The Guys From Mandalay,1950s အခန်း(၁၉)

The Guys From Mandalay,1950s

အခန်း(၁၉)
   ..................

“ကိုသောင်းရီ ကို ဘာလို့တွေ့ခွင့်မရတာလဲ”

“အထဲမှာ လူသတ်မှုထပ်ဖြစ်လို့..လောလောဆယ် ကြိုးတိုက်ထဲ ထည့်အပြစ်ပေးထားတယ်..ဒီကာလ ထောင်ဝင်စာ မရသေးပါဘူး..အမ”

“ဘယ်လို ဘယ်သူ့ကို သတ်လိုက်တာလဲ”

“ကိုအုန်းဖေ ကို သတ်တဲ့လူတွေကို ပြန်သတ်လိုက်လို့”

“ဘာ...ကိုအုန်းလည်း သေပြီလား”

“သေပြီ”

ထောင်ဝန်ထမ်းလေး၏ စကားကြောင့် မသောင်းနှင့် စံဘတို့ တစ်ယောက္မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

“ဒါဆို ကိုကြီးထွန်းရင်ရော”

ချောရင်က ဝင်မေးလိုက်သည်။

“ကိုထွန်းရင်လည်း လူသတ်မှုမှာပါတယ်လေ..အတူတူပဲ”

“ဟူး တော်ပါသေးရဲ့”

“ဘာ တော်ပါသေးရဲ့လဲ..ချောရင်”

“ဪ ကိုစံဘရယ်.. သေတာထက်စာရင်  သတ်တာက ပိုစိတ်အေးရတာပေါ့..မဟုတ်ဘူးလား”

ချိုက်ဟုန်ကွယ်လွန်ပြီးသည့်နောက် မ‌သောင်းသည် စံဘ၊ချောရင်တို့ လင်မယားနှင့်အတူ စဥ့်အိုးတန်းလမ်းရှိ ဂန္ဓမာသောင်းရီ၏ အိမ်တွင် နေကြသည်။

ရန်ကုန်မြို့ ပတ်ပတ်လည်တွင် လက်နက်ကိုင်တပ်များက ပိတ်ဆို့ထားချိန်ဖြစ်သဖြင့် ထင်းရှားပါးနေချိန်တွင် စံဘ သည် ဒလဘက်မှ ထင်းများကို လှေဖြင့်သယ်ယူပြီး ရန်ကုန်သို့ ပို့သည့်အလုပ်လုပ်ကိုင်သည်။

ထိုအချိန်က မြစ်ဝကျွန်းပေါ်မှ ကနစိုထင်းများ ရန်ကုန်မြို့သို့ လုံးဝမဝင်တော့သဖြင့် ခုံဖိနပ်ကိုပင် ထင်းစိုက်နေရသည့် ကာလဖြစ်သောကြောင့် စံဘ၏ လုပ်ငန်းမှာ အဆင်ပြေနေသည်။

မသောင်း၊ စံဘနှင့် ချောရင် တို့ သည် ဂန္ဓမာသောင်းရီ နှင့် ထွန်းရင်တို့အား ထောင်ဝင်စာလာတွေ့ကြခြင်းဖြစ်သည်။

ယခု ဂန္ဓမာသောင်းရီတို့အား ထောင်ဝင်စာလာတွေ့ကြချိန်တွင် တွေ့ခွင့်မရသဖြင့် သူတို့အားလုံး စိတ်ပျက်သွားကြသည်။

“ခင်ဗျားတို့ကို တွေ့ချင်နေတဲ့သူတစ်ယောက်တော့ရှိတယ်”

“ဟင်..ဘယ်သူလဲ”

“စိန်ဓါးမြှောင်တဲ့..မန္တလေးထောင်က ပြောင်းလာတဲ့ ဓါးပြဗိုလ်ပဲ”

“သူက ဘာလို့တွေ့ချင်တာလဲ”

“သူက ကိုဂန္ဓမာကြီးတို့နဲ့ စားဖိုမှာ အတူတူနေခဲ့တာပဲဗျ...ခုတော့ တန်းစီးချုပ်ဖြစ်နေပြီ..သူက ဂန္ဓမာသောင်းရီ ကို ထောင်ဝင်စာလာတွေ့တဲ့သူဆို သူတွေ့ချင်တယ်လို့ပြောတယ်ဗျ”

“ကျွန်မ သူ့ကို တွေ့ချင်တယ်”

မသောင်းက ဝင်ပြောလိုက်သည်။

ခဏအကြာတွင် စိန်ဓါးမြှောင်က ထောင်ဝင်စာပေါက်သို့ ရောက်လာသည်။

“ဂန္ဓမာသောင်းရီ နဲ့ ဘာတော်ကြတာလဲ”

“ငါ့နာမည်စံဘ...လမ်းမတော်ဖိုးတုတ်ရဲ့ ညီပဲ..ဒါက မမသောင်း။ ကိုဂန္ဓမာကြီးရဲ့မိန်းမ။ သူက ငါ့မိန်းမချောရင်၊ ထွန်းရင်ရဲ့ ညီမ ပဲ... မင်း ငါတို့ကို ဘာလို့တွေ့ချင်တာလဲ”

“အေး...ဂန္ဓမာ‌သောင်းရီ နဲ့ ထွန်းရင် ဆိုတဲ့ နာမည်နဲ့ မင်းတို့ နောက်ကိုထောင်ဝင်စာလာမတွေ့ဖို့ လာပြောတာ”

“ဘာကွ..ဟေ့ကောင်.”

စံဘအသံက ကျယ်သွားသည်။
ဘေးမှ ထောင်ဝင်ထမ်းက သူတို့ကို အကဲခတ်နေ၏။

“ဟုတ်တယ်..နောက်ကို ဘယ်တော့မှ ထောင်ဝင်စာလာမတွေ့ဖို့ပဲ”

“မင်းက ငါ့ကို အမိန့်လာပေးနေရအောင် ဘာကောင်မို့လို့လဲ”

“ငါက ဒီထောင်ရဲ့ တန်းစီးချုပ်ပဲ...မင်းလူတွေ ကြိုးတိုက်ထဲရောက်အောင်လုပ်တာလည်း ငါပဲလုပ်တာ..မင်းတို့အခုပြန်တော့..ငါစေတနာနဲ့ ပြောတာ.”

“နေပါဦး..မင်းပြောနေတာတွေ ငါနားမလည်ဘူး..မင်းက ဘာဖြစ်ချင်တာလဲ..ဟေ့ကောင်..မင်းဟာမင်း တန်းစီးချုပ်မကလို့ ဘာနေနေ..ငါ့အကိုတွေ၊ ငါ့ယောက်ဖတွေကို တစ်ခုခုထိလို့ကတော့ ရရာအမှုနဲ့ ထောင်ထဲဝင်ပြီး မင်းကို လာသတ်မယ်”

စိန်ဓါးမြှောင်က သက်ပြင်းချကာ စံဘကို ပြုံးပြီးကြည့်လိုက်သည်။

“မင်းတို့ကောင်တွေက ဒီလိုချည်းပဲ...မင်းလူတွေ အဆင်ပြေသွားလိမ့်မယ်..ဘာမှစိတ်မပူနဲ့..အခု မင်းဘေးမှာ မိန်းကလေးတွေလည်းပါလာလို့.. ငါပြောနေရတာ......ပြန်တော့...နောက်လည်းမလာနဲ့တော့”

စိန်ဓါးမြှောင်က ထိုသို့ပြောပြီး လှည့်ထွက်သွားသည်။

“ဟေ့ကောင်..ဟေ့ကောင်..ခွေးသူတောင်းစား..ပြန်လာခဲ့စမ်း..ဟေ့ကောင်”

စံဘက ဒေါသတကြီး ဆဲဆိုကာ ထောင်ဝင်စာတွေ့သည့် သံပန်းတံခါးကို ရိုက်ထည့်လိုက်၏။
ထောင်ဝန်ထမ်းတပ်သားနှစ်ဦးရောက်လာပြီး သူတို့အား ပြန်ရန် သတိပေးလိုက်သည်။

ဂန္ဓမာသောင်းရီကို မတွေ့ရသဖြင့် မသောင်းက တရှုံံ့ရှုံံ့ငိုနေ၏။

စံဘ၏ မျက်နှာက ဒေါသစိတ်ကြောင့် နီမြန်းနေသည်။

“ကိုအုန်း သေပြီတဲ့ကွာ..နောက်ပြီး..ဒီကောင် က ဘာကောင်လဲ..ဒီကောင်က ငါ့ကို ဘာလို့ အမိန့်တွေလာပေးနေတာလဲ”

ချောရင်က စံဘ၏ လက်ကို ကိုင်လိုက်သည်။

“ကိုစံဘ...သူ အကြောင်းမဲ့ပြောတာတော့မဟုတ်နိုင်ဘူး..တစ်ခုခုတော့ရှိရမယ်..သူ့လေသံထဲမှာ ကျွန်မတို့ကို တစ်ခုခုသတိပေးချင်တဲ့ ပုံစံကို ကျွန်မ ရိပ်ဖမ်းမိတယ်... ကိုကြီးထွန်းရင်တို့ကို တွေ့ခွင့်ရဖို့..ကျွန်မတို့ စိတ်အေးအေးထားပြီး စဥ်းစားကြတာပေါ့”

