The Guys From Mandalay,1950s အခန်း (၁၁)
The Guys From Mandalay,1950s
အခန်း (၁၁)
………………………………………………….
"မြကြည် မလိုက်နိုင်ဘူး..အကို"
ထိုမျှ ခိုင်မာပြတ်သားသော မြကြည်၏ အသံကို မကြားရစဖူး။
ယခုတော့ မြကြည် ပြတ်ပြတ်သားသားငြင်းနေပြီ။
သူနှင့်အိမ်ထောင်ပြုပြီးကတည်းက သူ့အပေါ်တစ်ခါမှ မာမာထန်ထန်မငြင်းဆန်ဘူးသော မြကြည်ကို ကြည့်ကာ စိန်ဓါးမြှောင် အံသြနေသည်။
"ဘာလို့ မလိုက်ရမှာလဲ..မြကြည်..ဒါက သူများအိမ်လေ..သူများအိမ်မှာ တသက်လုံးနေလို့မရဘူး"
"အကို ပြောတယ်လေ..ဓါးပြဗိုလ်ဆက်လုပ်မယ်..ဓါးပြတိုက်မယ်ဆို…အဲ့ဒီလို လုပ်နေမယ်ဆို ညီမ မလိုက်နိုင်ဘူး"
"……………………………………"
"အကို..စဉ်းစားကြည့်ပါ..ပထမတုန်းက အကိုဟာ ဘုန်းကြီးလူထွက် ကုန်သည်ပွဲစားလေ၊ မထင်မှတ်ပဲ ဓါးပြဖြစ်လာတာ..အခု ကိုယ့်မှာ ထိုက်သင့်သလောက် စုမိဆောင်းမိလည်းရှိလာပြီ..ဘာကိစ္စဓါးပြတိုက်ဦးမှာလဲ"
"အင်း..မြကြည်..ညီမ…ယောက်ျားတွေကို နားမလည်ပါဘူး..အကို ဒီအလုပ်ကို စခဲ့မိပြီလေ..ဆုံးအောင်တော့ လုပ်ရတော့မှာပဲ..အကို လူကောင်းအဖြစ် ပြန်နေတော့ရော..ပုလိပ်ဘက်မှာ မှတ်တမ်းတွေက ရှိနေမှာပဲ..ဒီတော့ ဝရမ်းပြေးဘဝနဲ့ ဘယ်မှာ ကောင်းရောင်းကောင်းဝယ်လုပ်စားမလဲ..အကို ဓါးပြတိုက်တယ် ဆိုတာလည်း ဆင်းရဲသားကို လက်ဖျားနဲ့တောင် မတို့ပါဘူး..သုံးမကုန်အောင်ချမ်းသာပြီးသားလူတွေကိုပဲ တိုက်တာ..သူတို့ကိုလည်း ဘဝပျက်အောင်မတိုက်ဘူး..သူတို့ဆီက ပိုတာလျှံတာလေး နည်းနည်းပါးပါးကို မရှိဆင်းရဲတဲ့ ကိုယ့်တပည့်တွေနဲ့ သူတို့မိသားစုတွေအတွက် မျှဝေဖို့ အကိုက ခေါင်းဆောင်ပေးယုံပါ .…ကိုယ်တိုင်က ဝရမ်ပြေးဖြစ်နေတော့ မရှိဆင်းရဲသားကို မလှူနိုင်လို့ သူဌေးတွေကို ဓါးမိုးပြီး လှူခိုင်းတဲ့သဘောပါ."
"ဘုန်းကြီးလူထွက်ကြီးက ဓါးပြတိုက်တာတောင် အလှူဖြစ်အောင်ဟောသွားသေးတယ်နော်..အခု စစ်ကြီး ထဲမှာ သူဌေးရော ဆင်းရဲသားရော အကုန်ဒုက္ခရောက်နေကြတာ..အကိုရယ်..လောလောလတ်လတ် အကို့ဓါးပြမှုကြောင့် ညီမအဖေမှာ အချုပ်ခံရတယ်။ တစ်ယောက်တည်းကျန်ရစ်ပြီး ဗုံးထိသေရတယ်မဟုတ်လား..ဒီကာလမှာ..ဘယ်သူဖြစ်ဖြစ် ဒုက္ခသည်တွေ ချည်းပါ..ဒုက္ခရောက်နေသူတွေကို ဒုက္ခပေးပြီး ရလာတာတွေလည်း ညီမ မလိုချင်ဘူး.အခု အကိုနဲ့ ညီမ ဒီမှာနေသလို အကိုက ဆရာသိန်း၊ ညီမက မြသီဆိုပြီး မန္တလေးမှာ ဇာတ်မြုပ်ပြီး ရထားတာလေး ထုခွဲအေးအေးဆေးဆေးရင်းနှီးစားလို့ရပါတယ်"
"အင်း..ခက်တယ်..မြကြည်ရယ်"
"မခက်နဲ့ အကို..အကို ဓါးပြဆက်တိုက်မယ်ဆို..မြကြည် အကို့နောက်မလိုက်ဘူး"
"………………………"
စိန်ဓါးမြှောင် က မြကြည်ကို သေချာကြည့်နေသည်။
မြကြည်၏ မျက်လုံးဝိုင်းဝိုင်းလေးများက အရည်လဲ့နေ၏။ နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထား၏။
အိမ်ရှေ့ခန်းတွင်ရှိသော ခါလေး၊ထွန်းခင် နှင့် ရင်ရင် တို့ က အတွင်းခန်းများ အသံများကို နားစွင့်နေကြသည်။
"ဟုတ်ပါပြီလေ..အကိုနဲ့သာလိုက်ခဲ့ပါ မြကြည်..အကို ဓါးပြမတိုက်တော့ပါဘူး"
အပြင်တွင်ရှိနေသော ခါလေးနှင့်ထွန်းခင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
………………………………………………………………………………………….
"ဟာဗျာ…ခင်ဗျားကို ဓါးပြတိုက်တဲ့နေရာမှာ အစီအစဉ်ကောင်းတယ်၊ သမာသမတ်ရှိတာမို့ ဆရာတင်ထားတာလေဗျာ..ဟိုနေ့က ခင်ဗျား စနစ်တကျအဖွဲ့တွေ ဖွဲ့ပေးနေတော့ ငါတို့တော့ သမိုင်းတွင်မယ့် ဓါးပြဖြစ်ပြီဆိုပြီး ကျုပ်က ပျော်နေတာ…အခုလို သူတော်ကောင်းလုပ်စားမယ်ဆိုရင်တော့..ကိုယ့်လမ်းကိုယ်လျှောက်ကြယုံပေါ့"
ငန်းနက်၏ အသံက အားမလိုအားမရ။
ကုသိုလ်တော်ဘုရားဝန်းအတွင်း အုတ်ကျိုးအုတ်ပျက်များကြား စိန်ဓါးမြှောင်နှင့် တပည့်များ ဒုတိယံမ္မိစည်းဝေးနေကြခြင်းဖြစ်သည်။
"တကယ်တော့ ဓါးပြဟာ ဓါးပြပါပဲ.အကိုကြီး…ကျုပ် ငယ်ငယ်ကတည်းက ဓါးပြတိုက်လာတာ..ခေါင်းဆောင်တွေအများကြီးတွေ့ဖူးတယ်.အဲ့ဒီထဲမှာမှ.ခင်ဗျားက တကယ့်ကို ဓါးပြပါရမီပါလာတဲ့သူဗျ… ကဲ…အဲ့ဒါတွေထားပါတော့.အကိုကြီး..ကျုပ်ကို တစ်မျိုးမထင်ပါနဲ့.. ကျုပ်ကတော့ ကောင်းရောင်းကောင်းဝယ်လုပ်စားရတာ ပျင်းလို့..ဓါးပြပဲဆက်တိုက်နေပါရစေ..ကဲ..ကျုပ်နဲ့ ဘယ်သူလိုက်မလဲ"
ငန်းနက်နှင့်အတူ ဘချစ်က ထရပ်သည်။ ငရုတ်သီးဘရင်က ငန်းနက်ကို တလှည့်၊ စိန်ဓါးမြှောင်ကို တလှည့်ကြည့်နေသည်။
"ငရုတ်သီး ငါ့ကို အားနာမနေနဲ့..မင်း ငန်းနက်နဲ့လိုက်သွားချင်တယ်ဆိုလိုက်သွား..ငါနဲ့နေရင် မင်းဆေးကြိတ်နေရမှာ"
ငရုတ်သီးဘရင်က စိန်ဓါးမြှောင် ဘက်သို့ လက်အုပ်ချီလိုက်ရင်း ငန်းနက်ဘေးတွင် သွားရပ်သည်။
"လှမောင်နဲ့ဘမောင်ကရော"
"ကျွန်တော်တို့က ဆရာကြီးနဲ့ဈေးချိုပွဲလို တစ်ပွဲလောက် တီးချင်သေးတာဗျာ..အခုတော့..မတတ်နိုင်ဘူး..ဆရာကြီးရေ.. အခု ကျွန်တော့်မှာလည်း မယားကျွေးမှုနဲ့ ဖြစ်နေပြီ …ဒီကာလမှာ တခြားလည်း ဘာမှလုပ်မကျွေးတတ်ဘူး. မတ္တရာဘက်ပြန်ပြီး ခပ်ဖျောက်ဖျောက်ပဲ ဓါးပြတိုက်စားရမှာပေါ့"
လှမောင် က ပြောသည်။
ဘမောင်က လှမောင်၏ ပုခုံးကို ဖက်ပြီး
"ကျွန်တော့်ညီကို ကျွန်တော်စိတ်မချဘူးဆရာကြီး..လိုက်သွားပါရစေ"
ဘမောင်နှင့် လှမောင်က စိန်ဓါးမြှောင်ကို ဦးကုန်းချသည်။
"ကြင်အေး..မင်းကရော"
"လောလောဆယ်တော့ ဓါးပြလုပ်လို့ မချောင်သေးဘူးလို့ကျွန်တော်ထင်တယ်..ကျွန်တော်က အခု ဂျပန်တွေနဲ့ အနီးကပ်နေတာ..ဒီကောင်တွေက ရန်ကုန်ဘက်မှာ ဓားပြတွေကို ရေလည်သတ်ခဲ့တာနော်..သူတို့တင်မကဘူး ဘီအိုင်အေကလည်း ဓားပြဆို သတ်တာ..ကျွန်တော်တော့ မသေချင်သေးဘူး…စိန်ပန်းထဲမှာ ဂျပန်ကို ခိုးရာပါသွင်းနေတဲ့ လုပ်ငန်းလေးကလည်းဖြောင့်နေတော့..ဒီတိုင်းပဲ နေပါမယ်"
"ဟုတ်ပြီ..ခါလေးနဲ့ ထွန်းခင်..မင်းတို့ကရော"
"ကျွန်တော်တို့ကတော့ ဆရာကြီးနဲ့ မိသားစုလို ဝိုင်လုပ်ဝိုင်းစားနေခဲ့ပါ့မယ်"
"ကဲ..ဟုတ်ပြီ..ဒီလိုဆို..ငါတို့အားလုံးက အခုကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်..ညီအစ်ကိုဆိုတာ ဘယ်တော့မှ မမေ့နဲ့…တစ်ယောက်ဒုက္ခရောက်ရင် တစ်ယောက်ကူညီဖို့ မပျက်ကွက်စေနဲ့..ဟုတ်ပြီလား"
တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ပြီးနောက် စိန်ဓါးမြှောင်တို့အသီးသီး လူစုခွဲလိုက်ကြသည်။
……………………………………………………………………………………………………………..
