The Guys From Mandalay,1950s အခန်း(၂၂)
The Guys From Mandalay,1950s
အခန်း(၂၂)
..............
“မင်းတို့ ကိုယ်လုပ်တဲ့အလုပ်က ဘာအလုပ်ဆိုတာကို နားလည်တယ်မဟုတ်လား”
စိန်ဓါးမြှောင်လေသံ က တင်းမာနေသည်။
စိန်ဓါးမြှောင်ရှေ့ ကြမ်းပြင်တွင် ခါလေး ၊ ထွန်းခင် နှင့် အနှင်းတို့က ခေါင်းငုံ့လျက်။
“ဖြေကြလေကွာ။ ဓါးပြတိုက်နေကြတာကွ၊ နေရာတကာ သေနတ်တပြပြနဲ့ ဗိုလ်အောင်ဒင်ဂိုက်ဖမ်းစရာမလိုဘူး၊ မင်းတို့ကို ရဲဘက်က ခြေရာခံမိသွားရင် ဘယ့်နှယ့်လုပ်ကြမတုန်း၊ မန္တလေးမှာတုန်းက မင်းတို့ရှေ့တင် လှမောင်တို့ ကြင်အေးတို့ ဘယ်လိုသေသွားလဲ..ဟမ်”
လှမောင် နာမည်ပါလာသည့်အတွက် အနှင်းမျက်နှာ က သိသိသာသာ နွမ်းလျသွား၏။
စိန်ဓါးမြှောင်က သတိထားမိသွားသဖြင့် လေသံကို ပြန်လျှော့လိုက်သည်။
“ဒါရန်ကုန်ကွ....ငါတို့ အလျှို့ဝှက်ဆုံးနေထိုင်ပြီး လုပ်ကိုင်မှ ငါတို့ ရေရှည်ခံမယ်။ တချို့ကိစ္စတွေ ကိုယ်က ကူညီချင်တယ်ဆိုရင်တောင် အခြေအနေကို ကြည့်ပေါ့ကွာ၊ နေရာတကာ သေနတ်ထုတ်မသုံးကြနဲ့”
“ဟုတ်ကဲ့ပါ..ဆရာကြီး..ကိုခါလေးတို့ ကိုထွန်းခင်တို့မှာ အပြစ်မရှိပါဘူး...အနှင်းအမှားပါ..အနှင်းရှေ့မှာ စားသောက်ဆိုင်က ဟိုမမကို သူတို့က ရိုက်ဖို့လုပ်နေလို့ ရုတ်တရက်စိတ်လွတ်သွားတာပါ”
“ကဲ..ဒီတစ်ခါတော့ ရှိစေတော့..နောက်တစ်ခါ ဒီလိုမျိုးကျရင် ဆင်ခြင်ကြဖို့ပဲ..မဟုတ်လို့ကတော့..ငါတို့တဖွဲ့လုံး အိုးဘိုကျောင်းတုန်းကလို မျိုးကန်းဖို့ပဲရှိတယ်ဆိုတာ နားလည်ထားကြ”
စိန်ဓါးမြှောင်က ထိုင်နေရာမှ ထပြီး အိမ်ပေါ်သို့ တက်သွားသည်။
ကျန်ရစ်ခဲ့သော မမြကြည်က
“ဒါနဲ့ ခုန..ခါလေးပြောတာ..အဲ့ဒီစားသောက်ဆိုင်တန်းတွေကို ပိုက်ဆံကောက်တယ်ဆိုတဲ့ လူမိုက်နာမည်က ဘယ်သူ”
“ဦးမြကျင်ပါ”
“အေး..သူ့အကြောင်း စုံစမ်းထား...သူပိုက်ဆံတွေ..ဘယ်မှာစုဆောင်းထားလဲ..အတိအကျသိချင်တယ်”
“ဟုတ်ကဲ့..မမကြည်”
ထိုအချိန်တွင် အိမ်ရှေ့မှ လူတစ်ယောက်ဝင်လာသည်။
“မမမြကြည်”
မမြကြည်က အိမ်ရှေ့သို့ ကြည့်လိုက်သည်။
“ဘယ်သူလဲ”
“ကျွန်တော်လေ..ယူနွတ်ပါ..မမှတ်မိတော့ဘူးလား”
သန်းအောင် ခေါ် ယူနွတ်။
ကုလားဗမာအရေးအခင်းကာလ မမြကြည်တို့ မန္တလေးအိမ်တွင် လာခိုနေစဥ် စိန်ပန်းပေါက်ကျော်တို့ အိမ်ကို လာဝိုင်းသည့်နေ့။
ထိုနေ့သည် မောင်ကလေးနှင့် မြကြည်တို့၏ ဆုံဆည်းမှုနိဒါန်း။
“သြော်...ယူနွတ်...ငါ့မောင်..က တကယ့်လူကြီးကြီးကို ဖြစ်လို့..ကိုမောင်ကလေးကတော့ ထောင်ထဲမှာ မင်းနဲ့ တွေ့ခဲ့တာ ပြောတယ်...မင်းအခုလွတ်ပြီလား”
“ကဲ..လာ..လာ အိမ်ထဲဝင်”
ခါလေးတို့က ယခုမှ မြင်ဖူးသော လူစိမ်းယူနွတ်ကို အကဲခတ်နေကြသည်။
“ဆရာကြီးရော..မမမြကြည်”
“ခုပဲ အပေါ်ထပ် တက်သွားတယ်”
“ကျွန်တော် ဆရာကြီးနဲ့ နှစ်ယောက်တည်း စကားပြောစရာရှိလို့”
“ယူနွတ်..အပေါ်တက်ခဲ့”
စိန်ဓါးမြှောင် က အပေါ်ထပ်မှ လှမ်းပြောသည်။
ယူနွတ်အပေါ်သို့တက်သွားသည်။
စိန်ဓါးမြှောင်က ဘုရားခန်းရှိ ပက်လက်ကုလားထိုင်တွင် ထိုင်လျက် သတင်းစာတစ်စောင်ကို ဖတ်နေ၏။
“ဒီနေ့ပဲ လွတ်တာလား”
“ဟုတ်ကဲ့..ဆရာကြီး”
“ငါနဲ့ နှစ်ယောက်ချင်းတွေ့ရအောင် ဘာကိစ္စလဲ”
“ကျွန်တော့်ကို ဂန္ဓမာကြီးက စကားလူကြုံပါးလိုက်တယ်”
စိန်ဓါးမြှောင်က ပက်လက်ကုလားထိုင်ကို မှီထိုင်ထားရာမှ ခါးကို ဆန့်လိုက်သည်။
“ဘာတဲ့လဲ”
“ဆရာကြီးလုပ်သွားတဲ့ဇယားတွေ သူအပြင်ရောက်ရင် တာဝန်ယူဖို့ပြင်ထားတဲ့”
“အေးပေါ့ကွာ...တွေ့ကြတာပေါ့..ဒါနဲ့ အထဲမှာ အခြေအနေရော ဘယ်လိုရှိလဲ”
“ဆရာကြီးက လွတ်သွားပေမယ့်..ဂန္ဓမာကြီး ခြောက်ထောင်ပိုင်တန်းစီးချုပ်ရာထူးရသွားတော့ ကျွန်တော်တို့ မချောင်ဘူးဗျ.. ထွန်းရင်ကလည်း တန်းစီဖြစ်လာတယ်..ဂန္ဓမာကြီးတို့က အရင်လို စားဖိုဆောင်ထဲ ခပ်အေးအေးနေပြီး ကိုယ့်ထိမှ လုပ်တဲ့သူတွေမဟုတ်တော့ဘူး... တစ်ထောင်လုံးကို သူတို့လူတွေ စီးထားလိုက်ပြီ.. နာဂျစ်လူတွေလည်း လက်သည်မပေါ်တဲ့နည်းနဲ့ သေကုန်ကြတယ်..ကျွန်တော်တောင် ဆရာကြီးလူဖြစ်ခဲ့ပေမယ့် နေတတ်ထိုင်တတ်လို့သာ”
“အင်း.မင်းကရော..အခု ဒီကိုလာတာ ဒီကိစ္စပြောဖို့ပဲလား”
“မဟုတ်ပါဘူး..ဆရာကြီး...ကျွန်တော် ဆရာကြီးလက်အောက်မှာ အလုပ်လုပ်ချင်လို့ပါ”
“ဟာ..ငါက အခု ဆေးကုစားနေတာကွ...ဆေးလိပ်ခုံထောင်ပြီး ငါ့တပည့်တွေက ဦးစီးနေတာ..မင်းက ဘာလုပ်ချင်လို့လဲ”
သန်းအောင်က ပြုံးလိုက်သည်။
“ဆရာကြီး..ခိုင်းတာ ဘာမဆိုလုပ်ပါ့မယ်ဗျာ...ကျွန်တော့်မှာ ထောင်ကထွက်လာပြီး စားစရာမှမရှိတာ”
“ငါ့အိမ်တော့ နေလို့မရဘူးကွ”
“မနေပါဘူး..ဒလက ကျွန်တော့်အဖေအိမ်မှာပဲ ပြန်နေမှာပါ..အလုပ်ရရင်တော်ပါပြီ”
“ဟုတ်ပြီ..ငါတို့အလုပ်ကတော့ တစ်လတစ်ခေါက်၊ နှစ်ခေါက်လောက်ပဲရှိတာ... ငါလိုအပ်ရင် မင်းကို ခေါ်ခိုင်းလိုက်မယ်..မင်းလိပ်စာကို မြကြည်ဆီ ပေးထားခဲ့လိုက်..သွားတော့”
....................................................................................