စံဘတို့ ရန်ကုန်ထောင်ကြီး ထိပ်သို့ထွက်လာပြီး ကမ်းနားဘက်သို့ပြန်ရန် ဆိုက်ကားငှားကြသည်။

ကားတစီးထဲတွင် သူတို့သုံးဦး ထောင်ကြီးအတွင်းမှ ထွက်အလာကို စောင့်ကြည့်နေသော သူနှစ်ယောက်ရှိနေ၏။

ခဏအကြာတွင် ထောင်အရာရှိတစ်ဦးက အဆိုပါကားအနီးသို့ အပြေးရောက်လာပြီး ကားအတွင်းသို့ ခါးညွတ်ရင်း တစ်စုံတစ်ခု ပြောလိုက်သည်။
.....................................................................................
၁၉၄၉ ဒီဇင်ဘာ ၁၈ တွင် အစိုးရတပ်များက စာဗူးတောင်းကို သိမ်းပိုက်လိုက်နိုင်သဖြင့် ရန်ကုန် - မန္တလေးလမ်းပွင့်သွားပြီး ဖြူး၊ တောင်ငူ တို့ကိုပါ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဖြူးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ပိတ်မိနေသော ခါလေး၊ မမြကြည်နှင့် အနှင်းတို့သည် ရန်ကုန်သို့ အစိုးရယာဥ်တန်းနှင့်အတူ စစ်ပြေးဒုက္ခသည်အဖြစ် ဆင်းလာကြသည်။

မမြကြည်နှင့် အနှင်းတို့သည် ရွှေထည် ပစ္စည်းများကို အတွင်းခံဘော်လီများနှင့် ထမီအထက်ဆင်များထဲတွင် လိပ်ပြီး ချုပ်ကာ သယ်ဆောင်လာကြ၏။

စိန်ဓါးမြှောင် သည် ရန်ကုန်ထောင်ကြီးသို့ ရောက်ရှိနေသည်ဟု သတင်းရသည်နှင့် ရန်ကုန်သို့ မရောက်ရောက်အောင်လာခဲ့ကြခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ခါလေး၊မမြကြည်နှင့် အနှင်းတို့ ရန်ကုန်သို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ကရင်တပ်များကအင်းစိန်ကို အခိုင်အမာစခန်းလုပ်ကာနေ၏။

ကရင်တပ်များသည် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနတွင် ဘတ်စ်ကားအစီးနှစ်ဆယ်ဖြင့် အင်းစိန်မှ ထွက်လာပြီး ရန်ကုန်မြို့ထဲနှင့် အတွင်းဝန်များရုံးကို ဝင်တိုက်ကြမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသည်။

တပ်ယာဥ်တန်းနှင့်အတူ လိုက်လာသော ခါလေးတို့ကို စစ်ရဲတပ်ရင်းက စစ်မေးပြီး ခါလေး၊ မနှင်းတို့က သေနတ်ပစ်တတ်သည်ဆိုသဖြင့် ဗားကရာကိုးထပ်ကြီးတိုက်ပေါ်တွင် အရေးပေါ်စုစည်းနေသော ပြည်သူအရံတပ်တွင် ပါဝင်ရန် ပြောဆိုကြသည်။

ရန်ကုန်သို့ ရောက်ရောက်ချင်းနေစရာမရှိဖြစ်နေသောအခြေအနေတွင် ဗားဂရားပေါ်သို့ လိုက်သွားရန် မမြကြည်က ဆုံးဖြတ်သည်။

ဒီဇင်ဘာ ၂၅ ရက်။ခရစ္စမတ်နေ့။

တပ်ရင်း(၄)၊ စစ်ရဲတပ်ရင်းများနှင့် တက္ကသိုလ်ကျောင်းသားတိုလီမိုလီထွန်းတင်တီထွင်ထားသော သံချပ်ကာ ကား နှစ်စီးက ကမာရွတ်ဂါတ်တဲတွင် ခံတပ်လုပ်ကာ အသင့်စောင့်နေသည်။

စစ်ရဲတပ်နှင့် တက္ကသိုလ်အရံတပ်ရင်း၊ ပြည်သူ့အရံတပ်တို့ပူးပေါင်းသောအဖွဲ့သည် တိုလီမိုလီသံချပ်ကား တစ်စီးနှင့်အတူ ဟံသာဝတီအဝိုင်းတွင် နေရာယူထားသည်။

ကရင်တပ်များသည် အင်းစိန်မှ ရန်ကုန်မြို့တွင်းသို့ ချီတက်လာပြီး ကမာရွတ် တံတားဖြူအနီးအရောက်တွင် မည်သည့်တပ်မျအစိုးရတပ်မှမတွေ့သဖြင့် အစိုးရတပ်များ အင်အားဖြည့်တင်းပြီး မြို့တွင်းရောက်မှချောင်ပိတ် ပစ်မည်ကို စိုးသဖြင့် ပြန်လှည့်သွားကြသည်။

ကရင်တပ်များ ပြန်လှည့်သွားသည့် သတင်းရသည်နှင့် အရံပြည်သူ့စစ်တပ်များသည် ကိုးထပ်ကြီးဘုရားဘက်သို့ ပြန်လာကြသည်။

“အချိန်က ကိုးလို့ကန့်လန့်နဲ့ ဒီတိုင်းအိပ်မရမဲ့အတူ...အရက်လေးသွားသောက်ပြီးမှ အိပ်ကြတာပေါ့ကွာ”

ခါလေးနှင့် အရံပြည်သူ့စစ်နှစ်ဦးသည် ကားပေါ်မှ ဆင်းပြီးနောက် အရက်ပုန်းရောင်းသော ကြည်မြင့်တိုင်ဘူတာဘက်ဆီသို့ ဗားကရာချောက်နံဘေးမှ လမ်းလျှောက်လာကြသည်။

အလင်းရောင်ကားအရှေ့ဘက်တွင်မထွက်သေး။
ဒီဇင်ဘာမို့ မြောက်ပြန်လေက စိမ့်နေအောင် တိုက်ခတ်နေ၏။

ဗားဂရာချောက်သည် ဂျပန်ဆုတ်ခွာခါနီးတွင် လက်ကျန်လူမိုက်အုပ်စုများ အုပ်စုဖွဲ့ သတ်ပွဲများ၊ စစ်ပြီးစတွင် နိုင်ငံရေးအုပ်စုများအကြား သတ်ပွဲများကြောင့်နာမည်ကျော်နေသည့်နေရာဖြစ်သည်။

ချောက်အပေါ်ဘက်ရှိ မြူမှုန်မှုန်တွင် မီးထိုးထားသော ကားတစ်စီးကို တွေ့လိုက်ရသဖြင့် ခါလေးတို့ သုံးဦး အသာဝပ်လိုက်ကြသည်။

“ကရင်တပ်တွေ ဒီဘက်ကများ ပတ်ဝင်လာတာလား...မသိဘူး”

ခါလေးက စတင်းဂန်းကို အသာဆုတ်ကိုင်လိုက်သည်။
ကားပေါ်မှ ဆင်းလာသော လူသုံးဦးက ကြိုးတုပ်ထားသော လူတစ်ဦးကို မြေကြီးပေါ်ဆွဲချလာသည်ကိုတွေ့ရသည်။

ထို့နောက် တုတ်များဖြင့် ဝိုင်းရိုက်ကြ၏။

ခါလေးနှင့် နှစ်ဦးက မြင်ကွင်းကို ကြည်ကာ ဇဝေဇဝါဖြစ်နေကြသည်။

“စစ်တပ်က သေဒဏ်လာပေးတာများလား”

“မဖြစ်နိုင်ဘူး..ဒီအချိန်ကြီးကို”

ထိုအချိန်တွင် ကြိုးတုတ်ထားသည့်လူကို ဒူးထောင်ထိုင်ခိုင်းပြီး နောက်စေ့ကို သေနတ်နှင့် ပစ်ရန် မောင်းတင်လိုက်သည်။

“ဟေ့..ဘယ်သူတွေလဲကွ”

ခါလေး က စတင်းဂန်းဖြင့် ချိန်ရင်း လှမ်းအော်လိုက်သည်။

တစ်ဖက်က ခါလေးရှိရာ သေနတ်ဖြင့် လှမ်းပစ်သည်။
ခါလေးက စတင်းဂန်းဖြင့် ဆွဲပြီး ရဲဘော်နှစ်ယောက်က ရိုင်ဖယ်များဖြင့် တက်ပစ်ကြသည်။

“ဟေ့..တို့တပ်မတော်ကကွ...မင်းတို့လက်နက်ချ”

ခါလေးက လှမ်းအော်လိုက်သည်။

လူသုံးယောက္မှာ စစ်တပ်ရောက်လာသည် အထင်နှင့် ကားပေါ်သို့ တက်ကာ မောင်းပြေးသွားကြတော့၏။

အနီးသို့ ရောက်သောအခါ လဲကျနေသော လူတစ်ယောက်။

ကံကောင်းထောက်မစွာဖြင့် ထိုသူကို ပစ်မသတ်သွားနိုင်ခဲ့။

“ကိုခါလေး..ခင်ဗျား လုပ်တာနဲ့ အရက်သောက်မယ့်အစီအစဥ်တော့ ပျက်ပါပြီဗျာ..ဘယ်က အရှုပ်တွေမှန်းမသိဘူး”

“ငါလည်း သူတို့ထွက်ပြေးရင် ကားပေါ်က ပါလာတာလေးများ ရမလားလို့ လုပ်ကြည့်တာပေါ့ကွာ..ဘာပဲဖြစ်ဖြစ်..အခုတော့ အသက်တစ်ချောင်းကယ်လိုက်ရတာပေါ့ဟ..”

