The Guys From Mandalay,1950s အခန်း(၂၁)

The Guys From Mandalay,1950s
                            အခန်း(၂၁)
                            ..................

“ကိုအောင်သန်းရေ..ကျွန်တော်တို့ တော့ ဒီရွေးကောက်ပွဲမှာ အသေအချာရှုံးမှာပါပဲ..ညက မဲရုံတွေ အဖောက်ခံရတယ်။ တချို့မဲရုံတွေလည်း ဓါးပြဝင်တိုက်သလိုကို ဖြစ်တာ။ မျက်နှာအဝတ်စည်းထားပြီး သေနတ်ကိုင်ထားတဲ့သူတွေပဲ။ မဲရုံစောင့်တွေကို အပြင်ထွက်ထိုင်ခိုင်းထားပြီး အထဲမှာ ဘာတွေလုပ်နေမှန်းမသိဘူး။ ဒီအကြောင်းပြန်ပြောရင် အိမ်အထိ လာသတ်မယ်ဆိုလို့ မဲရုံကိုယ်စားလှယ်တွေလည်း တခွန်းတောင်မဟရဲတော့ဘူး။ ဖဆပလတော့ မဲတွေခိုးပြီထင်တယ်။ မဲရေတွက်ရင် ကျွန်တော့် သွားမကြည့်တော့ဘူး”

ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု မှ ရဲဘော်ဝါအမတ် ဗိုလ်ထွန်းအောင် ၏ ဖုန်းဖြင့် ပြောကြားမှုကြောင့် လမ်းမတော်အမတ်လောင်း ဦးအောင်သန်း တွေဝေသွားသည်။

“ကောလဟလတွေနေမှာပါ.ဗိုလ်ထွန်းအောင်..နိုင်ငံရေးသမားတွေအနေနဲ့ ဒီလောက်တော့ ညစ်ပတ်မယ်မထင်ဘူး။ ဖဆပလ ကို အဲ့ဒီလောက်အထင်မသေးပါနဲ့ဗျာ။ မဲရေတွက်တဲ့နေ့တော့ ကျွန်တော်တို့ သွားကြည့်ဖြစ်အောင်  ကြည့်ရမယ်”

၁၉၅၁ ဇွန်လ ၁၈ ရက်နေ့တွင် မဲရေတွက်သည့် ကောလိတ်တော်ရုံသို့ ဦအောင်သန်းနှင့်အတူ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုမှ အမတ်လောင်းများသွားရောက်ကာ မဲရေတွက်သည်ကို ကြည့်ကြသည်။

အချို့သောမဲပုံးများမှာ ချည်ထားသောကြိုးများပြတ်လျက်၊ မဲပုံးတွင် ပိတ်သည့် ချိတ်များ ကွာလျက်ရှိသည်ကို‌ တွေ့ရသည်။

မဲများရေတွက်ကြသောအခါ လမ်းမတော်မဲဆန္ဒနယ်တွင် သခင်နုက ပထမ၊ ဦးအောင်သန်းက ဒုတိယ၊ အော်မျိုးရှူးက တတိယ၊ ဦးဘသော်က စတုတ္ထနှင့် တီလာမာမက္ ခန်း က (၁၁) မဲသာ ရရှိသည်။

မာမက္ ခန်း  မှာ မက်စတီးခန်း၏ ညီဝမ်းကွဲဖြစ်ပြီး မဂျစ်ခန်း၏ ဦးလေးတော်သူဖြစ်သည်။

အော်မျိုးရှူး ဘက်က ထည့်ထားသော မဲမှာ လူ (၈၀)တိတိရှိကြောင်း ထည့်သူများကိုယ်တိုင်က သက်သေပြခဲ့သော်လည်း အော်မျိုးရှူး၏ မဲပုံးတွင် (၁၆)မဲသာ တွေ့ရသဖြင့် မဲခိုးခံခဲ့ရကြောင်း ဦးအောင်သန်း လက်ခံသွားခဲ့သည်။

ရန်ကုန်မဲဆန္ဒနယ်တွင်သာမက နယ်များတွင်လည်း အခြေအနေက ပိုမိုဆိုးရွားခဲ့၏။

ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုမှမော်လမြိုင်အမတ်လောင်း ကိုဘဆက် ဆိုသူအား ရွေးကောက်ပွဲမဲမရေတွက်မီတွင် ယူနီဖောင်းဝတ်လက်နက်ကိုင်များက လာရောက်ခေါ်ဆောင်သွားပြီးနောက် ပြန်မလာတော့ချေ။

မိတ္ထီလာခရိုင်တွင် ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံမှ အမတ်လောင်း သခင်ရွှေ မှာ ဒုတိယအသုတ်ရွေးကောက်ပွဲမတိုင်မီ ဓါးဖြင့် အပိုင်းပိုင်းခုတ်သတ်ခြင်း ခံခဲ့ရပြီး လက်သည်မပေါ်ခဲ့။

နတ်မောက်အရှေ့ပိုင်းမှ အမတ်လောင်းကိုကျော်ခေါင်မှာ မည်သည့်အကြောင်းကြောင့်မသိ အမတ်လောင်းအဖြစ်မှ နှုတ်ထွက်လိုက်သဖြင့် ဒုတိယအသုတ်ရွေးကောက်ပွဲမဲဆန္ဒမပေးရမီတွင်ပင် ဖဆပလ က ပြိုင်ဘက်မရှိနိုင်သွားခဲ့သည်။

ရွေးကောက်ပွဲများကို ၁၉၅၁ ဇွန်လ မှ ၁၉၅၂ ဖေ‌ဖော်ဝါရီလအထိ (၃)သုတ်ခွဲကျင်းပခဲ့သည်။

၁၉၅၂ ဇန်နဝါရီ ၂ဝ တွင် ရွေးကောက်ပွဲရလာဒ်များကို ထုတ်ပြန်ရာ ဖဆပလအဖွဲ့ချုပ်က ၁၈၀ နေရာြဖင့် မဲအများဆုံးရရှိပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။

ရွေးကောက်ပွဲအပြီး ၁၉၅၂ မတ်လ ၁၆ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနု ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၅၂ မတ်လ ၂ဝ ရက်။
ဆိုရှယ်လစ်ပါတီ ရုံးချုပ်ထဲသို့ စိန်ဓါးမြှောင်ဝင်လာသည်။
နံသာရောင်ခေါင်းပေါင်းနှင့် နံသာရောင်တိုက်ပုံကို ဝတ်ဆင်ထားပြီး ဆေးဆရာများလွယ်တတ်သည့် လွယ်အိတ်ကြီးကိုလည်း လွယ်ထား၏။

“သခင်သိန်း နဲ့ တွေ့ချင်လို့ပါ..သမားတော် ဆရာသိန်း လာတယ်လို့ ပြောပေးပါ”

ရုံးစေလုလင် က အထဲသို့ ဝင်သွားသည်။
ခဏအကြာတွင် ပြန်ထွက်လာ၏။

“သခင်သိန်း အလုပ်တွေရှုပ်နေလို့..နောက်ရက်မှ လာတွေ့ပါတဲ့”

“..ဟုတ်ကဲ့လား..ဒါဆို..ဒီအဝတ်ထုတ်ထဲက ဟာလေး သွားပြလိုက်ပါ..ကျွန်တော် ဒီကပဲ ထိုင်စောင့်ပါ့မယ်”

ရုံးစေလုလင် ပြန်ဝင်သွားပြီးနောက် ပြာပြာသလဲဖြင့် ပြန်ထွက်လာသည်။

“သခင်သိန်းက ဝင်ခဲ့ပါတဲ့..ခင်ဗျ..ဒီဘက်က အခန်းပါ”

စိန်ဓါးမြှောင်က ပြုံးလိုက်ပြီး သခင်သိန်း၏ အခန်းတွင်း ဝင်လိုက်သည်။

“.ဆရာသိန်း..ထိုင်ပါ..ထိုင်ပါ”

သခင်သိန်းက စိန်ဓါးမြှောင်ကို ထိုင်ခိုင်းပြီးနောက် အခန်းတံခါးမကြီးကို ထပိတ်လိုက်သည်။

ထို့နောက်

“ဒါက ဘာသဘောလဲဗျ...ခင်ဗျားဘာသဘောနဲ့ ဒါတွေကို ယူထားတာတုန်း”

သခင်သိန်းက စားပွဲပေါ်တွင်တင်ထားသော စိန်ဓါးမြှောင်ပေးလိုက်သည့် အထုတ်ကို ပစ်ပေးလိုက်သည်။

အထုတ်ထဲတွင်ရှိသည်က ရွေးကောက်ပွဲအတွင်း မဲပုံများထဲမှ ခိုးထားသည့် မဲဆန္ဒကဒ်ပြားတစ်ခု။

လမ်းမတော်မြို့နယ်ဆိုသည့် စည်းတံဆိပ်ရိုက်နှိပ်ထားသည်။

စိန်ဓါးမြှောင်က ပြုံးလိုက်သည်။

“ခင်ဗျားတို့ ခိုးခိုင်းထားတဲ့မဲတွေလေ...အဲဒါကို ကျွန်တော်က ပြန်ခိုးထားတာဘာဖြစ်တုန်း..သခင်သိန်းရ”

“အင်းလေ..ဒီမဲပြားတွေကို ခင်ဗျား ဘာသဘောနဲ့ သိမ်းထားတာလဲ”

“ဒါတောင် သဘောမပေါက်ဘူး..သခင်သိန်းရယ်...ဒီမယ် အခုတောင် ကျွန်တော်ဒီအခန်းထဲ ဘယ်လိုဝင်လာရသလဲ..ဒီ မဲလေးပြပြီး ဝင်လာရတာမဟုတ်လား”

“မင်းကွာ..မင်း”

“ကဲ..စိတ်ကိုလျှော့ဗျ..ကျွန်တော့်မှာ ဒါမျိုး မဲတွေ အများကြီးရှိသေးတယ်..ဒါမျိုးလေးတစ်ခု သတင်းစာဆရာတွေလက်ထဲ ရောက်သွားလို့ကတော့ဗျာ..ဟဲဟဲ”

“အဲ့ဒီကျ မင်းလည်း မဲပုံးဖောက္မှုနဲ့ ထောင်ကျမှာပဲကွ၊ အေးအဲ့ဒီမတိုင်ခင် ဦးကျော်သိန်းအိမ်ဓါးပြမှုနဲ့ မင်းကို ပြန်ဖမ်းပစ်မယ်”

“သြော်..သခင်သိန်းနှယ့်..ကျွန်တော်က အစကတည်းက တောပုန်းဓါးပြပဲ...အခုလို လက်နက်ကိုင်ပေါင်းစုံ ပတ်လည်ဝိုင်းနေတဲ့ကာလထဲ ကျွန်တော့်အတွက် ပြေးစရာမြေမရှားပါဘူး..ခင်ဗျားတို့သာ.ဒီမဲပြားလေးတစ်ပြား  သတင်းစာတွေလက်ထဲရောက်သွားရင်.. အစိုးရအဖြစ်က ပြန်ပြုတ်သွားမယ်”

သခင်သိန်းက ထိုင်ခုံကို စောင့်ဆွဲကာ ထိုင်လိုက်သည်။

“ဒီမယ်..ခင်ဗျားနဲ့ ကျုပ်တို့ အပေးအယူက ပြီးပြီလေ..ခင်ဗျားဘာလို့ ဒီအထိလိုက်လာတာလဲ..ပြော”

“အကူအညီတစ်ခုတောင်းချင်လို့ပါဗျာ”

“ဘာကူညီရမှာလဲ.”

“ကျွန်တော် ဆေးလိပ်ခုံလေး တစ်ခုံလောက်ထောင်ချင်တာဗျာ..အဲ့ဒါ ဖဆပလက ထောက်ခံချက်လေးနဲ့ဆို ပိုကောင်းမလားလို့”

“ဘာဆိုင်လဲ...ဆေးလိပ်ခုံထောင်ချင်တာ ထောင်ပေါ့..ဘာကို ဖဆပလထောက်ခံချက်တောင်းနေတာလဲ”

“‌‌ဒီလိုပါ...ခုနေခါ ခင်ဗျားတို့ အစိုးရက ပြည်သူပိုင်တွေလိုက်လုပ်နေတယ်မဟုတ်လား..သနပ်ဖက်တင်ပို့ခွင့်တွေလည်း ကန့်သတ်တဲ့အသံကြားတယ်..ဒီတော့.ခင်ဗျားတို့ ဖဆပလခပ်ကြီးကြီးတစ်ယောက်ဆီက သနပ်ဖက်ဝယ်ယူခွင့်နဲ့ သယ်ဆောင်ခွင့် လက်မှတ်လိုချင်တာ..အဲ့ဒါ”

“ခင်ဗျားဟာက ဘာလဲဗျ”

“အော်..ဘာမှမဟုတ်ဘူး..တရားဝင်စာထုတ်ဖို့လည်းမလိုပါဘူး...ယခု သနပ်ဖက်များသည် ဆေးလိပ်ခုံလုပ်ငန်း အတွက် တပိုင်တနိုင်သယ်ယူခြင်းဖြစ်သဖြင့် ခွင့်ပြုပေးပါရန် ပုံ ဘယ်သူ ဆိုပြီး ခင်ဗျားတို့ အစိုးရထဲက တစ်ယောက်ယောက်လက္မှတ်နဲ့ ဆို အဆင်ပြေတာပေါ့ဗျာ”

“ခက်တာပဲ...အစိုးရလူကြီးတွေ နာမည်ကို အလွဲသုံးစားလုပ်သလိုဖြစ်နေမှာပေါ့”

“အောင်မယ်..ခင်ဗျားတို့က ပြည်သူတွေထည့်တဲ့ မဲကျအလွဲသုံးစားလုပ်ခိုးခိုင်းတုန်းကတော့ ကောင်းတယ်ပေါ့...”