၁၉၄၃ သြဂုတ်လ ၁ ရက်။
ဂျပန်စစ်ဗဟိုဌာနချုပ် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး ကဝါဘီ က ဂျပန် စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်းကြောင်းနှင့် လွတ်လပ်သောမြန်မာနိုင်ငံတော်ဖြစ်ပြီဟု ကြေညာခဲ့သည်။
ဂျပန်ခေတ် မြန်မာအစိုးရတွင် ဒေါက်တာဘမော် အဓိပတိဖြစ်လာပြီး နိုင်ငံခြားရေးဝန်ကြီးမှာ သခင်နုဖြစ်လာ၏။
စိန်ဓါးမြှောင်သည် မန္တေလေး၊ အလယ်ပေါင်ရပ်၊ ချမ်းသာကြီးမီးခြစ်စက်ရုံအနီးတွင် အိမ်ဝိုင်းတစ်ကွက် ဝယ်ယူကာ ဆရာသိန်းအမည် ဖြင့် ဗိန္ဓောဆေးကုသနေလေသည်။
မဟာမိတ်လေယာဉ်ပျံများ ရံဖန်ရံခါဗုံးလာကြဲသည်မှအပ မန္တလေး၏ အခြေအနေမှာ တည်ငြိမ်လာသည်။
အင်္ဂလိပ်လက်ထက်က အုပ်ချုပ်ရေးဝန်ထမ်းအချို့ ၊ ပုလိပ်အချို့ ပြန်လည်ရောက်ရှိလာပြီး ဂျပန်ခေတ် အစိုးရသစ်တွင် ပြန်လည်လုပ်ကိုင်လာကြသည်။
ပုလိပ်တပ်ဖွဲ့ကို နေပြည်တော်ရဲ ဟု အမည်ပြောင်းပြီး ရဲမင်းကြီးမှာ ဦးဘရီဖြစ်လာသည်။
ဂျပန်စစ်ဘက်ဆိုင်ရာက ရန်ကုန်နှင့် မန္တလေးမြို့ ရပ်ကွက်အသီးသီးရှိ မြို့ရွာကာကွယ်ရေးအတွက် မြို့သူမြို့သားများ ပါဝင်သော ကာကွယ်ရေးအဖွဲ့များကို ကေဘိုတိုင်(Keibotai)အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။
စိန်ဓါးမြှောင်၏ တပည့် ကြင်အေး သည်လည်း ကေဘိုထိုင်အဖွဲ့တွင် စလွယ်နီလွယ်ရသောဗိုလ်တစ်ဦးဖြစ်နေပြီ စိန်ပန်း မဘော်လီခြံမှ ဂျပန်လက်နက်ရုံမှူး ဗိုလ်တာနာကာ ၏ လက်ရုံးဖြစ်လာသည်။
ငန်းနက်တို့အဖွဲ့မှာ မင်းကွန်းစစ်ကိုင်းတကြောတွင် ဓါးပြတိုက်နေကြဆဲပင်။
စိန်ဓါးမြှောင်တို့နှင့်အတူ ခါလေးက နေထိုင်ပြီး ထွန်းခင်ကမူ ဇနီးဖြစ်သူ ရင်ရင်နှင့်အတူ ကျောက်ပန်းတောင်းတွင် သွားရောက်နေထိုင်သည်။
ဂျပန်ခေတ်တွင် အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည် အစစအရာရာရှားပါးလှသည်။
ထို့ပြင် အင်္ဂလိပ်ခေတ်က အထူးအားကိုးခဲ့ရသော ပန်ချာပီဆရာဝန်များသည်လည်း စစ်ပြေးပြီး ပြန်မလာတော့သဖြင့် ကျန်းမာရေးအတွက် ဆရာဝန်အလွန်ရှားပါးခဲ့သည်။
ရွှေတချောင်းအနောက်ဘက်၊ ဒီလမ်းမြောက်ဘက်ရှိ ချစ်တီးဝင်းတွင် ဂျပန်စစ်တပ်၏ အုပ်ချုပ်မှုဖြင့် ဆေးရုံဖွင့်လှစ်ခဲ့သည်။
သို့သော် ဂျပန်ဆေးတပ်မှာလည်း ဆေးဝါးလုံလောက်မှုမရှိသဖြင့် မြို့လူထုအတွက် ထင်သလောက် အားကိုးရန် မဖြစ်နိုင်ပေ။
ထိုကာလတွင် စိန်ဓါးမြှောင်ဘဝကို ပြည်ဖုံးကားချထားသော တိုင်းရင်ဆေးဆရာ ဆရာသိန်း ထံတွင် လူနာမပျက်ခဲ့။
စိန်ဓါးမြှောင် ကား ဆရာသိန်းဘဝတွင် ပြန်လည်အခြေကျလျက်ရှိနေပြီဖြစ်သည်။
၁၉၄၄ စက်တင်ဘာလ။
အလယ်ပေါင်ရပ်ကွက်ရှိ ဆေးဆရာ ဆရာသိန်းအိမ်သို့ ကြင်အေးနှင့် လူတစ်ဦးရောက်လာသည်။
ချွေးတပ်စခန်းမှပြန်လာပြီး ငှက်ဖျားရောဂါထနေသော လူနာတစ်ဦးကို ဆရာသိန်း မှ ကုသပေးနေချိန်ဖြစ်သည်။
ခါလေးက ကြင်အေးတို့ကို ဧည့်ခံထား၏။
"ကြင်အေး..မင်းလူကို လွှတ်လိုက်တော့ကွယ်"
ဆေးကုသည့် ဘုရားခန်းထဲမှ ဆရာသိန်း၏ အသံထွက်လာသည်။
ကြင်အေးနှင့်အတူပါလာသော လူနာက အထဲသို့ ဝင်လာသည်။
"ဘာများဖြစ်သတုံး..မောင်ရင်"
"ခြေထောက်က သဲဝဲတွေက အခြေအနေအတော်ဆိုးလာလို့ပါ..ဆရာကြီး"
အပြန်အလှန်မေးခွန်းများမေးပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ချိန်တွင် နှစ်ယောက်လုံး မှင်တက်မိသွားကြသည်။
သို့သော် လူနာက မျက်နှာလွှဲလိုက်ပြီး သူ့ခြေထောက်မှ ဝဲများကို ပြသသည်။
ဆရာသိန်း က အနာများကို သေချာစွာကြည့်ပြီး ကုသရမည့်ဆေးများနှင့် ဓာတ်စာများကို ညွန်ကြားလိုက်သည်။
"ကျေးဇူးတင်ပါတယ်..ဆရာကြီး..ပူဇော်ခ ဘယ်လောက်များလဲ"
"ရပြီ..မပေးနဲ့တော့..ကြင်အေး မိတ်ဆွေမို့ မေတ္တာနဲ့ ကုပေးတာ..ပြန်လို့ရပြီ"
လူနာအိမ်ပေါ်မှ ပြန်အဆင်းတွင် ဆရာသိန်းက ကြင်အေး၏ လက်ကို အသာဆွဲထားလိုက်ပြီး
"သူ ဘယ်သူလဲ..ကြင်အေး"
"ကျွန်တော်တို့ အရင်ကေဘိုထိုင်အဖွဲ့ထဲက ဗိုလ်တစ်ယောက်ပါ..ဘာများဖြစ်လို့လဲ..ဆရာကြီး"
"ဘာမှမဖြစ်ပါဘူး..ပြန်တော့..ပြန်တော့"
………………………………………………………………..