ခါလေးက လဲကျနေသူအနားသို့ ကပ်သွားလိုက်သည်။
မျက်နှာက သွေးအလူးလူးဖြင့် ညိုမဲနေ၏။

“ဟေ့လူ..ခင်ဗျားဘယ်သူလဲ..ဘယ်ကလဲ”

ထိုသူထံမှ အသံယဲ့ယဲ့ထွက်လာသည်။

“ကျွန်တော်စံဘပါ။ စဥ့်အိုးတန်းလမ်း မှာနေပါတယ်”
.......................................................................
ချောရင် က စံဘမျက်နှာမှ သွေးစများကို ဂွမ်းစဖြင့် သုတ်ပေးနေသည်။

မသောင်းက ခါလေးကို ကော်ဖီဖြင့် ဧည့်ခံရင်း ကျေးဇူးတင်စကားဆိုသည်။

“ကျေးဇူးတင်ပါတယ်..အစ်မမောင်လေးမှာ ဒီက ရဲဘော်လေး ပေးတဲ့အသက်ပဲရှိပါတော့တယ်”

“ဟုတ်..ရပါတယ်..အမ..ကျွန်တော်တို့လည်း အရက်သောက်ဖို့ ထွက်လာလိုက်တာ သူ့အဖို့ ကံကောင်းတာပဲ”

ခါလေးက စံဘရှိရာသို့ ထသွားလိုက်သည်။

“ခင်ဗျားကို သတ်ဖို့ လုပ်တာ ဘယ်သူတွေလဲဗျ..ခင်ဗျား မသိဘူးလား”

“မနက် ၃ နာရီ ဟိုဘက်ကမ်းက ထင်းလှေဆိုက်ချိန် အလုပ်သမားတွေနဲ့ အတင်အချလုပ်နေတုန်း လူနှစ်ယောက်လာတယ်ဗျ. စစ်တပ်က ထင်းကန်ထရိုက်သွင်းမလို့ ကိစ္စ ညှိချင်လို့ပါလို့ပြောတယ်..ဗိုလ်မှူးပါလို့ ကားပေါ်မှာ စကားပြောကြမယ်ဆိုပြီး ခေါ်လာတာ.. ကားပေါ်ရောက်တော့ သေနတ်နဲ့ထောက်ပြီး ဝိုင်းရိုက်ကြတော့တာပဲ..ကျွန်တော် သတိရတော့ ခုန ဗားဂရာချောက်ပေါ် ရောက်နေတာပါပဲဗျာ”

“စစ်တပ်ကတော့မဖြစ်နိုင်ဘူးဗျ...ဒီနေ့ ကရင်ဝင်မယ်သတင်းရလို့ တစ်ညလုံး ရှိသမျှတပ်တွေ အလုပ်များနေတာ”

“အင်း..မပြောတတ်တော့ပါဘူးဗျာ”

“ဟုတ်ပြီ..ကိုစံဘ..ဒါဆို ကျွန်တော်သွားတော့မယ်...နောက်ရက်တွေ သတိထားသွားလာပေါ့ဗျာ..ခေတ်ကာလက ကောင်းတာမဟုတ်ဘူး..”

“ကျေးဇူးတင်ပါတယ်..ကိုခါလေး..ကျွန်တော် ကိုးထပ်ကြီးကို သက်သက်လာခဲ့ပါဦးမယ်”

ခါလေးပြန်ထွက်သွားပြီးနောက် ချောရင်က ဆေးဗူးအဖုံးကို ပိတ်နေရင်း တစ်စုံတစ်ခု စဥ်းစားမိဟန်ဖြင့်

“ကျွန်မထင်တာတော့ ဒီကိစ္စဟာ...ဟိုရက်က ထောင်ကြီးမှာ တွေ့ခဲ့တဲ့ တန်းစီးချုပ်ဆိုတဲ့လူ ပြောတဲ့စကားတွေနဲ့ ပတ်သက်နေလိမ့်မယ်ထင်တယ်”

ချောရင် ပြောစကားကြောင့် စံဘက မသောင်းကို လှမ်းကြည့်လိုက်သည်။

“ဟာ..ဒါဆို...ဂန္ဓမာကြီး နဲ့ ထွန်းရင်..ရော”

မသောင်း လက်ထဲမှ သိမ်းလက်စ ကော်ဖီခွက်မှာ တုန်ရီသွား၏။

တိုင်ကပ်နာရီမှ နံနက်ခြောက်နာရီ တိတိထိုးပြီဖြစ်ကြောင်း သံစုံတီလုံးမြည်လာသည်။
..........................................................................

နံနက်ခြောက်နာရီတိတိ။
ရန်ကုန်‌ထောင်ကြီး။

ကြိုးတိုက်တံခါးများကို ခေတ္တဖွင့်ပေးချိန်။
ဂန္ဓမာသောင်းရီနှင့် ထွန်းရင်တို့သည်လုပ်နေကြ ဝတ္တရားအတိုင်း ကြိုးကျအကျဥ်းသားများကို ခုနှစ်နာရီတွင် ရေချိုးထုတ်ရန် ပြင်ဆင်နေကြသည်။

ထိုအချိန်တွင်  အမြဲဆင်းဟုခေါ်သော တာဝန်ကျအကျဥ်းသားများလည်း အိပ်ဆောင်ကြီးဘက္မှ ကြိုးတိုက်သို့ စတင်‌ရောက်ရှိချိန်ဖြစ်သည်။

ဂန္ဓမာသောင်းရီ က ရေချိုးကန်ငယ်များအတွင်း ရေဖြည့်ရန် အမြဲဆင်းအကျဥ်းသားလေးဦးကို ညွှန်ကြားနေသည်။

ထွန်းရင်က ကြိုးတိုက်သန့်ရှင်း‌ရေးအတွက် အမြဲဆင်းအကျဥ်းသားနှစ်ဦးနှင့် တံမြက်စည်းများ ထုတ်နေကြ၏။

ဂန္ဓမာက ရေကန်ရှေ့သို့ ပြန်အထွက်တွင် အနောက်ဖက်ဆီ မှ အော်သံတစ်ခု ကြားသဖြင့် လှည့်ကြည့်လိုက်ရာ  ထွန်းသိန်း ဆိုသည့် အကျဥ်းသားက ရေကန်တွင် ပဲ့ထွက်နေသော အင်္ဂတေပြားတစ်ချပ်နှင့် ဂန္ဓမာသောင်းရီ ၏ မျက်နှာကို ထုထည့်လိုက်သည်။

ရုတ်တရက်မို့ ဂန္ဓမာသောင်းရီ လဲကျသွားသည်။

ထွန်းသိန်းက ဂန္ဓမာသောင်းရီ အပေါ်မှ တက်ခွသည်။

အင်္ဂတေဖြင့် ထပ်ထုရန် ကြိုးစားသည်။ ဂန္ဓမာသောင်းရီ ကရှောင်တိမ်းလိုက်သဖြင့် အင်္ဂတေက အောက်ကြမ်းခင်းကို အရှိန်ဖြင့် ထိမှန်ပြီး ဖွာထွက်သွားသည်။

ဟန်ချက်ပျက်သွားသော ထွန်းသိန်းကို ဂန္ဓမာက အားဖြင့် စောင့်တွန်းရာ ထွန်းသိန်းလဲကျသွား၏။

ထိုအချိန်တွင် အနောက်တွင်ရပ်နေသော အကျဥ်းသားခင်မောင်လှ က ရေစိုပုဆိုးဖြင့် ဂန္ဓမာသောင်းရီ၏ လက်ပင်းကို သိုင်းပက်ကာ နောက်သို့ ဆွဲလှန်လိုက်သည်။

ခင်မောင်လှက ဂန္ဓမာသောင်းရီ၏ လည်ပင်းကို အားကုန်ဆွဲညှစ်ထား၏။

ဂန္ဓမာ နဖူးဒဏ်ရာမှ သွေးများထွက်နေသည်။ ဂန္ဓမာက ခင်မောင်လှလက်တွင်းမှ ပုဆိုးကို အားဖြင့် တင်းခံကာ ခင်မောင်လှ၏ ပါးပြင်ကို သွားဖြင့် အသားကုန်ကိုက်ထားသည်။

ခင်မောင်လှထံမှ နာကြင်လွန်းသဖြင့် အသံနက်ကြီးထွက်လာသည်။

လဲကျနေသော ထွန်းသိန်းက ထလာပြီးရေချိုးကန်အတွင်းမှ အင်္ဂတေပဲ့တစ်ချက်ကို ဖဲ့ခွာကာ ဂန္ဓမာဆီသို့ ဦးတည်လာနေ၏၊