“တော်..တော်ဗျာ..အဲ့ကိစ္စကြီးကို စကားထဲ ထည့်မပြောပါနဲ့”

“ဒါဆိုလည်း လုပ်ပေးလိုက်လေ..ခင်ဗျားဆရာ ဦးကျော်ငြိမ်း လက္မှတ်လောက်နဲ့ဆို ပြီးပါတယ်ဗျ”

“ကျုပ်က အခု လယ်ယာပြည်သူပိုင်ပြုလုပ်ရေးမှာ အတွင်းဝန်ဖြစ်နေပြီ..ကျုပ်လက်မှတ်နဲ့ပဲ လုပ်ပေးလိုက်မယ်”

“အတွင်းဝန်တောင်ဖြစ်ပြီလား..အတွင်းဝန်မင်းလက်မှတ်နဲ့ဆိုရင်တော့...အဆင်ပြေလောက်ပါရဲ့ဗျာ”
သခင်သိန်းက စာရွက်တစ်ရွက်ယူလာပြီး စာတစ်စောင်‌ရေးသည်။

“ဒီမှာဖတ်ကြည့်..ပုဂ္ဂိုလ်ရေးသဘောနဲ့ပဲ ရေးပေးထားတယ်..အဆင်ပြေလား”

စိန်ဓါးမြှောင်က စာကို ယူဖတ်ကြည့်လိုက်သည်။

“ကျွန်ုပ်၏ မိတ်ဆွေ ဆိုတဲ့နေရာမှာ ကျွန်ုပ်၏ ကျေးဇူးရှင်ဆရာကြီး ဆရာသိန်း ဆိုပြီး ရေးပါလား”

သခင်သိန်းက အံကို ကြိတ်လိုက်သည်။

“လုပ်ပါဗျ..ဟဲဟဲ..ခင်ဗျားအတွင်းဝန်ဖြစ်ဖို့အရေး၊ သခင်နုဝန်ကြီးချုပ်ဖြစ်ဖို့အရေး ကျွန်တော့်အဖွဲ့တွေ ဘယ်လောက် ပင်ပန်းခဲ့တယ်မှတ်လဲ။ ကျွန်တော့်တပည့် ဝါဆိုနဲ့ ဝါပိုဆို မိတ္ထီလာမှာ ပါဏာတိပါတာကံကိုပါ ကျူးလွန်ရသေးတာ၊ငရဲကြီးတယ်ဗျ”

သခင်သိန်းက စာရွက်ကို ဆုတ်ဖြဲပြီး အသစ်ပြန်‌ရေးပေးသည်။

ထို့နောက် တံဆိပ်တုံးထုကာလက္မှတ်ထိုးပေးလိုက်၏။

“ကဲ...သွားလိုက်ပါဦးမယ်..အတွင်းဝန်မင်း..နောက်လည်း ကိစ္စရှိရင် လာခဲ့ပါဦးမယ်”

စိန်ဓါးမြှောင်က စာရွက်ကို သေချာခေါက်ကာအိတ်ထဲထည့်ပြီး ထရန်ပြင်လိုက်သည်။

“နေပါဦး..စိန်ဓါးမြှောင်”

“ဘာများရှိသေးလို့တုန်း..သခင်သိန်း”

“ခင်‌ဗျား တကယ်ပဲ..ကောင်းရောင်းကောင်းဝယ်လုပ်တော့မယ်ပေါ့”

“ဘယ်သူပြောတုန်းဗျ”

“ခုနပဲဆေးလိပ်ခုံ‌ထောင်မယ်ဆို”

“ဟား..ဟား..ဖြစ်ရမယ်ဗျာ....ဓါးပြတိုက်လို့တောင်မဝသေးဘူး”

စိန်ဓါးမြှောင်က သခင်သိန်းကို အားပါးတရပြုံးပြကာ ထွက်သွား၏။
..........................................................................

၁၉၅၂ ပြည်တော်သာခေတ်အစပိုင်းကာလများ။

ရွေးကောက်ပွဲများအပြီးတွင် ဦးနု သည် ဝန်ကြီးချုပ်ဖြစ်လာပြီး သူ၏အစိုးရအဖွဲ့ကို ဝန်ကြီး (၂၁)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

 ဦးနုအစိုးရသစ်က တည်တံ့ခိုင်မြဲရေးမှ ပြည်တော်သာသို့ ဟူသည့် ကြွေးကြော်သံကို ချမှတ်ခဲ့သည်။

ဦးနုက ပြည်တွင်းစစ်မဖြစ်ပဲ အလုပ်လုပ်ခွင့်ရမည်ဆိုလျှင် မိသားစုတိုင်း အိမ်တစ်ဆောင်၊ ကားတစီး၊ လစဥ်ဝင်ငွေ ၈၀၀ ကျပ်ရအောင်လုပ်ပေးနိုင်သည်အထိ ချမ်းသာသောနိုင်ငံဖြစ်စေမည်ဟု ကတိပေးခဲ့သည်။
စိန်ဓါးမြှောင်သည်လည်း ရန်ကုန်သား ဝင်းမောင်၊ မောင်တင်တို့ အကူအညီဖြင့် ရန်ကုန်တွင် သူ့အဖွဲ့သစ်ကို စတင်ထူထောင်လာသည်။

စိန်ဓါးမြှောင်က ပိုလို ဆေးလိပ်ခုံတံဆိပ် ဆေးပေါ့လိပ်လုပ်ငန်းကို မောင်တင်၏ အိမ်တွင် ထူထောင်ပြီး သနပ်ဖက်များ သယ်ယူရေးတွင် ဝင်းမောင်နှင့် ခါလေးကို တာဝန်ပေးခဲ့သည်။

ဝင်းမောင်နှင့် ခါလေးသည် ပဲခူးဘက်မှ ငန်းနက်၊ ငရုတ်သီးဘရင်တို့ဖြင့် ချိတ်ဆက်ကာ သနပ်ဖက်ခြင်းများထဲတွင် လက်နက်များ ခိုးဝှက်သယ်ဆောင်ကာ ရန်ကုန်တွင်းသို့ သွင်းကြသည်။

အတွင်းဝန်သခင်သိန်းလက်မှတ်ပါရှိသော စာကြောင့် စစ်ဆေးရေးများ မှလွတ်ကင်းခွင့်ရရှိခဲ့သည်။

မကြာမီ ရန်ကုန်မြို့တွင်း ဓါးပြမှုများပြန်လည်ပေါ်ပေါက်လာခဲ့ပြီး အင်းစိန်ငွေတိုက်ဓါးပြမှု၊ ရန်ကုန် ကျိုက္ကဆံ မြင်းလောင်းရုံအတွင်း ဝင်ရောက်ဓါးပြတိုက်မှုများအထိ ဖြစ်ပေါ်လာကြသည်။

ရေနံချောင်းတွင်ရှိနေသော ထွန်းခင် သည် အလံနီဗိုလ်အဖြစ်မှ နောက်လိုက်(၃၀)ဦးနှင့်အတူ အလင်းဝင်လာခဲ့ပြီး ထွန်းခင် ၊ ရင်ရင် တို့မိသားစုသည် ရန်ကုန်သို့ လိုက်လာကာ ပူးပေါင်းကြသည်။

စိန်ဓါးမြှောင်က အောက်ပုဇွန်တောင်လမ်းတွင် လှသိင်္ဂီအမည်ဖြင့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဖွင့်ပြီး ရင်ရင့်ကို ပိုင်ရှင်အဖြစ် ဦးစီးစေသည်။
လှသိင်္ဂီဆံပင်ညှပ်ဆိုင်သည် စိန်ဓါးမြှောင်၏ အမျိုးသမီးအဖွဲ့အခြေပြုရာနေရာတစ်ခုဖြစ်လာပြီး တိုက်ရာပါပစ္စည်းများ သိုဝှက်၊ ထုခွဲရာနေရာလည်းဖြစ်လာသည်။

စိန်ဓါးမြှောင်ကား ဆေးဆရာကြီးဆရာသိန်းအဖြစ် တိုင်းရင်းဆေးဆရာများအဖွဲ့ချုပ်တွင် ဗဟိုကော်မတီဝင် ဖြစ်လာသည်။

ဆေးဆရာကြီးဆရာသိန်းသည် ရန်ကုန်မြို့၊ ခုနှစ်မိုင်အနီးတွင် ခြံကျယ်ကြီးတစ်ခြံဝယ်ယူထားပြီး တစ်ခါတစ်ရံ ထိုခြံထဲတွင် လေးငါးရက်ခန့် တံခါးပိတ်ကာ တပည့်များနှင့်အတူ အဂ္ဂိရိတ်ထိုးနေလေ့ရှိသည်ဟု ဆရာသိန်းကို ကြည်ညိုသူများကသိထားကြသည်။

ရန်ကုန်မြို့တွင် ဓါးပြမှုကြီးကြီးမားများဖြစ်ပြီးသည့်ရက်များနှင့် ဆရာသိန်းအဂ္ဂိရိတ်ထားသည့်ရက် မှာတိုက်ဆိုင်နေတတ်သည်ကို ပုလိပ်အဖွဲ့က သတိမထားမိကြ။

အမှန်တကယ်တမ်းတွင် စိန်ဓါးမြှောင်မှာ အဂ္ဂိရိတ်ထိုးသည်ဟုဆိုကာ တိုက်ရာပါ‌ရွှေများကို ထိုခြံထဲတွင် အရည်ကြိုပစ်နေခြင်းသာြဖစ်သည်။

ဂန္ဓမာသောင်းရီကား ရန်ကုန်ထောင်ကြီးတွင် အကျဥ်းသားအရာရှိများထဲ အကြီးဆုံးဖြစ်သည့် ခြောက်ထောင်ပိုင်သံဒေ ဖြစ်လာသည်။

ထွန်းရင်မှာ ၁၂ မှတ်ရ ဘာရာဖြစ်လာပြီး ကြိမ်တုတ်ကိုင်ခွင့်ရခဲ့သည်။
ဂန္ဓမာသောင်းရီအဖွဲ့သည် ထိုအာဏာများကို အသုံးချကာ ထောင်တွင်းတွင် နာဂျစ်အာရတ်စည်းရုံးထားသူများ၊ ဦးမြကျင်စည်းရုံးထားသူများကို အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်။ 

စိန်ဓါးမြှောင်ရှိစဥ်က သစ္စာခံခဲ့သူများမှာလည်း ဂန္ဓမာသောင်းရီ လက်အောက်တွင် ငြိမ်ဝပ်နေကြရ၏။
ထောင်မှလွတ်သွားသော နာဂျစ်အာရတ်သည် ဖရေဇာကို အခြေပြုကာ ရန်ကုန်အရှေ့ပိုင်းလူမိုက်ဖြစ်လာသည်။
ဦးမြကျင်တပည့်ဖြစ်သော ယက္ခ နှင့် ကုလားလေးအုပ်စုတို့၏ ‌ဗားကရာချောက်ရိုက်ပွဲကြီးအပြီးတွင် ကုလားလေးအုပ်စုအရေးနိမ့်သွားခဲ့သည်။

မကြာမီ ကုလားလေးသည် ဘိန်းမှောင်ခိုမှုနှင့် အဖမ်းခံရကာ ရန်ကုန်ထောင်ကြီးသို့ ရောက်လာသည်။
ဦးမြကျင်ကား ရန်ကုန်အနောက်ပိုင်းတွင် ပြိုင်ဘက်မရှိ လူမိုက်ခေါင်းဆောင်ဖြစ်လာ၏။

နာဂျစ်အာရတ်နှင့် ဦးမြကျင်တို့၏ နောက်ကွယ်တွင် မဂျစ်ခန်း က ကြိုးကိုင်ထားသည်။

မဂျစ်ခန်းသည် ဦးလေးဖြစ်သူ တီလာမာမက်ခန် ကို ရွေးကောက်ပွဲဝင်ပြိုင်ကာ နိုင်ငံရေးသြဇာထူထောင် ခိုင်းသော်လည်း တီလာမာမက်ခန် မှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။

မဂျစ်ခန်းကား ဖခင်ဖြစ်သူ လက်ထက်ကကဲ့သို့ နိုင်ငံရေးအသိုက်အဝန်းထဲ တိုးဝင်ရန်ကြံစည်နေသော်လည်း လွတ်လပ်‌ရေးရကာစ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေချိန်ဖြစ်သဖြင့် မြန်မာလူမျိုးအများစုပါဝင်သော အစိုးရအဖွဲ့က မဂျစ်ခန်းနှင့် ဆက်ဆံရမည်ကို ရှောင်ရှားနေကြသည်။

ထို့ကြောင့် မြန်မာလူမျိုးဖြစ်သည့် ဦးမြကျင်ကို အသုံးချရန်ကြံစည်သော်လည်း ဦးမြကျင်မှာ တချိန်က ဒေါက်တာဘမော်လူဖြစ်ခဲ့သဖြင့် နိုင်ငံရေးသမားများကအကပ်မခံကြ။

နယ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊လက်နက်ကိုင်အမျိုးမျိုး၏ အခွန်အတုပ်များကြောင့် လူအများစုမှာ ရန်ကုန်သို့ ပြောင်း‌ရွှေ့လာသဖြင့် ရန်ကုန်သည် လူဦးရေ ထူထပ်သည်ထက် ထူထပ်လာသည်။
နိုင်ငံရေးအပြိုင်အဆိုင်များ၊ စစ်ရေးကိစ္စများကိုသာ ဦးစားပေးနေရသည့်အတွက် အလွန်သန့်ရှင်းခဲ့သော ရန်ကုန်မြို့ကြီးသည် ကျူးကျော်တဲတန်းများ၊ အမှိုက်ပုံများ၊ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည့်အဆောက်အဦးများ ဖြင့် ညစ်ပတ်သည့်မြို့ကြီး ဖြစ်စပြုလာသည်။