နောက်တစ်နေ့ နံနက်တွင် ထိုလူနာသည် ဆရာသိန်း၏ အိမ်သို့ ထပ်မံရောက်လာသည်။
ယခုအကြိမ်တွင်တော့ ကြင်အေးပါမလာ။
"ကိုရင့်ကို ကျုပ် ထပ်မလာခိုင်းပါဘူး..ဘယ့်နှယ့်ကြောင့်လာရတာလဲ"
"ဟား..ဟား..ဟား..မောင်ကလေး..မောင်ကလေး..မင်းက ဒီမှာ သူတော်ကောင်းလုပ်နေတာကိုးကွ..အခု မင်းကို ဖမ်းဖို့လာတာဟေ့"
စိန်ပန်းပေါက်ကျော်က ခြောက်လုံးပြူးကို ထုတ်ကာ ချိန်လိုက်သည်။
ထိုအချိန်တွင် နောက်ထပ် ဂျပန်ခေတ်ရဲတပ်ဖွဲ့ ဝတ်စုံဖြင့် လူခြောက်ဦးပါ ဝင်လာသည်။
ခေါင်းဆောင်ဖြစ်သူ စစ်ကိုင်းပုလိပ်ဌာနတွင် ဆားပုလင်းဘဝဖြင့် စိန်ဓါးမြှောင်တို့အား ဖမ်းဆီးခဲ့ဖူးသူ ကိုဘသာ။
စိန်ဓါးမြှောင်နှင့် စိန်ပန်းပေါက်ကျော်တို့၏ အကြောင်းကို မသိရှာသော ကြင်အေး သည် သူနှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ပေါက်ကျော်အား စိန်ဓါးမြှောင်ထံ ဆေးကုသရန် ခေါ်လာခဲ့သည်။
ယခုတော့ ပေါက်ကျော်က ဓါးပြဗိုလ်စိန်ဓါးမြှောင် ကို တွေ့ထားပြီဟု စစ်ကိုင်းဂါတ်မှ စာသင်(ဆာဂျင်)ဘသာ ထံ သတင်းပို့ကာ ခေါ်ဆောင်လာခဲ့ခြင်းပင်။
စာသင်ဘသာ မှာ အင်္ဂလိပ်ခေတ်က ဆရာဖြစ်သူ ဦးလူဒုတ် ကို ပစ်သတ်ခဲ့သူမှာ စိန်ဓါးမြှောင်ဟု သာ တထစ်ချ ယူဆထားသဖြင့် စိန်ဓါးမြှောင်ကို လက်စားချေရန် လိုက်ရှာနေသူလည်းဖြစ်သည်။
ဂျပန်ခေတ်တွင် ဆာသင်(ဆာဂျင်)ရာထူးရပြီးသည့်နောက် လူဆိုးလူမိုက်များအားကိစ္စတုန်းစီရင်ဖြစ်သည်ဟုလည်း နာမည်ကြီးနေသူဖြစ်သည်။
ဆာသင်ဘသာက စိန်ဓါးမြှောင်ကို လက်ထိပ်ခတ်လိုက်ကြသည်။
"ကျုပ် စိန်ဓါးမြှောင် ပါ။ မလိမ်ပါဘူး။ အခု ကျုပ်ကို ဘယ်ခေါ်သွားကြမှာတုန်း"
"ခင်ဗျားအမှုတွဲက စစ်ကိုင်းဂါတ်မှာလေ..ဌာနေဟောင်း စစ်ကိုင်းကို ပြန်ကြတာပေါ့..ကိုယ့်လူ"
ဆာသင်ဘသာ နှင့်ပါလာသော ရဲသားက စိန်ဓါးမြှောင်၏ လက်ထိပ်နှင့် ချိတ်ထားသော သံကြိုးကို စောင့်ဆွဲလိုက်သည်။
ဈေးမှ ပြန်လာသော မြကြည်မှာ နို့ဆီဗူးကလေးကို ကိုင်ကာ အိမ်အဝတွင် မတ်တပ်ရပ်လျက်။
မြင်ကွင်းကို ကြောင်ကြည့်နေသည်။
စိန်ဓါးမြှောင်က မြကြည်ကို ပြုံးပြလိုက်သည်။ ထို့နောက် ဘေးနားတွင် ရပ်နေသောခါလေးအား
"ခါလေး.ငါလိုက်သွားလိုက်ဦးမယ်…ငါ့တူတွေကို မင်းပဲသွားပြောပေးကွာ..သူတို့ ဦးလေးကြီး စစ်ကိုင်းဂါတ်ကို ပါသွားပြီလို့"
မြကြည်၏ မျက်နှာက ငိုမဲ့မဲ့ဖြစ်လာသည်။
"မငိုရဘူးနော်..အကို မြကြည်စကားအတိုင်း လိမ္မာခဲ့တာပဲလေ..ဟုတ်ပြီလား"
ပုလိပ်သားများက ဆွဲခေါ်သွားစဉ် စိန်ဓါးမြှောင်က မြကြည်နံဘေးမှ ထိုသို့ ခပ်တိုးတိုးလေး ပြောသွားသည်။
…………………………………………………………………………………………………………………..
ရဲစက်လှေသည် စစ်ကိုင်း ပတ္တမြားဆိပ်ကမ်းဆီသို့ ဦးတည်နေသည်။
"သိပ်လည်းစိတ်မပါနဲ့..စိန်ဓါးမြှောင်ကြီးရာ… အခု ဂျပန်ဥပဒေက ရှင်းတယ်ဗျ..ဌာနာမှာ ခင်ဗျားကို အမှုနည်းနည်းစစ်ပြီး ဓါးပြမှုတစ်ခုလောက်ဆွဲတင်ပြီး ကင်ပေတွေ လက်အပ်လိုက်ရင် သေဒဏ်ပဲ။ အဲ့ဒီကျမှ တုတ်ပြီး ဓါးပြီး စိန်ဓါးမြှောင်ကြီးဟာ ဂျပန်သေနတ်ပြီးမပြီး ကိုယ့်ဟာကိုယ် စစ်ကြည့်ပေတော့ဗျိုး"
ဆာသင်ဘသာက မြစ်ပြင်ပေါ်သို့ ကွမ်းတံတွေးကို ထွေးလိုက်ပြီး စိန်ဓါးမြှောင်အား ခပ်ပြုံးပြုံးပြောသည်။
စိန်ဓါးမြှောင်က လည်း လှေဦးကို ကျောပေးကာ သူ့ဘက်လှည့်ထိုင်ပြီး စကားနာထိုးနေသော ဆာသင်ဘသာကို ပြန်ပြုံးပြလိုက်သည်။
ပတ္တမြားဆိပ်ကမ်းသို့ ရဲစက်လှေက ဆိုက်ကပ်ပြီဖြစ်သည်။
ဘောတံတားနားသို့ ကပ်သည့်အခါ ကိုဘသာက စိန်ဓါးမြှောင်၏ လက်ထိပ်သံကြိုးကို ဆွဲသည်။ ရဲသားတစ်ဦးက အနောက်မှ ရိုင်ဖယ်သေနတ်ဘက်နက်ဖြင့် စိန်ဓါးမြှောင်၏ ကျောကို ထောက်ထား၏။
ကမ်းပေါ်အရောက်တွင် ကိုဘသာက လွှားခနဲ ခုန်တက်လိုက်သည်။
သို့သော် တုန့်ခနဲဖြစ်သွားပြီး ဘောတံတားပေါ်သို့ ကန့်လန့်ကြီး ပြုတ်ကျတော့သည်။
ကိုဘသာ ၏ ခါးတွင် သံကြိုးနှင့် တန်းလန်းဆွဲထားသော ခြောက်လုံးပြူးကို စိန်ဓါးမြှောင်က လှမ်းယူထားလိုက်သဖြင့် သံကြိုးနှင့် ပြတ်ကာ အရှိန်ဖြင့်ခုန်တက်လိုက်သော ကိုဘသာ ပြုတ်ကျသွားခြင်းသည်။
ကိုဘသာလက်မှ စိန်ဓါးမြှောင်၏ လက်ထိပ်သံကြိုးမှာလည်း လွတ်ကျသွား၏။
စိန်ဓါးမြှောင်က လက်ထိပ်တန်းလန်းဖြင့် ကိုဘသာ၏ ကျောကုန်းကို ခြောက်လုံးပြူးဖြင့် ပစ်ထည့်လိုက်ရာ ဆာသင်ဘသာ ရေထဲသို့ ပြုတ်ကျသွားတော့သည်။
နောက်မှ ပါလာသော ရဲသားက ဖြစ်စဉ်ကို ကြောင်ကြည့်နေပြီးမှ သတိဝင်လာသဖြင့် စိန်ဓါးမြှောင်၏ ကျောကုန်းကို ဘက်နက်ဖြင့် ထိုးလိုက်သည်။
သို့သော် ဟန်ချက်ပျက်သွားသဖြင့် ပုခုံးကို ဘက်နက်ဖြင့် ရှပ်ထိုးမိကာ သွေးများဖြာခနဲထွက်လာသည်။
စိန်ဓါးမြှောင်က နောက်ပြန်လှည့်ပြီး ကိုယ်ကို ယို့ကာ ရဲသား၏ သေနတ်ကိုင်လက်ကို ညာလက်ဖြင့် ပုတ်ထုတ်လိုက်၏။
ထို့နောက် လက်ထိပ်တန်းလန်းနှင့်ပင် ခြောက်လုံးပြူးကို ကိုင်ကာ ကမ်းပေါ်သို့ တက်ပြေးလေတော့သည်။
"စိန်ဓါးမြှောင်တဲ့ဟေ့……….မဆိုင်သူ မကပ်နဲ့ကွ"
ပုလိပ်သားအချို့မှာ စိန်ဓါးမြှောင်နောက်ပြေးလိုက်ရနိုး…ရေထဲကျနေသော ကိုဘသာကို ဆယ်ရနိုးဖြင့် ဝေခွဲမရဖြစ်နေစဉ် စိန်ဓါးမြှောင်မှာ ဆိပ်ကမ်းမှ လူအုပ်ကြားတွင် ပျောက်သွားတော့သည်။
မကြာမီ သေနတ်သံကြောင့် ဂျပန်မြို့စောင့်တပ်ကားများ ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။
ဆာသင်ကိုဘသာအား ရေထဲမှ ဆယ်ယူပြီး ဂျပန်စစ်ဆေးရုံသို့ တင်ပို့ရန် စီစဉ်ကြ၏။
လူဆိုးဗိုလ် စိန်ဓါးမြှောင်သည် လက်ထိပ်ခတ်ထားသည့်ကြားမှ ပုလိပ်များထံမှ သေနတ်လုပစ်ခတ်ပြီး ကိုယ်ပျောက်သွားသည်ဆိုသည့် သတင်းက တဖြည်းဖြည်း ပျံ့နှံ့သွားသည်။
မန္တလေးရဲဌာနမှ လည်း သူတို့နယ်မြေထဲတွင် သူတို့မသိအောင် ဝင်ဖမ်းပြီး စစ်ကိုင်းသို့ ခေါ်သွားသည့် ဆာသင်ဘသာကို အရေးယူပေးရန် ရန်ကုန်ရဲမင်းကြီး ဦးဘရီ ထံ အစီရင်ခံစာတင်ကာ တိုင်ကြားသည်။