“သောင်း” ပျော်ပွဲစားရုံ၊ တရုတ်တန်း။
“ဒီနေ့ ဘာအမြည်းစပါယ်ရှယ်လဲဟေ့”
ဘောင်းဘီရှည်နှင့် စွပ်ကျယ်လက်စကဖြင့် ရန်ကုန်သားဂိုက်ဖမ်းနိုင်ပြီဖြစ်သော ခါလေး က မီးဖိုခန်းထဲသို့ ဝင်လာသည်။
“မသောင်းလက်ရာ...ပုဇွန်မီးဖုတ်သုတ်ရှိတယ်...ခါလေး”
စံဘက အခေါက်ကင်ပွဲပြင်ဆင်နေသည့် စားဖိုမှူးတရုတ်ဘေးတွင် ထိုင်ရင်းက လှမ်းပြောသည်။
“မသောင်းတို့ရော..မတွေ့ပါလား”
“မသောင်းနဲ့ ချောရင် ရန်ကုန်ထောင်ကြီးကို သွားတယ်လေ”
“ဟင်..ဘာသွားလုပ်တာလဲ”
“မသောင်းယောက်ျား ကို ထောင်ဝင်စာသွားတွေ့တာ”
“ဪ..မသောင်းယောက်ျားကထောင်ကျနေတာလား...ဘာမှုနဲ့လဲ”
“ဘာရယ်မဟုတ်ပါဘူးကွာ..ဒီလိုပါပဲ”
“မင်းတို့ ကိစ္စဘယ်လိုလဲကွ..မီးငြိမ်းသွားပြီလဲ”
“ဒီလတော့ ဦးမြကျင်တပည့်တွေ ငွေတောင် လာမတောင်းဘူးကွ”
“အင်း..သတိတော့ထား..စံဘ..ဒီကောင်တွေ တစ်ခုခုကြံနေတာဖြစ်မယ်”
“ငါလည်း အဲ့ဒီလိုပဲထင်တယ်...ငါ့ကိုခြောက်လုံးပြူးနှစ်လက်လောက်တော့ ဖန်တီးပေးပါဦး..ခါလေး..ဘယ်လောက်ဖြစ်ဖြစ်ဝယ်ပါ့မယ်”
“နှစ်လက်တောင် ဘာလုပ်မလို့လဲ”
“ချောရင်ကို တစ်လက်ပေးထားမယ်လေကွာ..ငါမရှိချိန် သူတို့မိန်းမသားတွေချည်း ကာကွယ်လို့ရအောင်”
“အင်း..တစ်လက်ကို တစ်ထောင်လောက်တော့ ကျမယ်ကွ...ကျည်ဆံကတော့ ပေါပါတယ်..ငါလည်း ပဲခူးဘက်က အလံနီတွေဆီက ယူပြီး သနပ်ဖက်ထဲ ထည့်သယ်ရမှာ”
“ရတယ်..ခါလေး..ပိုက်ဆံက ကိစ္စမရှိဘူး”
“ဒါနဲ့ မင်းတို့ကို ငွေတွေလိုက်လိုက်ကောက်တဲ့ ဦးမြကျင်က ဘယ်မှာနေတာတုန်း”
“သူက နေရာအတည်တကျမရှိဘူးကွ..အလုံ၊ ချန်ဘာဘီဘက်မှာလည်းတိတ်တိတ်ပုံမယားအိမ်ရှိတယ်။ နောက် လတ္တာလမ်းမှာ တရုတ်နဲ့ယူထားတဲ့ သူ့အမတစ်ယောက်ရှိတယ်၊ အဲ့ဒီအိမ်မှာလည်း နေတတ်တယ်”
“သူတလတလ ရတဲ့ပိုက်ဆံက နည်းမှာမဟုတ်ဘူးနော်”
“မနည်းပြီလားကွာ..ငါတို့တောင် သူ့ တစ်လ ငါးဆယ်လောက် ပေးရတာ..တရုတ်တန်းမှာက ဆိုင်ပေါင်းသုံးလေးဆယ် ဆိုတော့ တစ်လထောင့်ငါးရာနှစ်ထောင်တော့.. အသာလေးမောင်..ဒါတောင် လောင်းကစားအိမ်တွေ၊ ဖာအိမ်တွေဆို တစ်လ ငါးရာလောက်ပေးရတာရှိသေး..မရှိဘူးဆို ဒီလူတွေ တစ်လ ငါးထောင်တော့ အောက်ထစ်တော့ ဝင်တယ်ကွ၊ ဒီကောင်ကြီး ရှာတဲ့ ပိုက်ဆံကို လတ္တာလမ်းက သူ့အမ ယောက်ျားတရုတ်က အမွှေးတိုင်လုပ်ငန်းဘန်းပြပြီး ငွေဖြူလုပ်ပေးနေတာ”
“လတ္တာလမ်းက အဲ့ဒီအိမ်ကို မင်းသိလား”
“သိပါပြီလားကွာ..လတ္တာလမ်းရဲဌာန နားက နှစ်ထပ်တိုက်ဝါကြီးပေါ့ကွ..ဒါနဲ့ မင်းက ဘာလုပ်မလို့လဲ”
“ဘာမှမဟုတ်ပါဘူးကွာ..သိချင်ရုံပါ..ဒါနဲ့ စံဘရာ..မင်းတို့က ဒီကောင်ကြီးကို တယ်ကြောက်ရတာပဲ..သူက တော်တော်ဆိုးမိုက်လို့လား”
စံဘ မျက်နှာတည်သွားသည်။
“ဟေ့ရောင်..ခါလေး..ဂျပန်ခေတ်က ဒေါက်တာဘမောင်ခြံထဲမှာ.အဲ့ဒီ လူမိုက်မြကျင်ဆိုတဲ့ကောင်ကြီးနဲ့ ငါ သူသေ ကိုယ်သေ သတ်ဖူးတယ်ကွ...ငါချီးတွင်းထဲ ကန်ချထားခဲ့တာကံကောင်းလို့ ဒီကောင်ကြီးမသေတာ”
“ဒေါက်တာဘမော်ဆိုတာ အဓိပတိကို ပြောတာလား”
“အေးလေ”
“မင်းတို့က ဘယ်လိုဘယ်လို အဓိပတိခြံထဲမှာ ချကြတာလဲ”
“ထားလိုက်ပါကွာ....ဒီလိုပါပဲ..ငါပြောချင်တာက..ဒီကောင်ကြီးနဲ့ငါ့အကြား ကျောင်းတော်က ရန်စရှိတယ်. ကိုကြီးဖိုးတုတ်ရှိတုန်းက ဆို ဒီကောင်တွေလောက် ငါတို့ စာမဖွဲ့ဘူးကွ....အခု ငါတို့က အင်အားနည်းနေတယ်...ကိုကြီးဖိုးတုတ်ညီ ကိုဘသိန်း ကလည်း သူ့မိသားစုနဲ့သူ ခပ်အေးအေးနေနေပြီ..အခုက..ငါ့နောက်မှာ ချောရင်နဲ့ မသောင်းတို့ မိန်းမသားတွေကရှိသေးတယ်..သူတို့ကို စောင့်ရှောက်ရမယ့်တာဝန်ငါ့မှာရှိတယ်... ..ဒီကောင်တွေနဲ့ ယှဥ်မတိုက်နိုင်သေးဘူး”
“အောင်မယ်...မင်းက စောင့်ရှောက်ထားတယ်သာပြောတာ.ဟိုနေ့က ချောရင် က မင့်ကို သတ်မယ့်ကောင်တွေကို မီးတုတ်ကြီးနဲ့ ဝင်ဆော်တာ...မင့်ဟာမလည်း မခေဘူး..မောင်”
ခါလေးစကားကြောင့် စံဘက ရယ်မောလိုက်သည်။
ထိုအချိန်တွင် မသောင်းနှင့် ချောရင်တို့ ပြန်ရောက်လာ၏။
“ဟေး..မောင်ခါလေး..ရောက်နေတာကိုး”
“အင်း..မမသောင်းတော့ သူ့လူကြီးမျက်နှာ မြင်လာရလို့ထင်တယ်..ရွှင်လို့ ပြလို့ပါလား”
စံဘက လှမ်းနောက်လိုက်သည်။
“ကိုစံဘ..ကိုခါလေးကို တစ်ခုခု တိုက်ဦးလေ..သူသောက်မလို့လာတာထင်တယ်”
“အော်..အေး..ဟုတ်တယ်..ဘီယာပဲ သောက်တော့မယ်..တစ်လုံးလောက်”
“မမသောင်း...လက်ရာအမြည်းနဲ့ ဘီယာလေး ရှေ့မှာ သွားလုပ်ပေးလိုက်ပါလား”
ချောရင်က မသောင်းကို မျက်လုံးချင်းဆုံပြီး ပြောလိုက်သည်။
မသောင်းက ခါလေးကို အပြင်သို့ ခေါ်ထုတ်သွား၏။
ထို့နောက် စံဘ ရှေ့တွင် ချောရင်က ဝင်ထိုင်လိုက်သည်။
“ကိုဂန္ဓမာကြီး ဘာတွေပြောသေးလဲ..ထွန်းရင်ရော နေကောင်းရဲ့လား”
“အားလုံး ကျန်းကျန်းမာမာပဲ...အခု ကိုကြီးဂန္ဓမာ နဲ့ ကျွန်မ သေချာစကားပြောခဲ့ရတယ်... သူက လူတစ်ယောက်နာမည်စုံစမ်းခိုင်းလိုက်တယ်...ကိုစံဘ”
“ဘယ်သူလဲ”
“စိန်ဓါးမြှောင်တဲ့”
“စိန်ဓါးမြှောင်”
“ဟုတ်တယ်..ထောင်ထဲက လူသတ်မှုမှာတုန်းက ကိုကြီးဂန္ဓမာတို့ကို တိုက်ထဲပိတ်ခံရအောင် အကွက်ဆင်သွားတဲ့ လူတဲ့..မန္တလေးက လာတာ.သူအခု ရန်ကုန်မှာပဲရှိနေတာသေချာတယ်တဲ့...အဲ့ဒါ သူ့သတင်းစုံစမ်းခိုင်းလိုက်တယ်”
“အင်း..နာမည်ကလည်း ခပ်ဆန်းဆန်းပဲ..မန္တလေးကလာတာဆိုတော့ ခါလေးတို့ သိလောက်တယ်..သူတို့လည်း မန္တလေးကပဲမဟုတ်လား”
ချောရင် က စံဘကို ခေါင်းခါပြလိုက်သည်။
“မဟုတ်သေးဘူး..ကိုစံဘ၊ ကိုခါလေးတို့ဆိုတာ ကျွန်မတို့ သိတာမကြာသေးဘူး.ကျွန်မတို့ တွေ့ချိန်တိုင်း သူတို့မှာ လက်နက်တွေကိုင်ကိုင်ထားတတ်ကြတာမဟုတ်လား...စုံထောက်တွေဘာတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်... ဒီကိစ္စမျိုးက လူတိုင်းကို လိုက်မေးလို့မဖြစ်ဘူး..ကျွန်မနည်း ကျွန်မဟန်နဲ့ စုံစမ်းပါ့မယ်”
“ဟေ့..စံဘ..မိန်းမနဲ့အလွမ်းသယ်နေတာ မပြီးသေးဘူးလား..ဒီမှာ ငါတစ်ယောက်တည်း သောက်ရတာ ပျင်းတယ်ဟ..လာတော့”
အပြင်ဘက်ဝိုင်းမှ ခါလေးက လှမ်းအော်သဖြင့် စံဘက အပြင်သို့ ထထွက်သွားသည်။
.....................................................................................
၁၉၅၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။ နံနက် ၉ နာရီ။
သောင်း ပျော်ပွဲစားရုံထဲသို့ လူသုံးယောက်ဝင်လာသည်။
“မင်းတို့ဆိုင် ဒီနေ့ကစပြီး ပိတ်ရမယ်”
ရှေ့ဆုံးမှ ဝင်လာသူက ကောင်တာတွင်ထိုင်နေသော မသောင်းကို အော်ပြောလိုက်၏။
အပေါ်ထပ်မှ စံဘက ဓါးရှည်ကိုင်ကာ ဆင်းလာ၏။
“ဘယ်သူများလဲလို့...အရှုပ်ပါလားကွ....ဘယ်နှယ့်ယက္ခလို့ နာမည်ပြောင်းလိုက်တာနဲ့ပဲ ငါက မင်းကို ကြောက်ရမှာလား”
“စံဘ...မင်းတို့ခေတ်ကုန်ပြီကွ....မင်းတို့ကောင်တွေ ဒီချိုင်းနားတောင်းမှာရှိနေတာ ကျက်သရေယုတ်လို့.. ငါ လာနှင်ထုတ်တာ...ဒီဆိုင်ခန်းကို ဦးမြကျင်က ပိတ်ခိုင်းလိုက်တာ”
“ဟေ့ကောင်..အဲ့ဒီစောက်ပေါမြကျင် ပိတ်ခိုင်းတိုင်း ငါက ပိတ်ရမှာလား”
ထိုအချိန်တွင် အနောက်ဖက်မှ လူလေးယောက်ခန့် ထပ်ရောက်လာသည်။
ရှေ့ဆုံးတွင် တိုက်ပုံအင်္ကျီအနက်နှင့် ပလေကပ်ပုဆိုးဝတ်ထားသူ က ဦးမြကျင်။
“ငါ့ကို စောက်ပေါတဲ့လား..ခွေးမသားလေး..ဟေ့ကောင်တွေ ဆိုင်တံခါးတွေ ပိတ်စမ်းကွာ”
ယက္ခ ခေါ် အရှုပ်က တံခါးကို ဆွဲပိတ်လိုက်သည်။ နံနက်စောစောမို့ ဆိုင်အတွင်း စားသုံးသူများမရှိသေး။
ဦးမြကျင်က အိပ်ကပ်ထဲမှ သေနတ်ကို ဆွဲထုတ်လိုက်သည်။
ချောရင်က နောက်ဖေးခန်းတွင် ထားသော သေနတ်ကို ထမီထဲထိုးထည့်ပြီး အပေါ်အင်္ကျီဖြင့် ဖုန်းကာ အပြင်သို့ ထွက်လာလိုက်သည်။