ထိုအခြေအနေတွင် မသောင်း၊ စံဘနှင့် ချောရင်တို့သည် ဂျပန်ခေတ်က မသောင်းစုဆောင်းထားသည်များနှင့် ကွယ်လွန်သူလမ်းမတော်ဦးဖိုးတုတ်ကတော် မသင်းမြထံမှ ငွေချေးကာ တရုတ်တန်း၊ (၁၈)လမ်းထိပ်တွင် “သောင်း” ပျော်ပွဲစားရုံကိုဖွင့်လှစ်လိုက်ကြသည်။
ဦးဖိုးတုတ်၏ ညီ ဦးဘသိန်းမှာမူ တစ်အိုးတစ်အိမ်ထူထောင်ပြီး လူမိုက်လောကနှင့် မပတ်သက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။

..................................................................................
၁၉၅၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။
ရန်ကုန်မြို့၊ ကန်တော်ကြီး ပုဏ္ဏားကုန်း ၊ ကျိုက္ကဆံလမ်းမထိပ်ရှိ အိုင်ဘီပီဓာတ်ဆီဆိုင် ကို လူငါးဦးက ခြောက်လုံးပြူးကိုယ်စီဖြင့် ဝင်ရောက်ကာ ငွေတစ်သိန်းကျော် ဓါးပြတိုက်သွားသည့် သတင်းကား တရုတ်တန်းရှိ ညနေခင်းစားသောက်ဆိုင်များဆီသို့ပင် ပျံ့နှံ့နေသည်။
မည်သည့်သတင်းဆိုးများ ကြားရပါစေ တရုတ်တန်းကား အခြေအနေမပျက်။

ခေတ်အဆက်ဆက်ပြောင်းခဲ့သော်လည်း တရုတ်တန်းကား စည်ကားမြဲ။

“သောင်း”ဘား သည် ဖွင့်လှစ်လိုက်သည်မှာ မကြာသေးသော်လည်း လူစည်ကားလာသည်။
မသောင်းသည် တချိန်က နာမည်ကျော်ဟိုတယ်မယ်ဖြစ်ခဲ့သည့်အလျောက် သောင်းဘားတွင်လည်း နယ်မှ အမျိုးသမီးငယ်များကို စားပွဲထိုးခန့်ထားသည်။

ချက်ပြုတ်ရေးနှင့် ဆိုင်၏ စီမံခန့်ခွဲရေးကို စံဘနှင့် ချောရင် ကတာဝန်ယူသည်။
ခါလေး သည် မိတ်ဆွေဖြစ်သူ စံဘရှိသော သောင်းဘား သို့ ညနေတိုင်းရောက်လာကာ ဝီစကီသောက်တတ်၏။
ခါလေး ကား ယခုအခါ သနပ်ဖက်ကုန်သည် ကျော်တင့် ဟု နာမည်ပြောင်းထားသည်။

တခါတရံ ခါလေး ခေါ် ကျော်တင့် နှင့်အတူ ထွန်းခင်၊ ဝင်းမောင်၊ မောင်တင်တို့ ပါလာတတ်သည်။ 
စံဘ၊မသောင်း၊ချောရင်တို့နှင့် ထိုအုပ်စုမှာ အချိန်တိုအတွင်း ရင်းနှီးသွားကြသည်။

ယနေ့ ည ညည့်နက်ချိန်တွင်လည်း ခါလေးတို့ အုပ်စု ရောက်လာကြသည်။

ထိုလူစုသည် နေ့လည်က နာမည်ကျော်ဓါတ်ဆီဆိုင်ဓါးပြမှုတွင် အဓိကပါဝင်လာကြသူများဟု စံဘတို့ မသိကြရှာ။
လုပ်ငန်းအစဥ်ပြေသဖြင့် ရှယ်ယာများခွဲဝေလာသည်ဟုဆိုကာ သောင်း ဘား၏ အပေါ်ထပ်တွင် အခန်းယူကာ စားသောက်ပွဲကျင်းပကြသည်။

ခါလေး၊ ထွန်းခင်၊ ဝင်းမောင်၊ မောင်တင်တို့ အပြင် အနှင်းနှင့် ဝင်း‌မောင်၏ ဇနီး မစိန်ရီတို့ လည်းပါလာကြ၏။
ထိုစားသောက်ပွဲပြီးလျှင် ခါလေးက စိန်ဓါးမြှောင်ခိုင်းလိုက်သည့်အတိုင်း ရင်ရင်၏ လှသိင်္ဂီဆိုင်သို့ ရွှေထည်ပစ္စည်းအချို့ သွားပို့ရမည်ဖြစ်သည်။

 ရင်ရင်ထံ အလည်သွားအိပ်ရန် အနှင်းနှင့် သုံးနှစ်သား ဧရာလေးတို့ ပါလာကြခြင်းဖြစ်သည်။
စျေးအကြီးဆုံးဖြစ်သည့် ဟန်းတားဝီစကီနှင့် အစားအသောက်များ မှာယူစားသောက်ကြသည်။
မိန်းမသားများက ဘီယာကို စမ်းသပ်သောက်ကြည့်ကြ၏။

ထိုအချိန်တွင် “သောင်း”ဘားထဲသို့ လူငါးဦး ဝင်လာပြီး ကောင်တာတွင် ထိုင်နေသော ချောရင် ထံ လျှောက်သွားသည်။
ထို့နောက် လူငါးဦးထဲမှ အသားမဲမဲ ဂင်တိုတိုဖြင့် ပုဆိုးတိုတိုဝန်ထားသူတစ်ယောက်က ချောရင်ကို တီးတိုးစကားပြောလိုက်သည်။

ချောရင်က ခေါင်းခါရင်း ရှင်းပြသည်။

“ဟာ..ဒီဖေလိုးမကတော့..ကောင်းကောင်းပြောတာ..မရဘူးလား”

ထိုသူအသံကကျယ်သွားသဖြင့် အခြားဝိုင်းများပင် စကားသံရပ်သွားကြသည်။

စံဘက ခါလေးတို့နှင့် ထိုင်နေရာမှ အောက်သို့ ပြေးဆင်းသွား၏။

“ဘာများဖြစ်လို့လဲခင်ဗျ”

“မင်းက ဘာကောင်လဲ..ဒီဆိုင်က ဘာလဲ”

“ကျွန်တော် ဒီဆိုင်ပိုင်ရှင်ထဲက တစ်ယောက်ပါ...ဒါကျွန်တော့်မိန်းမပါ.ဘာများဖြစ်လို့လဲ”

“ငါ့ကို ယက္ခအဖွဲ့ကပဲ..ငါ့နာမည် စိုးမြင့်လေး...မင်းတို့ ဆိုင်ကို ယက္ခ က အလှူခံခိုင်းလိုက်လို့..လာခံတာ”

“နေပါဦးဗျာ..ယက္ခအဖွဲ့ဆိုတာ ဦးမြကျင်လက်အောက်က မဟုတ်လား... ကျွန်တော်တို့ ဆိုင်က ဦးမြကျင်ကို လစဥ်ကြေးပေးထားတယ်လေ”

“ဟေ့ကောင်..လစဥ်ကြေးက သက်သက်ပဲကွ..အခုက ယက္ခကြီး ယောက္ခမအိမ်မှာ ရဟန်းခံရှင်ပြုရှိတယ်.. အဲ့ဒါ မင်းတို့ အရက်ဆိုင်တွေက ခွဲတမ်းထည့်ရမယ်လို့ ယက္ခကြီး မှာလိုက်လို့”

“ဟ..ဘာဆိုင်လဲကွ....သူ့ယောက္ခမရဟန်းခံတာ..ငါတို့နဲ့ ဘာဆိုင်လဲ..ပေးစရာရှိတာ မင်းတို့ကို ပေးထားပြီးပြီ.. လွန်မလာနဲ့လေကွာ..ငါလည်း တချိန်က မင်းတို့လောက က လာတာ။ ဒါသက်သက် စည်းဖောက်တာပဲကွ”

“နေပါဦး.. ငါတို့ကို မင်းတွေ ငါတွေနဲ့ ပြောရအောင် မင်းက ဘာကောင်လဲ..နှမလိုးရဲ့”

စိုးမြင့်လေးက စံဘ ပါးကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။

“ငါ့နာမည်..စံဘကွ”

စံဘက ပြောပြောဆိုဆိုနှင့် ဘေးနားမှ ဘီယာပုလင်း‌ေဖာ့စို့ ဖောက်တံကို ကိုင်ကာ စိုးမြင့်လေး၏ ပါးကို ပြန်စိုက်ချလိုက်သည်။

ရုတ်တရက္မို့ စိုးမြင့်လေးမှာ ကြောင်သွား၏။

ဖောက်တံမှာ စိုးမြင့်လေး၏ ပါးကို ဖောက်ကာ စိုက်ဝင်နေသည်။ စိုးမြင့်လေးမှာ ပါးကို ကိုင်ကာ နာကြင်လွန်းသဖြင့် အော်ဟစ်နေသည်။

စံဘက ဖောက်တံကို မလွှတ်ပဲ စိုးမြင့်လေး၏ လည်ပင်းကို ချုပ်ကာ ပါးချောင်ကို မွှေနေသည်။

ထိုအချိန်တွင် စိုးမြင့်လေးနှင့် ပါလာသူတစ်ယောက်မှာ သံတုတ်ဖြင့် စံဘကို ဝင်ရိုက်သည်။

စံဘ၏ ခေါင်းမှ သွေးများ ဖျာခနဲထွက်လာသည်။ စံဘက စိုးမြင့်လေးကို လွှတ်လိုက်ပြီး တုတ်ကိုင်ထားသည့် သူကို ဝင်လုံးလိုက်သည်။

ကျန်သူသုံးယောက်ကလည်း ဓါးမြှောင်ကိုယ်စီထုတ်လိုက်ကြသည်။ စံဘနှင့် တုတ်သမား လုံးထွေးနေသဖြင့် ဝင်ထိုးရန် အခွင့်မသာဖြစ်နေ၏။

ဆိုင်ထဲမှ လူအများထွက်ပြေးကုန်ပြီဖြစ်သည်။
ထိုအခြေအနေကို အပေါ်ထပ်မှ ခါလေးတို့ အုပ်စုက စောင့်ကြည့်နေကြသည်။

ခါလေး က ခါးကြားက သေနတ်ကို စမ်းလိုက်သဖြင့် ထွန်းခင်က ပေါင်ကို ဖိထားသည်။

“ငါတို့ဆီမှာ တိုက်ရာပါတွေပါတယ်နော်..ငါတို့ ဒီအချိန်မှာ ဘာပြဿနာမှဖြစ်လို့ မရဘူး...ခါလေး...”

ထိုအချိန်တွင်ပင် စံဘလက်ထဲသို့ တုတ်ရောက်သွားပြီး စံဘက အပေါ်စီးမှ ဖြစ်သွားသည်။
ဓားကိုင်ထားသူတစ်ဦးမှ စံဘကျောကုန်းကို နောက်မှ ကန်လိုက်ရာ စံဘမှာ ရှေ့သို့ ဟက်ထိုးကျသွား၏။

ဓါးသမားများက စံဘအနီးအုံလာချိန်တွင်...
“ခွေးသူခိုးတွေ...ငါ့ယောက်ျားကို ထိရဲထိကြည့်..နင်တို့ ဒီလောက္မိုက်နေလား”

နောက်မှ အသံကြောင့် လှည့်ကြည့်လိုက်ချိန်တွင်..ချောရင်က မီးဖိုမှ ထင်းချောင်းကြီးကို ကိုင်ကာ ပြေးဝင်လာသည်။

ထင်းချောင်းကြီးမှာ မီးထိုးလက်စဖြစ်သဖြင့် ထိပ်တွင် မီးခဲများ တရဲရဲနီနေသည်။

ရှေ့ဆုံးမှ လူ၏ မျက်နှာကို ထင်းချောင်းဖြင့် ရိုက်လိုက်ရာ ဖြောင်းခနဲ အသံထွက်လာပြီး မီးဖွာများ ဖွာခနဲထွက်သွားသည်။

စံဘနှင့်လုံးထွေးရင်း လဲကျနေသည့် တုတ်သမားက အနောက်မှ ထလာပြီး ချောရင် ၏ ကျောကုန်းကို အားဖြင့် ကန်ထည့်လိုက်ရာ ချောရင်မှာ ရှေ့သို့ လဲကျသွားသည်။

သို့သော် လက်ထဲမှ မီးတုတ်မှာ လွတ်မသွား။
ဓါးသမားနှစ်ဦးက စံဘကို ဓါးနဲ့ ထိုးရန် ဝိုင်းလိုက်ကြစဥ်၊ တုတ်သမားနှင့် ကျန်တစ်ဦးကလည်း ချောရင်ကို ဝိုင်းလိုက်ကြသည်။

ထိုအခြေအနေတွင် အနှင်းက ကလေးကို ကျောတွင် ပိုးလိုက်ပြီး သေချာတင်းတင်းချီလိုက်သည်။
ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး ခါလေး၏ ခါးကြားမှ ခြောက်လုံးပြူးကို ရုတ်တရက်ဆွဲယူကာ အောက်သို့ ပြေးဆင်းသွား၏။

“ဟိတ်ကောင်တွေ.အခုရပ်စမ်း.နင်တို့လူခေါင်းပွင့်သွားမယ်”

လူမိုက်လေးဦးက နောက်္မှအသံကြောင့် လှည့်ကြည့်လိုက်ကြသည်။

အမျိုးသမီးတစ်ဦး။
ထောင့်ကပ်ကာ လဲနေသော စိုးမြင့်လေး၏ နားထင်ကို ခြောက်လုံးပြူးဖြင့် ချိန်ထားသည်။

ကျောတွင်လည်း ကလေးတစ်ယောက်ကို စောင်ဖြင့် ပတ်သိုင်းထားသေး၏။

အနှင်း နောက်ကျောမှ ဧရာကလေးက တခစ်ခစ်ပင်ရယ်နေ‌ေသးသည်။

“ငါပြောနေတယ်..နင်တို့ လက်ထဲက ဓါးတွေချလိုက်ဆို”

အနှင်းက ပြောပြောဆိုဆိုနှင့် ဘားကိုမှီကာထိုင်နေသော စိုးမြင့်လေးပုခုံးကို ကန်ထည့်လိုက်ရာ စိုးမြင့်လေးမှာ လဲကျသွားသည်။

