The Guys From Mandalay,1950s အခန်း(၂၅)
The Guys From Mandalay,1950s
အခန်း(၂၅)
.....................................................
“မမနှင်း”
“ဘယ်တုန်းကတည်းကရောက်နေတာလဲ..ချောရင်..ဘယ်လိုလဲ..ကိုစံဘကို တွေ့လို့ရလား”
“မရပါဘူး...မမနှင်းရယ်....စုံထောက်ဘက်က စစ်ဆေးရေးဆက်လုပ်နေလို့ဆိုလား..ရမန်တောင် ဘယ်အချိန်ယူလိုက်ကြမှန်းမသိဘူး..ရုံးတင်တရားစွဲမှပဲ တွေ့ခွင့်ရမယ်တဲ့”
ရန်ကုန်ပုလိပ်ရုံးကြီးရှေ့ မှ ချောရင်နှင့် အနှင်း။
“အထဲမှာ သူတို့အဆင်ရော ပြေကြပါ့မလားမသိဘူး”
“ဟုတ်တယ်..မမနှင်း..ကိုထွန်းရင်တို့ ပြောတာတော့ ကိုစံဘမှာလည်း ဒဏ်ရာတွေရထားတယ်တဲ့...ရဲဘက်က သေချာမကုပေးရင်တော့ ဒုက္ခပါပဲ...ဪ..ဒါနဲ့..မမနှင်း..ကိုခါလေးက ဆေးဆရာကြီးဆရာသိန်းရဲ့တပည့်ဆို...ဆေးပညာတတ်မှာပေါ့”
ချောရင်စကားကြောင့် အနှင်းမျက်နှာ ရုတ်တရက်တည်သွားသည်။
ထို့နောက် ပြန်ပြုံးပြလိုက်ပြီး
“ဟုတ်တယ်....ကိုခါလေးက ဆရာကြီးရဲ့ တပည့်ရင်းလေ...ဆေးတော့ နည်းနည်းပါးပါးကုတတ်ပါတယ်”
“ဟူး..တော်ပါသေးရဲ့...မမနှင်းရယ်...ဒီလိုဆိုတော့ ကိုစံဘအတွက် စိတ်နည်းနည်းအေးရတာပေါ့”
“ကဲ..ချောရင်..မမနှင်း ပြန်တော့မယ်”
“ညီမငှားလာတဲ့ တက္ကစီပါတယ်..ညီမ လိုက်ပို့ပေးမယ်လေ”
“ရပါတယ်..ညီမရဲ့...အမဟာ အမ တက္ကစီငှားသွားလိုက်မယ်”
“မမနှင်းက ဘယ်ပြန်မှာလဲ”
“ပုဇွန်တောင်ဘက် ပြန်မှာ.ချောရင်ရဲ့”
“အို..နီးနီးလေးပဲ...ချောရင်လည်း ကိုစံဘကိစ္စစိတ်ညစ်နေတာ..စိတ်ပြေလက်ပျောက် မမနှင်းအိမ်လိုက်လည်မယ်နော်..ကလေးလေးလည်းမတွေ့ရတာကြာပြီမို့လား”
အနှင်းက ရုတ်တရက်ငြိမ်သွားသည်။
“ဘယ်လိုလဲ..မမနှင်း.ချောရင်ကို အိမ်အလည်မခေါ်ချင်ဘူးပေါ့”
“မဟုတ်ပါဘူး..ချောရင်ရယ်..မမနှင်းက ဆရာကြီးတို့လင်မယားနဲ့ ကပ်နေရတာ..သူတို့ အိမ်အောက်ထပ်မှာ နေတာလေ..အဲ့ဒီတော့ဟိုမှာက ဆေးကုလူနာတွေဘာတွေနဲ့ ချောရင် အနေရကြပ်မှာစိုးလို့”
“အို..ရပါတယ်..မမနှင်းရဲ့...ချောရင်လည်း နောက် နေထိုင်မကောင်းရင်.ဆရာကြီးကို လာပြလို့ရတာပေါ့”
“အင်းလေ..ချောရင်လည်း ဒီအချိန်စိတ်ညစ်နေမှာပေါ့..စိတ်ပြေလက်ပျောက်လိုက်ချင် လိုက်ခဲ့ပါ”
ချောရင်က အနှင်းလက်ကို ဆွဲကာ ကားပေါ်သို့ တက်လိုက်သည်။
ကားကလေးက ကမ်းနားလမ်းမှ ပုဇွန်တောင်ဘက်ဆီသို့ မောင်းထွက်သွားတော့သည်။
...................................................................................
“မမတို့ ဆရာကြီးက ဘယ်မှာ ဆေးကုတာလဲ”
“ဆေးခန်းက ဒီအောက်ထပ်မှာပဲ..အနှင်းရဲ့..ဒီနေ့က ဆေးကုရက်မဟုတ်တော့ အပေါ်မှာ ဆရာကြီးအဓိဌာန်ပုတီးစိပ်နေမယ်ထင်တယ်”
“သြော်..အမတို့ ဆရာကြီးက သူတော်ကောင်းကြီးပဲနော်..ချောရင် တွေ့ဖူးချင်လိုက်တာ”
“တွေ့လို့ရပါတယ်..ချောရင်ရဲ့..လာအပေါ်ထပ်သွားမယ်”
အနှင်းက ချောရင်ကို အိမ်ပေါ်ထပ်သို့ ခေါ်သွားသည်။
ကြီးမားလှသောဘုရားစင်ကြီးရှေ့တွင် အုန်းပွဲငှက်ပျောပွဲများထိုးထား၏။
ဘုရားစင်ရှေ့တွင် တပ္ပလင်ခွေထိုင်နေသည့် အသက် ၄ဝ ခန့်ရှိ လူကြီးတစ်ဦး။
“အနှင်း..ဧည့်သည်လည်းပါတာကိုး...မောင်ခါလေးကိုရော အချုပ်မှ တွေ့ခဲ့လား”
“မတွေ့ခဲ့ရပါဘူး...ဆရာကြီး..ဒါ ကိုခါလေး နဲ့ ရန်ဖြစ်တဲ့အမှုမှာ ပါခဲ့တဲ့ ကိုစံဘရဲ့ ဇနီးလေ..ဆရာကြီးကို တွေ့ချင်တယ်ဆိုလို့ ခေါ်လာတာ”
“ဪ..ကလေးမ..ငယ်သေးတာကိုးကွယ်..အင်း..လူငယ်တွေ တယ်မိုက်ကြတာပဲ...သူတို့ သိသလောက်လေးနဲ့ မိုက်ကြတာကိုး..ခက်သားကွယ်”
“ဆရာကြီးအဓိဌာန်ပုတီးပြီးသွားပြီလား”
“ပြီးသွားပြီ..တရားဆက်ထိုင်မလားလို့လေ”
“ဪ..ဟုတ်ကဲ့...ဒါဆို အနှင်းတို့ကို ခွင့်ပြုပါဦးနော်”
“အေး..အေး..ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြီးမြောက်ပါစေကွယ်”
....................................................................................
၁၉၅၄ အောက်တိုဘာလ ၁ ရက်နေ့တွင် စံဘနှင့် ခါလေးတို့ကို လသာတရားရုံးတွင် တရားစွဲဆိုခဲ့သည်။
တရားရုံးအချုပ်တွင် ခေတ္တချုပ်ထားစဥ် အနှင်းနှင့် ချောရင်တို့ ရောက်လာကြသည်။
“နင် အဆင်ပြေရဲ့လား..ခါလေး”
ခါလေးက ပြန်မဖြေ။ အနှင်းကိုသာ စိုက်ကြည့်နေသည်။
“ဟဲ့..နင်အဆင်ပြေရဲ့လားလို့..ငါမေးနေတယ်လေ”
“ဟုတ်..ပြေပါတယ်..ဒါနဲ့ ဆရာကြီးရော”
“ဆရာကြီးက နောက်ရက်လာတွေ့လိမ့်မယ်..ရော့..ဒီမှာ နင့်အတွက် ဘဲကင်..သေချာကြည်စားနော်”
အနှင်းက ဘဲကင်ကို ထိုးပေးပြီး ထွက်သွားရန် ပြင်လိုက်သည်။
“မနှင်း....”
ခါလေး ခေါ်သံကြောင့် အနှင်းက လှည့်ကြည့်လိုက်သည်။
“ဟို..ဘဲကင်က အချဥ်ရည်မပါဘူးလားလို့”
“ကမန်းကတန်းဝယ်လာရလို့ တောင်းဖို့ မေ့လာတယ်ဟေ့”
အနှင်းက ခါလေးကို မျက်စောင်းထိုးကာ လှည့်ထွက်သွား၏။
“မနှင်း...”
အနှင်း ဒုတိယမ္ပိလှည့်ကြည့်မိပြန်လေပြီ။
“ဘာလဲဟာ”
“မနှင်းကို ကျွန်တော် ချစ်တယ်”
အနှင်းမျက်နှာ နီရဲသွားသည်။
ခါလေးအသံက ကျယ်သွားသဖြင့် မလှမ်းမကမ်းတွင် တိုးတိုးတိုးတိုးဖြင့် စကားပြောနေကြသော စံဘနှင့် ချောရင် ပါ သူတို့ထံ အာရုံရောက်သွား၏။
အခြားလာတွေ့နေသူများကလည်း သူတို့နှစ်ယောက်ကို ကြောင်ကြည့်နေကြသည်။
ခါလေးက ဘဲကင်ထုပ်ကလေးကိုင်ကာ အနှင်းမျက်နှာကို ငေးနေသည်။
“ဒီမသာကတော့..သေတော့မယ်.ဒါရည်းစားစကားပြောရမယ့်နေရာလားဟဲ့”
အနှင်းက အောက်နှုတ်ခမ်းကိုကိုက်ပြီး လှည့်ထွက်သွားသည်။
စံဘနှင့် ချောရင်က သူတို့ကို ကြည့်ရင်း ပြုံးလိုက်ကြသည်။
ထိုအပြုံးများတွင် အဓိပ္ပါယ်များစွာဖြင့်။
.....................................................................
“ညီမ မှာ ပြောစရာရှိတယ်..ကိုဂန္ဓမာ.”