ထိုအချိန်တွင် “ဒိန်း” ဆိုသော သေနတ်သံတစ်ချက်ထွက်ပေါ်လာသည်။ ထောင်မှူးများ၊ ထောင်ဝါဒါများ  ကြိုးတိုက်အတွင်း အချိန်မှီရောက်လာကြခြင်းပင်။

ခင်မောင်လှကို ထောင်ဝါဒါများက သေနတ်ဒင်များဖြင့် ဝိုင်းထုကြသည်။ ထွန်းသိန်း ကိုလည်း ဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်။

ကြိုးတိုက်အတွင်းတွင်လည်း အမြဲဆင်းအကျဥ်းသားအဖြစ် ကြိုးတိုက်သို့ ဝင်လာသူ ကျော်စိုးနှင့် မြင့်သိန်း က ထွန်းရင်ကို သံချွန်ဖြင့် ဝိုင်းထိုးခဲ့ကြသည်။

သို့သော် ထွန်းရင်မှာ လူငယ်ဖြစ်သည့်အတွက် ဗိုက်ကိုသာ ရှပ်ထိုးမိပြီး ပြန်လည်ခုခံနေစဥ် ထောင်ဝါဒါများ အချိန်မီ ရောက်လာြခင်းဖြစ်သည်။

ဂန္ဓမာသောင်းရီ ကား သွေးသံရဲရဲကြားမှ ထွန်းသိန်းကို စိုက်ကြည့်နေသည်။

ထွန်းသိန်းမှာ တုန်ရီနေ၏။

“မင်းတို့ကငါ့ကိုတောင်လုပ်ရဲပြီပေါ့..ဘယ်သူအားကိုးနဲ့..ဒီ‌လောက်မိုက်လာကြတာလဲ..မအေလိုးလေးတွေ..ပြောစမ်း.. ပြောစမ်း”

“ခင်ဗျားခေါင်းက သွေးတွေ အရမ်းထွက်နေပြီး ကိုဂန္ဓမာကြီး..ထောင်ဆေးရုံသွားမှရမယ်..လာလာ”

ကြိုးတိုက်တာဝန်ခံ ထောင်မှူးလေးမြင့်သိန်း က ဂန္ဓမာကို ဆွဲခေါ်သွားသည်။
...................................................................................
ရန်ကုန်ထောင်ကြီး နှင့် မလှမ်းမကမ်းတွင် အနက်ရောင်ကားတစ်စီးရပ်ထား၏။

ထောင်မှူးလေးမြင့်သိန်း သည် ကားအနားသို့  ရောက်လာသည်။

“အောင်မြင်ခဲ့ရဲ့လား..ထောင်မှူး”

ကားပေါ်မှ ရွှေရောင်ဦးထုပ်နှင့် လူက မေးလိုက်သည်။
ထောင်မှူးမြင့်သိန်း မျက်နှာမကောင်း။

“ထောင်ပိုင်ကြီးက ကြိုသတင်းရထားပုံပဲ။ ကိစ္စပြတ်ခါနီးမှ မိန်းဂျေးက ထောင်မှူးတွေ၊ဝါဒါတွေ ကြိုးတိုက်ထဲရုတ်တရက်ကြီး ရောက်လာကြတယ်..”

မိဘအမွေ ရွှေရောင်ဦးထုပ်ကို ဆောင်းထားသော လူက တောက် တစ်ချက်ခေါက်လိုက်ပြီး  သူ့ဘေးနားတွင် ထိုင်နေသူကို  ပြောလိုက်သည်။

“ကဲ...ဦးမြကျင်.ခင်ဗျား အစီအစဥ်တွေက ဘာမှလည်းမအောင်မြင်ပါလား....မနက်က ဗားကရာချောက်ကကိစ္စလည်း အပြီးမသတ်နိုင်လိုက်ဘူး မဟုတ်လား..ဘယ်နှယ့်လုပ်ကြမတုန်း”

“တစ်ခုခုတော့ မှားနေပြီ...မဂျစ်ခန်း”

ဦးမြကျင် က အံကို ကြိတ်ရင်း ဆိုသည်။

ထောင်ကြီးဘက်ဆီမှ သံချောင်းခေါက်သံများ ထွက်လာကြသည်။
ထောင်မှူးလေးမြင့်သိန်းက သုတ်သုတ်ပြာပြာဖြင့် ထောင်ဘက်ပြန်ပြေးသွား၏။

မဂျစ်ခန်း။
ဖခင်ဖြစ်သူ မက်စတီးခန်း၏ တချိန်က ရွှေရောင်တောက်ပခဲ့သည့် ကာလများကို အမြဲအိပ်မက်နေခဲ့သူ။
အိန္ဒိယသို့ သူ ပြည်နှင်ဒဏ်ခံနေရစဥ်အတွင်း ဖခင်ဖြစ်သူ၏ သရဖူကို လုယူသွားခဲ့သည့် လမ်းမတော်ဖိုးတုတ်အဖွဲ့ကို လက်စားချေကာ ခန်းမျိုးဆက်၏ ဂုဏ်သိက္ခာကို ရန်ကုန်တွင် ပြန်လည်ထူထောင်လိုသူ။

မဂျစ်ခန်း သည် စစ်ပွဲများအပြီး ထူထောင်မည့်ရန်ကုန်မြို့တွင် လူမိုက်ဘုရင်ဘွဲ့ကို ခံယူရန် အရာရာကို ကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။

အကြပ်အတည်းတွေ့နေသော အစိုးရအဖွဲ့သို့ ငွေများပုံအောလှူဒါန်းထားသည်။ အစိုးရအဖွဲ့အတွင်းမှ ဝန်ကြီးအချို့နှင့် ရင်းနှီးမှုရယူထားခဲ့သူ။

လမ်းမတော်ဖိုးတုတ် မရှိတော့သော်လည်း သူ့အဓိကလက်ရုံးများကို အပြတ်ရှင်းပြီးမှ တကြော့ပြန် လူမိုက်ခေတ်ကို ထူထောင်ရေး တက်ကြွလှုပ်ရှားသူ။

သူနဘေးနားက ဦးမြကျင်။
တချိန်က ဒေါက်တာဘမော်၏ ကိုယ်ရံတော်ဖြစ်ခဲ့ဖူးသူ။
ယခုတော့ လက်စရှိလူမိုက္များကို လိုက်စုနေသူ မဂျစ်ခန်း ၏ အနီးကပ်လူယုံ။
....................................................................................
ထောင်မှူးလေးမြင့်သိန်းက မိန်းဂျေးပေါက္မှ ပြူးပြူးပြာပြာဖြင့် ပြေးဝင်လာသည်။

ထိုမြင်ကွင်းကို ထောင်ပိုင်ကြီး အခန်းအပေါ်ထပ်မှ ထောင်ပိုင်ကြီး ဦးဘိုကြည်က ကြည့်ရင်း ပြုံးလိုက်သည်။

“ကျွန်တော် မပြောလား...ဒီလူ ပါနေပါတယ်ဆို”

ဘေးနားတွင်ရှိနေသော စိန်ဓါးမြှောင်၏ စကားကို ဦးဘိုကြည်က ခေါင်းညိတ်လိုက်သည်။

ခက်ဇော်

The Guys From Mandalay,1950s

အခန္း(၁၉)
   ..................

“ကိုေသာင္းရီ ကို ဘာလို႔ေတြ႕ခြင့္မရတာလဲ”

“အထဲမွာ လူသတ္မႈထပ္ျဖစ္လို႔..ေလာေလာဆယ္ ႀကိဳးတိုက္ထဲ ထည့္အျပစ္ေပးထားတယ္..ဒီကာလ ေထာင္ဝင္စာ မရေသးပါဘူး..အမ”

“ဘယ္လို ဘယ္သူ႔ကို သတ္လိုက္တာလဲ”

“ကိုအုန္းေဖ ကို သတ္တဲ့လူေတြကို ျပန္သတ္လိုက္လို႔”

“ဘာ...ကိုအုန္းလည္း ေသၿပီလား”

“ေသၿပီ”

ေထာင္ဝန္ထမ္းေလး၏ စကားေၾကာင့္ မေသာင္းႏွင့္ စံဘတို႔ တစ္ေယာကၼ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။

“ဒါဆို ကိုႀကီးထြန္းရင္ေရာ”

ေခ်ာရင္က ဝင္ေမးလိုက္သည္။

“ကိုထြန္းရင္လည္း လူသတ္မႈမွာပါတယ္ေလ..အတူတူပဲ”

“ဟူး ေတာ္ပါေသးရဲ႕”

“ဘာ ေတာ္ပါေသးရဲ႕လဲ..ေခ်ာရင္”

“ဪ ကိုစံဘရယ္.. ေသတာထက္စာရင္  သတ္တာက ပိုစိတ္ေအးရတာေပါ့..မဟုတ္ဘူးလား”

ခ်ိဳက္ဟုန္ကြယ္လြန္ၿပီးသည့္ေနာက္ မ‌ေသာင္းသည္ စံဘ၊ေခ်ာရင္တို႔ လင္မယားႏွင့္အတူ စဥ့္အိုးတန္းလမ္းရွိ ဂႏၶမာေသာင္းရီ၏ အိမ္တြင္ ေနၾကသည္။