ထိုအချိန်တွင် ထွန်းခင်နှင့် ခါလေးတို့ ဆင်းလာ၏။
ထွန်းခင်က အိတ်ထဲမှ ခြောက်လုံးပြူးကို ထုတ်လိုက်ကာ စိုးမြင့်လေး၏ ပါးတွင်စိုက်နေသော ဘီယာဖောက်တံကို ထပ်တက်နင်းလိုက်သဖြင့် စိုးမြင့်လေး၏ အော်သံမှာ ကျယ်လောင်သွားသည်။

“ကဲ..အနှင်း..ငါ့သေနတ်ပေးဟာ”

ခါလေးက က အနှင်းလက်ထဲမှ သေနတ်ကို ယူလိုက်သည်။

“သွားသွား..ကလေးတစ်ဖက်နဲ့...အနောက်ပေါက််မှာ ကိုဝင်းမောင်တို့ ကား စောင့်နေတယ်... မရင်ဆီ သွားတော့..ငါတို့ နောက်က လိုက်ခဲ့မယ်”

အနှင်းက ခါလေးကို သေနတ်ပေးပြီး ထွက်သွားသည်။
ထွန်းခင်က စိုးမြင့်လေးကို နင်းထားသည့် ခြေထောက်ကို ဖယ်လိုက်ပြီး

“ဟိတ်ကောင်...တောခိုပြီးပြန်လာတဲ့ ကွန်မြူနစ်ဗိုလ်ကွ...မင်းတို့ တွေလောက်တော့ ဘယ်ဘက်မျက်လုံးတွေချည်း ကန်းအောင် ပစ်ပြလို့ရတယ်..သွားစမ်း..အခု ဒီဆိုင်ထဲကသွား..နောက်လည်း လာမနှောက်ယှက်နဲ့”

ခါလေးနှင့် ထွန်းခင် တွင် ခြောက်လုံးပြူးနှစ်လက်ပါနေသဖြင့် လူမိုက်များမှာ အားမတန်မာန်လျော့လိုက်ကြသည်။

သူတို့ဆရာဖြစ်သူ စိုးမြင့်လေးကို တွဲထူကာ ထသွားရန်ပြင်သည်။
ဆိုင်ပေါက်သို့ ရောက်ခါနီးတွင် စံဘက နောက်ကလိုက်သွား၏။

“ဟေ့ကောင်တွေ..ခဏနေကြဦး”
လူမိုက္များ က စံဘကို မျက္မှောင်ကြုံ့ကြည့်လိုက်သည်။

ခါလေးနှင့် ထွန်းခင်က သေနတ်ကိုယ်စီကိုင်ကာ ရှေ့တိုးလာသဖြင့် ရပ်ပေးလိုက်ကြ၏။

စံဘက စိုးမြင့်လေးနားသို့ သွားကာ စိုးမြင့်လေးခေါင်းကို ဘယ်ဘက်ဖြင့်ကိုင်ပြီး ပါးတွင် စိုက်ဝင်နေသည့် ဘီယာဖောက်တန်ကို ညာလက်ဖြင့် အားစိုက်ကာ ဆွဲနှုတ်ယူလိုက်သည်။

“ဒါ ငါ့ဆိုင်က ဖောက်တံကွ...မင်းတို့ ယူသွားလို့မရဘူး”

စိုးမြင့်လေး၏ ပါးပြင်မှ သွေးများရွှဲခနဲထွက်လာပြီး တအီးအီးအသံသာ ထွက်နိုင်တော့သည်။
....................................................................................
စိုးမြင့်လေးတို့အုပ်စု ထွက်သွားပြီးသည့်နောက် ရဲကားများရောက်လာကြသည်။

စံဘတို့ စတင်ပြဿနာဖြစ်စဥ်တွင်ပင် မသောင်းက လသာဌာနသို့ သွားအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“သေနတ်နဲ့လူတွေပါ ပါတယ်လို့ ကြားတယ်..အဲ့ဒါ ဘယ်သူတွေလဲ”

လသာဌာနအုပ် ကိုဘတင် က စံဘကို မေးသည်။

“စစ်ဗိုလ်တွေထင်ပါရဲ့..တခါမှတော့မမြင်ဖူးပါဘူး..ဒီအပေါ်ထပ်မှာ..ဒီနေ့မှ လာသောက်ကြတာ”

“သေနတ်ကိုင်တဲ့အထဲ အမျိုးသမီးလည်းပါတယ်တဲ့...ဒီစာပွဲထိုးမလေးက ပြောတာ”

“‌ဟုတ်တယ်..ဗိုလ်ကတော်ထင်ပါရဲ့ဗျာ..ပါလာတာ..ကျွန်တော်တို့ အချခံနေရတော့ မခံနိုင်တာနဲ့ ဝင်ရှင်းတာပါ..တကယ်သတ္တိကောင်းတဲ့ စစ်ဗိုလ်ကတော်ပေါ့”

စစ်တပ်က ဆိုသဖြင့် ရဲဌာနအုပ်မှာ ဆက်မေးမြန်းခြင်းမပြုတော့ပေ။

ထိုအချိန်တွင် အပေါ်ထပ် သီးသန့်အခန်းတွင် ခါလေးနှင့် ထွန်းခင်မှာ ခြောက်လုံးပြူးသေနတ်များကို ရှေ့ချလျက် ကျန်သေးသော ဟန်းတားဝီစကီကို ငါးရံ့ ဆံပြုတ်နှင့် မြည်းနေကြလေသည်။

သူတို့ဘေးတွင် ချောရင်က ထိုင်နေ၏။

“ကျေးဇူးတင်ပါတယ်..ကိုခါလေး...ကျွန်မတို့ကို ကူညီတာ နှစ်ခါရှိပြီ...ဒါနဲ့..ဟိုအမက ဘယ်သူလဲဟင်”

“အနှင်းတဲ့..မချောရင်...”

“သူက သတ္တိရှိတယ်နော်..ကလေးကို ကျောပိုးပြီး သေနတ်တစ်လက်နဲ့ ဆင်းချလာတာ...ကျွန်မဖြင့် ရင်ကို တုန်သွားတာပဲ”

ခါလေးနှင့် ထွန်းခင် က ရယ်လိုက်သည်။

“ဒါနဲ့ အဲ့ဒီလူတွေက ဘယ်သူတွေလဲ မချောရင်”

“သူတို့က ဒီတရုတ်တန်းလူမိုက် အရှုပ် ရဲ့ တပည့်တွေပေါ့။ အရှုပ်က သူကိုယ်သူ ယက္ခလို့လည်း ပေးထားသေးတာ”

“အင်း..ဒီတစ်ခါတော့ ဒီလူမိုက်တွေ နောင်ကြဉ်သွားလောက်ပါပြီ”

“မထင်ပါဘူး..ကိုခါလေးရယ်...သူတို့နောက်မှာ ဦးမြကျင်ဆိုတဲ့ လူမိုက်ကြီးလည်းရှိသေးတယ်”

“သူတို့ဟာ သူတို့မိုက်ကြပေါ့..ဘာကိစ္စ ဒီဆိုင်လာကြတာလဲ”

“မဟုတ်ဘူး..ဒီမှာက ထုံးစံအရ အပိုင်လူမိုက်တွေကို အရက်ဘားတွေ၊ ဆိုင်တွေက လစဥ်ကြေး ပေးကြရတယ်”

“ဟင်..ဘာလို့လဲ”

“မပေးရင် ဒီဆိုင်တွေမှာ သူတို့လူတွေက အမြဲပြဿနာလာရှာတယ်...စားသုံးသူတွေကို ပြဿနာရှာတော့..လူသိပ်မဝင် စီးပွားပျက်တာပေါ့.. သူတို့ပြောတာကတော့ စောင့်ရှောက်ပေးတယ်ပေါ့”

“သြော်..ဒီလိုလား..အဆန်းပဲဟ”

“ကိုခါလေးတို့ကတော့ နယ်ကလာတဲ့သူတွေ ဘယ်သိမှာလဲ..ကိုစံဘ လည်း တချိန်က လူမိုက်ပဲ”

“ဟင်..ဟုတ်လား”

“ဟုတ်တယ်...ကိုစံဘ အကိုက လမ်းမတော်ဖိုးတုတ်လေ..တချိန်က ဒီရန်ကုန်မှာ ထိပ်သီးပဲ”

“အင်း..ဒါကြောင့် ဟိုတုန်းက ဗားဂရာမှာ သူ့ကို သတ်ဖို့လုပ်ကြတာကိုး”

“ဟုတ်တယ်..ကိုခါလေး..အခုလည်း ယက္ခလူတွေ မကြာခင် ကျွန်မတို့ဆီ အနှေးနဲ့ အမြန်ပြန်လာကြတော့မှာပဲ၊ ဦးမြကျင်ပါ ပါလာရင်တော့ ရှင်းရခက်မယ်..ကိုစံဘနဲ့သူက နဂိုကတည်းက ရန်ညှိးရန်စရှိတယ်”

ထိုအချိန်တွင် ရဲများပြန်သွားသဖြင့် စံဘနှင့် မသောင်း အပေါ်ထပ်အခန်းသို့ ဝင်လာသည်။

“စံဘ ဘာဖြစ်သွားသေးလဲ”

“နည်းနည်းပါးပါး ထိတာပါ..ခါ‌လေး..ကျေးဇူးပါကွာ”

“ငါတို့ ကိစ္စ ရဲတွေကို ဘယ်လိုဖြေလိုက်လဲ”

“စစ်တပ်ကထင်တယ်လို့ပြောလိုက်တယ်...အခုနေခါက စစ်တပ်နဲ့ပဲ ဖြဲချောက်ရတာပေါ့”

“အေး..တော်သေးတယ်ကွာ”

“ဒါနဲ့..ခါလေး..ပြည်သူ့အရံတပ်ဖွဲ့လည်း မရှိတော့တာကြာပါပြီ..မင်းတို့လက်ထဲက သေနတ်တွေက..ဘယ်ကရတာလဲ”

ခါလေးနှင့် ထွန်းခင်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

“ဒီလိုပဲ ငါတို့က သနပ်ဖက်ကိစ္စနဲ့ ခရီးတွေသွားရတော့ လိုရမယ်ရ ဆောင်ထားကြတာပါ”

“အေးကွာ..ငါလဲတစ်လက်လောက် လိုချင်လို့..သိပ်မကြာခင် ဦးမြကျင်နဲ့ ငါနဲ့ သူသေကိုယ်သေ သတ်ရတော့မှာ”

ချောရင် က စားပွဲပေါ်မှ ခြောက်လုံးပြူးနှစ်လက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ခက်ဇော်

The Guys From Mandalay,1950s
                            အခန္း(၂၁)
                            ..................

“ကိုေအာင္သန္းေရ..ကြၽန္ေတာ္တို႔ ေတာ့ ဒီေ႐ြးေကာက္ပြဲမွာ အေသအခ်ာရႈံးမွာပါပဲ..ညက မဲ႐ုံေတြ အေဖာက္ခံရတယ္။ တခ်ိဳ႕မဲ႐ုံေတြလည္း ဓါးျပဝင္တိုက္သလိုကို ျဖစ္တာ။ မ်က္ႏွာအဝတ္စည္းထားၿပီး ေသနတ္ကိုင္ထားတဲ့သူေတြပဲ။ မဲ႐ုံေစာင့္ေတြကို အျပင္ထြက္ထိုင္ခိုင္းထားၿပီး အထဲမွာ ဘာေတြလုပ္ေနမွန္းမသိဘူး။ ဒီအေၾကာင္းျပန္ေျပာရင္ အိမ္အထိ လာသတ္မယ္ဆိုလို႔ မဲ႐ုံကိုယ္စားလွယ္ေတြလည္း တခြန္းေတာင္မဟရဲေတာ့ဘူး။ ဖဆပလေတာ့ မဲေတြခိုးၿပီထင္တယ္။ မဲေရတြက္ရင္ ကြၽန္ေတာ့္ သြားမၾကည့္ေတာ့ဘူး”

ျပည္သူ႔ဒီမိုကေရစီတပ္ေပါင္းစု မွ ရဲေဘာ္ဝါအမတ္ ဗိုလ္ထြန္းေအာင္ ၏ ဖုန္းျဖင့္ ေျပာၾကားမႈေၾကာင့္ လမ္းမေတာ္အမတ္ေလာင္း ဦးေအာင္သန္း ေတြေဝသြားသည္။

“ေကာလဟလေတြေနမွာပါ.ဗိုလ္ထြန္းေအာင္..ႏိုင္ငံေရးသမားေတြအေနနဲ႔ ဒီေလာက္ေတာ့ ညစ္ပတ္မယ္မထင္ဘူး။ ဖဆပလ ကို အဲ့ဒီေလာက္အထင္မေသးပါနဲ႔ဗ်ာ။ မဲေရတြက္တဲ့ေန႔ေတာ့ ကြၽန္ေတာ္တို႔ သြားၾကည့္ျဖစ္ေအာင္  ၾကည့္ရမယ္”

၁၉၅၁ ဇြန္လ ၁၈ ရက္ေန႔တြင္ မဲေရတြက္သည့္ ေကာလိတ္ေတာ္႐ုံသို႔ ဦေအာင္သန္းႏွင့္အတူ ျပည္သူ႔ဒီမိုကေရစီတပ္ေပါင္းစုမွ အမတ္ေလာင္းမ်ားသြားေရာက္ကာ မဲေရတြက္သည္ကို ၾကည့္ၾကသည္။

အခ်ိဳ႕ေသာမဲပုံးမ်ားမွာ ခ်ည္ထားေသာႀကိဳးမ်ားျပတ္လ်က္၊ မဲပုံးတြင္ ပိတ္သည့္ ခ်ိတ္မ်ား ကြာလ်က္ရွိသည္ကို‌ ေတြ႕ရသည္။