ဂန္ဓမာသောင်းရီ၊ မသောင်းနှင့် တရုတ်ပုံစံဖြင့် အသားဖြူဖြူလူတစ်ဦး စကားထိုင်ပြောနေရာမှ ခေတ္တရပ်သွားသည်။
“အေး..အပေါ်ကစောင့်နေ..ချောရင်.ဒီမှာ ဧည့်သည်နဲ့ ငါ့စကားပြောနေလို့.ခဏနေ တက်လာခဲ့မယ်”
ချောရင်က အပေါ်ထပ်သို့ တက်သွားသည်။
“အဲ့ဒါ..ဘယ်သူတုန်းဗျ”
“ကိုဖိုးတုတ် ညီဝမ်းကွဲလေး စံဘကို သိတယ်မဟုတ်လား...အလိန်”
“အင်း..ဘိုးထင်နဲ့တခါတခါတွဲပါလာတတ်တဲ့..ကောင်လေးမဟုတ်လား”
“ဟုတ်တယ်..အဲ့ဒါ သူ့မိန်းမပဲ..ထွန်းရင်ရဲ့ ညီမအရင်း”
“အင်း..ပုံစံကြည့်ရတာတော့ အကြောခပ်တင်းတင်းပဲ”
ဂန္ဓမာသောင်းရီက ရယ်လိုက်သည်။
“လူငယ်တွေဆိုတော့လည်း..ဒီလိုပါပဲဗျာ...ကျွန်တော်တို့တုန်းကလည်း ဒီလိုပဲမဟုတ်လား..ခင်ဗျားကို တွေ့တော့ ကိုမိုးကိုတောင်သတိရမိတယ်”
“အင်း..ဟုတ်တယ်..ငမိုးရော ဖိုးတုတ်ရောကတော့ အေးချမ်းသွားပါပြီကွာ.ကျန်ခဲ့တဲ့ ငါတို့သာ ရုန်းနေကန်နေကြရသေးတာ..ကဲ..ငါပြန်ဦးမယ် သောင်းရီ..မင်းတို့မှာလည်း ကိစ္စရှိသေးတယ်မဟုတ်လား..ငါပြောထားတဲ့ကိစ္စသာ ခေါင်းထဲထည့်ထား...နောက်ရက် ငါပြန်လာခဲ့မယ်”
အလိန်က ဂန္ဓမာနှင့် မသောင်းတို့ကို နှုတ်ဆက်ကာ ထပြန်သွားသည်။
အလိန်သည် နာမည်ကျော်လူမိုက်ကြီး ဗိုလ်တစ်ထောင်ငမိုးနှင့် ဆိုးဖော်ဆိုးဖက် ငယ်သူငယ်ချင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးစတင်ချိန်တွင် အလိန်သည် စင်ကာပူသို့ ရောက်ရှိနေခဲ့သည်။
ဂျပန်ခေတ်တစ်လျှောက် စင်ကာပူတွင် အခြေပြုကာ ဆေးပြင်းလိပ်လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ပြီး မလေးရှား၊ ပီနန်းတစ်လျှောက်ဆေးရွက်ကြီး ကုန်ကူးခြင်းကိုလည်း လုပ်ကိုင်ခဲ့သည်။
ထိုမျှမက အလိန်သည် အင်္ဂလိပ်အစိုးရနှင့် ဂျပန်အစိုးရတို့နှင့် တည့်အောင်ပေါင်းတတ်ပြီး စီးပွားရေးအကွက်မြင် သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။
ဂန္ဓမာသောင်းရီ၊ မသောင်းနှင့် ချိုက်ဟုန်တို့ ပီနန်းကျွန်းသို့ ရောက်ရှိနေထိုင်ချိန်တွင် အလိန် နှင့် ဆုံတွေ့ပြီး အလိန်က အကူအညီများစွာပေးခဲ့သည်။
အလိန်ထွက်သွားပြီးနောက် ဂန္ဓမာသောင်းရီနှင့် မသောင်းတို့ အပေါ်ထပ်သို့ တက်လိုက်ကြသည်။
“ညီမ စိန်ဓါးမြှောင် နေတဲ့နေရာကိုသိခဲ့ပြီ။ စိန်ဓါးမြှောင်ကိုလည်း တွေ့ခဲ့ပြီ..အကိုကြီး”
ဂန္ဓမာသောင်းရီက ခုံကို ဆွဲယူကာ ထိုင်လိုက်သည်။
“သေချာရဲ့လား...ချောရင်”
“သေချာတယ်..အကိုကြီး...ဒီဆိုင်ကိုလာလာနေတဲ့ အနှင်း ဆိုတာ သူ့အိမ်မှာနေတာ..အခု ကိုစံဘနဲ့ အတူတူထောင်ကျနေတဲ့ ခါလေးဆိုတာလည်း သူ့တပည့်ပဲ..ညီမ အကုန်သိပြီးပြီ”
“ညည်းက ဘယ်ကနေ ဘယ်လိုသိရတာလဲ”
“ညီမ မှာ သေချာတဲ့သတင်းတွေရှိတယ်..အကိုကြီး...လောလောဆယ် အဲ့ဒီလူကိစ္စ အရင်ဖြတ်လိုက်ကြရင်ကောင်းမယ်ထင်တယ်..သူ့ကို အစိုးရက မြန်မြန်ဖမ်းလိုက်ရင် ကျွန်မတို့ ကိစ္စတစ်ခု ပြီးပြီ”
“အဲ့ဒီလောက်လွယ်ပါ့မလား..ချောရင်”
“ချောရင်က သေချာအကွက်ချစီစဥ်ပြီးမှ လုပ်တာပါ..အကိုကြီး...ဒီနေ့ သူ့အိမ်ပေါ်ထိတက်ပြီး သူနဲ့ စကားပြောပြီးပြီ...ဟင်းဟင်း”
“သူကဘယ်မှာနေတာလဲ”
“သူက သူ့ကိုယ်သူဆရာသိန်းဆိုပြီး ပုဇွန်တောင်ဘက်မှာ ဆေးကုနေတာ..ဓါးပြက သူတော်ကောင်းဂိုက်အပြည့်နော်..အဟက်..ကဲ..ညီမ ဗိုလ်မောင်မောင်ကို ဆက်သွယ်လိုက်တော့မယ်..သူ့ကိုဖမ်းမိဖို့ အရေးကြီးတယ်”
“ဒါနဲ့ စံဘတို့နဲ့ ဒီနေ့ တွေ့ခဲ့လား”
“တွေ့ခဲ့တယ်..အဆင်ပြေသွားမှာပါ... ခါလေးဟာ စိန်ဓါးမြှောင်တပည့်မှန်း ကိုစံဘကို ကျွန်မ ပြောခဲ့လိုက်တယ်.. ညီမတို့က သူတို့ထက် ခြေတစ်လှမ်းသာနေပြီ..အကိုကြီးရေ..”
ဂန္ဓမာနှင့် မသောင်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
.......................................................................
အောက်တိုဘာလ ၄ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၂ နာရီ။
ဖဆပလလက်အောက်ခံ ဗမာနိုင်ငံတောင်သူလယ်သမားအစည်းအရုံး(ဗတလစ)၏ အင်းစိန်ရုံးခွဲသို့ မျက်နှာဖုံးစွပ် လူငါးဦး သေနတ်များဖြင့် ဝင်ရောက်လာပြီး စိုက်ပျိုးစရိတ်ချေးငွေ ငါးသောင်းခုနှစ်ထောင်ကို လုယူသွားခဲ့သည်။
ထိုလူစုသည် ဂျစ်ကားပေါ်တက်ခါနီးတွင် “စိန်ဓါးမြှောင်တဲ့ဟေ့” ဟု အော်ဟစ်ကာ သေနတ်ဖောက်သွားကြ၏။
ထိုသတင်းကား ရန်ကုန်မြို့တွင် ဟိုးလေးတကျော်ဖြစ်သွားကြသည်။
ညနေခင်းသတင်းစာများတွင် စက်ရပ်သတင်းအဖြစ် “စိန်ဓါးမြှောင် ပြန်လာပြီ” ဟူသော အချပ်ပိုကို မျက်နှာဖုံးတွင် အုပ်ကာ ဖော်ပြကြတော့သည်။
ထိုညနေခင်းတွင် ဗိုလ်မောင်မောင်နှင့်အတူ ရန်ကုန်တိုင်းရဲမင်းကြီး ဦးဘို ၊ ရန်ကုန်စုံထောက်အဖွဲ့ ဒုတိယ မင်းကြီး ဦးသန်း တို့ သည် သောင်းဘား အပေါ်ထပ်သို့ ရောက်ရှိလာကြသည်။
ချောရင် မျက်နှာကား ပြုံးရွှင်နေသည်။
“ရဲမင်းကြီးတို့ဘက်က တစ်မြို့လုံးကို ပိတ်ထားတယ်မဟုတ်လား.. သေချာတယ်...သူတို့ အဲ့ဒီအိမ်မှာပဲ ဒီည ဝေစုခွဲကြမှာပဲ”
“ဒီက နှမ...တကယ်ပဲ..စိန်ဓါးမြှောင်ကို တွေ့ခဲ့တာလား”
“ဟုတ်တယ်...ကျွန်မတွေ့ခဲ့တယ်”
“အင်း..ခက်တော့တာပဲ...စိန်ဓါးမြှောင်ပုံကို ရန်ကုန်ထောင်မှာ လှမ်းတောင်းတော့လည်း..မန္တလေးထောင်မှာ သူ့အမှုတွဲက ကျန်ရစ်တယ်တဲ့..မန္တလေးထောင်လှမ်းမေးတော့လည်း ကရင်ဝင်တုန်းက အမှုတွဲတွေ ဖျက်ဆီးခံရတဲ့အထဲပါသွားလားမသိဘူးတဲ့....ဘယ့်နှယ့်လုပ်ကြမလဲ”
“ကျွန်တော် ထောင်ထဲမှာတုန်းက စိန်ဓါးမြှောင်နဲ့အတူ နေခဲ့တာပါ...ဝဝ အရပ်ခပ်ပြတ်ပြတ်နဲ့ ..နှာခေါင်းက လုံးလုံးချွန်ချွန်၊ နှုတ်ခမ်းပါးပါးနဲ့ ခပ်ပြုံးပြုံးပုံစံပါပဲ”
“သူပြောတဲ့ပုံမျိုးလား..ချောရင်”
“ဟုတ်တယ်..ကိုမောင်မောင်..ညီမတွေ့ခဲ့တဲ့..ဆရာသိန်းဆိုတာ..စိန်ဓါးမြှောင်ပဲ”
“အင်း..ခက်တော့ခက်တယ်..ဆရာသိန်းဆိုတာက တိုင်းရင်းဆေးဆရာအသင်းမှာ အတွင်းရေးမှူးချုပ်၊ အင်မတန် သမာဓိရှိတဲ့ လူကြီးလူကောင်းလို့သိရတယ်..ကျုပ်တို့ ဝင်ဖမ်းပြီးမှ မသေချာရင် ကွဲမှာ... သတင်းစာတွေသိသွားလို့ကတော့ ကျုပ် အလုပ်ပြုတ်ပြီပဲ..တနည်းပဲရှိတော့တယ်..စိန်ဓါးမြှောင်ကို တွေ့ဖူးတဲ့ ရန်ကုန်ထောင်က ထောင်မှူးတစ်ယောက်ယောက်ကိုခေါ်သွားပြီး ဆရာသိန်းဟာ စိန်ဓါးမြှောင် ဟုတ်မဟုတ် အတည်ပြုခိုင်းရမှာပဲ”
“သေချာပါတယ်ရှင်...ကျွန်မမှာ ခိုင်လုံတဲ့ သတင်းပေးတွေရှိပါတယ်..ဆရာသိန်းဟာ စိန်ဓါးမြှောင်ပါ”
“ဟုတ်ပြီလေ...ဒါဆို..ကျုပ်တို့ အခုညပဲ ဒီက ညီမ ပြောတဲ့အိမ်ကို သွားဝိုင်းပါ့မယ်...စိန်ဓါးမြှောင်ဖြစ်ကြောင်းအတည်ပြုဖို့ ရန်ကုန်ထောင်ပိုင်ကြီးဟောင်း ဦးဘို ကိုသက်သေအဖြစ် ခေါ်သွားမယ်.ဗိုလ်မောင်မောင်လည်း ဝန်ကြီးချုပ်ကို ပြောပေးပါ..စိန်ဓါးမြှောင်အိမ်ကို ဒီညဝိုင်းပြီလို့..မအိပ်ပဲသတင်းစောင့်ပေးပါလို့”
“ဟုတ်ကဲ့..အောင်မြင်ပါစေ..ရဲမင်းကြီး”
...........................................................