ကိုဘသာမှာ ကျောကုန်းမှ သေနတ်ဒဏ်ရာဖြင့် နောက်တစ်နေ့ နံနက်တွင် ကွယ်လွန်သွားခဲ့၏။
မန္တလေးရှိ မမြကြည် ၏ နေအိမ်တွင်လည်း ရဲတပ်ဖွဲ့များ ရောက်ရှိလာသည်။
ခါလေးနှင့် မမြကြည် ကား နောက်တစ်ကြိမ် ခြေရာဖျောက်သွားခဲ့ပြန်သည်။
ရဲတပ်ဖွဲ့များရှေ့မှောက်တွင် ဆရာသိန်းအမည်ဖြင့် ခပ်တည်တည်ဆေးကုနေသော ဆေးဆရာကား လူဆိုးဗိုလ်စိန်ဓါးမြှောင်မှန်းသိရသည့်အခါ တောက်တခတ်ခတ်ဖြစ်ကုန်ကြ၏။
………………………………………………………………………………………………
ငန်းနက် ပြုံးနေသည်။
သူ့ရှေ့တွင် ထိုင်နေသော စိန်ဓါးမြှောင်လည်း ပြုံးနေသည်။
"နောက်ဆုံးတော့ ခင်ဗျား..ပြန်ရောက်လာရတာပါပဲ..အကိုကြီးရာ"
"အေး..မင်းပြောတာ..မှန်တယ်..ငန်းနက်… ငါကိုက ဝရမ်းပြေးဖြစ်ဖို့..ဓါးပြဗိုလ်ဖြစ်ဖို့ ပါရမီပါလာတာပဲ"
"ခါလေး ဆီက သတင်းရကတည်းက စစ်ကိုင်းတစ်ဝိုက်မှာ ကျုပ်လူတွေ လွှတ်ထားတာ မှန်သွားတာပေါ့.. နို့မဟုတ်..လက်ထိပ်ကြီးတန်းလန်းနဲ့ ခင်ဗျားကို ခဏလေးနဲ့ ပြန်မိမှာ"
"အခုချိန်ဆို လှမောင်ကြီးတို့လည်း စစ်ကိုင်းနားတဝိုက် တက်လာရောတော့မယ်..အင်း..ရဲရော..ဂျပန်ရောကတော့ ငါ့ကို မိရင်သတ်မှာပဲ"
"ဂျပန်အတွက်ကတော့ ကျုပ်မှာ အဆက်အသွယ်ရှိတယ်..အကိုကြီး..ဟိုတခေါက် မန္တလေး သံတဲကျောင်းမှာတုန်းက လာဟောပြောတဲ့ ဗိုလ်ကြီးဆာကူရိုင်း ဆိုတာ ဂျပန်စစ်ဘက်ပြန်ကြားရေးကပဲ။ သူက ယိုးဒယားမှာ ဓာတ်ပုံဆရာအသွင်ယူနေကတည်းက ကျုပ်နဲ့ ရင်းနှီးတာ။ သူက အခု သူလျှိုဖမ်းဆီးမှုစစ်ဆင်ရေးဆိုတာမှာ အကြီးပိုင်းဖြစ်နေတယ်။ ကျုပ်နဲ့ နှစ်ကြိမ်တွေ့ပြီးပြီ။ သူလိုချင်တာက မဟာမိတ်လေထီးဆင်းစစ်သားတွေ ဒီဧရာဝတီမြစ်တဝိုက်က ရွာတွေမှာ သတင်းရရင် ကျုပ်အဖွဲ့က ပေးဖို့ နဲ့ အဲ့ဒီအတွက် ကျုပ်တို့နဲ့ ဂျပန်စစ်တပ်ကြားက ဘယ်ပြသနာမဆို သူတာဝန်ယူမယ်ဆိုပြီး နားလည်မှုယူထားကြတယ်။ ကျုပ် သူနဲ့ သွားတိုင်ပင်ပါဦးမယ်၊ ခင်ဗျားကို ဖမ်းတဲ့ ဆာသင်ကောင် သေသွားရင်တော့ ပိုကောင်းတယ်။ ခင်ဗျားဟာ ဆေးဆရာဆရာသိန်းဖြစ်ကြောင်း၊ ရဲဘက်က တမင် လူမှုရေးမကျေနပ်ချက်နဲ့အကောက်ကြံစွပ်စွဲတာဆိုပြီး ဂျပန်စစ်ဘက်ကို ပြောထားလို့ရကောင်းတယ်ဗျ"
"တောက်..တိုင်းပြည်အခြေအနေကလည်း ဘာတွေမှန်းကိုမသိဘူး။ လွတ်လပ်ရေးရပြီလည်းဆိုသေး..ဂျပန်တွေကိုလည်းကြောက်ရ..ဗမာပြည်အစိုးရဆိုတာကိုလည်း ကြောက်ရနဲ့…ငါဟာငါ အေးအေးဆေးဆေး ဆေးကုစားနေတော့လည်းကွာ.."
"ဒါကြောင့်ပြောတာပေါ့ဗျာ..ဆရာသိန်းတွေ ဘာတွေ လုပ်မနေနဲ့..ဒီခေတ်ကြီးထဲ စိန်ဓါးမြှောင်သာ လုပ်စမ်းပါ… ခင်ဗျားကို ဘယ်သူမှလာမထိရဲဘူး..အကိုကြီးရ…ဘယ်နှယ့်လဲ"
"အေးကွာ..အခုလောက်ဆို မြကြည်လည်း သဘောပေါက်လောက်ပါပြီ"
"ဒါဆို မနက်ဖြန် ကျုပ် မန္တလေးတက်မယ်။ ဂျပန်ဗိုလ်ဆာကူရိုင်းနဲ့ သွားတွေ့မယ်။ ပြီးရင် ခင်ဗျားတို့အိမ်နားမှာ မြကြည်တို့၊ ခါလေးတို့ အခြေအနေတီးခေါက်ခဲ့မယ်။ ခင်ဗျားကတော့ ဒီကျွန်းပေါ်မှာပဲ အေးအေးဆေးဆေးနေခဲ့ဗျာ"
"စိန်ပန်းဘက်ရောက်ရင် ဟို ကြင်အေး ဆိုတဲ့ နှမလိုးလေးကို ဝင်ပြောလိုက်စမ်းပါ။ သူဘုမသိ ဘမသိ ခေါ်လာတဲ့ ပေါက်ကျော်ဆိုတဲ့ကောင်ကြောင့် ငါအခုလို ဒုက္ခရောက်နေပြီလို့"
"မပူနဲ့ စိတ်ချ…အကိုကြီး.အချိန်ရရင်..အဲ့ဒီ ပေါက်ကျော်ဆိုတဲ့ကောင်ကိုပါ..ရှာပြီး ပစ်သတ်ခဲ့မယ်"
ငန်းနက်က တဲထဲဝင်သွားပြီး ချက်အရက်ပုလင်းတစ်လုံးကို ထုတ်လာသည်။
"ကဲ.အကိုကြီး..ဆရာသိန်းလုပ်မှာလား..စိန်ဓါးမြှောင်လုပ်မှာလား..စိန်ဓါးမြှောင်လုပ်မယ်ဆိုရင်တော့..ဒီတစ်ခါ အရက်ချဗျာ"
စိန်ဓါးမြှောင်က ပုခုံးမှ ဆေးထည့်ထားသော ဒဏ်ရာကို လက်နဲ့ဖိရင်း..
"ကဲ..တစ်ခွက်ငှဲ့ကွာ..သောက်ကြည့်တာပေါ့"
ပုလင်းထဲမှ ပယင်းရောင်ရေကြည်လေးများက ညနေ နေခြည်နှင့်အတူ တလက်လက်ထနေ၏။
"ဒီအချိန်ဆို…မြကြည်တစ်ယောက် ဘယ်နှယ့် နေရှာပါလိမ့်ကွာ"
"အင်း..ခင်ဗျားကြီး ရောဂါက ဆေမမှီတော့ဘူး..အကိုကြီး"
ထိုသို့ပြောပြီး ငန်းနက်က ခပ်တိုးတိုးရယ်လိုက်သည်။
ခက်ဇော်
The Guys From Mandalay,1950s
အခန္း (၁၁)
………………………………………………….
"ျမၾကည္ မလိုက္ႏိုင္ဘူး..အကို"
ထိုမွ် ခိုင္မာျပတ္သားေသာ ျမၾကည္၏ အသံကို မၾကားရစဖူး။
ယခုေတာ့ ျမၾကည္ ျပတ္ျပတ္သားသားျငင္းေနၿပီ။
သူႏွင့္အိမ္ေထာင္ျပဳၿပီးကတည္းက သူ႔အေပၚတစ္ခါမွ မာမာထန္ထန္မျငင္းဆန္ဘူးေသာ ျမၾကည္ကို ၾကည့္ကာ စိန္ဓါးေျမႇာင္ အံၾသေနသည္။
"ဘာလို႔ မလိုက္ရမွာလဲ..ျမၾကည္..ဒါက သူမ်ားအိမ္ေလ..သူမ်ားအိမ္မွာ တသက္လုံးေနလို႔မရဘူး"
"အကို ေျပာတယ္ေလ..ဓါးျပဗိုလ္ဆက္လုပ္မယ္..ဓါးျပတိုက္မယ္ဆို…အဲ့ဒီလို လုပ္ေနမယ္ဆို ညီမ မလိုက္ႏိုင္ဘူး"
"……………………………………"
"အကို..စဥ္းစားၾကည့္ပါ..ပထမတုန္းက အကိုဟာ ဘုန္းႀကီးလူထြက္ ကုန္သည္ပြဲစားေလ၊ မထင္မွတ္ပဲ ဓါးျပျဖစ္လာတာ..အခု ကိုယ့္မွာ ထိုက္သင့္သေလာက္ စုမိေဆာင္းမိလည္းရွိလာၿပီ..ဘာကိစၥဓါးျပတိုက္ဦးမွာလဲ"
"အင္း..ျမၾကည္..ညီမ…ေယာက္်ားေတြကို နားမလည္ပါဘူး..အကို ဒီအလုပ္ကို စခဲ့မိၿပီေလ..ဆုံးေအာင္ေတာ့ လုပ္ရေတာ့မွာပဲ..အကို လူေကာင္းအျဖစ္ ျပန္ေနေတာ့ေရာ..ပုလိပ္ဘက္မွာ မွတ္တမ္းေတြက ရွိေနမွာပဲ..ဒီေတာ့ ဝရမ္းေျပးဘဝနဲ႔ ဘယ္မွာ ေကာင္းေရာင္းေကာင္းဝယ္လုပ္စားမလဲ..အကို ဓါးျပတိုက္တယ္ ဆိုတာလည္း ဆင္းရဲသားကို လက္ဖ်ားနဲ႔ေတာင္ မတို႔ပါဘူး..သုံးမကုန္ေအာင္ခ်မ္းသာၿပီးသားလူေတြကိုပဲ တိုက္တာ..သူတို႔ကိုလည္း ဘဝပ်က္ေအာင္မတိုက္ဘူး..သူတို႔ဆီက ပိုတာလွ်ံတာေလး နည္းနည္းပါးပါးကို မရွိဆင္းရဲတဲ့ ကိုယ့္တပည့္ေတြနဲ႔ သူတို႔မိသားစုေတြအတြက္ မွ်ေဝဖို႔ အကိုက ေခါင္းေဆာင္ေပးယုံပါ .…ကိုယ္တိုင္က ဝရမ္ေျပးျဖစ္ေနေတာ့ မရွိဆင္းရဲသားကို မလႉႏိုင္လို႔ သူေဌးေတြကို ဓါးမိုးၿပီး လႉခိုင္းတဲ့သေဘာပါ."