ရန္ကုန္ၿမိဳ႕ ပတ္ပတ္လည္တြင္ လက္နက္ကိုင္တပ္မ်ားက ပိတ္ဆို႔ထားခ်ိန္ျဖစ္သျဖင့္ ထင္းရွားပါးေနခ်ိန္တြင္ စံဘ သည္ ဒလဘက္မွ ထင္းမ်ားကို ေလွျဖင့္သယ္ယူၿပီး ရန္ကုန္သို႔ ပို႔သည့္အလုပ္လုပ္ကိုင္သည္။

ထိုအခ်ိန္က ျမစ္ဝကြၽန္းေပၚမွ ကနစိုထင္းမ်ား ရန္ကုန္ၿမိဳ႕သို႔ လုံးဝမဝင္ေတာ့သျဖင့္ ခုံဖိနပ္ကိုပင္ ထင္းစိုက္ေနရသည့္ ကာလျဖစ္ေသာေၾကာင့္ စံဘ၏ လုပ္ငန္းမွာ အဆင္ေျပေနသည္။

မေသာင္း၊ စံဘႏွင့္ ေခ်ာရင္ တို႔ သည္ ဂႏၶမာေသာင္းရီ ႏွင့္ ထြန္းရင္တို႔အား ေထာင္ဝင္စာလာေတြ႕ၾကျခင္းျဖစ္သည္။

ယခု ဂႏၶမာေသာင္းရီတို႔အား ေထာင္ဝင္စာလာေတြ႕ၾကခ်ိန္တြင္ ေတြ႕ခြင့္မရသျဖင့္ သူတို႔အားလုံး စိတ္ပ်က္သြားၾကသည္။

“ခင္ဗ်ားတို႔ကို ေတြ႕ခ်င္ေနတဲ့သူတစ္ေယာက္ေတာ့ရွိတယ္”

“ဟင္..ဘယ္သူလဲ”

“စိန္ဓါးေျမႇာင္တဲ့..မႏၲေလးေထာင္က ေျပာင္းလာတဲ့ ဓါးျပဗိုလ္ပဲ”

“သူက ဘာလို႔ေတြ႕ခ်င္တာလဲ”

“သူက ကိုဂႏၶမာႀကီးတို႔နဲ႔ စားဖိုမွာ အတူတူေနခဲ့တာပဲဗ်...ခုေတာ့ တန္းစီးခ်ဳပ္ျဖစ္ေနၿပီ..သူက ဂႏၶမာေသာင္းရီ ကို ေထာင္ဝင္စာလာေတြ႕တဲ့သူဆို သူေတြ႕ခ်င္တယ္လို႔ေျပာတယ္ဗ်”

“ကြၽန္မ သူ႔ကို ေတြ႕ခ်င္တယ္”

မေသာင္းက ဝင္ေျပာလိုက္သည္။

ခဏအၾကာတြင္ စိန္ဓါးေျမႇာင္က ေထာင္ဝင္စာေပါက္သို႔ ေရာက္လာသည္။

“ဂႏၶမာေသာင္းရီ နဲ႔ ဘာေတာ္ၾကတာလဲ”

“ငါ့နာမည္စံဘ...လမ္းမေတာ္ဖိုးတုတ္ရဲ႕ ညီပဲ..ဒါက မမေသာင္း။ ကိုဂႏၶမာႀကီးရဲ႕မိန္းမ။ သူက ငါ့မိန္းမေခ်ာရင္၊ ထြန္းရင္ရဲ႕ ညီမ ပဲ... မင္း ငါတို႔ကို ဘာလို႔ေတြ႕ခ်င္တာလဲ”

“ေအး...ဂႏၶမာ‌ေသာင္းရီ နဲ႔ ထြန္းရင္ ဆိုတဲ့ နာမည္နဲ႔ မင္းတို႔ ေနာက္ကိုေထာင္ဝင္စာလာမေတြ႕ဖို႔ လာေျပာတာ”

“ဘာကြ..ေဟ့ေကာင္.”

စံဘအသံက က်ယ္သြားသည္။
ေဘးမွ ေထာင္ဝင္ထမ္းက သူတို႔ကို အကဲခတ္ေန၏။

“ဟုတ္တယ္..ေနာက္ကို ဘယ္ေတာ့မွ ေထာင္ဝင္စာလာမေတြ႕ဖို႔ပဲ”

“မင္းက ငါ့ကို အမိန႔္လာေပးေနရေအာင္ ဘာေကာင္မို႔လို႔လဲ”

“ငါက ဒီေထာင္ရဲ႕ တန္းစီးခ်ဳပ္ပဲ...မင္းလူေတြ ႀကိဳးတိုက္ထဲေရာက္ေအာင္လုပ္တာလည္း ငါပဲလုပ္တာ..မင္းတို႔အခုျပန္ေတာ့..ငါေစတနာနဲ႔ ေျပာတာ.”

“ေနပါဦး..မင္းေျပာေနတာေတြ ငါနားမလည္ဘူး..မင္းက ဘာျဖစ္ခ်င္တာလဲ..ေဟ့ေကာင္..မင္းဟာမင္း တန္းစီးခ်ဳပ္မကလို႔ ဘာေနေန..ငါ့အကိုေတြ၊ ငါ့ေယာက္ဖေတြကို တစ္ခုခုထိလို႔ကေတာ့ ရရာအမႈနဲ႔ ေထာင္ထဲဝင္ၿပီး မင္းကို လာသတ္မယ္”

စိန္ဓါးေျမႇာင္က သက္ျပင္းခ်ကာ စံဘကို ၿပဳံးၿပီးၾကည့္လိုက္သည္။

“မင္းတို႔ေကာင္ေတြက ဒီလိုခ်ည္းပဲ...မင္းလူေတြ အဆင္ေျပသြားလိမ့္မယ္..ဘာမွစိတ္မပူနဲ႔..အခု မင္းေဘးမွာ မိန္းကေလးေတြလည္းပါလာလို႔.. ငါေျပာေနရတာ......ျပန္ေတာ့...ေနာက္လည္းမလာနဲ႔ေတာ့”

စိန္ဓါးေျမႇာင္က ထိုသို႔ေျပာၿပီး လွည့္ထြက္သြားသည္။

“ေဟ့ေကာင္..ေဟ့ေကာင္..ေခြးသူေတာင္းစား..ျပန္လာခဲ့စမ္း..ေဟ့ေကာင္”

စံဘက ေဒါသတႀကီး ဆဲဆိုကာ ေထာင္ဝင္စာေတြ႕သည့္ သံပန္းတံခါးကို ႐ိုက္ထည့္လိုက္၏။
ေထာင္ဝန္ထမ္းတပ္သားႏွစ္ဦးေရာက္လာၿပီး သူတို႔အား ျပန္ရန္ သတိေပးလိုက္သည္။

ဂႏၶမာေသာင္းရီကို မေတြ႕ရသျဖင့္ မေသာင္းက တရႈံံ့ရႈံံ့ငိုေန၏။

စံဘ၏ မ်က္ႏွာက ေဒါသစိတ္ေၾကာင့္ နီျမန္းေနသည္။

“ကိုအုန္း ေသၿပီတဲ့ကြာ..ေနာက္ၿပီး..ဒီေကာင္ က ဘာေကာင္လဲ..ဒီေကာင္က ငါ့ကို ဘာလို႔ အမိန႔္ေတြလာေပးေနတာလဲ”

ေခ်ာရင္က စံဘ၏ လက္ကို ကိုင္လိုက္သည္။

“ကိုစံဘ...သူ အေၾကာင္းမဲ့ေျပာတာေတာ့မဟုတ္ႏိုင္ဘူး..တစ္ခုခုေတာ့ရွိရမယ္..သူ႔ေလသံထဲမွာ ကြၽန္မတို႔ကို တစ္ခုခုသတိေပးခ်င္တဲ့ ပုံစံကို ကြၽန္မ ရိပ္ဖမ္းမိတယ္... ကိုႀကီးထြန္းရင္တို႔ကို ေတြ႕ခြင့္ရဖို႔..ကြၽန္မတို႔ စိတ္ေအးေအးထားၿပီး စဥ္းစားၾကတာေပါ့”

စံဘတို႔ ရန္ကုန္ေထာင္ႀကီး ထိပ္သို႔ထြက္လာၿပီး ကမ္းနားဘက္သို႔ျပန္ရန္ ဆိုက္ကားငွားၾကသည္။

ကားတစီးထဲတြင္ သူတို႔သုံးဦး ေထာင္ႀကီးအတြင္းမွ ထြက္အလာကို ေစာင့္ၾကည့္ေနေသာ သူႏွစ္ေယာက္ရွိေန၏။

ခဏအၾကာတြင္ ေထာင္အရာရွိတစ္ဦးက အဆိုပါကားအနီးသို႔ အေျပးေရာက္လာၿပီး ကားအတြင္းသို႔ ခါးၫြတ္ရင္း တစ္စုံတစ္ခု ေျပာလိုက္သည္။
.....................................................................................
၁၉၄၉ ဒီဇင္ဘာ ၁၈ တြင္ အစိုးရတပ္မ်ားက စာဗူးေတာင္းကို သိမ္းပိုက္လိုက္ႏိုင္သျဖင့္ ရန္ကုန္ - မႏၲေလးလမ္းပြင့္သြားၿပီး ျဖဴး၊ ေတာင္ငူ တို႔ကိုပါ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည္။

ျဖဴးရွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္ ပိတ္မိေနေသာ ခါေလး၊ မျမၾကည္ႏွင့္ အႏွင္းတို႔သည္ ရန္ကုန္သို႔ အစိုးရယာဥ္တန္းႏွင့္အတူ စစ္ေျပးဒုကၡသည္အျဖစ္ ဆင္းလာၾကသည္။

မျမၾကည္ႏွင့္ အႏွင္းတို႔သည္ ေ႐ႊထည္ ပစၥည္းမ်ားကို အတြင္းခံေဘာ္လီမ်ားႏွင့္ ထမီအထက္ဆင္မ်ားထဲတြင္ လိပ္ၿပီး ခ်ဳပ္ကာ သယ္ေဆာင္လာၾက၏။

စိန္ဓါးေျမႇာင္ သည္ ရန္ကုန္ေထာင္ႀကီးသို႔ ေရာက္ရွိေနသည္ဟု သတင္းရသည္ႏွင့္ ရန္ကုန္သို႔ မေရာက္ေရာက္ေအာင္လာခဲ့ၾကျခင္းျဖစ္သည္။

ဒီဇင္ဘာ ၂၂ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ခါေလး၊မျမၾကည္ႏွင့္ အႏွင္းတို႔ ရန္ကုန္သို႔ ေရာက္ရွိလာၾကသည္။
ထိုအခ်ိန္တြင္ ကရင္တပ္မ်ားကအင္းစိန္ကို အခိုင္အမာစခန္းလုပ္ကာေန၏။

ကရင္တပ္မ်ားသည္ ဒီဇင္ဘာ ၂၅ ရက္ေန႔ ညနတြင္ ဘတ္စ္ကားအစီးႏွစ္ဆယ္ျဖင့္ အင္းစိန္မွ ထြက္လာၿပီး ရန္ကုန္ၿမိဳ႕ထဲႏွင့္ အတြင္းဝန္မ်ား႐ုံးကို ဝင္တိုက္ၾကမည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလာသည္။

တပ္ယာဥ္တန္းႏွင့္အတူ လိုက္လာေသာ ခါေလးတို႔ကို စစ္ရဲတပ္ရင္းက စစ္ေမးၿပီး ခါေလး၊ မႏွင္းတို႔က ေသနတ္ပစ္တတ္သည္ဆိုသျဖင့္ ဗားကရာကိုးထပ္ႀကီးတိုက္ေပၚတြင္ အေရးေပၚစုစည္းေနေသာ ျပည္သူအရံတပ္တြင္ ပါဝင္ရန္ ေျပာဆိုၾကသည္။

ရန္ကုန္သို႔ ေရာက္ေရာက္ခ်င္းေနစရာမရွိျဖစ္ေနေသာအေျခအေနတြင္ ဗားဂရားေပၚသို႔ လိုက္သြားရန္ မျမၾကည္က ဆုံးျဖတ္သည္။

ဒီဇင္ဘာ ၂၅ ရက္။ခရစၥမတ္ေန႔။

တပ္ရင္း(၄)၊ စစ္ရဲတပ္ရင္းမ်ားႏွင့္ တကၠသိုလ္ေက်ာင္းသားတိုလီမိုလီထြန္းတင္တီထြင္ထားေသာ သံခ်ပ္ကာ ကား ႏွစ္စီးက ကမာ႐ြတ္ဂါတ္တဲတြင္ ခံတပ္လုပ္ကာ အသင့္ေစာင့္ေနသည္။

စစ္ရဲတပ္ႏွင့္ တကၠသိုလ္အရံတပ္ရင္း၊ ျပည္သူ႔အရံတပ္တို႔ပူးေပါင္းေသာအဖြဲ႕သည္ တိုလီမိုလီသံခ်ပ္ကား တစ္စီးႏွင့္အတူ ဟံသာဝတီအဝိုင္းတြင္ ေနရာယူထားသည္။

ကရင္တပ္မ်ားသည္ အင္းစိန္မွ ရန္ကုန္ၿမိဳ႕တြင္းသို႔ ခ်ီတက္လာၿပီး ကမာ႐ြတ္ တံတားျဖဴအနီးအေရာက္တြင္ မည္သည့္တပ္မ်အစိုးရတပ္မွမေတြ႕သျဖင့္ အစိုးရတပ္မ်ား အင္အားျဖည့္တင္းၿပီး ၿမိဳ႕တြင္းေရာက္မွေခ်ာင္ပိတ္ ပစ္မည္ကို စိုးသျဖင့္ ျပန္လွည့္သြားၾကသည္။

ကရင္တပ္မ်ား ျပန္လွည့္သြားသည့္ သတင္းရသည္ႏွင့္ အရံျပည္သူ႔စစ္တပ္မ်ားသည္ ကိုးထပ္ႀကီးဘုရားဘက္သို႔ ျပန္လာၾကသည္။

“အခ်ိန္က ကိုးလို႔ကန႔္လန႔္နဲ႔ ဒီတိုင္းအိပ္မရမဲ့အတူ...အရက္ေလးသြားေသာက္ၿပီးမွ အိပ္ၾကတာေပါ့ကြာ”

ခါေလးႏွင့္ အရံျပည္သူ႔စစ္ႏွစ္ဦးသည္ ကားေပၚမွ ဆင္းၿပီးေနာက္ အရက္ပုန္းေရာင္းေသာ ၾကည္ျမင့္တိုင္ဘူတာဘက္ဆီသို႔ ဗားကရာေခ်ာက္နံေဘးမွ လမ္းေလွ်ာက္လာၾကသည္။

အလင္းေရာင္ကားအေရွ႕ဘက္တြင္မထြက္ေသး။
ဒီဇင္ဘာမို႔ ေျမာက္ျပန္ေလက စိမ့္ေနေအာင္ တိုက္ခတ္ေန၏။

ဗားဂရာေခ်ာက္သည္ ဂ်ပန္ဆုတ္ခြာခါနီးတြင္ လက္က်န္လူမိုက္အုပ္စုမ်ား အုပ္စုဖြဲ႕ သတ္ပြဲမ်ား၊ စစ္ၿပီးစတြင္ ႏိုင္ငံေရးအုပ္စုမ်ားအၾကား သတ္ပြဲမ်ားေၾကာင့္နာမည္ေက်ာ္ေနသည့္ေနရာျဖစ္သည္။

ေခ်ာက္အေပၚဘက္ရွိ ျမဴမႈန္မႈန္တြင္ မီးထိုးထားေသာ ကားတစ္စီးကို ေတြ႕လိုက္ရသျဖင့္ ခါေလးတို႔ သုံးဦး အသာဝပ္လိုက္ၾကသည္။

“ကရင္တပ္ေတြ ဒီဘက္ကမ်ား ပတ္ဝင္လာတာလား...မသိဘူး”

ခါေလးက စတင္းဂန္းကို အသာဆုတ္ကိုင္လိုက္သည္။
ကားေပၚမွ ဆင္းလာေသာ လူသုံးဦးက ႀကိဳးတုပ္ထားေသာ လူတစ္ဦးကို ေျမႀကီးေပၚဆြဲခ်လာသည္ကိုေတြ႕ရသည္။

ထို႔ေနာက္ တုတ္မ်ားျဖင့္ ဝိုင္း႐ိုက္ၾက၏။

ခါေလးႏွင့္ ႏွစ္ဦးက ျမင္ကြင္းကို ၾကည္ကာ ဇေဝဇဝါျဖစ္ေနၾကသည္။

“စစ္တပ္က ေသဒဏ္လာေပးတာမ်ားလား”

“မျဖစ္ႏိုင္ဘူး..ဒီအခ်ိန္ႀကီးကို”

ထိုအခ်ိန္တြင္ ႀကိဳးတုတ္ထားသည့္လူကို ဒူးေထာင္ထိုင္ခိုင္းၿပီး ေနာက္ေစ့ကို ေသနတ္ႏွင့္ ပစ္ရန္ ေမာင္းတင္လိုက္သည္။

“ေဟ့..ဘယ္သူေတြလဲကြ”

ခါေလး က စတင္းဂန္းျဖင့္ ခ်ိန္ရင္း လွမ္းေအာ္လိုက္သည္။

တစ္ဖက္က ခါေလးရွိရာ ေသနတ္ျဖင့္ လွမ္းပစ္သည္။
ခါေလးက စတင္းဂန္းျဖင့္ ဆြဲၿပီး ရဲေဘာ္ႏွစ္ေယာက္က ႐ိုင္ဖယ္မ်ားျဖင့္ တက္ပစ္ၾကသည္။

“ေဟ့..တို႔တပ္မေတာ္ကကြ...မင္းတို႔လက္နက္ခ်”

ခါေလးက လွမ္းေအာ္လိုက္သည္။

လူသုံးေယာကၼွာ စစ္တပ္ေရာက္လာသည္ အထင္ႏွင့္ ကားေပၚသို႔ တက္ကာ ေမာင္းေျပးသြားၾကေတာ့၏။

အနီးသို႔ ေရာက္ေသာအခါ လဲက်ေနေသာ လူတစ္ေယာက္။

ကံေကာင္းေထာက္မစြာျဖင့္ ထိုသူကို ပစ္မသတ္သြားႏိုင္ခဲ့။

“ကိုခါေလး..ခင္ဗ်ား လုပ္တာနဲ႔ အရက္ေသာက္မယ့္အစီအစဥ္ေတာ့ ပ်က္ပါၿပီဗ်ာ..ဘယ္က အရႈပ္ေတြမွန္းမသိဘူး”

“ငါလည္း သူတို႔ထြက္ေျပးရင္ ကားေပၚက ပါလာတာေလးမ်ား ရမလားလို႔ လုပ္ၾကည့္တာေပါ့ကြာ..ဘာပဲျဖစ္ျဖစ္..အခုေတာ့ အသက္တစ္ေခ်ာင္းကယ္လိုက္ရတာေပါ့ဟ..”