ပုဇွန်တောင်၊ ညောင်တန်းလမ်း သို့ ရဲကားများ ရုတ်တရက်ဝင်လာကြသည်။
အိမ်အမှတ်(၃၈) ရှေ့အရောက်တွင် ရပ်တန့်သွားပြီး ကားပေါ်မှ ရဲသားများ ဆင်းလာပြီး အိမ်ကို ပတ်လည်ဝိုင်းလိုက်ကြ၏။
ထို့နောက် ရဲအရာရှိများက ခြောက်လုံးပြူးကိုယ်စီကိုင်ကာ အိမ်အောက်သို့ ဝင်လိုက်ကြသည်။
“ဟေ့.တစ်ယောက်မှ မလှုပ်နဲ့”
အိမ်အောက်မှ လူများအားလုံး လန့်သွားကြသည်။
“ဆရာသိန်း ဆိုတာ ဘယ်သူလဲ”
“ကျုပ်ပါ”
ခြေထောက်ကြီး ယောင်ကိုင်းလျက် အမောဖောက်နေသော လူနာတစ်ဦးဘေးတွင် လိမ်းဆေးဗူးကို ကိုင်ထားသည့် လူကြီးတစ်ဦးက ပြောလိုက်သည်။
“ခင်ဗျား..စိန်ဓါးမြှောင်မဟုတ်လား..ခင်ဗျားကို ရဲတပ်ဖွဲ့က ဖမ်းလိုက်ပြီ..ဒီမှာ ဝရမ်းပါတယ်”
“နေပါဦး..စိန်ဓါးမြှောင်ဆိုတာ ဘယ်သူလဲ..ကျုပ်မသိဘူး..ကျုပ် ဆရာသိန်းပါ..ဒီမှာ ကျုပ်ဆီ ဆေးလာကုပေးနေတဲ့သူတွေအားလုံး သိပါတယ်”
“ဟေ့..ခင်ဗျားဓာတ်ပုံမရှိဘူးဆိုပြီး လာမဖြီးနဲ့....ထောင်မှူးလေး..ဒီလူ စိန်ဓါးမြှောင်မဟုတ်လား”
ရဲဝန်ထောက် ဦးကျော်ဖေ က အတူပါလာသော ထောင်မှူးလေးကို လှမ်းမေးလိုက်သည်။
ထောင်မှူးလေးက ဆရာသိန်းကို သေချာပြူးကြည့်သည်။
“.စိန်ဓါးမြှောင်ဆိုတာ သူမဟုတ်လား..ထောင်မှူးလေး”
“မဟုတ်ဘူးဗျ”
“ဟင်”
“ကျွန်တော်ထောင်ထဲမှာ တွေ့ခဲ့တဲ့ စိန်ဓါးမြှောင်က ဒီထက်ငယ်တယ်..ရုပ်ချင်းလဲ မတူဘူး”
“ဟာ..ဒုက္ခပါပဲ.ထောင်ပိုင်ကြီး ဦးဘိုကြည်လည်း ပါလာတယ်မဟုတ်လား..သူ့ခေါ်ပြပါဦး”
ခဏအကြာ ထောင်ပိုင်ကြီး ဦးဘိုကြည် ရောက်လာသည်။
“ပေါက်တက်ကရဗျာ..စိန်ဓါးမြှောင် ကျုပ်ထောင်ထဲ အကြာကြီးနေသွားတာ..ဒီလူမဟုတ်ပါဘူး”
“ကဲ..ရဲကြီးတို့..ကျုပ်က ခုနှစ်ရက်သားသမီးကို ဆေးကုပေးနေတဲ့ ဆေးဆရာပါ..ဘာများ အထိတ်တလန့်တွေ လာဖြစ်ကြတာလဲ..ဒီမယ် ကျုပ်လူနာတွေ လန့်ဖြန့်ကုန်ကြပြီ..လာမနှောက်ယှက်ကြပါနဲ့”
ရဲဝန်ထောက် ဦးကျော်ဖေ မျက်စိမျက်နှာပျက်နေသည်။
“ကျုပ်က ဗမာနိုင်ငံတိုင်းရင်းဆေးဆရာများအဖွဲ့ချုပ်က အတွင်းရေးမှူးတစ်ယောက်ပါ။ ဘာပြစ်မှုမှလဲ မကျူးလွန်ထားပါဘူးကွယ်၊အခုလို လာနှောင်ယှက်တာ ကျုပ် မနည်းသည်းခံပေးနေတာနော်”
ဦးကျော်ဖေက လက်အုပ်ကလေးချီလိုက်သည်။
“တောင်းပန်ပါတယ်..ဆရာကြီးခင်ဗျာ..ကျွန်တော်တို့ လူမှားမိတာပါ...တောင်းပန်ပါတယ်”
ရဲများ ပြန်လည်ထွက်ခွာသွားကြသည်။
.........................................................
ထိုအချိန်တွင် ရန်ကုန်မြစ်ဝရှိ စက်တပ်မော်တော်တစ်စင်းပေါ်တွင် စိန်ဓါးမြှောင်၊ ငန်းနက်၊ ငရုတ်သီးဘရင်၊ ဝင်းမောင်၊ မောင်တင်တို့သည် ဓါးပြတိုက်လာသော ငွေများကို ဝေစုခွဲပြီးနောက် အကောင်းစားဝီစကီတစ်လုံးဖြင့် ငြိမ့်နေကြ၏။
သီတင်းကျွတ်ပြီးကာစမို့ လရောင်က မြစ်ပြင်ကို ငွေရောင်သမ်းနေသည်။
“အခုလောက်ဆို ပုဇွန်တောင်အိမ်မှာ ဆရာတင် ကတော့ ဆရာသိန်းအဖြစ်နဲ့ ဇာတ်ကောင်းကောင်းကနေလောက်ပြီထင်ရဲ့”
ကြက်ကြော်ပန်းကန်ကိုကိုင်ရင်း အနှင်းက ပြောလိုက်သည်။
စိန်ဓါးမြှောင်က ကြက်ကြော်ပန်းကန်ကို ငန်းနက်ဘက်တိုးပေးလိုက်၏။
“ဖဆပလ က လူတွေ အတော်ရယ်ရတာပဲ...သူတို့နဲ့ အလုပ်တွဲမလုပ်တော့တာနဲ့ စိန်ဓါးမြှောင်ကို ပြန်ဖမ်းဖို့လုပ်သတဲ့...အနှင်း..ညည်းခေါ်လာတဲ့ ဟိုကလေးမကလေးက ဘယ်သူ”
“ချောရင်လေ”
“သူ့ကိုယ်သူတော့ လူလည်မလေးပေါ့လေ..ငန်းနက်ရာ မင်းအဲ့ဒါမျိုးလေးတွေ ရှာယူရမှာကွ...”
“နေပါစေ..အကိုကြီးရာ..လူပျိုကြီးဘဝပဲကောင်းပါတယ်”
“ကဲ..မနက်ကျ ဝင်းမောင်နဲ့ မောင်တင် အနှင်းနဲ့ကလေးကို ခေါ်ပြီး ထွန်းခင်တို့ ရီရီတို့ ဆိုင်ကို ပို့ပေးလိုက်...အနှင်းက ဟိုကောင်မလေးတွေဆီ ဟန်မပျက်ပြန်သွားနေလိုက်ဦး..ကိုဂန္ဓမာကြီးနဲ့လူလည်မလေး ဘာတွေများဖြစ်နေကြမလဲ စောင့်သာကြည့်နေ”
“ဆရာကြီးက ဘယ်သွားမလို့လဲ”
“ဝင်းမောင် ...ဆရာတင်ကို အဓိဌာန်ခရီးဆိုပြီး ခြေရာဖျောက်ခိုင်းလိုက်တော့..အိမ်ကို ဆေးလာကုတဲ့လူတွေကိုလည်း ဆရာသိန်းအဂ္ဂရိတ်စခန်းဝင်တယ်လို့သာ ပြောလိုက်ချေ...ငါနဲ့ မြကြည် ငန်းနက်တို့နဲ့ မော်လမြိုင်ဘက် ခဏသွားနေလိုက်ဦးမယ်”
“ကိုခါလေး ကိစ္စရော ဘယ်လိုလုပ်ရမလဲ..ဆရာကြီး”
“မပူနဲ့အနှင်း....ခါလေး က ဖန်ခွက်နဲ့ပဲ ထုတာဆိုတာ ဦးမြကျင်တပည့် မျက်မြင်သက်သေတွေ ရှေ့နေဦးချစ်က ရှာထားပြီးပြီ..ငါအားလုံးစီစဥ်ပေးထားတယ်.ခါလေး အလွန်ဆုံးကျ ခြောက်လပဲ...ဂန္ဓမာလူကတော့ လူသတ်မှုနဲ့ နှစ်ရှည်ကျလိမ့်မယ်..သူတို့ဘက်ကရှေ့နေကောင်းရင်တော့ တမျိုးပေါ့”
အနှင်း က စိန်ဓါးမြှောင်ကို ပြုံးပြလိုက်သည်။
....................................................................................
“အကိုကြီး မပြောဘူးလား..ငါ့နှမ..စိန်ဓါးမြှောင်ကို ဒီလို လွယ်လွယ်နဲ့ မိပါ့မလားဆိုတာ”
ချောရင်မျက်နှာကား မခံချင်စိတ်၊ အံသြစိတ်တို့ဖြင့် ရောထွေးနေ၏။
“ဆရာသိန်းဟာ စိန်ဓါးမြှောင်ဆိုတာ သေချာတယ်အကိုကြီး....အကိုကြီးတို့ မြကျင်လူတွေဆီသွားတဲ့နေ့က ခါလေးရယ်၊သန်းအောင်ဆိုတဲ့ကောင်ရယ်၊ မနှင်းရယ်ပြောနေကြတာ ညီမ ကြားလိုက်တယ်။ အကိုကြီးကို တွေ့တော့ သန်းအောင်က မျက်စိမျက်နှာပျက်နဲ့ထပြေးတယ်။ ဒါနဲ့ ညီမလည်း သူ့နောက်ကို ထလိုက်သွားတာ။ သန်းအောင်ကို ညီမစည်းရုံးလိုက်တယ်။ သူလိုနေတဲ့ ငွေနှစ်သောင်း ပေးပြီး စိန်ဓါးမြှောင်ဘယ်သူလဲဆိုတာ သေချာမေးလိုက်တယ်။ ခါလေးနဲ့ မနှင်းဟာစိန်ဓါးမြှောင်လူတွေပဲ”
“ညီမက သူတို့ ဘယ်သူဆိုတာ သိသလို....သူတို့က ငါတို့ကိုရော မသိဘူးလို့ ငါ့ညီမ ထင်နေတာလား”
ချောရင် တိတ်ဆိတ်သွားသည်။
“စိန်ဓါးမြှောင်ကို လျော့မတွက်နဲ့ ငါ့ညီမ..အကိုကြီးတို့က ဖိုးတုတ်ရှိစဥ်မှာ ဥာဏ်များတဲ့လူမိုက်တွေအများကြီး ကြုံဖူးခဲ့တယ်..အင်း..စိန်ဓါးမြှောင်ဆိုတဲ့ကောင်ကတော့ သူတို့အားလုံးထက်ပိုတယ်ဆိုတာ အကိုကြီး ထောင်ထဲမှာ ကတည်းက သိတာ”
“အင်း...ညီမ မှားသွားတယ်..တောင်းပန်ပါတယ်..အကိုကြီး”
ချောရင်က ဂန္ဓမာရှေ့တွင် လက်အုပ်ကလေးချီလိုက်သည်။
“ရတယ်..ချောရင်..စိတ်ဓာတ်တော့မကျပါနဲ့..ငါ့ညီမမှာလည်း အကိုကြီးတို့ထက်သာတဲ့ ဉာဏ်ရည်မျိုးရှိပါတယ်.. အခု စိန်ဓါးမြှောင်မကလို ဘယ်လိုကောင်မျိုးကိုဖြစ်ဖြစ် ရင်ဆိုင်နိုင်မယ့် အနေအထားရဖို့ အကိုကြီးတို့ကို အခြေအနေပေးလာပြီ”
“ဟင်..ဘာများလဲ..အကိုကြီး”
“သူ နဲ့သာ စီးပွားရေးတစ်ခု အတူလုပ်နိုင်ရင်.အကိုကြီးတို့လမ်းမတော်ဖိုးတုတ်ကြီးတုန်းကလို အင်ပါယာမျိုး ပြန်ထူထောင်နိုင်မယ့်..အာဏာ၊ ငွေကြေး၊လူအင်အားအကူအညီတွေရလာမယ်။ နာဂျစ်လို စိန်ဓါးမြှောင်လို လူတွေကို အသာလေး ချေမွပစ်လိုက်လို့ရမယ်”
“ဘယ်သူနဲ့လဲ”
“ညနေက ညီမဝင်လာချိန် အကိုတို့နဲ့စကားပြောနေတဲ့လူက အလိန်တဲ့။ သူက စင်ကာပူမှာနေတာ၊ သူက 14K ဆိုတဲ့ တရုတ်ဂိုဏ်းကပဲ”
"14k ဟုတ်လား"
14 K ဂိုဏ်းကို ၁၉၄၅ ခုနှစ်တွင် ကူမင်တန်ဗိုလ်ချုပ်ကြီး ကော့ဆွေဝေါင် (Kot Siu Wong) က ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။
တရုတ်ပြည်တွင်းစစ်အပြီး ၁၉၄၉ တွင် ထိုအဖွဲ့ကို ဟောင်ကောင်သို့ ပြောင်းရွှေ့ခဲ့ပြီး 14 K ဟု စတင်ခေါ်ဝေါ်ကာ ဒုစရိုက်လုပ်ငန်းများစတင်လုပ်ကိုင်လာခဲ့သည်။