"ဘုန္းႀကီးလူထြက္ႀကီးက ဓါးျပတိုက္တာေတာင္ အလႉျဖစ္ေအာင္ေဟာသြားေသးတယ္ေနာ္..အခု စစ္ႀကီး ထဲမွာ သူေဌးေရာ ဆင္းရဲသားေရာ အကုန္ဒုကၡေရာက္ေနၾကတာ..အကိုရယ္..ေလာေလာလတ္လတ္ အကို႔ဓါးျပမႈေၾကာင့္ ညီမအေဖမွာ အခ်ဳပ္ခံရတယ္။ တစ္ေယာက္တည္းက်န္ရစ္ၿပီး ဗုံးထိေသရတယ္မဟုတ္လား..ဒီကာလမွာ..ဘယ္သူျဖစ္ျဖစ္ ဒုကၡသည္ေတြ ခ်ည္းပါ..ဒုကၡေရာက္ေနသူေတြကို ဒုကၡေပးၿပီး ရလာတာေတြလည္း ညီမ မလိုခ်င္ဘူး.အခု အကိုနဲ႔ ညီမ ဒီမွာေနသလို အကိုက ဆရာသိန္း၊ ညီမက ျမသီဆိုၿပီး မႏၲေလးမွာ ဇာတ္ျမဳပ္ၿပီး ရထားတာေလး ထုခြဲေအးေအးေဆးေဆးရင္းႏွီးစားလို႔ရပါတယ္"
"အင္း..ခက္တယ္..ျမၾကည္ရယ္"
"မခက္နဲ႔ အကို..အကို ဓါးျပဆက္တိုက္မယ္ဆို..ျမၾကည္ အကို႔ေနာက္မလိုက္ဘူး"
"………………………"
စိန္ဓါးေျမႇာင္ က ျမၾကည္ကို ေသခ်ာၾကည့္ေနသည္။
ျမၾကည္၏ မ်က္လုံးဝိုင္းဝိုင္းေလးမ်ားက အရည္လဲ့ေန၏။ ႏႈတ္ခမ္းတို႔ကို တင္းတင္းေစ့ထား၏။
အိမ္ေရွ႕ခန္းတြင္ရွိေသာ ခါေလး၊ထြန္းခင္ ႏွင့္ ရင္ရင္ တို႔ က အတြင္းခန္းမ်ား အသံမ်ားကို နားစြင့္ေနၾကသည္။
"ဟုတ္ပါၿပီေလ..အကိုနဲ႔သာလိုက္ခဲ့ပါ ျမၾကည္..အကို ဓါးျပမတိုက္ေတာ့ပါဘူး"
အျပင္တြင္ရွိေနေသာ ခါေလးႏွင့္ထြန္းခင္တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။
………………………………………………………………………………………….
"ဟာဗ်ာ…ခင္ဗ်ားကို ဓါးျပတိုက္တဲ့ေနရာမွာ အစီအစဥ္ေကာင္းတယ္၊ သမာသမတ္ရွိတာမို႔ ဆရာတင္ထားတာေလဗ်ာ..ဟိုေန႔က ခင္ဗ်ား စနစ္တက်အဖြဲ႕ေတြ ဖြဲ႕ေပးေနေတာ့ ငါတို႔ေတာ့ သမိုင္းတြင္မယ့္ ဓါးျပျဖစ္ၿပီဆိုၿပီး က်ဳပ္က ေပ်ာ္ေနတာ…အခုလို သူေတာ္ေကာင္းလုပ္စားမယ္ဆိုရင္ေတာ့..ကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကယုံေပါ့"
ငန္းနက္၏ အသံက အားမလိုအားမရ။
ကုသိုလ္ေတာ္ဘုရားဝန္းအတြင္း အုတ္က်ိဳးအုတ္ပ်က္မ်ားၾကား စိန္ဓါးေျမႇာင္ႏွင့္ တပည့္မ်ား ဒုတိယံမၼိစည္းေဝးေနၾကျခင္းျဖစ္သည္။
"တကယ္ေတာ့ ဓါးျပဟာ ဓါးျပပါပဲ.အကိုႀကီး…က်ဳပ္ ငယ္ငယ္ကတည္းက ဓါးျပတိုက္လာတာ..ေခါင္းေဆာင္ေတြအမ်ားႀကီးေတြ႕ဖူးတယ္.အဲ့ဒီထဲမွာမွ.ခင္ဗ်ားက တကယ့္ကို ဓါးျပပါရမီပါလာတဲ့သူဗ်… ကဲ…အဲ့ဒါေတြထားပါေတာ့.အကိုႀကီး..က်ဳပ္ကို တစ္မ်ိဳးမထင္ပါနဲ႔.. က်ဳပ္ကေတာ့ ေကာင္းေရာင္းေကာင္းဝယ္လုပ္စားရတာ ပ်င္းလို႔..ဓါးျပပဲဆက္တိုက္ေနပါရေစ..ကဲ..က်ဳပ္နဲ႔ ဘယ္သူလိုက္မလဲ"
ငန္းနက္ႏွင့္အတူ ဘခ်စ္က ထရပ္သည္။ င႐ုတ္သီးဘရင္က ငန္းနက္ကို တလွည့္၊ စိန္ဓါးေျမႇာင္ကို တလွည့္ၾကည့္ေနသည္။
"င႐ုတ္သီး ငါ့ကို အားနာမေနနဲ႔..မင္း ငန္းနက္နဲ႔လိုက္သြားခ်င္တယ္ဆိုလိုက္သြား..ငါနဲ႔ေနရင္ မင္းေဆးႀကိတ္ေနရမွာ"
င႐ုတ္သီးဘရင္က စိန္ဓါးေျမႇာင္ ဘက္သို႔ လက္အုပ္ခ်ီလိုက္ရင္း ငန္းနက္ေဘးတြင္ သြားရပ္သည္။
"လွေမာင္နဲ႔ဘေမာင္ကေရာ"
"ကြၽန္ေတာ္တို႔က ဆရာႀကီးနဲ႔ေဈးခ်ိဳပြဲလို တစ္ပြဲေလာက္ တီးခ်င္ေသးတာဗ်ာ..အခုေတာ့..မတတ္ႏိုင္ဘူး..ဆရာႀကီးေရ.. အခု ကြၽန္ေတာ့္မွာလည္း မယားေကြၽးမႈနဲ႔ ျဖစ္ေနၿပီ …ဒီကာလမွာ တျခားလည္း ဘာမွလုပ္မေကြၽးတတ္ဘူး. မတၱရာဘက္ျပန္ၿပီး ခပ္ေဖ်ာက္ေဖ်ာက္ပဲ ဓါးျပတိုက္စားရမွာေပါ့"
လွေမာင္ က ေျပာသည္။
ဘေမာင္က လွေမာင္၏ ပုခုံးကို ဖက္ၿပီး
"ကြၽန္ေတာ့္ညီကို ကြၽန္ေတာ္စိတ္မခ်ဘူးဆရာႀကီး..လိုက္သြားပါရေစ"
ဘေမာင္ႏွင့္ လွေမာင္က စိန္ဓါးေျမႇာင္ကို ဦးကုန္းခ်သည္။
"ၾကင္ေအး..မင္းကေရာ"
"ေလာေလာဆယ္ေတာ့ ဓါးျပလုပ္လို႔ မေခ်ာင္ေသးဘူးလို႔ကြၽန္ေတာ္ထင္တယ္..ကြၽန္ေတာ္က အခု ဂ်ပန္ေတြနဲ႔ အနီးကပ္ေနတာ..ဒီေကာင္ေတြက ရန္ကုန္ဘက္မွာ ဓားျပေတြကို ေရလည္သတ္ခဲ့တာေနာ္..သူတို႔တင္မကဘူး ဘီအိုင္ေအကလည္း ဓားျပဆို သတ္တာ..ကြၽန္ေတာ္ေတာ့ မေသခ်င္ေသးဘူး…စိန္ပန္းထဲမွာ ဂ်ပန္ကို ခိုးရာပါသြင္းေနတဲ့ လုပ္ငန္းေလးကလည္းေျဖာင့္ေနေတာ့..ဒီတိုင္းပဲ ေနပါမယ္"
"ဟုတ္ၿပီ..ခါေလးနဲ႔ ထြန္းခင္..မင္းတို႔ကေရာ"
"ကြၽန္ေတာ္တို႔ကေတာ့ ဆရာႀကီးနဲ႔ မိသားစုလို ဝိုင္လုပ္ဝိုင္းစားေနခဲ့ပါ့မယ္"
"ကဲ..ဟုတ္ၿပီ..ဒီလိုဆို..ငါတို႔အားလုံးက အခုကိုယ့္လမ္းကိုယ္ေလွ်ာက္ေနေပမယ့္..ညီအစ္ကိုဆိုတာ ဘယ္ေတာ့မွ မေမ့နဲ႔…တစ္ေယာက္ဒုကၡေရာက္ရင္ တစ္ေယာက္ကူညီဖို႔ မပ်က္ကြက္ေစနဲ႔..ဟုတ္ၿပီလား"
တစ္ဦးႏွင့္တစ္ဦးႏႈတ္ဆက္ၿပီးေနာက္ စိန္ဓါးေျမႇာင္တို႔အသီးသီး လူစုခြဲလိုက္ၾကသည္။
……………………………………………………………………………………………………………..
