောက်ဝင်ကာ လဲကျသွား၏။

ကျောင်းနောက်ဖေးသို့ စိန်ဓါးမြှောင်ကြည့်လိုက်သည့်အခါ လက်နက်ကိုယ်စီဖြင့် စနစ်တကျ နေရာယူထားသော အင်္ဂလိပ်စစ်တပ်ကို တွေ့လိုက်ရသည်။

ပြည်ထဲရေးဝန်ကြီးဦးနု၏ အကူအညီတောင်းမှုကြောင့် နန်းတွင်းတွင် တပ်ဆွဲထားသော ဗြိတိသျှတပ်မတော်၊ ကြောင်နက်အထူးတပ်မှ စစ်သားများ စစ်ကူရောက်ရှိလာကြခြင်းဖြစ်သည်။

လက်မောင်းတွင် ကြောင်နက်ဘက်တံဆိပ်များတပ်ထားကြသည့် ဒုတိယကမ္ဘာစစ်၏ နာမည်ကျော် ကြောင်နက်ကွန်မန်ဒိုများသည် ကျောင်းကို စနစ်တကျ ဝင်စီးရန် ပြင်ဆင်နေကြပြီဖြစ်သည်။

စစ်ပွဲအတွေ့အကြုံကြွယ်ဝသည့် ကြောင်နက်စစ်တပ်ဝင်လာပြီးသည့်နောက် တိုက်ပွဲအခြေအနေမှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားသည်။

စိန်ဓါးမြှောင်အဖွဲ့မှ အားကိုးရသော စစ်သားလူထွက် ကြင်အေးအပါအဝင် နှစ်ဦး ထပ်ကျသွားပြီဖြစ်သည်။

“ဆရာကြီး တို့ ရွှေတချောင်းဘက်ရောက်အောင်ပြေး..ကျွန်တော်ကာပစ်ထားမယ်”

“ငန်းနက်.နဲ့ ဘချစ်.မင်းတို့ မြကြည်တို့ဆီ ရောက်အောင်သွား...ငါတို့ နောက်ကလိုက်ခဲ့မယ်”

စိန်ဓါးမြှောင်က လက်ပစ်ဗုံးကို စနက်တံကိုက်ဖြုတ်ကာ တစ်ချက်ပစ်လိုက်သည်။

‌ကျောင်းအရှေ့နှင့်အနောက်မှ တက်လာကြသော ကြောင်နက်စစ်တပ်မှ ခေတ္တမျှ တန့်သွား၏။

ငန်းနက်နှင့် ဘချစ်တို့မှာ ကျောင်းဘေးဘက် စည်းရိုးကို ကျော်တက်ကာ ထွက်ပြေးသွားကြသည်။

သို‌သော် အပြင်ဘက်မှ ပုလိပ်အဖွဲ့မှ‌တွေ့ရှိသဖြင့် နောက်မှ လိုက်လံပစ်ခတ်ရာ ဘချစ်၏ ကျောကုန်းကို ကျည်မှန်ကာ ဘချစ် ဖမ်းဆီးခံလိုက်ရသည်။

ငန်းနက်ကား လွတ်မြောက်သွားလေပြီ။

ကျောင်းထဲမှ စိန်ဓါးမြှောင်အဖွဲ့သားများမှာ လက်နက်ချသူချ..ခြေဦးတည့်ရာပြေးသူ‌ပြေး ဖြစ်နေကြစဥ် ကျောင်းနောက်ရေတွင်းအနီးတွင် စိန်ဓါးမြှောင်၊ လှမောင်တို့ နှင့် ကြောင်နက်စစ်တပ်တို့ ပစ်ခတ်နေကြဆဲပင်။

“လှမောင်..မင်းပြေးတော့..ဟေ့ကောင်..အနှင်းကလေးမှာ ကိုယ်ဝန်နဲ့ဟ..ငါခံချထားမယ်..ပြေးပြေး”

စိန်ဓါးမြှောင် စကားမဆုံးခင်မှာပင် ကြောင်နက်စစ်တပ်မှ လက်ပစ်ဗုံးတစ်လုံးက သူတို့ အနီးလာကျတော့သည်။
ဝုန်းခနဲ အသံကြီးအောက်ဝယ် လှမောင်  မြောက်တက်သွားသည်။

ပုလိပ်အဖွဲ့က ကျောင်းကို သိမ်းပိုက်မိပြီဖြစ်သည်။
ကြောင်နက်အဖွဲ့က လက်နက်ချသူများကို စုစည်းပြီး လက်နက်များကို လိုက်လံရှာဖွေနေသည်။

စိန်ဓါးမြှောင်ကို ရှာမတွေ့။

“စိန်ဓါးမြှောင်ကို ရအောင်ရှာဟေ့...လွတ်သွားပြီလားမသိဘူး”

ပုလိပ်အဖွဲ့မှာ ကျောင်းအတွင်း စိန်ဓါးမြှောင်ကို လိုက်ရှာကြသော်လည်း အရိပ်အယောင်မျှပင်မတွေ့ရ။

“အထဲမှာလူ..လူရှိတယ်ဟေ့..”

ရာဇဝတ်ဝန်ကလေး ဦးစောထွန်းဦး အသံကြောင့် ပုလိပ်အဖွဲ့များအားလုံး ရေတွင်းကို ဝိုင်းလိုက်ကြသည်။

လက်ပစ်ဗုံးဒဏ်ကြောင့် ရေတွင်းအမိုးမှာ ပြိုကျပျက်စီးပြီး ရေတွင်းကို ဖုံးသွားခြင်းဖြစ်သည်။

 ရေတွင်းဘေးတွင် သွေးတလူးလူးဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော လှမောင်၏ အလောင်းနှင့် ဘရင်းဂန်းတစ်လက်။

ရေတွင်းပေါ်ဖုံးနေသော သစ်သားများ၊ သွပ်ချပ်များကို ဖယ်လိုက်သောအခါ ရေတွင်းထဲတွင် ခြောက်လုံးပြူးတစ်လက်၊ ဓါးမြှောင်တစ်ချောင်းဖြင့် ပုန်းနေသော စိန်ဓါးမြှောင်ကို တွေ့လိုက်ရလေတော့သည်။

အိုးဘိုကျောင်းတိုက်ပွဲမှာ ၁၉၄၇ ခုနှစ် မတ်လ ၁၂ ရက်နေ့ နေ့လည် ၂ နာရီမှ ညနေ ၅ နာရီခွဲအထိ သုံးနာရီခွဲခန့်ကြာမြင့်ခဲ့သည်။

စိန်ဓါးမြှောင်အဖွဲ့ကို ပုလိပ်အင်အား (၆၀)၊ စစ်ရဲတပ် (၁၅)ဦး၊‌ ဗြိတိသျှတပ်မတော် ကြောင်နက်အထူးတပ်သား (၂၀)တို့ဖြင့် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသည်။

စိန်ဓါးမြှောင်အဖွဲ့ မှ ကြင်အေး (ပဲခူးသား၊စစ်သား‌ဟောင်း)၊ လှမောင်(စစ်ကိုင်း)၊ ကံလှ(မြင်းခြံသား)၊ ခင်မောင်၊ ချစ်ဉာဏ် (ရွှေပြည်ရပ်)၊ ဂျစ်ကီး(ဟင်္သာပြဒါးဝင်း) ၊ လှအောင် ၊ စိုးရှိန် (သာစည်သား) တို့  (၈)ဦးကို အသေဖမ်းမိပြီး၊ လူဆိုးဗိုလ်စိန်ဓါးမြှောင် (ခ) ကိုညွန့် (ခ) ဆရာသိန်း နှင့် ဘချစ် (ခ)မောင်ချစ် တို့ကို အရှင်ဖမ်းဆီးရမိသည်။

ရန်ကုန်ရှန်ဟဲဘဏ် ဓါးပြမှုတရားခံပြေး ဝင်းမောင်၊ ကော့သောင်းလူသတ်ဓါးပြမှုတရားခံပြေး ငန်းနက်နှင့်  ကျန်အမည်မသိသူများမှာ လွတ်မြောက်သွားကြသည်။
စိန်ဓါးမြှောင်ခေါင်းဆောင်သည့် အဖွဲ့ထံမှ ရရှိသောလက်နက်များမှာ စိန်ပြောင်း (၁)လက်၊ ဘရင်းဂန်း(၃)လက်၊ စတင်းဂန်း(၄)လက်၊ တော်မီဂန်း (၂)လက်၊ ရိုင်ဖယ်(၆)လက်၊ နှစ်လုံးပြူး (၂)လက်၊ ခြောက်လုံးပြူး (၄)လက်၊ လက်ပစ်ဗုံးများ၊ ကျည်ဆံသေတ္တာ ခြောက်ခု တို့ဖြစ်သည်။

တိုက်ရာပါပစ္စည်းဟုယူဆရသည့် ‌ရွှေငွေလက်ဝတ်လက်စား (၁)သိန်းဖိုးနှင့် စိန်ဓါးမြှောင်ထံမှ ပတ္တမြားတစ်လုံး သိမ်းဆည်းမိခဲ့သည်။

စိန်ဓါးမြှောင်အမှုတွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြသော ရဲဝန်ထောက် မစ္စတာပင့်ချ်၊ စိန်ပန်းရဲဌာနပိုင် ဦးချစ်ပုံ တို့အား ဗမာပြည်ပုလိပ်တံဆိပ်၊ ဦးတုတ်ကလေး၊ ဌာနပိုင်ဦးအေး၊ စစ်ရဲတပ်မှ ဗိုလ်ဌေးမောင်တို့အား ရဲဗိုလ်ချုပ်၏ ဂုဏ်ပြုလွှာနှင့် နှစ်လုံးပြူးတစ်လက်စီ ကို ၁၉၄၇ မေလ ၁၂ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံနှင့် ရဲဗိုလ်ချုပ်တို့က ဆုချီးမြှင့်ခဲ့ကြသည်။