K ဆိုသည်မှာ ဌာနချုပ်တည်ရှိရာ ဟောင်ကောင် Kowloon ရပ်ကွက်ကို ကိုယ်စားပြုပြီး (၁၄)မှာ မူလ14 K ဂိုဏ်းကို တည်ထောင်သူ (၁၄)ဦးကို ကိုယ်စားပြုသည်။
14 K ဂိုဏ်းသည် တရုတ်ရိုးရာအစဥ်အလာအတိုင်း အဆင့်ဆင့်သစ္စာရှိမှုများဖြင့်ဖွဲ့စည်းထားသည့်အတွက် ဟောင်ကောင်ကျွန်းမှတဆင့် ကမ္ဘာအရပ်ရပ်ရှိ တရုတ်တန်းများသို့ ဖြန့်ကျက်လာနိုင်ခဲ့သည်။
၁၉၅၀ ကျော်ကာလများတွင် အာရှ၊အာဖရိက၊ဥရောပနှင့် အမေရိကမြို့ကြီးများရှိ တရုတ်ဂိုဏ်းအများ အပြားမှာ 14 K ဂိုဏ်း၏ လက်အောက်ခံများ ဖြစ်ကုန်ကြ၏။
အလိန်သည် စင်္ကာပူနိုင်ငံ၏ ပထမဆုံး 14 K ဂိုဏ်းကိုစတင်ထူထောင်သူများထဲမှ တစ်ဦးဖြစ်ခဲ့သည်။
ထိုကာလများတွင် တရုတ်ကူမင်တန်တပ်များနှင့် မြန်မာနိုင်ငံကြားပြဿနာပေါ်ပေါက်လာသည်။
တရုတ်ပြည်သူ့တပ်မတော်(တရုတ်နီ)တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်လာသည့် ကူမင်တန် အမှတ် ၈ တပ်မတော်၊ အမှတ် ၂၆ တပ်မတော်နှင့် အမှတ် ၉၃ တပ်မတော်မှ တပ်ဖွဲ့အချို့သည် ၁၉၅၀ ပြည့်နှစ်အစောပိုင်းတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံဒေသမြောက်ဘက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ကနဦးတွင် အင်အား ၂၀၀ သို့ ၈၀၀ ခန့်သာဖြစ်ပြီး မကြာမီမှာပင် အင်အား ၁၅၀၀ ခန့်သည် နောက်ပါ မိသားစု ၅၀၀ ခန့်နှင့်အတူ ထပ်မံဝင်ရောက်ခဲ့သည်။ ခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီး လီမီ ဖြစ်သည်။
ခြောက်လခန့်ကြာလာသည့်အခါ ကျိုင်းတုံဒေသရှိ မြန်မာတပ်မတော်က တရုတ်ဖြူတပ်များကို လက်နက်ချရန် သို့မဟုတ် မြန်မာ့ပိုင်နက်အတွင်းမှ ထွက်သွားရန် ရာဇသံပေးသည်။ လက်နက်ချမည်မဟုတ်ဘဲ မြန်မာတပ်မတော်က တိုက်ခိုက်လာလျှင် ပြန်လည်တိုက်ခိုက်ရန် အသင့်ရှိကြောင်း ၎င်းတို့က အကြောင်းပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုင်းနှင့် မြန်မာနယ်စပ်၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ မိုင်တိုင်အမှတ် ၈၁ မှ တာချီလိတ်မြို့အထိ သိမ်းပိုက်လိုက်သည်။
ထိုအတောအတွင်းမှာပင် မြန်မာတပ်မတော်အနေနှင့် ကျိုင်းတုံမြို့အတွင်းသို့ ရုပ်ဖျက်ဝင်ရောက်လာသည့် တရုတ်ဖြူ ထောက်လှမ်းရေးသမားနှင့် တပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ဖမ်းဆီးနိုင်ခဲ့ပြီး မိတ္ထီလာနှင့် မန္တလေးမြို့တို့သို့ ပို့ဆောင်ချုပ်နှောင်လိုက်သည်။ မြန်မာတပ်မတော်သည် တရုတ်ဖြူတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာတွင် တာချီလိတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
တရုတ်ဖြူတပ်များသည် ကျိုင်းတုံ-တာချီလိတ်ကားလမ်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး မြန်မာ-ထိုင်းနယ်စပ်၊ မိုင်းဆတ်မြို့တွင် ပြန်လည်စုရုံးခဲ့ကြသည်
။
ထိုင်ဝမ်ကျွန်းနှင့် မြန်မာပြည်ရောက်တရုတ်ဖြူတပ်များ အပြန်အလှန်ဆက်သွယ်ရေးအတွက် မိုင်းဆတ်တွင် လေယာဥ်ကွင်းတစ်ခု အရေးပေါ်ဆောက်လုပ်ရန် တရုတ်ဖြူများကအစီအစဥ်ဆွဲကြသည်။
လေယာဥ်ကွင်းဆောက်လုပ်ရာတွင် အမေရိကန် လက်နက်သယ်လေယာဥ်ကြီးများနှင့်လူအင်အားများစွာသယ်ဆောင်နိုင်သည့် လေယာဥ်များဆင်းနိုင်ရန် အဆင့်မြင့်လေယာဥ်ကွင်းဖောက်ရန် ရည်ရွယ်ခဲ့သည်။
ထို့ကြောင့်ယာဥ်ယန္တယားများစွာ လိုအပ်လာသည်။
ထိုင်းနယ်စပ်မှတဆင့် သွင်းယူရာတွင်လည်း အခက်အခဲများပေါ်ပေါက်လာသည်။
ထိုအချိန်တွင် K14 ဂိုဏ်းက မြန်မာနိုင်ငံတွင်းမှတဆင့် စစ်ကျန်ယန္တယားအဟောင်းများကို မိုင်းဆတ်သို့ ခိုးပို့မည့် စီးပွားရေးစီမံကိန်းတစ်ခုကို ထိုင်ဝမ်အစိုးရထံ တင်ပြကြသည်။
ထိုင်ဝမ်အစိုးရကလည်း အပေးအယူများစွာဖြင့် လျှို့ဝှက်စွာသဘောတူလိုက်၏။
ယင်းစီမံကိန်းအတွက် အဓိက လာရောက်ရသူမှာ မြန်မာပြည်ဖွား အလိန် ပင်ဖြစ်သည်။
“ညီမတို့က ဘာလုပ်ပေးရမှာလဲ....သူတို့က ညီမတို့ကို ဘာပြန်ပေးမှာလဲ”
“ရွှေတိဂုံဘုရားခြေရင်း က သံပုံချိုင့်ကို သိလား..ချောရင်”
“ကြားတော့ကြားဖူးပါတယ်”
“အေး..စစ်ကြီးပြီးတော့ အင်္ဂလိပ်တွေဟာ မြန်မာတစ်နိုင်ငံလုံးကစစ်ကားအပျက်အစီးတွေ၊ ယန္တယားတပ်ကကား အပျက်အစီးတွေကို စစ်ရုံးချုပ်မှာစာရင်းသွင်းပြီး အဲ့ဒီချိုင့်ထဲမှာ ပုံသွားခဲ့တာ။ အဲ့ဒါကြောင့် သံပုံချိုင့်လို့ခေါ်တာ။ အခု အဲ့ဒီစစ်ကျန်ကား၊ ယန္တယားကားတွေက ပစ္စည်းတွေကို သွားသွားဖြုတ်ယူပြီး ရောင်းနေကြတယ်။မြေနီကုန်းကြက်တန်းမှာဆို စျေးတန်းကြီးကို ဖြစ်နေပြီ”
“အဲ့ဒီတော့”
“အဲ့ဒီထဲက လိုအပ်တဲ့ပစ္စည်းတွေကို အလိန်က စုမယ်၊ ငါတို့က ရန်ကုန်ကနေ မိုင်းဆတ်အထိ ရအောင် ထုတ်ပေးရမယ်တဲ့”
“မလွယ်တော့မလွယ်ဘူး”
“အဲ့ဒီအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းရမှာ..ချောရင်”
“ဒေါ်လာတစ်သိန်း..ဟုတ်လား”
ခက်ဇော်
The Guys From Mandalay,1950s
အခန္း(၂၅)
.....................................................
“မမႏွင္း”
“ဘယ္တုန္းကတည္းကေရာက္ေနတာလဲ..ေခ်ာရင္..ဘယ္လိုလဲ..ကိုစံဘကို ေတြ႕လို႔ရလား”
“မရပါဘူး...မမႏွင္းရယ္....စုံေထာက္ဘက္က စစ္ေဆးေရးဆက္လုပ္ေနလို႔ဆိုလား..ရမန္ေတာင္ ဘယ္အခ်ိန္ယူလိုက္ၾကမွန္းမသိဘူး..႐ုံးတင္တရားစြဲမွပဲ ေတြ႕ခြင့္ရမယ္တဲ့”
ရန္ကုန္ပုလိပ္႐ုံးႀကီးေရွ႕ မွ ေခ်ာရင္ႏွင့္ အႏွင္း။
“အထဲမွာ သူတို႔အဆင္ေရာ ေျပၾကပါ့မလားမသိဘူး”
“ဟုတ္တယ္..မမႏွင္း..ကိုထြန္းရင္တို႔ ေျပာတာေတာ့ ကိုစံဘမွာလည္း ဒဏ္ရာေတြရထားတယ္တဲ့...ရဲဘက္က ေသခ်ာမကုေပးရင္ေတာ့ ဒုကၡပါပဲ...ဪ..ဒါနဲ႔..မမႏွင္း..ကိုခါေလးက ေဆးဆရာႀကီးဆရာသိန္းရဲ႕တပည့္ဆို...ေဆးပညာတတ္မွာေပါ့”
ေခ်ာရင္စကားေၾကာင့္ အႏွင္းမ်က္ႏွာ ႐ုတ္တရက္တည္သြားသည္။
ထို႔ေနာက္ ျပန္ၿပဳံးျပလိုက္ၿပီး
“ဟုတ္တယ္....ကိုခါေလးက ဆရာႀကီးရဲ႕ တပည့္ရင္းေလ...ေဆးေတာ့ နည္းနည္းပါးပါးကုတတ္ပါတယ္”
“ဟူး..ေတာ္ပါေသးရဲ႕...မမႏွင္းရယ္...ဒီလိုဆိုေတာ့ ကိုစံဘအတြက္ စိတ္နည္းနည္းေအးရတာေပါ့”
“ကဲ..ေခ်ာရင္..မမႏွင္း ျပန္ေတာ့မယ္”
“ညီမငွားလာတဲ့ တကၠစီပါတယ္..ညီမ လိုက္ပို႔ေပးမယ္ေလ”
“ရပါတယ္..ညီမရဲ႕...အမဟာ အမ တကၠစီငွားသြားလိုက္မယ္”
“မမႏွင္းက ဘယ္ျပန္မွာလဲ”
“ပုဇြန္ေတာင္ဘက္ ျပန္မွာ.ေခ်ာရင္ရဲ႕”
“အို..နီးနီးေလးပဲ...ေခ်ာရင္လည္း ကိုစံဘကိစၥစိတ္ညစ္ေနတာ..စိတ္ေျပလက္ေပ်ာက္ မမႏွင္းအိမ္လိုက္လည္မယ္ေနာ္..ကေလးေလးလည္းမေတြ႕ရတာၾကာၿပီမို႔လား”
အႏွင္းက ႐ုတ္တရက္ၿငိမ္သြားသည္။
“ဘယ္လိုလဲ..မမႏွင္း.ေခ်ာရင္ကို အိမ္အလည္မေခၚခ်င္ဘူးေပါ့”
“မဟုတ္ပါဘူး..ေခ်ာရင္ရယ္..မမႏွင္းက ဆရာႀကီးတို႔လင္မယားနဲ႔ ကပ္ေနရတာ..သူတို႔ အိမ္ေအာက္ထပ္မွာ ေနတာေလ..အဲ့ဒီေတာ့ဟိုမွာက ေဆးကုလူနာေတြဘာေတြနဲ႔ ေခ်ာရင္ အေနရၾကပ္မွာစိုးလို႔”
“အို..ရပါတယ္..မမႏွင္းရဲ႕...ေခ်ာရင္လည္း ေနာက္ ေနထိုင္မေကာင္းရင္.ဆရာႀကီးကို လာျပလို႔ရတာေပါ့”
“အင္းေလ..ေခ်ာရင္လည္း ဒီအခ်ိန္စိတ္ညစ္ေနမွာေပါ့..စိတ္ေျပလက္ေပ်ာက္လိုက္ခ်င္ လိုက္ခဲ့ပါ”
ေခ်ာရင္က အႏွင္းလက္ကို ဆြဲကာ ကားေပၚသို႔ တက္လိုက္သည္။
ကားကေလးက ကမ္းနားလမ္းမွ ပုဇြန္ေတာင္ဘက္ဆီသို႔ ေမာင္းထြက္သြားေတာ့သည္။
...................................................................................