၁၉၄၃ ၾသဂုတ္လ ၁ ရက္။
ဂ်ပန္စစ္ဗဟိုဌာနခ်ဳပ္ စစ္ေသနာပတိ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကဝါဘီ က ဂ်ပန္ စစ္အုပ္ခ်ဳပ္ေရးကိုဖ်က္သိမ္းေၾကာင္းႏွင့္ လြတ္လပ္ေသာျမန္မာႏိုင္ငံေတာ္ျဖစ္ၿပီဟု ေၾကညာခဲ့သည္။
ဂ်ပန္ေခတ္ ျမန္မာအစိုးရတြင္ ေဒါက္တာဘေမာ္ အဓိပတိျဖစ္လာၿပီး ႏိုင္ငံျခားေရးဝန္ႀကီးမွာ သခင္ႏုျဖစ္လာ၏။
စိန္ဓါးေျမႇာင္သည္ မေႏၲေလး၊ အလယ္ေပါင္ရပ္၊ ခ်မ္းသာႀကီးမီးျခစ္စက္႐ုံအနီးတြင္ အိမ္ဝိုင္းတစ္ကြက္ ဝယ္ယူကာ ဆရာသိန္းအမည္ ျဖင့္ ဗိေႏၶာေဆးကုသေနေလသည္။
မဟာမိတ္ေလယာဥ္ပ်ံမ်ား ရံဖန္ရံခါဗုံးလာႀကဲသည္မွအပ မႏၲေလး၏ အေျခအေနမွာ တည္ၿငိမ္လာသည္။
အဂၤလိပ္လက္ထက္က အုပ္ခ်ဳပ္ေရးဝန္ထမ္းအခ်ိဳ႕ ၊ ပုလိပ္အခ်ိဳ႕ ျပန္လည္ေရာက္ရွိလာၿပီး ဂ်ပန္ေခတ္ အစိုးရသစ္တြင္ ျပန္လည္လုပ္ကိုင္လာၾကသည္။
ပုလိပ္တပ္ဖြဲ႕ကို ေနျပည္ေတာ္ရဲ ဟု အမည္ေျပာင္းၿပီး ရဲမင္းႀကီးမွာ ဦးဘရီျဖစ္လာသည္။
ဂ်ပန္စစ္ဘက္ဆိုင္ရာက ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ ရပ္ကြက္အသီးသီးရွိ ၿမိဳ႕႐ြာကာကြယ္ေရးအတြက္ ၿမိဳ႕သူၿမိဳ႕သားမ်ား ပါဝင္ေသာ ကာကြယ္ေရးအဖြဲ႕မ်ားကို ေကဘိုတိုင္(Keibotai)အမည္ျဖင့္ ဖြဲ႕စည္းခဲ့သည္။
စိန္ဓါးေျမႇာင္၏ တပည့္ ၾကင္ေအး သည္လည္း ေကဘိုထိုင္အဖြဲ႕တြင္ စလြယ္နီလြယ္ရေသာဗိုလ္တစ္ဦးျဖစ္ေနၿပီ စိန္ပန္း မေဘာ္လီၿခံမွ ဂ်ပန္လက္နက္႐ုံမႉး ဗိုလ္တာနာကာ ၏ လက္႐ုံးျဖစ္လာသည္။
ငန္းနက္တို႔အဖြဲ႕မွာ မင္းကြန္းစစ္ကိုင္းတေၾကာတြင္ ဓါးျပတိုက္ေနၾကဆဲပင္။
စိန္ဓါးေျမႇာင္တို႔ႏွင့္အတူ ခါေလးက ေနထိုင္ၿပီး ထြန္းခင္ကမူ ဇနီးျဖစ္သူ ရင္ရင္ႏွင့္အတူ ေက်ာက္ပန္းေတာင္းတြင္ သြားေရာက္ေနထိုင္သည္။
ဂ်ပန္ေခတ္တြင္ အစားအေသာက္၊ ေဆးဝါး၊ အဝတ္အထည္ အစစအရာရာရွားပါးလွသည္။
ထို႔ျပင္ အဂၤလိပ္ေခတ္က အထူးအားကိုးခဲ့ရေသာ ပန္ခ်ာပီဆရာဝန္မ်ားသည္လည္း စစ္ေျပးၿပီး ျပန္မလာေတာ့သျဖင့္ က်န္းမာေရးအတြက္ ဆရာဝန္အလြန္ရွားပါးခဲ့သည္။
ေ႐ႊတေခ်ာင္းအေနာက္ဘက္၊ ဒီလမ္းေျမာက္ဘက္ရွိ ခ်စ္တီးဝင္းတြင္ ဂ်ပန္စစ္တပ္၏ အုပ္ခ်ဳပ္မႈျဖင့္ ေဆး႐ုံဖြင့္လွစ္ခဲ့သည္။
သို႔ေသာ္ ဂ်ပန္ေဆးတပ္မွာလည္း ေဆးဝါးလုံေလာက္မႈမရွိသျဖင့္ ၿမိဳ႕လူထုအတြက္ ထင္သေလာက္ အားကိုးရန္ မျဖစ္ႏိုင္ေပ။
ထိုကာလတြင္ စိန္ဓါးေျမႇာင္ဘဝကို ျပည္ဖုံးကားခ်ထားေသာ တိုင္းရင္ေဆးဆရာ ဆရာသိန္း ထံတြင္ လူနာမပ်က္ခဲ့။
စိန္ဓါးေျမႇာင္ ကား ဆရာသိန္းဘဝတြင္ ျပန္လည္အေျခက်လ်က္ရွိေနၿပီျဖစ္သည္။
၁၉၄၄ စက္တင္ဘာလ။
အလယ္ေပါင္ရပ္ကြက္ရွိ ေဆးဆရာ ဆရာသိန္းအိမ္သို႔ ၾကင္ေအးႏွင့္ လူတစ္ဦးေရာက္လာသည္။
ေခြၽးတပ္စခန္းမွျပန္လာၿပီး ငွက္ဖ်ားေရာဂါထေနေသာ လူနာတစ္ဦးကို ဆရာသိန္း မွ ကုသေပးေနခ်ိန္ျဖစ္သည္။
ခါေလးက ၾကင္ေအးတို႔ကို ဧည့္ခံထား၏။
"ၾကင္ေအး..မင္းလူကို လႊတ္လိုက္ေတာ့ကြယ္"
ေဆးကုသည့္ ဘုရားခန္းထဲမွ ဆရာသိန္း၏ အသံထြက္လာသည္။
ၾကင္ေအးႏွင့္အတူပါလာေသာ လူနာက အထဲသို႔ ဝင္လာသည္။
"ဘာမ်ားျဖစ္သတုံး..ေမာင္ရင္"
"ေျခေထာက္က သဲဝဲေတြက အေျခအေနအေတာ္ဆိုးလာလို႔ပါ..ဆရာႀကီး"
အျပန္အလွန္ေမးခြန္းမ်ားေမးၿပီးေနာက္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ခ်ိန္တြင္ ႏွစ္ေယာက္လုံး မွင္တက္မိသြားၾကသည္။
သို႔ေသာ္ လူနာက မ်က္ႏွာလႊဲလိုက္ၿပီး သူ႔ေျခေထာက္မွ ဝဲမ်ားကို ျပသသည္။
ဆရာသိန္း က အနာမ်ားကို ေသခ်ာစြာၾကည့္ၿပီး ကုသရမည့္ေဆးမ်ားႏွင့္ ဓာတ္စာမ်ားကို ၫြန္ၾကားလိုက္သည္။
"ေက်းဇူးတင္ပါတယ္..ဆရာႀကီး..ပူေဇာ္ခ ဘယ္ေလာက္မ်ားလဲ"
"ရၿပီ..မေပးနဲ႔ေတာ့..ၾကင္ေအး မိတ္ေဆြမို႔ ေမတၱာနဲ႔ ကုေပးတာ..ျပန္လို႔ရၿပီ"
လူနာအိမ္ေပၚမွ ျပန္အဆင္းတြင္ ဆရာသိန္းက ၾကင္ေအး၏ လက္ကို အသာဆြဲထားလိုက္ၿပီး
"သူ ဘယ္သူလဲ..ၾကင္ေအး"
"ကြၽန္ေတာ္တို႔ အရင္ေကဘိုထိုင္အဖြဲ႕ထဲက ဗိုလ္တစ္ေယာက္ပါ..ဘာမ်ားျဖစ္လို႔လဲ..ဆရာႀကီး"
"ဘာမွမျဖစ္ပါဘူး..ျပန္ေတာ့..ျပန္ေတာ့"
………………………………………………………………..