ဦးမြကျင် က စံဘ၏ နဖူးကို သေနတ်ဖြင့် တေ့ထား၏။စံဘက လက်ထဲက ဓါးရှည်ကို တင်းတင်းဆုတ်ထားသည်။
ချောရင် ၏ ညာဘက်လက်ကလည်း အသင့်ဆွဲထုတ်ရန် သေနတ်ပေါ်တွင် တင်ထားပြီဖြစ်သည်။
ထိုအချိန်တွင် ဆိုင်ရှေ့မှ ကားသံကြားရပြီး လူတစ်ဦး ပြေးဝင်လာပြီး ပိတ်လက်စ တံခါးကို တွန်းဖယ်လိုက်သည်။
“အကိုကြီး..အကိုကြီး”
ဆိုင်ထဲဝင်လာသူကို ဦးမြကျင်က တချက်လှမ်းကြည့်လိုက်သည်။
“စိုးညွန့် ဘာဖြစ်လာတာလဲ”
“အကိုကြီး အမ မလှကျင်တို့ လတ္တာလမ်းအိမ်ကို ဓါးပြတွေ ဝင်စီးသွားတယ်....ရှိတာ အကုန်မသွားကြပြီ”
“ဟေ..ဟာ.....မဖြစ်ဘူး..ဟေ့ကောင်တွေ...လတ္တာလမ်းကို သွားကြမယ်..ဓါးပြတွေ မိမှဖြစ်မယ်ကွ”
စိုးညွန့်စီးလာသော ဂျစ်ကားပေါ်သို့ ဦးမြကျင်က ပြေးတက်သွားသဖြင့် ကျန်သူများကလည်း ယောင်နနဖြစ်ကာ နောက်က လိုက်တက်ကြသည်။
ရုတ်တရက်ဝင်လာပြီး ရုတ်တရက်ပြန်ထွက်သွားသည့် ဦးမြကျင်တို့ကို စံဘ မှာ အူတူတူနှင့် ငေးကျန်ရစ်သည်။ မသောင်းကတော့ ကောင်တာပေါ်တွင် အကြောက်မပြေသေး။
“ကောင်းလိုက်တာ..တိုက်တဲ့ဓါးပြ ကျန်းမာပါစေ..ချမ်းသာပါစေတော်”
ချောရင်က ခြောက်လုံးပြူးကို ကိုင်ထားရင်းမှ မေတ္တာပို့လိုက်၏။
တိုက်သည့်ဓါးပြများ။
လတ္တာလမ်း၊ ရဲဌာနနှင့် ကိုက်ငါးဆယ်သာဝေးသော အိမ်ကို နေ့ခင်းကြောင်တောင် ဝင်တိုက်သောဓါးပြများ။
ဂျစ်ကားတစ်စီး၊ အင်အားကိုးယောက်။
မျက်နှာအဝတ်စီးထားသည့် အမျိုးသမီးတစ်ဦး ခေါင်းဆောင်သည်။
ရဲတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီး ခုနှစ်ဦးကို မိလိုက်သည်။
သို့သော် တိုက်ရာပါငွေနှစ်သောင်းနှင့် ခေါင်းဆောင်အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးလွတ်သွား၏။
ရဲတပ်ဖွဲ့က ဖမ်းမိသည့် ဓါးပြများကို စစ်မေးကြသည်။
ဓါးပြများထဲတွင် ထိုအိမ်သို့ ဝင်ထွက်နေသည့် ရေထမ်းသမားနှင့် ထိုအိမ်ရှေ့တွင် မုန့်ဟင်းခါးရောင်းသည့်စျေးသည်တစ်ဦးပါဝင်သည်။
သူတို့နှစ်ဦးကို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး က ထိုအိမ်သို့ ဓါးပြတိုက်ရန် ချဥ်းကပ်စည်းရုံးသည်။
ကြိုတင်ငွေအဖြစ် တစ်ယောက်လျှင် တစ်ထောင့်လေးရာကျပ်စီလည်း ပေးသည်။ ဓါးပြမှုပြီးလျှင် တိုက်ရာပါများထဲမှ ဝေစုထပ်ရဦးမည်ဆိုသဖြင့် သူတို့က သဘောတူလိုက်ကြသည်။
ဝေစုများများရမည်ဆိုသဖြင့် နောက်ထပ် လူငါးယောက်ကိုပါ အနီးအနားတွင် ထပ်စုခိုင်းထားသည်။
ထိုအမျိုးသားနှင့် အမျိုးသမီး စီးလာသောဂျစ်ကား လတ္တာလမ်းထိပ် ရောက်လာချိန်..သူတို့ခုနှစ်ဦး က အသင့်လိုက်ပါလာပြီး ရေထမ်းသမားက ဦးဆောင်ကာ အိမ်ထဲဝင်သည်။
အမျိုးသားနှင့် အမျိုးသမီးတွင် ခြောက်လုံးပြူးကိုယ်စီပါကြသည်။
ရှေ့ဆုံးမှ ဝင်မည့် ရေထမ်းသမားကိုလည်း ခြောက်လုံးပြူးတစ်လက်ပေးသည်။ မုန့်ဟင်းခါးသည်ကို လုပ်သေနတ်တစ်လက်ပေးသည်။
အိမ်ရှိလူများအားလုံးကို ကြိုးဖြင့်တုပ်၊ ပါးစပ်ကို စည်းသည်။
မြကျင်ကြီး အပ်ထားတဲ့ငွေတွေ ပေးဟု ပြောရာ တရုတ်သူဌေးချိန်ကွီး က ဘူးခံနေသဖြင့် အမျိုးသမီးက ခြောက်လုံးပြူးဒင်နှင့်ထုသည်။
နောက်ဆုံး ငွေနှစ်သောင်းနှင့် အခြားပစ္စည်းများလုယက်ယူဆောင်ကြသည်။
အိမ်ရှေ့သို့ လတ္တာလမ်း ရဲဌာနမှ ရဲများရောက်လာသောအခါ ပစ်ခတ်မှုများဖြစ်ကြပြီး အမျိုးသားနှင့်အမျိုးသမီးက ဘယ်အချိန်ဆုတ်ခွာသွားသည်မသိ။
ကျန်သည့်သူများက လက်နက်ချအဖမ်းခံလိုက်ကြသည်။
ထိုအစစ်ခံချက်ကို ရန်ကုန်အနောက်ပိုင်းခရိုင်ရဲမင်းကြီး ဦးစောထွန်း က မကျေနပ်။
မုန့်ဟင်းခါးသည်နှင့် ရေထမ်းသမားသည် ဘယ်ကမှန်းမသိသည့် လူနှစ်ဦးက ဓါးပြတိုက်ဖို့ လာစည်းရုံးသည်ဆိုသည်မှာ ယုတ္တိမရှိဟု ယူဆသည်။
စီအိုင်ဒီသို့ ပို့ပြီး တရားခံများကို ဆက်လက်စစ်ဆေးကြသည်။
မုန့်ဟင်းခါးသည်က ဓါးပြမှုခေါင်းဆောင်သူနှစ်ဦး ပြောစကားထဲတွင် ဦးလေးကြီး အမိန့်အတိုင်း ဆိုသည်ကို ခဏခဏ ပါနေသည်ဟု ထွက်ဆိုသည်။
ထိုအခြေအနေတွင် ရန်ကုန်ထောင်မှ လွတ်မြောက်သွားသော စိန်ဓါးမြှောင် လက်ချက် ဖြစ်နိုင်သည်ဟု ရဲက တွက်ဆလိုက်သည်။
ရန်ကုန်တိုင်းဒုရဲမင်းကြီး ဦးသန်း ထံ တင်ပြကြသည်။
ဦးသန်းက စိန်ဓါးမြှောင်ဂိုဏ်းရန်ကုန်တွင် အခြေပြုနေပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိရေးအတွက် အင်အားများလိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးသို့ တင်ပြသည်။
သို့သော် ကက်ဘိနက်တွင် အဆိုပါကိစ္စက လေထဲပျောက်ပျက်သွားရ၏။
ဦးမြကျင် မှာ လူမိုက်လုပ်ရှာပြီး စုဆောင်းထားသည့် ငွေများ ပါသွားသဖြင့် ဓါးပြအဖွဲ့နှင့် ပတ်သက်သူများကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းသတ်ရန် ကြိမ်းဝါး၍သာ နေနေရရှာတော့သည်။
စံဘတို့ ဘက်သို့ပင် ပြန်မလှည့်နိုင်ရှာတော့။
ထိုအချိန်တွင် ခါလေးနှင့် အနှင်း တို့သည် စိန်ဓါးမြှောင်၏ အိမ်အပေါ်ထပ်တွင် တောင်ချမ်းသာရှင်မအား တိုက်ရာပါများ ပုံလျက် ပူဇော်ပွဲတွင် ရှိနေကြသည်။
“ဟိုခုနှစ်ယောက်မိသားစုကို အနှင်းသေချာစုံစမ်းထားတယ်နော်”
“ဟုတ်ကဲ့..ဆရာကြီး”
“သူတို့သေချာပေါက်ထောင်ကျလိမ့်မယ်..စီရင်ချက်ကျပြီးတာနဲ့ သူတို့မိသားစုတွေဆီ ဒီဝေစုတွေ ရအောင်ပို့ပေးဖို့က ဝင်းမောင်က တာဝန်ယူ”
“ဟုတ်ကဲ့...ဆရာကြီး”
“ ဝင်းမောင်နဲ့ မောင်တင် အင်းစိန်ငွေတိုက်ကားဖြတ်လုမယ့်ကိစ္စ စီစဥ်ပါ..ရှေ့မှာ ခံထားမယ့်လူကို သေချာရွေး...မင်းတို့နဲ့ အဲ့ဒီကောင်တွေကြားမှာ နောက်ထပ် တဆင့်လူခံထားဦး..မင်းတို့ကိုတိုက်ရိုက်မသိစေနဲ့... အခု အနှင်းတို့ လုပ်တာထက် အဆင့်တွေ ပိုခံထားမှဖြစ်မယ်..ဟုတ်ပြီလား”
“အေး..ဒါဆို...မနက်ဖြန်မနက် ငါ ခုနှစ်မိုင်က အဂ္ဂိရိတ်ခြံကိုသွားမယ်..ခါလေးအိမ်မှာနေခဲ့..သတိဝိရိယတော့ရှိပါစေ... မြကြည်က ရီရီ ကိုခေါ်ပြီး ဖရေဇာလမ်းက အပေါင်ဆုံးဆိုင်ကိုသွားပြီး ဝင်လမ်း၊ထွက်လမ်းတွေ ကြည့်တာဆက်လုပ်ပြီး သဘက်ခါလောက်အကို့ဆီ လိုက်ခဲ့..အနှင်းကတော့ အိမ်မှာ ကလေးနဲ့ အချိန်ပေးလိုက်ဦး.”
စိန်ဓါးမြှောင်သည် ၁၉၅၂ ခုနှစ်မှ ၁၉၅၃ ခုနှစ်အတွင် လုယက်မှုများ၊ ဓါးပြမှုများကို နောက်ကွယ်မှ ကိုင်တွယ်ခဲ့သည်။
လူမမိသည့်အမှုများရှိသကဲ့သို့ လူမိသည့်အမှုများတွင်လည်း ကြားလူများ အဆင့်ဆင့်ခံထားသဖြင့် ရဲတပ်ဖွဲ့မှာ မည်သို့ပင်ခြေရာခံခံ စိန်ဓါးမြှောင်ထံ မရောက်ခင် အမှုကွင်းဆက်ကား ပျောက်ပျောက်သွားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တွင် စိန်ဓါးမြှောင်ဂိုဏ်းရှိနေသည်ဟူသော အယူအဆကိုပင် ရဲအရာရှိများကိုယ်တိုင် မယုံကြည်ကြတော့။
စိန်ဓါးမြှောင်၏ နာမည်ကလည်း တဖြည်းဖြည်းမှေးမှိန်သွားလေသည်။
ထိုအခြေအနေဖြစ်အောင် စိန်ဓါးမြှောင်က စနစ်တကျဖန်တီးခဲ့ခြင်းပင်။
မန္တလေးတွင် ကြုံခဲ့ရသည်များက သူ့အား သင်ခန်းစာများ များစွာပေးခဲ့ပြီမဟုတ်ပါလား။
ဖဆပလအစိုးရ အတွင်းရှိ စိန်ဓါးမြှောင်နှင့် ဆက်ဆံခဲ့ဖူးသည့် ဆိုရှယ်လစ်ခေါင်းဆောင်များသည် ရန်ကုန်၏ ဓါးပြမှု ခုနှစ်ဆယ်ရာခိုင်နှုန်းတွင် စိန်ဓါးမြှောင်နောက်ကွယ််ကရှိကြောင်း သိသော်လည်း ရဲတပ်ဖွဲ့ကို ဖိအားမပေးခဲ့ကြ။
ထိုသို့ဖြစ်ရခြင်း အကြောင်းအရင်းကလည်း ရှိနေသည်။
၁၉၅၂ တွင် ဝန်ကြီးချုပ်ဦးနု၏ ပြည်တော်သာစီမံကိန်းမှာ အရှိန်ရစပြုလာပြီဖြစ်သည်။ ပြည်တော်သာစီမံကိန်းအတွက် အမေရိကန် ကေတီအေအဖွဲ့၊ ဓာတ်သတ္တုတူးဖော်ရေးဆိုင်ရာကျွမ်းကျင်သော ပီးယဲစ်သတ္တုတူးဖော်ရေးလီမိတက်နှင့် စီးပွားရေးပညာရှင်ရောဘတ်နသန် တို့အဖွဲ့များကို ငှားရမ်းခဲ့သည်။