အမှန်တကယ်တမ်း ဦးကျော်သိန်းတို့ ထံမှ တိုက်ခဲ့သော ပစ္စည်းအများစုမှာ အနှင်းနှင့်အတူ မြေနုကျွန်းပေါ်သို့ ပါသွားခဲ့ပြီဖြစ်သည်။

ပုလိပ်အဖွဲ့သိမ်းဆည်းလိုက်သည်မှာ မယ်တော်ကြီးဒေါ်ပု၊ တူမ မဝင်း တို့ထံမှ လက်ဝတ်လက်စားများ အများစုသာဖြစ်နေတာ့သည်။
မတ်လ ၁၂ ရက်နေ့ ညတွင်းချင်းပင် စိန်ဓါးမြှောင်အား အစောင့်အကြပ်များစွာဖြင့် မန္တလေးထောင်သို့ ပို့လိုက်သည်။

မန္တလေးထောင်သို့ရောက်သည့်အခါတွင်လည်း တိုက်အတွင်းထည့်ထားပြီး ထိပ်တုံးခတ်ကာ ထားခဲ့သည်။
မန္တလေးထောင်ရာဇဝင်တွင် တိုက်တွင်းထည့်ပြီး ထိပ်တုံးခတ်ထားရသည့် တရားခံမှာ စိန်ဓါးမြှောင်တစ်ဦးသာ ရှိခဲ့သည်။

ကျည်ဆံထိသူ ဘချစ်ကို ဆေးရုံတွင်အချုပ်နှင့်ထားရှိသည်။
နောက်တပတ်အကြာတွင် စိန်ဓါးမြှောင်အမှုမှ ကွင်းဆက်တရားခံ ခါလေး(ခ) မောင်လှ၊ ထွန်းခင်တို့ကို မန္တလေးမှ စစ်ကိုင်းသို့ အကူး လှေဆိပ်တွင် ပုလိပ်အဖွဲ့က ဖမ်းဆီးမိလိုက်သည်။

စိန်ဓါးမြှောင် ပါ (၄)ဦးအား ဦးကျော်သိန်းအိမ် ဓားပြတိုက်မှု ဖြင့် (၁၃)မှတ်ရဲဌာနမှ (ပ) ၉/၄၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၄၁၂ ဖြင့် အမှုဖွင့်အရေးယူတရားစွဲခဲ့သည်။
အမှုကို အမှတ်(၂)ရာဘက်တရားသူကြီး ဦးမောင်ကလေးက စစ်ဆေးပြီး စစ်ဆေးနေစဥ်အတွင်း စိန်ဓါးမြှောင်ကို လက်ထိပ်နှစ်ထပ်ခပ်ကာ ခြေကျင်းအထပ်ထပ်၊ လုံခြုံရေးအထပ်ထပ်ဖြင့် ရုံးထုတ်ခဲ့ရသည်။

စိန်ဓါးမြှောင်အား နောက်ထပ်အမှုပေါင်းများစွာဖြင့် စစ်‌ဆေးခဲ့ပြီး ရှေးဦးစွာ မန္တလေးထောင်ဖောက်ပြေးမှုအတွက် ပုဒ်မ ၂၂၄ ဖြင့် ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်ခဲ့သည်။

ဂျပန်ခေတ်တွင် ရဲတပ်ကြပ်ကြီး ကိုဘသာကို သတ်မှုအတွက် ပုဒ်မ ၃၀၇ ဖြင့် ထောင်ဒဏ် လေးနှစ်၊ အာဠာဝီဓါးပြမှုတွင် စိန်ဓါးမြှောင်မှ စီစဥ်ကြောင်း ပေါ်လွင်သဖြင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့သည်။

ခါလေးမှာ ပုလိပ်အရာရှိဦးလူဒုတ်အား သတ်မှုအတွက် ထောင်ဒဏ်ဆယ်လေးနှစ်ကျခဲ့သည်။
ထွန်းခင် မှာ ဓါးပြမှုခြောက်မှုအတွက် ထောင်ဒဏ်ဆယ်နှစ်၊ ဘချစ် ခေါ် မောင်ချစ်မှာ ဆေးရုံပေါ်တွင် ဆေးကုသနေဆဲတွင်ပင် ကွယ်လွန်သွားခဲ့သည်။

စိန်ဓါးမြှောင်အား ဦးကျော်သိန်းဓါးပြမှုများအတွက်မူ ဆက်လက်စစ်ဆေးဆဲအခြေအနေပင်ရှိသေးသည်။

၁၉၄၈ ခုနှစ်၊ မေလ (၆)ရက်နေ့။ နံနက် (၄)နာရီ။
မန္တလေးထောင်ပိုင်ကြီး ဦးဆောင်သော ထောင်အရာရှိများ၊ ထောင်ဝန်ထမ်းများ၊ ဦးထုပ်ရအကျဥ်းသားအရာရှိများ အင်အား (၂ဝ)ခန့်က လက်နက်အပြည့်အစုံဖြင့် စိန်ဓါးမြှောင် အား ချုပ်နှောင်ထားသည့် သီးသန့်တိုက် တံခါးကို လာဖွင့်ကြသည်။

စိန်ဓါးမြှောင်ကား အိပ်နေရာမှ အလင်းရောင်ကြောင့် နိုးလာ၏။

“ဘာဖြစ်လို့လဲဗျ”

“ခင်ဗျားကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ရန်ကုန်ထောင်ကြီးကို ပြောင်း‌‌ရွှေ့ဖို့ လာထုတ်တာ”

“ရန်ကုန်ကို သွားရမယ်..ဟုတ်လား..ဒီမှာ အမှုစစ်နေတာမဟုတ်ဘူးလား..ဘာလို့”

“အဲ့ဒါတော့ ကျွန်တော်တို့လည်း မသိဘူး....အင်း..ခင်ဗျားက ထောင်ဖောက်ဝိဇ္ဇာလေ...မန္တလေးထောင်လည်း ဖောက်ဖူးတယ်မဟုတ်လား...ဒီတော့ ရန်ကုန်ထောင်ကြီးကို ဖောက်ကြည့်ခိုင်းမလို့ ဝန်ကြီးဦးနု က လှမ်းခေါ်တာနေမှာပေါ့”

ထောင်ပိုင်ကြီးစကားကြောင့် ထိပ်တုံးဖြုတ်ပေးနေသော ထောင်အရာရှိများပင် ရယ်လိုက်ကြသည်။
........................................................................................
ရန်ကုန်ထောင်ကြီး။
စစ်ပြီးခါစ ရန်ကုန်ထောင်ကြီးကား အကျဥ်းသားများဖြင့် ပြည့်ကြပ်နေသည်။

ပြည်ပမှတင်သွင်းလာသော ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသော်လည်း အားမရနိုင်သော မြန်မာ့နိုင်ငံ‌ရေး အင်အားစုတို့သည် ပြည်တွင်းဖြစ်စစ်ပွဲကြီးတစ်ခုကို စတင်ပျိုးထောင်နေချိန်လည်းဖြစ်သည်။

၁၉၄၇ ဇန်နဝါရီ ၂၇ တွင် လန်ဒန်မြို့၊ အမှတ်(၁ဝ)ဒေါင်းနင်းလမ်းတွင် ဗြိတိန်ဝန်ကြီးချုပ် အက်တလီနှင့် မြန်မာပြည်ဘုရင်ခံအလုပ်အမှုဆောင်ကောင်စီဒုတိယဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းတို့ အောင်ဆန်းအက်တလီစာချုပ်ကို လက်မှတ်ထိုးကာ ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းခဲ့သည်။

မြန်မာပြည်အနှံ့တွင်လည်း လက်နက်ပုန်းများပျံ့နှံ့နေပြီး လူဆိုးဓါးပြများမှာ နေရာအနှံ့တွင် ယူနီဖောင်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ‌ဆိုးသွမ်းတိုက်ခိုက်နေကြသည်။

ရန်ကုန်မြို့သို့ စစ်ပြီးပြန်ဝင်လာသော မြူနီစပယ်အဖွဲ့မှာလည်း စစ်အတွင်းက ဆင်းမလားတွင် မြူနီစပယ်ရံပုံငွေများကို စစ်စရိတ်အဖြစ်သုံးလိုက်ရသဖြင့် မွဲပြာကျနေသည်။

မြို့ပေါ်တွင် စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်‌ရေးအပြောင်းလဲ၊ ထိုမှတဆင့် အင်္ဂလိပ်အစိုးရမှ ဗမာကြားဖြတ်အစိုးရအပြောင်းအလဲကြားတွင် စစ်ပြီးစ ရန်ကုန်မြို့သည် ရာဇဝတ်မှုများ ထူပြောလာသည်။

ဂျပန်ခေတ်က မျိုးတုန်းပျောက်ကွယ်သွားခဲ့သော နယ်မြေပိုင် လူဆိုးလူမိုက်များသည် ရန်ကုန်တွင် ပြန်လည် မင်းမူလာကြသည်။