ေနာက္တစ္ေန႔ နံနက္တြင္ ထိုလူနာသည္ ဆရာသိန္း၏ အိမ္သို႔ ထပ္မံေရာက္လာသည္။
ယခုအႀကိမ္တြင္ေတာ့ ၾကင္ေအးပါမလာ။
"ကိုရင့္ကို က်ဳပ္ ထပ္မလာခိုင္းပါဘူး..ဘယ့္ႏွယ့္ေၾကာင့္လာရတာလဲ"
"ဟား..ဟား..ဟား..ေမာင္ကေလး..ေမာင္ကေလး..မင္းက ဒီမွာ သူေတာ္ေကာင္းလုပ္ေနတာကိုးကြ..အခု မင္းကို ဖမ္းဖို႔လာတာေဟ့"
စိန္ပန္းေပါက္ေက်ာ္က ေျခာက္လုံးျပဴးကို ထုတ္ကာ ခ်ိန္လိုက္သည္။
ထိုအခ်ိန္တြင္ ေနာက္ထပ္ ဂ်ပန္ေခတ္ရဲတပ္ဖြဲ႕ ဝတ္စုံျဖင့္ လူေျခာက္ဦးပါ ဝင္လာသည္။
ေခါင္းေဆာင္ျဖစ္သူ စစ္ကိုင္းပုလိပ္ဌာနတြင္ ဆားပုလင္းဘဝျဖင့္ စိန္ဓါးေျမႇာင္တို႔အား ဖမ္းဆီးခဲ့ဖူးသူ ကိုဘသာ။
စိန္ဓါးေျမႇာင္ႏွင့္ စိန္ပန္းေပါက္ေက်ာ္တို႔၏ အေၾကာင္းကို မသိရွာေသာ ၾကင္ေအး သည္ သူႏွင့္လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူ ေပါက္ေက်ာ္အား စိန္ဓါးေျမႇာင္ထံ ေဆးကုသရန္ ေခၚလာခဲ့သည္။
ယခုေတာ့ ေပါက္ေက်ာ္က ဓါးျပဗိုလ္စိန္ဓါးေျမႇာင္ ကို ေတြ႕ထားၿပီဟု စစ္ကိုင္းဂါတ္မွ စာသင္(ဆာဂ်င္)ဘသာ ထံ သတင္းပို႔ကာ ေခၚေဆာင္လာခဲ့ျခင္းပင္။
စာသင္ဘသာ မွာ အဂၤလိပ္ေခတ္က ဆရာျဖစ္သူ ဦးလူဒုတ္ ကို ပစ္သတ္ခဲ့သူမွာ စိန္ဓါးေျမႇာင္ဟု သာ တထစ္ခ် ယူဆထားသျဖင့္ စိန္ဓါးေျမႇာင္ကို လက္စားေခ်ရန္ လိုက္ရွာေနသူလည္းျဖစ္သည္။
ဂ်ပန္ေခတ္တြင္ ဆာသင္(ဆာဂ်င္)ရာထူးရၿပီးသည့္ေနာက္ လူဆိုးလူမိုက္မ်ားအားကိစၥတုန္းစီရင္ျဖစ္သည္ဟုလည္း နာမည္ႀကီးေနသူျဖစ္သည္။
ဆာသင္ဘသာက စိန္ဓါးေျမႇာင္ကို လက္ထိပ္ခတ္လိုက္ၾကသည္။
"က်ဳပ္ စိန္ဓါးေျမႇာင္ ပါ။ မလိမ္ပါဘူး။ အခု က်ဳပ္ကို ဘယ္ေခၚသြားၾကမွာတုန္း"
"ခင္ဗ်ားအမႈတြဲက စစ္ကိုင္းဂါတ္မွာေလ..ဌာေနေဟာင္း စစ္ကိုင္းကို ျပန္ၾကတာေပါ့..ကိုယ့္လူ"
ဆာသင္ဘသာ ႏွင့္ပါလာေသာ ရဲသားက စိန္ဓါးေျမႇာင္၏ လက္ထိပ္ႏွင့္ ခ်ိတ္ထားေသာ သံႀကိဳးကို ေစာင့္ဆြဲလိုက္သည္။
ေဈးမွ ျပန္လာေသာ ျမၾကည္မွာ ႏို႔ဆီဗူးကေလးကို ကိုင္ကာ အိမ္အဝတြင္ မတ္တပ္ရပ္လ်က္။
ျမင္ကြင္းကို ေၾကာင္ၾကည့္ေနသည္။
စိန္ဓါးေျမႇာင္က ျမၾကည္ကို ၿပဳံးျပလိုက္သည္။ ထို႔ေနာက္ ေဘးနားတြင္ ရပ္ေနေသာခါေလးအား
"ခါေလး.ငါလိုက္သြားလိုက္ဦးမယ္…ငါ့တူေတြကို မင္းပဲသြားေျပာေပးကြာ..သူတို႔ ဦးေလးႀကီး စစ္ကိုင္းဂါတ္ကို ပါသြားၿပီလို႔"
ျမၾကည္၏ မ်က္ႏွာက ငိုမဲ့မဲ့ျဖစ္လာသည္။
"မငိုရဘူးေနာ္..အကို ျမၾကည္စကားအတိုင္း လိမၼာခဲ့တာပဲေလ..ဟုတ္ၿပီလား"
ပုလိပ္သားမ်ားက ဆြဲေခၚသြားစဥ္ စိန္ဓါးေျမႇာင္က ျမၾကည္နံေဘးမွ ထိုသို႔ ခပ္တိုးတိုးေလး ေျပာသြားသည္။
…………………………………………………………………………………………………………………..
ရဲစက္ေလွသည္ စစ္ကိုင္း ပတၱျမားဆိပ္ကမ္းဆီသို႔ ဦးတည္ေနသည္။
"သိပ္လည္းစိတ္မပါနဲ႔..စိန္ဓါးေျမႇာင္ႀကီးရာ… အခု ဂ်ပန္ဥပေဒက ရွင္းတယ္ဗ်..ဌာနာမွာ ခင္ဗ်ားကို အမႈနည္းနည္းစစ္ၿပီး ဓါးျပမႈတစ္ခုေလာက္ဆြဲတင္ၿပီး ကင္ေပေတြ လက္အပ္လိုက္ရင္ ေသဒဏ္ပဲ။ အဲ့ဒီက်မွ တုတ္ၿပီး ဓါးၿပီး စိန္ဓါးေျမႇာင္ႀကီးဟာ ဂ်ပန္ေသနတ္ၿပီးမၿပီး ကိုယ့္ဟာကိုယ္ စစ္ၾကည့္ေပေတာ့ဗ်ိဳး"
ဆာသင္ဘသာက ျမစ္ျပင္ေပၚသို႔ ကြမ္းတံေတြးကို ေထြးလိုက္ၿပီး စိန္ဓါးေျမႇာင္အား ခပ္ၿပဳံးၿပဳံးေျပာသည္။
စိန္ဓါးေျမႇာင္က လည္း ေလွဦးကို ေက်ာေပးကာ သူ႔ဘက္လွည့္ထိုင္ၿပီး စကားနာထိုးေနေသာ ဆာသင္ဘသာကို ျပန္ၿပဳံးျပလိုက္သည္။
ပတၱျမားဆိပ္ကမ္းသို႔ ရဲစက္ေလွက ဆိုက္ကပ္ၿပီျဖစ္သည္။
ေဘာတံတားနားသို႔ ကပ္သည့္အခါ ကိုဘသာက စိန္ဓါးေျမႇာင္၏ လက္ထိပ္သံႀကိဳးကို ဆြဲသည္။ ရဲသားတစ္ဦးက အေနာက္မွ ႐ိုင္ဖယ္ေသနတ္ဘက္နက္ျဖင့္ စိန္ဓါးေျမႇာင္၏ ေက်ာကို ေထာက္ထား၏။
ကမ္းေပၚအေရာက္တြင္ ကိုဘသာက လႊားခနဲ ခုန္တက္လိုက္သည္။
သို႔ေသာ္ တုန႔္ခနဲျဖစ္သြားၿပီး ေဘာတံတားေပၚသို႔ ကန႔္လန႔္ႀကီး ျပဳတ္က်ေတာ့သည္။
ကိုဘသာ ၏ ခါးတြင္ သံႀကိဳးႏွင့္ တန္းလန္းဆြဲထားေသာ ေျခာက္လုံးျပဴးကို စိန္ဓါးေျမႇာင္က လွမ္းယူထားလိုက္သျဖင့္ သံႀကိဳးႏွင့္ ျပတ္ကာ အရွိန္ျဖင့္ခုန္တက္လိုက္ေသာ ကိုဘသာ ျပဳတ္က်သြားျခင္းသည္။
ကိုဘသာလက္မွ စိန္ဓါးေျမႇာင္၏ လက္ထိပ္သံႀကိဳးမွာလည္း လြတ္က်သြား၏။
စိန္ဓါးေျမႇာင္က လက္ထိပ္တန္းလန္းျဖင့္ ကိုဘသာ၏ ေက်ာကုန္းကို ေျခာက္လုံးျပဴးျဖင့္ ပစ္ထည့္လိုက္ရာ ဆာသင္ဘသာ ေရထဲသို႔ ျပဳတ္က်သြားေတာ့သည္။
ေနာက္မွ ပါလာေသာ ရဲသားက ျဖစ္စဥ္ကို ေၾကာင္ၾကည့္ေနၿပီးမွ သတိဝင္လာသျဖင့္ စိန္ဓါးေျမႇာင္၏ ေက်ာကုန္းကို ဘက္နက္ျဖင့္ ထိုးလိုက္သည္။
သို႔ေသာ္ ဟန္ခ်က္ပ်က္သြားသျဖင့္ ပုခုံးကို ဘက္နက္ျဖင့္ ရွပ္ထိုးမိကာ ေသြးမ်ားျဖာခနဲထြက္လာသည္။
စိန္ဓါးေျမႇာင္က ေနာက္ျပန္လွည့္ၿပီး ကိုယ္ကို ယို႔ကာ ရဲသား၏ ေသနတ္ကိုင္လက္ကို ညာလက္ျဖင့္ ပုတ္ထုတ္လိုက္၏။
ထို႔ေနာက္ လက္ထိပ္တန္းလန္းႏွင့္ပင္ ေျခာက္လုံးျပဴးကို ကိုင္ကာ ကမ္းေပၚသို႔ တက္ေျပးေလေတာ့သည္။
"စိန္ဓါးေျမႇာင္တဲ့ေဟ့……….မဆိုင္သူ မကပ္နဲ႔ကြ"
ပုလိပ္သားအခ်ိဳ႕မွာ စိန္ဓါးေျမႇာင္ေနာက္ေျပးလိုက္ရႏိုး…ေရထဲက်ေနေသာ ကိုဘသာကို ဆယ္ရႏိုးျဖင့္ ေဝခြဲမရျဖစ္ေနစဥ္ စိန္ဓါးေျမႇာင္မွာ ဆိပ္ကမ္းမွ လူအုပ္ၾကားတြင္ ေပ်ာက္သြားေတာ့သည္။