ပြည်တော်သာစီမံကိန်းအကောင်ထည်ဖော်ရန် လိုအပ်သည့် ကာလမှာ ရှစ်နှစ်ဖြစ်ပြီး ကုန်ကျမည့်ငွေမှာ ကျပ်ငွေ ကုဋေ ၇၅ဝ ဖြစ်သည်။
ဖဆပလသည် ကေတီအေအဖွဲ့ရေးဆွဲသည့် အစီရင်ခံစာပါအချက်များအတိုင်း အကောင်ထည်ဖော်ရန် အမေရိကန်ပြည်ထောင်စုမှ ပေးသော အီးစီအေအကူအညီကို ရယူခဲ့သည်။
အီးစီအေအကူအညီသည် အရှေ့တောင်အာရှဒေသအတွက် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၆၈ သန်း ကူညီသည့် အစီအစဥ်လည်းဖြစ်သည်။
တရုတ်ပြည်တွင် ကွန်မြူနစ်တို့ အာဏာရရှိသည့်သွားသည့်အတွက် အမေရိကန်က ကွန်မြူနစ်မဟုတ်သော အရှေ့တောင်အာရှနိုင်ငံများသို့ ပေးရန် စီစဥ်ထားသည့် အထောက်အပံ့ငွေလည်းဖြစ်သည်။
ဖဆပလအစိုးရသည့် ကမ္ဘာ့အဆင့်စီးပွားရေးပါရဂူများကို ငွေအမြောက်အများပေးကာ ငှားရမ်းပြီး ပြည်တော်သာ စီမံကိန်းကို အသေးစိတ်ရေးဆွဲခဲ့သည်။
ပြည်တော်သာစီမံကိန်းကာလ မြန်မာနိုင်ငံတွင် အမှုထမ်းနေကြသော နိုင်ငံခြားသားပညာရှင်အရေအတွက်မှာ အခြားအိမ်နီးချင်းနိုင်ငံများထက် ပိုများသဖြင့် မြန်မာနိုင်ငံသည် နောင်တခေတ်အရှေ့တောင်အာရှ၏ စီးပွားရေးကို ဦးဆောင်မည့်နိုင်ငံအဖြစ် ကမ္ဘာက ကောက်ချက်ချခဲ့ကြသည်။
ပြည်တော်သာစီမံကိန်းအဆင့်ဆင့်တွင် အာဏာရှိသော ပြည်တော်သာအဖွဲ့သားများကို အစိုးရက လုပ်ပိုင်ခွင့် အာဏာများအပြည့်အဝပေးထားသည်။
သို့သော် ပြည်တော်သာအဖွဲ့များတွင် အတိုက်အခံပါတီမှ ရွေးကောက်ခံအမတ်များ ပါဝင်ခွင့်မရခဲ့ကြ။
ထို့ကြောင့် အတိုက်အခံအမတ်များမှ ဖဆပလအစိုးရသည် အီးစီအေ အထောက်အပံ့ယူသဖြင့် အမေရိကန်နောက်လိုက်ဖြစ်သွားပြီဟုလည်းကောင်း၊ ပင်လယ်ကူးသင်္ဘောဆိပ်များ၊ လေဆိပ်များပြုပြင်နေခြင်း သည် အမေရိကန်ရေတပ်နှင့်လေတပ်ကို အထောက်အကူပေးချင်သဖြင့်ဖြစ်ကြောင်း စသဖြင့် စွပ်စွဲတိုက်ခိုက် လာကြသည်။
အမေရိကန်ကလည်း အီးစီအေ(Economic Cooperation Administration) ဆိုသည့်အမည်ကို အမ်အက်စ်အေ (Mutual Seturity Administration) အဖြစ် အမည်ပြောင်းလိုက်ပြန်သည်။
နိုင်ငံတကာရေးရာများတွင် အမေရိကန်ပြည်ထောင်စုနှင့် သဘောထားထပ်တူရှိသော နိုင်ငံများကို ကူညီပေးသည့် အစီအစဥ်ဟု ခေါင်းစဥ်တပ်လိုက်သည်။
ဖဆပလအစိုးရက ယင်းကဲ့သို့နှောင်ကြိုးပါသောအကူအညီကို လက်မခံကြောင်း ပြန်ကြားလိုက်သည်။
နောက်ဆုံးတွင် အမေရိကန်က အမ်အက်စ်အေ ကို တီစီအေ (Technical Cooperation Administration)သို့ အမည်ပြောင်းကာ နှောင်ကြိုးမဲ့အကူအညီအဖြစ် ဆက်လက်ပေးသွားသည်။
ဖဆပလအစိုးရသည် ပြည်တော်သာစီမံကိန်းကို အကောင်ထည်ဖော်နေစဥ် ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုပေါ်ပေါက်လာခဲ့သည်။
မော်စီတုန်း၏ ကွန်မြူနစ်ပါတီအာဏာရလာသဖြင့် မြန်မာပြည်ဘက်ဆုတ်ခွာလာသော ကူမင်တန်များကို အမေရိကန်က ကူညီပေးနေသဖြင့် ဖဆပလအစိုးရက အမေရိကန်၏ အကူအညီကို ဆက်မယူရန် ဆုံးဖြတ်လိုက်သည်။
၁၉၅၃ တွင် အမေရိကန်မှ ပေးသည့်အကူအညီကို မြန်မာအစိုးရက ဆက္မယူတော့သဖြင့် ပြည်တော်သာစီမံကိန်းမှာ နိဌိတန်သွားရ၏။
ထိုအချိန်တွင် ဖဆပလအဖွဲ့အတွင်း ဦးနုနှင့် ဆိုရှယ်လစ်ခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေးအားပြိုင်မှုများက စတင်နေပြီဖြစ်သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖဆပလအာဏာရရေးအတွက် ဆိုရှယ်လစ်အုပ်စုများက အနုနည်းရော၊ အကြမ်းနည်းပါသုံးခဲ့ကြသည်။
ထိုအခြေအနေကို ဦးနုက သိသော်လည်း ကိုယ်တိုင်ကိုယ်ကျ မပါဝင်ခဲ့။
ယခုအာဏာရသောအခါမှ ကျောထောက်နောက်ခံအဖွဲ့အစည်းမရှိသော ဦးနု ကို ခေါင်းဆောင်အဖြစ် ထားရှိရခြင်းအတွက်လည်း ဆိုရှယ်လစ်ခေါင်းဆောင်များက မနှစ်မြိုကြ။
သို့သော် မိမိတို့ ဆိုရှယ်လစ်အချင်းချင်း ခေါင်းဆောင်တင်ထားရသည်ထက်စာလျှင် ကြားလူ ဦးနုကို တင်ထားရသည်ကတော်သေးသည်ဆိုသည့်သဘာမျိုး ဦးနုအပေါ်ထားကြသည်။
ဦးနုကလည်း ဆိုရှယ်လစ်ခေါင်းဆောင်ချင်း မညီညွတ်မှုအပေါ် ကျင်လည်စွာအသုံးချနိုင်သည်။
ဆိုရှယ်လစ်ခေါင်းဆောင်သုံးဦး ညီညွတ်မှုရနေသည့် လက္ခဏာပေါ်သည်နှင့် ဦးနုက ရာထူးမှ နှုတ်ထွက္မည်ဟု အသံပေးလိုက်သည်။
ထိုအခါ ထိုခေါင်းဆောင်သုံးဦး ထဲ မည်သူက ခေါင်းဆောင်လုပ်မည်နည်းဆိုသည့် မေးခွန်းနှင့်အတူ ညီညွတ်မှု ပြိုကွဲကြပြန်သည်။
ဒေးကာနယ်ဂျီရေးည့် လူပေါ်လူဇော်လုပ်နည်းစာအုပ်ကို ကြေညက်ခဲ့သူ ဦးနု နှင့် နိုင်ငံရေးကစားကွက်များကို ပရိယာယ်ကြွယ်ဝစွာကစားတတ်သူ ဆိုရှယ်လစ်ခေါင်းဆောင် ဦးကျော်ငြိမ်း၊ သခင်တင်၊ ဦးဘဆွေ တို့ကြား ဆက်ဆံရေးမှာ ကျင်လည်ပါးနပ်မှု၊ ပညာသားပါမှုတို့ဖြင့် အပေါ်ယံအခြေအနေဖြစ်နေခဲ့ပြီဖြစ်သည်။
ဦးနုသည် မကြာမီကာလတွင် ဆဌမသင်္ဂါယနာတင်ပွဲကြီး ပြုလုပ်ရန်လည်း အကြီးအကျယ်ကြိုးပမ်းနေသည်။
ထိုအခြေအနေမျိုးတွင် မဲခိုးဇာတ်လမ်းကို သက်သေနှင့်တကွကိုင်ထားသည့် စိန်ဓါးမြှောင်ကြောင့် အစိုးရတစုံတစ်ရာအတိမ်းအစောင်းဖြစ်မည်ကို ဖဆပလထဲမှ ဆိုရှယ်လစ်များက တွက်ဆမိထားသည်။
ယင်းကပင် စိန်ဓါးမြှောင်အတွက် အကာအကွယ်တစ်ခုဖြစ်နေတော့၏။
....................................................................................
၁၉၅၄ ခုနှစ်၊ မေလ ၁၆ ရက်၊ ည ၁ဝ နာရီ။
ရန်ကုန်ထောင်ကြီး ၏ အဆောင်(၁)တွင်ရှိနေသော ဂန္ဓမာသောင်းရီနှင့် ထွန်းရင်တို့ ကို ထောင်မှူးများက တိတ်တဆိတ်လာခေါ်ထုတ်သွားကြသည်။
မေဦးမိုး က တဖွဲဖွဲကျနေသဖြင့် ပူစပ်ပူလောင်နိုင်လှသည်။
ထောင်ဗူးဝရောက်သည်နှင့် ဂန္ဓမာသောင်းရီ နှင့် ထွန်းရင်တို့၏ မျက်နှာကို အဝတ်များစွပ်လိုက်ကြသည်။
ထို့နောက် လက်ထိပ်များနောက်ပြန်ခတ်လိုက်ကြ၏။
“ကျွန်တော်တို့ ကို ဘယ်ခေါ်သွားကြမလို့လဲ”
“ငါတို့လည်းမသိဘူး..အထက်ကလူတွေ လာခေါ်မှာ”
မကြာမီလူတချို့ရောက်လာသံကြားရပြီး ဂန္ဓမာတို့အား ထောင်ဗူးဝအောက်မှ သံတံခါးမှ လျှိုထွက်ရန် တွဲခေါ်သွားကြသည်။
ထို့နောက် ဂန္ဓမာသောင်းရီနှင့် ထွန်းရင်တို့ကို ကားတစ်စီးပေါ်သို့ တင်ခေါ်လိုက်သည်။
ထူးထူးခြားခြား ကားအတွင်း စံပယ်ပန်းရနံ့များ မွှေးနေ၏။
“ကျွန်တော်တို့ကို သတ်တော့မယ်ထင်တယ်..ကိုဂန္ဓမာ”
“အေး မသတ်ခင် စီးကရက်လေးတော့ သောက်ချင်တာ..ဒါနဲ့ ဆရာတို့..ကျွန်တော် စီကရက်လေးများ သောက်လို့ရမလား”
ဂန္ဓမာက သူတို့နှစ်ဦးဘေးတွင် ထိုင်လာသော လူကို ပုခုံးဖြင့် တိုက်ကာ မေးလိုက်၏။
တဖက်လူက ဘာမှ ပြန်မပြော။
“မတိုက်ရင် ကားပေါ်က ခုန်ချပစ်လိုက်မှာနော်..ဟေ့ကောင်..ထွန်းရင်..ခုန်ချကွာ”
“ဟာ..ဘယ်လိုလူတွေလဲဗျာ...”
ဘေးနားက လူက စိတ်ရှုပ်ဟန်ဖြင့် စီးကရက်ဗူးထဲမှ စီးကရက်ကို ထုတ်လိုက်ပြီး ဂန္ဓမာသောင်းရီခေါင်းကို စွပ်ထားသော အစွပ်ကို ပါးစပ်နားထိလှန်ကာ စီးကရက်တေ့ပေးလိုက်သည်။
ထို့နောက် မီးညှိ့ပေး၏။
“ထွန်းရင်ရေ...လက်နှစ်ဖက်ကို လက်ထိပ်ခတ်၊ မျက်လုံးမှိတ်ပြီး စီးကရက်သောက်ရတာ..မိုက်သားဟ”
“ဟုတ်လား..ဒါဆို ကျွန်တော့်လည်း တိုက်ဗျာ..ဟိုဘက်ကလူကြီး”
“ငါတော့ ဘာကောင်တွေနဲ့ လာတွေ့နေတာလဲကွာ”
ထွန်းရင် ၏ ခေါင်းစွပ်ကို ပါးစပ်နားအထိလှန်ကာ စီးကရက်တပ်ပေးရပြန်သည်။
ကား သည် ရန်ကုန်လမ်းမပေါ်သို့ ပြေးလွှားနေဆဲ။
ဂန္ဓမာပါးစပ်တွင် ခဲထားသော စီးကရက်တစ်ဝက်မကျိုးမီပင် ကားက ထိုးရပ်သွားသည်။
“ကဲ..ဆင်းကြ”
“သတ်မယ်ဆိုလည်း စီးကရက်လေး ကုန်မှ သတ်ကြပါလား ဆရာတို့”
“ဟာကွာ..ဆင်းကြပါဟ..မင်းတို့ကို လက်ထိပ်ဖြုတ်ပေးမလို့”
ခက်ဇော်
The Guys From Mandalay,1950s
အခန္း(၂၂)
..............