ရန်ကုန်ထောင်ကြီးသည် နိုင်ငံရေးသမားများဝင်ချည်ထွက်ချည်ဖြစ်နေသကဲ့သို့ လူဆိုးလူမိုက်များ၊ အနယ်နယ်အရပ်ရပ်မှ ဓါးပြလူဆိုးခေါင်းဆောင်များ ကို စုဝေးချုပ်နှောင်ထားရာ ဆုံရပ်ကြီးလည်း ဖြစ်နေပေသည်။
ထိုသို့သောကာလ ၁၉၄၈ မေလ ၇ ရက်နေ့ ညနေပိုင်းတွင်  စိန်ဓါးမြှောင်သည် ရန်ကုန်ထောင်ကြီးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုကာလက ထောင်ကျများကို အေကလပ်၊ ဘီကလပ် ၊ စီကလပ် နှင့် ရိုးရိုးတန်းများခွဲခြားထားရာ အေကလပ်တွင် နာမည်ကျော်နိုင်ငံရေးအကျဥ်းသားများနှင့် မျက်နှာဖြူရာဇဝတ်သားများ၊ ဘီကလပ်တွင် တော်လှန်ရေးသမားဟောင်းများ၊ နိုင်ငံရေးသမားများဖြစ်နေပြီး၊ စီကလပ်တွင် နိုင်ငံရေးသမားများ၊ မလွှဲပြောင်းရသေးသည့်ဂျပန်စစ်သုံ့ပန်းအချို့ဖြင့် ပြည့်နှက်နေသည်။

စိန်ဓါးမြှောင်ကား မန္တလေးမှ နာမည်ကျော်ဓါးပြတစ်ဦးဖြစ်သော်လည်း ရန်ကုန်ထောင်ပိုင်ကြီး မစ္စတာမက်ကော နှင့် ထောင်ပိုင်လေး ဦးဘိုကြည်တို့သည် စိန်ဓါးမြှောင်၏ အကြောင်းကို မသိကြ။

ထို့ပြင် ရန်ကုန်ထောင်ကြီးသည် မန္တလေးထောင်ထက် အဆများစွာ ပိုမိုလုံခြုံသဖြင့် စိန်ဓါးမြှောင်အား သီးသန့်တိုက်ဖြင့် မထားပဲ အဆောင်တွင်းတွင်ပင် ထားရန် ဆုံးဖြတ်လိုက်ကြသည်။

စိန်ဓါးမြှောင်သည်  အကျဆောင် (၂)တွင် နေရာချရန် ဆုံးဖြတ်လိုက်ကြသည်။
အကျဆောင်၏ ဦးထုပ်ဆောင်း (၈)မှတ်ရ အကျဥ်းသားဘာရာ ကား နာဂျစ်အာရတ်။

စစ်မဖြစ်မီ က အာသံအမှတ်(၂)ရိုင်ဖယ်တပ်ရင်းမှ စစ်ပြေးမှုဖြင့် ထောင်ကျလာခဲ့သူ  ။ မြန်မာပြည်တွင်းသို့ ဗြိတိသျှတပ်များနှင့်အတူ ပြန်အဝင်တွင် လူသတ်မှု (၃)မှုအတွက်လည်း ရုံးတင်ခံထားရ၏။

နာဂျစ်အာရတ်သည် ရန်ကုန်မြို့လယ် ဖရေဇာတွင် မွေးဖွားခဲ့သူဖြစ်ပြီး အိန္ဒိယသို့ ထွက်ခွာကာ ဗြိတိသျှစစ်တပ်ထဲဝင်ခဲ့သူဖြစ်သည့်အတွက် ဘာသာစကားသုံးမျိုးလုံးကို ကျွမ်းကျင်သည်။

သတ်ရဲ၊ဖြတ်ရဲသည့်အပြင် ဘာသာစကားအားသာချက်ကြောင့် ထောင်တွင်း နေရာရသူဖြစ်၏။

နယ်မှ ထောင်ပြောင်းလာသော လူဆိုး၊ ဓါးပြများကို နာဂျစ်အာရတ် ရှိရာ အဆောင်သို့ ဦးချိုးသည့် အနေဖြင့် ပို့ထားလေ့ရှိသည်။

မန္တလေးထောင်မှ ရန်ကုန်သို့ ပြောင်းရွှေပို့ထားခံထားရသူမှာ စိန်ဓါးမြှောင်တစ်ဦးတည်းသာမဟုတ်။
စာရေးဆရာသိပ္ပံမောင်ဝ အား ဓါးပြတိုက်ကာ သတ်ပစ်ခဲ့သည် ဓါးပြဗိုလ် ဗိုလ်တက်ထွန်း ဆိုသူပါ ပါလာသည်။

“မန္တလေးက ကောင်မတွေ လာပြီဟေ့”

အဆောင်ထဲတွင် ထိုင်နေသူ ဗလတောင့်တောင့်အကျဥ်းသားတစ်ဦးက အော်လိုက်သဖြင့် စိန်ဓါးမြှောင် တင်းခနဲဖြစ်သွားသည်။

“ဟိတ်ကောင်တွေ...တုတ်စာမိချင်ပြီလား”

ထောင်မှူးက အော်လိုက်သဖြင့် အားလုံးငြိမ်ကျသွားသည်။

“နာဂျစ် ဒီမှာ မန္တလေးက ထောင်ပြောင်း နှစ်ယောက်၊ မင်းပုံစံ နည်းနည်းပြလိုက်ကွာ”

ထောင်မှူးကက ထားခဲ့ပြီး ပြန်သွား၏။

စိန်ဓါးမြှောင်နှင့် ဗိုလ်တက်ထွန်း မှာ အိပ်ရာလိပ်ကိုယ်စီကိုယ်ကာ အဆောင်အလယ်မှာ ရပ်နေကြသည်။

“ဟိတ် ဖြူဖြူဝဝ နဲ့ ချစ်စရာလေးက ဘယ်သူလေးများလဲ”

ဝင်လာခါစတွင် အော်ဟစ်လိုက်သော အကျဥ်းသား မြောင်းမြလူသတ်မုဒိန်းမှုတရားခံ ငမြင့်က  စိန်ဓါးမြှောင်ရှေ့တွင် မတ်တပ်လာရပ်ပြီး ပါးကို ဆွဲလိမ်လိုက်သည်။
စိန်ဓါးမြှောင်က ငမြင့်၏ လက်ကို ပုတ်ထုတ်လိုက်ပြီး အရှိုက်ကို အားအပြည့်ဖြင့် ကန်လိုက်ရာ ငမြင့်မှာ အဆောင်နောက်သို့ လွင့်စင်သွား၏။

“ဟာ..ကိုယ့်ထက် အရင်ရောက်တဲ့ စီနီယာကို ဒီလိုမိုက်ရိုင်းရလား..အညာသားဗမာကောင်”

နာဂျစ်အာရတ် ထလာပြီ။

ငမြင့်မှာ နာဂျစ်အာရတ်၏ ဂျိုမွေးခြင်းခံထားရသော အချစ်တော်လေး။ 

အုံပုံးအငုံ့စိတ်ရှိနေသော ငမြင့်မှာ အကျဥ်းသားသစ်များကို သူလိင်တူဆက်ဆံခံခဲ့ရသကဲ့သို့ သူကလည်း တဖန်ပြန်ဆက်ဆံရန် အမြဲကြိုးစားနေသူဖြစ်သည်။

“မင်းတို့ အညာသားတွေ ရောက်တာနဲ့..ဒီစောက်ချိုးပဲ...အကုန်ဖင်ချပစ်မယ်”

လူဆယ်ယောက်ခန့်က စိန်ဓါးမြှောင်နှင့် ဗိုလ်တက်ထွန်းကို ဝိုင်းလာသည်။

“ဟေ့ကောင်တွေ.........အားလုံး ရပ်စမ်း”

ထိုစဥ်နောက်ကြောဘက်မှ အသံတစ်ခု ထွက်လာသဖြင့် အားလုံး လှည့်ကြည့်လိုက်ကြသည်။

နာဂျစ်အာရတ်က မျက္မှောင်ကြုံ့လိုက်ပြီး
“ဟာ..ကိုကြီးအုံးဖေ”

“အေး....အခု လာတဲ့ လူနှစ်ယောက်ကို စားဖိုဘုတ်ကို တွဲဖို့ ငါလာခေါ်တာ”

"ထောင်မှူးက ဘာမှ မပြောသွားပါလား"

"မင်းပါးစပ်ပိတ်ထား နာဂျစ်.....ဂန္ဓမာသောင်းရီက ခေါ်ခိုင်းလိုက်တာ..မင်း ဘာပြောချင်လဲ..ဟေ့ကောင်"

ဂန္ဓမာသောင်းရီဆိုသည့် အသံကြားသည်နှင့် နာဂျစ်အာရတ်တို့လူစုမှာ နောက်သို့ ဆုတ်သွားကြသည်။

ခက်ဇော်

အခန်း (၁၇)

The Guys From Mandalay,1950s

အခန္း(၁၆)
.... ....... ......
                                                                       ...................
မတ္လ (၁၁)ရက္။
အိုးဘိုေျမာက္ေက်ာင္းအတြင္းတြင္ေတာ့ အေျခအေနက တည္ၿငိမ္ေနသည္။

စိန္ဓါးေျမႇာင္၊ ငန္းနက္ ၊ လွေမာင္၊ ၾကင္ေအးတို႔သည္ ဘုန္းႀကီးေက်ာင္းအတြင္း စုစည္းထားခဲ့ေသာ လက္နက္မ်ားအနက္မွ စိန္ေျပာင္းတစ္လက္ႏွင့္ ဘရင္းဂန္း၊ ေတာ္မီဂန္းမ်ားကို သကၤန္းအေဟာင္းမ်ားႏွင့္ပတ္ကာ သိမ္းဆည္းေနၾက၏။