မဲမ်ားေရတြက္ၾကေသာအခါ လမ္းမေတာ္မဲဆႏၵနယ္တြင္ သခင္ႏုက ပထမ၊ ဦးေအာင္သန္းက ဒုတိယ၊ ေအာ္မ်ိဳးရႉးက တတိယ၊ ဦးဘေသာ္က စတုတၳႏွင့္ တီလာမာမက္ ခန္း က (၁၁) မဲသာ ရရွိသည္။

မာမက္ ခန္း  မွာ မက္စတီးခန္း၏ ညီဝမ္းကြဲျဖစ္ၿပီး မဂ်စ္ခန္း၏ ဦးေလးေတာ္သူျဖစ္သည္။

ေအာ္မ်ိဳးရႉး ဘက္က ထည့္ထားေသာ မဲမွာ လူ (၈၀)တိတိရွိေၾကာင္း ထည့္သူမ်ားကိုယ္တိုင္က သက္ေသျပခဲ့ေသာ္လည္း ေအာ္မ်ိဳးရႉး၏ မဲပုံးတြင္ (၁၆)မဲသာ ေတြ႕ရသျဖင့္ မဲခိုးခံခဲ့ရေၾကာင္း ဦးေအာင္သန္း လက္ခံသြားခဲ့သည္။

ရန္ကုန္မဲဆႏၵနယ္တြင္သာမက နယ္မ်ားတြင္လည္း အေျခအေနက ပိုမိုဆိုး႐ြားခဲ့၏။

ျပည္သူ႔ဒီမိုကေရစီတပ္ေပါင္းစုမွေမာ္လၿမိဳင္အမတ္ေလာင္း ကိုဘဆက္ ဆိုသူအား ေ႐ြးေကာက္ပြဲမဲမေရတြက္မီတြင္ ယူနီေဖာင္းဝတ္လက္နက္ကိုင္မ်ားက လာေရာက္ေခၚေဆာင္သြားၿပီးေနာက္ ျပန္မလာေတာ့ေခ်။

မိတၳီလာခ႐ိုင္တြင္ ျပည္သူ႔ၿငိမ္းခ်မ္းေရးအဖြဲ႕ေပါင္းစုံမွ အမတ္ေလာင္း သခင္ေ႐ႊ မွာ ဒုတိယအသုတ္ေ႐ြးေကာက္ပြဲမတိုင္မီ ဓါးျဖင့္ အပိုင္းပိုင္းခုတ္သတ္ျခင္း ခံခဲ့ရၿပီး လက္သည္မေပၚခဲ့။

နတ္ေမာက္အေရွ႕ပိုင္းမွ အမတ္ေလာင္းကိုေက်ာ္ေခါင္မွာ မည္သည့္အေၾကာင္းေၾကာင့္မသိ အမတ္ေလာင္းအျဖစ္မွ ႏႈတ္ထြက္လိုက္သျဖင့္ ဒုတိယအသုတ္ေ႐ြးေကာက္ပြဲမဲဆႏၵမေပးရမီတြင္ပင္ ဖဆပလ က ၿပိဳင္ဘက္မရွိႏိုင္သြားခဲ့သည္။

ေ႐ြးေကာက္ပြဲမ်ားကို ၁၉၅၁ ဇြန္လ မွ ၁၉၅၂ ေဖ‌ေဖာ္ဝါရီလအထိ (၃)သုတ္ခြဲက်င္းပခဲ့သည္။

၁၉၅၂ ဇန္နဝါရီ ၂ဝ တြင္ ေ႐ြးေကာက္ပြဲရလာဒ္မ်ားကို ထုတ္ျပန္ရာ ဖဆပလအဖြဲ႕ခ်ဳပ္က ၁၈၀ ေနရာျဖင့္ မဲအမ်ားဆုံးရရွိၿပီး အစိုးရဖြဲ႕ႏိုင္ခဲ့သည္။

ေ႐ြးေကာက္ပြဲအၿပီး ၁၉၅၂ မတ္လ ၁၆ ရက္ေန႔တြင္ ဝန္ႀကီးခ်ဳပ္ဦးႏု ဦးေဆာင္သည့္ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းႏိုင္ခဲ့သည္။

၁၉၅၂ မတ္လ ၂ဝ ရက္။
ဆိုရွယ္လစ္ပါတီ ႐ုံးခ်ဳပ္ထဲသို႔ စိန္ဓါးေျမႇာင္ဝင္လာသည္။
နံသာေရာင္ေခါင္းေပါင္းႏွင့္ နံသာေရာင္တိုက္ပုံကို ဝတ္ဆင္ထားၿပီး ေဆးဆရာမ်ားလြယ္တတ္သည့္ လြယ္အိတ္ႀကီးကိုလည္း လြယ္ထား၏။

“သခင္သိန္း နဲ႔ ေတြ႕ခ်င္လို႔ပါ..သမားေတာ္ ဆရာသိန္း လာတယ္လို႔ ေျပာေပးပါ”

႐ုံးေစလုလင္ က အထဲသို႔ ဝင္သြားသည္။
ခဏအၾကာတြင္ ျပန္ထြက္လာ၏။

“သခင္သိန္း အလုပ္ေတြရႈပ္ေနလို႔..ေနာက္ရက္မွ လာေတြ႕ပါတဲ့”

“..ဟုတ္ကဲ့လား..ဒါဆို..ဒီအဝတ္ထုတ္ထဲက ဟာေလး သြားျပလိုက္ပါ..ကြၽန္ေတာ္ ဒီကပဲ ထိုင္ေစာင့္ပါ့မယ္”

႐ုံးေစလုလင္ ျပန္ဝင္သြားၿပီးေနာက္ ျပာျပာသလဲျဖင့္ ျပန္ထြက္လာသည္။

“သခင္သိန္းက ဝင္ခဲ့ပါတဲ့..ခင္ဗ်..ဒီဘက္က အခန္းပါ”

စိန္ဓါးေျမႇာင္က ၿပဳံးလိုက္ၿပီး သခင္သိန္း၏ အခန္းတြင္း ဝင္လိုက္သည္။

“.ဆရာသိန္း..ထိုင္ပါ..ထိုင္ပါ”

သခင္သိန္းက စိန္ဓါးေျမႇာင္ကို ထိုင္ခိုင္းၿပီးေနာက္ အခန္းတံခါးမႀကီးကို ထပိတ္လိုက္သည္။

ထို႔ေနာက္

“ဒါက ဘာသေဘာလဲဗ်...ခင္ဗ်ားဘာသေဘာနဲ႔ ဒါေတြကို ယူထားတာတုန္း”

သခင္သိန္းက စားပြဲေပၚတြင္တင္ထားေသာ စိန္ဓါးေျမႇာင္ေပးလိုက္သည့္ အထုတ္ကို ပစ္ေပးလိုက္သည္။

အထုတ္ထဲတြင္ရွိသည္က ေ႐ြးေကာက္ပြဲအတြင္း မဲပုံမ်ားထဲမွ ခိုးထားသည့္ မဲဆႏၵကဒ္ျပားတစ္ခု။

လမ္းမေတာ္ၿမိဳ႕နယ္ဆိုသည့္ စည္းတံဆိပ္႐ိုက္ႏွိပ္ထားသည္။

စိန္ဓါးေျမႇာင္က ၿပဳံးလိုက္သည္။

“ခင္ဗ်ားတို႔ ခိုးခိုင္းထားတဲ့မဲေတြေလ...အဲဒါကို ကြၽန္ေတာ္က ျပန္ခိုးထားတာဘာျဖစ္တုန္း..သခင္သိန္းရ”

“အင္းေလ..ဒီမဲျပားေတြကို ခင္ဗ်ား ဘာသေဘာနဲ႔ သိမ္းထားတာလဲ”

“ဒါေတာင္ သေဘာမေပါက္ဘူး..သခင္သိန္းရယ္...ဒီမယ္ အခုေတာင္ ကြၽန္ေတာ္ဒီအခန္းထဲ ဘယ္လိုဝင္လာရသလဲ..ဒီ မဲေလးျပၿပီး ဝင္လာရတာမဟုတ္လား”

“မင္းကြာ..မင္း”

“ကဲ..စိတ္ကိုေလွ်ာ့ဗ်..ကြၽန္ေတာ့္မွာ ဒါမ်ိဳး မဲေတြ အမ်ားႀကီးရွိေသးတယ္..ဒါမ်ိဳးေလးတစ္ခု သတင္းစာဆရာေတြလက္ထဲ ေရာက္သြားလို႔ကေတာ့ဗ်ာ..ဟဲဟဲ”

“အဲ့ဒီက် မင္းလည္း မဲပုံးေဖာကၼႈနဲ႔ ေထာင္က်မွာပဲကြ၊ ေအးအဲ့ဒီမတိုင္ခင္ ဦးေက်ာ္သိန္းအိမ္ဓါးျပမႈနဲ႔ မင္းကို ျပန္ဖမ္းပစ္မယ္”

“ေၾသာ္..သခင္သိန္းႏွယ့္..ကြၽန္ေတာ္က အစကတည္းက ေတာပုန္းဓါးျပပဲ...အခုလို လက္နက္ကိုင္ေပါင္းစုံ ပတ္လည္ဝိုင္းေနတဲ့ကာလထဲ ကြၽန္ေတာ့္အတြက္ ေျပးစရာေျမမရွားပါဘူး..ခင္ဗ်ားတို႔သာ.ဒီမဲျပားေလးတစ္ျပား  သတင္းစာေတြလက္ထဲေရာက္သြားရင္.. အစိုးရအျဖစ္က ျပန္ျပဳတ္သြားမယ္”

သခင္သိန္းက ထိုင္ခုံကို ေစာင့္ဆြဲကာ ထိုင္လိုက္သည္။

“ဒီမယ္..ခင္ဗ်ားနဲ႔ က်ဳပ္တို႔ အေပးအယူက ၿပီးၿပီေလ..ခင္ဗ်ားဘာလို႔ ဒီအထိလိုက္လာတာလဲ..ေျပာ”

“အကူအညီတစ္ခုေတာင္းခ်င္လို႔ပါဗ်ာ”

“ဘာကူညီရမွာလဲ.”

“ကြၽန္ေတာ္ ေဆးလိပ္ခုံေလး တစ္ခုံေလာက္ေထာင္ခ်င္တာဗ်ာ..အဲ့ဒါ ဖဆပလက ေထာက္ခံခ်က္ေလးနဲ႔ဆို ပိုေကာင္းမလားလို႔”

“ဘာဆိုင္လဲ...ေဆးလိပ္ခုံေထာင္ခ်င္တာ ေထာင္ေပါ့..ဘာကို ဖဆပလေထာက္ခံခ်က္ေတာင္းေနတာလဲ”

“‌‌ဒီလိုပါ...ခုေနခါ ခင္ဗ်ားတို႔ အစိုးရက ျပည္သူပိုင္ေတြလိုက္လုပ္ေနတယ္မဟုတ္လား..သနပ္ဖက္တင္ပို႔ခြင့္ေတြလည္း ကန႔္သတ္တဲ့အသံၾကားတယ္..ဒီေတာ့.ခင္ဗ်ားတို႔ ဖဆပလခပ္ႀကီးႀကီးတစ္ေယာက္ဆီက သနပ္ဖက္ဝယ္ယူခြင့္နဲ႔ သယ္ေဆာင္ခြင့္ လက္မွတ္လိုခ်င္တာ..အဲ့ဒါ”

“ခင္ဗ်ားဟာက ဘာလဲဗ်”

“ေအာ္..ဘာမွမဟုတ္ဘူး..တရားဝင္စာထုတ္ဖို႔လည္းမလိုပါဘူး...ယခု သနပ္ဖက္မ်ားသည္ ေဆးလိပ္ခုံလုပ္ငန္း အတြက္ တပိုင္တႏိုင္သယ္ယူျခင္းျဖစ္သျဖင့္ ခြင့္ျပဳေပးပါရန္ ပုံ ဘယ္သူ ဆိုၿပီး ခင္ဗ်ားတို႔ အစိုးရထဲက တစ္ေယာက္ေယာက္လကၼွတ္နဲ႔ ဆို အဆင္ေျပတာေပါ့ဗ်ာ”

“ခက္တာပဲ...အစိုးရလူႀကီးေတြ နာမည္ကို အလြဲသုံးစားလုပ္သလိုျဖစ္ေနမွာေပါ့”

“ေအာင္မယ္..ခင္ဗ်ားတို႔က ျပည္သူေတြထည့္တဲ့ မဲက်အလြဲသုံးစားလုပ္ခိုးခိုင္းတုန္းကေတာ့ ေကာင္းတယ္ေပါ့...”