“မင္းတို႔ ကိုယ္လုပ္တဲ့အလုပ္က ဘာအလုပ္ဆိုတာကို နားလည္တယ္မဟုတ္လား”
စိန္ဓါးေျမႇာင္ေလသံ က တင္းမာေနသည္။
စိန္ဓါးေျမႇာင္ေရွ႕ ၾကမ္းျပင္တြင္ ခါေလး ၊ ထြန္းခင္ ႏွင့္ အႏွင္းတို႔က ေခါင္းငုံ႔လ်က္။
“ေျဖၾကေလကြာ။ ဓါးျပတိုက္ေနၾကတာကြ၊ ေနရာတကာ ေသနတ္တျပျပနဲ႔ ဗိုလ္ေအာင္ဒင္ဂိုက္ဖမ္းစရာမလိုဘူး၊ မင္းတို႔ကို ရဲဘက္က ေျခရာခံမိသြားရင္ ဘယ့္ႏွယ့္လုပ္ၾကမတုန္း၊ မႏၲေလးမွာတုန္းက မင္းတို႔ေရွ႕တင္ လွေမာင္တို႔ ၾကင္ေအးတို႔ ဘယ္လိုေသသြားလဲ..ဟမ္”
လွေမာင္ နာမည္ပါလာသည့္အတြက္ အႏွင္းမ်က္ႏွာ က သိသိသာသာ ႏြမ္းလ်သြား၏။
စိန္ဓါးေျမႇာင္က သတိထားမိသြားသျဖင့္ ေလသံကို ျပန္ေလွ်ာ့လိုက္သည္။
“ဒါရန္ကုန္ကြ....ငါတို႔ အလွ်ိဳ႕ဝွက္ဆုံးေနထိုင္ၿပီး လုပ္ကိုင္မွ ငါတို႔ ေရရွည္ခံမယ္။ တခ်ိဳ႕ကိစၥေတြ ကိုယ္က ကူညီခ်င္တယ္ဆိုရင္ေတာင္ အေျခအေနကို ၾကည့္ေပါ့ကြာ၊ ေနရာတကာ ေသနတ္ထုတ္မသုံးၾကနဲ႔”
“ဟုတ္ကဲ့ပါ..ဆရာႀကီး..ကိုခါေလးတို႔ ကိုထြန္းခင္တို႔မွာ အျပစ္မရွိပါဘူး...အႏွင္းအမွားပါ..အႏွင္းေရွ႕မွာ စားေသာက္ဆိုင္က ဟိုမမကို သူတို႔က ႐ိုက္ဖို႔လုပ္ေနလို႔ ႐ုတ္တရက္စိတ္လြတ္သြားတာပါ”
“ကဲ..ဒီတစ္ခါေတာ့ ရွိေစေတာ့..ေနာက္တစ္ခါ ဒီလိုမ်ိဳးက်ရင္ ဆင္ျခင္ၾကဖို႔ပဲ..မဟုတ္လို႔ကေတာ့..ငါတို႔တဖြဲ႕လုံး အိုးဘိုေက်ာင္းတုန္းကလို မ်ိဳးကန္းဖို႔ပဲရွိတယ္ဆိုတာ နားလည္ထားၾက”
စိန္ဓါးေျမႇာင္က ထိုင္ေနရာမွ ထၿပီး အိမ္ေပၚသို႔ တက္သြားသည္။
က်န္ရစ္ခဲ့ေသာ မျမၾကည္က
“ဒါနဲ႔ ခုန..ခါေလးေျပာတာ..အဲ့ဒီစားေသာက္ဆိုင္တန္းေတြကို ပိုက္ဆံေကာက္တယ္ဆိုတဲ့ လူမိုက္နာမည္က ဘယ္သူ”
“ဦးျမက်င္ပါ”
“ေအး..သူ႔အေၾကာင္း စုံစမ္းထား...သူပိုက္ဆံေတြ..ဘယ္မွာစုေဆာင္းထားလဲ..အတိအက်သိခ်င္တယ္”
“ဟုတ္ကဲ့..မမၾကည္”
ထိုအခ်ိန္တြင္ အိမ္ေရွ႕မွ လူတစ္ေယာက္ဝင္လာသည္။
“မမျမၾကည္”
မျမၾကည္က အိမ္ေရွ႕သို႔ ၾကည့္လိုက္သည္။
“ဘယ္သူလဲ”
“ကြၽန္ေတာ္ေလ..ယူႏြတ္ပါ..မမွတ္မိေတာ့ဘူးလား”
သန္းေအာင္ ေခၚ ယူႏြတ္။
ကုလားဗမာအေရးအခင္းကာလ မျမၾကည္တို႔ မႏၲေလးအိမ္တြင္ လာခိုေနစဥ္ စိန္ပန္းေပါက္ေက်ာ္တို႔ အိမ္ကို လာဝိုင္းသည့္ေန႔။
ထိုေန႔သည္ ေမာင္ကေလးႏွင့္ ျမၾကည္တို႔၏ ဆုံဆည္းမႈနိဒါန္း။
“ေၾသာ္...ယူႏြတ္...ငါ့ေမာင္..က တကယ့္လူႀကီးႀကီးကို ျဖစ္လို႔..ကိုေမာင္ကေလးကေတာ့ ေထာင္ထဲမွာ မင္းနဲ႔ ေတြ႕ခဲ့တာ ေျပာတယ္...မင္းအခုလြတ္ၿပီလား”
“ကဲ..လာ..လာ အိမ္ထဲဝင္”
ခါေလးတို႔က ယခုမွ ျမင္ဖူးေသာ လူစိမ္းယူႏြတ္ကို အကဲခတ္ေနၾကသည္။
“ဆရာႀကီးေရာ..မမျမၾကည္”
“ခုပဲ အေပၚထပ္ တက္သြားတယ္”
“ကြၽန္ေတာ္ ဆရာႀကီးနဲ႔ ႏွစ္ေယာက္တည္း စကားေျပာစရာရွိလို႔”
“ယူႏြတ္..အေပၚတက္ခဲ့”
စိန္ဓါးေျမႇာင္ က အေပၚထပ္မွ လွမ္းေျပာသည္။
ယူႏြတ္အေပၚသို႔တက္သြားသည္။
စိန္ဓါးေျမႇာင္က ဘုရားခန္းရွိ ပက္လက္ကုလားထိုင္တြင္ ထိုင္လ်က္ သတင္းစာတစ္ေစာင္ကို ဖတ္ေန၏။
“ဒီေန႔ပဲ လြတ္တာလား”
“ဟုတ္ကဲ့..ဆရာႀကီး”
“ငါနဲ႔ ႏွစ္ေယာက္ခ်င္းေတြ႕ရေအာင္ ဘာကိစၥလဲ”
“ကြၽန္ေတာ့္ကို ဂႏၶမာႀကီးက စကားလူႀကဳံပါးလိုက္တယ္”
စိန္ဓါးေျမႇာင္က ပက္လက္ကုလားထိုင္ကို မွီထိုင္ထားရာမွ ခါးကို ဆန႔္လိုက္သည္။
“ဘာတဲ့လဲ”
“ဆရာႀကီးလုပ္သြားတဲ့ဇယားေတြ သူအျပင္ေရာက္ရင္ တာဝန္ယူဖို႔ျပင္ထားတဲ့”
“ေအးေပါ့ကြာ...ေတြ႕ၾကတာေပါ့..ဒါနဲ႔ အထဲမွာ အေျခအေနေရာ ဘယ္လိုရွိလဲ”
“ဆရာႀကီးက လြတ္သြားေပမယ့္..ဂႏၶမာႀကီး ေျခာက္ေထာင္ပိုင္တန္းစီးခ်ဳပ္ရာထူးရသြားေတာ့ ကြၽန္ေတာ္တို႔ မေခ်ာင္ဘူးဗ်.. ထြန္းရင္ကလည္း တန္းစီျဖစ္လာတယ္..ဂႏၶမာႀကီးတို႔က အရင္လို စားဖိုေဆာင္ထဲ ခပ္ေအးေအးေနၿပီး ကိုယ့္ထိမွ လုပ္တဲ့သူေတြမဟုတ္ေတာ့ဘူး... တစ္ေထာင္လုံးကို သူတို႔လူေတြ စီးထားလိုက္ၿပီ.. နာဂ်စ္လူေတြလည္း လက္သည္မေပၚတဲ့နည္းနဲ႔ ေသကုန္ၾကတယ္..ကြၽန္ေတာ္ေတာင္ ဆရာႀကီးလူျဖစ္ခဲ့ေပမယ့္ ေနတတ္ထိုင္တတ္လို႔သာ”
“အင္း.မင္းကေရာ..အခု ဒီကိုလာတာ ဒီကိစၥေျပာဖို႔ပဲလား”
“မဟုတ္ပါဘူး..ဆရာႀကီး...ကြၽန္ေတာ္ ဆရာႀကီးလက္ေအာက္မွာ အလုပ္လုပ္ခ်င္လို႔ပါ”
“ဟာ..ငါက အခု ေဆးကုစားေနတာကြ...ေဆးလိပ္ခုံေထာင္ၿပီး ငါ့တပည့္ေတြက ဦးစီးေနတာ..မင္းက ဘာလုပ္ခ်င္လို႔လဲ”
သန္းေအာင္က ၿပဳံးလိုက္သည္။
“ဆရာႀကီး..ခိုင္းတာ ဘာမဆိုလုပ္ပါ့မယ္ဗ်ာ...ကြၽန္ေတာ့္မွာ ေထာင္ကထြက္လာၿပီး စားစရာမွမရွိတာ”
“ငါ့အိမ္ေတာ့ ေနလို႔မရဘူးကြ”
“မေနပါဘူး..ဒလက ကြၽန္ေတာ့္အေဖအိမ္မွာပဲ ျပန္ေနမွာပါ..အလုပ္ရရင္ေတာ္ပါၿပီ”
“ဟုတ္ၿပီ..ငါတို႔အလုပ္ကေတာ့ တစ္လတစ္ေခါက္၊ ႏွစ္ေခါက္ေလာက္ပဲရွိတာ... ငါလိုအပ္ရင္ မင္းကို ေခၚခိုင္းလိုက္မယ္..မင္းလိပ္စာကို ျမၾကည္ဆီ ေပးထားခဲ့လိုက္..သြားေတာ့”
....................................................................................
“ေသာင္း” ေပ်ာ္ပြဲစား႐ုံ၊ တ႐ုတ္တန္း။
“ဒီေန႔ ဘာအျမည္းစပါယ္ရွယ္လဲေဟ့”
ေဘာင္းဘီရွည္ႏွင့္ စြပ္က်ယ္လက္စကျဖင့္ ရန္ကုန္သားဂိုက္ဖမ္းႏိုင္ၿပီျဖစ္ေသာ ခါေလး က မီးဖိုခန္းထဲသို႔ ဝင္လာသည္။
“မေသာင္းလက္ရာ...ပုဇြန္မီးဖုတ္သုတ္ရွိတယ္...ခါေလး”
စံဘက အေခါက္ကင္ပြဲျပင္ဆင္ေနသည့္ စားဖိုမႉးတ႐ုတ္ေဘးတြင္ ထိုင္ရင္းက လွမ္းေျပာသည္။
“မေသာင္းတို႔ေရာ..မေတြ႕ပါလား”
“မေသာင္းနဲ႔ ေခ်ာရင္ ရန္ကုန္ေထာင္ႀကီးကို သြားတယ္ေလ”
“ဟင္..ဘာသြားလုပ္တာလဲ”
“မေသာင္းေယာက္်ား ကို ေထာင္ဝင္စာသြားေတြ႕တာ”
“ဪ..မေသာင္းေယာက္်ားကေထာင္က်ေနတာလား...ဘာမႈနဲ႔လဲ”
“ဘာရယ္မဟုတ္ပါဘူးကြာ..ဒီလိုပါပဲ”
“မင္းတို႔ ကိစၥဘယ္လိုလဲကြ..မီးၿငိမ္းသြားၿပီလဲ”
“ဒီလေတာ့ ဦးျမက်င္တပည့္ေတြ ေငြေတာင္ လာမေတာင္းဘူးကြ”
“အင္း..သတိေတာ့ထား..စံဘ..ဒီေကာင္ေတြ တစ္ခုခုႀကံေနတာျဖစ္မယ္”
“ငါလည္း အဲ့ဒီလိုပဲထင္တယ္...ငါ့ကိုေျခာက္လုံးျပဴးႏွစ္လက္ေလာက္ေတာ့ ဖန္တီးေပးပါဦး..ခါေလး..ဘယ္ေလာက္ျဖစ္ျဖစ္ဝယ္ပါ့မယ္”
“ႏွစ္လက္ေတာင္ ဘာလုပ္မလို႔လဲ”
“ေခ်ာရင္ကို တစ္လက္ေပးထားမယ္ေလကြာ..ငါမရွိခ်ိန္ သူတို႔မိန္းမသားေတြခ်ည္း ကာကြယ္လို႔ရေအာင္”
“အင္း..တစ္လက္ကို တစ္ေထာင္ေလာက္ေတာ့ က်မယ္ကြ...က်ည္ဆံကေတာ့ ေပါပါတယ္..ငါလည္း ပဲခူးဘက္က အလံနီေတြဆီက ယူၿပီး သနပ္ဖက္ထဲ ထည့္သယ္ရမွာ”
“ရတယ္..ခါေလး..ပိုက္ဆံက ကိစၥမရွိဘူး”
“ဒါနဲ႔ မင္းတို႔ကို ေငြေတြလိုက္လိုက္ေကာက္တဲ့ ဦးျမက်င္က ဘယ္မွာေနတာတုန္း”
“သူက ေနရာအတည္တက်မရွိဘူးကြ..အလုံ၊ ခ်န္ဘာဘီဘက္မွာလည္းတိတ္တိတ္ပုံမယားအိမ္ရွိတယ္။ ေနာက္ လတၱာလမ္းမွာ တ႐ုတ္နဲ႔ယူထားတဲ့ သူ႔အမတစ္ေယာက္ရွိတယ္၊ အဲ့ဒီအိမ္မွာလည္း ေနတတ္တယ္”
“သူတလတလ ရတဲ့ပိုက္ဆံက နည္းမွာမဟုတ္ဘူးေနာ္”