ခါေလး  ကားေခၚလာသည့္အခါ အသင့္ထြက္ႏိုင္ရန္ ျပင္ဆင္ေနၾကျခင္းျဖစ္သည္။

သို႔ေသာ္ ထိုေန႔ တစ္ေန႔လုံး ခါေလး ေရာကၼလာ။
ခါေလးသည္ ဝါဆိုဝါပိုညီအစ္ကိုႏွင့္ ခ်ိတ္ဆက္ရန္ မတၱရာသို႔ ေရာက္သြားခဲ့ေသာ္လည္း မတၱရာအထြက္တြင္ ျပည္သူ႔ရဲေဘာ္တပ္ဖြဲ႕ႏွင့္ ဝါဆိုဝါပိုညီအကိုအဖြဲ႕တို႔ တိုက္ပြဲအႀကီးအက်ယ္ျဖစ္ေနသျဖင့္ မႏၲေလးသို႔သာ လွည့္ျပန္ခဲ့ရသည္။

အိုးဘိုေျမာက္ေက်ာင္းတိုက္သို႔ ေရာက္ေသာအခါ အရပ္ဝတ္ႏွင့္ ပုလိပ္မ်ားက ပတ္လည္ဝိုင္းထားသည္ကိုေတြ႕သျဖင့္ ခါေလးမွာ မည္သို႔မွ် မတတ္ႏိုင္ေတာ့ပဲ ေ႐ႊတေခ်ာင္းေျမာင္းတစ္ဖက္ရွိ ခ်မ္းသာရထုံးကုန္းဘုန္းႀကီးေက်ာင္းတြင္ ဝင္ခိုေနရသည္။

အျပင္တြင္ရွိေနေသာ တင့္ေဆြႏွင့္ ထြန္းခင္မွာလည္း သန္းေမာင္ကို အာမခံရေအာင္ႀကိဳးစားေသာ္လည္း အခ်ည္းအႏွီးျဖစ္ခဲ့ရသည္။

ထြန္းခင္ကိုပင္ ပုလိပ္ဘက္မွ မသကၤာသျဖင့္ လိုက္လံဖမ္းဆီးေသာေၾကာင့္ ထြန္းခင္မွာ မႏၲေလးေတာင္ေပၚတြင္ သြားေရာက္ပုန္းေအာင္ေနရသည္။

ထိုသို႔ႏွင့္ အိုးဘိုးေျမာက္ေက်ာင္းတြင္ စိန္ဓါးေျမႇာင္အဖြဲ႕မွာ တညကုန္လြန္ခဲ့ေတာ့သည္။
.........................................
မတ္လ ၁၂ ရက္ေန႔။ ေန႔လည္ ၂ နာရီ။
ဘုန္းႀကီးေက်ာင္းအတြင္းမွ ရွိသည့္ ရိကၡာမ်ားကို ခ်က္ျပဳတ္စားေသာက္ၿပီးေနာက္  ေက်ာင္းေပၚတြင္ စိန္ဓါးေျမႇာင္ႏွင့္ ငန္းနက္တို႔ လွဲေလ်ာင္းကာ စကားေျပာေနၾကသည္။

ေက်ာင္းဝန္းအလယ္ရွိ ဇရပ္တြင္ ၾကင္ေအးႏွင့္ လူငယ္(၁ဝ)ဦး ဝိုင္းဖြဲ႕စကားေျပာေနၾက၏။
လွေမာင္ကား လက္နက္မ်ားထားသည့္ ေက်ာင္းတိုက္တြင္ အိပ္ေပ်ာ္ေနသည္။

ထိုအခ်ိန္တြင္ ေက်ာင္းတိုက္အျပင္မွ ကားသံၾကားရသျဖင့္ စိန္ဓါးေျမႇာင္က မတ္တပ္ထရပ္လိုက္သည္။

“ခါေလး လာၿပီထင္တယ္..ငန္းနက္”

စိန္ဓါးေျမႇာင္၏ စကားပင္မဆုံးလိုက္...ပုလိပ္ေလာ္ရီကားက ေက်ာင္းတံခါးကို ဝုန္းခနဲ တိုက္ဖြင့္ဝင္လာသည္ကို ေတြ႕လိုက္ရသည္။

ေနာက္ထပ္ ေလာ္ရီကားသုံးစင္း လည္း ဝင္လာၿပီး ပုလိပ္ႏွင့္ စစ္ရဲမ်ားဆင္းလာၾကသည္။

“ေက်ာင္းေပၚတက္ ေနရာယူေဟ့”

ၾကင္ေအးက လက္ထဲမွ စတင္းဂန္းျဖင့္ တစ္ခ်က္ေမႊ႕လိုက္ၿပီး အမိန႔္ေပးလိုက္သည္။
လူငယ္အုပ္စုက ေထာင္ထားေသာ လက္နက္မ်ားကိုယ္စီ ကိုင္ေဆာင္ကာ ေက်ာင္းတိုက္မ်ားေပၚ တက္ေျပးၾကသည္။

ပုလိပ္အဖြဲ႕က ကားမ်ားကို အကာအကြယ္ယူကာ ႐ိုင္ဖယ္ေသနတ္မ်ားျဖင့္ ေက်ာင္းေပၚသို႔ ပစ္ခတ္ၾကသည္။
ဂ်စ္ကားေပၚမွ ဆင္းလာေသာ ရာဇဝတ္အုပ္ဦးခ်စ္ပုံ ႏွင့္ ပုလိပ္သားေမာင္ကို တို႔သည္ ေသနတ္ကိုယ္စီျဖင့္ ေက်ာင္းေပၚေျပးတက္သြားၾကသည္။

သူတို႔ေနာက္မွ ပုလိပ္အိတ္စပတ္ေတာ္ဦးေကာက္ႏွင့္ မစၥတာပင့္ခ်္ႏွင့္ ဌာနအုပ္ ဦးတုတ္ကေလးတို႔ က ေျခာက္လုံးျပဴးကိုယ္စီျဖင့္ လိုက္တက္သြားသည္။
ၾကင္ေအး က ေက်ာင္းေခါင္မိုးေပၚသို႔ ေက်ာ္တက္ကာ အေပၚစီးမွ ေက်ာင္းေလွကားသို႔ တက္လာေနေသာ ပုလိပ္မ်ားကို စတင္းျဖင့္ပစ္သည္။

စိန္ဓါးေျမႇာင္ႏွင့္ ငန္းနက္သည္ လက္နက္မ်ားထားရာအခန္းသို႔ ေျပးသြားၾက၏။
အခန္းဝတြင္ လွေမာင္က ဘရင္းဂန္းကိုင္ကာ ေျပးထြက္လာသည္။

“လွေမာင္...ေက်ာင္းေပၚကေန ‌‌‌ေဒါက္ေထာက္ၿပီး ေနာက္ေကာင္ေတြ တက္မလာရဲေအာင္ ပစ္ေဟ့”

လွေမာင္က ေက်ာင္းလက္ရမ္းတြင္ ဘရင္းဂန္းကို ေဒါက္ေထာက္ကာ အတြဲလိုက္ပစ္ခတ္လိုက္သည္။
ငန္းနက္ကလည္း ေနာက္ထပ္ ဘရင္းဂန္းတစ္လက္ျဖင့္ ပစ္သည္။

စိန္ဓါးေျမႇာင္က ေတာ္မီဂန္းကို လြယ္ကာ ေအာ္ဟစ္အမိန႔္ေပးေနသည္။

ေက်ာင္းေပၚသို႔ စီးမိထားေသာ ဦးခ်စ္ပုံအဖြဲ႕လက္ခ်က္ျဖင့္ ျမင္းၿခံသား ကံလွ၊ ခ်စ္ဉာဏ္ တို႔ ေသနတ္မွန္ကာ လဲက်သြားသည္။

ပုလိပ္ဘကၼွလည္း တစ္ေယာက္က်သြား၏။

စိန္ဓါးေျမႇာင္အဖြဲ႕မွ ၂၅ ေယာက္ခန႔္ အင္အားရွိၿပီး ပုလိပ္အဖြဲ႕ အင္အား ၃၀ ႏွင့္ ေက်ာင္းေရွ႕တြင္ ရင္ဆိုင္ပစ္ခတ္ေနသည္။

ထိုအခ်ိန္တြင္ ဗိုလ္ေဌးေမာင္ဦးေဆာင္ေသာ စစ္ရဲ အင္အား ၁၅ ဦးက ေက်ာင္းအေနာက္ဘက္မွ ပတ္ဝင္ကာ ပစ္ခတ္ၾကျပန္သည္။

ေက်ာင္းအေနာက္ဘက္ကို ေက်ာေပးလ်က္ ပစ္ခတ္ေနသူ လွေအာင္ ေသနတ္မွန္ကာ က်သြား၏။

“အေနာက္မွာ တဖြဲ႕ေဟ့..ဂ်စ္ကီး၊ ခင္ေမာင္ လက္ပစ္ဗုံးေသတၱာေတြသြားသယ္ေဟ့”

စိန္ဓါးေျမႇာင္ အမိန႔္‌‌ေပးသံေၾကာင္ ဂ်စ္ကီးႏွင့္ ခင္ေမာင္ သည္ က်ည္ဆံမ်ားၾကားမွ လက္ပစ္ဗုံးေသတၱာကို သြားသယ္ကာ စိန္ဓါးေျမႇာင္တို႔ လူစုဆီ ျပန္ယူလာသည္။