ခါေလးက လဲက်ေနသူအနားသို႔ ကပ္သြားလိုက္သည္။
မ်က္ႏွာက ေသြးအလူးလူးျဖင့္ ညိဳမဲေန၏။

“ေဟ့လူ..ခင္ဗ်ားဘယ္သူလဲ..ဘယ္ကလဲ”

ထိုသူထံမွ အသံယဲ့ယဲ့ထြက္လာသည္။

“ကြၽန္ေတာ္စံဘပါ။ စဥ့္အိုးတန္းလမ္း မွာေနပါတယ္”
.......................................................................
ေခ်ာရင္ က စံဘမ်က္ႏွာမွ ေသြးစမ်ားကို ဂြမ္းစျဖင့္ သုတ္ေပးေနသည္။

မေသာင္းက ခါေလးကို ေကာ္ဖီျဖင့္ ဧည့္ခံရင္း ေက်းဇူးတင္စကားဆိုသည္။

“ေက်းဇူးတင္ပါတယ္..အစ္မေမာင္ေလးမွာ ဒီက ရဲေဘာ္ေလး ေပးတဲ့အသက္ပဲရွိပါေတာ့တယ္”

“ဟုတ္..ရပါတယ္..အမ..ကြၽန္ေတာ္တို႔လည္း အရက္ေသာက္ဖို႔ ထြက္လာလိုက္တာ သူ႔အဖို႔ ကံေကာင္းတာပဲ”

ခါေလးက စံဘရွိရာသို႔ ထသြားလိုက္သည္။

“ခင္ဗ်ားကို သတ္ဖို႔ လုပ္တာ ဘယ္သူေတြလဲဗ်..ခင္ဗ်ား မသိဘူးလား”

“မနက္ ၃ နာရီ ဟိုဘက္ကမ္းက ထင္းေလွဆိုက္ခ်ိန္ အလုပ္သမားေတြနဲ႔ အတင္အခ်လုပ္ေနတုန္း လူႏွစ္ေယာက္လာတယ္ဗ်. စစ္တပ္က ထင္းကန္ထ႐ိုက္သြင္းမလို႔ ကိစၥ ညႇိခ်င္လို႔ပါလို႔ေျပာတယ္..ဗိုလ္မႉးပါလို႔ ကားေပၚမွာ စကားေျပာၾကမယ္ဆိုၿပီး ေခၚလာတာ.. ကားေပၚေရာက္ေတာ့ ေသနတ္နဲ႔ေထာက္ၿပီး ဝိုင္း႐ိုက္ၾကေတာ့တာပဲ..ကြၽန္ေတာ္ သတိရေတာ့ ခုန ဗားဂရာေခ်ာက္ေပၚ ေရာက္ေနတာပါပဲဗ်ာ”

“စစ္တပ္ကေတာ့မျဖစ္ႏိုင္ဘူးဗ်...ဒီေန႔ ကရင္ဝင္မယ္သတင္းရလို႔ တစ္ညလုံး ရွိသမွ်တပ္ေတြ အလုပ္မ်ားေနတာ”

“အင္း..မေျပာတတ္ေတာ့ပါဘူးဗ်ာ”

“ဟုတ္ၿပီ..ကိုစံဘ..ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္...ေနာက္ရက္ေတြ သတိထားသြားလာေပါ့ဗ်ာ..ေခတ္ကာလက ေကာင္းတာမဟုတ္ဘူး..”

“ေက်းဇူးတင္ပါတယ္..ကိုခါေလး..ကြၽန္ေတာ္ ကိုးထပ္ႀကီးကို သက္သက္လာခဲ့ပါဦးမယ္”

ခါေလးျပန္ထြက္သြားၿပီးေနာက္ ေခ်ာရင္က ေဆးဗူးအဖုံးကို ပိတ္ေနရင္း တစ္စုံတစ္ခု စဥ္းစားမိဟန္ျဖင့္

“ကြၽန္မထင္တာေတာ့ ဒီကိစၥဟာ...ဟိုရက္က ေထာင္ႀကီးမွာ ေတြ႕ခဲ့တဲ့ တန္းစီးခ်ဳပ္ဆိုတဲ့လူ ေျပာတဲ့စကားေတြနဲ႔ ပတ္သက္ေနလိမ့္မယ္ထင္တယ္”

ေခ်ာရင္ ေျပာစကားေၾကာင့္ စံဘက မေသာင္းကို လွမ္းၾကည့္လိုက္သည္။

“ဟာ..ဒါဆို...ဂႏၶမာႀကီး နဲ႔ ထြန္းရင္..ေရာ”

မေသာင္း လက္ထဲမွ သိမ္းလက္စ ေကာ္ဖီခြက္မွာ တုန္ရီသြား၏။

တိုင္ကပ္နာရီမွ နံနက္ေျခာက္နာရီ တိတိထိုးၿပီျဖစ္ေၾကာင္း သံစုံတီလုံးျမည္လာသည္။
..........................................................................

နံနက္ေျခာက္နာရီတိတိ။
ရန္ကုန္‌ေထာင္ႀကီး။

ႀကိဳးတိုက္တံခါးမ်ားကို ေခတၱဖြင့္ေပးခ်ိန္။
ဂႏၶမာေသာင္းရီႏွင့္ ထြန္းရင္တို႔သည္လုပ္ေနၾက ဝတၱရားအတိုင္း ႀကိဳးက်အက်ဥ္းသားမ်ားကို ခုႏွစ္နာရီတြင္ ေရခ်ိဳးထုတ္ရန္ ျပင္ဆင္ေနၾကသည္။

ထိုအခ်ိန္တြင္  အၿမဲဆင္းဟုေခၚေသာ တာဝန္က်အက်ဥ္းသားမ်ားလည္း အိပ္ေဆာင္ႀကီးဘကၼွ ႀကိဳးတိုက္သို႔ စတင္‌ေရာက္ရွိခ်ိန္ျဖစ္သည္။

ဂႏၶမာေသာင္းရီ က ေရခ်ိဳးကန္ငယ္မ်ားအတြင္း ေရျဖည့္ရန္ အၿမဲဆင္းအက်ဥ္းသားေလးဦးကို ၫႊန္ၾကားေနသည္။

ထြန္းရင္က ႀကိဳးတိုက္သန႔္ရွင္း‌ေရးအတြက္ အၿမဲဆင္းအက်ဥ္းသားႏွစ္ဦးႏွင့္ တံျမက္စည္းမ်ား ထုတ္ေနၾက၏။

ဂႏၶမာက ေရကန္ေရွ႕သို႔ ျပန္အထြက္တြင္ အေနာက္ဖက္ဆီ မွ ေအာ္သံတစ္ခု ၾကားသျဖင့္ လွည့္ၾကည့္လိုက္ရာ  ထြန္းသိန္း ဆိုသည့္ အက်ဥ္းသားက ေရကန္တြင္ ပဲ့ထြက္ေနေသာ အဂၤေတျပားတစ္ခ်ပ္ႏွင့္ ဂႏၶမာေသာင္းရီ ၏ မ်က္ႏွာကို ထုထည့္လိုက္သည္။

႐ုတ္တရက္မို႔ ဂႏၶမာေသာင္းရီ လဲက်သြားသည္။

ထြန္းသိန္းက ဂႏၶမာေသာင္းရီ အေပၚမွ တက္ခြသည္။

အဂၤေတျဖင့္ ထပ္ထုရန္ ႀကိဳးစားသည္။ ဂႏၶမာေသာင္းရီ ကေရွာင္တိမ္းလိုက္သျဖင့္ အဂၤေတက ေအာက္ၾကမ္းခင္းကို အရွိန္ျဖင့္ ထိမွန္ၿပီး ဖြာထြက္သြားသည္။

ဟန္ခ်က္ပ်က္သြားေသာ ထြန္းသိန္းကို ဂႏၶမာက အားျဖင့္ ေစာင့္တြန္းရာ ထြန္းသိန္းလဲက်သြား၏။

ထိုအခ်ိန္တြင္ အေနာက္တြင္ရပ္ေနေသာ အက်ဥ္းသားခင္ေမာင္လွ က ေရစိုပုဆိုးျဖင့္ ဂႏၶမာေသာင္းရီ၏ လက္ပင္းကို သိုင္းပက္ကာ ေနာက္သို႔ ဆြဲလွန္လိုက္သည္။