“မမတို႔ ဆရာႀကီးက ဘယ္မွာ ေဆးကုတာလဲ”
“ေဆးခန္းက ဒီေအာက္ထပ္မွာပဲ..အႏွင္းရဲ႕..ဒီေန႔က ေဆးကုရက္မဟုတ္ေတာ့ အေပၚမွာ ဆရာႀကီးအဓိဌာန္ပုတီးစိပ္ေနမယ္ထင္တယ္”
“ေၾသာ္..အမတို႔ ဆရာႀကီးက သူေတာ္ေကာင္းႀကီးပဲေနာ္..ေခ်ာရင္ ေတြ႕ဖူးခ်င္လိုက္တာ”
“ေတြ႕လို႔ရပါတယ္..ေခ်ာရင္ရဲ႕..လာအေပၚထပ္သြားမယ္”
အႏွင္းက ေခ်ာရင္ကို အိမ္ေပၚထပ္သို႔ ေခၚသြားသည္။
ႀကီးမားလွေသာဘုရားစင္ႀကီးေရွ႕တြင္ အုန္းပြဲငွက္ေပ်ာပြဲမ်ားထိုးထား၏။
ဘုရားစင္ေရွ႕တြင္ တပၸလင္ေခြထိုင္ေနသည့္ အသက္ ၄ဝ ခန႔္ရွိ လူႀကီးတစ္ဦး။
“အႏွင္း..ဧည့္သည္လည္းပါတာကိုး...ေမာင္ခါေလးကိုေရာ အခ်ဳပ္မွ ေတြ႕ခဲ့လား”
“မေတြ႕ခဲ့ရပါဘူး...ဆရာႀကီး..ဒါ ကိုခါေလး နဲ႔ ရန္ျဖစ္တဲ့အမႈမွာ ပါခဲ့တဲ့ ကိုစံဘရဲ႕ ဇနီးေလ..ဆရာႀကီးကို ေတြ႕ခ်င္တယ္ဆိုလို႔ ေခၚလာတာ”
“ဪ..ကေလးမ..ငယ္ေသးတာကိုးကြယ္..အင္း..လူငယ္ေတြ တယ္မိုက္ၾကတာပဲ...သူတို႔ သိသေလာက္ေလးနဲ႔ မိုက္ၾကတာကိုး..ခက္သားကြယ္”
“ဆရာႀကီးအဓိဌာန္ပုတီးၿပီးသြားၿပီလား”
“ၿပီးသြားၿပီ..တရားဆက္ထိုင္မလားလို႔ေလ”
“ဪ..ဟုတ္ကဲ့...ဒါဆို အႏွင္းတို႔ကို ခြင့္ျပဳပါဦးေနာ္”
“ေအး..ေအး..က်န္းမာခ်မ္းသာၿပီး လိုအင္ဆႏၵေတြ ၿပီးေျမာက္ပါေစကြယ္”
....................................................................................
၁၉၅၄ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ စံဘႏွင့္ ခါေလးတို႔ကို လသာတရား႐ုံးတြင္ တရားစြဲဆိုခဲ့သည္။
တရား႐ုံးအခ်ဳပ္တြင္ ေခတၱခ်ဳပ္ထားစဥ္ အႏွင္းႏွင့္ ေခ်ာရင္တို႔ ေရာက္လာၾကသည္။
“နင္ အဆင္ေျပရဲ႕လား..ခါေလး”
ခါေလးက ျပန္မေျဖ။ အႏွင္းကိုသာ စိုက္ၾကည့္ေနသည္။
“ဟဲ့..နင္အဆင္ေျပရဲ႕လားလို႔..ငါေမးေနတယ္ေလ”
“ဟုတ္..ေျပပါတယ္..ဒါနဲ႔ ဆရာႀကီးေရာ”
“ဆရာႀကီးက ေနာက္ရက္လာေတြ႕လိမ့္မယ္..ေရာ့..ဒီမွာ နင့္အတြက္ ဘဲကင္..ေသခ်ာၾကည္စားေနာ္”
အႏွင္းက ဘဲကင္ကို ထိုးေပးၿပီး ထြက္သြားရန္ ျပင္လိုက္သည္။
“မႏွင္း....”
ခါေလး ေခၚသံေၾကာင့္ အႏွင္းက လွည့္ၾကည့္လိုက္သည္။
“ဟို..ဘဲကင္က အခ်ဥ္ရည္မပါဘူးလားလို႔”
“ကမန္းကတန္းဝယ္လာရလို႔ ေတာင္းဖို႔ ေမ့လာတယ္ေဟ့”
အႏွင္းက ခါေလးကို မ်က္ေစာင္းထိုးကာ လွည့္ထြက္သြား၏။
“မႏွင္း...”
အႏွင္း ဒုတိယမၸိလွည့္ၾကည့္မိျပန္ေလၿပီ။
“ဘာလဲဟာ”
“မႏွင္းကို ကြၽန္ေတာ္ ခ်စ္တယ္”
အႏွင္းမ်က္ႏွာ နီရဲသြားသည္။
ခါေလးအသံက က်ယ္သြားသျဖင့္ မလွမ္းမကမ္းတြင္ တိုးတိုးတိုးတိုးျဖင့္ စကားေျပာေနၾကေသာ စံဘႏွင့္ ေခ်ာရင္ ပါ သူတို႔ထံ အာ႐ုံေရာက္သြား၏။
အျခားလာေတြ႕ေနသူမ်ားကလည္း သူတို႔ႏွစ္ေယာက္ကို ေၾကာင္ၾကည့္ေနၾကသည္။
ခါေလးက ဘဲကင္ထုပ္ကေလးကိုင္ကာ အႏွင္းမ်က္ႏွာကို ေငးေနသည္။
“ဒီမသာကေတာ့..ေသေတာ့မယ္.ဒါရည္းစားစကားေျပာရမယ့္ေနရာလားဟဲ့”
အႏွင္းက ေအာက္ႏႈတ္ခမ္းကိုကိုက္ၿပီး လွည့္ထြက္သြားသည္။
စံဘႏွင့္ ေခ်ာရင္က သူတို႔ကို ၾကည့္ရင္း ၿပဳံးလိုက္ၾကသည္။
ထိုအၿပဳံးမ်ားတြင္ အဓိပၸါယ္မ်ားစြာျဖင့္။
.....................................................................
“ညီမ မွာ ေျပာစရာရွိတယ္..ကိုဂႏၶမာ.”
ဂႏၶမာေသာင္းရီ၊ မေသာင္းႏွင့္ တ႐ုတ္ပုံစံျဖင့္ အသားျဖဴျဖဴလူတစ္ဦး စကားထိုင္ေျပာေနရာမွ ေခတၱရပ္သြားသည္။
“ေအး..အေပၚကေစာင့္ေန..ေခ်ာရင္.ဒီမွာ ဧည့္သည္နဲ႔ ငါ့စကားေျပာေနလို႔.ခဏေန တက္လာခဲ့မယ္”
ေခ်ာရင္က အေပၚထပ္သို႔ တက္သြားသည္။
“အဲ့ဒါ..ဘယ္သူတုန္းဗ်”
“ကိုဖိုးတုတ္ ညီဝမ္းကြဲေလး စံဘကို သိတယ္မဟုတ္လား...အလိန္”
“အင္း..ဘိုးထင္နဲ႔တခါတခါတြဲပါလာတတ္တဲ့..ေကာင္ေလးမဟုတ္လား”
“ဟုတ္တယ္..အဲ့ဒါ သူ႔မိန္းမပဲ..ထြန္းရင္ရဲ႕ ညီမအရင္း”
“အင္း..ပုံစံၾကည့္ရတာေတာ့ အေၾကာခပ္တင္းတင္းပဲ”
ဂႏၶမာေသာင္းရီက ရယ္လိုက္သည္။
“လူငယ္ေတြဆိုေတာ့လည္း..ဒီလိုပါပဲဗ်ာ...ကြၽန္ေတာ္တို႔တုန္းကလည္း ဒီလိုပဲမဟုတ္လား..ခင္ဗ်ားကို ေတြ႕ေတာ့ ကိုမိုးကိုေတာင္သတိရမိတယ္”
“အင္း..ဟုတ္တယ္..ငမိုးေရာ ဖိုးတုတ္ေရာကေတာ့ ေအးခ်မ္းသြားပါၿပီကြာ.က်န္ခဲ့တဲ့ ငါတို႔သာ ႐ုန္းေနကန္ေနၾကရေသးတာ..ကဲ..ငါျပန္ဦးမယ္ ေသာင္းရီ..မင္းတို႔မွာလည္း ကိစၥရွိေသးတယ္မဟုတ္လား..ငါေျပာထားတဲ့ကိစၥသာ ေခါင္းထဲထည့္ထား...ေနာက္ရက္ ငါျပန္လာခဲ့မယ္”
အလိန္က ဂႏၶမာႏွင့္ မေသာင္းတို႔ကို ႏႈတ္ဆက္ကာ ထျပန္သြားသည္။
အလိန္သည္ နာမည္ေက်ာ္လူမိုက္ႀကီး ဗိုလ္တစ္ေထာင္ငမိုးႏွင့္ ဆိုးေဖာ္ဆိုးဖက္ ငယ္သူငယ္ခ်င္းျဖစ္သည္။
ဒုတိယကမာၻစစ္ႀကီးစတင္ခ်ိန္တြင္ အလိန္သည္ စင္ကာပူသို႔ ေရာက္ရွိေနခဲ့သည္။
ဂ်ပန္ေခတ္တစ္ေလွ်ာက္ စင္ကာပူတြင္ အေျချပဳကာ ေဆးျပင္းလိပ္လုပ္ငန္းကို တိုးခ်ဲ႕လုပ္ကိုင္ၿပီး မေလးရွား၊ ပီနန္းတစ္ေလွ်ာက္ေဆး႐ြက္ႀကီး ကုန္ကူးျခင္းကိုလည္း လုပ္ကိုင္ခဲ့သည္။
ထိုမွ်မက အလိန္သည္ အဂၤလိပ္အစိုးရႏွင့္ ဂ်ပန္အစိုးရတို႔ႏွင့္ တည့္ေအာင္ေပါင္းတတ္ၿပီး စီးပြားေရးအကြက္ျမင္ သည့္ လုပ္ငန္းရွင္တစ္ဦးျဖစ္လာခဲ့သည္။