စိန္ဓါးေျမႇာင္တို႔မွ ေက်ာင္းေဆာင္မ်ားေပၚတြင္ ပေစာက္ပုံေနရာယူထားၿပီး အလယ္တြင္ ဦးခ်စ္ပုံ၊ မစၥတာပင့္တို႔ အဖြဲ႕က စီးနင္းထားသည္။

ေက်ာင္းဝန္းအတြင္းတြင္ ရဲဝန္ေထာက္မစၥတာကေရာစဘီ၊ ရာဇဝတ္အုပ္ဦးသာခ်စ္တို႔ ပုလိပ္အဖြဲ႕က ေက်ာင္းေပၚ တက္ႏိုင္ေရး ႀကိဳးစားပစ္ခတ္ေနၾက၏။

မၾကာမီ စိန္ဓါးေျမႇာင္အဖြဲ႕ထံမွ လက္ပစ္ဗုံးမ်ား ထြက္လာၿပီး ေက်ာင္းဝင္းအတြင္း ေပါက္ကြဲေတာ့သည္။
အလယ္ေက်ာင္းကို စီးနင္းထားသည့္အဖြဲ႕မွ ရာဇဝတ္အုပ္ ဦးပုကေလးမွာ လက္ပစ္ဗုံးမွန္သျဖင့္ ဒဏ္ရာရသြားသည္။

လက္ပစ္ဗုံးမ်ားျဖင့္ တအုံးအုံး ထုေနသျဖင့္ မစၥတာကေရာစဘီက  ေက်ာင္းေပၚ‌ေရာက္ေနေသာ ပုလိပ္မ်ားကို ဆုတ္ခြာရန္ အမိန႔္ေပးသည္။

အေနာက္ဖက္ျခမ္းတြင္မူ ဘခ်စ္ႏွင့္ အဖြဲ႕က  ဘရင္းဂန္းႏွင့္ လက္ပစ္ဗုံးမ်ားကို အသုံးျပဳကာ ပစ္ခတ္ေနသျဖင့္ ဗိုလ္ေဌးေမာင္ ၏ စစ္ရဲတပ္မွာ ေက်ာင္းစည္း႐ိုးအထိ ျပန္ဆုတ္သြားၾကသည္။

ထိုအခ်ိန္အထိ စိန္ဓါးေျမႇာင္အဖြဲ႕မွ ေလးဦးက်သြားၿပီး ပုလိပ္အဖြဲ႕မွ တစ္ေယာက္က်ကာ အရာရွိဦးပုကေလး ဒဏ္ရာရသြားသည္။

အေျခအေနမွာ ႏွစ္ဖက္စလုံး ေရွ႕မတိုးသာ ေနာက္မဆုတ္သာျဖစ္ေနၾက၏။

ညေန (၃)နာရီတြင္ အထၾကၼန္မာျပည္ရာဇဝတ္ဝန္ႀကီး မစၥတာအက္ဒဝပ္ႏွင့္ စုံေထာက္မင္းႀကီး ဦးျပဴး တို႔ဦးစီးေသာ ေနာက္ထပ္ ပုလိပ္အင္အား (၃၀)ခန႔္ စစ္ကူေရာက္လာၾကသည္။

အင္အားေတာင့္လာၿပီျဖစ္သျဖင့္ ပစ္အားသုံးၿပီး ေက်ာင္းေပၚသို႔ တက္ရန္ ႀကိဳးစားၾကသည္။
ထိုအခ်ိန္တြင္ ငန္းနက္က ေက်ာင္းအတြင္း သကၤန္းျဖင့္ ပတ္ထားေသာ စိန္ေျပာင္းကို ထုတ္လာကာ.. ေက်ာင္းလသာေဆာင္ေပၚမွ ေထာင္လိုက္သည္။

ထို႔ေနာက္ ေက်ာင္းျပင္ဘက္မွ ပစ္ေနေသာ ပုလိပ္အဖြဲ႕ကို စိန္ေျပာင္းျဖင့္ ပစ္သျဖင့္ စစ္ကူပုလိပ္အဖြဲ႕မွ ဖ႐ိုဖရဲ ျပန္ဆုတ္သြားရျပန္သည္။

ေက်ာင္းျပင္စစ္ကူအဖြဲ႕ ပစ္အားကို ယူကာ တက္လာေသာ အဖြဲ႕မ်ားမွာလည္း လက္ပစ္ဗုံးမ်ား ဖိပစ္ခံရသျဖင့္ ေရွ႕ဆက္မတိုးႏိုင္ပဲဝပ္သာ ေနၾကရသည္။
တိုက္ပြဲကား ႏွစ္နာရီတိုင္ၾကာခဲ့ၿပီ။ ပုလိပ္တို႔ကား ေက်ာင္းကို မသိမ္းႏိုင္ေသးသကဲ့သို႔ စိန္ဓါးေျမႇာင္အဖြဲ႕မွလည္း မေဖာက္ထြက္ႏိုင္ေသး။

ညေန ၄ နာရီတြင္ ေက်ာင္းေနာက္မွ တိုက္ေနေသာ စစ္ရဲ ဗိုလ္ေဌးေမာင္အဖြဲ႕မွ ႐ုတ္တရက္ ဆုတ္ခြာသြားသည္။

“အေနာက္ဘက္မွာ ရွင္းသြားၿပီ...ဦးေလးႀကီး”

ဘခ်စ္က လွမ္းေအာ္သည္။

“ငန္းနက္..ၾကင္ေအး..လွေမာင္...မင္းတို႔လူေတြကို ေျပာ..ေနာက္ဖက္ကေန ငါတို႔ ခြာဆုတ္ဆုတ္မယ္”
စိန္ဓါးေျမႇာင္က အမိန႔္ေပးလိုက္ၿပီး ေတာ္မီဂန္းကို ပစ္ခ်ကာ..ေျခာက္လုံးျပဴးကို ကိုင္ရင္း ေနာက္ဖက္သို႔ ထြက္သည္။

ၾကင္ေအးက ေက်ာင္းေခါင္မိုးေပၚမွ ခုန္ဆင္းၿပီး ေနာက္ေပါက္သို႔ ထြက္လိုက္ခ်ိန္တြင္ က်ည္ဆံတစ္ခု ေခါင္းကို ေဖာက္ဝင္ကာ လဲက်သြား၏။

ေက်ာင္းေနာက္ေဖးသို႔ စိန္ဓါးေျမႇာင္ၾကည့္လိုက္သည့္အခါ လက္နက္ကိုယ္စီျဖင့္ စနစ္တက် ေနရာယူထားေသာ အဂၤလိပ္စစ္တပ္ကို ေတြ႕လိုက္ရသည္။

ျပည္ထဲေရးဝန္ႀကီးဦးႏု၏ အကူအညီေတာင္းမႈေၾကာင့္ နန္းတြင္းတြင္ တပ္ဆြဲထားေသာ ၿဗိတိသွ်တပ္မေတာ္၊ ေၾကာင္နက္အထူးတပ္မွ စစ္သားမ်ား စစ္ကူေရာက္ရွိလာၾကျခင္းျဖစ္သည္။

လက္ေမာင္းတြင္ ေၾကာင္နက္ဘက္တံဆိပ္မ်ားတပ္ထားၾကသည့္ ဒုတိယကမာၻစစ္၏ နာမည္ေက်ာ္ ေၾကာင္နက္ကြန္မန္ဒိုမ်ားသည္ ေက်ာင္းကို စနစ္တက် ဝင္စီးရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။

စစ္ပြဲအေတြ႕အႀကဳံႂကြယ္ဝသည့္ ေၾကာင္နက္စစ္တပ္ဝင္လာၿပီးသည့္ေနာက္ တိုက္ပြဲအေျခအေနမွာ တစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားသည္။

စိန္ဓါးေျမႇာင္အဖြဲ႕မွ အားကိုးရေသာ စစ္သားလူထြက္ ၾကင္ေအးအပါအဝင္ ႏွစ္ဦး ထပ္က်သြားၿပီျဖစ္သည္။

“ဆရာႀကီး တို႔ ေ႐ႊတေခ်ာင္းဘက္ေရာက္ေအာင္ေျပး..ကြၽန္ေတာ္ကာပစ္ထားမယ္”

“ငန္းနက္.နဲ႔ ဘခ်စ္.မင္းတို႔ ျမၾကည္တို႔ဆီ ေရာက္ေအာင္သြား...ငါတို႔ ေနာက္ကလိုက္ခဲ့မယ္”

စိန္ဓါးေျမႇာင္က လက္ပစ္ဗုံးကို စနက္တံကိုက္ျဖဳတ္ကာ တစ္ခ်က္ပစ္လိုက္သည္။

‌ေက်ာင္းအေရွ႕ႏွင့္အေနာက္မွ တက္လာၾကေသာ ေၾကာင္နက္စစ္တပ္မွ ေခတၱမွ် တန႔္သြား၏။

ငန္းနက္ႏွင့္ ဘခ်စ္တို႔မွာ ေက်ာင္းေဘးဘက္ စည္း႐ိုးကို ေက်ာ္တက္ကာ ထြက္ေျပးသြားၾကသည္။

သို‌ေသာ္ အျပင္ဘက္မွ ပုလိပ္အဖြဲ႕မွ‌ေတြ႕ရွိသျဖင့္ ေနာက္မွ လိုက္လံပစ္ခတ္ရာ ဘခ်စ္၏ ေက်ာကုန္းကို က်ည္မွန္ကာ ဘခ်စ္ ဖမ္းဆီးခံလိုက္ရသည္။