“မနည္းၿပီလားကြာ..ငါတို႔ေတာင္ သူ႔ တစ္လ ငါးဆယ္ေလာက္ ေပးရတာ..တ႐ုတ္တန္းမွာက ဆိုင္ေပါင္းသုံးေလးဆယ္ ဆိုေတာ့ တစ္လေထာင့္ငါးရာႏွစ္ေထာင္ေတာ့.. အသာေလးေမာင္..ဒါေတာင္ ေလာင္းကစားအိမ္ေတြ၊ ဖာအိမ္ေတြဆို တစ္လ ငါးရာေလာက္ေပးရတာရွိေသး..မရွိဘူးဆို ဒီလူေတြ တစ္လ ငါးေထာင္ေတာ့ ေအာက္ထစ္ေတာ့ ဝင္တယ္ကြ၊ ဒီေကာင္ႀကီး ရွာတဲ့ ပိုက္ဆံကို လတၱာလမ္းက သူ႔အမ ေယာက္်ားတ႐ုတ္က အေမႊးတိုင္လုပ္ငန္းဘန္းျပၿပီး ေငြျဖဴလုပ္ေပးေနတာ”
“လတၱာလမ္းက အဲ့ဒီအိမ္ကို မင္းသိလား”
“သိပါၿပီလားကြာ..လတၱာလမ္းရဲဌာန နားက ႏွစ္ထပ္တိုက္ဝါႀကီးေပါ့ကြ..ဒါနဲ႔ မင္းက ဘာလုပ္မလို႔လဲ”
“ဘာမွမဟုတ္ပါဘူးကြာ..သိခ်င္႐ုံပါ..ဒါနဲ႔ စံဘရာ..မင္းတို႔က ဒီေကာင္ႀကီးကို တယ္ေၾကာက္ရတာပဲ..သူက ေတာ္ေတာ္ဆိုးမိုက္လို႔လား”
စံဘ မ်က္ႏွာတည္သြားသည္။
“ေဟ့ေရာင္..ခါေလး..ဂ်ပန္ေခတ္က ေဒါက္တာဘေမာင္ၿခံထဲမွာ.အဲ့ဒီ လူမိုက္ျမက်င္ဆိုတဲ့ေကာင္ႀကီးနဲ႔ ငါ သူေသ ကိုယ္ေသ သတ္ဖူးတယ္ကြ...ငါခ်ီးတြင္းထဲ ကန္ခ်ထားခဲ့တာကံေကာင္းလို႔ ဒီေကာင္ႀကီးမေသတာ”
“ေဒါက္တာဘေမာ္ဆိုတာ အဓိပတိကို ေျပာတာလား”
“ေအးေလ”
“မင္းတို႔က ဘယ္လိုဘယ္လို အဓိပတိၿခံထဲမွာ ခ်ၾကတာလဲ”
“ထားလိုက္ပါကြာ....ဒီလိုပါပဲ..ငါေျပာခ်င္တာက..ဒီေကာင္ႀကီးနဲ႔ငါ့အၾကား ေက်ာင္းေတာ္က ရန္စရွိတယ္. ကိုႀကီးဖိုးတုတ္ရွိတုန္းက ဆို ဒီေကာင္ေတြေလာက္ ငါတို႔ စာမဖြဲ႕ဘူးကြ....အခု ငါတို႔က အင္အားနည္းေနတယ္...ကိုႀကီးဖိုးတုတ္ညီ ကိုဘသိန္း ကလည္း သူ႔မိသားစုနဲ႔သူ ခပ္ေအးေအးေနေနၿပီ..အခုက..ငါ့ေနာက္မွာ ေခ်ာရင္နဲ႔ မေသာင္းတို႔ မိန္းမသားေတြကရွိေသးတယ္..သူတို႔ကို ေစာင့္ေရွာက္ရမယ့္တာဝန္ငါ့မွာရွိတယ္... ..ဒီေကာင္ေတြနဲ႔ ယွဥ္မတိုက္ႏိုင္ေသးဘူး”
“ေအာင္မယ္...မင္းက ေစာင့္ေရွာက္ထားတယ္သာေျပာတာ.ဟိုေန႔က ေခ်ာရင္ က မင့္ကို သတ္မယ့္ေကာင္ေတြကို မီးတုတ္ႀကီးနဲ႔ ဝင္ေဆာ္တာ...မင့္ဟာမလည္း မေခဘူး..ေမာင္”
ခါေလးစကားေၾကာင့္ စံဘက ရယ္ေမာလိုက္သည္။
ထိုအခ်ိန္တြင္ မေသာင္းႏွင့္ ေခ်ာရင္တို႔ ျပန္ေရာက္လာ၏။
“ေဟး..ေမာင္ခါေလး..ေရာက္ေနတာကိုး”
“အင္း..မမေသာင္းေတာ့ သူ႔လူႀကီးမ်က္ႏွာ ျမင္လာရလို႔ထင္တယ္..႐ႊင္လို႔ ျပလို႔ပါလား”
စံဘက လွမ္းေနာက္လိုက္သည္။
“ကိုစံဘ..ကိုခါေလးကို တစ္ခုခု တိုက္ဦးေလ..သူေသာက္မလို႔လာတာထင္တယ္”
“ေအာ္..ေအး..ဟုတ္တယ္..ဘီယာပဲ ေသာက္ေတာ့မယ္..တစ္လုံးေလာက္”
“မမေသာင္း...လက္ရာအျမည္းနဲ႔ ဘီယာေလး ေရွ႕မွာ သြားလုပ္ေပးလိုက္ပါလား”
ေခ်ာရင္က မေသာင္းကို မ်က္လုံးခ်င္းဆုံၿပီး ေျပာလိုက္သည္။
မေသာင္းက ခါေလးကို အျပင္သို႔ ေခၚထုတ္သြား၏။
ထို႔ေနာက္ စံဘ ေရွ႕တြင္ ေခ်ာရင္က ဝင္ထိုင္လိုက္သည္။
“ကိုဂႏၶမာႀကီး ဘာေတြေျပာေသးလဲ..ထြန္းရင္ေရာ ေနေကာင္းရဲ႕လား”
“အားလုံး က်န္းက်န္းမာမာပဲ...အခု ကိုႀကီးဂႏၶမာ နဲ႔ ကြၽန္မ ေသခ်ာစကားေျပာခဲ့ရတယ္... သူက လူတစ္ေယာက္နာမည္စုံစမ္းခိုင္းလိုက္တယ္...ကိုစံဘ”
“ဘယ္သူလဲ”
“စိန္ဓါးေျမႇာင္တဲ့”
“စိန္ဓါးေျမႇာင္”
“ဟုတ္တယ္..ေထာင္ထဲက လူသတ္မႈမွာတုန္းက ကိုႀကီးဂႏၶမာတို႔ကို တိုက္ထဲပိတ္ခံရေအာင္ အကြက္ဆင္သြားတဲ့ လူတဲ့..မႏၲေလးက လာတာ.သူအခု ရန္ကုန္မွာပဲရွိေနတာေသခ်ာတယ္တဲ့...အဲ့ဒါ သူ႔သတင္းစုံစမ္းခိုင္းလိုက္တယ္”
“အင္း..နာမည္ကလည္း ခပ္ဆန္းဆန္းပဲ..မႏၲေလးကလာတာဆိုေတာ့ ခါေလးတို႔ သိေလာက္တယ္..သူတို႔လည္း မႏၲေလးကပဲမဟုတ္လား”
ေခ်ာရင္ က စံဘကို ေခါင္းခါျပလိုက္သည္။
“မဟုတ္ေသးဘူး..ကိုစံဘ၊ ကိုခါေလးတို႔ဆိုတာ ကြၽန္မတို႔ သိတာမၾကာေသးဘူး.ကြၽန္မတို႔ ေတြ႕ခ်ိန္တိုင္း သူတို႔မွာ လက္နက္ေတြကိုင္ကိုင္ထားတတ္ၾကတာမဟုတ္လား...စုံေထာက္ေတြဘာေတြလည္း ျဖစ္ခ်င္ျဖစ္ေနႏိုင္တယ္... ဒီကိစၥမ်ိဳးက လူတိုင္းကို လိုက္ေမးလို႔မျဖစ္ဘူး..ကြၽန္မနည္း ကြၽန္မဟန္နဲ႔ စုံစမ္းပါ့မယ္”
“ေဟ့..စံဘ..မိန္းမနဲ႔အလြမ္းသယ္ေနတာ မၿပီးေသးဘူးလား..ဒီမွာ ငါတစ္ေယာက္တည္း ေသာက္ရတာ ပ်င္းတယ္ဟ..လာေတာ့”
အျပင္ဘက္ဝိုင္းမွ ခါေလးက လွမ္းေအာ္သျဖင့္ စံဘက အျပင္သို႔ ထထြက္သြားသည္။
.....................................................................................
၁၉၅၂ ခုႏွစ္၊ ဩဂုတ္လ ၁၃ ရက္။ နံနက္ ၉ နာရီ။
ေသာင္း ေပ်ာ္ပြဲစား႐ုံထဲသို႔ လူသုံးေယာက္ဝင္လာသည္။
“မင္းတို႔ဆိုင္ ဒီေန႔ကစၿပီး ပိတ္ရမယ္”
ေရွ႕ဆုံးမွ ဝင္လာသူက ေကာင္တာတြင္ထိုင္ေနေသာ မေသာင္းကို ေအာ္ေျပာလိုက္၏။
အေပၚထပ္မွ စံဘက ဓါးရွည္ကိုင္ကာ ဆင္းလာ၏။
“ဘယ္သူမ်ားလဲလို႔...အရႈပ္ပါလားကြ....ဘယ္ႏွယ့္ယကၡလို႔ နာမည္ေျပာင္းလိုက္တာနဲ႔ပဲ ငါက မင္းကို ေၾကာက္ရမွာလား”
“စံဘ...မင္းတို႔ေခတ္ကုန္ၿပီကြ....မင္းတို႔ေကာင္ေတြ ဒီခ်ိဳင္းနားေတာင္းမွာရွိေနတာ က်က္သေရယုတ္လို႔.. ငါ လာႏွင္ထုတ္တာ...ဒီဆိုင္ခန္းကို ဦးျမက်င္က ပိတ္ခိုင္းလိုက္တာ”
“ေဟ့ေကာင္..အဲ့ဒီေစာက္ေပါျမက်င္ ပိတ္ခိုင္းတိုင္း ငါက ပိတ္ရမွာလား”
ထိုအခ်ိန္တြင္ အေနာက္ဖက္မွ လူေလးေယာက္ခန႔္ ထပ္ေရာက္လာသည္။
ေရွ႕ဆုံးတြင္ တိုက္ပုံအက်ႌအနက္ႏွင့္ ပေလကပ္ပုဆိုးဝတ္ထားသူ က ဦးျမက်င္။
“ငါ့ကို ေစာက္ေပါတဲ့လား..ေခြးမသားေလး..ေဟ့ေကာင္ေတြ ဆိုင္တံခါးေတြ ပိတ္စမ္းကြာ”
ယကၡ ေခၚ အရႈပ္က တံခါးကို ဆြဲပိတ္လိုက္သည္။ နံနက္ေစာေစာမို႔ ဆိုင္အတြင္း စားသုံးသူမ်ားမရွိေသး။
ဦးျမက်င္က အိပ္ကပ္ထဲမွ ေသနတ္ကို ဆြဲထုတ္လိုက္သည္။
ေခ်ာရင္က ေနာက္ေဖးခန္းတြင္ ထားေသာ ေသနတ္ကို ထမီထဲထိုးထည့္ၿပီး အေပၚအက်ႌျဖင့္ ဖုန္းကာ အျပင္သို႔ ထြက္လာလိုက္သည္။
ဦးျမက်င္ က စံဘ၏ နဖူးကို ေသနတ္ျဖင့္ ေတ့ထား၏။စံဘက လက္ထဲက ဓါးရွည္ကို တင္းတင္းဆုတ္ထားသည္။
ေခ်ာရင္ ၏ ညာဘက္လက္ကလည္း အသင့္ဆြဲထုတ္ရန္ ေသနတ္ေပၚတြင္ တင္ထားၿပီျဖစ္သည္။
ထိုအခ်ိန္တြင္ ဆိုင္ေရွ႕မွ ကားသံၾကားရၿပီး လူတစ္ဦး ေျပးဝင္လာၿပီး ပိတ္လက္စ တံခါးကို တြန္းဖယ္လိုက္သည္။
“အကိုႀကီး..အကိုႀကီး”
ဆိုင္ထဲဝင္လာသူကို ဦးျမက်င္က တခ်က္လွမ္းၾကည့္လိုက္သည္။
“စိုးၫြန႔္ ဘာျဖစ္လာတာလဲ”
“အကိုႀကီး အမ မလွက်င္တို႔ လတၱာလမ္းအိမ္ကို ဓါးျပေတြ ဝင္စီးသြားတယ္....ရွိတာ အကုန္မသြားၾကၿပီ”
“ေဟ..ဟာ.....မျဖစ္ဘူး..ေဟ့ေကာင္ေတြ...လတၱာလမ္းကို သြားၾကမယ္..ဓါးျပေတြ မိမွျဖစ္မယ္ကြ”
စိုးၫြန႔္စီးလာေသာ ဂ်စ္ကားေပၚသို႔ ဦးျမက်င္က ေျပးတက္သြားသျဖင့္ က်န္သူမ်ားကလည္း ေယာင္နနျဖစ္ကာ ေနာက္က လိုက္တက္ၾကသည္။
႐ုတ္တရက္ဝင္လာၿပီး ႐ုတ္တရက္ျပန္ထြက္သြားသည့္ ဦးျမက်င္တို႔ကို စံဘ မွာ အူတူတူႏွင့္ ေငးက်န္ရစ္သည္။ မေသာင္းကေတာ့ ေကာင္တာေပၚတြင္ အေၾကာက္မေျပေသး။
“ေကာင္းလိုက္တာ..တိုက္တဲ့ဓါးျပ က်န္းမာပါေစ..ခ်မ္းသာပါေစေတာ္”
ေခ်ာရင္က ေျခာက္လုံးျပဴးကို ကိုင္ထားရင္းမွ ေမတၱာပို႔လိုက္၏။
တိုက္သည့္ဓါးျပမ်ား။
လတၱာလမ္း၊ ရဲဌာနႏွင့္ ကိုက္ငါးဆယ္သာေဝးေသာ အိမ္ကို ေန႔ခင္းေၾကာင္ေတာင္ ဝင္တိုက္ေသာဓါးျပမ်ား။