“ေတာ္..ေတာ္ဗ်ာ..အဲ့ကိစၥႀကီးကို စကားထဲ ထည့္မေျပာပါနဲ႔”

“ဒါဆိုလည္း လုပ္ေပးလိုက္ေလ..ခင္ဗ်ားဆရာ ဦးေက်ာ္ၿငိမ္း လကၼွတ္ေလာက္နဲ႔ဆို ၿပီးပါတယ္ဗ်”

“က်ဳပ္က အခု လယ္ယာျပည္သူပိုင္ျပဳလုပ္ေရးမွာ အတြင္းဝန္ျဖစ္ေနၿပီ..က်ဳပ္လက္မွတ္နဲ႔ပဲ လုပ္ေပးလိုက္မယ္”

“အတြင္းဝန္ေတာင္ျဖစ္ၿပီလား..အတြင္းဝန္မင္းလက္မွတ္နဲ႔ဆိုရင္ေတာ့...အဆင္ေျပေလာက္ပါရဲ႕ဗ်ာ”
သခင္သိန္းက စာ႐ြက္တစ္႐ြက္ယူလာၿပီး စာတစ္ေစာင္‌ေရးသည္။

“ဒီမွာဖတ္ၾကည့္..ပုဂၢိဳလ္ေရးသေဘာနဲ႔ပဲ ေရးေပးထားတယ္..အဆင္ေျပလား”

စိန္ဓါးေျမႇာင္က စာကို ယူဖတ္ၾကည့္လိုက္သည္။

“ကြၽႏ္ုပ္၏ မိတ္ေဆြ ဆိုတဲ့ေနရာမွာ ကြၽႏ္ုပ္၏ ေက်းဇူးရွင္ဆရာႀကီး ဆရာသိန္း ဆိုၿပီး ေရးပါလား”

သခင္သိန္းက အံကို ႀကိတ္လိုက္သည္။

“လုပ္ပါဗ်..ဟဲဟဲ..ခင္ဗ်ားအတြင္းဝန္ျဖစ္ဖို႔အေရး၊ သခင္ႏုဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔အေရး ကြၽန္ေတာ့္အဖြဲ႕ေတြ ဘယ္ေလာက္ ပင္ပန္းခဲ့တယ္မွတ္လဲ။ ကြၽန္ေတာ့္တပည့္ ဝါဆိုနဲ႔ ဝါပိုဆို မိတၳီလာမွာ ပါဏာတိပါတာကံကိုပါ က်ဴးလြန္ရေသးတာ၊ငရဲႀကီးတယ္ဗ်”

သခင္သိန္းက စာ႐ြက္ကို ဆုတ္ၿဖဲၿပီး အသစ္ျပန္‌ေရးေပးသည္။

ထို႔ေနာက္ တံဆိပ္တုံးထုကာလကၼွတ္ထိုးေပးလိုက္၏။

“ကဲ...သြားလိုက္ပါဦးမယ္..အတြင္းဝန္မင္း..ေနာက္လည္း ကိစၥရွိရင္ လာခဲ့ပါဦးမယ္”

စိန္ဓါးေျမႇာင္က စာ႐ြက္ကို ေသခ်ာေခါက္ကာအိတ္ထဲထည့္ၿပီး ထရန္ျပင္လိုက္သည္။

“ေနပါဦး..စိန္ဓါးေျမႇာင္”

“ဘာမ်ားရွိေသးလို႔တုန္း..သခင္သိန္း”

“ခင္‌ဗ်ား တကယ္ပဲ..ေကာင္းေရာင္းေကာင္းဝယ္လုပ္ေတာ့မယ္ေပါ့”

“ဘယ္သူေျပာတုန္းဗ်”

“ခုနပဲေဆးလိပ္ခုံ‌ေထာင္မယ္ဆို”

“ဟား..ဟား..ျဖစ္ရမယ္ဗ်ာ....ဓါးျပတိုက္လို႔ေတာင္မဝေသးဘူး”

စိန္ဓါးေျမႇာင္က သခင္သိန္းကို အားပါးတရၿပဳံးျပကာ ထြက္သြား၏။
..........................................................................

၁၉၅၂ ျပည္ေတာ္သာေခတ္အစပိုင္းကာလမ်ား။

ေ႐ြးေကာက္ပြဲမ်ားအၿပီးတြင္ ဦးႏု သည္ ဝန္ႀကီးခ်ဳပ္ျဖစ္လာၿပီး သူ၏အစိုးရအဖြဲ႕ကို ဝန္ႀကီး (၂၁)ဦးျဖင့္ ဖြဲ႕စည္းခဲ့သည္။

 ဦးႏုအစိုးရသစ္က တည္တံ့ခိုင္ၿမဲေရးမွ ျပည္ေတာ္သာသို႔ ဟူသည့္ ေႂကြးေၾကာ္သံကို ခ်မွတ္ခဲ့သည္။

ဦးႏုက ျပည္တြင္းစစ္မျဖစ္ပဲ အလုပ္လုပ္ခြင့္ရမည္ဆိုလွ်င္ မိသားစုတိုင္း အိမ္တစ္ေဆာင္၊ ကားတစီး၊ လစဥ္ဝင္ေငြ ၈၀၀ က်ပ္ရေအာင္လုပ္ေပးႏိုင္သည္အထိ ခ်မ္းသာေသာႏိုင္ငံျဖစ္ေစမည္ဟု ကတိေပးခဲ့သည္။
စိန္ဓါးေျမႇာင္သည္လည္း ရန္ကုန္သား ဝင္းေမာင္၊ ေမာင္တင္တို႔ အကူအညီျဖင့္ ရန္ကုန္တြင္ သူ႔အဖြဲ႕သစ္ကို စတင္ထူေထာင္လာသည္။

စိန္ဓါးေျမႇာင္က ပိုလို ေဆးလိပ္ခုံတံဆိပ္ ေဆးေပါ့လိပ္လုပ္ငန္းကို ေမာင္တင္၏ အိမ္တြင္ ထူေထာင္ၿပီး သနပ္ဖက္မ်ား သယ္ယူေရးတြင္ ဝင္းေမာင္ႏွင့္ ခါေလးကို တာဝန္ေပးခဲ့သည္။

ဝင္းေမာင္ႏွင့္ ခါေလးသည္ ပဲခူးဘက္မွ ငန္းနက္၊ င႐ုတ္သီးဘရင္တို႔ျဖင့္ ခ်ိတ္ဆက္ကာ သနပ္ဖက္ျခင္းမ်ားထဲတြင္ လက္နက္မ်ား ခိုးဝွက္သယ္ေဆာင္ကာ ရန္ကုန္တြင္းသို႔ သြင္းၾကသည္။

အတြင္းဝန္သခင္သိန္းလက္မွတ္ပါရွိေသာ စာေၾကာင့္ စစ္ေဆးေရးမ်ား မွလြတ္ကင္းခြင့္ရရွိခဲ့သည္။

မၾကာမီ ရန္ကုန္ၿမိဳ႕တြင္း ဓါးျပမႈမ်ားျပန္လည္ေပၚေပါက္လာခဲ့ၿပီး အင္းစိန္ေငြတိုက္ဓါးျပမႈ၊ ရန္ကုန္ က်ိဳကၠဆံ ျမင္းေလာင္း႐ုံအတြင္း ဝင္ေရာက္ဓါးျပတိုက္မႈမ်ားအထိ ျဖစ္ေပၚလာၾကသည္။

ေရနံေခ်ာင္းတြင္ရွိေနေသာ ထြန္းခင္ သည္ အလံနီဗိုလ္အျဖစ္မွ ေနာက္လိုက္(၃၀)ဦးႏွင့္အတူ အလင္းဝင္လာခဲ့ၿပီး ထြန္းခင္ ၊ ရင္ရင္ တို႔မိသားစုသည္ ရန္ကုန္သို႔ လိုက္လာကာ ပူးေပါင္းၾကသည္။

စိန္ဓါးေျမႇာင္က ေအာက္ပုဇြန္ေတာင္လမ္းတြင္ လွသိဂႌအမည္ျဖင့္ ဆံပင္ညႇပ္ဆိုင္တစ္ဆိုင္ဖြင့္ၿပီး ရင္ရင့္ကို ပိုင္ရွင္အျဖစ္ ဦးစီးေစသည္။
လွသိဂႌဆံပင္ညႇပ္ဆိုင္သည္ စိန္ဓါးေျမႇာင္၏ အမ်ိဳးသမီးအဖြဲ႕အေျချပဳရာေနရာတစ္ခုျဖစ္လာၿပီး တိုက္ရာပါပစၥည္းမ်ား သိုဝွက္၊ ထုခြဲရာေနရာလည္းျဖစ္လာသည္။

စိန္ဓါးေျမႇာင္ကား ေဆးဆရာႀကီးဆရာသိန္းအျဖစ္ တိုင္းရင္းေဆးဆရာမ်ားအဖြဲ႕ခ်ဳပ္တြင္ ဗဟိုေကာ္မတီဝင္ ျဖစ္လာသည္။

ေဆးဆရာႀကီးဆရာသိန္းသည္ ရန္ကုန္ၿမိဳ႕၊ ခုႏွစ္မိုင္အနီးတြင္ ၿခံက်ယ္ႀကီးတစ္ၿခံဝယ္ယူထားၿပီး တစ္ခါတစ္ရံ ထိုၿခံထဲတြင္ ေလးငါးရက္ခန႔္ တံခါးပိတ္ကာ တပည့္မ်ားႏွင့္အတူ အဂၢိရိတ္ထိုးေနေလ့ရွိသည္ဟု ဆရာသိန္းကို ၾကည္ညိဳသူမ်ားကသိထားၾကသည္။

ရန္ကုန္ၿမိဳ႕တြင္ ဓါးျပမႈႀကီးႀကီးမားမ်ားျဖစ္ၿပီးသည့္ရက္မ်ားႏွင့္ ဆရာသိန္းအဂၢိရိတ္ထားသည့္ရက္ မွာတိုက္ဆိုင္ေနတတ္သည္ကို ပုလိပ္အဖြဲ႕က သတိမထားမိၾက။

အမွန္တကယ္တမ္းတြင္ စိန္ဓါးေျမႇာင္မွာ အဂၢိရိတ္ထိုးသည္ဟုဆိုကာ တိုက္ရာပါ‌ေ႐ႊမ်ားကို ထိုၿခံထဲတြင္ အရည္ႀကိဳပစ္ေနျခင္းသာျဖစ္သည္။

ဂႏၶမာေသာင္းရီကား ရန္ကုန္ေထာင္ႀကီးတြင္ အက်ဥ္းသားအရာရွိမ်ားထဲ အႀကီးဆုံးျဖစ္သည့္ ေျခာက္ေထာင္ပိုင္သံေဒ ျဖစ္လာသည္။

ထြန္းရင္မွာ ၁၂ မွတ္ရ ဘာရာျဖစ္လာၿပီး ႀကိမ္တုတ္ကိုင္ခြင့္ရခဲ့သည္။
ဂႏၶမာေသာင္းရီအဖြဲ႕သည္ ထိုအာဏာမ်ားကို အသုံးခ်ကာ ေထာင္တြင္းတြင္ နာဂ်စ္အာရတ္စည္း႐ုံးထားသူမ်ား၊ ဦးျမက်င္စည္း႐ုံးထားသူမ်ားကို အျမစ္ျဖတ္ေခ်မႈန္းႏိုင္ခဲ့သည္။ 

စိန္ဓါးေျမႇာင္ရွိစဥ္က သစၥာခံခဲ့သူမ်ားမွာလည္း ဂႏၶမာေသာင္းရီ လက္ေအာက္တြင္ ၿငိမ္ဝပ္ေနၾကရ၏။
ေထာင္မွလြတ္သြားေသာ နာဂ်စ္အာရတ္သည္ ဖေရဇာကို အေျချပဳကာ ရန္ကုန္အေရွ႕ပိုင္းလူမိုက္ျဖစ္လာသည္။
ဦးျမက်င္တပည့္ျဖစ္ေသာ ယကၡ ႏွင့္ ကုလားေလးအုပ္စုတို႔၏ ‌ဗားကရာေခ်ာက္႐ိုက္ပြဲႀကီးအၿပီးတြင္ ကုလားေလးအုပ္စုအေရးနိမ့္သြားခဲ့သည္။

မၾကာမီ ကုလားေလးသည္ ဘိန္းေမွာင္ခိုမႈႏွင့္ အဖမ္းခံရကာ ရန္ကုန္ေထာင္ႀကီးသို႔ ေရာက္လာသည္။
ဦးျမက်င္ကား ရန္ကုန္အေနာက္ပိုင္းတြင္ ၿပိဳင္ဘက္မရွိ လူမိုက္ေခါင္းေဆာင္ျဖစ္လာ၏။

နာဂ်စ္အာရတ္ႏွင့္ ဦးျမက်င္တို႔၏ ေနာက္ကြယ္တြင္ မဂ်စ္ခန္း က ႀကိဳးကိုင္ထားသည္။

မဂ်စ္ခန္းသည္ ဦးေလးျဖစ္သူ တီလာမာမက္ခန္ ကို ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ကာ ႏိုင္ငံေရးၾသဇာထူေထာင္ ခိုင္းေသာ္လည္း တီလာမာမက္ခန္ မွာ ေ႐ြးေကာက္ပြဲရႈံးနိမ့္ခဲ့သည္။

မဂ်စ္ခန္းကား ဖခင္ျဖစ္သူ လက္ထက္ကကဲ့သို႔ ႏိုင္ငံေရးအသိုက္အဝန္းထဲ တိုးဝင္ရန္ႀကံစည္ေနေသာ္လည္း လြတ္လပ္‌ေရးရကာစ အမ်ိဳးသားေရးစိတ္ဓာတ္ျပင္းထန္ေနခ်ိန္ျဖစ္သျဖင့္ ျမန္မာလူမ်ိဳးအမ်ားစုပါဝင္ေသာ အစိုးရအဖြဲ႕က မဂ်စ္ခန္းႏွင့္ ဆက္ဆံရမည္ကို ေရွာင္ရွားေနၾကသည္။

ထို႔ေၾကာင့္ ျမန္မာလူမ်ိဳးျဖစ္သည့္ ဦးျမက်င္ကို အသုံးခ်ရန္ႀကံစည္ေသာ္လည္း ဦးျမက်င္မွာ တခ်ိန္က ေဒါက္တာဘေမာ္လူျဖစ္ခဲ့သျဖင့္ ႏိုင္ငံေရးသမားမ်ားကအကပ္မခံၾက။

နယ္ေဒသမ်ားတြင္ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္း၊လက္နက္ကိုင္အမ်ိဳးမ်ိဳး၏ အခြန္အတုပ္မ်ားေၾကာင့္ လူအမ်ားစုမွာ ရန္ကုန္သို႔ ေျပာင္း‌ေ႐ႊ႕လာသျဖင့္ ရန္ကုန္သည္ လူဦးေရ ထူထပ္သည္ထက္ ထူထပ္လာသည္။
ႏိုင္ငံေရးအၿပိဳင္အဆိုင္မ်ား၊ စစ္ေရးကိစၥမ်ားကိုသာ ဦးစားေပးေနရသည့္အတြက္ အလြန္သန႔္ရွင္းခဲ့ေသာ ရန္ကုန္ၿမိဳ႕ႀကီးသည္ က်ဴးေက်ာ္တဲတန္းမ်ား၊ အမႈိက္ပုံမ်ား၊ ျပည္တြင္းစစ္ဒဏ္ခံခဲ့ရသည့္အေဆာက္အဦးမ်ား ျဖင့္ ညစ္ပတ္သည့္ၿမိဳ႕ႀကီး ျဖစ္စျပဳလာသည္။