ငန္းနက္ကား လြတ္ေျမာက္သြားေလၿပီ။

ေက်ာင္းထဲမွ စိန္ဓါးေျမႇာင္အဖြဲ႕သားမ်ားမွာ လက္နက္ခ်သူခ်..ေျခဦးတည့္ရာေျပးသူ‌ေျပး ျဖစ္ေနၾကစဥ္ ေက်ာင္းေနာက္ေရတြင္းအနီးတြင္ စိန္ဓါးေျမႇာင္၊ လွေမာင္တို႔ ႏွင့္ ေၾကာင္နက္စစ္တပ္တို႔ ပစ္ခတ္ေနၾကဆဲပင္။

“လွေမာင္..မင္းေျပးေတာ့..ေဟ့ေကာင္..အႏွင္းကေလးမွာ ကိုယ္ဝန္နဲ႔ဟ..ငါခံခ်ထားမယ္..ေျပးေျပး”

စိန္ဓါးေျမႇာင္ စကားမဆုံးခင္မွာပင္ ေၾကာင္နက္စစ္တပ္မွ လက္ပစ္ဗုံးတစ္လုံးက သူတို႔ အနီးလာက်ေတာ့သည္။
ဝုန္းခနဲ အသံႀကီးေအာက္ဝယ္ လွေမာင္  ေျမာက္တက္သြားသည္။

ပုလိပ္အဖြဲ႕က ေက်ာင္းကို သိမ္းပိုက္မိၿပီျဖစ္သည္။
ေၾကာင္နက္အဖြဲ႕က လက္နက္ခ်သူမ်ားကို စုစည္းၿပီး လက္နက္မ်ားကို လိုက္လံရွာေဖြေနသည္။

စိန္ဓါးေျမႇာင္ကို ရွာမေတြ႕။

“စိန္ဓါးေျမႇာင္ကို ရေအာင္ရွာေဟ့...လြတ္သြားၿပီလားမသိဘူး”

ပုလိပ္အဖြဲ႕မွာ ေက်ာင္းအတြင္း စိန္ဓါးေျမႇာင္ကို လိုက္ရွာၾကေသာ္လည္း အရိပ္အေယာင္မွ်ပင္မေတြ႕ရ။

“အထဲမွာလူ..လူရွိတယ္ေဟ့..”

ရာဇဝတ္ဝန္ကေလး ဦးေစာထြန္းဦး အသံေၾကာင့္ ပုလိပ္အဖြဲ႕မ်ားအားလုံး ေရတြင္းကို ဝိုင္းလိုက္ၾကသည္။

လက္ပစ္ဗုံးဒဏ္ေၾကာင့္ ေရတြင္းအမိုးမွာ ၿပိဳက်ပ်က္စီးၿပီး ေရတြင္းကို ဖုံးသြားျခင္းျဖစ္သည္။

 ေရတြင္းေဘးတြင္ ေသြးတလူးလူးျဖင့္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေသာ လွေမာင္၏ အေလာင္းႏွင့္ ဘရင္းဂန္းတစ္လက္။

ေရတြင္းေပၚဖုံးေနေသာ သစ္သားမ်ား၊ သြပ္ခ်ပ္မ်ားကို ဖယ္လိုက္ေသာအခါ ေရတြင္းထဲတြင္ ေျခာက္လုံးျပဴးတစ္လက္၊ ဓါးေျမႇာင္တစ္ေခ်ာင္းျဖင့္ ပုန္းေနေသာ စိန္ဓါးေျမႇာင္ကို ေတြ႕လိုက္ရေလေတာ့သည္။

အိုးဘိုေက်ာင္းတိုက္ပြဲမွာ ၁၉၄၇ ခုႏွစ္ မတ္လ ၁၂ ရက္ေန႔ ေန႔လည္ ၂ နာရီမွ ညေန ၅ နာရီခြဲအထိ သုံးနာရီခြဲခန႔္ၾကာျမင့္ခဲ့သည္။

စိန္ဓါးေျမႇာင္အဖြဲ႕ကို ပုလိပ္အင္အား (၆၀)၊ စစ္ရဲတပ္ (၁၅)ဦး၊‌ ၿဗိတိသွ်တပ္မေတာ္ ေၾကာင္နက္အထူးတပ္သား (၂၀)တို႔ျဖင့္ ခက္ခက္ခဲခဲ တိုက္ခိုက္ခဲ့ရသည္။

စိန္ဓါးေျမႇာင္အဖြဲ႕ မွ ၾကင္ေအး (ပဲခူးသား၊စစ္သား‌ေဟာင္း)၊ လွေမာင္(စစ္ကိုင္း)၊ ကံလွ(ျမင္းၿခံသား)၊ ခင္ေမာင္၊ ခ်စ္ဉာဏ္ (ေ႐ႊျပည္ရပ္)၊ ဂ်စ္ကီး(ဟသၤာျပဒါးဝင္း) ၊ လွေအာင္ ၊ စိုးရွိန္ (သာစည္သား) တို႔  (၈)ဦးကို အေသဖမ္းမိၿပီး၊ လူဆိုးဗိုလ္စိန္ဓါးေျမႇာင္ (ခ) ကိုၫြန႔္ (ခ) ဆရာသိန္း ႏွင့္ ဘခ်စ္ (ခ)ေမာင္ခ်စ္ တို႔ကို အရွင္ဖမ္းဆီးရမိသည္။

ရန္ကုန္ရွန္ဟဲဘဏ္ ဓါးျပမႈတရားခံေျပး ဝင္းေမာင္၊ ေကာ့ေသာင္းလူသတ္ဓါးျပမႈတရားခံေျပး ငန္းနက္ႏွင့္  က်န္အမည္မသိသူမ်ားမွာ လြတ္ေျမာက္သြားၾကသည္။
စိန္ဓါးေျမႇာင္ေခါင္းေဆာင္သည့္ အဖြဲ႕ထံမွ ရရွိေသာလက္နက္မ်ားမွာ စိန္ေျပာင္း (၁)လက္၊ ဘရင္းဂန္း(၃)လက္၊ စတင္းဂန္း(၄)လက္၊ ေတာ္မီဂန္း (၂)လက္၊ ႐ိုင္ဖယ္(၆)လက္၊ ႏွစ္လုံးျပဴး (၂)လက္၊ ေျခာက္လုံးျပဴး (၄)လက္၊ လက္ပစ္ဗုံးမ်ား၊ က်ည္ဆံေသတၱာ ေျခာက္ခု တို႔ျဖစ္သည္။

တိုက္ရာပါပစၥည္းဟုယူဆရသည့္ ‌ေ႐ႊေငြလက္ဝတ္လက္စား (၁)သိန္းဖိုးႏွင့္ စိန္ဓါးေျမႇာင္ထံမွ ပတၱျမားတစ္လုံး သိမ္းဆည္းမိခဲ့သည္။

စိန္ဓါးေျမႇာင္အမႈတြင္ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ခိုက္ခဲ့ၾကေသာ ရဲဝန္ေထာက္ မစၥတာပင့္ခ်္၊ စိန္ပန္းရဲဌာနပိုင္ ဦးခ်စ္ပုံ တို႔အား ဗမာျပည္ပုလိပ္တံဆိပ္၊ ဦးတုတ္ကေလး၊ ဌာနပိုင္ဦးေအး၊ စစ္ရဲတပ္မွ ဗိုလ္ေဌးေမာင္တို႔အား ရဲဗိုလ္ခ်ဳပ္၏ ဂုဏ္ျပဳလႊာႏွင့္ ႏွစ္လုံးျပဴးတစ္လက္စီ ကို ၁၉၄၇ ေမလ ၁၂ ရက္ေန႔တြင္ ျမန္မာျပည္ဘုရင္ခံႏွင့္ ရဲဗိုလ္ခ်ဳပ္တို႔က ဆုခ်ီးျမႇင့္ခဲ့ၾကသည္။

အမွန္တကယ္တမ္း ဦးေက်ာ္သိန္းတို႔ ထံမွ တိုက္ခဲ့ေသာ ပစၥည္းအမ်ားစုမွာ အႏွင္းႏွင့္အတူ ေျမႏုကြၽန္းေပၚသို႔ ပါသြားခဲ့ၿပီျဖစ္သည္။

ပုလိပ္အဖြဲ႕သိမ္းဆည္းလိုက္သည္မွာ မယ္ေတာ္ႀကီးေဒၚပု၊ တူမ မဝင္း တို႔ထံမွ လက္ဝတ္လက္စားမ်ား အမ်ားစုသာျဖစ္ေနတာ့သည္။
မတ္လ ၁၂ ရက္ေန႔ ညတြင္းခ်င္းပင္ စိန္ဓါးေျမႇာင္အား အေစာင့္အၾကပ္မ်ားစြာျဖင့္ မႏၲေလးေထာင္သို႔ ပို႔လိုက္သည္။

မႏၲေလးေထာင္သို႔ေရာက္သည့္အခါတြင္လည္း တိုက္အတြင္းထည့္ထားၿပီး ထိပ္တုံးခတ္ကာ ထားခဲ့သည္။
မႏၲေလးေထာင္ရာဇဝင္တြင္ တိုက္တြင္းထည့္ၿပီး ထိပ္တုံးခတ္ထားရသည့္ တရားခံမွာ စိန္ဓါးေျမႇာင္တစ္ဦးသာ ရွိခဲ့သည္။