ဂ်စ္ကားတစ္စီး၊ အင္အားကိုးေယာက္။
မ်က္ႏွာအဝတ္စီးထားသည့္ အမ်ိဳးသမီးတစ္ဦး ေခါင္းေဆာင္သည္။
ရဲတပ္ဖြဲ႕ႏွင့္ ပစ္ခတ္မႈျဖစ္ပြားၿပီး ခုႏွစ္ဦးကို မိလိုက္သည္။
သို႔ေသာ္ တိုက္ရာပါေငြႏွစ္ေသာင္းႏွင့္ ေခါင္းေဆာင္အမ်ိဳးသမီးတစ္ဦး၊ အမ်ိဳးသားတစ္ဦးလြတ္သြား၏။
ရဲတပ္ဖြဲ႕က ဖမ္းမိသည့္ ဓါးျပမ်ားကို စစ္ေမးၾကသည္။
ဓါးျပမ်ားထဲတြင္ ထိုအိမ္သို႔ ဝင္ထြက္ေနသည့္ ေရထမ္းသမားႏွင့္ ထိုအိမ္ေရွ႕တြင္ မုန႔္ဟင္းခါးေရာင္းသည့္ေစ်းသည္တစ္ဦးပါဝင္သည္။
သူတို႔ႏွစ္ဦးကို အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦး က ထိုအိမ္သို႔ ဓါးျပတိုက္ရန္ ခ်ဥ္းကပ္စည္း႐ုံးသည္။
ႀကိဳတင္ေငြအျဖစ္ တစ္ေယာက္လွ်င္ တစ္ေထာင့္ေလးရာက်ပ္စီလည္း ေပးသည္။ ဓါးျပမႈၿပီးလွ်င္ တိုက္ရာပါမ်ားထဲမွ ေဝစုထပ္ရဦးမည္ဆိုသျဖင့္ သူတို႔က သေဘာတူလိုက္ၾကသည္။
ေဝစုမ်ားမ်ားရမည္ဆိုသျဖင့္ ေနာက္ထပ္ လူငါးေယာက္ကိုပါ အနီးအနားတြင္ ထပ္စုခိုင္းထားသည္။
ထိုအမ်ိဳးသားႏွင့္ အမ်ိဳးသမီး စီးလာေသာဂ်စ္ကား လတၱာလမ္းထိပ္ ေရာက္လာခ်ိန္..သူတို႔ခုႏွစ္ဦး က အသင့္လိုက္ပါလာၿပီး ေရထမ္းသမားက ဦးေဆာင္ကာ အိမ္ထဲဝင္သည္။
အမ်ိဳးသားႏွင့္ အမ်ိဳးသမီးတြင္ ေျခာက္လုံးျပဴးကိုယ္စီပါၾကသည္။
ေရွ႕ဆုံးမွ ဝင္မည့္ ေရထမ္းသမားကိုလည္း ေျခာက္လုံးျပဴးတစ္လက္ေပးသည္။ မုန႔္ဟင္းခါးသည္ကို လုပ္ေသနတ္တစ္လက္ေပးသည္။
အိမ္ရွိလူမ်ားအားလုံးကို ႀကိဳးျဖင့္တုပ္၊ ပါးစပ္ကို စည္းသည္။
ျမက်င္ႀကီး အပ္ထားတဲ့ေငြေတြ ေပးဟု ေျပာရာ တ႐ုတ္သူေဌးခ်ိန္ကြီး က ဘူးခံေနသျဖင့္ အမ်ိဳးသမီးက ေျခာက္လုံးျပဴးဒင္ႏွင့္ထုသည္။
ေနာက္ဆုံး ေငြႏွစ္ေသာင္းႏွင့္ အျခားပစၥည္းမ်ားလုယက္ယူေဆာင္ၾကသည္။
အိမ္ေရွ႕သို႔ လတၱာလမ္း ရဲဌာနမွ ရဲမ်ားေရာက္လာေသာအခါ ပစ္ခတ္မႈမ်ားျဖစ္ၾကၿပီး အမ်ိဳးသားႏွင့္အမ်ိဳးသမီးက ဘယ္အခ်ိန္ဆုတ္ခြာသြားသည္မသိ။
က်န္သည့္သူမ်ားက လက္နက္ခ်အဖမ္းခံလိုက္ၾကသည္။
ထိုအစစ္ခံခ်က္ကို ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ရဲမင္းႀကီး ဦးေစာထြန္း က မေက်နပ္။
မုန႔္ဟင္းခါးသည္ႏွင့္ ေရထမ္းသမားသည္ ဘယ္ကမွန္းမသိသည့္ လူႏွစ္ဦးက ဓါးျပတိုက္ဖို႔ လာစည္း႐ုံးသည္ဆိုသည္မွာ ယုတၱိမရွိဟု ယူဆသည္။
စီအိုင္ဒီသို႔ ပို႔ၿပီး တရားခံမ်ားကို ဆက္လက္စစ္ေဆးၾကသည္။
မုန႔္ဟင္းခါးသည္က ဓါးျပမႈေခါင္းေဆာင္သူႏွစ္ဦး ေျပာစကားထဲတြင္ ဦးေလးႀကီး အမိန႔္အတိုင္း ဆိုသည္ကို ခဏခဏ ပါေနသည္ဟု ထြက္ဆိုသည္။
ထိုအေျခအေနတြင္ ရန္ကုန္ေထာင္မွ လြတ္ေျမာက္သြားေသာ စိန္ဓါးေျမႇာင္ လက္ခ်က္ ျဖစ္ႏိုင္သည္ဟု ရဲက တြက္ဆလိုက္သည္။
ရန္ကုန္တိုင္းဒုရဲမင္းႀကီး ဦးသန္း ထံ တင္ျပၾကသည္။
ဦးသန္းက စိန္ဓါးေျမႇာင္ဂိုဏ္းရန္ကုန္တြင္ အေျချပဳေနၿပီျဖစ္ေၾကာင္း၊ ဖမ္းဆီးရမိေရးအတြက္ အင္အားမ်ားလိုအပ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးသို႔ တင္ျပသည္။
သို႔ေသာ္ ကက္ဘိနက္တြင္ အဆိုပါကိစၥက ေလထဲေပ်ာက္ပ်က္သြားရ၏။
ဦးျမက်င္ မွာ လူမိုက္လုပ္ရွာၿပီး စုေဆာင္းထားသည့္ ေငြမ်ား ပါသြားသျဖင့္ ဓါးျပအဖြဲ႕ႏွင့္ ပတ္သက္သူမ်ားကို ေတြ႕ရာသခ်ႋဳင္းဓါးမဆိုင္းသတ္ရန္ ႀကိမ္းဝါး၍သာ ေနေနရရွာေတာ့သည္။
စံဘတို႔ ဘက္သို႔ပင္ ျပန္မလွည့္ႏိုင္ရွာေတာ့။
ထိုအခ်ိန္တြင္ ခါေလးႏွင့္ အႏွင္း တို႔သည္ စိန္ဓါးေျမႇာင္၏ အိမ္အေပၚထပ္တြင္ ေတာင္ခ်မ္းသာရွင္မအား တိုက္ရာပါမ်ား ပုံလ်က္ ပူေဇာ္ပြဲတြင္ ရွိေနၾကသည္။
“ဟိုခုႏွစ္ေယာက္မိသားစုကို အႏွင္းေသခ်ာစုံစမ္းထားတယ္ေနာ္”
“ဟုတ္ကဲ့..ဆရာႀကီး”
“သူတို႔ေသခ်ာေပါက္ေထာင္က်လိမ့္မယ္..စီရင္ခ်က္က်ၿပီးတာနဲ႔ သူတို႔မိသားစုေတြဆီ ဒီေဝစုေတြ ရေအာင္ပို႔ေပးဖို႔က ဝင္းေမာင္က တာဝန္ယူ”
“ဟုတ္ကဲ့...ဆရာႀကီး”
“ ဝင္းေမာင္နဲ႔ ေမာင္တင္ အင္းစိန္ေငြတိုက္ကားျဖတ္လုမယ့္ကိစၥ စီစဥ္ပါ..ေရွ႕မွာ ခံထားမယ့္လူကို ေသခ်ာေ႐ြး...မင္းတို႔နဲ႔ အဲ့ဒီေကာင္ေတြၾကားမွာ ေနာက္ထပ္ တဆင့္လူခံထားဦး..မင္းတို႔ကိုတိုက္႐ိုက္မသိေစနဲ႔... အခု အႏွင္းတို႔ လုပ္တာထက္ အဆင့္ေတြ ပိုခံထားမွျဖစ္မယ္..ဟုတ္ၿပီလား”
“ေအး..ဒါဆို...မနက္ျဖန္မနက္ ငါ ခုႏွစ္မိုင္က အဂၢိရိတ္ၿခံကိုသြားမယ္..ခါေလးအိမ္မွာေနခဲ့..သတိဝိရိယေတာ့ရွိပါေစ... ျမၾကည္က ရီရီ ကိုေခၚၿပီး ဖေရဇာလမ္းက အေပါင္ဆုံးဆိုင္ကိုသြားၿပီး ဝင္လမ္း၊ထြက္လမ္းေတြ ၾကည့္တာဆက္လုပ္ၿပီး သဘက္ခါေလာက္အကို႔ဆီ လိုက္ခဲ့..အႏွင္းကေတာ့ အိမ္မွာ ကေလးနဲ႔ အခ်ိန္ေပးလိုက္ဦး.”
စိန္ဓါးေျမႇာင္သည္ ၁၉၅၂ ခုႏွစ္မွ ၁၉၅၃ ခုႏွစ္အတြင္ လုယက္မႈမ်ား၊ ဓါးျပမႈမ်ားကို ေနာက္ကြယ္မွ ကိုင္တြယ္ခဲ့သည္။
လူမမိသည့္အမႈမ်ားရွိသကဲ့သို႔ လူမိသည့္အမႈမ်ားတြင္လည္း ၾကားလူမ်ား အဆင့္ဆင့္ခံထားသျဖင့္ ရဲတပ္ဖြဲ႕မွာ မည္သို႔ပင္ေျခရာခံခံ စိန္ဓါးေျမႇာင္ထံ မေရာက္ခင္ အမႈကြင္းဆက္ကား ေပ်ာက္ေပ်ာက္သြားခဲ့သည္။
ထို႔ေၾကာင့္ ရန္ကုန္တြင္ စိန္ဓါးေျမႇာင္ဂိုဏ္းရွိေနသည္ဟူေသာ အယူအဆကိုပင္ ရဲအရာရွိမ်ားကိုယ္တိုင္ မယုံၾကည္ၾကေတာ့။
စိန္ဓါးေျမႇာင္၏ နာမည္ကလည္း တျဖည္းျဖည္းေမွးမွိန္သြားေလသည္။
ထိုအေျခအေနျဖစ္ေအာင္ စိန္ဓါးေျမႇာင္က စနစ္တက်ဖန္တီးခဲ့ျခင္းပင္။
မႏၲေလးတြင္ ႀကဳံခဲ့ရသည္မ်ားက သူ႔အား သင္ခန္းစာမ်ား မ်ားစြာေပးခဲ့ၿပီမဟုတ္ပါလား။
ဖဆပလအစိုးရ အတြင္းရွိ စိန္ဓါးေျမႇာင္ႏွင့္ ဆက္ဆံခဲ့ဖူးသည့္ ဆိုရွယ္လစ္ေခါင္းေဆာင္မ်ားသည္ ရန္ကုန္၏ ဓါးျပမႈ ခုႏွစ္ဆယ္ရာခိုင္ႏႈန္းတြင္ စိန္ဓါးေျမႇာင္ေနာက္ကြယ္္ကရွိေၾကာင္း သိေသာ္လည္း ရဲတပ္ဖြဲ႕ကို ဖိအားမေပးခဲ့ၾက။
ထိုသို႔ျဖစ္ရျခင္း အေၾကာင္းအရင္းကလည္း ရွိေနသည္။
၁၉၅၂ တြင္ ဝန္ႀကီးခ်ဳပ္ဦးႏု၏ ျပည္ေတာ္သာစီမံကိန္းမွာ အရွိန္ရစျပဳလာၿပီျဖစ္သည္။ ျပည္ေတာ္သာစီမံကိန္းအတြက္ အေမရိကန္ ေကတီေအအဖြဲ႕၊ ဓာတ္သတၱဳတူးေဖာ္ေရးဆိုင္ရာကြၽမ္းက်င္ေသာ ပီးယဲစ္သတၱဳတူးေဖာ္ေရးလီမိတက္ႏွင့္ စီးပြားေရးပညာရွင္ေရာဘတ္နသန္ တို႔အဖြဲ႕မ်ားကို ငွားရမ္းခဲ့သည္။
ျပည္ေတာ္သာစီမံကိန္းအေကာင္ထည္ေဖာ္ရန္ လိုအပ္သည့္ ကာလမွာ ရွစ္ႏွစ္ျဖစ္ၿပီး ကုန္က်မည့္ေငြမွာ က်ပ္ေငြ ကုေဋ ၇၅ဝ ျဖစ္သည္။
ဖဆပလသည္ ေကတီေအအဖြဲ႕ေရးဆြဲသည့္ အစီရင္ခံစာပါအခ်က္မ်ားအတိုင္း အေကာင္ထည္ေဖာ္ရန္ အေမရိကန္ျပည္ေထာင္စုမွ ေပးေသာ အီးစီေအအကူအညီကို ရယူခဲ့သည္။
အီးစီေအအကူအညီသည္ အေရွ႕ေတာင္အာရွေဒသအတြက္ အေမရိကန္ျပည္ေထာင္စုမွ ေဒၚလာ ၆၈ သန္း ကူညီသည့္ အစီအစဥ္လည္းျဖစ္သည္။
တ႐ုတ္ျပည္တြင္ ကြန္ျမဴနစ္တို႔ အာဏာရရွိသည့္သြားသည့္အတြက္ အေမရိကန္က ကြန္ျမဴနစ္မဟုတ္ေသာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသို႔ ေပးရန္ စီစဥ္ထားသည့္ အေထာက္အပံ့ေငြလည္းျဖစ္သည္။