ထိုအေျခအေနတြင္ မေသာင္း၊ စံဘႏွင့္ ေခ်ာရင္တို႔သည္ ဂ်ပန္ေခတ္က မေသာင္းစုေဆာင္းထားသည္မ်ားႏွင့္ ကြယ္လြန္သူလမ္းမေတာ္ဦးဖိုးတုတ္ကေတာ္ မသင္းျမထံမွ ေငြေခ်းကာ တ႐ုတ္တန္း၊ (၁၈)လမ္းထိပ္တြင္ “ေသာင္း” ေပ်ာ္ပြဲစား႐ုံကိုဖြင့္လွစ္လိုက္ၾကသည္။
ဦးဖိုးတုတ္၏ ညီ ဦးဘသိန္းမွာမူ တစ္အိုးတစ္အိမ္ထူေထာင္ၿပီး လူမိုက္ေလာကႏွင့္ မပတ္သက္သည္မွာ ၾကာခဲ့ၿပီျဖစ္သည္။

..................................................................................
၁၉၅၂ ခုႏွစ္၊ ဩဂုတ္လ ၅ ရက္။
ရန္ကုန္ၿမိဳ႕၊ ကန္ေတာ္ႀကီး ပုဏၰားကုန္း ၊ က်ိဳကၠဆံလမ္းမထိပ္ရွိ အိုင္ဘီပီဓာတ္ဆီဆိုင္ ကို လူငါးဦးက ေျခာက္လုံးျပဴးကိုယ္စီျဖင့္ ဝင္ေရာက္ကာ ေငြတစ္သိန္းေက်ာ္ ဓါးျပတိုက္သြားသည့္ သတင္းကား တ႐ုတ္တန္းရွိ ညေနခင္းစားေသာက္ဆိုင္မ်ားဆီသို႔ပင္ ပ်ံ႕ႏွံ႔ေနသည္။
မည္သည့္သတင္းဆိုးမ်ား ၾကားရပါေစ တ႐ုတ္တန္းကား အေျခအေနမပ်က္။

ေခတ္အဆက္ဆက္ေျပာင္းခဲ့ေသာ္လည္း တ႐ုတ္တန္းကား စည္ကားၿမဲ။

“ေသာင္း”ဘား သည္ ဖြင့္လွစ္လိုက္သည္မွာ မၾကာေသးေသာ္လည္း လူစည္ကားလာသည္။
မေသာင္းသည္ တခ်ိန္က နာမည္ေက်ာ္ဟိုတယ္မယ္ျဖစ္ခဲ့သည့္အေလ်ာက္ ေသာင္းဘားတြင္လည္း နယ္မွ အမ်ိဳးသမီးငယ္မ်ားကို စားပြဲထိုးခန႔္ထားသည္။

ခ်က္ျပဳတ္ေရးႏွင့္ ဆိုင္၏ စီမံခန႔္ခြဲေရးကို စံဘႏွင့္ ေခ်ာရင္ ကတာဝန္ယူသည္။
ခါေလး သည္ မိတ္ေဆြျဖစ္သူ စံဘရွိေသာ ေသာင္းဘား သို႔ ညေနတိုင္းေရာက္လာကာ ဝီစကီေသာက္တတ္၏။
ခါေလး ကား ယခုအခါ သနပ္ဖက္ကုန္သည္ ေက်ာ္တင့္ ဟု နာမည္ေျပာင္းထားသည္။

တခါတရံ ခါေလး ေခၚ ေက်ာ္တင့္ ႏွင့္အတူ ထြန္းခင္၊ ဝင္းေမာင္၊ ေမာင္တင္တို႔ ပါလာတတ္သည္။ 
စံဘ၊မေသာင္း၊ေခ်ာရင္တို႔ႏွင့္ ထိုအုပ္စုမွာ အခ်ိန္တိုအတြင္း ရင္းႏွီးသြားၾကသည္။

ယေန႔ ည ညည့္နက္ခ်ိန္တြင္လည္း ခါေလးတို႔ အုပ္စု ေရာက္လာၾကသည္။

ထိုလူစုသည္ ေန႔လည္က နာမည္ေက်ာ္ဓါတ္ဆီဆိုင္ဓါးျပမႈတြင္ အဓိကပါဝင္လာၾကသူမ်ားဟု စံဘတို႔ မသိၾကရွာ။
လုပ္ငန္းအစဥ္ေျပသျဖင့္ ရွယ္ယာမ်ားခြဲေဝလာသည္ဟုဆိုကာ ေသာင္း ဘား၏ အေပၚထပ္တြင္ အခန္းယူကာ စားေသာက္ပြဲက်င္းပၾကသည္။

ခါေလး၊ ထြန္းခင္၊ ဝင္းေမာင္၊ ေမာင္တင္တို႔ အျပင္ အႏွင္းႏွင့္ ဝင္း‌ေမာင္၏ ဇနီး မစိန္ရီတို႔ လည္းပါလာၾက၏။
ထိုစားေသာက္ပြဲၿပီးလွ်င္ ခါေလးက စိန္ဓါးေျမႇာင္ခိုင္းလိုက္သည့္အတိုင္း ရင္ရင္၏ လွသိဂႌဆိုင္သို႔ ေ႐ႊထည္ပစၥည္းအခ်ိဳ႕ သြားပို႔ရမည္ျဖစ္သည္။

 ရင္ရင္ထံ အလည္သြားအိပ္ရန္ အႏွင္းႏွင့္ သုံးႏွစ္သား ဧရာေလးတို႔ ပါလာၾကျခင္းျဖစ္သည္။
ေစ်းအႀကီးဆုံးျဖစ္သည့္ ဟန္းတားဝီစကီႏွင့္ အစားအေသာက္မ်ား မွာယူစားေသာက္ၾကသည္။
မိန္းမသားမ်ားက ဘီယာကို စမ္းသပ္ေသာက္ၾကည့္ၾက၏။

ထိုအခ်ိန္တြင္ “ေသာင္း”ဘားထဲသို႔ လူငါးဦး ဝင္လာၿပီး ေကာင္တာတြင္ ထိုင္ေနေသာ ေခ်ာရင္ ထံ ေလွ်ာက္သြားသည္။
ထို႔ေနာက္ လူငါးဦးထဲမွ အသားမဲမဲ ဂင္တိုတိုျဖင့္ ပုဆိုးတိုတိုဝန္ထားသူတစ္ေယာက္က ေခ်ာရင္ကို တီးတိုးစကားေျပာလိုက္သည္။

ေခ်ာရင္က ေခါင္းခါရင္း ရွင္းျပသည္။

“ဟာ..ဒီေဖလိုးမကေတာ့..ေကာင္းေကာင္းေျပာတာ..မရဘူးလား”

ထိုသူအသံကက်ယ္သြားသျဖင့္ အျခားဝိုင္းမ်ားပင္ စကားသံရပ္သြားၾကသည္။

စံဘက ခါေလးတို႔ႏွင့္ ထိုင္ေနရာမွ ေအာက္သို႔ ေျပးဆင္းသြား၏။

“ဘာမ်ားျဖစ္လို႔လဲခင္ဗ်”

“မင္းက ဘာေကာင္လဲ..ဒီဆိုင္က ဘာလဲ”

“ကြၽန္ေတာ္ ဒီဆိုင္ပိုင္ရွင္ထဲက တစ္ေယာက္ပါ...ဒါကြၽန္ေတာ့္မိန္းမပါ.ဘာမ်ားျဖစ္လို႔လဲ”

“ငါ့ကို ယကၡအဖြဲ႕ကပဲ..ငါ့နာမည္ စိုးျမင့္ေလး...မင္းတို႔ ဆိုင္ကို ယကၡ က အလႉခံခိုင္းလိုက္လို႔..လာခံတာ”

“ေနပါဦးဗ်ာ..ယကၡအဖြဲ႕ဆိုတာ ဦးျမက်င္လက္ေအာက္က မဟုတ္လား... ကြၽန္ေတာ္တို႔ ဆိုင္က ဦးျမက်င္ကို လစဥ္ေၾကးေပးထားတယ္ေလ”

“ေဟ့ေကာင္..လစဥ္ေၾကးက သက္သက္ပဲကြ..အခုက ယကၡႀကီး ေယာကၡမအိမ္မွာ ရဟန္းခံရွင္ျပဳရွိတယ္.. အဲ့ဒါ မင္းတို႔ အရက္ဆိုင္ေတြက ခြဲတမ္းထည့္ရမယ္လို႔ ယကၡႀကီး မွာလိုက္လို႔”

“ဟ..ဘာဆိုင္လဲကြ....သူ႔ေယာကၡမရဟန္းခံတာ..ငါတို႔နဲ႔ ဘာဆိုင္လဲ..ေပးစရာရွိတာ မင္းတို႔ကို ေပးထားၿပီးၿပီ.. လြန္မလာနဲ႔ေလကြာ..ငါလည္း တခ်ိန္က မင္းတို႔ေလာက က လာတာ။ ဒါသက္သက္ စည္းေဖာက္တာပဲကြ”

“ေနပါဦး.. ငါတို႔ကို မင္းေတြ ငါေတြနဲ႔ ေျပာရေအာင္ မင္းက ဘာေကာင္လဲ..ႏွမလိုးရဲ႕”

စိုးျမင့္ေလးက စံဘ ပါးကို ခပ္ဆတ္ဆတ္႐ိုက္လိုက္သည္။

“ငါ့နာမည္..စံဘကြ”

စံဘက ေျပာေျပာဆိုဆိုႏွင့္ ေဘးနားမွ ဘီယာပုလင္း‌ေဖာ့စို႔ ေဖာက္တံကို ကိုင္ကာ စိုးျမင့္ေလး၏ ပါးကို ျပန္စိုက္ခ်လိုက္သည္။

႐ုတ္တရကၼိဳ့ စိုးျမင့္ေလးမွာ ေၾကာင္သြား၏။

ေဖာက္တံမွာ စိုးျမင့္ေလး၏ ပါးကို ေဖာက္ကာ စိုက္ဝင္ေနသည္။ စိုးျမင့္ေလးမွာ ပါးကို ကိုင္ကာ နာၾကင္လြန္းသျဖင့္ ေအာ္ဟစ္ေနသည္။

စံဘက ေဖာက္တံကို မလႊတ္ပဲ စိုးျမင့္ေလး၏ လည္ပင္းကို ခ်ဳပ္ကာ ပါးေခ်ာင္ကို ေမႊေနသည္။

ထိုအခ်ိန္တြင္ စိုးျမင့္ေလးႏွင့္ ပါလာသူတစ္ေယာက္မွာ သံတုတ္ျဖင့္ စံဘကို ဝင္႐ိုက္သည္။

စံဘ၏ ေခါင္းမွ ေသြးမ်ား ဖ်ာခနဲထြက္လာသည္။ စံဘက စိုးျမင့္ေလးကို လႊတ္လိုက္ၿပီး တုတ္ကိုင္ထားသည့္ သူကို ဝင္လုံးလိုက္သည္။

က်န္သူသုံးေယာက္ကလည္း ဓါးေျမႇာင္ကိုယ္စီထုတ္လိုက္ၾကသည္။ စံဘႏွင့္ တုတ္သမား လုံးေထြးေနသျဖင့္ ဝင္ထိုးရန္ အခြင့္မသာျဖစ္ေန၏။

ဆိုင္ထဲမွ လူအမ်ားထြက္ေျပးကုန္ၿပီျဖစ္သည္။
ထိုအေျခအေနကို အေပၚထပ္မွ ခါေလးတို႔ အုပ္စုက ေစာင့္ၾကည့္ေနၾကသည္။

ခါေလး က ခါးၾကားက ေသနတ္ကို စမ္းလိုက္သျဖင့္ ထြန္းခင္က ေပါင္ကို ဖိထားသည္။

“ငါတို႔ဆီမွာ တိုက္ရာပါေတြပါတယ္ေနာ္..ငါတို႔ ဒီအခ်ိန္မွာ ဘာျပႆနာမွျဖစ္လို႔ မရဘူး...ခါေလး...”