ခင္ေမာင္လွက ဂႏၶမာေသာင္းရီ၏ လည္ပင္းကို အားကုန္ဆြဲညႇစ္ထား၏။

ဂႏၶမာ နဖူးဒဏ္ရာမွ ေသြးမ်ားထြက္ေနသည္။ ဂႏၶမာက ခင္ေမာင္လွလက္တြင္းမွ ပုဆိုးကို အားျဖင့္ တင္းခံကာ ခင္ေမာင္လွ၏ ပါးျပင္ကို သြားျဖင့္ အသားကုန္ကိုက္ထားသည္။

ခင္ေမာင္လွထံမွ နာၾကင္လြန္းသျဖင့္ အသံနက္ႀကီးထြက္လာသည္။

လဲက်ေနေသာ ထြန္းသိန္းက ထလာၿပီးေရခ်ိဳးကန္အတြင္းမွ အဂၤေတပဲ့တစ္ခ်က္ကို ဖဲ့ခြာကာ ဂႏၶမာဆီသို႔ ဦးတည္လာေန၏၊

ထိုအခ်ိန္တြင္ “ဒိန္း” ဆိုေသာ ေသနတ္သံတစ္ခ်က္ထြက္ေပၚလာသည္။ ေထာင္မႉးမ်ား၊ ေထာင္ဝါဒါမ်ား  ႀကိဳးတိုက္အတြင္း အခ်ိန္မွီေရာက္လာၾကျခင္းပင္။

ခင္ေမာင္လွကို ေထာင္ဝါဒါမ်ားက ေသနတ္ဒင္မ်ားျဖင့္ ဝိုင္းထုၾကသည္။ ထြန္းသိန္း ကိုလည္း ဝိုင္းဝန္းဖမ္းဆီးလိုက္ၾကသည္။

ႀကိဳးတိုက္အတြင္းတြင္လည္း အၿမဲဆင္းအက်ဥ္းသားအျဖစ္ ႀကိဳးတိုက္သို႔ ဝင္လာသူ ေက်ာ္စိုးႏွင့္ ျမင့္သိန္း က ထြန္းရင္ကို သံခြၽန္ျဖင့္ ဝိုင္းထိုးခဲ့ၾကသည္။

သို႔ေသာ္ ထြန္းရင္မွာ လူငယ္ျဖစ္သည့္အတြက္ ဗိုက္ကိုသာ ရွပ္ထိုးမိၿပီး ျပန္လည္ခုခံေနစဥ္ ေထာင္ဝါဒါမ်ား အခ်ိန္မီ ေရာက္လာျခင္းျဖစ္သည္။

ဂႏၶမာေသာင္းရီ ကား ေသြးသံရဲရဲၾကားမွ ထြန္းသိန္းကို စိုက္ၾကည့္ေနသည္။

ထြန္းသိန္းမွာ တုန္ရီေန၏။

“မင္းတို႔ကငါ့ကိုေတာင္လုပ္ရဲၿပီေပါ့..ဘယ္သူအားကိုးနဲ႔..ဒီ‌ေလာက္မိုက္လာၾကတာလဲ..မေအလိုးေလးေတြ..ေျပာစမ္း.. ေျပာစမ္း”

“ခင္ဗ်ားေခါင္းက ေသြးေတြ အရမ္းထြက္ေနၿပီး ကိုဂႏၶမာႀကီး..ေထာင္ေဆး႐ုံသြားမွရမယ္..လာလာ”

ႀကိဳးတိုက္တာဝန္ခံ ေထာင္မႉးေလးျမင့္သိန္း က ဂႏၶမာကို ဆြဲေခၚသြားသည္။
...................................................................................
ရန္ကုန္ေထာင္ႀကီး ႏွင့္ မလွမ္းမကမ္းတြင္ အနက္ေရာင္ကားတစ္စီးရပ္ထား၏။

ေထာင္မႉးေလးျမင့္သိန္း သည္ ကားအနားသို႔  ေရာက္လာသည္။

“ေအာင္ျမင္ခဲ့ရဲ႕လား..ေထာင္မႉး”

ကားေပၚမွ ေ႐ႊေရာင္ဦးထုပ္ႏွင့္ လူက ေမးလိုက္သည္။
ေထာင္မႉးျမင့္သိန္း မ်က္ႏွာမေကာင္း။

“ေထာင္ပိုင္ႀကီးက ႀကိဳသတင္းရထားပုံပဲ။ ကိစၥျပတ္ခါနီးမွ မိန္းေဂ်းက ေထာင္မႉးေတြ၊ဝါဒါေတြ ႀကိဳးတိုက္ထဲ႐ုတ္တရက္ႀကီး ေရာက္လာၾကတယ္..”

မိဘအေမြ ေ႐ႊေရာင္ဦးထုပ္ကို ေဆာင္းထားေသာ လူက ေတာက္ တစ္ခ်က္ေခါက္လိုက္ၿပီး  သူ႔ေဘးနားတြင္ ထိုင္ေနသူကို  ေျပာလိုက္သည္။

“ကဲ...ဦးျမက်င္.ခင္ဗ်ား အစီအစဥ္ေတြက ဘာမွလည္းမေအာင္ျမင္ပါလား....မနက္က ဗားကရာေခ်ာက္ကကိစၥလည္း အၿပီးမသတ္ႏိုင္လိုက္ဘူး မဟုတ္လား..ဘယ္ႏွယ့္လုပ္ၾကမတုန္း”

“တစ္ခုခုေတာ့ မွားေနၿပီ...မဂ်စ္ခန္း”

ဦးျမက်င္ က အံကို ႀကိတ္ရင္း ဆိုသည္။

ေထာင္ႀကီးဘက္ဆီမွ သံေခ်ာင္းေခါက္သံမ်ား ထြက္လာၾကသည္။
ေထာင္မႉးေလးျမင့္သိန္းက သုတ္သုတ္ျပာျပာျဖင့္ ေထာင္ဘက္ျပန္ေျပးသြား၏။

မဂ်စ္ခန္း။
ဖခင္ျဖစ္သူ မက္စတီးခန္း၏ တခ်ိန္က ေ႐ႊေရာင္ေတာက္ပခဲ့သည့္ ကာလမ်ားကို အၿမဲအိပ္မက္ေနခဲ့သူ။
အိႏၵိယသို႔ သူ ျပည္ႏွင္ဒဏ္ခံေနရစဥ္အတြင္း ဖခင္ျဖစ္သူ၏ သရဖူကို လုယူသြားခဲ့သည့္ လမ္းမေတာ္ဖိုးတုတ္အဖြဲ႕ကို လက္စားေခ်ကာ ခန္းမ်ိဳးဆက္၏ ဂုဏ္သိကၡာကို ရန္ကုန္တြင္ ျပန္လည္ထူေထာင္လိုသူ။

မဂ်စ္ခန္း သည္ စစ္ပြဲမ်ားအၿပီး ထူေထာင္မည့္ရန္ကုန္ၿမိဳ႕တြင္ လူမိုက္ဘုရင္ဘြဲ႕ကို ခံယူရန္ အရာရာကို ႀကိဳတင္ျပင္ဆင္ေနၿပီျဖစ္သည္။

အၾကပ္အတည္းေတြ႕ေနေသာ အစိုးရအဖြဲ႕သို႔ ေငြမ်ားပုံေအာလႉဒါန္းထားသည္။ အစိုးရအဖြဲ႕အတြင္းမွ ဝန္ႀကီးအခ်ိဳ႕ႏွင့္ ရင္းႏွီးမႈရယူထားခဲ့သူ။

လမ္းမေတာ္ဖိုးတုတ္ မရွိေတာ့ေသာ္လည္း သူ႔အဓိကလက္႐ုံးမ်ားကို အျပတ္ရွင္းၿပီးမွ တေၾကာ့ျပန္ လူမိုက္ေခတ္ကို ထူေထာင္ေရး တက္ႂကြလႈပ္ရွားသူ။

သူနေဘးနားက ဦးျမက်င္။
တခ်ိန္က ေဒါက္တာဘေမာ္၏ ကိုယ္ရံေတာ္ျဖစ္ခဲ့ဖူးသူ။
ယခုေတာ့ လက္စရွိလူမိုကၼ်ားကို လိုက္စုေနသူ မဂ်စ္ခန္း ၏ အနီးကပ္လူယုံ။
....................................................................................
ေထာင္မႉးေလးျမင့္သိန္းက မိန္းေဂ်းေပါကၼွ ျပဴးျပဴးျပာျပာျဖင့္ ေျပးဝင္လာသည္။

ထိုျမင္ကြင္းကို ေထာင္ပိုင္ႀကီး အခန္းအေပၚထပ္မွ ေထာင္ပိုင္ႀကီး ဦးဘိုၾကည္က ၾကည့္ရင္း ၿပဳံးလိုက္သည္။

“ကြၽန္ေတာ္ မေျပာလား...ဒီလူ ပါေနပါတယ္ဆို”

ေဘးနားတြင္ရွိေနေသာ စိန္ဓါးေျမႇာင္၏ စကားကို ဦးဘိုၾကည္က ေခါင္းညိတ္လိုက္သည္။

ခက္ေဇာ္

Comments

Post a Comment