က်ည္ဆံထိသူ ဘခ်စ္ကို ေဆး႐ုံတြင္အခ်ဳပ္ႏွင့္ထားရွိသည္။
ေနာက္တပတ္အၾကာတြင္ စိန္ဓါးေျမႇာင္အမႈမွ ကြင္းဆက္တရားခံ ခါေလး(ခ) ေမာင္လွ၊ ထြန္းခင္တို႔ကို မႏၲေလးမွ စစ္ကိုင္းသို႔ အကူး ေလွဆိပ္တြင္ ပုလိပ္အဖြဲ႕က ဖမ္းဆီးမိလိုက္သည္။

စိန္ဓါးေျမႇာင္ ပါ (၄)ဦးအား ဦးေက်ာ္သိန္းအိမ္ ဓားျပတိုက္မႈ ျဖင့္ (၁၃)မွတ္ရဲဌာနမွ (ပ) ၉/၄၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၅/၄၁၂ ျဖင့္ အမႈဖြင့္အေရးယူတရားစြဲခဲ့သည္။
အမႈကို အမွတ္(၂)ရာဘက္တရားသူႀကီး ဦးေမာင္ကေလးက စစ္ေဆးၿပီး စစ္ေဆးေနစဥ္အတြင္း စိန္ဓါးေျမႇာင္ကို လက္ထိပ္ႏွစ္ထပ္ခပ္ကာ ေျခက်င္းအထပ္ထပ္၊ လုံၿခဳံေရးအထပ္ထပ္ျဖင့္ ႐ုံးထုတ္ခဲ့ရသည္။

စိန္ဓါးေျမႇာင္အား ေနာက္ထပ္အမႈေပါင္းမ်ားစြာျဖင့္ စစ္‌ေဆးခဲ့ၿပီး ေရွးဦးစြာ မႏၲေလးေထာင္ေဖာက္ေျပးမႈအတြက္ ပုဒ္မ ၂၂၄ ျဖင့္ ေထာင္ဒဏ္ တစ္ႏွစ္ခြဲခ်မွတ္ခဲ့သည္။

ဂ်ပန္ေခတ္တြင္ ရဲတပ္ၾကပ္ႀကီး ကိုဘသာကို သတ္မႈအတြက္ ပုဒ္မ ၃၀၇ ျဖင့္ ေထာင္ဒဏ္ ေလးႏွစ္၊ အာဠာဝီဓါးျပမႈတြင္ စိန္ဓါးေျမႇာင္မွ စီစဥ္ေၾကာင္း ေပၚလြင္သျဖင့္ ေထာင္ဒဏ္ ႏွစ္ (၂၀) ခ်မွတ္ခဲ့သည္။

ခါေလးမွာ ပုလိပ္အရာရွိဦးလူဒုတ္အား သတ္မႈအတြက္ ေထာင္ဒဏ္ဆယ္ေလးႏွစ္က်ခဲ့သည္။
ထြန္းခင္ မွာ ဓါးျပမႈေျခာက္မႈအတြက္ ေထာင္ဒဏ္ဆယ္ႏွစ္၊ ဘခ်စ္ ေခၚ ေမာင္ခ်စ္မွာ ေဆး႐ုံေပၚတြင္ ေဆးကုသေနဆဲတြင္ပင္ ကြယ္လြန္သြားခဲ့သည္။

စိန္ဓါးေျမႇာင္အား ဦးေက်ာ္သိန္းဓါးျပမႈမ်ားအတြက္မူ ဆက္လက္စစ္ေဆးဆဲအေျခအေနပင္ရွိေသးသည္။

၁၉၄၈ ခုႏွစ္၊ ေမလ (၆)ရက္ေန႔။ နံနက္ (၄)နာရီ။
မႏၲေလးေထာင္ပိုင္ႀကီး ဦးေဆာင္ေသာ ေထာင္အရာရွိမ်ား၊ ေထာင္ဝန္ထမ္းမ်ား၊ ဦးထုပ္ရအက်ဥ္းသားအရာရွိမ်ား အင္အား (၂ဝ)ခန႔္က လက္နက္အျပည့္အစုံျဖင့္ စိန္ဓါးေျမႇာင္ အား ခ်ဳပ္ေႏွာင္ထားသည့္ သီးသန႔္တိုက္ တံခါးကို လာဖြင့္ၾကသည္။

စိန္ဓါးေျမႇာင္ကား အိပ္ေနရာမွ အလင္းေရာင္ေၾကာင့္ ႏိုးလာ၏။

“ဘာျဖစ္လို႔လဲဗ်”

“ခင္ဗ်ားကို ျပည္ထဲေရးဝန္ႀကီးအမိန႔္နဲ႔ ရန္ကုန္ေထာင္ႀကီးကို ေျပာင္း‌‌ေ႐ႊ႕ဖို႔ လာထုတ္တာ”

“ရန္ကုန္ကို သြားရမယ္..ဟုတ္လား..ဒီမွာ အမႈစစ္ေနတာမဟုတ္ဘူးလား..ဘာလို႔”

“အဲ့ဒါေတာ့ ကြၽန္ေတာ္တို႔လည္း မသိဘူး....အင္း..ခင္ဗ်ားက ေထာင္ေဖာက္ဝိဇၨာေလ...မႏၲေလးေထာင္လည္း ေဖာက္ဖူးတယ္မဟုတ္လား...ဒီေတာ့ ရန္ကုန္ေထာင္ႀကီးကို ေဖာက္ၾကည့္ခိုင္းမလို႔ ဝန္ႀကီးဦးႏု က လွမ္းေခၚတာေနမွာေပါ့”

ေထာင္ပိုင္ႀကီးစကားေၾကာင့္ ထိပ္တုံးျဖဳတ္ေပးေနေသာ ေထာင္အရာရွိမ်ားပင္ ရယ္လိုက္ၾကသည္။
........................................................................................
ရန္ကုန္ေထာင္ႀကီး။
စစ္ၿပီးခါစ ရန္ကုန္ေထာင္ႀကီးကား အက်ဥ္းသားမ်ားျဖင့္ ျပည့္ၾကပ္ေနသည္။

ျပည္ပမွတင္သြင္းလာေသာ ဒုတိယကမာၻစစ္ႀကီးၿပီးဆုံးသြားေသာ္လည္း အားမရႏိုင္ေသာ ျမန္မာ့ႏိုင္ငံ‌ေရး အင္အားစုတို႔သည္ ျပည္တြင္းျဖစ္စစ္ပြဲႀကီးတစ္ခုကို စတင္ပ်ိဳးေထာင္ေနခ်ိန္လည္းျဖစ္သည္။

၁၉၄၇ ဇန္နဝါရီ ၂၇ တြင္ လန္ဒန္ၿမိဳ႕၊ အမွတ္(၁ဝ)ေဒါင္းနင္းလမ္းတြင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ အက္တလီႏွင့္ ျမန္မာျပည္ဘုရင္ခံအလုပ္အမႈေဆာင္ေကာင္စီဒုတိယဥကၠဌ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ ေအာင္ဆန္းအက္တလီစာခ်ဳပ္ကို လက္မွတ္ထိုးကာ ၾကားျဖတ္အစိုးရတစ္ရပ္ဖြဲ႕စည္းခဲ့သည္။

ျမန္မာျပည္အႏွံ႔တြင္လည္း လက္နက္ပုန္းမ်ားပ်ံ႕ႏွံ႔ေနၿပီး လူဆိုးဓါးျပမ်ားမွာ ေနရာအႏွံ႔တြင္ ယူနီေဖာင္းမ်ိဳးစုံ၊ ပုံစံမ်ိဳးစုံျဖင့္ ‌ဆိုးသြမ္းတိုက္ခိုက္ေနၾကသည္။

ရန္ကုန္ၿမိဳ႕သို႔ စစ္ၿပီးျပန္ဝင္လာေသာ ျမဴနီစပယ္အဖြဲ႕မွာလည္း စစ္အတြင္းက ဆင္းမလားတြင္ ျမဴနီစပယ္ရံပုံေငြမ်ားကို စစ္စရိတ္အျဖစ္သုံးလိုက္ရသျဖင့္ မြဲျပာက်ေနသည္။

ၿမိဳ႕ေပၚတြင္ စစ္အုပ္ခ်ဳပ္ေရးမွ အရပ္ဘက္အုပ္ခ်ဳပ္‌ေရးအေျပာင္းလဲ၊ ထိုမွတဆင့္ အဂၤလိပ္အစိုးရမွ ဗမာၾကားျဖတ္အစိုးရအေျပာင္းအလဲၾကားတြင္ စစ္ၿပီးစ ရန္ကုန္ၿမိဳ႕သည္ ရာဇဝတ္မႈမ်ား ထူေျပာလာသည္။

ဂ်ပန္ေခတ္က မ်ိဳးတုန္းေပ်ာက္ကြယ္သြားခဲ့ေသာ နယ္ေျမပိုင္ လူဆိုးလူမိုက္မ်ားသည္ ရန္ကုန္တြင္ ျပန္လည္ မင္းမူလာၾကသည္။

ရန္ကုန္ေထာင္ႀကီးသည္ ႏိုင္ငံေရးသမားမ်ားဝင္ခ်ည္ထြက္ခ်ည္ျဖစ္ေနသကဲ့သို႔ လူဆိုးလူမိုက္မ်ား၊ အနယ္နယ္အရပ္ရပ္မွ ဓါးျပလူဆိုးေခါင္းေဆာင္မ်ား ကို စုေဝးခ်ဳပ္ေႏွာင္ထားရာ ဆုံရပ္ႀကီးလည္း ျဖစ္ေနေပသည္။
ထိုသို႔ေသာကာလ ၁၉၄၈ ေမလ ၇ ရက္ေန႔ ညေနပိုင္းတြင္  စိန္ဓါးေျမႇာင္သည္ ရန္ကုန္ေထာင္ႀကီးသို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။