ဖဆပလအစိုးရသည့္ ကမာၻ႔အဆင့္စီးပြားေရးပါရဂူမ်ားကို ေငြအေျမာက္အမ်ားေပးကာ ငွားရမ္းၿပီး ျပည္ေတာ္သာ စီမံကိန္းကို အေသးစိတ္ေရးဆြဲခဲ့သည္။
ျပည္ေတာ္သာစီမံကိန္းကာလ ျမန္မာႏိုင္ငံတြင္ အမႈထမ္းေနၾကေသာ ႏိုင္ငံျခားသားပညာရွင္အေရအတြက္မွာ အျခားအိမ္နီးခ်င္းႏိုင္ငံမ်ားထက္ ပိုမ်ားသျဖင့္ ျမန္မာႏိုင္ငံသည္ ေနာင္တေခတ္အေရွ႕ေတာင္အာရွ၏ စီးပြားေရးကို ဦးေဆာင္မည့္ႏိုင္ငံအျဖစ္ ကမာၻက ေကာက္ခ်က္ခ်ခဲ့ၾကသည္။
ျပည္ေတာ္သာစီမံကိန္းအဆင့္ဆင့္တြင္ အာဏာရွိေသာ ျပည္ေတာ္သာအဖြဲ႕သားမ်ားကို အစိုးရက လုပ္ပိုင္ခြင့္ အာဏာမ်ားအျပည့္အဝေပးထားသည္။
သို႔ေသာ္ ျပည္ေတာ္သာအဖြဲ႕မ်ားတြင္ အတိုက္အခံပါတီမွ ေ႐ြးေကာက္ခံအမတ္မ်ား ပါဝင္ခြင့္မရခဲ့ၾက။
ထို႔ေၾကာင့္ အတိုက္အခံအမတ္မ်ားမွ ဖဆပလအစိုးရသည္ အီးစီေအ အေထာက္အပံ့ယူသျဖင့္ အေမရိကန္ေနာက္လိုက္ျဖစ္သြားၿပီဟုလည္းေကာင္း၊ ပင္လယ္ကူးသေဘၤာဆိပ္မ်ား၊ ေလဆိပ္မ်ားျပဳျပင္ေနျခင္း သည္ အေမရိကန္ေရတပ္ႏွင့္ေလတပ္ကို အေထာက္အကူေပးခ်င္သျဖင့္ျဖစ္ေၾကာင္း စသျဖင့္ စြပ္စြဲတိုက္ခိုက္ လာၾကသည္။
အေမရိကန္ကလည္း အီးစီေအ(Economic Cooperation Administration) ဆိုသည့္အမည္ကို အမ္အက္စ္ေအ (Mutual Seturity Administration) အျဖစ္ အမည္ေျပာင္းလိုက္ျပန္သည္။
ႏိုင္ငံတကာေရးရာမ်ားတြင္ အေမရိကန္ျပည္ေထာင္စုႏွင့္ သေဘာထားထပ္တူရွိေသာ ႏိုင္ငံမ်ားကို ကူညီေပးသည့္ အစီအစဥ္ဟု ေခါင္းစဥ္တပ္လိုက္သည္။
ဖဆပလအစိုးရက ယင္းကဲ့သို႔ေႏွာင္ႀကိဳးပါေသာအကူအညီကို လက္မခံေၾကာင္း ျပန္ၾကားလိုက္သည္။
ေနာက္ဆုံးတြင္ အေမရိကန္က အမ္အက္စ္ေအ ကို တီစီေအ (Technical Cooperation Administration)သို႔ အမည္ေျပာင္းကာ ေႏွာင္ႀကိဳးမဲ့အကူအညီအျဖစ္ ဆက္လက္ေပးသြားသည္။
ဖဆပလအစိုးရသည္ ျပည္ေတာ္သာစီမံကိန္းကို အေကာင္ထည္ေဖာ္ေနစဥ္ ကူမင္တန္ တ႐ုတ္ျဖဴ က်ဴးေက်ာ္မႈေပၚေပါက္လာခဲ့သည္။
ေမာ္စီတုန္း၏ ကြန္ျမဴနစ္ပါတီအာဏာရလာသျဖင့္ ျမန္မာျပည္ဘက္ဆုတ္ခြာလာေသာ ကူမင္တန္မ်ားကို အေမရိကန္က ကူညီေပးေနသျဖင့္ ဖဆပလအစိုးရက အေမရိကန္၏ အကူအညီကို ဆက္မယူရန္ ဆုံးျဖတ္လိုက္သည္။
၁၉၅၃ တြင္ အေမရိကန္မွ ေပးသည့္အကူအညီကို ျမန္မာအစိုးရက ဆကၼယူေတာ့သျဖင့္ ျပည္ေတာ္သာစီမံကိန္းမွာ နိဌိတန္သြားရ၏။
ထိုအခ်ိန္တြင္ ဖဆပလအဖြဲ႕အတြင္း ဦးႏုႏွင့္ ဆိုရွယ္လစ္ေခါင္းေဆာင္မ်ား၏ ပုဂၢိဳလ္ေရးအားၿပိဳင္မႈမ်ားက စတင္ေနၿပီျဖစ္သည္။
ၿပီးခဲ့သည့္ေ႐ြးေကာက္ပြဲတြင္ ဖဆပလအာဏာရေရးအတြက္ ဆိုရွယ္လစ္အုပ္စုမ်ားက အႏုနည္းေရာ၊ အၾကမ္းနည္းပါသုံးခဲ့ၾကသည္။
ထိုအေျခအေနကို ဦးႏုက သိေသာ္လည္း ကိုယ္တိုင္ကိုယ္က် မပါဝင္ခဲ့။
ယခုအာဏာရေသာအခါမွ ေက်ာေထာက္ေနာက္ခံအဖြဲ႕အစည္းမရွိေသာ ဦးႏု ကို ေခါင္းေဆာင္အျဖစ္ ထားရွိရျခင္းအတြက္လည္း ဆိုရွယ္လစ္ေခါင္းေဆာင္မ်ားက မႏွစ္ၿမိဳၾက။
သို႔ေသာ္ မိမိတို႔ ဆိုရွယ္လစ္အခ်င္းခ်င္း ေခါင္းေဆာင္တင္ထားရသည္ထက္စာလွ်င္ ၾကားလူ ဦးႏုကို တင္ထားရသည္ကေတာ္ေသးသည္ဆိုသည့္သဘာမ်ိဳး ဦးႏုအေပၚထားၾကသည္။
ဦးႏုကလည္း ဆိုရွယ္လစ္ေခါင္းေဆာင္ခ်င္း မညီၫြတ္မႈအေပၚ က်င္လည္စြာအသုံးခ်ႏိုင္သည္။
ဆိုရွယ္လစ္ေခါင္းေဆာင္သုံးဦး ညီၫြတ္မႈရေနသည့္ လကၡဏာေပၚသည္ႏွင့္ ဦးႏုက ရာထူးမွ ႏႈတ္ထြကၼည္ဟု အသံေပးလိုက္သည္။
ထိုအခါ ထိုေခါင္းေဆာင္သုံးဦး ထဲ မည္သူက ေခါင္းေဆာင္လုပ္မည္နည္းဆိုသည့္ ေမးခြန္းႏွင့္အတူ ညီၫြတ္မႈ ၿပိဳကြဲၾကျပန္သည္။
ေဒးကာနယ္ဂ်ီေရးည့္ လူေပၚလူေဇာ္လုပ္နည္းစာအုပ္ကို ေၾကညက္ခဲ့သူ ဦးႏု ႏွင့္ ႏိုင္ငံေရးကစားကြက္မ်ားကို ပရိယာယ္ႂကြယ္ဝစြာကစားတတ္သူ ဆိုရွယ္လစ္ေခါင္းေဆာင္ ဦးေက်ာ္ၿငိမ္း၊ သခင္တင္၊ ဦးဘေဆြ တို႔ၾကား ဆက္ဆံေရးမွာ က်င္လည္ပါးနပ္မႈ၊ ပညာသားပါမႈတို႔ျဖင့္ အေပၚယံအေျခအေနျဖစ္ေနခဲ့ၿပီျဖစ္သည္။
ဦးႏုသည္ မၾကာမီကာလတြင္ ဆဌမသဂၤါယနာတင္ပြဲႀကီး ျပဳလုပ္ရန္လည္း အႀကီးအက်ယ္ႀကိဳးပမ္းေနသည္။
ထိုအေျခအေနမ်ိဳးတြင္ မဲခိုးဇာတ္လမ္းကို သက္ေသႏွင့္တကြကိုင္ထားသည့္ စိန္ဓါးေျမႇာင္ေၾကာင့္ အစိုးရတစုံတစ္ရာအတိမ္းအေစာင္းျဖစ္မည္ကို ဖဆပလထဲမွ ဆိုရွယ္လစ္မ်ားက တြက္ဆမိထားသည္။
ယင္းကပင္ စိန္ဓါးေျမႇာင္အတြက္ အကာအကြယ္တစ္ခုျဖစ္ေနေတာ့၏။
....................................................................................
၁၉၅၄ ခုႏွစ္၊ ေမလ ၁၆ ရက္၊ ည ၁ဝ နာရီ။
ရန္ကုန္ေထာင္ႀကီး ၏ အေဆာင္(၁)တြင္ရွိေနေသာ ဂႏၶမာေသာင္းရီႏွင့္ ထြန္းရင္တို႔ ကို ေထာင္မႉးမ်ားက တိတ္တဆိတ္လာေခၚထုတ္သြားၾကသည္။
ေမဦးမိုး က တဖြဲဖြဲက်ေနသျဖင့္ ပူစပ္ပူေလာင္ႏိုင္လွသည္။
ေထာင္ဗူးဝေရာက္သည္ႏွင့္ ဂႏၶမာေသာင္းရီ ႏွင့္ ထြန္းရင္တို႔၏ မ်က္ႏွာကို အဝတ္မ်ားစြပ္လိုက္ၾကသည္။
ထို႔ေနာက္ လက္ထိပ္မ်ားေနာက္ျပန္ခတ္လိုက္ၾက၏။
“ကြၽန္ေတာ္တို႔ ကို ဘယ္ေခၚသြားၾကမလို႔လဲ”
“ငါတို႔လည္းမသိဘူး..အထက္ကလူေတြ လာေခၚမွာ”
မၾကာမီလူတခ်ိဳ႕ေရာက္လာသံၾကားရၿပီး ဂႏၶမာတို႔အား ေထာင္ဗူးဝေအာက္မွ သံတံခါးမွ လွ်ိဳထြက္ရန္ တြဲေခၚသြားၾကသည္။
ထို႔ေနာက္ ဂႏၶမာေသာင္းရီႏွင့္ ထြန္းရင္တို႔ကို ကားတစ္စီးေပၚသို႔ တင္ေခၚလိုက္သည္။
ထူးထူးျခားျခား ကားအတြင္း စံပယ္ပန္းရနံ႔မ်ား ေမႊးေန၏။
“ကြၽန္ေတာ္တို႔ကို သတ္ေတာ့မယ္ထင္တယ္..ကိုဂႏၶမာ”
“ေအး မသတ္ခင္ စီးကရက္ေလးေတာ့ ေသာက္ခ်င္တာ..ဒါနဲ႔ ဆရာတို႔..ကြၽန္ေတာ္ စီကရက္ေလးမ်ား ေသာက္လို႔ရမလား”
ဂႏၶမာက သူတို႔ႏွစ္ဦးေဘးတြင္ ထိုင္လာေသာ လူကို ပုခုံးျဖင့္ တိုက္ကာ ေမးလိုက္၏။
တဖက္လူက ဘာမွ ျပန္မေျပာ။
“မတိုက္ရင္ ကားေပၚက ခုန္ခ်ပစ္လိုက္မွာေနာ္..ေဟ့ေကာင္..ထြန္းရင္..ခုန္ခ်ကြာ”
“ဟာ..ဘယ္လိုလူေတြလဲဗ်ာ...”
ေဘးနားက လူက စိတ္ရႈပ္ဟန္ျဖင့္ စီးကရက္ဗူးထဲမွ စီးကရက္ကို ထုတ္လိုက္ၿပီး ဂႏၶမာေသာင္းရီေခါင္းကို စြပ္ထားေသာ အစြပ္ကို ပါးစပ္နားထိလွန္ကာ စီးကရက္ေတ့ေပးလိုက္သည္။
ထို႔ေနာက္ မီးညႇိ႔ေပး၏။
“ထြန္းရင္ေရ...လက္ႏွစ္ဖက္ကို လက္ထိပ္ခတ္၊ မ်က္လုံးမွိတ္ၿပီး စီးကရက္ေသာက္ရတာ..မိုက္သားဟ”
“ဟုတ္လား..ဒါဆို ကြၽန္ေတာ့္လည္း တိုက္ဗ်ာ..ဟိုဘက္ကလူႀကီး”
“ငါေတာ့ ဘာေကာင္ေတြနဲ႔ လာေတြ႕ေနတာလဲကြာ”
ထြန္းရင္ ၏ ေခါင္းစြပ္ကို ပါးစပ္နားအထိလွန္ကာ စီးကရက္တပ္ေပးရျပန္သည္။
ကား သည္ ရန္ကုန္လမ္းမေပၚသို႔ ေျပးလႊားေနဆဲ။
ဂႏၶမာပါးစပ္တြင္ ခဲထားေသာ စီးကရက္တစ္ဝက္မက်ိဳးမီပင္ ကားက ထိုးရပ္သြားသည္။
“ကဲ..ဆင္းၾက”
“သတ္မယ္ဆိုလည္း စီးကရက္ေလး ကုန္မွ သတ္ၾကပါလား ဆရာတို႔”
“ဟာကြာ..ဆင္းၾကပါဟ..မင္းတို႔ကို လက္ထိပ္ျဖဳတ္ေပးမလို႔”
ခက္ေဇာ္
Done
ReplyDeleteClicked 💫
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDelete🗡️💎💎
ReplyDeletedone
ReplyDelete