မၾကာမီ ေသနတ္သံေၾကာင့္ ဂ်ပန္ၿမိဳ႕ေစာင့္တပ္ကားမ်ား ဆိပ္ကမ္းသို႔ ေရာက္ရွိလာၾကသည္။
ဆာသင္ကိုဘသာအား ေရထဲမွ ဆယ္ယူၿပီး ဂ်ပန္စစ္ေဆး႐ုံသို႔ တင္ပို႔ရန္ စီစဥ္ၾက၏။
လူဆိုးဗိုလ္ စိန္ဓါးေျမႇာင္သည္ လက္ထိပ္ခတ္ထားသည့္ၾကားမွ ပုလိပ္မ်ားထံမွ ေသနတ္လုပစ္ခတ္ၿပီး ကိုယ္ေပ်ာက္သြားသည္ဆိုသည့္ သတင္းက တျဖည္းျဖည္း ပ်ံ႕ႏွံ႔သြားသည္။
မႏၲေလးရဲဌာနမွ လည္း သူတို႔နယ္ေျမထဲတြင္ သူတို႔မသိေအာင္ ဝင္ဖမ္းၿပီး စစ္ကိုင္းသို႔ ေခၚသြားသည့္ ဆာသင္ဘသာကို အေရးယူေပးရန္ ရန္ကုန္ရဲမင္းႀကီး ဦးဘရီ ထံ အစီရင္ခံစာတင္ကာ တိုင္ၾကားသည္။
ကိုဘသာမွာ ေက်ာကုန္းမွ ေသနတ္ဒဏ္ရာျဖင့္ ေနာက္တစ္ေန႔ နံနက္တြင္ ကြယ္လြန္သြားခဲ့၏။
မႏၲေလးရွိ မျမၾကည္ ၏ ေနအိမ္တြင္လည္း ရဲတပ္ဖြဲ႕မ်ား ေရာက္ရွိလာသည္။
ခါေလးႏွင့္ မျမၾကည္ ကား ေနာက္တစ္ႀကိမ္ ေျခရာေဖ်ာက္သြားခဲ့ျပန္သည္။
ရဲတပ္ဖြဲ႕မ်ားေရွ႕ေမွာက္တြင္ ဆရာသိန္းအမည္ျဖင့္ ခပ္တည္တည္ေဆးကုေနေသာ ေဆးဆရာကား လူဆိုးဗိုလ္စိန္ဓါးေျမႇာင္မွန္းသိရသည့္အခါ ေတာက္တခတ္ခတ္ျဖစ္ကုန္ၾက၏။
………………………………………………………………………………………………
ငန္းနက္ ၿပဳံးေနသည္။
သူ႔ေရွ႕တြင္ ထိုင္ေနေသာ စိန္ဓါးေျမႇာင္လည္း ၿပဳံးေနသည္။
"ေနာက္ဆုံးေတာ့ ခင္ဗ်ား..ျပန္ေရာက္လာရတာပါပဲ..အကိုႀကီးရာ"
"ေအး..မင္းေျပာတာ..မွန္တယ္..ငန္းနက္… ငါကိုက ဝရမ္းေျပးျဖစ္ဖို႔..ဓါးျပဗိုလ္ျဖစ္ဖို႔ ပါရမီပါလာတာပဲ"
"ခါေလး ဆီက သတင္းရကတည္းက စစ္ကိုင္းတစ္ဝိုက္မွာ က်ဳပ္လူေတြ လႊတ္ထားတာ မွန္သြားတာေပါ့.. ႏို႔မဟုတ္..လက္ထိပ္ႀကီးတန္းလန္းနဲ႔ ခင္ဗ်ားကို ခဏေလးနဲ႔ ျပန္မိမွာ"
"အခုခ်ိန္ဆို လွေမာင္ႀကီးတို႔လည္း စစ္ကိုင္းနားတဝိုက္ တက္လာေရာေတာ့မယ္..အင္း..ရဲေရာ..ဂ်ပန္ေရာကေတာ့ ငါ့ကို မိရင္သတ္မွာပဲ"
"ဂ်ပန္အတြက္ကေတာ့ က်ဳပ္မွာ အဆက္အသြယ္ရွိတယ္..အကိုႀကီး..ဟိုတေခါက္ မႏၲေလး သံတဲေက်ာင္းမွာတုန္းက လာေဟာေျပာတဲ့ ဗိုလ္ႀကီးဆာကူ႐ိုင္း ဆိုတာ ဂ်ပန္စစ္ဘက္ျပန္ၾကားေရးကပဲ။ သူက ယိုးဒယားမွာ ဓာတ္ပုံဆရာအသြင္ယူေနကတည္းက က်ဳပ္နဲ႔ ရင္းႏွီးတာ။ သူက အခု သူလွ်ိဳဖမ္းဆီးမႈစစ္ဆင္ေရးဆိုတာမွာ အႀကီးပိုင္းျဖစ္ေနတယ္။ က်ဳပ္နဲ႔ ႏွစ္ႀကိမ္ေတြ႕ၿပီးၿပီ။ သူလိုခ်င္တာက မဟာမိတ္ေလထီးဆင္းစစ္သားေတြ ဒီဧရာဝတီျမစ္တဝိုက္က ႐ြာေတြမွာ သတင္းရရင္ က်ဳပ္အဖြဲ႕က ေပးဖို႔ နဲ႔ အဲ့ဒီအတြက္ က်ဳပ္တို႔နဲ႔ ဂ်ပန္စစ္တပ္ၾကားက ဘယ္ျပသနာမဆို သူတာဝန္ယူမယ္ဆိုၿပီး နားလည္မႈယူထားၾကတယ္။ က်ဳပ္ သူနဲ႔ သြားတိုင္ပင္ပါဦးမယ္၊ ခင္ဗ်ားကို ဖမ္းတဲ့ ဆာသင္ေကာင္ ေသသြားရင္ေတာ့ ပိုေကာင္းတယ္။ ခင္ဗ်ားဟာ ေဆးဆရာဆရာသိန္းျဖစ္ေၾကာင္း၊ ရဲဘက္က တမင္ လူမႈေရးမေက်နပ္ခ်က္နဲ႔အေကာက္ႀကံစြပ္စြဲတာဆိုၿပီး ဂ်ပန္စစ္ဘက္ကို ေျပာထားလို႔ရေကာင္းတယ္ဗ်"
"ေတာက္..တိုင္းျပည္အေျခအေနကလည္း ဘာေတြမွန္းကိုမသိဘူး။ လြတ္လပ္ေရးရၿပီလည္းဆိုေသး..ဂ်ပန္ေတြကိုလည္းေၾကာက္ရ..ဗမာျပည္အစိုးရဆိုတာကိုလည္း ေၾကာက္ရနဲ႔…ငါဟာငါ ေအးေအးေဆးေဆး ေဆးကုစားေနေတာ့လည္းကြာ.."
"ဒါေၾကာင့္ေျပာတာေပါ့ဗ်ာ..ဆရာသိန္းေတြ ဘာေတြ လုပ္မေနနဲ႔..ဒီေခတ္ႀကီးထဲ စိန္ဓါးေျမႇာင္သာ လုပ္စမ္းပါ… ခင္ဗ်ားကို ဘယ္သူမွလာမထိရဲဘူး..အကိုႀကီးရ…ဘယ္ႏွယ့္လဲ"
"ေအးကြာ..အခုေလာက္ဆို ျမၾကည္လည္း သေဘာေပါက္ေလာက္ပါၿပီ"
"ဒါဆို မနက္ျဖန္ က်ဳပ္ မႏၲေလးတက္မယ္။ ဂ်ပန္ဗိုလ္ဆာကူ႐ိုင္းနဲ႔ သြားေတြ႕မယ္။ ၿပီးရင္ ခင္ဗ်ားတို႔အိမ္နားမွာ ျမၾကည္တို႔၊ ခါေလးတို႔ အေျခအေနတီးေခါက္ခဲ့မယ္။ ခင္ဗ်ားကေတာ့ ဒီကြၽန္းေပၚမွာပဲ ေအးေအးေဆးေဆးေနခဲ့ဗ်ာ"
"စိန္ပန္းဘက္ေရာက္ရင္ ဟို ၾကင္ေအး ဆိုတဲ့ ႏွမလိုးေလးကို ဝင္ေျပာလိုက္စမ္းပါ။ သူဘုမသိ ဘမသိ ေခၚလာတဲ့ ေပါက္ေက်ာ္ဆိုတဲ့ေကာင္ေၾကာင့္ ငါအခုလို ဒုကၡေရာက္ေနၿပီလို႔"
"မပူနဲ႔ စိတ္ခ်…အကိုႀကီး.အခ်ိန္ရရင္..အဲ့ဒီ ေပါက္ေက်ာ္ဆိုတဲ့ေကာင္ကိုပါ..ရွာၿပီး ပစ္သတ္ခဲ့မယ္"
ငန္းနက္က တဲထဲဝင္သြားၿပီး ခ်က္အရက္ပုလင္းတစ္လုံးကို ထုတ္လာသည္။
"ကဲ.အကိုႀကီး..ဆရာသိန္းလုပ္မွာလား..စိန္ဓါးေျမႇာင္လုပ္မွာလား..စိန္ဓါးေျမႇာင္လုပ္မယ္ဆိုရင္ေတာ့..ဒီတစ္ခါ အရက္ခ်ဗ်ာ"
စိန္ဓါးေျမႇာင္က ပုခုံးမွ ေဆးထည့္ထားေသာ ဒဏ္ရာကို လက္နဲ႔ဖိရင္း..
"ကဲ..တစ္ခြက္ငွဲ႔ကြာ..ေသာက္ၾကည့္တာေပါ့"
ပုလင္းထဲမွ ပယင္းေရာင္ေရၾကည္ေလးမ်ားက ညေန ေနျခည္ႏွင့္အတူ တလက္လက္ထေန၏။
"ဒီအခ်ိန္ဆို…ျမၾကည္တစ္ေယာက္ ဘယ္ႏွယ့္ ေနရွာပါလိမ့္ကြာ"
"အင္း..ခင္ဗ်ားႀကီး ေရာဂါက ေဆမမွီေတာ့ဘူး..အကိုႀကီး"
ထိုသို႔ေျပာၿပီး ငန္းနက္က ခပ္တိုးတိုးရယ္လိုက္သည္။
ခက္ေဇာ္
အခန္း (၁၂)
မနက္ျဖန္ရဲ႕ေနာက္ေန႔
Done 🍀
ReplyDeleteClicked 🌟💫
ReplyDelete💎🗡️
ReplyDeleteDone 💪
ReplyDeleteလူတော် ကလစ်ကာကြီးတွေ လေးစားပါတယ် ခင်ဗျာ သက်ရှည် ကျန်းမာကြပါစေ 🙏🙏🙏
ReplyDeleteDone
ReplyDeleteDone🌟
ReplyDeleteDone
ReplyDeleteDone
ReplyDelete