ဂႏၶမာေသာင္းရီ၊ မေသာင္းႏွင့္ ခ်ိဳက္ဟုန္တို႔ ပီနန္းကြၽန္းသို႔ ေရာက္ရွိေနထိုင္ခ်ိန္တြင္ အလိန္ ႏွင့္ ဆုံေတြ႕ၿပီး အလိန္က အကူအညီမ်ားစြာေပးခဲ့သည္။
အလိန္ထြက္သြားၿပီးေနာက္ ဂႏၶမာေသာင္းရီႏွင့္ မေသာင္းတို႔ အေပၚထပ္သို႔ တက္လိုက္ၾကသည္။
“ညီမ စိန္ဓါးေျမႇာင္ ေနတဲ့ေနရာကိုသိခဲ့ၿပီ။ စိန္ဓါးေျမႇာင္ကိုလည္း ေတြ႕ခဲ့ၿပီ..အကိုႀကီး”
ဂႏၶမာေသာင္းရီက ခုံကို ဆြဲယူကာ ထိုင္လိုက္သည္။
“ေသခ်ာရဲ႕လား...ေခ်ာရင္”
“ေသခ်ာတယ္..အကိုႀကီး...ဒီဆိုင္ကိုလာလာေနတဲ့ အႏွင္း ဆိုတာ သူ႔အိမ္မွာေနတာ..အခု ကိုစံဘနဲ႔ အတူတူေထာင္က်ေနတဲ့ ခါေလးဆိုတာလည္း သူ႔တပည့္ပဲ..ညီမ အကုန္သိၿပီးၿပီ”
“ညည္းက ဘယ္ကေန ဘယ္လိုသိရတာလဲ”
“ညီမ မွာ ေသခ်ာတဲ့သတင္းေတြရွိတယ္..အကိုႀကီး...ေလာေလာဆယ္ အဲ့ဒီလူကိစၥ အရင္ျဖတ္လိုက္ၾကရင္ေကာင္းမယ္ထင္တယ္..သူ႔ကို အစိုးရက ျမန္ျမန္ဖမ္းလိုက္ရင္ ကြၽန္မတို႔ ကိစၥတစ္ခု ၿပီးၿပီ”
“အဲ့ဒီေလာက္လြယ္ပါ့မလား..ေခ်ာရင္”
“ေခ်ာရင္က ေသခ်ာအကြက္ခ်စီစဥ္ၿပီးမွ လုပ္တာပါ..အကိုႀကီး...ဒီေန႔ သူ႔အိမ္ေပၚထိတက္ၿပီး သူနဲ႔ စကားေျပာၿပီးၿပီ...ဟင္းဟင္း”
“သူကဘယ္မွာေနတာလဲ”
“သူက သူ႔ကိုယ္သူဆရာသိန္းဆိုၿပီး ပုဇြန္ေတာင္ဘက္မွာ ေဆးကုေနတာ..ဓါးျပက သူေတာ္ေကာင္းဂိုက္အျပည့္ေနာ္..အဟက္..ကဲ..ညီမ ဗိုလ္ေမာင္ေမာင္ကို ဆက္သြယ္လိုက္ေတာ့မယ္..သူ႔ကိုဖမ္းမိဖို႔ အေရးႀကီးတယ္”
“ဒါနဲ႔ စံဘတို႔နဲ႔ ဒီေန႔ ေတြ႕ခဲ့လား”
“ေတြ႕ခဲ့တယ္..အဆင္ေျပသြားမွာပါ... ခါေလးဟာ စိန္ဓါးေျမႇာင္တပည့္မွန္း ကိုစံဘကို ကြၽန္မ ေျပာခဲ့လိုက္တယ္.. ညီမတို႔က သူတို႔ထက္ ေျခတစ္လွမ္းသာေနၿပီ..အကိုႀကီးေရ..”
ဂႏၶမာႏွင့္ မေသာင္းက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။
.......................................................................
ေအာက္တိုဘာလ ၄ ရက္၊ တနဂၤေႏြေန႔။
ေန႔လည္ ၂ နာရီ။
ဖဆပလလက္ေအာက္ခံ ဗမာႏိုင္ငံေတာင္သူလယ္သမားအစည္းအ႐ုံး(ဗတလစ)၏ အင္းစိန္႐ုံးခြဲသို႔ မ်က္ႏွာဖုံးစြပ္ လူငါးဦး ေသနတ္မ်ားျဖင့္ ဝင္ေရာက္လာၿပီး စိုက္ပ်ိဳးစရိတ္ေခ်းေငြ ငါးေသာင္းခုႏွစ္ေထာင္ကို လုယူသြားခဲ့သည္။
ထိုလူစုသည္ ဂ်စ္ကားေပၚတက္ခါနီးတြင္ “စိန္ဓါးေျမႇာင္တဲ့ေဟ့” ဟု ေအာ္ဟစ္ကာ ေသနတ္ေဖာက္သြားၾက၏။
ထိုသတင္းကား ရန္ကုန္ၿမိဳ႕တြင္ ဟိုးေလးတေက်ာ္ျဖစ္သြားၾကသည္။
ညေနခင္းသတင္းစာမ်ားတြင္ စက္ရပ္သတင္းအျဖစ္ “စိန္ဓါးေျမႇာင္ ျပန္လာၿပီ” ဟူေသာ အခ်ပ္ပိုကို မ်က္ႏွာဖုံးတြင္ အုပ္ကာ ေဖာ္ျပၾကေတာ့သည္။
ထိုညေနခင္းတြင္ ဗိုလ္ေမာင္ေမာင္ႏွင့္အတူ ရန္ကုန္တိုင္းရဲမင္းႀကီး ဦးဘို ၊ ရန္ကုန္စုံေထာက္အဖြဲ႕ ဒုတိယ မင္းႀကီး ဦးသန္း တို႔ သည္ ေသာင္းဘား အေပၚထပ္သို႔ ေရာက္ရွိလာၾကသည္။
ေခ်ာရင္ မ်က္ႏွာကား ၿပဳံး႐ႊင္ေနသည္။
“ရဲမင္းႀကီးတို႔ဘက္က တစ္ၿမိဳ႕လုံးကို ပိတ္ထားတယ္မဟုတ္လား.. ေသခ်ာတယ္...သူတို႔ အဲ့ဒီအိမ္မွာပဲ ဒီည ေဝစုခြဲၾကမွာပဲ”
“ဒီက ႏွမ...တကယ္ပဲ..စိန္ဓါးေျမႇာင္ကို ေတြ႕ခဲ့တာလား”
“ဟုတ္တယ္...ကြၽန္မေတြ႕ခဲ့တယ္”
“အင္း..ခက္ေတာ့တာပဲ...စိန္ဓါးေျမႇာင္ပုံကို ရန္ကုန္ေထာင္မွာ လွမ္းေတာင္းေတာ့လည္း..မႏၲေလးေထာင္မွာ သူ႔အမႈတြဲက က်န္ရစ္တယ္တဲ့..မႏၲေလးေထာင္လွမ္းေမးေတာ့လည္း ကရင္ဝင္တုန္းက အမႈတြဲေတြ ဖ်က္ဆီးခံရတဲ့အထဲပါသြားလားမသိဘူးတဲ့....ဘယ့္ႏွယ့္လုပ္ၾကမလဲ”
“ကြၽန္ေတာ္ ေထာင္ထဲမွာတုန္းက စိန္ဓါးေျမႇာင္နဲ႔အတူ ေနခဲ့တာပါ...ဝဝ အရပ္ခပ္ျပတ္ျပတ္နဲ႔ ..ႏွာေခါင္းက လုံးလုံးခြၽန္ခြၽန္၊ ႏႈတ္ခမ္းပါးပါးနဲ႔ ခပ္ၿပဳံးၿပဳံးပုံစံပါပဲ”
“သူေျပာတဲ့ပုံမ်ိဳးလား..ေခ်ာရင္”
“ဟုတ္တယ္..ကိုေမာင္ေမာင္..ညီမေတြ႕ခဲ့တဲ့..ဆရာသိန္းဆိုတာ..စိန္ဓါးေျမႇာင္ပဲ”
“အင္း..ခက္ေတာ့ခက္တယ္..ဆရာသိန္းဆိုတာက တိုင္းရင္းေဆးဆရာအသင္းမွာ အတြင္းေရးမႉးခ်ဳပ္၊ အင္မတန္ သမာဓိရွိတဲ့ လူႀကီးလူေကာင္းလို႔သိရတယ္..က်ဳပ္တို႔ ဝင္ဖမ္းၿပီးမွ မေသခ်ာရင္ ကြဲမွာ... သတင္းစာေတြသိသြားလို႔ကေတာ့ က်ဳပ္ အလုပ္ျပဳတ္ၿပီပဲ..တနည္းပဲရွိေတာ့တယ္..စိန္ဓါးေျမႇာင္ကို ေတြ႕ဖူးတဲ့ ရန္ကုန္ေထာင္က ေထာင္မႉးတစ္ေယာက္ေယာက္ကိုေခၚသြားၿပီး ဆရာသိန္းဟာ စိန္ဓါးေျမႇာင္ ဟုတ္မဟုတ္ အတည္ျပဳခိုင္းရမွာပဲ”
“ေသခ်ာပါတယ္ရွင္...ကြၽန္မမွာ ခိုင္လုံတဲ့ သတင္းေပးေတြရွိပါတယ္..ဆရာသိန္းဟာ စိန္ဓါးေျမႇာင္ပါ”
“ဟုတ္ၿပီေလ...ဒါဆို..က်ဳပ္တို႔ အခုညပဲ ဒီက ညီမ ေျပာတဲ့အိမ္ကို သြားဝိုင္းပါ့မယ္...စိန္ဓါးေျမႇာင္ျဖစ္ေၾကာင္းအတည္ျပဳဖို႔ ရန္ကုန္ေထာင္ပိုင္ႀကီးေဟာင္း ဦးဘို ကိုသက္ေသအျဖစ္ ေခၚသြားမယ္.ဗိုလ္ေမာင္ေမာင္လည္း ဝန္ႀကီးခ်ဳပ္ကို ေျပာေပးပါ..စိန္ဓါးေျမႇာင္အိမ္ကို ဒီညဝိုင္းၿပီလို႔..မအိပ္ပဲသတင္းေစာင့္ေပးပါလို႔”
“ဟုတ္ကဲ့..ေအာင္ျမင္ပါေစ..ရဲမင္းႀကီး”
...........................................................