ထိုကာလက ေထာင္က်မ်ားကို ေအကလပ္၊ ဘီကလပ္ ၊ စီကလပ္ ႏွင့္ ႐ိုး႐ိုးတန္းမ်ားခြဲျခားထားရာ ေအကလပ္တြင္ နာမည္ေက်ာ္ႏိုင္ငံေရးအက်ဥ္းသားမ်ားႏွင့္ မ်က္ႏွာျဖဴရာဇဝတ္သားမ်ား၊ ဘီကလပ္တြင္ ေတာ္လွန္ေရးသမားေဟာင္းမ်ား၊ ႏိုင္ငံေရးသမားမ်ားျဖစ္ေနၿပီး၊ စီကလပ္တြင္ ႏိုင္ငံေရးသမားမ်ား၊ မလႊဲေျပာင္းရေသးသည့္ဂ်ပန္စစ္သုံ႔ပန္းအခ်ိဳ႕ျဖင့္ ျပည့္ႏွက္ေနသည္။

စိန္ဓါးေျမႇာင္ကား မႏၲေလးမွ နာမည္ေက်ာ္ဓါးျပတစ္ဦးျဖစ္ေသာ္လည္း ရန္ကုန္ေထာင္ပိုင္ႀကီး မစၥတာမက္ေကာ ႏွင့္ ေထာင္ပိုင္ေလး ဦးဘိုၾကည္တို႔သည္ စိန္ဓါးေျမႇာင္၏ အေၾကာင္းကို မသိၾက။

ထို႔ျပင္ ရန္ကုန္ေထာင္ႀကီးသည္ မႏၲေလးေထာင္ထက္ အဆမ်ားစြာ ပိုမိုလုံၿခဳံသျဖင့္ စိန္ဓါးေျမႇာင္အား သီးသန႔္တိုက္ျဖင့္ မထားပဲ အေဆာင္တြင္းတြင္ပင္ ထားရန္ ဆုံးျဖတ္လိုက္ၾကသည္။

စိန္ဓါးေျမႇာင္သည္  အက်ေဆာင္ (၂)တြင္ ေနရာခ်ရန္ ဆုံးျဖတ္လိုက္ၾကသည္။
အက်ေဆာင္၏ ဦးထုပ္ေဆာင္း (၈)မွတ္ရ အက်ဥ္းသားဘာရာ ကား နာဂ်စ္အာရတ္။

စစ္မျဖစ္မီ က အာသံအမွတ္(၂)႐ိုင္ဖယ္တပ္ရင္းမွ စစ္ေျပးမႈျဖင့္ ေထာင္က်လာခဲ့သူ  ။ ျမန္မာျပည္တြင္းသို႔ ၿဗိတိသွ်တပ္မ်ားႏွင့္အတူ ျပန္အဝင္တြင္ လူသတ္မႈ (၃)မႈအတြက္လည္း ႐ုံးတင္ခံထားရ၏။

နာဂ်စ္အာရတ္သည္ ရန္ကုန္ၿမိဳ႕လယ္ ဖေရဇာတြင္ ေမြးဖြားခဲ့သူျဖစ္ၿပီး အိႏၵိယသို႔ ထြက္ခြာကာ ၿဗိတိသွ်စစ္တပ္ထဲဝင္ခဲ့သူျဖစ္သည့္အတြက္ ဘာသာစကားသုံးမ်ိဳးလုံးကို ကြၽမ္းက်င္သည္။

သတ္ရဲ၊ျဖတ္ရဲသည့္အျပင္ ဘာသာစကားအားသာခ်က္ေၾကာင့္ ေထာင္တြင္း ေနရာရသူျဖစ္၏။

နယ္မွ ေထာင္ေျပာင္းလာေသာ လူဆိုး၊ ဓါးျပမ်ားကို နာဂ်စ္အာရတ္ ရွိရာ အေဆာင္သို႔ ဦးခ်ိဳးသည့္ အေနျဖင့္ ပို႔ထားေလ့ရွိသည္။

မႏၲေလးေထာင္မွ ရန္ကုန္သို႔ ေျပာင္းေ႐ႊပို႔ထားခံထားရသူမွာ စိန္ဓါးေျမႇာင္တစ္ဦးတည္းသာမဟုတ္။
စာေရးဆရာသိပၸံေမာင္ဝ အား ဓါးျပတိုက္ကာ သတ္ပစ္ခဲ့သည္ ဓါးျပဗိုလ္ ဗိုလ္တက္ထြန္း ဆိုသူပါ ပါလာသည္။

“မႏၲေလးက ေကာင္မေတြ လာၿပီေဟ့”

အေဆာင္ထဲတြင္ ထိုင္ေနသူ ဗလေတာင့္ေတာင့္အက်ဥ္းသားတစ္ဦးက ေအာ္လိုက္သျဖင့္ စိန္ဓါးေျမႇာင္ တင္းခနဲျဖစ္သြားသည္။

“ဟိတ္ေကာင္ေတြ...တုတ္စာမိခ်င္ၿပီလား”

ေထာင္မႉးက ေအာ္လိုက္သျဖင့္ အားလုံးၿငိမ္က်သြားသည္။

“နာဂ်စ္ ဒီမွာ မႏၲေလးက ေထာင္ေျပာင္း ႏွစ္ေယာက္၊ မင္းပုံစံ နည္းနည္းျပလိုက္ကြာ”

ေထာင္မႉးကက ထားခဲ့ၿပီး ျပန္သြား၏။

စိန္ဓါးေျမႇာင္ႏွင့္ ဗိုလ္တက္ထြန္း မွာ အိပ္ရာလိပ္ကိုယ္စီကိုယ္ကာ အေဆာင္အလယ္မွာ ရပ္ေနၾကသည္။

“ဟိတ္ ျဖဴျဖဴဝဝ နဲ႔ ခ်စ္စရာေလးက ဘယ္သူေလးမ်ားလဲ”

ဝင္လာခါစတြင္ ေအာ္ဟစ္လိုက္ေသာ အက်ဥ္းသား ေျမာင္းျမလူသတ္မုဒိန္းမႈတရားခံ ငျမင့္က  စိန္ဓါးေျမႇာင္ေရွ႕တြင္ မတ္တပ္လာရပ္ၿပီး ပါးကို ဆြဲလိမ္လိုက္သည္။
စိန္ဓါးေျမႇာင္က ငျမင့္၏ လက္ကို ပုတ္ထုတ္လိုက္ၿပီး အရႈိက္ကို အားအျပည့္ျဖင့္ ကန္လိုက္ရာ ငျမင့္မွာ အေဆာင္ေနာက္သို႔ လြင့္စင္သြား၏။

“ဟာ..ကိုယ့္ထက္ အရင္ေရာက္တဲ့ စီနီယာကို ဒီလိုမိုက္႐ိုင္းရလား..အညာသားဗမာေကာင္”

နာဂ်စ္အာရတ္ ထလာၿပီ။

ငျမင့္မွာ နာဂ်စ္အာရတ္၏ ဂ်ိဳေမြးျခင္းခံထားရေသာ အခ်စ္ေတာ္ေလး။ 

အုံပုံးအငုံ႔စိတ္ရွိေနေသာ ငျမင့္မွာ အက်ဥ္းသားသစ္မ်ားကို သူလိင္တူဆက္ဆံခံခဲ့ရသကဲ့သို႔ သူကလည္း တဖန္ျပန္ဆက္ဆံရန္ အၿမဲႀကိဳးစားေနသူျဖစ္သည္။

“မင္းတို႔ အညာသားေတြ ေရာက္တာနဲ႔..ဒီေစာက္ခ်ိဳးပဲ...အကုန္ဖင္ခ်ပစ္မယ္”

လူဆယ္ေယာက္ခန႔္က စိန္ဓါးေျမႇာင္ႏွင့္ ဗိုလ္တက္ထြန္းကို ဝိုင္းလာသည္။

“ေဟ့ေကာင္ေတြ.........အားလုံး ရပ္စမ္း”

ထိုစဥ္ေနာက္ေၾကာဘက္မွ အသံတစ္ခု ထြက္လာသျဖင့္ အားလုံး လွည့္ၾကည့္လိုက္ၾကသည္။

နာဂ်စ္အာရတ္က မ်ေကၼွာင္ႀကဳံ႕လိုက္ၿပီး
“ဟာ..ကိုႀကီးအုံးေဖ”

“ေအး....အခု လာတဲ့ လူႏွစ္ေယာက္ကို စားဖိုဘုတ္ကို တြဲဖို႔ ငါလာေခၚတာ”

"ေထာင္မႉးက ဘာမွ မေျပာသြားပါလား"

"မင္းပါးစပ္ပိတ္ထား နာဂ်စ္.....ဂႏၶမာေသာင္းရီက ေခၚခိုင္းလိုက္တာ..မင္း ဘာေျပာခ်င္လဲ..ေဟ့ေကာင္"

ဂႏၶမာေသာင္းရီဆိုသည့္ အသံၾကားသည္ႏွင့္ နာဂ်စ္အာရတ္တို႔လူစုမွာ ေနာက္သို႔ ဆုတ္သြားၾကသည္။

ခက္ေဇာ္

အခန္း (၁၇)

Comments

Post a Comment