ထိုအခ်ိန္တြင္ပင္ စံဘလက္ထဲသို႔ တုတ္ေရာက္သြားၿပီး စံဘက အေပၚစီးမွ ျဖစ္သြားသည္။
ဓားကိုင္ထားသူတစ္ဦးမွ စံဘေက်ာကုန္းကို ေနာက္မွ ကန္လိုက္ရာ စံဘမွာ ေရွ႕သို႔ ဟက္ထိုးက်သြား၏။

ဓါးသမားမ်ားက စံဘအနီးအုံလာခ်ိန္တြင္...
“ေခြးသူခိုးေတြ...ငါ့ေယာက္်ားကို ထိရဲထိၾကည့္..နင္တို႔ ဒီေလာကၼိဳက္ေနလား”

ေနာက္မွ အသံေၾကာင့္ လွည့္ၾကည့္လိုက္ခ်ိန္တြင္..ေခ်ာရင္က မီးဖိုမွ ထင္းေခ်ာင္းႀကီးကို ကိုင္ကာ ေျပးဝင္လာသည္။

ထင္းေခ်ာင္းႀကီးမွာ မီးထိုးလက္စျဖစ္သျဖင့္ ထိပ္တြင္ မီးခဲမ်ား တရဲရဲနီေနသည္။

ေရွ႕ဆုံးမွ လူ၏ မ်က္ႏွာကို ထင္းေခ်ာင္းျဖင့္ ႐ိုက္လိုက္ရာ ေျဖာင္းခနဲ အသံထြက္လာၿပီး မီးဖြာမ်ား ဖြာခနဲထြက္သြားသည္။

စံဘႏွင့္လုံးေထြးရင္း လဲက်ေနသည့္ တုတ္သမားက အေနာက္မွ ထလာၿပီး ေခ်ာရင္ ၏ ေက်ာကုန္းကို အားျဖင့္ ကန္ထည့္လိုက္ရာ ေခ်ာရင္မွာ ေရွ႕သို႔ လဲက်သြားသည္။

သို႔ေသာ္ လက္ထဲမွ မီးတုတ္မွာ လြတ္မသြား။
ဓါးသမားႏွစ္ဦးက စံဘကို ဓါးနဲ႔ ထိုးရန္ ဝိုင္းလိုက္ၾကစဥ္၊ တုတ္သမားႏွင့္ က်န္တစ္ဦးကလည္း ေခ်ာရင္ကို ဝိုင္းလိုက္ၾကသည္။

ထိုအေျခအေနတြင္ အႏွင္းက ကေလးကို ေက်ာတြင္ ပိုးလိုက္ၿပီး ေသခ်ာတင္းတင္းခ်ီလိုက္သည္။
ထို႔ေနာက္ မတ္တပ္ထရပ္လိုက္ၿပီး ခါေလး၏ ခါးၾကားမွ ေျခာက္လုံးျပဴးကို ႐ုတ္တရက္ဆြဲယူကာ ေအာက္သို႔ ေျပးဆင္းသြား၏။

“ဟိတ္ေကာင္ေတြ.အခုရပ္စမ္း.နင္တို႔လူေခါင္းပြင့္သြားမယ္”

လူမိုက္ေလးဦးက ေနာက္ၼွအသံေၾကာင့္ လွည့္ၾကည့္လိုက္ၾကသည္။

အမ်ိဳးသမီးတစ္ဦး။
ေထာင့္ကပ္ကာ လဲေနေသာ စိုးျမင့္ေလး၏ နားထင္ကို ေျခာက္လုံးျပဴးျဖင့္ ခ်ိန္ထားသည္။

ေက်ာတြင္လည္း ကေလးတစ္ေယာက္ကို ေစာင္ျဖင့္ ပတ္သိုင္းထားေသး၏။

အႏွင္း ေနာက္ေက်ာမွ ဧရာကေလးက တခစ္ခစ္ပင္ရယ္ေန‌ေသးသည္။

“ငါေျပာေနတယ္..နင္တို႔ လက္ထဲက ဓါးေတြခ်လိုက္ဆို”

အႏွင္းက ေျပာေျပာဆိုဆိုႏွင့္ ဘားကိုမွီကာထိုင္ေနေသာ စိုးျမင့္ေလးပုခုံးကို ကန္ထည့္လိုက္ရာ စိုးျမင့္ေလးမွာ လဲက်သြားသည္။

ထိုအခ်ိန္တြင္ ထြန္းခင္ႏွင့္ ခါေလးတို႔ ဆင္းလာ၏။
ထြန္းခင္က အိတ္ထဲမွ ေျခာက္လုံးျပဴးကို ထုတ္လိုက္ကာ စိုးျမင့္ေလး၏ ပါးတြင္စိုက္ေနေသာ ဘီယာေဖာက္တံကို ထပ္တက္နင္းလိုက္သျဖင့္ စိုးျမင့္ေလး၏ ေအာ္သံမွာ က်ယ္ေလာင္သြားသည္။

“ကဲ..အႏွင္း..ငါ့ေသနတ္ေပးဟာ”

ခါေလးက က အႏွင္းလက္ထဲမွ ေသနတ္ကို ယူလိုက္သည္။

“သြားသြား..ကေလးတစ္ဖက္နဲ႔...အေနာက္ေပါက္္မွာ ကိုဝင္းေမာင္တို႔ ကား ေစာင့္ေနတယ္... မရင္ဆီ သြားေတာ့..ငါတို႔ ေနာက္က လိုက္ခဲ့မယ္”

အႏွင္းက ခါေလးကို ေသနတ္ေပးၿပီး ထြက္သြားသည္။
ထြန္းခင္က စိုးျမင့္ေလးကို နင္းထားသည့္ ေျခေထာက္ကို ဖယ္လိုက္ၿပီး

“ဟိတ္ေကာင္...ေတာခိုၿပီးျပန္လာတဲ့ ကြန္ျမဴနစ္ဗိုလ္ကြ...မင္းတို႔ ေတြေလာက္ေတာ့ ဘယ္ဘက္မ်က္လုံးေတြခ်ည္း ကန္းေအာင္ ပစ္ျပလို႔ရတယ္..သြားစမ္း..အခု ဒီဆိုင္ထဲကသြား..ေနာက္လည္း လာမေႏွာက္ယွက္နဲ႔”

ခါေလးႏွင့္ ထြန္းခင္ တြင္ ေျခာက္လုံးျပဴးႏွစ္လက္ပါေနသျဖင့္ လူမိုက္မ်ားမွာ အားမတန္မာန္ေလ်ာ့လိုက္ၾကသည္။

သူတို႔ဆရာျဖစ္သူ စိုးျမင့္ေလးကို တြဲထူကာ ထသြားရန္ျပင္သည္။
ဆိုင္ေပါက္သို႔ ေရာက္ခါနီးတြင္ စံဘက ေနာက္ကလိုက္သြား၏။

“ေဟ့ေကာင္ေတြ..ခဏေနၾကဦး”
လူမိုကၼ်ား က စံဘကို မ်ေကၼွာင္ႀကဳံ႕ၾကည့္လိုက္သည္။

ခါေလးႏွင့္ ထြန္းခင္က ေသနတ္ကိုယ္စီကိုင္ကာ ေရွ႕တိုးလာသျဖင့္ ရပ္ေပးလိုက္ၾက၏။

စံဘက စိုးျမင့္ေလးနားသို႔ သြားကာ စိုးျမင့္ေလးေခါင္းကို ဘယ္ဘက္ျဖင့္ကိုင္ၿပီး ပါးတြင္ စိုက္ဝင္ေနသည့္ ဘီယာေဖာက္တန္ကို ညာလက္ျဖင့္ အားစိုက္ကာ ဆြဲႏႈတ္ယူလိုက္သည္။

“ဒါ ငါ့ဆိုင္က ေဖာက္တံကြ...မင္းတို႔ ယူသြားလို႔မရဘူး”

စိုးျမင့္ေလး၏ ပါးျပင္မွ ေသြးမ်ား႐ႊဲခနဲထြက္လာၿပီး တအီးအီးအသံသာ ထြက္ႏိုင္ေတာ့သည္။
....................................................................................
စိုးျမင့္ေလးတို႔အုပ္စု ထြက္သြားၿပီးသည့္ေနာက္ ရဲကားမ်ားေရာက္လာၾကသည္။

စံဘတို႔ စတင္ျပႆနာျဖစ္စဥ္တြင္ပင္ မေသာင္းက လသာဌာနသို႔ သြားအေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

“ေသနတ္နဲ႔လူေတြပါ ပါတယ္လို႔ ၾကားတယ္..အဲ့ဒါ ဘယ္သူေတြလဲ”

လသာဌာနအုပ္ ကိုဘတင္ က စံဘကို ေမးသည္။

“စစ္ဗိုလ္ေတြထင္ပါရဲ႕..တခါမွေတာ့မျမင္ဖူးပါဘူး..ဒီအေပၚထပ္မွာ..ဒီေန႔မွ လာေသာက္ၾကတာ”

“ေသနတ္ကိုင္တဲ့အထဲ အမ်ိဳးသမီးလည္းပါတယ္တဲ့...ဒီစာပြဲထိုးမေလးက ေျပာတာ”

“‌ဟုတ္တယ္..ဗိုလ္ကေတာ္ထင္ပါရဲ႕ဗ်ာ..ပါလာတာ..ကြၽန္ေတာ္တို႔ အခ်ခံေနရေတာ့ မခံႏိုင္တာနဲ႔ ဝင္ရွင္းတာပါ..တကယ္သတၱိေကာင္းတဲ့ စစ္ဗိုလ္ကေတာ္ေပါ့”

စစ္တပ္က ဆိုသျဖင့္ ရဲဌာနအုပ္မွာ ဆက္ေမးျမန္းျခင္းမျပဳေတာ့ေပ။

ထိုအခ်ိန္တြင္ အေပၚထပ္ သီးသန႔္အခန္းတြင္ ခါေလးႏွင့္ ထြန္းခင္မွာ ေျခာက္လုံးျပဴးေသနတ္မ်ားကို ေရွ႕ခ်လ်က္ က်န္ေသးေသာ ဟန္းတားဝီစကီကို ငါးရံ႕ ဆံျပဳတ္ႏွင့္ ျမည္းေနၾကေလသည္။

သူတို႔ေဘးတြင္ ေခ်ာရင္က ထိုင္ေန၏။

“ေက်းဇူးတင္ပါတယ္..ကိုခါေလး...ကြၽန္မတို႔ကို ကူညီတာ ႏွစ္ခါရွိၿပီ...ဒါနဲ႔..ဟိုအမက ဘယ္သူလဲဟင္”

“အႏွင္းတဲ့..မေခ်ာရင္...”

“သူက သတၱိရွိတယ္ေနာ္..ကေလးကို ေက်ာပိုးၿပီး ေသနတ္တစ္လက္နဲ႔ ဆင္းခ်လာတာ...ကြၽန္မျဖင့္ ရင္ကို တုန္သြားတာပဲ”

ခါေလးႏွင့္ ထြန္းခင္ က ရယ္လိုက္သည္။

“ဒါနဲ႔ အဲ့ဒီလူေတြက ဘယ္သူေတြလဲ မေခ်ာရင္”

“သူတို႔က ဒီတ႐ုတ္တန္းလူမိုက္ အရႈပ္ ရဲ႕ တပည့္ေတြေပါ့။ အရႈပ္က သူကိုယ္သူ ယကၡလို႔လည္း ေပးထားေသးတာ”

“အင္း..ဒီတစ္ခါေတာ့ ဒီလူမိုက္ေတြ ေနာင္ၾကဥ္သြားေလာက္ပါၿပီ”

“မထင္ပါဘူး..ကိုခါေလးရယ္...သူတို႔ေနာက္မွာ ဦးျမက်င္ဆိုတဲ့ လူမိုက္ႀကီးလည္းရွိေသးတယ္”

“သူတို႔ဟာ သူတို႔မိုက္ၾကေပါ့..ဘာကိစၥ ဒီဆိုင္လာၾကတာလဲ”

“မဟုတ္ဘူး..ဒီမွာက ထုံးစံအရ အပိုင္လူမိုက္ေတြကို အရက္ဘားေတြ၊ ဆိုင္ေတြက လစဥ္ေၾကး ေပးၾကရတယ္”

“ဟင္..ဘာလို႔လဲ”

“မေပးရင္ ဒီဆိုင္ေတြမွာ သူတို႔လူေတြက အၿမဲျပႆနာလာရွာတယ္...စားသုံးသူေတြကို ျပႆနာရွာေတာ့..လူသိပ္မဝင္ စီးပြားပ်က္တာေပါ့.. သူတို႔ေျပာတာကေတာ့ ေစာင့္ေရွာက္ေပးတယ္ေပါ့”

“ေၾသာ္..ဒီလိုလား..အဆန္းပဲဟ”

“ကိုခါေလးတို႔ကေတာ့ နယ္ကလာတဲ့သူေတြ ဘယ္သိမွာလဲ..ကိုစံဘ လည္း တခ်ိန္က လူမိုက္ပဲ”

“ဟင္..ဟုတ္လား”

“ဟုတ္တယ္...ကိုစံဘ အကိုက လမ္းမေတာ္ဖိုးတုတ္ေလ..တခ်ိန္က ဒီရန္ကုန္မွာ ထိပ္သီးပဲ”

“အင္း..ဒါေၾကာင့္ ဟိုတုန္းက ဗားဂရာမွာ သူ႔ကို သတ္ဖို႔လုပ္ၾကတာကိုး”

“ဟုတ္တယ္..ကိုခါေလး..အခုလည္း ယကၡလူေတြ မၾကာခင္ ကြၽန္မတို႔ဆီ အေႏွးနဲ႔ အျမန္ျပန္လာၾကေတာ့မွာပဲ၊ ဦးျမက်င္ပါ ပါလာရင္ေတာ့ ရွင္းရခက္မယ္..ကိုစံဘနဲ႔သူက နဂိုကတည္းက ရန္ညႇိးရန္စရွိတယ္”

ထိုအခ်ိန္တြင္ ရဲမ်ားျပန္သြားသျဖင့္ စံဘႏွင့္ မေသာင္း အေပၚထပ္အခန္းသို႔ ဝင္လာသည္။

“စံဘ ဘာျဖစ္သြားေသးလဲ”

“နည္းနည္းပါးပါး ထိတာပါ..ခါ‌ေလး..ေက်းဇူးပါကြာ”

“ငါတို႔ ကိစၥ ရဲေတြကို ဘယ္လိုေျဖလိုက္လဲ”

“စစ္တပ္ကထင္တယ္လို႔ေျပာလိုက္တယ္...အခုေနခါက စစ္တပ္နဲ႔ပဲ ၿဖဲေခ်ာက္ရတာေပါ့”

“ေအး..ေတာ္ေသးတယ္ကြာ”

“ဒါနဲ႔..ခါေလး..ျပည္သူ႔အရံတပ္ဖြဲ႕လည္း မရွိေတာ့တာၾကာပါၿပီ..မင္းတို႔လက္ထဲက ေသနတ္ေတြက..ဘယ္ကရတာလဲ”

ခါေလးႏွင့္ ထြန္းခင္က တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။

“ဒီလိုပဲ ငါတို႔က သနပ္ဖက္ကိစၥနဲ႔ ခရီးေတြသြားရေတာ့ လိုရမယ္ရ ေဆာင္ထားၾကတာပါ”

“ေအးကြာ..ငါလဲတစ္လက္ေလာက္ လိုခ်င္လို႔..သိပ္မၾကာခင္ ဦးျမက်င္နဲ႔ ငါနဲ႔ သူေသကိုယ္ေသ သတ္ရေတာ့မွာ”

ေခ်ာရင္ က စားပြဲေပၚမွ ေျခာက္လုံးျပဴးႏွစ္လက္ကို ၾကည့္ကာ သက္ျပင္းခ်လိုက္သည္။

ခက္ေဇာ္


Comments

Post a Comment