ပုဇြန္ေတာင္၊ ေညာင္တန္းလမ္း သို႔ ရဲကားမ်ား ႐ုတ္တရက္ဝင္လာၾကသည္။
အိမ္အမွတ္(၃၈) ေရွ႕အေရာက္တြင္ ရပ္တန႔္သြားၿပီး ကားေပၚမွ ရဲသားမ်ား ဆင္းလာၿပီး အိမ္ကို ပတ္လည္ဝိုင္းလိုက္ၾက၏။
ထို႔ေနာက္ ရဲအရာရွိမ်ားက ေျခာက္လုံးျပဴးကိုယ္စီကိုင္ကာ အိမ္ေအာက္သို႔ ဝင္လိုက္ၾကသည္။
“ေဟ့.တစ္ေယာက္မွ မလႈပ္နဲ႔”
အိမ္ေအာက္မွ လူမ်ားအားလုံး လန႔္သြားၾကသည္။
“ဆရာသိန္း ဆိုတာ ဘယ္သူလဲ”
“က်ဳပ္ပါ”
ေျခေထာက္ႀကီး ေယာင္ကိုင္းလ်က္ အေမာေဖာက္ေနေသာ လူနာတစ္ဦးေဘးတြင္ လိမ္းေဆးဗူးကို ကိုင္ထားသည့္ လူႀကီးတစ္ဦးက ေျပာလိုက္သည္။
“ခင္ဗ်ား..စိန္ဓါးေျမႇာင္မဟုတ္လား..ခင္ဗ်ားကို ရဲတပ္ဖြဲ႕က ဖမ္းလိုက္ၿပီ..ဒီမွာ ဝရမ္းပါတယ္”
“ေနပါဦး..စိန္ဓါးေျမႇာင္ဆိုတာ ဘယ္သူလဲ..က်ဳပ္မသိဘူး..က်ဳပ္ ဆရာသိန္းပါ..ဒီမွာ က်ဳပ္ဆီ ေဆးလာကုေပးေနတဲ့သူေတြအားလုံး သိပါတယ္”
“ေဟ့..ခင္ဗ်ားဓာတ္ပုံမရွိဘူးဆိုၿပီး လာမၿဖီးနဲ႔....ေထာင္မႉးေလး..ဒီလူ စိန္ဓါးေျမႇာင္မဟုတ္လား”
ရဲဝန္ေထာက္ ဦးေက်ာ္ေဖ က အတူပါလာေသာ ေထာင္မႉးေလးကို လွမ္းေမးလိုက္သည္။
ေထာင္မႉးေလးက ဆရာသိန္းကို ေသခ်ာျပဴးၾကည့္သည္။
“.စိန္ဓါးေျမႇာင္ဆိုတာ သူမဟုတ္လား..ေထာင္မႉးေလး”
“မဟုတ္ဘူးဗ်”
“ဟင္”
“ကြၽန္ေတာ္ေထာင္ထဲမွာ ေတြ႕ခဲ့တဲ့ စိန္ဓါးေျမႇာင္က ဒီထက္ငယ္တယ္..႐ုပ္ခ်င္းလဲ မတူဘူး”
“ဟာ..ဒုကၡပါပဲ.ေထာင္ပိုင္ႀကီး ဦးဘိုၾကည္လည္း ပါလာတယ္မဟုတ္လား..သူ႔ေခၚျပပါဦး”
ခဏအၾကာ ေထာင္ပိုင္ႀကီး ဦးဘိုၾကည္ ေရာက္လာသည္။
“ေပါက္တက္ကရဗ်ာ..စိန္ဓါးေျမႇာင္ က်ဳပ္ေထာင္ထဲ အၾကာႀကီးေနသြားတာ..ဒီလူမဟုတ္ပါဘူး”
“ကဲ..ရဲႀကီးတို႔..က်ဳပ္က ခုႏွစ္ရက္သားသမီးကို ေဆးကုေပးေနတဲ့ ေဆးဆရာပါ..ဘာမ်ား အထိတ္တလန႔္ေတြ လာျဖစ္ၾကတာလဲ..ဒီမယ္ က်ဳပ္လူနာေတြ လန႔္ျဖန႔္ကုန္ၾကၿပီ..လာမေႏွာက္ယွက္ၾကပါနဲ႔”
ရဲဝန္ေထာက္ ဦးေက်ာ္ေဖ မ်က္စိမ်က္ႏွာပ်က္ေနသည္။
“က်ဳပ္က ဗမာႏိုင္ငံတိုင္းရင္းေဆးဆရာမ်ားအဖြဲ႕ခ်ဳပ္က အတြင္းေရးမႉးတစ္ေယာက္ပါ။ ဘာျပစ္မႈမွလဲ မက်ဴးလြန္ထားပါဘူးကြယ္၊အခုလို လာေႏွာင္ယွက္တာ က်ဳပ္ မနည္းသည္းခံေပးေနတာေနာ္”
ဦးေက်ာ္ေဖက လက္အုပ္ကေလးခ်ီလိုက္သည္။
“ေတာင္းပန္ပါတယ္..ဆရာႀကီးခင္ဗ်ာ..ကြၽန္ေတာ္တို႔ လူမွားမိတာပါ...ေတာင္းပန္ပါတယ္”
ရဲမ်ား ျပန္လည္ထြက္ခြာသြားၾကသည္။
.........................................................
ထိုအခ်ိန္တြင္ ရန္ကုန္ျမစ္ဝရွိ စက္တပ္ေမာ္ေတာ္တစ္စင္းေပၚတြင္ စိန္ဓါးေျမႇာင္၊ ငန္းနက္၊ င႐ုတ္သီးဘရင္၊ ဝင္းေမာင္၊ ေမာင္တင္တို႔သည္ ဓါးျပတိုက္လာေသာ ေငြမ်ားကို ေဝစုခြဲၿပီးေနာက္ အေကာင္းစားဝီစကီတစ္လုံးျဖင့္ ၿငိမ့္ေနၾက၏။
သီတင္းကြၽတ္ၿပီးကာစမို႔ လေရာင္က ျမစ္ျပင္ကို ေငြေရာင္သမ္းေနသည္။
“အခုေလာက္ဆို ပုဇြန္ေတာင္အိမ္မွာ ဆရာတင္ ကေတာ့ ဆရာသိန္းအျဖစ္နဲ႔ ဇာတ္ေကာင္းေကာင္းကေနေလာက္ၿပီထင္ရဲ႕”
ၾကက္ေၾကာ္ပန္းကန္ကိုကိုင္ရင္း အႏွင္းက ေျပာလိုက္သည္။
စိန္ဓါးေျမႇာင္က ၾကက္ေၾကာ္ပန္းကန္ကို ငန္းနက္ဘက္တိုးေပးလိုက္၏။
“ဖဆပလ က လူေတြ အေတာ္ရယ္ရတာပဲ...သူတို႔နဲ႔ အလုပ္တြဲမလုပ္ေတာ့တာနဲ႔ စိန္ဓါးေျမႇာင္ကို ျပန္ဖမ္းဖို႔လုပ္သတဲ့...အႏွင္း..ညည္းေခၚလာတဲ့ ဟိုကေလးမကေလးက ဘယ္သူ”
“ေခ်ာရင္ေလ”
“သူ႔ကိုယ္သူေတာ့ လူလည္မေလးေပါ့ေလ..ငန္းနက္ရာ မင္းအဲ့ဒါမ်ိဳးေလးေတြ ရွာယူရမွာကြ...”
“ေနပါေစ..အကိုႀကီးရာ..လူပ်ိဳႀကီးဘဝပဲေကာင္းပါတယ္”
“ကဲ..မနက္က် ဝင္းေမာင္နဲ႔ ေမာင္တင္ အႏွင္းနဲ႔ကေလးကို ေခၚၿပီး ထြန္းခင္တို႔ ရီရီတို႔ ဆိုင္ကို ပို႔ေပးလိုက္...အႏွင္းက ဟိုေကာင္မေလးေတြဆီ ဟန္မပ်က္ျပန္သြားေနလိုက္ဦး..ကိုဂႏၶမာႀကီးနဲ႔လူလည္မေလး ဘာေတြမ်ားျဖစ္ေနၾကမလဲ ေစာင့္သာၾကည့္ေန”
“ဆရာႀကီးက ဘယ္သြားမလို႔လဲ”
“ဝင္းေမာင္ ...ဆရာတင္ကို အဓိဌာန္ခရီးဆိုၿပီး ေျခရာေဖ်ာက္ခိုင္းလိုက္ေတာ့..အိမ္ကို ေဆးလာကုတဲ့လူေတြကိုလည္း ဆရာသိန္းအဂၢရိတ္စခန္းဝင္တယ္လို႔သာ ေျပာလိုက္ေခ်...ငါနဲ႔ ျမၾကည္ ငန္းနက္တို႔နဲ႔ ေမာ္လၿမိဳင္ဘက္ ခဏသြားေနလိုက္ဦးမယ္”
“ကိုခါေလး ကိစၥေရာ ဘယ္လိုလုပ္ရမလဲ..ဆရာႀကီး”
“မပူနဲ႔အႏွင္း....ခါေလး က ဖန္ခြက္နဲ႔ပဲ ထုတာဆိုတာ ဦးျမက်င္တပည့္ မ်က္ျမင္သက္ေသေတြ ေရွ႕ေနဦးခ်စ္က ရွာထားၿပီးၿပီ..ငါအားလုံးစီစဥ္ေပးထားတယ္.ခါေလး အလြန္ဆုံးက် ေျခာက္လပဲ...ဂႏၶမာလူကေတာ့ လူသတ္မႈနဲ႔ ႏွစ္ရွည္က်လိမ့္မယ္..သူတို႔ဘက္ကေရွ႕ေနေကာင္းရင္ေတာ့ တမ်ိဳးေပါ့”
အႏွင္း က စိန္ဓါးေျမႇာင္ကို ၿပဳံးျပလိုက္သည္။
....................................................................................
“အကိုႀကီး မေျပာဘူးလား..ငါ့ႏွမ..စိန္ဓါးေျမႇာင္ကို ဒီလို လြယ္လြယ္နဲ႔ မိပါ့မလားဆိုတာ”
ေခ်ာရင္မ်က္ႏွာကား မခံခ်င္စိတ္၊ အံၾသစိတ္တို႔ျဖင့္ ေရာေထြးေန၏။
“ဆရာသိန္းဟာ စိန္ဓါးေျမႇာင္ဆိုတာ ေသခ်ာတယ္အကိုႀကီး....အကိုႀကီးတို႔ ျမက်င္လူေတြဆီသြားတဲ့ေန႔က ခါေလးရယ္၊သန္းေအာင္ဆိုတဲ့ေကာင္ရယ္၊ မႏွင္းရယ္ေျပာေနၾကတာ ညီမ ၾကားလိုက္တယ္။ အကိုႀကီးကို ေတြ႕ေတာ့ သန္းေအာင္က မ်က္စိမ်က္ႏွာပ်က္နဲ႔ထေျပးတယ္။ ဒါနဲ႔ ညီမလည္း သူ႔ေနာက္ကို ထလိုက္သြားတာ။ သန္းေအာင္ကို ညီမစည္း႐ုံးလိုက္တယ္။ သူလိုေနတဲ့ ေငြႏွစ္ေသာင္း ေပးၿပီး စိန္ဓါးေျမႇာင္ဘယ္သူလဲဆိုတာ ေသခ်ာေမးလိုက္တယ္။ ခါေလးနဲ႔ မႏွင္းဟာစိန္ဓါးေျမႇာင္လူေတြပဲ”
“ညီမက သူတို႔ ဘယ္သူဆိုတာ သိသလို....သူတို႔က ငါတို႔ကိုေရာ မသိဘူးလို႔ ငါ့ညီမ ထင္ေနတာလား”
ေခ်ာရင္ တိတ္ဆိတ္သြားသည္။
“စိန္ဓါးေျမႇာင္ကို ေလ်ာ့မတြက္နဲ႔ ငါ့ညီမ..အကိုႀကီးတို႔က ဖိုးတုတ္ရွိစဥ္မွာ ဥာဏ္မ်ားတဲ့လူမိုက္ေတြအမ်ားႀကီး ႀကဳံဖူးခဲ့တယ္..အင္း..စိန္ဓါးေျမႇာင္ဆိုတဲ့ေကာင္ကေတာ့ သူတို႔အားလုံးထက္ပိုတယ္ဆိုတာ အကိုႀကီး ေထာင္ထဲမွာ ကတည္းက သိတာ”
“အင္း...ညီမ မွားသြားတယ္..ေတာင္းပန္ပါတယ္..အကိုႀကီး”
ေခ်ာရင္က ဂႏၶမာေရွ႕တြင္ လက္အုပ္ကေလးခ်ီလိုက္သည္။
“ရတယ္..ေခ်ာရင္..စိတ္ဓာတ္ေတာ့မက်ပါနဲ႔..ငါ့ညီမမွာလည္း အကိုႀကီးတို႔ထက္သာတဲ့ ဉာဏ္ရည္မ်ိဳးရွိပါတယ္.. အခု စိန္ဓါးေျမႇာင္မကလို ဘယ္လိုေကာင္မ်ိဳးကိုျဖစ္ျဖစ္ ရင္ဆိုင္ႏိုင္မယ့္ အေနအထားရဖို႔ အကိုႀကီးတို႔ကို အေျခအေနေပးလာၿပီ”
“ဟင္..ဘာမ်ားလဲ..အကိုႀကီး”
“သူ နဲ႔သာ စီးပြားေရးတစ္ခု အတူလုပ္ႏိုင္ရင္.အကိုႀကီးတို႔လမ္းမေတာ္ဖိုးတုတ္ႀကီးတုန္းကလို အင္ပါယာမ်ိဳး ျပန္ထူေထာင္ႏိုင္မယ့္..အာဏာ၊ ေငြေၾကး၊လူအင္အားအကူအညီေတြရလာမယ္။ နာဂ်စ္လို စိန္ဓါးေျမႇာင္လို လူေတြကို အသာေလး ေခ်မြပစ္လိုက္လို႔ရမယ္”
“ဘယ္သူနဲ႔လဲ”
“ညေနက ညီမဝင္လာခ်ိန္ အကိုတို႔နဲ႔စကားေျပာေနတဲ့လူက အလိန္တဲ့။ သူက စင္ကာပူမွာေနတာ၊ သူက 14K ဆိုတဲ့ တ႐ုတ္ဂိုဏ္းကပဲ”
"14k ဟုတ္လား"
14 K ဂိုဏ္းကို ၁၉၄၅ ခုႏွစ္တြင္ ကူမင္တန္ဗိုလ္ခ်ဳပ္ႀကီး ေကာ့ေဆြေဝါင္ (Kot Siu Wong) က ကြန္ျမဴနစ္ဆန႔္က်င္ေရးအဖြဲ႕အျဖစ္ စတင္ဖြဲ႕စည္းခဲ့သည္။
တ႐ုတ္ျပည္တြင္းစစ္အၿပီး ၁၉၄၉ တြင္ ထိုအဖြဲ႕ကို ေဟာင္ေကာင္သို႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး 14 K ဟု စတင္ေခၚေဝၚကာ ဒုစ႐ိုက္လုပ္ငန္းမ်ားစတင္လုပ္ကိုင္လာခဲ့သည္။
K ဆိုသည္မွာ ဌာနခ်ဳပ္တည္ရွိရာ ေဟာင္ေကာင္ Kowloon ရပ္ကြက္ကို ကိုယ္စားျပဳၿပီး (၁၄)မွာ မူလ14 K ဂိုဏ္းကို တည္ေထာင္သူ (၁၄)ဦးကို ကိုယ္စားျပဳသည္။
14 K ဂိုဏ္းသည္ တ႐ုတ္႐ိုးရာအစဥ္အလာအတိုင္း အဆင့္ဆင့္သစၥာရွိမႈမ်ားျဖင့္ဖြဲ႕စည္းထားသည့္အတြက္ ေဟာင္ေကာင္ကြၽန္းမွတဆင့္ ကမာၻအရပ္ရပ္ရွိ တ႐ုတ္တန္းမ်ားသို႔ ျဖန႔္က်က္လာႏိုင္ခဲ့သည္။
၁၉၅၀ ေက်ာ္ကာလမ်ားတြင္ အာရွ၊အာဖရိက၊ဥေရာပႏွင့္ အေမရိကၿမိဳ႕ႀကီးမ်ားရွိ တ႐ုတ္ဂိုဏ္းအမ်ား အျပားမွာ 14 K ဂိုဏ္း၏ လက္ေအာက္ခံမ်ား ျဖစ္ကုန္ၾက၏။
အလိန္သည္ စကၤာပူႏိုင္ငံ၏ ပထမဆုံး 14 K ဂိုဏ္းကိုစတင္ထူေထာင္သူမ်ားထဲမွ တစ္ဦးျဖစ္ခဲ့သည္။
ထိုကာလမ်ားတြင္ တ႐ုတ္ကူမင္တန္တပ္မ်ားႏွင့္ ျမန္မာႏိုင္ငံၾကားျပႆနာေပၚေပါက္လာသည္။
တ႐ုတ္ျပည္သူ႔တပ္မေတာ္(တ႐ုတ္နီ)တို႔၏ ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ ဖ႐ိုဖရဲျဖစ္လာသည့္ ကူမင္တန္ အမွတ္ ၈ တပ္မေတာ္၊ အမွတ္ ၂၆ တပ္မေတာ္ႏွင့္ အမွတ္ ၉၃ တပ္မေတာ္မွ တပ္ဖြဲ႕အခ်ိဳ႕သည္ ၁၉၅၀ ျပည့္ႏွစ္အေစာပိုင္းတြင္ ရွမ္းျပည္နယ္၊ က်ိဳင္းတုံေဒသေျမာက္ဘက္ပိုင္းသို႔ ဝင္ေရာက္လာခဲ့ၾကသည္။ ကနဦးတြင္ အင္အား ၂၀၀ သို႔ ၈၀၀ ခန႔္သာျဖစ္ၿပီး မၾကာမီမွာပင္ အင္အား ၁၅၀၀ ခန႔္သည္ ေနာက္ပါ မိသားစု ၅၀၀ ခန႔္ႏွင့္အတူ ထပ္မံဝင္ေရာက္ခဲ့သည္။ ေခါင္းေဆာင္မွာ ဗိုလ္ခ်ဳပ္ႀကီး လီမီ ျဖစ္သည္။
ေျခာက္လခန႔္ၾကာလာသည့္အခါ က်ိဳင္းတုံေဒသရွိ ျမန္မာတပ္မေတာ္က တ႐ုတ္ျဖဴတပ္မ်ားကို လက္နက္ခ်ရန္ သို႔မဟုတ္ ျမန္မာ့ပိုင္နက္အတြင္းမွ ထြက္သြားရန္ ရာဇသံေပးသည္။ လက္နက္ခ်မည္မဟုတ္ဘဲ ျမန္မာတပ္မေတာ္က တိုက္ခိုက္လာလွ်င္ ျပန္လည္တိုက္ခိုက္ရန္ အသင့္ရွိေၾကာင္း ၎တို႔က အေၾကာင္းျပန္ခဲ့သည္။
တစ္ခ်ိန္တည္းမွာပင္ ထိုင္းႏွင့္ ျမန္မာနယ္စပ္၊ က်ိဳင္းတုံ-တာခ်ီလိတ္လမ္း၊ မိုင္တိုင္အမွတ္ ၈၁ မွ တာခ်ီလိတ္ၿမိဳ႕အထိ သိမ္းပိုက္လိုက္သည္။
ထိုအေတာအတြင္းမွာပင္ ျမန္မာတပ္မေတာ္အေနႏွင့္ က်ိဳင္းတုံၿမိဳ႕အတြင္းသို႔ ႐ုပ္ဖ်က္ဝင္ေရာက္လာသည့္ တ႐ုတ္ျဖဴ ေထာက္လွမ္းေရးသမားႏွင့္ တပ္ဖြဲ႕ဝင္ ၂၀၀ ခန႔္ကို ဖမ္းဆီးႏိုင္ခဲ့ၿပီး မိတၳီလာႏွင့္ မႏၲေလးၿမိဳ႕တို႔သို႔ ပို႔ေဆာင္ခ်ဳပ္ေႏွာင္လိုက္သည္။ ျမန္မာတပ္မေတာ္သည္ တ႐ုတ္ျဖဴတပ္မ်ားကို ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး တစ္လအၾကာတြင္ တာခ်ီလိတ္ၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည္။
တ႐ုတ္ျဖဴတပ္မ်ားသည္ က်ိဳင္းတုံ-တာခ်ီလိတ္ကားလမ္းမွ ျပန္လည္ဆုတ္ခြာသြားခဲ့ၾကၿပီး ျမန္မာ-ထိုင္းနယ္စပ္၊ မိုင္းဆတ္ၿမိဳ႕တြင္ ျပန္လည္စု႐ုံးခဲ့ၾကသည္
။
ထိုင္ဝမ္ကြၽန္းႏွင့္ ျမန္မာျပည္ေရာက္တ႐ုတ္ျဖဴတပ္မ်ား အျပန္အလွန္ဆက္သြယ္ေရးအတြက္ မိုင္းဆတ္တြင္ ေလယာဥ္ကြင္းတစ္ခု အေရးေပၚေဆာက္လုပ္ရန္ တ႐ုတ္ျဖဴမ်ားကအစီအစဥ္ဆြဲၾကသည္။
ေလယာဥ္ကြင္းေဆာက္လုပ္ရာတြင္ အေမရိကန္ လက္နက္သယ္ေလယာဥ္ႀကီးမ်ားႏွင့္လူအင္အားမ်ားစြာသယ္ေဆာင္ႏိုင္သည့္ ေလယာဥ္မ်ားဆင္းႏိုင္ရန္ အဆင့္ျမင့္ေလယာဥ္ကြင္းေဖာက္ရန္ ရည္႐ြယ္ခဲ့သည္။
ထို႔ေၾကာင့္ယာဥ္ယႏၲယားမ်ားစြာ လိုအပ္လာသည္။
ထိုင္းနယ္စပ္မွတဆင့္ သြင္းယူရာတြင္လည္း အခက္အခဲမ်ားေပၚေပါက္လာသည္။
ထိုအခ်ိန္တြင္ K14 ဂိုဏ္းက ျမန္မာႏိုင္ငံတြင္းမွတဆင့္ စစ္က်န္ယႏၲယားအေဟာင္းမ်ားကို မိုင္းဆတ္သို႔ ခိုးပို႔မည့္ စီးပြားေရးစီမံကိန္းတစ္ခုကို ထိုင္ဝမ္အစိုးရထံ တင္ျပၾကသည္။
ထိုင္ဝမ္အစိုးရကလည္း အေပးအယူမ်ားစြာျဖင့္ လွ်ိဳ႕ဝွက္စြာသေဘာတူလိုက္၏။
ယင္းစီမံကိန္းအတြက္ အဓိက လာေရာက္ရသူမွာ ျမန္မာျပည္ဖြား အလိန္ ပင္ျဖစ္သည္။
“ညီမတို႔က ဘာလုပ္ေပးရမွာလဲ....သူတို႔က ညီမတို႔ကို ဘာျပန္ေပးမွာလဲ”
“ေ႐ႊတိဂုံဘုရားေျခရင္း က သံပုံခ်ိဳင့္ကို သိလား..ေခ်ာရင္”
“ၾကားေတာ့ၾကားဖူးပါတယ္”
“ေအး..စစ္ႀကီးၿပီးေတာ့ အဂၤလိပ္ေတြဟာ ျမန္မာတစ္ႏိုင္ငံလုံးကစစ္ကားအပ်က္အစီးေတြ၊ ယႏၲယားတပ္ကကား အပ်က္အစီးေတြကို စစ္႐ုံးခ်ဳပ္မွာစာရင္းသြင္းၿပီး အဲ့ဒီခ်ိဳင့္ထဲမွာ ပုံသြားခဲ့တာ။ အဲ့ဒါေၾကာင့္ သံပုံခ်ိဳင့္လို႔ေခၚတာ။ အခု အဲ့ဒီစစ္က်န္ကား၊ ယႏၲယားကားေတြက ပစၥည္းေတြကို သြားသြားျဖဳတ္ယူၿပီး ေရာင္းေနၾကတယ္။ေျမနီကုန္းၾကက္တန္းမွာဆို ေစ်းတန္းႀကီးကို ျဖစ္ေနၿပီ”
“အဲ့ဒီေတာ့”
“အဲ့ဒီထဲက လိုအပ္တဲ့ပစၥည္းေတြကို အလိန္က စုမယ္၊ ငါတို႔က ရန္ကုန္ကေန မိုင္းဆတ္အထိ ရေအာင္ ထုတ္ေပးရမယ္တဲ့”
“မလြယ္ေတာ့မလြယ္ဘူး”
“အဲ့ဒီအတြက္ အေမရိကန္ေဒၚလာ တစ္သိန္းရမွာ..ေခ်ာရင္”
“ေဒၚလာတစ္သိန္း..ဟုတ္လား”
ခက္ေဇာ္
Done
ReplyDeleteDone 💪
ReplyDeleteClicked 💫
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDeleteDone
ReplyDelete🗡️💎🗡️
ReplyDelete